အကြံဉာဏ်ရယူခြင်းက အဘယ်ကြောင့် အလွန်ခက်ခဲသနည်း
ကြူးတီ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၁၊ ဇွန်လမှာ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းရတယ်။ အစ်ကိုဂျရမီက ကျွန်မတို့အလုပ်ကို ကြီးကြပ်တယ်။ သူက...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
လင်ရှင်းဟာ လူသူကင်းမဲ့တဲ့လမ်းတစ်လျှောက်မှာ သူ့စက်ဘီးကို စီးလာခဲ့ပါတယ်။ ဆောင်းရာသီရဲ့ အအေးဆုံးအချိန်မှာပေါ့။ အေးစက်နေတဲ့လေက သူ့ကို ထိန်းလို့မရအောင်ကို ခိုက်ခိုက်တုန်စေခဲ့တယ်။ သူရဲ့ စိတ်နှလုံးကတော့ စိတ်သောကတွေနဲ့ ပြည့်နေခဲ့တယ်။ သူက ရေလောင်းသူတချို့နဲ့ စုဝေးပွဲတစ်ခုဆီကို သွားနေခဲ့တာပါ။ ပြီးတော့ ညီအစ်ကိုတွေထဲက နှစ်ယောက်က သူတို့အလုပ်ကို တော်တော်လေးအလေးအနက်ထားပြီး ပြဿနာတွေကို ရှာဖွေဖော်ထုတ်ဖို့ အမြဲတမ်းစိတ်ထက်သန်နေတယ်လို့ သူကြားမိတယ်။ လင်ရှင်းက “ငါက အရမ်းငယ်သေးတယ်။ ပြီးတော့ ကြီးကြပ်ရေးမှူးအနေနဲ့ စပြီး လေ့ကျင့်ခါစပဲရှိသေးတယ်။ သူတို့ပြဿနာတွေကို ငါမဖြေရှင်းနိုင်ရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်မလဲ” လို့ တွေးရင်းနဲ့ စိတ်ပူနေခဲ့တယ်။ သူက နှေးနှေးလေးပဲ စီးသွားချင်ခဲ့တယ်။ ဒါပေမဲ့ အေးနေတဲ့ လေပြင်းတွေကြောင့် သူ့မှာ လမ်းပေါ်မှာ ကြာကြာနေလို့မရခဲ့ဘူး။ သူက အရှိန်တင်နင်းလိုက်ပြီး စုဝေးပွဲကို အလောတကြီး သွားလိုက်တယ်။
လင်ရှင်းက ဧည့်ခံသူရဲ့အိမ်ကို ရောက်သွားတော့ လူတိုင်း အပြန်အလှန်နှုတ်ဆက်ကြပြီး မိတ်သဟာယစဖွဲ့ပြီးတော့ သူတို့အလုပ်အကြောင်းကို ပြောကြတယ်။ နောက်ပိုင်းမှာ မိတ်သဟာယက ကိုယ့်တာဝန်ထမ်းဆောင်ချိန်မှာ ဒုက္ခခံတာနဲ့ပတ်သက်တဲ့ အရေးပါမှုအကြောင်းကို ရောက်သွားခဲ့တယ်။ လင်ရှင်းက ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သူနားလည်တာကို မိတ်သဟာယဖွဲ့တယ်။ သူပြောတာကို နားထောင်ပြီးသွားတော့ ရေလောင်းသူတွေထဲကတစ်ယောက်ဖြစ်တဲ့ အစ်ကိုစုရွီက ပြောတယ်။ “ကျွန်တော်တို့တာဝန်ကို ထမ်းဆောင်နေတုန်းမှာ ဒုက္ခခံရတာကို ကြောက်တဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့က ဒုက္ခရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လိုရုံမကဘဲ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ဘယ်ကဏ္ဍက ကိုယ်စိတ်ချမ်းသာမှုတွေကို မွေ့လျော်တဲ့ဆီကို အမြဲတမ်းဦးတည်တယ်ဆိုတာကိုလည်း စိစစ်ဖို့လိုပါတယ်။ ကျွန်တော်က ဇာတိပကတိကို ဂရုစိုက်ပြီး ဒုက္ခကို ရှောင်လေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်...” ပေါ့။ လင်ရှင်းက နားထောင်နေရင်းနဲ့ စုရွီက သူ့ကို တိုက်ရိုက်မိတ်သဟာယဖွဲ့နေသလို ခံစားမိလို့ သူ့မျက်နှာက ပူပြီး ရှက်သွေးဖြန်းသွားတာကို ခံစားရတယ်။ “စုရွီက ငါ့အားနည်းချက်တွေကို သတိထားမိသွားတာများလား။ ငါက ကြီးကြပ်ရေးမှူးအနေနဲ့ ဒီလောက်အရည်အချင်းမရှိဘူးလို့ သူထင်တာလား။ ငါ့အသက်ဝင်ရောက်မှုက တော်တော်ပေါ့တန်တယ်၊ ဒါတောင်မှ ငါက ဒီမှာ သူတို့နဲ့ မိတ်သဟာယဖွဲ့နေတယ်ဆိုပြီး ထင်တာများလား” လို့ တွေးနေမိတယ်။ လင်ရှင်းက ဂနာမငြိမ်ဖြစ်နေတာပေါ့။
နေ့လယ်ခင်းတစ်လျှောက်လုံးမှာ ညီအစ်ကိုတွေက မေးခွန်းတွေအများကြီးမေးတယ်။ လင်ရှင်းကတော့ တစ်ချိန်လုံးတွေးနေပြီး ခဏလောက်တောင် သက်သောင့်သက်သာမနေရဲခဲ့ဘူး။ နောက်တော့ စုရွီက လင်ရှင်း ရှင်းရှင်းလင်းလင်း မဖြေနိုင်တဲ့ နောက်ထပ်မေးခွန်းတစ်ခု ထုတ်တယ်။ သူက သူ့အတွေးတွေကို မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ စုရွီက နားမလည်သေးဘူး။ အဲဒီအခါမှာ အားလုံးက တိတ်ဆိတ်သွားကြတယ်။ နာရီကတော့ တစ်ချက်ပြီးတစ်ချက် မြည်နေလေရဲ့။ အဲဒီအချိန်ခဏမှာ နာရီလှုပ်ရှားမှုရဲ့ နူးညံ့တဲ့အသံက တော်တော်ကျယ်လောင်ပြီး ပြတ်သားနေတယ်။ “အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ။” တိတ်ဆိတ်နေတဲ့ကြားထဲက အစ်ကိုလီရန်က ထပြောလိုက်တယ်။ စုရွီက “ကျွန်တော်တို့က ကြီးကြပ်ရေးမှူး မိတ်သဟာယဖွဲ့တာကို စောင့်နေတာပါ။ ဒီပြဿနာက ရှင်းရှင်းလင်းလင်း မိတ်သဟာယမဖွဲ့ရသေးဘူး” တဲ့။ လင်ရှင်းက အနေခက်တဲ့ပုံစံနဲ့ ပြုံးလိုက်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားရင်းနဲ့ “ကျွန်မ စဉ်းစားနေတုန်းပါ” ဆိုပြီး ပြောတယ်။ ဒါပေမဲ့ အတွင်းထဲမှာတော့ သူ့စိတ်က ကယောက်ကယက်ဖြစ်နေပြီး စိတ်သောကရောက်ပြီး ပူပန်နေခဲ့တယ်။ “ဒီပြဿနာကို ငါမဖြေရှင်းနိုင်ရင် ဘယ်လိုလုပ်မလဲ ဒါဆိုရင် ရှက်စရာကောင်းမှာမဟုတ်ဘူးလား” ပေါ့။ ကံကောင်းချင်တော့ လူတိုင်းက တစ်ယောက်ပြီး တစ်ယောက် စပြီး မိတ်သဟာယဖွဲ့ကြတယ်။ ပြသနာက အတိုင်းအတာတစ်ခုအထိ ပြေလည်သွားခဲ့တယ်။ လင်ရှင်းက သက်ပြင်းအရှည်ကြီးချလိုက်ပြီး သူ့ကွန်ပျူတာပေါ်က အချိန်ကို တစ်ချက်ကြည့်လိုက်တယ်။ အချိန်က နောက်ကျနေပြီ။ အဲဒါနဲ့ သူ့ပစ္စည်းတွေကို အမြန်သိမ်းပြီး ကမန်းကတန်းထွက်လာခဲ့လိုက်တယ်။
သူပြန်ထွက်လာတော့ နေက ဝင်နေပြီ။ နောက်ဆုံးကျန်တဲ့ နေဝင်ဆည်းဆာလေးက တဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားပါတယ်။ စိတ်ပျက်ခြင်း၊ ရှုံးနိမ့်ခြင်းတွေနဲ့ပြည့်နေတဲ့ မျက်နှာနဲ့ လင်ရှင်းကို ထားရစ်ခဲ့တာပေါ့။ “အင်မတန်ကို စိတ်ပင်ပန်းလူပင်ပန်းရတဲ့ တစ်ရက်တာလည်း ကုန်သွားရော ညီအစ်ကိုတွေက ငါ့ကို ရှင်းရှင်းလင်းလင်း မြင်သွားပြီ။ သူများတွေ ငါ့အပေါ် အကောင်းမြင်သွားအောင် လုပ်ချင်ခဲ့ပေမဲ့ ဒီလိုမျိုးကြီး ဖြစ်သွားရတာကို ယုံတောင်မယုံနိုင်ဘူး။ ငါက ကြီးကြပ်ရေးမှူးအနေနဲ့ အလုပ်ကိုကောင်းကောင်းမကိုင်တွယ်နိုင်ဘူးလို့ သူတို့က ပြောမှာလား။ ငါ့အသက်ဝင်ရောက်မှုက ပေါ့တန်ပြီး ငါကျွမ်းကျင်မှုတွေက မကောင်းဘူးလို့ရောပြောမှာလား။ ဘာလို့ သူတို့မှာ မေးခွန်းတွေအများကြီးရှိတာလဲ။ နည်းနည်းလျှော့ပြီး မေးလို့မရဘူးလား” ပေါ့။ လင်ရှင်းက သူ့စိတ်နှလုံးမှာ ညည်းညူခဲ့တယ်။ “ငါ ဒီအုပ်စုဆီကို မသွားတော့ဘူး။ ငါသွားလေလေ၊ အရှက်ရလေလေပဲ။ နောက်ပြီးတော့ ငါနဲ့ တွဲလုပ်တဲ့ ညီအစ်မတစ်ယောက်ရှိတယ်။ သူ့ကိုပဲ သွားခိုင်းလိုက်တော့မယ်။”
