မိမိကိုယ်ကို သူတစ်ပါးဖြင့် နှိုင်းယှဉ်ခြင်းအားဖြင့် ဖြစ်ပေါ်လာသည့် နာကျင်မှု
ရေးသူ- ရွှီထောင်း၊ တရုတ်နိုင်ငံ၂၀၂၃ ခုနှစ်တုန်းက အသင်းတော်မှာ လူသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့တယ်။ လေ့ကျင့်မှုတွေကတစ်ဆင့် ကဏ္ဍအသီးသီးက...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၁ ခုနှစ် ဆောင်းဦးပေါက်မှာ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို ကျွန်မ လုပ်နေခဲ့တယ်။ အဲဒီအချိန်တုန်းက ချန်ရှင်းလို့ခေါ်တဲ့ ညီအစ်မတစ်ယောက် ကျွန်မတို့အဖွဲ့ထဲ ရောက်လာတယ်။ ချန်ရှင်းက အစွမ်းအစကောင်းပြီး သူ့ရဲ့ သဘောပေါက်နားလည်မှုကလည်း စင်ကြယ်တယ်။ သူက စည်းမျဉ်းတွေကို သိပ်ပြီး ခိုင်ခိုင်မာမာ သဘောမပေါက်သေးပေမဲ့ တက်တက်ကြွကြွ ရှာဖွေနိုင်ပြီး သူများတွေရဲ့ အကြံပြုချက်တွေကိုလည်း လက်ခံနိုင်တယ်။ တစ်ခါတလေ ကျွန်မနဲ့ အတူအလုပ်လုပ်နေတဲ့ ညီအစ်မတွေက ကျွန်မရှေ့မှာ ချန်ရှင်းကို ချီးကျူးကြတယ်။ ပြဿနာတချို့နဲ့ပတ်သက်ပြီး သူ့ကို နည်းနည်းလေး လမ်းပြပေးလိုက်တာနဲ့ နောက်ပိုင်း သူ့အလုပ်မှာ လမ်းလွဲတာတွေ၊ ပြဿနာတွေ နည်းသွားတယ်လို့ ပြောကြတာပေါ့။ အချိန်တစ်ခုကြာတော့ ကျွန်မတို့ တာဝန်ယူရတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ ရလဒ်တွေက သိပ်မကောင်းလို့ ချန်ရှင်းကို သူတို့နဲ့ စုဝေးပြီး မိတ်သဟာယဖွဲ့ပေးဖို့ စီစဉ်တဲ့အကြောင်း ကြီးကြပ်ရေးမှူးက ကျွန်မတို့နဲ့ လာဆွေးနွေးတယ်။ ကျွန်မ စိတ်ထဲမှာ တွေးမိတယ်၊ “ချန်ရှင်းက ဒီကိုရောက်လာတာ တစ်လတောင် မပြည့်သေးဘူး။ ပြီးတော့ သူက စည်းမျဉ်းတွေကိုလည်း သေသေချာချာ သဘောပေါက်သေးတာ မဟုတ်ဘူး။ သူ့ကို သွားဖို့ စီစဉ်လိုက်တယ်။ ငါ သွားချင်လားဆိုတာတောင် ငါ့ကို မမေးဘဲ ငါ့ထက် ချန်ရှင်းက အစွမ်းအစ ပိုကောင်းပြီးတော့ သူ မိတ်သဟာယဖွဲ့လို့ ရလာမယ့် ရလဒ်တွေက ငါလုပ်နိုင်တာထက် ပိုကောင်းမယ်လို့များ ထင်နေလား။ ဒီလောက်နှစ်တွေအများကြီး လေ့ကျင့်ပေးခံထားရတာတောင် လူသစ်တစ်ယောက်လောက်မှ ငါ မကောင်းဘူးလို့ တစ်ခါမှ မတွေးဖူးဘူး” ပေါ့။ ဒါပေမဲ့ အရင်တစ်ခေါက် ကျွန်မ မိတ်သဟာယသွားဖွဲ့တုန်းက ရလဒ်တွေ တကယ်ကို သိပ်မကောင်းခဲ့တာကို ပြန်တွေးမိလို့ ကျွန်မ ဘာမှမပြောခဲ့ဘူးလေ။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ချန်ရှင်းရဲ့အလုပ်ကို သီးသန့် လမ်းပြပေးနေတာ မြင်တော့ ကျွန်မ တကယ်ကို မကျေမနပ်ဖြစ်မိတယ်၊ တွေးမိတာက၊ “ချန်ရှင်းက အခုမှ ရောက်လာတာကို ကြီးကြပ်ရေးမှူးက ချက်ချင်း တန်ဖိုးထားပြီး ပျိုးထောင်ပေးနေတယ်။ ကြည့်ရတာ ငါက သူ့လောက် မကောင်းဘူးထင်တယ်။ ဒီတစ်ခေါက် စုဝေးပွဲကို ချန်ရှင်းသွားပေမဲ့ ရလဒ်ကောင်းတွေ မရခဲ့ရင် အကောင်းဆုံးပဲ။ ဒါဆို ကြီးကြပ်ရေးမှူးလည်း သူ့ကို အရင်လောက် တန်ဖိုးထားတော့မှာ မဟုတ်ဘူး” လို့။ နောက်တော့ ချန်ရှင်းက စုဝေးပွဲကနေ ပြန်လာပြီး ပြဿနာကို သူ ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာ ကြီးကြပ်ရေးမှူးကို ပြောပြတယ်။ ဒါကိုကြားတော့ ကျွန်မ တော်တော်လေး ကသိကအောက်ဖြစ်သွားပြီး တွေးမိတာက “ငါ စပြီး လေ့ကျင့်ပေးခံရတုန်းက ပြဿနာတွေ အများကြီးရှိခဲ့တာ။ အခု နင်က ငါ့ထက် ပိုကောင်းနေတော့ နင်က ငါ့ထက် ပိုတော်တယ်လို့ ထင်စရာဖြစ်မနေဘူးလား။ ဒါတော့ မဖြစ်သေးပါဘူး။ ငါ နင့်ကို အပြစ်ရှာမှဖြစ်မယ်” ပေါ့။ ဒါပေမဲ့ သူ့ဆီမှာ ဘာပြဿနာမှ ရှာမတွေ့တော့ ကျွန်မ တော်တော် စိတ်ပျက်သွားတယ်။
နောက်ပိုင်း ချန်ရှင်းရဲ့ တာဝန်မှာ ပြဿနာတချို့ ပေါ်လာတာကို တွေ့ရတော့ အလုပ်ကို ပြန်လုပ်ရတော့မှာလေ။ ဒါကို ကျွန်မ တော်တော်လေး ပျော်သွားပြီး တွေးမိတာက၊ “နင့်မှာ ပြဿနာတွေ များလေ ပိုကောင်းလေပဲ။ ဒါဆို တခြားသူတွေရဲ့ အမြင်မှာ ငါက နင့်ထက် ပိုတော်တယ်လို့ ထင်ခံရဦးမှာပဲ၊ ပြီးတော့ နင့်လောက် ပြဿနာတွေ များမှာ မဟုတ်ဘူး” လို့။ တစ်ခါတလေကျရင် အတွေးတစ်ခု ခေါင်းထဲ ဖြတ်ပြေးသွားတယ် “ချန်ရှင်းကို ငါ မနာလိုဖြစ်နေတာလား” ဆိုတာပဲ။ ဒါပေမဲ့ ကိုယ်အဲဒီလောက် ဆိုးနေတယ်ဆိုတာကို ကျွန်မ ဝန်မခံချင်လို့ အဲဒါနဲ့ပတ်သက်ပြီး မဆင်ခြင်သုံးသပ်ခဲ့ဘူး။ နောက်ပိုင်းကျတော့ ချန်ရှင်းက သူ့တာဝန်လုပ်တဲ့နေရာမှာ စည်းမျဉ်းတွေကို သဘောမပေါက်ဘဲ ကိစ္စတွေကို တစ်ဖက်သတ်ဆန်ဆန် စဉ်းစားနေတာ တွေ့ရလို့ အဲဒါကို ကျွန်မ ထောက်ပြလိုက်တယ်။ သူ့ရဲ့ တက်ကြွမှုကို ဖိချဖို့အတွက် အပြစ်ရှာချင်ခဲ့တာ၊ ဒါပေမဲ့ သူက အဲဒါကို မှန်မှန်ကန်ကန် သဘောထားပြီး သူ့တာဝန်ကို ပုံမှန်အတိုင်း ဆက်လုပ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကျွန်မ တော်တော် စိတ်ပျက်သွားပြီး တွေးမိတာက၊ “နင်က ဘာလို့ အပျက်သဘောမဆောင်ရတာလဲ” လို့။ အချိန်တစ်ခုကြာတော့ ချန်ရှင်းက စည်းမျဉ်းတချို့ကို သဘောပေါက်သွားပြီး အလုပ်မှာကြုံရတဲ့ ပြဿနာတွေကို သူ့ဘာသာ ဖြေရှင်းနိုင်လာတော့ ပြဿနာဖြစ်တာတွေ နည်းသွားတယ်။ ကြီးကြပ်ရေးမှူးက ဝမ်းသာအားရနဲ့ ပြောတယ်၊ “ဒီကာလအတွင်းမှာ ချန်ရှင်း တော်တော် တိုးတက်လာတယ်” လို့။ ဒါပေမဲ့ ကျွန်မ လုံးဝ မပျော်ခဲ့ဘူး၊ တွေးမိတာက၊ “ချန်ရှင်းက အခုမှ စပြီး လေ့ကျင့်ပေးခံရတာကို ဒီလောက်တောင် တိုးတက်လာတယ်။ သူက နောက်ကနေ လိုက်လာပြီး ထိပ်ဆုံးကို ရောက်သွားပြီ။ ဒါက ငါ့ရဲ့ အစွမ်းအစက သူ့ထက် ပိုညံ့တယ်လို့ ထင်စရာဖြစ်မနေဘူးလား” လို့။ တွေးလေလေ၊ ပိုပြီး မကျေမနပ်ဖြစ်လေလေပဲ၊ “ငါ သိခဲ့သင့်တာ၊ သတိထားရမယ့်အချက်တွေ အကုန်လုံး နင့်ကို မပြောပြခဲ့သင့်ဘူး။ ဒါဆို နင် ဒီလောက် မြန်မြန် တိုးတက်လာခဲ့မှာ မဟုတ်ဘူး” ပေါ့။ မနာလိုစိတ်တွေထဲမှာ ကျွန်မ အသက်ရှင်နေခဲ့တယ်၊ ခေါင်းထဲမှာလည်း ကိုယ့်ရဲ့ မာနနဲ့ အဆင့်အတန်းအကြောင်းတွေချည်း ပြည့်နေပြီး ချန်ရှင်းရဲ့ တာဝန်မှာ လမ်းလွဲတာတွေ၊ အားနည်းချက်တွေ ရှာတွေ့ဖို့ပဲ အမြဲ တွေးနေတော့တာ။ သူ အမှားတွေ အများကြီးလုပ်မိပါစေလို့ အရမ်းကို ဆန္ဒရှိနေခဲ့တယ်။ မှားယွင်းတဲ့ အခြေအနေတစ်ခုထဲမှာ အသက်ရှင်နေခဲ့လို့ ကျွန်မရဲ့ စိတ်နှလုံးက မှောင်မိုက်ပြီး နောက်ကျိနေခဲ့တယ်။ ပြီးတော့ ကိုယ့်တာဝန်က ပြဿနာတော်တော်များများကိုလည်း သတိမထားမိနိုင်တော့ဘူး။
တစ်ညကျတော့ အိပ်ရာဝင်ဖို့ ပြင်နေတုန်း ဒီကာလအတွင်း တာဝန်လုပ်တဲ့နေရာမှာ ကျွန်မရဲ့ အခြေအနေကို ပြန်တွေးမိတယ်။ ပြဿနာတွေကို မြင်ဖို့ တော်တော်လေး အားထုတ်ယူနေရပြီး ခေါင်းထဲမှာ ဂွမ်းတွေဆို့နေသလိုပဲ ခံစားရတယ်။ အရင်တုန်းကလို ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့သလို ဘုရားသခင်ရဲ့ ဦးဆောင်မှုနဲ့ လမ်းပြမှုကိုလည်း မခံစားရတော့ဘူး။ ကျွန်မ နည်းနည်း စိတ်မအေးဖြစ်လာလို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ အခုတလော ချန်ရှင်း အလုပ်ကောင်းကောင်းလုပ်နေတာကို သမီး လုံးဝ ကြည့်မရဖြစ်နေတယ်။ ပြီးတော့ တာဝန်လုပ်တဲ့အခါမှာလည်း သမီးစိတ်ကို ငြိမ်အောင်ထားလို့ မရဘူးဖြစ်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို နားလည်ရမလဲဆိုတာ သမီး မသိတော့ဘူး။ သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “အသင်းတော်ခေါင်းဆောင်တစ်ဦးအနေဖြင့် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရန် သင်ယူဖို့ လိုအပ်ရုံမျှသာမကဘဲ ပင်ကိုစွမ်းရည်ရှိသူများကို ရှာဖွေပြီး ပျိုးထောင်ပေးဖို့လည်း လိုအပ်လေသည်။ ၎င်းတို့ကို သင်သည် လုံးဝ မနာလိုခြင်း၊ သို့မဟုတ် ဖိနှိပ်ခြင်းမရှိရပေ။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်အတွက် အကျိုးရှိစေသည်။ သင်နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ အလုပ်ကိစ္စတစ်ခုချင်းစီကို ကောင်းစွာ လုပ်ဆောင်ရန်တို့အတွက် သမ္မာတရားကို လိုက်စားသူအချို့အား ပျိုးထောင်နိုင်ပြီး အဆုံး၌ ၎င်းတို့အားလုံးသည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ ရှိလျှင် သင်သည် စံနှုန်းပြည့်မီသည့် ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် အမှုဆောင်တစ်ယောက် ဖြစ်သည်။ သင်သည် အရာအားလုံးကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်ပါက သင်သည် မိမိ၏ သစ္စာစောင့်သိခြင်း ဖြစ်သည်။ လူအချို့သည် အခြားသူများက မိမိတို့ထက် ပို၍ သာလွန်သည်ကိုဖြစ်စေ၊ မိမိတို့ထက် ပို၍ မြင့်မားသည်ကိုဖြစ်စေ၊ မိမိတို့က လျစ်လျူရှုခြင်း ခံရစဉ် အခြားသူများက အသိအမှတ်ပြုခြင်း ခံရမည်ကိုဖြစ်စေ အစဉ် စိုးရွံ့ကြသဖြင့် ၎င်းတို့သည် အခြားလူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြလေသည်။ ဤသည်မှာ ပင်ကိုစွမ်းရည်ရှိသူများအား မနာလိုဖြစ်ခြင်း မဟုတ်လော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားဖြစ်၏။ အခြားသူများအတွက် မတွေးဘဲ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်မတွက်ဘဲ ကိုယ်ကျိုးအတွက်ကိုသာ စဉ်းစားသည့်သူများ၊ မိမိ၏ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကိုသာ ဖြည့်ဆည်းသည့်သူများတွင် ဆိုးသော စိတ်သဘောထားတစ်ခု ရှိပြီး သူတို့ကို ဘုရားသခင် မနှစ်သက်ပါ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းအား သင် အမှန်တကယ် ပြနိုင်စွမ်းရှိပါက အခြားလူတို့ကို မျှမျှတတ သင်ဆက်ဆံနိုင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဖတ်ပြီးတဲ့နောက် ကျွန်မက မနာလိုစိတ်ထဲမှာ တကယ် အသက်ရှင်နေခဲ့တယ်ဆိုတာကို ဝန်ခံလိုက်တယ်။ ချန်ရှင်းရဲ့ အစွမ်းအစက ကောင်းပြီး ကြီးကြပ်ရေးမှူးက သူ့ကို တန်ဖိုးထား ပျိုးထောင်ပေးနေတာကို မြင်တော့ ကျွန်မ မနာလိုဖြစ်ပြီး အဲဒါကို လက်မခံချင်ခဲ့ဘူး။ သူ့အလုပ်က ကျွန်မထက် ရလဒ်တွေ ပိုကောင်းသွားပြီး သူက ကျွန်မကို ကျော်တက်သွားမှာ၊ ပြီးတော့ ကျွန်မက သူ့ထက် ညံ့သလို ဖြစ်သွားမှာကို စိုးရိမ်နေခဲ့တာ။ သူ့တာဝန်မှာ လမ်းလွဲတာတွေ၊ ပြဿနာတွေ အများကြီး ဖြစ်လာဖို့ အမြဲတမ်းအသည်းအသန် တောင့်တနေခဲ့မိတယ်။ ပြီးတော့ သူ့ဆီမှာ အပြစ်ရှာပြီး သူ့ကို နှိမ့်ချဖို့၊ သူ အပျက်သဘောဆောင်သွားပြီး အလုပ်မလုပ်နိုင်တော့အောင်၊ ဒါမှ ကျွန်မက သူ့ထက် ပိုတော်သလို ဖြစ်လာအောင် အမြဲ ကြိုးစားနေခဲ့တယ်။ သူ့ကို ဖိနှိပ်ပြီး ဖယ်ကြဉ်နေခဲ့တာ မမဟုတ်ဘူးလား။ ကျွန်မ ထုတ်ဖော်ပြနေခဲ့တာက တစ်ကိုယ်ကောင်းဆန်ပြီး မလိုမုန်းထားတဲ့ စိတ်သဘောထားပဲ။ ကျွန်မ ဘာတွေတွေးနေလဲဆိုတာကို ဘယ်သူမှ မသိပေမဲ့ ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတဲ့အောက်မှာတော့ အကုန်လုံးက ရှင်းလင်းနေတာပဲ။ အရင်တုန်းကတော့ သူများတွေကို မနာလိုမဖြစ်ဘူး၊ ဖိနှိပ်ဖို့ ကြိုးစားတာမျိုးဆို ဝေးရောလို့ ကျွန်မ အမြဲ ထင်ခဲ့တာ။ ကျွန်မက ဒီလောက်တောင် မလိုမုန်းထားတတ်ပြီး လူ့သဘာဝ ကင်းမဲ့နေလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ ကျွန်မရဲ့ အစွမ်းအစက သာမန်လောက်ပဲ ရှိပြီး တာဝန်လုပ်တဲ့နေရာမှာ ရတဲ့ ရလဒ်တွေကလည်း သိပ်မကောင်းဘူးဆိုတာ ကောင်းကောင်းသိပေမဲ့ ဒါတောင်မှ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ချန်ရှင်းနဲ့ ပြိုင်ဆိုင်ချင်နေခဲ့တုန်းပါပဲ။ မိမိကိုယ်ကိုယ် သတိပြုမိတာနဲ့ ဆင်ခြင်တုံတရားဆိုတာ ကျွန်မမှာ လုံးဝကို ကင်းမဲ့နေခဲ့တာ။ ကျွန်မ အရမ်းကို ရှက်မိတယ်။
အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်တယ်။ “အန္တိခရစ်များသည် ဘုရားအိမ်တော်မှ စားသုံးသည့်အခါ၊ ဘုရားနှုတ်ကပတ်တော်များကို မွေ့လျော်သည့်အခါနှင့် သူ့အိမ်တော်၏ အကျိုးကျေးဇူးများအားလုံးကို ပျော်မွေ့သည့်အခါတို့တွင်ပင် ဘုရားအိမ်တော်ကို ရယ်မောလှောင်ပြောင်ဖို့ အခွင့်တစ်ခုရရှိရန် မကြာခဏ ဆန္ဒပြုနေကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူအားလုံးတို့ လူစုကွဲသွားပြီး ဘုရားသခင်၏ အမှုတော်သည် ဆက်လက်၍ တိုးတက်နိုင်စွမ်း မရှိတော့သည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါတွင် ယင်းကို ခုခံကာကွယ်ရမည့်အစား သို့မဟုတ် ပြဿနာကို ဖြေရှင်းရန် နည်းလမ်းများကို တွေးတောရမည့်အစား သို့မဟုတ် ညီအစ်ကိုမောင်နှမများကို ၎င်းတို့ အစွမ်းရှိသမျှ ကာကွယ်ရမည့်အစား သို့မဟုတ် ပြဿနာကို စည်းလုံးမှုဖြင့် တာဝန်ယူဖြေရှင်းရန် ထိုသူများနှင့် ပူးပေါင်းရမည့်အစား၊ ဘုရားသခင်၏ ရှေ့မှောက်သို့ အတူတကွ လာရောက်ကြပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံရမည့်အစား အန္တိခရစ်တို့သည် ဘေးတွင် ရပ်နေကာ ရယ်မောကြလိမ့်မည်။ အသုံးမကျသော အကြံပြုချက်များပေးလိမ့်မည်။ ဖျက်ဆီးကာ နှောင့်ယှက်ကြလိမ့်မည်။ အရေးကြီးသောအချိန်တွင် ဘုရားအိမ်တော်ကို ထိခိုက်နစ်နာစေခြင်းဖြင့် အပြင်လူများကို ကူညီဖို့ပင် ကမ်းလှမ်းကြမည်ဖြစ်သည်။ ထိုသို့ဖြင့် အမှုအရာများကို တမင်သက်သက် နှောင့်ယှက်ကာ ဖျက်ဆီးလျက် စာတန်၏ အစေခံများအဖြစ် ပြုမူဆောင်ရွက်ကြလေသည်။ ထိုသို့သောလူတစ်ဦးသည် ဘုရားသခင်၏ ရန်သူတစ်ဦး မဟုတ်သလော။ ပို၍ အရေးကြီးသော အခိုက်အတန့်တွင် ၎င်းတို့၏ နတ်ဆိုးဆန်သော ပုံသဏ္ဌာန်က ပို၍ ရှင်းလင်းစွာ ဖော်ထုတ်ခြင်းခံရသည်။ ပို၍ အရေးကြီးသော အချိန်ဖြစ်လေ၊ ထူးထူးခြားခြား အဖြစ်အပျက်များ ပိုဖြစ်လေဖြစ်ကာ ၎င်းတို့၏ နတ်ဆိုးဆန်သော ပုံသဏ္ဌာန်က အသေးစိတ် အကျဆုံး၊ အတိုင်းအတာအပြည့်အဝဖြင့် ပို၍ ဖော်ထုတ်ခြင်းခံရလေ ဖြစ်သည်။ အရေးကြီးသော အချိန်ပို၍ဖြစ်လေ ၎င်းတို့သည် ဘုရားအိမ်တော်ကို ထိခိုက်နစ်နာစေခြင်းဖြင့် အပြင်လူများကို ပို၍ အကူအညီ ပေးကြမည်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာမျိုးဖြစ်သနည်း။ ထိုသို့သောလူများသည် ညီအစ်ကိုမောင်နှမများ ဖြစ်သလော။ ၎င်းတို့သည် ဖျက်လိုဖျက်ဆီးလုပ်သည့် လူများ၊ မသတီစရာများကို လုပ်သည့်လူများဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်သည်။ ၎င်းတို့သည် စာတန်များဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများ၊ အန္တိခရစ်များဖြစ်သည်။ ညီအစ်ကိုမောင်နှမများ မဟုတ်သကဲ့သို့ ကယ်တင်ခြင်းအတွက် သင့်တော်သည့်သူများလည်း မဟုတ်ချေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၊ ဘုရားအိမ်တော်၏ လူများ အမှန်တကယ်ဖြစ်လျှင် သူ၏အိမ်တော်တွင် ဖြစ်ပေါ်လာသမျှ မည်သည့်ပြဿနာကိုမဆို စည်းစည်းလုံးလုံး ရင်ဆိုင်ကာ ကိုင်တွယ်ရန် မိမိတို့၏ ညီအစ်ကိုမောင်နှမများနှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိကြလိမ့်မည်။ ၎င်းတို့သည် စောင့်ကြည့်ပြီး လှောင်ရယ်ဖို့ မဆိုထားနှင့်၊ ပွဲကြည့်ပရိသတ်များပင် ဖြစ်မည် မဟုတ်ချေ။ အန္တိခရစ်တို့ကဲ့သို့ လူများသာလျှင် ဘေးတွင်ထိုင်ကာ ရယ်မောပြီး ဘုရားအိမ်တော်တွင် မကောင်းသောအရာများ ပေါ်ပေါက်လာသည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းကြမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၁)) ဘုရားအိမ်တော်ကို