တာဝန်တွင် အပြောင်းအလဲများက ကျွန်မကို ဖော်ထုတ်ခဲ့သည်
မုကျိန်း အမေရိကန်နိုင်ငံ အသင်းတော်မှာ ဗီဒီယိုတွေကို ကျွန်မ လုပ်နေတာ။ ဒါပေမဲ့ လုပ်စရာသိပ်မရှိတော့ ခေါင်းဆောင်က လူသစ်တွေကို ရေလောင်းတဲ့ဆီ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၁၊ နေသာ
ဒီနေ့ စာနဲ့ပတ်သက်တဲ့ အလုပ် ကြီးကြပ်ရေးမှူးက ကျွန်မဆီ ရုတ်တရက် မက်ဆေ့ခ်ျပို့လာတယ်။ “ဒီရက်ပိုင်း ဇာတ်ညွှန်းရေးဖို့ အချိန်နည်းနည်းလောက် ရှာကြည့်ပါလား။ ပြီးရင် ဇာတ်ညွှန်းရေးတဲ့ တာဝန်လုပ်ဖို့ အစ်မ လေ့ကျင့်နိုင်မလားဆိုတာ ကျွန်မတို့ ကြည့်ကြတာပေါ့” တဲ့။ ဒီမက်ဆေ့ခ်ျကို မြင်လိုက်တော့ ကျွန်မ အတိုင်းအဆမရှိ စိတ်လှုပ်ရှားသွားတယ်။ စာရေးတာက ကျွန်မဝါသနာလေ။ အသင်းတော်မှာ ဇာတ်ညွှန်းရေးတဲ့တာဝန် ကျွန်မ လုပ်နိုင်ရင် စာရေးဆရာဖြစ်ချင်တဲ့ ကျွန်မအိပ်မက် ပြည့်ဝသွားမှာ။ ဒါ့အပြင် ဇာတ်ညွှန်းရေးတဲ့သူတွေဆိုတာ အမြင်ရှိပြီး အတွေးအခေါ်ရှိတဲ့သူတွေလေ။ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုကို ရနိုင်တယ်။ အခု ဇာတ်ညွှန်းရေးတဲ့တာဝန် လုပ်ဖို့ အခွင့်အရေးရပြီဆိုတော့ အဲဒါကို ကျွန်မ ချစ်မြတ်နိုးပြီး ဆုပ်ကိုင်ထားမှဖြစ်မယ်။
၂၀၂၄၊ ဖေဖော်ဝါရီ ၂၄၊ တိမ်ထူ
အပြင်မှာ မြူတွေဆိုင်းပြီး အုံ့မှိုင်းနေတယ်။ ကျွန်မက လက်တစ်ဖက်နဲ့ ပါးကိုထောက်၊ ကျန်လက်တစ်ဖက်နဲ့ မောက်စ်ကို ဟိုရွေ့ဒီရွေ့လုပ်ရင်း၊ ကွန်ပျူတာ မျက်နှာပြင်ကို စိုက်ကြည့်နေမိတယ်။ ဒါပေမဲ့ ကျွန်မစိတ်ကတော့ တခြားဆီ ရောက်နေတာ။ လွန်ခဲ့တဲ့တစ်ရက်က ကြီးကြပ်ရေးမှူးဆီ ကျွန်မရဲ့ စမ်းသပ်ဇာတ်ညွှန်း ပေးထားတာ၊ ဘယ်တော့ စာပြန်လာမလဲ မသိဘူးလေ။ ရုတ်တရက် အသိပေးသံ မြည်လာတယ်။ ကြီးကြပ်ရေးမှူးဆီက အသံမက်ဆေ့ခ်ျပဲ။ အစ်မရဲ့ စမ်းသပ်ဇာတ်ညွှန်းကို ကျွန်မ ဖတ်ပြီးပြီ။ လိုအပ်ချက်တွေ အတော်များနေသေးတယ်။ လောလောဆယ်တော့ ဆောင်းပါးတွေကို စိစစ်ရွေးချယ်ဖို့ အရင်လေ့ကျင့်ကြည့်ပါလား တဲ့။ ဒါ ကျွန်မ လိုချင်တဲ့ရလဒ် မဟုတ်ဘူး။ ကျွန်မရဲ့ အယူအဆတွေထဲမှာ ဆောင်းပါးတွေ စိစစ်ရွေးချယ်တဲ့တာဝန်က နည်းပညာပိုင်းဆိုင်ရာ ဘာမှမပါဘူး၊ ဇာတ်ညွှန်းရေးတာမလုပ်ဘဲ ဒီတာဝန်လုပ်ရင် ကိုယ့်ပင်ကိုစွမ်းရည်ကို ထုတ်ပြနိုင်မှာ မဟုတ်သလို သူများတွေရဲ့ အထင်ကြီးတာလဲ ခံရမှာမဟုတ်ဘူးလို့ ယုံကြည်တာကိုး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒါက စာနဲ့ပတ်သက်တဲ့တာဝန် ဖြစ်နေသေးတာပဲလေ။ ကျွန်မ ဗျာများပြီး ဝေခွဲမရဖြစ်နေပေမဲ့ လက်ခံလိုက်ပါတယ်။
၂၀၂၄၊ မတ်လ ၆ ရက်၊ နေသာ
စုပုံနေတဲ့ ဆောင်းပါးတွေ အများကြီးနဲ့ ရင်ဆိုင်ရပြီးတော့ ဒီဆောင်းပါးတွေကို ကျွန်မ ဖတ်နေရပေမဲ့၊ ကြီးကြပ်ရေးမှူး ပြောလိုက်တဲ့စကားကို ခေါင်းထဲမှာ တဝဲလည်လည် တွေးနေမိတယ်။ ငါ့ကို ဇာတ်ညွှန်းရေးခိုင်းဖို့ သူ့မှာ အစီအစဉ်ရော ရှိရဲ့လား။ ငါက စာနဲ့ပတ်သက်တဲ့တာဝန် မလုပ်တာ ကြာပြီမို့လို့ ဒီအခွင့်အရေးသုံးပြီး သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် တပ်ဆင်စေချင်လို့ ဆောင်းပါးတွေကို အရင်စိစစ်ခိုင်းတာများလား။ ပြီးတော့ ဇာတ်ညွှန်းရေးတုန်းက ပျော်စရာကောင်းတဲ့အချိန်တွေကို ကျွန်မ သတိရမိတယ်။ အဲဒီတာဝန် လုပ်တုန်းက ပင်ပန်းပေမဲ့ နေ့တိုင်း အရမ်း စိတ်ကျေနပ်ရတယ်။ ခေါင်းဆောင်ရဲ့ လမ်းပြမှုနဲ့ ကျွန်မရဲ့ ကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်တွေ အမြန် တိုးတက်ခဲ့တယ်၊ ပြီးတော့ ပြဿနာတွေနဲ့ပတ်သက်ပြီး ခေါင်းဆောင်တွေ၊ ညွှန်ကြားရေးမှူးတွေနဲ့ ခဏခဏ ပြောဖြစ်ပြီး ဆွေးနွေးခဲ့ရတယ်။ လူတိုင်းက ကျွန်မကို တကယ် အထင်ကြီးခဲ့ကြတာ။ ဒါပေမဲ့ အခုတော့ ဆောင်းပါးတွေ စိစစ်ရွေးချယ်တဲ့ ခြောက်ကပ်ပြီး ဘယ်သူမှမသိတဲ့ အလုပ်ကိုပဲ ကျွန်မ လုပ်နိုင်တော့တယ်။ ကျွန်မသိတဲ့ ညီအစ်ကိုမောင်နှမတွေက ဘာတာဝန်လုပ်နေလဲ မေးတော့၊ သူတို့ကို ဘယ်လိုပြောရမှန်းတောင် မသိဘူး။ စာနဲ့ပတ်သက်တဲ့တာဝန် လုပ်နေတယ်ဆိုပေမဲ့၊ အစွန်းအဖျားလောက်ပဲ လိုက်လုပ်နေရသလို ခံစားရတယ်။ ကျွန်မ လုပ်နေတာက နာမည်နဲ့တောင် မတန်သလို ခံစားရတာ။ ဇာတ်ညွှန်းရေးဖို့ အခွင့်အရေး ဘယ်တော့ရမလဲ မသိဘူး။ တွေးလေလေ၊ ပို အပျက်သဘောဆောင်လေလေပဲ၊ လက်ထဲက ဆောင်းပါးတွေကို ဆက်မဖတ်နိုင်တော့ဘူး။ အဲဒါနဲ့ ဖတ်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေလိုက်တယ်။ ဘုရားသခင်က ပြောသည် “တာဝန်ထမ်းဆောင်သောသူ အားလုံးအတွက် ၎င်းတို့၏ သမ္မာတရားကို နားလည်မှုသည် မည်မျှ နက်နဲသည်ဖြစ်စေ၊ အပေါ်ယံဆန်သည်ဖြစ်စေ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အရိုးရှင်းဆုံးသော လက်တွေ့လုပ်ဆောင်မှုမှာ အရာရာတိုင်း၌ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားရန်၊ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ ဂုဏ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးခြင်း ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့ အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ တာဝန်ထမ်းဆောင်သောသူတစ်ဦးသည် ဤမျှလောက်ကိုပင် မလုပ်ဆောင်နိုင်ပါက ၎င်းသည် မိမိ၏ တာဝန်ကို ထမ်းဆောင်နေသည်ဟု မည်သို့ ဆိုနိုင်မည်နည်း။ ယင်းမှာ လူတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်း မဟုတ်ပေ။ သင်သည် ဦးစွာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်းစားသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသင့်ပြီး အသင်းတော်၏ အလုပ်ကို ထည့်သွင်းစဉ်းစားသင့်သည်။ ဤအရာများကို ဦးစားပေး ထားရှိပါ၊ ထို့နောက်မှသာ သင်သည် သင်၏ အဆင့်အတန်း တည်ငြိမ်မှု သို့မဟုတ် အခြားသူများ သင့်ကို မည်သို့ သဘောထားသည်ကို စဉ်းစားနိုင်သည်။ ယင်းကို အဆင့်နှစ်ဆင့်ခွဲ၍ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့်နည်းလမ်းကို ရှာဖွေလိုက်ပါ၊ ဤအရာက အမှုအရာများကို အနည်းငယ် ပိုမိုလွယ်ကူစေသည်ဟု သင်တို့ မခံစားရသလော။ သင်သည် ဤသို့ ခဏတာ လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းသည် ခက်ခဲသောအရာမဟုတ်ကြောင်း သင် ခံစားလာရလိမ့်မည်။ ထို့အပြင် သင်သည် သင်၏ တာဝန်ယူမှုများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ပြီး သင်၏ ဝတ္တရားများနှင့် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည့်အပြင် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထား၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏ အလုပ်နှင့် သင် ထမ်းဆောင်သင့်သည့် တာဝန်ကို