အဆင့်အတန်းကို မက်မောခြင်းအပေါ် သုံးသပ်ချက်များ

29.04.2024

ကျန်းချီ ကိုးရီးယားနိုင်ငံ

ကျွန်တော် အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတဲ့ ၂၀၁၉ ခုနှစ်တုန်းကပေါ့။ အဲဒီတုန်းက ဗီဒီယိုထုတ်လုပ်ရေးကို ကျွန်တော် အဓိက ကြီးကြပ်နေခဲ့တာ။ အဖွဲ့ခေါင်းဆောင်နှစ်ယောက်ဆီက သင်ယူရင်းနဲ့ ထုတ်လုပ်ရေး စည်းမျဉ်းတချို့ကို ကျွန်တော် တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့ပြီး ကိုယ့်ရဲ့ ရှုထောင့်အမြင် တိုးတက်ခဲ့တယ်။ ဆွေးနွေးနေချိန်အတွင်းမှာ၊ ကျွန်တော် တင်ပြတဲ့ အချက်တချို့ကို လူတိုင်းက ထောက်ခံကြတယ်။ ကျွန်တော် တို့ ထုတ်လုပ်တဲ့ ဗီဒီယိုတွေ ကောင်းသထက်ကောင်းလာနဲ့အမျှ တခြားအသင်းတော်က ညီအစ်ကို မောင်နှမတွေက ကျွန်တော်တို့ဆီမှာ လာသင်ကြတယ်။ ကျွန်တော် အရမ်းပြောင်မြောက်တယ်ဆိုတဲ့ စိတ်ခံစားရပြီး၊ စဉ်းစားနေမိတယ်။ “ငါက အသင်းတော်အလုပ်ကို ကိုင်တွယ်နိုင်ရုံမက၊ ဗီဒီယိုထုတ်လုပ်ရေးမှာရှိတဲ့ ပြဿနာတွေကို ပိုင်းခြားသိမြင်နိုင်တယ်။ အသင်းတော်မှာရှိတဲ့ လူတွေက တစ်ခုခု အခက်တွေ့ရင်၊ ငါ့အကြံကို ခဏခဏ လာတောင်းကြတယ်။ ခြုံတွေးလိုက်ရင် ငါက အရည်အချင်းမီတဲ့ ခေါင်းဆောင်ထင်တယ်”လို့ပေါ့။

နောက်ပိုင်းမှာ၊ ကျွန်တော့်တွဲဖက် ညီအစ်ကိုက အလုပ်ကို မကိုင်တွယ်နိုင်လို့ တာဝန်ပြောင်းတာခံခဲ့ရပြီး၊ ညီအစ်မ လီဆာက ကျွန်တော့်တွဲဖက်အသစ် ဖြစ်လာတယ်။ ကျွန်တော် တွက်ချက်တာတွေ စလုပ်မိတယ်။ လီဆာက ကျွန်တော့်ထက် ထိုးထွင်းအမြင်ရှိတဲ့ မိတ်သဟာယပေးတယ်။ ဒါပေမဲ့ ဗီဒီယို ထုတ်လုပ်ရေးမှာ အလုပ်လုပ်တာ ကျွန်တော်က ပိုကြာပြီး ပိုအတွေ့အကြုံရှတယ်။ ကျွန်တော့်ပညာတွေကို သူ မယှဉ်နိုင်သလို၊ သူ့ရဲ့အပြောနဲ့ အလုပ်မှာ သူက နည်းနည်း အေးတယ်။ ယေဘုယျအားဖြင့်တော့ ကျွန်တော်က အရေးသာနေတုန်းပဲ ဖြစ်ပြီး ကျွန်တော်တို့အလုပ်မှာ ကျွန်တော်က အဓိက ဦးဆောင်လမ်းပြ ဖြစ်မှာပဲပေါ့။ ဒါပေမဲ့ လီဆာက အသင်းတော်အလုပ်နဲ့ တဖြည်းဖြည်း ပိုအကျွမ်းဝင်လာခဲ့တယ်။ သူ့မိတ်သဟာယနဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ ပိုထိရောက်လာတယ်။ ညီအစ်ကို မောင်နှမတွေက သူတို့မေးစရာတွေ အားလုံးနဲ့ သူ့ဆီ စသွားကြပြီး၊ ကျွန်တော်က အသင်းတော်မှာ ထင်ပေါ်တဲ့သူ မဟုတ်တော့ဘူး။ လီဆာက သူ့အလုပ်မှာ လုံ့လရှိပြီး တာဝန်ယူတတ်သလို ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော့်ထက် ပိုလက်တွေ့ကျအောင် မိတ်သဟာယပြုတာ မြင်ရတော့ မသိလိုက်ဘဲ ခြိမ်းခြောက်ခံရသလို ကျွန်တော် စခံစားလာရတယ်။ အထူးသဖြင့် အဖွဲ့ခေါင်းဆောင်တွေက သူ့စိတ်ကူးတွေကို မကြာခဏ ထောက်ခံကြတာကို မြင်ရတော့ ပိုလို့တောင် မနာလိုဖြစ်လာတယ်။ ကိစ္စတွေက အဲဒီအတိုင်း ဆက်ဖြစ်နေရင်၊ ထင်ရှားကျော်ကြားမှုကို ကျွန်တော့်ဆီကနေ အနှေးနဲ့ အမြန် ခိုးသူ ယူသွားမှာ ဖြစ်ပြီး၊ ကျွန်တော် ပိုပိုပြီး အရေးမပါ ဖြစ်လာတော့မှာပဲ။ အဲဒါ မဖြစ်ဘူးလို့ တွေးမိတယ်။ သူ့ထက်သာဖို့ နည်းလမ်းရှာရမယ်ပေါ့။