ဒီဖြစ်ရပ်ပြီးတဲ့နောက်မှာ လင်ရှင်းက တော်တော်ကြာတဲ့အထိ စိတ်မအေးနိုင်ခဲ့ဘူး။ ရေလောင်းသူတွေအတွက် စုဝေးပွဲတွေလုပ်တဲ့အချိန်ရောက်တိုင်းမှာ သူက ထွက်ပဲပြေးချင်နေခဲ့တယ်။ သူက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတစ်ခုထဲမှာ အသက်ရှင်နေတယ်ဆိုတာကို သူသိခဲ့ပါတယ်။ ဒါကြောင့် သူက သူ့အခြေအနေနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သတိရှိရှိနဲ့ စားသောက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို သူဖတ်တယ်။ “အဖန်ဆင်းခံတစ်ဦး၏ မှန်ကန်သော နေရာတွင် ရပ်တည်ခြင်းနှင့် သာမန်လူတစ်ဦး ဖြစ်ခြင်းဟူသည်မှာ လုပ်ဆောင်ရန် လွယ်ကူပါသလော။ (မလွယ်ကူပါ။) အခက်အခဲသည် မည်သည့်နေရာတွင် ရှိပါသနည်း။ ဤသို့ ဖြစ်သည်။ လူတို့က မိမိတို့၏ ဦးခေါင်းများသည် ဘုန်းရောင်ဝါနင့် ဘွဲ့နာမများစွာဖြင့် ဆင်မြန်းခြင်းခံရသည်ဟု အမြဲ ခံစားကြသည်။ သူတို့သည် ကြီးမြတ်သော ပုဂ္ဂိုလ်များနှင့် မဟာလူသားများ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကိုလည်း မိမိတို့ကိုယ်ကို ပေးကြပြီး ဟန်ဆောင်ကာ အယောင်ဆောင် အလေ့အကျင့်များနှင့် အပြင်ပန်း ပြစားမှုများ အားလုံးတွင် ပါဝင်လုပ်ဆောင်ကြသည်။ ဤအရာများကို သင် လက်မလွှတ်ပါက၊ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ဤအရာများ၏ ဘောင်ခတ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို အမြဲခံရပါက ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် သင် အခက်တွေ့လိမ့်မည်။ သင် နားမလည်သည့် အရာများနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်ရန်နှင့် စိုးရိမ်သောကရောက်ခြင်းကို ရပ်တန့်ရန်နှင့် ထိုသို့သော ကိစ္စရပ်များကို ဘုရားသခင်ရှေ့သို့ သာ၍ မကြာခဏ ယူဆောင်ပြီး စစ်မှန်ရိုးသားသည့် စိတ်နှလုံးကို သူ့အား ပူဇော်ဆက်ကပ်ရန် ခက်ခဲလိမ့်မည်။ ဤအရာကို သင် လုပ်ဆောင်နိုင်မည် မဟုတ်။ ယင်းမှာ သင်၏ အဆင့်အတန်း၊ သင်၏ ဂုဏ်ပုဒ်များ၊ သင်၏ ပင်ကိုလက္ခဏာနှင့် ထိုသို့သော အရာများအားလုံးသည် အယောင်ဆောင်ဖြစ်ပြီး မမှန်ကန်သောကြောင့်၊ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်နှင့် ဆန့်ကျင်၊ ကွဲလွဲသောကြောင့် သင့်အနေဖြင့် ဘုရားသခင်ရှေ့သို့ မလာနိုင်ရန်အလို့ငှာ ဤအရာများက သင့်ကို ချည်နှောင်ထားခြင်း ဖြစ်သည်။ ဤအရာများက သင့်ကို မည်သည့်အရာ ဖြစ်စေသနည်း။ မိမိကိုယ်ကို ဟန်ဆောင်ရာတွင်၊ နားလည်သည့်ဟန်ဆောင်ခြင်း၊ တော်တတ်သည့်ဟန်ဆောင်ခြင်း၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ဟန်ဆောင်ခြင်း၊ ကျော်ကြားသူတစ်ဦး ဖြစ်ဟန်ဆောင်ခြင်း၊ တတ်စွမ်းနိုင်ဟန်ဆောင်ခြင်း၊ အမြော်အမြင်ရှိဟန်ဆောင်ခြင်းနှင့် အရာရာကို သိဟန်၊ အရာရာကို တတ်စွမ်းနိုင်ပြီး အရာရာကို လုပ်ဆောင်နိုင်ဟန်ဆောင်ခြင်းတွင်ပင် သင့်ကို တော်စေသည်။ အခြားသူများက သင့်ကို ကိုးကွယ်ပြီး လေးစားကြရန်အလို့ငှာ ဤအရာက ထိုသို့ဖြစ်စေခြင်းဖြစ်သည်။ ၎င်းတို့သည် သင့်အပေါ် မှီခိုရင်းနှင့် သင့်ကို အထင်ကြီးလျက် မိမိတို့၏ ပြဿနာအားလုံးဖြင့် သင့်ထံ လာကြလိမ့်မည်။ ထိုသို့ဖြင့် ယင်းမှာ သင်သည် မိမိကိုယ်ကို မီးကင်ရန် မီးပေါ်တွင် ထားသည့်အလား ဖြစ်သည်။ ငါ့ကို ပြောလော့၊ မီးပေါ်တွင် အကင်ခံရခြင်းသည် ခံစားရကောင်းသလော။ (မကောင်းပါ။) သင် နားမလည်သော်လည်း သင် နားမလည်ကြောင်း မပြောဝံ့ချေ။ သင် မရိပ်စားမိနိုင်သော်လည်း မရိပ်စားမိနိုင်ကြောင်း မပြောဝံ့ချေ။ သင်သည် သိသာထင်ရှားစွာ အမှား လုပ်မိသော်လည်း ဝန်မခံဝံ့ချေ။ သင်၏ စိတ်နှလုံးသည် မချိတင်ကဲဝေဒနာ ခံစားရသော်လည်း ‘ဤတစ်ကြိမ် အမှန်တကယ် ကျွန်ုပ်၏ အပြစ်ဖြစ်ပါသည်၊ ဘုရားသခင်နှင့် ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများကို ကျွန်ုပ် အကြွေးတင်ပါသည်။ ဘုရားအိမ်တော်ကို ထိုမျှ ကြီးမားသည့် ဆုံးရှုံးမှုကို ကျွန်ုပ် ဖြစ်စေပြီဖြစ်သော်လည်း လူတိုင်းရှေ့တွင် ရပ်ပြီး ဝန်ခံဖို့ သတ္တိမရှိပါ’ဟု မပြောဝံ့ပေ။ အဘယ်ကြောင့် သင် စကားမပြောဝံ့သနည်း။ သင်က ‘ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို ပေးထားသည့် နာမည်ဂုဏ်သတင်း၊ ဂုဏ်ရှိန်ဂုဏ်ဝါနှင့်အညီ ကျွန်ုပ်တို့ အသက်ရှင်ဖို့ လိုအပ်သည်။ ကျွန်ုပ်အတွက် နှစ်များစွာကြာ သူတို့ စွဲကိုင်ထားသည့် စိတ်ထက်သန်သော မျှော်လင့်ချက်များကို မဆိုထားနှင့်၊ ကျွန်ုပ်အတွက် သူတို့၌ရှိကြသည့် အထင်ကြီးလေးစားမှုနှင့် ယုံကြည်ကိုးစားမှုတို့ကို ကျွန်ုပ် သစ္စာဖောက်၍ မရပါ။ ထို့ကြောင့် ကျွန်ုပ် ဆက်လက် ဟန်ဆောင်ရမည်’ဟု ယုံကြည်သည်။ ထိုသို့သော ဟန်ဆောင်မှုတစ်ခုသည် မည်သည့်အရာနှင့် တူသနည်း။ သင်သည် မိမိကိုယ်ကို ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် မဟာလူသားတစ်ဦးအဖြစ် အောင်မြင်စွာ ပြုလုပ်ပြီး ဖြစ်သည်။ ညီအစ်ကို မောင်နှမများက မေးမြန်းရန်၊ တိုင်ပင်ရန်နှင့် မိမိတို့ ရင်ဆိုင်ရသည့် မည်သည့်ပြဿနာမဆိုနှင့် ပတ်သက်၍ သင်၏ အကြံပြုတိုက်တွန်းမှုကို အရေးတကြီး တောင်းခံရန် သင့်ထံ လာချင်ကြသည်။ ၎င်းတို့အနေဖြင့် သင့်မရှိဘဲနှင့် အသက်ပင် မရှင်နိုင်ကြသည့်ပုံရသည်။ သို့ရာတွင် သင်၏ စိတ်နှလုံးသည် မချိတင်ကဲဝေဒနာခံစားရသည် မဟုတ်လော။ လူအချို့သည် ဤမချိတင်ကဲဝေဒနာ မခံစားရသည်မှာ အမှန်ဖြစ်၏။ အန္တိခရစ်တစ်ဦးသည် ဤမချိတင်ကဲဝေဒနာကို မခံစားပေ။ ထိုအစား မိမိတို့၏ အဆင့်အတန်းသည် အခြားအရာအားလုံးအထက်တွင် ရှိသည်ဟု တွေးထင်လျက် ထိုအရာ၌ ၎င်းတို့ ဝမ်းမြောက်ပျော်ရွှင်ကြသည်။ သာမန်ဖြစ်သည့်၊ ပုံမှန်လူတစ်ဦးသည် မီးပေါ် အကင်ခံရသည့်အခါ မချိတင်ကဲဝေဒနာ ခံစားသည်။ ၎င်းတို့သည် သာမန်လူတစ်ဦးကဲ့သို့သာ လုံးဝ ဘာမျှမဟုတ်ဟု ခံစားရသည်။ အခြားသူများထက် ၎င်းတို့ ပိုသန်မာသည်ဟု မယုံကြည်ကြ။ လက်တွေ့ကျသည့် မည်သည့်အလုပ်ကိုမျှ မပြီးမြောက်နိုင်ရုံမက