အမြဲတမ်း လှောင်ပြောင်ချင်ပြီး ဘုရားအိမ်တော်ရဲ့ အလုပ်တွေ အမှားအယွင်းဖြစ်ပါစေလို့ မျှော်လင့်နေတဲ့သူတွေဟာ နတ်ဆိုးတွေပဲဆိုတာကို ဘုရားသခင်က ဖော်ထုတ်ထားတယ်။ ဒီလိုလူတွေကို ဘုရားသခင်က အကြီးအကျယ် အမျက်ဒေါသထွက်တယ်လို့ ခံစားရပြီး ကျွန်မ အရမ်းကြောက်သွားတယ်။ ချန်ရှင်းကို တိုက်ခိုက်ဖို့ သူ့ကို အပြစ်ရှာချင်နေခဲ့ပြီး သူ့တာဝန်မှာ ပြဿနာတွေ ရှိလာဖို့ကို အရမ်း ဆန္ဒရှိနေခဲ့တာ။ များလေ ကောင်းလေပဲလေ။ သူ အမှားတွေများများ လုပ်လေ၊ ကျွန်မထက် ပိုညံ့တယ်လို့ ထင်ရလေပဲ။ ပြီးတော့ သူ တာဝန်မလုပ်နိုင်လောက်အောင် အပျက်သဘောဆောင်သွားပါစေလို့တောင် အရမ်း ဆန္ဒရှိနေခဲ့သေးတယ်။ ချန်ရှင်း လုပ်နေတာက အသင်းတော်ရဲ့ အလုပ်လေ၊ အဲဒါကို သူ အမှားတွေ လုပ်အောင် ကျွန်မ အမြဲ ဆန္ဒပြုနေတာက အသင်းတော်အလုပ်မှာ ပြဿနာတွေ ပေါ်ပေါက်လာဖို့ ကျွန်မ မျှော်လင့်နေတာ မဟုတ်ဘူးလား။ အဲဒါက အန္တိခရစ်တွေ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအပေါ် ဆန္ဒမပြည့်ဝတဲ့အခါ ဘုရားအိမ်တော်ရဲ့ အလုပ် ကျရှုံးဖို့ ကျိန်ဆဲပြီး ဘုရားအိမ်တော်ကို လှောင်ပြောင်တာနဲ့ ဘာကွာလို့လဲ။ ကျွန်မရဲ့ စိတ်နှလုံးက တကယ်ကို မလိုမုန်းထားလွန်းနေခဲ့တာပဲ။ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိတဲ့သူဆိုရင် ဘုရားအိမ်တော်ရဲ့ အလုပ်တွေ ပုံမှန် လည်ပတ်နေတာကို မြင်ရင် ပျော်ပြီး ပြဿနာတွေ အများကြီး မြင်ရရင် ဝမ်းနည်းကြမှာပဲ။ ဒါပေမဲ့ ချန်ရှင်းရဲ့ တာဝန်မှာ ပြဿနာတွေ ပေါ်လာတာကို မြင်တော့ သူနဲ့ ဘယ်လို မိတ်သဟာယဖွဲ့ပြီး ကူညီရမလဲ၊ ဒါမှမဟုတ် အလုပ်ကို သေသေချာချာ လုပ်ဖို့ သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲ ဆိုတာကို ကျွန်မ မတွေးခဲ့ဘူး။ အဲဒီအစား သူ့အလုပ်မှာ ပြဿနာတွေ ပိုရှာတွေ့ပြီး သူ့ကို တိုက်ခိုက်ဖို့နဲ့ ကိုယ်ကောင်းကြောင်းပြဖို့ပဲ ခေါင်းထဲမှာ အပြည့်ဖြစ်နေခဲ့တာ။ သူအလုပ်မှာ အမှားတွေပိုလုပ်မိစေဖို့တောင် ကျွန်မ အသည်းအသည် ဆန္ဒပြုမိတယ်။ ပြဿနာများလေ ကောင်းလေပဲလေ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ထောက်ပံ့မှုကို ခံစားနေရပေမဲ့ အန္တိခရစ်တစ်ယောက်လို ဘုရားအိမ်တော်ကို လှောင်ပြောင်နေတုန်းပဲ။ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး နည်းနည်းလေးတောင်မှ ကျွန်မမှာ တကယ် မရှိခဲ့ဘူး ကျွန်မက ဘယ်လိုလုပ် ဘုရားအိမ်တော်သားတစ်ယောက် ဖြစ်ခဲ့လို့လဲ။ အပေါ်ယံကြည့်ရင်တော့ နတ်ဆိုးတွေနဲ့ စာတန်တွေလို အသင်းတော်ရဲ့ အလုပ်ကို ကျွန်မ တိုက်ရိုက် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တာမျိုး မလုပ်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ ထုတ်ဖော်ပြခဲ့တဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ရပ်တွေရဲ့ သဘာဝကတော့ နတ်ဆိုးတွေ၊ စာတန်တွေနဲ့ အတူတူပဲ ဘုရားသခင်ကို အတိုက်အခံလုပ်နေခဲ့တာပဲ။ ဘုရားသခင်ရဲ့ ထုတ်ဖော်မှုနဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ချက်သာ မပါရင် ကျွန်မရဲ့ ကိုယ်ပိုင် ရည်ရွယ်ချက်တွေကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး၊ ပြဿနာရဲ့ အနှစ်သာရကို ထိုးဖောက်မြင်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ကိုယ့်ရဲ့ အပေါ်ယံ အသွင်အပြင်ကြောင့် အထင်အမြင်မှားနေဦးမှာပဲ။ ကျွန်မ အရမ်းကြောက်သွားပြီး ဝမ်းနည်းကာ အပြစ်ရှိတယ်လို့ ခံစားရတယ်။ ချန်ရှင်းက အစွမ်းအစကောင်းပြီး သဘောပေါက်မြန်တာ၊ ပြီးတော့ ဒီအပိုင်းတွေမှာ သူက ကျွန်မထက် ပိုတော်တာကို အသေအချာ သိပေမဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို နည်းနည်းလေးမှ အလေးမထားဘဲ သူ့ကို မနာလိုဖြစ်ပြီး ဖိနှိပ်ခဲ့တယ်။ ကျွန်မ ဘယ်လိုလုပ် အဲဒီလို လုပ်ရက်ခဲ့တာလဲ။ ကျွန်မ တကယ်ကို လူ့သဘာဝ ကင်းမဲ့နေခဲ့တာပဲ။ ကျွန်မ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး အရမ်းဆိုးလွန်းပါတယ်။ မနာလိုစိတ်ရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်ဖို့ သမီးကို လမ်းပြတော်မူပါ။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ သမီး ဆက်ပြီး အသက်မရှင်ချင်တော့ပါဘူး” လို့။
