တည်ကြည်ခိုင်မာခြင်းက ငြိမ်သက်ခြင်းကို ဆောင်ကြဉ်းပေးသည်
၂၀၁၇ ခုနှစ်မှာ အသင်းတော်မှာရှိတဲ့ လူသစ်တွေကို ရေလောင်းတဲ့နေရာမှာ ကျွန်မ စအလုပ်လုပ်တော့၊ ကျွန်မအလုပ်မှာ ကျွန်မ ဖြစ်နိုင်သမျှ မြန်မြန်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၇ ခုနှစ်တုန်းက အသင်းတော်မှာ ဗီဒီယိုတွေလုပ်ရင်း ကျွန်မ အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ တစ်နေ့ကျတော့ ညီအစ်မလီမင်နဲ့ ညီအစ်ကိုချန်ဘင်တို့က ကြီးကြပ်ရေးမှူးတွေ ဖြစ်သွားကြတယ်ဆိုတာ ကျွန်မ သိလိုက်ရတယ်။ ကျွန်မ ခါးသီးတဲ့ ခံစားချက်တွေနဲ့ ကိုယ့်ဘာသာ တွေးမိတယ်၊ “သူတို့ ဗီဒီယိုတွေလုပ်လာတာ ငါ့လောက်တောင် မကြာသေးဘူး၊ ပြီးတော့ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကလဲ ငါ့လောက် မကောင်းဘူး။ ဒီတော့ ဘာဖြစ်လို့ သူတို့က ကြီးကြပ်ရေးမှူးတွေ ဖြစ်သွားပြီး ခေါင်းဆောင်က ငါ့ကိုကျတော့ ထည့်တောင် မစဉ်းစားတာလဲ။ အရင်တုန်းက ငါက လီမင်ရဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်ခဲ့တာ၊ အခုကျတော့ သူက ငါ့အလုပ်ကို ကြီးကြပ်နေပြီ။ နောင်ကျရင် သူ့ရှေ့မှာ ငါ ဘယ်လိုမျက်နှာပြရမလဲ။ ညီအစ်ကိုမောင်နှမတွေက ငါက သူ့လောက် မတော်ဘူးလို့ ထင်သွားကြမလား။ ဒီလိုဆို ငါက လုံးဝ အရည်အချင်းမရှိတဲ့သူလို့ ထင်သွားကြမှာ မမဟုတ်ဘူးလား” လို့ပေါ့။ ဒီလိုတွေးမိတော့ ကျွန်မ တော်တော်လေး စိတ်ဓာတ်ကျပြီး အပျက်သဘောဆောင်လာတယ်။ ပြီးတော့ ကျွန်မ ဘာလုပ်ဖို့မှလည်း အားမရှိတော့ဘူး။ နောက်တော့ ခေါင်းဆောင်က နောက်ထပ် ကြီးကြပ်ရေးမှူးတစ်ယောက်ကို ရွေးဖို့လိုတယ်လို့ စုဝေးပွဲတစ်ခုမှာ ပြောတော့ အဆုံးမှာ ညီအစ်ကိုလင်းဟွေ ရွေးချယ်ခံလိုက်ရတယ်။ ဒီရလဒ်ကြောင့် ကျွန်မ မှင်တက်သွားတာပေါ့။ ကျွန်မရဲ့ တာဝန်တွေမှာ ကျွန်မနဲ့ အတူပူးပေါင်းဆောင်ရွက်ဖူးတဲ့ လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ရာထူးတိုးပြီး ပျိုးထောင်ခံနေရတာ၊ ကျွန်မကျတော့ ကိုယ်ရောက်နေတဲ့နေရာကနေ ဘယ်မှမတက်သေးဘူး။ ကျွန်မက အောက်ဆုံးမှာပဲ ကျန်နေခဲ့တာ မမဟုတ်ဘူးလား။ လင်းဟွေဆိုရင် ဗီဒီယိုတွေလုပ်တာ ကျွန်မလောက်တောင် မကြာသေးဘူး၊ ဒါပေမဲ့ အခု သူက ကြီးကြပ်ရေးမှူးအနေနဲ့ ရွေးချယ်ခံလိုက်ရပြီလေ။ ကျွန်မ တော်တော်လေး ရှက်မိတယ်။ ကျွန်မက အသုံးကိုမကျတာများ အမှန်တကယ် ဖြစ်နိုင်သလား။ တွေးမိလေ ခံစားရတာ ပိုဆိုးလေဖြစ်ပြီး ကျွန်မ မငိုဘဲ မနေနိုင်တော့ဘူး။ အဲဒီနောက်မှာ လင်းဟွေက သူ့တာဝန်မှာ ရလဒ်တွေရလို့ဆိုပြီး ခေါင်းဆောင်ပြောခဲ့တာကို ရုတ်တရက် ကျွန်မ သတိရသွားတယ်။ ဒါနဲ့ ကျွန်မ စဉ်းစားမိတယ်၊ “လင်းဟွေရဲ့ တာဝန်မှာ ရလဒ်ကောင်းတွေ ထွက်လို့ သူက ကြီးကြပ်ရေးမှူးအနေနဲ့ ရွေးချယ်ခံရတာ ဖြစ်နိုင်မလား။ အလုပ်ရလဒ်တွေ တိုးတက်လာအောင် ငါသာ ပိုကြိုးစားပြီး အဖိုးအခ ပိုပေးဆပ်ရင် ငါလည်း ရာထူးတိုးပြီး ပျိုးထောင်ခံရနိုင်တာပဲ။ အဲဒါဆိုရင် လူတွေက ငါ့ကို အထင်သေးကြတော့မှာ မဟုတ်ဘူး” လို့ပေါ့။ အဲဒီအတွေးနဲ့ ကျွန်မ ခွန်အားတွေ ပြန်ရှိလာတယ်။
အဲဒီအချိန်ကစပြီး နေ့တိုင်း ဗီဒီယိုတွေကို ခေါင်းမဖော်ဘဲလုပ်ပြီး အလုပ်တွေ တွင်ကျယ်လာအောင်လို့ အချိန်ပိုတွေ ဆင်းပြီး လုပ်တော့တာပေါ့။ တစ်နေ့ကျတော့ ကျွန်မတို့လုပ်ထားတဲ့ ဗီဒီယိုတွေကို ကြည့်ပြီးတဲ့နောက်မှာ ခေါင်းဆောင်က တော်တော်လေး ကောင်းတယ်၊ ကျွန်မတို့ တိုးတက်လာတယ်လို့ ပြောတယ်။ ခေါင်းဆောင်က ကျွန်မတို့ကို ပြီးမြောက်အောင်လုပ်ဖို့ အရေးကြီးတဲ့ တာဝန်တချို့တောင် ပေးပြီးတော့ အချိန်မီ ပြီးအောင်လုပ်ဖို့ ပြောခဲ့တယ်။ အလုပ်က နောက်ဆုံးတော့ တိုးတက်လာတာ၊ ခေါင်းဆောင်က ကျွန်မတို့ကို တန်ဖိုးထားတာ မြင်ရတော့ ကျွန်မ တကယ် ပျော်သွားတယ်။ ကျွန်မသာ ဆက်ကြိုးစားပြီး ဗီဒီယိုကောင်းတွေ မြန်မြန် ပိုထုတ်ခဲ့ရင် ရာထူးတိုးပြီး ပျိုးထောင်ခံရဖို့ ကျွန်မမှာလည်း အခွင့်အရေး ရှိနိုင်လောက်တယ်လို့ တွေးမိတယ်။ ကိစ္စတွေကို တက်သုတ်ရိုက်ပြီး လုပ်ရအောင်လို့ အဖွဲ့ထဲက ညီအစ်မတွေကိုတောင် ကျွန်မနဲ့အတူ နေ့တိုင်း အချိန်ပို ဆင်းခိုင်းခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အမြန် အောင်မြင်ချင်စိတ် လွန်ကဲနေတာကြောင့် ကိုယ့်တာဝန်တွေမှာ စည်းမျဉ်းတွေကို မရှာဖွေခဲ့ဘူး။ နည်းပညာတွေ လေ့လာဖို့၊ ဒါမှမဟုတ် အလုပ်ထဲက ပြဿနာတွေကို အနှစ်ချုပ်ဖို့အတွက် လူတိုင်းကို စုစည်းတာမျိုး မလုပ်ခဲ့ဘဲ ပိုမြန်မြန်ပြီးဖို့ကိုပဲ တွန်းအားပေးခဲ့တယ်။ ရလဒ်အနေနဲ့ ဗီဒီယိုတွေရဲ့ အရည်အသွေးက ညံ့ပြီး ထပ်ခါထပ်ခါ ပြန်ပြင်ရတော့တာပေါ့။ ညီအစ်မတွေရဲ့ စိတ်ဓာတ်ပိုင်းကလည်း ကျဆင်းနေတယ်။ အနှစ်ချုပ်တာ၊ ဒါမှမဟုတ် လေ့လာသင်ယူတာ မရှိတာကြောင့် ညီအစ်မတွေက သူတို့ရဲ့ ကျွမ်းကျင်မှုတွေ မတိုးတက်လာဘူး။ သူတို့တာဝန်တွေမှာ အခက်အခဲတွေ ပေါ်လာတဲ့အခါ ရှေ့ဆက်ဖို့ လမ်းစပျောက်ပြီး သူတို့ရဲ့ အနေအထားတွေက ဆက်တိုက် ဆိုးလာတဲ့အပြင် ပိုပိုပြီး လေးလံထိုင်းမှိုင်းလာကြတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာ၊ ဒါမှမဟုတ် သမ္မာတရား ရှာဖွေတာမျိုး လုပ်မယ့်အစား ရလဒ်ကောင်းတွေ မထွက်တာ၊ သူတို့တာဝန်တွေမှာ နှောင့်နှေးတာ၊ ပြီးတော့ ထင်ပေါ်ဖို့အတွက် ကျွန်မရဲ့ အခွင့်အရေးကို ထိခိုက်စေတာတွေအတွက် ညီအစ်မတွေကိုပဲ ကျွန်မ အပြစ်တင်ခဲ့တယ်။ သူတို့ကို မျက်နှာထားတင်းတင်းနဲ့တောင် ဆက်ဆံခဲ့သေးတယ်။ တစ်ခါတလေကျရင် ကျွန်မရဲ့ အခြေအနေ မမှန်ဘူး၊ ဆင်ခြင်သုံးသပ် ပြီး အခြေအနေ ကို ပြန်ညှိဖို့လိုတယ်ဆိုတာ ကျွန်မ သတိထားမိပါတယ်။ ဒါပေမဲ့ အလုပ်ရလဒ် မကောင်းတာတွေကို တွေးမိတဲ့အခါ ရလဒ်ကောင်းအောင် ကျွန်မသာ မကြိုးစားရင် ကျွန်မကို အရည်အချင်းမရှိတဲ့ အဖွဲ့ခေါင်းဆောင်လို့ ခေါင်းဆောင်က သေချာပေါက် ထင်သွားလိမ့်မယ်၊ ပြီးတော့ ရာထူးမတိုးရုံတင်မကဘူး၊ ဖြုတ်ချ ခံရနိုင်တယ်လို့ ခံစားမိတယ်။ ဒီလိုတွေးမိလိုက်တာနဲ့ ကျွန်မက ဂျင် လိုပဲ လည်ပြီး အလုပ်ပြီးဖို့ တရစပ် တွန်းအားပေးတော့တာပဲ။ ကျွန်မ ရိုးရိုးလေး မရပ်တန့်နိုင်ခဲ့ဘူး။
တာဝန်မှာ စည်းမျဉ်းမရှာ၊ လက်တွေ့အလုပ် ဘာမှမလုပ်ခဲ့တာကြောင့် ဗီဒီယိုအလုပ်ရဲ့ တိုးတက်မှုကို ကျွန်မ ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်၊ မကြာခင်မှာပဲ ခေါင်းဆောင်က ကျွန်မကို ဖြုတ်ချ လိုက်တယ်။ ကျွန်မ နည်းနည်း နစ်နာတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မတာဝန်မှာ အဖိုးအခ အများကြီး ပေးဆပ်ထားတာ၊ ဘာဖြစ်လို့ လက်တွေ့အလုပ် မလုပ်ဘူးလို့ ငါ့ကို ပြောရတာလဲပေါ့။ ဖြုတ်ချ ခံရပြီးနောက်မှာ ကျွန်မ နာကျင်မှုတွေနဲ့ ပြည့်နှက်နေပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး ဖြုတ်ချ ခံလိုက်ရပါပြီ၊ ဗီဒီယိုတွေလုပ်ဖို့ အခွင့်အရေးလည်း ဆုံးရှုံးသွားပါပြီ။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက် ကို နားလည်အောင် သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။ ဝတ်ပြု တဲ့အချိန်တစ်ခုမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်မိတယ်။ “ကြုံတွေ့ရသည့် ပတ်ဝန်းကျင်များ မည်သို့ပင်ရှိပါစေ အထူးသဖြင့် အတိဒုက္ခကို ရင်ဆိုင်ရသည့်အခါနှင့် အထူးသဖြင့် ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်သည့်အခါ၊ သို့မဟုတ် ဖော်ထုတ်ပြသည့်အခါတွင် ဘုရားသခင်၏ စကားများနှင့် လုပ်ရပ်များသည် မှန်သလော၊ မှားသလောကို ဆန်းစစ်ခြင်း၊ စိစစ်ခြင်းနှင့် အကဲဖြတ်ခြင်းတို့အစား လူတစ်ဦးအနေဖြင့် ပထမဆုံး လုပ်ဆောင်သင့်သည့်အရာမှာ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များအပြင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဆင်ခြင်သုံးသပ်ပြီး ဆန်းစစ်ဖို့ ဘုရားသခင်ရှေ့မှောက်သို့ လာခြင်း ဖြစ်သည်။ သင်သည် လျော်ကန်သည့် နေရာတွင် နေနေပါက သင်လုပ်ဆောင်နေသင့်သည့်အရာမှာ အဘယ်အရာ ဖြစ်သည်ကို သင်သိသင့်သည်။ လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြပြီး သမ္မာတရားကို နားမလည်ကြချေ။ ဤသည်မှာ ကြီးမားလှသော ပြဿနာတစ်ခုကား မဟုတ်ပေ။ သို့ရာတွင် လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး သမ္မာတရားကို နားမလည်သည့်တိုင် သမ္မာတရားကို မလိုက်စားသည့်အခါတွင်မူ ယင်းမှာ ပြဿနာတစ်ခုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၃)) ကျွန်မ ဖြုတ်ချခံရတာဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုထဲမှာ ပါတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လာတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ကို အပြည့်အဝ နားမလည်သေးပေမဲ့ ကျွန်မ ကျိုးနွံနာခံရမယ်၊ သမ္မာတရားကို လေးလေးနက်နက် ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ် ရမယ်ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီးတော့ ကျွန်မရဲ့ ပြဿနာတွေကို နားလည်မှုတချို့ရသွားတယ်။ ဘုရားသခင်က ပြောသည် “အန္တိခရစ်များအတွက် ၎င်းတို့၏ ဂုဏ်သတင်း၊ သို့မဟုတ် အဆင့်အတန်းကို တိုက်ခိုက်ခံရလျှင်၊ ပြီးလျှင် ယူဆောင်သွားခြင်းခံရလျှင် ယင်းသည် ၎င်းတို့၏ အသက်ကိုယူဖို့ ကြိုးစားခြင်းထက် ပို၍ပင် ဆိုးရွားသော ကိစ္စတစ်ခု ဖြစ်သည်။ ၎င်းတို့သည် တရားဒေသနာများကို မည်မျှနားထောင်သည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို မည်မျှဖတ်သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့ မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ခြင်း၊ အန္တိခရစ်လမ်းကြောင်းကို လျှောက်နေခြင်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို ၎င်းတို့ ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်၍လည်းကောင်း ၎င်းတို့သည် ဝမ်းနည်းခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ခံစားရမည်မဟုတ်ပေ။ ယင်းအစား ၎င်းတို့သည် အဆင့်အတန်းကို ရရှိပြီး ၎င်းတို့၏ ဂုဏ်သတင်းကို မြင့်တက်စေရန် နည်းလမ်းများကို ရှာဖို့အတွက် အစဉ်သဖြင့် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ အန္တိခရစ်များက လုပ်သမျှသော အရာတိုင်းသည် အခြားလူတို့ရှေ့တွင် ကြွားဝါရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားရှေ့တွင် လုပ်ဆောင်ခြင်းမဟုတ်ဟု ဆိုနိုင်သည်။ ဤအရာကို ငါ အဘယ့်ကြောင့်ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသို့သော သူတို့သည် အဆင့်အတန်းကို အလွန်ချစ်ပြီး ယင်းအား ၎င်းတို့၏ အသက်ကိုယ်တိုင်အဖြစ်၊ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်အဖြစ် မှတ်ယူကြသောကြောင့်ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အဆင့်အတန်းကို အလွန်ချစ်သောကြောင့် သမ္မာတရား တည်ရှိမှုကို လုံးဝ မယုံကြည်ကြပေ။ ၎င်းတို့တွင် ဘုရားသခင် တည်ရှိမှုကို ယုံကြည်လက်သင့်ခံခြင်း လုံးဝ မရှိ ဟူ၍ပင် ဆိုနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိရန် မည်မျှ တွက်ချက်ပါစေ လူတို့နှင့် ဘုရားကို လှည့်စားရန် အတုအယောင် အသွင်အပြင်များကို အသုံးပြုဖို့ မည်မျှကြိုးစားပါစေ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် စိတ်ပူပင်မှုတစ်ခုခုမဆိုထားနှင့်။ သတိထားမိခြင်း၊ သို့မဟုတ် အပြစ်တင်ခြင်း မရှိပေ။ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ၎င်းတို့၏ အဆက်မပြတ် လိုက်စားမှုတွင် ဘုရားသခင်လုပ်ဆောင်ခဲ့သည့်အရာမှန်သမျှကိုလည်း ၎င်းတို့က ထင်ရာစိုင်း ငြင်းဆန်ကြသည်။ အဘယ်ကြောင့် ငါ ထိုသို့ပြောရသနည်း။ အန္တိခရစ်များ၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့က ‘ဂုဏ်သတင်းနှင့် အဆင့်အတန်းအားလုံးသည် လူတစ်ဦး၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအားဖြင့် ရရှိသည်။ လူတို့ကြားတွင် ခိုင်မာသော ခြေကုပ်ကို ရယူပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရရှိခြင်းဖြင့်သာ ဘုရား၏ ကောင်းချီးများကို ၎င်းတို့ ခံစားနိုင်သည်။ လူတို့က အကြွင်းမဲ့ အာဏာနှင့် အဆင့်အတန်းကို ရရှိသောအခါမှသာ ဘဝက တန်ဖိုးရှိသည်။ ဤသည်သာ လူသားကဲ့သို့ အသက်ရှင်ခြင်း ဖြစ်သည်။ ယှဉ်ကြည့်လျှင် အရာရာတွင် ဘုရား၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံခြင်း၊ ဖန်ဆင်းခံတစ်ဦးနေရာတွင် လိုလိုလားလား ရပ်တည်ခြင်းနှင့် သာမန်လူတစ်ယောက်ကဲ့သို့ ရှင်သန်ခြင်းတို့ကဲ့သို့သော ဘုရားနှုတ်ကပတ်တော်တွင် ပြောထားသည့် နည်းလမ်းဖြင့် အသက်ရှင်နေထိုင်ခြင်းသည် အသုံးမကျခြင်းဖြစ်လိမ့်မည်။ မည်သူကမျှ ဤသို့သောသူမျိုးကို အထင်ကြီးလေးစားမည်မဟုတ်။ လူတစ်ယောက်၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ပျော်ရွှင်မှုတို့ကို ၎င်း၏ကိုယ်ပိုင် ရုန်းကန်ကြိုးစားမှုမှတစ်ဆင့် ရယူရမည်။ ၎င်းတို့ကို အပြုသဘောဆောင်ပြီး တက်ကြွသော သဘောထားဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး အရယူရမည်။ မည်သူကမျှ ယင်းတို့ကို သင်တို့အား ပေးမည်မဟုတ်။ မလှုပ်မယှက် စောင့်ဆိုင်းနေခြင်းက ကျရှုံးခြင်းသာ ဖြစ်စေနိုင်သည်’ ဟု ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များက တွက်ချက်သည့် ပုံစံဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ် တွေအတွက် ဂုဏ်သတင်းနဲ့ အဆင့်အတန်း ဟာ သူတို့ရဲ့ အသက်ပဲလို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့ ဘာလုပ်လုပ် အဆင့်အတန်း ရဖို့နဲ့ သူများတွေ လေးစားအားကျတာ ခံရဖို့ကိုပဲ စဉ်းစားကြတယ်။ အသင်းတော်အလုပ်ကို သူတို့ ဘယ်လောက်ပဲ ဟန့်တားပါစေ၊ ထိခိုက်ပါစေ၊ သူတို့ ဘယ်တော့မှ ဆင်ခြင်သုံးသပ် တာ၊ နောင်တရတာ မရှိဘူး။ ကျွန်မရဲ့ အပြုအမူကို ဆင်ခြင်သုံးသပ် ကြည့်လိုက်တော့ ကျွန်မလည်း ဂုဏ်သတင်းနဲ့ အဆင့်အတန်း ကိုပဲ အရမ်းအာရုံစိုက်ခဲ့တာ တွေ့ရတယ်။ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်ဖူးတဲ့ ညီအစ်ကိုမောင်နှမတွေ ကြီးကြပ်ရေးမှူးအနေနဲ့ ရွေးချယ်ခံရတာ မြင်တော့ ကျွန်မ ကသိကအောက်ဖြစ်ခဲ့တယ်။ ကျွန်မသာ ပိုကြိုးစားပြီး အဖိုးအခ ပိုပေးဆပ်တဲ့အပြင် ရလဒ်ကောင်းတွေ ထွက်အောင်လုပ်ရင် ကျွန်မလည်း ရာထူးတိုး ပြီး တန်ဖိုးထားခံရမယ်လို့ ထင်ခဲ့တယ်။ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားပြီး ကိုယ့်တာဝန်မှာ စည်းမျဉ်းမရှာခဲ့ဘူး၊ ကိုယ့်ကျွမ်းကျင်မှု တိုးတက်လာအောင် လူတိုင်းအတွက် လေ့လာသင်ယူတာတွေလည်း မစီစဉ်ပေးခဲ့ဘူး။ ပြီးတော့ ရလဒ်တွေအမြန်လိုချင်တဲ့ လိုအင်ဆန္ဒကြောင့် နေ့တိုင်း ညဉ့်နက်တဲ့အထိ အလုပ်လုပ်ဖို့ လူတိုင်းကို တွန်းအားချည်းပဲ ပေးနေခဲ့တယ်၊ ဒါကြောင့် ဗီဒီယိုတွေက ထပ်ခါထပ်ခါ ပြန်ပြင်ရပြီး အလုပ်က ဆိုးဆိုးရွားရွား နှောင့်နှေးခဲ့တယ်။ ဒါ့အပြင် အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ အလုပ်ထဲမှာ ပြဿနာတွေ မြင်တဲ့အခါ ဒီလမ်းလွဲတာတွေကို အနှစ်ချုပ်ရာမှာ၊ ပြီးတော့ တကယ့်ပြဿနာတွေကို ဖြေရှင်းရအောင် သမ္မာတရား စည်းမျဉ်း ရှာဖွေရာမှာ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ ဦးဆောင်ဖို့ ဦးအောင်လှုပ်ရှားခဲ့သင့်တယ်။ ညီအစ်မတွေ အခြေအနေ မကောင်းတဲ့အခါ သူတို့ကို ကူညီဖို့ ကျွန်မ မိတ်သဟာယပြု ပေးသင့်တယ်၊ ဒါ ကျွန်မရဲ့ တာဝန်ပဲလေ။ ဒါပေမဲ့ ကျွန်မက လက်တွေ့အလုပ် တစ်ခုမှ မလုပ်ခဲ့ဘူး။ ကျွန်မဟာ ရလဒ်တွေထွက်ဖို့နဲ့ သူများတွေ အားကျတာခံရဖို့ပဲ ဂရုစိုက်ခဲ့ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှု ကို ကျွန်မ လုံးဝ ဂရုမစိုက်ခဲ့ဘူး၊ အသင်းတော်အလုပ် ဆုံးရှုံးမှု ဖြစ်မဖြစ် ဆိုတာကိုလည်း ဂရုမစိုက်ခဲ့ဘူး။ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်း ကို လိုက်စားတဲ့ အခြေအနေ ထဲမှာ အသက်ရှင်နေခဲ့တော့ ကျွန်မစိတ်နှလုံးက မှောင်မိုက်ပြီး ဖိစီးနှိပ်စက်ခံရတဲ့အပြင် နာကျင်ခဲ့ရတယ်။ အလုပ်တွင်ဖို့အတွက် ဝတ်ပြု တာနဲ့ ဆင်ခြင်သုံးသပ် တာကိုတောင် အချိန်ဖြုန်းတယ်လို့ ကျွန်မ ထင်ခဲ့ပြီး အလုပ်ကိုပဲ ခေါင်းမာမာနဲ့ ဖိလုပ်ခဲ့တယ်။ သူများတွေ ဘယ်လိုပဲ သတိပေးပေး ကျွန်မ ဖြုတ်ချ မခံရမချင်း ဂရုမစိုက်ဘဲ နေခဲ့တယ်။ ကျွန်မရဲ့ စိတ်နှလုံးက လုံးဝ မာကျောသွားခဲ့ပြီဆိုတာ တွေ့လိုက်ရတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်း လိုချင်တဲ့ လိုအင်ဆန္ဒက ကြီးလွန်းလို့ ကျွန်မကို သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ စေပြီး ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်း ကို တန်ဖိုးထားစေခဲ့တာ။ ကျွန်မ လျှောက်နေတဲ့ လမ်းက အန္တိခရစ် လမ်းကြောင်း ဖြစ်နေတယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မမှာ အကြွေးတင်စိတ် ကြီးကြီးမားမား ခံစားရလို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား နဲ့ သမီး ဆက်အသက်မရှင်ချင်တော့ပါဘူး။ ကိုယ်တော့်ရှေ့မှောက်မှာ သမီး နောင်တရလိုပါတယ်” လို့ပေါ့။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နောက်ထပ်နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ဖြစ်ပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မ အမြဲတမ်း လိုက်စားနေရတဲ့ အရင်းအမြစ်ကို နားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက်၊ သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်ရန် အရည်အချင်း သို့မဟုတ် အစွမ်းသတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ ၎င်း၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်တို့သည် လုံးဝ မုန်းတီးဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် ဘဝသည် အဓိပ္ပာယ်ရှိမည် မဟုတ်ဟုလည်းကောင်း၊ လူတို့သည် ရှေ့ဆက်လမ်းခရီးကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ မိမိတို့၏ ပန်းတိုင်ကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ ၎င်းတို့၏ အနာဂတ်သည် မှောင်မိုက်ကာ မှေးမှိန်ပြီး သုန်မှုန်နေမည်ဟုလည်းကောင်း ထင်သည့်အတွက်ကြောင့် စာတန်၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်များကို ယနေ့တွင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် စာတန်က လူတို့အပေါ် ထားရှိသည့် ကြီးမားသော