ကျွန်ုပ်၏ အိပ်မက်များ ကြေမွသွားပြီးနောက်

13.05.2026

လင်ယို၊ တရုတ်ပြည်

ငယ်ငယ်ကတည်းက ကျွန်မဟာ ကခုန်ရတာကို တကယ်ပဲ အမြဲကြိုက်ခဲ့ပါတယ်။ ကျွန်မအမေပြောတာကတော့ ကျွန်မ တော်တော်ငယ်ငယ်တုန်းက ဘယ်အချိန်ပဲ ဂီတသံကြားကြား ကျွန်မက စည်းချက်အတိုင်း အလိုလို ယိမ်းနွဲ့နေတတ်တယ်တဲ့။ ကြီးလာတာနဲ့အမျှ၊ အကအပေါ်မှာ ကျွန်မရဲ့ စိတ်အားထက်သန်မှုက ဆက်ရှိနေခဲ့တယ်၊ အကနဲ့ ပတ်သက်တဲ့ ဘယ်အရာကိုမဆို ကျွန်မက အထူးတလည် စိတ်ဝင်စားခဲ့တယ်။ အထူးသဖြင့် တီဗီမှာ အကပညာရှင်တွေ စင်ပေါ်မှာ ကပြဖျော်ဖြေနေတာကို တွေ့တဲ့အခါမျိုးပေါ့။ သူတို့ရဲ့ ခက်ခဲတဲ့ အကကွက်တွေကို အလွယ်တကူ ကပြနေတဲ့အချိန်မှာ ညှို့ယူဖမ်းစားခံထားရတဲ့ ပရိသတ်တွေက လက်ခုပ်သြဘာပေးပြီး အားပေးနေကြတာကို ကြည့်ရင်း ကျွန်မ မျက်တောင်မခတ်တမ်း ကြည့်နေမိပြီး သူတို့ရဲ့ ဖျော်ဖြေမှုတွေက ကျွန်မအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့တယ်။ တကယ်ကို လှပလွန်းပါတယ်။ ကျွန်မတွေးမိတယ်၊ “ငါသာ အကသမားတစ်ယောက်ဖြစ်လာပြီး အကနဲ့ ကိုယ့်ကိုယ်ကိုယ်ဖော်ပြရင်း ပရိသတ်ရဲ့ လက်ခုပ်သံတွေ၊ ချီးကျူးသြဘာပေးတာတွေကို ခံယူရရင် ဘယ်လောက်ကောင်းလိုက်မလဲ” ပေါ့။ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကျွန်မဟာ အကသင်တန်းတစ်ခုကို တက်ရောက်ပြီး ပညာရှင်အဆင့် လေ့ကျင့်မှုကာလကို စတင်ခဲ့တယ်။ သင်တန်းချိန်အတွင်းမှာ ဆရာမရဲ့ လှုပ်ရှားမှုတွေကို ကျွန်မ အရမ်း နီးနီးကပ်ကပ် လေ့လာပြီး လှုပ်ရှားမှုတိုင်းကို မှန်ကန်အောင် ကြိုးစားခဲ့တယ်။ ကျွန်မရဲ့ဆရာမက ကျွန်မမှာ အကသမားတစ်ယောက်အနေနဲ့ အလားအလာကောင်းတွေ ရှိတယ်လို့ ပြောခဲ့ပြီး ကျွန်မရဲ့ အတန်းဖော်တွေအားလုံးကလည်း ကျွန်မမှာ အကနဲ့ပတ်သက်ပြီး သေချာပေါက် အနာဂတ်ကောင်းရှိတယ် ပြောခဲ့ကြတယ်။ အဲဒါကို ကြားရတော့ ကျွန်မ အရမ်းပျော်သွားပြီး ကိုယ့်မှာ အကပင်ကိုစွမ်းရည် တကယ်ရှိတာပဲ၊ ဒီအလုပ်နဲ့ပဲ အသက်မွေးလို့ရလောက်တယ်လို့ တွေးမိတယ်။ ဒီဘဝမှာ အကကို လိုက်စားဖို့ဆိုတာ ကောင်းကင်ဘုံက ကျွန်မကို ပေးအပ်လိုက်တဲ့ တာဝန်တစ်ခု ဖြစ်နိုင်တယ်ပေါ့။

နောက်ပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံရတဲ့ ကောင်းချီးကို ကျွန်မ ခံစားခဲ့ရတယ်။ အသင်းတော်ရဲ့ ဗီဒီယိုတွေကို ကြည့်ရင်းနဲ့ အသင်းတော်မှာလည်း အကနဲ့ဆိုင်တဲ့ တာဝန်ရှိမှန်း ကျွန်မ သိလာတယ်။ ညီအစ်ကိုမောင်နှမတွေ သီချင်းဆို၊ ကခုန်ပြီး ဘုရားသခင်ကို ချီးမွမ်းနေကြတာကို ကြည့်ရင်း ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “လောကီကမ္ဘာမှာ ကခုန်တာက ဘာသာတရားမရှိသူတွေအတွက် ဖြစ်ပြီး တန်ဖိုးနည်းနည်းပဲ ရှိတယ်၊ ဒါပေမဲ့ အသင်းတော်မှာ ကခုန်တာက တာဝန်တစ်ခုဖြစ်ပြီး ဘုရားသခင်ကို ချီးမွမ်းဖို့ ခွင့်ပြုတယ်၊ ဒါကမှ တော်တော် အဓိပ္ပာယ်ရှိတာ။ ဒါ့အပြင် အသင်းတော်ရဲ့ ဗီဒီယိုတွေကို အွန်လိုင်းပေါ်တင်တော့ ကမ္ဘာတစ်ဝန်းက လူတွေ အများကြီး ကြည့်ကြတယ်။ ငါသာ အဲဒီဗီဒီယိုတွေထဲမှာ ကိုယ့်ရဲ့အကစွမ်းရည်ကို ပြသနိုင်ခဲ့ရင် ပိုများတဲ့ ချီးကျုးမှုတွေနဲ့ ထောမနာတွေ ရမှာမဟုတ်ဘူးလား။ နောက်ဆိုရင် အကတာဝန်ကို ရရှိနိုင်ဖို့အတွက် ငါ အကလေ့ကျင့်ဖို့ အချိန်ပိုပေးရမယ်” ပေါ့။ နောက်ပိုင်းမှာ ကျွန်မတို့အသင်းတော်ကို စီစီပီက ဖမ်းဆီးနှိပ်စက်ပြီး ညီအစ်ကိုမောင်နှမတွေ အများကြီး အဖမ်းခံခဲ့ရတယ်။ ဒါကြောင့် ကျွန်မတို့မှာ ပုံမှန်အတိုင်း စုဝေးပြီး တာဝန်တွေကို ထမ်းဆောင်ဖို့ အခွင့်အရေးတောင် သိပ်မရှိခဲ့ဘူး၊ အကအဖွဲ့တစ်ခု စတင်ဖို့ အခွင့်အရေးဆိုတာ ပိုလို့တောင် မရှိခဲ့ဘူး။ ကျွန်မ တရုတ်ပြည်ကနေ ထွက်ခွာပြီး လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်ပြီး တာဝန်ထမ်းဆောင်ချင်တဲ့စိတ် အရမ်းကို ပြင်းပြခဲ့တယ်။ ကိုယ့်ခန္ဓာကိုယ် အရမ်း မတောင့်တင်းသွားအောင် အားလပ်ချိန်ရတိုင်း ကျွန်မက အကြောလျှော့တာတွေ လေ့ကျင့်ခန်းတွေ လုပ်ခဲ့တယ်။ တစ်ခါတလေ သီချင်းနားထောင်ရင်းနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စင်ပေါ်မှာ အကတင်ဆက်ဖျော်ဖြေနေတယ်လို့ စိတ်ကူးယဉ်မိတယ်။ သိပ်မကြာခင်မှာပဲ စုဝေးပွဲတစ်ခုအတွင်းမှာ ရဲတွေ ရုတ်တရက် ပြေးဝင်လာပြီး ဖမ်းဆီးမှုတွေ စလုပ်ခဲ့တယ်။ ကျွန်မ ၃၇ ရက်ကြာ အချုပ်ကျခဲ့ပြီး နောက်ပိုင်းမှာ အမှုရင်ဆိုင်ဖို့ အာမခံနဲ့ ပြန်လွတ်လာခဲ့တယ်။ နောက်တစ်ခါ ထပ်အဖမ်းခံရမှာစိုးလို့ ကျွန်မ အိမ်ကနေထွက်ပြီး ပုန်းရှောင်နေခဲ့ရတယ်။ နေ့တိုင်း ပြတင်းပေါက်ကနေ အပြင်ဘက်က ကျယ်ပြန့်တဲ့ ကောင်းကင်ပြာကြီးကို ငေးကြည့်ရင်း ကျွန်မ ငေးငိုင်နေမိတယ်၊ တွေးမိတယ်၊ “အခုလို အဖမ်းခံလိုက်ရတာက စီစီပီရဲ့ သံကြိုးခတ်တာကို ခံလိုက်ရသလိုပဲ။ နောက်ဆိုရင် ဘယ်ကိုမှ လွတ်လပ်လပ် သွားလို့မရတော့ဘူး၊ နိုင်ငံကနေလည်း ထွက်လို့မရတော့ဘူး။ စင်ပေါ်တက် ဖျော်ဖြေခွင့် ဘယ်လိုများ ရနိုင်တော့မှာလဲ။ ဒါဟာ ငါ့ရဲ့အကအိပ်မက် အဆုံးသတ်သွားပြီဆိုတဲ့ သဘော မဟုတ်ဘူးလား” လို့ပေါ့။ ဒီအတွေးတွေက ကျွန်မကို အရမ်းစိတ်မကောင်း ဖြစ်စေခဲ့တယ်။ နောက်ပိုင်းမှာ အသင်းတော်က ကျွန်မကို ဓမ္မတေးတွေ ရေးဖွဲ့ခိုင်းခဲ့တယ်။ ကျွန်မက အပေါ်ယံမှာတော့ တာဝန်ထမ်းဆောင်နေပေမဲ့ စိတ်ပါလက်ပါမရှိခဲ့ဘူး။ ကျွန်မဟာ ကဖို့အတွက်ပဲ ဖြစ်လာတဲ့သူ၊ ဒီတာဝန်က ကျွန်မနဲ့ မသင့်တော်ဘူးလို့တောင် တွေးမိခဲ့တယ်။ ကျွန်မရဲ့ခေါင်းဆောင်က ကျွန်မ အဲဒီအပျက်သဘောဆောင်တဲ့ အခြေအနေမှာ နစ်မွန်းနေပြီး တိုးတက်မှုမရှိတာကို တွေ့ပြီးနောက်မှာ ကျွန်မကို တာဝန်ကဖြုတ်ချလိုက်တယ်။

