ကျွန်မ အဆင့်အတန်းကို အသည်းအသန် မလိုက်စားတော့ပါ
ကျွန်မက ဂုဏ်သရေနဲ့ အဆင့်အတန်းကို အရမ်းတပ်မက်တဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်။ ငယ်ငယ်ကတည်းက ထင်ပေါ်ပြီး ထူးချွန်ဖို့ အားထုတ်ခဲ့တယ်။ “အရာရှိတွေက သာမန်လူတွေထက် ပိုသာတယ်”ဆိုတဲ့ ဆိုရိုးအတိုင်းပဲ၊ အငယ်ဆုံး အရာရှိတောင် သာမန်လူတွေထက် ပိုသာတယ်လို့ ယူဆခံရတယ်လေ။ အရာရှိ ရာထူးတစ်ခုရတာက အာဏာရှိတာ၊ သွားတဲ့နေရာတိုင်းမှာ လေးစားခံရပြီး၊ ကြည်ညိုခံရတာကို ဆိုလိုတယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ကျွန်မ ငယ်ငယ်တုန်းက အရာရှိ ရာထူးတစ်ခုရဖို့ သက်သက်အတွက် ရွာထဲမှာ ညစ်ပတ်ပြီး ပင်ပန်းတဲ့ အလုပ်မျိုးစုံ လုပ်ခဲ့တယ်။ ညနက်တဲ့ချိန် စိုက်ခင်းတွေထဲမှာတောင် မထင်မရှား သူရဲကောင်းတစ်ယောက်လို အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ပညာရေး နိမ့်ပါးလို့၊ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ရွာထဲမှာ အမျိုးသမီး အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ ဖြစ်ခဲ့ရတယ်။
၁၉၉၉ ခုနှစ်မှာ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပြီး၊ အသင်းတော်မှာ ဧဝံဂေလိ ဟောတဲ့ ကျွန်မရဲ့ တာဝန်ကို လုပ်ခဲ့တယ်။ စုဝေးပွဲတွေမှာ အထက်အဆင့် ခေါင်းဆောင်တွေကို ညီအစ်ကို မောင်နှမတွေက ဝန်းရံပြီး ဒီကိစ္စ၊ ဟိုကိစ္စတွေ မေးကြတာကို မြင်တော့၊ ကျွန်မ အရမ်း အားကျခဲ့တယ်။ ခေါင်းဆောင်ဖြစ်တာ ကောင်းတယ်။ သွားတဲ့နေရာတိုင်းမှာ လူတိုင်းက ဝန်းရံကြတယ်၊ ကျက်သရေရှိလိုက်တာပေါ့။ အနာဂတ်မှာ ဘုရားရဲ့ အမှုတော် ပြီးသွားပြီးနောက်မှာ ဒီခေါင်းဆောင်တွေက ဘုရားရဲ့ ကယ်တင်တာကို သေချာပေါက် ခံရမှာပဲ။ ငါလည်း လေးလေးနက်နက် လိုက်စားအားထုတ်ရမယ်၊ ငါသာ ဘုရားအိမ်တော်မှာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ခဲ့ရင် ညီအစ်ကို မောင်နှမတွေရဲ့ အထင်ကြီးတာကို ခံရရုံမက ကယ်တင်ခြင်းနဲ့ စုံလင်စေခြင်းခံရဖို့အတွက်လည်း အခွင့်အရေးတွေ ပိုရှိမှာပဲ။ ဝီရိယရှိရှိ လိုက်စားပြီး ငါ့တာဝန်ကို ကောင်းကောင်း လုပ်သရွေ့၊ ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေး သေချာပေါက် ရှိမှာပဲပေါ့။ အဲဒီအချိန်မှာ၊ ဧဝံဂေလိက ကျွန်မတို့ ဒေသကို တိုးချဲ့လာရုံ ရှိသေးတယ်။ ဧဝံဂေလိကို လက်ခံခဲ့ကြတဲ့ လူအများစုက ကျွန်မတို့ အရင်အသင်းတော်က ညီအစ်ကို မောင်နှမတွေပဲ။ သူတို့ သင်းအုပ်တွေရဲ့ နှောင့်ယှက်တာကို ခံရတာပဲဖြစ်ဖြစ်၊ အပျက်သဘောဆောင်လာတာပဲဖြစ်ဖြစ်၊ အခက်အခဲတွေ ရင်ဆိုင်ရတာပဲဖြစ်ဖြစ် ချက်ချင်းဆိုသလို ကျွန်မ သူတို့ကို အမြန်အားပေးခဲ့တယ်။ ညီအစ်ကို မောင်နှမအားလုံးက ကျွန်မကို အထင်ကြီးခဲ့ကြတယ်၊ သူတို့မှာ ရှိတဲ့ ဘယ်အခက်အခဲတွေနဲ့မဆို ကျွန်မဆီကို လာကြတယ်။ အဲဒီတုန်းက အသင်းတော် မထောင်ရသေးလို့ အသင်းတော် ခေါင်းဆောင်မှု မရှိသေးပေမဲ့၊ ကျွန်မ လုပ်ခဲ့တာက ခေါင်းဆောင်မှု အလုပ်ပဲ။ ကျွန်မနဲ့အတူ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေကလည်း ပြောကြတယ်။ “နောင်မှာ တခြားတစ်ယောက်ယောက်က ခေါင်းဆောင်အတွက် အရွေးမခံရရင် လီဂျင်းကတော့ သေချာပေါက် အရွေးခံရမှာပဲ” တဲ့။ ဒါကို ကျွန်မကြားတော့ ဝမ်းသာကြည်နူးပြီး၊ တွေးနေမိတယ်။ “ငါနဲ့အတူ လက်ခံခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေထဲမှာ ဘယ်သူမှ ငါ့ထက် ပိုမတော်ဘူး။ ပြီးတော့ ငါ့ထက် ပိုပြီး ဘယ်သူကမှ ကိုယ့်ကိုယ်ကိုယ် အသုံးမခံခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေကလည်း ငါ့ကို ထောက်ပံ့ပေးကြတယ်။ ဒါကြောင့် ခေါင်းဆောင်ရွေးရမဲ့အချိန်မှာ၊ လူတိုင်းက ငါ့ကို သေချာပေါက် ရွေးကြမှာပဲ”လို့ပေါ့။ ၁၉၉၉ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ၊ ကျွန်မတို့ဒေသကို စုဝေးပွဲတစ်ခုအတွက် အထက်အဆင့် ခေါင်းဆောင်တွေလာတယ်။ အသင်းတော်တစ်ပါး ထောင်ပြီး အသင်းတော် ခေါင်းဆောင်တစ်ယောက် ရွေးချင်တယ်လို့ ပြောကြတယ်။ ကျွန်မ အရမ်း ပျော်သွားတယ်။ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံရဖို့ သေချာပြီးသားပဲလို့ တွေးနေခဲ့တယ်။ စုဝေးပွဲအတွင်းမှာ၊ အထက်ခေါင်းဆောင်တွေရဲ့ ရွေးကောက်ပွဲရလဒ် ကြေညာချက်ကို ကျွန်မ စိတ်ချယုံကြည်စွာနဲ့ စောင့်ဆိုင်းခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ၊ အစ်မလျူကျင်းက ခေါင်းဆောင်အနေနဲ့ အရွေးခံရပြီး၊ ကျွန်မကတော့ ဧဝံဂေလိ သင်းထောက်အနေနဲ့ အရွေးခံခဲ့ရတယ်။ ရလဒ်တွေကို ကျွန်မ ကြားလိုက်တာနဲ့ ကျွန်မနှလုံးကရေအေးနဲ့ အပက်ခံလိုက်ရသလို ခံစားရပြီး ရိုးတွင်းခြင်ဆီထိ ရုတ်တရက် အေးစိမ့်သွားတယ်။ ကျွန်မမျက်နှာက ငိုင်သွားပြီး တွေးမိတယ်။ “ငါက တစ်နေ့လုံး ဧဝံဂေလိဟော၊ ယုံကြည်သူသစ်တွေကို ရေလောင်းပေးပြီး ညီအစ်ကို မောင်နှမတွေကို ဧည့်ခံရင်းနဲ့ အလုပ်များတယ်၊ ဘက်ပေါင်းစုံမှာ အလုပ်များပြီး၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့တောင် အရွေးမခံခဲ့ရဘူး။ ဒီအလုပ်အားလုံးက