အသင်းတော် အလုပ်နှင့် ဘုရားရွေးချယ်ထားသူတို့ကို နှောင့်နှေးစေလိမ့်မည်ဟုလည်း ၎င်းတို့ တွေးထင်ကြသောကြောင့် အပြစ်တင်မှုကို ခံယူပြီး နုတ်ထွက်ကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အသိစိတ်ရှိသူတစ်ဦး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) လင်ရှင်းဟာ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ပြီး သူဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် အသက်ရှင်နေထိုင်ခဲ့တဲ့အကြောင်း၊ အခြေအနေတိုင်းမှာ ကြီးကြပ်ရေးမှုတစ်ယောက်ဖြစ်တဲ့ သူ့အဆင့်အတန်းနဲ့ ရာထူးကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကို ထည့်တွက်စဉ်းစားနေခဲ့တဲ့အကြောင်းကို သူသဘောပေါက်သွားတယ်။ သူ ကြီးကြပ်ရေးမှူးမဖြစ်ခင်က အချိန်ကို သူပြန်စဉ်းစားကြည့်တယ်။ သူက သမ္မာတရားကို မိတ်သဟာယဖွဲ့နေသည်ဖြစ်စေ၊ သူနားမလည်တဲ့ မေးခွန်းတွေကို လူတွေနဲ့ ဆက်သွယ်ပြောဆိုပြီး စူးစမ်းရှာဖွေနေသည်ဖြစ်စေ ဘယ်တော့မှ ဝန်တာထားတဲ့စိတ် မရှိခဲ့ဘူး။ သူသိသလောက်ကို မျှဝေတယ်။ တစ်ခုခုမှားပြောမိမှာကို မကြောက်ခဲ့သလို နားလည်မှုမရှိတာကြောင့် စိတ်လှုပ်ရှားမနေခဲ့ဘူး။ သူ့အသက်ဝင်ရောက်မှုက ပေါ့တန်ပြီး တချို့စည်းမျဉ်းတွေကို သူ အပြည့်အဝသဘောမပေါက်ဘူးဆိုတာကို သိခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ အားနည်းချက်ကို ပြုပြင်ဖို့အတွက် မိတ်သဟာယဖွဲ့ပြီး ပိုပြီးတော့ ရှာဖွေခဲ့တယ်။ ဒါပေမဲ့ အခု ကြီးကြပ်ရေးမှူးဖြစ်တော့ ကိစ္စတွေက မတူတော့ဘူး။ သူက အမြဲတမ်း တခြားညီအစ်ကိုမောင်နှမတွေထက် သာမှရမယ်၊ သမ္မာတရားအပေါ် သူ့မိတ်သဟာယက ပိုပြီးတော့ လေးနက်မှရမယ်၊ သူ့အလုပ်လုပ်နိုင်စွမ်းက အရမ်းညံ့လို့ကို မဖြစ်ဘူးဆိုပြီး သူခံစားမိခဲ့တယ်။ သူက သူများတွေ ထုတ်တဲ့ မေးခွန်းတွေအတွက် ဖြေရှင်းချက်တွေကို မိတ်သဟာယဖွဲ့နိုင်မှရမယ်၊ ဒီလိုမဟုတ်ရင် ညီအစ်ကိုမောင်နှမတွေက သူ့ကို အထင်သေးမယ်လို့ သူထင်ခဲ့ပါတယ်။ စုဝေးပွဲတွေကို သူတက်တော့ သမ္မာတရားနဲ့ပတ်သက်တဲ့ သူ့မိတ်သဟာယမှာ ရှိတဲ့ ပျော့ကွက်တွေကို စုရွီက ထောက်ပြသွားတယ်။ သူ ရှင်းရှင်းလင်းလင်း နားမလည်နိုင်တဲ့ တချို့ ပြဿနာတွေကိုလည်း သူကြုံခဲ့ရတယ်။ အဖြေတွေကို သူမသိပေမဲ့လည်း ဝန်ခံချင်စိတ်မရှိခဲ့ဘူး။ သူ့ရဲ့ ကိုယ်ပိုင်ဂုဏ်နဲ့ အဆင့်အတန်းကိုပဲ စိတ်ရောက်နေပြီး အနေရခက်နေခဲ့တယ်။ ရေလောင်းသူတွေနဲ့ စုဝေးပွဲတွေ ဆက်လုပ်ရင် ပိုပြီးတော့တောင် ကိုယ့်အရှက်ကိုယ်ခွဲမိမှာကိုလည်း သူစိတ်ပူခဲ့တယ်။ ဒါကြောင့် သူက သွားဖို့ကို တွန့်ဆုတ်နေခဲ့ပါတယ်။ ဒါဆိုရင် သူ့ရဲ့ ချို့ယွင်းချက်၊ အားနည်းချက်တွေကို ဖုံးဖိပေးပြီး ကြီးကြပ်ရေးမှူးအနေနဲ့ သူ့ပုံရိပ်ကို ထိန်းသိမ်းပေးမယ်လို့ ထင်ပြီးတော့ပေါ့။ လင်ရှင်းက သူဟာ သူ့ကိုယ်သူ အမွှမ်းတင်နေခဲ့တယ်ဆိုတာ၊ သူ့ကိုယ်သူ အားနည်းချက်တွေမရှိဘဲ အရမ်းကိုတော်တဲ့သူတစ်ယောက်အနေနဲ့ ဟန်ဆောင်ဖို့ ကြိုးစားနေတယ်ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။ သူက တကယ်ကို မာနထောင်လွှားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သိမြင်မှုမရှိခဲ့ပါဘူး။ သူက ကြီးကြပ်ရေးမှူးဖြစ်ခါစဆိုတော့ သူ့ရဲ့ ကိုယ်ပိုင်ပြဿနာတွေနဲ့ အားနည်းချက်တွေကို ဖော်ထုတ်တာက သူ့အတွက် လုံးဝ ပုံမှန်ပါပဲ။ ပြီးတော့ ဘုရားသခင်က ဒီပြဿနာတွေ၊ အခက်အခဲတွေကို သူ လက်တွေ့လုပ်ဖို့အတွက် အခွင့်အလမ်းတွေအဖြစ် အသုံးပြုနေခဲ့တာပါ။ သူ့ကိုယ်သူ အရည်အချင်းမပြည်မီဘူးလို့ မြင်လို့ ဒီပြဿနာတွေကို ရှောင်ဖို့ ဆုံးဖြတ်မဲ့အစား ဖြေရှင်းဖို့အတွက် သမ္မာတရားစည်းမျဉ်းတွေကို အလေးအနက် ရှာဖွေရမယ်။ အဲဒီအပြင် ပြဿနာတွေကို ရှောင်တာဟာ သူ့တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းနေခဲ့တာ မဟုတ်ဘူး။ လင်ရှင်းဟာ လူတွေအပေါ် ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေကို မြင်ခဲ့ပါတယ်။ “သင်နားမလည်သည့် အရာနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်လေနှင့်။ ထိုကဲ့သို့သော အရေးကိစ္စများကို ဘုရားသခင် ရှေ့တော်မှောက်သို့ ပို၍မကြာခဏ ဆောင်ကြဉ်းလာပြီး၊ သူ့ကို ရိုးသားသော နှလုံးသားတစ်ခု ပူဇော်ဆက်ကပ်လော့။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားသခင်ဟာ လူတွေကို သူတို့နားမလည်တာတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ရိုးသားစစ်မှန်တဲ့ စိတ်နှလုံးနဲ့ ဆုတောင်းပြီး ရှာဖွေဖို့အတွက် သူ့ရှေ့ကို မကြာခဏလာဖို့ အလိုရှိတယ်ဆိုတာကို လင်ရှင်းနားလည်လာခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ဂုဏ်နဲ့ အဆင့်အတန်းကို သူ့ရဲ့ အလေးထားမှုက တင်းတင်းကျပ်ကျပ်ချည်နှောင်တာကို ခံရပြီး သူ့ရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကို အမြဲတမ်း စဉ်းစားနေခဲ့တယ်။ သူက တော်တော်လိုအပ်မှုရှိနေတာကို သိပေမဲ့ အလုပ်ကို ရှေ့ဆက်ဖို့အတွက် ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို မတွေးခဲ့ဘူး။ ညီအစ်ကိုတွေက သူတို့အလုပ်နဲ့ပတ်သက်ပြီး တော်တော်လေးအလေးအနက်ထားတာက ကောင်းတဲ့အရာပါ။ သူကတော့ သမ္မာတရားကို နားမလည်နိုင်သလို ပြဿနာတွေကိုလည်း မဖြေရှင်းနိုင်ဘူး။ သူများတွေကို မေးခွန်းတွေအများကြီးမေးလို့ဆိုပြီး အပြစ်တင်ခဲ့တယ်။ သူက တကယ်ကို အသိခေါက်ခက် အဝင်နက်ခဲ့တာပါ။ လင်ရှင်းဟာ ဒါတွေကို သဘောပေါက်ပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဆက်ဖတ်ပြီး လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခု တွေ့ခဲ့ပါတယ်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ငါ့ကို ပြောလော့၊ သင်တို့သည် ပုံမှန်၊ သာမန်ဖြစ်သောလူများ မည်သို့ ဖြစ်နိုင်သနည်း။ သင်တို့သည် မဟာလူသား၊ ကြီးမြတ်သောသူဖြစ်ဖို့ မကြိုးစားဘဲ ဘုရားပြောသကဲ့သို့ ဖန်ဆင်းခံတစ်ဦး၏ လူတို့သည် မဟာလူသား၊ သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်အချို့အဖြစ် အဘယ်သို့ ကြိုးစား၍ မရနိုင်သနည်း။ ရိုးရိုးနှင့် သာမန်လူတစ်ဦးဖြစ်ဖို့ သင်မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤသည်ကို မည်သို့ လုပ်ဆောင်နိုင်သနည်း။...