လမ်းမှန်သို့ ပြန်ရောက်ခြင်း

27.02.2021

ချန်ကွမ်း အမေရိကန်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကထဲ၌ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်‌ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို လှည့်ဖြားသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်) ဤအပိုဒ်ကို ကျွန်တော်ဖတ်သည့်အခါမှာ “ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊” ကျွန်တော် တကယ်ကို ထိခိုက်ခံစားရသည်။ ယခင်က ကျွန်တော် ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရသည်။ ထိုအချိန်က မာနထောင်လွှားသည့် စိတ်သဘောထားကို အခြေခံပြီး ကျွန်တော့်တာဝန်ကို ထမ်းဆောင်သည်။ ပြီးလျှင် အရမ်းကြွားဝါသည်။ လူများ ကျွန်တော့်ကို အထင်ကြီးအောင်၊ ကိုးကွယ်အောင် အပေါ်ယံစကားများ၊ အယူဝါဒများကို ဟောပြောပြီး ကြွားလုံးထုတ်သည်။ ကျွန်တော်ကိုယ်တိုင် သတိမထားလိုက်မိဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် လမ်းကြောင်းပေါ်ကို ခြေချခဲ့မိသည်။ နောက်ပိုင်းကျမှသာ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းများကြောင့်၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ကျွန်တော့်၏ဆိုးယုတ်သည့် သဘာဝ၏ အရင်းအမြစ်ကို သတိပြုမိလာပြီး ဘုရားသခင်ထံ နောင်တ ရလာခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်မှာ ကျွန်တော် အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးခံခဲ့ရသည်။ ထိုစဉ်က ကျွန်တော် တော်တော် စိတ်အားထက်သန်သည်။ ညီအစ်ကိုမောင်နှမများ အကျပ်အတည်း ကြုံရသည်ကို မြင်တိုင်း၊ သူတို့၏ပြဿနာများကို ကူပြီး ဖြေရှင်းပေးဖို့ သူတို့ကို ကျွန်တော် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် မိတ်သဟာယ ပြုပေးပါသည်။ လူတိုင်း၏ အခက်အခဲများ ပြေလည်သွားသည်နှင့် သူတို့တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ခဲ့ကြသည်။ သုံးလေးလလောက် ကြာပြီးသည့်နောက်မှာ၊ ကျွန်တော့်ခေါင်းဆောင်က ကျွန်တော့်ကို “အသစ်ဝင်လာတဲ့ ညီအစ်ကိုမောင်နှမတွေ တော်တော်များတဲ့ အသင်းတော် တစ်ခုရှိတယ်။ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက မင်းအဲဒီကိုသွားပြီး ခေါင်းဆောင်အဖြစ် ထမ်းဆောင်ဖို့ အကြံ ပေးကြတယ်။” ဟု ပြောသည်။ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နှင့် ကျွန်တော် လက်ခံခဲ့သည်။ ထိုညီအစ်ကိုမောင်နှမများကို ကောင်းစွာ ပျိုးထောင်ပေးရမည်ဖြစ်သည်၊ သို့မှသာ သူတို့လည်း သမ္မာတရားကို တတ်နိုင်သလောက် မြန်မြန် နားလည်နိုင်မည်၊ လမ်းမှန်ပေါ်မှာ အခြေခံကောင်းများ ချနိုင်မည်ဟု ကျွန်တော် တွေးလိုက်သည်။ ထိုအသင်းတော်ကို ရောက်ပြီးသည့်နောက်မှာ၊ ထိုနေရာက အခြေအနေများ အားလုံးကို ကျွန်တော် နားလည်သွားသည်။ ပြီးလျှင် ညီအစ်ကိုမောင်နှမများ၏ ပြဿနာများ၊ အခက်အခဲများကို မှတ်စု ရေးထားလိုက်သည်။ သူတို့ပြဿနာများကို မိတ်သဟာယပြုပြီး ဖြေရှင်းပေးဖို့၊ ဘုရားသခင်၏နှုတ်ကပတ်တော်များထဲက ဆိုင်ရာ ကျမ်းပိုဒ်များကို နောက်မှ ရှာပေးမည်ဟု ရည်ရွယ်ထားပါသည်။ ကျွန်တော်က ထိုနေရာတွင် လူသစ်ဖြစ်သောကြောင့်၊ ညီအစ်ကိုမောင်နှမ များစွာက ကျွန်တော့်ကို မသိကြပါ။ ထို့ကြောင့် ပို၍ မိတ်သဟာယပြုဖို့အတွက် ကြိုးစားပြီး သူတို့နှင့်အတူ စုဝေးရမည်ဟု ကျွန်တော် မြင်မိသည်။ အချိန်တိုအတွင်းမှာ အသင်းတော်အလုပ်ကို ကောင်းစွာ လုပ်နိုင်ပါက၊ ကျွန်တော်က သမ္မာတရား အစစ်အမှန်ကို ပိုင်ဆိုင်ပြီး ကျွန်တော့်အလုပ်ကို လုပ်နိုင်စွမ်းရှိသည်ဟု ညီအစ်ကိုမောင်နှမများက သေချာပေါက် ခံစားမိကြမည် ဖြစ်သည်။ ထိုကဲ့သို့ဖြစ်သည့်အခါကျမှ ကျွန်တော့် ခေါင်းဆောင်များကလည်း ကျွန်တော့်ကို အထင်ကြီး လာမည် ဖြစ်သည် ထို့နောက်တွင် အသင်းတော်က အသိပေးချက်တစ်ခု ထုတ်ပြန်သည်။ ကျွန်တော်တို့အဆင့်မှာ မဖြစ်မနေ ဝင်ရောက်ရမည့် သမ္မာတရားများနှင့်၊ ယင်းတို့ကို မိတ်သဟာယပြုဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှာ ဆီလျော်ရာကျမ်းပိုဒ်များကို ရှာရမည်ဟု ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် သက်သေပြဖို့အတွက် တကယ့် အခွင့်အလမ်းတစ်ခု ဖြစ်နေသောကြောင့်၊ ကျွန်တော် အလွန် ပျော်သွားသည်။ ထို့ကြောင့် သမ္မာတရား၏ ဤရှုထောင့်များ အားလုံးနှင့်ဆိုင်သည့် ဘုရားသခသင်၏မိန့်မြွက်ချက်အချို့ကို ကျွန်တော် ရှာသည်။ ပြီးလျှင် ယင်းတို့ကို စုစုစည်းစည်းဖြစ်အောင် သေချာပြင်ဆင်သည်။ ထိုတစ်ချိန်လုံး စိတ်ထဲမှာလည်း၊ “ဖြစ်ချင်တော့ လုပ်ဖော်ကိုင်ဖက် တွေ့ဆုံပွဲက မနက်ဖြန်လုပ်မှာ။ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ငါ တစ်ညလုံးရှာထားတာ ငါ့ အလုပ်ဖော်တွေက သိမှာပဲ။ ပြီးရင် ငါက တာဝန်သိတတ်ပြီး စိတ်ချယုံကြည်ရတယ်ဟု သေချာပေါက် ပြောကြမှာပဲ။” ဟု တွေးနေမိသည်။ ထိုကဲ့သို့နှင့် ကျွန်တော် ပြင်ဆင်လို့ မပြီးမီ မိုးလင်းလုနီးနီး ဖြစ်နေပြီဖြစ်သည်။ ထင်သည့်အတိုင်းပင်၊ စည်းဝေးပွဲ အချိန်ရောကသည့်အခါ၊ ကျွန်တော် ရှာထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်ပြီး၊ ကျွန်တော့်အလုပ်ဖော်များအားလုံးက ကျွန်တော့်ကို တလေးတစားနှင့် ကြည့်ကြသည်။ အချို့က “အစ်ကိုချမ်းက တော်တော် တာဝန်သိတာပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက ဆီလျော်တဲ့ဒီကျမ်းပိုဒ်တွေကို သူ တစ်ညလုံး ရှာထားတာ။” ဟု ပြောသည်။ အချို့ကမူ “တော်တော်မှန်တယ်။ အစ်ကိုချမ်းက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို တော်တော်ဖတ်ပုံရတယ်။” ဟု ပြောကြသည်။ နောက်အစ်ကိုတစ်ယောက်ကု “အစ်ကိုချမ်း၊ ဒီ ဘုရားနှုတ်ကပတ်တော်တွေ အားလုံးကို ရှာဖို့၊ ဘယ်လောက်တောင် အိပ်ရေးပျက်ခံခဲ့လဲဗျာ။” ဟု စိုးရိမ်ပြီး ပြောသည်။ ဤအရာများ အားလုံးကို ကြားရသည်ကို ကျွန်တော် ပီတိဖြစ်မိသည်။ မိုးလင်းသည့်အထိ ကျွန်တော် မအိပ်ဘဲနေခဲ့သည်မှာ အလကား မဖြစ်တော့ပါ။ ညီအစ်ကိုမောင်နှမများကလည်း ကျွန်တော် မည်မျှ ကြိုးစားထားမှန်း မြင်ကြသည်။ ရင်ထဲမှာ လှုပ်ရှားနေသည်ကို ဖုံးရင်းနှင့်၊ “ဒါတွေကို ရှာပြီးတဲ့အချိန်မှာ မိုးလင်းခါနီးနေပြီ။ ကျွန်တော်က အလုပ်ပြီးဖို့ဆိုရင် တစ်ညလုံးမအိပ်ဘဲ နေတတ်တယ်။ ဒီလိုပဲဖြစ်သင့်တယ်လေ။ ဘာမှ ကြွားစရာမဟုတ်ပါဘူး။ စည်းဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေ မိတ်သဟာယပြုနိုင်ဖို့ နှောင့်နှေးနေတာမျိုး မဖြစ်အောင်လို့ပါ။” ဟု ကျွန်တော် ပြောလိုက်သည်။ နောက်တော့ သူက ကျွန်တော့်ကို အလုပ်မှာ တာဝန်သိသည်၊ တစ်ညလုံး မအိပ်ဘဲ ဒုက္ခခံနိုင်သည်ဟု ပြောသည်။ ကျွန်တော့်ရင်ထဲမှာ အပျော်များ ပြည့်သွားခဲ့လေသည်။ ကျွန်တော့်ကို အရည်အချင်းရှိသည့် ခေါင်းဆောင်တစ်ယောက်ဟု ညီအစ်ကိုမောင်နှမများ အားလုံးက ပြောလာအောင်၊ ကျွန်တော်လည်း ဆက်ပြီး အလုပ်ကြိုးစားခဲ့ရသည်။