အချုပ်အနှောင်များဖြစ်သည်ကို တစ်နေ့တွင် သင်တို့သည် ဖြည်းဖြည်းချင်း သတိပြုမိလာကြလိမ့်မည်။ ထိုနေ့ရက်ရောက်သောအခါတွင် စာတန်၏ ထိန်းချုပ်မှုကို သင် လုံးလုံးလျားလျား အတိုက်အခံလုပ်မည် ဖြစ်ပြီး သင့်ထံသို့ စာတန် ဆောင်ကြဉ်းလာသည့် အချုပ်အနှောင်များကို လုံးလုံးလျားလျား အတိုက်အခံလုပ်လိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော ဤအရာအားလုံးမှ သင့်ကိုယ်သင် ရုန်းထွက်လွတ်မြောက်ရန် ဆန္ဒရှိသည့်အခါတွင် သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် မုန်းတီးလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ် မှုအောက်မှာ ကျော်ကြားမှုနဲ့ အကျိုးအမြတ် ကနေတစ်ဆင့် လူတွေကို ဖောက်ပြန်ပျက်စီး အောင်လုပ်တဲ့ စာတန်ရဲ့ စက်ဆုပ်ဖွယ် နည်းလမ်းတွေနဲ့ ကောက်ကျစ်ဆိုးယုတ်တဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ နားလည်လာတယ်။ စာတန်က ကျော်ကြားမှုနဲ့ အကျိုးအမြတ် ကို သုံးပြီး လူတွေကို ချည်နှောင်တယ်၊ ထိခိုက်စေတယ်၊ ပြီးတော့ လူတွေကို ဘုရားသခင်နဲ့ ခပ်ခွာခွာနေအောင်၊ ဘုရားသခင်ကို သစ္စာဖောက်အောင် လုပ်တယ်။ ပြန်ကြည့်လိုက်တော့ ငယ်ငယ်လေးကတည်းက စာတန်ရဲ့ သွန်သင်လေ့ကျင်မှုနဲ့ ပုံသွင်းမှုတို့ လွှမ်းမိုးတာကို ကျွန်မ ခံခဲ့ရမှန်း သဘောပေါက်လိုက်တယ်။ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” တို့လိုမျိုး စာတန်ရဲ့ အတွေးအခေါ်တွေကို ကျွန်မရဲ့ ဆောင်ပုဒ်တွေအနေနဲ့ ထားခဲ့တယ်။ ကျွန်မရဲ့ စိတ်သဘောထား က ပိုပိုပြီး မာနထောင်လွှား လာတယ်၊ ကျွန်မ ဘယ်ရောက်ရောက် သူများတွေ လေးစားအားကျတာကိုပဲ အမြဲ ခံချင်ပြီး နောက်ကောက်ကျမနေချင်ခဲ့ဘူး။ အရင်တုန်းက အလုပ်လုပ်တဲ့အချိန်မှာ ကျွန်မထက် ပညာအရည်အချင်း ပိုမြင့်တဲ့ ကိုယ်နဲ့ရွယ်တူတန်းတူတွေက ကုမ္ပဏီမှာ ရုံးဝန်ထမ်း လုပ်နိုင်တာ မြင်ရပြီး ကျွန်မကျတော့ ပညာအရည်အချင်း နိမ့်လို့ အောက်ခြေသိမ်းအလုပ် လောက်ပဲ လုပ်နိုင်တော့ ကျွန်မက အဲဒီလို သာမန်ဘဝမျိုးနဲ့ မနေချင်ခဲ့တာကို သတိရမိတယ်။ ဒါကြောင့် အားလပ်ချိန်မှာ စာကို ကြိုးစားလေ့လာခဲ့တယ်။ တစ်နေ့ကျရင် ကိုယ်တိုင်လေ့လာပြီး ဘွဲ့လက်မှတ်ရဖို့၊ ပြီးတော့ သူများတွေရှေ့မှာ ထည်ဝါဖို့အတွက် အလုပ်ကောင်းကောင်းရဖို့ မျှော်လင့်ရင်း ဘုရားသခင်ကို တွေ့ပြီးတဲ့နောက်မှာတောင် ကျွန်မက စာတန်ဆန်တဲ့ လောကီဆိုင်ရာ အတွေးအခေါ်တွေ နဲ့ အသက်ရှင်နေတုန်းပဲ။ အသင်းတော်မှာ ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူး ဖြစ်မှ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသိအမှတ်ပြုတာနဲ့ လေးစားတာကို ခံရမှ အဓိပ္ပာယ်ရှိတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါကြောင့် ညီအစ်ကိုမောင်နှမတွေ ရာထူးတိုး တာ မြင်ရတဲ့အခါ ကျွန်မ မနာလိုဖြစ်ပြီး သဝန်တိုခဲ့တယ်။ ခေါင်းဆောင်တွေက ကျွန်မကိုလည်း ပျိုးထောင်လာအောင်လို့ မြန်မြန် အောင်မြင်မှုရဖို့ မျှော်လင့်ရင်း ဗီဒီယိုအလုပ်ကို ကျွန်မ ကြိုးစားလုပ်ခဲ့တယ်။ ကျွန်မရဲ့ ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေ ပြည့်ဖို့အတွက် အလုပ်မြန်မြန်တွင်အောင် ညီအစ်မတွေကို ကျွန်မနဲ့အတူ ညဉ့်နက်တဲ့အထိ အလုပ်လုပ်ခိုင်းဖို့ ဝန်မလေးခဲ့ဘူး။ ညီအစ်မတွေ အခြေအနေ မကောင်းတာ မြင်ရတဲ့အခါ သူတို့ကို မကူညီတဲ့အပြင် အထင်တောင် သေးခဲ့တယ်။ တစ်ခါတလေဆို သူတို့ကို စိတ်တောင်ဆိုးပြီး မျက်နှာထားတင်းတင်းနဲ့တောင် ဆက်ဆံခဲ့တယ်။ ကျွန်မ တကယ်ကို လုံးဝ တစ်ကိုယ်ကောင်းဆန်ပြီး ခံစားချက်ကင်းမဲ့ခဲ့တာပါ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်း ကို လိုက်စားရင်းနဲ့ လူသားပုံသဏ္ဌာန် လုံးဝ မရှိဘဲ ကျွန်မ အသက်ရှင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကို နာကျင်စေခဲ့ရုံမက အသင်းတော်အလုပ်ကိုလည်း ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်။ လက်တွေ့အလုပ် ဘာမှမလုပ်ဘဲ ဂုဏ်သတင်းနဲ့ အဆင့်အတန်း ကိုပဲ လိုက်စားပြီး အမြန်အောင်မြင်ချင်တဲ့ လိုအင်ဆန္ဒက တွန်းအားပေးနေတာကြောင့် ဗီဒီယိုအလုပ်ရဲ့ တိုးတက်မှုကို ကျွန်မ ဆိုးဆိုးရွားရွား နှောင့်နှေးစေခဲ့ပြီး နောက်ဆုံးမှာ ဖြုတ်ချ ခံလိုက်ရတယ်။ စာတန်ရဲ့ အတွေးအခေါ် တွေ၊ လိမ်ညာမှုတွေနဲ့ အသက်ရှင်တာ၊ ထင်ပေါ်ကျော်ကြားမှုကို လိုက်စားတာက ပိုနက်ရှိုင်းတဲ့ ဖောက်ပြန်ပျက်စီး ခြင်း၊ ပုန်ကန် ခြင်းနဲ့ ဘုရားသခင်ကို အတိုက်အခံလုပ် ခြင်းဆီကိုပဲ ဦးတည်စေမယ်ဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။ အဆုံးမှာ ကိုယ့်ကိုယ်ကိုယ်ပဲ ထိခိုက်စေမှာလေ။ အခု ပြန်ကြည့်လိုက်တော့ ထင်ပေါ်ဖို့အတွက် ကျွန်မ အရင်က လိုက်စားခဲ့တာတွေ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မ အသားကုန် ဖက်တွယ်ထားခဲ့တဲ့ ပုံစံက တကယ်ကို မိုက်မဲလွန်းတယ်လို့ ခံစားမိတယ်။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နောက်ထပ်နှုတ်ကပတ်တော်တွေကို ဖတ်ဖြစ်ပြီး ကြီးကြပ်ရေးမှူးအနေနဲ့ ရွေးချယ်မခံရတာကို ကျွန်မ ဆင်ခြင်တုံတရားနဲ့ လက်ခံနိုင်ခဲ့ပါတယ်။ ဘုရားသခင်က ပြောသည် “အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် သင့်တော်သည်၊ ခေါင်းဆောင်မှုအတွက် ပါရမီ၊ အစွမ်းအစနှင့် လူ့သဘာဝတို့ကို ပိုင်ဆိုင်သည်ဟု တွေးထင်သော်လည်း၊ ဘုရားအိမ်တော်က သင့်ကို ရာထူးမတိုးပေးသေးသည့်အပြင် ညီအစ်ကိုမောင်နှမများကလည်း သင့်ကို ရွေးကောက်တင်မြှောက်ခြင်းမပြုသေးပါက၊ ထိုကိစ္စကို သင်မည်သို့ သဘောထားသင့်သနည်း။ ဤနေရာတွင် သင်လိုက်လျှောက်နိုင်သော လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် လမ်းကြောင်းတစ်ခု ရှိသည်။ သင်သည် မိမိကိုယ်ကို လုံးလုံးလျားလျား သိရှိရမည်။ အဓိကအချက်မှာ သင်၏ လူ့သဘာဝတွင် ပြဿနာတစ်ခုခု ရှိခြင်းဖြစ်သလော၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခုခု ထုတ်ဖော်ခြင်းက လူတို့ကို ရွံရှာစက်ဆုပ်စေခြင်းလောဟူသည်ကို ကြည့်ရှုလော့။ သို့မဟုတ် သင်သည် သမ္မာတရား လက်တွေ့ကျမှုကို မပိုင်ဆိုင်သည့်အပြင် အခြားသူများအတွက် ယုံကြည်လက်ခံနိုင်ဖွယ်မရှိခြင်း ဟုတ်၊ မဟုတ် သို့မဟုတ် သင်၏ တာဝန်ထမ်းဆောင်မှုက စံနှုန်းမမီခြင်း ဟုတ်၊ မဟုတ်ဟူသည်ကို ကြည့်ရှုလော့။ သင်သည် ဤအရာအားလုံးကို ဆင်ခြင်သုံးသပ်ရမည်ဖြစ်ပြီး မည်သည့်နေရာတွင် သင် အတိအကျ စံမမီသည်ကို ကြည့်ရှုရမည်။...အကယ်၍ သင်သည် အမှန်တကယ် ဝန်တာတစ်ခုရှိပြီး ထိုသို့သော တာဝန်ယူလိုစိတ်ရှိကာ၊ ဝန်ကို ထမ်းလိုလျှင်၊ အမြန်ဆုံး သင့်ကိုယ်သင် လေ့ကျင့်လော့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်ပြီး စည်းမျဉ်းများဖြင့် ပြုမူဆောင်ရွက်လာလော့။ သင်သည် ဘဝအတွေ့အကြုံရှိပြီး သက်သေခံချက် ဆောင်းပါးများကို ရေးနိုင်သည်နှင့်တစ်ပြိုင်နက်၊ အမှန်တကယ် ကြီးထွားလာပြီးဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနိုင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို သေချာပေါက် ရရှိနိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်က သင့်အပေါ် အလုပ်လုပ်နေလျှင်၊ ယင်းမှာ ဘုရားသခင်က သင့်ကို မျက်နှာသာဖြင့် ကြည့်ရှုသည်ဟု ဆိုလိုပြီး၊ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို လမ်းပြခင်းဖြင့်၊ သင်၏ အခွင့်အရေးသည် မကြာမီ ဖြစ်ပေါ်လာလိမ့်မည်။ သင်သည် ယခု ဝန်ထုပ်ဝန်ပိုးတစ်ခု ရှိနိုင်သော်လည်း၊ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် မလုံလောက်သေးသည့်အပြင် သင်၏ ဘဝအတွေ့အကြုံက အလွန်ပေါ့တန်သေးသောကြောင့်၊ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာမည်ဆိုလျှင်ပင်၊ ခလုတ်တိုက်လဲနိုင်ခြေရှိသည်။ သင်သည် အသက် ဝင်ရောက်မှုကို လိုက်စားရမည်၊ သင်၏ လွန်ကဲသောလိုအင်ဆန္ဒများကို ဦးစွာ ဖြေရှင်းရမည်၊ နောက်လိုက်တစ်ဦးဖြစ်ဖို့ လိုလိုလားလား ရှိရမည်ဖြစ်ပြီး ဘုရားသခင် စီစဉ်ညွှန်ကြားသည့်၊ သို့မဟုတ် စီစဉ်သည့် မည်သည့်အရာအတွက်မဆို စောဒကတက်သည့်စကားများမရှိဘဲ ဘုရားသခင်ကို စစ်မှန်စွာ ကျိုးနွံနာခံတတ်လာရမည်။ သင်သည် ဤဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်သောအခါ၊ သင်၏ အခွင့်အရေးက ရောက်လာလိမ့်မည်။ သင်သည် လေးလံသောဝန်ကို ခံယူလိုခြင်း၊ သင်၌ ဤဝန်ထုပ်ဝန်ပိုးရှိခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ယင်းက သင်သည် တိုးတက်မှုဖြစ်စေရန် ကြိုးစားသော တက်ကြွသည့်စိတ်နှလုံးတစ်ခုရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားကာ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်လိုကြောင်း ပြသသည်။ ဤသည်မှာ ရည်မှန်းချက်တစ်ခုမဟုတ်၊ စစ်မှန်သော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လိုက်စားသောသူများ၏ တာဝန်ဖြစ်ပြီး ၎င်းတို့ လိုက်စားမှု ပန်းတိုင်လည်း ဖြစ်သည်။ သင်၌ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ မရှိသည့်အပြင် သင်၏ ကိုယ်ကျိုးအတွက် မဟုတ်ဘဲ၊ ဘုရားသခင်ကို သက်သေခံပြီး သူ့ကို ကျေနပ်စေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း အခံရဆုံးသောအရာဖြစ်ပြီး၊ သူသည် သင့်အတွက် သင့်တော်သော အစီအစဉ်များကို ပြုလုပ်ပေးလိမ့်မည်။...