ရှေးဦးစွာ သင်သည်‘ငါက ခေါင်းဆောင်ဖြစ်တယ်။ အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တယ်။ ကြီးကြပ်ရေးမှူးဖြစ်တယ်။ ဘယ်သူကမှ ဒီအလုပ်ကို ငါ့ထက်ပိုမသိဘူး။ ကျွမ်းကျင်မှုတွေကို ဘယ်သူမှ ငါ့လောက်နားမလည်ဘူး’ ဟုပြောလျက် သင့်ကိုယ်သင် ရာထူးတစ်ခုပေးပြီး ထိုရာထူးဖြင့် ကန့်သတ်ခြင်းကို မခံနှင့်။ သင် ကိုယ်တိုင်ခန့်ထားသောရာထူးတွင် ပိတ်မိမနေနှင့်။ ပိတ်မိသည်နှင့် တစ်ပြိုင်နက် ယင်းသည် သင်၏ လက်နှင့်ခြေများကို ချည်နှောင်လိမ့်မည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ် သက်ရောက်လိမ့်မည်။ သင်၏ ပုံမှန် စဉ်းစားပုံနှင့် အကဲဖြတ်ပုံကိုလည်း သက်ရောက်လိမ့်မည်။ ဤအဆင့်အတန်းများ၏ ဘောင်ခတ်ခြင်းများမှ လွတ်မြောက်အောင် သင် အားထုတ်ရမည်။ ရှေးဦးစွာ ဤတရားဝင်ရာထူးနှင့် နေရာမှ သင့်ကိုယ်သင် နှိမ့်ချပြီး သာမန်လူတစ်ယောက်၏ နေရာတွင် ရပ်တည်ပါ။ ရပ်တည်လျှင် သင်၏စိတ်နေစိတ်ထားက အတော်အတန် ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် ‘ဒါကို ဘယ်လိုလုပ်ရမလဲ ငါမသိဘူး။ အဲဒါကိုလည်း နားမလည်ဘူး။ သုတေသနနဲ့ လေ့လာတာတွေ နည်းနည်းလုပ်ရမယ်’ သို့မဟုတ် ‘ဒါကို ငါ လုံးဝ မကြုံဖူးဘူး။ ဒါကြောင့် ဘာလုပ်ရမယ်ဆိုတာ ငါမသိဘူး’ ဟူ၍လည်း ဝန်ခံပြီး ပြောရမည်။ သင်သည် အမှန်တကယ် ထင်မြင်သည့်အရာကို ပြောခြင်း၊ ရိုးသားစွာ စကားပြောဆိုခြင်းကို လုပ်ဆောင်နိုင်စွမ်းရှိသောအခါ ပုံမှန်အသိစိတ်ကို သင် ပိုင်ဆိုင်လိမ့်မည်။ သူတစ်ပါးတို့က သင်၏ အစစ်အမှန်ကို သိလိမ့်မည်။ ထိုသို့ဖြင့် သင့်အပေါ်တွင် သာမန်အမြင်ရှိလိမ့်မည်။ သင်သည် ဟန်လုပ်ဖို့လိုမည်မဟုတ်သကဲ့သို့ သင့်အပေါ် ကြီးမားသော ဖိအားတစ်ခုတလေ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် လူတို့နှင့် ပုံမှန်ဆက်သွယ်ပြောဆိုနိုင်လိမ့်မည်။ ဤသို့ အသက်ရှင်ခြင်းသည် လွတ်လပ်ပြီး လွယ်ကူသည်။ အသက်ရှင်ရသည်မှာ ပင်ပန်းသည်ဟု မြင်သော မည်သူမဆိုသည် မိမိတို့ကိုယ်တိုင်ကြောင့် ဤသို့ ဖြစ်ခြင်းဖြစ်သည်။ အယောင်မဆောင်နှင့်၊ သို့မဟုတ် ဟန်မလုပ်နှင့်။ လူတိုင်းက သတိထားမိပြီး နားလည်ဖို့ရန်အလို့ငှာ ရှေးဦးစွာ သင်၏ စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာ၊ သင်၏ တကယ့် အတွေးများနှင့်ပတ်သက်၍ ဖွင့်ပြောပါ။ ရလဒ်အနေဖြင့် သင်၏ စိတ်ပူပန်မှုများ၊ သင်နှင့် သူတစ်ပါးတို့ကြားရှိ အတားအဆီးများနှင့် သံသယများသည် ဖယ်ရှားခံရလိမ့်မည်။ သင်သည် အခြားတစ်စုံတစ်ခုကြောင့် အခက်အခဲဖြစ်ရသည်။ သင့်ကိုယ်သင် အဖွဲ့၏ ဦးဆောင်သူ၊ ခေါင်းဆောင်၊ အမှုဆောင်၊ သို့မဟုတ် ရာထူး၊ အဆင့်အတန်းနှင့် ရပ်တည်ချက် ရှိသူတစ်ယောက်အဖြစ် အစဉ် သတ်မှတ်သည်။ သင်သည် တစ်စုံတစ်ခုကို နားမလည်၊ မလုပ်ဆောင်နိုင်ဟုပြောလျှင် သင့်ကိုယ်သင် သိက္ခာချနေသည် မဟုတ်လော။ သင်၏စိတ်နှလုံးတွင် ဤအချုပ်အနှောင်များကို ဘေးဖယ်ထားသောအခါ၊ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင့်ကိုယ်သင် စဉ်းစားခြင်းကို ရပ်လိုက်သောအခါ၊ သင်သည် အခြားလူတို့ထက် ပိုသာသည်ဟု စဉ်းစားခြင်းကို ရပ်လိုက်ပြီး သင်သည် အခြားလူတိုင်းနှင့်တူသော သာမန်လူတစ်ယောက်ဖြစ်ကြောင်းနှင့် သင်သည် သူတစ်ပါးတို့ထက် နိမ့်ကျသည့် အချို့နယ်ပယ်များရှိသည်ဟု ခံစားရသောအခါ၊ သင်သည် ဤသဘောထားနှင့် သမ္မာတရား၊ အလုပ်နှင့်ဆက်နွှယ်သော ကိစ္စများကို မိတ်သဟာယဖွဲ့သောအခါ အခြေအနေ ကွာခြားသကဲ့သို့ သက်ရောက်မှုက ကွာခြားသည်။ သင်၏ စိတ်နှလုံးတွင် အစဉ်သဖြင့် သံသယများရှိလျှင်၊ အစဉ်ဖိစီးပြီး စိတ်ကျဉ်းကျပ်လျှင်၊ ဤအရာများကို သင်ဖယ်ရှားလိုသော်လည်း မဖယ်ရှားနိုင်လျှင် ဘုရားသခင်ထံ သင် အလေးအနက် ဆုတောင်းသင့်သည်၊ သင့်ကိုယ်သင် သုံးသပ်သင့်သည်၊ သင်၏ အားနည်းချက်များကို မြင်ပြီး၊ သမ္မာတရားအတွက် ကြိုးပမ်းသင့်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက ရလဒ်များ ရရှိလိမ့်မည်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ရာထူးတစ်ခုခုဖြင့်၊ သို့မဟုတ် ရာထူးတစ်ခုကို အသုံးပြုလျက်ဖြင့် ပြောဆို ပြုမူခြင်းမပြုနှင့်။ ရှေးဦးစွာ ဤအရာအားလုံးကို တစ်ဖက်တွင် ထားလိုက်ပြီး သင့်ကိုယ်သင် သာမန်လူတစ်ယောက်၏နေရာတွင် ထားပါ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) လင်းရှင်းက သူဟာ ကြီးကြပ်ရေးမှူးအနေနဲ့ သူ့ ဂုဏ်အဆင့်အတန်းကို လက်လွှတ်ဖို့လိုတယ်၊ သူဟာ သာမန်လူတစ်ယောက်သက်သက်ပဲ၊ တခြားလူတိုင်းနဲ့ အတူတူပဲ၊ မတူတဲ့တာဝန်တစ်ခုကို ထမ်းဆောင်နေတာသက်သက်ပဲဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ သဘောပေါက်သွားခဲ့ပါတယ်။ အခုသူက ကြီးကြပ်ရေးမှူးဖြစ်ပြီဆိုတော့ ပိုပြီးတော့ တာဝန်ယူရမယ်လို့ ဆိုလိုတာ သက်သက်ပဲ။ ဒါပေမဲ့ သူ့ရဲ့ ဝိညာဉ်ရင့်ကျက်မှုက နဂိုကတည်းကအတိုင်းပါပဲ။ ကြီးကြပ်ရေးမှူးဖြစ်တာက သူ့ဝိညာဉ်ရင့်ကျက်မှုက ကြီးထွားလာပြီလို့ မဆိုလိုဘူး၊ ဒါမှမဟုတ် သမ္မာတရားရဲ့ ကဏ္ဍအမျိုးမျိုးကို ပိုပြီးရှင်းရှင်းလင်းလင်းနားလည်တယ်လို့ မဆိုလိုပါဘူး။ ဒီလိုတွေးတာက လက်တွေ့မကျခဲ့ပါဘူး။ နောက်ပြီးတော့ ရေလောင်းသူအဖြစ် အကြာကြီးအစေခံခဲ့တော့ ညီအစ်ကိုမောင်နှမတွေက သူဟာ တကယ်တမ်း ဘယ်သူဆိုတာကို သိပြီးပါပြီ။ သူဟာ ဟန်ကြီးပန်ကြီး လုပ်ချင်တယ်ဆိုတဲ့ အချက်က သူဟာ သူ့ကိုယ်သူရော သူများတွေကိုပါ လှည့်ဖြားဖို့နဲ့ ကိုယ့်အထုပ်ကိုယ်ဖြေဖို့ ကြိုးစားခဲ့တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။ လင်ရှင်းက သူဟာ ကြီးကြပ်ရေးမှူးရာထူးကို လက်လွှတ်ရမယ်၊ သူ့အားနည်းချက်တွေကို မှန်မှန်ကန်ကန် ကိုင်တွယ်ရမယ်၊ သူနားမလည်တာကို သူများတွေနဲ့ မိတ်သဟာယဖွဲ့ပြီး စူးစမ်းရှာဖွေရမယ်၊ ဒါမှမဟုတ် ဒါကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို သူ့ဘာသာ ရှာဖွေရမယ်၊ ပြီးတော့ ထုတ်ဖော်ပြချက်တိုင်းကို အသက်တိုးတက်ကြီးထွားမှုအတွက် အခွင့်အရေးကောင်းတစ်ခုအနေနဲ့ ယူရမယ်ဆိုတာကို နားလည်သွားခဲ့တယ်။