နောက်ပိုင်းမှာ ဧဝံဂေလိတရား ဖြန့်ဝေသည့်အလုပ်က တိုးတက်လာသောကြောင့်၊ နောက်ထပ် အသင်းတော် နှစ်ခု သုံးခုခန့် တည်ထောင်ခဲ့သည်။ နေ့တိုင်း ညီအစ်ကို မောင်နှမများကို ပျိုးထောင်ဖို့ အသင်းတော်တိုင်းကို လှည့်သွားပြီး မနက်ကနေ ညအထိ ကျွန်တော် လုပ်ခဲ့သည်။ အခက်အခဲရှိသည့် မည်သူကိုမဆို၊ သူတို့ပြဿနာများ ပြေလည်အောင် စိတ်ရှည်ရှည်နှင့် မိတ်သဟာယပြုပေးပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ပြသည်။ ကျွန်တော့်အပေါ် လူများ၏ ထင်မြင်ချက်များက ပို၍ ကောင်းလာသည်။ တစ်ခါက ညီအစ်ကိုမောင်နှမအချို့က ဧဝံဂေလိတရား ဖြန့်ဝေနေစဉ် ပြဿနာတစ်ခုကြုံရပြီး မဖြေရှင်းနိုင်ကြပါ။ သူတို့က အပျက်သဘောဆောင်လာပြီး အားနည်း လာကြသည်။ ထို့ကြောင့် ထိုအကြောင်းကို မိတ်သဟာယပြုဖို့ ကျွန်တော့်ထံ သူတို့ ရောက်လာကြသည်။ ကျွန်တော်က ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့်ပတ်သက်ပြီး ယခင်က ကျွန်တော့် အတွေ့အကြုံကို သူတို့ကို ဝေမျှသည်။ ကျွန်တော်က “ကျွန်တော် ဧဝံဂေလိ သွားဖြန့်ခဲ့တဲ့ လူတွေဆိုရင်၊ သူတို့မှာ အယူအဆတွေ ရှိကြတော့၊ လက်မခံကြဘူး။ တချို့ဆို ကျွန်တော့်ကို သူတို့အိမ်ထဲကနေ ဆွဲထုတ်ကြတယ်။ အဲဒီအချိန်တုန်းကတော့ ဒါကို တော်တော် ခက်ခဲတယ်လို့ပဲ ထင်မိတယ်။ ဒါနဲ့ ဘုရားသခင်ဆီ မပြတ်တမ်း ဆုတောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေထဲက ဆိုင်ရာဆိုင်ရာ ကျမ်းပိုဒ်တွေကို တစ်ညလုံးမအိပ်ဘဲ ရှာတယ်။ အဲဒီလူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ သူတို့နဲ့ ခဏခဏ မိတ်သဟာယ ပြုတယ်။ ဘုရားသခင်ရဲ့အသံကို သူတို့တွေ ကြားနိုင်ပြီးတော့၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို ရနိုင်အောင်၊ ကျွန်တော် အဲဒီလိုလုပ်ခဲ့တာပါ။ အရှက်ရတာတွေ၊ အခက်အခဲတွေ ဘယ်လောက်ပဲ ရင်ဆိုင်ရပါစေ ကျွန်တော် အရှုံးမပေးခဲ့ဘူး။ နောက်ဆုံးမှာ သူတို့အားလုံးကို ကျွန်တော် သိမ်းသွင်းနိုင်ခဲ့တယ်။” ဟု ပြောလိုက်သည်။ ကျွန်တော်ပြော၍ ပြီးသွားသည့်အချိန်မှာ၊ အစ်ကိုတစ်ယောက်က တလေးတစားနှင့် “အစ်ကိုချမ်းက ဆင်းရဲဒုက္ခကို ဘယ်လိုသည်းခံရမယ်ဆိုတာ သူ တကယ်သိတယ်။ ဝန်ထုပ်ဝန်ပိုးကို သူ တကယ်ထမ်းရွက်တာပဲ။” ဟု ပြောသည်။ အချို့ကလည်း “ငါတို့အားလုံး ဧဝံဂေလိတရားကို အစ်ကိုချမ်း ဖြန့်ဝေသလို ဖြန့်ဝေသင့်တယ်။” ဟု ပြောကြသည်။ ဤညီအစ်ကိုမောင်နှမများ အထင်ကြီးနေသည်ကို မြင်ရတော့၊ ကျွန်တော်လည်း တော်တော် ပီတိဖြစ်ခဲ့သည်။ နောက်ပိုင်းမှာ သူတို့အလုပ်များမှာ အခက်အခဲ ကြုံရသည့်သူများက အကူအညီတောင်းဖို့အတွက် ကျွန်တော့်ကို လာရှာကြသည်။ လူနည်းစုကသာ ကျွန်တော်နှင့် အတူလုပ်နေသည့် အစ်ကိုထံ သွားသည်။ ညီအစ်ကို မောင်နှမများက သူတို့ တာဝန်များကို ထမ်းဆောင်နေချိန်မှာ၊ ကျွန်တော် ခိုင်းသည့်အရာ ဘာမဆို တက်ကြွစွာ လုပ်ဆောင်ကြသည်။ သူတို့ ကျွန်တော့်ကို မည်မျှ အထင်ကြီးနေသည်ကို မြင်ရသည့်အခါ၊ ကျွန်တော် မိမိကိုယ်ကိုယ် ပို၍ပို၍ အသိအမှတ်ပြုလာသည်။ ကျွန်တော်က အသင်းတော်၏ ဒေါက်တိုင်တစ်ခု ဖြစ်လာသလို ခံစားမိသည်။