အလကားဖြစ်သွားတာလား။ အခု ခေါင်းဆောင်အနေနဲ့ အရွေးမခံရတော့၊ ညီအစ်ကို မောင်နှမတွေက ငါ့ကို လျူကျင်းလောက် မတော်ဘူးလို့ သေချာပေါက် ပြောကြမှာပဲ။ ငါ့မျက်နှာကို ဘယ်လို ပြရမလဲ”လို့ပေါ့။ စုဝေးပွဲ ပြီးသွားလို့ ကျွန်မအိမ်ပြန်သွားပြီးတဲ့နောက်မှာ၊ အဲဒီအကြောင်းတွေးလေ ကျွန်မ စိတ်ထိခိုက်လေဖြစ်ပြီး မျက်ရည်တွေကျလာတာတောင် သတိမထားလိုက်မိဘူး။ ကျွန်မစိတ်နှလုံးထဲမှာ လျူကျင်းကို ကျွန်မ မနာလိုဖြစ်ခဲ့တယ်။ အရင်က ငါတို့ ဂိုဏ်းခွဲမှာ နင်က ငါ့လောက်အောင် စိတ်မထက်သန်ခဲ့ဘူး၊ ဒီတော့ နင်က ဘာကြောင့်များ အရည်အချင်းပြည့်မီသွားရတာလဲပေါ့။ တစ်ခါ၊ ယုံကြည်သူသစ်တွေကို ရေလောင်းပေးတာနဲ့ပတ်သက်လို့ လျူကျင်းက ကျွန်မကို လာမေးပြီး၊ ကျွန်မ ဒေါသထွက်သွားတယ်။ “နင် ဘာမှ နားမလည်ဘဲနဲ့ ခေါင်းဆောင်ဖြစ်တယ် ဟုတ်လား။ အဲဒါကို နင် မကိုင်တွယ်နိုင်ရင်၊ ဘာလို့ စောစောစီးစီးတည်းက နင် မပြောခဲ့တာလဲ” လို့တွေးပြီး စိတ်ပေါက်ပေါက်နဲ့ ကျွန်မ ပြန်ဖြေလိုက်တယ်။ “နင် ခေါင်းဆောင်မဟုတ်လား။ ကိုယ့်ဘာသာ နားလည်အောင်လုပ်ပါ”လို့ပေါ့။ လျူကျင်းက ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဘဲ ပြောလာတယ်။ “ငါ နားမလည်လို့ နင့်ကို ငါ ဒီမေးခွန်းတွေ မေးတာပါ”တဲ့။ သူအဲဒီလို ပြောတာကို မြင်တော့ ကျွန်မစိတ်ထဲမှာ တော်တော်လေး လိပ်ပြာမလုံသလို ခံစားရတယ်။ ဒါကြောင့် ကျွန်မ လေသံကိုလျှော့ပြီး ဘာလုပ်ရမယ်ဆိုတာ သူ့ကို ပြောပြလိုက်တယ်။ ကျွန်မ ခေါင်းဆောင်အနေနဲ့ အရွေးမခံခဲ့ရလို့၊ ကျွန်မစိတ်နှလုံးမှာ ဆုံးရှုံးတဲ့စိတ်တစ်ခု အမြဲခံစားရပြီး ကျွန်မတာဝန်အတွက် စိတ်ထက်သန်မှုကို မစုစည်းနိုင်ခဲ့ဘူး။ အရင်က၊ ဧဝံဂေလိအလုပ်ကို ကျွန်မ နောက်ဆက်တွဲ လိုက်လုပ်တဲ့အခါ၊ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတွေရဲ့ အခြေအနေကို နားလည်အောင် ညီအစ်ကို မောင်နှမတွေကို ကျွန်မ တက်တက်ကြွကြွ လိုက်ရှာခဲ့ပြီး၊ ဧဝံဂေလိ ဖြန့်ဖို့ သူတို့နဲ့ တွဲလုပ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့၊ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူ မရှိရင်တောင်၊ သူတို့ကို ကျွန်မ တက်တက်ကြွကြွ လိုက်မရှာဘူး။ တစ်ခါတလေ အိမ်မှာ တစ်ယောက်ထဲ ရှိတဲ့အခါ၊ ကျွန်မ တွေးမိတယ်။ “ငါက ဧည့်ခံပြုစုပြီး ဧဝံဂေလိဖြန့်နေတယ်။ နောက်ဆုံးတော့ ခေါင်းဆောင်အနေနဲ့တောင် အရွေးမခံခဲ့ရဘူး။ အနာဂတ်မှာ ကယ်တင်ခြင်းအတွက် ဘာမျှော်လင့်ချက်ရှိလို့လဲ”လို့ပေါ့။ အဲဒီအကြောင်းတွေးလေ ကျွန်မ အပျက်သဘောဆောင်လာလေဖြစ်ပြီး၊ ကျွန်မရဲ့ အခြေအနေနဲ့ပတ်သက်လို့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မ ခေါင်းဆောင်ဖြစ်မလာခဲ့တဲ့အပြင် ကိုယ့်တာဝန်ကို လုပ်ဖို့ ဘာစိတ်လှုံ့ဆော်မှုမှ မခံစားရပါဘူး။ ကျွန်မ စိတ်က ကသိကအောက် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီအခြေအနေကို ဘယ်လို ပြောင်းလဲရမလဲ ကျွန်မ မသိပါဘူး။ ကျေးဇူးပြုပြီး ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင် ကျွန်မကို ဦးဆောင်လမ်းပြပါ”လို့ပေါ။
မနက်ဝတ်ပြုဆုတောင်နေတုန်းမှာ ဘုရားရဲ့ဒီနှုတ်ကပတ်တော်တွေ ကျွန်မ ဖတ်ရတယ်။ “ငါ့ကို ရိုးသားစွာ အလိုရှိသောသူအားလုံးကို ငါချစ်သည်။ သင်တို့သည် ငါ့ကိုချစ်ခြင်းအပေါ် အလေးဂရုပြုလျှင် သင်တို့ကို ကောင်းချီးမင်္ဂလာမြောက်များစွာ ဧကန်အမှန်ငါပေးမည်။ ငါ၏ ရည်ရွယ်ချက်များကို သင်တို့ နားလည်သလော။ ငါ့အိမ်တော်တွင် အဆင့်အတန်း နိမ့်ခြင်း၊ မြင့်ခြင်း ခွဲခြားမှုမရှိ။ လူတိုင်းသည် ငါ၏သားများ ဖြစ်ကြပြီး၊ ငါသည် သင်တို့၏အဖ၊ သင်တို့၏ ဘုရားသခင် ဖြစ်၏။ ငါသည် အမြင့်ဆုံးသောအထွတ်အထိပ်နှင့် အတုမရှိ ဖြစ်၏။ ငါသည် စကြဝဠာနှင့် အရာအားလုံးကို ထိန်းချုပ်ထား၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၁)) “ငါ့အိမ်တော်ထဲတွင် သင်သည် ‘နှိမ့်ချစွာဖြင့် မထင်မရှား မထင်မရှား ငါ့ကိုအစေခံ’ သင့်ပေသည်။ ဤစကားရပ်သည် သင်၏ဆောင်ပုဒ်အဖြစ် အသုံးတော်ခံသင့်၏။ သစ်ပင်တစ်ပင်ပေါ်ရှိ သစ်ရွက်တစ်ရွက် မဖြစ်ဘဲ၊ အပင်၏အမြစ်ဖြစ်ပြီး၊ အသက်တာ၌ နက်ရှိုင်းစွာ အမြစ်တွယ်လော့။ အသက်တာ၏ စစ်မှန်သော အတွေ့အကြုံထဲသို့ ဝင်ရောက်ပြီး၊ ငါ့နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်လော့၊ အကြောင်းအရာတိုင်း၌ ငါ့ကို ပိုမိုရှာဖွေကာ၊ ငါ့နားသို့ချဉ်းကပ်ပြီး၊ ငါနှင့် မိတ်သဟာယဖွဲ့လော့။ မည်သည့် အပြင်ပန်းအရာကိုမျှ အလေးဂရုမပြုနှင့်။ ထို့အပြင် မည်သည့်လူ၊ မည်သည့်ဖြစ်ရပ် သို့မဟုတ် မည်သည့်အမှုအရာ၏ ထိန်းချုပ်ခြင်းကိုမျှ မခံဘဲ ငါ၏ဖြစ်ခြင်းကို ဝိညာဉ်ရေးရာပြည့်ဝသောသူများနှင့်သာ မိတ်သဟာယဖွဲ့လော့။ ငါ၏ ရည်ရွယ်ချက်တို့ကို နားလည်လော့၊ ငါ့အသက်ကို သင်တို့၏အကြား စီးဝင်စေပြီး ငါ၏နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်ကာ ငါ၏သတ်မှတ်ချက်များကို လိုက်နာလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မ နားလည်သွားတယ်။ ဘုရားအိမ်တော်မှာ အဆင့်အတန်း