အဆင့်အတန်းကို လက်လွှတ်ရာတွင် ကျွန်ုပ် လွတ်မြောက်သည်

23.01.2022

ဟောင်လီ တရုတ်နိုင်ငံ

၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ခေါင်ဆောင်ရာထူးတစ်ခု ကျွန်မယူခဲ့တယ်။ တစ်ကြိမ် စုဝေးပွဲတစ်ခုမှ ကျွန်မရဲ့ မိတ်သဟာယကို လက်စသတ်လိုက်ပြီးတဲ့နောက်မှာပဲ၊ အစ်မ ဟီက၊ “ညီမရဲ့ မိတ်သဟာယက တကယ်ကို အသိဉာဏ်ပွင့်စေပြီး၊ အစ်မရဲ့ ပြဿနာနဲ့ပတ်သက်လို့ တကယ် အကူအညီ ပေးနိုင်တယ်” လို့ ပြောတယ်။ အစ်မလီက ဝင်သဘောတူခဲ့တယ်။ သူတို့ မျက်လုံးတွေထဲက ရိုသေလေးစားတဲ့ အကြည့်တွေကို မြင်တော့၊ ကျွန်မ အရမ်းပျော်သွားပြီး၊ “တခြား အသင်းသားတွေ အများကြီးထဲကနေ ခေါင်းဆောင်အနေနဲ့ အရွေးခံရတာက တခြားညီအစ်ကို မောင်နှမတွေထက် ငါ ပိုတော်လို့ ဖြစ်မှာ။ မဟုတ်ရင်၊ သူတို့ ငါ့ကို ဘာလို့ ရွေးကြမှာလဲ” လို့ တွေးမိခဲ့တယ်။ ပြီးတော့၊ စုဝေးပွဲတွေမှာ ပြဿနတချို့ကို ကျွန်မ အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်ခဲ့တော့၊ တခြားသူတွေက ကျွန်မ အနားမှာ ရှိချင်ကြပြီး၊ သူတို့အခက်အခဲရှိတဲ့အခါ မိတ်သဟာယအတွက် ကျွန်မကို ရှာကြတယ်။ ကျွန်မက ခေါင်းဆောင်အနေနဲ့ ကောင်းကောင်း အရည်အချင်း ပြည့်မီတယ်လို့ ခံစားရတယ်။ နည်းနည်း ဘဝင်မြင့်ပြီး အစွမ်းရှိသလို မခံစားဘဲ မနေနိုင်ခဲ့ဘူး။ ပြီးတော့ တခြားသူတွေရဲ့ တန်ဖိုးထားပြီး လေးစားခံရတဲ့ ခံစားချက်ကို နှစ်သက်မိခဲ့တယ်။

တစ်နေ့ ခါတိုင်းလိုပဲ သင်းထောက်စုဝေးပွဲတစ်ခုကို ကျွန်မ သွားတော့၊ အစ်မဝူက ခုနောက်ပိုင်း သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေမိပြီး၊ သူနဲ့ အလုပ်လုပ်သူတွေကြားမှာ အမြဲ အဆုံးအဖြတ် ပေးချင်ခဲ့တယ်လို့ ပြောပြခဲ့တယ်။ အဲဒီလိုနေတာက မမှန်တာကို သိခဲ့ပေမယ့် သူ တားဆီးနိုင်တဲ့ပုံကို မပေါ်ခဲ့တာပါ။ သူ့ကို ကူညီပေးဖို့ မိတ်သဟာယ နည်းနည်း ဝေမျှဖို့ သူ တောင်းဆိုခဲ့တယ်။ ကျွန်မက စမယ်လုပ်လိုက်တော့၊ ကျွန်မတို့ရဲ့ ဧဝံဂေလိ သင်းထောက် အစ်မ ဟန်က ကြားဖြတ်ပြီး စပြောခဲ့တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ဆက်နွှယ်တဲ့ သူ့အတွေ့အကြုံ တစ်ချို့ကို ဝေမျှခဲ့တယ်။ အစ်မဝူက အာရုံစိုက် နားထောင်နေပြီး၊ ပြုံးတောင်ပြုံးနေသလို၊ နားထောင်ပြီး ခေါင်းညိတ်နေတာ ကျွန်မ သတိထားမိတယ်။ ဒီမြင်ကွင်းက ကျွန်မကို တကယ် စိတ်မသက်မသာ ဖြစ်စေပြီး၊ “ဒီမှာ ငါက ခေါင်းဆောင်ပဲ၊ ဒါက ငါ ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာဖြစ်သင့်တယ်။ နင်ဘာလို့ ငါ့ဆီကနေ လုယူနေတာလဲ။ အဲဒါက ငါ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မသိတဲ့ပုံ ပေါ်စေတယ်မဟုတ်လား။ ခုနင်က ငါ့အစား အရေးပါတဲ့နေရာ ရောက်နေတယ်။ မဖြစ်ဘူး၊ အောင်မြင်မှုကို နင့်ကို ခိုးယူခွင့်မပေးနိုင်ဘူး၊ မဟုတ်ရင် လူတိုင်းက ခေါင်းဆောင်အနေနဲ့ သင်းထောက်တစ်ယောက်ကိုတောင် မမီဘူးလို့ ထင်နေမယ်။ ခေါင်းစဉ်ကို ချက်ချင်းပြောင်းဖို့ လိုတယ်” လို့ ကျွန်မ တွေးမိခဲ့တယ်။ ဒါကြောင့် အစ်မဝူရဲ့ ပြဿနာက ကျေနပ်လောက်အောင် ဖြေရှင်းခံရပြီး ဖြစ်တာ၊ မဖြစ်တာကို နှစ်ခါပြန်မတွေးဘဲ အစ်မဟန်ရဲ့ နှုတ်ကနေ စကားတွေ ထွက်လာတာနဲ့ ကျွန်မ ဖြတ်ပြောလိုက်တယ်- “အခု ဘုရားအိမ်တော်ရဲ့ အဓိက အလုပ်က ဘုရားအတွက် ဧဝံဂေလိ ဖြန့်ဝေတာနဲ့ သက်သေခံတာဖြစ်တယ်။ ကျွန်မတို့ရဲ့ ဧဝံဂေလိ အလုပ်ကို ဆွေးနွေးကြရအောင်။ အခု ကျွန်မတို့က ဧဝံဂေလိ ဖြန့်ဝေခြင်းရဲ့ အရေးပါမှုနဲ့ အဲဒါနဲ့ စပ်လျဉ်းပြီး ဝန်ထုပ်သယ်ပိုးတာကို လူတိုင်း နားလည်ဖို့ ကူညီပေးခြင်းကို အာရုံစိုက်နေကြတာပါ” လို့ပေါ့။ ကျွန်မ စကားပြောနေတုန်းမှာ၊ အစ်မဝူရဲ့ အမူအရာကို အမြဲ စောင့်ကြည့်ခဲ့ပြီး၊ ကျွန်မကို အာရုံစိုက်ပြီး သူ နားထောင်နေတာ မမြင်မချင်း ကျွန်မ နေမထိထိုင်မထိ ခံစားခဲ့ရတယ်။ ဒါပေမယ့် ကျွန်မ အံ့ဩသွားရတာက၊ ကျွန်မ ပြီးတာနဲ့ အစ်ဝူက ဧဝံဂေလိ ဝေမျှရာမှာ သုံးရမယ့် နည်းလမ်းတစ်ချို့နဲ့ပတ်သက်ပြီး ဆက်ပြောခဲ့တာပါပဲ။ အမှန်တော့၊ သူပြောနေတာက အရမ်းရှင်းပြီး ကျွန်မ မတွေးမိတဲ့ ဟာတစ်ခု ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ညီအစ်ကို မောင်နှမတွေက သူ ပြောနေတာကို စိတ်ဝင်စားနေကြတာ၊ နားထောင်ပြီး ခေါင်းညိတ်နေကြတာ မြင်တော့ ကျွန်မ တကယ် ကျွဲမြီးတိုသွားပြီး စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားရတယ်။ ကျွန်မ မခံမရပ်နိုင်ဖြစ်ပြီး၊ “ငါက ခေါင်ဆောင်ဖြစ်ပြီး နင်က သင်းထောက်တစ်ယောက်ပဲ။ နင်က ဒီလို အသာစီးရတဲ့နောက် ငါ့အလုပ်ကို ငါ ဘယ်လို ပြီးအောင်လုပ်ရမှာလဲ။ လူတိုင်းက နင့်ကို စအထင်ကြီးကြရင်၊ ဘယ်သူ ငါ့ကို နောက်ထပ် စဉ်းစားတော့မှာလဲ” လို့ တွေးမိတယ်။ ဒီအတွေးနဲ့၊ သူ့ကို ကျွန်မ မျက်နာထားတင်းတင်းနဲ့ ဖြတ်ပြောလိုက်ပြီး၊ ကျွန်မရဲ့ မိတ်သဟာယကို စဝေမျှခဲ့တယ်။ အဲဒါက တကယ်ကို ခွတီးခွတဖြစ်တဲ့ အချိန်ပါပဲ။ အဲဒီနေ့လည်မှာ၊ ရေလောင်းတာကို လုပ်ပေးမဲ့ လူတွေလိုအပ်တယ်လို့ ပြောခဲ့တယ်။ ကျွန်မ ပြန်ပြောတော့မလို့ပဲ၊ ဒါပေမယ့် ကျွန်မ ပါးစပ် မဟနိုင်ခင်မှာ၊ အစ်မဟန်က လူရှားပါးတာကို ဖြေရှင်းရာမှာ သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို စပြောခဲ့ပြီး နည်းလမ်းတစ်ချို့ကို သုံးကြည့်ဖို့ အကြံပေးခဲ့တယ်။ အဲဒီနောက်မှာပဲ အစ်မဝူက တစ်ကြိမ်ပြီး တစ်ကြိမ် ခေါင်းညိတ်နေတာကို မြင်ခဲ့ရပြီး ကျွန်မ တကယ် မနာလိုမိခဲ့တယ်။ “ငါက ခေါင်းဆောင်လေ၊ မိသဟာယကို ဝေမျှပြီး ဒီအလုပ်ကို စီစဉ်နေတာက ငါ ဖြစ်သင့်တယ်။ နင် အဲဒါကို လုပ်စရာမလိုဘူး။ သူကို ဘယ်လို မိတ်သဟာယပြုရမယ်ဆိုတာ ငါ မသိဘူးများ ထင်နေလား။ နင်က တကယ် အစွမ်းအစ ရှတယ်လို့ ထင်နေပုံပဲ၊ ပြီးတော့ ကြောင်းကျိုးမမြင်ဘဲ နင် ကြွားရုံကြွားနေတာပါ” လို့ တွေးမိခဲ့တယ်။ ကျွန်မက၊ “တကယ်တော့ သူ သိပ်မတော်တာကို မြင်နိုင်ဖို့ သူ့အလုပ်မှာ ငါ သူ့ကို အပြစ်ရှာသင့်တယ်။ အဲဒါဆိုရင် သူ သိပ်အများကြီး ကြွားဝါတော့မှာ မဟုတ်ဘူး” လို့ တွေးရင်းနဲ့ အစ်မဝူကို ကျွန်မ တကယ် စိတ်ဆိုးမိခဲ့တယ်။ ဒါကြောင့် အဲဒီနောက် ကျွန်မက သူ့ကို၊ “အစ်မဟန်ရေ၊ အစ်မ စီမံနေတဲ့ အဖွဲ့တွေရဲ့ ဧဝံဂေလိအလုပ်က သိပ်အကျိုးမဖြစ်ထွန်းဘူးနော်။ အစ်မက အဲဒါကို စိတ်ပါလက်ပါ မလုပ်ခဲ့တာများလား” လို့ မေးခဲ့တယ်။ ဒီမေးခွန်းနဲ့ အစ်မဟန်က နည်းနည်း အနေခက်သိလို ဖြစ်သွားခဲ့ပြီးတဲ့နောက် “ညီမရေ၊ အဲဒါကို အစ်မ လက်ခံနိုင်ပါတယ်။ အစ်မ နည်းနည်း စဉ်းစားကြည့်လိုက်ပါ့မယ်၊ ပြီးတော့ ဘာလို့ သိပ်မအောင်မြင်ခဲ့တာလဲ ဆိုတာကို အစ်မ ပေါင်းရုံးသုံးသပ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်လိုက်ပါ့မယ်” လို့ ပြန်ဖြေခဲ့တယ်။ သူ ကသိကအောက်ဖြစ်နေပုံကို မြင်တော့၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေခဲ့ပြီး၊ “ကောင်းပြီလေ၊ ဒါဆို ကျွန်မတို့ မိတ်သဟာယပြီးရင် အဆင်မပြေရတဲ့ အကြောင်းရင်းကို အကျဉ်းချုပ် ပြင်ဆင်ပြီး၊ အပြောင်းအလဲတစ်ချို့ လုပ်လိုက်။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်အနေနဲ့ အစ်မက ပုံသက်သေကောင်း ရှိဖို့လိုသလို တက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်ဖို့ လိုတယ်။ မဟုတ်ရင် ညီအစ်ကို မောင်နှမတွေက ဘယ်လိုလုပ် လှုံ့ဆော်ခံရမှာလဲ” လို့ မြန်မြန် ဆက်ပြောလိုက်တယ်။ ပြန်ဖြေတဲ့အနေနဲ့ အစ်မဟန်က ခေါင်းကို နည်းနည်း မာဆတ်ဆတ်နဲ့ ညိတ်လိုက်တယ်။ ခေါင်းကို သူ တိတ်တဆိတ် ငုံ့နေတာ မြင်တော့၊ ကျွန်မ ကိုယ့်ကိုယ် ဟုတ်လှပြီလို့ ဘဝင်ခိုက်ပြီး၊ “ကျွန်မက ရှင်ကို လိုက်မမီသလိုလိုနဲ့ ခုရှင် လုပ်နေတဲ့ ပုံစံက ဘယ်လိုဖြစ်တာတုန်း။ ခုလိုကျတော့ ရှင်က သိပ်မတော်ပါဘူးလေ။ ကဲ ပျော်ပြီလား” လို့ ကျွန်မ တွေးခဲ့တယ်။ ဒီလိုနဲ့ ဩဇာအာဏာနဲ့ ပြန်စကားပြောပြီး တခြားအလုပ်တွေအတွက် အစီအစဉ်တွေ လုပ်ရင်းနဲ့ အရေးပါတယ်ဆိုတဲ့ ကျွန်မရဲ့ ခံစားချက်ကို ကျွန်မ ပြန်ရခဲ့တယ်။ ခုချိန်မှာ မှောင်နေနှင့်ပြီးဖြစ်ပြီး အဲဒီညနေမှာ အစ်မဝူနဲ့ ကျွန်မက တခြားအလုပ်တွေ ဆွေးနွေးဖို့ ရှိသေးတယ်။ ကျွန်မအနေနဲ့ အစ်မဟန်ကို နေပြီး နားထောင်စေချင်ခဲ့ပေမယ့်၊ ကျွန်မဆီကနေ သူ ပရိသတ်အာရုံ နောက်တစ်ခါ ယူသွားမှာကို စိုးရိမ်မိခဲ့တယ်။ အဲဒါက ကျွန်မကို မစွမ်းဆောင်နိုင်တဲ့ပုံ ပေါ်စေမှာ မဟုတ်လား။ သူ့ကို အိမ်ပဲပြန်ခိုင်းမယ်လို့ တွေးလိုက်တယ်။ အစ်မဟန်ကို အိမ်ပြန် ထွက်သွားနှင့်နိုင်တယ်လို့ ကျွန်မ ပြောလိုက်တယ်။ သူက ဆောင့်ကြီးအောင့်ကြီးနဲ့ ခေါင်းညတ်ပြီးတဲ့နောက် သူ့ပစ္စည်းတွေအတူယူပြီး ထွက်သွားတယ်။ သူ့မျက်နှာမှာ မပျော်တဲ့ပုံနဲ့ သူ ထွက်သွားတာကို မြင်တော့ ကျွန်မ နည်းနည်း အပြစ်ရှိသလို ခံစားခဲ့ရတယ်။ နောက်နေ့ မနက် စုဝေးပွဲကို လာတဲ့လမ်းမှာ၊ ပြီးခဲ့တဲ့ နှစ်ရက်တာတစ်လျှောက် ကျွန်မရဲ့ အခြေအနေအပေါ် သုံးသပ်ဆင်ခြင်ခဲ့တယ်။ ပြီးခဲ့တဲ့ရက်က အစ်မဟန်အပေါ် ကျွန်မရဲ့သဘောထားနဲ့ပတ်သက်လို့ ကျွန်မ နည်းနည်း အသိစိတ်မရှိဘူးလို့ ခံစားရတယ်။ သမ္မာတရားအပေါ် သူ့ရဲ့ မိတ်သဟာယက တော်တော် ကောင်းခဲ့တယ်။ သူ အာရုံစိုက်ခံရတော့ ကျွန်မ စိတ်ဆိုးခဲ့တယ်၊ ဒါကြောင့် သူ့ကို ထိန်းဖို့ တတ်နိုင်သမျှ ကျွန်မ လုပ်ခဲ့တယ်။ သူက ကျွန်မရဲ့ ဘောင်ခတ်တာ ခံရလို့ ထွက်သွားတဲ့အချိန်မှာ စက်ပျက်ပုံပေါ်ခဲ့တာ သေချာသလောက်ပဲလို့ ကျွန်မ တွေးမိတယ်။ ဒါပေမယ့် အဲဒီတုန်းက ခဏပဲ ကျွန်မ တွေးခဲ့ပြီး နောက်ထပ် ဘာကိုမှ မသုံးသပ်ခဲ့ဘူး။ ပြီးရုံပြီးသွားစေခဲ့တယ်။

နောက်ထပ်ရက်အနည်းငယ်ကြာတော့၊ ကျွန်မနဲ့အတူ အလုပ်လုပ်တဲ့ အစ်မလီဆီ အစ်မဟန်အပေါ် ကျွန်မ ပြုမူခဲ့ပုံကို ပြောပြခဲ့တယ်။ သူက၊ “ဒါက အန္တိခရစ် စိတ်သဘောထားတစ်ခုဖြစ်ပြီး၊ ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို နင် ရှာသင့်တယ်။ ခေါင်းဆောင်အနေနဲ့ နင်က နင့်ထက်သာတဲ့သူတစ်ယောက်ကို အကျပ်ရိုက်စေပြီး ဖိနှိပ်တဲ့အခါ၊ အဲဒါ လက်မခံနိုင်စရာပါ။ ပဲကိုင်တဲ့နေရာမှာ ပိုပါရမီရှိတဲ့ ဘုရားအိမ်တော်သားတွေက နင်နဲ့ လုပ်ရမှာ မဟုတ်လား” လို့ ပြောပြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ဒါကို ကြားရတာ ကျွန်မအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး၊ အဲဒီနောက်မှပဲ ပြဿနာရဲ့ ကြီးလေးမှုကို ကျွန်မ သဘောပေါက်သွားခဲ့တယ်။ ကျွန်မ အိမ်ပြန်တဲ့လမ်းမှာ၊ အစ်မလီ အထပ်ထပ် ပြောခဲ့တာကို စဉ်းစားခဲ့ပြီး၊ အစ်မဟန်နဲ့ ပတ်သက်လို့ ကျွန်မရဲ့ တုန့်ပြန်မှုတွေနဲ့ ကျွန်မ ထုတ်ဖော်တာတွေအပေါ် ပြန်တွေးခဲ့တယ်။ သူ ကျွန်မ ရှေ့ရောက်မလာဖို့ သူ့ကို ကျွန်မ ကြဉ်ခဲ့တယ်။ သူ့ကို ကျွန်မ ထိန်းချုပ်နေခဲ့တာ မဟုတ်လား။ အဲဒါ မကောင်းမှု လုပ်နေတာပဲ။ ကျွန်မရဲ့ အပြုအမူကို ပိုတွေးလေ၊ ပိုစိုးရွံ့လာလေဖြစ်ခဲ့ပြီး၊ ဘုရားရှေ့ကို မြန်မြန်သွားပြီး ဆုတောင်းခဲ့တယ်- “အို ဘုရားသခင်။ အစ်မလီက ကျွန်မကို ကိုင်တွယ် ဖြေရှင်းရာကတစ်ဆင့်၊ အစ်မဟန်ကို ကျွန်မ ဖိနှိပ်ပြီး ကြဉ်တာက အန္တိခရစ် စိတ်သဘောထားတစ်ခုကို ကျွန်မ ဖော်ပြနေတာမှန်း သဘောပေါက်ပါပြီ။ အင်မတန် အရေးပါတဲ့ တာဝန်နဲ့၊ ဒီစိတ်သဘောထားကို ကျွန်မ မဖြေရှင်းရင်၊ ကျွန်မ မကောင်းမှု ဘယ်လောက်များများ ကျူးလွန်မိမယ်ဆိုတာ ဘယ်သူသိမှာလဲ။ ဘုရားသခင်၊ ဒါက သိပ်ကို ထိတ်လန့်စရာကောင်းတဲ့ စိတ်သဘောထားပါ။ ကျွန်မ ပြောင်းလဲချင်ပါတယ်- ကျေးဇူးပြုပြီး လမ်းပြပါ” လို့ပေါ့။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒါကို ဖတ်ခဲ့ရတယ်- “အန္တိခရစ်တစ်ဦး၏ အနှစ်သာရနှင့်သက်ဆိုင်သည့် အသိသာဆုံးသော ဝိသေသလက္ခဏာများထဲမှ တစ်ခုမှာ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အာဏာရှင်စနစ်ကို အုပ်ချုပ်မင်းလုပ်နေသည့် အာဏာရှင်များကဲ့သို့ဖြစ်သည်- ၎င်းတို့သည် မည်သူ့ကိုမျှ နားမထောင်ပေ၊ ၎င်းတို့သည် လူတိုင်းကို အထင်သေးပြီး၊ အခြားတစ်စုံတစ်ဦး ပြောသည့်အရာ၊ လုပ်ဆောင်သည့်အရာ၊ ထိုသူတို့တွင်ရှိသည့် ထိုးထွင်းအမြင်၊ ထိုသူတို့၏အမြင်ရှုထောင့်၊ ထိုသူတို့၏ အားသာချက်များ အားလုံးသည် ၎င်းတို့အမြင်တွင် နိမ့်ကျသည်။ မည်သူမျှ ၎င်းတို့ လုပ်ဆောင်လိုသည့်အရာတွင် ပါဝင်ဖို့၊ သို့မဟုတ် သူတို့သည် ဆွေးနွေးတိုင်ပင်ဖို့ သို့မဟုတ် အကြံပြုချက်များ ပေးဖို့ လျော်ကန်ခြင်းမရှိဟု တွေးထင်ကြသည်၊ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမျိုး ဖြစ်သည်။ ဤသည်မှာ ညံ့ဖျင်းသော လူ့သဘာဝရှိခြင်းဖြစ်သည်ဟု လူအချို့က ပြောကြသည်။— ဤသည်ကို ထူးမခြားနားသော ညံ့ဖျင်းသည့်လူ့သဘာဝမျှသာ မည်သို့လျှင် ဖြစ်နိုင်မည်နည်း။ ဤသည်မှာ လုံးလုံး ဆိုးယုတ်သည့် စိတ်သဘောထားတစ်ခု ဖြစ်ပေသည်။ ဤစိတ်သဘောထားမျိုးသည် အလွန့်အလွန် ခက်ထန်သည်။ ၎င်းတို့၏ စိတ်သဘောထားသည် အလွန့်အလွန် ခက်ထန်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အန္တိခရစ်တို့သည် အသင်းတော်၏ အကျိုးစီးပွားအပါအဝင်၊ ဘုရားအိမ်တော်၏အမှုကို လုံးလုံး ၎င်းတို့၏ကိုယ်ပိုင်အဖြစ်၊ အခြားမည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ၎င်းတို့သာ လုံးလုံး စီမံခန့်ခွဲသင့်သည့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုအဖြစ် ယူဆကြသည်။ ထို့ကြောင့် ဘုရားသခင်အိမ်တော်၏ အမှုကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့ တွေးသည့်တစ်ခုတည်းသော အရာများမှာ ၎င်းတို့၏ အကျိုးစီးပွားများ၊ ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်ဒြပ်နှင့် ဩဇာတိက္ကမတို့သာ ဖြစ်သည်။ ၎င်းတို့အမြင်တွင် ၎င်းတို့၏ဂုဏ်ဒြပ်နှင့် ဂုဏ်သတင်းကို ဒုက္ခပေးမည့်ဟန်ရှိသည့်သူ မည်သူကိုမဆို ၎င်းတို့ ငြင်းပယ်သည်။ ၎င်းတို့သည် ထိုသူတို့ကို ဖိနှိပ်ပြီး ဝိုင်းပယ်ထားကြသည်။ အထူးတာဝန်အချို့ကို ထမ်းဆောင်ခြင်းအတွက် အသုံးတည့်ပြီး သင့်တော်သည့်သူများကိုပင် ၎င်းတို့က ကြဉ်ထားပြီး ဖိနှိပ်ထားသည်။ ၎င်းတို့သည် ဘုရားသခင်အိမ်တော်၏ အမှုတော်အတွက် သို့မဟုတ် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများအတွက် အရေးထားခြင်း စိုးစဉ်းမျှ မရှိပေ။ မည်သူမဆိုက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နိုင်လျှင်၊ ၎င်းတို့ကို မနာခံလျှင်၊ ၎င်းတို့ကို မည်သို့မျှ အရေးမစိုက်လျှင်၊ ၎င်းတို့သည် ထိုသူတို့အား ကြဉ်ထားပြီး၊ ဖိနှိပ်သည်။ ထိုသူတို့အား ခပ်ခွာခွာနေသည်။ ၎င်းတို့၏ အလုပ်ဖော်ဖြစ်ခွင့်မပြုပေ။ ၎င်းတို့၏ အာဏာနယ်ပယ်အတွင်းတွင် မည်သည့်အရေးပါသည့် ရာထူးကိုမဆို၊ မည်သည့်အရေးကြီးသည့် ကဏ္ဍကိုမဆို ထိုသူတို့အား မည်သည့်အခါမျှ ခွင့်ပြုမည် မဟုတ်ပေ။ ဤလူတို့သည် မည်သည့်ကောင်းမှုများကို လုပ်ဆောင်သည်ဖြစ်စေ— ဘုရားအိမ်တော်အပေါ် အကျိုးဖြစ်စေသည့် အမှုများဖြစ်စေ— အန္တိခရစ်တို့သည် ဤလုပ်ဆောင်မှုများကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် ကောင်းသောအရာများအတွက် နာမည်ရယူပြီး မကောင်းသောအပြုအမူကို သူတစ်ပါးတို့အပေါ် ပုံချရန်အတွက် အချက်အလက်များကိုပင် မလိမ့်တစ်ပတ်လုပ်ကြလိမ့်မည်။ အခြားလူများသည် ညီအစ်ကိုမောင်နှမများ၏ ချီးကျူးထောက်ခံခြင်းကို ရရှိပြီး ၎င်းတို့၏ရာထူးကို ခြိမ်းခြောက်လာခြင်းမှ ဟန့်တားဖို့အလို့ငှာ ထိုသူတို့၏ အားသာချက်များနှင့် စင်ကြယ်သောအကျင့်များကို ညီအစ်ကိုမောင်နှမများ မမြင်စေရန် ၎င်းတို့ တားဆီးကြသည်။ ထို့အပြင် အန္တိခရစ်တို့သည် လူတို့အား ဖိနှိပ်ရန် မကောင်းပြောလျက်၊ ဤလူတို့သည် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ သူတို့အား ကြဉ်ထားပြီး ဖိနှိပ်ချုပ်ချယ်ရန် ဆင်ခြေများရှာဖွေလျက်ဖြင့် ညီအစ်ကိုမောင်နှမများကြားတွင် မုသားများကို လုပ်ကြံပြောဆိုပြီး အချက်အလက်များကို ချဲ့ကားပြောဆိုကြသည်။ လူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သည်၊ ကြွားဝါခြင်းကို နှစ်သက်ကြသည်၊ ရည်မှန်းချက်များ ထားထားကြသည်ဟု ၎င်းတို့က ပြောဆိုလျက် လူတို့အပေါ်တွင်လည်း ဝေဖန်အကဲဖြတ်တတ်ကြသည်။ အမှန်တကယ်တွင် ဤလူတို့အားလုံးတွင် ကောင်းမွန်သော အရည်အချင်းများ ရှိကြသည်။ အားလုံးက သမ္မာတရားကိုချစ်သောသူများဖြစ်ကြပြီး ပြုစုပျိုးထောင်ပေးဖို့ရန် ထိုက်တန်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ရံဖန်ရံခါ ထင်ရှားပြသခြင်းများဖြစ်သော အသေးစားအမှားများကိုသာ ထိုသူတို့အထဲတွင် တွေ့ရှိရသည်။ သူတို့အားလုံးတွင် အများနှင့်ယှဉ်ကြည့်လျှင် ကောင်းသော လူ့သဘာဝရှိကြသည်။ ယေဘုယျအားဖြင့်၊ ထိုသူတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ သင့်တော်သည်၊ တာဝန်တစ်ခုကို ထမ်းဆောင်သူများအတွက် အခြေခံသဘောတရားများနှင့် ထိုသူတို့ ကိုက်ညီကြသည်၊ သို့သော် အန္တိခရစ်များ၏အမြင်တွင် ၎င်းတို့က ‘ကျွန်ုပ်သည် ဤအရာကို သည်းညည်းခံမည် မဟုတ်။ သင်သည် ကျွန်ုပ်နှင့်ယှဉ်ပြိုင်ဖို့ ကျွန်ုပ်၏ အဖွဲ့ထဲတွင် အခန်းကဏ္ဍတစ်ခု လိုချင်သည်။ ယင်းမှာ မဖြစ်နိုင်ပေ၊ စဉ်းတောင်မစဉ်းစားလေနှင့်။ သင်သည် ကျွန်ုပ်ထက် သာ၍ တတ်နိုင်စွမ်းသည်၊ ကျွန်ုပ်ထက် သာ၍ ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ ကျွန်ုပ်ထက် သာ၍ ပညာတတ်ပြီး ကျွန်ုပ်ထက် လူကြိုက်များသည်။ ကျွန်ုပ်၏ ထင်ရှားကျော်ကြားမှုနှင့်ဩဇာအာဏာကို သင် လုယူသွားပါက ကျွန်ုပ် မည်သို့လုပ်ရမည်နည်း။ သင်သည် ကျွန်ုပ်အား သင်နှင့်တွဲဖက်၍ အလုပ်လုပ်စေလိုသလော။ စဉ်းတောင် မစဉ်းစားလေနှင့်။’ ဟု တွေးကြသည်။ ၎င်းတို့သည် ဘုရားသခင် အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားနေခြင်းလော။ မဟုတ်ပေ။ ၎င်းတို့ တွေးတောသမျှ အရာအားလုံးသည် ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်ဒြပ်ကို ထိန်းသိမ်းဖို့ နည်းလမ်းသာ ဖြစ်သောကြောင့် ၎င်းတို့သည် ဤလူများကို အသုံးပြုခြင်းထက် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများကိုသာ ထိခိုက်စေလိမ့်မည်။ ဤသည်မှာ ကြဉ်ထားခြင်း ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) အန္တိခရစ် စိတ်သဘောထားရဲ့ အဓိက ဝိသေသလက္ခဏာက တန်ခိုးအာဏာကို ကိုယ့်ရဲ့ တကယ့်အသက်လို မြင်တာ၊ ကျွန်မတို့ တာဝန်မှာ တစ်ယောက်ထဲ အမြဲ ချုပ်ကိုင်ချင်တာ၊ ကွပ်ကဲချင်တာဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ မြင်ခဲ့ရတယ်။ ကျွန်မတို့ရဲ့ အဆင့်အတန်းနဲ့ အာဏာကို တစ်ယောက်ယောက်က ခြိမ်းခြောက်လိုက်တာနဲ့၊ ဒါမှမဟုတ် ကျွန်မတို့ထက် သာတာနဲ့၊ သူတို့ကို ဖယ်ထုတ်ပြီး ထိန်းထားရင်းနဲ့ ဘုရားအိမ်တော်ရဲ့ အလုပ်ကို အထိခိုက်ခံဖို့ ဝန်မလေးကြဘူး။ ခေါင်းဆောင် တာဝန်ကို ယူကတည်းက ကျွန်မကိုယ်ကျွန်မ သုံးသပ်ကြည့်တော့၊ ကျွန်မတာဝန်မှာ ကျွန်မရဲ့ ဝတ္တရားက ဘာတွေဖြစ်တယ်ဆိုတာနဲ့ လက်တွေ့ကျတဲ့အလုပ်ကို ဘယ်လိုလုပ်သင့်တယ်ဆိုတာတွေအပေါ် ကျွန်မ အာရုံမစိုက်ခဲ့ဘဲ၊ ကျွန်မရဲ့ အဆင့်အတန်က ပေးခဲ့တဲ့ သိက္ခာအပေါ်ပဲ အာရုံစိုက်မိနေခဲ့တာပါ။ တစ်ယောက်ယောက် ကျွန်မထက်သာသွားမှာ မလိုချင်ခဲ့ဘူး။ အစ်မဟန်ရဲ့ သမ္မာတရားအပေါ် မိတ်သဟာယက အစ်မဝူရဲ့ ပြဿနာကို ဖြေရှင်းခဲ့တယ်။ အဲဒါက ဝန်ထုပ်တစ်ခုကို သူ ယူခဲ့မှန်း ပြတာဖြစ်ပြီး အပြုသဘောဆောင်တဲ့ အရာတစ်ခုပါ၊ ဒါပေမယ့် အစ်မဝူရဲ့ အခြေအနေ တိုးတက်ခဲ့တာကို ကျွန်မ မပျော်ခဲ့ဘူး။ အဲဒီအစား၊ အစ်မဟန်က ကျွန်မထက် ပိုတော်ပုံပေါက်မှာနဲ့ တခြားသူတွေရဲ့ စိတ်နှလုံးထဲမှာ ကျွန်မ နေရာပျောက်မှာ၊ သူတို့ ကျွန်မကို နောက်ထပ် မလေးစားကြတော့မှာ ကျွန်မ စိုးရွံ့မိခဲ့တယ်။ အစ်မဟန်ကို နှိမ်ဖို့ အရာရာကို ကျွန်မ ကြိုးစားခဲ့တယ်။ သူ့ရဲ့ မိတ်သဟာယကို တခြားသူတွေ လက်ခံချိန်မှာ အကြောင်းအရာကို တမင်တကာ ပြောင်းခဲ့ပြီး၊ သူ့အလုပ်ထဲက ပြဿနာတွေမှာ အပြစ်ရှာဖို့ ကျွန်မရဲ့ အဆင့်အတန်းနဲ့ ဩဇာအာဏာကို အသုံးချခဲ့တယ်။ သူ့အတွက် ကိစ္စတွေကို ကျွန်မ တမင်တကာ ခက်ခဲစေခဲ့ပြီး သူ့ကို အကြည့်ရဆိုးစေခဲ့သလို သူ့ကို တခြားသူတွေက မလေးစားတော့တဲ့အထိ အဲဒါကို လက်မလျှော့ခဲ့ဘူး။ ကျွန်မရဲ့ ရာထူးကို ခိုင်မာစေဖို့ သမ္မာတရား လိုက်စားသူတစ်ယောက်ကိုတောင် ကျွန်မ ဖိနှိပ်ပြီး တိုက်ခိုက်ခဲ့မှန်း ကျွန်မ သဘောပေါက်သွားတယ်။ အဲဒီလို ဆိုးယုတ်တဲ့၊ စက်ဆုပ်စရာ နည်းလမ်းကို အသုံးပြုတာက အန္တိခရစ် စိတ်သဘောထားကို ထုတ်ဖော်ပြနေခဲ့တာ မဟုတ်လား။ အဲဒီနောက်၊ အရင် ရက်အနည်းငယ်က အသင်းတော်က နှင်ထုတ်ခဲ့တဲ့ အန္တခရစ်တစ်ယောက်ကို တွေးမိတယ်။ သူ့ရဲ့ သရုပ်သကန်တွေက၊ မတူတဲ့ အယူအဆတွေ ဖော်ပြတဲ့သူတွေ၊ ဒါမှမဟုတ် တစ်ခုခုမှာ ပိုတော်တဲ့သူတွေကို စဉ်ဆက်မပြတ် ဖိနှိပ်ပြီး ငြင်းပယ်တာ၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို မတွေးတာတွေ ဖြစ်ခဲ့တယ်။ မကောင်းမှုမျိုးစုံ လုပ်တဲ့အတွက် နှင်ထုတ်ခံရတာနဲ့ သူ အဆုံးသတ်ခဲ့တယ်။ အစ်မဟန်ကို ကျွန်မ လုပ်ခဲ့သမျှအပေါ် သုံးသပ်ဆင်ခြင်ကြည့်တော့၊ ကျွန်မက အဲဒီအန္တိခရစ်လို အလားတူ လမ်းကြောင်းမှာ ရှိနေခဲ့တာ မဟုတ်လားလို့ သဘောပေါက်သွားတယ်။ အဲဒီနောက် ကျွန်မရဲ့ အန္တိခရစ် စိတ်သဘောထားက ဘယ်လောက် ဆိုးယုတ်ခဲ့မှန်း နောက်ဆုံးမှာ ကျွန်မ မြင်ခဲ့ရတယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒါကို ဖတ်ခဲ့ရတယ်- “သင်သည် မည်သည့်အရာကိုလုပ်လုပ်၊ ထိုအရာက အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သင့်ကိုကူညီရန်၊ သင့်ကို နည်းပေးလမ်းညွှန်မှုများပေးရန်၊ အကြံဉာဏ်ပေးရန်နှင့် အမှုအရာများအတွက် သင့်ကိုကူညီရန် အမြဲတမ်း လူများရှိနေသင့်သည်။ ဤနည်းဖြင့် သင်သည် အမှုအရာများကို ပို၍မှန်ကန်စွာ လုပ်ဆောင်လိမ့်မည်ဖြစ်ကာ အမှားများလုပ်မိရန် ပို၍ခက်ခဲပြီး လမ်းကြောင်းလွဲရန် ဖြစ်နိုင်ခြေ ပို၍နည်းပါးလိမ့်မည်— ယင်းမှာ ကောင်းကျိုးအတွက်ချည်းသာ ဖြစ်သည်။ အထူးသဖြင့် ယနေ့တွင် ဘုရားသခင်ကို အစေခံခြင်းသည် သေးငယ်သောကိစ္စ မဟုတ်ချေ— ယင်းက သင့်အသက်ကိုပင် ရင်းရနိုင်သည်တကား။ အန္တိခရစ်များက မိုက်မဲ၏၊ ၎င်းတို့သည် ဤအရာကို သဘောမပေါက်ကြဘဲ ‘ကျွန်ုပ်သည် မိမိကိုယ်ပိုင်အာဏာ ရရှိဖို့အရေး အတော်ပင် ဒုက္ခရောက်ခဲ့ရသည်၊ ယင်းကို အဘယ့်ကြောင့် အခြားတစ်ဦးဦးအား မျှဝေရမည်နည်း။ မျှဝေခဲ့ပါက ယင်းမှာ လျော့နည်းသွားမည် မဟုတ်လော။ ထိုမျှကြီးမားသော သြဇာအာဏာမပါဘဲ ကျွန်ုပ်သည် မည်သို့ထင်ပေါ်မည်နည်း’ ဟု တွေးတတ်ကြသည်။ ဘုရားသခင်က သင့်ကိုပေးသောအရာမှာ သြဇာအာဏာမဟုတ်ကြောင်း သင်သဘောမပေါက်ချေ— ယင်းမှာ အာဏာဖြစ်သည်ဟု တွေးခြင်းက ကိုယ့်ပြဿနာ ကိုယ်ရှာနေခြင်း ဖြစ်၏။ ယနေ့တွင် သင်အစေခံသည်မှာ ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်ထဲ၌ အလုပ်လုပ်ခြင်းမှာ သင်သည် မည်သည့်လူကိုမျှ အစေခံခြင်း မဟုတ်ကြောင်းကို ဆိုလိုသည်။ အကယ်၍ သင့်ကို လုပ်အားခပေးမည့် လူတို့အတွက် အလုပ်လုပ်ခဲ့ပါက လစာရမည်၊ အခငွေရရှိမည် ဖြစ်သည်။ သို့သော် ဘုရားသခင်၏ အိမ်တော်အတွက် အလုပ်လုပ်ခြင်းနှင့် ပတ်သက်လျှင်ရော။ သင်သည် ဘုရားသခင်အတွက် အမှုအရာများ လုပ်ဆောင်နေသည်ဟု ပြောခြင်းမှာ အမှန်ပင် အနည်းငယ်မတိကျချေ။ ယင်းမှာ အလွန်အကျွံပြောခြင်း ဖြစ်ကာ အနည်းငယ် ပုံကြီးချဲ့ထားခြင်း ဖြစ်သည်။ ဘုရားသခင်၏အိမ်တော်၌ အလုပ်လုပ်ခြင်းဟူသည်မှာ တာဝန်ပေးစေခိုင်းချက်တစ်ခုကို လက်ခံခြင်း၊ အလေးထားအပ်သော တာဝန်တစ်ခုကို လက်ခံခြင်းကို ဆိုလိုသည်— ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လေးနက်သောအရာမျိုး ဖြစ်သည်။ ယင်းက အဘယ်မျှပင် လေးနက်သနည်း။ သာမန်စကားလုံးအားဖြင့်၊ ယင်းက သင်သည် သင့်တစ်ဘဝတာလုံး သမ္မာတရားကို ရယူနိုင်ခြင်းရှိမရှိနှင့် သင်ပြုသောအရာပေါ် အခြေခံ၍ ဘုရားသခင်က သင့်ကို ရှုမြင်ပုံတို့နှင့် သက်ဆိုင်သည်။ အဓိကစကားလုံးအားဖြင့်၊ ယင်းက တမလွန်ဘဝရှိ သင်၏ ကံကြမ္မာနှင့် ကံတရားတို့နှင့် သက်ဆိုင်သည်။ ဤတစ်ဘဝတာလုံး၌ သင်ပြုသော အရာရာတိုင်းကို သင့်အား အဆင့်သတ်မှတ်သော၊ မှတ်တမ်းပြုစုသော၊ သင့်အား အကဲဖြတ်ပေးသော ဘုရားသခင်က စာရင်းချုပ်၏— သင့်ဘဝတစ်လျှောက်လုံး သင့်အထဲ၌ ထုတ်ဖော်ပြသထားသည့်အရာပေါ် အခြေခံ၍ သင့်ကို အကဲဖြတ်ပြီးနောက် ဘုရားသခင်သည် နောက်ဆုံး၌ သင်၏အဆုံးသတ်ကို ဆုံးဖြတ်လေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) ဘုရားနှုတ်ကပတ်တော်တွေက၊ ကျွန်မအနေနဲ့ ဘုရားအလိုတော်ကို အစေခံဖို့ ညီအစ်ကို မောင်နှမတွေနဲ့ သင့်သင့်မြတ်မြတ် ကျွန်မ ပူးပေါင်းလုပ်ဆောင်ပြီး သူတို့ရဲ့ အယူအဆတွေကို နားထောင်ပေးဖို့ လိုမှန်း ပြသခဲ့တယ်။ အဲဒီဆို ကျွန်မ သွေဖည်ဖို့ ဖြစ်နိုင်ခြေ ရှိမှာမဟုတ်ဘူးလေ။ ဘုရားက အယောက်တိုင်းကို မတူတဲ့ အစွမ်းအစတွေပေးပြီး လူတိုင်းက သူတို့ကိုယ်ပိုင် သိနားလည်မှုရှိတယ်။ လူတစ်ယောက်က အကန့်အသတ်ရှိတဲ့ အတွေ့အကြုံရှိပြီး ရှုထောင့်တစ်ခုကနေပဲ အကြောင်းကိစ္စတွေကို မြင်နိုင်တယ်။ ကျွန်မတို့ တာဝန်ကို ရလဒ်ကောင်းတွေရဖို့၊ အယောက်တိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုလိုပြီး၊ အားလုံးက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အသိဉာဏ်ပွင့်လင်းစေပြီး အလင်းပြတာတွေကို မျှဝေဖို့ လိုတယ်။ အဲဒီလိုနဲ့ အချင်းချင်းရဲ့ လိုအပ်ချက်ကို ကျွန်မတို့ ထေမိနိုင်တယ်လေ။ အစ်မဟန်က ကျွန်မ လွဲသွားခဲ့တဲ့အရာအတွက် လုံးဝ ဝေဖိစေတဲ့ နည်းလမ်းကောင်းတချို့ကို အကြံပြုခဲ့တာပါ။ အဲဒါ ကောင်းတဲ့အရာပဲ။ ဒါပေမယ့် ဘာမဆိုထက် အဆင့်အတန်းက ကျွန်မအတွက် ပိုအရေးကြီးနေခဲ့တယ်။ ဒါကြောင့် ကျွန်မ ကြွားရုံကြွားချင်ခဲ့ပြီး တခြားသူတွေ ကျွန်မကို အထင်ကြီး၊ လေးစား‌စေချင်ခဲ့တယ်။ တစ်ယောက်ယောက်က မတူတဲ့ အယူအဆ ဖော်ပြတာ၊ ကျွန်မထက်သာတာ မြင်တော့၊ အယောက်တိုင်း ကျွန်မရဲ့ ဩဇာအာဏာအောက် ဝပ်ကျသွားတဲ့အထိ သူတို့ကို ကြဉ်ပြီး ထိန်းချုပ်ဖို့ပဲ ကျွန်မ လုပ်ခဲ့တယ်။ ဒီလို အပြုအမူမျိုးကို ဖော်ပြခြင်းအားဖြင့် ကျွန်မက၊ “ကောင်းကင်နှင့် မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏” ဆိုတာနဲ့ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း” ဆိုတဲ့ စာတန်ရဲ့ အဆိပ်တွေနဲ့ အသက်ရှင်နေခဲ့မှန်း ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မတို့ ကောင်းမွန်တဲ့ စုဝေးပွဲ ရှိခဲ့တာ မရှိခဲ့တာ ဒါမှမဟုတ် ညီအစ်ကို‌ မောင်နှမတွေက သူတို့ရဲ့ ပြဿနာတွေ ပြေလည်တာ မပြေလည်တာတွေကို ကျွန်မ ဂရုမစိုက်ခဲ့ဘူး။ ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိခိုက်မှုတစ်ခုခု လုပ်မိမှာ မလုပ်မိမှာ၊ ဒါမှမဟုတ် အစ်မဟန်က ဘောင်ခတ်ခံရမှာ၊ နာကျင်မှာကိုတောင် ကျွန်မ မစဉ်းစားခဲ့ဘူး။ ဒီဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့တာ ဘယ်လောက် ဆိုးယုတ်ပြီး စက်ဆုပ်စရာဖြစ်မှန်း မြင်ခဲ့ရတယ်။ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အစေခံနေခဲ့ပေမယ့် ညီအစ်ကို မောင်နှမတွေကို ဘုရားအပေါ် သူတို့ရဲ့ သိနားလည်မှုကို ပိုမနက်ရှိုင်းစေခဲ့ဘဲ၊ သူတို့ကို ဘုရားရှေ့မှောက် ခေါ်ဆောင်ဖို့ ပျက်ကွက်မိနေခဲ့တယ်။ အဲဒီအစား၊ သူတို့အပေါ် ထိန်းချုပ်တာ ကျင့်သုံးဖို့ ကျွန်မရဲ့ တာဝန်ကို အခွင့်ကောင်းယူချင်ခဲ့တယ်။ အဲဒါက ဘုရားရဲ့ လူတွေကို သူ့ဆီက ဆွဲလုဖို့ ကြိုးစားနေခဲ့တာ မဟုတ်လား။ ဘုရားရဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းခံမှာ မဟုတ်ဘူး။ အန္တခရစ်ရဲ့ လမ်းကြောင်းပေါ် ကျွန်မနေခဲ့ပြီး နောင်တမရခဲ့ရင်၊ နောက်ဆုံးမှာ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး ဖယ်ရှင်းခံရမှာ ကျွန်မသိတယ်။ အစ်မဟန်ကို ကျွန်မ ဆက်ဆံခဲ့ပုံကို နောက်ထပ်တစ်ခါ ပြန်တွေးကြည့်တော့၊ ကျွန်မ ဘယ်လောက်ရှက်စရာကောင်းအောင် ပြုမူခဲ့မိမှန်း မြင်ခဲ့ရတယ်။ ကျွန်မရဲ့ စိတ်သဘောထားက ဘယ်လောက် မလိုမုန်းထားဖြစ်မှန်း၊ ကျွန်မ ဘယ်လောက် လူ့သဘာဝ ကင်းမဲ့မှန်း မြင်ခဲ့ရတယ်။ အဲဒီအချိန်မှာ၊ ကိုယ့်ကိုယ်ကိုယ် ရွံရှာစက်ဆုပ်မိခဲ့တယ်။ ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို မြန်မြန်ဖြေရှင်းဖို့ လက်တွေ့လုပ်ဆောင်တဲ့ လမ်းကြောင်းကို ရှာချင်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရွတ်တဲ့ ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်ခဲ့ရပြီး။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ လုပ်ဆောင်ချက်များအတွက် အခြေခံသဘောတရား တစ်ခုရှိသည်။ သူသည် လူတို့ကို အကာအကွယ်ပေးသည်၊ သူတို့ကို အရေးထားသည်၊ သူသည် သူတို့ကို ချစ်ပြီး သူတို့အတွက် အကောင်းဆုံးကို လိုလားသည်။ ဤသည်မှာ ဘုရားသခင်ပြုလုပ်သော အရာခပ်သိမ်း၏ နောက်ကွယ်မှ အရင်းအမြစ်နှင့် မူလရည်ရွယ်ချက် ဖြစ်လေသည်။ သို့သော်လည်း စာတန်ကမူ သူ့ကိုယ်သူ ဝါကြွားတတ်ပြီး လူတို့အပေါ် အမှုအရာများကို အတင်းအကျပ် ဖြစ်ပျက်စေလျက် သူတို့အား သူ့ကို ကိုးကွယ်စေသည်၊ လူတို့က သူ၏ လှည့်ဖြားခြင်းနှင့် ယိုယွင်းပျက်စီးစေခြင်းကို ခံရကာ ၎င်းတို့မှာ တဖြည်းဖြည်းနှင့် အသက်ရှိသော မာရ်နတ်များ ဖြစ်လာကြသည်။ စာတန်သည် လူတို့အတွက် အကောင်းဆုံးကို မလိုလားပေ၊ သူတို့ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဂရုမစိုက်၊ သူက သူ့အတွက်၊ သူ့ကိုယ်ပိုင် အကျိုးအမြတ်နှင့် ကျေနပ်အားရခြင်းအတွက်သာ စဉ်းစားသည်၊ သူ၌ သည်းခံခြင်း၊ သို့မဟုတ် နားလည်ပေးခြင်းတို့ရှိရန် မဆိုထားနှင့်၊ ချစ်ခြင်းမေတ္တာလည်းမရှိ၊ သနားခြင်းကရုဏာလည်း မရှိပေ။ ဘုရားသခင်၌သာ ဤအရာများ ရှိသည်။ ဘုရားသခင်သည် လူ့အထဲ၌ များစွာသောအမှုကို ပြုလုပ်ခဲ့ပြီ— ယင်းကို သူက အခြားတစ်ဦးဦးအား ထုတ်ပြောဖူးသလော။ ထုတ်မပြောဖူးချေ။...ဘုရားသခင်သည် နှိမ့်ချမှုရှိပြီး ဖုံးကွယ်ထားလျက် စာတန်မှာမူ သူ့ကိုယ်သူ ဝါကြွားသည်။ ခြားနားချက် ရှိသလော။ စာတန်ကို နှိမ့်ချမှုရှိသည်ဟု ဖော်ပြ၍ ရသလော။ (မရပါ။) သူ၏ ကောက်ကျစ်စဉ်းလဲသော သဘာဝနှင့် အနှစ်သာရကို အကဲဖြတ်ရလျှင် သူသည် အသုံးမကျသော အမှိုက်စတစ်စပင် ဖြစ်သည်။ စာတန်အနေဖြင့် သူ့ကိုယ်သူ မဝါကြွားလျှင် အံ့မခန်းဖြစ်နေပေမည်။ စာတန်ကို ‘နှိမ့်ချမှုရှိသည်’ ဟု အဘယ်သို့လျှင် ခေါ်နိုင်မည်နည်း။ ‘နှိမ့်ချခြင်း’ ဟူသည်ကို ဘုရားသခင်နှင့်ပတ်သက်၍ ပြောရသည်။ ဘုရားသခင်၏ မည်သူမည်ဝါဖြစ်ခြင်း၊ အဖြစ်အနေနှင့် စိတ်နေသဘောထားတို့မှာ အလွန်မြင့်မြတ်ပြီး ဂုဏ်သရေရှိသည်၊ သို့သော် သူသည် မည်သည့်အခါမျှ မကြွားဝါပေ။ ဘုရားသခင်သည် နှိမ့်ချမှုရှိပြီး ဖုံးကွယ်ထားသည်၊ သူပြုလုပ်ထားသော အရာကို လူတို့အား မြင်တွေ့ခွင့်မပေး၊ သို့သော် သူသည် ထိုသို့မထင်မပေါ် အလုပ်လုပ်စဉ်တွင် လူသားမျိုးနွယ်မှာ ကြည့်ရှုစောင့်ရှောက်ခြင်း၊ အာဟာရပေးခြင်းနှင့် လမ်းပြခြင်းကို စဉ်ဆက်မပြတ် ခံရ၏— ဤအရာအားလုံးကို ဘုရားသခင်က စီမံထားခြင်း ဖြစ်လေသည်။ ဘုရားသခင်က ဤအရာများကို ဘယ်တော့မျှ ထုတ်မပြော၊ ဘယ်တော့မျှ မဖော်ပြသည်မှာ ဖုံးကွယ်ထားခြင်းနှင့် နှိမ့်ချခြင်းလေလော။ ဘုရားသခင်၌ နှိမ့်ချမှုရှိရခြင်း အကြောင်းရင်း အတိအကျမှာ သူသည် ဤအရာများကို ပြုလုပ်နိုင်သော်လည်း ယင်းတို့ကို မည်သည့်အခါမျှ မဖော်ပြ၊ သို့မဟုတ် ထုတ်မပြော၊ ယင်းတို့ကို လူတို့နှင့် မဆွေးနွေးသောကြောင့် ဖြစ်သည်။ သင်သည် ထိုကဲ့သို့သော အရာများကို ပြုလုပ်နိုင်စွမ်း မရှိဘဲလျက် နှိမ့်ချခြင်းအကြောင်းပြောဖို့ သင့်မှာ အဘယ်အခွင့်ရှိသနည်း။ သင်သည် ထိုအရာများ တစ်ခုကိုမျှ မလုပ်ခဲ့သော်လည်း ယင်းတို့အတွက် ချီးကျူးမှုရရန် မရမက တောင်းဆိုနေပေသည်— ဤသည်ကို အရှက်မဲ့ခြင်းဟု ခေါ်၏။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “သူတို့သည် ဆိုးယုတ်ပြီး မသိမသာ အန္တရာယ်ပေးတတ်ကာ လှည့်ဖြားတတ်ကြ၏ (အပိုင်း ၂)”) ဘုရားက ဘယ်လောက် နှိမ့်ချင်ပြီး ကွယ်ဝှက်တယ်ဆိုတာကို ဒီဘုရားနှုတ်ကပတ်တော် စာပိုဒ်က ပြခဲ့တယ်။ သူက ဖန်ဆင်းရှင်ဖြစ်တယ်၊ သူရဲ့အလုပ်ကို သူ စဉ်ဆက်မပြတ် လုပ်ဆောင်နေတယ်၊ လူသားမျိုးနွယ်ကို လမ်းပြနေပြီး၊ ကျွန်မတို့ကို ရှင်သန်ဖို့ လိုအပ်မျှတိုင်း ထောက်ပံ့ပေးနေတယ်။ ဒါပေမယ့် သူ့ကိုယ်သူ ဘုရားအနေနဲ့ နေရာမယူခဲ့သလို၊ သူ့ကိုယ်သူ မကြွားဘူး။ လူတိုင်းက သူ့ကို အထင်ကြီး၊ လေးစားဖို့ အထူးသဖြင့် သူ မတောင်းဆိုဘူး။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အလုပ်လုပ်ရင်းနဲ့ တိတ်တဆိတ်၊ ပိပိရိရိနဲ့ပဲ သမ္မာတရားကို ဖော်ပြတယ်။ ဘုရားရဲ့ အနှစ်သာရက အရမ်း ချစ်စရာကောင်းတယ်၊ အရမ်းကောင်းမွန်တယ်။ ဒါပေမယ့် ကျွန်မက သွားတဲ့နေရာတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကြွားချင်ခဲ့တယ်။ ခေါင်းဆောင်တာဝန်ကို ကျွန်မ ရတာနဲ့၊ ထိပ်မှာ ကိုယ့်ကိုယ်ကိုယ် ထားပြီး အောက်ဆင်းဖို့ ငြင်းခဲ့တယ်။ တခြားသူတွေရဲ့ အယူအဆတွေကို နားမထောင်ခဲ့ဘူး၊ ဘယ်သူကိုမှ ကျွန်မထက် သာခွင့်မပေးခဲ့ဘူး။ ကျွန်မ အရမ်းကို မာနထောင်လွှားခဲ့တာပါ။ ကျွန်မ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပေမယ့်၊ တပါးသူတွေကို သူတို့ရဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး မကူညီခဲ့ဘူး၊ အဲဒီအစား သမ္မာတရား လိုက်စားသူတွေကို ကြဉ်ပြီး ထိန်းချုပ်နေခဲ့တယ်။ သူတို့ရဲ့ ကြည်ညိုတာကို ကျွန်မ တောင်းဆိုခဲ့ရုံမက၊ အကျိုးတရား တစ်ခုတစ်လေ၊ ဒါမှမဟုတ် ဘာအကျိုးအမြတ်ကိုမဆို သူတို့ကို လုံးဝ ခံစားခွင့်ပိတ်ပင်ခဲ့တယ်။ ကျွန်မ တကယ်ကို အရှက်မဲ့ခဲ့မှန်း မြင်ခဲ့ရတယ်၊ ကျွန်မက အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့နေခဲ့သလို၊ စက်ဆုပ်စရာ အကျင့်စရိုက် ရှိနေခဲ့တာပါ။ ဒါကို သဘောပေါက်တော့၊ ဘုရားရှေ့ကို ဆုတောင်းခြင်းနဲ့ အပြေးလာခဲ့တယ်- “အို ဘုရားသခင်။ ကျွန်မအနေနဲ့ ကျွန်မတကယ်ဖြစ်နေတာနဲ့ ကျွန်မ ရှိနေခဲ့တဲ့ လမ်းကြောင်းအမှားကို မြင်ပြီး၊ ကိုယ့်ကိုယ်ကိုယ် သိလာနိုင်ဖို့ ကျွန်မရဲ့ အန္တိခရစ် စိတ်သဘောထားကို အချိန်မီဖော်ထုတ်ဖို့ ပတ်ဝန်းကျင်တစ်ခုပြင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဘုရားသခင်၊ ကျွန်မရဲ့ နေရာမှန်ကို ယူပြီး တာဝန်ကို လုပ်သင့်တဲ့အတိုင်း လုပ်ဖို့ ကိုယ်တော့်ဆီ ကျွန်မ နောင်တရချင်ပါတယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ဒီလက္ခဏာကို စွန့်ပစ်ဖို့ ကိုယ်တော်ရဲ့ ပိုများတဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေက ကျွန်မကို ကူညီဖို့ မျှော်လင့်မိပါတယ်”လို့ပေါ့။ အဲဒီနောက် အစ်မဟန်ရဲ့ နည်းလမ်းတွေကို လူတိုင်းတဲ့ မျှဝေဖို့ အဖွဲ့တိုင်းကို ကျွန်မ သွားပြီး တွေ့ခဲ့တယ်။ ဒီလိုနဲ့ အဆင့်အတန်းအတွက် သူနဲ့ ယှဉ်ပြိုင်ရာမှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှု ဖော်ပြချက်နဲ့ အန္တိခရစ် စိတ်သဘောထားကို ဖွင့်ချပြီး စိတ်ဖြာလေ့လာခဲ့တယ်။ ဒါကို လက်တွေ့လုပ်ဆောင်လိုက်တာက၊ ကျွန်မကို အရမ်း တည်ငြိမ်သွားစေပြီး အေးချမ်းသွားစေခဲ့တယ်။

မကြာခင်မှာ၊ ကျွန်မကို စမ်းသပ်ဖို့ ဘုရားက နောက်ထပ် ပတ်ဝန်းကျင်တစ်ခု ပြင်ပေးခဲ့တယ်။ တစ်နေ့ အတော်လေး ဖော်ရွေတဲ့ အစ်မ ယန် အပါအဝင်၊ အဖွဲ့ခေါင်းဆောင် အနည်းငယ်နဲ့ အစည်းအဝေးတစ်ခုမှာ ကျွန်မ ရှိနေခဲ့တယ်။ စကတည်းက သူက အတော်လေး တက်ကြွပုံပေါ်ခဲ့ပြီး၊ တခြားလူတွေရဲ့ မေးခွန်းတွေကို တက်တက်ကြွကြွ ဖြေပေးနေခဲ့တယ်။ တစ်ချိန်လုံး သူက အဓိကလူ ဖြစ်နေခဲ့တယ်။ တစ်ကြိမ် ယုံကြည်သူသစ်တွေအတွက် စုဝေးပွဲတွေကို ဘယ်လိုခွဲရမယ်ဆိုတာနဲ့ ပတ်သက်လို့ အစ်မလျူနဲ့ ကျွန်မ ပြောဆိုနေတုန်းမှာ ကျွန်မ စကားပြောပြီးတာနဲ့ အစ်မယန်က မတူကွဲပြားတဲ့ အကြံပြုချက်တစ်ခု ပေးခဲ့တယ်။ သူမှန်တယ်လို့ အဲဒီတုန်းက ကျွန်မ ခံစားခဲရပေမယ့်၊ ညီအစ်ကို မောင်နှမအားလုံးက သူ့ကို သဘောတူနေကြပြီး လူတိုင်းက သူ့ဆီ အကြည့် ပြောင်းလိုက်ကြတာ မြင်တော့၊ ကျွန်မ မျက်နှာမရတော့သလို ခံစားခဲ့ရတယ်။ ကျွန်မက၊ “ဒီစုဝေးပွဲတစ်ခုလုံးမှာ သူက တောက်လျှောက် အသက်ပါခဲ့တယ်၊ လူတိုင်းရဲ့ မေးခွန်းတွေကို တက်တက်ကြွကြွ ပါဝင်ပေးနေသလို၊ အရေးပါတဲ့နေရာမှာ ရှိနေခဲ့တယ်။ ပံ့ပိုးတဲ့ အခန်းကဏ္ဍကို ငါလုပ်နေတာပဲ။ ငါက ခေါင်းဆောင်ဖြစ်ပေမယ့်၊ အရံတစ်ယောက်လို