တွေ့ဆုံပွဲတစ်ခုမှာ ကျွန်တော်က မိမိအလုပ်မှာ မည်မျှ ဒုက္ခခံပြီး မည်သည့်အရာများ ပေးဆပ်ခဲ့သည်၊ မည်သည့်ရလဒ်များ ရခဲ့သည်ကို ဆက်တိုက်ပြောသည်။ ရုတ်တရက် ညီမတစ်ယောက်က “အစ်ကိုချမ်း အစ်ကို ပြောတာကို ကျွန်မကြားရတာ အများစုက အစ်ကို့တာဝန်ကို ထမ်းဆောင်နေတုန်းမှာ အစ်ကို ဘယ်လောက်ဒုက္ခခံပြီး အသုံးတော် ခံခဲ့သလဲဆိုတာတွေပဲ။ ဒါပေမဲ့ အစ်ကို ဆင်းရဲဒုက္ခကြုံတဲ့အခါ ဘာအားနည်းချက်တွေ ရှိခဲ့တယ်၊ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ အစ်ကို့မှာ ပေါ်ခဲ့တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအသိမျိုး ရခဲ့တယ်၊ အစ်ကို့ အခက်အခဲတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ဘယ်လို ရှာခဲ့တယ်ဆိုတာတွေကို မပြောသွားဘူးနော်။ အစ်ကိုက ဘယ်လို ဖောက်ပြန်ပျက်စီးမှုမှ မရှိသလိုဖြစ်နေတယ်။” ဟု ကျွန်တော့်ကို ပြောသည်။ သူ ဤကဲ့သို့ပြောပြီးသည့်နောက်မှာ အခြားလူများက ကျွန်တော့်ကို ကြည့်သည်။ ကျွန်တော် ဆွံ့အသွားသည်။ အားလုံးရှေ့မှာ အရှက်ခွဲခံရသလို ခံစားရသည်။ မျက်နှာလည်း နီရဲသွားခဲ့သည်။ စိတ်ထဲမှာလည်း “ငါ့ကို အဲဒီလိုပြောလိုက်တာ၊ ငါတော့ ဒီညီအစ်ကိုမောင်နှမတွေ အားလုံးရှေ့မှာ အရှက်ရတာပေါ့။ ငါ့ကို သူတို့ ဘယ်လိုထင်ကြမှာလဲ။” ဟု တွေးမိသည်။ သိက္ခာလေး ပြန်ထိန်းလို့ရအောင်၊ “ညီမ မိတ်သဟာယပြုသွားတာ မှန်ပါတယ်။ အစ်ကို လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ အစ်ကိုတို့ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေမှာ အခက်အခဲတွေ ကြုံနေရတယ်။ ပြီးတော့ အပျက်သဘောဆောင်ပြီး အားနည်း လာကြတယ်။ အစ်ကိုတို့ ဖောက်ပြန်ပျက်စီးမှုကိုပဲ ပြောမနေသင့်ဘူး။ အပြုသဘောဆောင်တဲ့ လက်တွေ့လုပ်ဆောင်မှုတွေကို ပိုပြီး မိတ်သဟာယပြုရမယ်။ အစ်ကိုတို့ ညီအစ်ကိုမောင်နှမတွေ ရှေ့ဆက်ဖို့ လမ်းတစ်ခု ရပြီး ယုံကြည်ခြင်းကို တွေ့နိုင်ဖို့၊ ဒါက တစ်ခုတည်းသော နည်းလမ်းပါပဲ။” ဟု မြန်မြန်ပဲ ပြောချလိုက်သည်။ နောက်ပိုင်းမှာ အချို့ ညီအစ်ကိုမောင်နှမများက ပြောသည်။ ကျွန်တော့် အတွေ့အကြုံများနှင့် အသိပညာများအကြောင်း ပြောပါက၊ ကျွန်တော်က မိမိမှာ ပေါ်ခဲ့ဖူးသည့် ဖောက်ပြန်ပျက်စီးမှု အများစုကို ထုတ်မပြောဘဲ ထားပြီး၊ ကျွန်တော် မည်သို့ဒုက္ခခံခဲ့သည်၊ မည်သို့ အဖိုးအခများ ပေးဆပ်သည်၊ အလုပ်တာဝန်မှာ မိမိဇာတိပကတိကို မည်သို့ စွန့်လွှတ်ခဲ့သည်တို့ကိုသာ များစွာ ပြောနေသောကြောင့်၊ ကျွန်တော်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာမှာ တကယ်ကို ကျွမ်းကျင်သလိုလို ထင်သွားကြသည်ဟု ပြောလေသည်။ ညီအစ်ကိုမောင်နှမများထံမှ ဤကဲ့သို့ သတိပေးခြင်းများကို ကြုံရသည့်အခါ၊ ကျွန်တော် စိတ်မသက်မသာဖြစ်မိသည်။ “ငါ မိတ်သဟာယပြုနေတဲ့ ဒီအရာတွေက တကယ်ကို မသင့်တော်ဘူးလား။ တစ်ခါတလေမှာ ငါ ဘယ်လို မာနထောင်လွှားပြီး တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာကို မိတ်သဟာယပြုတာ ရှိတော့ရှိပါတယ်။ အဲဒီအပြင် ကိုယ့်အလုပ် တာဝန်မှာ တော်တော်ကောင်းတဲ့ ရလဒ်တွေချည်းပဲ အမြဲရခဲ့ပြီး အသင်းတော် အလုပ်ကိုလည်း အနှောင့်အယှက်မဖြစ်စေခဲ့ဘူး။ ဒါဆိုရင် ကျွန်တော် မိတ်သဟာယပြုတဲ့ပုံစံက တစ်ခုခုမှားတာ မရှိနိုင်ဘူးဆိုတဲ့ သဘောပေါ့။” ဟု တွေးမိသည်။ ထို့ကြောင့် ကျွန်တော်က မိမိကိုယ်ကိုယ် လေးလေးနက်နက် ဆင်ခြင်ခြင်း မလုပ်ခဲ့ပါ။

နောက်ပိုင်းမှာ အသင်းတော်အလုပ်၏ လိုအပ်ချက်များကြောင့်၊ ကျွန်တော့်တာဝန်ကို ဆက်လုပ်ဖို့ အခြားအသင်းတော် တစ်ခုကို ပြောင်းရွှေ့ခဲ့ရသည်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များနှင့် စည်းဝေးပွဲတစ်ခုမှာ၊ အစ်ကိုကျန်းက အလေးအနက်လေသံမျိုးနှင့် “အစ်ကိုချမ်း ဟိုဘက် အသင်းတော်ကနေ အစ်ကို ထွက်လာကတည်းက၊ အဲဒီက ညီအစ်ကိုမောင်နှမတွေက သူတို့ အလုပ်တွေကို စိတ်ဝင်စားမှု မရှိကြတော့ဘူး။ တချို့အခက်အခဲတွေ ကြုံပြီဆိုလည်း၊ သူတို့က ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ ဖတ်တာမျိုး၊ သမ္မာတရားကို ရှာဖွေတာမျိုး မလုပ်ကြဘူး။ သူတို့ပြဿနာတွေကို အစ်ကို ဖြေရှင်းပေးတာမျိုးပဲ လိုချင်ကြတာ။ တချို့က တွေ့ဆုံပွဲတက်ချင်စိတ်တောင် မရှိကြတော့ဘူး။ အစ်ကိုက ကိုယ့်အလုပ်မှာ ဘုရားသခင်ကို ချီးမြှောက်တာ၊ ဘုရားသခင်အတွက် သက်သေခံတာ မရှိခဲ့ဘူးဆိုတာကို ဒါက ပြပါတယ်။ အစ်ကိုက တခြားလူတွေ အစ်ကို့ကို အထင်ကြီး ကိုးကွယ်လာအောင် ကိုယ်ရည်သွေးပြခဲ့တာပဲ။ ဒါ မကောင်းတဲ့ အပြုအမူတစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ အစ်ကို အချိန်နည်းနည်း ယူသင့်တယ်။” ဟု ပြောသည်။ သူ ပြောသည့်အရာများ နားထောင်ပြီး၊ ကျွန်တော် အံ့အားသင့်သွားသည်။ “ဒါ ဘယ်လိုဖြစ်ရတာလဲ။ ငါ့ညီအစ်ကိုမောင်နှမတွေ အားလုံးက ငါ့ကို ကိုးကွယ်နေကြတုန်းပဲလား။ ဒါ အရေးကြီးတဲ့ပြဿနာပဲ။” ဟု တွေးမိသည်။ ကျွန်တော် တော်တော် စိုးရိမ်သွားသည်။ နောက်တော့ စည်းဝေးပွဲမှာ မိတ်သဟာယ ပြုခြင်းများကို ကျွန်တော် တစ်ခုမျှ မကြားမိတော့ပါ။ ကျွန်တော့်ခေါင်းထဲမှာ အကုန်ရောထွေးနေသည်။ ဤအခြေအနေကို ကျော်လွှားဖို့ ကျွန်တော် မည်သို့ လုပ်ရမည်ကို လုံးဝမသိခဲ့ပါ။ ကျွန်တော် အိမ်ပြန်ရောက်တော့ အစ်ကိုကျန်း၏ စကားများကိုသာ တွေးတောနေမိသည်။ ကျွန်တော့်အလုပ်မှာ အချို့ ရလဒ်များ ထွက်ခဲ့သည့်အပြင်၊ အချို့ပြဿနာများကို ဖြေရှင်းဖို့ ကျွန်တော်က သမ္မာတရားနှင့် မိတ်သဟာယ ပြုနိုင်ခဲ့သည်ဟု အစက ထင်ခဲ့သည်။ ယင်းမှာ ဤကဲ့သို့ အကျိုးဆက်မျိုးဖြစ်လာလိမ့်မည်ဟု ကျွန်တော် လုံးဝ တွေးမိမည်မဟုတ်ပါ။ တကယ်တော့ ဤသည်မှာ ကျွန်တော့်ကို တော်တော်ကို စိတ်ညစ်စေခဲ့ပါသည်။ အကူအညီ မဲ့နေရင်း၊ ကျွန်တော် ဘုရားသခင်ထံ “ဘုရားသခင်၊ ကျွန်တော့်ပြဿနာ၏ ရင်းမြစ်ကို တွေ့ပြီး၊ ကိုယ့်ကိုယ်ကိုယ် တကယ် နားလည်နိုင်အောင်၊ ကျွန်တော့်ကို ဉာဏ်အလင်းဖွင့်ပြတော်မူပါ။” ဟု ဆုတောင်းခဲ့သည်။