နောက်တော့ သူများတွေကို မနာလိုဖြစ်အောင် ကျွန်မကို ဘာကများ ထိန်းချုပ်ထားနိုင်လဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “အန္တိခရစ်များသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အလွန်နှစ်သက်ကြသည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက်သွေးကြော ဖြစ်သည်။ ဘဝက ဂုဏ်သတင်းနှင့် အဆင့်အတန်းမရှိဘဲ အဓိပ္ပာယ်မဲ့သည်ဟု ခံစားရပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းမရှိဘဲ တစ်ခုတလေကို လုပ်ဆောင်ရန် အားအင်မဲ့ကြသည်။ အန္တိခရစ်တို့အတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းနှစ်ခုလုံးသည် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများနှင့် အတွင်းကျကျ ဆက်နွှယ်သည်။ ယင်းတို့သည် ၎င်းတို့၏ သေနိုင်လောက်သော အားနည်းချက်ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များ လုပ်ဆောင်သမျှတိုင်းသည် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို ဗဟိုပြုလေသည်။ ဤအရာများအတွက် မဟုတ်လျှင် မည်သည့်အလုပ်ကိုမျှ ၎င်းတို့ လုံးဝ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ကြမည် မဟုတ်ပေ။ အန္တိခရစ်များတွင် အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့ အပြင်းအထန် ကြိုးပမ်းနေသည့် ရည်မှန်းချက်၊ ၎င်းတို့ အားထုတ်နေသည့် ဦးတည်ချက်မှာ ဂုဏ်သတင်းနှင့် အဆင့်အတန်းတည်းဟူသော ဤအရာများနှစ်ခုအတွက် ဖြစ်သည်။...အန္တိခရစ်များသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုအတွက် တကယ့်အလုပ်တစ်ခုမျှ လုံးဝ လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေရန် တကယ့်အလုပ် တစ်ခုကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ ၎င်းတို့က အဖိုးအခပေးသည့်အခါ အဘယ်ကြောင့် ၎င်းတို့ အဖိုးအခပေးသည်ကို ကြည့်လော့။ ကိစ္စရပ်တစ်ခုကို ၎င်းတို့ ကြိုးစားပမ်းစား ငြင်းခုံဆွေးနွေးကြသည့်အခါ ထိုအရာကို အဘယ်ကြောင့် ၎င်းတို့ ငြင်းခုံဆွေးနွေးကြသည်ကို ကြည့်လော့။ လူတစ်ဦးကို ၎င်းတို့ ဆွေးနွေးသည့်အခါ၊ သို့မဟုတ် ရှုတ်ချကြသည့်အခါ ၎င်းတို့တွင် မည်သည့် ကြံရွယ်ချက်နှင့် ရည်မှန်းချက် ရှိသည်ကို ကြည့်လော့။ တစ်စုံတစ်ရာနှင့်ပတ်သက်၍ ၎င်းတို့ စိတ်တိုသည့်အခါ သို့မဟုတ် ဒေါသထွက်သည့်အခါ မည်သည့် စိတ်သဘောထားအား ၎င်းတို့ ထုတ်ဖော်ပြသည်ကို ကြည့်လော့။ လူတို့သည် လူတို့၏ စိတ်နှလုံးအတွင်းကို မမြင်နိုင်ကြသော်လည်း ဘုရားသခင်က မြင်နိုင်သည်။ လူတို့ စိတ်နှလုံးများ၏ အတွင်းကို ဘုရားသခင် ကြည့်သည့်အခါ လူတို့ ပြောဆို၊ လုပ်ဆောင်သည့်အရာ၏ အနှစ်သာရကို အကဲဖြတ်ရန် ဘုရားသခင်က မည်သည့်အရာအား အသုံးပြုသနည်း။ ထိုအရာကို အကဲဖြတ်ရန် သူက သမ္မာတရားကို အသုံးပြုသည်။ လူ၏ အမြင်တွင် မိမိ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ခြင်းသည် သင့်တင့်လျောက်ပတ်ပေသည်။ ထို့ကြောင့် ထိုအရာကို ဘုရားသခင်၏ အမြင်တွင် အန္တိခရစ်များ၏ ထုတ်ဖော်ပြချက်နှင့် အမူအရာများ အဖြစ်လည်းကောင်း၊ အန္တိခရစ်များ၏ အနှစ်သာရအဖြစ်လည်းကောင်း အဘယ်ကြောင့် သရုပ်ဖော်ခြင်းခံရသနည်း။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သမျှတိုင်းအတွက် တွန်းအားနှင့် လှုံ့ဆော်သောအရာအပေါ် အခြေခံသည်။ ဘုရားသခင်က ၎င်းတို့ လုပ်ဆောင်သည့်အရာအတွက် တွန်းအားနှင့် စိတ်လှုံ့ဆော်မှုတို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး အဆုံးတွင် ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအတွက် ဖြစ်ရန် မဆိုထားနှင့်၊ ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်ခြင်းအတွက် ဖြစ်ခြင်းထက် ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ဖြစ်သည်ကို အဆုံးအဖြတ်ပေးသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် လူတွေကို မနာလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ဂုဏ်သတင်းနဲ့ အဆင့်အတန်းအပေါ် ကျွန်မရဲ့ ဆန္ဒက အရမ်း ပြင်းပြနေလို့ပဲဆိုတာကို သဘောပေါက်သွားတယ်။ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်”၊ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”၊ ပြီးတော့ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” ဆိုတဲ့ စာတန်ရဲ့ အဆိပ်အတောက်တွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့တာကိုး။ သူများတွေက လေးစားပြီး ချီးကျူးတာက ဘဝမှာ ဂုဏ်သိက္ခာနဲ့ ယုံကြည်မှုကို ပေးတယ်လို့ ကျွန်မ ယုံကြည်ခဲ့ပြီး သူများတွေက ကျွန်မထက် သာတဲ့အခါမှာ ရှက်စရာကောင်းပြီး အဆင့်အတန်းကျတယ်လို့ ခံစားခဲ့ရတယ်။ ဒါကြောင့် တာဝန်ထမ်းဆောင်တဲ့နေရာမှာ အခါတိုင်းလိုလို ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ အလေးထားခဲ့တယ်။ ကြီးကြပ်ရေးမှူးက ချန်ရှင်းကို စုဝေးပွဲသွားဖို့ စီစဉ်တာ၊ ပြီးတော့ သူ့ကို သီးသန့် မိတ်သဟာယဖွဲ့ပေးတာကို မြင်တော့ ချန်ရှင်းကို ကြီးကြပ်ရေးမှူးက တန်ဖိုးထား ပျိုးထောင်ပေးနေတာကို မနာလိုဖြစ်ခဲ့တယ်။ ချန်ရှင်း ကျွန်မထက် ပိုတော်နေမှာကို ကြောက်လွန်းလို့ သူ့ကို နှိမ်ဖို့ သူ့တာဝန်မှာ လမ်းလွဲတာတွေနဲ့ ပြဿနာတွေ ရှာတွေ့ဖို့ ဦးနှောက်ခြောက်ခံခဲ့တယ်။ သူ့တာဝန်မှာ ပြဿနာတွေ တွေ့တဲ့အခါ ဝမ်းသာသွားပြီး ဟန်ချက်ညီမှုတစ်ခုကို ရှာတွေ့လိုက်သလို ခံစားခဲ့ရတယ်။ ဒီအဖွဲ့ထဲမှာ ဘယ်သူက အဆင့်အတန်း ပိုမြင့်ပြီး ဘယ်သူက ပိုနိမ့်လဲ၊ ဘယ်သူက ပိုတော်ပြီး ဘယ်သူက ပိုအားနည်းလဲ၊ ကိုယ်ကောင်းကြောင်းကို ဘယ်လိုပြရမလဲ ဆိုတဲ့ အတွေးတွေချည်းပဲ ခေါင်းထဲ အပြည့်ဖြစ်နေခဲ့တာ။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းက ကျွန်မကို ပျော်ရွှင်မှုရော စိုးရိမ်ပူပန်မှုပါ ပေးခဲ့တယ်။ ကျွန်မ တွေးသမျှ အကုန်လုံးက ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်းလုပ်ဖို့နဲ့ ဘုရားသခင်ကို ကျေနပ်စေဖို့အတွက် နည်းနည်းလေးမှ မတွေးခဲ့ဘူး။ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ ကျွန်မ အသက်ရှင်နေခဲ့ပြီး ကျွန်မသဘာဝကလည်း အရမ်းကို မာနထောင်လွှားနေခဲ့တယ်။ ပတ်ဝန်းကျင်က လူတွေအကုန်လုံးကို ကျော်တက်ဖို့ အမြဲတမ်း ကြိုးစားချင်နေပြီး သူများတွေကို ကျွန်မထက် ပိုတော်ခွင့် မပေးခဲ့ဘူး။ ကိုယ်ကောင်းကြောင်းပြဖို့လောက်ပဲ စဉ်းစားပြီး သူများတွေကို ထင်ပေါ်ခွင့် မပေးချင်ခဲ့ဘူး။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ဆိုပြီး လူတွေကို ဖိနှိပ်ပြီး ဒုက္ခတောင် ပေးခဲ့သေးတယ်။ ကျွန်မ လျှောက်နေတဲ့ လမ်းကြောင်းက အန္တိခရစ်တွေရဲ့ လမ်းကြောင်းပဲဆိုတာကို မြင်လိုက်ရတယ်။ အဲဒီအချိန်မှာ အရမ်းနောင်တရပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းအပေါ် ဆန္ဒအရမ်းပြင်းပြနေတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မုန်းသွားတယ်။ ကျွန်မသာ နောင်တမရဘူးဆိုရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းတာကို ခံရရုံပဲ ရှိမှာလေ။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ် “လူခပ်သိမ်းတို့သည် အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်း၊ မျှော်လင့်ချက် ကင်းမဲ့နေခြင်းနှင့် နုနယ်ခြင်းတို့ကဲ့သို့သော မမှန်ကန်သည့် အခြေအနေအချို့ ၎င်းတို့အတွင်း၌ ရှိ၏။ သို့မဟုတ် ၎င်းတို့တွင် ယုတ်ညံ့သော ကြံရွယ်ချက်များရှိသည်။ သို့မဟုတ် မိမိတို့၏ မာန၊ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများနှင့် ကိုယ်ကျိုးစီးပွားများဖြင့် စဉ်ဆက်မပြတ် သောကရောက်ကြသည်။ သို့မဟုတ် ၎င်းတို့တွင် ညံ့ဖျင်းသည့် အစွမ်းအစရှိသည်ဟု တွေးထင်ကြပြီး အပျက်သဘောဆောင်သည့် အခြေအနေအချို့ကို ၎င်းတို့ တွေ့ကြုံကြရသည်။ သင်သည် ဤအခြေအနေများတွင် အမြဲ အသက်ရှင်ပါက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရရှိရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိရန် သင့်အတွက် ခက်ခဲပါက သင့်အတွင်းရှိ တက်ကြွသော အရိပ်လက္ခဏာများ နည်းပါးလိမ့်မည်ဖြစ်ပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများ ပေါ်ထွက်လာကာ သင့်ကို နှောင့်ယှက်လိမ့်မည်။ လူတို့သည် ထိုအပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသော အခြေအနေများကို ချုပ်တည်းရန် မိမိတို့ကိုယ်ပိုင် စိတ်စွမ်းအားအပေါ်သာ အမြဲ မှီခိုကြသည်။ သို့ရာတွင် ယင်းတို့ကို ၎င်းတို့ မည်မျှ ခါချပါစေ ခါမချနိုင်ကြချေ။ ဤအရာအတွက် အဓိကအကြောင်းရင်းမှာ လူတို့သည် ဤအပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသောအရာများကို လုံးလုံးလျားလျား ပိုင်းခြားမသိမြင်နိုင်ခြင်း ဖြစ်သည်။ ယင်းတို့၏ အနှစ်သာရကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။ ဤအရာက ၎င်းတို့အတွက် ဇာတိပကတိနှင့် စာတန်ကို ပုန်ကန်ရန် အလွန်ခက်ခဲစေသည်။ ထို့အပြင် လူတို့သည် ဤအပျက်သဘောဆောင်သည့်၊ စိတ်အားငယ်ပြီး ဆုတ်ယုတ်သော အခြေအနေများတွင် အမြဲ ပိတ်မိကြပြီး ၎င်းတို့သည် ဆုမတောင်းကြဘဲ၊ သို့မဟုတ် ဘုရားသခင်ကို အားမကိုးကြဘဲ ထိုအစား ယင်းတို့ကို အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားကြသည်။ အကျိုးဆက်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ထဲ၌ အလုပ်မလုပ်သကဲ့သို့ ၎င်းတို့သည် ထိုအကြောင်းကြောင့် သမ္မာတရားကို နားမလည်နိုင်ကြ၊ ၎င်းတို့ လုပ်သမျှတိုင်းတွင် လမ်းကြောင်းတစ်ခု ကင်းမဲ့ပြီး မည်သည့်ကိစ္စကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။ သင့်အတွင်းတွင် အပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသော အရာများစွာ များလွန်းပြီး ယင်းတို့က သင်၏ စိတ်နှလုံးကို ဖြည့်ပြီးဖြစ်သောကြောင့် သင်သည် စိတ်ဝိညာဉ်၌ မကြာခဏ အပျက်သဘောဆောင်၍ အားငယ်ကာ ဘုရားသခင်ထံမှ ပို၍ပို၍ သွေဖည်သွားပြီး အားနည်းသည်ထက် အားနည်းလာခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလုပ်ကို သင် မရရှိနိုင်ပါက ဤအခြေအနေများကို သင်လွတ်မြောက်နိုင်လိမ့်မည်မဟုတ်သကဲ့သို့ သင်၏ အပျက်သဘောဆောင်သော အခြေအနေများသည် ပြောင်းလဲသွားလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲ၌ အလုပ်လုပ်မနေပါက လမ်းကြောင်းတစ်ခုကို သင်ရှာမတွေ့နိုင်သောကြောင့် ဖြစ်သည်။ ဤအကြောင်းရင်း