အဲဒီနောက်မှာ၊ အဖွဲ့ခေါင်းဆောင်တွေနဲ့ အလုပ်ကိစ္စ ဆွေးနွေးကြတဲ့အခါ၊ ကိုယ့်စိတ်ကူးတွေကို အရင်ဆုံး ပြောဖို့ သေချာလုပ်တယ်။ တစ်ခါ ဗီဒီယိုတစ်ခုနဲ့ ပတ်သက်တဲ့ ပြဿနာကို ဆွေးနွေးနေတုန်းမှာ ကျွန်တော့်အကြံဉာဏ်ကို ပေးလိုက်ပေမဲ့ အဲဒါက စည်းမျဉ်းနဲ့ ဆိုင်တဲ့ ပြဿနာလို့ တခြားလူတွေက မထင်ကြလို့၊ ကျွန်တော့်စိတ်ကူးကို ပယ်ပြီး အကြောင်းအရာကို ပြောင်းလိုက်ကြတယ်။ ကျွန်တော် နည်းနည်း အရှက်ကွဲသလို ခံစားရတယ်။ ကျွန်တော့်မှာ စိတ်ကူးကောင်းရှိတယ်လေ၊ ဒီတော့ ဘာလို့ ရှင်းအောင် မပြောနိုင်ခဲ့ရတာလဲပေါ့။ ကျွန်တော် အရေးကြုံတော့ လုံးဝကို သက်လုံမကောင်းခဲ့ဘူး။ ကိုယ်က သူများထက်သာအောင် လုပ်ပြီး လီဆာရဲ့အဆင့်မှာ မရှိမှန်း ပြမိတယ်။ လီဆာ မိတ်သဟာယပြုတဲ့အချိန်မှာ ကျွန်တော် သိက္ခာကျသွားသလို ခံစားရပြီး ပိုလို့တောင် မနာလိုဖြစ်လာခဲ့တယ်။ တစ်ခါ ဆွေးနွေးတာ ပြီးသွားတော့၊ အဖွဲ့ခေါင်းဆောင်က ကျွန်တော့်ဆီ သိုသိုသိပ်သိပ်လာပြီး ပြောတယ်။ “ဒီရက်တွေမှာ မင်းက နည်းနည်း ပျာယာခတ်နေသလိုပဲ။ ဘာဆွေးနွေးတယ်ဆိုတာကို နားမလည်ခင်မှာ အရင်စကားပြောဖို့ လောကြီးနေပြီး၊ အဲဒါက ငါတို့ရဲ့ တွေးတောတဲ့ လုပ်ငန်းစဉ်ကို နှောင့်ယှက်နေခဲ့တယ်။ အဲဒီနောက်မှာ မင်းကို ငါတို့က အားလုံး ထပ်ရှင်းပြရပြီး အဲဒါက ငါတို့ အလုပ်ရဲ့ လုပ်ငန်းစဉ်ကို နှောင့်နှေးသွားစေတယ်။ ဒါနဲ့ ပတ်သက်လို့ မင်း ဆင်ခြင်သုံးသပ်ဖို့လိုတယ်”တဲ့။ ဒါကိုကြားတော့ ကျွန်တော် အရမ်းကို စိတ်ပျက်အားလျော့သွားတယ်။ အရင်တုန်းက၊ အဖွဲ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာတွေမှာ ကျွန်တော့် စိတ်ကူးအများစုကို ထောက်ခံခဲ့ကြတာလေ။ ဒါပေမဲ့ လီဆာရောက်ကတည်းက၊ တခြားလူတွေကြားမှာ ကျွန်တော့် အဆင့်အတန်း တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့တယ်၊ ကျွန်တော့်မှာ ဘာပြောစရာရှိတယ်ဆိုတာကို ဘယ်သူမှ ဂရုမစိုက်ကြသလို၊ အသင်းတော် အလုပ်ကိုတောင် နှောင့်ယှက်နေမိခဲ့ပြီ။ ကျွန်တော့်မျက်နှာကိုတောင် ဘယ်လို ပြနိုင်တော့မှာလဲ။ မဆင်ခြင်မသုံးသပ်ခဲ့ရုံမက လီဆာကို အပြစ်အားလုံး ပုံချလိုက်တယ်။ ရက်အတော်ကြာ၊ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော် စိတ်ကောက်ခဲ့ပြီး၊ စိတ်ပျက်အားလျော့လာခဲ့သလို၊ ကိုယ့်အလုပ်မှာ ပိုပိုပြီး မထိမရောက် ဖြစ်လာခဲ့တယ်။ တစ်ခါ၊ အထက်ခေါင်းဆောင်တစ်ယောက်က လာပြောတယ်။ ကျွန်တော် ကြီးကြပ်လေ့ရှိတဲ့ အလုပ်တစ်စိတ်တစ်ပိုင်းကို လီဆာကို ပြန်တာဝန်ချပေးမယ်တဲ့။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော် ဝမ်းမသာခဲ့ပေမဲ့ ဘာမှ မပြောခဲ့ဘူး။ တွေးမိတယ်။ “ဒီလိုတာဝန်ပြောင်းပေးပြီးတဲ့နောက်မှာ၊ လီဆာက အသင်းတော်ရဲ့အလုပ် အများစုကို သိသိသာသာ ကြီးကြပ်နေမှာဖြစ်ပြီးတော့ ငါက အကူတစ်ယောက် ဖြစ်သွားမှာပဲ။ ငါ မကိုင်တွယ်နိုင်လို့ အလုပ်အလုပ်တာဝန်ပြောင်းခံရတာလို့ တခြားလူတွေ ထင်ကြမလား။ ငါက ဦးဆောင်လေ့ရှိပြီး အသင်းတော် အလုပ်အားလုံးမှာ ပါဝင်ပတ်သက်ခဲ့ပေမဲ့ အခု လီဆာက ငါ့ကျော်ကြားမှုကို ခိုးသွားပြီပဲ။ သူဒီမှာ ရှိသရွေ့၊ ငါ ဆက်ဘေးဖယ်ခံနေရမှာပဲ”လို့ပေါ့။ အဲဒီအကြောင်း ပိုတွေးလေ၊ ခံစားရ ပိုဆိုးလေဖြစ်ပြီး၊ စိတ်လေးလံလျက်နဲ့ ရုံးကနေ ထွက်ခဲ့တယ်။ အဆောင်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ၊ ဒီလက်တွေ့အရှိတရား အသစ်ကို လက်မခံနိုင်ဘဲ အိပ်ရာပေါ် လဲနေမိတယ်။ လီဆာရဲ့အစွမ်းအစနဲ့ စွမ်းဆောင်ရည်က ကျွန်တော့်ထက် ပိုမသာဘူး။ ကျွန်တော်က ဗီဒီယိုအလုပ်ကို ကြီးကြပ်တာ ကြာပြီဖြစ်သလို အတွေ့အကြုံလည်း ရှိတယ်လေ။ ဒီတော့ သူက ဘာလို့ ကျွန်တော့်ထက် သာနေရတာလဲ။ ကျွန်တော် အဲဒီလို ဖိနှိပ်ခံနေလို့ မဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ပြန်လုယူရမယ်။ အဲဒီအချိန်ကစပြီး၊ ကိုယ့်နေရာ ပြန်ယူလို့ရအောင် လီဆာ မှားတာကို ကျွန်တော် စောင့်တယ်။ တစ်ခါ၊ လီဆာက အဖွဲ့ခေါင်းဆောင်တွေနဲ့ အလုပ်ကိစ္စ သွားဆွေးနွေးတော့ ကျွန်တော့်ကို မဆက်သွယ်ခဲ့သလို၊ ကျွန်တော် မသိဘဲ အလုပ်ကို အစပျိုးခဲ့တယ်။ သူ့ရဲ့ ထင်ရာမြင်ရာ လုပ်ရပ်တွေအပေါ် အနုနည်းနဲ့ ရန်မူတိုက်ခိုက်ဖို့ အခွင့်အရေးကို ကျွန်တော် မလွတ်တမ်း အသုံးချလိုက်တယ်။ ကျွန်တော့်ရဲ့ မျိုသိပ်ထားတဲ့ ခံပြင်းမှုအားလုံး လွှတ်ချပြီးတော့ပေါ့။ ကျွန်တော်က ပြယုဂ်သာသာဖြစ်ပြီး အဖွဲ့ခေါင်းဆောင်ရဲ့ အလုပ်မှာ ဘာဆုံးဖြတ်ပိုင်ခွင့်မှ မရှိတော့ဘူးလို့ပေါ့။ ကျွန်တော် စကားပြောနေတုန်းမှာ လီဆာက သိသိသာသာ မျက်နှာနီလာတယ်။ ကိုယ့်ခံပြင်းချက်တွေကို ဖွင့်ချဖို့ အခွင့်အရေးကို အသုံးချနေပေမဲ့ စိတ်ထဲမှာတော့ အရမ်းစိတ်ဓာတ်ကျပြီး ဝမ်းနည်းညိုးငယ်နေတုန်းပဲ။ အဲဒီအချိန်လောက်မှာပဲ ခေါင်းဆောင်က ပရောဂျက်တစ်ခု စလုပ်ပေမဲ့၊ အကြောင်းပြချက် အမျိုးမျိုးကြောင့် တိုးတက်မှု နည်းပါးခဲ့တယ်။ တကယ်တော့၊ အဲဒီပရောဂျက်ကို ကူညီဖို့ ကျွန်တော် အချိန်အများကြီးရှိခဲ့ပေမဲ့ တွေးမိတယ်။ “လီဆာက ဒီပရောဂျက်အတွက် အဓိက ကြီးကြပ်ရေးမှူးဖြစ်တယ်။ ဒီတော့ ကောင်းကောင်း ပြီးသွားရင်တောင်၊ အဲဒီအတွက် ဘာချီးကျူးတာမှ ငါ ရမှာ မဟုတ်ဘူး။ လီဆာကိုပဲ လုပ်ခွင့်ပေးလိုက်တာ ကောင်းမယ်။ သူ မလုပ်နိုင်ရင် ပိုတောင် ကောင်းမှာပဲ။ အဲဒီလိုနဲ့ လူတွေက သူ့ကို လေ့စားကြတော့မှာ မဟုတ်ဘူး”လို့ပေါ့။ အဲဒီအတောအတွင်းမှာ ဂုဏ်သတင်းနဲ့ တစ်ကိုယ်ရေ အကျိုးအတွက်ပဲ ကျွန်တော် စဉ်ဆက်မပြတ် ပြိုင်ဆိုနေခဲ့တယ်။ အသင်းတော် အလုပ်မှာ ဘာဝန်ထုပ်မှ မထမ်းသလို ဟန်ဆောင်ပြရုံ လုပ်ပြနေခဲ့တယ်။ အလုပ်မှာလည်း ပြဿနာတွေ မဖြေရှင်းနိုင်ခဲ့ဘူး။ ကျွန်တော့်အလုပ်မှာ ပြဿနာတွေ ပိုပိုပြီး ဖြစ်ပေါ်လာခဲ့တယ်။ ဒီလိုရင်ဆိုင်ရလျက်နဲ့ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့သလို၊ ပိုပိုပြီး စိတ်အနှောင့်အယှက်ပဲ ဖြစ်လာခဲ့တယ်။ သူတစ်ပါးရဲ့ အမှားကို မကြာခဏ စိတ်စွဲပြီး အသင်းတော် အလုပ်ကို နှောင့်ယှက်ရင်းနဲ့ အဲဒါတွေအပေါ် ဒေါသထွက်ခဲ့တယ်။ အထက်ခေါင်းဆောင်က သိသွားတော့၊ ကျွန်တော့်ကို မိတ်သဟာယပြုပြီး ကျွန်တော့် ပြဿနာကို ဖော်ထုတ်ခဲ့တယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ကန့်ကွက်မိတယ်။ “အလုပ်က ရလဒ်တွေ မရနိုင်တဲ့အတွက် တာဝန်ရှိတာ ငါတစ်ယောက်တည်းမှ မဟုတ်တာ။ ဘာလို့ ငါ့ကို ကွက်ပြီးပြောနေကြတာလဲ”ပေါ့။ အဲဒီတုန်းက ကိုယ့်ကိုယ်ကိုယ် ဘာမှ မသိခဲ့ဘူး။ လီဆာပေါ် အပြစ်ပုံချတယ်။ အဖွဲ့ခေါင်းဆောင်တွေကိုလည်း စည်းမျဉ်းနဲ့ မပြုမူတဲ့အတွက် အပြစ်တင်ခဲ့တယ်။ ခေါင်းဆောင်ရဲ့ အကြိမ်ကြိမ်လုပ်တဲ့ မိတ်သဟာယကို လက်မခံနိုင်သလို၊ လက်တွေ့အလုပ်လုပ်မနေတဲ့နောက်မှာ၊ သူက ကျွန်တော့်ကို ထုတ်လိုက်တယ်။ အထုတ်ခံရပြီးတဲ့နောက်မှာ၊ စိတ်ထဲ ဟာတာတာဖြစ်သွားတယ်၊ မချိတင်ကဲဖြစ်ပြီး စိတ်ဓာတ်ကျသွားတယ်။ ဒါကြောင့် ဒီအခြေအနေကနေ သင်ယူအောင် လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။