နောက်ပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ကျွန်တော် တွေ့ခဲ့သည်။ “ယိုယွင်းသောသူအပေါင်းသည် ၎င်းတို့ကိုယ်ကို ချီးမြောက်ပြီး ၎င်းတို့အကြောင်းကို သက်သေခံကြသည်။ ၎င်းတို့သည် မိမိတို့အကြောင်းကို လှည့်ပတ်ကြွားဝါတတ်ကြပြီး မိမိ၏အရှိန်အဝါကို ဖြန့်ကြက်ကြသည့်အပြင် ဘုရားသခင်ကို စိတ်နှလုံးသွင်းခြင်း လုံးဝမရှိပေ။ ငါပြောပြနေသောအရာနှင့် ပတ်သက်ပြီး သင်တို့၌ အတွေ့အကြုံတစ်စုံတစ်ရာ ရှိသလော။ လူများစွာသည် ၎င်းတို့အကြောင်းကို အဆက်မပြတ် သက်သေခံနေကြသည်- ‘ငါသည် ဤပုံစံ ထိုပုံစံဖြင့် ဒုက္ခဆင်းရဲခံခဲ့သည်၊ ငါသည် ဤအလုပ် ထိုအလုပ်ကို လုပ်ဆောင်ခဲ့ပြီ၊ ဘုရားသခင်သည် ငါ့ကို ဤနည်းထိုနည်းဖြင့် ဆက်ဆံခဲ့သည်။ သူသည် ဤသို့ထိုသို့လုပ်ရန် ငါ့ကို စေခိုင်းခဲ့သည်၊ ကိုယ်တော်သည် အထူးသဖြင့် ငါ့ကို အထင်ကြီးသည်။ ယခုအခါ ငါသည် ဤကဲ့သို့ ထိုကဲ့သို့ ဖြစ်သည်။’ ၎င်းတို့သည် အသံနေအသံထားတစ်ခုခုဖြင့် တမင်သက်သက် စကားပြောကြပြီး ဟန်ပန်အမူရာတစ်မျိုးမျိုးကို ရွေးချယ်ကြသည်။ နောက်ဆုံးတွင် လူအချို့က ဤလူတို့သည် ဘုရားသခင်ဖြစ်ကြောင်း ယူဆခြင်းဖြင့်အဆုံးသတ်ကြသည်။ ၎င်းတို့သည် ယင်းအဆင့်သို့ ရောက်သည်နှင့် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ကို စွန့်ခွာခဲ့သည်မှာ ကြာမြင့်နေပြီး ဖြစ်လိမ့်မည်။ လောလောဆယ်အချိန်တွင် ၎င်းတို့သည် လျစ်လျူရှုခြင်းကို ခံရပြီး နှင်ထုတ်ခြင်းကို မခံရသော်လည်း ၎င်းတို့၏ကံကြမ္မာကို သတ်မှတ်ပြီးဖြစ်၍ ၎င်းတို့လုပ်နိုင်သောအရာတစ်ခုတည်းမှာ ၎င်းတို့၏ အပြစ်ဒဏ်ပေးခြင်းကို စောင့်ရန်သာဖြစ်၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်”)လူအချို့က မိမိတို့ကိုယ်ကိုယ်အကြောင်း ထပ်တလဲလဲ သက်သေခံဖို့၊ မိမိတို့၏ သြဇာအာဏာ အရှိန်အဝါကို မြှင့်တင်ဖို့နှင့် လူများနှင့် အဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် မိမိတို့၏ ရာထူးများကို အသုံးပြုကြစဉ်တွင်၊...၎င်းတို့သည် လူများကို သိမ်းသွင်းနိုင်ဖို့နှင့် ထိန်းချုပ်ဖို့ စဉ်ဆက်မပြတ် ကြိုးစားရင်း၊ လူတို့ကို ၎င်းတို့အား ကိုးကွယ်စေရန် နည်းလမ်းအမျိုးမျိုးနှင့် ဆောင်ရွက်မှုအမျိုးမျိုးကို အသုံးပြုကြလေသည်။ အချို့သည် ဘုရားသခင်ကဲ့သို့ ဆက်ဆံခြင်းခံရနိုင်ဖို့အလို့ငှာ၊ ၎င်းတို့မှာ ဘုရားသခင် ဖြစ်သည်ဟု တွေးထင်စေရန် လူများကို တမင်တကာ လှည့်စားကြသည်။ ၎င်းတို့သည် ဖောက်ပြန်ဖျက်ဆီးခြင်း ခံခဲ့ရဖူးသည်- ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးပြီး မာနထောင်လွှားသော သူများဖြစ်သည်၊ ၎င်းတို့ကို မကိုးကွယ်ကြဖို့နှင့် သူတို့မည်မျှကောင်းစွာ လုပ်ဆောင်ကြသည်ဖြစ်စေ ထိုအရာအားလုံးမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းကြောင့် ဖြစ်ပြီး၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု တစ်စုံတစ်ဦးကို မည်သည့်အခါတွင်မျှ ပြောမည်မဟုတ်။ အဘယ့်ကြောင့် ဤအရာများကို ၎င်းတို့ မပြောကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲ၌ မိမိတို့၏နေရာ ဆုံးရှုံးသွားမည်ကို အလွန်အမင်း စိုးရွံ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုသို့သောလူတို့သည် ဘုရားသခင်ကို‌...မည်သည့်အခါတွင်မျှ မချီးမြှောက်ဘဲ ဘုရားသခင်အတွက် မည်သည့်အခါတွင်မျှ သက်သေ မခံကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)) ဘုရားသခင့် နှုတ်ကပတ်တော်များကို ဖတ်ပြီးသွားသည့်အခါ၊ ကျွန်တော် တော်တော် စိတ်ညစ်သွားသည်။ မိမိကိုယ်ကိုယ် ဆင်ခြင်ကြည့်သည့်အခါမှ၊ ကျွန်တော်က အပြင်ပန်းတွင် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ပုံ ရှိခဲ့ပြီး ညီအစ်ကိုမောင်နှမများ၏ ပြဿနာများကို ဖြေရှင်းပေးဖို့၊ သူတို့ကို ဘုရားသခင့် နှုတ်ကပတ်တော်များနှင့် မိတ်သဟာယ ပြုပေးခဲ့သော်လည်း၊ တကယ်တမ်းတွင် အခြားလူများ ကျွန်တော့်ကို အထင်ကြီး ကိုးကွယ်ကြစေဖို့၊ မိမိကိုယ်ကိုယ် ထင်ပေါ်ဖို့ ကိုယ်ရည်သွေးဖို့သက်သက် လုပ်နေခဲ့သည်ကို မြင်မိသည်။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များက အဖွဲ့ဝင်အသစ်များရှိသည့် အသင်းတော် တစ်ခုမှာ ကျွန်တော် ခေါင်းဆောင်လုပ်ဖို့ အကြံပေးခဲ့သည့်အချိန်ကို ပြန်စဉ်းစားကြည့်ရင်း၊ ညီအစ်ကိုမောင်နှမများက ကျွန်တော့်ကို အထင်ကြီးလာအောင်၊ ခေါင်းဆောင်က ကျွန်တော့်ကို အမြင်ကောင်း လာအောင်၊ အောင်မြင်မှုများကို မည်သို့လုပ်ယူပြနိုင်မည်ကိုသာ တွေးခဲ့သည်ကို နားလည်မိသည်။ ကျွန်တော်က ထိုရည်ရွယ်ချက်အတွက် အချိန်ပို အလုပ်လုပ်ခဲ့သည်။ ဆီလျော်သော ဘုရားသခင်၏နှုတ်ကပတ်တော်များကို တစ်ညလုံး မအိပ်ဘဲရှာသည်၊ စည်းဝေးပွဲများမှာ မည်သည့်အရာကို မိတ်သဟာယပြုမည်ကို စီစဉ်သည်။ ညီအစ်ကို မောင်နှမများက ဧဝံဂေလိ ဖြန့်ဝေစဉ်မှာ အခက်အခဲများ ကြုံရသည့်အခါ၊ သူတို့ကို သမ္မာတရား၏ အခြေခံသဘောတရားများထံသို့ လမ်းပြပေးဖို့၊ ဘုရားသခင့်အလိုတော်ကို မိတ်သဟာယပြုပေးရမည့်အစား၊ ဧဝံဂေလိ ဖြန့်ဝေနေစဉ်၊ ကျွန်တော် မည်မျှဒုက္ခခံပြီး မည်သည့်အဖိုးအခများ ပေးဆပ်ခဲ့သည့်အကြောင်းကို ကြွားဝါပြောဆိုခဲ့သည်။ ကျွန်တော့်အလုပ်က တိုးတက်လာသည့်အခါ၊ ညီအစ်ကိုမောင်နှမများက ချီးမွမ်းကြသည်။ ဤသည်ကို ကျွန်တော်က နှစ်သက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကြောင့်ရသည့် ရလဒ်များကို ကျွန်တော်က နာမည်ယူခဲ့သည်။ ကျွန်တော်ကိုယ်တိုင်၏ အောင်မြင်မှုများအဖြစ် အရှက်မရှိ ကြွားလုံးထုတ်ခဲ့သည်။ တွေ့ဆုံပွဲများမှာ မိတ်သဟာယ ပြုသည့်အခါ၊ မကြာခဏ မိမိကို အများအာရုံစိုက်အောင် လုပ်ခဲ့သည်။ ကျွန်တော့်မှာ ပေါ်ခဲ့သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ အကြောင်း ပြောသည်ကို လုံးဝရှောင်ပြီး၊ အပြုသဘောဆောင်သည့် ကျင့်ကြံမှုများကိုသာ မိတ်သဟာယပြုခဲ့သည်။ ထိုအကြောင်းက ပေါ်လာခဲ့ပါက ဖော့ပြီး ပြောလိုက်သည်။ မိမိတာဝန်အပေါ် ထားသည့် သိမ်ဖျင်းသည့် မိမိ၏ ရည်ရွယ်ချက်များကိုလည်း၊ သေချာဆန်းစစ်ဖို့ ထုတ်ဖော်ပြောလျှင်၊ ပို၍ပင် တွန့်ဆုတ်ခဲ့သည်။ ကျွန်တော့်ပြဿနာများကို ထုတ်ပြောဖို့ ညီအစ်ကို မောင်နှမများကို ဘုရားသခင်က မကြာခဏ အသုံးပြုခဲ့သည်။ သို့သော်လည်း ကျွန်တော့်ရာထူးနှင့် ပုံရိပ်ကို ကာကွယ်ဖို့အတွက် သူတို့ပြောသည့်အချက်များကို လက်ခံသည်ဟုသာ ပါးစပ်က ပြောခဲ့သည်။ တကယ်တမ်း မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်း အနည်းငယ်မျှ မရှိခဲ့ပါ။ မိတ်သဟာယ ပြုသည့်အချိန်မှာ ညီအစ်ကို မောင်နှမများကို လှည့်စားဖို့ ကြီးကျယ်သည့်စကားများသာ ဆက်ပြောခဲ့သည်။ ဤနည်းနှင့် ကျွန်တော်က အလုပ်မှာ တာဝန်ခံတတ်ပြီး ဆင်းရဲဒုက္ခကို သည်းခံနိုင်သည်၊ အဖိုးအခ ပေးဆပ်နိုင်သည်ဟု ကျွန်တော် ယုံကြည်လာသည်။ အသင်းတော်မှာ မည်သည့်ပြဿနာ၊ အခက်အခဲဲရှိပါစေ သို့မဟုတ် ညီအစ်ကိုမောင်နှမများက မည်သို့အခြေအနေတွင် ရောက်နေသည်ဖြစ်စေ၊ သူတို့ အဖြေရှာတွေ့အောင် ကျွန်တော်က အမြဲ နောက်မဆုတ်တမ်း ကူညီပေးသည်။ အဖြစ်မှန်များနှင့် ဖော်ထုတ်ပြသည်ကို ခံလိုက်ရသည့်အခါမှ၊ ကျွန်တော်က အလုပ်လုပ်သည့်အခါမှာ သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်ခဲ့သလို၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အလေးမထားခဲ့သည်ကို မြင်ခဲ့သည်။ အခြားလူများ ကျွန်တော့်ကို အထင်ကြီးလာအောင် ကြွားဝါဖို့အတွက်၊ မိမိတာဝန်ကို လုပ်ဆောင်ခြင်းမှ ရလာသည့် အခွင့်အရေးကို အသုံးချခဲ့ခြင်း ဖြစ်သည်။ ကျော်ကြားမှုနှင့် နေရာကောင်းကို လိုချင်သည့် ကျွန်တော့်ဆန္ဒကလည်း ထိုနည်းနှင့် ပြည့်သွားသည်။ ဤကဲ့သို့လုပ်သည့်အခါမှာ ကျွန်တော်က ညီအစ်ကို မောင်နှမများကို ဘုရားသခင်ရှေ့ကို ခေါ်ဆောင်ရမည့်အစား ကျွန်တော့်ကို ကိုးကွယ်အောင် လုပ်ခဲ့သည်။ ဤအရာက လူများ မိမိဘက်ပါအောင်၊ နေရာကောင်း ရအောင်၊ ဘုရားသခင်နှင့် ယှဉ်ပြိုင်နေသည့်သဘော ဖြစ်ပါသည်။ ထိုအခါကျမှ ကျွန်တော်က ဘုရားသခင်ကို ဆန့်ကျင်သည့် လမ်းကြောင်းပေါ်ကို ခြေချပြီး ကြောက်စရာ ကောင်းသည့် ပြစ်မှားမှုတစ်ခုကို ကျူးလွန်မိခဲ့ပြီဆိုသည့်အချက်ကို သတိပြုမိလာခြင်း ဖြစ်သည်။ ကျွန်တော် ကြောက်သွားပြီး တကယ်ကို အပြစ်ရှိသလို ခံစားခဲ့ရသည်။ ထိုနောက်မှာ ကိုယ်တိုင်မသိလိုက်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်သည့်လမ်းကြောင်းပေါ်ကို ကျွန်တော် မည်သို့ရောက်သွားပါလိမ့်ဟု မိမိကိုယ်ကိုယ် မေးမိလေသည်။

