တာဝန်တစ်ခုကို အယောင်ပြသက်သက်ထမ်းဆောင်ခြင်း၏ အကျိုးဆက်များ
ရှောင်မော့ စပိန်နိုင်ငံ ၂၀၂၁ ခုနှစ်မှာ အသင်းတော်သုံးလေးခုရဲ့ အလုပ်တွေကို ကျွန်မ ဦးဆောင်ရတယ်။ ဒီအသင်းတော်တွေက တည်ထောင်တာ မကြာသေးဘူး။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ မေလတုန်းက အသင်းတော်တချို့ရဲ့ ဧဝံဂေလိအလုပ်ကို ကျွန်တော် တာဝန်ယူရပါတယ်။ ကျွန်တော်နဲ့အတူ အလုပ်လုပ်နေတဲ့ ညီအစ်ကိုမောင်နှမတချို့က တကယ့်အလုပ်ကိုမလုပ်တာမျိုးအကြောင်းပြချက်တွေကြောင့် တစ်ယောက်ပြီးတစ်ယောက် ဖြုတ်ချခံရတာကို မြင်တော့ ကျွန်တော့်စိတ်ထဲမှာ အလိုလိုနေရင်း အတွေးတစ်ခု ဝင်လာတယ်။ “တကယ့်အလုပ်မလုပ်လို့ဆိုပြီး ငါတော့ ဖြုတ်ချခံလို့ မဖြစ်ဘူး။ ငါသာ ဖြုတ်ချခံလိုက်ရရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုထင်ကြမလဲ။ ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်ကို ငါ ပိုပြီးတော့ နောက်ဆက်တွဲလိုက်လုပ်ရမယ်၊ သိအောင်လုပ်ရမယ်။ ငါ့တာဝန်ကို ထမ်းဆောင်ရင်း တကယ့် ပြဿနာတွေကို ငါ ဖြေရှင်းပေးနိုင်တာကို မြင်မှပဲ လူတိုင်းက ငါ့ကို လေးစားကြမှာ။ ဒီလိုနည်းနဲ့ ငါ့ရဲ့ အဆင့်အတန်းကိုလည်း ငါ ထိန်းသိမ်းနိုင်မှာလေ” ပေါ့။ အဲဒီနောက်ပိုင်းမှာ ဘယ်ညီအစ်ကိုမောင်နှမကပဲ မေးခွန်းမေးမေး၊ ကျွန်တော် အမြန်ဆုံး ဖြေရှင်းပေးလိုက်တာချည်းပဲ။ အလုပ်တစ်ခုခုကို ချက်ချင်းမလုပ်ပေးရင် လူတွေက ကျွန်တော့်ကို အထင်သေးပြီး နောက်ဆုံးကျရင် ဖြုတ်ချခံရမှာကို ကြောက်နေခဲ့တာကိုး။ တစ်ခါတုန်းကဆိုရင် ဧဝံဂေလိအဖွဲ့ခေါင်းဆောင်တစ်ယောက်က ရလဒ်ကောင်းတွေရဖို့ ဘယ်လို သက်သေခံရမလဲဆိုပြီး ကျွန်တော့်ကို မေးတယ်။ အဲဒီညီအစ်မ ကျွန်တော့်အပေါ် အမြင်ကောင်းအောင်လို့ ကျွန်တော့်အမြင်ကို သူ့ကို ချက်ချင်း ပြောပြလိုက်တယ်။ သူကြားတော့ အရမ်းကျေနပ်သွားတယ်၊ ကျွန်တော်လည်း စိတ်ထဲမှာ ပျော်သွားတာပေါ့။ ဒါပေမဲ့ ကျွန်တော်က အများကြီး ပြောလိုက်တာဆိုတော့ အဲဒီညီအစ်မက တကယ် သဘောပေါက်ရဲ့လား၊ လက်တွေ့လုပ်ဆောင်တဲ့အခါမှာ လမ်းလွဲသွားမလားဆိုတာကို မသေချာဘူး။ ခဏနေတော့ သူ့ကို ပြန်မေးပြီး နောက်ဆက်တွဲလိုက်လုပ်ခဲ့သင့်တာ၊ ပြီးတော့မှ တကယ့်ပြဿနာတွေနဲ့ ပေါင်းစပ်ပြီး တိကျတဲ့ လမ်းကြောင်းတချို့ကို ပေးခဲ့သင့်တာ။ ဒါပေမဲ့ အဲဒီတုန်းက အဲဒါကို ကျွန်တော် သိပ်အလေးမထားခဲ့ဘူး။ သူ့ကို အများကြီး ပြောပြလိုက်တဲ့အတွက် သူ ကျွန်တော့်အပေါ် အထင်ကြီးသွားလောက်ပြီလို့ပဲ တွေးခဲ့တာလေ။ နောက်ပိုင်း သူ ဘယ်လိုဆက်လုပ်မလဲ ဆိုတာကို ကျွန်တော် မစဉ်းစားခဲ့ဘူး။ နောက်ပိုင်းမှာ ဘယ်အဖွဲ့မဆို ဧဝံဂေလိ ရလဒ်တွေ မကောင်းရင် အခြေအနေကို နားလည်ဖို့နဲ့ ဖြေရှင်းဖို့ မိတ်သဟာယပြုဖို့အတွက် အဖွဲ့ခေါင်းဆောင်တွေကို ကျွန်တော် ကမန်းကတန်း ဆက်သွယ်တော့တာပဲ။ ဒါမှပဲ ပြဿနာတွေကို ကျွန်တော်က ချက်ချင်းဖြေရှင်းပေးတယ်၊ တကယ့်အလုပ်ကို လုပ်နိုင်တယ်ဆိုတာကို ညီအစ်ကိုမောင်နှမတွေ မြင်မှာလေ။ ဒါပေမဲ့ အဲဒီနောက်မှာ အဖွဲ့ခေါင်းဆောင်တွေက သေချာ အကောင်အထည်ဖော်ရဲ့လား၊ တကယ့်ပြဿနာတွေက တကယ်ပဲ ပြေလည်သွားရဲ့လား ဆိုတာကိုတော့ ကျွန်တော် သိပ်ဂရုမစိုက်ခဲ့ပါဘူး။ တစ်ခါတလေ စုဝေးပွဲတွေမှာ၊ ဒါမှမဟုတ် အလုပ်အကြောင်း ဆွေးနွေးတဲ့အခါတွေမှာ ကျွန်တော်က အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ရင်း ဘယ်လိုပြဿနာတွေ တွေ့ခဲ့တယ်ဆိုတာကို ရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်စေ၊ မရှိဘဲဖြစ်စေ ထည့်ထည့်ပြောတတ်တယ်။ ဒါမှလည်း ကျွန်တော်က ဗြူရိုကရက်အရာရှိဆန်တဲ့လူ မဟုတ်ဘဲ ပြဿနာတွေကို ဖြေရှင်းဖို့ အသင်းတော်ထဲအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်တယ်ဆိုတာကို ညီအစ်ကိုမောင်နှမတွေ မြင်မှာကိုး။ နှစ်ပတ်လောက်ကြာတော့ အသင်းတော်တချို့ရဲ့ ဧဝံဂေလိအလုပ်ကို ကျွန်တော် စစ်ဆေးကြည့်လိုက်တယ်။ ရလဒ်တွေက လုံးဝ တိုးတက်မလာတာကို တွေ့ရတော့ အဖွဲ့ခေါင်းဆောင်တွေကို အခြေအနေအကြောင်း မေးကြည့်တယ်။ အဖွဲ့ခေါင်းဆောင်တွေက အခက်အခဲတချို့ကြားမှာ နေနေရမှန်း ကျွန်တော် တွေ့လိုက်ရတယ်။ အသင်းတော်တချို့မှာ လူအများကြီး လာရောက်စုံစမ်းကြပေမဲ့ အများစုက ဧဝံဂေလိတရား ဟောပြောခြင်း စည်းမျဉ်းတွေနဲ့ မကိုက်ညီကြဘူး။ နောက်ဆုံးတော့ အသင်းတော်ထဲကို တကယ်ဝင်လာတဲ့လူက သိပ်မများဘူး။ ဒီအခြေအနေကို မြင်တော့ ကျွန်တော် မှင်သက်သွားတယ်။ “ဒီအသင်းတော်တွေ အားလုံးမှာရှိတဲ့ ဧဝံဂေလိအလုပ်ကို နောက်ဆက်တွဲလိုက်လုပ်နေခဲ့တာ ကျွန်တော်ပဲလေ။ အခု ပြဿနာတွေ အများကြီး ပေါ်လာတော့ ကျွန်တော်နဲ့အတူ အလုပ်လုပ်နေတဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဘယ်လို ထင်ကြမလဲ။ ကျွန်တော့်မှာ အလုပ်လုပ်နိုင်စွမ်း မရှိဘူးလို့ သူတို့ ပြောကြမလား” ပေါ့။ ဒီလိုတွေးမိတော့ ကျွန်တော့်စိတ်ထဲမှာ နည်းနည်း စိတ်မချမ်းမသာ ဖြစ်မိတယ်။ အလုပ်မှာ ရလဒ်မထွက်တဲ့ အကြောင်းရင်းက ကျွန်တော် တာဝန်ထမ်းဆောင်ပုံမှာ ပြဿနာရှိနေလို့ပဲဆိုတာကို သတိပြုမိလိုက်တယ်။ ဒါနဲ့ ကျွန်တော် သင်ခန်းစာယူနိုင်အောင် ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြပေးဖို့ ဘုရားသခင်ဆီကို တောင်းလျှောက်ပြီး ဆုတောင်းလိုက်တယ်။
ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့တယ်။ “ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ခေါင်းဆောင်တစ်ဦးက ဖြည့်ဆည်းနေခြင်း ရှိမရှိကိုဖြစ်စေ၊ ၎င်းသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဟုတ်မဟုတ်ကိုဖြစ်စေ မည်သို့ အကဲဖြတ်သင့်သနည်း။ အခြေခံအကျဆုံး အဆင့်အနေဖြင့် ၎င်းတို့က စစ်မှန်သည့် အလုပ်ကို လုပ်နိုင်စွမ်းရှိမရှိ၊ ၎င်းတို့တွင် ဤအစွမ်းအစ ရှိမရှိဟူသည်တို့ကို ကြည့်ရမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့အနေဖြင့် ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် ဝန်တာထားခြင်း ရှိမရှိဟူသည်ကို ကြည့်သင့်သည်။ ၎င်းတို့ ပြောသည့်အရာများက မည်မျှနားကြားကောင်းပြီး ၎င်းတို့က အယူဝါဒများကို နားလည်သည့်ပုံ မည်မျှပေါက်သည်ကို လျစ်လျူရှုပြီး အပြင်ပန်း ကိစ္စရပ်များကို ကိုင်တွယ်ချိန်တွင် ၎င်းတို့ မည်သို့ ပင်ကိုစွမ်းရည်ရှိပြီး ဆုကျေးဇူးရှိသည်ကို လျစ်လျူရှုလော့။ ဤအရာများက အရေးမကြီးပေ။ အရေးအကြီးဆုံးအရာမှာ ၎င်းတို့သည် အသင်းတော်အလုပ်၏ အခြေခံအကျဆုံးသော အချက်များကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့သည် လူများကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဦးဆောင်နိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံးနှင့် အနှစ်သာရအရှိဆုံး အလုပ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤလက်တွေ့ကျသော အလုပ်၏ ဤအချက်များကို လုပ်နိုင်စွမ်း မရှိပါက ၎င်းတို့၏ အစွမ်းအစ မည်မျှကောင်းမွန်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ပင်ကိုစွမ်းရည်ရှိသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို မည်မျှကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်နေဆဲဖြစ်သည်။...သင် မည်မျှပင်ကိုစွမ်းရည်ရှိသည်၊ သင့်အနေဖြင့် မည်သည့်အစွမ်းအစနှင့် ပညာရေး အဆင့်ကိုပိုင်ဆိုင်သည်၊ ဆောင်ပုဒ်မည်မျှကို သင် ကြွေးကြော်နိုင်သည် သို့မဟုတ် စကားလုံးများနှင့် အယူဝါဒမည်မျှ သင် နားလည်သဘောပေါက်သည်ဟူသည်တို့မှာ အရေးမကြီးပေ။ သင် မည်မျှအလုပ်များသည်ဖြစ်စေ၊ တစ်နေ့တာတွင် သင် မည်မျှပင်ပန်းနွမ်းနယ်သည်ဖြစ်စေ၊ သင် ခရီးမည်မျှဝေးဝေး သွားပြီးသည်ဖြစ်စေ၊ အသင်းတော် မည်မျှ သင် လည်ပတ်သည်ဖြစ်စေ၊ အန္တရာယ်မည်မျှကို သင် စွန့်စားပြီး ဆင်းရဲဒုက္ခ မည်မျှ ခါးစည်းခံသည်ဖြစ်စေ ဤအရာတစ်ခုမျှ အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ အလုပ်အစီအစဉ်များကို အခြေခံ၍ သင်၏ အလုပ်ကို သင် လုပ်ဆောင်နေခြင်း ရှိမရှိ၊ ထိုအစီအစဉ်များကို သင် မှန်ကန်တိကျစွာ အကောင်အထည်ဖော်နေခြင်းရှိမရှိ၊ သင်၏ ခေါင်းဆောင်မှုအတောအတွင်းတွင် သင်သည် သင်တာဝန်ရှိသည့် သတ်သတ်မှတ်မှတ် ဖြစ်သော အလုပ်တိုင်းတွင် ပါဝင်နေခြင်း ရှိမရှိ၊ ပြီးလျှင် စစ်မှန်သော ပြဿနာမည်မျှကို သင် အမှန်တကယ် ဖြေရှင်းပြီးခြင်း ရှိမရှိ၊ သင်၏ ခေါင်းဆောင်မှုနှင့် လမ်းပြမှုတို့ကြောင့် လူမည်မျှက သမ္မာတရား စည်းမျဉ်းများကို နားလည်လာပြီးဖြစ်သည်ဟူသည်နှင့် အသင်းတော်၏ အလုပ်က မည်မျှ ခရီးရောက်ပြီး တိုးတက်သည်ဟူသည်တို့ ဖြစ်သည်။ အရေးကြီးသည်မှာ ဤရလဒ်များကို သင် စွမ်းဆောင်ရရှိပြီးခြင်း ရှိမရှိဖြစ်သည်။ သင် ပါဝင်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ် မည်သည့်အရာဖြစ်စေ အရေးကြီးသည့်အရာမှာ သင်သည် ကြီးကြီးကျယ်ကျယ် ပြုမူပြီး အမိန့်များ ထုတ်ပြန်နေခြင်းထက် အလုပ်ကို တစိုက်မတ်မတ် နောက်ဆက်တွဲလိုက်လုပ်ကာ ညွှန်ကြားနေခြင်း ရှိမရှိဟူ၍ ဖြစ်သည်။ ဤအရာအပြင် နောက်ထပ် အရေးကြီးသည့်အရာမှာ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်၌ အသက်ဝင်ရောက်မှု ရှိမရှိ၊ ကိစ္စရပ်များကို စည်းမျဉ်းများနှင့်အညီ သင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် သက်သေခံချက်တစ်ခုကို သင် ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ ရင်ဆိုင်ရသည့် လက်တွေ့ကျသော ပြဿနာများကို သင် ကိုင်တွယ်ကာ ဖြေရှင်းနိုင်ခြင်း ရှိမရှိဟူသည်တို့ ဖြစ်သည်။ ဤအရာများနှင့် အခြားအလားတူ အရာများအားလုံးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိဟူသည်ကို အကဲဖြတ်ခြင်းအတွက် စံသတ်မှတ်ချက်များဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၉)) “ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမှန်တကယ် ဝန်တာထားစိတ်ရှိပြီး အနည်းငယ်ပို၍ ဒုက္ခခံနိုင်ကာ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းကို ပို၍ လက်တွေ့လုပ်ဆောင်နိုင်ပြီး အနည်းငယ်ပို၍ သစ္စာစောင့်သိမှုပြနိုင်လျက် ထိုဧဝံဂေလိ အမှုဆောင်များသည် လူတို့၏ အယူအဆများနှင့် သံသယများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်စေရန်အလို့ငှာ သမ္မာတရား၏ ကဏ္ဍအားလုံးကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့မည်ဆိုလျှင် ဧဝံဂေလိ တရားဟောခြင်း၏ ရလဒ်များသည် တစ်နေ့တခြား ပို၍ကောင်းမွန်လာမည် ဖြစ်သည်။ ဤသည်က မှန်သောလမ်းခရီးကို စုံစမ်းစစ်ဆေးနေသည့် လူများစွာတို့ကို ဘုရားသခင်၏ အလုပ်ကို စောစီးစွာ လက်ခံစေမည်ဖြစ်ပြီး သူ၏ ကယ်တင်ခြင်းကို စောစီးစွာ လက်ခံရရှိရန် ဘုရားသခင်ရှေ့မှောက်သို့ ပြန်လာစေမည်ဖြစ်သည်။ အသင်းတော်၏ အလုပ်သည် အယောင်ဆောင်ခေါင်းဆောင်များက မိမိတို့၏ တာဝန်ဝတ္တရားများကို ပြင်းထန်စွာ ပျက်ကွက်ခြင်း၊ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်း သို့မဟုတ် အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ပြီး ကြီးကြပ်မှု မပြုခြင်းနှင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ခြင်းတို့ကြောင့်သာ ရပ်တန့်နေရခြင်း ဖြစ်သည်။ အမှန်ပင် ဤအယောင်ဆောင်ခေါင်းဆောင်များသည် ရာထူး၏ အကျိုးခံစားမှုများကို မွေ့လျော်ခံစားခြင်း၊ သမ္မာတရားကို လုံးဝမလိုက်စားခြင်းနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ရန်၊ ကြီးကြပ်ရန် သို့မဟုတ် ညွှန်ကြားရန် လိုလားခြင်းမရှိခြင်းတို့ကြောင့်လည်း ဖြစ်သည်၊ ရလဒ်မှာ အလုပ်သည် နှေးကွေးစွာ တိုးတက်ပြီး လူလုပ်သော လမ်းလွဲခြင်းများ၊ အဓိပ္ပာယ်မရှိခြင်းများနှင့် မဆင်မခြင် မှားယွင်းစွာပြုမူခြင်းများစွာတို့သည် ချက်ချင်း ပြုပြင်ခြင်း သို့မဟုတ် ဖြေရှင်းခြင်း မခံရဘဲ ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ ထိရောက်မှုကို ကြီးမားစွာ ထိခိုက်စေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ခေါင်းဆောင်တစ်ယောက်၊ ဒါမှမဟုတ် အမှုဆောင်တစ်ယောက်က စံနှုန်းပြည့်မီမမီ ချိန်ဆတဲ့နေရာမှာ သူတို့ ဘယ်လောက် ဒုက္ခခံစားရတယ်၊ ဒါမှမဟုတ် အပေါ်ယံမှာ ဘယ်လောက် အဖိုးအခပေးဆပ်ထားတယ် ဆိုတာကို ကြည့်လို့မရဘူးဆိုတာ ကျွန်တော် နားလည်လိုက်တယ်။ သူတို့အလုပ်မှာ ဘယ်လိုရလဒ်တွေ ရထားလဲ၊ ဘုရားအိမ်တော်ရဲ့ သတ်မှတ်ချက်တွေ၊ စည်းမျဉ်းတွေနဲ့အညီ တကယ့်အလုပ်ကို ဘယ်လောက်များများ လုပ်ထားလဲ၊ အလုပ်ကို ရှေ့ရောက်အောင် တွန်းပို့ရာမှာ သူတို့က ဘယ်လောက် ပါဝင်လုပ်ဆောင်လဲ ဆိုတာတွေကို ကြည့်ရမှာ။ ခေါင်းဆောင်တစ်ယောက်၊ ဒါမှမဟုတ် အမှုဆောင်တစ်ယောက်က အပေါ်ယံမှာ သူ့တာဝန်ကို တက်တက်ကြွကြွနဲ့ အလုပ်ရှုပ်ခံ လုပ်နေပေမဲ့ စည်းမျဉ်းတွေနဲ့အညီ မလုပ်ဘူးဆိုရင်၊ တကယ့် ပြဿနာတွေ အများကြီးကို မဖြေရှင်းဘဲ ထားမယ်ဆိုရင်၊ ပြီးတော့ သူ့ကို အထင်ကြီးစေမဲ့ အလုပ်မျိုးကိုပဲ လုပ်မယ်ဆိုရင် သူတို့က ကိုယ့်ကိုယ်ကိုယ် အလှဆင်ဖို့အတွက် အလုပ်ရှုပ်ချင်ယောင်ဆောင်နေကြတာပဲ။ ဒီလို ခေါင်းဆောင်မျိုးက ခေါင်းဆောင်တုပဲ။ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်လိုက်တော့ ကျွန်တော်က အပေါ်ယံမှာ ဧဝံဂေလိအလုပ်ကို နောက်ဆက်တွဲလိုက်လုပ်နေပေမဲ့ ကျွန်တော့်တာဝန်ကို ဝတ်ကျေတမ်းကျေပဲ ထမ်းဆောင်ခဲ့မှန်း၊ ရလဒ်တွေရဖို့ ဘာလုပ်ရမလဲဆိုတာကို မရှာဖွေခဲ့မှန်း တွေ့ရှိလိုက်ရတယ်။ ဧဝံဂေလိအဖွဲ့ခေါင်းဆောင်က ရလဒ်ကောင်းတွေရဖို့ ဘယ်လို သက်သေခံရမလဲဆိုပြီး ကျွန်တော့်ကို မေးတုန်းကလိုမျိုးပေါ့။ လမ်းကြောင်းတချို့ကို သူ့ကို ပြောပြခဲ့ပေမဲ့ တကယ့်ပြဿနာတွေကို ကျွန်တော် နောက်ဆက်တွဲလိုက်လုပ်ပြီး မဖြေရှင်းခဲ့ဘူးလေ။ သူ တကယ် သဘောပေါက်ရဲ့လား၊ သူ ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်မှာ လမ်းလွဲတာတွေ ပေါ်လာမလား ဆိုတာမျိုးတွေပေါ့။ သူ့ကို မိတ်သဟာယပြုပေးလိုက်ရလို့ ကျွန်တော် ကျေနပ်နေခဲ့ပြီး တကယ့်ရလဒ်တွေကို မရှာဖွေခဲ့ဘူး။ ပြဿနာတွေ ပေါ်လာတဲ့အခါ အသင်းတော်တချို့ရဲ့ ဧဝံဂေလိအလုပ်ကို ကျွန်တော် နောက်ဆက်တွဲလိုက်လုပ်ခဲ့ပေမဲ့ အဖွဲ့ခေါင်းဆောင်တွေက စည်းမျဉ်းတွေကို သဘောပေါက်ရဲ့လား၊ အလုပ်ကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်နေရဲ့လား ဆိုတာတွေကို ကျွန်တော် မစဉ်းစားခဲ့ဘူး။ ပြီးတော့ နောက်ဆက်တွဲလိုက်လုပ်တာ၊ ကြီးကြပ်တာမျိုးလည်း မလုပ်ခဲ့ဘူး။ ရလဒ်အနေနဲ့ အလုပ်မှာ တကယ့် ရလဒ်တွေ မရဘဲ ချို့ယွင်းချက် အမျိုးမျိုး ရှိနေခဲ့တယ်။ ကျွန်တော်က အသေးစိတ် မရှာဖွေဘဲ အပေါ်ယံပဲ လုပ်ခဲ့တာကိုး။ အပေါ်ယံကြည့်ရင်တော့ အလုပ်တွေ အများကြီး လုပ်ထားသလိုပဲ၊ ဒါပေမဲ့ ရလဒ် လုံးဝ မထွက်ခဲ့ဘူး။ အဲဒီအချိန်ကျမှ ဒါဟာ ခေါင်းဆောင်တုတစ်ယောက် အလုပ်လုပ်တဲ့ပုံစံပဲ၊ ဒါဟာ အထူးသဖြင့် တာဝန်မဲ့ရာကျတယ်ဆိုတာကို ကျွန်တော် သတိပြုမိလိုက်တယ်။ စိတ်ထဲမှာ အပြစ်ရှိသလို ခံစားရပြီး ကိစ္စတွေကို ကောင်းကောင်းမွန်မွန် ပြုပြင်ပြောင်းလဲချင်ခဲ့တယ်၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို မှီခိုပြီး လုပ်ဆောင်တာကို ရပ်ချင်ခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်တော့်ကို ထပ်ပြီး ထုတ်ဖော်တဲ့ အခြေအနေတချို့ ကြုံလာရပြန်တယ်။
သိပ်မကြာခင်မှာပဲ အသင်းတော်မှာ ကျွန်တော်တို့ လုပ်ဆောင်စရာ အရေးပေါ် ဧဝံဂေလိအလုပ်တစ်ခု ရှိလာတယ်။ ကျွန်တော်နဲ့ အတူတွဲလုပ်တဲ့ ညီအစ်ကိုမောင်နှမတွေက အသင်းတော်တွေ အားလုံးမှာ အသည်းအသန် အကောင်အထည်ဖော်ကြတာပေါ့။ အဲဒီရက်ပိုင်းမှာပဲ ဖြစ်ချင်တော့ အထက်ခေါင်းဆောင်တွေက ကျွန်တော် တာဝန်ယူထားတဲ့ အလုပ်ကို စစ်ဆေးတော့ လမ်းလွဲနေတာတချို့ကို တွေ့သွားတယ်။ ပြီးတော့ ကျွန်တော် အလုပ်ကို စေ့စေ့စပ်စပ် မလုပ်ဘူးဆိုတာကိုလည်း သူတို့ ထောက်ပြတယ်။ အသင်းတော်တိုင်းမှာ ဧဝံဂေလိအမှုဆောင်တွေ အများကြီး ရှိပေမဲ့ အများစုက ဘုရားသခင်ရဲ့ အမှုတော်ကဏ္ဍမှာရှိတဲ့ သမ္မာတရားနဲ့ပတ်သက်ပြီး သိပ်မရှင်းလင်းကြဘူး။ ပြီးတော့ ဧဝံဂေလိတရား ဟောပြောတဲ့နေရာမှာ အားနည်းချက်တွေ အများကြီး ရှိနေတယ်။ ဒါ့အပြင် ဧဝံဂေလိအမှုဆောင်တွေကို ကျွန်တော်က ချက်ချင်း ပျိုးထောင်မပေးခဲ့ဘူးလေ။ ခေါင်းဆောင်တွေက ကျွန်တော့်ပြဿနာတွေကို ထောက်ပြတာ ကြားရတော့ ကျွန်တော့်မျက်နှာက ထူပူသွားတာပဲ။ အသင်းတော်တိုင်းမှာရှိတဲ့ ဧဝံဂေလိအမှုဆောင်တွေရဲ့ အခြေအနေနဲ့ ဧဝံဂေလိတရား ဟောပြောရာမှာ ရှိနေတဲ့ ပြဿနာတွေကို ရှာဖွေဖို့ အချိန်ပေးပြီး အမြန်ဆုံး အစီရင်ခံစာ တင်ပြဖို့ ခေါင်းဆောင်တွေက ကျွန်တော့်ကို ပြောတယ်။ ကျွန်တော့်ဘာသာ တွေးမိတယ်၊ “ပြဿနာတွေ ဒီလောက်အများကြီး တွေ့သွားတော့ ခေါင်းဆောင်တွေက ငါ့ကို ဘယ်လို ထင်ကြမလဲ။ ငါက ကြီးကြပ်ရေးမှူး ဖြစ်ဖို့ မသင့်တော်ဘူးလို့ တွေးပြီး ငါ့ကို ဖြုတ်ချလိုက်မလား။ ငါသာ ဖြုတ်ချခံလိုက်ရရင် ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လို ထင်ကြမလဲ။ မဖြစ်ဘူး၊ ငါက တကယ့်အလုပ်ကို မလုပ်နေဘူးဆိုတာကို လူတွေကို အသိခံလို့ မဖြစ်ဘူး။ အခု ခေါင်းဆောင်တွေ ညွှန်ကြားထားတဲ့ အလုပ်ကို ငါအရေးတကြီး အကောင်အထည်ဖော်ရမယ်။ ဒါမှပဲ ငါ့အလုပ်မှာ အရင်က လမ်းလွဲတာတွေ ရှိခဲ့ပေမဲ့ ငါက တက်တက်ကြွကြွ ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတာကို သူတို့ မြင်အောင် လုပ်နိုင်မှာ။ ဒီလိုနည်းနဲ့မှ ခေါင်းဆောင်တွေ ငါ့အပေါ်ထားတဲ့ အမြင်ကောင်းကို ကျွန်တော် ပြန်ရယူနိုင်မှာ” ပေါ့။ နောက်ပိုင်းမှာ ကျွန်တော်က မီးခဲပေါ် ဖင်ထိုင်ကျသလို ဖြစ်ပြီး ခေါင်းဆောင်တွေ ခိုင်းထားတဲ့ကိစ္စတွေကို အမြန်ဆုံး ပြီးအောင်လုပ်ဖို့ အသည်းအသန် ဖြစ်နေတော့တာပဲ။ တကယ်တော့ ကျွန်တော့်စိတ်ထဲမှာ သိပါတယ်။ လူတိုင်းမှာ အကောင်အထည်ဖော်ရမယ့် တခြား အရေးပေါ်အလုပ်တွေ ရှိနေတယ်ဆိုတာ၊ ပြီးတော့ နေ့လယ်စာ စားချိန်တွေ၊ ညဘက်တွေလိုမျိုး တာဝန် သိပ်မများတဲ့ အချိန်တွေကို အခွင့်ကောင်းယူပြီး ဧဝံဂေလိအမှုဆောင်တွေရဲ့ အခြေအနေကို ရှာဖွေသင့်တယ်ဆိုတာကိုပေါ့။ ဒီလိုနည်းနဲ့ဆိုရင် လူတိုင်း သူတို့တာဝန်ကို ထမ်းဆောင်နေတဲ့ ပုံမှန်လှုပ်ရှားမှုတွေကို ကျွန်တော် နှောင့်ယှက်မိမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ကိစ္စတွေကို ရှာဖွေပြီး ခေါင်းဆောင်တွေကို အမြန်ဆုံး အစီရင်ခံချင်တာနဲ့ ဧဝံဂေလိအမှုဆောင်တွေရဲ့ အခြေအနေနဲ့ ပြဿနာတွေအကြောင်း အချက်အလက် ကောက်ယူတာကို နေ့ဝက်အတွင်း အားလုံး ပြီးအောင်လုပ်ရမယ်လို့ ကျွန်တော် သတ်မှတ်လိုက်တယ်။ ပြောပြီးသွားတော့ သူတို့အားလုံး တော်တော် ဒုက္ခရောက်သွားကြတယ်။ တချို့က အဲဒီနေ့မှာ စုဝေးပွဲ ရှိတယ်လို့ ပြောကြတယ်၊ တချို့ကျတော့လည်း ဧဝံဂေလိတရား ဟောရဦးမှာမို့လို့ အချိန်မရှိဘူးလို့ ပြောကြတယ်။ မတတ်နိုင်တော့တဲ့အဆုံး ကျွန်တော်က အချိန် နည်းနည်း ထပ်ပေးလိုက်ပေမဲ့ ဒီအချိန်အတွင်းမှာ သူတို့ကို တောက်လျှောက် ဖိအားပေးနေခဲ့တယ်။ ဒါပေမဲ့ နောက်တစ်နေ့ မနက်ရောက်တဲ့အထိ မပြီးသေးဘူး။ ကျွန်တော့်စိတ်ထဲမှာ တော်တော် စိုးရိမ်ပူပန်နေတယ်။ အရမ်းနှေးနေရင် ကျွန်တော် အလုပ်ကို အချိန်ဆွဲနေတယ်လို့ အထက်ခေါင်းဆောင်တွေ ထင်သွားမှာ ကြောက်တာနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ တကယ့်အခြေအနေကို ထည့်မတွက်ဘဲ သူတို့ကို တောက်လျှောက် ဖိအားပေးခဲ့တယ်။ တတိယမြောက်နေ့ကျမှ အချက်အလက်တွေ အားလုံး ကောက်လို့ပြီးသွားတော့ ကျွန်တော် သက်ပြင်းချနိုင်တော့တယ်။ ဒါပေမဲ့ လူတိုင်း ရှာဖွေတွေ့ရှိထားတဲ့ ဧဝံဂေလိအလုပ်ထဲက ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်တော် အလေးအနက် မကြိုးစားခဲ့ပါဘူး။ နောက်ရက်နည်းနည်းလောက်မှာ အထက်ခေါင်းဆောင်တွေ စီစဉ်ပေးတဲ့ ဘယ်အလုပ်ကိုမဆို ကျွန်တော် အသည်းအသန် လုပ်တော့တာပဲ။ ဒါပေမဲ့ လုပ်တဲ့အခါမှာ အထက်ခေါင်းဆောင်တွေ ပြောတဲ့ တကယ့် ပြဿနာတွေက တကယ်တမ်း ဘာတွေလဲ၊ ရလဒ်တွေရဖို့ ဘာလုပ်ရမလဲ ဆိုတာကို ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။ အချက်အလက်တွေနဲ့ ပတ်သက်တဲ့ အပေါ်ယံအလုပ်တချို့ကိုပဲ ကျွန်တော် လုပ်ခဲ့တာပါ။ ကျွန်တော့်တာဝန်ကို အမြန်ဆုံး ပြီးချင်တာနဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်တော် တောက်လျှောက် ဖိအားပေးခဲ့တယ်။ ဒါကြောင့် တခြားလူတိုင်းကလည်း သူတို့အလုပ်မှာ ပြာယာခတ်ကုန်ပြီး စိတ်မငြိမ်မသက် ဖြစ်ကုန်ကြတယ်။ ညီအစ်ကိုမောင်နှမတချို့ဆိုရင် ဖိအားတော်တော်များတယ်လို့ ခံစားရတယ်။ တချို့ကျတော့ အချိန် အရမ်းကပ်နေလို့ အလုပ်ကို သေချာ အကောင်အထည် မဖော်ခဲ့ကြဘူး။ သူတို့ရဲ့ အစွမ်းအစက အလုပ်အတွက် မလောက်ငဘူးလို့ ခံစားရပြီး သူတို့ရဲ့ အခြေအနေတွေ ထိခိုက်ကုန်တယ်။ တချို့ဆိုရင် အလုပ်ကို ဘယ်တော့မှ ကောင်းကောင်းမလုပ်နိုင်တာကြောင့် တာဝန် ပြောင်းရွှေ့ခံရမှာကို ကြောက်ပြီး အပျက်သဘောဆောင်တဲ့ အခြေအနေမှာ အသက်ရှင်နေကြတယ်။ ကျွန်တော် လမ်းမှား လျှောက်မိတာနဲ့ပဲ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကြောင့် စည်းမျဉ်းမရှိဘဲ၊ ဦးစားပေးအလိုက် မဟုတ်ဘဲ လုပ်ဆောင်မိကုန်ကြတယ်။ ဒါက တခြားအလုပ်တွေ အကောင်အထည်ဖော်တဲ့ တိုးတက်မှုကိုပါ ထိခိုက်စေခဲ့တယ်။ ပြဿနာတွေ ဆက်တိုက် ကြုံလာရတော့မှပဲ ကျွန်တော် သမ္မာတရားကို စရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်။
ရှာဖွေနေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “အန္တိခရစ်များသည် နေ့စဉ် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက်သာ အသက်ရှင်သည်။ အဆင့်အတန်း၏ အကျိုးကျေးဇူးများတွင် ပျော်မွေ့ခံစားရန်အတွက်သာ အသက်ရှင်ကြသည်။ ဤအရာကိုသာ ၎င်းတို့စဉ်းစားသည်။ ၎င်းတို့က ရံဖန်ရံခါ အချို့သော အသေးစား ဆင်းရဲဒုက္ခများကို ခံသောအခါ၊ သို့မဟုတ် အချို့သော အသေးအဖွဲအဖိုးအခများကို ပေးဆပ်သောအခါတွင်ပင် ယင်းသည် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ရရှိရန်အတွက်ဖြစ်သည်။...အန္တိခရစ်ဖြစ်သူ မည်သူမဆိုသည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံမည်မဟုတ်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းသည် လုပ်ရိုးလုပ်စဉ်နှင့် ဟန်ပြလုပ်ဆောင်ခြင်းတို့သာ ဖြစ်လိမ့်မည်။ ၎င်းတို့သည် ခေါင်းဆောင်များ၊ အမှုဆောင်များ ဖြစ်လျှင်ပင် တကယ့်အလုပ်ကို လုပ်ဆောင်မည်မဟုတ်။ ပြီးလျှင် ၎င်းတို့သည် အသင်းတော်အလုပ်ကို လုံးဝ ကာကွယ်ခြင်းမရှိဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက်သာ ပြောဆိုလုပ်ဆောင်လိမ့်မည်။ ဤသို့ဆိုလျှင် အန္တိခရစ်များက တစ်နေကုန် မည်သည့်အရာကို လုပ်ဆောင်သနည်း။ ၎င်းတို့သည် ဟန်ဆောင်လုပ်ကိုင်ပြပြီး ကြွားဝါနေခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ ပါဝင်သောအရာများကိုသာ လုပ်ဆောင်ကြသည်။ အခြားလူများကို အထင်အမြင်မှားစေခြင်း၊ လူတို့ကို ဆွဲဆောင်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသည်။ ပြီးလျှင် ခွန်အားစုဆောင်းပြီးသည့်အခါ ပို၍များသော အသင်းတော်များကို ဆက်လက်ထိန်းချုပ်ကြလိမ့်မည်။ ၎င်းတို့က ဘုရင်များအဖြစ်သာ အုပ်စိုးလိုကြပြီး အသင်းတော်တို့ကို ၎င်းတို့၏ သီးခြားနိုင်ငံတော်အဖြစ် ပြောင်းလဲလိုကြသည်။ ၎င်းတို့သည် ကြီးမြတ်သည့် ခေါင်းဆောင်များဖြစ်ဖို့၊ ပြည့်စုံ၍ တစ်ဖက်သတ်ဖြစ်သော အာဏာကို ရဖို့၊ ပို၍များသော အသင်းတော်များကို ထိန်းချုပ်ဖို့သာ လိုလားကြသည်။ အခြားမည်သည့်အရာကိုမျှ စိုးစဉ်းမျှ ဂရုမစိုက်ကြပေ။ ၎င်းတို့သည် ဘုရားအလိုတော်ကို ဆောင်ရွက်ခြင်းရှိမရှိကို ဂရုစိုက်ရန်မဆိုထားနှင့်၊ အသင်းတော်အလုပ်ကို၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုကို အရေးမစိုက်ကြပေ။ ၎င်းတို့သည် မည်သည့်အချိန်တွင် သီးခြား အာဏာကိုင်စွဲနိုင်သည်၊ ဘုရားသခင်ရွေးချယ်ထားသောလူတို့ကို ထိန်းချုပ်နိုင်သည်၊ ဘုရားသခင်နှင့် တန်းတူရပ်တည်နိုင်သည်ကိုသာ အရေးစိုက်သည်။ အန္တိခရစ်များ၏ ဆန္ဒများနှင့် ရည်မှန်းချက်များသည် အမှန်ပင် ကြီးမားလေသည်။ အန္တိခရစ်များသည် မည်မျှ အလုပ်ကြိုးစားသည့်ပုံပေါ်ပါစေ ၎င်းတို့နှစ်သက်သည့်အရာကို လုပ်ဆောင်လျက် ၎င်းတို့၏ ကိုယ်ပိုင် ကြိုးပမ်းအားထုတ်မှုများ၊ ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့နှင့် ဆက်နွှယ်သည့်အရာများနှင့်သာ အလုပ်ရှုပ်နေကြသည်။ ၎င်းတို့၏ တာဝန်ဝတ္တရားများ၊ သို့မဟုတ် ၎င်းတို့ ထမ်းဆောင်သင့်သည့်တာဝန်အကြောင်းကိုပင် မစဉ်းစားကြပေ။ ၎င်းတို့သည် သင့်လျော်မှန်ကန်သည့် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ ဤသည်မှာ အန္တိခရစ်များဟူသည့် အရာမျိုးပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့်နတ်ဆိုးများ၊ စာတန်များ ဖြစ်ကြလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) အန္တိခရစ်တွေက သူတို့စိတ်နှလုံးထဲမှာ အဆင့်အတန်းကိုပဲ တွေးပြီး အဆင့်အတန်းအတွက်ပဲ အလုပ်လုပ်ကြတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့က သူတို့ရဲ့ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းဆိုင်ရာ ကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေကြပြီး သူတို့ရဲ့ တာဝန်ဖြစ်တဲ့အရာကိုကျ ဘာမှ မလုပ်ကြဘူးတဲ့။ ကျွန်တော့်ရဲ့ လုပ်နည်းလုပ်ဟန်က အန္တိခရစ်တစ်ယောက်လိုပဲ ဖြစ်နေမှန်း ကျွန်တော် သဘောပေါက်လိုက်တယ်။ အထက်ခေါင်းဆောင်တွေက ကျွန်တော့်အလုပ်မှာ လမ်းလွဲနေတာတွေကို တွေ့သွားတော့ သူတို့ ကျွန်တော့်ကို အထင်သေးမှာ မလိုလားခဲ့ဘူး။ ဒါကြောင့် ခေါင်းဆောင်တွေ တာဝန်ပေးထားတဲ့ အလုပ်မှာ ကိုယ့်ကိုယ်ကိုယ် ကြွားဝါဖို့ အစွမ်းကုန် ကြိုးစားပြီး အမြန်ဆုံး ပြီးအောင်လုပ်ချင်ခဲ့တယ်။ ကျွန်တော် အလုပ်လုပ်တာ ထိရောက်တယ်၊ ပြတ်သားတယ်၊ လျှပ်စီးလက်သလို မြန်တယ်ဆိုတာကို ခေါင်းဆောင်တွေ မြင်စေချင်ခဲ့တယ်၊ ဒါမှ သူတို့ ကျွန်တော့်အပေါ် အမြင်ကောင်းမှာလေ။ ဒီရည်မှန်းချက် ပြည့်မီဖို့အတွက် ကျွန်တော်က အပေါ်ယံအလုပ်တွေကိုပဲ တောက်လျှောက် လုပ်ခဲ့တယ်။ ဧဝံဂေလိအမှုဆောင်တွေရဲ့ အချက်အလက်တွေကို ကောက်ဖို့၊ ဧဝံဂေလိအလုပ်မှာရှိတဲ့ ပြဿနာတွေကို အနှစ်ချုပ်ဖို့ ညီအစ်ကိုမောင်နှမတွေကို ခိုင်းခဲ့တယ်။ ဒါပေမဲ့ ဧဝံဂေလိအလုပ်မှာ ပေါ်လာတဲ့ ပြဿနာတွေ၊ ဒါမှမဟုတ် လမ်းလွဲနေတာတွေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကိုတော့ ကျွန်တော် လုံးဝ အားစိုက်ပြီး မစဉ်းစားခဲ့ဘူး။ ဆိုလိုတာက ပြဿနာတချို့က တကယ့်ဖြေရှင်းချက် မရဘဲ တခြားတာဝန်တွေကို အကောင်အထည်ဖော်တာကျတော့ နှောင့်နှေးကုန်တာပေါ့။ ကိုယ်ပိုင် သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ညီအစ်ကိုမောင်နှမတွေရဲ့ တကယ့်အခက်အခဲတွေကို ကျွန်တော် ဂရုမစိုက်ဘဲ ပိုမြန်မြန် တိုးတက်ဖို့ သူတို့ကို တောက်လျှောက် ဖိအားပေးခဲ့တယ်။ ဒါကြောင့် ညီအစ်ကိုမောင်နှမတချို့က ဖိအားတော်တော်များတယ်လို့ ခံစားရပြီး တချို့ဆိုရင် သူတို့ရဲ့ အစွမ်းအစက အလုပ်နဲ့ မကိုက်ဘူးလို့တောင် ခံစားရပြီး အပျက်သဘောဆောင်တဲ့ အခြေအနေမှာ အသက်ရှင်နေထိုင်ပြီး အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ဒါကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်တော် ကျောချမ်းသွားတယ်။ ကျွန်တော် ဒုစရိုက် ပြုမိနေပါလား။ ဒါနဲ့ ကျွန်တော့်အခြေအနေကို ကမန်းကတန်း ပြန်ပြုပြင်ယူရတယ်။ တစ်ချိန်တည်းမှာပဲ အလုပ်ကို ပြန်စီစစ်ပြီး ပိုအရေးကြီးတဲ့၊ အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုတဲ့ တာဝန်တွေအတွက် အသေးစိတ် အစီအစဉ်တစ်ခု ဆွဲတယ်။ သိပ်အရေးမကြီးတဲ့ တာဝန်တွေအတွက်ကျတော့ အားလပ်ချိန်မှာ ဖြေရှင်းဖို့ ထားလိုက်တယ်။ စုဝေးပွဲတွေမှာလည်း ဒီအချိန်တစ်လျှောက်လုံး ကျွန်တော် ထုတ်ဖော်ပြသခဲ့တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအကြောင်း ညီအစ်ကိုမောင်နှမတွေကို ဖွင့်ဟပြောပြတယ်။ ဒါမှ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ ကိုယ်ပိုင်အခြေအနေတွေကို ပြန်ညှိယူနိုင်ပြီး သူတို့တာဝန်တွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နိုင်မှာလေ။ နောက်ပိုင်းကျတော့ အလုပ်က ဖြည်းဖြည်းချင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားတယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “အန္တိခရစ်များသည် ဉာဏ်များသော လူစားမျိုးဖြစ်၏၊ ဟုတ်သည် မဟုတ်လော။ ၎င်းတို့လုပ်သမျှတွင် ကျိတ်တွက်ချက်ကာ ရှစ်ကြိမ်၊ ဆယ်ကြိမ်၊ သို့မဟုတ် ထိုထက်ပို၍ပင် တွက်ချက်ကြသည်။ လူစုထဲတွင် တည်ငြိမ်သော ရာထူးများ ရရှိအောင် မည်သို့ပြုလုပ်ရမည်၊ ကောင်းမွန်သော ဂုဏ်သတင်းများနှင့် မြင့်မားသော ဂုဏ်သိက္ခာကို မည်သို့ရရှိရမည်၊ အထက်ကို မည်သို့မျက်နှာလိုမျက်နှာရ လုပ်ရမည်၊ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများက ပံ့ပိုးအောင်၊ ချစ်ခင်လေးစားအောင် မည်သို့ပြုရမည်ဆိုသည်တို့နှင့်ပတ်သက်သည့် အတွေးများက ၎င်းတို့၏ ခေါင်းထဲတွင် ပြည့်နေပြီး ဤရလဒ်များ ရရှိရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ မည်သည့်လမ်းကြောင်းကို ၎င်းတို့လျှောက်နေကြသနည်း။ ၎င်းတို့အတွက်မူ ဘုရားအိမ်တော်၏ အကျိုးစီးပွား၊ အသင်းတော်၏ အကျိုးစီးပွား၊ ဘုရားအိမ်တော်၏ အလုပ်တို့သည် ၎င်းတို့ အဓိက ထည့်သွင်းစဉ်းစားသည့်အရာ မဟုတ်ပေ။ ၎င်းတို့ အလေးထားသည့်အရာများ ဖြစ်ရန်မှာ ပို၍ပင် ဝေးသေး၏။ မည်သည့်အရာကို ၎င်းတို့စဉ်းစားသနည်း။ ‘ဤအရာအားလုံးက ငါနှင့်မဆိုင်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရောသာ ဖြစ်သည်။ လူတို့သည် ကိုယ့်အတွက်ကိုယ် အသက်ရှင်ရမည်။ မိမိ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အသက်ရှင်ရမည်။ ဤသည်မှာ အမြင့်ဆုံးသော ပန်းတိုင်ပင်။ အကယ်၍ လူတစ်ယောက်သည် သူ့အတွက်သူ အသက်ရှင်သင့်ကြောင်းနှင့် သူ့ကိုယ်သူ ကာကွယ်သင့်ကြောင်းကို မသိလျှင် ငတုံးပင် ဖြစ်တော့၏။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ပြီး ဘုရားနှင့် သူ့အိမ်တော်၏ အစီအစဉ်များကို နာခံဖို့ ငါ့ကို ပြောလာလျှင် ထိုအရာက ငါ့အတွက် အကျိုးတစ်ခုခုရှိမရှိ၊ ထိုသို့လုပ်ခြင်းဖြင့် အကျိုးကျေးဇူးတစ်ခုခု ရှိမရှိအပေါ်တွင် မူတည်လိမ့်မည်။ ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံခြင်း မရှိသောကြောင့် ငါ ရှင်းလင်းပစ်ခြင်း ခံရနိုင်ချေရှိပြီး ကောင်းချီးများရဖို့ အခွင့်အလမ်းကို ဆုံးရှုံးရနိုင်ချေရှိလျှင် ငါကျိုးနွံနာခံမည်’ ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန်အတွက် အလျော့အတင်းအချို့ လုပ်ရန် မကြာခဏ ရွေးချယ်ကြသည်။ အဆင့်အတန်းအတွက် အန္တိခရစ်များသည် မည်သည့်ဒုက္ခမျိုးကိုမဆို