ဦးစားပေးနိုင်လျှင် ဤသို့ ခဏတာ တွေ့ကြုံခံစားပြီးနောက် ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းသည် ကောင်းကြောင်း၊ လူတို့သည် ရိုးသားပြီး ပွင့်လင်းသောပုံစံဖြင့် အသက်ရှင်သင့်ကြောင်း၊ ၎င်းတို့သည် စိတ်ဓာတ်ပျော့ညံ့ပြီး အောက်တန်းကျကာ ယုတ်ညံ့သော တည်ရှိမှုဖြင့် အသက်မရှင်သင့်ဘဲ ထိုအစား ၎င်းတို့သည် တော်ဖြောင့်ပြီး တရားမျှတသင့်ကြောင်း သင် ခံစားရလိမ့်မည်။ ဤသည်မှာ လူတစ်ဦး အသက်ရှင်နေထိုင်သင့်သည့် ပုံသဏ္ဌာန်ဖြစ်သည်ဟု သင် ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဖြည့်ဆည်းလိုသော သင်၏ လိုအင်ဆန္ဒသည် လျော့နည်းသွားလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေ ပြည့်နှက်သွားတယ်။ ကျွန်မ မျက်ရည်တွေနဲ့ ဘုရားသခင်ရှေ့မှောက် ရောက်လာပြီး ဆုတောင်းလိုက်တယ်။ “ချစ်လှစွာသော ဘုရားသခင်၊ သမီးမှာ အသိစိတ် ကင်းမဲ့လွန်းပါတယ်၊ ပြီးတော့ သမီးက လုံးဝကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းပါတယ်။ အသင်းတော်က သမီးကို စာနဲ့ပတ်သက်တဲ့တာဝန် လုပ်ဖို့ အခွင့်အရေးပေးတာကိုက ကိုယ်တော် သမီးကို မြှောက်စားတာပါ၊ ဒါပေမဲ့ သမီးက မရောင့်ရဲနိုင်ဘဲ၊ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကိုပဲ အမြဲ တွေးနေခဲ့တယ်။ အပေါ်ယံမှာတော့ ကိုယ့်ကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်တွေကို တိုးတက်ချင်ပြီး ပိုကောင်းတဲ့ လေ့ကျင့်မှု ရချင်တာပါ၊ ဒါပေမဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေကတော့ ကိုယ့်နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ချည်းပါပဲ။ ကိုယ့်တာဝန်က အရေးပါလား၊ မပါလား၊ ထင်ပေါ်ဖို့ အခွင့်အရေးရမရ၊ သူများတွေ အထင်ကြီးလေးစားအောင် လုပ်နိုင်မလုပ်နိုင် ဆိုတာတွေကိုပဲ သမီးစဉ်းစားနေမိတယ်။ သမီးရဲ့ဆန္ဒတွေ မပြည့်ဝတဲ့အခါ သမီးက အတိုက်အခံဖြစ်ပြီး အပျက်သဘောဆောင်ခဲ့တယ်၊ ဒီတာဝန်ကိုတောင် မလုပ်ချင်တော့တဲ့အထိ ဖြစ်ခဲ့တယ်။ သမီးဟာ လုံးဝကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတယ်ဆိုတာကို သမီးမြင်ပါတယ်။ စာနဲ့ပတ်သက်တဲ့တာဝန်ကို သမီးမလုပ်တာ ကြာပြီ၊ စည်းမျဉ်းတော်တော်များများကိုလဲ သမီး နားမလည်ပါဘူး။ သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်မှုလဲ သမီးမှာ မရှိပါဘူး။ တကယ်လို့များ ဇာတ်ညွှန်းသွားရေးခိုင်းခဲ့ရင် သမီး လုပ်နိုင်မှာမဟုတ်ဘူး။ ဆောင်းပါးတွေကို အရင်စိစစ်ရွေးချယ်ဖို့ လေ့ကျင့်ပေးတာက သမီးအတွက် သင့်တော်တဲ့ စီစဉ်မှုပါပဲ၊ ဒါပေမဲ့ အဲဒါကို သမီးက အတိုက်အခံလုပ်နေမိတုန်းပဲ။ သမီး တော်တော် အသိဉာဏ်ကင်းမဲ့ခဲ့တာပဲ။ ချစ်လှစွာသော ဘုရားသခင်၊ သမီး အရမ်းပုန်ကန်ခဲ့မိပါတယ်။ ကိုယ့်အကျိုးစီးပွားကို သမီး ဆက်မစဉ်းစားချင်တော့ပါဘူး။ အသင်းတော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေကို နာခံပြီး လက်ရှိတာဝန်ကို ကောင်းကောင်းလုပ်ဖို့ သမီး ဆန္ဒရှိပါတယ်” ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ စိတ်ထဲ တော်တော်ပေါ့ပါးသွားပြီး၊ ဒီကိစ္စနဲ့ပတ်သက်လို့ နှောင့်ယှက်တာ၊ ဘောင်ခတ်တာ မခံရတော့ဘူး။ နောက်တစ်ခါ ဆောင်းပါးတွေ လာဖတ်တဲ့အခါ စိတ်ငြိမ်သွားပါပြီ။
၂၀၂၄၊ မတ်လ ၁၉၊ တိမ်ထူ
ကျွန်မ စာနဲ့ပတ်သက်တဲ့တာဝန်ကို လုပ်နေတာ အခုဆို တစ်လနီးပါး ရှိပြီ။ ဖတ်ခဲ့တဲ့ ဆောင်းပါးတွေထဲက ပြဿနာတချို့ကိုလဲ ထောက်ပြနိုင်လာတယ်။ ကျွန်မ စိစစ်ရွေးချယ်လိုက်တဲ့ ဆောင်းပါးတချို့ဆို ဗီဒီယို ရိုက်ပြီးသွားပြီ။ ကျွန်မ အရမ်းပျော်တယ်၊ ဒီတာဝန်ကို ကောင်းကောင်းလုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်လဲ ရှိလာတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကြီးကြပ်ရေးမှူး ပြောတာကို သတိရမိတယ်။ “အခု အသင်းတော်မှာ ဇာတ်ညွှန်းရေးတဲ့သူတွေ လိုနေတယ်။ အစ်မ စိတ်ဝင်စားရင် ဇာတ်ညွှန်းရေးတာ လေ့ကျင့်လို့ရတယ်နော်” တဲ့။ ဒီစကားက ကျွန်မ စိတ်ထဲမှာ တော်တော်လေး စွဲသွားခဲ့တယ်။ ဇာတ်ညွှန်းရေးဖို့ ကျွန်မအတွက် မျှော်လင့်ချက် ရှိသေးပုံပဲ။ ကျွန်မရဲ့ အစွမ်းအစက သာမန်ပဲ ရှိပေမဲ့ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် အများကြီး တပ်ဆင်သရွေ့ တဖြည်းဖြည်း တိုးတက်လာမှာပါ။ ဒါကြောင့်လဲ အဖွဲ့လိုက်လေ့လာတဲ့ အချိန်တိုင်းကို ကျွန်မ တော်တော် မျှော်လင့်နေမိတာ။ ဒီလိုနည်းနဲ့ စည်းမျဉ်းတွေ ပိုလေ့လာနိုင်မယ်၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်တွေကိုလဲ တိုးတက်အောင် လုပ်နိုင်မယ်လေ။ အချိန်ကြာလာရင် ဇာတ်ညွှန်းရေးတဲ့အထိတောင် မြှောက်စားခံရနိုင်တာပဲ။ ဒီနေ့က အဖွဲ့လိုက်လေ့လာတဲ့နေ့။ ထုံးစံအတိုင်း ကျွန်မ စောစောထတယ်။ လေ့လာတဲ့အချိန် မစခင်မှာ ကြီးကြပ်ရေးမှူးက ကျွန်မကို ပြောလာတယ်။ “အစ်မရဲ့ ကိုယ်ပိုင်အချိန်ဇယားအတိုင်း အစ်မတက်ချင်ရင် တက်လို့ရတယ်။ မတက်ချင်ရင်လဲ ရတယ်နော်” တဲ့။ ရုတ်တရက် ကျွန်မ နည်းနည်း နေရခက်သွားတယ်။ ဘာလို့ သူက ကျွန်မကို မလေ့လာခိုင်းတာပါလိမ့်။ ဇာတ်ညွှန်းရေးတာ လေ့ကျင့်ဖို့ ကျွန်မတို့ကို သူ မပြောခဲ့ဘူးလား။ ကြည့်ရတာ ကြီးကြပ်ရေးမှူးက ကျွန်မကို ပျိုးထောင်ဖို့ အစီအစဉ် မရှိဘူးထင်တယ်။ ခဏနေတော့ ဇာတ်ညွှန်းရေးတဲ့ တခြားညီအစ်မနှစ်ယောက် ကိစ္စပေါ်လာတယ်။ ကြီးကြပ်ရေးမှူးက၊ “ဒီနေ့ လူလဲ မစုံတော့ဘူးဆိုတော့။ မနက်ဖြန်မှပဲ လေ့လာကြတာပေါ့” တဲ့။ ကျွန်မလဲ မနည်း စိတ်ကိုထိန်းပြီး၊ “ဟုတ်ကဲ့” လို့ ပြန်ပြောလိုက်တယ်။ အွန်လိုင်းက ဆင်းပြီးတော့ ကျွန်မ ကြာကြီး ငိုင်နေမိတယ်။ ဇာတ်ညွှန်းရေးခွင့်ရဖို့ ကျွန်မရဲ့အိပ်မက်က လုံးဝပြိုကွဲသွားသလို ခံစားလိုက်ရတယ်။ ကျွန်မက ပျိုးထောင်ဖို့ မတန်ဘူး၊ ကျွန်မရဲ့ အစွမ်းအစက ဇာတ်ညွှန်းရေးဖို့ မမီဘူးလို့ ကြီးကြပ်ရေးမှူး ထင်သွားတာလား။ အဖွဲ့လိုက်လေ့လာတဲ့အချိန်မှာ ကျွန်မ ပါတာမပါတာက ဘာလို့ သိပ်အရေးမကြီးရတာလဲ။ ဒီနေ့ ကျွန်မစိတ်က တော်တော်လေး ကျနေတယ်။ ဘာလုပ်လုပ် အားမရှိသလို ဖြစ်နေပြီး၊ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ထိရောက်မှုကလည်း တော်တော်လေးကို ကျဆင်းနေတယ်။ ပုံမှန်ဆို တစ်ရက်ကို ဆောင်းပါး ဆယ်ပုဒ်ကျော်လောက် ဖတ်နိုင်ပေမဲ့ ဒီနေ့တော့ လက်ချိုးရေလို့ရတဲ့ အပုဒ်ရေလောက်ပဲ ဖတ်နိုင်တယ်။ အတွေးတွေလဲ အရမ်းကို နားဝေတိမ်တောင်ဖြစ်နေပြီး ကိုယ် သဘောမပေါက်တဲ့ ပြဿနာတွေကို စဉ်းစားဖို့လဲ အားမထုတ်ချင်ဘူး။ ငိုပဲ ငိုချင်တော့တာ။ မျက်ရည်တွေက ထိန်းမနိုင်သိမ်းမရ ကျလာတယ်။ စိတ်ထဲမှာ ဘုရားသခင်ကို ပြောလိုက်မိတယ်။ “ချစ်လှစွာသော ဘုရားသခင်၊ သမီး ဇာတ်ညွှန်းရေးနည်းကို လေ့ကျင့်ချင်ပါတယ်၊ ပြီးတော့ တစ်ဖက်တစ်လမ်းကနေ အကျိုးပြုချင်ပါတယ်။ ဘယ်လောက်ပဲ ဒုက္ခခံရပါစေ၊ အဆင်ပြေပါတယ်။ ဘာလို့ သမီးကို ဘယ်တော့မှ မြှင့်တင်မပေးတာလဲ။ ချစ်လှစွာသော ဘုရားသခင်။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို သမီး နားမလည်ပါဘူး...” ဆိုပြီးတော့ပေါ့။