အနိမ့်အမြင်ဆိုတဲ့ ခွဲခြားမှု မရှိဘူး။ ကျွန်မတို့အတွက် ဘုရားရဲ့ ရည်ရွယ်ချက်က သမ္မာတရားကို လိုက်စားဖို့ဖြစ်တယ်။ သူ စိတ်ကျေနပ်အောင် ကျွန်မတို့တာဝန်တွေကို တည်တည်ငြိမ်ငြိမ် ထမ်းဆောင်ဖို့ပဲ။ ဘုရားက ကျွန်မတို့ကို အဆင့်အတန်း မလိုက်စားစေချင်ဘူး။ အဲဒါထက် သမ္မာတရားကို လိုက်စားပြီး အသက်ကို ရစေချင်တယ်။ အဆင့်အတန်းကို ရတာက အပြင်ပန်း ဂုဏ်ကျက်သရေတစ်မျိုးဖြစ်ပေမဲ့ အဓိပ္ပာယ်မဲ့ပြီး အနှစ်မဲ့တယ်။ သစ်ရွက်တွေက လှပပေမဲ့ နွေဦးရာသီမှာ ကြွေကျကြသလိုမျိုးပေါ့။ ပန်းပွင့်တွေက လှပပြီး၊ လူတွေ ချီးမွမ်းတာ ခံရပေမဲ့ အသီးမသီးရင်၊ အသက်မဲ့တယ်။ ကျွန်မက ခေါင်းဆောင်တစ်ယောက် အမြဲ ဖြစ်ချင်ခဲ့တယ်။ လူတွေရဲ့ အားပေးတာ၊ လေးစားတာ၊ နားထောင်ပေးပြီး စံပြုခံရတာ၊ သူတို့ စိတ်နှလုံးတွေမှာ ကိုယ်က အဆင့်အတန်းရှိတာကို အမြဲ လိုချင်ခဲ့ပေမဲ့၊ ဒီအရာတွေက လိုက်စားတာက ဘာ အဓိပ္ပာယ်ရှိခဲ့လို့လဲ။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်က လူတွေကို တရားစီရင်ပြီး သန့်ရှင်းစေဖို့၊ သူတို့ကို သမ္မာတရားနဲ့ ထောက်ပံ့ပေးဖို့ပဲ။ ကျွန်မက သမ္မာတရားကို မလိုက်စားခဲ့ရင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက မပြောင်းလဲဘဲ သမ္မာတရားကို ကျွန်မ မရခဲ့ရင်၊ ကျွန်မ အချည်းနှီး ယုံကြည်ခဲ့တာ မဟုတ်လား။ ကျွန်မက အဆင့်အတန်းကို အရမ်းအလေးထားခဲ့တယ်။ အဲဒီအဆင့်အတန်းမရှိရင် အပျက်သဘောဆောင်ပြီး ဧဝဂေလိဖြန့်ဖို့ စိတ်ထက်သန်တာ ပျောက်သွားတယ်။ ကျွန်မ လိုက်စားတာက သမ္မာတရားမဟုတ်ဘဲ ဂုဏ်သတင်းနဲ့ အဆင့်အတန်းဖြစ်မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ အဲဒါက ဘုရားရဲ့ ရည်ရွယ်ချက်တွေကနေ သွေဖည်တာ မဟုတ်လား။ ကျွန်မ ဘုရားဆီ ဆုတောင်းတယ်။ “ဘုရားသခင်၊ အဆင့်အတန်းအတွက် ကျွန်မရဲ့ တပ်မက်စိတ်က အရမ်းကြီးပါတယ်။ တခြားလူတွေ ခေါင်းဆောင်တွေ ဖြစ်လာပြီး ကျွန်မ အရွေးမခံရတာကို မြင်တဲ့အခါ၊ အပျက်သဘောဆောင်လာပါတယ်။ လောကမှာ အရာရှိတစ်ယောက်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့ ကျွန်မ အားထုတ်ခဲ့တယ်။ ကျွန်မက အခုအချိန်မှာ ဘုရားအိမ်တော်ကို ရောက်နေပေမဲ့လည်း အဲဒီအရာတွေကို လိုက်စားနေတုန်းပါပဲ။ လောကနဲ့ ဆိုင်တဲ့ အချိန်ကနဲ့ အဲဒါက ဘယ်လိုလုပ် ကွဲပြားတာတစ်ခုတလေ ရှိလို့လဲ။ ဘုရားသခင်၊ ကျွန်မ အဆင့်အတန်းကို မလိုက်စားချင်တော့ပါဘူး။ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကိုယ်တော်ရဲ့ သတ်မှတ်ချက်တွေအတိုင်း ဖန်ဆင်းခံအနေနဲ့ ကျွန်မတာဝန်တွေကို ကျွန်မ လုပ်ချင်ပါတယ်”လို့ပေါ့။ နောက်ပိုင်းမှာ၊ ကျွန်မရဲ့ အခြေအနေ ပြောင်းလဲသွားပြီး၊ ဧဝံဂေလိ ဖြန့်တာနဲ့ပတ်သက်လို့ ကျွန်မ စိတ်ထက်သန်လာခဲ့တယ်။ လျူကျင်းက အခက်အခဲတွေရှိပြီး ကျွန်မကို လာမေးတဲ့အခါ၊ ကျွန်မ နားလည်သရွေ့ သူနဲ့ မိတ်သဟာယပြုပေးခဲ့တယ်။ ဒါက အသင်းတော်အလုပ်ထဲမှာ ပါတယ်လို့ ခံစားတယ်။ ညီအစ်မမှာ အခက်အခဲတွေ ရှိတဲ့အခါ၊ သူ့ကို ကူညီဖို့ ကျွန်မမှာ တာဝန်ရှိပြီး၊ ဒါကလည်း ကျွန်မ လုပ်သင့်တဲ့ တာဝန်ပဲလို့ပေါ့။ နှစ်လအကြာမှာ၊ လျူကျင်းက တကယ့် အလုပ်မလုပ်နိုင်လို့ အထုတ်ခံလိုက်ရပြီး ညီအစ်ကို မောင်နှမတွေက အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မကို ရွေးခဲ့ကြတယ်။ ဒါဟာ ဘုရားက မျက်နှာသာပေးတာမို့လို့ ကျွန်မ အလုပ်ကြိုးစားဖို့လိုတယ်လို့တွေးပြီး တွေးပြီး အရမ်းဝမ်းသာသွားတယ်။ ဆက်ပြီးတော့ အဖွဲ့တစ်ခုစီအတွက် ခေါင်းဆောင်တွေကို ကျွန်မရွေးပြီး၊ ဧဝံဂေလိ ဖြန့်တဲ့ အရေးပါမှုကို ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မ မိတ်သဟာယပြုပြီး ဧဝံဂေလိ ဖြန့်တဲ့ ထိရောက်မှုက တိုးတက်သွားခဲ့တယ်။ နေ့ပိုင်းမှာ ကျွန်မ ဧဝံဂေလိဖြန့်ပြီး ညပိုင်းမှာ ယုံကြည်သူသစ်တွေကို ရေလောင်းခဲ့တယ်။ ညီအစ်ကိုမောင်နှမတစ်ယောက်ယောက်က အပျက်သဘောဆောင်ရင်ပဲဖြစ်ဖြစ်၊ အားနည်းရင်ပဲဖြစ်ဖြစ် သူတို့ကို ထောက်ပံ့ပေးဖို့ ကျွန်မ သူတို့ဆီ သွားလည်တယ်။ လူတိုင်းက ကျွန်မကို နွေးနွေးထွေးထွေး ကြိုဆိုကြတယ်။ သူတို့မှာ မေးခွန်းတွေရှိရင်၊ ကျွန်မဆီ လာကြတယ်။ ညီအစ်ကို မောင်နှမတွေက ကျွန်မအနီးအနားမှာ စုဝေးကြတာ၊ ကျွန်မကို အရမ်းလေးစားကြတာကို မြင်တော့၊ ဒီခံစားချက်ကို ကျွန်မ အရမ်း နှစ်သက်ခဲ့တယ်။ “ခေါင်းဆောင်ဖြစ်တာ ကောင်းတယ်။ အသင်းတော် အလုပ်အားလုံးကို ငါ ကောင်းကောင်းလုပ်ရင်၊ နောက်ထပ် တိုးတက်ဖို့အတွက် အခွင့်အရေးတွေ ရှိမှာပဲ။ ငါ ဝါရင့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ရင်၊ ပိုလို့တောင် လေးစားခံရမှာပဲ”လို့ တွေးမိတယ်။
နောက်ပိုင်းမှာ၊ အထက်အဆင့်ခေါင်းဆောင်တွေက ကျွန်မတို့နဲ့ လာစုဝေးကြတယ်။ အသင်းတော် ခေါင်းဆောင်တချို့ကနေ တရားဟောဆရာ ရွေးချင်တယ်လို့ သူတို့ ပြောကြတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါတို့ အသင်းတော်က ဧဝံဂေလိ ဖြန့်တဲ့ ထိရောက်မှုမှာရော၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုမှာပါ စွမ်းဆောင်တာ ပိုကောင်းတယ်။ လတ်တလော ကွန်မြူနစ်ပါတီရဲ့ အဖမ်းအဆီးခံရပြီး ငါ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်တာကိုပါ ပေါင်းလိုက်လို့ကတော့ သူတို့နဲ့ယှဉ်ရင် ငါက ကဏ္ဍတိုင်းမှာ အခွင့်အရေးတွေ ပိုသာတယ်။ ဒီတစ်ခါ တရားဟောဆရာမအနေနဲ့ ငါ အရွေးခံရမှာ သေချာတယ်”လို့ပေါ့။ မမျှော်လင့်ဘဲ အစ်မ ဝမ်ဆူးက အရွေးခံခဲ့ရတယ်။ ကျွန်မနှလုံးသားထဲမှာ ရုတ်တရက်ကြီး စိတ်ဓာတ်ကျသွားပြီး “ဘာလို့ သူ အရွေးခံရပြီး ငါ အရွေးမခံရတာလဲ။ ငါတို့ အသင်းတော်အလုပ်အားလုံးက အကောင်းဆုံး ရလဒ်တွေ ရတယ်။ သူ့ထက်ငါ ဘယ်နေရာမှာ ပိုမတော်လို့လဲ။ အခု တရားဟောဆရာမအနေနဲ့ ငါ အရွေးမခံရမှတော့၊ ညီအစ်ကို မောင်နှမတွေက ငါ့ကို ဘယ်လိုမြင်ကြမလဲ။ အနာဂတ်မှာ ငါ့ကို ဘယ်သူက လေးစားတော့မှာလဲ” လို့ တွေးမိတယ်။ နောက်ထပ် စုဝေးပွဲတွေမှာ ကျွန်မ ဘာမှ မပြောတော့ဘူး။ ကျွန်မ ဘယ်လောက်ပဲကြိုးစားပါစေ၊ ကျွန်မ ဘယ်လောက် အလုပ်များ၊ ပင်ပန်းပါစေ၊ ဘာအကျိုးရှိလို့လဲလို့ ခံစားနေမိတယ်။ ကျွန်မရဲ့ အခြေအနေကို ဖွင့်ဟပြီး ဖြေရှင်းချက်တစ်ခု ရှာဖို့က ရှက်မိတယ်။ မျက်နှာပျက်ရမှာ စိုးလို့ ကျွန်မ ကိုယ့်ဘာသာပဲ မျိုသိပ်လိုက်တယ်။
နောက်ပိုင်းမှာ၊ ဝမ်ဆူးက အသင်းတော် ခေါင်းဆောင်တချို့အတွက် စုဝေးပွဲတစ်ခု ကျင်းပခဲ့ပြီး၊ လူတိုင်းက အာရုံစိုက် နားထောင်ကြတယ်။ ဒါပေမဲ့ ကျွန်မ အဲဒါကို သိပ်အလေးမထားဘဲ နေခဲ့တယ်။ တရားဟောဆရာမဖြစ်တာက တကယ် ကွဲပြားတယ်၊ သွားတဲ့နေရာတိုင်းမှာ လူတွေက ကိုယ့်စကားနားထောင်တော့ သိက္ခာရှိတယ်၊ လေးစားခံရတယ်လို့ ကျွန်မ တွေးခဲ့တယ်။ ကျွန်မသာ တရားဟောဆရာမဖြစ်ရင်၊ ကျွန်မကိုလည်း ညီအစ်ကို မောင်နှမတွေကို သေချာပေါက် ဝိုင်းအာရုံစိုက်ကြမှာပဲ။ ဒါပေမဲ့ အခုက သူပြောတာကို ကျွန်မ နားထောင်ရပြီး အဲဒါကြောင့် ကျွန်မ ခံစားချက်မမှန်တော့ဘူး။ စုဝေးပွဲအတောအတွင်းမှာ၊ သူက အလုပ်ကို အကောင်အထည်ဖော်တော့၊ ကျွန်မက “ငါတို့က တန်းတူရည်တူတွေ ဖြစ်ခဲ့တာ။ နင်က ငါ့ထက် မတော်ပါဘူး၊ အခု နင်က ငါတို့အတွက် အလုပ် စီစဉ်ပေးနေတယ်။ နင့်ရဲ့ ညွှန်ကြားချက်တွေကို ငါ လိုက်နာရင်၊ နင့်ထက် ငါ အဆင့်နိမ့်တဲ့ပုံပေါ်စေမှာ မဟုတ်လား”လို့ တွေးပြီး ပူးပေါင်းလုပ်ဖို့ ကျွန်မ ဝန်လေးခဲ့တယ်။ ကျွန်မတို့ရဲ့ အသင်းတော် အလုပ်မှာရှိတဲ့ ပြဿနာတွေအကြောင်းကို ဝမ်ဆူးက မေးတယ်။ ကျွန်မက စိတ်မဝင်စားတဲ့ မျက်နှာနဲ့ သာမန်ကာလျှံကာပဲ ပြန်ဖြေလိုက်တယ်။ “ကျွန်မတို့ အသင်းတော်မှာ ပြဿနာ သိပ်မများဘူး။ ကျွန်မတို့ဘာသာ အဲဒီပြဿနာတွေကို ဖြေရှင်းတယ်”လို့ပေါ့။ အဲဒီအခါ သူက ကျွန်မရဲ့ ဧဝံဂေလိအလုပ် တိုးတက်မှုကို မေးတော့ ကျွန်မ ထပ်မဖြေချင်တော့ဘူး။ ဒါကြောင့် မျက်နှာထားတင်းတင်းနဲ့ ပြန်ဖြေလိုက်တယ်။ “ကျွန်မတို့ ဧဝံဂေလိ အလုပ်ရဲ့ ထိရောက်မှုက ပြောစရာမလိုအောင်ကို အဆင်ပြေတယ်။ တခြားအသင်းတော်တွေက ကျွန်မတို့ရဲ့ လစဉ်ရလဒ်တစ်ဝက်တောင် မရောက်ကြဘူး”လို့ပေါ့။ လူသစ်တွေနဲ့ပတ်သက်လို့ အခြေအနေကို သူ မေးတော့၊ ကျွန်မ စိတ်မရှည်ဖြစ်လာပြီး ပြောလိုက်တယ်။ “လူသစ်တွေက ခေါင်းဆောင်နဲ့ အမှုတော်ဆောင်တွေဖြစ်တဲ့ ကျွန်မတို့ထဲက လူတချို့ရဲ့ ရေလောင်းတာခံရပြီး အဆင်ပြေနေကြပါတယ်။ အစ်မ မယုံရင်၊ ကိုယ့်ဘာသာ သွားစုံစမ်းလို့ရတယ်”လို့ပေါ့။ ဝမ်ဆူးက ကျွန်မသဘောထားကြောင့် စိတ်ကျဉ်းကျပ်သွားပြီး၊ စုဝေးပွဲရဲ့ အခြေအနေက ကသိကအောက်ဖြစ်လာတယ်။ ကျွန်မက မနာလိုဖြစ်ပြီး မကျေနပ်တဲ့ အခြေအနေတစ်ခုမှာပဲ အမြဲ အသက်ရှင်နေခဲ့ပြီး၊ ကျွန်မရဲ့ ဝိညာဉ်က မျှော်လင့်ချက်မဲ့နေခဲ့တယ်။ ကျွန်မရဲ့ တာဝန်လုပ်တဲ့နေရာမှာ စိတ်ဝင်စားမှု ပျောက်ဆုံးပြီး ဖြစ်သလိုပဲ လုပ်နေမိတယ်။ ဧဝံဂေလိ လက်ခံမဲ့ အလားအလာရှိတဲ့သူတွေ ရှိတဲ့အခါ၊ သူတို့ဆီ ကျွန်မ ဧဝံဂေလိ မဖြန့်ချင်တော့ဘူး။ ဧဝံဂေလိ ဖြန့်တဲ့ ထိရောက်မှုက စယုတ်လျော့လာတယ်။ ခေါင်းဆောင်တွေက ကျွန်မနဲ့ မိတ်သဟာယပြုပြီး ကူညီဖို့ လာတဲ့အခါ၊ ကျွန်မ နားမထောင်နိုင်ခဲ့ဘူး။ နောက်ဆုံး၊ ကျွန်မ အထုတ်ခံလိုက်ရတယ်။
နောက်ပိုင်းမှာ၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်မိတယ်။ ဝမ်ဆူးက တရားဟောဆရာမဖြစ်လာတဲ့အခါ ကျွန်မ ဘာလို့ ကသိကအောက်ဖြစ်ပြီး မကျေမနပ်ဖြစ်ခဲ့တာလဲပေါ့။ ဒီတော့ ကျွန်မ ဘုရားဆီ ဆုတောင်းတယ်။ ကျွန်မ ကိုယ့်ပြဿနာကိုယ် သိပြီး ဖြေရှင်းရအောင် ဉာဏ်အလင်းပေးဖို့၊ ဦးဆောင်လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့တယ်။ နောက်ပိုင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိတယ်။ “သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ပြုပြင်ရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။...လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတစ်လေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။...