ရာသီဥတုက တဖြည်းဖြည်းနဲ့ ပိုနွေးလာပြီး လေကလည်း ပိုပြီး ပြေလာတယ်။ လင်ရှင်းဟာ သူ့ရဲ့ ဝါဂွမ်းအနွေးထည်တွေကို ချွတ်လိုက်တယ်။ သက်သောင့်သက်သာဖြစ်ပြီး ကျေနပ်သွားတယ်။
အဲဒီနောက် မကြာခင်မှာပဲ လင်ရှင်းဟာ တရားဒေသနာအလုပ်ကို ကြီးကြပ်ဖို့ တာဝန်ပေးခံရပါတယ်။ တချို့ ညီအစ်ကိုမောင်နှမတွေက တရားဒေသနာတွေကို အရင်က ရေးခဲ့ဖူးပြီးတော့ တချို့တွေက ဧဝံဂေလိတရားဟောတဲ့နေရာမှာ အတွေ့အကြုံနှစ်တွေအများကြီးရှိတာကို သူတွေ့တော့ သူ မညည်းညူဘဲ မနေနိုင်ခဲ့ဘူး။ “သူတို့ထဲမှာ ငါ့ထက်မသာတဲ့သူ ဘယ်သူများ ရှိသေးလဲ။ ဒီအလုပ်ကို ငါကဘယ်လိုလုပ် ကြီးကြပ်ရမှာလဲ” ပေါ့။ လင်ရှင်းက စိတ်ဖိစီးသွားပြီး သူက အလုပ်ကို ကောင်းကောင်းမညွှန်ကြားနိုင်ရင် ညီအစ်ကိုမောင်နှမတွေကို သူ့ကို မယုံမကြည်ဖြစ်နိုင်ပြီး “မင်းက ကြီးကြပ်ရေးမှူးဆိုပေမဲ့ ဒီလိုမျိုး ကြီးကြပ်ရေးမှူးဖြစ်ရတာကို တကယ် ကိုင်တွယ်နိုင်ပါ့မလား” လို့ပြောမှာကို စိတ်ပူနေခဲ့ပါတယ်။ ရလဒ်တွေက မကောင်းဘဲ နောက်ဆုံးမှာ သူအထုတ်ခံလိုက်ရရင် လုံးဝကို အရှက်ကွဲမှာကို သူ စိတ်ပူနေခဲ့တယ်။ လင်ရှင်းဟာ ဖိနှိပ်မှုနဲ့ စိုးရိမ်မှုအလယ်မှာ အသက်ရှင်နေတာကို သူ့ကိုယ်သူ သတိပြုမိသွားတယ်။
အပြင်က မိုးက အရမ်းမသည်းပေမဲ့ သုံးလေးရက်ကြာတဲ့အထိ ဆက်တိုက် တဖွဲဖွဲရွာနေပါတယ်။ ညီအစ်ကိုမောင်နှမတွေ တင်ပြတဲ့ တရားဒေသနာတွေရဲ့ အရည်အသွေးက သိပ်မကောင်းတာကို လင်ရှင်းသတိထားမိပြီး စည်းမျဉ်းတွေအကြောင်းကို သူတို့နဲ့ မိတ်သဟာယဖွဲ့ချင်ခဲ့တယ်။ ဒါပေမဲ့ သူက တွန့်ဆုတ်ပြီးတော့ “အရင်တစ်ခေါက် စုဝေးပွဲတုန်းက ငါဟာ ဘေးမှာပဲထိုင်ပြီး စကားတစ်လုံးစ နှစ်လုံးစတောင် မပြောနိုင်ခဲ့ဘူး၊ အဲဒါ တော်တော်ကို ရှက်ဖို့ကောင်းခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုထင်လဲတောင် ငါမသိဘူး။ ငါက ဒီတစ်ခေါက်သွားပြီး ဘာပြဿနာကိုမှ မဖြေရှင်းနိုင်သေးရင် ဘာလုပ်သင့်လဲ။ ငါ မသွားသင့်ဘူး ထင်တယ်။ ဒါဆိုရင် ငါ သိက္ခာကျမှာမဟုတ်ဘူး” ဆိုပြီး တွေးတယ်။ လင်ရှင်းဟာ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်တယ်။ မိုးက ဆက်တိုက်ရွာနေပါတယ်။ သူဟာ “ငါက သူတို့နဲ့ မိတ်သဟာယဖွဲ့မှာမဟုတ်ဘူးဆိုပေမဲ့ စာနဲ့တစ်ဆင့် မိတ်သဟာယဖွဲ့နိုင်သေးတာပဲ။ ငါ သွားသွား၊ မသွားသွား အတူတူဖြစ်မှာပဲလေ” လို့တွေးပြီး သူ့ကိုယ်သူ နှစ်သိမ့်ခဲ့ပါတယ်။
တစ်နေ့တော့ ခေါင်းဆောင်က စုဝေးပွဲတစ်ခုလုပ်ဖို့အတွက် လင်ရှင်းနဲ့ အချိန်းအချက်လုပ်ခဲ့တယ်။ ခေါင်းဆောင်က အလုပ်အခြေအနေကို စုံစမ်းမေးမြန်းပြီးတဲ့နောက်မှာ လင်ရှင်းက သူ့တာဝန်မှာ တာဝန်မသိတတ်ဘူး၊ သူက အလုပ်ကို တကယ် နောက်ဆက်တွဲလိုက်လုပ်ပြီး ပြဿနာတွေကို ဖြေရှင်းဖို့ ပျက်ကွက်နေတယ်၊ ဒါကြောင့် တရားဒေသနာတွေက မကောင်းတဲ့အရည်အသွေးတွေဖြစ်နေတယ်ဆိုပြီး ထောက်ပြခဲ့ပါတယ်။ လင်ရှင်းဟာ တော်တော်လေးအရှက်ရခဲ့တယ်။ သူ့ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို အမြဲတမ်းစိတ်ပူခဲ့တာကြောင့် အလုပ်နှောင့်နှေးသွားရတဲ့အတွက် သူ့ကိုယ်သူ မုန်းတီးခဲ့တယ်။ နောက်တော့ ခေါင်းဆောင်က ဘုရားနှုတ်ကပတ်တော်တချို့ကို မျှဝေခဲ့တယ်။ ကျမ်းပိုဒ်တစ်ခုက လင်ရှင်းကို နည်းနည်းတို့ထိခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင် မည်မျှပါရမီရှိသည်၊ သင့်အနေဖြင့် မည်သည့်အစွမ်းအစနှင့် ပညာရေး အဆင့်ကိုပိုင်ဆိုင်သည်၊ ဆောင်ပုဒ်မည်မျှကို သင် ကြွေးကြော်နိုင်သည် သို့မဟုတ် စကားများနှင့် အယူဝါဒမည်မျှ သင် နားလည်သဘောပေါက်သည်ဟူသည်တို့မှာ အရေးမကြီးပေ။ သင် မည်မျှအလုပ်များသည်ဖြစ်စေ၊ တစ်နေ့တာတွင် သင် မည်မျှပင်ပန်းနွမ်းနယ်သည်ဖြစ်စေ၊ သင် ခရီးမည်မျှဝေးဝေး သွားပြီးသည်ဖြစ်စေ၊ အသင်းတော် မည်မျှ သင် လည်ပတ်သည်ဖြစ်စေ၊ အန္တရာယ်မည်မျှကို သင် စွန့်စားပြီး ဆင်းရဲဒုက္ခ မည်မျှ ခါးစည်းခံသည်ဖြစ်စေ ဤအရာတစ်ခုမျှ အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ အလုပ်အစီအစဉ်များကို အခြေခံ၍ သင်၏ တာဝန်ကို သင် ထမ်းဆောင်နေခြင်း ရှိမရှိ၊ ထိုအစီအစဉ်များကို သင် မှန်ကန်တိကျစွာ အကောင်အထည်ဖော်နေခြင်းရှိမရှိ၊ သင်၏ ခေါင်းဆောင်မှုအတောအတွင်းတွင်၊ သင်သည် သင်တာဝန်ရှိသည့် သတ်သတ်မှတ်မှတ် ဖြစ်သော အလုပ်တိုင်းတွင် ပါဝင်နေခြင်း ရှိမရှိ၊ ပြီးလျှင် စစ်မှန်သော ပြဿနာမည်မျှကို သင် အမှန်တကယ် ဖြေရှင်းပြီးခြင်း ရှိမရှိ၊ သင်၏ ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှုတို့ကြောင့် လူမည်မျှက သမ္မာတရား စည်းမျဉ်းများကို နားလည်လာပြီးဖြစ်သည်ဟူသည်နှင့် အသင်းတော်၏ အလုပ်က မည်မျှ ခရီးရောက်ပြီး တိုးတက်သည်ဟူသည်တို့ ဖြစ်သည်။ အရေးကြီးသည်မှာ ဤရလဒ်များကို သင် စွမ်းဆောင်ရရှိပြီးခြင်း ရှိမရှိဖြစ်သည်။ သင် ပါဝင်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ် မည်သည့်အရာဖြစ်စေ အရေးကြီးသည့်အရာမှာ သင်သည် ကြီးကြီးကျယ်ကျယ် ပြုမူပြီး အမိန့်များ ထုတ်ပြန်နေခြင်းထက် အလုပ်ကို တစိုက်မတ်မတ် နောက်ဆက်တွဲလိုက်လုပ်ကာ ညွှန်ကြားနေခြင်း ရှိမရှိဟူ၍ ဖြစ်သည်။ ဤအရာအပြင် နောက်ထပ် အရေးကြီးသည့်အရာမှာ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်၌ အသက်ဝင်ရောက်မှု ရှိမရှိ၊ ကိစ္စရပ်များကို စည်းမျဉ်းများနှင့်အညီ သင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် သက်သေခံချက်တစ်ခုကို သင် ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ ရင်ဆိုင်ရသည့် စစ်မှန်သော ပြဿနာများကို သင် ကိုင်တွယ်ကာ ဖြေရှင်းနိုင်ခြင်း ရှိမရှိဟူသည်တို့ ဖြစ်သည်။ ဤအရာများနှင့် အခြားအလားတူ အရာများအားလုံးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိဟူသည်ကို အကဲဖြတ်ခြင်းအတွက် စံသတ်မှတ်ချက်များဖြစ်သည်။ ဤစံသတ်မှတ်ချက်များက