၂၀၂၄၊ မတ်လ ၂၀၊ နေသာ
ပြတင်းပေါက်အပြင်ဘက်က မနက်ခင်း ငှက်သံတွေကြောင့် အိပ်ရာနိုးလာခဲ့တယ်။ ထုံးစံအတိုင်း ဖုန်းဖွင့်ပြီး ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကျင့်ကြံပြုမူခြင်းအတွက် သင်တို့၏ အခြေခံသဘောတရားများမှာ အဘယ်နည်း။ သင်၏ ရာထူးအဆင့်အတန်းနှင့်အညီ ကျင့်ကြံပြုမူသင့်သည်။ သင်၏ သင့်တော်သော နေရာကို ရှာဖွေသင့်ပြီး သင် ထမ်းဆောင်သင့်သည့်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သင့်သည်။ သို့မှသာ သင်သည် ဆင်ခြင်တုံတရား ရှိသောလူတစ်ဦးဖြစ်သည်။ ဥပမာအားဖြင့် သင်သည် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု တစ်ခုခုတွင် ကျွမ်းကျင်ပြီး စည်းမျဉ်းများကို နားလည်သဘောပေါက်လျှင် သင်သည် မိမိ၏ တာဝန်ကို တာဝန်ယူသင့်ပြီး ထိုနယ်ပယ်၌ သင့်တင့်လျောက်ပတ်သော စစ်ဆေးမှုများ ပြုလုပ်သင့်သည်။ အကြံဉာဏ်များနှင့် ထိုးထွင်းသိမြင်မှုများကို ပေးနိုင်၍ အခြားသူတို့အား မိမိတို့၏ တာဝန်များကို ပို၍ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန် သင် လှုံ့ဆော်ပေးနိုင်ပါက သင်သည် အကြံဉာဏ်များ ပေးသင့်ကြ၏။ သင်တို့သည် မိမိတို့အတွက် မှန်ကန်သောနေရာကို ရှာတွေ့နိုင်ပြီး သင်တို့၏ ညီအစ်ကိုမောင်နှမများနှင့် သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်လျှင် သင်သည် သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနေလိမ့်မည်ဖြစ်သည်။ ဤသည်မှာ သင်၏ နေရာအတိုင်း ကျင့်ကြံပြုမူခြင်းဟု ဆိုလိုသည့်အရာဖြစ်သည်။ အစကနဦးတွင် သင်သည် စိတ်ကူးတချို့ကိုသာ ပေးကောင်းပေးနိုင်မည် ဖြစ်သော်လည်း အကယ်၍ သင်သည် အခြားတစ်ခုခုကို ပေးရန်ကြိုးစားပြီး ထိုသို့လုပ်ဆောင်ရန် သင်သည် အလွန်ကြိုးစား လုပ်ဆောင်သော်လည်း မလုပ်ဆောင်နိုင်သေးဘဲ ဇာတ်သိမ်းလျက်၊ ထို့နောက်တွင် အခြားသူများက ထိုအရာများကို ထောက်ပံ့ပေးသောအခါ၊ သင်သည် သက်သောင့်သက်သာမဖြစ်တော့ဘဲ နားထောင်ဖို့လည်း ဆန္ဒမရှိကာ သင်၏ စိတ်နှလုံးသည် နာကျင်ပြီး ဘောင်ခတ်ခြင်းခံရသည်၊ ပြီးလျှင် ဘုရားသခင်အကြောင်းကို စောဒကတက်ပြီး ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ပြောပါက ဤအရာသည် ရည်မှန်းချက်ဖြစ်သည်။ လူတစ်ယောက်တွင် ရည်မှန်းချက် ဖြစ်ပေါ်စေသည်မှာ မည်သည့် စိတ်သဘောထားနည်း။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ရည်မှန်းချက် ဖြစ်ပေါ်စေသည်။ ဤအခြေအနေများသည် သင်တို့ထဲ၌ သေချာပေါက် အချိန်မရွေး ပေါ်ပေါက်လာနိုင်ပြီး ၎င်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို သင်တို့ မရှာဖွေဘဲ အသက်တာ ဝင်ရောက်မှု မရှိကာ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍လည်း ပြောင်းလဲ၍မရနိုင်ပါက သင်၏ တာဝန်တွင် ပြည့်မီနိုင်သည့် စံနှုန်းနှင့် ယင်းကို သင်လုပ်ဆောင်သည့် စင်ကြယ်မှုတို့သည် နိမ့်ကျပေလိမ့်မည်။ ပြီးလျှင် ရလဒ်များကလည်း အလွန်ကောင်းမည် မဟုတ်ပေ။ ဤသည်မှာ သင့်တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်သည် သင်တို့ထံမှ ဂုဏ်ကျက်သရေကို မရရှိဟု ဆိုလိုသည်။ ဘုရားသခင်သည် လူတိုင်းအား မတူညီသော စွမ်းပကားများနှင့် ဆုကျေးဇူးများပေးပြီးဖြစ်သည်။ လူအချို့က နယ်ပယ် နှစ်ခု သုံးခုတွင် စွမ်းပကားများ ရှိကြသည်၊ အချို့က နယ်ပယ် တစ်ခုတွင် စွမ်းပကားရှိပြီး အချို့က စွမ်းပကားလုံးဝ မရှိကြပေ။ သင်တို့သည် ဤအရေးကိစ္စများကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါက၊ သင်သည် အသိတရားရှိလေသည်။ အသိတရားရှိသည့် လူတစ်ဦးသည် ၎င်းတို့၏ နေရာကို ရှာတွေ့နိုင်မည်။ ၎င်းတို့၏ နေရာအတိုင်း ပြုမူနေထိုင်နိုင်ပြီး ၎င်းတို့၏ တာဝန်များကိုလည်း ကောင်းစွာ ထမ်းဆောင်နိုင်သည်။ မိမိ၏ နေရာကို လုံးဝ ရှာမတွေ့နိုင်သောသူသည် အစဉ်သဖြင့် ရည်မှန်းချက် ရှိသောသူဖြစ်သည်။ သူသည် အစဉ်သဖြင့် ဂုဏ်အဆင့်အတန်းနှင့် အကျိုးအမြတ်နောက်သို့ လိုက်သည်။ ရှိသည့်အရာဖြင့် မည်သည့်အခါမျှ သူ မကျေနပ်ပေ။ အကျိုးအမြတ် ပိုရရှိရန်အတွက် ရနိုင်သမျှကို ယူရန် သူကြိုးစားသည်။ သူ၏ လွန်ကျူးသော ဆန္ဒများကို ဖြည့်ဆည်းရန် အစဉ် မျှော်လင့်သည်။ ဆုကျေးဇူးရှိပြီး မိမိ၏ ကောင်းမွန်သောအစွမ်းအစရှိလျှင် ဘုရားကျေးဇူးတော်ကို ပို၍ ခံစားသင့်သည်၊ လွန်ကျူးသော ဆန္ဒအချို့ရှိခြင်းက အမှားမဟုတ်ဟု သူထင်သည်။ ဤသို့သောလူစားမျိုးသည် ဆင်ခြင်တုံတရားရှိသလော။ လွန်ကျူးသော ဆန္ဒများအစဉ်ရှိခြင်းမှာ အရှက်မဲ့သည် မဟုတ်လော။ အရှက်မဲ့သည်ကို အသိတရားနှင့် ဆင်ခြင်တုံတရားရှိသောလူများက ခံစားနိုင်သည်။ သမ္မာတရားကို နားလည်သောသူများသည် ဤမိုက်မဲသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရန် သင်၏တာဝန်ကို သစ္စာစောင့်သိလျက် ကောင်းမွန်စွာ ထမ်းဆောင်ဖို့ မျှော်လင့်လျှင် ဤသည်မှာ လွန်ကျူးသော ဆန္ဒမဟုတ်ပေ။ ပုံမှန် လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ကိုက်ညီသည်။ ဤအရာက ဘုရားသခင်ကို ပျော်ရွှင်စေသည်။ သင်၏တာဝန်ကို အမှန်ပင် ကောင်းစွာထမ်းဆောင်လိုလျှင် ရှေးဦးစွာ သင့်အတွက် သင့်တော်သော နေရာကို ရှာရမည်ဖြစ်ပြီး ထို့နောက်တွင် သင် လုပ်ဆောင်နိုင်သမျှကို သင်၏ စိတ်နှလုံး အကြွင်းမဲ့ရှိသမျှနှင့်၊ ဉာဏ်ရှိသမျှနှင့် အစွမ်းသတ္တိ ရှိသမျှနှင့် လုပ်ဆောင်ပြီး သင်တတ်နိုင်သမျှ လုပ်ဆောင်လော့။ ဤသည်မှာ အရည်အချင်းပြည့်မီပြီး ထိုကဲ့သို့သော တာဝန်ထမ်းဆောင်မှုတွင် စင်ကြယ်မှု အတိုင်းအတာတစ်ခု ရှိသည်။ ဤသည်မှာ စစ်မှန်သော ဖန်ဆင်းခံ တစ်ယောက် လုပ်သင့်သည့်အရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ကျင့်ကြံပြုမူခြင်းတွင် လမ်းပြသင့်သည့် စည်းမျဉ်းများ) ဖတ်နေရင်းနဲ့ ဘုရားသခင်က ဘေးနားမှာရှိနေပြီး ကျွန်မကို နှစ်သိမ့်ပေးနေသလို ခံစားရတယ်။ ရင်ထဲမှာ နွေးထွေးသွားတာပဲ။ ဘုရားသခင်က ကျွန်မတို့ ကျင့်ကြံပြုမူရမယ့် စည်းမျဉ်းတွေကို ပြောပြထားတယ်လေ။ ကိုယ့်နေရာကိုယ် ရှာဖို့၊ ကိုယ့်အဆင့်အတန်းနဲ့အညီ ပြုမူဖို့၊ ပြီးတော့ ကိုယ့်မှာရှိတဲ့ ပင်ကိုစွမ်းရည်တွေကို အပြည့်အဝ အသုံးချဖို့ပေါ့။ အတတ်ပညာပိုင်း ကျွမ်းကျင်မှုကောင်းကောင်းရှိပြီး စည်းမျဉ်းကို ခိုင်ခိုင်မာမာသဘောပေါက်တဲ့သူတချို့က နောက်ဆုံးစိစစ်တာကို ကောင်းကောင်းကိုင်တွယ်ဖို့ သေချာလုပ်သင့်တယ်။ နောက်ဆုံးစိစစ်တာကို မလုပ်နိုင်တဲ့သူတွေကျတော့ အယူအဆတွေ၊ အကြံဉာဏ်တွေ ပေးနိုင်တာပေါ့၊ ပြီးတော့ တာဝန်တွေ အတူတူပြီးမြောက်အောင် ညီအစ်ကိုမောင်နှမတွေနဲ့ အလုပ်လုပ်နိုင်တယ်။ ဒီလိုဆိုရင် ဘုရားသခင် ကျေနပ်လိမ့်မယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်သုံးသပ်မိတယ်။ အသင်းတော်က ကျွန်မကို ဆောင်းပါးတွေ စိစစ်ရွေးချယ်ခိုင်းတယ်။ တစ်ဖက်ကကြည့်ရင် ဒါက အလုပ်လိုအပ်ချက်ကြောင့်၊ နောက်တစ်ဖက်ကကျတော့ ကျွန်မရဲ့ အစွမ်းအစနဲ့ ဝိညာဉ်ရင့်ကျက်မှုအပေါ် အခြေခံတာပါ။ ဒါပေမဲ့ ကျွန်မမှာ လွန်ကဲတဲ့ ရည်မှန်းချက်တွေ အမြဲရှိနေခဲ့တယ်။ ဇာတ်ညွှန်းရေးဖို့ ကျွန်မရဲ့ အစွမ်းအစက မမီမှန်း သိသာနေတာတောင် အခွင့်အရေး မပေးရကောင်းလားဆိုပြီး ဘုရားသခင်ကို ညည်းညူနေခဲ့မိတယ်။ ကျွန်မ တကယ်ကို မာနထောင်လွှားလွန်းခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် အမြဲ ထုတ်ဖော်ပြသချင်ပြီး၊ သူများတွေ အထင်ကြီးလေးစားတာခံရတဲ့ စာပေစွမ်းရည်ရှိတဲ့ အမျိုးသမီးတစ်ယောက် ဆက်တိုက်ဖြစ်ချင်ခဲ့တာ။ ဒီဆန္ဒက မပြည့်ဝနိုင်ဘဲနဲ့ ကိုယ့်ပင်ကိုစွမ်းရည်တွေကို ထုတ်ပြဖို့ နေရာမရှိတာနဲ့တစ်ပြိုင်နက် ကျွန်မ အပျက်သဘောဆောင်ပြီး ခိုကပ်တော့တာပဲ။ ဆောင်းပါးတွေတောင် မဖတ်ချင်တော့ဘူး၊ ကိုယ် သဘောမပေါက်တဲ့ ပြဿနာတွေကို စဉ်းစားဖို့လဲ အားမထုတ်ချင်တော့ဘူး။ ဒါက ဆောင်းပါး စိစစ်ရွေးချယ်တဲ့အလုပ် တိုးတက်မှုကို အနှောင့်အယှက် ဖြစ်စေခဲ့တာပေါ့။ တာဝန်လုပ်ဆောင်ရာမှာ ကျွန်မရဲ့ လွန်ကဲတဲ့ ရည်မှန်းချက်တွေ ပါနေမှန်း မြင်လိုက်ရတယ်။ ကိုယ့်နေရာနဲ့ကိုယ် မကျေနပ်နိုင်ဘူး။ ဟိုတောင်က ဒီတောင်ထက် မြင့်တယ်လို့ ထင်နေမိတာ၊ ကိုယ့်ရဲ့ အဓိကအလုပ်ကိုတောင် စိတ်မပါတော့ဘူးလေ။ ကိုယ့်လုပ်နိုင်စွမ်းထက် ကျော်လွန်တဲ့ တာဝန်ကိုပဲ အမြဲ လုပ်ချင်နေခဲ့တာ။ ဒီလောက်ထိ လက်တွေ့မကျရင်၊ ဇာတ်ညွှန်းရေးဖို့ နေနေသာသာ၊ ဆောင်းပါး စိစစ်ရွေးချယ်တဲ့ တာဝန်ကိုတောင် ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မရဲ့ အခြေအနေက အရမ်း အန္တရာယ်များနေပြီဆိုတာ သဘောပေါက်လိုက်တယ်။ အမြန် မဖြေရှင်းရင် အချိန်မရွေး ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာ။
၂၀၂၄၊ မတ်လ ၂၄ ရက်၊ တိမ်ထူ
နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းက ကျွန်မရဲ့ ဆိုးရွားတဲ့ အားနည်းချက်မှန်း သိပေမဲ့၊ ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်မ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး။ ဒီတစ်ခါတော့ အန္တိခရစ်တွေက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဘယ်လိုလိုက်စားလဲဆိုတာ ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖတ်ကြည့်တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သည့်အပြင် ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်၊ အခြားမည်သည့်အရာမျှ မဟုတ်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သည့်အပြင် ၎င်းတို့အသက်တာတစ်လျှောက် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်ပြီး ဤအကြောင်းကြောင့် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော ရုပ်သွင်နှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို ဝေးလံခေါင်ဖျားသော တောနက်တောင်နက်ကြီးထဲတွင် သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို လက်လွှတ်မည် မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားနိုင်ပြီး ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် တန်းတူညီမျှ ထားရှိပြီး ဤအရာနှစ်ခုကို တန်းတူရည်တူ ထားရှိလေသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းကို မရရှိဟု ခံစားခဲ့ရပါက ၎င်းတို့ကို လေးစားမည့်သူ တစ်ဦးမျှ မရှိဟုလည်းကောင်း၊ ၎င်းတို့ကို အထင်ကြီးမည့်သူ တစ်ဦးမျှ မရှိဟုလည်းကောင်း၊ ၎င်းတို့နောက် လိုက်မည့်သူ တစ်ဦးမျှ မရှိဟုလည်းကောင်း ခံစားရပါက ၎င်းတို့ စိတ်ပျက်အားငယ်သွားကြပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၌ အကျိုးမရှိ၊ တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြကာ ‘ငါ ဤသို့ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ရှုံးနိမ့်ခဲ့ပြီလော။ ငါ့အတွက် မျှော်လင့်ချက် မရှိတော့ပြီလော’ ဟု အတွင်းစိတ်၌ တွေးမိကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် မကြာခဏ တွက်ချက်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် တွက်ချက်နိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်၊ ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်အောင် မည်သို့လုပ်ဆောင်နိုင်သည်နှင့် ၎င်းတို့ပြုမူလုပ်ဆောင်သည့်အခါ မိမိတို့အား ချီးမွမ်းကြအောင် မည်သို့လုပ်ဆောင်နိုင်သည်၊ ၎င်းတို့ မည်သည့်နေရာသို့ရောက်ပါစေ လူများက ၎င်းတို့နောက်လိုက်အောင် မည်သို့လုပ်ဆောင်နိုင်သည်၊ အသင်းတော်တွင် ဩဇာညောင်းမှု မည်သို့ရရှိနိုင်သည်၊ ပြီးလျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း မည်သို့ရရှိနိုင်သည် ဟူသည့် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။ ၎င်းတို့က ထိုကဲ့သို့သော အရာများကို အဘယ်ကြောင့် အစဉ်သဖြင့် အလေးထားကြသနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် တရားဒေသနာများကို ကြားပြီးသည့်နောက်တွင်၊ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် နားမလည်ကြသလော။ ဤအရာအားလုံးကို ၎င်းတို့ အမှန်တကယ် မသိမြင်နိုင်ကြသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့သည် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ထင်မြင်ယူဆချက်တို့ကို