တာဝန်ကနေ ဖြုတ်ချခံရပြီးနောက်မှာ ကျွန်မဟာ နေ့တိုင်းကို နားဝေတိမ်တောင်ဖြစ်ပြီး ငေးငိုင်နေခဲ့တယ်။ ကိုယ့်ရဲ့အကအိပ်မက်တွေ ကြေမွသွားတဲ့အကြောင်းကို စဉ်းစားမိတိုင်း နာကျင်ခံစားရပြီး ဦးတည်ရာမဲ့နေသလို ခံစားရတယ်။ အားကိုးရာမဲ့နေချိန်မှာ ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ဒီနေ့ သမီး ဖြုတ်ချခံရတဲ့အတွက် သမီး ကိုယ်တော့်ကို တစ်နည်းနည်းနဲ့ စက်ဆုပ်ရွံရှာစေခဲ့မယ်ဆိုတာ သမီး သိပါတယ်။ ဒါပေမဲ့ ကျွန်မ အရမ်းကို မခံစားတတ်လွန်းလို့ ဘယ်နေရာမှာ မှားသွားလဲဆိုတာကို မသိဘူး။ ကိုယ့်ကိုယ်ကိုယ် သိနားလည်နိုင်ဖို့ သမီးကို လမ်းပြပြီး ဉာဏ်ပွင့်စေတော်မူပါ” လို့ပေါ့။ ဒီလိုနည်းနဲ့ ဘုရားသခင်ဆီကို ကျွန်မ နေ့တိုင်းဆုတောင်းခဲ့တယ်။ တစ်ခါမှာတော့ ဝတ်ပြုခြင်းလုပ်နေတုန်း ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်လိုက်ရပြီး ကိုယ့်ရဲ့ပြဿနာအပေါ်မှာ နားလည်မှုတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အသိပညာ သင်ယူခြင်းတွင် မှားစရာ တစ်စက်မျှ မရှိဟုလည်းကောင်း၊ ယင်းမှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်ဟုလည်းကောင်း လူတို့ ထင်ကြသည်။ နားထောင်ကောင်းအောင် ပြောရမည်ဆိုလျှင် မြင့်မားသော ရည်သန်မျှော်မှန်းချက်များကို ချမှတ်ခြင်း သို့မဟုတ် ရည်မှန်းချက်များ ရှိခြင်းသည် တွန်းအားရှိခြင်းဖြစ်ပြီး ဤသည်မှာ ဘဝ၏ မှန်ကန်သော လမ်းကြောင်း ဖြစ်သင့်ပေသည်။ လူတစ်ဦးသည် မိမိ၏ ဘဝသက်တမ်းတစ်လျှောက်တွင် မိမိ၏ ကိုယ်ပိုင် ရည်သန်မျှော်မှန်းချက်များကို အကောင်အထည် ဖော်နိုင်လျှင် သို့မဟုတ် အောင်မြင်သော အသက်မွေးဝမ်းကျောင်းတစ်ခုကို တည်ထောင်နိုင်လျှင် ထိုသို့အသက်ရှင်ခြင်းက ပို၍ ဂုဏ်ကျက်သရေရှိသည် မဟုတ်လော။ ဤနည်းအားဖြင့် လူတစ်ဦးသည် မိမိ၏ ဘိုးဘေးများကို ဂုဏ်ဆောင်နိုင်ရုံသာမက နောင်လာနောက်သား မျိုးဆက်များအတွက် မိမိ၏ နာမည်ကို ချန်ရစ်ခဲ့ရန် အခွင့်အရေးလည်း ရှိနိုင်ပေသည်၊ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လောကီလူတို့၏အမြင်တွင် ကောင်းသောအရာတစ်ခု ဖြစ်နေပြီး၊ ၎င်းတို့အတွက်ကား သင့်လျော်ကာ အပြုသဘောဆောင်နေသင့်၏။ သို့ရာတွင် ဒုက္ခပေးမည့် ကြံရွယ်ချက်များရှိသည့် စာတန်သည် လူတို့ကို ဤလမ်းမျိုးသို့ ဦးဆောင်ပြီးနောက်တွင် ဤမျှသာဖြစ်သလော။ လုံးဝ မဟုတ်ပေ။ အမှန်တွင် လူသား၏ ရည်သန်မျှော်မှန်းချက်များသည် မည်မျှကြီးကျယ်ခမ်းနားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ဖြစ်မြောက်စေလိုသည့် အရာအားလုံး၊ လူသားက လိုက်စားသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်းအတွက် ၎င်းတို့၏ အသက်တာတစ်လျှောက်လုံးတွင် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အကျိုးအမြတ်’ တို့ ဖြစ်၏။ စာတန်သည် လူတို့အနေဖြင့် ၎င်း၏ ရှင်သန်မှု နည်းလမ်းများနှင့် ဥပဒေသများကို အမှုမဲ့အမှတ်မဲ့ လက်ခံစေဖို့၊ ဘဝရည်မှန်းချက်များနှင့် ဘဝဦးတည်ချက်များ ဖြစ်စေဖို့နှင့် ဘဝရည်သန်မျှော်မှန်းချက်များ ပိုင်ဆိုင်လာစေဖို့ ထိုမျှမကြမ်းတမ်းသော၊ လူတို့၏ အယူအဆများနှင့် အလွန်ပင် ကိုက်ညီသော နည်းစနစ်တစ်ခုဖြစ်သည့် အလွန် သိမ်မွေ့သော နည်းစနစ်ကို အသုံးပြုလေသည်။ မိမိတို့၏ ဘဝရည်သန်မျှော်မှန်းချက်များနှင့်ပတ်သက်၍ လူတို့၏ သရုပ်ဖော်ချက်များက မည်မျှကြီးကျယ်ခမ်းနားပါစေ ဤရည်သန်မျှော်မှန်းချက်များသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကိုသာ အစဉ်သဖြင့် ဗဟိုပြုထားသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဒီကျမ်းပိုဒ်ကို ဖတ်လိုက်တဲ့အခါ ကျွန်မ ရုတ်တရက် သဘောပေါက်သွားပြီး ကျွန်မဟာ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရှာဖွေတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေခဲ့မှန်း အမြန်ပဲ သိမြင်လာခဲ့တယ်။ အရင်တုန်းက ကျွန်မဟာ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားတာက ဘဝရဲ့ မှန်ကန်တဲ့လမ်းကြောင်းပဲလို့ အမြဲထင်ခဲ့တယ်။ ကိုယ့်ဘဝမှာ တစ်စုံတစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်တာက ရည်သန်မျှော်မှန်းချက်နဲ့ ဆန္ဒပြင်းပြမှုရှိတယ်လို့ ဆိုလိုပြီး၊ တန်းတူရွယ်တူတွေထက် ထူးချွန်ပြီး နာမည်ကြီးအောင်လုပ်တာက ကိုယ့်ရဲ့တန်ဖိုးကို ပြသတဲ့နည်းလမ်းတစ်ခုပဲလို့ ထင်ခဲ့တယ်။ ဒါက ကျွန်မကို အိပ်မက်တွေ ဒါမှမဟုတ် ရည်သန်မျှော်မှန်းချက် မရှိဘဲ သာမန်ဘဝနဲ့ ကျေနပ်နေတဲ့သူတွေထက် အများကြီး ပိုကောင်းစေမှာပဲ။ အဲဒီအချိန်ကျမှ ကျွန်မ သဘောပေါက်လာတာက လူတစ်ယောက်ရဲ့ အိပ်မက်တွေနဲ့ ရည်သန်မျှော်မှန်းချက်တွေကို လိုက်စားတာဟာ လူတွေကို ဖောက်ပြန်ပျက်စီးစေပြီး သူတို့ကို ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရှာဖွေတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းစေဖို့ စာတန်ရဲ့ နည်းလမ်းတွေထဲက တစ်ခုပဲဆိုတာကိုပေါ့။ လူတစ်ယောက်ဟာ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ပိုလိုက်စားလေလေ၊ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေနဲ့ ပိုပြီး ဝေးကွာသွားလေလေပါပဲ။ ဘုရားသခင်က ကျွန်မတို့ကို ဖန်ဆင်းခံတွေအနေနဲ့ ရိုးရိုးသားသား၊ လက်တွေ့ကျကျ ပြုမူပြီး ကိုယ့်တာဝန်တွေကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းဖို့ တောင်းဆိုတာပါ။ ဒါပေမဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားတဲ့သူတွေကတော့ သူတို့နဲ့ တန်းတူရွယ်တူတွေထက် ဘယ်လိုထူးချွန်အောင် လုပ်မလဲဆိုတာကိုပဲ စဉ်းစားပြီး လက်ရှိအခြေအနေနဲ့ ဘယ်တော့မှ မရောင့်ရဲကြဘူး။ ဘာကြောင့် အကသမားဖြစ်ဖို့ ဒီလောက်ကြိုးစားနေခဲ့ရသလဲဆိုတာကို ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်။ တီဗီမှာ အကပညာရှင်တွေကို မြင်တဲ့အခါ သူတို့ရဲ့ ခက်ခဲတဲ့ကကွက်တွေနဲ့ ပရိသတ်ရဲ့ လက်ခုပ်သြဘာသံကို ရယူနေတာကို မြင်တဲ့အခါ ကျွန်မ အရမ်းကို မနာလိုအားကျဖြစ်ခဲ့ပြီး၊ တစ်နေ့နေ့မှာ ကိုယ်လည်း စင်ရဲ့အလယ်ဗဟိုမှာရပ်၊ လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံယူပြီး သူတို့ရဲ့အားပေးသံတွေ၊ လက်ခုပ်သံတွေကို ရယူရင်း ကိုယ့်ကိုယ်ကိုယ် ထင်ပေါ်အောင်လုပ်မယ်ဆိုတဲ့ ကျွန်မရဲ့ ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်မယ့်နေ့ကို အိပ်မက်မက်ခဲ့တယ်။ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကျွန်မဟာ မနက်မိုးလင်းကနေ ညမိုးချုပ်အထိ အကလေ့ကျင့်ခဲ့ပြီး၊ အရမ်းကို စိတ်အားထက်သန်ခဲ့တယ်။ ဒါပေမဲ့ စီစီပီက ဖမ်းဆီးခဲ့ပြီးနောက်မှာ ကျွန်မမှာ မှတ်တမ်းရှိသွားတဲ့အတွက် နိုင်ငံခြားကို သွားဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရတယ်။ ကိုယ့်အိပ်မက်တွေ ကြေမွသွားမှန်း သိလိုက်ရတဲ့အခါမှာတော့ ကျွန်မ စိတ်ဓာတ်ကျပြီး ဝမ်းနည်းကြေကွဲခဲ့ရတယ်၊ ကိုယ့်တာဝန်မှာ ပေါ့ဆပြီး အာရုံမစိုက်နိုင်တော့ဘူး။ တခြားလူတစ်ယောက် လုံးလုံးဖြစ်သွားတဲ့အတိုင်းပဲ။ အဲဒီအချိန်ကျမှပဲ ကျွန်မ သိမြင်ခဲ့တာက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ဆိုတာ စာတန်က လူတွေကို သွေးဆောင်ဖြားယောင်းပြီး ဖောက်ပြန်ပျက်စီးစေတဲ့ နည်းလမ်းတွေပဲ ဆိုတာပါပဲ။ အပေါ်ယံမှာတော့ ဒါတွေက လူတွေကို ချီးကျူးဂုဏ်ပြုခြင်းတွေ ဆောင်ကြဉ်းပေးနိုင်ပေမဲ့၊ တကယ်တမ်းမှာတော့ ဒါတွေဟာ လူတွေကို အတွေးအခေါ်ပိုင်းအရ ဖောက်ပြန်ပျက်စီးစေတယ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကိုပဲ စဉ်းစားစေပြီး ဘုရားသခင်ကို ကိုးကွယ်ဖို့ မေ့သွားစေတယ်၊ သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းဖို့ဆိုတာကတော့ ပိုလို့တောင် ဝေးသွားစေတာပေါ့။ နောက်ဆုံးမှာတော့ ဒါက လူတွေကို ဘုရားသခင်နဲ့ ဝေးကွာသွားစေပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို လုံးဝဆုံးရှုံးသွားစေပါတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သည့်အပြင် ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်၊ အခြားမည်သည့်အရာမျှ မဟုတ်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သည့်အပြင် ၎င်းတို့အသက်တာတစ်လျှောက် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်ပြီး ဤအကြောင်းကြောင့် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော ရုပ်သွင်နှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို ဝေးလံခေါင်ဖျားသော တောနက်တောင်နက်ကြီးထဲတွင် သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို လက်လွှတ်မည် မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားနိုင်ပြီး ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် တန်းတူညီမျှ ထားရှိပြီး ဤအရာနှစ်ခုကို တန်းတူရည်တူ ထားရှိလေသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားသခင်က အန္တိခရစ်တွေဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အထူးတလည် တန်ဖိုးထားမက်မောပုံနဲ့၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူတို့ရဲ့အသက်လို၊ ဘဝမှာ သူတို့ လိုက်စားတဲ့ ပန်းတိုင်အဖြစ် ရှုမြင်တဲ့အထိတောင် ဖြစ်သွားပုံကို ဖော်ထုတ်ခဲ့တယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘာကမှ သူတို့ရဲ့ လိုက်စားမှုရဲ့ ဦးတည်ချက်ကို မပြောင်းလဲစေဘူး။ တကယ်တော့ ကျွန်မကလည်း အဲဒီအတိုင်း တစ်ပုံစံတည်းပါပဲ။ ငယ်ငယ်ကတည်းက