သင်တို့သည် ယနေ့ ဤအဆင့်သို့ ရောက်ခဲ့ကြသော်လည်း၊ တစ်နေ့ သင်၏ အဆင့်အတန်း ဆုံးရှုံးသွားကာ သင်၏နာမည် ပျက်စီးသွားမည်ကို ကြီးမားစွာပူပင်၍၊ သင်တို့သည် အဆင့်အတန်းကို လက်မလွှတ်သေးဘဲ၊ ၎င်းကို နေ့စဉ် စုံစမ်းမေးမြန်းရန်နှင့် လေ့လာရန် အမြဲတစေ ရုန်းကန်သည်။ လူတို့သည် ၎င်းတို့၏ သက်သောင့်သက်သာ ရှိလိုသောဆန္ဒကို မည်သည့်အခါမျှ ဘေးဖယ်ထားခဲ့ခြင်း မရှိကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ ဒီနေ့ ဒီလိုအခြေအနေမျိုးက အဆင့်အတန်းအတွက် ကျွန်မရဲ့ တပ်မက်စိတ်နဲ့ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြဖို့နဲ့ လိုက်စားခြင်းအပေါ် ကျွန်မရဲ့ မှားတဲ့အမြင်တွေကို ပြောင်းလဲအောင် ကူညီဖို့ ရည်ရွယ်တာပါ။ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အမြဲ လိုက်စားခဲ့ပြီး၊ အသင်းတော် ခေါင်းဆောင်ဖြစ်ပြီးနောက်မှာ၊ တရားဟောဆရာမတစ်ယောက်၊ ပိုမြင့်တဲ့ ခေါင်းဆောင်တစ်ယောက်တောင် ဖြစ်ချင်ခဲ့တယ်။ ရာထူးကြီးကြီးတစ်ခု ရယူပြီး အဆင့်အတန်းရဲ့ အကျိုးကျေးဇူးတွေကို မွေ့လျော်ဖို့ ဆန္ဒရှိခဲ့တယ်။ တရားဟောဆရာမ မရွေးခင်မှာ၊ ကျွန်မဟာ ဧဝံဂေလိဖြန့်ဖို့နဲ့ ယုံကြည်သူအသစ်တွေကို ရေလောင်းဖို့ကို စောစောထလို့ တစ်နေကုန်အလုပ်များပြီး ညနက်မှ အိပ်လေ့ရှိပေမဲ့ တရားဟောဆရာမ ဖြစ်မလာနိုင်တော့တဲ့အခါ၊ အပျက်သဘောဆောင်လာပြီး တာဝန်တွေမှာ ပေါ့ဆလာတယ်။ ဧဝံလက်ခံဖို့ အလားအလာရှိသူတွေ ရှိတဲ့အခါမှာတောင် ဧဝံဂေလိ မဖြန့်ချင်ခဲ့ဘူး။ ကျွန်မ လိုက်စားခဲ့တာက ဒီခေါင်းဆောင်မှု အဆင့်အတန်းဖြစ်တာ သိသာတယ်။ နောက်တော့၊ ကျွန်မ တွေးဆမိတယ်။ ငါဘာလို့ အဆင့်အတန်းကို အရမ်း စွဲလမ်းခဲ့ရတာလဲပေါ့။ အဲဒါက ဘာလို့လဲဆိုတော့ ကျွန်မက “လူသားသည် အထက်သို့ အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည် နိမ့်ရာသို့ စီးဆင်းသည်”ဆိုတာနဲ့ “အရာရှိများသည် သာမန်လူများထက် သာလွန်သည်”ဆိုတဲ့ စာတန်ရဲ့ အဆိပ်တွေနဲ့ အသက်ရှင်ခဲ့လို့ပဲ။ တခြားလူတွေထက် ပိုမြင့်အောင် ဘဝမှာ ကြိုးပမ်းသင့်ပြီး အဲဒီအခါမှပဲ တခြားလူတွေရဲ့ အထင်ကြီး၊ လေးစားတာခံရပြီး တန်ဖိုးရှိတဲ့၊ အဓိပ္ပာယ်ရှိတဲ့ ဘဝကို အသက်ရှင်နိုင်တယ်လို့ တွေးပြီးတော့ပေါ့။ ဒီအတွေးတွေရဲ့ ထိန်းချုပ်မှုအောက်မှာ၊ ကျွန်မ လူအုပ်ထဲက အနိမ့်ကျဆုံး မဖြစ်ချင်ခဲ့ဘူး။ ဆယ့်ခြောက်၊ ဆယ့်ခွန်အရွယ်မှာ၊ ရွာရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်လာဖို့ ရွာထဲက ခက်ခဲ၊ ပင်ပန်းတဲ့အလုပ်မှန်သမျှကို ကျွန်မ လုပ်ခဲ့တယ်။ စိုက်ခင်းတွေမှာ မထင်မရှား သူရဲကောင်းတစ်ယောက်လို ညနက်အောင် အလုပ်လုပ်နေခဲ့တယ်။ ဆယ့်ကိုးနှစ်မှာ၊ ကျွန်မတို့ရွာက အမျိုးသမီးအဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ၊ အထက်အဆင့် ခေါင်းဆောင်တွေက သူတို့အနီးအနားမှာ အဖြေရှာနေကြတဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မတို့ကို အတူ စုဝေးခိုင်းတဲ့အခါ၊ သူတို့ကို ကျွန်မ စိတ်ထဲမှာ အားကျခဲ့တယ်။ ခေါင်းဆောင်အနေနဲ့ အရွေးခံရအောင်လို့၊ မိုးသောက်ကနေ နေဝင်တဲ့အထိ ဝီရိယရှိရှိ အလုပ်လုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး အသုံးခံခဲ့တယ်။ ဘယ်အခက်အခဲကိုမဆို သည်းညည်းခံချင်ခဲ့တယ်။ အသင်းတော် ခေါင်းဆောင်တစ်ယောက် ဖြစ်လာတဲ့နောက်မှာ၊ ပိုမြင့်တဲ့ ရာထူးကို တပ်မက်ပြီးတော့ တရားဟောဆရာမတောင် ဖြစ်ချင်ခဲ့တယ်။ တရားဟောဆရာမအနေနဲ့ အရွေးမခံရတဲ့အခါ၊ အဆင့်အတန်း မရှိတာကို လက်မခံနိုင်ဘဲ၊ အသစ်ရွေးခံရတဲ့ တရားဟောဆရာမကို ငြင်းခဲ့တယ်။ သူ့ရဲ့ မိတ်သဟာယနဲ့ အလုပ် အကောင်အထည်ဖော်တာတွေကို ကျွန်မ နားထောင်လို့ မလိုလားခဲ့ဘူး။ ကျွန်မတို့ အသင်းတော် အလုပ်ကို သူ မေးမြန်းတဲ့အခါ၊ ကျွန်မ စိတ်မဝင်စားခဲ့ဘူး။ သူ့အပေါ် မတူမတန် သဘောထားပြီး အထင်သေးတာကို ပြခဲ့တယ်။ အဲဒါက သူ့ကို ကျွန်မကြောင့် စိတ်ကျဉ်းကျပ်သွားစေခဲ့တယ်။ အဆင့်အတန်း မရတဲ့အခါ သူတစ်ပါးကို ကျွန်မ ဖယ်ကြဉ်ပြီး အရိုအသေတန်အောင် လုပ်နိုင်တဲ့အချက်က ကျွန်မ တကယ်ကို မလိုမုန်းထားစိတ်ရှိမှန်း ပြခဲ့တယ်။ ကျွန်မ ထုတ်ဖော်ပြတာက အန္တိခရစ်ရဲ့ စိတ်သဘောထားပဲ။ ဘုရားက ဖန်ဆင်းရှင်ဖြစ်တယ်။ ဘုရားကပဲ ကိုးကွယ်၊ ကြည်ညိုခြင်းနဲ့ ထိုက်တန်တယ်။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်၊ ဖောက်ပြန်ပျက်စီးတဲ့ လူတစ်ယောက် သက်သက်ပါ။ သူများတွေ ကျွန်မကို အထင်ကြီးအောင်လုပ်ဖို့ ကျွန်မမှာ ဘာ အရည်အချင်း ရှိလို့လဲ။ ကျွန်မက ဆင်ခြင်တုံတရားနဲ့ အရှက် တကယ်ကို မဲ့ခဲ့တာပဲ။ ကျွန်မက သမ္မာတရားကို လိုက်စားမယ်၊ ညီအစ်ကိုမောင်နှမတွေနဲ့ စိတ်သဘောညီညီညွတ်ညွတ် ပူးပေါင်းလုပ်မယ်၊ အချင်းချင်း ဖြည့်ဆည်းပြီး၊ တာဝန်တွေကို အတူတူ ထမ်းဆောင်မယ်လို့ မျှော်လင့်ရင်းနဲ့ ဘုရားက ကျွန်မကို ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်တွေကို လက်တွေ့လုပ်ဖို့ အခွင့်အရေးပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက သူများတွေ လေးစားအောင်လုပ်ဖို့ အဆင့်အတန်းကို အမြဲ လိုက်စားပြီး သမ္မာတရားကို မလိုက်စားခဲ့ဘူး။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်၊ မနာလိုတာ၊ အားကျတာတွေတောင် ဖြစ်နိုင်ခဲ့တယ်။ သူတပါးကို ဘောင်ခတ်ပြီး ဖယ်ကြဉ်နေခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကို ဒုက္ခပေးပြီး အသင်းတော်အလုပ်ကို အနှောင့်အယှက်တွေ ဖြစ်စေခဲ့တယ်။ အဆင့်အတန်းကို လိုက်စားတာက ဘုရားကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းမှန်း ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မ နောင်တမရရင်၊ နောက်ဆုံးမှာ ဘုရားရဲ့ အပြစ်ပေးတာကို ရင်ဆိုင်ရမှာပဲ။ ဘုရားဆီ ကျွန်မ ဆုတောင်းတယ်။ “အို ဘုရားသခင်၊ ဒီဖောက်ပြန်ပျက်စီးတဲ့ လူဖြစ်တဲ့ ကျွန်မက သူများတွေ လေးစားခံရဖို့ အမြဲ ကြိုးစားပါတယ်။ ကျွန်မရဲ့ လုပ်ရပ်တွေနဲ့ လုပ်ဆောင်ချက်တွေက ကိုယ်တော့်အတွက် အရမ်းမုန်းစရာပါ။ ကျွန်မ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို မလိုက်စားတော့ဘဲ၊ ကိုယ်တော့်ဆီ ပြန်လာဖို့ လိုလားပါတယ်။ ကျေးဇူးပြုပြီး သမ္မာတရားကို လိုက်စားတဲ့လမ်းကြောင်းပေါ် ကျွန်မကို ဦးဆောင်ပါ”လို့ပေါ့။
တစ်နေ့မှာ၊ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “လူသားသည် ငါ့ကို စိတ်ရင်းအမှန်နှင့် မည်သည့်အခါမျှ မချစ်ဖူးပေ။ ငါသည် သူ့ကို ချီးမြှောက်သောအခါ၊ သူသည် မိမိကိုယ်ကိုယ် မထိုက်တန်ဟု ခံစားရသည်၊ သို့သော် ဤအရာသည် သူ့အား ငါ့ကို ကျေနပ်စေရန် ကြိုးစားခြင်းငှာ မပြုပေ။ ငါသည် သူ့ကို ပေးထားပြီးဖြစ်သည့် ‘ရာထူးနေရာ’ ကိုသာ သူ၏လက်ထဲတွင် ကိုင်ထားရုံမျှ ကိုင်ထားပြီး၊ ယင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရုံမျှ စစ်ဆေးလေသည်။ ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို ခံစားနိုင်ခြင်း မရှိဘဲလျက်၊ ယင်းအစား သူသည် သူ့ရာထူးနေရာ၏ အကျိုးကျေးဇူးများကို လောဘတကြီး ဝါးမျိုခြင်းကိုသာ မဆုတ်မနစ်ပြုလျက်ရှိသည်။ ဤသည်မှာ လူသား၏ ချို့တဲ့ခြင်း မဟုတ်ပေလော။ တောင်များ ရွေ့လျားသောအခါ၊ ယင်းတို့သည် သင်၏ရာထူးနေရာအတွက် ကွေ့ရှောင်သွားခြင်းကို ပြုနိုင်မည်လော။ ရေများသည် စီးဆင်းသောအခါ၊ ၎င်းတို့သည် လူ၏ ရာထူးနေရာရှေ့တွင် ရပ်တန့်နိုင်မည်လော။ လူ၏ရာထူးနေရာအားဖြင့် ကောင်းကင်နှင့် မြေကြီးသည် ပြောင်းပြန် ဖြစ်နိုင်မည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၂)) “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။ ထို့ကြောင့် အပြစ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များကြောင့် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်တွေဖတ်ပြီးတဲ့နောက်မှာ၊ အဆင့်အတန်းက လူတွေကို မကယ်နိုင်မှန်းနဲ့ ကပ်ဘေးတွေ ရိုက်ခတ်တဲ့အခါ၊ အဆင့်အတန်းရှိတာက ရှင်သန်ဖို့ သေချာအောင်လုပ်မှာ မဟုတ်မှန်း နားလည်သွားတယ်။ လူတွေရဲ့ ခရီးပန်းတိုင်နဲ့ အဆုံးသတ်ကို သူတို့ သမ္မာတရား ပိုင်ဆိုင်ခြင်း ရှိမရှိဆိုတဲ့ပေါ် အခြေခံပြီး ဘုရားက ဆုံးဖြတ်တယ်။ သူတို့အဆင့်အတန်းက ဘယ်လိုပဲဖြစ်ပါစေ၊ သမ္မာတရားကို သူတို့ လိုက်စားပြီး သူတို့ရဲ့ စိတ်သဘောထားက ပြောင်းလဲမှုကို ကြုံသရွေ့၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ရနိုင်တယ်။ အရင်က၊ အဆင့်အတန်း မြင့်လေ၊ ကယ်တင်ခံရပြီး စုံလင်ခံရမဲ့ အခွင့်အရေး ကြီးလေပဲလို့ ကျွန်မ တွေးခဲ့တယ်။ ဒါကြောင့် အဆင့်အတန်းကို ကျွန်မ မရပ်မနား လိုက်စားခဲ့တယ်။ အဆင်အတန်းရဖို့ဆိုရင် ဘာပဲဖြစ်ဖြစ် အရာရာကို စွန့်လွှတ်ပြီး ဘာအခက်အခဲကိုမဆို ခါးစီးခံလိုစိတ် ရှိခဲ့တယ်။ အဆင့်အတန်းရအောင် လိုက်စားတာကို ကိုယ့်ဘဝရဲ့ ရည်မှန်းချက်နဲ့ ဦးတည်ချက်အဖြစ် ထားခဲ့တယ်။ တရားဟောဆရာမအနေနဲ့ အရွေးမခံရတဲ့အခါ၊ ကျွန်မ အပျက်သဘောဆောင်လာပြီး၊ ကျွန်မတာဝန်ကို လုပ်ဖို့အတွက် စိတ်ထက်သန်မှု ပျောက်သွားတယ်။ ဒီမမှန်တဲ့ ရှုထောင့်နဲ့ အသက်ရှင်တာက ကျွန်မကို စိတ်ဆင်းရဲမှုအများကြီး ဖြစ်စေခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကို ထိခိုက်နစ်နာစေပြီး အသင်းတော်အလုပ်ကို ပျက်စီးသွားစေခဲ့တယ်။ ပေါလုက ဘာသာရေး အသိုင်းအဝိုင်းမှာ မြင့်မားတဲ့ အဆင့်အတန်း ရှိခဲ့ပေမဲ့၊ ဧဝံဂေလိ ဖြန့်ခဲ့ပေမဲ့၊ လူအတော်များများကို ရခဲ့ပြီး အသင်းတော် အများကြီး ထောင်ခဲ့ပေမဲ့၊ သမ္မာတရားကို မလိုက်စားခဲ့ပုံ၊ သူ့ရဲ့ အသက်စိတ်သဘောထား မပြောင်းလဲခဲ့ဘဲ နောက်ဆုံးမှာ ဘုရားရဲ့ အပြစ်ပေးတာကို ရင်ဆိုင်ခဲ့ရပုံကို ကျွန်မ တွေးမိတယ်။ ပေတရုရဲ့ အလုပ်က ပေါလုရဲ့ အလုပ်လောက် မကျယ်ပြန်ခဲ့ပေမဲ့၊ ပေတရုက သမ္မာတရား လိုက်စားခဲ့တယ်၊ ဘုရားကို ချစ်ဖို့ အားထုတ်ခဲ့ပြီး၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ဖြည့်ဆည်းဖို့ ကြိုးစားခဲ့တယ်။ နောက်ဆုံးမှာ၊ ပေတရုက ဘုရားရဲ့ စုံလင်စေတာခံရပြီး၊ ဘုရားရဲ့ အသိအမှတ်ပြုတာကို ရခဲ့တယ်။ ကျွန်မက ပေါလုနဲ့တူတဲ့လမ်းကို လျှောက်ရင်းနဲ့ မမှန်တဲ့ ရှုထောင့်အတိုင်း အသက်ရှင်ခဲ့ဖူးတယ်။ ဒီလမ်းကို ကျွန်မ ဆက်လျှောက်သွားရင်၊ ပေါလုလို ကံကြမ္မာမျိုးနဲ့ သေချာပေါက် အဆုံးသတ်မှာပဲ။