နောက်ပိုင်းမှာ ကျွန်တော် ဘုရားသခင်၏နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ဖတ်ရသည်- “လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့်အတွက်၊ ၎င်းတို့၏သဘာဝသည် စတင်ပြောင်းလဲခဲ့ပြီး ပုံမှန်လူတို့ ပိုင်ဆိုင်သည့် ဆင်ခြင်တုံတရား အသိစိတ်ကို ၎င်းတို့ တဖြည်းဖြည်း ဆုံးရှုံးခဲ့ကြသည်။ ယခုတွင် ၎င်းတို့သည် လူသား၏နေရာတွင် လူသားများကဲ့သို့ ကျင့်ကြံပြုမူခြင်း မရှိကြတော့ပေ။ ထို့ထက် ၎င်းတို့သည် လူ၏ အဆင့်အတန်းကို ကျော်လွန်ရန် ဆန္ဒရှိကြပြီး၊ သာ၍မြင့်မားကာ သာဤကြီးမြတ်သော အရာတစ်ခုကို တမ်းတကြသည်။ နောက်ပြီးလျှင် ဤပို၍မြင့်မားသော ဤအရာက အဘယ်နည်း။ သူတို့သည် ဘုရားသခင်ကို ကျော်လွန်ရန်၊ ကောင်းကင်ကို ကျော်လွန်ရန်နှင့် အခြားအရာခပ်သိမ်းကို ကျော်လွန်ရန် ဆန္ဒရှိကြသည်။ လူတို့ ဤကဲ့သို့ဖြစ်လာပြီးသည့် အကြောင်းရင်း၏ အရင်းအမြစ်တွင် အဘယ်အရာရှိသနည်း။ အရာရာကို ခြုံငုံသုံးသပ်ရလျှင်၊ လူသား၏ သဘာဝမှာ လွန်ကဲစွာ မာနထောင်လွှားသည်...လူတို့သည် သဘာဝနှင့် အနှစ်သာရတွင် တိုး၍ မာနထောင်လွှားလာသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် ဘုရားသခင်အား မနာခံဘဲ ဆန့်ကျင်သည့်အရာများ၊ သူ၏ နှုတ်ကပတ်တော်များကို အရေးမစိုက်သည့်အရာများ၊ သူ့အကြောင်း အယူအဆများကို ဖြစ်ပေါ်စေသည့်အရာများ၊ သူ့အား ပုန်ကန်သည့်အရာများနှင့် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံသည့် အရာများကို ပြုလုပ်နိုင်စွမ်း ရှိလာကြသည်။ သင်သည် မာနထောင်လွှားခြင်းမရှိဟု ပြောသော်လည်း အသင်းတော်အချို့ကို သင့်အားပေးပြီး ယင်းတို့ကို ဦးဆောင်ရန်အခွင့်ပေးသည် ဆိုကြပါစို့၊ ငါသည် သင့်ကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ မိသားစုထဲမှ မည်သူမျှ သင့်ကို ပြုပြင်ခြင်း မရှိခဲ့ဟု ဆိုကြပါစို့- ၎င်းတို့ကို သင် ခဏကြာ ဦးဆောင်ပြီးနောက်တွင် သင်သည် ၎င်းတို့ကို သင့်ခြေသို့ ဆောင်ကြဉ်းမည်ဖြစ်ပြီး၊ သင်၏ ရှေ့တွင် ကျိုးနွံနာခံစေမည် ဖြစ်သည်။ ဤသို့ဆိုလျှင် အဘယ့်ကြောင့် သင် ထို့သို့ ပြုမိမည်နည်း။ ဤသည်ကို သင်၏သဘာဝက သတ်မှတ်ပေမည်။ ယင်းမှာ သဘာဝအလျောက် ထုတ်ဖော်ခြင်းမှတစ်ပါး အခြားအရာဖြစ်မည် မဟုတ်ပေ။ သင်သည် ဤအရာကိုသင်ယူဖို့ရန် အလွန် အားထုတ်ကြိုးပမ်းစရာ မလိုသကဲ့သို့၊ သင့်အား အခြားသူများကို အထူးတလည် ထိုအရာကို သင်ခိုင်းစရာလည်း မလိုအပ်ပေ။ သင်သည် ဤအရာတစ်ခုတစ်လေကိုမျှ တမင်တကာ ပြုလုပ်စရာ မလိုအပ်ပါပေ။ ဤသို့သော အခြေအနေမျိုးသည် သင့်အတွက် အလိုအလျောက် ဖြစ်လာပေသည်- သင်သည် လူတို့ကို သင်၏ ရှေ့တွင် ကျိုးနွံနာခံစေသည်၊ သင့်အား ကိုးကွယ်စေသည်၊ သင့်အား ချီးမြှောက်စေသည်၊ သင့်အကြောင်းကို သက်သေခံစေပြီး၊ အရာခပ်သိမ်းတွင် သင့်အား နာခံစေကာ၊ သင်၏ စီရင်ပိုင်ခွင့်ကို ကျော်လွန်၍ ၎င်းတို့ကို လုပ်ဆောင်ခွင့်မပေးချေ။ သင်၏ ခေါင်းဆောင်မှုအောက်တွင် ထိုကဲ့သို့သော အခြေအနေများမှာ အလိုအလျောက် ဖြစ်ပွားလေသည်။ ဤသို့ဖြစ်လျှင် ဤအခြေအနေများမှာ အဘယ်သို့ဖြစ်လာသနည်း။ ယင်းတို့ကို လူသား၏ မာနထောင်လွှားသော သဘာဝက ချမှတ်ထားခြင်း ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူသား၏ မာနထောင်လွှားသော သဘာဝသည် ဘုရားသခင်အပေါ် သူဆန့်ကျင်ခြင်း၏ အရင်းအမြစ် ဖြစ်သည်”) ကျွန်တော်က မိမိအလုပ်မှာ ဘုရားသခင်ကို စိတ်ကျေနပ်စေချင်သော်လည်း၊ အဘယ့်ကြောင့် ဘုရားသခင်ကို ဆန့်ကျင်သည့်လမ်းကြောင်းပေါ် မရည်ရွယ်ဘဲ ခြေချမိခဲ့သည်ကို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်မိသည့်အခါမှ နားလည်သွားသည်။ ဤအရာ၏ အရင်းအမြစ်က ကျွန်တော့်ထဲမှာရှိသည့် မာနထောင်လွှားပြီး ဆိုးယုတ်သည့်သဘာဝ ဖြစ်ပါသည်။ ကျွန်တော့်၏ မာနထောင်လွှားသည့် သဘာဝ၏ ထိန်းချုပ်မှုအောက်မှာ မိမိကိုယ်ကိုယ် အလွန် အထင်ကြီးခဲ့သည်။ အခြားလူများက ကျွန်တော့်ကို အထင်ကြီး ကိုးကွယ်လာအောင်၊ အပြောအဆို အပြုအမူ နှစ်မျိုးလုံးမှာ ကိုယ်ရည်သွေးပြဖို့သာ အများအားဖြင့် ကြိုးစားခဲ့သည်။ ညီအစ်ကို မောင်နှမများက သူတို့တာဝန်များကို ထမ်းဆောင်နေရင်း ပြဿနာများ ကြုံရသည့်အခါမှာ၊ သူတို့ သမ္မာတရားကို နားလည်ပြီး၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းတစ်ခု ရကြအောင်၊ ကျွန်တော်က သမ္မာတရား၏ အခြေခံသဘောများကို မိတ်သဟာယမပြုခဲ့ပါ။ မိမိကိုယ်ကိုယ် အမြင်ကောင်းစေဖို့အတွက် အပေါ်ယံ စကားများနှင့် အယူဝါဒများကိုသာ ပြောခဲ့သည်။ ပြီးလျှင် ကျွန်တော်ကိုယ်တိုင် ဒုက္ခခံခဲ့သည့်၊ အလုပ်လုပ်ခဲ့သည့် အတွေ့အကြုံများကို ကိုယ်ရည်သွေးပြဖို့ အရင်းအနှီးအနေနှင့် အသုံးချသည်။ ယင်းတို့ကြောင့် ညီအစ်ကိုမောင်နှမများက ကျွန်တော့်ကို သမ္မာတရားကို နားလည်သည်၊ သူတို့ပြဿနာများကို ဖြေရှင်းပေးနိုင်သည်ဟု အထင်ကြီး ယုံကြည်သွားကြခြင်း ဖြစ်သည်။ သူတို့မည်သည့်အခက်အခဲကို ကြုံရပါစေုပါက၊ ကျွန်တော့်ထံကိုသာ အမြဲတမ်းလာသည်။ သူတို့၏ ပြဿနာများကို ဖြေရှင်းဖို့၊ ဘုရားသခင်ကို အားကိုးပြီး သမ္မာတရားကို ရှာဖွေသင့်သည်ကို သတိမပြုမိကြတော့ပါ။ သူတို့ နှလုံးသားထဲမှာ ဘုရားအတွက် နေရာမရှိခဲ့ကြပါ။ ကျွန်တော် အခြားကို ပြောင်းသွားသည့်နောက်မှာ၊ ညီအစ်ကိုမောင်နှမအချို့က စည်းဝေးပွဲများကို မတက်ချင်တော့သည့်အထိ ဖြစ်သွားကြသည်။ ဤသည်မှာ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ခြင်းဟု မည်သို့ခေါ်နိုင်မည်နည်း။ ကျွန်တော်က မကောင်းမှုကျူးလွန်ပြီး ဘုရားသခင်ကို ဆန့်ကျင်နေခြင်း သက်သက်ဖြစ်သည်။ ဤကဲ့သို့ မကောင်းမှုကို ကျွန်တော် လုပ်နိုင်ခြင်းက ကျွန်တော့်၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့ကြောင့် ဖြစ်သည်။ ကျွန်တော် ဖြစ်ချင်ခဲ့သည့်အရာအားလုံးက လူများအပေါ် မင်းမူဖို့သာ ဖြစ်သည်။ တစ်ဖက်မှာ မိမိအဆင့်အတန်းနှင့် ပုံရိပ်ကို ကာကွယ်ရင်း၊ တစ်ဖက်ကလည်း ညီအစ်ကိုမောင်နှမများ အားလုံး မိမိကို ကိုးကွယ်ပြီး အာရုံစိုက်လာအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။ ဂုဏ်အဆင့်အတန်းဆိုသည့် ကောင်းချီးကို အငမ်းမရလိုချင်ခဲ့ခြင်း ဖြစ်သည်။ တကယ့် စိတ်အတွင်းထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့မှုအနည်းငယ်မျှ မရှိသည်ကို ကျွန်တော် မြင်နိုင်ခဲ့သည်။ လူများက မာနထောင်လွှားသည့် သဘာဝတစ်ခုနှင့် အသက်ရှင်သည့်အခါမှာ၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းက အလိုအလျောက် ဖြစ်လာသည်။ ဤသည်မှာ တကယ်ကို အလွန် အန္တရာယ်ရှိပါသည်။ ဘာသာရေးလောကက သင်းအုပ်များနှင့် အကြီးအကဲများကို ကျွန်တော် စဉ်းစားကြည့်သည်။ သူတို့က ဘုရားသခင်ကို မချီးမြှောက်ဘဲ၊ ဘုရားသခင်အတွက် သက်သေ မခံသကဲ့သို့၊ ယုံကြည်သူများက သခင့်နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်လာအောင်လည်း မပို့ဆောင်ပါ။ ထိုအစား ယုံကြည်သူများကို လှည့်စားဖို့အတွက် သမ္မာကျမ်းဆိုင်ရာ အသိပညာနှင့် ဘာသာရေးပညာဆိုင်ရာ သီအိုရီများကို အသေးစိတ်ရှင်းပြ ပြီး သူတို့ မည်မျှ ဒုက္ခခံခဲ့သည်၊ သူတို့ လူမည်မျှကို သက်ဝင်ယုံကြည်မှု ပြောင်းလဲစေပြီးဖြစ်သည်၊ အသင်းတော်များကို မည်မျှ တည်ထောင်ခဲ့ပြီးဖြစ်သည်တို့ကို ကြွားဝါပြသည်။ ယင်းက ယုံကြည်သူများအား သူတို့ကို ကိုးကွယ်လာစေသည်။ အထင်ကြီး လာစေသည်။ သူတို့ပြောသည့် မည်သည့်အရာကိုမဆို လုပ်လာစေသည်။ အချို့က အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ပြီး ဘုရားသခင်၏အသံတော်ကို ကြားခဲ့ပြီးဖြစ်သည်။ သို့တိုင် သင်းအုပ်နှင့် အကြီးအကဲများဆီကို သွားမေးပြီး သူတို့နှင့်အတူ စစ်ကြည့်ကြသည်။ သင်းအုပ်ဆရာများ၏ ခွင့်ပြုချက်မပါလျှင်၊ ဤသည်မှာ မှန်ကန်သည့်လမ်း ဖြစ်သည်ကို သူတို့သိနေလျက်နှင့်ပင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်မခံရဲကြပါ။ ဘာသာရေးလောကက သင်းအုပ်ဆရာများနှင့် အကြီးအကဲများက လူများကို သူတို့ထိန်းချုပ်မှုအောက်မှာ ခိုင်ခိုင်မာမာကို ထားထားကြသည်။ သူတို့က အန္တိခရစ်၏ ဘုရားသခင်ကို ဆန့်ကျင်သည့်လမ်းကို လျှောက်သည်။ အမှီအခို ကင်းသည့် နိုင်ငံတော်တစ်ခုကို ဖန်တီးဖို့ ကြိုးစားနေကြသည်။ ကျွန်တော်က လူများက မိမိကို အထင်ကြီးလေးစားကြအောင်၊ မိမိအလုပ်မှာ အများအားဖြင့် ကိုယ်ရည်သွေးပြခဲ့သည်။ ထိုသင်းအုပ်များ၊ အကြီးအကဲများနှင့် ကျွန်တော်က မည်သို့များ ကွာခြားသနည်း။ အဖွဲ့ဝင်အသစ်များရှိသည့် ထိုအသင်းတော်က ညီအစ်ကို မောင်နှမများအကြောင်း ကျွန်တော် စဉ်းစားမိသည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို သူတို့ လက်ခံတာ မကြာသေးပါ။ သူတို့ နားမလည်သေးသည့် သမ္မာတရားများ အများကြီးရှိသေးသည်။ အသင်းတော်ကို ဦးဆောင်သည့်တာဝန်ကို ထမ်းဆောင်ဖို့ ဘုရားသခင်က ကျွန်တော့်ကို မြှင့်တင်ပေးခဲ့သည်။ ထို့ကြောင့် ကျွန်တော်က သူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း ပို၍ပင် မိတ်သဟာယပြုခဲ့သင့်သည်။ ဘုရားသခင်၏အမှုတော်ကို ပို၍ သက်သေခံခဲ့သင့်သည်။ သို့မှသာ သမ္မာတရားကို သူတို့ နားလည်ပြီး၊ ဘုရားသခင်အကြောင်း သိလာမည် ဖြစ်သည်။ လမ်းမှန်ပေါ်မှာ အခြေခံကောင်းများ ချမိလိမ့်မည်။ သို့သော်လည်း ကျွန်တော် မည်သည့်အရာကို လုပ်ခဲ့သနည်း။ ထိုတာဝန်ကို ထမ်းဆောင်ဖို့ ကျွန်တော် ကြိုးစားရာတွင် မည်သည့်အရာများ ထွက်လာသနည်း။ လူတိုင်းကို ကျွန်တော့်ကို ကိုးကွယ်အောင်လုပ်ခဲ့သည်။ ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာတစ်ခုမျှ မရရှိစေခဲ့ပါ။ ဤကဲ့သို့လုပ်ရင်းနှင့် ကျွန်တော့်ကြောင့် ညီအစ်ကိုမောင်နှမများ ထိခိုက်ခဲ့ကြသည်။ အသင်းတော်အလုပ်ကို ကြားဖြတ် နှောင့်ယှက်မိခဲ့သည်။ ကျွန်တော် လျှောက်နေခဲ့သည့်လမ်းက အခြားလမ်းမဟုတ်ဘဲ၊ အန္တိခရစ်၏ ဘုရားသခင်ကို ဆန့်ကျင်သည့်လမ်းကြောင်း ဖြစ်ပါသည်။ ကျွန်တော် စဉ်းစားကြည့်လေလေ၊ စိတ်ပူပြီး နေ၍ထိုင်၍မရလေ ဖြစ်သည်။ ကျွန်တော် မည်မျှ မာနထောင်လွှားခဲ့သည်၊ ဘုရားသခင်ကို ကြောက်ရွံ့မှု မည်မျှကင်းမဲ့ခဲ့သည်ကို မြင်နိုင်ခဲ့သည်။ ပြီးလျှင် ကျွန်တော့်လုပ်ရပ်များက ဘုရားသခင်၏ စိတ်သဘောထားကို အချိန်အကြာကြီး ပုန်ကန်ပြစ်မှားနေခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်ကသာ ကျွန်တော့်ကို ပြုပြင်ဖို့ ကိုင်တွယ်ဖြေရှင်းဖို့၊ ညီအစ်ကိုမောင်နှမများကို ထိုကဲ့သို့ အသုံးမပြုခဲ့ပါက၊ ကျွန်တော့်လုပ်ရပ်များ အပေါ် ပြန်ပြီးဆင်ခြင်သုံးသပ်ဖို့ ကျွန်တော် သိခဲ့မည်မဟုတ်ပါ။ ထိုလမ်းအတိုင်း ဆက်သွားမိခဲ့ပါက၊ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းများကို ခံရသည့်အထိ ကျွန်တော် မည်မျှပင် မကောင်းမှုများ လုပ်မိလိမ့်မည်ကို မပြောနိုင်ပါ။ ကြောက်စိတ်က မပြေသေးဘဲ၊ ဘုရားသခင်ရှေ့မှာ “ဘုရားသခင် ကျွန်တော် သိပ်ကို မာနထောင်လွှားခဲ့ပါတယ်။ ကိုယ့်အလုပ်မှာ အမြဲလိုလို ကိုယ်ရည်သွေးပြပါတယ်။ ဒါတွေကြောင့် ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ကိုးကွယ်လာကြတယ်။ သူတို့စိတ်နှလုံးတွေမှာ ကိုယ်တော့်အတွက် နေရာမရှိတော့ပါဘူး။ ကျွန်တော် မကောင်းမှုတွေလုပ်ပြီး ကိုယ်တော့်ကို ဆန့်ကျင်ခဲ့တယ်။ ကိုယ်တော်ရဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံထိုက်ပါတယ်။ ဘုရားသခင်၊ သမ္မာတရားကို အလေးအနက် အားထုတ်ဖို့၊ အသစ်တဖန်ပြန်စဖို့ ကိုယ်တော်ရှေ့မှာ ကျွန်တော် နောင်တရလိုပါတယ်။” ဟု ကျွန်တော် ပျပ်ဝပ် ဆုတောင်းခဲ့သည်။

