မိမိတာဝန်ကို စွဲမြဲစွာလုပ်ခြင်း
ညီအစ်ကိုမောင်နှမများ ဘုရားသခင်ကို ချီးမွမ်းခြင်း တင်ဆက်ခြင်း၊ သီချင်းဆိုခြင်းနှင့် ကခုခြင်းတို့ကို မြင်သည့်အခါ၊ ကျွန်မ အလွန် အားကျခဲ့ဖူးသည်။ ဘုရားသခင်အတွက် သီချင်းဆိုရင်း သက်သေခံဖို့၊ စင်ပေါ်တက်ခွင့်ရမည့်နေ့ကို ကျွန်မ စိတ်ကူးယဉ်ခဲ့သည်။ ယင်းက အရမ်းဂုဏ်ရှိမည်ဟု ကျွန်မ ထင်ခဲ့မိသည်။ ထိုနေ့သည် ကျွန်မ ထင်သည်ထက် ပိုစောပြီး ရောက်လာခဲ့သည်။
၂၀၁၈ခုနှစ် မေလ၌၊ ကောင်းကင်နိုင်ငံတော်သီချင်း ဓမ္မတေး သံစုံကျူးပွဲတစ်ခုအတွက် အစမ်းလေ့ကျင့်ခြင်းများမှာ ကျွန်မ ပါခဲ့သည်။ သီချင်းဆိုသင်တန်းများ၊ အကသင်တန်းများ တစ်ခါမျှ မတက်ခဲ့ဖူးသောကြောင့်၊ လေ့ကျင့်ရခြင်းများက အစမှာ ကျွန်မအတွက် အလွန် ခက်သည်။ ကျွန်မက သီချင်းဆိုပါက၊ အရမ်း စိတ်လှုပ်ရှားပြီး မျက်နှာကလည်း တည်တည်ကြီး ဖြစ်နေတတ်သည်၊ ပြီးလျှင် ကသည့်အခါမှာလည်း ကျွန်မ အမြဲ စည်းချက်မကျပါ။ သို့ရာတွင် ကျွန်မ စိတ်မပျက်ပါ။ ဤကောင်းကင်နိုင်ငံတော်သီချင်းက ဘုရားသခင် ကြွလာခြင်း အကြောင်းကို လူသားအားလုံးအတွက် သက်သေခံချက် ဖြစ်သည်ဟု ခေါင်းထဲ ထည့်ပြီး၊ ကျွန်မ ချက်ချင်း နိုးကြွလာကာ ဆက်ပြီး ဆုတောင်းမိသည်။ သီချင်းကောင်းစွာ ဆိုနိုင်ဖို့နှင့် ကနိုင်ဖို့ အစွမ်းကုန်ကြိုးစားမည်ဟု ကျွန်မ ဆုံးဖြတ်လိုက်သည်။ ဘုရားသခင်က ကျွန်မကို နည်းနည်းချင်း လမ်းပြခဲ့ပြီး နှစ်လ သုံးလလောက်ကြာပြီးနောက်၊ ကျွန်မက အားလုံးကို နေသားကျလာသည်။ ညီအစ်ကိုမောင်နှမများ မျက်နှာအမူအရာ လေ့ကျင့်ခြင်းများမှာလည်း ကျွန်မက ဦးဆောင်လာသည်။ စိတ်ထဲမှာလည်း၊ “ငါ့အမူအရာတွေ၊ လှုပ်ရှားပုံတွေက အခုဆို တော်တော် ကောင်းနေပြီ။ ရိုက်ကူးရေး လုပ်ရင်၊ ငါ့ကို ရှေ့ဆုံးမှာ ထားမှာ သေချာတယ်၊ ငါ့ဇာတိက ညီအစ်ကိုမောင်နှမတွေ ကြည့်မိကြရင်လည်း၊ သူတို့တွေ တော်တော် စိတ်လှုပ်ရှားပြီး ပျော်ကြမှာ။ ငါ့ကို အားကျပြီး အထင်ကြီးကြမှာ သေချာတယ်။” ဟု တွေးလျက်၊ မိမိကိုယ်ကိုယ် တော်တော် ကျေနပ်လာသည်။ ယင်းကို တွေးမိတိုင်း၊ ကျွန်မ တော်တော် ပျော်ခဲ့ပြီး ကျွန်မ၏ တာဝန်အတွက် အတိုင်းမသိ အားအင်များရှိခဲ့သည်။ အစမ်းလေ့ကျင့်သည့် အချိန်တွင်ပင်၊ တစ်ကိုယ်လုံး ချွေးများ ရွှဲပြီး နာကျင်လာသည့်အထိ ကျွန်မက မနားသေးပါ။ လျော့ရိလျော့ရဲ လုပ်မိပါက၊ ရှေ့ဆုံးတန်းနေရာကို မရဘဲ၊ မိမိအစွမ်းအစကို ထုတ်ပြခွင့် နည်းသွားမည်ကို ကျွန်မက စိုးရွံ့ခဲ့သည်။ မည်မျှခက်ခဲပြီး၊ ပင်ပန်းပါစေ၊ အစွမ်းကုန်လုပ်ရမည်ကို ကျွန်မ သိသည်။ ဒါရိုက်တာက ရုပ်ရှင်ရိုက်ခါနီးသည့်အခါ၊ စင်ပေါ်မှာ ကျွန်မတို့၏ အနေအထားများကို အသေးစိတ် နေရာချပေးသည်။ ကျွန်မလည်း ပါဝင်တင်ဆက်သူစာရင်းကို ရင်တခုန်ခုန်နှင့် ဖွင့်ကြည့်ပြီး၊ ကျွန်မနာမည်ကို ရှာလိုက်ရာ၊ ကျွန်မက ခုနှစ်တန်းမြောက်မှာ ရှိသည်ကို တွေ့လိုက်ရသည်။ ခဏလောက် မိမိမျက်လုံးကိုပင် မယုံနိုင်ပါ။ ကျွန်မကို အဘယ့်ကြောင့် ဟိုးအနောက်ကို ပို့ထားသနည်း။ ဒါရိုက်တာများ အမှား လုပ်လိုက်သလား။ ကျွန်မ၏ မျက်နှာအမူအရာများ၊ လှုပ်ရှားပုံများက များစွာ ဆွဲဆောင်မှုရှိပြီး ညီအစ်ကိုမောင်နှမများ လေ့ကျင့်ဖို့ပင် ကျွန်မ ကူညီ ပေးနေခဲ့သေးသည်။ ကျွန်မအနေနှင့် ရှေ့ဆုံးက တစ်တန်းနှစ်တန်းမှာ ပါသင့်သည်ဟုသာ ထင်သည်။ ကျွန်မက အဘယ့်ကြောင့် အနောက်မှာ ရောက်နေရသနည်း။ ကျွန်မ ရုပ်ရှင်ထဲမပါလာပါက၊ ကျွန်မ၏ ရိုက်ကွက် တစ်ခုမှ မပါပါက၊ အခြားလူများက ကျွန်မကို တွေ့ပင်တွေ့မည် မဟုတ်ပေ။ ထိုအတွေးက ကျွန်မအား တကယ်ကို မကျေမနပ်ဖြစ်စေခဲ့သည်။ ထိုနောက်ပိုင်း ဇာတ်တိုက်ချိန်များမှာ၊ သီချင်းဆိုလည်း ကျွန်မ ပျော်ပျော်ရွှင်ရွှင် မရှိတော့သကဲ့သို့၊ ကသည့်အခါလည်း ခွန်အား မရှိတော့ပါ။ အထူးသဖြင့် အမူအရာများ၊ လှုပ်ရှားပုံများ မည်သည့်အရာမျှမကောင်းဘဲ၊ ရှေ့ဆုံးတန်း သုံးခုထဲ ရောက်နေသည့် ညီအစ်မအချို့ကို မြင်ပါက၊ ကျွန်မ အမြဲတမ်း စူပုပ်နေခဲ့မိသည်။ ကျွန်မ တကယ်ကို နားမလည်ခဲ့ပါ။ သူတို့က မည်သို့ဖြစ်ပြီး ကျွန်မထက် သာကြသနည်း။ ကျွန်မကို နောက်ထဲပို့ပြီး၊ သူတို့ကို အဘယ့်ကြောင့် ရှေ့တင်ထားရသနည်း။ ကျွန်မမှာ မနာလိုစိတ်များနှင့် ပြည့်နေပြီး ယင်းကို လက်မခံနိုင်ခဲ့ပါ။ လေ့ကျင့်မှုမှာ များသောအားဖြင့် ကျွန်မထက် သာသည့် ညီအစ်ကိုမောင်နှမအချို့က ပို၍ နောက်ဘက်ရောက်နေသည်ကိုပင် တွေ့ရသည်၊ သို့ရာတွင် ထိုအဖြစ်အပျက်က သူတို့ကို မည်သည့်အရာမျှ မထိခိုက်သည့်အလား၊ ဇာတ်တိုက်ချိန်များမှာ သူတို့ပုံစံက လုံးဝ အေးအေးဆေးဆေးပင် ဖြစ်သည်။ ကျွန်မ ဦးနှောက်ခြောက်ရသည်။ သူတို့က နောက်ဘက်မှာ ရောက်နေသည့်တိုင် နာခံတတ်ကြပြီး သူတို့တာဝန်ကို တက်တက်ကြွကြွ လုပ်ကြသောကြောင့်၊ ကျွန်မမှာမူ အဘယ့်ကြောင့် ခံရခက်လွန်းနေသနည်း၊ ပြီးလျှင် ကျွန်မက အဘယ့်ကြောင့် မနာခံနိုင်သနည်း။ ကျွန်မက တကယ်ကို အသိတရားမရှိသကဲ့သို့ ဖြစ်နေသလား။ ထိုအချိန်တွင် ကျွန်မ မိမိကိုယ်ကိုယ် အပြစ်တင်မိခဲ့သည်၊ သို့ရာတွင် သမ္မာတရားကို မရှာဖွေသေးသကဲ့သို့၊ မိမိကိုယ်ကိုယ်လည်း ပြန်မဆန်းစစ်သေးပါ။ လူများနေရာချပုံမှာ ကျွန်မ ရောက်နေသည့်နေရာကို ကျွန်မ လက်မခံနိုင်သေးပါ။
နှစ်ရက်သုံးရက်လောက် ကြာပြီးသည့်နောက်၊ ဒါရိုက်တာက လူနေရာချပုံကို အပြောင်းအလဲအချို့ လုပ်ပြန်သည်။ ကျွန်မလည်း ကျိတ်၍ ဝမ်းသာပြီး ကျွန်မကို ရှေ့ပြန်ပို့မည် ဟုတ်မဟုတ်ကို သိချင်မိသည်။ သို့ရာတွင် ကျွန်မမြင်ရသည့်အခါမှာ၊ တကယ်ကို ငိုချင်သွားပါသည်။ ကျွန်မ နောက်ဆုံးအတန်းမှာ အထားခံရပြီး၊ ကင်မရာက ကျွန်မကို မြင်ဖို့ခဲယဉ်းသည့် ဟိုးအစွန်ဆုံးမှာ ဖြစ်သည်။ ကျွန်မ ပိုပြီး မယုံနိုင်မိသည်မှာ အစမ်းလေ့ကျင့်ခြင်း မကြာသေးသည့် ညီအစ်မအချို့ကို ကျွန်မရှေ့မှာ ထားသည့်ကိစ္စ ဖြစ်သည်။ ကျွန်မရင်ထဲမှာ ဗလောင်ဆူပြီး၊ လဲကျမတတ် ဖြစ်ခဲ့ရသည်။ ရုပ်ရှင်မှာ ပါနိုင်ဖို့အလို့ငှာ၊ မျက်နှာအမူအရာများ၊ လှုပ်ရှားပုံများကို ကျွန်မက ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်၊ ထို့ကြောင့် ကျွန်မ၏ မျက်နှာကို တစ်စက်မှ ပြခွင့် မရှိသည့် မထင်ပေါ်သည့်နေရာမျိုးမှာ အဘယ့်ကြောင့် ချောင်ထိုးခံရသနည်း။ ကျွန်မက အရံသက်သက် ဖြစ်သွားမည် ဖြစ်သည်။ မည်သည့်အတွက်များ ပွဲထဲမှာ ပါနေရသေးသနည်း။ ကျွန်မသာ ကြိုသိခဲ့ပါက၊ အစမ်းလေ့ကျင့်ခြင်းများမှာ အရမ်းကြီး ကြိုးစားခဲ့မည် မဟုတ်ပါ။ ကျွန်မ ခံစားချက်များကို မထိန်းနိုင်သကဲ့သို့ ဖြစ်လာပြီး ဤအဖြစ်ကိုလည်း လက်ကို မခံနိုင်ပါ။ လေ့ကျင်သည့် နောက်နှစ်ရက် သုံးရက်အတွင်းမှာ၊ ကျွန်မ ခြေခေါက်သွားခြင်းနှင့် အဆုံးသတ်ပါသည်။ ကျွန်မက “အခု ငါ ခြေထောက် ခေါက်သွားပြီဆိုတော့ နားလို့ရပြီ၊ ကိုယ့်ကိုယ်ကိုယ် နေ့တိုင်း အပင်ပန်းခံစရာမလိုတော့ဘူး။ ငါက ဘယ်သူမှ မမြင်နိုင်တဲ့ နောက်ဘက်မှာ နေရတာလေ။ ဘာလို့ အရမ်း ကြိုးစားနေမှာလဲ။” ဟု စဉ်းစားကြည့်သည်။ ထိုအချိန်စပြီး ကျွန်မ နောက်ကျမှလာသည်၊ စောစောပြန်သည်၊ ပြီးလျှင် ဇာတ်တိုက်ခြင်း များလွန်းလာပါက၊ ဘေးထွက်ပြီး နားနေလိုက်သည်။ ဤသည်ကို မြင်လျက်၊ ညီအစ်မအချို့က ကျွန်မကို “ရိုက်ကူးရေး လုပ်တော့မှာနော်။ ဒီရက်တွေမှာ မလေ့ကျင့်ထားဘူးဆိုရင်၊ ညီမက တခြားလူတွေနဲ့ အံဝင်ခွင်ကျ ဖြစ်တော့မှာမဟုတ်ဘူး။ အစ်မတို့ အချိန်ဆွဲလို့ မရဘူးလေ။” ဟု သတိပေးကြသည်။ ဤသည်ကို ကြားရသည်မှာ၊ အနည်းငယ် စိတ်ညစ်မိပြီး အားနာသလိုလည်း ဖြစ်မိသည်။ ရက် ၂၀ အတွင်းမှာ ရိုက်တော့မည်ကို ကျွန်မ သိသောကြောင့်၊ ကျွန်မက ကြိုးစားပြီး မလေ့ကျင့်ပါက၊ အစီအစဉ်တစ်ခုလုံး နှောင့်နှေးကုန်မည် ဖြစ်သည်။ ကျွန်မက အနှောင့်အယှက် ပေးသကဲ့သို့ ဖြစ်မည်။ ကျွန်မမှာ ရုတ်တရက် ကြောက်စိတ် ဝင်လာသည်။ ကျွန်မက အဘယ့်ကြောင့် အကျင့်ပျက်လွန်းရသနည်း။ နောက်ဘက်ကို ပို့ခံရပြီး၊ မိမိအစွမ်းအစကို ပြခွင့်မရတော့ကတည်းက၊ ကျွန်မက ဆင်ခြေများ ပေးပြီး၊ အာခံနေပြီး ကျွန်မ၏တာဝန်အတွက် စိတ်ခွန်အား ပျောက်သွားခြင်းဖြစ်သည်ကို ပြန်ဆင်ခြင်ကြည့်ခြင်းမှတစ်ဆင့် ကျွန်မ သဘောပေါက်မိသည်။ ကျွန်မက အလုပ်ကို ဝတ်ကျေတမ်းကျေ သဘောနှင့်၊ တတ်နိုင်သမျှ အနည်းဆုံး လုပ်နေခဲ့ခြင်းဖြစ်သည်။ ကျွန်မက ဘုရားသခင်ကို အာခံပြီး၊ ရန်လိုနေခဲ့ခြင်းဖြစ်သည်။ ခြေခေါက်ခြင်းကလည်း ပိုပိုပြီး ဆိုးလာသည်မှာ၊ ယင်းက ကျွန်မကို ဘုရားသခင်က ဆုံးမပဲ့ပြင်နေခြင်းလည်း ဖြစ်နိုင်သည်။ ကျွန်မ ကိုယ်ရည်သွေး ပြ၍ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဆက်ပြီးသာ အာခံနေပါက၊ ကျွန်မ စင်ပေါ်တက်ရမှာ မဟုတ်သကဲ့သို့၊ ကျွန်မ တာဝန်ကိုပင် ဆုံးရှုံးရနိုင်သည်။ ကျွန်မလည်း နာကျင်ခြင်း၊ မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း ဖြစ်ပြီး၊ ထိုညမှာ “အို ဘုရားသခင်၊ ကျွန်မက နောက်ဆုံးတန်းကို ပို့ခံရတာကိုမြင်ပြီးကတည်းက၊ တကယ်ကို စိတ်ပျက်နေခဲ့တယ်၊ မကျေနပ်ချက်တွေ အပြည့်နဲ့၊ မနာခံနိုင်ခဲ့တဲ့အပြင်၊ အလုပ်မှာ ပျက်ကွက်ရင်း၊ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်းမွန်မွန် မလုပ်ခဲ့ပါဘူး။ ကျွန်မ ဘယ်လောက် ပုန်ကန်ချင်ပြီး၊ ကိုယ်တော့်ကို ဘယ်လောက် စိတ်ပျက်စေခဲ့တယ်ဆိုတာ ကျွန်မ တွေ့ပါပြီ။ ဘုရားသခင်၊ ကျွန်မကို ဒီအခြေအနေကနေ လွတ်အောင်၊ ကျေးဇူးပြုပြီး လမ်းပြတော်မူပါ။” ဟု ဘုရားသခင်ထံ ဒူးထောက် ဆုတောင်းမိသည်။
ထို့နောက်မှာ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ရသည်။ “ရာထူး မျက်နှာ သို့မဟုတ် နာမည်ဂုဏ်သတင်းတို့ကို့ ထိုအရာက ပတ်သက်မိသည်နှင့်တပြိုင်နက်၊ လူတိုင်း၏ စိတ်နှလုံးများက မျှော်လင့်စောင့်စားချက်ဖြင့် ခုန်တက်သွားကြပြီး သင်တို့အသီးသီးက ထင်ပေါ်ချင်ကြသည်၊ ကျော်ကြားချင်ကြပြီး အသိအမှတ်ပြုခံချင်ကြသည်။ လူတိုင်းက အလျှော့ပေးရန် မလိုလားကြ၊ ယင်းအစား ယှဉ်ပြိုင်ခြင်းက စိတ်ကသိကအောက်ဖြစ်စေကာ ဘုရားအိမ်တော်ထဲတွင် ခွင့်မပြုထားသော်လည်း အမြဲ ဖက်ပြိုင်ချင်ကြသည်။ သို့သော်၊ ယှဉ်ပြိုင်မှုမရှိဘဲ သင်တို့သည် မရောင့်ရဲနိုင်ကြသေး။ တစ်စုံတစ်ဦးက ထင်ပေါ်သည်ကို သင်မြင်သည့်အခါ၊ မနာလိုဝန်တိုမှုကို သင်ခံစားရသည်၊ မုန်းတီးမှုကို ခံစားရပြီး ယင်းမှာ မျှတခြင်းမရှိဟု သင်ခံစားရသည်။ ‘ဘာကြောင့် ငါ မထင်ပေါ်နိုင်ရတာလဲ။ အဲဒီလူက ဘာလို့ အမြဲ ထင်ပေါ်ရတဲ့သူဖြစ်ရပြီး ငါ့အလှည့် ဘယ်တော့မှ မရောက်ရတာလဲ။’ ထို့နောက် သင်သည် မကျေမချမ်းမှုအနည်းငယ် ခံစားရ၏။ ယင်းကို သင် ချုပ်တည်းရန် ကြိုးစားသော်လည်း သင် မတတ်နိုင်။ ဘုရားသခင်ထံ သင် ဆုတောင်းပြီး တစ်ခဏမျှ သင် သက်သာသလို ခံစားရသော်လည်း နောက်ပိုင်းတွင်၊ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို တစ်ဖန် သင် ကြုံရသည်နှင့်တစ်ပြိုင်နက် ယင်းကို သင် မကျော်လွှားနိုင်ပေ။ ဤအရာက ရင့်ကျက်မှုမရှိသည့် ဝိညာဉ်အသက်တာ အခြေအနေကို ပြသသည် မဟုတ်လော။ ထိုသို့သော အခြေအနေတွေထဲ လူတစ်ဦး ကျဆင်းရခြင်းသည် ထောင်ချောက် တစ်ခုမဟုတ်လော။ ဤသည်တို့မှာ လူသားများကို ချည်နှောင်သော စာတန်၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝ၏ အချုပ်အနှောင်များ ဖြစ်ကြသည်။ အကယ်၍သာ လူတစ်ဦးသည် ထိုဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထားများကို ဖြတ်ချပြီးပါက သူသည် လွတ်လပ်ကာ လွတ်မြောက်သွားပြီ မဟုတ်ပါလော။ ဤအရာကို