အမှန်တကယ် မပြောင်းလဲနိုင်သလော။ ထိုသို့လုံးဝ မဟုတ်ပေ။ ပြဿနာသည် ၎င်းတို့၌ တည်ရှိလေသည်။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ၎င်းတို့၏စိတ်နှလုံးတွင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးလုံး လက်ခံလိုခြင်းမရှိပေ။ ဤအရာကို ၎င်းတို့၏ သဘာဝအနှစ်သာရတို့ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေအတွက်တော့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို တန်ဖိုးထားတာက သူတို့ရဲ့ အရိုးထဲ၊ သွေးထဲထိ စွဲနေတာလို့ ဘုရားသခင်က ပြောတယ်။ သူတို့ ဘာလုပ်လုပ် ပထမဆုံး စဉ်းစားတာက ကိုယ့်နာမည်ဂုဏ်သတင်း၊ အဆင့်အတန်း၊ ပြီးတော့ လူတွေ ကိုယ့်နောက်လိုက်ပြီး အထင်ကြီးလေးစားလာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာပဲ တွေးတာ။ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်း မရတာနဲ့တစ်ပြိုင်နက် သူတို့ရဲ့ တကယ့်အသက်ကို အလုခံလိုက်ရသလို ဖြစ်ပြီး၊ ဘဝက အဓိပ္ပာယ်မရှိတော့သလို ခံစားရတယ်။ ကျွန်မရဲ့ လိုက်စားမှုက အန္တိခရစ်နဲ့ အတူတူပဲ။ ကျောင်းတက်တုန်းက ကျွန်မ လေးစားခဲ့ရတဲ့ အမျိုးသမီး ကဗျာဆရာမတစ်ယောက်အကြောင်း ပြန်စဉ်းစားမိတယ်။ ရှေးခေတ်တုန်းက ပင်ကိုစွမ်းရည်ရှိတဲ့ အမျိုးသမီး ကဗျာဆရာမဆိုတာ ရှားတယ်၊ ရှားလေ လူတွေက ပိုပြီး လိုလိုလားလားနဲ့ လေးစားအားကျလေပဲလို့ ကျွန်မ ထင်ခဲ့တာ။ ကျွန်မလည်း အနာဂတ်မှာ တစ်ခုခု အောင်မြင်ချင်ခဲ့တယ်။ သာမန် နာမည်မရှိတဲ့သူမျိုး မဖြစ်ချင်ခဲ့ဘူး။ စာတန်သွတ်သွင်းပေးတဲ့ ရှင်သန်ရပ်တည်ရေး နိယာမတွေကို၊ “အသက်ရှင်ရင် လူတွေကြားမှာ သူရဲကောင်းဖြစ်ရမယ်၊ သေသွားရင် ဝိညာဉ်တွေကြားမှာ သူရဲကောင်းဖြစ်ရမယ်” တို့၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” တို့လို ပညာရှိ ဆိုရိုးစကားတွေလို သဘောထားခဲ့တာ။ ကျောင်းတုန်းကဆို အတန်းကော်မတီဝင်ဖြစ်အောင် စာကြိုးစားခဲ့တယ်။ ကျောင်းဆင်းလို့ တခြားသူငယ်ချင်းတွေ ပြန်ကုန်ရင်တောင်၊ အိမ်စာလုပ်နေတဲ့ သူငယ်ချင်းတချို့ကို ကြီးကြပ်ဖို့ အတန်းထဲမှာ ကျန်နေခဲ့တာ။ နောက်ဆုံးကျတော့ ဆရာမက တန်ဖိုးထားတာ ခံရတာပေါ့။ တကယ်တော့ ကျွန်မအမှတ်တွေက အတန်းထဲမှာ အကောင်းဆုံး မဟုတ်ပါဘူး။ ဒါပေမဲ့ အတန်းဖော်တွေကြားမှာ ထင်ပေါ်အောင်လုပ်ဖို့ စာကြိုးစားပြီး ဘာသာရပ်စုံ လေ့လာရမယ့်အစား ဆရာမရှေ့မှာ အမြဲတမ်း အစွမ်းပြခဲ့တယ်။ နောက်ဆုံးတော့ အတန်းကော်မတီဝင် ဖြစ်လာပေမဲ့ အဲဒါက နာမည်ခံသက်သက်ပါပဲ။ ဒါပေမဲ့ အဆင့်အတန်းက ပေးတဲ့ ရောင်ခြည်စက်ဝန်းကို ခံစားရတာ ဘယ်တော့မှ မရိုးနိုင်ခဲ့ဘူး။ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်း လိုက်စားတာ မှားမှန်း၊ ဘုရားသခင်က လူတစ်ယောက်ရဲ့ အဆင့်အတန်း နိမ့်တာမြင့်တာကို မကြည့်ဘဲ သမ္မာတရား လိုက်စားမလိုက်စား ဆိုတာကိုပဲ ကြည့်မှန်း ကျွန်မ သိပေမဲ့ စိတ်ထဲမှာ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ငတ်မွတ်တာ မလွှတ်ချနိုင်သေးဘူး။ ကိုယ့်တာဝန်ကို သူများတွေ တန်ဖိုးထားမထား၊ အထင်ကြီးမကြီး ဆိုတာကိုပဲ အရမ်း ဂရုစိုက်နေမိတယ်။ မထင်မပေါ်တဲ့ တာဝန်ဆိုရင် ကျွန်မ အရမ်းစိတ်ဆင်းရဲပြီး ဘာလုပ်လုပ် စိတ်မဝင်စားနိုင်ဘူး။ ဘုရားသခင်က ကျွန်မကို မြှောက်စားပြီး ဒီလို စာနဲ့ပတ်သက်တဲ့တာဝန် ပေးထားတာတောင်မှ ဆောင်းပါး စိစစ်ရွေးချယ်တာက ဇာတ်ညွှန်းရေးတာလောက် တန်ဖိုးမရှိဘူးလို့ ခံစားရတဲ့ ပုံစံမျိုးလိုပဲပေါ့။ အဲဒါကြောင့် စိတ်ထဲမှာ ဒီတာဝန်ကို အထင်သေးပြီး ဇာတ်ညွှန်းပဲ သွားရေးချင်နေခဲ့တယ်။ ကြီးကြပ်ရေးမှူးရဲ့ ပေါ့ပေါ့ပါးပါး ပြောလိုက်တဲ့မှတ်ချက်ကနေ၊ သူ ကျွန်မကို ပျိုးထောင်ဖို့ ရည်ရွယ်ချက် တစ်ခုမှ မရှိပုံပဲလို့ ခံစားလိုက်ရပြီး၊ ကျွန်မ အကြီးအကျယ် စိတ်ဆင်းရဲသွားတယ်။ ဘာလုပ်ဖို့မှ အားမရှိတော့ဘူး။ ဆောင်းပါး စိစစ်ရွေးချယ်တဲ့နေရာမှာ ကျွန်မထိရောက်မှုကလဲ ကျသွားပြီး ဆောင်းပါးတင်ပြတဲ့ အလုပ်တိုးတက်မှုကိုပါ ထိခိုက်စေခဲ့တယ်။ စာတန်ရဲ့ အတွေးအခေါ်တွေ၊ အမြင်တွေက ကျွန်မကို အရမ်းတင်းတင်းကျပ်ကျပ် ချည်နှောင်ထားတာကို တွေ့လိုက်ရတယ်။ တကယ်တော့ ဆောင်းပါးတွေကို စိစစ်ရွေးချယ်ဖို့ သမ္မာတရားတချို့ကို နားလည်ပြီး စည်းမျဉ်းတချို့ကို သဘောပေါက်ဖို့ လိုတယ်။ မဟုတ်ရင် ဘယ်ဆောင်းပါးက တန်ဖိုးရှိပြီး အကျိုးရှိစေလဲဆိုတာ ကျွန်မတို့ ချိန်ဆနိုင်မှာ မဟုတ်ဘူး။ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး ဆောင်းပါးတစ်ပုဒ်စီမှာပါတဲ့ သမ္မာတရားတွေကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်နိုင်ရင်၊ အချိန်တစ်ခုကြာတဲ့အခါ အများကြီး အကျိုးရနိုင်တယ်။ ဒါပေမဲ့ ကျွန်မအပေါ် ဘယ်လောက် မျက်နှာသာပေးထားလဲဆိုတာ ကျွန်မ သဘောမပေါက်ခဲ့ဘူး။ တိုးတက်အောင် ကြိုးစားဖို့အတွက် ဒီတာဝန်မှာ ကျွန်မ ဝင်ရောက်သင့်တဲ့ သမ္မာတရားစည်းမျဉ်းတွေကို မရှာဖွေခဲ့ဘူး။ အဲဒီအစား ဘုရားသခင်ကို အထင်လွဲပြီး ကျွန်မကို လေ့ကျင့်ဖို့ အခွင့်အရေး မပေးဘူးဆိုပြီး ညည်းညူခဲ့တယ်။ ကျွန်မ ဆင်ခြင်တုံတရား ကင်းမဲ့လွန်းလိုက်တာ။ သမ္မာတရား လိုက်စားဖို့ အာရုံမစိုက်ရင်၊ ဇာတ်ညွှန်းရေးခွင့်ပေးပြီး ကျွန်မရဲ့ မာနကို ဖြည့်ဆည်းပေးရင်တောင်မှ၊ ကောင်းကောင်းရေးနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မမှာ သမ္မာတရား လက်တွေ့ကျမှုမှ မရှိတာ။
ပြန်ဆင်ခြင်သုံးသပ်ကြည့်တော့၊ တကယ်တမ်းကျ ကျွန်မက ကိုယ့်ရည်မှန်းချက်တွေနဲ့ ပန်းတိုင်တွေကို ရဖို့အတွက်ပဲ ဇာတ်ညွှန်းရေးချင်ခဲ့တာ။ တာဝန်ထမ်းဆောင်တာကို ကိုယ့်ရည်မှန်းချက်တွေ ပြည့်ဖို့ ခုတုံးတစ်ခုအဖြစ် သဘောထားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ကမ္ဘာလောကတွင် မိမိ၏ ကိုယ်ပိုင်ရည်သန်မျှော်မှန်းချက်များအား အကောင်အထည်ဖော်ရန် လိုက်စားခြင်းသည် သင့်လျော်သည်ဟု သတ်မှတ်ကြသည်။ မည်သည့် ရည်သန်မျှော်မှန်းချက်များကို သင်လိုက်စားသည်ဖြစ်စေ ယင်းတို့က တရားဝင်ဖြစ်ပြီး မည်သည့် ကိုယ်ကျင့်တရား စည်းဘောင်များကိုမျှ မချိုးဖောက်လျှင် ပြဿနာမရှိပေ။ မည်သူကမျှ မည်သည့်အရာကိုမျှ မေးခွန်းမထုတ်ပေ။ သင်သည် မှန်ခြင်း၊ မှားခြင်းနှင့်သက်ဆိုင်သော ကိစ္စများတွင် ပိတ်မိမနေပေ။ သင်တစ်ကိုယ်ရေနှစ်သက်သည့် မည်သည့်အရာကိုမဆို လိုက်စားသည်။ ယင်းကို သင်ရရှိလျှင်၊ သင်၏ ပန်းတိုင်သို့ ရောက်လျှင် သင်အောင်မြင်သည်။ သို့သော် သင် လွဲချော်လျှင်၊ ရှုံးနိမ့်လျှင် ယင်းသည် သင်၏ ကိုယ်ပိုင်အရေးကိစ္စဖြစ်သည်။ သို့ရာတွင် သင်သည် အထူးနေရာတစ်ခု ဖြစ်သော ဘုရားအိမ်တော်သို့ ဝင်သောအခါ သင်နှင့်အတူ မည်သည့်ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများကို သယ်ဆောင်လာသည်ဖြစ်စေ ထိုအရာတို့ကို သင် လက်လွှတ်သင့်သည်။ အဘယ်ကြောင့်နည်း။ သင်သည် မည်သည့်အရာကို အထူးလိုက်စားသည်ဖြစ်စေ ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများကို လိုက်စားခြင်းသည်၊ ထိုလိုက်စားခြင်းအကြောင်းကိုသာ ပြောရလျှင် ယင်း၏ လုပ်ဆောင်မှု လမ်းစဉ်နှင့် ယင်း၏ လမ်းကြောင်းအားလုံးသည် အတ္တဝါဒ၊ မိမိကိုယ်ကျိုး၊ အဆင့်အတန်း၊ ဂုဏ်တို့ကို ဗဟိုပြုသည်။ ဤအရာများအားလုံးသည် ယင်းက ဗဟိုပြုသောအရာများဖြစ်သည်။ တစ်နည်းအားဖြင့် လူတို့သည် ၎င်းတို့၏ ရည်သန်မျှော်မှန်းချက်များအား အကောင်အထည်ဖော်ရန် လိုက်စားသောအခါ အကျိုးခံစားခွင့်ရှိသူမှာ ၎င်းတို့သာ ဖြစ်သည်။ လူတစ်ယောက်သည် အဆင့်အတန်း၊ ဂုဏ်၊ မာန်မာန၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားများအတွက် သူ၏ ရည်သန်မျှော်မှန်းချက်များကို အကောင်အထည် ဖော်ရန် လိုက်စားခြင်းသည် တရားမျှတသလော။ (မဖြောင့်မတ်ပါ။) တစ်ကိုယ်ရေဖြစ်သော၊ သီးသန့်ဖြစ်သော ရည်သန်မျှော်မှန်းချက်များ၊ အတွေးများ၊ ဆန္ဒများကြောင့် ၎င်းတို့ ခံယူသည့် နည်းစနစ်နှင့် နည်းလမ်းများ အားလုံးသည် မိမိကိုယ်ကို ဗဟိုပြုပြီး တစ်ကိုယ်ရေ အကျိုးအမြတ်အပေါ်တွင် အာရုံစိုက်သည်။ ယင်းတို့ကို သမ္မာတရားနှင့် နှိုင်းယှဉ်ကြည့်လျှင် ယင်းတို့သည် တရားမျှတခြင်း မရှိသကဲ့သို့ သဘာဝကျခြင်းလည်းမရှိပေ။ လူတို့သည် ယင်းတို့ကို လက်လွှတ်သင့်သည်။ ဤသည်မှာ မသေချာသလော။ (သေချာသည်။)...အသင်းတော်၊ ဘုရားအိမ်တော်သည် ဘုရားအလိုတော်ကို ဆောင်ရွက်သော၊ သူ၏ နှုတ်ကပတ်တော်ကို ထုတ်ဖော်ပြောသော၊ သူ့အတွက် သက်သေခံသော၊ သူရွေးချယ်ထားသောလူများက သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းကို လက်ခံရရှိသောနေရာတစ်ခုဖြစ်သည်။ ဤသို့သော နေရာဖြစ်သည်။ ဤသို့သော နေရာတွင် မည်သည့်အလုပ်မျိုးဖြစ်စေ တစ်ကိုယ်ရေ ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများအား ဖြည့်ဆည်းခြင်းနှင့် ကိုက်ညီသော အလုပ်၊ သို့မဟုတ် ပရောဂျက်တစ်ခုခု ရှိသလော။ တစ်ကိုယ်ရေ ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများအား ဖြည့်ဆည်းခြင်း ရည်ရွယ်ချက်အတွက် လုပ်ဆောင်သော အလုပ်၊ သို့မဟုတ် ပရောဂျက် မရှိသကဲ့သို့ ဤအရာများ၏ သွင်ပြင်လက္ခဏာ တစ်ခုမျှသည် တစ်ကိုယ်ရေ ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများအား အကောင်အထည်ဖော်ခြင်းအတွက် မတည်ရှိပေ။ ထို့ကြောင့် ဘုရားအိမ်တော်တွင် တစ်ကိုယ်ရေ ရည်သန်မျှော်မှန်းချက်များနှင့် ဆန္ဒများရှိသင့်သလော။ (မရှိသင့်ပါ။) မရှိသင့်ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ကိုယ်ရေ ရည်သန်မျှော်မှန်းချက်များနှင့် ဆန္ဒများသည် အသင်းတော်တွင် ဘုရားသခင် လုပ်ဆောင်လိုသည့် မည်သည့်အလုပ်မဆိုဖြင့် ကွဲလွဲနေသောကြောင့် ဖြစ်သည်။ တစ်ကိုယ်ရေရည်သန်မျှော်မှန်းချက်များနှင့် ဆန္ဒများသည် အသင်းတော်တွင် လုပ်ဆောင်သော မည်သည့်အလုပ်မဆိုဖြင့် ဆန့်ကျင်ကွဲလွဲနေသည်။ ယင်းတို့သည် သမ္မာတရားနှင့် ဆန့်ကျင်သည်။ ဘုရားအလိုတော်နှင့်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်၏ ထုတ်ဖော်ပြောဆိုချက်များနှင့်လည်းကောင်း၊ ဘုရားအတွက် သက်သေခံခြင်းနှင့်လည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် သန့်စင်ခြင်း၊ ကယ်တင်ခြင်းအမှုနှင့်လည်းကောင်း သွေဖည်နေသည်။ လူတစ်ယောက်၏ ရည်သန်မျှော်မှန်းချက်များက မည်သို့ရှိသည်ဖြစ်စေ ယင်းတို့သည် တစ်ကိုယ်ရေ ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများဖြစ်သရွေ့ ဘုရားအလိုတော်နောက်သို့ လူတို့ လိုက်ခြင်းကို တားဆီးလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်တို့ကို ထုတ်ဖော်ပြောခြင်းနှင့် ဘုရားအပေါ် သက်သေခံခြင်းကို ထိခိုက်မည်၊ သို့မဟုတ် နှောင့်ယှက်လိမ့်မည်။ ယင်းတို့သည် တစ်ကိုယ်ရေ ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများဖြစ်သရွေ့ လူတို့အား သန့်စင်ခြင်း၊ ကယ်တင်ခြင်းကို ရရှိခွင့် မပေးနိုင်သည်မှာ ပြောစရာမလိုပေ။ ဤနှစ်ခုကြားတွင် ကွဲလွဲနေခြင်း သက်သက်သာ မဟုတ်ဘဲ တစ်ခုနှင့်တစ်ခု အခြေခံအားဖြင့် ဆန့်ကျင်နေသည်။ သင်၏ ကိုယ်ပိုင် ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများကို လိုက်စားစဉ်တွင် သင်သည် ဘုရားအလိုတော်ကို ဆောင်ရွက်ခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို ထုတ်ဖော်ပြောခြင်း၊ ဘုရားအပေါ် သက်သေခံခြင်းအပြင် လူတို့၏ ကယ်တင်ခြင်းကိုလည်း တားဆီးပြီး သင်၏ ကိုယ်ပိုင်ကယ်တင်ခြင်းကိုလည်း နှောင့်ယှက်သည်မှာ ပြောစရာမလိုပေ။ အတိုချုပ်အားဖြင့် လူတို့၏ ရည်သန်မျှော်မှန်းချက်များက မည်သို့ရှိသည်ဖြစ်စေ ယင်းတို့သည် ဘုရားအလိုတော်ကို ်လိုက်လျှောက်ဖို့ မဟုတ်သကဲ့သို့ ဘုရားသခင်အား အကြွင်းမဲ့နာခံခြင်းနှင့် သက်ဆိုင်သည့် အမှန်တကယ်ရလဒ်ကို မရရှိနိုင်ပေ။ လူတို့သည် ၎င်းတို့၏ ရည်သန်မျှော်မှန်းချက်များနှင့် ဆန္ဒများနောက်သို့ လိုက်သောအခါ ၎င်းတို့၏ အဆုံးစွန်သော ရည်ရွယ်ချက်သည် သမ္မာတရားအား နားလည်ရန်မဟုတ်၊ သို့မဟုတ် မိမိတို့ မည်သို့ ကျင့်ကြံနေထိုင်ရမည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ ဖြည့်ဆည်းရမည်၊ မိမိတို့၏ တာဝန်များကို မည်သို့ကောင်းစွာ ထမ်းဆောင်ပြီး ဖန်ဆင်းခံများအနေဖြင့် မိမိတို့၏ ကဏ္ဍကို မည်သို့ ဖြည့်ဆည်းရမည်ဆိုသည်တို့ကို နားလည်ရန်မဟုတ်ပေ။ လူတို့အနေဖြင့် ဘုရားသခင်အပေါ် စစ်မှန်သော ကြောက်ရွံ့မှုနှင့် နာခံမှုရှိဖို့မဟုတ်ပေ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ လူတစ်ယောက်၏ ရည်သန်မျှော်မှန်းချက်များနှင့် ဆန္ဒများက အကောင်အထည်ပေါ်လေလေ၊ ဘုရားသခင်ထံမှ ဝေးကွာပြီး စာတန်နှင့် နီးစပ်လေလေဖြစ်သည်။ အလားတူပင် လူတစ်ယောက်သည် မိမိ၏ ရည်သန်မျှော်မှန်းချက်များကို လိုက်စားပြီး ရရှိလေလေ၊ မိမိ၏ စိတ်နှလုံးက ဘုရားကို ပုန်ကန်လာလေလေ၊ ဘုရားသခင်နှင့် ပို၍ ဝေးကွာလေလေဖြစ်သည်။ အဆုံးတွင် မိမိသဘောအတိုင်း