ထိုနောက်မှာ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်တော် ဖတ်မိသည်- “ဖန်ဆင်းခံတစ်ခုအနေနှင့် လူသားသည် သူ၏ကိုယ်ပိုင်အနေအထားကို ထိန်းသိမ်းပြီး အသိဉာဏ်ရှိရှိ ပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒ မပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁))လူသားတို့ ရှာဖွေသည့်အရာ သို့မဟုတ် သူတို့အလိုရှိသည့်အရာမှာ မည်သည့်အရာဖြစ်ပါစေ၊ ဖန်ဆင်းရှင်ရှေ့မှောက်သို့ ပြန်လာပြီး သူတို့ လုပ်ရမည့်အရာနှင့် သူတို့အား အပ်နှံထားသည့်အရာကို တာဝန်ကျေပွန်စွာ ဆောင်ရွက်ပြီးမြောက်သောသူတို့သာလျှင် မည်သည့်ဒုက္ခဆင်းရဲမျှ မရှိဘဲ အေးငြိမ်းသောအသိစိတ်နှင့် မှန်ကန်သင့်လျော်သည့် နည်းလမ်းဖြင့် နေထိုင်ကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အသက်ရှင်ရခြင်း၏ အဓိပ္ပာယ်နှင့် တန်ဘိုးပင်ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖန်ဆင်းခံသတ္တဝါတစ်ဦး၏တာဝန်အား ကောင်းစွာဆောင်ရွက်ခြင်းအားဖြင့်သာလျှင် လူတစ်ဦး၏ဘဝ တန်ဖိုးရှိစေ၏”) ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်မှာ သူသည် ဖန်ဆင်းခြင်းသခင်ဖြစ်သည်၊ လူများက သူ့ကို ကိုးကွယ်ပြီး နာခံခြင်းကသာ မှန်ကန်ပြီး သင့်လျော်သည်၊ သဘာဝကျသည်ကို ကျွန်တော် နားလည်ခဲ့သည်။ ပြီးလျှင် ကျွန်တော်က ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ယောက်၊ သေးငယ်လှသည့် ဖန်ဆင်းခံ သက်ရှိတစ်ယောက်သာ ဖြစ်သည်ကို သိခဲ့သည်။ ကျွန်တော်က ဆိုးယုတ်သည့် စိတ်သဘောထားများ ပြည့်နေခဲ့သည်။ မာနထောင်လွှားသည်၊ လှည့်ဖြားတတ်သည်၊ ပြီးလျှင် ဆိုးယုတ်သည်။ သို့တိုင် ကျွန်တော်က ကြွားဝါပြီး လူများ၏ စိတ်နှလုံးထဲမှာ နေရာယူဖို့ အမြဲတမ်း ကြိုးစားသည်။ ကျွန်တော်က တကယ်ကို အရှက်မရှိဘဲ၊ အသိစိတ်လုံးဝမရှိသည့်အထိ မာနထောင်လွှားခဲ့သည်။ ကျွန်တော် စဉ်းစားကြည့်လေလေ ပို၍ပင် ရှက်လေလေ ဖြစ်သည်။ မျက်ကန်းလို ဖြစ်ပြီး၊ ဘုရားသခင်ကို မသိခဲ့ခြင်းအတွက် မိမိကိုယ်ကိုယ် မုန်းတီးမိသည်။ မိမိကိုယ်ကိုယ် မည်သို့သောလူဖြစ်သည်ကို မသိခဲ့ပါ။ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ဖို့ ယနေ့ ဤနေရာကို ရောက်နေနိုင်ခြင်းက ဘုရားသခင်၏ ကျေးဇူးတော်နှင့် ချီးမြှောက်မှုကြောင့် ဖြစ်ပါသည်။ ကျွန်တော်က ဖန်ဆင်းခံ တစ်ယောက်အဖြစ် မိမိအတွက် သင့်လျော်သည့်နေရာမှာ နေသင့်သည်။ ပြီးလျှင် သမ္မာတရားကို အားထုတ်ခြင်း၊ ဘုရားသခင်ကို ချီးမြှောက်ခြင်း၊ ဘုရားသခင်ကို သက်သေခံခြင်း၊ တာဝန်များကို ကောင်းအောင် လုပ်ဆောင်ခြင်းတို့ကို အာရုံစိုက်သည့်၊ ရိုးသားတည်ကြည်သူ တစ်ယောက် ဖြစ်သင့်သည်။ သို့မှသာ ကျွန်တော်က ဖန်ဆင်းခံ တစ်ယောက်ရှိသင့်သည့် စိတ်ဓါတ်နှင့် အသိတရားရှိမည် ဖြစ်သည်။