ကျွန်မဟာ ကြွားဝါချင်ပြီး တခြားသူတွေရဲ့ လေးစားမှုနဲ့ ချီးမွမ်းခြင်းကို ခံချင်ခဲ့တယ်။ တီဗီပေါ်က အကသမားတွေ ပရိသတ်ရဲ့ လေးစားအားကျမှုကို ရရှိတာကို မြင်တဲ့အခါ ကျွန်မလည်း သူတို့ကို အားကျပြီး သူတို့လိုဖြစ်ချင်ခဲ့တယ်။ ကျွန်မ ထူးချွန်တဲ့ ကပြဖျော်ဖြေသူတစ်ယောက် ဖြစ်လာဖို့ ရည်မှန်းချက်တောင် ထားခဲ့တယ်။ ယုံကြည်ခြင်းထဲကို ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်ပြီးနောက်မှာတောင် ကျွန်မရဲ့ ဘဝရည်မှန်းချက်ကို မပြောင်းလဲခဲ့ဘဲ ကိုယ့်ဒေသအသင်းတော်မှာ အကတာဝန်မထမ်းဆောင်နိုင်တဲ့အခါ ကျွန်မ နိုင်ငံခြားကိုသွားပြီး ဖျော်ဖြေသူတစ်ယောက်အနေနဲ့ စင်မြင့်ထက်ကို ခြေချမယ့် ကျွန်မရဲ့ ကြီးမားတဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ရည်မှန်းခဲ့တယ်။ စီစီပီက ကျွန်မကို ဖမ်းဆီးပြီး အဖမ်းခံရတဲ့ မှတ်တမ်းတစ်ခုရှိသွားပြီးတဲ့နောက်မှာတောင်မှ နိုင်ငံကနေ ထွက်ခွာလို့ မရတော့တဲ့အခါ ကျွန်မရဲ့ အကအိပ်မက်အကြောင်းကို အဆက်မပြတ် တွေးနေတာကို မရပ်တန့်နိုင်ခဲ့ဘဲ ကျွန်မရဲ့ ရည်မှန်းချက်ကို မအောင်မြင်ခဲ့တဲ့အတွက် အပျက်သဘောဆောင်ပြီး နာကျင်ခံစားရတယ်၊ ကျွန်မရဲ့တာဝန်ကို ဝတ်ကျေတမ်းကျေနဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေနဲ့ လုပ်ပြီး ခိုကပ်ခဲ့တယ်။ ကျွန်မရဲ့ အနာဂတ်နဲ့ ဂုဏ်သတင်းအကြောင်းကို ခဏခဏ တွေးပြီး စဉ်းစားဆင်ခြင်နေခဲ့တယ်။ ကျွန်မရဲ့တာဝန်ကို ကျွန်မရဲ့အိပ်မက်တွေကို အောင်မြင်အောင် ကူညီပေးမယ့် ခုတုံးတစ်ခုအဖြစ် မြင်ခဲ့တယ်။ ကျွန်မက တကယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ ပျက်ကွက်နေခဲ့ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နေခဲ့တာပဲ။ ဒါကို သဘောပေါက်သွားတော့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းပြီး ပြောခဲ့တယ်၊ “အို ဘုရားသခင်၊ ကိုယ်တော့်နှုတ်ကပတ်တော်ရဲ့ တရားစီရင်မှုနဲ့ ဖော်ထုတ်မှုတွေကနေတစ်ဆင့် သမီးဟာ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို ဘယ်လောက်တောင် စွဲလမ်းနေလဲဆိုတာကို မြင်တွေ့ခဲ့ရပါပြီ။ သမီးဟာ အမြဲတမ်း ကိုယ့်ရဲ့အိပ်မက်တွေကို အောင်မြင်အောင် ကြိုးစားနေပြီး သမီးရဲ့ တကယ့်တာဝန်ကို ထမ်းဆောင်ဖို့ ပျက်ကွက်နေပါတယ်။ သမီးနောင်တရချင်ပါတယ်၊ ဒီလို အတိုင်းထက်အလွန်ဖြစ်တဲ့ လိုအင်ဆန္ဒတွေကို စွန့်လွှတ်ပြီး ကိုယ့်တာဝန်ကိုပဲ ကောင်းကောင်း ဖြည့်ဆည်းဖို့ ကြိုးစားချင်ပါတယ်” လို့ပေါ့။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲက ဒီကျမ်းပိုဒ်ကို ကျွန်မ တွေ့ရှိခဲ့တယ်။ “သင်သည် သင်၏ တာဝန်ယူမှုများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ပြီး သင်၏ ဝတ္တရားများနှင့် တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည့်အပြင် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထား၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ အသင်းတော်၏ အလုပ်နှင့် သင် ထမ်းဆောင်သင့်သည့် တာဝန်ကို ဦးစားပေးနိုင်လျှင် ဤသို့ ခဏတာ တွေ့ကြုံခံစားပြီးနောက် ဤနည်းလမ်းအတိုင်း ကျင့်ကြံပြုမူခြင်းသည် ကောင်းကြောင်း၊ လူတို့သည် ရိုးသားပြီး ပွင့်လင်းသောပုံစံဖြင့် အသက်ရှင်သင့်ကြောင်း၊ ၎င်းတို့သည် စိတ်ဓာတ်ပျော့ညံ့ပြီး အောက်တန်းကျကာ ယုတ်ညံ့သော တည်ရှိမှုဖြင့် အသက်မရှင်သင့်ဘဲ ထိုအစား ၎င်းတို့သည် တော်ဖြောင့်ပြီး တရားမျှတသင့်ကြောင်း သင် ခံစားရလိမ့်မည်။ ဤသည်မှာ လူတစ်ဦး အသက်ရှင်နေထိုင်သင့်သည့် ပုံသဏ္ဌာန်ဖြစ်သည်ဟု သင် ခံစားရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) အတိတ်တုန်းက ကျွန်မရဲ့ ကိုယ်ပိုင် ရည်မှန်းချက်နဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့ပဲ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်ခဲ့မှန်း ကျွန်မ ဆင်ခြင်သုံးသပ်ခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို လုံးဝ မတွေးခဲ့ဘဲ ယုတ်ညံ့ပြီး စက်ဆုပ်စရာကောင်းတဲ့ ပုံစံနဲ့ အသက်ရှင်ခဲ့တယ်။ တာဝန်ထမ်းဆောင်ခွင့် နောက်တစ်ခါရခဲ့ရင် ကျွန်မရဲ့ ကိုယ်ပိုင် လိုအင်ဆန္ဒတွေကို ဘေးဖယ်ထားပြီး ဘုရားသခင်ကို ကျေနပ်စေဖို့ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ လိုအပ်မှန်း ကျွန်မ သိခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပိုပြီး နောင်တတွေ အပြစ်ရှိစိတ်တွေနဲ့ မထားခဲ့နိုင်ဘူး။ ကာလတစ်ခုကြာအောင် ဆင်ခြင်သုံးသပ်ပြီးနောက်မှာ ကျွန်မ အသင်းတော်မှာ ကျွန်မရဲ့တာဝန်ကို ပြန်ပြီး စထမ်းဆောင်ခဲ့တယ်။ အဲဒီတာဝန်က အကနဲ့ ဘာမှမဆိုင်တဲ့ သာမန်အထွေထွေကိစ္စတွေနဲ့ဆိုင်တဲ့ တာဝန်ဖြစ်ပေမဲ့ ဒါဟာ ဘုရားသခင်က ကျွန်မကို နောင်တရဖို့ပေးတဲ့ အခွင့်အရေးတစ်ခုမှန်း ကျွန်မသိခဲ့တယ်။ ဒါကြောင့် ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ကျိုးနွံနာခံဖို့ ဆန္ဒရှိခဲ့တယ်။