နောက်တော့၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်တယ်။ အဲဒါက လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ပိုရှင်းသွားစေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူများသည် ဝါကြွားစရာ အကြောင်းမရှိသော ဖန်ဆင်းခံများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခံများ ဖြစ်ကြသည့်အတွက် သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းရွက်ရမည်။ သင်တို့အပေါ် အခြားသော သတ်မှတ်ချက်များ မရှိပေ။ သင်တို့သည်- ‘အို ဘုရားသခင်။ ကျွန်ုပ်၌ အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ယခု သဘောပေါက်ပါပြီ။ အကယ်၍ ကျွန်ုပ်၏ အဆင့်အတန်း မြင့်ပါက ၎င်းမှာ ကိုယ်တော်၏ ချီးမြှောက်ခြင်းကြောင့်ဖြစ်ပြီး၊ အဆင့်အတန်း နိမ့်ပါက ကိုယ်တော်၏ စီမံပေးခြင်းကြောင့် ဖြစ်ပါ၏။ အရာခပ်သိမ်းသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိပါ၏။ ကျွန်ုပ်၌ ရွေးချယ်စရာ မရှိသကဲ့သို့ ညည်းတွားစရာအကြောင်း တစ်စုံတစ်ရာ မရှိပါ။ ကျွန်ုပ်သည် ဤနိုင်ငံနှင့် ဤလူမျိုးအကြားတွင် မွေးဖွားလာမည့် အကြောင်းနှင့် အရာခပ်သိမ်းသည် ကိုယ်တော်၏စီမံမှုအတွင်း ရှိခြင်းကြောင့် ကျွန်ုပ် လုပ်ဆောင်သင့်သမျှမှာ ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် အကြွင်းမဲ့ ကျိုးနွံနာခံဖို့ဖြစ်ကြောင်းကို ကိုယ်တော် စီမံခဲ့ခြင်း ဖြစ်ပါ၏။ ကျွန်ုပ်သည် အဆင့်အတန်းအပေါ် အာရုံမစိုက်ပါ၊ အမှန်မှာတော့ ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်အား အဆုံးမဲ့သော တွင်းနက်၊ ကန့်နှင့်ရောသော မီးအိုင်ထဲသို့ ထည့်လျှင်လည်း ကျွန်ုပ်သည် ဘာမျှမဟုတ်ဘဲ ဖန်ဆင်းခံ တစ်ဦးမျှသာ ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို အသုံးပြုပါက ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ပါ၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေလျှင်၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးသာ ဖြစ်ပါသေး၏။ အကယ်၍ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်စေခြင်း မပြုလျှင်လည်း၊ ကျွန်ုပ်သည် ဖန်ဆင်းခံ တစ်ဦးထက် မပိုခြင်းကြောင့် ကျွန်ုပ်သည် ကိုယ်တော့်အား ဆက်၍ ချစ်နေဦးမည် ဖြစ်သည်။ ကျွန်ုပ်သည် ဖန်ဆင်းရှင်သခင်၏ ဘာမျှ မပြောပလောက်သည့် ဖန်ဆင်းခံ တစ်ဦးထက် ဘာမျှမပိုပါ၊ အဖန်ဆင်းခံ လူသားအားလုံးထဲမှ တစ်ဦးသာ ဖြစ်ပါ၏။ ကျွန်ုပ်အား ဖန်ဆင်းခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု ကိုယ်တော်သည် အကျွန်ုပ်အား ကိုယ်တော်၏ အလိုရှိသည့် အတိုင်း ပြုရန် ကိုယ်တော်၏ လက်တော်ထဲ၌ တစ်ဖန် ထားတော်မူ၏။ အရာခပ်သိမ်းသည် ကိုယ်တော် စီမံပြီးဖြစ်သည့် အရာ ဖြစ်သောကြောင့် ကျွန်ုပ်သည် ကိုယ်တော်၏ တန်ဆာပလာနှင့် ကိုယ်တော်၏ အဖြည့်ခံဖြစ်ရန် လိုလားပါ၏။ မည်သူမျှ ထိုအရာကို မပြောင်းလဲနိုင်ပါ။ ခပ်သိမ်းသော အရာနှင့် အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ လက်တော်ထဲ၌ ရှိကြပါ၏။’ ဟု ဆုတောင်းသင့်သည်။ ရာထူးအဆင့်အတန်း အပေါ် သင်အာရုံ မပြုတော့မည့်အချိန် ရောက်လာသည့်အခါ၊ သင်သည် ထိုအရာမှ လွတ်မြောက်လိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ သင်သည် ယုံကြည်ရဲရင့်စွာ ကြိုးစားနိုင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သင်၏ စိတ်နှလုံးသည် မည်သည့် ချုပ်နှောင်မှုမဆိုထံမှ လွတ်မြောက်လာနိုင်ပေမည်။ လူတို့သည် ဤအရာများမှ ကယ်ထုတ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၌ စိုးရိမ်ပူပန်စရာများ ရှိတော့မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ လူတွေမှာ အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သူတို့အားလုံးက ဖန်ဆင်းခံတွေဖြစ်ပြီး ဘုရားအမြင်မှာ သူတို့က အတူတူပဲ။ တစ်ယောက်ယောက်က အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အားလုံးကို ဘုရားက ကြိုတင်သတ်မှတ်ထားတာပါ။ ဘယ်လူက ဘယ်တာဝန်တွေကို လုပ်ပြီး ဘယ်အစွမ်းအစနဲ့ ဆုကျေးဇူးတွေ ပိုင်ဆိုင်ပါစေ၊ အားလုံးကို ဘုရားက ကြိုတင်သတ်မှတ်ထားတာပါ။ ဖန်ဆင်းခံတွေအနေနဲ့၊ လူတွေက ဘုရားရဲ့ အစီအစဉ်တွေနဲ့ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသင့်တယ်။ အရင်က ခေါင်းဆောင်ဖြစ်လာဖို့ ကျွန်မ အမြဲ ရည်မှန်းချက်ရှိခဲ့တယ်။ အသင်းတော် ခေါင်းဆောင်ဖြစ်လာတဲ့နောက်မှာ၊ တရားဟောဆရာမဖြစ်ဖို့တောင် ကျွန်မ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့၊ ကျွန်မရဲ့ အစွမ်းအစနဲ့ ဝိညာဉ်ရင့်ကျက်မှုအရ၊ ကျွန်မက အခြေခံအားဖြင့် တရားဟောဆရာမဖြစ်ဖို့ မသင့်တော်ဘူး။ အသင်းတော်ကို အသစ်ထောင်ခဲ့တုန်းက၊ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ ကဏ္ဍက အဓိကအားဖြင့် ဧဝံဂေလိဖြန့်ဖို့နဲ့ ယုံကြည်သူအသစ်တွေကို ရေလောင်းဖို့ အဓိကအားဖြင့် ပါဝင်တယ်။ ကျွန်မက ဧဝံဂေလိ ဖြန့်တဲ့နေရာမှာ တော်ပြီး ရလဒ်တချို့ ရခဲ့တယ်။ ဒါပေမဲ့၊ တရားဟောဆရာမရဲ့ အခန်းကဏ္ဍက အသင်းတော် ပေါင်းစုံကို