ဖြစ်မနေဘူးလား ပေါ့။” ဒီအတွေး ဝင်လာတာနဲ့တစ်ပြိုင်နက်၊ ကျွန်မက အရေးပါတဲ့နေရာယူဖို့ တိုက်ခိုက်ရင်းနဲ့ အဆင့်အတန်းအတွက် ပြန်ယှဉ်ပြိုင်နေမှန်း သဘောပေါက်သွားတယ်။ ဘုရားရှေ့ကို ကျွန်မ မြန်မြန်သွားပြီး သူ့ဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်- “ဘုရားသခင်၊ ဒီနေ့ ဒီအခြေအနေကို ကိုယ်တော် ပြင်ပေးမှန်း ကျွန်မ မြင်ရပါတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားပြီး အစ်မယန်နဲ့ ကောင်းကောင်း အလုပ်လုပ်ချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မရဲ့ မမှန်တဲ့ ဒီအခြေအနေကို ပြောင်းလဲဖို့ လမ်းပြတော်မူပါ”လို့ပေါ့။ အဲဒီနောက်မှာပဲ၊ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို တွေးမိခဲ့တယ်- “မာနတစ်ခွဲသား လုပ်မနေဘဲ သင်၏ရာထူးကို ဘေးဖယ်ထားလော့။ ဤအရာများကို ဂရုမစိုက်နှင့်၊ ယင်းတို့ကို အရေးမပါသည့် အရာအဖြစ် သဘောထားလော့၊ ပြီးလျှင် ယင်းတို့ကို ဂုဏ်အဆင့်အတန်း၏ အမှတ်အသားအဖြစ် အောင်ဆုအောင်ပန်းအဖြစ် မရှုမြင်လေနှင့်။ သင်နှင့် အခြားသူများသည် တန်းတူဖြစ်သည်ဟု သင်၏စိတ်နှလုံးထဲ၌ ယုံကြည်လော့။ သင့်ကိုယ်သင် အခြားသူများနှင့် တန်းတူရည်တူ အခြေအနေတစ်ခုတွင် ထားရန်နှင့် အခြားသူများထံမှ ၎င်းတို့၏ ထင်မြင်ချက်များကို တောင်းခံဖို့ နှိမ့်ချနိုင်ရန်ပင် သင်ယူလော့။ အခြားသူများ ပြောစရာရှိသည့်အရာကို လေးနက်စွာ၊ သတိကြီးစွာနှင့် အလေးဂရုစိုက်၍ နားထောင်နိုင်ခြင်း ရှိလော့။ ဤနည်းအားဖြင့် သင်သည် သင်နှင့် အခြားသူများအကြား ငြိမ်းချမ်းသော ပူးပေါင်းဆောင်ရွက်ခြင်းကို ပေါက်ဖွားစေလိမ့်မည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) ဒီကျမ်းပိုဒ်က ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအ‌ပေါ် ဆက်ဗျာများနေလို့ မဖြစ်ဘူး၊ တခြားသူတွေနဲ့ နာမည်အတွက် ပြိုင်နေလို့ မဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်။ အစ်မယန်က မှန်တယ်၊ ဒါကြောင့် သူ့ရဲ့ အကြံကို ကျွန်မ လက်ခံသင့်ပါတယ်။ အဲဒါက ဘုရားအိမ်တော် အလုပ်အတွက် အကောင်းဆုံး ဖြစ်မှာပါ။ သူ ပြီးသွားတာနဲ့၊ သဘောတူတဲ့အကြောင်းကို ကျွန်မ ဖော်ပြခဲ့ပြီး သူ့ရဲ့ အကြံပြုချက်အတိုင်း ဆက်လုပ်ဖို့ တခြား ညီအစ်ကို မောင်နှမတွေကို ပြောခဲ့တယ်။ သူ့အပေါ် ကျွန်မရဲ့ မကျေနပ်ချက်ကိုလည်း လက်လွှတ်ခဲ့တယ်။ အဲဒီစုဝေးပွဲမှာ၊ သူတို့ရဲ့ ကိုယ်ပိုင်အယူအဆတွေကို လူတိုင်းက ပွင့်ပွင့်လင်းလင်း ဝေမျှခဲ့ကြပြီး၊ တကယ့်ကို အကျိုးရှိတဲ့ အစည်းအဝေးတစ်ခု ဖြစ်ခဲ့တယ်။ ဒါကို မြင်တော့ ကျွန်မ အရမ်းပျော်သွားပြီး ဘုရားရဲ့ လမ်းပြမှုအတွက် တကယ် ကျေးဇူးတင်မိတယ်။ ကျွန်မရဲ့ အဆင့်အတန်း ချုပ်ခြယ်မှုတွေနဲ့ အထိန်းမခံရဘဲ တခြားသူတွေနဲ့ ကောင်းကောင်း ပူးပေါင်းလုပ်တာက တကယ်ကို လွတ်လပ်မှန်း ကျွန်မ သဘောပေါက်သွားခဲ့တယ်။

အဲဒီနောက် ကျွန်မရဲ့ အဆင့်အတန်းကို ထောက်ပံ့ဖို့ လူတွေကို ကျွန်မ ဘယ်လို ဖယ်ကြဉ်ပြီး ဖိနှိပ်နေခဲ့တာ၊ ပြီးတော့ အန္တိခရစ်လမ်းကြောင်း လျှောက်နေခဲ့တာကို ကျွန်မ မြင်သွားခဲ့တယ်။ ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ အထိန်းချုပ်ခံရင်းနဲ့ ကျွန်မ ဘယ်လို အသက်ရှင်နေခဲ့ပြီး မကောင်းမှု လုပ်ရင်းနဲ့ ဘုရားကို အချိန်မရွေး ခုခံရင်း၊ လမ်းလွဲသွားနိုင်ခဲ့တာကို မြင်ခဲ့ရတယ်။ သမ္မာတရားကို မလိုက်စားတာက အရမ်းကို အန္တရာယ်များပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ အမှန်တရားတွေကို ထုတ်ဖော်ပြချက်ကြောင့်၊ မှားတဲ့လမ်းကြောင်းပေါ် ကျွန်မ ရှိခဲ့မှန်း ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပြီး နည်းနည်း ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဘုရားက ကျွန်မတို့ဘေးမှာ ဘယ်လို တကယ် ရှိနေတယ်ဆိုတာနဲ့၊ သမ္မာတရားကို စိတ်နှလုံးအကြွင်းမဲ့ ကျွန်မတို့ လိုက်စားပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့ လုပ်သရွေ့၊ ဘုရားက ဦးဆောင် လမ်းပြသွားမယ်ဆိုတာကိုလည်း အစစ်အမှန် ကျွန်မ တွေ့ကြုံခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်မကို နိုးထစေခဲ့ပြီ

မြောင်ရှောင်၊ ရှန်တုန်းစီရင်စု “သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်...။” ဆို သည့်...

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသာ စစ်မှန်သည်

ရှောင်ဒုန်၊ စီချွမ်းစီရင်စု ဘုရားသခင်က- “နှစ်ထောင်ပေါင်းများစွာကြာ ဖောက်ပြန်ပျက်စီးခဲ့သည့် တရုတ်တိုင်းနိုင်ငံသည် ‘ရောဂါပိုးမွှား’မျိုးစုံ...

လူမုန်းမခံချင်သူများသည် ဘုရားသခင်၏ ချီးမြှောက်မှုကို ရယူနိုင်ပါသလား

လီယျူရီ တရုတ်နိုင်ငံကျွန်မ ယုံကြည်သူမဖြစ်မီက အခြားလူများကို မစော်ကားမိစေဖို့ အမြဲတမ်း ဂရုစိုက်ခဲ့ပြီး လူတိုင်းနှင့် အဆင်ပြေသည်။...

မိမိတာဝန်ကို ထမ်းဆောင်ခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို နောက်ဆုံးတော့ ကျွန်မ သိပြီ

ရွှန်းကျိယူ တောင်ကိုးရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။