ဒီလိုနဲ့ပဲ ခြောက်လကျော်လောက် ကုန်လွန်သွားခဲ့တယ်။ ကိုယ့်အိပ်မက်တွေကို အကောင်အထည်မဖော်နိုင်လို့ အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျတာမျိုး မဖြစ်တော့ပေမဲ့ စိတ်ထဲမှာ ရှုပ်ထွေးမှုတချို့တော့ ရှိနေတုန်းပဲ။ တစ်ခါတလေ ကျွန်မ တွေးမိတယ်၊ “လူတော်တော်များများမှာ အရည်အချင်းတွေ၊ စိတ်ဝင်စားမှုတွေ၊ ဝါသနာတွေ ရှိကြတယ်၊ ဒီအရာတွေအားလုံးက အပျက်သဘောဆောင်တဲ့အရာတွေလား။ လူတွေက ဒီအရာတွေကို တကယ်ပဲ မလိုက်စားသင့်ဘူးလား” လို့ပေါ့။ တစ်နေ့မှာတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်လိုက်ရပြီး အဲဒီမေးခွန်းတွေအတွက် အဖြေတချို့ ရခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများသည် ပင်ကိုအားဖြင့် မှားယွင်းခြင်းမရှိပေ။ ယင်းတို့သည် အပျက်သဘောဆောင်သောအရာများ ဖြစ်သည်ဟု ပို၍ပင် မဆိုနိုင်သည်မှာ မှန်သည်။ ယင်းတို့ကို မရှုတ်ချသင့် သို့မဟုတ် မဝေဖန်သင့်ပေ။ လူတို့တွင် အချို့သော နယ်ပယ်များ၌ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် အားသာချက်များ ရှိခြင်းသည် ပုံမှန် လူ့သဘာဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူတိုင်းတွင် ယင်းတို့ ရှိကြသည်။ အချို့လူများသည် သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းကို နှစ်သက်ကြသည်၊ အခြားသူများက ပန်းချီဆွဲခြင်းနှင့် ဖျော်ဖြေတင်ဆက်ခြင်းကို နှစ်သက်ကြသည်၊ အချို့က ဆေးပညာကို နှစ်သက်ကြသည်၊ အခြားသူများက စာပေကို နှစ်သက်ကြသည်၊ ပြီးလျှင် အချို့က အပင်စိုက်ပျိုးခြင်းကို နှစ်သက်ကြပြီး အခြားသူများက နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ သို့မဟုတ် စက်ပြင်ပညာကို သင်ယူလေ့လာခြင်းကို နှစ်သက်ကြသည်၊ အချို့က အားကစားကို နှစ်သက်ကြပြီး အခြားသူများက ပထဝီဝင် သို့မဟုတ် လေကြောင်းပညာကို လေ့လာခြင်း စသည်တို့ကို နှစ်သက်ကြသည်။ လူတစ်ဦး၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများသည် မည်သည့်အရာပင်ဖြစ်စေကာမူ ယင်းတို့အားလုံးသည် ပုံမှန် လူ့သဘာဝက ပိုင်ဆိုင်သင့်သည့်အရာ၌ ပါဝင်ပြီး ပုံမှန် လူ့ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သင်သည် ဝါသနာတစ်ခုကို မိမိ မနှစ်သက်ရုံမျှဖြင့် ယင်းကို အပျက်သဘောဆောင်သော အရာတစ်ခုအဖြစ် အပြစ်ဆို၍မရနိုင်ပေ၊ သင်သည် ယင်းကို မဝေဖန်သင့်သည့်အပြင် ယင်းကို ပိတ်ပင်တားမြစ်ခြင်း ပို၍ပင် မပြုသင့်ပေ။ ဆိုလိုသည်မှာ လူတို့တွင် မည်သည့် စိတ်ဝင်စားမှုနှင့် ဝါသနာမျိုးမဆို ရှိခြင်းသည် တရားနည်းလမ်းကျပြီး စိတ်ဝင်စားမှုများနှင့် ဝါသနာများအားလုံးကို တည်ရှိခွင့် ပြုသင့်ပေသည်။ ဆက်စပ်နေသော ရည်သန်မျှော်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို မည်သို့ သဘောထားပြုမူသင့်သနည်း။ ဥပမာအားဖြင့် အချို့လူများသည် ဂီတကို နှစ်သက်ကြပြီး ဂီတပညာရှင် သို့မဟုတ် သံစုံတီးဝိုင်း ညွှန်မှူးတစ်ဦး ဖြစ်ချင်ကြသည်၊ အခြားသူများက စာပေကို နှစ်သက်ကြပြီး စာရေးဆရာ သို့မဟုတ် စာပေပညာရှင်တစ်ဦး စသည်တို့ကို ဖြစ်ချင်ကြသည်။ ဤအရာအားလုံးသည် တရားနည်းလမ်းကျပေသည်။ သို့သော် လူတို့သည် မည်သည့် အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ကိုင်ကြသည်ဖြစ်စေ ၎င်းတို့၏ ဆုကျေးဇူးများကို ဘုရားသခင်က ပေးသနားထားခြင်းဖြစ်ကြောင်း ၎င်းတို့ နားလည်သင့်ပြီး ဤအရာတွင် ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များ ရှိသည်ကို မြင်နိုင်စွမ်းရှိသင့်သည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် လူတို့ နားလည်သင့်သည့် သမ္မာတရား ဖြစ်သည်။ ၎င်းတို့သည် ကျော်ကြားမှုကို လိုက်စားရန်နှင့် ကျွမ်းကျင်သူတစ်ဦးဖြစ်လာရန် ရှာဖွေခြင်းအပေါ်တွင်သာ အာရုံမစိုက်သင့်ဘဲ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် သင်ယူသင့်သည်။ ဤသည်မှာ ဖန်ဆင်းခံများ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရား ဖြစ်သည်။ သင်သည် ဘုရားသခင်ကို မယုံကြည်ဘဲ လောက၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့မည်ဆိုလျှင်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် စိတ်ဝင်စားမှုများနှင့် ဝါသနာများမှတစ်ဆင့် ဖြစ်ပေါ်လာသော ရည်သန်မျှော်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အကောင်အထည်ဖော်ရင်း သင်၏ ဘဝကို ကုန်ဆုံးခဲ့မည်ဆိုလျှင် ထိုအရာနှင့်ပတ်သက်၍ ငါတို့ မည်သည့် မှတ်ချက်မျှ ပေးမည်မဟုတ်ပေ။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် သင်သည် စိတ်ဝင်စားမှုနှင့် ဝါသနာ တစ်မျိုးမျိုး ရှိသောကြောင့် ကျော်ကြားမှုကို လိုက်စားလိုပြီး ကျွမ်းကျင်သူတစ်ဦး ဖြစ်လာရန် ရှာဖွေလိုပါက သင်၏ ရည်သန်မျှော်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အကောင်အထည်ဖော်ဖို့အတွက် သင်၏ တစ်သက်တာလုံး အဖိုးအခပေးပါက ဤလမ်းကြောင်းသည် ကောင်းသလော သို့မဟုတ် ဆိုးသလော။ ယင်းမှာ မြှင့်တင်ပေးရန် ထိုက်တန်သလော။ (မြှင့်တင်ပေးရန် မထိုက်တန်ပါ။) ယင်းမှာ မြှင့်တင်ပေးရန် ထိုက်တန်ခြင်း ရှိမရှိဟူသည်ကို ယခုလောလောဆယ် မပြောကြစို့နှင့်။ ဤကိစ္စသည် အမှန်တကယ် မှန်သလော သို့မဟုတ် မှားသလောဟူသည်ကို ဦးစွာ ကြည့်ကြစို့။ ဤကိစ္စသည် မှန်သလော သို့မဟုတ် မှားသလောဟူသည်ကို သင် မည်သို့ ပိုင်းခြားသိမြင်နိုင်သနည်း။ သင် ဖြစ်ပေါ်လာခဲ့သော လိုက်စားမှုများ၊ ရည်သန်မျှော်မှန်းချက်များနှင့် လိုအင်ဆန္ဒများသည် ဘုရားသခင်၏ သွန်သင်ချက်များနှင့် သင့်အတွက် သူ၏ မျှော်လင့်ချက်များ၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်၊ ပြီးလျှင် သင်၏ အထူးတာဝန်နှင့် သင်၏ တာဝန်တို့နှင့် ဆက်စပ်မှု တစ်ခုတလေ ရှိမရှိဟူသည်ကို သင် စဉ်းစားရန် လိုအပ်သည့်အပြင် ယင်းတို့က သင်၏ အထူးတာဝန်ကို ပြီးမြောက်ရန်နှင့် သင်၏ တာဝန်ကို ပို၍ ထိရောက်စွာ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းရန် သင့်အား ကူညီမည်လော၊ သို့မဟုတ် ယင်းတို့က ကယ်တင်ခြင်းရရှိရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် သင့်အား ပို၍ သေချာစေမည်လော ဟူသည်ကိုလည်း သင် စဉ်းစားရန် လိုအပ်သည်။ သင်သည် သင်၏ ကိုယ်ပိုင် ရည်သန်မျှော်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို လိုက်စားရန် ရွေးချယ်နိုင်သည်၊ သင့်တွင် ဤအခွင့်အရေး ရှိသည်၊ သို့သော် သင်သည် ဦးစွာ နားလည်ရမည်မှာ သင်၏ ကိုယ်ပိုင် ရည်သန်မျှော်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို လိုက်စားသည့် ဤလမ်းကြောင်းသည် မှန်ကန်သလော ဟူသည်ပင် ဖြစ်သည်။ ယင်းက မည်သည့် အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သနည်း။ ယင်းက သင့်အား ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်း လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် ဦးဆောင်နိုင်သလော။ ယင်းက အဆုံးတွင် သင့်အား ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်သောသူတစ်ဦး ဖြစ်လာစေနိုင်သလော။ (မဖြစ်လာစေနိုင်ပါ။) ယင်းမှာ သေချာလှပေသည်။ ယင်းက မဖြစ်လာစေနိုင်သည့်အတွက် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် သင်၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများကြောင့်၊ သို့မဟုတ် သင်၏ အားသာချက်များနှင့် ဆုကျေးဇူးများကြောင့်ပင် သင် ဖြစ်ပေါ်လာစေသော ရည်သန်မျှော်မှန်းချက်များနှင့် လိုအင်ဆန္ဒများသည် အပြုသဘောဆောင်သလော သို့မဟုတ် အပျက်သဘောဆောင်သလော။ ထိုအရာများကို သင် ရှိသင့်သလော၊ မရှိသင့်သလော။ (ထိုအရာများသည် အပျက်သဘောဆောင်ပြီး ကျွန်ုပ်တို့ မရှိသင့်ပါ။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၈)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ ကျွန်မ နားလည်ခဲ့တာက စိတ်ဝင်စားမှုတွေနဲ့ ဝါသနာတွေဟာ လူတွေရဲ့ ပုံမှန်လူ့သဘာဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘုရားသခင်က လူကိုပေးထားတဲ့အရာဖြစ်လို့၊ ပင်ကိုယ်အားဖြင့် အပျက်သဘောဆောင်တဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတွေက သူတို့ရဲ့ဝါသနာနဲ့ စိတ်ဝင်စားမှုတွေကို လိုက်စားရမယ့် ရည်မှန်းချက်ပန်းတိုင်တွေနဲ့ လိုအင်ဆန္ဒတွေအဖြစ် ရှုမြင်လာတဲ့အခါမှာတော့ ပြဿနာရဲ့ သဘာဝက ပြောင်းလဲသွားတယ်။ တစ်စုံတစ်ယောက်က ကိုယ့်ဝါသနာကို လိုက်စားရမယ့် ရည်မှန်းချက်တစ်ခုလို သဘောထားလိုက်တာနဲ့ သူတို့ဟာ အဲဒီအပေါ်မှာ အချိန်နဲ့ခွန်အား အများကြီးကို သုံးစွဲမှာ သေချာတယ်။ သာမန်လူတွေအတွက်တော့ ဒါက သူတို့ရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးလို့ ထင်ရနိုင်ပေမဲ့ ဘုရားသခင်ကို ယုံကြည်သူတွေအတွက်တော့ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ လိုအင်ဆန္ဒတွေကို လိုက်စားတာက လူတွေကို ကယ်တင်ခြင်းလမ်းကြောင်းပေါ်ကို မပို့ဆောင်နိုင်ဘူး၊ အဲဒီအစား ဒါက သူတို့ကို သူတို့ရဲ့ အချိန်နဲ့ အင်အားကို သမ္မာတရားနဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေပေါ်မှာ သုံးစွဲစေတယ်။ ဒါက သူတို့ကို သူတို့ရဲ့တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းရာမှာ အတိုင်းအတာတစ်ခုအထိ အဟန့်အတားဖြစ်စေတယ်။ ဒါ့အပြင် လူတွေက ကိုယ့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင် ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံနိုင်မှာ မဟုတ်ဘဲ ဘုရားသခင်နဲ့ ပိုပိုပြီး ဝေးကွာသွားမှာပဲ။ ဒါကို ကျွန်မ ကိုယ်တွေ့ကြုံခဲ့ရတယ်။ ကျွန်မဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ပြီး တာဝန်စတင်ထမ်းဆောင်ခဲ့တယ်၊ သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို ရခဲ့တယ်။ ဒါပေမဲ့ ကျွန်မ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ မလျှောက်လှမ်းခဲ့ဘူး၊ ဘုရားသခင် ပေးခဲ့တဲ့ အခွင့်အရေးကို တန်ဖိုးမထားခဲ့ဘဲ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ကိုပဲ မရမက