စဉ်းစားကြည့်လော့- အကယ်၍သာ ထိုသူသည် ယင်းအခြေအနေများထဲ အမိဖမ်းခံရခြင်းမှ ရှောင်လိုကာ ၎င်းတို့မှ လွတ်ကင်းနိုင်လိုပြီး ယင်းအရာများ၏ စိတ်သောကများနှင့် အချုပ်အနှောင်မှ လွတ်မြောက်နေလိုလျှင် ထိုသူသည် မည်ကဲ့သို့သော အပြောင်းအလဲများကို လုပ်ရမည်နည်း။ လူတစ်ဦးသည် အမှန်တကယ် မလွတ်လပ်နိုင်ခင်၊ မလွတ်မြောက်နိုင်ခင် အဘယ်အရာကို ရယူရမည်နည်း။ တစ်ဖက်တွင် သူရိပ်စားမည့်ရမည်မှာ- ဂုဏ်သတင်း၊ အခွင့်အလမ်းနှင့် ရာထူးဂုဏ်သိန်များသည် လူတို့အား ဖောက်ပြန်ပျက်စီးစေရန်၊ ထောင်ချောက်ဆင်ဖမ်းရန်၊ ဒုက္ခပေးရန်နှင့် စာရိတ္တပျက်ပြားလာစေရန် စာတန် အသုံးပြုသော ကိရိယာများနှင့် နည်းလမ်းများသာဖြစ်သည်။ သဘောတရားအရ သင်သည်ပထမဆုံး၎င်းအား ရှင်းလင်းစွာနားလည်အောင် လုပ်ရမည်။ ထိုထက်မက သင်သည်ယင်းအရာများကို စွန့်လိုက်ပြီး ဘေးဖယ်ထားရန် သင်ယူရမည်။...သို့မဟုတ်လျှင်၊ သင် ပိုမို ကြိုးပမ်းလေလေ၊ အမှောင်ထုက သင့်ကို ဝိုင်းရံ လေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မနာလို ဝန်တိုမှုနှင့် မုန်းတီးမှုတို့ကို သာ၍ သင်ခံစားရလေလေဖြစ်ကာ သင်၏ ရယူလိုသည့်စိတ်ဆန္ဒက ပို၍သာ သန်မာလာလိမ့်မည်ဖြစ်သည်။ သင်၏ ရယူလိုသည့်ဆန္ဒ ပိုမိုသန်မာလေလေ၊ ထိုသို့လုပ်ဆောင်နိုင်စွမ်း လျော့နည်းလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ရရှိမှုလျော့နည်းသည်နှင့်အမျှ သင်၏ မုန်းတီးမှု တိုးပွားလေလေ ဖြစ်လိမ့်မည်။ သင်၏ မုန်းတီးမှု တိုးပွားသည်နှင့်အမျှသင်သည် အတွင်း၌ ပိုတိုး၍ မှောင်မိုက်လေလေ ဖြစ်မည်။ အတွင်း၌ သင် မှောင်မိုက်လေလေ၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေဖြစ်ပြီး၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေ၊ သင် အသုံးဝင်မှု လျော့နည်းလေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ ချိတ်ဆက်ထားသော ရုန်းမထွက်နိုင်သည့် ဝဲသြဃ ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို မည်သည့်အခါတွင်မျှ ကောင်းစွာ မဆောင်ရွက်နိုင်ပါက၊ တဖြည်းဖြည်း ဖယ်ရှားခံရလိမ့်မည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဤသည်က ကျွန်မကို အနည်းငယ် နိုးထလာစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ကိုယ်ပိုင် အခြေအနေကို တိတိကျကျ ထုတ်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဓမ္မတေးသံစုံအဖွဲ့မှာ ပါဝင်ပြီး၊ လုပ်ရိုးလုပ်စဉ်များမှာ ကျွန်မက ပိုပြီး ကျွမ်းကျင်လာခြင်း၊ အခြားသူများကို အမူအရာလေ့ကျင့်ဖို့ ဦးဆောင်ပေးရခြင်း ဖြစ်လာသည့်အခါ၊ ကျွန်မကိုယ်ကျွန်မ သူတို့ထက် တင်ဆက်ခြင်း၌ ပိုတော်သည်၊ ပြီးလျှင် ရိုက်ကူးရေးမှာ ကျွန်မက ရှေ့ဆုံးက ပါရမည်ဟု ခံစားမိလာသည်။ ရိုက်ကူးရေးမှာ မိမိအရည်အသွေးကို ပြလို့ရတော့မည်ဟူသည့်အတွေး ရှိနေစဉ်က၊ ကျွန်မ၏ တာဝန်အတွက် ခွန်အားများ ပြည့်လျှံနေခြင်းဖြစ်သည်။ မိမိဘာသာ ပင်ပင်ပန်းပန်း ကြိုးစားရသည်ကို ပျော်နေခဲ့ပြီး အမူအရာများ၊ လှုပ်ရှားပုံများ လေ့ကျင့်ဖို့သာ အာရုံစိုက်ခဲ့သည်။ သို့ရာတွင် ကျွန်မ၏နေရာက နောက်ဘက်ကို ရောက်ရောက်သွားတော့၊ အစွမ်းပြမည်ဆိုသည့် ကျွန်မ၏ မျှော်လင့်ချက်များလည်း တစ်စစီ ဖြစ်ကုန်သည်။ ကျွန်မက ဒါရိုက်တာ၏အစီအစဉ်များကို အာခံခဲ့ပြီး မိမိရှေ့မှာ ရှိနေသည့်သူများကို လက်မခံချင်ပါ။ သူတို့ကို မနာလိုဖြစ်ခဲ့သည်။ ကျွန်မ နားလည်မှုလွဲပြီး၊ ညည်းညူခဲ့သည်၊ မတရားပါဟု ကျွန်မ ခံစားခဲ့ရသည်၊ ကျွန်မက ဘုရားသခင်ကို စောဒကတက်ဖို့၊ ပြိုင်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်ပြီး အပျက်သဘောဆောင်လာကာ၊ ကျွန်မ၏တာဝန်မှာ ပေါ့ဆလာသည်။ ကြိုးစားပမ်းစား လေ့ကျင့်မိခြင်းကိုပင် နောင်တရခဲ့သည်။ ကျွန်မ၏ ရည်ရွယ်ချက်များနှင့် အပြုအမူများကို ပြန်ဆန်းစစ်သည့်အခါ၊ ကျွန်မက ဘုရားသခင်၏အလိုတော်ကို အရေးထားပြီး၊ မိမိတာဝန်ကို လုပ်နေခဲ့ခြင်း မဟုတ်သကဲ့သို့၊ ကိုယ်တော့်ကို သက်သေခံဖို့ လုပ်နေခဲ့ခြင်းလည်း မဟုတ်သည်ကို မြင်မိသည်။ ထိုအစား ကျွန်မ ထင်ပေါ်နိုင်မည့်၊ အခြားသူများ အထင်ကြီးလာမည့် ထိုအခွင့်အရေးကို လိုချင်ခဲ့ခြင်းဖြစ်သည်။ ကျွန်မက မိမိနာမည်နှင့် အဆင့်အတန်းအတွက်သာ အားတက်သရော ကြိုးစားနေခြင်း မဟုတ်ပါလား။ ကျွန်မက အရမ်း အတ္တကြီးပြီး စက်ဆုပ်စရာကောင်းသည်။ ဓမ္မတေးသံစုံအဖွဲ့မှာ ပါဝင်ခွင့်ရသည်ကို၊ ဘုရားသခင်က ကျွန်မကို ချီးမြှောက်နေခြင်း ဖြစ်သော်လည်း၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ပြီး၊ မိမိတာဝန်ကို မည်သို့ကောင်းအောင် ထမ်းဆောင်ရမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေရမည်တို့ကို မတွေးခဲ့ပါ။ ထိုအစား ကိုယ်ရည်သွေးဖို့သာ အားကုန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ကျွန်မ ကိုယ်ရည်မသွေးနိုင်သည့် အချိန်မှာ၊ စိတ်ညစ်ပြီး စောဒကတက်သည်။ ကျွန်မက ပို၍ ပို၍ မှောင်မှိက်သည့် အခြေအနေထဲကို ကျရောက်ခဲ့သည်။ ကျွန်မ၏တာဝန်ကို တော်ရိလျော်ရိ လုပ်ရင်း၊ အဆုံးသတ်သွားသည်၊ ယင်းက ဘုရားသခင်ကို ရွံရှာစေပါသည်။ စာတန်၏ ကွန်ရက်ထဲကို ကျွန်မ လဲကျခဲ့ခြင်း မဟုတ်ပါလား။ စင်ပေါ်တက်ခွင့် မရကြသော်လည်း၊ နောက်ကွယ်မှာ မိမိတာဝန်ကိုမိမိ လုပ်ခဲ့ကြသည့် ညီအစ်ကို မောင်နှမများအကြောင်း ကျွန်မ စဉ်းစားကြည့်သည်၊ သူတို့က မိမိတာဝန်များကို စွဲစွဲမြဲမြဲလုပ်ပြီး၊ မညည်းမညူနှင့် အလုပ်ကြိုးစားကြခြင်းဖြစ်သည်။ သူတို့နှင့် ယှဉ်လိုက်ပါက၊ ကျွန်မက မည်သည့်အရာမျှမဟုတ်ပါ။ ကျွန်မက အကောင်းနှင့် အဆိုးကို မသိဘဲ၊ ဘုရားသခင်ကို များစွာ ကျေးဇူးကြွေး တင်နေသည်ကို ခံစားမိသည်။ ပုန်ကန်လွန်းခြင်းကို ကျွန်မ ဆက်မဖြစ်ချင်တော့ပါ။ ဘုရားသခင်ထံတွင် နောင်တရချင် ခဲ့ပါသည်။