နောက်ပိုင်းမှာ၊ ကျွန်တော့်ကို ကိုယ့်ကိုယ်ကိုယ် သိစိတ်တချို့ ပေးတဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ထို့ပြင် အဖွဲ့တစ်ခုခု၌ အန္တိခရစ်တို့၏ မူပိုင်လက္ခဏာ ပြောဆိုချက်က အဘယ်နည်း။ ဤသို့ဖြစ်သည်- ‘ပြိုင်ရမယ်။ ပြိုင်ရမယ်။ ပြိုင်ရမယ်’ဟူ၍ ဖြစ်သည်။ အမှန်တွင် ထိုသို့သောလူတို့သည် အမြင့်ဆုံးသော ဂုဏ်အဆင့်အတန်းကို သေချာပေါက် ရယူလိုခြင်းမရှိပေ၊ သို့မဟုတ် လူတို့အပေါ် ကြီးမားသည့် ထိန်းချုပ်မှု အတိုင်းအတာ တစ်ခု မရှိပေ။ ၎င်းတို့၌ စိတ်ထဲတွင် ၎င်းတို့အား ဤအရာများကို ပြုလုပ်ဖို့ ညွှန်ကြားသည့် စိတ်သဘောထားတစ်ခုခု၊ စိတ်နေစိတ်ထားတစ်ခုခု ရှိခြင်းသာ ဖြစ်သည်။ ဤစိတ်နေစိတ်ထားက အဘယ်နည်း။ ယင်းက ‘ငါ ပြိုင်ရမယ်။ ပြိုင်ရမယ်။ ပြိုင်ရမယ်’ ဟူ၍ဖြစ်သည်။ အဘယ်ကြောင့် ‘ပြိုင်ရမယ်’ သုံးခု ဖြစ်သနည်း။ အဘယ်ကြောင့် ‘ပြိုင်ရမယ်’ တစ်ခုတည်း မဖြစ်သနည်း။ (ယှဉ်ပြိုင်ခြင်းက သူတို့၏ ဘဝဖြစ်လာပေပြီ။ သူတို့ ရှင်သန်သည့်အရာဖြစ်သည်။) ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် လွန်ကဲစွာ မာနထောင်လွှားပြီး ထိန်းရန်ခက်သော စိတ်သဘောထားတစ်ခုဖြင့် မွေးလာခဲ့ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြိုင်ဖက်ကင်းအဖြစ်မြင်ပြီး အလွန်အမင်း စိတ်ကြီးဝင်ကြသည်။ ၎င်းတို့၏ ဤအလွန့်အလွန် မာနထောင်လွှားသောစိတ်သဘောထားကို မည်သူကမျှ မကန့်သတ်နိုင်ပေ။ ၎င်းတို့ကိုယ်တိုင် မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ ဘဝသည် တိုက်ခိုက်ခြင်း၊ ယှဉ်ပြိုင်ခြင်းအကြောင်းသာ ဖြစ်သည်။ မည်သည့်အရာကို တိုက်ခိုက်၊ ယှဉ်ပြိုင်ကြသနည်း။ သဘောသဘာဝအားဖြင့် ၎င်းတို့သည် ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ လေးစားမှုနှင့် ကိုယ့်အကျိုးစီးပွားတို့အတွက် ယှဉ်ပြိုင်ကြသည်။ မည်သည့်နည်းလမ်းများကို ၎င်းတို့ အသုံးပြုရမည်ဖြစ်စေ၊ လူတိုင်းက ၎င်းတို့ကို နာခံသရွေ့၊ ၎င်းတို့ကိုယ်တိုင်အတွက် အကျိုးအမြတ်နှင့် အဆင့်အတန်းကို ရရှိသရွေ့ ၎င်းတို့၏ ပန်းတိုင်ကို ရရှိပြီးဖြစ်သည်။ ယှဉ်ပြိုင်ရန် ၎င်းတို့၏ စိတ်ဆန္ဒသည် ယာယီ ဖျော်ဖြေမှုတစ်ခုမဟုတ်ပေ။ ယင်းသည် ဆိုးယုတ်သော သဘာဝမှလာသည့် စိတ်သဘောထားမျိုးဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံနှင့် တိုက်ခိုက်သော၊ ကမ္ဘာမြေကြီးနှင့်တိုက်ခိုက်သော၊ လူတို့နှင့် တိုက်ခိုက်သော အဆင်းနီသော နဂါးကြီး၏ စိတ်သဘောထားကဲ့သို့ ဖြစ်သည်။ ယခုတွင် အန္တိခရစ်များက အသင်းတော်၌ အခြားလူများနှင့် တိုက်ခိုက်၊ ယှဉ်ပြိုင်သောအခါ မည်သည့်အရာကို ၎င်းတို့ အလိုရှိသနည်း။ ၎င်းတို့သည် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည်မှာ သံသယရှိစရာမလိုပေ။ သို့သော် အဆင့်အတန်းကို ရလျှင် ယင်းသည် ၎င်းတို့အတွက် မည်သည့်အသုံးဝင်မှုရှိသနည်း။ အခြားလူများက ၎င်းတို့ကို နားထောင်လျှင်၊ လေးစားလျှင်၊ ကိုးကွယ်လျှင် ၎င်းတို့အတွက် မည်သည့်ကောင်းကျိုးရှိသနည်း။ အန္တိခရစ်များကိုယ်တိုင်ပင် ဤအရာကို ရှင်းမပြနိုင်ပေ။ လက်တွေ့တွင် ၎င်းတို့သည် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မွေ့လျော်ခံစားလိုသည်။ လူတိုင်းအား ၎င်းတို့ကို ပြုံးပြစေလိုပြီး မြှောက်ပင့်ကာ ဖားလျက်ဖြင့် ကြိုဆိုနှုတ်ဆက်ခြင်းခံလိုသည်။ ထို့ကြောင့် အန္တိခရစ်က အသင်းတော်သို့ သွားသည့်အခါတိုင်းတွင် တစ်ခုသောအရာကို လုပ်ဆောင်သည်။ အခြားလူများနှင့် တိုက်ခိုက်၊ ယှဉ်ပြိုင်သည်။ ၎င်းတို့သည် အာဏာနှင့် အဆင့်အတန်းကို ရရှိလျှင်ပင် မပြီးသေးပေ။ ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်ပြီး ၎င်းတို့၏ အာဏာကို လုံခြုံစိတ်ချရစေရန်အတွက် ဆက်လက်ပြီး အခြားလူများနှင့် တိုက်ခိုက်၊ ယှဉ်ပြိုင်သည်။ ၎င်းတို့ သေသည်အထိ ဤသို့ လုပ်ဆောင်ကြလိမ့်မည်။ ထို့ကြောင့် အန္တိခရစ်တို့၏ အတွေးအခေါ်သည် ‘အသက်ရှင်နေသရွေ့ အရှုံးမပေးနှင့်’ ဟူ၍ ဖြစ်သည်။ အသင်းတော်တွင် ဤသို့သော ဆိုးယုတ်သောသူတစ်ယောက် ရှိလျှင် ညီအစ်ကိုမောင်နှမများကို အနှောင့်အယှက်ပေးမည်လော။ ဥပမာ လူတိုင်းက ဘုရားနှုတ်ကပတ်တော်ကို တိတ်ဆိတ်စွာဖြင့် စားသောက်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့လျှင် ပတ်ဝန်းကျင်က အေးချမ်းပြီး စိတ်က သာယာမည်ဖြစ်သည်။ ဤအချိန်တွင် အန္တိခရစ်တစ်ဦးက ဒေါသူပုန်ထလိမ့်မည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့သူများအား မနာလိုဖြစ်ပြီး မုန်းတီးလိမ့်မည်။ ၎င်းတို့သည် ထိုသူတို့ကို စတင်တိုက်ခိုက်ပြီး ဝေဖန်မှုများ ပြုလုပ်လိမ့်မည်။ ဤအရာက အေးချမ်းသော ပတ်ဝန်းကျင်ကို နှောင့်ယှက်မည်မဟုတ်လော။ ၎င်းတို့သည် အခြားလူများကို နှောင့်ယှက်ပြီး ရွံရှာစေရန် ရောက်လာသည့် ဆိုးယုတ်သူများဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ပုံစံဖြစ်သည်။ တစ်ခါတရံတွင် အန္တိခရစ်များသည် ၎င်းတို့ယှဉ်ပြိုင်ပြီး ဖိနှိပ်သည့်သူများကို ဖျက်ဆီးရန်၊ သို့မဟုတ် အနိုင်ယူရန် ကြိုးစားနေခြင်း မဟုတ်ပေ။ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ မာန၊ လေးစားမှုကို ၎င်းတို့ ရရှိပြီး လူများကို ၎င်းတို့အား လေးစားစေသရွေ့ ၎င်းတို့၏ ပန်းတိုင်ကို ရရှိပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃))သင် ပိုမို ကြိုးပမ်းလေလေ၊ အမှောင်ထုက သင့်ကို ဝိုင်းရံ လေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မနာလို ဝန်တိုမှုနှင့် မုန်းတီးမှုတို့ကို သာ၍ သင်ခံစားရလေလေဖြစ်ကာ သင်၏ ရယူလိုသည့်စိတ်ဆန္ဒက ပို၍သာ သန်မာလာလိမ့်မည်ဖြစ်သည်။ သင်၏ ရယူလိုသည့်ဆန္ဒ ပိုမိုသန်မာလေလေ၊ ထိုသို့လုပ်ဆောင်နိုင်စွမ်း လျော့နည်းလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင် မရရှိနိုင်သည်နှင့်အမျှ သင်၏ မုန်းတီးမှု တိုးပွားလေလေ ဖြစ်လိမ့်မည်။ သင်၏ မုန်းတီးမှု တိုးပွားသည်နှင့်အမျှသင်သည် အတွင်း၌ ပိုတိုး၍ မှောင်မိုက်လေလေ ဖြစ်မည်။ အတွင်း၌ သင် မှောင်မိုက်လေလေ၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေဖြစ်ပြီး၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေ၊ ဘုရားသခင်၏ အိမ်တော်အတွက် သင် အသုံးဝင်မှု လျော့နည်းလေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ ချိတ်ဆက်ထားသော ရုန်းမထွက်နိုင်သည့် ဝဲသြဃ ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို မည်သည့်အခါတွင်မျှ ကောင်းစွာ မဆောင်ရွက်နိုင်ပါက၊ တဖြည်းဖြည်း ထုတ်ပယ်ခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးကြည့်တော့၊ ဂုဏ်သတင်းနဲ့ အကျိုးအမြတ်အတွက် ကျွန်တော့်ရဲ့ ပြိုင်ဆိုင်မှုက ဘုရားဖော်ထုတ်တဲ့ အန္တိခရစ် စိတ်သဘောထားလိုပဲဖြစ်မှန်း တွေ့ရတယ်။ လီဆာက ကျွန်တော့်ထက် ရလဒ်တွေ ပိုကောင်းပြီး ညီအစ်ကို မောင်နှမတွေရဲ့ လေးစားမှု ရခဲ့တာကို မြင်ကတည်းက၊ သူက ကျွန်တော့်ထက် မတော်တာ၊ ကျွန်တော့်ထက် မသာတာကို သက်သေပြဖို့ တိတ်ဆိတ်တဲ့ လှုံ့ဆော်မှုတစ်ခုက စိတ်ထဲ ပေါ်လာခဲ့တယ်။ သူ့ကို ဘယ်လိုအသာစီးပြန်ယူရမယ်ဆိုတာပဲ ကျွန်တော် တွေးနိုင်ခဲ့တယ်။ အလုပ်ကိစ္စဆွေးနွေးချိန်မှာ၊ ကိုယ့်အမြင်တွေ ဖော်ပြဖို့ ကျွန်တော် ဖြတ်ပြောတယ်။ ဒါက ကျွန်တော်တို့ အလုပ်ကို သက်ရောက်မှု ရှိမလား၊ မရှိဘူးလားဆိုတာကို နည်းနည်းမှ မတွေးဘဲ၊ အသိအမှတ်ပြုခံချင်ခဲ့ပြီး လီဆာထက် ပိုထူးချွန်ချင်နေခဲ့တယ်။ ကျွန်တော့်အလုပ်တချို့ကို လီဆာဆီ အထက်ခေါင်းဆောင်က ပြန်တာဝန်ပေးတော့၊ ကျွန်တော် ပိုတောင် မနာလိုဖြစ်လာခဲ့တယ်။ ကျွန်တော့်ဆီကနေ ကျော်ကြားမှုကို သူ ခိုးသွားခဲ့ပြီလို့ တွေးပြီးပေါ့။ အဲဒီနောက် ကျွန်တော့်ရဲ့ မလိုမုန်းထားတဲ့ ရည်ရွယ်ချက်တွေ စပေါ်လာတယ်။ လီဆာရဲ့ လမ်းလွဲမှုတွေနဲ့ သတိမမူမိတာတွေကို အမိအရအသုံးချပြီး သူ့ကို ဘယ်လောက်ပဲ ထိခိုက်နစ်နာစေပါစေ၊ ကိုယ့်ရည်မှန်းချက်တွေကို ရရှိဖို့ ကိုယ့် စိတ်ထဲက ခံပြင်းမှုတွေကို ဖွင့်ချဖို့ အခွင့်အရေး စရှာနေမိခဲ့တယ်။ ပရောဂျက်တစ်ခုခု တိုးတက်မှု ရှိမနေတဲ့အချိန်မှာ ပြဿနာ ဘယ်မှာရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ကြည့်ပြီး ကူညီဖို့ အချိန်ယူရမဲ့အစား၊ လီဆာက ကြီးကြပ်နေတာ သိတော့ အဲဒါတွေနဲ့ ဒုက္ခမများချင်ခဲ့ဘူး။ သူ ကျရှုံးပြီး သိက္ခာဆုံးရှုံးမှာကိုတောင် မျှော်လင့်ခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မက တပ်မက်စိတ်များလွန်းတယ်၊ ရက်စက်တတ်ပြီး၊ အသင်းတော်အလုပ်ကို လုံးဝ ကာကွယ်မနေခဲ့မှန်း ကျွန်မ တွေ့ခဲ့ရတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ထပ်ပြိုင်ဆိုင်နေမိခဲ့တယ်၊ တခြားလူတွေထက် သာဖို့ အမြဲကြိုးစားပြီး၊ ကိုယ့်တာဝန်ကို ဘာမှ မတွေးခဲ့ဘူး။ ကျွန်တော် ကြီးကြပ်တဲ့ အလုပ်က ရပ်လုနီးပါး ဖြစ်သွားခဲ့ပြီး ကျွန်တော်လည်း အမှာင်ထဲကို ကျဆင်းသွားခဲ့တယ်။ ဒီ “ပြိုင်ဆိုင်မှု”က ကျွန်တော့်ကို ရက်စက်မှု သံသရာထဲ ပိတ်မိသွားစေခဲ့တယ်။ ဘုရား ပြောတဲ့အတိုင်းပါပဲ။ “သင်သည် သင်၏တာဝန်ကို မည်သည့်အခါတွင်မျှ ကောင်းစွာ မဆောင်ရွက်နိုင်ပါက၊ တဖြည်းဖြည်း ထုတ်ပယ်ခံရလိမ့်မည်။” ကျွန်တော်က အသင်းတော်အလုပ်ကို ပရမ်းပတာ ဖြစ်သွားစေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့တောင် မစဉ်းစားခဲ့ဘူး။ ဒီလိုဆက်ဖြစ်နေရင်၊ ဘယ်လိုအနှောင့်အယှက်ပေးတဲ့ အပြုအမူမျိုး ကျွန်တော် လုပ်နိုင်မယ်ဆိုတာ ဘယ်သူသိမလဲ။ အဆိုးဆုံးအနေနဲ့ ဖယ်ရှားတာတောင်ခံရနိုင်တယ်။ ကံကောင်းထောက်မလို့ မကောင်းမှု ကျူးလွန်တဲ့အထိ အောက်တန်းမကျခင် ကျွန်တော် အထုတ်ခံခဲ့ရတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ သိဖို့ ဘုရားက ကျွန်တော့်ကို အခွင့်အရေး ပေးနေတာ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်တော့်ရဲ့ ဆန္ဒကို ကိုင်တွယ်ဖြေရှင်းနေခဲ့တာပါ။ ဒါက ဘုရားရဲ့ ကယ်တင်ခြင်းနဲ့ ကျွန်တော့်ကို ကွယ်ကာတဲ့ သူ့နည်းလမ်းဖြစ်မှန်း ကျွန်တော် သဘောပေါက်လိုက်တယ်။ ဘုရားကို ကျေးဇူးတင်ပြီး ကျွန်တော့် အခြေအနေ အရမ်းတိုးတက်သွားခဲ့တယ်။ ကိုယ့်တာဝန်ကို လက်တွေ့ကျကျ လုပ်ဖို့နဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ပြိုင်ဆိုင်တာကို ရပ်ဖို့ ကျွန်တော် တစ်ကိုယ်ရေ စိတ်ဆုံးဖြတ်ချက်လုပ်ခဲ့တယ်။