ဘုရားသခင်၏ ရည်ရွယ်ချက်သည် သူ့ကို သက်သေခံနိုင်သောလူများကို ပို၍ ရရှိရန်ဖြစ်သည်။ ဤသည်မှာ သူ့ကိုချစ်သောသူအားလုံးကို စုံလင်စေရန်၊ သူနှင့် စိတ်နှလုံးတစ်လုံးတစ်ဝတည်းရှိသော လူတစ်စုကို ပြည့်စုံစေဖို့ အမြန်ဆုံး ပြုလုပ်ရန်အတွက်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အိမ်တော်တွင် သမ္မာတရားကို လိုက်စားသူအားလုံးသည် ကြီးမားသော အလားအလာများရှိကြသည်။ ဘုရားသခင်ကို ရိုးသားစွာချစ်သောသူများ၏ အလားအလာသည် အကန့်အသတ်မရှိပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို လူတိုင်း နားလည်သင့်သည်။ ဤဝန်ထုပ်ဝန်ပိုးကို ရရှိခြင်းသည် အမှန်တကယ်ပင် အပြုသဘောဆောင်သောအရာဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူတို့ ပိုင်ဆိုင်သင့်သည့် အရာတစ်ခုဖြစ်သည်။ သို့သော် လေးလံသောဝန်ကို လူတိုင်းက မလွဲမသွေ ခံယူနိုင်လိမ့်မည်မဟုတ်ပေ။ ဤခြားနားချက်က မည်သည့်နေရာမှ လာသနည်း။ သင်၏ အားသာချက်များ၊ သို့မဟုတ် လုပ်ကိုင်နိုင်စွမ်းက မည်သည့်အရာဖြစ်စေ၊ သင်၏ ဉာဏ်ရည်က မည်မျှမြင့်သည်ဖြစ်စေ အရေးပါသည့်အရာမှာ သင်၏ လိုက်စားမှုနှင့် သင်လျှောက်သည့်လမ်းကြောင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၆)) အလုပ်အမျိုးမျိုးအတွက် ကြီးကြပ်ရေးမှူး တွေကို ရာထူးတိုး ပြီး ပျိုးထောင် ပေးရာမှာ အသင်းတော်က စည်းမျဉ်းတွေရှိတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ စိတ်အားထက်သန်မှု နည်းနည်းပြရုံ၊ ဒါမှမဟုတ် ဆုကျေးဇူး တချို့ ရှိရုံနဲ့ လူတစ်ယောက်ကို ရာထူးတိုး ပေးတာ၊ ပျိုးထောင် ပေးတာ မဟုတ်ဘူး။ အနည်းဆုံးတော့ လူတစ်ယောက်ဟာ စိတ်နှလုံးမှန်ကန်ရမယ်၊ ကိုယ့်တာဝန်အတွက် ဝန်တာထားတဲ့စိတ် ရှိရမယ်၊ ပြီးတော့ အသင်းတော်အလုပ်ကို ကာကွယ်နိုင်ရမယ်။ သူတို့မှာ အစွမ်းအစတချို့ ရှိရမယ့်အပြင် တကယ့်ပြဿနာတွေကို ဖြေရှင်းနိုင်ရမယ်။ ဒီလိုလူမျိုးတွေ ကြီးကြပ်ရေးမှူးအနေနဲ့ တာဝန်ထမ်းဆောင်တဲ့အခါ အလုပ်အတွက် အကျိုးရှိပြီး ရာထူးတိုး ဖို့နဲ့ ပျိုးထောင် ခံရဖို့ စံသတ်မှတ်ချက် တွေနဲ့ ကိုက်ညီတယ်။ ဥပမာအနေနဲ့ ချန်ဘင်နဲ့ လင်းဟွေတို့ ကြီးကြပ်ရေးမှူး ဖြစ်လာနိုင်တာက သူတို့တာဝန်တွေမှာ ထိရောက်မှုရှိရုံသာမကဘဲ သူတို့မှာ ဝန်တာထားတဲ့စိတ် ရှိပြီး တကယ့်ပြဿနာတချို့ကို ဖြေရှင်းနိုင်လို့၊ ပြီးတော့ စည်းမျဉ်းအတိုင်း လုပ်ဆောင်နိုင်လို့ ဖြစ်တယ်။ လူတစ်ယောက်ရဲ့ အစွမ်းအစ က မလုံလောက်ဘဲ အသင်းတော်အလုပ်ကို မကာကွယ်တဲ့အပြင် ကိုယ်ကျိုးကိုပဲ လိုက်စားရင် ဒီလိုလူကို ကြီးကြပ်ရေးမှူးအနေနဲ့ ရွေးလိုက်ရင် အသင်းတော်အလုပ်ကို နှောင့်နှေးစေပြီး ညီအစ်ကိုမောင်နှမတွေကို ထိခိုက်စေရုံပဲ ရှိမှာပေါ့။ ကျွန်မ တာဝန်ထမ်းဆောင်တုန်းကလိုမျိုးပေါ့၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်း ကိုပဲ ကျွန်မ အမြဲ လိုက်စားခဲ့တယ်၊ အဆင့်အတန်းအတွက် ကျွန်မရဲ့ လိုအင်ဆန္ဒ မပြည့်တဲ့အခါ ကျွန်မ အပျက်သဘော ဆောင်ပြီး အားနည်းလာတယ်၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို လုံးဝ ထည့်မတွက်ဘဲ တာဝန်တွေကို ဝတ်ကျေတမ်းကျေ လုပ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အဖွဲ့ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခဲ့ပေမဲ့ သူတို့ရဲ့ အသက်ဝင်ရောက်မှုနဲ့ပတ်သက်ပြီး ကျွန်မ ကူညီဖို့ ပျက်ကွက်ခဲ့ရုံမက သူတို့တာဝန်တွေမှာ စည်းမျဉ်းတွေ ချိုးဖောက်အောင်တောင် ကျွန်မ ဦးဆောင်ခဲ့တယ်။ ကျွန်မလို လူ့သဘာဝမျိုးနဲ့ ကြီးကြပ်ရေးမှူးအနေနဲ့ တကယ် ရွေးချယ်ခံခဲ့ရရင် ကျွန်မက အန္တိခရစ် လမ်းကြောင်းပေါ် ရောက်သွားပြီး ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာပါ။ ကြီးကြပ်ရေးမှူးအနေနဲ့ ရွေးချယ်မခံရတာက ကျွန်မအတွက် ဘုရားသခင်ရဲ့ ကာကွယ်မှုပါပဲ။ ကျွန်မ တကယ်ကို ကိုယ့်ကိုယ်ကိုယ် မသိခဲ့သလို ကိုယ့်ကိုယ်ကိုယ် သတိပြုမိတဲ့စိတ် လည်း မရှိခဲ့ဘူး။ ဒါတွေကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မရင်ထဲ လွတ်မြောက်သွားသလို ခံစားလိုက်ရတယ်။