ထို့နောက်မှာ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရသည်။ “သင်သည် အခြားသူတို့ကို ထောက်ခံဖို့ နှင့် သူတို့ကို ထင်ပေါ်ခွင့်ပေးဖို့ရန် ဤအရာများကို လက်လွှတ်ဖို့နှင့် ဘေးဖယ်ထားဖို့ သင်ယူရမည်။ ထင်ပေါ်ဖို့ သို့မဟုတ် ဂုဏ်အသရေကို ရရှိရန် အခွင့်အရေးတစ်ခုကို သင် ကြုံရသည့်အခိုက်တွင် အခွင့်အရေးယူဖို့ မကြိုပမ်းနှင့်၊ သို့မဟုတ် လောမကြီးနှင့်။ စွန့်လွှတ်ဖို့ရန် သင် သင်ယူရမည်၊ သို့သော် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းအား နှောင့်နှေးရမည်မဟုတ်။ တိတ်တဆိတ် မထင်ပေါ်ခြင်းဖြင့် အလုပ်လုပ်ပြီး သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ဆောင်ရွက်စဉ် အခြားသူများကို မကြွားဝါသော လူတစ်ဦး ဖြစ်လော့။ သင်၏ သိက္ခာနှင့် အဆင့်အတန်းတို့ကို သင် လက်လွှတ်လေလေ၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို သင် လက်လွှတ်လေလေ၊ ပိုငြိမ်းချမ်းမှုရှိလေလေ ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးအတွင်း၌ နေရာပိုပွင့်လာလေလေဖြစ်ကာ သင်၏အခြေအနေ ပိုတိုးတက်လာလေလေ ဖြစ်လိမ့်မည်။ သင် ပိုမိုကြိုးပမ်းပြီး ယှဉ်ပြိုင်လေလေ၊ သင်၏ အခြေအနေက ပိုမိုမှောင်မိုက်လေလေ ဖြစ်လိမ့်မည်။ သင်မယုံလျှင် စမ်းကြည့်လော့။ ဤအခြေအနေမျိုးကို သင် ပြောင်းလဲလိုပြီး ဤအရာများအားဖြင့် အထိန်းအချုပ်မခံလိုလျှင်၊ ယင်းတို့ကို သင် ဦးစွာ ဘေးဖယ်ထားပြီး စွန့်လွှတ်ရမည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းတစ်ခု ပေးပါသည်။ ကျွန်မ တစ်ဖန် ကိုယ်ရည်သွေးချင်သည့်အချိန်တိုင်း၊ ဘုရားသခင်ထံ ဆုတောင်းပြီး၊ မိမိကိုယ်ကိုယ် ပစ်ပယ်ရသည်၊ ကိုယ်ပိုင်ဆန္ဒများကို လက်လွှတ်ရပြီး ဘုရားသခင်၏သတ်မှတ်ချက်များနှင့်အညီ ကျွန်မ၏တာဝန်ကို မည်သို့လုပ်နိုင်မည်ကို ပိုတွေးကာ၊ ကျွန်မ၏ လှုပ်ရှားပုံများ မှန်ကန်အောင်၊ သီချင်းများ ကောင်းစွာ သီဆိုနိုင်အောင် လုပ်သည်။ ဤသည်မှာ ကျွန်မ လုပ်ဖို့ လိုအပ်ခဲ့သည့်အရာ ဖြစ်သည်။ ကျွန်မအနေနှင့် ရှေ့မှာ နေရသည်ဖြစ်စေ၊ နောက်မှာ နေရသည်ဖြစ်စေ၊ ကောင်းကင်နိုင်ငံတော်သီချင်း၌ ပါဝင်ခွင့်ရခြင်းသည် ဖန်ဆင်းခံတစ်ယောက်၏တာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သည်ကို ကျွန်မ သဘောပေါက်သွားသည်။ လူများအနေနှင့် သူတို့၏တာဝန်မှာ ဆက်ကပ်အပ်နှံထားခြင်း ရှိမရှိကို၊ ဘုရားသခင်က သူတို့ရသည့်နေရာများအပေါ် အခြေခံပြီး မဆုံးဖြတ်ဘဲ၊ သူတို့၏ ရိုးသားစစ်မှန်မှု၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို နာခံမှု ရှိမရှိတိူ့ပေါ်တွင်သာ အခြေခံပြီး ဆုံးဖြတ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ပြီးနောက်မှာ ကျွန်မ များစွာပို၍ စိတ်အေးသက်သာ ရှိပြီး ဤဆုတောင်းချက်ကို ဆိုခဲ့သည်။ “ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်မ နောက်ထပ် ပုန်မကန်ချင်တော့ပါဘူး။ ကျွန်မ ဘယ်နေရာမှာပဲရှိရှိ၊ ဘယ်သူမှ မမြင်နိုင်တဲ့ ဟိုးနောက်ဆုံးကိုပဲ ရောက်နေရင်တောင်မှ၊ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ချင်ပါတယ်။”
ထိုနောက်ပိုင်း ဇာတ်တိုက်ခြင်းများတွင် ကျွန်မက နောက်ဆုံးနှစ်တန်းမှာသာ အမြဲ ရှိခဲ့သည်။ ထိုနည်းလမ်းဖြင့် ကျွန်မသည် ရိုက်ကူးရေးမှာ တစ်ကွက်မှ ပါတော့မည် မဟုတ်သည့်အပြင်၊ မည်သူကမျှ အားကျတောမည် မဟုတ်သည်ကို တစ်ခါတစ်ရံ အတွေးပေါ်လာပြီး၊ ကျွန်မ အနည်းငယ် စိတ်ပျက်မိသည်။ သို့ရာတွင် ထိုအချိန်များမှာ ဘုရားသခင်ကို ကျွန်မ ကမန်းကတန်း ဆုတောင်းပြီး၊ ကျွန်မ၏ စိတ်နှလုံးကို ငြိမ်သက်ပေးဖို့ သူ့ကို ကျွန်မ တောင်းလျှောက်ခဲ့ကာ ကျွန်မ သီဆိုရသည့် စာသားတိုင်းမှာ ဘုရားသခင် လိုအပ်သည့်အရာကို မည်သို့ဖော်ပြလို့ရမည်၊ အကပညာအရ မည်သို့ အင်ပြည့်အားပြည့် ကရမည်တို့ကို သေချာတွေးတောကြည့်သည်။ ကျွန်မ၏ စိတ်နှလုံးကို ဤအရာများထဲ စပြီး မြှုပ်နှံလိုက်သည်နှင့်၊ ကျွန်မက ဘုရားသခင်နှင့် အလွန် နီးကပ်သွားသကဲ့သို့ ခံစားရပြီး ကျွန်မကို မည်သည့်နေရာတွင် ထားပါစေ၊ ဂရုမစိုက်တော့ပါ။ မယုံနိုင်လောက်အောင်ပင်၊ ရိုက်ကူးရေးက ပို၍ နီးလာလေလေ၊ ကျွန်မက တဖြည်းဖြည်းနှင့် ရှေ့ကို ပို့ခံရလေလေ ဖြစ်လာသည်၊ ပြီးလျှင် ကျွန်မအတွက်လည်း ရိုက်ကွက်လေးအနည်းငယ် ပေးသည်။ လက်တွေ့လုပ်ဆောင်ဖို့ ထိုအခွင့်ကို ပေးသည့်အတွက် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ပါသည်။ ရိုက်ကူးရေးရက်များ တစ်လျှောက်လုံး၊ ကျွန်မ၏ ကျေးဇူးသိစိတ်ကို မြဲအောင် ထိန်းထားခဲ့သည်။ ကျွန်မ၏တာဝန်မှာ မည်သည့်နောင်တမျှ ရှိမလာအောင်၊ ရိုက်ကွက်တိုင်းမှာ ကျွန်မ၏စိတ်နှလုံးကို ထည့်ထားဖို့သာ အာရုံစိုက်သည်။ နောက်ဆုံးရိုက်ကွက်မှာ၊ ကျွန်မကို ကင်မရာနှင့်အနီးဆုံး ရှိသည့် ရှေ့ဆုံးတန်းကို ပို့ပါသည်။ ကျွန်မ ယုံပင် မယုံနိုင်ပါ။ ယင်းက ကျွန်မအတွက် ဂုဏ်ယူစရာ ဖြစ်သည်။ ဘုရားသခင်ကို ကျွန်မ အကြိမ်ကြိမ် ကျေးဇူးတင်ပြီး၊ အလုပ်ကောင်းကောင်း လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့သည်။ ရှေ့ဆုံးတန်းကို ပျော်ပျော်ကြီး လျှောက်သွားသည့်အချိန်မှာ၊ မီးများအားလုံးက ကျွန်မကို ထိုးထားကာ ကင်မရာများအားလုံးက ကျွန်မကို ချိန်ထားသည်။ ညီအစ်မတစ်ယောက်က အပြေးအလွှား လာပြီး၊ ကျွန်မ၏အဝတ်အစားကို ဆန့်ပေးသည်၊ မိတ်ကပ် တို့ပေးသည်၊ ဆံပင်ကို ပြင်ပေးသည်။ ကျွန်မက အဓိက အာရုံစိုက်ခံရပြီး လူတိုင်းက