အဲဒီနောက်မှာ ကျွန်တော် ကိုယ့်တာဝန်မှာ အများကြီး ပိုပြီး ခပ်လျှိုလျှိုနေခဲ့တယ်။ အထွေထွေ အလုပ်အတွက် တာဝန်ပေးခံရပြီး၊ အရေးမပါတဲ့၊ တောက်တိုမယ်ရအလုပ်တချို့ လုပ်ရမဲ့ အချိန်မှာတောင် ကျိုးနွံနာခံဖို့ လိုလားနေခဲ့တယ်၊ နောင်တရဖို့ ဒီအခွင့်အရေးကို ဘုရားက ပေးမှတော့၊ ကိုယ့်တာဝန်ကို လက်တွေ့ကျကျ လုပ်သင့်တယ်လို့ ကျွန်တော် သိနေခဲ့တယ်။ သိပ်မကြာခင်မှာ၊ ဗီဒီယို ပရောဂျက်အသစ်တစ်ခု အစပြုခဲ့ပြီး၊ အံ့ဩစရာကောင်းတာက အဲဒါကို ထုတ်လုပ်ဖို့ ကျွန်တော့်ကို လူတိုင်း ရွေးချယ်ခဲ့ကြတာပဲ။ အခွင့်အရေးကို ကျွန်တော် တန်ဖိုးထားပြီး၊ ဆီလျော်တဲ့ စည်းမျဉ်းတွေကို ဝီရိယရှိရှိ သုတေသနပြု၊ ရှာဖွေခဲ့တယ်။ အချိန်အတော်ကြာပြီးတဲ့နောက်မှာ၊ ဗီဒီယိုက တစ်ပြိုင်တည်း စထွက်လာခဲ့ပြီး၊ ထွက်လာတဲ့ပုံစံကို မြင်‌တော့၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အတော်လေး ကျေနပ်မိခဲ့တယ်။ နာမည်နဲ့ အဆင့်အတန်းအတွက် ကျွန်တော့် တပ်မက်စိတ်က ပြန်ထလာခဲ့တယ်။ “ခေါင်းဆောင်အနေနဲ့ ငါ အထုတ်ခံရချင်ခံရမယ်၊ ဒါပေမဲ့ ပတ္တမြားမှန်ရင် ဘယ်တော့မှ နွံမနစ်ဘူး။ ကိုယ့်အစွမ်းအစတွေကို ပြပြီး၊ ငါ့ပါရမီကို သက်သေပြရအောင် ဒီအခွင့်အရေးကို အမိအရ အသုံးချရမယ်”လို့ တွေးမိတယ်။ ကျွန်တော် ဆင်ခြင်မိတယ်။ “သမ္မာတရားကို မိတ်သဟာယပြုပြီး၊ ပြဿနာတွေကို ဖြေရှင်းရာမှာ လီဆာက ငါ့ထက် ပိုတော်ချင်တော်မယ်၊ ဒါပေမဲ့ အတတ်ပညာ ကျွမ်းကျင်မှုတွေနဲ့ ပတ်သက်လာရင် ငါ အသာစီးရတာပဲ။ အချိန်ယူပြီး ဒီဗီဒီယိုကို ကောင်းကောင်း ထုတ်လုပ်သရွေ့၊ လူတိုင်းက ငါ့ရဲ့ တိုးတက်မှုကို မြင်ကြမှာပဲ၊ ပြီးတော့ ခေါင်းဆောင်အနေနဲ့ ငါ ပြန်အရွေးခံရပြီး လီဆာထက် သာချင်သာသွားမှာပဲ”လို့ပေါ့။