ကြိုးစားခဲ့တယ်။ ကိုယ့်ရဲ့ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေကို လိုက်စားဖို့ အကြံအစည်နဲ့ ခွန်အားအားလုံးကို အသုံးချခဲ့တဲ့အတွက် သမ္မာတရားကို လိုက်စားဖို့ အာရုံမစိုက်ခဲ့ဘဲ ကျွန်မရဲ့တာဝန်မှာ အချိန်အတော်ကြာအောင် ဘာတိုးတက်မှုမှ မရှိခဲ့ဘူး။ ကျွန်မရဲ့ ဘဝအပေါ်ရှုမြင်ပုံနဲ့ တန်ဖိုးထားမှုတွေက အားလုံး စာတန်ဆန်တဲ့ သဘာဝတွေချည်းပဲ။ ရဲဖမ်းခံရပြီးနောက်မှာ သမ္မာတရားကို ရှာဖွေပြီး အတွေ့အကြုံကနေ သင်ခန်းစာယူမဲ့အစား၊ ကျွန်မရဲ့အဖမ်းခံရတဲ့ မှတ်တမ်းကြောင့် ဘုရားသခင် စီစဉ်ညွှန်ကြားခဲ့တဲ့ ပတ်ဝန်းကျင်ဟာ ကျွန်မ နိုင်ငံရပ်ခြားခရီးထွက်ဖို့ကို ဟန့်တားခဲ့ပြီး အကသမားတစ်ယောက်ဖြစ်လာမယ့် ကျွန်မရဲ့အိပ်မက် ကြေမွသွားတဲ့အတွက် အတိုက်အခံလုပ်ပြီး ဘုရားသခင်ကို အပြစ်တင်ခဲ့တယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မ ဖန်ဆင်းရှင်ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကျွန်မရဲ့အတွေ့အကြုံကနေတစ်ဆင့် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ခဲ့သင့်တယ်။ ဒါပေမဲ့ ကျွန်မ ကျွန်မရဲ့အိပ်မက်ကို ခေါင်းမာမာနဲ့ ဖက်တွယ်ထားခဲ့တယ်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို မကျေနပ်ခဲ့ဘဲ တာဝန်ကို ဖြစ်သလိုလုပ်ပြီး စိတ်အာရုံထွေပြားနေခဲ့တယ်။ ကျွန်မရဲ့သဘောထားနဲ့ အပြုအမူကို ဘုရားသခင်က ဘယ်လိုလုပ် မစက်ဆုပ်ဘဲ နေနိုင်မှာလဲ။ ကျွန်မသာ ကျွန်မရဲ့အိပ်မက်တွေနဲ့ လိုအင်ဆန္ဒတွေ လိုက်စားတာကို မစွန့်လွှတ်ခဲ့ရင် တစ်နေ့မှာ ကျွန်မ အကသမားတစ်ယောက်အနေနဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နိုင်ခဲ့ရင် ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သက်သေခံပြီး လူသိများအောင်လုပ်မှာ သေချာတယ်။ ကျွန်မရဲ့တာဝန်မှာ ဘုရားသခင်အစား ကျွန်မကိုယ်ကျွန်မ သက်သေခံတာဟာ ဘုရားသခင်ကို ဆန့်ကျင်တာတစ်မျိုးပဲဖြစ်ပြီး ဘုရားသခင်ရဲ့ ကျိန်ခြင်းကို ခံရသင့်တယ်လေ။

ကျွန်မ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ “ထိုကလေးများသည် အနုပညာကို စိတ်ဝင်စားပါက ၎င်းတို့သည် ဤအလုပ်ကို လုပ်ကိုင်ရမည်လော၊ ၎င်းတို့၏ တစ်သက်တာလုံး ဤလုပ်ငန်းနယ်ပယ်တွင် အလုပ်တစ်ခုကို လုပ်ဆောင်ရမည်လော။ မလွဲမသွေတော့ မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ အမိန့်ဖြင့် ပြဋ္ဌာန်းမှုအပေါ်၊ ဘုရားသခင်က သူ၏ အချုပ်အခြာအာဏာကို မည်သို့ ကျင့်သုံးပြီး အမှုအရာများကို မည်သို့ စီစဉ်သည်ဟူသည့်အပေါ် မူတည်သည်။ ဘုရားသခင်က ၎င်းတို့ကို အနုပညာနယ်ပယ်တွင် အလုပ်လုပ်ရန် စီစဉ်ပါက ၎င်းတို့သည် ၎င်းတို့၏ တစ်သက်တာလုံး ဤလုပ်ငန်းနယ်ပယ်နှင့် ချည်နှောင်ခံရလိမ့်မည်။ သို့သော် ဘုရားသခင်က ၎င်းတို့ကို ဤလုပ်ငန်းနယ်ပယ်တွင် အလုပ်လုပ်ရန် စီစဉ်ထားခြင်း သို့မဟုတ် အမိန့်ဖြင့် ပြဋ္ဌာန်းထားခြင်း မရှိပါက ၎င်းတို့တွင် ဤစိတ်ဝင်စားမှုနှင့် ဝါသနာသာ ရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့က ယင်းကို နှစ်သက်လျှင်ပင် ၎င်းတို့အတွက် ထိုအလုပ်ကို လုပ်ကိုင်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။ အချို့လူများသည် ကလေးဘဝကတည်းက အနုပညာကို နှစ်သက်ခဲ့ကြသည်။ ၎င်းတို့၏ မိဘများက ကလေးတွင် ဤစိတ်ဝင်စားမှုနှင့် ဝါသနာရှိသည်ကို မြင်သောအခါ ‘ယင်းကို ပျိုးထောင်ပေးကြစို့။ ငါတို့ မိသားစုက အနုပညာ ပင်ကိုစွမ်းရည်ရှိသူတစ်ဦးကို မွေးထုတ်ပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။ ငါတို့ကလေးက နာမည်ကြီးလာပြီး ကြယ်ပွင့်တစ်ပွင့်ပင် ဖြစ်လာကောင်း ဖြစ်လာလိမ့်မည်’ ဟု တွေးကြသည်။ သို့ဖြင့် ၎င်းတို့သည် ကလေး၏ ကခုန်ခြင်းနှင့် သီချင်းဆိုခြင်း သင်ယူမှုများတွင် စတင်ပျိုးထောင်ပေးကြပြီး နောက်ဆုံးတွင် ကလေးသည် အနုပညာကျောင်းသို့ ဝင်ခွင့်ရသွားသည်။ သင်တန်းဆင်းပြီးနောက်တွင် အနုပညာအပေါ် ကလေး၏ စိတ်ဝင်စားမှုနှင့် ဝါသနာက အားကောင်းနေဆဲ ဖြစ်သော်လည်း ၎င်းတို့သည် ဤလုပ်ငန်းနယ်ပယ်တွင် အလုပ်လုပ်နိုင်ခြင်း ရှိမရှိဟူသည်မှာ မသေချာပေ။ ၎င်းတို့သည် ဤအလုပ်ကို လုပ်ကိုင်တော့မည့် အချိန်တွင် ၎င်းတို့၏ စိတ်အခြေအနေ ပြောင်းလဲသွားပြီး ဤအလုပ်အပေါ် ၎င်းတို့၏ သဘောထားနှင့် အမြင်များ ပြောင်းလဲသွားသည်မှာ ဖြစ်နိုင်ချေရှိသည်၊ ပြီးလျှင် ဓမ္မဓိဋ္ဌာန်ကျသော အခြေအနေများအတွင်းရှိ အမျိုးမျိုးသော အကြောင်းရင်းများကြောင့် ၎င်းတို့သည် ဤလုပ်ငန်းနယ်ပယ်တွင် ပါဝင်ဆောင်ရွက်ရန် လွဲချော်သွားသည်မှာလည်း ဖြစ်နိုင်ချေရှိသည်။ ဤအရာအားလုံးသည် ဖြစ်နိုင်ချေရှိသည်၊ ယင်းမှာ ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းမှုအပေါ် မူတည်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) ဒီကျမ်းပိုဒ်ကို ဖတ်ပြီးနောက်မှာ ကျွန်မ အရမ်းကို စိတ်သက်သာရာရသွားတယ်။ အရင်တုန်းက ကျွန်မဟာ ကိုယ့်စိတ်ဝင်စားမှု၊ ဝါသနာနဲ့ ဆက်စပ်တဲ့အလုပ်ကိုပဲ လိုက်စားရမယ်လို့ ထင်ခဲ့တယ်။ ကိုယ့်စိတ်ဝင်စားမှုက ဘုရားသခင်က ကျွန်မကို ပေးအပ်ထားတဲ့ တာဝန်တစ်ခုဖြစ်နိုင်တယ်လို့ တွေးခဲ့ပြီး၊ အကကို စိတ်အားထက်သန်တဲ့အတွက် အကနဲ့ဆိုင်တဲ့ တာဝန်ကိုပဲ ထမ်းဆောင်ဖို့ လိုတယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် အကနဲ့လုံးဝမဆိုင်တဲ့ တာဝန်ကို ပေးတဲ့အခါမှာ အဲဒီတာဝန်က ကျွန်မနဲ့မသင့်တော်ဘူးလို့ ခံစားရပြီး မလုပ်ချင်ခဲ့ဘူး။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ ကျွန်မဟာ အခက်အခဲတွေနဲ့ပဲ အမြဲကြုံတွေ့ခဲ့ရပြီး အကနဲ့ဆိုင်တဲ့ တာဝန်ကို ဘယ်လိုမှ မရခဲ့ဘူး။ အခုတော့ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေပဲဆိုတာကို ကျွန်မ နားလည်သွားပြီ။ နာမည်ကြီး အကသမားတစ်ယောက်ရဲ့ တူမလေးတစ်ယောက်ကို ကျွန်မ စဉ်းစားမိတယ်၊ သူက ငယ်ငယ်ကတည်းက အကမှာ အလားအလာကောင်းတွေ ပြသခဲ့ပြီး အကသမားဖြစ်တဲ့ သူမရဲ့အဒေါ်က သူမကို မိသားစုအမွေအနှစ်ကို ဆက်ခံစေချင်ခဲ့တယ်၊ ဒါပေမဲ့ သူ့ကို ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးပြီးနောက်မှာတောင် သူ့ရဲ့တူမက အကလောကထဲကို မဝင်ရောက်ခဲ့ဘဲ အဲဒီအစား သရုပ်ဆောင်တစ်ယောက် ဖြစ်သွားခဲ့တယ်။ အချို့သော ကျွမ်းကျင်မှုတွေ ဒါမှမဟုတ် အရည်အချင်းတွေ ရှိပေမဲ့ သူတို့ရဲ့ မိသားစုတွေကို ကျွေးမွေးဖို့အတွက် သာမန်အလုပ်တွေမှာပဲ သူတို့ရဲ့ဘဝကို ကုန်ဆုံးပြီး သူတို့ရဲ့ စိတ်ဝင်စားမှုတွေနဲ့ ဝါသနာတွေနဲ့ သက်ဆိုင်တဲ့ နယ်ပယ်တစ်ခုမှာ အလုပ်မလုပ်နိုင်တဲ့ လူတွေရဲ့ ဥပမာတွေလည်း မရေမတွက်နိုင်အောင် ရှိပါတယ်။ ဒီကနေတစ်ဆင့် ကျွန်မ သိမြင်လာတယ်၊ ဘုရားသခင်က လူတွေ သူတို့ရဲ့ဘဝမှာ ဘာအလုပ်တွေ လုပ်မလဲဆိုတာကို အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး စီစဉ်ပေးတယ်၊ လူတွေမှာ ဘာပြောပိုင်ခွင့်မှမရှိဘဲ ဒီလိုအရာတွေကို ဖြစ်လာအောင် အတင်းအကျပ် လုပ်လို့မရဘူး။ ကိုယ့်စိတ်ဝင်စားမှုနဲ့ဆိုင်တဲ့ တာဝန်ကို မထမ်းဆောင်နိုင်ခဲ့ပေမဲ့ ဘုရားသခင်က ကျွန်မကို တခြားတာဝန်တွေကို ထမ်းဆောင်ဖို့ အစွမ်းအစကို ပေးခဲ့တယ်။ အခု ကျွန်မ စာနဲ့ပတ်သက်တဲ့အလုပ်ကို လုပ်နေတယ်၊ ဒါက အရင်က ကျွန်မ ဘယ်တုန်းကမှ လုပ်ဖြစ်လိမ့်မယ်လို့ မတွေးခဲ့ဖူးတဲ့ တာဝန်တစ်ခုပါ။ အမျိုးမျိုးသော ဆောင်းပါးတွေနဲ့ တရားဒေသနာတွေကို ဖတ်ရှုခြင်းအားဖြင့် ရူပါရုံဆိုင်ရာ သမ္မာတရားတချို့ကို ကျွန်မ သင်ယူခဲ့တယ်၊ ဘုရားသခင်ရဲ့အမှုတော်ကို နည်းနည်း သိနားလည်လာပြီး၊ ဘုရားသခင် ကျွန်မတို့အတွက် စီစဉ်ပေးတဲ့ အခြေအနေတွေဟာ အကောင်းဆုံးဖြစ်ပြီး ကျွန်မတို့ရဲ့အသက်တာအတွက် အကျိုးရှိတယ်ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ အတွေ့အကြုံရခဲ့တယ်။ အနာဂတ်မှာ အကတာဝန်ကို ထမ်းဆောင်ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျွန်မ ကျိုးနွံနာခံဖို့ ဆန္ဒရှိတယ်၊ ဘုရားသခင် စီစဉ်ညွှန်ကြားတဲ့ ဘယ်ပတ်ဝန်းကျင်မှာမဆို သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ရဲ့ အမှုတော်ကို အတွေ့အကြုံခံစားဖို့ ဆန္ဒရှိတယ်။ ဒါ့အပြင် အားလပ်ချိန်တွေမှာ အသင်းတော်ရဲ့ ကကွက်တွေကို လေ့လာရင်းနဲ့ ကိုယ့်စိတ်ဝင်စားမှုကို ဆက်ပြီး ပျိုးထောင်နေပါတယ်။ တစ်ခါတလေ ညစာစားပြီးရင် ခဏလောက်ကလိုက်တယ်။ အဲဒီလိုလုပ်ပြီးရင် ကျွန်မ အမြဲတမ်း နည်းနည်းပိုပြီး ပျော်ရွှင်တယ်လို့ ခံစားရတယ်။ ကိုယ့်ရဲ့ဝါသနာနဲ့ စိတ်ဝင်စားမှုတွေကို ဒီလိုသဘောထားတာက မှန်ကန်တယ်လို့ ကျွန်မထင်တယ်။ ဒီဝါသနာကို ပေးသနားတဲ့အတွက် ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်၊ ဒါက ကျွန်မဘဝကို နည်းနည်းပိုပြီး စိတ်ဝင်စားစရာကောင်းအောင် လုပ်ပေးပါတယ်။ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ပြီး ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ဆပ်ဖို့ ပိုပြီးတော့တောင် ကြိုးစားရပါဦးမယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဖြုတ်ချခံရမှုကို ကြုံတွေ့ရခြင်း

ဘင်ချီ၊ တရုတ်ပြည်၂၀၂၂ ခုနှစ်တုန်းက အစွမ်းအစတော်တော်လေးကောင်းတဲ့ ယုံကြည်သူအသစ်တချို့ကို ရေလောင်းဖို့ အသင်းတော်ခေါင်းဆောင်က ကျွန်မအတွက်...

နာမည်နှင့် အကျိုးအမြတ် ရှာဖွေခြင်းအပေါ် သုံးသပ်ဆင်ခြင်မှုများ

မာရှယ် အိုင်ဗရီကို့စ်နိုင်ငံ၂၀၂၁ မေလမှာ ရေလောင်းပေးတဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်တွေကို ကျွန်မယူခဲ့တယ်။ ညီအစ်ကို မောင်နှမ နှစ်ဖွဲ့ကို...

ဂုဏ်အဆင့်အတန်းနောက်သို့လိုက်ခြင်း၏ ဆင်းရဲဒုက္ခ

ကျိန်းယွမ် တရုတ်နိုင်ငံ ၂၀၁၇မှာ ကျွန်မ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရွေးချယ်ခံခဲ့ရတယ်။ အသင်းတော်တချို့ရဲ့အလုပ်ကို ကြီးကြပ်ဖို့အတွက်...

တွဲဖက်သည် ပြိုင်ဖက်မဟုတ်

အိုဇန်း မြန်မာနိုင်ငံ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံပြီး သိပ်မကြာဘူး၊ လူသစ်တွေ ရေလောင်းတာ စလုပ်ခဲ့တယ်။ ကျွန်မက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။