ခံနိုင်သည်၊ ဂုဏ်သတင်းကောင်း ရှိရန်အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်နိုင်စွမ်းရှိသည်ဟု ဆိုနိုင်သည်။ ‘ကြီးမြတ်သောသူသည် မည်သည့်အချိန်တွင် အလျှော့ပေးပြီး မည်သည့်အချိန်တွင် အလျှော့မပေးရမည်ကို သိသည်’ ဆိုသည့် ဆိုရိုးစကားက ၎င်းတို့အတွက် မှန်ကန်ပုံရသည်။ ဤသည်မှာ စာတန်၏ တွေးခေါ်ပုံဖြစ်သည် မဟုတ်လော။ ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်ဖြစ်သည်။ စာတန်၏ အသက်ရှင်သန်ရေး အခြေခံသဘောတရားလည်း ဖြစ်သည်။ ယင်းသည် လုံးလုံး စက်ဆုပ်ဖွယ်ပင် ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) “ဖယ်ရှားရှင်းလင်းခံရသူများသည် သမ္မာတရား လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းကို လုံးဝ မလျှောက်ကြပေ။ ၎င်းတို့သည် ဤလမ်းကြောင်းမှ အမြဲသွေဖည်ကြပြီး အလိုရှိသည့်အရာကိုသာ လုပ်ဆောင်ကြကာ မိမိတို့ ကိုယ်ပိုင် အလိုဆန္ဒများနှင့် ရည်မှန်းချက်များအတိုင်း ပြုမူဆောင်ရွက်ကြသည်။ မိမိတို့ကိုယ်ပိုင် အဆင့်အတန်း၊ နာမည်ဂုဏ်သတင်းနှင့် မာနတို့ကို စောင့်ရှောက်ပြီး မိမိတို့ကိုယ်ပိုင် အလိုဆန္ဒများကို ဖြည့်ဆည်းကြသည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းက ဤအရာများကို ဗဟိုပြုသည်။ ၎င်းတို့ကလည်း အဖိုးအခပေး၊ အချိန်နှင့် အားအင် ကုန်ဆုံးကာ နေထွက်ရာမှ နေဝင်သည်တိုင်အောင် အလုပ်လုပ်ကြသော်လည်း၊ ၎င်းတို့၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့ လုပ်ဆောင်သည့်အရာများသည် ဘုရားသခင်၏ အမြင်တွင် မကောင်းမှုအဖြစ် ရှုတ်ချခံရသောကြောင့်၊ ရလဒ်မှာ ၎င်းတို့ ဖယ်ရှားရှင်းလင်းခံရခြင်းဖြစ်သည်။ ၎င်းတို့သည် ကယ်တင်ခံရမည့် အခွင့်အရေးတစ်ခု ရှိကြသေးသလော။ (မရှိပါ။) ဤသည်မှာ အလွန့်အလွန် ဆိုးရွားသော အကျိုးဆက်တစ်ခု ဖြစ်သည်။ ထိုအရာမှာ လူတို့ နာမကျန်းဖြစ်ကြသည့်အခါကဲ့သို့ပင် ဖြစ်သည်။ ချက်ချင်း ကုသခြင်းမခံရသည့် သေးငယ်သော ရောဂါတစ်ခုက အကြီးစား ရောဂါတစ်ခုအဖြစ်သို့ ကြီးထွားလာနိုင်ပေသည် သို့မဟုတ် ကျွမ်းနေသောရောဂါပင် ဖြစ်လာနိုင်ပေသည်။ ဥပမာအနေဖြင့်၊ လူတစ်ဦးသည် အအေးမိကာ ချောင်းဆိုးလျှင်၊ ပုံမှန် ဆေးကုသမှု ရရှိလျှင် အလျင်အမြန် သက်သာသွားလိမ့်မည်။ သို့သော် လူအချို့က ၎င်းတို့တွင် ဒူပေနာပေခံသော ကြံ့ခိုင်မှုအခြေအနေရှိသည်ဟု တွေးထင်ကြသောကြောင့် ၎င်းတို့၏ အအေးမိခြင်းကို အလေးအနက် မထားကြ သို့မဟုတ် ကုသဖို့ မကြိုးစားကြပေ။ အကျိုးဆက်အနေဖြင့်၊ ထိုအရာက အချိန်အတော်ကြာ အချိန်ဆွဲနေပြီး၊ အဆုတ်ရောင်ရောဂါ ကူးစက်ရရှိစေသည်။ အဆုတ်ရောင်ရောဂါရပြီးနောက်တွင်၊ ၎င်းတို့သည် အားကောင်းသည့် ခုခံအားစနစ်ရှိပြီး ငယ်ရွယ်သည်ဟု ခံစားနေဆဲဖြစ်သောကြောင့် ထိုအရာကို လအချို့ကြာ မကုသပဲနေကြသည်။ ၎င်းတို့သည် မိမိတို့ နေ့စဉ်ချောင်းဆိုနေသည်ကို မထိန်းနိုင်အောင်၊ မခံမရပ်နိုင်အောင်ဖြစ်လာသည့်အဆင့်တစ်ခုထိ အလေးဂရုမပြုကြဘဲ၊ ချောင်းဆိုးသွေးပါကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် ဆေးစစ်ခံရန် ဆေးရုံသို့ သွားကြသည်။ ဆေးရုံတွင် ၎င်းတို့ တီဘီဖြစ်သည်ကို သိရှိလိုက်ရသည်။ အခြားသူတို့က ချက်ချင်း ကုသမှုခံယူရန် အကြံပေးကြသော်လည်း၊ ၎င်းတို့က စိုးရိမ်စရာမလိုဘဲ မိမိတို့ ငယ်ရွယ်ပြီး သန်မာသည်ဟု တွေးထင်ကြဆဲဖြစ်သောကြောင့် သင့်တင့်လျောက်ပတ်သည့် ကုသမှုကို မရှာဖွေကြပေ။ အဆုံးတွင်၊ ၎င်းတို့၏ ကိုယ်ခန္ဓာက လမ်းလျှောက်ဖို့ အလွန်အားနည်းသွားသည့် နေ့တစ်နေ့ထိတိုင် ထိုသို့ဖြစ်ပြီး၊ ဆေးစစ်ဖို့အတွက် ဆေးရုံသို့သွားသည့်အခါ ၎င်းတို့တွင် ကင်ဆာ အဆင့်နှောင်းပိုင်း ရှိနှင့်ကြပြီးဖြစ်သည်။ လူတို့သည် မကုသသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြသည့်အခါ၊ ထိုအရာက ကုသမရနိုင်သည့် ဂယက်ရိုက်မှုများကိုလည်း ဖြစ်စေနိုင်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိခြင်းသည် ကြောက်လန့်ရမည့်အရာတစ်ခု မဟုတ်ဘဲ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည့်သူတစ်ဦးသည် ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ချက်ချင်းဖြေရှင်းရန် သမ္မာတရား ရှာဖွေရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တဖြည်းဖြည်းချင်း သန့်စင်နိုင်ပေသည်။ ထိုအရာကို ဖြေရှင်းခြင်းအား ၎င်းတို့ အာရုံမစိုက်လျှင်၊ ယင်းသည် ပိုပိုပြီး ဆိုးရွားပြင်းထန်လာလိမ့်မည်ဖြစ်ကာ ၎င်းတို့က ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး အတိုက်အခံလုပ်နိုင်ကာ ဘုရားသခင်၏ ပစ်ပယ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရနိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှု ရရှိနိုင်သည်) အန္တိခရစ်တွေက သူတို့လုပ်သမျှ ကိစ္စတိုင်းမှာ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကိုပဲ ထည့်တွက်ကြတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအတွက်ဆိုရင် ဘယ်လို ဒုက္ခမျိုးကိုမဆို သူတို့ ခံရဲကြတယ်။ ကျွန်တော့်ရဲ့ နေ့စဉ်အသက်တာကို ပြန်စဉ်းစားကြည့်တော့ အလားတူ အပြုအမူတွေ အများကြီး ပြခဲ့မိတယ်။ ဥပမာ၊ စုဝေးပွဲတွေနဲ့ မိတ်သဟာယပြုတဲ့အချိန်တွေမှာ အလင်းတရား နည်းနည်းလောက် မိတ်သဟာယပြုနိုင်ဖို့၊ သူများတွေရဲ့ လေးစားမှုကို ရနိုင်ဖို့ ကျွန်တော် အလေးအနက် စဉ်းစားခဲ့တယ်။ တစ်ခါတလေ ကျွန်တော် အားစိုက်ထုတ်ပြီး အလုပ်တချို့ လုပ်ခဲ့ပေမဲ့ ဒါကလည်း ကျွန်တော် မပျင်းဘူး၊ လူ့သဘာဝကောင်းရှိတယ်ဆိုတာကို လူတွေ မြင်စေချင်လို့ပါပဲ။ တာဝန်ထမ်းဆောင်တဲ့အခါ ကျွန်တော် ကိစ္စတွေကို ဘယ်လိုလုပ်တယ်ဆိုတဲ့ အပေါ်ယံပုံပန်းသဏ္ဌာန်ကိုပဲ အာရုံစိုက်ပြီး စည်းမျဉ်းတွေအပေါ်မှာတော့ အားစိုက်ထုတ်ခဲတယ်။ ကျွန်တော်လုပ်သမျှ ကိစ္စတိုင်းရဲ့ နောက်ကွယ်မှာ ကိုယ်ပိုင်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ချင်တဲ့ ဆန္ဒတစ်ခု ရှိနေမှန်း ကျွန်တော် မြင်လိုက်ရတယ်။ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို လိုက်စားခြင်းက ကျွန်တော့်စိတ်နှလုံးထဲမှာ အမြစ်တွယ်နေပြီလေ။ ဒါကို ကျွန်တော် မပြောင်းလဲရင် ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် အသင်းတော်ရဲ့ အလုပ်ကို ကျွန်တော် သေချာပေါက် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်မိမှာပဲ။ နှင်ထုတ်ခံလိုက်ရတဲ့ အဲဒီအန္တိခရစ်တွေအကြောင်း ကျွန်တော် တွေးမိတယ်။ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို ရဖို့အတွက် သူတို့က စည်းမျဉ်းတွေကို မလိုက်နာဘဲ ဧဝံဂေလိတရား ဟောပြောခဲ့ကြတယ်၊ မမှန်ကန်တဲ့ ကိန်းဂဏန်းတွေ တင်ပြပြီး လှည့်ကွက်တွေ သုံးခဲ့ကြတယ်။ ဒါက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဆိုးဆိုးရွားရွား အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တာပဲ။ နောက်ဆုံးတော့ နည်းလမ်းအမျိုးမျိုးနဲ့ ဒုစရိုက်ပြုလို့ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို သူတို့ ခံလိုက်ရတယ်။ အဲဒီအချိန်ကာလကို ပြန်ကြည့်ရင် ကျွန်တော်က သူများရှေ့မှာ လုပ်ပြဖို့နဲ့ ကျွန်တော့်ကို အထင်ကြီးစေမဲ့ အလုပ်တချို့ လုပ်ဖို့လောက်ပဲ အာရုံစိုက်ခဲ့တယ်။ အရေးကြီးတဲ့၊ ဒါမှမဟုတ် မရှိမဖြစ်လိုအပ်တဲ့ အလုပ်ကို လုံးဝ ဂရုမစိုက်ခဲ့ဘူး။ ဆိုလိုတာက ကျွန်တော့်တာဝန်ယူမှု အတိုင်းအတာအတွင်းမှာ ဧဝံဂေလိအလုပ်က လုံးဝ တိုးတက်မှု မရှိဘဲ တောက်လျှောက် ရပ်တန့်နေခဲ့တယ်။ ဘုရားအိမ်တော်က သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ မကိုက်ညီခဲ့ဘူး။ ဒါက ဧဝံဂေလိအလုပ်ရဲ့ တိုးတက်မှုကို ပိတ်ပင်နေတာ မဟုတ်ဘူးလား။ နောင်တမရဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို ကျွန်တော် ဆက်လိုက်စားနေခဲ့မယ်ဆိုရင် ဘယ်လောက်ပဲ ဒုက္ခခံပါစေ၊ ဘယ်လောက်ပဲ အဖိုးအခပေးဆပ်ပါစေ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ဘယ်တော့မှ ခံရမှာ မဟုတ်ဘူး။ အဲဒီအစား ကျွန်တော် လုပ်ခဲ့သမျှ အရာအားလုံးကြောင့် ဒုစရိုက်ပြုသူအဖြစ် သတ်မှတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို တောက်လျှောက် လိုက်စားတာက အရမ်း အန္တရာယ်များလွန်းတယ်ဆိုတာကို အဲဒီအချိန်ကျမှ ကျွန်တော် သတိပြုမိလိုက်တယ်။ ကျွန်တော့်လိုက်စားမှု နောက်ကွယ်က မှားယွင်းတဲ့ အမြင်ရှုထောင့်တွေကိုလည်း အမြန် ပြုပြင်ပြောင်းလဲချင်ခဲ့ပြီး ကိုယ့်တာဝန်ကို လက်တွေ့ကျကျ လုပ်ချင်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့တယ်။ “ဘုရားအိမ်တော်က ထုတ်ပြန်သည့် အလုပ်အစီအစဉ်တိုင်းအတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကို အလေးအနက်ထားရမည်ဖြစ်ပြီး အလေးအနက် အကောင်အထည်ဖော်ရမည်။ သင်သည် သင်လုပ်ဆောင်ပြီးဖြစ်သော အလုပ်အားလုံးကို နှိုင်းယှဉ်စစ်ဆေးရန် အလုပ်အစီအစဉ်များကို မကြာခဏ အသုံးပြုသင့်သည်။ ဤကာလအတောအတွင်းတွင် မည်သည့်အလုပ်တာဝန်များအား သင် ကောင်းစွာ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သို့မဟုတ် ကောင်းစွာ အကောင်အထည်ဖော်ခဲ့ခြင်း မရှိကြောင်းကိုလည်း သင်ဆန်းစစ်ကာ ဆင်ခြင်သုံးသပ်သင့်သည်။ အလုပ်အစီအစဉ်များက တာဝန်ပေးပြီး တောင်းဆိုထားသည့် လျစ်လျူရှုခြင်းခံခဲ့ရသော အလုပ်တာဝန်တစ်ခုတလေအတွက် သင်သည် လျင်မြန်စွာ ထေမိစေပြီး စုံစမ်းမေးမြန်းသင့်သည်။...သို့ဖြစ်၍ သင်သည် တိုင်းဒေသခေါင်းဆောင်၊ ခရိုင်ခေါင်းဆောင်၊ အသင်းတော်ခေါင်းဆောင် သို့မဟုတ် အဖွဲ့ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦးတလေ ဖြစ်သည်ဖြစ်စေ သင့်တာဝန်များ၏ အတိုင်းအတာကို သိရှိပြီးသည့်နောက် သင်သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်း ရှိမရှိ၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ ထို့အပြင် သင့်ထံ အပ်ထားသည့် အလုပ်တာဝန်အများအပြားထဲမှ မည်သည့်တာဝန်များအား သင်လုပ်ဆောင်ခြင်းမရှိခဲ့သည်၊ မည်သည့်အရာကို သင်လုပ်ဆောင်လိုခြင်း မရှိသည်၊ မည်သည့်အရာက မကောင်းသော ရလဒ်များ ထွက်ပေါ်ခဲ့သည်၊ မည်သည့်အရာ၏ စည်းမျဉ်းများကို သင်နားလည်သဘောပေါက်ရန် ပျက်ကွက်ခဲ့သည်ဟူသည်တို့ကို မကြာခဏ ဆန်းစစ်ရမည်။ ဤအရာအားလုံးသည် သင်မကြာခဏ ဆန်းစစ်သင့်သည့်အရာများ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သင်သည် အခြားလူများနှင့် မိတ်သဟာယဖွဲ့ရန်နှင့် မေးခွန်းများမေးရန် သင်ယူရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်အစီအစဉ်များထဲတွင် လက်တွေ့လုပ်ဆောင်မှုအတွက် အစီအစဉ်တစ်ခု၊ စည်းမျဉ်းများနှင့် လမ်းကြောင်းတစ်ခုအား မည်သို့ခွဲခြားသိမြင်ရမည်ကို သင်ယူရမည်။ မည်သည့်အလုပ်အစီအစဉ်အတွက်မဆို၊ စီမံအုပ်ချုပ်ရေး၊ လူပုဂ္ဂိုလ်ရေးရာ သို့မဟုတ် အသင်းတော်အသက်တာ သို့မဟုတ် အခြား အတတ်ပညာဆိုင်ရာ အလုပ်တစ်ခုတလေနှင့် ဆက်စပ်သည်ဖြစ်စေ ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် သက်ဆိုင်မှုရှိလျှင် ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းရမည့် တာဝန်တစ်ခုဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ တာဝန်ရှိသည့် လုပ်ပိုင်ခွင့်အတွင်း၌ ရှိသည်။ ဤသည်တို့မှာ သင်ဂရုပြုသင့်သည့် တာဝန်များဖြစ်သည်။ ပင်ကိုအားဖြင့် ဦးစားပေးရမည့်အရာများကို အခြေအနေပေါ်မူတည်၍ သတ်မှတ်သင့်သည်။ မည်သည့်အလုပ်မျှ နောက်ကျကျန်ရစ်၍မရပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၀)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခု ညွှန်ပြပေးခဲ့တယ်။ တာဝန်တစ်ခုခုကို အကောင်အထည်ဖော်တာဟာ ကိစ္စတွေကို အပေါ်ယံ လုပ်ရုံသက်သက် မဟုတ်ဘူး။ တကယ့်အလုပ်ကို လုပ်နေရဲ့လား၊ ဘယ်အလုပ်ကို ကောင်းကောင်းမလုပ်ရသေးဘူးလဲ ဆိုတာတွေကို တောက်လျှောက် ဆန်းစစ်နေရမယ်။ တာဝန်က ဘာပဲဖြစ်ဖြစ် တကယ့်အခြေအနေထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ဖို့ လိုတယ်။ အပေါ်ယံပုံပန်းသဏ္ဌာန်ကို လိုက်စားပြီး လူတွေ အထင်ကြီးလေးစားအောင် လုပ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အမြင်ကောင်းအောင်လုပ်တဲ့ အလုပ်တွေကို မလုပ်ရဘူး။ ဒီလိုအလုပ်မျိုးက တကယ့်ပြဿနာတွေကို လုံးဝ မဖြေရှင်းနိုင်ဘူးလေ။ အဲဒီနောက်ပိုင်းမှာ ဧဝံဂေလိအလုပ်ရဲ့ ရလဒ်တွေ မကောင်းတာကို တွေ့ရတိုင်း ရလဒ်မကောင်းရတဲ့ အကြောင်းရင်းက ဘာလဲ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေနဲ့ အခက်အခဲတွေက ဘာတွေလဲ၊ ဧဝံဂေလိအလုပ်ကို သူတို့ ဘယ်လို နောက်ဆက်တွဲလိုက်လုပ်နေသလဲ ဆိုတာတွေကို ကျွန်တော် တကယ် ရှာဖွေခဲ့တယ်။ အလုပ်ကို အသေးစိတ် စစ်ဆေးကြည့်လိုက်တော့ အရင်က မမြင်ခဲ့ရတဲ့ ပြဿနာတွေနဲ့ လမ်းလွဲနေတာတွေကို တွေ့လိုက်ရတယ်။ အသင်းတော်တချို့မှာ ဧဝံဂေလိအမှုဆောင်တွေ အရမ်းနည်းနေတယ်။ ဧဝံဂေလိအဖွဲ့ခေါင်းဆောင်တချို့က အလုပ်ကို ဘယ်လို နောက်ဆက်တွဲလိုက်လုပ်ရမလဲဆိုတာ မသိကြဘူး။ ပြီးတော့ ဧဝံဂေလိအမှုဆောင်တချို့က သမ္မာတရားကို နားမလည်ကြဘူး။ ဘုရားသခင်ရဲ့ အမှုတော်နဲ့ဆိုင်တဲ့ သမ္မာတရားတွေ အများကြီးကို သူတို့ ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုနိုင်ကြဘူး။ ဆိုလိုတာက ဘုရားသခင်ကို တကယ်ယုံကြည်တဲ့ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတချို့ဟာ သူတို့ရဲ့ အယူအဆတွေ မပြေလည်သွားလို့ ဆက်ပြီး စုံစမ်းလေ့လာချင်စိတ် မရှိကြတော့ဘူး။ ကျွန်တော်ရော၊ ကျွန်တော်နဲ့ အတူတွဲလုပ်တဲ့ ညီအစ်ကိုမောင်နှမတွေပါ အဲဒီပြဿနာတွေကို ပြုပြင်ဖို့အတွက် မိတ်သဟာယပြုကြတယ်။ ဧဝံဂေလိအမှုဆောင်တွေရဲ့ အလုပ်ကို ကျွန်တော်တို့ အသေးစိတ် နောက်ဆက်တွဲလိုက်လုပ်တယ်။ သူတို့ရဲ့ သက်သေခံချက်မှာ ရှိနေတဲ့ ပြဿနာတွေကို ထောက်ပြပြီး လမ်းပြပေးတယ်။ မိတ်သဟာယပြုပေးတယ်။ အတူတူ တွဲလုပ်ပြီး အချိန်အတိုင်းအတာတစ်ခုကြာတော့ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတချို့က ဆက်ပြီးတော့ စုံစမ်းလေ့လာချင်စိတ် ရှိလာပြီး နောက်ဆုံးမှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံလာကြတယ်။ အဲဒီအချိန်ကျမှ ကျွန်တော်တို့ရဲ့ အလုပ်ကတစ်ဆင့် အသေးစိတ်အချက်အလက်တွေထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး တကယ် နားလည်သဘောပေါက်မှသာ ပြဿနာတွေကို ရှာဖွေတွေ့ရှိပြီး ဖြေရှင်းနိုင်မယ်ဆိုတာကို ကျွန်တော် နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားတယ်။ အဲဒီကျမှပဲ ကျွန်တော့်စိတ်နှလုံးက သက်သာရာရပြီး ငြိမ်သက်သွားတော့တယ်။
တစ်ခါတော့ အသင်းတော်တစ်ခုရဲ့ ဧဝံဂေလိအလုပ်ကို ကျွန်တော် နောက်ဆက်တွဲလိုက်လုပ်နေခဲ့တယ်။ ဧဝံဂေလိအလုပ်က ရလဒ်မထွက်ဘဲ ညီအစ်ကိုမောင်နှမအများစုက နည်းနည်း အပျက်သဘောဆောင်နေတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေကို ဖြေရှင်းပေးဖို့ ကျွန်တော် စုဝေးပွဲတစ်ခု လုပ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဧဝံဂေလိတရား ဟောပြောရာမှာ ရှိနေတဲ့ ပြဿနာတွေကိုလည်း မိတ်သဟာယပြုပြီး ဖြေရှင်းပေးခဲ့တယ်။ တစ်ခဏကြာတော့ ဧဝံဂေလိအလုပ်က တိုးတက်မှုတချို့ ရှိလာတယ်။ ကျွန်တော် အရမ်းပျော်ပြီး “ညီအစ်ကိုမောင်နှမတွေက ငါ့ကို သေချာပေါက် အထင်ကြီးမှာပဲ။ နောက်ပိုင်းကျရင် အဖွဲ့ခေါင်းဆောင်တွေကိုပဲ နောက်ဆက်တွဲလိုက်လုပ်ခိုင်းလိုက်တော့မယ်” လို့ တွေးမိတယ်။ ဒီလိုတွေးမိလိုက်တော့ အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစေမဲ့ အလုပ်ကိုပဲ ကျွန်တော် လုပ်ခဲ့တာ၊ ပြဿနာတွေအများကြီးကို တကယ်တမ်း မဖြေရှင်းခဲ့တာတွေကို သဘောပေါက်သွားတယ်။ ဒီတစ်ခါတော့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေကို ဖြေရှင်းပေးပြီး ဒီအတိုင်း ထားလိုက်ရုံနဲ့ ကျွန်တော် မကျေနပ်နိုင်တော့ဘူး။ ဘယ်တာဝန်တွေကို ကောင်းကောင်းမွန်မွန် မပြီးသေးဘူးလဲ ဆိုတာကို ကျွန်တော် စဉ်းစားရမယ်။ ဘာတွေဖြစ်နေလဲဆိုတာကို သိဖို့ ကျွန်တော် တကယ် သွားကြည့်လိုက်တော့ ဒီအသင်းတော်မှာ ဧဝံဂေလိအမှုဆောင်တွေ မလောက်ငဘူးဆိုတာ၊ ဧဝံဂေလိအမှုဆောင်တချို့ရဲ့ တိုးတက်မှုက အရမ်းနှေးနေပေမဲ့ အဖွဲ့ခေါင်းဆောင်တွေက မကူညီ၊ မပံ့ပိုးဘူးဆိုတာကို တွေ့လိုက်ရတယ်။ ဧဝံဂေလိအလုပ်မှာ ဖြစ်ပေါ်တဲ့ လမ်းလွဲတာတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာကိုလည်း သူတို့ မသိကြဘူး။ ရလဒ်အနေနဲ့ ဧဝံဂေလိအလုပ်က လနဲ့ချီပြီး ရှင်းလင်းတဲ့ ရလဒ်တွေ မထွက်ခဲ့ဘူး။ နောက်ပိုင်းမှာ ဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာ အဖွဲ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး ဧဝံဂေလိအမှုဆောင်နည်းနည်းကို ရွေးထုတ်လိုက်တယ်။ အလုပ်ကို ဘယ်လို နောက်ဆက်တွဲလိုက်လုပ်ပြီး စီစဉ်ရမလဲဆိုတာ အဖွဲ့ခေါင်းဆောင်တွေကို သင်ပေးခဲ့ပြီး သူတို့ရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းပေးခဲ့တယ်။ တစ်ခဏကြာတော့ ဧဝံဂေလိတရား ဟောပြောခြင်းရဲ့ ရလဒ်တွေက ပိုပြီး တိုးတက်လာတာကို တွေ့ရတယ်။ ဒီရလဒ်ကို မြင်တော့ ကျွန်တော် အရမ်းပျော်ပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း နည်းနည်း အပြစ်တင်မိတယ်။ အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် အမြင်ကောင်းအောင် အလုပ်တွေ အများကြီး လုပ်ခဲ့လို့ ဧဝံဂေလိအလုပ်က တိုးတက်မှု မရှိခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် နည်းနည်း ပိုနားလည်ဖို့နဲ့ လက်တွေ့ကျတဲ့ အလုပ်ကို ဘယ်လို လုပ်ရမလဲဆိုတာ သင်ယူခွင့်ရဖို့အတွက် ဒီအခြေအနေကို အသုံးပြုခဲ့လို့ ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှောင်မော့ စပိန်နိုင်ငံ ၂၀၂၁ ခုနှစ်မှာ အသင်းတော်သုံးလေးခုရဲ့ အလုပ်တွေကို ကျွန်မ ဦးဆောင်ရတယ်။ ဒီအသင်းတော်တွေက တည်ထောင်တာ မကြာသေးဘူး။...
ဖန်းရှန့် တရုတ်နိုင်ငံ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ကျွန်မ အဖွဲ့ခေါင်းဆောင်အဖြစ်ရာထူးတိုးပြီးတော့ အဖွဲ့တချို့အတွက် ရေလောင်းပေးတဲ့ တာဝန်ကို...
အယ်လာ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀ အောက်တိုဘာမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ စုဝေးပွဲတွေကို...
မီလန် ဖိလစ်ပိုင်နိုင်ငံ ကျွန်မက အဲဒီနောက်မှာ တော်တော်စိတ်မကောင်းဖြစ်တယ်။ လက်မခံနိုင်ခဲ့ဘူး။ အထူးသဖြင့် ဘုရားသခင်ရဲ့...