တစ်နေ့မှာ၊ အလုပ်တိုးတက်မှု နှေးကွေးနေပြီး၊ စည်းမျဉ်းချိုးဖောက်တဲ့ ဗီဒီယိုတွေကြောင့် ခေါင်းဆောင်တွေရဲ့ ပြုပြင်တာကို လူတွေ ခံနေခဲ့ရတာကို ကျွန်တော်ကြားရတယ်။ ဒါကိုကြားတော့ ကျွန်တော် နည်းနည်း ကျေနပ်အားရမိတယ်။ “တွေ့လား၊ ငါ အထုတ်ခံရကတည်းက ဗီဒီယိုထုတ်လုပ်ရေးက မတိုးတက်ခဲ့ဘူး။ အရင်ထက် ပိုဆိုးတယ်။ အရင်တုန်းက ပြဿနာတွေကို ငါ သတိထားမိပြီး အကြံဉာဏ်ပေးနိုင်ခဲ့တယ်။ ဒီတော့ သူတို့ ဘာတိုးတက်မှုမှ မလုပ်ရင် ပိုကောင်းတယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်း မလုပ်တာ ငါတစ်ယောက်တည်းပဲ မဟုတ်ဘဲ လီဆာလည်း ဖြစ်မှန်း မြင်နိုင်တယ်”လို့ပေါ့။ နောက်ပိုင်းမှာ၊ လီဆာက ခုတလော မကောင်းတဲ့ အခြေအနေမှာ ရှိတာ ကြားရတယ်။ စုဝေးပွဲတွေမှာ သူ့မိတ်သဟာယက ဘာအသိအမြင်မှ မရှိသလို၊ တခြားလူတွေက ပြဿနာတွေနဲ့ ဖိစီးပြီး အပျက်သဘောဆောင်လာခဲ့ကြတယ်။ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်။ “ဒီလိုဆက်ဖြစ်နေရင်၊ ဗီဒီယိုအလုပ်မှာ ဆိုးရွားတဲ့ ပြဿနာပေါ်ပြီး လီဆာ အထုတ်ခံရမယ်ထင်တယ်။ အဲဒါဆိုရင် ခေါင်းဆောင်အနေနဲ့ ငါ အရွေးခံရပြီး၊ ဒီအလုပ်ကို ဆက်ကြီးကြပ်လို့ရမယ်ထင်တယ်”လို့ပေါ့။ ဒါကြောင့် လီဆာရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်ရင်းနဲ့ ဗီဒီယိုကို ကျွန်မ ဆက်လုပ်နေခဲ့တယ်။ လီဆာက ကိုင်တွယ်ဖြေရှင်း၊ ပြုပြင်ခံရခြင်းကနေ သင်ယူပြီး သူ့အခြေအနေတိုးတက်ခဲ့တယ်၊ ညီအစ်ကို မောင်နှမတွေက ကျရှုံးမှုနဲ့ ဆုတ်ဆိုင်းမှုတွေကတစ်ဆင့် စည်းမျဉ်းတချို့ကို သဘောပေါက်ခဲ့ကြပြီး၊ ပိုကောင်းတဲ့ ရလဒ်တွေ ရနေခဲ့ကြတယ်ဆိုတာကို ကြားတော့၊ ကျွန်တော် နည်းနည်း စိတ်ပျက်မိပြီး စိတ်မချမ်းမသာဖြစ်မိတယ်။ အထူးသဖြင့် စုဝေးပွဲတစ်ခုမှာ လီဆာက ဒီအရာအားလုံးကနေတစ်ဆင့် သူရခဲ့၊ တွေ့ကြုံခဲ့တဲ့ အရာကို မိတ်သဟာယပြုပြီး လူတိုင်းရဲ့ ထောက်ခံမှုကို ရတော့၊ ကျွန်မပိုတောင် မကျေမနပ်ဖြစ်လာခဲ့တယ်။ ကျွန်မထဲမှာ မနာလို၊ မုန်းတီးတဲ့ အတွေးတွေ ပြည့်လာတယ်။ ကျွန်တော် ပြန်လာဖို့အတွက် မျှော်လင့်ချက်မရှိတော့သလို ခံစားရတယ်။ အဲဒီနောက်မှာ၊ ဗီဒီယိုထုတ်လုပ်နေတုန်းမှာ ကျွန်တော် မတက်ကြွနိုင်ခဲ့သလို အာရုံထွေပြားလာတယ်။ ရက်နည်းနည်းအကြာမှာ၊ ဗီဒီယိုက ပြီးသွားတယ်။ ဒါပေမဲ့ အံ့ဩစရာက၊ ခေါင်းဆောင်က သူ့ရဲ့ ဆန်းစစ်မှုအတွင်းမှာ ပြဿနာကြီးတစ်ခု သတိထားမိတယ်၊ အဲဒါကို ပြင်ဖို့ တခြားတစ်ယောက်ကို တာဝန်ပေးပြီး၊ နောက်ထပ် ဘာတာဝန်မှ ကျွန်တော့်ကို မပေးတော့ဘူး။ ကျွန်တော် လုံးဝ အံ့ဩသွားတယ်။ ဗီဒီယိုထုတ်လုပ်ရေးမရှိရင် ကျွန်တော် ကြွားလို့ရတဲ့ အရာတစ်ခုက ယူသွားခံခဲ့ရတာပဲ။ ညီအစ်ကို မောင်နှမအားလုံးက သူတို့တာဝန်တွေနဲ့ အလုပ်များနေတုန်းမှာ၊ ကျွန်တော်က ဘာမှလုပ်စရာမရှိသလို၊ အရမ်း သိသာနေခဲ့တယ်။ တကယ်ကို ဆိုးဆိုးရွားရွား ခံစားရတယ်။ အထီးကျန်တယ်၊ စိတ်ဓာတ်ကျပြီး သောကရောက်သလို ဒုက္ခနဲ့ ဖိစီးခံခဲ့ရတယ်။ မျက်ရည်တွေနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ဒီအခြေအနေကို ကျွန်တော် ရင်ဆိုင်ရတာ ကိုယ်တော်ရဲ့ ဖြော်င့်မတ်မှုကြောင့် ဖြစ်မှန်း သိပါတယ်။ အထုတ်ခံရပြီးတဲ့နောက်မှာ၊ ကျွန်တော် ကိုယ့်ကိုယ်ကို တကယ် မသုံးသပ်၊ မသိခဲ့ဘူး၊ အဲဒီအစား အရင်အခြေအနေပြန်ရပြီး ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုခံရအောင် လုပ်ဖို့ နည်းလမ်းတွေကိုပဲ ရှာနေမိခဲ့တယ်။ မလိုမုန်းထားပြီး မာနထောင်လွှားခဲ့သလို၊ ကိုယ်တော့်ကို စက်ဆုပ်စေမိတယ်။ အခု ဘာတာဝန်ကိုမှ ကျွန်တော် မထမ်းဆောင်နိုင်သလို၊ အသင်းတော်မှာ ကပ်ပါးရပ်ပါးတစ်ယောက် ဖြစ်လာပါပြီ။ အို ဘုရားသခင်၊ ဂုဏ်သတင်းနဲ့ အကျိုးအမြတ်အတွက် ကျွန်တော် မပြိုင်ချင်တော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဉာဏ်အလင်းပေးပြီး ကိုယ့်ကိုယ်ကိုယ် စွန့်ပယ်နိုင်ပြီး အရင်အတိုင်း ပြန်မနေတော့အောင် ကိုယ့်ကိုယ်ကိုယ် စစ်မှန်တဲ့ အသိရခွင့်ပေးတော်မူပါ”လို့ပေါ့။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို အမှတ်မထင်တွေ့တယ်။ “အန္တိခရစ်တို့သည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အခြားမည်သည့်အရာမဆိုထက်ပို၍ အရေးကြီးသည်ဟု သဘောထားကြသည်။ ဤလူတို့သည် မရိုးသားခြင်း၊ ဒုက္ခပေးခြင်း၊ ကောက်ကျစ်ခြင်းတို့ရှိရုံမကဘဲ အလွန်အမင်း ကြမ်းတမ်းသည်။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်အဆင့်အတန်းကို ထိခိုက်နိုင်ခြေရှိသည်ကို သတိပြုမိသောအခါ၊ သို့မဟုတ် လူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ နေရာကို ဆုံးရှုံးရသောအခါ၊ ဤလူတို့၏ ထောက်ခံမှုနှင့် ချစ်ခင်မှုတို့ကို ၎င်းတို့ ဆုံးရှုံးရသောအခါ၊ လူတို့သည် ၎င်းတို့အား ကြည်ညိုလေးစားခြင်း၊ အထင်ကြီးခြင်းမရှိတော့ဘဲ လူပုံအလယ်တွင် ၎င်းတို့ အရှက်ရသောအခါ ၎င်းတို့သည် မည်သည့်အရာကို ပြုကြသနည်း။ ၎င်းတို့က ရုတ်တရက် ပြောင်းလဲကြသည်။ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရသည်နှင့် တစ်ပြိုင်နက်မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်ရန် မလိုလားကြတော့ပေ။ ၎င်းတို့လုပ်သမျှ အရာတိုင်းသည် မကောင်းမကန်းဖြစ်ကြသည်။ ၎င်းတို့၏ မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် စိတ်မဝင်စားကြပေ။ သို့သော် ဤသည်မှာ အဆိုးဆုံး သရုပ်သကန်မဟုတ်ပေ။ အဆိုးဆုံး သရုပ်သကန်မှာ အဘယ်နည်း။ ဤလူတို့သည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရပြီး မည်သူမျှ ၎င်းတို့ကို မလေးစားလျက် မည်သူကမျှ ၎င်းတို့၏ သွေးဆောင်ခြင်းကို မခံရသည်နှင့်တစ်ပြိုင်နက်မုန်းတီးခြင်း၊ မနာလိုခြင်းနှင့် လက်စားချေခြင်းပါ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ဘုရားသခင်အား ကြောက်ရွံ့ခြင်းမရှိရုံမက နာခံခြင်း တစ်ပိုင်းတစ်စမျှ မရှိပေ။ ထို့အပြင် ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်၊ အသင်းတော်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မုန်းတတ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် အသင်းတော်အလုပ်သည် ပြဿနာများကို ကြုံတွေ့စေရန်၊ ရပ်တန့်သွားစေရန် တောင့်တကြသည်။ ၎င်းတို့သည် အသင်းတော်အပေါ်၊ ညီအစ်ကိုမောင်နှမတို့အပေါ် ရယ်မောလိုကြသည်။ ၎င်းတို့သည် သမ္မာတရားကိုလိုက်စားပြီး ဘုရားသခင်ကို ကြောက်ရွံ့သောမည်သူကိုမဆိုကိုလည်း မုန်းတီးကြသည်။ ၎င်းတို့၏ တာဝန်တွင် သစ္စာရှိပြီး အဖိုးအခပေးရန် လိုလားသူ မည်သူကိုမဆို ၎င်းတို့က တိုက်ခိုက်ပြီး လှောင်ပြောင်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ ယင်းသည် မဆိုးယုတ်သလော။ ဤလူများသည် သိသာထင်ရှားစွာပင် ဆိုးယုတ်သောလူများဖြစ်သည်။ အန္တိခရစ်တို့သည် ၎င်းတို့၏အနှစ်သာရ၌ ဆိုးယုတ်သော လူများဖြစ်လေသည်။ စုဝေးပွဲများကို အွန်လိုင်းတွင် ပြုလုပ်သည့်အခါတွင်ပင် အင်တာနက်လိုင်းအားကောင်းသည်ကို ၎င်းတို့ မြင်လျှင် ၎င်းတို့သည် တိတ်တဆိတ်ကျိန်ဆဲပြီး ‘လိုင်းကျပါစေ။ လိုင်းကျပါစေ။ တရားဒေသနာတွေကို ဘယ်သူမှ မကြားနိုင်ရင် ပိုကောင်းတယ်’ ဟူ၍ မိမိတို့ကိုယ်ကို ပြောကြသည်။ ဤလူများသည် မည်သည့်အရာများဖြစ်သနည်း။ (နတ်ဆိုးများဖြစ်သည်။) ၎င်းတို့သည် နတ်ဆိုးများဖြစ်သည်။ အသေအချာပင် ဘုရားအိမ်တော်၏ လူများမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) အန္တိခရစ်ရဲ့ သဘာဝက မလိုမုန်းထားပုံကို ဘုရားက ဖော်ထုတ်တယ်။ သူတို့ရဲ့ အဆင့်အတန်းနဲ့ တခြားလူတွေရဲ့ အားပေးတာကို ဆုံးရှုံးတာနဲ့ သူတို့တာဝန်တွေမှာ သူတို့က စပြီး ဟန်ဆောင် လုပ်ပြကြရုံမက၊ ဘုရားအိမ်တော်နဲ့ တခြားလူတွေကို မလိုတမာစိတ်နဲ့ လှောင်ရယ်နိုင်အောင် အသင်းတော်အလုပ်မှာ ပြဿနာတွေ ပေါ်ဖို့ တောင့်တရင်းနဲ့ မုန်းတီးလာကြတယ်၊ မနာလိုဖြစ်ပြီး အငြိုးထားလာကြတယ်။ ကျွန်တော့်ကိုယ်ပိုင် အပြုအမူက ဘုရားထုတ်ဖော်ပြတဲ့အတိုင်းပဲ ဖြစ်မှန်း တွေ့ရတယ်။ အထုတ်ခံရပြီး အဆင့်အတန်း ဆုံးရှုံးသွားတဲ့နောက်မှာ၊ ကျွန်တော် မနာလိုဖြစ်ပြီး အငြိုးထားလာခဲ့တယ်။ လီဆာ ကြီးကြပ်တဲ့အလုပ်မှာ ပြဿနာတွေ ပေါ်ပြီး သူကိုင်တွယ်ဖြေရှင်းခံရတာကို ကြားတော့ ကျွန်တော် တိတ်တိတ်လေး ဝမ်းသာခဲ့ပြီး၊ သူ့နေရာကို ကျွန်တော်အစားထိုး ဝင်နိုင်အောင်လို့ လီဆာအထုတ်ခံရမဲ့ ဆိုးရွားတဲ့ ပြဿနာတစ်ခု ပေါ်ဖို့အတွက် မစောင့်နိုင်အောင် ဖြစ်ခဲ့တယ်။ လီဆာရဲ့ အခြေအနေတိုးတက်ခဲ့တာ၊ တခြားလူတွေက တစ်ခုခု သင်ယူမိပြီး အသင်းတော်အလုပ်က နှစ်သက်စရာ အလှည့်အပြောင်း ဖြစ်ခဲ့တယ်ဆိုတာ ကြားတော့၊ ကျွန်တာ် စိတ်မချမ်းမသာဖြစ်လာခဲ့တယ်။ ကျွန်တော် အန္တိခရစ်လိုကို ပြုမူနေခဲ့တာ။ အန္တိခရစ်နဲ့ နတ်ဆိုးကပဲ ဘုရားနဲ့ သမ္မာတရားကို မုန်းတာ။ အသင်းတော်အလုပ် ရပ်သွားဖို့၊ လူတိုင်း အပျက်သဘောဆောင်လာပြီး ဘုရားရဲ့ ကယ်တင်ခြင်း ဆုံးရှုံးပြီးတော့ နောက်ဆုံးမှာ သူတို့နဲ့အတူ ငရဲထဲ ကျဆင်းဖို့ မျှော်လင့်ပြီးတော့ပေါ့။ ဘုရားနှုတ်ကပတ်တော်ရဲ့ အာဟာရ အများကြီးရခဲ့တဲ့ အသင်းသားတစ်ယောက် ဖြစ်ခဲ့ပေမဲ့၊ သမ္မာတရားအစား ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ကျွန်တော် ရှာခဲ့တယ်၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး နောင်တရဖို့ ပျက်ကွက်ခဲ့တယ်။ အဆင့်အတန်းအတွက် ကျွန်တော့် တပ်မက်စိတ် မပြည့်လို့၊ လီဆာက ကျွန်တော့်ထက် ပိုတော်တဲ့ပုံမပေါ်အောင်လို့ အသင်းတော်အလုပ်မှာ ပြဿနာတွေ ပေါ်မှာကို မျှော်လင့်ခဲ့တယ်။ ဒါတွေက အဆိပ်ဖြစ်စေပြီး စက်ဆုပ်စရာကောင်းတဲ့ အတွေးတွေပဲ။ ဘုရားအိမ်တော်ရဲ့ လူတွေက ဘုရားနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သင့်တယ်။ ပိုများတဲ့လူတွေက သမ္မာတရားကို ရှာတာ၊ တာဝန်တွေကို ကောင်းကောင်းလုပ်ပြီး ဘုရားအလိုတော် အလေးဂရုပြုတာမြင်တော့ သူတို့ ဝမ်းသာကြတယ်။ အသင်းတော်အလုပ် ကြန့်ကြာတဲ့အချိန်မှာ၊ အလုပ်ကို ထိန်းသိမ်းဖို့ ရပ်တည်ချက်ယူကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့၊ ဗီဒီယိုထုတ်လုပ်ရေးမှာ ပြဿနာတွေ ပေါ်ပြီး တခြားလူတွေ မတက်မကြွဖြစ်လာတာ မြင်ပေမဲ့၊ သူတို့ပြဿနာတွေကို ကူမဖြေရှင်းပေးသလို မလိုတမာစိတ်နဲ့ သူတို့ကို လှောင်တောင် လှောင်ခဲ့တယ်။ သူတို့အခြေအနေတွေ တိုးတက်ပြီး ဗီဒီယိုထုတ်လုပ်ရေးက စပိုကောင်းလာတော့၊ တကယ် မပျော်မရွှင်ဖြစ်ခဲ့တယ်။ ကျွန်တော့်အတွေးတွေက တကယ်ကို အဆိပ်ဖြစ်ခဲ့တာပဲ။ ကျွန်တော်က အသင်းတော် အလုပ်ကို ကာကွယ်ပေးနေတာ လုံးဝ မဟုတ်သလို၊ ဘုရားအိမ်တော်မှာ နေရာမရထိုက်ဘူး။ ခေါင်းဆောင်ဖြစ်သင့်တယ်လို့ ကျွန်တော် တွေးတာ ဘယ်လောက်အရှက်မဲ့လိုက်သလဲ။