နောက်ပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ လက်တွေ့လုပ်ဆောင်မှု ဝင်ရောက်မှု လမ်းကြောင်းတစ်ခုကို ကျွန်တော် ရှာခဲ့သည်။ ကျွန်တော် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်အချို့ကို ဖတ်ခဲ့ရပါသည်- “ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို ပို၍ အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ခံစားခဲ့ပြီးကြောင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို အဘယ်သို့ ခံခဲ့ရကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ဤကဲ့သို့သော စကားအသုံးအနှုန်းမျိုးကို ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် စစ်မှန်ပြီး နှလုံးသားထဲမှဖြစ်သည့် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများကို ပို၍ပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်မှာ၊ ကျွန်တော့်တာဝန်မှာ ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်နှင့်ပတ်သက်ပြီး အနည်းငယ် နားလည်သွားခဲ့သည်။ ကျွန်တော့်အနေနှင့် ဘုရားသခင်၏ အမှုတော်ကို မည်သို့ ကြုံတွေ့ခဲ့ရသည်၊ မည်သို့ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ကျွန်တော့်မှာ ပေါ်ခဲ့သည်၊ ကျွန်တော်က ဘုရားသခင်ကို မည်သို့ ပုန်ကန်ဆန့်ကျင်ခဲ့သည်၊ သူ၏ နှုတ်ကပတ်တော်များနှင့် မိမိကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်ရင်း၊ မိမိအကြောင်း ဆင်ခြင်မိပြီး မည်သို့သိလာခဲ့သည်၊ မည်သို့ နောင်တရပြီး ပြောင်းလဲခဲ့သည်တို့ကို ဘုရားသခင်အတွက် သက်သေခံရာမှာ ပို၍ ပြောဆိုသင့်ပါသည်။ သမ္မာတရားကို မိတ်သဟာယပြုခြင်းမှတစ်ဆင့် ဘုရားသခင်၏ အလိုတော်နှင့် ဘုရားသခင်၏ တောင်းဆိုမှုများကို လူများ နားလည်အောင် ကျွန်တော် ကူညီသင့်သည်။ လူများကို ကယ်တင်ဖို့ ကိုယ်တော် လုပ်ဆောင်သည့်အမှုတော်နှင့် သူ့စိတ်သဘောထားကို နားလည်အောင် ကူညီသင့်သည်။ ပြီးလျှင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး နာခံနိုင်အောင်၊ ဖန်ဆင်းခံများ၏ တာဝန်များကို ထမ်းဆောင်နိုင်အောင် ကျွန်တော် ကူညီသင့်ပါသည်။ ဤကဲ့သို့ လုပ်ခြင်းအားဖြင့်သာ ဘုရားသခင်ကို ကျွန်တော် အမှန်တကယ် ချီးမြှောက်ပြီး သက်သေခံနိုင်မည် ဖြစ်သည်။ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခဲ့ဖူးသည့် အချိန်များကို ကျွန်တော် စဉ်းစားကြည့်သည်။ အချိန်အများစုမှာ ကျွန်တော်က မည်မျှ ဒုက္ခခံခဲ့သည်၊ မည်သို့အဖိုးအခကို ပေးဆပ်ခဲ့သည်၊ ဘုရားသခင်၏ဆောင်ရွက်မှုများကို ကျွန်တော် မည်သို့မြင်တွေ့ပြီး၊ ဘုရားသခင်၏ ကောင်းချီးများကို ရခဲ့သည်ဟူသည့် အကြောင်းများသာ ပြောခဲ့သည်။ ကျွန်တော့်မှာ မည်သို့ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ပေါ်ခဲ့သည်၊ မည်သို့သိမ်ဖျင်းသည့် ရည်ရွယ်ချက်များ ရှိခဲ့သည်တို့နှင့် ပတ်သက်ပါက၊ ကျွန်တော်က ယင်းတို့ကို အမြဲတမ်း ဖုံးကွယ်ခဲ့သည်၊ ပြောဖူးလျှင်ပင် ရှားပါသည်။ ညီအစ်ကို မောင်နှမများက ကျွန်တော့် ဖောက်ပြန်ပျက်စီးမှုကို မြင်ပါက၊ ကျွန်တော့်အပေါ် သူတို့ အမြင်များက နိမ့်ကျသွားမည်ကို ကျွန်တော် ကြောက်လန့်နေခဲ့သည်။ ကျွန်တော် တကယ်ကို လှည့်ဖြားတတ်သည့် သဘာဝရှိခဲ့ပါသည်။ ဤအရာများကို သတိပြုမိပြီးသည့်နောက်မှာ၊ ကျွန်တော် အစ်ကိုကျန်းကို ရှာသည်။ ပြီးလျှင် လူများကို လှည့်စားဖို့ ကိုယ်ရည်သွေးပြတတ်သည့် ကျွန်တော့်၏ မကောင်းသည့် လုပ်ရပ်များကို ဖွင့်ပြောခဲ့သည်။ အစ်ကိုကျန်းကို ကျွန်တော် ယခင်က အလုပ်လုပ်ခဲ့သည့် အသင်းတော်ဆီ သွားခိုင်းပြီး၊ ထိုနေရာက ညီအစ်ကို မောင်နှမများနှင့် ကျွန်တော့်အပြုအမူကို ဆန်းစစ်ဖို့၊ ထိုကဲ့သို့ လူများ ပို၍ ပိုင်းခြားသိမြင် လာစေဖို့အတွက် ကျွန်တော် တောင်းဆိုခဲ့ပါသည်။ အစည်းအဝေးမှာ ကျွန်တော့်၏ မကောင်းသည့် အပြုအမူများကို ညီအစ်ကိုမောင်နှမများကိုလည်း ဖွင့်ပြောခဲ့ပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သက်သေခံခဲ့ပါသည်။ ပြီးလျှင် ကျွန်တော့်ကဲ့သို့ ဘုရားသခင်ကို ဆန့်ကျင်သည့်လမ်းကို မလျှောက်မိဖို့အတွက်၊ မည်သည့်အရာကို မလုပ်သင့်သည်ကို သိအောင် ကျွန်တော့်ကို ဥပမာယူကြဖို့ လူတိုင်းကို ပြောပြခဲ့သည်။