မိမိ၏ ရည်သန်မျှော်မှန်းချက်များကို ဖြည့်ဆည်းပြီး မိမိ၏ ဆန္ဒများကို အကောင်အထည်ဖော်ကာ ဖြည့်ဆည်းနိုင်သောအခါ ဘုရားသခင်အား၊ သူ၏ အချုပ်အခြာအာဏာနှင့် သူနှင့်သက်ဆိုင်သော အရာရာတိုင်းအား ပို၍ မထီမဲ့မြင်ပြုလာသည်။ ဘုရားသခင်အား ငြင်းဆန်ခြင်း၊ အာခံခြင်း၊ ဆန့်ကျင်ပြီး ရပ်တည်ခြင်းလမ်းကိုပင် လျှောက်လှမ်းနိုင်သည်။ ဤသည်မှာ နောက်ဆုံး ရလဒ်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်လိုက်တော့ ကျွန်မစိတ်နှလုံးထဲမှာ ဖုံးကွယ်နေတဲ့ မှားယွင်းတဲ့ လိုက်စားမှုကို နားလည်သွားတယ်။ ဘုရားအိမ်တော်နဲ့ အသင်းတော်ကို ကိုယ့်ရည်မှန်းချက်တွေ အကောင်အထည်ဖော်မယ့် နေရာအဖြစ် သဘောထားခဲ့တာ၊ ပြီးတော့ အသင်းတော်က တာဝန်အမျိုးမျိုးကို လောကက မတူတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေလို သဘောထားခဲ့တာ။ စာနဲ့ပတ်သက်တဲ့အလုပ်ကို ကြိုက်ခဲ့ပြီး ဒီအလုပ်မှာ ကိုယ့်တန်ဖိုးကို ပြနိုင်မယ်လို့ ခံစားခဲ့ရတယ်။ စာပေရေးသားတဲ့သူတွေက ပိုပြီး အမြင်ကျယ်တယ်၊ အတွေးအခေါ်ရှိတယ်၊ လူတွေက သူတို့ကို တန်ဖိုးထားပြီး အာရုံစိုက်ကြတယ်လို့လဲ ခံစားခဲ့ရတယ်။ တာဝန်ထမ်းဆောင်ရာမှာ ကျွန်မရဲ့ စမှတ်နဲ့ ရင်းမြစ်က မှားနေတယ်။ လူတွေကြားမှာ ထင်ပေါ်ဖို့ဖြစ်ပြီး သမ္မာတရားကို လိုက်စားဖို့၊ ရရှိဖို့ မဟုတ်ဘူး။ ဆောင်းပါး စိစစ်ရွေးချယ်တဲ့ တာဝန်ကို လုပ်နေပေမဲ့၊ ကျွန်မတာဝန်မှာ စည်းမျဉ်းတွေကို ရှာဖွေတာ၊ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် တပ်ဆင်တာ ရှားတယ်။ ဆောင်းပါးဖတ်တဲ့နေရာမှာ ကျွန်မရဲ့ ထိရောက်မှုနဲ့ ပြဿနာတွေကို ဝေဖန်ပိုင်းခြားနိုင်စွမ်း တိုးတက်ဖို့ မလုပ်ဘဲ၊ မြှင့်တင်ပေးခံရဖို့ပဲ စောင့်နေခဲ့တယ်။ ကျွန်မတို့ လေ့လာနေတာက လက်ရှိတာဝန်နဲ့ မဆိုင်ဘူးလို့ ကြီးကြပ်ရေးမှူး ပြောလိုက်တဲ့အခါ၊ ကြီးကြပ်ရေးမှူးက ကျွန်မကို ပျိုးထောင်ဖို့ အစီအစဉ် လုံးဝမရှိဘူးလို့ ထင်သွားတယ်။ အဲဒါနဲ့ စိတ်ထဲက မကျေနပ်ချက်တွေကို အပျက်သဘောဆောင်ပြီး ခိုကပ်တဲ့ပုံစံနဲ့ ပွင့်အံချလိုက်တာ။ ကျွန်မ လုံးဝကို ဆင်ခြင်တုံတရားမဲ့နေတာ မဟုတ်ဘူးလား။ ကိုယ့်ရည်မှန်းချက်တွေကို လိုက်စားတာက တစ်ကိုယ်ကောင်းဆန်မှန်း သဘောပေါက်သွားတယ်။ အဲဒါက တာဝန်ပြီးမြောက်အောင် တွန်းအားပေးရာမှာ ဘာအကျိုးမှ မရှိတဲ့အပြင်၊ အသင်းတော်အလုပ်ကိုတောင် နှောင့်နှေးစေတယ်။ တကယ်တော့ ကျွန်မရဲ့ အစွမ်းအစက သာမန်ပါ၊ ဘာသာစကားစွမ်းရည်ကလဲ တော်တော်လိုနေတယ်။ အရေးကြီးဆုံးက သမ္မာတရား တော်တော်များများကို အပြည့်အဝ နားမလည်သေးဘူး၊ ဇာတ်ညွှန်းရေးတဲ့အလုပ်ကို လုံးဝ မနိုင်ဘူး။ ဆောင်းပါး စိစစ်ရွေးချယ်ဖို့ ကျွန်မကို စီစဉ်ပေးတာက သင့်တော်ပါတယ်။ အသင်းတော်က ကျွန်မကို စာနဲ့ပတ်သက်တဲ့တာဝန်မှာ လေ့ကျင့်ခွင့်ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်နေရာနဲ့ကိုယ် မရောင့်ရဲဘဲ ဘုရားသခင်ကိုတောင် အထင်လွဲခဲ့တယ်။ ကျွန်မ တကယ်ကို ဆင်ခြင်တုံတရား ကင်းမဲ့လွန်းခဲ့တာ။ ဘုရားသခင် ပြောသလိုပါပဲ။ “လူတစ်ယောက်၏ ရည်သန်မျှော်မှန်းချက်များက မည်သို့ရှိသည်ဖြစ်စေ ယင်းတို့သည် တစ်ကိုယ်ရေ ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများဖြစ်သရွေ့ ဘုရားအလိုတော်နောက်သို့ လူတို့ လိုက်ခြင်းကို တားဆီးလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်တို့ကို ထုတ်ဖော်ပြောခြင်းနှင့် ဘုရားအပေါ် သက်သေခံခြင်းကို ထိခိုက်မည်၊ သို့မဟုတ် နှောင့်ယှက်လိမ့်မည်။ ယင်းတို့သည် တစ်ကိုယ်ရေ ရည်သန်မျှော်မှန်းချက်များ၊ ဆန္ဒများဖြစ်သရွေ့ လူတို့အား သန့်စင်ခြင်း၊ ကယ်တင်ခြင်းကို ရရှိခွင့် မပေးနိုင်သည်မှာ ပြောစရာမလိုပေ။” အခုတော့ ကျွန်မ စိတ်နှလုံးက တော်တော်ပိုပြီး လင်းလက်သွားပြီ။ ဘုရားသခင်က လူတွေကို ကိုယ့်ရည်မှန်းချက်တွေ လွှတ်ချခိုင်းရတဲ့ အကြောင်းရင်းကို ကျွန်မ နားလည်သွားပြီ။ တကယ်တော့ အသင်းတော်ဆိုတာ ဘုရားအလိုတော် ဆောင်ရွက်တဲ့နေရာ၊ လူတွေ သမ္မာတရား လိုက်စားပြီး သန့်စင်ခံရတဲ့နေရာ၊ ကယ်တင်ခြင်း ရရှိတဲ့နေရာလေ။ ဒါပေမဲ့ ကျွန်မလျှောက်နေတဲ့ လမ်းကြောင်းက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ဒီကာလအတွင်းမှာ ကိုယ့်ရည်မှန်းချက်တွေ ပြည့်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာပဲ နေ့တိုင်း စဉ်းစားပြီး အရမ်း ထိခိုက်လွယ်လာတယ်။ တခြားလူတစ်ယောက်က ပြောလိုက်တဲ့ ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းကအစ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်မရဲ့ အခြေအနေကို လာထိခိုက်ပြီး၊ ကျွန်မရဲ့ စိတ်နဲ့ နှလုံးက တစ်နေကုန် ဂနာမငြိမ်ဖြစ်တယ်။ ဘုရားသခင်ကို ထုတ်ဖော်ပြီး မညည်းညူရဲပေမဲ့ စိတ်ထဲမှာတော့ ဘုရားသခင်နဲ့ အားပြိုင်နေပြီး၊ ဘုရားသခင်နဲ့ ဆက်ဆံရေးက အဝေးကြီး ဝေးကွာသွားတယ်။ ဒါက တကယ်တော့ တိတ်တဆိတ် ဆန့်ကျင်နေတဲ့ပုံစံ တစ်မျိုးပဲ။ ကျွန်မ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ပုန်ကန်နေခဲ့တာ။ ကိုယ့်ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ပဲ အမြဲ လိုက်စားနေခဲ့တယ်။ ဒါ ဘာသာတရားမရှိသူတစ်ယောက်ရဲ့ အမြင်လေ။ ဒီလမ်းကြောင်းပေါ် ဆက်လျှောက်ရင် ကျွန်မရဲ့ စိတ်သဘောထားတွေ ဘယ်တော့မှ ပြောင်းလဲနိုင်မှာ မဟုတ်တဲ့အပြင် အသင်းတော်အလုပ်ကိုတောင် အနှောင့်အယှက်၊ အဖျက်အမှောင့် ဖြစ်စေမှာ။ ဒါဆို ကျွန်မ လုပ်နေတာက ကောင်းမှုတွေကို ပြင်ဆင်နေတာ မဟုတ်ဘူး၊ ဒုစရိုက်အမှုကို စုဆောင်းနေတာပဲ။ ဒါကို သဘောပေါက်လိုက်တော့ ကိုယ့်ရဲ့ အလွန်အကျွံ လိုအင်ဆန္ဒတွေကို လွှတ်ချဖို့ စိတ်နှလုံးထဲကနေ ဆန္ဒရှိသွားပြီး လက်ရှိတာဝန်ကို ကောင်းကောင်းလုပ်ပြီး ဘုရားသခင် ကျေနပ်အောင် ကြိုးစားချင်စိတ် ဖြစ်သွားတယ်။
၂၀၂၄၊ ဧပြီလ ၂ ရက်၊ နေသာ