နောက်ပိုင်းမှာ ကိုယ့်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို နားလည်စေတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မည်သူတစ်ယောက်ကိုမျှ မိမိတို့ကိုယ်ကိုယ် စုံလင်သည် သို့မဟုတ် ဂုဏ်ရှိပြီး မြင့်မြတ်သည် သို့မဟုတ် အခြားသူများနှင့် ကွဲပြားခြားနားသည်ဟု မတွေးထင်စေနှင့်။ ဤအရာအားလုံးသည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် မသိနားမလည်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကို ကွဲပြားခြားနားသည်ဟု အမြဲတမ်း တွေးထင်ခြင်း— ဤသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ မိမိတို့၏ အားနည်းချက်များကို မည်သည့် အခါမျှ လက်ခံနိုင်ခြင်းမရှိဘဲ၊ မိမိတို့၏ အမှားများနှင့် ရှုံးနိမ့်မှုများကို မည်သည့်အခါမျှ ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိခြင်း— ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိထက် မည်သည့်အခါမျှ ပို၍မြင့်မားခွင့်မပြု၊ သို့မဟုတ် မိမိထက် ပို၍သာခွင့်မပြု— ဤအရာကို မာန ထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိတို့ထက်ပို၍ သာလွန်သွားဖို့ဖြစ်စေ၊ အင်အားကောင်းသွားဖို့ဖြစ်စေ မည်သည့်အခါမျှ ခွင့်မပြုပေ— ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ အခြားသူများကို မိမိထက် ပို၍ကောင်းသော အတွေးအခေါ်များ၊ အကြံပြုချက်များနှင့် အမြင်ရှုထောင့်များ မည်သည့်အခါမျှ ရှိခွင့်မပြု၊ ပြီးလျှင် ၎င်းတို့က ခွင့်ပြုသည့်အခါတွင်လည်း အပျက်သဘောဆောင်လာကာ၊ စကားပြောဖို့ ဆန္ဒမရှိဘဲ၊ စိတ်သောကရောက်ပြီး၊ စိတ်ပျက် အားလျော့ကာ စိတ်ညစ်လာကြသည်— ဤအရာများ အားလုံးသည် မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် သင့်ကို အခြားသူများ၏ လမ်းပြမှုကို လက်ခံနိုင်စွမ်း မရှိစေဘဲ၊ သင်ကိုယ်တိုင်၏ အားနည်းချက်များကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိဖြစ်စေကာ၊ သင်ကိုယ်တိုင်၏ ရှုံးနိမ့်ခြင်းများနှင့် အမှားများကို လက်ခံနိုင်စွမ်း မရှိစေဘဲ၊ သင်၏ ဂုဏ်သတင်းကို ကာကွယ်စေနိုင်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သင့်ထက် ပိုသာသည့်အခါ၊ ယင်းက သင်၏ စိတ်နှလုံးတွင် အမုန်းတရားနှင့် မနာလိုစိတ်များ ဖြစ်ပေါ်စေနိုင်ပြီး၊ သင်သည် ဘောင်ခတ်ခံရနိုင်သည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ဘဲ၊ ထိုတာဝန်ကို ထမ်းဆောင်ရာတွင် ကရော်ကမည်နိုင်လာသည် အထိပင် ဖြစ်တော့သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ဤအပြုအမူများနှင့် အလေ့အကျင့်များကို သင်၌ ဖြစ်ပေါ်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ) ဘုရားနှုတ်ကပတ်တော်တွေအရ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခဲ့တယ်။ လီဆာနဲ့ ကျွန်တော် ပြိုင်ဆိုင်ဖို့ အမြဲ ကြိုးစားရတဲ့ အကြောင်းရင်းက ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားအပေါ် စစ်မှန်တဲ့ သိနားလည်မှု မရှိခဲ့သလို၊ ကျွန်တော် ဘာသားနဲ့ ထုထားလဲဆိုတာကို မသိခဲ့လို့ပဲ။ တစ်လျှောက်လုံး၊ ကျွန်တော်က အရည်အချင်းရှိပြီး အတွေ့အကြုံများတယ်လို့ ယုံကြည်ခဲ့တာ။ ဒါကို ဂုဏ်ယူပြီး ဒီကဏ္ဍတွေမှာ လီဆာထက် ပိုအားကောင်းတယ်လို့ ခံစားခဲ့တယ်။ အလုပ်ကောင်းကောင်းလုပ်ဖို့ ဒီအရည်အချင်းတွေက လုံလောက်တယ်လို့ တွေးခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ထက် လီဆာက သူ့တာဝန်မှာ ရလဒ်ပိုကောင်းပြီး၊ အထက်ခေါင်းဆောင်က ကျွန်တော့်တာဝန်တချို့ကို သူ့ကို ချပေးတော့၊ သူက ကျွန်တော့်ထက် ဘာမှမတော်ဘူးလို့ တွေးပြီး စိတ်မချမ်းမသာဖြစ်ခဲ့တယ်။ အထုတ်ခံရပြီးတော့ ပြန်တောင် ပြန်လာချင်ခဲ့တယ်။ ပြန်တွေးကြည့်တော့၊ ကျွန်တော်က အလုပ်နဲ့ နည်းနည်း ပိုအကျွမ်းဝင်ပြီး ပိုအတွေ့အကြုံရှိသလို၊ ဗီဒီယို ထုတ်လုပ်ရေးနဲ့ ပတ်သက်လို့ အကြံဉာဏ်ပေးနိုင်ပေမဲ့ အဲဒါက ခေါင်းဆောင်ဖြစ်ဖို့ သင့်တော်တယ်ဆိုတဲ့ သဘောမဟုတ်မှန်း တွေ့ရတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ အဓိကအလုပ်က ဘုရားနှုတ်ကပတ်တော်ကို စားသောက်ပြီး သမ္မာတရားထဲ ဝင်ရောက်ရာမှာ တခြားလူတွေကို လမ်းပြဖို့နဲ့ အသင်းတော်အလုပ် ပုံမှန်စီးဆင်းမှုကို သေချာစေဖို့ အသင်းတော်မှာ ပေါ်ပေါက်တဲ့ ပြဿနာအားလုံးကို ဖြေရှင်းပေးဖို့ပဲ။ ဒါပေမဲ့ ခေါင်းဆောင်အနေနဲ့ လက်တွေ့ကျတဲ့ ပြဿနာတွေကို ကျွန်တော် မဖြေရှင်းခဲ့ဘူး။ အဖွဲ့ခေါင်းဆောင်တွေက သဘောမတူကြတဲ့အခါ၊ မကြာခဏ ငြင်းခုံပြီး ဘယ်သူမှ အလျှော့မပေးကြတဲ့အခါ၊ ပြဿနာကို ဖြေရှင်းပြီး စိတ်သဘောညီညွတ်မှု ပြန်ရဖို့ ဘယ်လို မိတ်သဟာယပြုရမယ်မှန်း မသိခဲ့ဘူး။ ပြီးတော့ ညီအစ်ကို မောင်နှမတချို့က မတက်မကြွဖြစ်လာပြီး၊ အားပေးဖို့ ဘုရားနှုတ်ကပတ်တော်တွေအပေါ် မိတ်သဟာယပြုဖို့ လိုတဲ့အခါ၊ ကျွန်တော့်အတွေ့အကြုံက ချို့တဲ့နေခဲ့တယ်၊ မိတ်သဟာယက နက်နဲစေ့စပ်မှု မရှိခဲ့သလို သူတို့ပြဿနာတွေကို ဖြေရှင်းမပေးခဲ့ဘူး။ အသင်းတော်အလုပ်ရဲ့ ကဏ္ဍအားလုံးမှာ ကျွန်တော် စံချိန်မမီခဲ့ဘူး။ လီဆာက သူ့ရဲ့ အလုပ်ကျွမ်းကျင်မှုတွေမှာ ဟာကွက်တွေ ရှိကောင်းရှိနိုင်ပေမဲ့၊ အသင်းတော်အလုပ်မှာ ဖြစ်ပေါ်တဲ့ အခက်အခဲမျိုးစုံကို သူ ဖြေရှင်းပေးနိုင်ခဲ့တယ်။ အသင်းတော်အကျိုးအတွက် အထက်ခေါင်းဆောင်က သူ့ကို အလုပ်တချို့ ပြန်တာဝန်ပေးခဲ့ပေမဲ့၊ ကျွန်တော်က မာနထောင်လွှားလွန်းခဲ့ပြီး ကိုယ့်ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေပေါ် ကောင်းကောင်း နားမလည်ခဲ့ဘူး။ ကျွန်တော်က လီဆာနဲ့ တန်းတူမဖြစ်တာ သိသာပေမဲ့၊ တန်တူဖြစ်တယ်လို့ တွေးပြီး အမြဲ ပြိုင်ဆိုင်ရင်းနဲ့ အလျှော့မပေးခဲ့ဘူး။ ကျွန်တော်က အရမ်းကို မတန်တဆ မာနထောင်လွှားခဲ့တာပဲ။ အဲဒီနောက်မှာ ဒီဘုရားနှုတ်ကပတ်တော်ပိုဒ်ကို တွေ့ခဲ့တယ်။ “လူတို့သည် ဂုဏ်အဆင့်အတန်းကို လိုက်စားသောအခါတွင် ဘုရားသခင်က အမုန်းတီးဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်းကိုလိုက်စားခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ယင်းက လမ်းမှားတစ်ခုဖြစ်သည်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှ မွေးဖွားလာသည်။ ယင်းသည် ဘုရားသခင်ရှုတ်ချသည့်အရာဖြစ်သည်။ ဘုရားသခင် တရားစီရင်ပြီး သန့်စင်သည့် အရာပင်ဖြစ်သည်။ အဆင့်အတန်းကို လူတို့ လိုက်စားသောအခါတွင် ဘုရားသခင်က အမှန်းတီးဆုံးဖြစ်သည်။ သို့တိုင်အောင် သင်သည် ခေါင်းမာစွာဖြင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်သည်။ ယင်းကို မပျက်မကွက် ချစ်မြတ်နိုးပြီး ကာကွယ်သည်။ သင်ကိုယ်တိုင်အတွက် ရယူဖို့ အစဉ် ကြိုးစားသည်။ သဘာဝအရ ဤအရာအားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းမရှိသလော။ ဘုရားသခင်က ရာထူးအဆင့်အတန်းကို လူတို့အတွက် မစီမံခဲ့ချေ။ ဘုရားသခင်သည် လူတို့အား သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို ပေးအပ်ပြီး— ၎င်းတို့အား ရာထူးအဆင့်အတန်းနှင့် သြဇာတိက္ကမရှိပြီး လူထောင်ပေါင်းတို့၏ ကြည်ညိုခံရသောသူတစ်ဦး မဟုတ်ဘဲ— နောက်ဆုံးတွင် ဘုရားသခင်၏ လက်ခံနိုင်ဖွယ် ဖန်ဆင်းခံတစ်ဦး၊ ဘုရားသခင်၏ သေးငယ်ပြီး အရေးမပါသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာစေသည်။ ထို့အတွက်ကြောင့် ယင်းကို မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းက တစ်ဖက်ပိတ်လမ်းဖြစ်သည်။ ရာထူးအဆင့်အတန်းကို လိုက်စားခြင်းအတွက် သင်၏အကြောင်းပြချက်က အဘယ်မျှ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ ဤလမ်းကြောင်းက လမ်းကြောင်းမှားတစ်ခုပင် ဖြစ်နေဆဲဖြစ်ကာ ဘုရားသခင်၏ ချီးကျူးခြင်းကို မခံရပေ။ သင်သည် အဘယ်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ၊ သို့မဟုတ် အဖိုးအခကို အဘယ်မျှ ကြီးကြီးမားမားပေးဆပ်သည်ဖြစ်စေ ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမည်။ ဤသည်မှာ လမ်းဆုံးတစ်ခုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဒါကို ဖတ်ပြီးတော့၊ ကိုယ့်လုပ်ရပ်တွေကြောင့် ဆိုးဆိုးရွားရွား ခံစားရတယ်။ အထူးသဖြင့် ဒီလိုပြောတဲ့အပိုင်းကို ဖတ်ပြီးတဲ့နောက်မှာပေါ့။ “ရာထူးအဆင့်အတန်းကို အလိုရှိပါက ဘုရားသခင်သည် သင့်ကို ပေးမည်မဟုတ်ပေ။ အကယ်၍ ယင်းကို ဘုရားသခင်မပေးပါက ယင်းကိုရရှိရန် ကြိုးစားရာတွင် သင် ကျရှုံးလိမ့်မည်ဖြစ်ပြီး၊ အကယ်၍ သင် ဆက်လက်ကြိုးစားနေပါက ရလဒ်တစ်ခုတည်းသာရှိလိမ့်မည်။ သင်သည် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမည်။ ဤသည်မှာ လမ်းဆုံးတစ်ခုဖြစ်သည်။” ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့်၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့ မရပုံကို တွေ့ခဲ့တယ်။ ကိုယ့်တာဝန်မှာ သမ္မာတရားကို ရှာဖို့ သင်ယူပြီး နောက်ဆုံးမှာ အရည်အချင်းပြည့်မီတဲ့ အဖန်ဆင်းခံတစ်ယောက် ဖြစ်လာအောင်လို့ အသင်းတော်က ဒီတာဝန်လုပ်ဖို့ ကျွန်တော့်ကို အခွင့်အရေးပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီအစား အဆင့်အတန်းအတွက် ကျွန်တော် ဆက်ပြိုင်ဆိုင်ခဲ့တယ်။ ဘုရားရဲ့ တောင်းဆိုချက်တွေကို ကျွန်တော်က တမင် ဆန့်ကျင်နေတာ မဟုတ်လား။ ဒီအရာထက် ဘုရားပိုစက်ဆုတ်တဲ့အရာ မရှိဘူး။ အသင်းတော်မှာ ဒီတာဝန်ကို အချိန်အတော်ကြာ လုပ်ခဲ့ပေမဲ့၊ ဗီဒီယိုတစ်ခုလုပ်ဖို့ အခိုင်းခံရတော့၊ ကျွန်တော် ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော် ခေါင်းဆောင်ဖြစ်နေတုန်း ဗီဒီယိုတွေမှာ ရလဒ်ကောင်းတွေ ရတဲ့အခါ၊ အဲဒါက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုနဲ့ ကျွန်တော်တို့ အဖွဲ့ရဲ့ အားထုတ်မှုတွေကြောင့် ဖြစ်ပါတယ်၊ ကျွန်တော့်ရဲ့ ပံ့ပိုးမှုတွေကြောင့် မဟုတ်ဘူး။ ဒါပေမဲ့ ဒီအောင်မြင်မှုတွေကို ကိုယ့်ခေါင်းမှာ သရဖူသလို ကျွန်တော် ဆင်မြန်းခဲ့ပြီး၊ ကိုယ့်ဂုဏ်အသရေကို တခြားလူတွေကို ခိုးယူခွင့်မပေးခဲ့ဘူး၊ ဂုဏ်သတင်းအတွက် မရပ်မနား ပြိုင်ဆိုင်ပြီး၊ အသင်းတော် အလုပ်ကို ပရမ်းပတာ ဖြစ်စေရင်းနဲ့ပေါ့။ ကျွန်တော် လုပ်ခဲ့သမျှက ဆိုးယုတ်ပြီး ဘုရားကို ဆန့်ကျင်သလို သူ့ကို စက်ဆုပ်စေခဲ့တယ်။ အဲဒီအချိန်မှာပဲ၊ ပြီးခဲ့တဲ့ တစ်နှစ်တုန်းက တွဲဖက်ခဲ့ရတဲ့ ညီအစ်မတစ်ယောက်ကို သတိရမိတယ်။ သူက အဆင့်အတန်းနဲ့ ဂုဏ်သတင်းကို တပ်မက်စိတ် ပြင်းထန်ခဲ့ပြီး သူ့ရဲ့ ဩဇာအာဏာကို ဖက်တွယ်ခဲ့တယ်။ သူ့ရာထူးကို ခြိမ်းခြောက်တဲ့ ဘယ်သူကိုမဆို သူက ဖိနှိပ်ပြီး ဒေါသမကြီးမဲတယ်။ ပြီးတော့ သူအဆင့်အတန်းကို ကာကွယ်ဖို့ မျက်တောင်တစ်ချက်မခတ်ဘဲ အသင်းတော်အလုပ်ကို တမင်ဖျက်ဆီးခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူ့ရဲ့ မကောင်းမှုအားလုံးအတွက် အန္တိခရစ်အနေနဲ့ ဖော်ထုတ်ခံရပြီး နှင်ထုတ်ခံခဲ့ရတယ်။ ကျွန်တော်ကတော့၊ သိသိသာသာ လက်တွေ့အလုပ်မလုပ်ဘဲ ပြိုင်ဆိုင်ချင်နေတုန်းပဲ ဖြစ်ခဲ့တယ်။ အဲဒါက အသင်းတော် အလုပ်ကို နှောင့်ယှက်၊ ဟန့်တားခဲ့တယ်။ ကျွန်တော် နောင်တမရဘဲ အဲဒီအတိုင်း ဆက်ဖြစ်နေရင်၊ ဘုရားရဲ့ ထုတ်ပယ်တာခံရဖို့ များတယ်။ ဒါကို သဘောပေါက်တော့ ဘုရားဆီ ဆုတောင်းတယ်။ “အို ဘုရားသခင်၊ အသင်းတော်က ခေါင်းဆောင်အနေနဲ့ လေ့ကျင့်ဖို့ ဒီအခွင့်အရေးကို ပေးခဲ့ပေမဲ့၊ ကိုယ့်တာဝန်ကို အာရုံမစိုက်ခဲ့သလို၊ မှန်တဲ့လမ်းကြောင်း မရှောက်ခဲ့ဘူး၊ အဲဒီအစား နာမည်နဲ့ အကျိုးအမြတ်အတွက် ပြိုင်ဆိုင်နေခဲ့တယ်။ ကျွန်တော့် အတွေးနဲ့ လုပ်ရပ်တွေအားလုံး ဆိုးယုတ်ခဲ့ပါတယ်။ ကျွန်တော် အပြစ်ပေးခံရရင်၊ လုံးဝ ထိုက်တန်မှာပါ။ ဘုရားသခင်၊ ကျွန်တော် အရမ်းစက်ဆုပ်စရာ ကောင်းအောင် အသက်မရှင်ချင်တော့ပါဘူး။ နောင်တရပြီး အသစ်စဖို့ အသင့်ပါ”လို့ပေါ့။