လက်တွေ့ကျသည်ဟု သင်တို့ ပြောမည်လော။ ပြီးလျှင် လူတို့အတွက် မျှတသလော။ (မျှတပါသည်။) ယင်းတို့သည် လူတိုင်းအတွက် မျှတပေသည်။ သင်၏ ပညာရေး အဆင့်အတန်းက မည်သည့်အရာဖြစ်စေ၊ သင် ငယ်ရွယ်သည်ဖြစ်စေ၊ အိုမင်းသည်ဖြစ်စေ၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးသည်ဖြစ်စေ၊ သင်၏ ဝါရင့်မှု သို့မဟုတ် ဘုရားနှုတ်ကပတ်တော် မည်မျှကို သင် ဖတ်ရှုပြီးသည်ဖြစ်စေ ဤအရာတစ်ခုမျှ အရေးမကြီးပေ။ အရေးကြီးသည့် အရာမှာ ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရပြီးနောက်တွင် အသင်းတော်အလုပ်ကို သင် မည်သို့ကောင်းစွာ လုပ်ဆောင်သည်၊ သင်၏ အလုပ်တွင် သင်က မည်သို့ထိရောက်ပြီး ကျွမ်းကျင်သည်ဆိုသည်နှင့် အလုပ်၏ ကိစ္စတစ်ခုစီက စနစ်ကျပြီး ထိရောက်သော ပုံစံဖြင့် တိုးတက်ကာ နှောင့်နှေးခြင်း ရှိမရှိဟူသည်တို့ ဖြစ်သည်။ ဤသည်တို့မှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိ၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိဟူသည်ကို အကဲဖြတ်သည့်အခါ ဆန်းစစ်ရသည့် အဓိကအရာများ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၉)) ခေါင်းဆောင်တွေ၊ အမှုဆောင်တွေရဲ့ တာဝန်တွေက ညီအစ်ကိုမောင်နှမတွေကို သမ္မာတရားစည်းမျဉ်းတွေ နားလည်အောင်လမ်းပြဖို့၊ ဘုရားအိမ်တော်ရဲ့ ကိစ္စအားလုံး တိုးတက်အောင် အားပေးဖို့ဖြစ်တယ်လို့ ဘုရားသခင်က မိတ်သဟာယပြုတာကို လင်ရှင်းမြင်ခဲ့ပါတယ်။ ဘုရားသခင်က လူတစ်ယောက်ကို သူဘယ်လောက်ဒုက္ခခံတဲ့ပုံပေါ်တယ်ဆိုတာကို အခြေခံပြီး တရားစီရင်တာမဟုတ်ဘဲ ဒီထက် သူ့တာဝန်တွေက တကယ့်ရလဒ်တွေရသလားဆိုတာနဲ့ သူ့တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းသလားဆိုတာကို အခြေခံပြီး တရားစီရင်ပါတယ်။ လင်ရှင်းဟာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ သူ့ကိုယ်သူ မေးလိုက်တယ်။ “ငါက ကြီးကြပ်ရေးမှူးဖြစ်ကတည်းက တကယ့်အလုပ်ဘယ်လောက်ကို လုပ်ခဲ့ပြီးပြီလဲ။ ငါတွေ့တဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းပြီးပြီလား။ အလုပ်က တကယ့်ရလဒ်တွေ ရပြီး ရှေ့ဆက်သွားပြီလား” ပေါ့။ လင်ရှင်းဟာ ဒီမေးခွန်းတွေထဲက ဘယ်ဟာကိုမှ မဖြေနိုင်ခဲ့ပါဘူး။ ခေါင်းဆောင်၊ အမှုဆောင်တစ်ယောက်အနေနဲ့ အလုပ်က ရလဒ်ကောင်းတွေ မရတာကို သတိပြုမိတဲ့အခါမှာ ဒီမကောင်းတဲ့ရလဒ်တွေအတွက် အကြောင်းပြချက်တွေကို တကယ်စုံစမ်းစစ်ဆေးသင့်ပြီး လူတွေက သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေထဲမှာ အသက်ရှင်နေသလား၊ စည်းမျဉ်းတွေကို သဘောမပေါက်တာလားဆိုတဲ့အပေါ် မူတည်ပြီး ပြဿနာတွေကို ပစ်မှတ်ထားတဲ့နည်းနဲ့ ဖြေရှင်းသင့်ပါတယ်။ ဒါပေမဲ့ သူက ပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ သူများတွေက သူ့ကို ရှင်းရှင်းလင်းလင်း မြင်သွားမှာကို ကြောက်ပြီး စည်းမျဉ်းတွေကို အကျဉ်းချုံးမိတ်သဟာယဖွဲ့ဖို့အတွက် စာတွေကိုပဲ ရေးခဲ့တယ်။ ဒါကြောင့် ရလဒ်အနေနဲ့ ပြဿနာတွေက မပြေလည်ဘဲရှိနေပြီး အလုပ်ရလဒ်တွေက ဆက်တိုက်မကောင်းတော့ဘူး။ ဒါတွေအားလုံးက တကယ့်အလုပ်ကို သူမလုပ်တာကြောင့် ဖြစ်တာမဟုတ်ဘူးလား။ စုဝေးပွဲပြီးတဲ့နောက်မှာ လင်ရှင်းဟာ တရားဒေသနာတွေရေးတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ချက်ချင်းသွားတွေ့ခဲ့တယ်။ အသေးစိတ် စုံစမ်းမေးမြန်းပြီးတော့ သူတို့တွေဟာ တကယ်ပဲ စည်းမျဉ်းတွေနဲ့အညီ မရေးဘူးဆိုတာကို သူတွေ့လိုက်ရတယ်။ အဲဒါနဲ့ သူက လူတိုင်းနဲ့ တချို့စည်းမျဉ်းတွေကို အတူမိတ်သဟာယဖွဲ့ခဲ့တယ်။ သုံးလေးရက်လောက်ပဲ ကြာပြီးတော့ အရည်အသွေးပိုကောင်းတဲ့ တရားဒေသနာတစ်ပုဒ်ကို တင်ပြခဲ့တယ်။ လင်ရှင်းဟာ တော်တော်ကျေနပ်ခဲ့ပေမဲ့ နောင်တလည်း နည်းနည်းရခဲ့ပါတယ်။ ဒီပြဿနာတွေကို သူစောစောစီးစီးသာ ကိုင်တွယ်ခဲ့ရင် အလုပ်က အကြာကြီးနှောင့်နှေးခဲ့မှာ မဟုတ်ဘူး။ သူ့ကိုယ်သူ မေးလိုက်တယ်။ “ငါ့ရဲ့ မာနကို ဘာလို့ လက်မလွှတ်နိုင်တာလဲ။ ငါ့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဖို့ ဘာကြောင့်အရမ်းခက်ခဲနေရတာလဲ” ပေါ့။ လင်ရှင်းဟာ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် စိတ်ဆုံးဖြတ်ပြီး ဒီကိစ္စနဲ့ပတ်သက်တဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ရှာခဲ့ပါတယ်။
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အန္တိခရစ်များသည် နေ့စဉ် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက်သာ အသက်ရှင်သည်။ ဂုဏ်အဆင့်အတန်း၏ အကျိုးကျေးဇူးများတွင် ပျော်မွေ့ရန်အတွက်သာ အသက်ရှင်ကြသည်။ ဤအရာကိုသာ ၎င်းတို့စဉ်းစားသည်။ ၎င်းတို့က ရံဖန်ရံခါ အချို့သော အသေးစား ဆင်းရဲဒုက္ခများကို ခံသောအခါ၊ သို့မဟုတ် အချို့သော အသေးအဖွဲအဖိုးအခများကို ပေးဆပ်သောအခါတွင်ပင် ယင်းသည် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ရရှိရန်အတွက်ဖြစ်သည်။ ဂုဏ်အဆင့်အတန်းကို လိုက်စားခြင်း၊ အာဏာစွဲကိုင်ခြင်း၊ လွယ်ကူသောဘဝရှိခြင်းတို့သည် အန္တိခရစ်များက ဘုရားသခင်ကို ယုံကြည်သည်နှင့် ၎င်းတို့အစဉ် ကြံစည်သော အဓိကအရာများဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ပန်းတိုင်များကို ရရှိသည်အထိ လက်မလျှော့ကြပေ။ ၎င်းတို့၏ မကောင်းမှုများ ဖော်ထုတ်ခံရလျှင် ၎င်းတို့က ထိတ်လန့်တုန်လှုပ်ကြသည်။ မိုးကောင်းကင်က ၎င်းတို့အပေါ် ပြိုကျတော့မည့်အလားဖြစ်သည်။ ၎င်းတို့သည် စား၍မဝင်နိုင်၊ အိပ်၍မပျော်နိုင်ပေ။ ၎င်းတို့သည် အိပ်မွေ့ချခံရသကဲ့သို့ ဖြစ်သည်။ စိတ်ဓာတ်ကျခြင်းကို ခံစားနေရသကဲ့သို့ဖြစ်သည်။ မည်သို့ဖြစ်သည်ကို လူတို့က မေးသောအခါတွင် ၎င်းတို့က မုသားများဖန်တီးပြီး ‘မနေ့က ကျွန်ုပ်သည် အလွန်အလုပ်ရှုပ်ပြီး တစ်ညလုံး မအိပ်ရပါ။ ထို့ကြောင့် ကျွန်ုပ် အလွန် ပင်ပန်းနေသည်’ ဟု ပြောသည်။ သို့သော် အမှန်တကယ်တွင် မည်သည့်အရာမျှ မမှန်ပေ။ အားလုံးက လှည့်စားခြင်း ဖြစ်သည်။ ၎င်းတို့သည် ‘ငါလုပ်ခဲ့သည့် မကောင်းသောအရာများက ဖော်ထုတ်ခံရပြီဖြစ်သည်။ သို့ဖြစ်၍ ငါ၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို မည်သို့ပြန်ရအောင် လုပ်နိုင်မည်နည်း။ ငါ့ကိုယ်ငါ အဖတ်ဆယ်ဖို့အတွက် မည်သည့်နည်းကို ငါအသုံးပြုနိုင်မည်နည်း။ လူတိုင်းအပေါ် ဤအရာကို ရှင်းပြရန် မည်သည့်လေသံ သုံး၍ရမည်နည်း။ ငါ့ကို လူများ မရိပ်စားမိစေရန် မည်သည့်အရာကို ငါပြော၍ရနိုင်မည်နည်း’ ဟူ၍ အစဉ်သဖြင့် တွေးတောနေခြင်းကြောင့် ဤသို့ ခံစားရခြင်းဖြစ်သည်။ ၎င်းတို့သည် အချိန်ကြာသည်အထိ မည်သည့်အရာကိုလုပ်ရမည်ကို အဖြေမရှာနိုင်ပေ။ ထို့ကြောင့် စိတ်ဓာတ်ကျကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ မျက်လုံးသည် တစ်နေရာထဲတွင် ခံစားချက်မဲ့စွာ စိုက်ကြည့်နေသည်။ မည်သည့်အရာကို ကြည့်သည်ကို မည်သူကမျှ မသိပေ။ ပြဿနာများက ၎င်းတို့ကို ဦးနှောက်ခြောက်အောင် စဉ်းစားစေသည်။ အကြောင်းပြချက်ပေါင်းစုံကို ကုန်စင်အောင် စဉ်းစားသည်။ စားချင်သောက်ချင်စိတ် မရှိအောင် ဖြစ်စေသည်။ ဤသို့ဖြစ်သော်လည်း ၎င်းတို့သည် အသင်းတော်အလုပ်ကို ဂရုစိုက်သည့်အသွင် ဟန်ဆောင်နေဆဲဖြစ်ပြီး လူတို့ကို မေးသည်။ ‘ဧဝံဂေလိအလုပ်က မည်သို့သော အခြေအနေရှိသနည်း။ တရားဟောသည်မှာ မည်မျှ ထိရောက်သနည်း။ ညီအစ်ကိုမောင်နှမများက ယခုရက်ပိုင်းတွင် အသက်ဝင်ရောက်မှု တစ်ခုခု ရခဲ့သလော။ တစ်စုံတစ်ဦးက အနှောင့်အယှက်နှင့် အဖျက်အဆီးများ ပြုနေသလော’ ဟူ၍ ဖြစ်သည်။ အသင်းတော်အလုပ်နှင့်ပတ်သက်သည့် ၎င်းတို့၏ ဤမေးမြန်းခြင်းများသည် အခြားသူများအတွက် အပြသဘောအဖြစ် ရည်ရွယ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပြဿနာများကို အမှန်တကယ် သိခဲ့ပါက ယင်းတို့ကို ဖြေရှင်းနိုင်ခဲ့မည် မဟုတ်သောကြောင့် ၎င်းတို့၏ မေးခွန်းများသည် ၎င်းတို့က အသင်းတော်၏ အလုပ်အပေါ် ဂရုစိုက်ပုံပေါက်စေရန် မေးခြင်းဖြစ်သည့် လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာ ဖြစ်လေသည်။ တစ်စုံတစ်ဦးသည် ၎င်းတို့ ဖြေရှင်းဖို့အတွက် အသင်းတော်၏ ပြဿနာများကို တိုင်ကြားလာပါက ၎င်းတို့သည် ခေါင်းခါမည်သာ ဖြစ်သည်။ မည်သည့်အကြံအစည်မျှ ၎င်းတို့အသုံးပြုနိုင်မည် မဟုတ်ဘဲ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဟန်ဆောင်လိုသော်လည်း ဟန်မဆောင်နိုင်ကြသကဲ့သို့ မြင်သာအောင်ပြခြင်းနှင့် ထုတ်ဖော်ခြင်းတို့ကို ခံရဖို့ အန္တရာယ်ရှိမည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ တစ်ဘဝလုံးတွင် ၎င်းတို့ရင်ဆိုင်ရသည့် အကြီးဆုံး ပြဿနာဖြစ်သည်။...အန္တိခရစ်များ၏ အုပ်စိုးမှုအောက်တွင် အသင်းတော်အလုပ်သည် ဆက်ရှိနေသော်လည်း ယင်း၏ ထိရောက်မှုမှာ ကြီးမားစွာ လျော့ပါးသွားပြီဖြစ်သည်။ အရေးကြီးသော အလုပ်တစ်ခုခုကို ဆိုးယုတ်သော ပုဂ္ဂိုလ်များက ထိန်းချုပ်ထားဆဲဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည် ဖော်ထားခြင်း မရှိလေပြီ။ ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့သည် အသီးသီး မိမိတို့တာဝန်ကို လုပ်ဆောင်နေကြသော်လည်း စစ်မှန်သည့် ရလာဘ် မရှိသကဲ့သို့ အမျိုးမျိုးသော အလုပ်တာဝန်များက တုံ့ဆိုင်းသွားသည့် အခြေအနေတစ်ခုတွင် ရှိသည်မှာ ကြာပြီဖြစ်သည်။ ဤပြဿနာများ၏ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်များက အသင်းတော်ကို ထိန်းချုပ်ထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ အန္တိခရစ်များအာဏာရှိသည့် မည်သည့်နေရာမဆိုတွင် ၎င်းတို့၏ လွှမ်းမိုးနယ်ပယ်က မည်သို့ရှိသည်ဖြစ်စေ၊ အုပ်စုတစ်စုသာရှိသည်ဖြစ်စေ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတစ်စိတ်တစ်ပိုင်း၏ အသက်ဝင်ရောက်မှုကို လွှမ်းမိုးမည်ဖြစ်သည်။ အသင်းတော်တွင် ၎င်းတို့ အာဏာရှိလျှင် အသင်းတော်အလုပ်နှင့် ဘုရားအလိုတော်သည် ထိုနေရာတွင် နှောင့်ယှက်ခံရသည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များသည် အသင်းတော်အချို့တွင် အဘယ်ကြောင့် အကော်အထည် မဖော်နိုင်သနည်း။ ဤသည်မှာ ဤအသင်းတော်များတွင် အန္တိခရစ်များ၏အာဏာ ရှိသောကြောင့် ဖြစ်သည်။ အန္တိခရစ်ဖြစ်သူ မည်သူမဆိုသည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံမည်မဟုတ်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းသည် လုပ်ရိုးလုပ်စဉ်နှင့် ဟန်ပြလုပ်ဆောင်ခြင်းတို့သာ ဖြစ်လိမ့်မည်။ ၎င်းတို့သည် ခေါင်းဆောင်များ၊ အမှုဆောင်များ ဖြစ်လျှင်ပင် တကယ့်အလုပ်ကို လုပ်ဆောင်မည်မဟုတ်။ ပြီးလျှင် ၎င်းတို့သည် အသင်းတော်အလုပ်ကို လုံးဝ ကာကွယ်ခြင်းမရှိဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက်သာ ပြောဆိုလုပ်ဆောင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) အန္တိခရစ်တွေဟာ ဂုဏ်နဲ့ အဆင့်အတန်းအတွက်သက်သက်ပဲ အသက်ရှင်တယ်၊ ဒါတွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတာကို အာရုံစိုက်ရင်းနဲ့ သူတို့ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးတယ်ဆိုပြီး ဘုရားသခင်က ဖော်ထုတ်ခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို သူတို့အလေးမထားဘူး။ သတ်သတ်မှတ်မှတ်အလုပ်ကို လုပ်ရတာကို ရှောင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ဂုဏ်၊ ဒါမှမဟုတ် အဆင့်အတန်းကို ခြိမ်းခြောက်လာတဲ့အခါ အသေးစားဆုံးရှုံးမှုပဲ ဖြစ်ရင်တောင် သူတို့ကိုယ်သူတို့ ဟန်ဆောင်ပြီး ဖုံးကွယ်ဖို့အတွက် ဦးနှောက်ခြောက်ခံပြီး အရမ်းအားစိုက်လုပ်ကြတယ်။ အန္တိခရစ်တွေဟာ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဂရုမစိုက်ဘူး၊ သူတို့ရဲ့ သင့်တော်တဲ့ တာဝန်တွေကို လျစ်လျူရှုတယ်၊ သူတို့တွေဟာ လုံးဝ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်ဆိုတာ ရှင်းပါတယ်။ လင်ရှင်းဟာ အန္တိခရစ်တစ်ယောက်လိုပဲ ပြုမူနေပြီး အရာအားလုံးထက် ဂုဏ်နဲ့ အဆင့်အတန်းကိုပဲ ချစ်မြတ်နိုးနေတယ်ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။ အသင်းတော်အလုပ်ကို သူဂရုမစိုက်ခဲ့ဘူး။ သူ့ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းက စိတ်ချရသရွေ့ တခြားဘာမှ အရေးမပါဘူး။ အသင်းတော်အလုပ်ကို လုပ်တာက သူ့အတွက် အပိုဝန်ထုပ်ဝန်ပိုးတစ်ခုလိုပါပဲ။ သူ့ရဲ့ အဓိကအာရုံစိုက်မှုက သူ့ဂုဏ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းခြင်းပဲ။ ရေလောင်းသူတွေနဲ့ စုဝေးပွဲတစ်ခုမှာ ညီအစ်ကိုမောင်နှမတွေရှေ့မှာ သူ့ကိုယ်သူ အရူးလုပ်ပြီးတော့ သူတော်တော်ဖိနှိပ်ခံရသလို ခံစားရလို့ စိတ်မကောင်းဖြစ်ပြီးတော့ အဲဒီနေရာက စုဝေးပွဲကို မသွားချင်တော့ဘူး။ အခု သူက တရားဒေသနာအလုပ်ကို နောက်ဆက်တွဲလုပ်နေတုန်းမှာ သူ့အားနည်းချက်တွေကို ခွဲခြားဖော်ထုတ်ပြီးတဲ့နောက် အမြန်လေ့လာသင်ယူဖို့ တွေးမဲ့အစား သူဟာ အရည်အချင်းမရှိတဲ့ ပုံပေါ်တာမျိုး မဖြစ်ရလေအောင် ထွက်ပြေးပြီး သူ့ပြဿနာတွေကိုပဲ ဖုံးချင်ခဲ့တယ်ဆိုတာကို သူတွေ့ခဲ့တယ်။ သူ့တာဝန်က တာဝန်မှာရှိတဲ့ ပြဿနာအမျိုးမျိုးကို ချက်ချင်းခွဲခြားဖော်ထုတ်ဖို့၊ အလုပ်က ချောချောမွေ့မွေ့နဲ့ တိုးတက်နိုင်အောင် ညီအစ်ကိုမောင်နှမတွေ သမ္မာတရားကို ရှာပြီး စည်းမျဉ်းတွေကို ဝင်ရောက်ဖို့အတွက် လမ်းပြဖို့ပါပဲ။ သမ္မာတရားကို သူ ရှင်းရှင်းလင်းလင်း နားလည်မှုမရှိတာ၊ အလုပ်မှာ အတွေ့အကြုံမရှိတာက တကယ့်အလုပ်ကို မလုပ်ရခြင်းအတွက် ခိုင်လုံတဲ့ အကြောင်းပြချက်၊ ဒါမှမဟုတ် ဆင်ခြေမဟုတ်ပါဘူး။ ဘုရားသခင်က အရမ်းကောင်းတဲ့ ရလဒ်တွေကို မတောင်းဆိုဘဲ လူတွေအနေနဲ့ သူတို့တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ စိတ်နှစ်ပြီး အစွမ်းကုန်အားစိုက်ဖို့ မျှော်လင့်ပါတယ်။ ဒါမှ လူတွေဟာ သူတို့တာဝန်တွေမှာတိုးတက်မှုတွေရှိနိုင်ပြီး သူတို့အားနည်းချက်တွေအတွက် ပြေရာပြေကြောင်း လုပ်နိုင်မှာပါ။ ဒါပေမဲ့ လင်ရှင်းကတော့ သူ့ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကိုထိန်းသိမ်းတာကိုပဲ အာရုံစိုက်နေပြီး တကယ့်အလုပ် ဘာတစ်ခုမှ မလုပ်နေခဲ့ဘူး။ သူ့အားနည်းချက်တွေကို ဖုံးဖို့အတွက် သူဟာ လက်ရှောင်တဲ့ အမှုဆောင်တစ်ယောက်ဖြစ်လာပြီး အသင်းတော်အလုပ်ကို ထိခိုက်ခဲ့တယ်။ အလုပ်တိုးတက်မှုကို ကူညီပံ့ပိုးဖို့ ပျက်ကွက်ခဲ့ရုံမကဘဲ အလုပ်ကိုလည်း နှောင့်နှေးစေခဲ့ပြီး ထိခိုက်ခဲ့တယ်။ သူ့ရဲ့ ဒီလုပ်ရပ်တွေကို ဘုရားသခင်က ဘယ်လိုလုပ် အရမ်းမမုန်းတီးဘဲ နေနိုင်မလဲ။ အသင်းတော်က နှင်ထုတ်ခံရတဲ့ အန္တိခရစ်တွေက သူတို့ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို အရမ်းအရေးစိုက်တာတွေ၊ ညီအစ်ကိုမောင်နှမတွေက အထင်ကြီးလေးစားတာကို သူတို့နှစ်သက်ပုံတွေ၊ သူတို့ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို ကာကွယ်တဲ့အရာတွေကိုပဲ လုပ်ခဲ့တာတွေ၊ ပြီးတော့ အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်ရင်တောင် ဂရုမစိုက်ခဲ့တာတွေကို သူတွေးမိတယ်။ အဆုံးမှာတော့ သူတို့ရဲ့ များပြားလှတဲ့ ဒုစရိုက်အမှုတွေကြောင့် နှင်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံခဲ့ရတယ်။ လင်ရှင်းက သူဟာ အန္တိခရစ်တစ်ဦးရဲ့ စိတ်သဘောထားကိုလည်း ထုတ်ဖော်နေတယ်ဆိုတာ၊ သူနောင်တမရရင် သူလည်း နောက်ဆုံးမှာ ဒီလိုအဆုံးသတ်မျိုးပဲ ဖြစ်လာမယ်ဆိုတာကို သဘောပေါက်သွားတယ်။ ဒါကို ဆင်ခြင်သုံးသပ်ပြီး လင်ရှင်းဟာ ရှေ့လျှောက် သူ့တာဝန်ကို လုံးဝစိတ်နှစ်လုပ်မယ်၊ သူ့ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းအပေါ် အရေးစိုက်တာတွေကြောင့် ဘောင်ခတ်ခံမှာမဟုတ်ဘူး၊ သူ့တာဝန်ကို တည်ကြည်ခိုင်မာတဲ့ ပုံစံနဲ့ လုပ်မယ်လို့ တိတ်တိတ်လေး စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ခုခုကို သူနားမလည်ရင် ဆက်စပ်တဲ့ စည်းမျဉ်းတွေကို လေ့လာမယ်၊ ဒါမှမဟုတ် သူ့ကိုယ်သူ ဘေးဖယ်လိုက်ပြီး ညီအစ်ကိုမောင်နှမတွေဆီကနေ ရှာဖွေမယ်ပေါ့။ ဒီလိုနဲ့ သူဟာ သူ့တာဝန်ကို တဖြည်းဖြည်းချင်းနဲ့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။
နောက်ရက်တွေမှာ လင်ရှင်းဟာ ဆီလျော်တဲ့ သမ္မာတရားစည်းမျဉ်းတွေကို အမှန်တကယ် လေ့လာပြီး အဲဒီစည်းမျဉ်းတွေနဲ့ သူ့ကိုယ်သူ ပြင်ဆင်တာကို အာရုံစိုက်ခဲ့တယ်။ သူများတွေနဲ့ မိတ်သဟာယဖွဲ့တဲ့အခါမှာ သင်ယူလေ့လာတဲ့၊ မျှဝေတဲ့ စိတ်ဓာတ်နဲ့ ချဉ်းကပ်တယ်။ သူနားမလည်တာတစ်ခုခုကို ကြုံရတဲ့အခါတိုင်း သူများတွေဆီက အကြံဉာဏ်ကို တက်တက်ကြွကြွနဲ့ ရှာတယ်။ သူများတွေက သူ့ကို ဘယ်လိုမြင်နိုင်တယ်ဆိုတာကို သူဂရုမစိုက်ဘူး။ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေဆီ ဦးတည်ပြီး ကြိုးပမ်းနိုင်ပြီးတော့ သူ့တာဝန်ကို စိတ်ပါလက်ပါနဲ့ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းနိုင်သရွေ့ လုံလောက်ပြီ။
အကြာကြီး အုံ့မှိုင်းပြီး မိုးရွာနေတဲ့ ရာသီဥတုကြောင့် လေက ပူအိုက်ပြီး သိပ်သည်းနေပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက နောက်ဆုံးမှာ ပြီးဆုံးသွားမှာပါ။ နေ ထွက်လာပါလိမ့်မယ်။ အဲဒီအချိန်မှာတော့ ကောင်းကင်က တောက်ပပြီး အရောင်အသွေးစုံလင်လိမ့်မယ်။
နောက်ဆုံးမှာ မိုးကရပ်တန့်သွားပါတယ်။ ကောင်းကင်ဟာ တဖြည်းဖြည်းနဲ့ နေသာလာခဲ့တယ်...
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကြူးတီ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၁၊ ဇွန်လမှာ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းရတယ်။ အစ်ကိုဂျရမီက ကျွန်မတို့အလုပ်ကို ကြီးကြပ်တယ်။ သူက...
ဆွန်ယု နယ်သာလန်နိုင်ငံ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ဧဝံဂေလိ ဖြန့်ဝေခြင်း အလုပ်ကို ကျွန်မစတင်လက်တွေ့လုပ်ဆောင်ခဲ့သည်။ ဤတာဝန်ကို...
အသက် ၄၆နှစ်ထဲဝင်တဲ့ နှစ်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ...
ဝေးရှောင် စပိန်နိုင်ငံဒီနှစ်အစောပိုင်းမှာ ကျွန်မ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်တုန်းက ဧဝံဂေလိအဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မဝမ်က...