ဒီနေ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လွှတ်ချဖို့ လမ်းကြောင်းတစ်ခု ဘုရားနှုတ်ကပတ်တော်ထဲမှာ တွေ့လိုက်ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “သို့ဆိုလျှင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ဝတ္တရားများမှာ အဘယ်အရာများ ဖြစ်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဖန်ဆင်းခံများ၏ တာဝန်များ၊ ဝတ္တရားများနှင့် တာဝန်ယူမှုများကို ရှင်းလင်းစွာ ချမှတ်ထားသည် မဟုတ်လော။ သင်သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို တာဝန်ယူပြီးဖြစ်သည်ဟု ဆိုကြပါစို့။ ထို့ကြောင့် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ အိမ်တော်တွင် စစ်မှန်သော အသင်းသားတစ်ဦး ဖြစ်သည်၊ ဆိုလိုသည်မှာ သင်သည် မိမိကိုယ်ကို ဘုရားသခင်၏ ဖန်ဆင်းခံများထဲမှ တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ဖြစ်သည်။ ယနေ့မှစ၍ သင်သည် သင်၏ ဘဝအစီအစဉ်များကို ပြန်လည်ရေးဆွဲသင့်သည်၊ သင်သည် ယခင်က သင်၏ ဘဝအတွက် သင် သတ်မှတ်ခဲ့သော ရည်သန်မျှော်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ပန်းတိုင်များကို နောက်ထပ် မလိုက်စားသင့်တော့ပေ။ ထိုအစား သင်သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင် ရှိသင့်သော ဘဝပန်းတိုင်များနှင့် ဦးတည်ချက်ကို စီစဉ်ရန် သင်၏ ပင်ကိုလက္ခဏာအသစ်နှင့် ရှုထောင့်အမြင်အသစ်တို့ကို ခံယူကျင့်သုံးသင့်သည်။ ပထမဦးစွာ သင်၏ ပန်းတိုင်များနှင့် ဦးတည်ချက်သည် ခေါင်းဆောင်ပိုင်း အခန်းကဏ္ဍကို တာဝန်ယူဆောင်ရွက်ရန် သို့မဟုတ် မည်သည့် လုပ်ငန်းနယ်ပယ်တွင်မဆို ဦးဆောင်ရန် သို့မဟုတ် ထူးချွန်ရန်၊ သို့မဟုတ် အလုပ်တစ်ခုခုတွင် ဆောင်ရွက်သော သို့မဟုတ် သီးခြားလုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို ကျွမ်းကျင်သော ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် မဖြစ်သင့်ပေ။ ထိုအစား သင်သည် ဘုရားသခင်ထံမှ သင်၏ တာဝန်ကို ခံယူသင့်သည်၊ ဆိုလိုသည်မှာ ယခုအချိန် ဤအခိုက်အတန့်တွင် သင်သည် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သည်ကိုလည်းကောင်း၊ မည်သည့်တာဝန်ကို သင် လုပ်ဆောင်ရန် လိုအပ်သည်ကိုလည်းကောင်း သိရမည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် ရှာဖွေရမည်။ ဘုရားသခင်က သင့်အား လုပ်ဆောင်ရန် တောင်းဆိုသည့် မည်သည့်အရာကိုမဆိုဖြစ်စေ၊ သူ၏ အိမ်တော်တွင် သင့်အတွက် မည်သည့်တာဝန်ကိုမဆို စီစဉ်ပေးထားသည်ဖြစ်စေ ထိုတာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်အတွက် သင် နားလည်သင့်သော သမ္မာတရားများနှင့် သင် လိုက်နာပြီး သဘောပေါက်သင့်သော စည်းမျဉ်းများကို နားလည်သဘောပေါက်ပြီး ရှင်းလင်းရမည်။ သင်သည် ယင်းတို့ကို မမှတ်မိနိုင်ပါက ယင်းတို့ကို ချရေးထားနိုင်ပြီး အချိန်ရသောအခါတွင် ယင်းတို့ကို ပို၍ ကြည့်ရှုကာ ပို၍ တွေးဆနိုင်သည်။ ဘုရားသခင်၏ ဖန်ဆင်းခံများထဲမှ တစ်ဦးအနေဖြင့် သင်၏ အဓိက ဘဝပန်းတိုင်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်နှင့် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်ရန် ဖြစ်သင့်သည်။ ဤသည်မှာ သင် ရှိသင့်သော အခြေခံအကျဆုံးသော ဘဝပန်းတိုင် ဖြစ်သည်။ ဒုတိယအနေဖြင့် ပို၍တိကျသောအချက်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို မည်သို့ ကောင်းမွန်စွာ ဖြည့်ဆည်းပြီး စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်ရန်ဖြစ်သည်။ ဤသည်မှာ အရေးအကြီးဆုံး ဖြစ်သည်။ ဂုဏ်သတင်း၊ အဆင့်အတန်း၊ အချည်းနှီးသောဂုဏ်နှင့် တစ်ကိုယ်ရေ အလားအလာတို့ကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် လိုက်စားသည့် ဤဦးတည်ချက်များနှင့် ပန်းတိုင်များသည် သင် စွန့်လွှတ်သင့်သော အရာများအားလုံး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်နှလုံးကို လင်းစေခဲ့တယ်။ ကျွန်မက ဖန်ဆင်းခံတစ်ဦးဖြစ်လို့ ကိုယ့်နေရာနဲ့အညီ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းသင့်တယ်။ ကိုယ့်ရည်မှန်းချက်တွေနဲ့ ဆန္ဒတွေကို လွှတ်ချပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ စီစဉ်ပေးမှုတွေကို ကျိုးနွံနာခံသင့်တယ်။ ဒီနေ့ အသင်းတော်က စီစဉ်ပေးတဲ့တာဝန်က ကျွန်မ ကြိုက်တာဟုတ်ဟုတ် မဟုတ်ဟုတ်၊ အရေးကြီးတယ်လို့ ထင်ထင် မထင်ထင်၊ ဘုရားသခင်ဆီက လာသရွေ့ အပြည့်အဝလိုက်နာပြီး လက်ခံသင့်တယ်။ အခု ဆောင်းပါးတွေကို စိစစ်ရွေးချယ်ဖို့ တာဝန်ယူထားရတော့၊ စည်းမျဉ်းတွေနဲ့အညီ ဆောင်းပါးကောင်းတွေကို ရွေးချယ်သင့်တယ်။ ပြီးတော့ ဒီအလုပ်မှာ ရလဒ်ကောင်းတွေရဖို့ ကိုယ် သဘောမပေါက်တဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး အားစိုက်ထုတ်သင့်တယ်။
၂၀၂၄၊ ဧပြီလ ၃၊ နေသာ
လတ်တလော ကျွန်မတို့အဖွဲ့ထဲ ညီအစ်မအသစ်တစ်ယောက် ရောက်လာတယ်။ သူက ဇာတ်ညွှန်းရေးတာ လေ့ကျင့်နေတယ်။ ကျွန်မစိတ်ထဲ ဒုက္ခရောက်ပြန်ရော။ ဇာတ်ညွှန်းရေးတဲ့သူ မလိုဘူးလို့ ကြီးကြပ်ရေးမှူး ပြောထားတာ မဟုတ်ဘူးလား။ ဘာလို့ ကျွန်မကို မြှင့်တင်မပေးဘဲ လူသစ် ရှာလိုက်ရတာလဲ။ ကျွန်မက တကယ်ပဲ အဲဒီလောက် ညံ့နေလို့လား။ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းရဲ့ ထိခိုက်တာကို ခံနေရပြန်ပြီဆိုတာ သတိထားမိပြီး စိတ်ထဲကနေ အမြန် ဆုတောင်းလိုက်တယ်။ ဘယ်သူပဲ မြှင့်တင်ပေးတာခံရပါစေ အခု ကျွန်မ လုပ်ရမှာက ကိုယ့်တာဝန်ကို စွဲမြဲဖို့နဲ့ ဒီကိစ္စကြောင့် အနှောင့်အယှက် မဖြစ်ဖို့ပဲ။ အဲဒီနောက် ဆောင်းပါးကောင်းတွေကို ဘယ်လိုရွေးချယ်ရမလဲ၊ ဆောင်းပါးတစ်ပုဒ်မှာပါတဲ့ နားလည်သဘောပေါက်မှုက လက်တွေ့ကျမကျ ဘယ်လိုချိန်ဆရမလဲဆိုတဲ့ စည်းမျဉ်းတွေကို ရှာဖွေဖို့ အချိန်ပေးပြီး အားစိုက်ထုတ်ခဲ့တယ်။ ကျွန်မ သဘောမပေါက်တာမှန်သမျှ ညီအစ်မတွေနဲ့ ဆွေးနွေးခဲ့ပြီး၊ အပြုသဘောဆောင်တဲ့ စိတ်ထားနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ အဆင့်အတန်းကို ဆက်ပြီး မလိုက်စားတော့ဘူး။ တဖြည်းဖြည်းနဲ့ ကျွန်မ စိတ်နှလုံးက အများကြီး တည်ငြိမ်လာပြီး တာဝန်အပေါ် ပိုအာရုံစိုက်လာနိုင်တယ်။ တာဝန်ထမ်းဆောင်ရာမှာ ဘုရားသခင်ရဲ့ ဦးဆောင်မှုကိုလဲ ခံစားရနိုင်ခဲ့တယ်။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
မုကျိန်း အမေရိကန်နိုင်ငံ အသင်းတော်မှာ ဗီဒီယိုတွေကို ကျွန်မ လုပ်နေတာ။ ဒါပေမဲ့ လုပ်စရာသိပ်မရှိတော့ ခေါင်းဆောင်က လူသစ်တွေကို ရေလောင်းတဲ့ဆီ...
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းတွင် အမှုပြုပြီး၊ သူ၏နည်းလမ်းမှာ မည်သို့ပင်ဖြစ်စေ၊ မည်ကဲ့သို့သော...
လီမင် စပိန်နိုင်ငံ“သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည်...
ဖန်းရှန့် တရုတ်နိုင်ငံ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ကျွန်မ အဖွဲ့ခေါင်းဆောင်အဖြစ်ရာထူးတိုးပြီးတော့ အဖွဲ့တချို့အတွက် ရေလောင်းပေးတဲ့ တာဝန်ကို...