ရက်အတော်များများ ကြာပြီးတဲ့နောက်မှာ၊ ခေါင်းဆောင်က စာတိုတစ်ခု ပို့တယ်။ ဓမ္မတေးဗီဒီယိုတစ်ခုမှာ ပါဝင်ဖို့ ကျွန်တော့်ကို တာဝန်ပေးထားတယ်လို့ ပြောပြီး၊ အရင်ဆုံး ဓမ္မတေးကို သင်ယူဖို့ ခိုင်းထားတာ။ ကျွန်တော် အဲဒီစာကိုမြင်တော့ အရမ်းစိတ်လှုပ်ရှားသွားတယ်။ ကျွန်တော့်ကို နောက်ထပ် အခွင့်အရေးပေးလို့ ဘုရားကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ ကျွန်တော် သင်ရမဲ့ ဓမ္မတေးသီချင်းက “လူသားမျိုးနွယ်အပေါ် ဘုရား၏ သနားခြင်း” ဖြစ်ပါတယ်။ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေ ဖတ်ခဲ့တယ်။ “နိနေဝေမြို့သည် သောဒုံ၌ ရှိသောသူများကဲ့သို့ ဖောက်ပြန်ပျက်စီးသော၊ ဆိုးယုတ်၍ ရုန့်ရင်းကြမ်းကြုတ်သော လူများနှင့် ပြည့်နေခဲ့လင့်ကစား၊ သူတို့၏နောင်တက ဘုရားသခင်၏နှလုံးသားကို ပြောင်းလဲစေခဲ့ပြီး သူတို့ကို မဖျက်ဆီးရန် ဆုံးဖြတ်စေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညွှန်ကြားချက်များကို သူတို့၏သဘောထားပုံက သောဒုံမြို့သားများနှင့် သိသိသာသာ ကွာခြားသော သဘောထားတစ်ခုကို ထင်ထင်ရှားရှား ပြသောကြောင့်လည်းကောင်း၊ ထို့နောက် ဘုရားသခင်ထံ သူတို့၏ ရိုးသားသော နာခံခြင်းနှင့် သူတို့၏အပြစ်များအတွက် ရိုးသားသော နောင်တရခြင်းအပြင်၊ အဖက်ဖက်၌ သူတို့၏ စစ်မှန်၍ လှိုက်လှဲသော အပြုအမူများကြောင့်လည်းကောင်း၊ ဘုရားသခင်သည် သူ၏ လှိုက်လှဲသော သနားခြင်းကို နောက်တစ်ကြိမ် ပြခဲ့ပြီး ယင်းကို သူတို့အပေါ် နှင်းအပ်ခဲ့သည်။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်နှင်းအပ်ပေးသောအရာနှင့် လူသားမျိုးနွယ်အတွက် သူ၏သနားခြင်းကို အဘယ်သူမျှ တုပရန်မဖြစ်နိုင်ပေ၊ ဘုရားသခင်၏ သနားကရုဏာ၊ သို့မဟုတ် သည်းခံခြင်းကိုဖြစ်စေ၊ လူသားမျိုးနွယ်အပေါ် သူ၏စစ်မှန်သော ခံစားချက်များကိုဖြစ်စေ အဘယ်ပုဂ္ဂိုလ်ကမျှ မပိုင်ဆိုင်နိုင်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ့ရည်ရွယ်ချက်ကို တွေ့ခဲ့တယ်။ ဘုရားက နေနိဝေမြို့သားတွေကို သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ မကောင်းမှုကြောင့် ဒေါသထွက်ပြီး ဖျက်ဆီးတော့မလို့။ ဒါပေမဲ့ နေနိဝေမြို့သားတွေက ဘုရားဆီ စိတ်ရင်းအတိုင်း နောင်တရကြတဲ့အခါ၊ သူ့အမျက်ဒေါသ ငြိမ်သွားပြီး သူတို့ကို မဖျက်ဆီးခဲ့ဘူး။ ဒီအရာကတစ်ဆင့် လူတွေရဲ့ စစ်မှန်တဲ့ နောင်တကို ဘုရားတန်ဖိုးထားမှန်း ကျွန်တော် သဘောပေါက်သွားတယ်။ အသင်းတော် အလုပ်ကို ကျွန်တော် နှောင့်ယှက်ပြီး အပြစ်ကျူးလွန်ခဲ့ပေမဲ့၊ ဘုရားက ကျွန်တော့်ကို မထုတ်ပယ်ခဲ့ဘူး။ ကျွန်တော့်ကို မဖြစ်မနေ သုံးသပ်စေဖို့ အထုတ်ခံရတာ၊ ကိုင်တွယ်ဖြေရှင်း ပြုပြင်ခံရတာတွေကို သူသုံးခဲ့တယ်။ ဒါက ဘုရားရဲ့ ကယ်တင်ခြင်းသက်သက်ပါပဲ။ နောင်တ၊ မတက်ကြွမှုနဲ့ ကျွန်တော် ဆက်အသက်ရှင်လို့ မဖြစ်တော့ဘူး။ ပိုပြီး ဆိုးယုတ်မှုနဲ့ ဘုရားကို အာခံတာတွေကို ရှောင်ဖို့ ဘုရားဆီ နောင်တရရမယ်၊ သမ္မာတရားရှာပြီး၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းရမယ်။