သုံးလေးလနေတော့ ကျွန်မ ဗီဒီယိုတွေပြန်လုပ်ဖို့ အသင်းတော်က စီစဉ်ပေးခဲ့ပြီး ညီအစ်မတချို့ကို ဗီဒီယိုတွေ ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ပေးဖို့ သူတို့က တောင်းဆိုတယ်။ ဒီညီအစ်မတွေက အစွမ်းအစ ကောင်းပြီး အလေးထား ပျိုးထောင် ပေးလို့ရတာကြောင့် ဗီဒီယိုထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး သူတို့ကို လမ်းပြမှု ပိုပေးဖို့ ခေါင်းဆောင်က တောင်းဆိုခဲ့တယ်။ ဒါကို ကြားတော့ ကျွန်မ နည်းနည်း စိတ်မကောင်း ဖြစ်သွားတယ်။ သူတို့ကတော့ ဦးစားပေး ပျိုးထောင်ခံရမယ့်သူတွေ ဖြစ်နေပြီး ကျွန်မက ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် အဖြည့်ခံအနေနဲ့ပဲ ပါဝင်နေရတယ်လို့ ခံစားမိတယ်။ ဒီလို တွေးမိလိုက်တဲ့အချိန်မှာ ကျွန်မရဲ့ အခြေအနေ မမှန်ဘူးဆိုတာ ရုတ်တရက် သတိထားမိလိုက်တယ်။ ဒါနဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာဖတ်တယ်။ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရတယ်။ “မည်သည့်တာဝန်ကို သင်လက်ခံရရှိသည်ဖြစ်စေ၊ သင့်အပေါ် မည်သည့်တာဝန် ကျရောက်သည်ဖြစ်စေ၊ ယင်းက ကြီးမားသော ဝတ္တရား သို့မဟုတ် ပို၍ရိုးစင်းသော ဝတ္တရားကို ဖြစ်ပေါ်စေသည့် တာဝန်ဖြစ်စေ၊ ယင်းမှာ သိပ်အရေးမပါသည်ပင်ဖြစ်စေ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး ထိုတာဝန်ကို သမ္မာတရားစည်းမျဉ်းများအတိုင်း သဘောထားပါက သင်သည် သင်၏တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ ထိုမျှမက တာဝန်ထမ်းဆောင်နေခြင်းဖြစ်စဉ်တွင် သင်၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထားပြောင်းလဲမှု၌ ခြားနားသော အတိုင်းအတာများကို တွေ့ကြုံရမည်ဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို မလိုက်စားဘဲ သင့်တာဝန်ကို ကိုယ်ပိုင် လုပ်ငန်း၊ ကိုယ်ပိုင်အလုပ်အဖြစ်သာ သဘောထားပါက၊ သို့တည်းမဟုတ် ကိုယ်ပိုင်ရွေးချယ်မှုအဖြစ်ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာ အလုပ်အဖြစ်ဖြစ်စေ သဘောထားပါက သင်သည် ဒုက္ခတွေ့ပြီဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း) ဘုရားနှုတ်ကပတ်တော်တွေကနေ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ကို ကျွန်မ နားလည်လာတယ်။ ဘယ်တာဝန်ကိုပဲ လုပ်နေပါစေ၊ အရေးကြီးဆုံးက ကိုယ့်တာဝန်မှာ ကိုယ့်အသက်ဝင်ရောက်မှုကို အာရုံစိုက်ဖို့နဲ့ စိတ်သဘောထားပြောင်းလဲမှု ရအောင် သမ္မာတရားကို လိုက်စားဖို့ပါပဲ။ ဒါက တာဝန်ထမ်းဆောင်ဖို့အတွက် မှန်ကန်တဲ့လမ်းကြောင်းပါ။ တာဝန်ထမ်းဆောင်ဖို့ ဒီအခွင့်အရေးရတာ မလွယ်ပါဘူး၊ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်း ကို ထပ်ပြီး စဉ်းစားလို့အရတော့ဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ အလေးထားရမယ်၊ ဒီတာဝန်ကို ပခုံးပြောင်းယူပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ ဘုရားသခင်ကို မှီခိုရမယ်။ နောက်ပိုင်းမှာ ကျွန်မက ညီအစ်မတွေနဲ့ ခဏခဏဆိုသလို ဆွေးနွေးပြောဆိုပြီး ရင်းရင်းနှီးနှီး စကားပြောဖြစ်တယ်၊ ပြီးတော့ သူတို့တာဝန်တွေမှာ ကြုံရတဲ့ အခက်အခဲတွေကို ကျွန်မ သတိတရနဲ့ ကြည့်ရှုပေးတယ်။ တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး အသေးစိတ် လမ်းပြမှုတွေလည်း ပေးခဲ့တယ်။ ညီအစ်မသုံးယောက်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေက အမြန် တိုးတက်လာပြီး မကြာခင်မှာပဲ သူတို့ဘာသာ ဗီဒီယို လုပ်နိုင်လာကြတယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုအတွက် ကျွန်မ ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်ခဲ့တယ်။
ခြောက်လကြာတော့ ကျွန်မလည်း ကြီးကြပ်ရေးမှူး အဖြစ် ရွေးချယ်ခံရတယ်၊ ဒါပေမဲ့ ရာထူးကြောင့် ကျွန်မ စိတ်ကြီးဝင် မသွားခဲ့ပါဘူး။ ပြောင်းပြန်အနေနဲ့ ကြီးလေးတဲ့ တာဝန်သိစိတ်ကို ခံစားရတယ်။ ကျွန်မ ဒီလိုအသိဉာဏ်ရနိုင်ပြီး ဒီလိုပြောင်းလဲမှုကို ကြုံတွေ့နိုင်တယ်ဆိုတဲ့ အချက်က ဘုရားနှုတ်ကပတ်တော်ရဲ့ ရလဒ်ပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
၂၀၁၇ ခုနှစ်မှာ အသင်းတော်မှာရှိတဲ့ လူသစ်တွေကို ရေလောင်းတဲ့နေရာမှာ ကျွန်မ စအလုပ်လုပ်တော့၊ ကျွန်မအလုပ်မှာ ကျွန်မ ဖြစ်နိုင်သမျှ မြန်မြန်...
ကျွန်မ ဘုရားသခင်ကို ယုံကြည်ခါစတုန်းက ခေါင်းဆောင်ဖြစ်တဲ့ ညီအစ်ကိုမောင်နှမတွေဟာ လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားသခင်ရဲ့...
ရှန့်ဆန့် အမေရိကန်နိုင်ငံ ပြီးခဲ့တဲ့နှစ်အစောပိုင်းက အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မရွေးချယ်ခံခဲ့ရတယ်။ အစကတော့ ကျွန်မမှာ...
နမ်နမ် အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ လက်ရှိ နောက်ဆုံးသောကာလ အမှုတော်ထဲတွင်၊ ဘုရားသခင်သည် ယခင်က...