နှစ်ခုကြောင့် သင်၏ အပျက်သဘောဆောင်သော အခြေအနေကို စွန့်ပယ်ပြီး ပုံမှန်အခြေအနေတစ်ခုထဲသို့ ဝင်ရောက်ရန် သင့်အတွက် အလွန်ခက်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားသခင်ရဲ့ စိတ်သဘောထားက အရမ်းကို ဖြောင့်မတ်တယ်ဆိုတာ ခံစားရတယ်။ ဘုရားသခင်က ဆိုးယုတ်တာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အရာတွေကို ရွံရှာတယ်။ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ကိုယ့်မာနနဲ့ အဆင့်အတန်းကိုချည်းပဲ အမြဲအလေးထားပြီး ချန်ရှင်းကို မနာလိုဖြစ်နေတာ၊ ပြီးတော့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ယှဉ်ပြိုင်နေတဲ့ အခြေအနေမှာပဲ အသက်ရှင်နေခဲ့တော့ ကျွန်မရဲ့ စိတ်နှလုံးဟာ အပျက်သဘောဆောင်တာတွေ၊ ဆန့်ကျင်ဘက်ဖြစ်နေတာတွေနဲ့ အပြည့်ဖြစ်နေခဲ့ပြီး ရလဒ်အနေနဲ့ ဘုရားသခင်က သူ့မျက်နှာတော်ကို ကျွန်မ မမြင်အောင် ကွယ်ဝှက်လိုက်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ ဦးဆောင်မှု မရှိဘဲ မှောင်မိုက်ထဲမှာ အသက်ရှင်နေရတော့ ကိုယ့်တာဝန်ထမ်းဆောင်ဖို့ အရမ်းခက်ခဲခဲ့တယ်။ ကိုယ့်မာနနဲ့ အဆင့်အတန်းကိုပဲ တွေးနေပြီး တာဝန်မှာ ဘာပြဿနာတွေ ရှိနေလဲ၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့အညီ ဖြစ်အောင် ဘယ်လို လက်တွေ့လုပ်ဆောင်ရမလဲဆိုတာကို စဉ်းစားဖို့ စိတ်ကူးတောင် မရှိခဲ့ဘူး။ ဒီလိုပုံစံနဲ့ တာဝန်ကို ဘယ်လိုလုပ် ကောင်းကောင်းလုပ်နိုင်မှာလဲ။ တန်ဖိုးမရှိတဲ့ ကိုယ့်မာနနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကိုယ့်တာဝန်နဲ့ ဝတ္တရားတွေကို ဘေးဖယ်ထားခဲ့လို့ ဘုရားသခင်ရဲ့ ရွံရှာမုန်းတီးမှုကို ခံခဲ့ရတာ။ ငါ တကယ်ကို မိုက်မဲလွန်းတာပဲ။
အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ဆက်ဖတ်တယ် “ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းအား သင် အမှန်တကယ် ပြနိုင်စွမ်းရှိပါက အခြားလူတို့ကို မျှမျှတတ သင်ဆက်ဆံနိုင်လိမ့်မည်။ သင်သည် လူကောင်းတစ်ယောက်ကို အကြံပြုထောက်ခံပေးပြီး လေ့ကျင့်စေကာ တာဝန်တစ်ခုကို ထမ်းဆောင်စေ၍ ဤနည်းအားဖြင့် ဘုရားအိမ်တော်တွင် ပင်ကိုစွမ်းရည်ရှိသူတစ်ယောက်ကို ဖြည့်သွင်းပါက သင်၏အလုပ်ကို ပို၍ မလွယ်ကူစေသလော။ သို့ဆိုလျှင် သင်သည် သင်၏တာဝန်၌ သစ္စာစောင့်သိသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ရှေ့မှောက်၌ ကောင်းမှုတစ်ခုဖြစ်သည်။ ယင်းသည် ခေါင်းဆောင်များအဖြစ် အစေခံသည့်သူများ အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ဖြစ်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သော သူများသည် ၎င်းတို့ လုပ်ဆောင်သည့် အမှုအရာများတွင် ဘုရားသခင်၏ စိစစ်ခြင်းကို လက်ခံနိုင်ကြသည်။ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်ခံသောအခါ သင်၏နှလုံးသည် တည့်မတ်လာလိမ့်မည် ဖြစ်သည်။ အကယ်၍ သင်သည် အခြားသူများ မြင်စေရန်အတွက်သာ လုပ်ဆောင်ပြီး သူတစ်ပါးတို့၏ ချီးမွမ်းမှုနှင့် လေးစားမှုကို အစဉ်ရလိုကာ သင်သည် ဘုရားသခင်၏စိစစ်ခြင်းကို လက်မခံပါက သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသေးသလော။ ထိုသို့သောလူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိကြချေ။ သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်း၊ အဆင့်အတန်းတို့အတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်၊ ထို့ပြင် ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ရှေ့တန်းတင်၍ ဆင်ခြင်စဉ်းစားရမည်ဖြစ်ပြီး ယင်းကို သင်၏ ဦးစားပေးအဖြစ် ထားရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ရှေ့တန်းတင်၍ ချင့်ချိန်စဉ်းစားရမည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ ခြွင်းချက်တစ်ခုမှာ သင်၏ အစွမ်းအစ ညံ့ဖျင်းလျှင် သို့မဟုတ် သင်၏ အတွေ့အကြုံ ပေါ့တန်လျှင်၊ သို့မဟုတ် သင်သည် မိမိ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်တွင် ထိုမျှ ကျွမ်းကျင်မှုမရှိလျှင်၊ ဤအရာက သင်၏အလုပ်တွင် အမှားအယွင်းအချို့ သို့မဟုတ် ချို့ယွင်းချက်များ ပေါ်ပေါက်လာစေပြီး ကောင်းမွန်သောရလဒ်များ မရရှိနိုင်အောင် တားဆီးနေသော်လည်း သင်သည် မိမိတတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်နေပြီးဖြစ်၏။ သင်သည် မိမိ၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ သို့မဟုတ် နှစ်သက်မှုများကို ဖြည့်ဆည်းရန်အတွက် ပြုမူဆောင်ရွက်နေခြင်း မဟုတ်ပေ။ ထိုအစား သင်သည် အသင်းတော်၏အလုပ်နှင့် ဘုရားသခင်၏ အိမ်တော်အကျိုးကို အဘက်ဘက်မှ အလေးထားနေ၏။ သင်သည် မိမိ၏တာဝန်တွင် ကောင်းမွန်သောရလဒ်များ မရရှိနိုင်သော်ငြားလည်း သင်၏စိတ်နှလုံးသည် မှန်ကန်ဖြောင့်မတ်နေပြီ ဖြစ်၏။ ထို့အပြင် သင်သည် မိမိ၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် စံနှုန်းပြည့်မီလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် သင်သည် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်လိမ့်မည်။ ထိုအခါ သင်သည် သက်သေခံချက်ကို ပိုင်ဆိုင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်တွေးတောပြီးတဲ့နောက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားတဲ့သူတွေဟာ အစွမ်းအစကောင်းတဲ့သူတွေကို မြင်ရင် အကြံပြုပြီး ပျိုးထောင်ပေးတတ်ကြတယ်ဆိုတာကို နားလည်လာတယ်။ ချန်ရှင်းက လေ့ကျင့်ပေးခံရတာ အချိန်တိုလေးပဲ ရှိသေးပြီး စည်းမျဉ်းတော်တော်များများကို သဘောမပေါက်သေးပေမဲ့ သူ့မှာ အစွမ်းအစကောင်းရှိတယ်။ သူ့ကိုသာ ပျိုးထောင်ပေးလိုက်ရင် အလုပ်လုပ်မယ့်သူ တစ်ယောက်တိုးလာပြီး ကျွန်မတို့အတွက် ကူညီပေးမယ့်သူ တစ်ယောက် ပိုရလာမှာလေ။ ဒါက အသင်းတော်ရဲ့ အလုပ်အတွက် အကျိုးရှိမှာပဲ။ ချန်ရှင်းက ကျွန်မထက် ပိုတော်တယ်ဆိုတာကို ဘာလို့ ဝန်မခံချင်ခဲ့တာလဲဆိုတာ ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မမှာ မှားယွင်းတဲ့ အမြင်တစ်ခု ရှိနေလို့ပဲ။ စာနဲ့ပတ်သက်တဲ့ တာဝန်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့လို့ အရာရာတိုင်းမှာ သူများထက် ပိုတော်လောက်တယ်၊ ပြီးတော့ တန်ဖိုးထား ပျိုးထောင်ခံရလောက်တယ်လို့ ထင်ခဲ့တာလေ။ ဒါပေမဲ့ ပြန်တွေးကြည့်တော့ စာနဲ့ပတ်သက်တဲ့ တာဝန်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့ပေမဲ့ ကျွန်မရဲ့ အစွမ်းအစက သာမန်လောက်ပဲ ရှိပြီး စည်းမျဉ်းတချို့ကို နားလည်သဘောပေါက်ဖို့ ကျရှုံးမှုတွေ၊ ဖော်ထုတ်ခံရမှုတွေ အများကြီးကို ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ ချန်ရှင်းကကျတော့ အချိန်တိုလေးအတွင်းမှာ စည်းမျဉ်းတွေရဲ့ အဓိကအချက်တွေကို သဘောပေါက်နိုင်တယ်ဆိုတာက သူ့ရဲ့ အစွမ်းအစ ကျွန်မထက် ပိုကောင်းတယ်ဆိုတာ သက်သေပြနေတာပဲ။ ဒီအချက်ကို လက်ခံရမယ်၊ ကိုယ့်ရဲ့ အစွမ်းအစနဲ့ ဝိညာဉ်ရင့်ကျက်မှုကို သေသေချာချာ မြင်အောင်ကြည့်ပြီး ကိုယ့်နေရာမှာကိုယ် သေချာနေရမယ်။ အရင်တုန်းကလို ချန်ရှင်းကို မနာလိုဖြစ်ပြီး ဖယ်ကြဉ်ထားလို့ မရတော့ဘူး။ ကိုယ့်ရည်ရွယ်ချက်တွေကို ပြင်ဆင်ပြီး တာဝန်တွေကို ကောင်းကောင်းလုပ်နိုင်ဖို့ သူနဲ့ သဟဇာတဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ရမယ်လေ။ အဲဒီနောက်မှာ မနာလိုစိတ်ကို လက်လွှတ်ဖို့၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို အလေးထားဖို့နဲ့ တာဝန်ထမ်းဆောင်ဖို့ စိတ်ဓာတ်ကို ပြင်ဆင်ဖို့ ဦးဆောင်ပေးပါလို့ ဘုရားသခင်ဆီ သတိရှိရှိ ဆုတောင်းပြီး တောင်းလျှောက်ခဲ့တယ်။ အဲဒီနောက်မှာ ချန်ရှင်းကို အပြစ်ရှာတာကို ရပ်လိုက်ပြီး သူနဲ့ ဘယ်လို အတူအလုပ်လုပ်ရမလဲ ဆိုတာကိုပဲ စဉ်းစားတော့တယ်။ ကျွန်မတို့ တာဝန်တွေထဲက ပြဿနာတွေကို အနှစ်ချုပ်ပြီး သူနဲ့ ဆွေးနွေးဖို့ ဆီလျော်တဲ့ စည်းမျဉ်းတွေကို ရှာဖွေခဲ့တယ်။ မှားယွင်းနေတဲ့ အခြေအနေကို ပြောင်းလဲပြီး မနာလိုစိတ်ကို လက်လွှတ်လိုက်တော့၊ နောက်ပြီး တာဝန်ထမ်းဆောင်ဖို့ စိတ်ထားကို ပြင်ဆင်လိုက်တော့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်နဲ့ ဦးဆောင်မှုကို ကျွန်မ ခံစားရပြီး ပြဿနာတွေကို ပိုရှင်းရှင်းလင်းလင်း မြင်လာနိုင်တယ်။ နောက်ပိုင်း ကျွန်မတို့အဖွဲ့အတွက် ကြီးကြပ်ရေးမှူး ရွေးတဲ့အခါ ချန်ရှင်းကိုပဲ ကျွန်မ မဲပေးခဲ့တယ်။ ရလဒ်တွေ ထွက်လာတော့ ချန်ရှင်းက ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ခံရပြီး ကျွန်မလည်း အဲဒါကို မှန်မှန်ကန်ကန် သဘောထားနိုင်ခဲ့သလို သူနဲ့လည်း သဟဇာတဖြစ်ဖြစ် အတူအလုပ်လုပ်နိုင်ခဲ့တယ်။ သူများတွေကို မနာလိုဖြစ်တတ်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်မှု နည်းနည်းရပြီး နည်းနည်းပြောင်းလဲလာအောင် ခွင့်ပြုပေးခဲ့တာက ဘုရားနှုတ်ကပတ်တော်ရဲ့ ဦးဆောင်မှုကြောင့်ပါပဲ။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရေးသူ- ရွှီထောင်း၊ တရုတ်နိုင်ငံ၂၀၂၃ ခုနှစ်တုန်းက အသင်းတော်မှာ လူသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့တယ်။ လေ့ကျင့်မှုတွေကတစ်ဆင့် ကဏ္ဍအသီးသီးက...
ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ၊ အသင်းတော်မှာရှိတဲ့ နိုင်ငံခြားကလာတဲ့ လူသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့တယ်။ ရေလောင်းတဲ့...
ကျန်ရှင်း အမေရိကန်နိုင်ငံ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ မှာ ကျွန်မ ခင်ပွန်းနဲ့ ကျွန်မတို့က နိုင်ငံခြားမှာ ရှိနေတုန်း ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...
လင်ယို၊ တရုတ်ပြည်ငယ်ငယ်ကတည်းက ကျွန်မဟာ ကခုန်ရတာကို တကယ်ပဲ အမြဲကြိုက်ခဲ့ပါတယ်။ ကျွန်မအမေပြောတာကတော့ ကျွန်မ တော်တော်ငယ်ငယ်တုန်းက ဘယ်အချိန်ပဲ...