စီမံတာ ပါတယ်။ အဲဒါက ကောင်းမွန်တဲ့ လုပ်ရည်ကိုင်ရည်နဲ့ သမ္မာတရားကို မိတ်သဟာယပြုပြီး ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်း လိုအပ်တယ်။ ကျွန်မရဲ့ အသက်ဝင်ရောက်မှုက မကောင်းသလို၊ တရားဟောဆရာမအလုပ်နဲ့ မကိုက်ဘူး။ ဘုရားရဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံခဲ့သင့်တယ်။ အခု ကျွန်မက ဧဝံဂေလိ ဖြန့်ဖို့ တာဝန်ပေးခံရပြီး၊ ဧဝံဂေလိဖြန့်တဲ့ ကျွန်မတာဝန်ကို ကျွန်မ ဖြည့်ဆည်းသင့်တယ်။ ဒါကို သဘောပေါက်တဲ့အခါ၊ ဘုရားဆီ ကျွန်မ ဆုတောင်းတယ်။ “အို ဘုရားသခင်၊ ကျွန်မက အဆင့်အတန်းကို လိုက်စားနေခဲ့ပြီး ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို မကျိုးနွံမနာခံခဲ့ပါဘူး။ အဲဒါက အသင်းတော်အလုပ်ကို ထိခိုက်ပါတယ်။ အခု ကျွန်မ နောင်တရပြီး၊ ဖန်ဆင်းခံဖြစ်တာကို လိုက်စားဖို့၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားတာတွေကို နာခံဖို့ လိုလားနေပါတယ်”လို့ပေါ့။
၂၀၁၅ မှာ၊ အသင်းတော်က ခေါင်းဆောင်နေရာအတွက် ရွေးကောက်ပွဲအသစ်လုပ်တယ်။ ညီအစ်ကို မောင်နှမအတော်များများက ကျွန်မကို ရွေးချင်ကြတာ ကြားရတယ်။ အဲဒီအချိန်မှာ၊ ကျွန်မ ပျော်လည်းပျော်ပြီး အံ့လည်းအံ့ဩတယ်။ မြင်ရသလောက်ကတော့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အထင်ကြီးလေးစားကြပြီး ကျွန်မမှာ သမ္မာတရားစစ်မှန်မှု ရှိတာကို သက်သေပြနေသလိုပဲ။ အရွေးခံရရင်၊ ညီအစ်ကို မောင်နှမတွေကြား ကျွန်မ သွားတဲ့နေရာတိုင်းမှာ အလေးစားခံရမှာပဲလို့ ထင်ခဲ့တယ်။ ဒီလိုတွေးနေချိန်မှာပဲ အဆင့်အတန်းအတွက် ကျွန်မရဲ့စိတ်တွေက ထပ်ပြလာမှန်း သိလိုက်တယ်။ အရင်တုန်းက ကျွန်မ အဆင့်အတန်းလိုက်စားလို့ ဆင်းရဲဒုက္ခ အများကြီးရောက်ခဲ့ရပြီး အသင်းတော်အလုပ်ကို ထိခိုက်ခဲ့ပုံကို သုံးသပ်ရင်းနဲ့ အဆင့်အတန်းကို မလိုက်စားချင်တော့ဘူးလို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ အဲဒီအစား၊ ဘုရားရဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံပြီး ကျွန်မရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်။ ကျွန်မစိတ်နှလုံးထဲမှာ ဘုရားကို တိတ်တိတ်လေး ဆုတောင်းမိတယ်။ အဆင့်အတန်းအတွက် ကျွန်မရဲ့တပ်မက်စိတ်နဲ့ မှားယွင်းတဲ့ ဘယ်လိုက်စားမှုကိုမဆို လက်လွှတ်ဖို့ လိုလားခဲ့တယ်။ ကျော်ကြားမှု၊ အဆင့်အတန်းကို ကျွန်မ မလိုက်စားချင်တော့ဘူး။ ကျွန်မကို ဘယ်တာဝန်ပဲပေးပါစေ ကျွန်မ ကျိုးနွံနာခံလိုစိတ် ရှိခဲ့တယ်။ မဲမပေးခင်မှာ၊ ဝါရင့် ခေါင်းဆောင်တွေက ကျွန်မတို့တစ်ယောက်စီကို အတွေးတွေ မျှဝေခိုင်းတယ်။ ကျွန်မ ဖွင့်ဟပြီး ပြောလိုက်တယ်။ “ကျွန်မ ဆယ်နှစ်ကျော် ဘုရားကို ယုံကြည်ခဲ့ပေမဲ့၊ ကျွန်မရဲ့ အသက်ဝင်ရောက်မှုက ပေါ့တန်တယ်။ ကျွန်မရဲ့ သဘာဝက မာနထောင်လွှားပြီး၊ အဆင့်အတန်းအတွက် ကျွန်မမှာ ပြင်းထန်တဲ့ တပ်မက်စိတ်ရှိတယ်။ ဒီတော့ ခေါင်းဆောင်ရာထူးရတာဟာ အဆင့်အတန်းရဲ့ အကျိုးအမြတ်တွေ ခံစားဖို့၊ သူများတွေကို ဘောင်ခတ်ဖို့ ကျွန်မအတွက် လွယ်သွားမှာ။ ခေါင်းဆောင်မှု အခန်းကဏ္ဍအတွက် ကျွန်မ သင့်တော်တယ်လို့ မထင်ဘူး။ ရှင်တို့နဲ့ ကျွန်မရဲ့ စစ်မှန်တဲ့ အခြေအနေကို ကျွန်မ မျှဝေနေတာပါ။ စည်းမျဉ်းတွေကိုအခြေခံပြီး ကျွန်မကို ရှင်တို့ ဆန်းစစ်လို့ရပါတယ်”လို့ပေါ့။ စကားပြောပြီးတော့၊ ကျွန်မ အရမ်းအေးချမ်းသွားတယ်။ နောက်ဆုံးမှာ၊ ညီအစ်ကို မောင်နှမတွေက တခြားညီအစ်မနှစ်ယောက်ကို အသင်းတော် ခေါင်းဆောင်တွေအနေနဲ့ ရွေးခဲ့ကြပြီး၊ ကျွန်မကတော့ ဧဝံဂေလိ သင်းထောက်အနေနဲ့ အရွေးခံခဲ့ရတယ်။ ဘုရားကို ကျွန်မ အရမ်းကျေးဇူးတင်မိပြီး၊ ကျွန်မတာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ လုပ်လိုစိတ်ရှိခဲ့တယ်။ အဲဒီနောက်မှာ၊ ကျွန်မရဲ့ ဧဝံဂေလိအလုပ်ကို ကျွန်မ အာရုံစိုက်ခဲ့တယ်။ အသင်းတော်ခေါင်းဆောင်နှစ်ယောက်က လက်တွေ့ စလုပ်ရုံပဲရှိသေးပြီး၊ သူတို့အလုပ်ရဲ့ တချို့ကဏ္ဍတွေက မသင့်တော်တာကို ကျွန်မ သတိထားမိတဲ့အခါ၊ တင်ပြပြီး၊ အဲဒါကို ပြောင်းလဲဖို့ သူတို့နဲ့ မိတ်သဟာယပြုတယ်။ ဒီလုပ်နည်းကိုင်နည်းက ကောင်းတယ်လို့ ကျွန်မ ခံစားရတယ်။
အရင်က၊ ခေါင်းဆောင်ရာထူးမှာ ရှိတဲ့ တစ်ယောက်ယောက်ကို မြင်တဲ့အခါတိုင်း၊ ကျွန်မ ဂနာမငြိမ်ဖြစ်ခဲ့တယ်။ ခေါင်းဆောင်မှုကို ကိုယ့်လိုက်စားမှုရဲ့ ရည်မှန်းချက်လို သဘောထားခဲ့တယ်။ အခု ကျွန်မ နားလည်သွားပြီ။ သမ္မာတရားကို လိုက်စားမှသာ ကယ်တင်ခြင်း ရနိုင်တယ်ဆိုတာကိုပေါ့။ အဆင့်အတန်း လိုက်စားတာက အဓိပ္ပာယ်မရှိဘူး။ အဆင့်အတန်းအတွက် ကျွန်မရဲ့တပ်မက်စိတ်ကို လိုလိုလားလား စွန့်လွှတ်ဖို့လည်း ကျွန်မ သင်ယူခဲ့တယ်။ ဘယ်သူက ခေါင်းဆောင်ဖြစ်လာပါစေ၊ သူတို့ကို ကျွန်မ မှန်မှန်ကန်ကန် ဆက်ဆံနိုင်တယ်။ သမ္မာတရားကို စွဲစွဲမြဲမြဲ လိုက်စားဖို့၊ ကျွန်မတာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းပြီး ဘုရားရဲ့ စိတ်နှလုံးကို နှစ်သိမ့်ဖို့ပဲ ကျွန်မ ဆန္ဒရှိတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။