တစ်ခါ၊ ဝတ်ပြုဆုတောင်းနေချိန်မှာ၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လက်လွှတ်ခြင်းသည် မလွယ်ကူပေ။ ယင်းမှာ သမ္မာတရားကို လိုက်စားသော လူတို့အပေါ်တွင် မူတည်သည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ မိမိကိုယ်ကို သိလာနိုင်သည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရှာဖွေခြင်း၏ အနှစ်မဲ့မှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှု အမှန်တရားကို သိမြင်နိုင်သည်။ ထိုအခါမှသာ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အမှန်တကယ် စွန့်လွှတ်နိုင်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မိမိဘာသာ ဖယ်ရှားရန် မလွယ်ကူပေ။ သင်သည် သမ္မာတရား ကင်းမဲ့ကြောင်း၊ ချို့ယွင်းချက်များနှင့် ဝန်းရံဖိစီးခံနေရကြောင်း၊ ဖောက်ပြန်ပျက်စီးမှုကို အလွန်အကျွံ ဖွင့်ပြနေမိကြောင်းကို သင် သတိပြုမိကောင်း သတိပြုမိပြီးဖြစ်နိုင်သော်လည်း၊ သမ္မာတရားကို လိုက်စားရန် အားမထုတ်ပေ။ ပြီးလျှင် သူတော်ကောင်း ဟန်ဆောင်လျက် သင့်ကိုယ်သင် အယောင်ဆောင်ကာ သင်သည် မည်သည့်အရာကိုမဆို လုပ်နိုင်သည်ဟု လူတို့ကို ယုံကြည်စေသည်။ ဤအရာက သင့်ကို အန္တရာယ်ကျရောက်စေသည်။ ယင်းက သင့်ကို အနှေးနှင့်အမြန် ဆိုးကျိုးဖြစ်စေလိမ့်မည်။ သင်သည် သမ္မာတရားမရှိသည်ကို ဝန်ခံရမည်ဖြစ်ပြီး လက်တွေ့အရှိတရားကို ရင်ဆိုင်ရန် ကောင်းစွာ ရဲရင့်ရမည်။ သင်သည် အားနည်းသည်။ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြသည်။ အားနည်းချက်ပေါင်းစုံနှင့် ဝန်းရံဖိစီးခံရသည်။ ဤသည်မှာ သာမန်ဖြစ်သည်။ သင်သည် သာမန်လူတစ်ယောက်ဖြစ်သည်။ သင်သည် မဟာလူသားမဟုတ်၊ သို့မဟုတ် အနန္တတန်ခိုးရှိသောသူမဟုတ်ပေ။ ဤအရာကို သင် အသိအမှတ်ပြုရမည်။...အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုသည့် အစဉ်သဖြင့် ပြင်းပြသော စိတ်နှင့် ဆန္ဒတို့ သင်၌ ရှိသောအခါ မဖြေရှင်းဘဲထားလျှင် ဤအခြေအနေမျိုးသည် မည်သည့်မကောင်းသောအရာများအား ဖြစ်ပေါ်စေသည်ကို သင်သဘောပေါက်ရမည်။ ထို့ကြောင့် အချိန်ဖြုန်းမနေဘဲ သမ္မာတရားကို ရှာဖွေလော့။ အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုသည့် သင်၏ဆန္ဒ ကြီးထွားရင့်ကျက်မလာမီတွင် ယင်းကို ဖယ်ရှင်းလော့။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အစားထိုးလော့။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သောအခါ အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုသည့် သင်၏ ဆန္ဒသည် မှေးမှိန်လာလိမ့်မည်။ ပြီးလျှင် အသင်းတော်အလုပ်ကို သင်ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။ ဤနည်းအားဖြင့် သင်၏ လုပ်ရပ်များကို ဘုရားသခင်က အမှတ်ရပြီး ချီးမွမ်းလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဂုဏ်သတင်နဲ့ အဆင့်အတန်း တပ်မက်စိတ်ကို တကယ် ဘေးဖယ်ထားဖို့ ပထမဆုံး ကိုယ့်ကိုယ်ကိုယ် သိတဲ့ အသိရှိရမယ်၊ ကိုယ့်အမှားတွေကို တက်တက်ကြွကြွ ဝန်ခံပြီး ကိုယ့်ရဲ့ စစ်မှန်တဲ့ အခြေအနေကို တခြားလူတွေကို မြင်ခွင့်ပေးနိုင်ရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ တွေ့ရတယ်။ ပြိုင်ဆိုင်ချင်တဲ့ ဆန္ဒ ပြန်ပေါ်လာတဲ့အခါ၊ ဘုရားဆီ သတိရှိရှိ ဆုတောင်းရမယ်၊ ကိုယ့်ကိုယ်ကိုယ် စွန့်ပယ်ပြီး တခြားလူတွေနဲ့ ပူးပေါင်းလုပ်ရမယ်။ အဲဒီအခါမှပဲ ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်နိုင်တယ်။ သုံးသပ်တာနဲ့ ကိုယ့်ကိုယ်ကိုယ် သိတာကို ကျွန်တော် အာရုံမစိုက်ခဲ့ဘူး။ အရမ်းအရမ်းကို မနာလိုဖြစ်လာခဲ့ပြီး ကိုယ့်အခြေအနေကို တက်တက်ကြွကြွ မဝေမျှခဲ့သလို၊ ဖြေရှင်းချက်အတွက် သမ္မာတရားကို မရှာခဲ့ဘူး။ အကျိုးဆက်အနေနဲ့၊ နာမည်နဲ့ အကျိုးအမြတ်အတွက် ကျွန်တော့်ရဲ့ ကြိုးပမ်းမှုက အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ ရှေ့ဆက်ပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း ကျွန်တော် ပြုမူရမယ်။ အဲဒီနောက်မှာ ကိုယ့်တာဝန်မှာရှိတဲ့ ကိုယ့်အခြေအနေကို သတိရှိရှိ ဖွင့်ပြောပြီး၊ ကိုယ်တွဲဖက်ရတဲ့သူတွေဆီကနေ တက်တက်ကြွကြွ သင်ယူခဲ့တယ်။ အချိန်ကာလတစ်ခု ကြာပြီးတဲ့နောက်မှာ၊ ညီအစ်ကို မောင်နှမအားလုံးမှာ ကျွန်တော် ကိုယ်တိုင် မရှိတဲ့ အားသာချက်တချို့ ရှိကြတာ သတိပြုမိခဲ့တယ်။ ကိုယ့်ရဲ့ မာနထောင်လွှားမှုနဲ့ မသိနားမလည်မှုအတွက် ပိုလို့တောင် ရှက်မိခဲ့တယ်။ အသင်းတော်အလုပ်ကို ထိခိုက်နစ်နာစေရင်းနဲ့ ဂုဏ်သတင်းအတွက် ကျွန်တော် ယှဉ်ပြိုင်တတ်ခဲ့ပြီး၊ ပြိုင်ဆိုင်ခဲ့ပုံကို တွေးမိသလို၊ ပိုလို့တောင် နောင်တရခဲ့တယ်။ ဘုရားဆီ တိတ်တိတ်လေး ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ဖော်ထုတ်ခံရပြီး အထုတ်ခံရခြင်းကတစ်ဆင့်၊ ကျွန်တော် အသိနည်းနည်း ရလိုက်ပါပြီ။ အရင်တုန်းက၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို မတွေးဘဲ ဂုဏ်သတင်းနဲ့ အကျိုးအမြတ်အတွက် ကျွန်တော် ပြိုင်ဆိုင်ခဲ့တယ်။ အသင်းတော် အလုပ်ကို နှောင့်ယှက်ခဲ့ရုံမက၊ ညီအစ်ကို မောင်နှမတွေကိုလည်း ထိခိုက်နစ်နာစေခဲ့ပါတယ်။ ကျွန်တော်က လူသားလို့ မခေါ်ထိုက်ပါဘူး။ ရှေ့ဆက်ပြီး၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေအတိုင်း ကျွန်တော် လက်တွေ့လုပ်ဖို့၊ တခြားလူတွေရဲ့ အားသာချက်တွေကနေ သင်ယူပြီး တာဝန်မှာ သူတို့နဲ့ အတွဲညီညီ တွဲဖက်ဖို့ လိုလားနေပါတယ်”လို့ပေါ့။

နောက်ပိုင်း၊ ဗီဒီယို ပရောဂျက်သစ်တစ်ခုမှာ ပြဿနာတချို့ ပေါ်ခဲ့ပြီး၊ အဲဒါတွေကို အတူဖြေရှင်းဖို့ ကျွန်တော်နဲ့ လီဆာကို အထက်ခေါင်းဆောင်က တာဝန်ပေးတယ်။ ဒီတစ်ခါတော့၊ ကျွန်တော်တို့ တွဲဖက်ရာမှာ လီဆာနဲ့ ကျွန်တော် မပြိုင်တော့ဘူး။ ပြဿနာတွေ ဖြစ်ပေါ်တဲ့အခါ သူနဲ့ တက်တက်ကြွကြွ ဆွေးနွေးပြီး သူ့ဆီကနေ အကြံတောင်းခဲ့တယ်။ ကျွန်တော်တို့ သဘောတူမှပဲ ရှေ့ဆက်လုပ်ခဲ့တယ်။ တစ်ခါတလေ၊ လီဆာရဲ့ စိတ်ကူးတွေက ကျွန်တော့်စိတ်ကူးတွေထက် ပိုရှင်းပြီး ထိုးထွင်းအမြင် ပိုရှိတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ သတိရှိရှိ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ထပ်ယှဉ်ပြိုင်နေမိမှန်း ချက်ချင်း သဘောပေါက်လိုက်သလို ဘုရားဆီ ဆုတောင်းပြီး၊ ကိုယ့်ကိုယ်ကိုယ် စွန့်ပယ်တယ်၊ လီဆာရဲ့ အကြံတွေကို လက်ခံပြီး အဲဒါတွေကို ဝီရိယရှိရှိ တွေးဆပြီး ရှာဖွေခဲ့တယ်။ လီဆာရဲ့ စိတ်ကူးတွေက တကယ် ကျွန်မဟာထက် ပိုကောင်းတာ သိလိုက်ရပြီး၊ အဲဒါတွေကို စိတ်နှလုံးအကြွင်းမဲ့ လက်ခံခဲ့တယ်။ ဒီလိုလက်တွေ့လုပ်တော့ ကျွန်တော် တကယ် အေးချမ်းပြီး စိတ်အေးသွားတယ်။ ဘယ်လို ကောင်းကောင်း တွဲဖက်ပြီး လူ့ပုံသဏ္ဌာန်နဲ့ အသက်ရှင်နေထိုင်ဖို့ ဘုရားနှုတ်ကပတ်တော်က သင်ပေးခဲ့တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သမ္မာတရားကိုနားလည်ခြင်းဖြင့်သာ မိမိကိုယ်ကို စစ်မှန်စွာ သိမြင်ခြင်း

ဝန်ဝန်၊ ချန်းချူ မြို့၊ ဂျီလင်းစီရင်စု ကျွန်တော့်အမြင်တွင်တော့ ဖောက်ပြန်ပျက်ဆီးမှု တစ်စုံတစ်ရာ မမြင်ရသည့် အပြင်ပန်း...

အစားထိုးခံရပြီးနောက်

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းတွင် အမှုပြုပြီး၊ သူ၏နည်းလမ်းမှာ မည်သို့ပင်ဖြစ်စေ၊ မည်ကဲ့သို့သော...

သင်အသုံးပြုသည့်သူများကို သံသယမဝင်နှင့်- ဤသည်မှာ မှန်ပါသလား

လင်းဖိန် တရုတ်နိုင်ငံ ၂၀၂၀ ဇူလိုင်လမှာ၊ အသင်းတော် အတော်များများရဲ့ အလုပ်ကို ကြီးကြပ်ရင်းနဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်တော်အစေခံခဲ့တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။