ထိုနောက်ပိုင်း ကျွန်တော့်တာဝန်ထဲမှာ ဘုရားသခင်ကို သတိရှိရှိ ချီးမြှောက်ပြီး သက်သေခံခဲ့သည်၊ ပြီးလျှင် လူသားအတွက် သူ့အလိုတော်၊ သူ့၏ သတ်မှတ်ချက်များနှင့် သူ့၏ ချစ်ခြင်းများကို မိတ်သဟာယပြုခဲ့သည်။ ကျွန်တော့်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုနှင့် အကျည်းတန်မှု၊ ပြီးလျှင် ကျွန်တော်၏လုပ်ရပ် နောက်ကွယ်က ကြံရွယ်ချက်များကို ဖော်ထုတ်ခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကိုယ်ကျွန်တော် သိဖို့နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ကျွန်တော့်ကို မည်သို့ လမ်းပြခဲ့သည်ကို ဖွင့်ဟပြီး မိတ်သဟာယ ပြုခဲ့သည်။ ဤနည်းအားဖြင့် ကျွန်တော်လည်း ဖောက်ပြန်ပျက်စီးခဲ့သည်ကို ညီအစ်ကို မောင်နှမများ သိမည် ဖြစ်သည်။ အခြားလူများ၏ ပြဿနာများကို ဖြေရှင်းပေးနေချိန်မှာ တစ်ခါတစ်ရံ ကျွန်တော့်၏ အရင်က အောင်မြင်မှုများကို ကြွားချင်ခဲ့သေးသည်။ သို့သော်လည်း ချက်ချင်း ဘုရားသခင်ထံ ကျွန်တော် ဆုတောင်းပြီး မိမိကိုယ်ကိုယ် စွန့်လွှတ်သည်။ သူတို့နှင့် သမ္မာတရားကို ရှာပြီး လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများကို မိတ်သဟာယ ပြုသည်။ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်မှုမျိုးက ကျွန်တော့် စိတ်နှလုံးကို ငြိမ်သက်သည့် ခံစားချက်တစ်ခု ပေးသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပြုမူခြင်းက နှစ်သက်စရာ ဖြစ်သည်။ ပြောင်းလဲနိုင်ပြီး မှန်သည့် လမ်းကြောင်းပေါ် ပြန်ရောက်နိုင်ခြင်းက ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းများကို ခံရသောကြောင့် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဧဝံဂေလိ ဝေမျှရင်း အခက်အခဲများကို ရင်ဆိုင်ရန်နည်းလမ်း

ကယ်လ်ဗင် ပီရူးနိုင်ငံ ပီရူးက မြို့ငယ်လေးမှာ ကျွန်တော် နေတယ်။ တစ်မိသားစုလုံးနဲ့ အဲဒီက တခြားရွာသား အများစုက ကက်သလစ်ဘာသင်တွေ ဖြစ်တယ်။ ဒါပေမဲ့...

ဧဝံဂေလိဖြန့်ဝေခြင်း လမ်းကြမ်း (၁)

မြန်မာနိုင်ငံ အမ်းရှင်း ကျွန်မက မြန်မာကပါ။ ၂၀၁၉ခုနှစ် မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...

လူမုန်းမခံချင်သူများသည် ဘုရားသခင်၏ ချီးမြှောက်မှုကို ရယူနိုင်ပါသလား

လီယျူရီ တရုတ်နိုင်ငံကျွန်မ ယုံကြည်သူမဖြစ်မီက အခြားလူများကို မစော်ကားမိစေဖို့ အမြဲတမ်း ဂရုစိုက်ခဲ့ပြီး လူတိုင်းနှင့် အဆင်ပြေသည်။...

ဘုရားသခင်ကို ယုံကြည်ရာလမ်းပေါ်မှ တိုးတက်မှုတစ်ရပ်

တင်ဆက်သူ- ဇူအန်ဘီယန်၊ ရှန်ဟိုင်းမြို့တော် ဘုရားသခင်ကိုယုံကြည်ခဲ့ပြီး၊ ဘုရားသခင်နောက်သို့ နှစ်ပေါင်း များစွာ လိုက်ပါခဲ့သော်လည်း၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။