ကျွန်မကို ကြည့်နေသည်ဆိုသည့် ဤခံစားချက်က ရုတ်တရက် ပေါ်လာကာ၊ စိတ်လှုပ်ရှားခြင်းကိုလည်း မဖုံးဖိနိုင်ခဲ့ပါ။ ရှေ့ဆုံးတန်းမှာ နေရဖို့ကို၊ အိပ်မက်ထဲမှာပင် မမက်ခဲ့ပါ။ ထိုအခန်းရိုက်ခြင်းကသာ ကောင်းကောင်းမွန်မွန် ဖြစ်ခဲ့ပါက၊ လူများစွာတို့က ကျွန်မကို မြင်ပြီး၊ ကျွန်မလည်း တကယ် နာမည်ကြီးလိမ့်မည်ဟု တွေးမိသည်။ ထိုအတွေးကို တဖြည်းဖြည်းနှင့် တကယ် သဘောကျလာသည်။ ခံစားချက်မှာမူ ပြောမပြနိုင်အောင် ဖြစ်သည်။ ထိုအတွေးနှင့်၊ ကျွန်မက အခြေအနေမှန်မှာ မရှိနေကြောင်းနှင့် ကျွန်မ ကိုယ်ရည်သွေးနေပြန်ပြီဖြစ်ကြောင်းတို့ကို ကျွန်မ ရုတ်တရက် နားလည်သဘောပေါက်လိုက်သည်။ ဘုရားသခင်ထံ ချက်ချင်း ဆုတောင်းပြီး၊ မိမိကိုယ်ကိုယ် ပစ်ပယ်လိုက်ရသော်လည်း၊ ကျွန်မ၏ မမှန်ကန်သည့် အတွေးကို မဖိနှိပ်နိုင်သည့်အပြင်၊ စိတ်တည်ငြိမ်အောင်လည်း လုပ်၍မရခဲ့ပါ။ ရိုက်ကွက် နှစ်ခုသုံးခုလောက် ဆက်တိုက်ရိုက်သွားသော်လည်း၊ စိတ်ပါအောင် ကြိုးစား၍မရပါ။ ထို့နောက်မှာ ဒါရိုက်တာက ကျွန်မတို့ကို စိတ်နှစ်ထားဖို့ သတိပေးသည်။ ကျွန်မ၏ မျက်နှာအမူအရာများ လွဲနေသည်ကို ဒါရိုက်တာတွေ့ပြီး၊ ကျွန်မကို အနောက်ပြန်ပို့မည်ကို ကျွန်မ စပြီး စိတ်ပူလာခဲ့သည်။ ကျွန်မ ကိုယ်ရည်သွေးဖို့ အခွင့် ဆုံးရှုံးရမည်ကို စိတ်ပူလာသည်။ သို့ရာတွင် ကျွန်မ၏ ကိုယ်ကျိုးအတွက်သာ အမြဲတမ်း ကြည့်၍မရဘဲ၊ ကျွန်မ၏ တာဝန်ကို ကောင်းစွာ လုပ်နိုင်ဖို့၊ မိမိအခြေအနေကို မည်သို့ပြုပြင်မည်ကို အာရုံစိုက်ဖို့လိုသည်ကိုလည်း နားလည်ပါသည်။ ကျွန်မ၏တာဝန်ကို ကောင်းစွာ လုပ်လိုခြင်းနှင့် ကိုယ်ရည်သွေးခွင့် ဆုံးရှုံးမည်ကို စိုးရိမ်ခြင်းတို့ ကြားမှာ၊ စိတ်က ပဋိပက္ခ ဖြစ်နေသည်။ ကျွန်မ အလွန်အမင်း စိတ်လှုပ်ရှားခဲ့ရသည်။ ရိုက်ကွက်ငါးခုကို ဆက်တိုက် ရိုက်သွားကြသော်လည်း၊ ကျွန်မက စိတ်နှစ်လို့မရသေးဘဲ၊ တောင့်တောင့်ကြီး ဖြစ်နေသည်။ အခြားညီအစ်မများက ရိုက်ကူးရေးမှ သူတို့ သိလာသည့်အရာများ အကြောင်းကို တက်တက်ကြွကြွ ပြောနေသည်ကိုမြင်ရပြီး၊ အချို့ဆို စိတ်လှုပ်ရှားလွန်း၍ ငိုနေကြသည်ကို ကျွန်မ မြင်သော်လည်း၊ ကျွန်မစိတ်များကို ပြန်စု၍မရခဲ့ပါ။ ကျွန်မက အလွန် စိတ်ဓာတ်ကျပြီး၊ အမြန် ထွက်လာခဲ့သည်။
အပြင်ကို ထွက်လာရင်းနှင့်၊ ရိုက်ကူးရေးမှာ ကျွန်မ ကောင်းစွာ မလုပ်ခဲ့ခြင်းအတွက် အပြစ်ရှိသကဲ့သို့ ခံစားရသည်။ အခြားသူများ အားလုံးက ဘုရားသခင်ကို သူတို့၏ ရိုးသားသည့် စိတ်နှလုံးများနှင့် အပြစ်ကင်းသည့် အပြုံးများကို ပေးကြသော်လည်း၊ ကျွန်မကမူ ကိုယ်ရည်သွေးဖို့ကိုသာ စွဲစွဲလမ်းလမ်း ဖြစ်နေသည်။ ကျွန်မ၏ တင်ဆက်ပုံက ဘုရားသခင်ကို သက်သေခံဖို့ လုံးဝ မလုံလောက်ခဲ့သကဲ့သို့၊ ဘုရားသခင်ကလည်း ကျွန်မ၏အလုပ်ကို သဘောမကျနိုင်ပါ။ ထိုအချိန်မှာ ကျွန်မ တကယ်ကို ငိုချင်ခဲ့သည်။ ကျွန်မက “ဘုရားသခင်၊ ဒီနောက်ဆုံးရိုက်ကွက်ကို ကျွန်မ နောင်တရပါတယ်။ ကျွန်မ တကယ်ကို ကိုယ်ရည် မသွေးချင်တော့ပါဘူး၊ ပြီးတော့ ဘယ်သူမှ မမြင်ရတဲ့၊ ကင်မရာတွေတောင် မမြင်နိုင်တဲ့ ချောင်တစ်ချောင်ဖြစ်တဲ့ ဇာတ်စင်နောက်ဘက်မှာပဲ နေချင်ပါတယ်။ ကိုယ်တော့်အတွက် အမှန်တကယ် သီချင်းဆိုဖို့၊ သာမန်ရိုးသားတဲ့ စိတ်နှလုံးတစ်ခု ရှိနေသရွေ့၊ ကျွန်မ ပျော်မိမှာပါ၊ ငြိမ်းချမ်းမှာပါ။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အပြစ်တင်မိတော့မှာလည်း မဟုတ်ဘူး။ ဒါပေမဲ့ နောက်ကျသွားပါပြီ။ ကျွန်မ ပြန်ပေးဆပ်ရမယ့်ဟာကို မကျေနိုင်တော့ပါဘူး။” ဟု ဘုရားသခင်ကို တိုင်တည်မိသည်။ ကိုယ် လုပ်ခဲ့မိသည့်အရာများကို များစွာနောင်တရရင်း၊ ထိုအကြောင်းကို တွေးမိလေလေ၊ ပို၍ စိတ်ညစ်လေလေ ဖြစ်ရသည်။
ကျွန်မ၏စိတ်နှလုံးကို ငြိမ်သက်အောင် လုပ်ပြီး၊ သေချာ ပြန်စဉ်းစားကြည့်သည်။ ဇာတိပကတိကို စွန့်လွှတ်ဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အလွန် ခက်ခဲ သွားလောက်အောင်၊ ကျွန်မ၏ ကိုယ်ရည်သွေးချင်သည့်၊ ထင်ပေါ်ချင်သည့် ဆန္ဒက အဘယ့်ကြောင့် ထိုမျှ ပြင်းထန်ခဲ့သနည်း။ ဤသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ကျွန်မ ဖတ်ခဲ့ရသည်။ “သင်နှစ်သက်သောအရာ၊ သင် အာရုံစိုက်သည့်အရာ၊ သင် ကိုးကွယ်သည့်အရာ၊ သင် အားကျသည့်အရာနှင့် သင့်စိတ်နှလုံးတွင် နေ့တိုင်း သင် တွေးသည့်အရာအားလုံးတို့သည် သင့်သဘာဝ၏ ကိုးစားပြုချက်များ ဖြစ်ကြသည်။ ယင်းမှာ သင့် သဘာဝက မဖြောင့်မတ်ခြင်းကို နှစ်သက်ပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်၊ သင့် သဘာဝသည် ဆိုးယုတ်ပြီး ကုသ၍မရနိုင်သည်ကို သက်သေပြရန် လုံလောက်၏။ ဤနည်းဖြင့် သင်၏ သဘာဝကို သင် စိစစ်သင့်၏။ ဆိုလိုသည်မှာ၊ သင့် ဘဝတွင် သင် မြတ်နိုးသောအရာနှင့် သင် စွန့်လွှတ်သောအရာကို ဆန်းစစ်လော့။ သင်သည် တစ်စုံတစ်ဦးအပေါ် အချိန်တစ်ခုကြာ ကောင်းနေနိုင်သည်၊ သို့သော် ဤအရာက ၎င်းတို့ကို သင် နှစ်သက်သည်ဟု သက်သေမပြပေ။ သင်အမှန်တကယ် နှစ်သက်သောအရာများသည် သင်၏သဘာဝတွင် ရှိသည့်အရာ အတိအကျပင်ဖြစ်၏။ သင်၏ အရိုးများ ကွဲကြေခဲ့လျှင်ပင်၊ ယင်းကို သင် နှစ်သက်ပျော်မွေ့ဆဲဖြစ်လိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ စွန့်ပစ်နိုင်မည်မဟုတ်။ ဤသည်မှာ ပြောင်းလဲရန် မလွယ်ကူပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ”) “လူများ၏ သဘာဝဗီဇများထဲရှိ ၎င်းတို့မြတ်နိုးသော အရာများကို ဖော်ထုတ်ခြင်းအပြင်၊ သူတို့၏ သဘာဝဗီဇများနှင့် သက်ဆိုင်သည့် အခြားသွင်ပြင်များကိုလည်း ဖော်ထုတ်ရန်လိုအပ်သည်။ ဥပမာအားဖြင့် အမှုအရာများအပေါ် လူတို့၏ သဘောထားများ၊ အသက်တာထဲ၌ လူတို့၏ နည်းစနစ်များနှင့် ပန်းတိုင်များအပြင် လူတို့၏ ဘဝတန်ဖိုးများနှင့် အသက်တာအပေါ် အမြင်များအပြင် သမ္မာတရားနှင့်စပ်လျဉ်း၍ အရာခပ်သိမ်းအပေါ် အမြင်များပင် ဖြစ်ကြသည်။ ဤအရာများမှာ လူတို့၏ စိတ်ဝိညာဉ်များထဲတွင် နက်ရှိုင်းစွာ ရှိသောအရာများ အားလုံးဖြစ်ပြီး ၎င်းတို့သည် စိတ်သဘောထားပြောင်းလဲခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်မှု ရှိနေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ”) လူတို့၏ အတွေးအခေါ်၊ အကြိုက်များနှင့် ရှာဖွေလိုက်စားမှုများအားလုံးက ကျွန်မတို့၏ သဘာဝက လာကြကြောင်းနှင့် ယင်းတို့ အားလုံးကိုလည်း ကျွန်မတို့၏ သဘာဝက ထိန်းချုပ်ထားကြောင်း ဘုရားသခင်၏နှုတ်ကပတ်တော်များ ကျွန်မကို နားလည်စေခဲ့ပါသည်။ ထို့နောက်မှာ ကျွန်မ၏အလုပ်တာဝန်မှာ ကျွန်မက တစ်ချိန်လုံး မည်သည့်အရာကို အာရုံစိုက်ပြီး ရှာဖွေနေခဲ့သည်ကို ကျွန်မကိုယ်ကျွန်မ မေးမိသည်။ စင်ပေါ်မှာ ကျွန်မ၏နေရာက ရှေ့ကို ပို၍ပို၍ ရောက်လာသည့်အချိန်၊ ရိုက်ကွက်များထဲ ပို၍ ပါလာသည့်အချိန်များမှာ၊ ကျွန်မ အတွေးဆုံးအရာက ရှေ့ဆုံးတန်းကို ရောက်ခွင့်ရဖို့၊ ကိုယ်ရည်သွေး ခွင့်ရဖို့နှင့် အခြားသူများ၏ အထင်ကြီးအားကျခံရသူ ဖြစ်ခွင့်ရဖို့တို့သာ ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံး ရိုက်ကွက်အတွက် ကျွန်မ ရှေ့ပို့ခံရသည့်အချိန်မှာ၊ မိမိကိုယ်ကိုယ် နာမည်ကြီးတစ်ယောက်ကဲ့သို့ ခံစားရသည်။ ကြီးစွာသော အောင်မြင်မှုတစ်ခု ခံစားရသည်မှာ ကျွန်မ၏ ကိုယ်ရည်သွေးချင်ဖို့၊ ကင်မရာရှေ့မှာ အကောင်းဆုံးလုပ်ပြဖို့၊ ကျွန်မကို သိသည့် ညီအစ်ကိုမောင်နှမများ အံ့ဩသွားစေဖို့၊ မိမိအတွက်လည်း ထာဝရအမှတ်ရစရာလေးတစ်ခု ဖြစ်စေဖို့ ဆန္ဒကို ထိန်းမရခဲ့ပါ။ ကျွန်မက နာမည်နှင့် အဆင့်အတန်းကို မည်မျှပင် တန်ဖိုးထားခဲ့ပြီး၊ ထိုစိတ်က ကျွန်မ၏စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ခဲ့သည်ကို ကျွန်မ မြင်ခဲ့ရသည်။
ထို့နောက် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲမှာ ဤကျမ်းပိုဒ်ကို ကျွန်မ ဖတ်မိပါသည်။ “ဖောက်ပြန်ကာ စာတန်ဆန်သော စိတ်နေသဘောထားသည် လူတို့ထဲ၌ အလွန် နက်ရှိုင်းစွာအမြစ်တွယ်နေ၏၊ ၎င်းသည် သူတို့၏ ဘဝဖြစ်လာသည်။ လူတို့သည် မည်သည့်အရာ အတိအကျကို ရှာဖွေပြီး ရယူလိုကြသနည်း။ ဖောက်ပြန်၍ စာတန်ဆန်သော စိတ်နေသဘောထား၏ တွန်းအားအောက်တွင် လူတို့၏ စံနှုန်းများ၊ မျှော်လင့်ချက်များ၊ ရည်မှန်းချက်များနှင့် ဘဝ၏ပန်းတိုင်များနှင့် ဦးတည်ရာများသည် အဘယ်နည်း။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် ဆန့်ကျင်ဘက် မဖြစ်ပေဘူးလော။ ဦးစွာအနေဖြင့် လူတို့သည် အမြဲတစေ နာမည်ကြီးလိုကြသည် သို့မဟုတ် ကျော်ကြားသူများ ဖြစ်လိုကြသည်။ သူတို့သည် ကြီးမားသောကျော်ကြားမှုနှင့် ဂုဏ်သိက္ခာကို ရယူ၍ ဘိုးဘေးများကို ဂုဏ်ပြုလိုကြသည်။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်သလော။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် လုံးဝ မကိုက်ညီရုံမျှမက လူသားမျိုးနွယ်၏ ကံတရားကိုအုပ်စိုးသော ဘုရားသခင်၏ဥပဒေသနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းကို ငါအဘယ်ကြောင့်ပြောသနည်း။ မည်ကဲ့သို့သော လူစားကို ဘုရားသခင် အလိုရှိသနည်း။ နာမည်ဂုဏ်သတင်းကြီးသောသူ၊ ထင်ပေါ်ကျော်ကြားသူ၊ မြင့်မြတ်သောသူ၊ သို့မဟုတ် ကမ္ဘာကိုတုန်လှုပ်စေသောသူကို ကိုယ်တော် အလိုရှိသလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သို့သောလူစားကို ဘုရားသခင် အလိုရှိသနည်း။ လုံးဝ အောက်ခြေမလွတ်ဘဲ ဘုရားသခင်၏ အရည်အချင်းမီ ဖန်ဆင်းခံဖြစ်ရန်၊ ဖန်ဆင်းခံ၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်သူ ဖြစ်ရန်နှင့် လူသားနေရာတွင် နေနိုင်ရန် ကြိုးစားသူကို ကိုယ်တော်အလိုရှိသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းနှင့် ဘုရားသခင်အပေါ် မှီခိုခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏”) “သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှုနှင့် ဂုဏ်သိက္ခာကို အစဉ်ရှာဖွေနေသည်။ သင်သည် ဂုဏ်သရေကို အစဉ်ရှာဖွေသည်။ ဘုရားသခင်သည် ၎င်းအဖြစ်ကိုတွေ့ပါက မည်သို့ခံစားရမည်နည်း။ ကိုယ်တော်သည် ၎င်းကို စက်ဆုပ်ပြီး မကြည့်လိုပေ။ သင်သည် နာမည်ဂုဏ်သတင်းကြီးမှု၊ မြင့်မြတ်မှု စသောအရာများနောက်ကို လိုက်လေလေဖြစ်ပြီး၊ အခြားသူများထက် သာလွန်သော၊ အောင်မြင်သော၊ ထူးချွန်သော၊ ဂရုပြုထိုက်သောသူ ဖြစ်လိုလေလေ၊ ဘုရားသခင်သည် သင့်အားစက်ဆုပ်လေလေ ဖြစ်သည်။ သင်သည် ဘုရားသခင် စက်ဆုပ်သောသူ မဖြစ်လေနှင့်။ ဤသို့ဆိုလျှင် ဤသည်ကို အထမြောက်အောင် မည်သို့ပြုရမည်နည်း။ လူသား၏နေရာမှန်တွင် ရှိနေရင်း အမှုအရာများကို လက်တွေ့ကျသောနည်းလမ်းဖြင့် ပြုလုပ်ရမည်။ အခြေအမြစ်မရှိသော စိတ်ကူးယဉ်မျှော်မှန်းချက်များကို လက်သင့်ခံမထားလေနှင့်။ ထို့အပြင် ကျော်ကြားမှုကို ရှာဖွေခြင်း သို့မဟုတ် ရွယ်တူချင်းများထဲမှ ထင်ရှားပေါ်လွင်လာအောင် မပြုလေနှင့်။ ထို့အပြင် လူသားများအထဲ၌ သာလွန်သူဖြစ်ပြီး လူအများကို ၎င်းတို့အား အရိုအသေပေးစေသော၊ အခြားသူအားလုံးထက် သာလွန်သည့် နာမည်ဂုဏ်သတင်း ကြီးသူဖြစ်အောင် မကြိုးစားလေနှင့်။ ထိုလမ်းကြောင်းသည် စာတန်လျှောက်သော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်သည် ထိုသို့သော ဖန်ဆင်းခံလူသားကို အလိုမရှိပေ။ အကယ်၍ အဆုံးတွင် ဘုရားသခင်၏ အလုံးစုံသောအလုပ် ပြီးစီးသွားချိန်၌ ယင်းအရာများကို လိုက်စားသူများ ရှိနေဆဲဖြစ်ပါက ၎င်းတို့အတွက် တစ်ခုတည်းသောအကျိုးမှာ သုတ်သင်ဖယ်ရှင်းခံရန်ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို အိပ်ပျော်နေရာမှ နိုးထစေခဲ့သည်။ ကျွန်မက အဘယ့်ကြောင့် ထိုမျှ ကိုယ်ရည်သွေးချင်ခဲ့သည်၊ အဘယ့်ကြောင့် ထိုမျှ စိတ်ကြီးဝင်ခဲ့သည်တို့ကို ပြန်လည်ဆင်ခြင်ကြည့်သည်။ ယင်းတို့ အားလုံးက စာတန်၏ပညာပေးခြင်းနှင့်၊ ဖောက်ပြန်ပျက်စီးစေခြင်း တို့ကြောင့် ဖြစ်သည်။ “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်၊” နှင့် “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏။” တို့ကဲ့သို့ အဆိပ်များက ကျွန်မထံတွင် တကယ်ကို စိမ့်ဝင်နေပြီး၊ အသက်တာနှင့် ပတ်သက်သည့် အမြင်မှားကို ပေးနေခြင်းဖြစ်သည်။ နာမည်ကောင်းနှင့် အဆင့်အတန်းကို ရှာဖွေခြင်းနှင့်၊ အခြားသူများထက် ပိုကောင်းအောင် နေရခြင်းတို့ကို ကောင်းသည့်အရာများအဖြစ် မြင်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့ကို ဘဝ၏ ပန်းတိုင်များအဖြစ် ခံယူခဲ့သည်။ ကျွန်မ မည်သည့်အရာကို လုပ်ပါစေ၊ ကိုယ်ရည်သွေးချင်ခဲ့သည်၊ အခြားသူများက ကျွန်မကို အထင်ကြီးစေဖို့နှင့် အားကျစေဖို့ လုပ်ချင်သည်။ ယင်းက အခြားသူများထက် သာအောင် နေရမည်၊ ဂုဏ်ရှိလိမ့်မည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် နာမည်နှင့် ဂုဏ်အဆင့်အတန်းကို ကျွန်မ အလွန် နှစ်သက်လာသည်။ ယခင်က ကျောင်းမှာဖြစ်စေ၊ အခြားသူများနှင့် ဆက်ဆံရာတွင်ဖြစ်စေ၊ ကျွန်မက အမြဲတမ်း သာလိုခြင်း၊ ထူးချွန်လိုခြင်းတို့ကို စဉ်းစားမိသည်။ ကျွန်မ အခြားသူများထက် သာချင်သည်၊ ထင်ပေါ်ချင်သည်။ တစ်ယောက်ယောက်က ကျွန်မကို စပြီး သတိထားမိတိုင်း၊ ကျွန်မ အရမ်း ကျေနပ်သွားသည်။ မည်သည့်အသင်းအဖွဲ့၌ဖြစ်စေ ကျွန်မက အာရုံစိုက်မခံရသည့်အခါ သို့မဟုတ် အရေးမပါ ဖြစ်နေသည့်အခါ၊ ကျွန်မ မခံနိုင်ပါ။ နေရာတစ်ခုအတွက် ကျွန်မက ရေကုန်ရေခန်း ကြိုးစားချင်ပြီး ရှုံးနိမ့်ခြင်းက စိတ်ညစ်စရာကောင်း လှသည်။ ကျွန်မက ဤကဲ့သို့ ဆိုးယုတ်သည့် အဆိပ်များနှင့် အမြဲတမ်း နေထိုင်နေခဲ့သကဲ့သို့၊ အခြားသူများ အထင်ကြီးသည်ကို အမြဲလိုချင်ခဲ့ခြင်းဖြစ်သည်။ ဤအရာများက ဗီဒီယိုတစ်ခုမှာ ဘုရားသခင်ကို သက်သေခံဖို့အတွက် ပါခွင့်ရသည်ကို မိမိအရည်အသွေး ထုတ်ပြရမည့် စင်မြင့်ဟု မြင်မိစေလျက်၊ ကျွန်မကို ချည်နှောင်ထားသည့်၊ ကျွန်မ၏အတွေးများကို ထိန်းချုပ်ထားသည့် အချုပ်အနှောင်များကဲ့သို့ ဖြစ်သည်။ ကျွန်မက မိမိအလုပ်တာဝန်ကို၊ မိမိဆန္ဒများ ပြည့်အောင် ပံ့ပိုးပေးသည့်အရာ တစ်ခုကဲ့သို့ သဘောထားခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးထဲမှာ ထင်ပေါ်ဖို့၊ ပေါ်လွင်ဖို့ကလွဲပြီး မည်သည့်အရာမျှမရှိပါ။ မိမိတာဝန်ကို မည်သို့ ကောင်းအောင်လုပ်မည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေမည်တို့ကို လုံးဝ မတွေးခဲ့ပါ။ ကျွန်မ၏ ဆိုးယုတ်သည့် အဆိပ်အတောက်များနှင့် စိတ်သဘောထားများ မပြေလည်သေးပါက၊ ကျွန်မအနေနှင့် မိမိအလုပ်တာဝန်ကို ကောင်းအောင်လုပ်ဖို့၊ ဘုရားသခင်ကို ကျေနပ်စေဖို့ကို မဖြစ်နိုင်ရုံသာမက၊ ဘုရားသခင်ကို ခုခံပုန်ကန်ခြင်းများကြောင့်၊ နောက်ဆုံးမှာ ဘုရား၏ သုတ်သင်ဖယ်ရှင်းခြင်းခံရလိမ့်မည်ကို ကျွန်မ မြင်ခဲ့ပါသည်။
နောက်ပိုင်းတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များ၌ ဤသည်ကို ကျွန်မ ဖတ်ခဲ့ရသည်။ “လူသားတို့အား ဘုရားသခင် တောင်းဆိုသောအရာသည် အလုပ်တာဝန်များကို အရေအတွက်တစ်ခုထိ ပြီးစီးနိုင်စွမ်းရှိခြင်း သို့မဟုတ် ဧရာမတာဝန်ယူမှုများကို ပြီးမြောက်ခြင်း မဟုတ်သကဲ့သို့ ကိုယ်တော်သည် ၎င်းတို့အား တာဝန်ကြီးတစ်ခုခုကို စတင်ပြုလုပ်စေလိုသည်လည်း မဟုတ်ပေ။ ဘုရားသခင်က လိုချင်သည်မှာ လူတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် ၎င်းတို့တတ်နိုင်သမျှအားလုံးကို လုပ်နိုင်စွမ်းရှိရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ နေထိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ကြီးမြတ်ခြင်း သို့မဟုတ် မြင့်မြတ်ခြင်း ရှိစေလိုသည် မဟုတ်သကဲ့သို့၊ သူသည် သင့်အား အံ့သြဖွယ်ရာတစ်ခုခုကို ဖြစ်ပွားစေလိုသည်လည်း မဟုတ်၊ ထို့ပြင် သင့်အထဲ၌ နှစ်လိုဖွယ် အံ့အားသင့်စရာများကို တွေ့လိုခြင်းလည်း မဟုတ်ပေ။ ထိုသို့သောအရာများကို မြင်တွေ့လိုသည်လည်း မဟုတ်ပေ။ ကိုယ်တော်သည် ထိုကဲ့သို့သော အရာများကို အလိုရှိသည် မဟုတ်ပေ။ ဘုရားသခင် အလိုရှိသမျှအားလုံးမှာ သင့်အနေဖြင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို နားထောင်ရန်နှင့် နားဆင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့ကို နှလုံးသွင်းရန်နှင့် လက်တွေ့ကျသောနည်းလမ်းဖြင့် သင် လက်တွေ့လုပ်ဆောင်ရင်း ၎င်းတို့ကို အလေးဂရုပြုရန်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ အသက်ရှင်နေထိုင်မှုနှင့် သင်၏အသက်တာ ဖြစ်လာစေရန် ဖြစ်သည်။ ဤအကြောင်းကြောင့် ဘုရားသခင် စိတ်ကျေနပ်လိမ့်မည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”) သမ္မာတရားကို လိုက်စားဖို့နှင့် လုံးဝ ရိုးသားသည့်သူများ ဖြစ်ဖို့၊ ကိုယ်တော်၏ စည်းမျဉ်းနှင့် စီစဉ်မှုများကို နာခံဖို့၊ ပြီးလျှင် ကျွန်မတို့၏ တာဝန်များကို အစွမ်းကို ဆောင်ရွက်ဖို့တို့သည် ကျွန်မတို့အတွက် ဘုရားသခင်၏ အလိုတော် ဖြစ်သည်ကို ကျွန်မ တွေ့ခဲ့သည်။ ဤပန်းတိုင်များကို ရောက်ဖို့ ကြိုးစားခြင်းက ဘုရားသခင်ကို ကျေနပ်စေလိမ့်မည်။ ယခင်က ကျွန်မက ဘုရား၏အလိုတော်ကို လုံးဝ နားမလည်ခဲ့ဘဲ၊ နာမည်နှင့် အဆင့်အတန်းနောက်ကိုသာ အားရပါးရ လိုက်ခဲ့သည်။ အကျိုးဆက်အနေနှင့်၊ ကျွန်မ၏ တာဝန်ကို ကောင်းစွာ မလုပ်နိုင်ခဲ့ဘဲ၊ ယင်းက ဘုရားသခင်ကို စိတ်ပျက်စေခဲ့သည်။ ကျွန်မက ဖောက်ပြန်ပျက်စီးလွန်းခဲ့သော်လည်း၊ ကိုယ်တော်က ကျွန်မကို လက်မလျှော့ခဲ့ပါ။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သည့် စိတ်သဘောထားကို ကျွန်မ မြင်နိုင်စေဖို့၊ ကျွန်မ၏ ဦးတည်ရာက ပြန်လှည့်လာပြီး ပြောင်းလဲစေဖို့အလို့ငှာ၊ စင်ပေါ်မှာရှိသည့် ကျွန်မ၏နေရာကို အမျိုးမျိုး ပြောင်းလဲပေးခြင်းအားဖြင့်၊ ရှာဖွေကြိုးစားမှုနှင့်ဆိုင်သည့် ကျွန်မ၏ မမှန်ကန်သည့် အမြင်များကို ဘုရားသခင်က အကြိမ်ကြိမ် ထုတ်ဖော်ပြခဲ့သည်။ ဘုရားသခင်၏ချစ်ခြင်းက ကျွန်မကို တကယ်ကို တို့ထိခဲ့ပါသည်။ ကျွန်မလည်း ဤဆုတောင်းချက်ကို သူ့ထံ ပြောမိသည်။ “ဘုရားသခင်၊ ကျွန်မ နောက်ထပ် ထင်ပေါ်ဖို့ မကြိုးစားချင်တော့သလို၊ အထင်ကြီးလည်း မခံချင်တော့ပါဘူး။ ဒီရှာဖွေကြိုးစားတာတွေကြောင့်၊ ကျွန်မ နာကျင်တာပဲ ဖြစ်ရပြီး ကျွန်မရဲ့အလုပ်တာဝန်မှာလည်း ကိုယ်တော် ကျေနပ်အောင် မလုပ်နိုင်တဲ့အပြင်၊ အပြစ်ရှိသလိုပဲ ခံစားရပါတယ်။ အခုအချိန်ကစပြီး ကိုယ်တော့်နှုတ်ကပတ်တော်တွေအတိုင်းပဲ လက်တွေ့လုပ်ဆောင်ချင်ပါတယ်။ ကျွန်မ ဘယ်လိုနေရာပဲ ရရ၊ ကိုယ်ရည်သွေးနိုင်နိုင်၊ မသွေးနိုင်နိုင်၊ ကျွန်မ လိုချင်တာက ကိုယ်တော့်ကို နာခံတဲ့ ရိုးရိုးသားသား စိတ်နှလုံးတစ်ခုနဲ့ ချီးမွမ်းခြင်းသီချင်း ဆိုဖို့၊ ကျွန်မရဲ့အလုပ်တာဝန်ကို ကိုယ်တော် ကျေနပ်အောင် လုပ်ဆောင်ဖို့တို့ပါပဲ။” ထိုနောက်ပိုင်း ကျွန်မတို့ ပြန်ရိုက်ရာမှာ၊ တစ်ခါတစ်ရံ ကျွန်မက နောက်ကို ရွှေ့ခံရသည်၊ တစ်ခါတစ်ရံ ရှေ့ကို ရွှေ့ခံရပြီး တစ်ခါတစ်ရံ ကျွန်မကို ဇာတ်တိုက်ချိန်မှာ လိုသော်လည်း၊ ရိုက်ကူးရေးမှာ မလိုပြန်ပါ။ ထို့ကြောင့် ကျွန်မ တကယ် စိတ်ထိခိုက်ခဲ့သော်လည်း၊ ကျွန်မ၏ စိတ်ထားပုံကို ထိန်းသိမ်းဖို့အတွက်၊ ဘုရားသခင်ထံ ဆုတောင်းရင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရင်းနှင့်၊ ကျွန်မ၏ ကိုယ်ပိုင် ဆန္ဒများကို ကျွန်မ လွှတ်ချနိုင်ခဲ့သည်။ တစ်ခါတစ်ရံ ညီအစ်မအချို့က သူတို့နေရာများ အပြောင်းခံရသောကြောင့်၊ စိတ်ထိခိုက်ပြီး၊ သူတို့၏ တာဝန်မှာ ကောင်းစွာ မလုပ်ကြသည်ကို ကျွန်မ မြင်ခဲ့သည်။ ကျွန်မက သူတို့ကို ကူညီဖို့၊ သင့်တော်သည့် ဘုရားသခင်၏နှုတ်ကပတ်တော်အချို့ကို အချိန်မီ ရှာနိုင်ပြီး၊ ကျွန်မ၏ ကိုယ်ပိုင်အတွေ့အကြုံကိုပါ ပေါင်းစပ်ပြီး ပြောပြပေးသည်။ ကျွန်မ၏တာဝန်ကို ထိုနည်းလမ်းဖြင့် လုပ်ဆောင်လိုက်သည့်အခါ၊ တကယ်ကို ငြိမ်းအေးသွားပြီး အလွန် အဓိပ္ပာယ်ရှိခဲ့ပါသည်။ နောက်ပိုင်းမှာ ဒါရိုက်တာက ကျွန်မကို အရှေ့တန်း ပြန်သွားခိုင်းခဲ့သော်လည်း၊ ကျွန်မ ယခင်ကကဲ့သို့ ကိုယ်ရည်သွေးဖို့ မကြိုးစားတော့ပါ။ ရိုက်ကွက်တိုင်းတွင် ကျွန်မက မိမိ၏တာဝန်၏ ဖြည့်ဆည်းပြီး သက်သေခံသင့်သည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ လုပ်သင့်သည့်အတိုင်း ကောင်းစွာ သီချင်းဖို့နှင့်၊ ကျွန်မ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့တို့ကို အာရုံစိုက်ခဲ့သည်။ ကျွန်မ ဟိုးနောက်ဘက်မှာ ရှိသည့်အချိန်၊ ရိုက်ကွက်တစ်ခုမှာ ဘုရားသခင်၏နှုတ်ကပတ်တော်များထဲက ဤစာသားများကို ကျွန်မတို့ဆိုခဲ့ကြသည်ကို သွားသတိရသည်၊ “ဘုရားသခင်အတွက် အောင်ပွဲကျင်းပရန် သင်၏အောင်လံ ထူကြလော့။ သင်၏အောင်ပွဲခံသီချင်းဆို၍ ဘုရား၏သန့်ရှင်းသော နာမကိုဖြန့်လော့။” ကျွန်မက နာမည်နှင့် အဆင့်အတန်းကို ရှာဖွေရင်း၊ စာတန်ကြောင့် မည်မျှ ဆိုးဆိုးဝါးဝါး ဖောက်ပြန်ပျက်စီးနေခဲ့ပြီဖြစ်ကြောင်း၊ ကျွန်မ၏တာဝန်ကို ဘုရားသခင် ကျေနပ်အောင် သေချာမလုပ်နိုင်ခဲ့ကြောင်း၊ ကျွန်မကြောင့် သူ မည်မျှ နာကျင်ခဲ့ပြီဖြစ်ကြောင်းတို့ကို စဉ်းစားမိသည်။ ထိုနေ့တွင် စာတန် အရှက်ကွဲပြီး၊ ရှုံးနိမ့်ဖို့ ဘုရားသခင်ကို ကျွန်မ၏ စိတ်နှလုံးကနေ ချီးမွမ်းမှဖြစ်မည်ဟု ခံစားရပြီး၊ ကိုယ်တော့်ကို ကျွန်မ၏ အကောင်းဆုံးသီချင်းနှင့် ပူဇော်ခဲ့ပါသည်။ စင်ပေါ်မှာ ထိုကဲ့သို့ သဘောထားဖြင့် ဘုရားသခင်ကို ချီးမွမ်းခြင်းသီချင်း ဆိုနေရင်း၊ ကျွန်မ ယခင်က တစ်ခါမှ မခံစားခဲ့ဖူးသည့် ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ကို ခံစားခဲ့ရသည်။ ကျွန်မက ကြီးစွာသော ဂုဏ်ယူခြင်းခံစားမှု တစ်ခုကိုလည်း ခံစားခဲ့ရသည်။
တေးသံစုံဇာတ်လမ်းကြီးဖြစ်သည့် ကောင်းကင်နိုင်ငံတော်သီချင်းက သိပ်မကြာမီ အွန်လိုင်းပေါ် ရောက်လာသည်။ ကျွန်မတို့ ညီအစ်ကိုမောင်နှမများအားလုံး ထိုဗီဒီယိုကို ရင်တခုန်ခုန်နှင့် ကြည့်ခဲ့ကြသည်။ ဘုရားသခင် ရွေးချယ်ထားသူများစွာက သံလွင်တောင်ရှေ့မှာ ရပ်ပြီး၊ “လူတို့သည် ဘုရားကို ဩဘာပေးကြ၏၊ လူတို့သည် ဘုရားကို ချီးမွမ်းကြ၏” ကို ဝင့်ဝင့်ကြွားကြွား ဆိုနေကြသည်ကို မြင်ရသည့်အခါ၊ ကျွန်မ တကယ်ကို တုန်ခနဲဖြစ်သွားပြီး၊ အလွန် တို့ထိခြင်းခံရသည်မှာ ကျေးဇူးတင်မိသည့်မျက်ရည်များက မကျဘဲမနေနိုင်တော့ပါ။ ဖြစ်ပျက်ခဲ့သည့်အရာများ အားလုံးကို ပြန်တွေးကြည့်ပါက၊ စစချင်း ကျွန်မ ရသည့်နေရာအားဖြင့် အလွန် စိတ်ထိခိုက်ခဲ့သည်မှာ၊ မိမိတာဝန်မှာ စိတ်နှစ်၍ မရခဲ့ရာမှနေ၊ နောက်ဆုံးမှာ မိမိနေရာက ရှေ့ကိုရောက်သည်ဖြစ်စေ၊ နောက်ကို ရောက်သည်ဖြစ်စေ၊ ဖန်ဆင်းခံတစ်ယောက်၏ နေရာသာ ဖြစ်သည်ဟု မှတ်ယူရင်း၊ ဘုရားသခင်အတွက် လွတ်လပ်စွာ သီဆို သက်သေခံကာ၊ နာမည်နှင့် အဆင့်အတန်းကို လုံးဝ မခံစားမိတော့သည့် အခြေအနေအထိ ဖြစ်လာသည်မှာ၊ ယင်းတို့အားလုံးသည် ကျွန်မအတွက် ဘုရားသခင့်အမှုတော်၏ အကျိုးဖြစ်လေသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။