တာဝန်တစ်ခုကို အယောင်ပြသက်သက်ထမ်းဆောင်ခြင်း၏ အကျိုးဆက်များ
၂၀၂၁ ခုနှစ်မှာ အသင်းတော်သုံးလေးခုရဲ့ အလုပ်တွေကို ကျွန်မ ဦးဆောင်ရတယ်။ ဒီအသင်းတော်တွေက တည်ထောင်တာ မကြာသေးဘူး။ အလုပ်တွေအားလုံးက အစပိုင်းပဲရှိသေးတယ်။ အလုပ်ကို ညွှန်ကြားဖို့အတွက် ကျွန်မတို့ အထက်ခေါင်းဆောင်က ခဏခဏ လာရတယ်။ ပြဿနာတွေတွေ့ရင် သူက အချိန်မီ မိတ်သဟာယဖွဲ့တယ်။ သူက အထူးသဖြင့် ဧဝံဂေလိအလုပ်အကြောင်းကို ခဏခဏမေးတယ်။ တခြားအသင်းတော်တွေရဲ့ ဧဝံဂေလိအလုပ်က တော်တော်ကောင်းနေတာတွေ၊ သူတို့မှာ လမ်းမှန်ကို လေ့လာနေတဲ့၊ လတိုင်းသူတို့အသင်းတော်တွေဆီကိုလာပူးပေါင်းတဲ့သူတွေ တော်တော်များများရှိနေတာကို ကျွန်မ မြင်တော့ အရမ်းအားကျမိတယ်။ ကျွန်မ တွေးမိတယ်။ ဒီဧဝံဂေလိအလုပ်က အထက်ခေါင်းဆောင်အတွက် တော်တော် အရေးကြီးတယ်။ ကျွန်မက အဲဒီနေရာမှာ တော်တော်အားနည်းနေတာ။ ကျွန်မက ကောင်းကောင်းမလုပ်နိုင်ဘဲ ဧဝံဂေလိအလုပ်က နှောင့်နှေးနေရင် ကျွန်မက အစွမ်းအစမရှိဘူး၊ အလုပ်ကိုမလုပ်နိုင်ဘူးလို့ ခေါင်းဆောင်က ပြောပြီး ကျွန်မကို ထုတ်ပစ်မှာ သေချာတယ် ပေါ့။ အဲဒါနဲ့ အချိန်ခဏလောက်အထိ ဧဝံဂေလိအလုပ်ကို ကျွန်မ တော်တော်အားစိုက်တယ်။ အခြေအနေတွေနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ ခဏခဏ ကြီးကြပ်စစ်ဆေးတယ်။ ဖြေရှင်းချက်တွေရှာဖို့အတွက် ပြဿနာတွေကို သူတို့နဲ့အတူ အနှစ်ချုပ်ကြည့်တယ်။ ဒါပေမဲ့ တခြားအလုပ်တွေကို ကျွန်မကသိပ်မမေးဘူး။ နောက်ဆက်တွဲလိုက်မလုပ်ဘူး။ အချိန်နည်းနည်းကြာတော့ ကျွန်မတို့ ဧဝံဂေလိအလုပ်မှာ နည်းနည်းပိုကောင်းတဲ့ရလဒ်တွေရလာတယ်။ ဒါပေမဲ့ ရေလောင်းအလုပ်ရဲ့ ထိရောက်မှုက လျော့လာတယ်။ တချို့ ယုံကြည်သူအသစ်တွေက အခက်အခဲတွေ ကြုံရတယ်။ သင်းအုပ်ဆရာတွေက နှောင့်ယှက်တာကို ခံရတယ်။ အချိန်မီ ရေလောင်းတာ၊ ပံ့ပိုးပေးတာကို မခံရဘူး။ ဒါကြောင့် သူတို့တွေက အပျက်သဘောဆောင်ပြီး စုဝေးပွဲတွေ မတက်ကြတော့ဘူး။ ကျွန်မက ဒါကို မြင်တော့ ရေလောင်းအမှုထမ်းတွေ နည်းနေတယ်၊ ဒီတော့ တချို့ယုံကြည်သူအသစ်တွေကို ရေလောင်းသူတွေဖြစ်အောင် လေ့ကျင့်ပေးသင့်တယ်လို့ တွေးမိတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားမိတယ်။ အထက်ခေါင်းဆောင်က အဲဒီအချိန်မှာ ဧဝံဂေလိအလုပ်ကို အဓိက အာရုံစိုက်နေတာ။ တခြားအသင်းတော်တွေက ဒီကဏ္ဍမှာ အခြေအနေကောင်းတယ်။ ကျွန်မက ရလဒ်ကောင်းတွေ မရရင် ကျွန်မက လုပ်ရည်ကိုင်ရည်မရှိဘူးလို့ ခေါင်းဆောင်က သေချာပေါက်ထင်မှာပဲ ပေါ့။ ကျွန်မက ဧဝံဂေလိအလုပ်ကို အားစိုက်သင့်တယ်လို့ တွေးမိတယ်။ စိတ်ထဲမှာ အဲဒီလိုတွေးပြီး လူသစ်တွေကို ပျိုးထောင်ပေးဖို့ကို ကျွန်မ သိပ်မစဉ်းစားခဲ့ဘူး။ ခေါင်းဆောင်က နောက်ပိုင်းမှာ ကျွန်မတို့အလုပ်ကို စစ်ဆေးတော့ အခုလတွေမှာ ယုံကြည်သူသစ်တွေကို ကျွန်မတို့က လေ့ကျင့်မပေးတာ၊ အသင်းသားအသစ်တွေက အချိန်မီ ရေလောင်းခြင်းမခံရတာတွေကို သူတွေ့သွားတယ်။ သူက စိတ်ဆိုးပြီးပြောတယ်။ “ယုံကြည်သူအသစ်တွေကို ပျိုးထောင်ပေးဖို့ ဘုရားအိမ်တော်က ခဏခဏ လိုအပ်တယ်။ ကျွန်မတို့အလုပ်ရဲ့ ဒီလောက်အရေးပါတဲ့အပိုင်းကို အစ်မတို့က ရပ်နားထားတာ ဘာလို့လဲ” တဲ့။ ရေလောင်းအလုပ်အတွက် ကျွန်မတာဝန်ကိုသူက ပြန်ရုတ်သိမ်းသွားတယ်။ ကျွန်မက နည်းနည်းဇဝေဇဝါဖြစ်နေတာပေါ့။ ဒါပေမဲ့ ဒါကို ဦးမဆောင်ရတာ ကိစ္စမရှိဘူးလို့ ကျွန်မ တွေးမိတယ်။ လုပ်စရာ အသင်းတော်အလုပ်တွေ အများကြီးရှိတယ်။ ကျွန်မက အမီမလုပ်နိုင်ဘူး။ ဒီတော့ ဧဝံဂေလိအလုပ်ကိုပဲ တာဝန်ယူရင် ကျွန်မ ကောင်းကောင်းလုပ်နိုင်တယ်ပေါ့။ ကျွန်မမှာရှိတဲ့ ပြဿနာတွေအားလုံးကို ကျွန်မ သတိမထားမိခဲ့ဘူး။ လူသစ်တွေကို ရေလောင်းတာလိုမျိုး အရေးကြီးတဲ့ ကျွန်မတာဝန်ကို ရုတ်သိမ်းခံရတာက ကျွန်မအတွက် ယူရမယ့်သင်ခန်းစာတစ်ခုရှိရမယ်ဆိုတာကို နောက်တစ်နေ့ ဘုရားဝတ်ပြုတဲ့အချိန်ကျမှ ကျွန်မ သဘောပေါက်သွားတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ်ကို သုံးသပ်ရမယ်ပေါ့။ ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားကို တိတ်တဆိတ် ဆုတောင်းပြီး ကျွန်မ ကိုယ့်ကိုယ်ကိုယ် သိဖို့အတွက် ဉာဏ်အလင်းဖွင့်ပြီး လမ်းပြဖို့ တောင်းလျှောက်လိုက်တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ လတ်တလောမှာ ခေါင်းဆောင်က စစ်နေတဲ့အလုပ်ကိုပဲ ကျွန်မက အာရုံစိုက်နေတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ခေါင်းဆောင်က မပြောဘူးဆိုရင် ကျွန်မက ကိုယ်တာဝန်ယူရတဲ့အပိုင်းမှာ ပြဿနာပေါ်လာတဲ့အခါမှာတောင် အရေးမစိုက်ဘူး။ ကျွန်မက အယောင်ပြသက်သက်ပဲ အလုပ်လုပ်နေတာ မဟုတ်ဘူးလား။ နောက်ပိုင်းမှာ ဆက်စပ်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ တွေ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အချို့သော အသင်းတော်များသည် အထူးသဖြင့် ဧဝံဂေလိ ဖြန့်ဝေသည့် အလုပ်တွင် နှေးကွေးကြပြီး ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များက မိမိတို့၏တာဝန်များတွင် ပေါ့လျော့ပြီး အမှားများစွာ ပြုလုပ်ကြခြင်းကြောင့်သက်သက်သာ ဖြစ်ပေသည်။ အလုပ်ကိစ္စ အမျိုးမျိုးကို ဆောင်ရွက်နေစဉ်တွင် အယောင်ဆောင် ခေါင်းဆောင်များ ဖြေရှင်း၊ ပြုပြင်ကာ ကုစားရမည့် ပြဿနာများ၊ သွေဖည်မှုများနှင့် သတိမမူခြင်းများစွာ အမှန်တကယ် ရှိပေသည်။ သို့သော် ၎င်းတို့သည် တာဝန်သိစိတ်မရှိသောကြောင့် အစိုးရ အရာရှိနှင့်ဆိုင်သည့် အပိုင်းကိုသာ လုပ်ဆောင်နိုင်ပြီး တကယ့် အလုပ်ကို မလုပ်ကြသောကြောင့် အကျိုးဆက်အနေဖြင့် ဆိုးရွားသော အမှားတစ်ခု ဖြစ်စေကြပေသည်။ အချို့အသင်းတော်၏ အသင်းသားများသည် စည်းလုံးမှု ဆုံးရှုံးကြပြီး အချင်းချင်း အားနည်းစေကြသည်၊ အချင်းချင်း သံသယရှိပြီး သတိထားလာကြသည်။ ဘုရားအိမ်တော်က ၎င်းတို့အား ထုတ်ပယ်မည်ကိုလည်း ပူပန်ကာ စိုးရွံ့လာကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ သတ်သတ်မှတ်မှတ်ဖြစ်သော မည်သည့်အလုပ်ကိုမျှ မဆောင်ရွက်ကြချေ။ ၎င်းတို့၏ အလုပ်က တုံ့ဆိုင်းသည့် အခြေအနေတွင် ရှိနေသည်ကို အယောင်ဆောင် ခေါင်းဆောင်များက နည်းနည်းမျှ ဝမ်းမနည်းကြချေ။ ၎င်းတို့သည် လက်တွေ့ကျသည့် အလုပ်တစ်ခုခုကို လုပ်ဆောင်ရန် မိမိတို့ကိုယ်ကိုယ် မလှုံ့ဆော်နိုင်ကြသကဲ့သို့ ထိုအစား ၎င်းတို့အလုပ်သည် အထက်အတွက်သာ လုပ်ဆောင်ထားသည့်အလား လုပ်ရမည့်အရာနှင့် မလုပ်ရမည့်အရာများကို ၎င်းတို့အား ပြောသည့် ညွှန်ကြားချက်များကို ပေးပို့ရန် အထက်ကိုသာ စောင့်ဆိုင်းကြလေသည်။ အထက်က အတိအကျ သတ်မှတ်ချက်များ မပေးပို့သကဲ့သို့ တိုက်ရိုက် ညွှန်ကြားချက်၊ သို့မဟုတ် အမိန့်များ မပေးပါက မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ကြသကဲ့သို့ အလေးမထားဘဲ ဝတ်ကျေတမ်းကျေဖြစ်ကြလေသည်။ ၎င်းတို့ကို အထက်က ပေးသည့်အရာမှန်သမျှကိုမူ ၎င်းတို့ လုပ်ဆောင်ကြသည်၊ တိုက်တွန်းသည့်အခါ လှုပ်ရှားကြပြီး မတိုက်တွန်းသည့်အခါ မလှုပ်ရှားကြ အလေးမထားဘဲ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးမှာ အဘယ်နည်း။ အကျဉ်းရုံးရမည်ဆိုပါက ၎င်းတို့သည် လက်တွေ့ကျသည့်အလုပ်ကို မလုပ်ကြချေ၊ ဆိုလိုသည်မှာ ခေါင်းဆောင်များအဖြစ် ၎င်းတို့၏ အလုပ်ကို မလုပ်ကြပေ။ ၎င်းတို့သည် အလွန်အရေးပါသည့်၊ အဓိကကျသော အလုပ်နှင့်ပတ်သက်ပါက အကြီးအကျယ်စွန့်ပစ်ထားသည်။ မည်သည့်အရာကိုမျှ မလုပ်ကြချေ။ ယင်းမှာ အယောင်ဆောင် ခေါင်းဆောင်ဖြစ်သည့်အရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) အယောင်ဆောင်ခေါင်းဆောင်တွေက သူတို့ကို အမြင်ကောင်းစေတဲ့အလုပ်ကို အစွမ်းကုန်လုပ်ကြတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ တွေ့ခဲ့တယ်။ သူတို့တွေက ခေါင်းဆောင်တွေက တွန်းအားပေးတာတွေ၊ လူတိုင်းက မြင်နိုင်တာတွေကိုပဲ လုပ်တယ်။ ခေါင်းဆောင်တစ်ယောက်က တစ်ခုခုကို မလုပ်ခိုင်းဘူးဆိုရင် အဲဒီအလုပ်က ထိခိုက်နေရင်တောင်မှ သူတို့က မျက်ကွယ်ပြုတယ်။ ဖြစ်သလိုပဲလုပ်တယ်။ ဒီလိုလူမျိုးက သူ့တာဝန်မှာ အသင်းတော်အလုပ်ကို လုံးဝ မထိန်းသိမ်းဘူး။ ဘာ လက်တွေ့အလုပ်မှ မလုပ်ဘူး။ သူတို့မှာ ဘာ လူ့သဘာဝ၊ ဂုဏ်သိက္ခာမှ မရှိဘူး။ သူတို့တွေက သမ္မာတရားကို ရှာဖွေသူတွေ၊ ချစ်တဲ့သူတွေ မဟုတ်ဘူး။ တာဝန်တစ်ခုကို ထမ်းဆောင်နေတဲ့အခါမှာတောင် သူတို့က အနှောင့်အယှက်လုပ်ပြီး မကောင်းတာတွေပဲ လုပ်ကြတယ်။ အရင်တုန်းက ကျွန်မက လူ့သဘာဝကောင်းမရှိဘူးလို့ တစ်ခါမှ မခံစားရဘူး။ ဒါပေမဲ့ ကျွန်မက ဒီအခြေအနေမျိုးမှာရှိနေတာကို မြင်မိတယ်။ ကျွန်မတာဝန်ကို ထမ်းဆောင်နေတဲ့ပုံစံကို ကျွန်မ စဉ်းစားမိတယ်။ အထက်ခေါင်းဆောင်က ဧဝံဂေလိအလုပ်ကို တော်တော်ဦးစားပေးပြီး ကျွန်မက ဒီနေရာမှာ မတော်တော့ သူက ကျွန်မကို ဒီကဏ္ဍမှာ အများကြီးကူညီလမ်းပြတာကို ကျွန်မ မြင်တယ်။ အဲဒါနဲ့ ကျွန်မက ဒီနေရာမှာ ဆက်ပြီး အခက်အခဲဖြစ်နေရင် အထုတ်ခံရမှာကို စိုးရိမ်တယ်။ ကျွန်မရာထူးကို ထိန်းထားဖို့အတွက် ကျွန်မက ဧဝံဂေလိအလုပ်ကို ပိုအာရုံစိုက်လာပြီး အလုပ်ရဲ့ တခြားကဏ္ဍတွေကို လျစ်လျူရှုခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မက တခြားကိစ္စတွေက ကျွန်မလုပ်ရမယ့်အပိုင်းထဲမှာရှိတယ်၊ ကျွန်မ လိုက်စစ်ဆေးသင့်တယ်လို့ နည်းနည်းလေး စဉ်းစားမိတယ်။ ဒါပေမဲ့ ခေါင်းဆောင်က ဒါတွေအကြောင်းမမေးဘူးဆိုတော့ ဒီလောက်အရေးမကြီးပါဘူးလို့လည်း ခံစားမိတယ်။ အဲဒါနဲ့ ကျွန်မ မလုပ်ခဲ့ဘူး။ ခေါင်းဆောင်က တောင်းဆိုတဲ့၊ ကျွန်မနာမည်နဲ့ အဆင့်အတန်းအတွက် အကျိုးရှိမယ့်ဟာတွေကိုပဲ လုပ်ခဲ့တယ်။ ကျွန်မက ဘုရားအလိုတော်ကို လုံးဝ မထောက်ထားပါဘူး။ ကိုယ့်တာဝန်မှာ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ခံယူမှုမရှိဘူး။ ကျွန်မက အယောင်ပြသက်သက်အတွက်၊ ခေါင်းဆောင်က သေချာကျေနပ်ဖို့အတွက်ပဲ လုပ်နေခဲ့တာပဲ။ ကျွန်မတာဝန်အပေါ်ထားတဲ့ သဘောထားက ကျွန်မအလုပ်ကို ထိခိုက်နေပြီ။ ကျွန်မတို့က အစွမ်းအစကောင်းရှိတဲ့ ယုံကြည်သူအသစ်တွေကို ရေလောင်းပြီး ပျိုးထောင်ရမယ်၊ ဒါမှ သူတို့က တာဝန်တစ်ခုကို ယူနိုင်မယ်လို့ ဘုရားအိမ်တော်က ကျွန်မတို့ကို ခဏခဏ မိတ်သဟာယဖွဲ့ခဲ့တယ်။ ဒါဆိုရင် နိုင်ငံတော်ဧဝံဂေလိတရားရဲ့ ချဲ့ထွင်မှုကို အကျိုးဖြစ်စေမယ်။ ဒါပေမဲ့ ကျွန်မက ဒီလိုအရေးပါတဲ့အလုပ်ကို နှစ်လ၊ သုံးလအထိ မလုပ်ခဲ့ဘူး။ ဒါကြောင့် ကျွန်မတို့အလုပ်က အရမ်းနှောင့်နှေးသွားတယ်။ ဒါက မကောင်းမှုလုပ်တာပဲ။ ဒီလိုစဉ်းစားကြည့်တော့ တော်တော်စိတ်မချမ်းမသာဖြစ်တယ်။ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် သမီးဟာ အရမ်းမှားယွင်းပြီး ဉာဏ်များပါတယ်။ သမီးက ကိုယ့်ကိုယ်ကိုယ် အမြင်ကောင်းအောင်ပဲလုပ်နေပြီး အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ဘုရားသခင် သမီး နောင်တရချင်ပါတယ်” ပေါ့။
အဲဒီနောက်တော့ အန္တိခရစ်ရဲ့ စိတ်သဘောထားတွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ အဲဒါတွေက ကျွန်မ ကိုယ့်ကိုယ်ကိုယ်နားလည်အောင် ကူညီပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အန္တိခရစ်များတွင်ရှိသော သဘောထားဖြစ်သည်။ ၎င်းတို့အတွက် အကျိုးရှိသောအခါတွင်၊ လူတိုင်းက ၎င်းတို့ကို ယင်းအတွက် ချီးကျူးလေးစားမည်ဖြစ်သောအခါတွင် ၎င်းတို့သည် သေချာပေါက် မဖြစ်မနေလုပ်ကြပြီး၊ အမြင်ကောင်းစေရန်အတွက် အပေါ်ယံ အားစိုက်မှုအချို့လုပ်ဆောင်ကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် အကျိုးမရှိလျှင်၊ မည်သူကမျှ မမြင်သကဲ့သို့ အထက်ခေါင်းဆောင်များ မရှိလျှင် ထိုသို့သောအချိန်များတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်မဟုတ်သည်မှာ မေးစရာမလိုပေ။ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်းသည် ဆက်စပ်သည့် အခြေအနေအပေါ်တွင်၊ အချိန်ပေါ်တွင်၊ လူအများရှေ့တွင် လုပ်ဆောင်ရခြင်း၊ သို့မဟုတ် ကွယ်ရာတွင် လုပ်ဆောင်ရခြင်း ရှိမရှိ၊ အကျိုးအမြတ်က မည်မျှ ကြီးမားသည် ဆိုသည်တို့အပေါ်တွင် မူတည်သည်။ ၎င်းတို့သည် ထိုသို့သောအရာများနှင့်ပတ်သက်လာသည့်အခါ ထူးကဲစွာ ကျွမ်းကျင်လိမ္မာပြီး ဖြတ်ထိုးဉာဏ်ကောင်းသည်။ မည်သည့်အကျိုးအမြတ်မှမရရှိခြင်း၊ သို့မဟုတ် မိမိတို့ကိုယ်ကို ပြသမှုမပြုခြင်းသည် လက်မခံနိုင်ဖွယ်ဖြစ်သည်။ ၎င်းတို့၏ အားထုတ်မှုများ အသိအမှတ်မပြုခံရလျှင်၊ ၎င်းတို့ မည်မျှ လုပ်ဆောင်ပါစေ မည်သူကမျှ မမြင်လျှင် ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ပေ။ အလုပ်ကို ဘုရားအိမ်တော်မှ တိုက်ရိုက်စီစဉ်ထားပြီး ၎င်းတို့က ယင်းကို လုပ်ဆောင်ဖို့မှလွဲ၍ အခြားရွေးချယ်စရာမရှိလျှင် ဤသည်မှာ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် အကျိုးရှိမရှိကို ထည့်သွင်းစဉ်းစားကြဆဲဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းအတွက် ကောင်းပြီး ၎င်းတို့၏ ဂုဏ်သတင်းကို တိုးတက်စေနိုင်လျှင် ၎င်းတို့သည် ဤအလုပ်ကို အစွမ်းရှိသမျှ လုပ်ဆောင်ကြပြီး ကောင်းစွာ လုပ်ဆောင်ကြသည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်သည်ဟု ၎င်းတို့က ခံစားကြရသည်။ ယင်းက ၎င်းတို့၏ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်သတင်းအတွက် အကျိုးမရှိလျှင်၊ ဆိုးဝါးစွာလုပ်ဆောင်ခြင်းက ၎င်းတို့ကို နာမည်ပျက်စေနိုင်မည်ဆိုလျှင် ထိုအရာမှ လွတ်မြောက်ရန်အတွက် နည်းလမ်း၊ ဆင်ခြေတစ်ခုခုကို စဉ်းစားကြသည်။ ၎င်းတို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ စည်းမျဉ်းတစ်ခုတည်းကိုသာ အစဉ် ကိုင်စွဲထားသည်။ အကျိုးအမြတ်အချို့ကို ၎င်းတို့ စုဆောင်းရမည် ဟူ၍ဖြစ်သည်။ အန္တိခရစ်များ အနှစ်သက်ဆုံးသော အလုပ်အမျိုးအစားမှာ ၎င်းတို့အဖို့ မည်သည့်ဆုံးရှုံးမှုမျှ မရှိသည့်အခါ၊ ဆင်းရဲဒုက္ခမခံရသည့်၊ အဖိုးအခမပေးဆပ်ရသည့်အခါနှင့် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အကျိုးအမြတ်ရှိသည့်အခါတွင် ဖြစ်သည်။ အနှစ်ချုပ်လျှင် အန္တိခရစ်များသည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရင်ဦးဆုံး ထည့်စဉ်းစားပြီး အရာအားလုံးကို သေချာစဉ်းစားတွေးတောပြီးမှသာ ဆောင်ရွက်ကြသည်။ ၎င်းတို့သည် ညှိနှိုင်းခြင်းမရှိဘဲ သမ္မာတရားကို မှန်ကန်စွာ၊ ရိုးသားစစ်မှန်စွာ၊ အပြည့်အဝ လိုက်နာခြင်းမရှိဘဲ စိစိစစ်စစ်ရှိစွာနှင့် အခြေအနေပေါ်မူတည်၍ ဆောင်ရွက်ကြသည်။ ဤသည်မှာ မည်သည့်အခြေအနေဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အကာအကွယ်ပေးရမည်ဖြစ်ပြီး၊ မည်သည့်ဆုံးရှုံးမှုကိုမျှ မခံရစေခြင်းဖြစ်သည်။ ဤအခြေအနေနှင့် ကိုက်ညီပြီးမှသာ ၎င်းတို့သည် မည်သည့်အရာလုပ်ဆောင်ရမည်ကို ဆုံးဖြတ်ပြီး ရွေးချယ်သည်။ ဆိုလိုသည်မှာ အန္တိခရစ်တို့သည် သမ္မာတရားစည်းမျဉ်းများ၊ ဘုရားသခင်၏ စေခိုင်းချက်များနှင့် ဘုရားအိမ်တော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့ရင်ဆိုင်ရသည့်အရာများကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို အလေးအနက် စဉ်းစားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို မည်သို့ဖြည့်ဆည်းရမည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းမှ မည်သို့ထိန်းသိမ်းကာကွယ်ရမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေရမည်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမတို့အား မည်သို့ အကျိုးဖြစ်စေရမည်တို့ကို မစဉ်းစားပေ။ ဤအရာတို့သည် ၎င်းတို့ ထည့်စဉ်းစားသည့် အရာများမဟုတ်ပေ။ အန္တိခရစ်များသည် မည်သည့်အရာကို ထည့်စဉ်းစားသနည်း။ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ ထိခိုက်ခြင်းရှိမရှိနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာ နိမ့်ကျခြင်းရှိမရှိတို့ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများအတိုင်း တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိစေသော်လည်း ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး လူများစွာတို့အား ၎င်းတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို နားလည်သဘောပေါက်မိစေပြီး ၎င်းတို့တွင် မည်သည့်သဘာဝနှင့် အနှစ်သာရမျိုး ရှိသည်ကိုသိစေလျှင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအရ သေချာပေါက် လုပ်ဆောင်မည်မဟုတ်ပေ။ လက်တွေ့အလုပ်ကို လုပ်ဆောင်ခြင်းသည် ၎င်းတို့ကို လူများက ပို၍ အထင်ကြီးစေလျှင် လေးစားစေလျှင်၊ အားကျစေလျှင်၊ သို့မဟုတ် ၎င်းတို့၏ စကားများအား သြဇာအာဏာကို သယ်ဆောင်စေပြီး ပိုများသော လူတို့အား ၎င်းတို့ကို နာခံကြစေလျှင် ထိုနည်းအတိုင်းလုပ်ဆောင်ရန် ရွေးချယ်ကြလိမ့်မည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် ဘုရားအိမ်တော်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်းကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို လျစ်လျူရှုရန် ရွေးချယ်ခြင်းကို မည်သည့်အခါမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) “အန္တိခရစ်များသည် ဉာဏ်များသော လူစားမျိုးဖြစ်၏၊ ဟုတ်သည် မဟုတ်လော။ ၎င်းတို့လုပ်သမျှတွင် ပူးပေါင်းကြံစည်ပြီး ရှစ်ကြိမ်၊ ဆယ်ကြိမ်၊ သို့မဟုတ် ထိုထက်ပို၍ပင် တွက်ချက်ကြသည်။ လူစုထဲတွင် ပိုမိုတည်ငြိမ်သော ရာထူးများ ရရှိအောင် မည်သို့ပြုလုပ်ရမည်၊ ပိုကောင်းသော ဂုဏ်သတင်းနှင့် ပိုမြင့်သော ဂုဏ်သိက္ခာကို မည်သို့ရရှိရမည်၊ အထက်ကို မည်သို့မျက်နှာလိုမျက်နှာရ လုပ်ရမည်၊ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများက ပံ့ပိုးအောင်၊ ချစ်ခင်လေးစားအောင် မည်သို့ပြုရမည်ဆိုသည်တို့နှင့်ပတ်သက်သည့် အတွေးများက ၎င်းတို့၏ ခေါင်းထဲတွင် ပြည့်နေပြီး ဤရလဒ်များ ရရှိရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ မည်သည့်လမ်းကြောင်းကို ၎င်းတို့လျှောက်နေကြသနည်း။ ၎င်းတို့အတွက်မူ ဘုရားအိမ်တော်၏ အကျိုးစီးပွား၊ အသင်းတော်၏ အကျိုးစီးပွား၊ ဘုရားအိမ်တော်၏ အလုပ်တို့သည် ၎င်းတို့ အဓိက ထည့်သွင်းစဉ်းစားသည့်အရာ မဟုတ်ပေ။ ၎င်းတို့ အလေးထားသည့်အရာများ ဖြစ်ရန်မှာ ပို၍ပင် ဝေးသေး၏။ မည်သည့်အရာကို ၎င်းတို့စဉ်းစားသနည်း။ ‘ဤအရာအားလုံးက ငါနှင့်မဆိုင်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရောသာ ဖြစ်သည်။ လူတို့သည် ကိုယ့်အတွက်ကိုယ် အသက်ရှင်ရမည်။ မိမိ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အသက်ရှင်ရမည်။ ဤသည်မှာ အမြင့်ဆုံးသော ပန်းတိုင်ပင်။ အကယ်၍ လူတစ်ယောက်သည် သူ့အတွက်သူ အသက်ရှင်သင့်ကြောင်းနှင့် သူ့ကိုယ်သူ ကာကွယ်သင့်ကြောင်းကို မသိလျှင် ငတုံးပင် ဖြစ်တော့၏။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ပြီး ဘုရားနှင့် ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံဖို့ ငါ့ကို ပြောလာလျှင် ထိုအရာက ငါ့အတွက် အကျိုးတစ်ခုခုရှိမရှိ၊ ထိုသို့လုပ်ခြင်းဖြင့် အကျိုးကျေးဇူးတစ်ခုခု ရှိမရှိအပေါ်တွင် မူတည်လိမ့်မည်။ ဘုရားအိမ်တော်၏ အစီအစဉ်များကို မနာခံသောကြောင့် ငါနှင်ထုတ်ခံရနိုင်ခြေရှိပြီး ကောင်းချီးများရဖို့ အခွင့်အလမ်းကို ဆုံးရှုံးရနိုင်ခြေရှိလျှင် ငါနာခံမည်’ ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန်အတွက် အလျော့အတင်းအချို့ လုပ်ရန် မကြာခဏရွေးချယ်ကြသည်။ အဆင့်အတန်းအတွက် အန္တိခရစ်များသည် မည်သည့်ဒုက္ခမျိုးကိုမဆို ခံနိုင်သည်၊ ဂုဏ်သတင်းကောင်း ရှိရန်အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်နိုင်စွမ်းရှိသည်ဟု ဆိုနိုင်သည်။ ‘ကြီးမြတ်သောသူသည် မည်သည့်အချိန်တွင် အလျှော့ပေးပြီး မည်သည့်အချိန်တွင် အလျှော့မပေးရမည်ကို သိသည်’ ဆိုသည့် ဆိုရိုးစကားက ၎င်းတို့အတွက် မှန်ကန်ပုံရသည်။ ဤသည်မှာ စာတန်၏ တွေးခေါ်ပုံဖြစ်သည် မဟုတ်လော။ ဤသည်မှာ လောကတွင် အသက်ရှင်ခြင်းအတွက် စာတန်၏ အတွေးအခေါ်ဖြစ်သည်။ စာတန်၏ အသက်ရှင်သန်ရေး အခြေခံသဘောတရားလည်း ဖြစ်သည်။ ယင်းသည် လုံးလုံး စက်ဆုပ်ဖွယ်ပင် ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) အန္တိခရစ်တွေက သူတို့သဘာဝကိုက ဉာဏ်များပြီး လှည့်စားတတ်တယ်၊ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်နိုင်ခဲ့တယ်။ သူတို့တာဝန်မှာ သူတို့ရဲ့ နာမည်နဲ့ အဆင့်အတန်းအတွက်ပဲ စဉ်းစားတယ်။ သူတို့အကျိုးကို ရှေ့တန်းတင်တယ်။ တစ်ခုခုက သူတို့ကို အကျိုးဖြစ်စေတယ်၊ သူတို့ဂုဏ်သတင်းအတွက် အကျိုးရှိတယ်၊ ခေါင်းဆောင်တွေက ချီးကျူးတာ၊ ညီအစ်ကိုမောင်နှမတွေက ပံ့ပိုးတာကို ရစေမယ်ဆိုရင် သူတို့က စိတ်နှစ်ပြီး လုပ်ကြတယ်။ ဒါပေမဲ့ လုပ်ပြီးရင်တောင်မှ ခေါင်းဆောင်တွေက သတိမထားမိမယ့်တာဝန်တွေ၊ သူတို့နာမည်နဲ့ အဆင့်အတန်းအတွက် အထောက်အကူမဖြစ်တာတွေကျတော့ သူတို့က ဒါတွေအတွက် အဖိုးအခ မပေးဆပ်ချင်ဘူး။ အန္တိခရစ်တစ်ယောက်က တစ်ခုခုမလုပ်ခင်မှာ သူတို့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ၊ သူတို့အကျိုးအမြတ်ကို ဘယ်လိုအများဆုံးရအောင်လုပ်ရမယ်ဆိုတာကို တွက်ချက်တယ်။ အသင်းတော်အလုပ်ကို ထိန်းသိမ်းဖို့ကို လုံးဝ ထည့်မစဉ်းစားဘူး။ ကျွန်မ ပြုမူခဲ့တာတွေကို ပြန်သုံးသပ်ကြည့်ရင်းနဲ့ ကျွန်မက အန္တိခရစ်လိုမျိုး စိတ်သဘောထားကို ဖွင့်ပြတယ်ဆိုတာ တွေ့ခဲ့ရတယ်။ ကျွန်မတာဝန်မှာ အသင်းတော်အလုပ်အတွက် ဘာက အကျိုးရှိသလဲဆိုတာ မစဉ်းစားဘူး။ အသင်းတော်အလုပ်ကို မထိန်းသိမ်းဘူး။ အဲဒီအစား ကျွန်မခေါင်းဆောင်အတွက် အမြင်ကောင်းအောင်ဘယ်လိုလုပ်ရမယ်၊ သူ့ဆန္ဒကို ဘယ်လိုဖြည့်ဆည်းပြီး ကျွန်မအားနည်းချက်တွေကို သူမမြင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေကိုပဲ စိတ်ထဲမှာ တွက်ချက်နေတယ်။ ဒီနည်းနဲ့ ကျွန်မရာထူးကို ထိန်းထားနိုင်အောင်ပေါ့။ ခေါင်းဆောင်က ဧဝံဂေလိအလုပ်အကြောင်းကို ခဏခဏမေးနေတာကို ကျွန်မ သတိထားမိတော့ ဒါက သူ့အတွက် အရေးကြီးတယ်လို့ ကျွန်မ တွေးတယ်။ အဲဒါနဲ့ ကျွန်မရာထူးကို ကာကွယ်ဖို့အတွက် ဧဝံဂေလိအလုပ်ကို အရမ်းအလေးပေးလုပ်တယ်။ အဲဒီအလုပ်ကို လိုက်စစ်ဆေးပြီး အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ခေါင်းဆောင်က ရေလောင်းအလုပ်ကို အာရုံမစိုက်တာ နည်းနည်းကြာပြီဆိုတာကို ကျွန်မ တွေ့တော့ ကျွန်မအလုပ်ရဲ့ အဲဒီကဏ္ဍကို လျစ်လျူရှုခဲ့တယ်။ ကျွန်မက ဒီအပေါ်မှာ အချိန်ကုန်နေရင်တောင်မှ ခေါင်းဆောင်ချီးမွမ်းတာ ခံရမှာမဟုတ်ဘူးလို့ ကျွန်မ ခံစားမိတယ်။ ကျွန်မတို့က ရေလောင်းသူတွေ နည်းနေတာ၊ ယုံကြည်သူအသစ်တွေ အချိန်မီရေလောင်းမခံရလို့ အကျိုးဆက်တွေဖြစ်နေပြီဆိုတာတွေကို ကျွန်မ ကောင်းကောင်းသိပေမဲ့ ကျွန်မက အရေးမစိုက်သေးဘူး။ ကျွန်မရှေ့တည့်တည့်မှာတင် ရေလောင်းအလုပ်ကို ထိခိုက်နေစေခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်ကို တကယ်ကို ပါဝင်လုပ်ကိုင်နေပြီး ခေါင်းဆောင်ခိုင်းသမျှကို အမြန်လုပ်တဲ့ပုံစံရှိတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မက ကိုယ့်စီးပွားရေးကို လုပ်နေပြီး လူတွေကို လှည့်စားနေတာ၊ အယောင်ဆောင်ပုံရိပ်တစ်ခုနဲ့ ဘုရားကို လိမ်ညာနေတာပါ။ ကျွန်မက တစ်ကိုယ်ကောင်းဆန်တယ်၊ စိတ်မချရဘူး။ ဉာဏ်များတယ်။ ကျွန်မက ဒီလို အရေးကြီးတဲ့အလုပ်ကို တာဝန်ယူထားပေမဲ့ ကျွန်မက နေရာတိုင်းမှာ ကိုယ့်အကျိုးစီးပွားအတွက်ပဲ စဉ်းစားပြီး တွက်ချက်တာတွေကို ဆက်တိုက်လုပ်နေတယ်။ ကျွန်မက ကိုယ့်တာဝန်ကို နာမည်နဲ့ အဆင့်အတန်းကို ကျွန်မလိုက်စားဖို့အတွက် ခုတုံးလုပ်နေခဲ့တာပါ။ ကျွန်မက အန္တိရစ်လမ်းကြောင်းပေါ်ရှိနေခဲ့တယ်။ ကျွန်မလုပ်သမျှက ဘုရားအတွက် စက်ဆုပ်စရာဖြစ်ခဲ့တယ်။ ဒါကို ကျွန်မ နားလည်တာနဲ့ ကျွန်မက အသင်းတော်အလုပ်ကို နှောင့်ယှက်နေတာဖြစ်ပြီး ကျွန်မကို ထုတ်တာက မလွန်ဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက အရမ်း တစ်ကိုယ်ကောင်းဆန်၊ ဉာဏ်များပြီး တာဝန်မယူခဲ့ဘူး။ ကျွန်မက ဒီလိုအရေးကြီးတဲ့အလုပ်နဲ့ မထိုက်တန်ပါဘူး။ ကျွန်မ အပြစ်ရှိသလိုခံစားရပြီး နောင်တရတယ်။ ဘုရားကို အများကြီး အကြွေးတင်သလို ခံစားရတယ်။ ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားကို ဆုတောင်းလိုက်တယ်။ ခေါင်းဆောင်က တစ်ခုခုကို မေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ ကျွန်မလုပ်ရမယ့်အပိုင်းထဲမှာရှိနေသရွေ့ ကျွန်မ အစွမ်းကုန်လုပ်မယ်၊ ကျွန်မရဲ့ ပြစ်မှားမှုတွေအတွက် တကယ်ကို ပြန်ပေးဆပ်မယ် ပေါ့။ ကျွန်မ အံ့ဩသွားရတာက ဘုရားဆီမှာ နောင်တရဖို့ ကျွန်မ အသင့်ဖြစ်သွားလိုက်တာနဲ့ ခေါင်းဆောင်က ကျွန်မကို ရေလောင်းအလုပ်ကို တာဝန်ယူဖို့ ထပ်ပြောတယ်။ အဲဒီအချိန်ခဏမှာ ကျွန်မ အရမ်းစိတ်ခံစားရတယ်။ ကျွန်မ စဉ်းစားတယ်။ ဒီတာဝန်ကို ငါ လုံးဝ တန်ဖိုးထားရမယ်။ ငါ့နာမည်နဲ့ အဆင့်အတန်းကို လုံးဝ ထပ်ပြီး မစဉ်းစားရဘူးပေါ့။ အဲဒီနောက်တော့ ကျွန်မ အလုပ်ကိုစိတ်နှစ်ပြီး လုပ်တယ်။ အရေးကြီးတဲ့ကိစ္စအပေါ်မူတည်ပြီး ကျွန်မအာရုံမစိုက်ခဲ့တဲ့ တာဝန်တွေကို ဦးစားပေးတယ်။ လေ့လာသင်ယူပြီး နောက်ဆက်တွဲလိုက်လုပ်တယ်။ ပြဿနာတွေအတွက် လက်တွေ့ကျတဲ့ ဖြေရှင်းချက်တွေ ရှာတယ်။ ကျွန်မ ဒီလိုစလုပ်လိုက်တာနဲ့ တော်တော်ပိုပြီး နေလို့ကောင်းသွားတယ်။
သုံးလေးရက်ကြာတော့ အသင်းတော်က ဖယ်ရှားရေးအလုပ် လုပ်သင့်တယ်လို့ ဘုရားအိမ်တော်က အမိန့်ထုတ်တယ်။ ကျွန်မ တွေးမိတယ်။ ကျွန်မက ဧဝံဂေလိနဲ့ ရေလောင်းအလုပ်အတွက် တာဝန်ယူရတာ။ ဒါတွေက အရေးကြီးတယ်။ ဖယ်ရှားရေးအလုပ်အတွက် အဓိကတာဝန်ခံရတာမရှိဘူး ပေါ့။ ကျွန်မ တွဲဖက်က ဒါကို တာဝန်ယူလို့ရတယ်လို့ ကျွန်မ တွေးလိုက်တယ်။ အဲဒါနဲ့ ကျွန်မက ဒါကို ဦးစားမပေးတော့ဘူး။ ဒီအလုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာကိုပဲ ကျွန်မတွဲဖက်နဲ့ အကျဉ်းချုံးဆွေးနွေးလိုက်ပြီး သူ့ကို တာဝန်ယူခိုင်းလိုက်တယ်။ အဲဒီအလုပ်မှာ သူ့ရဲ့တိုးတက်မှုနဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ကျွန်မ သူနဲ့ တစ်ခါမှ စစ်မကြည့်ခဲ့ဘူး။ စုဝေးပွဲတစ်ခုမှာ ခေါင်းဆောင်က ဖယ်ရှားရေးအလုပ်က ဘယ်လိုအခြေအနေရှိလဲဆိုတာမေးတော့ ကျွန်မ အံ့ဩသွားတယ်။ သူက တခြားအသင်းတော်အကြောင်းကိုမေးတာ။ သူတို့က ဘယ်သူတွေကို ဖယ်ရှားလိုက်တယ်၊ အဲဒီလူတွေက ဘယ်လိုပြုမူခဲ့တယ်၊ အဲဒီအလုပ်မှာ သူတို့နားမလည်တဲ့ အခက်အခဲ၊ ကိစ္စတစ်ခုခုရင်ဆိုင်ရသလားဆိုတာတွေကို သူက သိချင်တာ။ ကျွန်မ တော်တော် စိတ်လှုပ်ရှားသွားတယ်။ ကျွန်မက ဖယ်ရှားရေးအလုပ်ကို မစစ်ဆေးတော့ အဲဒီအကြောင်းကို ဘာမှမသိလို့လေ။ ကျွန်မက အမေးခံရပြီး ဘာမှမသိဘူးဆိုရင် ကျွန်မက လက်တွေ့အလုပ်မလုပ်ဘူးဆိုပြီး ခေါင်းဆောင်က သေချာပေါက်ပြောမှာပဲ။ ကျွန်မတာဝန်အပြောင်းခံရရင်၊ ကျွန်မ အထုတ်ခံရရင် ဘယ်လိုလုပ်မလဲ ပေါ့။ အဲဒီအချိန်မှာ ကျွန်မ တစ်ခုပဲ တွေးမိတယ်။ စုဝေးပွဲပြီးတာနဲ့ တစ်ပြိုင်နက် အဲဒီပရောဂျက်ရဲ့ တိုးတက်မှုကို သွားကြည့်ဖို့ ဖယ်ရှားခံရတဲ့ လူတွေရဲ့အရေအတွက်ကို သွားယူဖို့၊ ဘယ်သူနဲ့ပတ်သက်ပြီး ကျွန်မက မသေမချာဖြစ်နေတယ်ဆိုတာ ကြည့်ဖို့၊ သူတို့ကို ဖယ်ရှားသင့်လားဆိုတာကို ချက်ချင်း ဆွေးနွေးပြီး ဆုံးဖြတ်ဖို့ ပေါ့။ ဒီလိုဆိုရင် ခေါင်းဆောင်က ဒါကို စစ်ရင် ကျွန်မ သူ့ကို အခြေခံကျတဲ့ အဖြေပေးနိုင်မယ် ပေါ့။ ဒါဆိုရင် ကျွန်မက တကယ့်အလုပ်တချို့ကို လုပ်နိုင်တယ်လို့ ထင်မှာပဲ ပေါ့။ စုဝေးပွဲပြီးသွားတော့ သန်းခေါင်ကျော်နေပြီ။ ကျွန်မက အဲဒီပရောဂျက်အကြောင်းကို ကျွန်မတွဲဖက်ကို မေးချင်နေတုန်းပဲ။ ကျွန်မက သူ့ကို ဆက်သွယ်ဖို့ အသင့်ပြင်နေတုန်းမှာပဲ စိတ်ထဲမှာ တစ်မျိုးခံစားရတယ်။ ကျွန်မက ထပ်ပြီး အယောင်ပြသက်သက်ပဲ လုပ်နေတာမဟုတ်ဘူးလား။ ဒီလိုစစ်ဆေးတာက ဝတ်ကျေတမ်းကျေလုပ်နေတာသက်သက်ပဲ။ ကျွန်မတို့က ဆုံးဖြတ်ချက်မှားပြီး မဖယ်ရှားသင့်တဲ့သူတစ်ယောက်ကို ရှင်းပစ်လိုက်ရင် ညီအစ်ကိုမောင်နှမတွေရဲ့အသက်တာတွေအပေါ် တာဝန်မသိတတ်သလို ဖြစ်မှာမဟုတ်ဘူးလား။ ကျွန်မက သေချာစုံစမ်းပြီး ဆုံးဖြတ်ချက်ကို ချိန်ဆတာမျိုးမလုပ်ဘဲ အမြန်လုပ်ပြီး လူမှားပြီးတော့ ရှင်းထုတ်ပစ်လိုက်ရင် ဒါက ကျွန်မအလုပ်မှာတာဝန်မသိတတ်ရုံတင်မကဘဲ ညီအစ်ကိုမောင်နှမတွေကိုပါ ထိခိုက်မှာပဲ။ ဒီလိုတွေးမိပြီး ကျွန်မ နည်းနည်းဇောချွေးပြန်လာပြီးတော့ တိတ်တဆိတ်ဆုတောင်းလိုက်တယ်။ “ဘုရားသခင် သမီး အယောင်ပြသက်သက်အတွက် စလုပ်မိပြန်ပါတယ်။ ဖယ်ရှားရေးအလုပ်ကို လိုက်စစ်ဖို့အတွက် အခု အလောတကြီးလုပ်နေပါတယ်။ ဒါက ကိုယ်တော့်အလိုတော်ကို ထည့်စဉ်းစားပြီး တာဝန်ကို ကောင်းကောင်းထမ်းဆောင်တာမဟုတ်ပါဘူး။ သမီးရဲ့ ဂုဏ်သတင်းနဲ့ ရာထူးအတွက်ပါ။ သမီးက လှည့်ကွက်တွေလုပ်နေပြီး ကိုယ်တော့်ကို နောက်တစ်ဖန် လိမ်ညာနေတာပါ။ ဘုရားသခင် သမီးက ကိုယ့်တာဝန်မှာ နည်းနည်းလေးမှ စစ်မှန်မှုမရှိဘဲ အမြင်ကောင်းအောင်သာလုပ်နေတာပါ။ ဒါတွေအားလုံးက ကိုယ်တော့်အတွက် စက်ဆုပ်ဖွယ်ရာဖြစ်ပါတယ်။ ဘုရားသခင် သမီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး ကိုယ်တော့်ထံ နောင်တရချင်ပါတယ်” ပေါ့။ အဲဒီအချိန်မှာပဲ ကျွန်မ အခုရက်ပိုင်း ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က စိတ်ထဲပေါ်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ပါက ပရောဂျက် မည်မျှ သင် တာဝန်ယူသည်ဖြစ်ပါစေ စဉ်ဆက်မပြတ် ပါဝင်ပတ်သက်ပြီး မေးခွန်းများ မေးကာ တစ်ချိန်တည်းတွင် အမှုအရာများကိုလည်း စစ်ဆေးပြီး ပြဿနာများ ပေါ်လာသည်နှင့် ချက်ချင်း ဖြေရှင်းခြင်းသည် သင်၏ တာဝန်ဖြစ်သည်။ ဤသည်မှာ သင်၏ အလုပ်ဖြစ်သည်။ ထို့ကြောင့် သင်သည် ဒေသခေါင်းဆောင်၊ ခရိုင်ခေါင်းဆောင်၊ အသင်းတော် ခေါင်းဆောင်၊ သို့မဟုတ် အသင်းအဖွဲ့တစ်ခုခု ခေါင်းဆောင်၊ သို့မဟုတ် ကြီးကြပ်ရေးမှူး ဖြစ်ပါစေ သင့်တာဝန်ဝတ္တရားများ၏ နယ်ပယ်ကို သေချာအောင် လေ့လာစိစစ်ပြီးသည်နှင့်တစ်ပြိုင်နက် ဤအလုပ်တွင် သင်၏ အပိုင်းကို သင် လုပ်ဆောင်နေခြင်း ရှိမရှိ၊ ခေါင်းဆောင်တစ်ဦး၊ အမှုဆောင်တစ်ဦးအားဖြင့် ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို သင် ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ မည်သည့်အလုပ်ကို သင် လုပ်ဆောင်ပြီးဖြစ်သည်၊ မည်သည့်အလုပ်ကို ကောင်းကောင်းမွန်မွန် သင် မလုပ်ရသေးသည်၊ မည်သည့်အလုပ်ကို သင် မလုပ်ချင်သည်၊ မည်သည့်အလုပ်က ထိရောက်မှုမရှိသည်ဆိုသည်နှင့် မည်သည့်အလုပ်၏ စည်းမျဉ်းများကို သင် သဘောမပေါက်နိုင်ခဲ့သည်တို့ကို မကြာခဏ သင် ဆန်းစစ်ရမည်။ ဤအရာအားလုံးမှာ သင် မကြာခဏ သုံးသပ်ဆင်ခြင်သင့်သည့် အရာများ ဖြစ်သည်။ တစ်ချိန်တည်းတွင် အခြားသောလူများနှင့် မိတ်သဟာယပြုပြီး မေးခွန်းများမေးရန် သင်ယူရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့် အလုပ်အစီအစဉ်များတွင် အစီအစဉ်တစ်ခု၊ စည်းမျဉ်းများနှင့် လမ်းကြောင်းတစ်ခုတို့ကို အထမြောက်စေခြင်းအတွက် မည်သို့ ပိုင်းခြားသိမြင်ရမည်ဆိုသည်ကို သင်ယူရမည်။ အလုပ်အစီအစဉ်တစ်ခုတလေနှင့်ဆိုင်သည့် အပိုင်း ရောက်လာလျှင်၊ ယင်းသည် စီမံခန့်ခွဲခြင်း၊ လူ့စွမ်းအား အရင်းအမြစ်၊ သို့မဟုတ် အသင်းတော် အသက်တာ၊ သို့မဟုတ် အခြားအထူးကျွမ်းကျင်မှုအလုပ်မျိုး တစ်ခုတလေနှင့် ဆက်နွှယ်သည်ဖြစ်စေ၊ မဆက်နွှယ်သည်ဖြစ်စေ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန် ပါဝင်ပတ်သက်ပါက ယင်းသည် သင်ဖြည့်ဆည်းသင့်သည့် တာဝန်တစ်ခုဖြစ်ပြီး၊ သင့်တာဝန်များ၏ နယ်ပယ်အတွင်းတွင် ရှိပါက၊ ယင်းကို သင် စိတ်ဝင်စားသင့်သည်။ သဘာဝအားဖြင့် မည်သည့်အစီအစဉ်မျှ နောက်ကျမကျန်ရစ်စေဖို့အလို့ငှာ အခြေအနေအရ ဦးစားပေးမှုများကို သတ်မှတ်သင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်က တော်တော်ရှင်းတယ်။ အသင်းတော်အလုပ်အတွက် တာဝန်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပရောဂျက်တွေဘယ်လောက်ပဲ ကြီးကြပ်ရပါစေ ဒါတွေကို ကျွန်မတို့ ဦးစားပေးရမယ်။ ကြီးကြပ်ရမယ်။ နောက်ပိုင်းမှာ စုံစမ်းမေးမြန်းပြီး ဒါတွေကို စစ်ဆေးရမယ်။ တစ်ခုချင်းစီက တိုးတက်သင့်တဲ့အတိုင်း တိုးတက်ဖို့ပေါ့။ ဒါက ခေါင်းဆောင်၊ အမှုဆောင်တစ်ယောက်လုပ်သင့်တဲ့အရာဖြစ်ပြီး တကယ့်အလုပ်ကို ပြီးဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ဒါပေမဲ့ ကျွန်မက မြင်သာတဲ့ ရလဒ်တွေထွက်နိုင်တဲ့ အရေးကြီးတဲ့အလုပ်တွေ၊ ခေါင်းဆောင်က ပုံမှန်မေးတဲ့တာဝန်တွေကို ပြီးအောင်လုပ်နိုင်သရွေ့ ဒါက လက်တွေ့အလုပ်လုပ်တာပဲလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အထက်ခေါင်းဆောင်က သိပ်မမေးတဲ့ဟာ မှန်သမျှ၊ သိသိသာသာ ရလဒ်ကောင်းတွေ တကယ်မရတဲ့ဟာတွေဆိုရင် ကျွန်မက သိပ်မလုပ်ဘူး။ နောက်ကလိုက်မစစ်ဘူး။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်မတာဝန်မှာ ကျွန်မလုပ်ရမယ့်အပိုင်းထဲကဟာ အားလုံးကို အစွမ်းကုန်လုပ်သင့်တာပါ။ တချို့ပရောဂျက်တွေက စနေပြီးတော့ မဆွေးနွေးဖြစ်တာ နည်းနည်းကြာပြီ။ ဒါပေမဲ့ ဒါက ဒီပရောဂျက်တွေက ရပ်နားထားတယ်၊ လိုက်စစ်ဖို့မလိုဘူးဆိုတဲ့ သဘောမဟုတ်ဘူး။ ဦးစားပေးချက်နဲ့အညီ ဒါတွေကို ကျွန်မ စစ်သင့်ပါတယ်။ ကျွန်မက ဒါတွေကို လုံးဝ မမေးဘူး။ ဒါကြောင့် တိုးတက်မှုက နှောင့်နှေးသွားတယ်ဆိုရင် ဒါက တာဝန်မသိတတ်တာဖြစ်ပြီး ဘုရားအပေါ် ဆက်ကပ်ခြင်းမရှိတာပဲ။ ကျွန်မအလုပ်အပေါ် ကျွန်မရဲ့ သဘောထားကို တွေးမိတယ်။ ဖယ်ရှားရေးအလုပ်က တကယ်ကို အရေးကြီးမှန်း ကျွန်မ သိတယ်။ ဒါပေမဲ့ ဒါက ကျွန်မအဓိက တာဝန်ယူရတဲ့အရာတစ်ခုမဟုတ်ဘူး၊ ကောင်းကောင်းလုပ်ပြီးသွားရင် ကျွန်မအားစိုက်ထုတ်တာကို ဘယ်သူမှ မြင်မှာမဟုတ်ဘူးလို့ ခံစားမိခဲ့တယ်။ အဲဒါနဲ့ ကျွန်မက စိတ်နှစ်ပြီးမလုပ်ဘူး။ အလေးအနက် မထားဘူး။ အလုပ်တိုးတက်မှုနဲ့ပတ်သက်ပြီး လုံးဝ မသိခဲ့ဘူး။ ခေါင်းဆောင်က ဒါကို မေးတာကို ကျွန်မ ကြားတာနဲ့တစ်ပြိုင်နက် ကျွန်မက အမြန်စစ်ဆေးဖို့လုပ်တယ်။ ကျွန်မက နည်းနည်းလောက် လိုက်စစ်ကြည့်ချင်တယ်။ ခေါင်းဆောင်က ကျွန်မအလုပ်ကို မေးတဲ့အခါ အဖြေတစ်ခုပေးနိုင်အောင်ပေါ့။ ဒါဆိုရင် ကျွန်မက တကယ့်အလုပ်မပြီးသေးဘူးဆိုတာ တွေ့ပြီး ထုတ်ပစ်မှာ မဟုတ်တော့ဘူးပေါ့။ ကျွန်မက လှည့်ကွက်တွေလုပ်ပြီး လှည့်စားနေတာပါ။ နာမည်နဲ့ အဆင့်အတန်းကိုကာကွယ်ပြီး အသင်းတော်အလုပ်အတွက် တာဝန်မယူဘူး။ ဒါက မကောင်းမှုလုပ်တာပဲ။
အဲဒီနောက်တော့ ကျွန်မရဲ့ လက်ရှိသဘောထားနဲ့ တာဝန်ထမ်းဆောင်မှုကို နည်းနည်းစဉ်းစားကြည့်တယ်။ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို တွေးမိတယ်။ “ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သည့်အရာကို လူတစ်ဦးက လက်ခံလိုက်သည့်အခါ၊ ၎င်းတို့၏ လုပ်ရပ်များက ကောင်းသည် ဆိုးသည်၊ ပြီးလျှင် ထိုလူက နာခံသည် မနာခံသည်၊ ထိုလူက ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပေးသည် မဖြည့်ဆည်းပေးသည်ဆိုသည်နှင့် ၎င်းတို့ လုပ်ဆောင်သည့် အရာသည် စံနှုန်းမီသည် မမီသည်ဆိုသည်တို့ကို အကဲဖြတ်ခြင်းအတွက် ဘုရားသခင်ထံတွင် စံနှုန်းတစ်ခုရှိပေသည်။ ဘုရားသခင် ဂရုစိုက်သည့်အရာမှာ လူ၏စိတ်နှလုံး ဖြစ်သည်၊ အပေါ်ယံက ၎င်းတို့၏ လုပ်ရပ်များမဟုတ်ပေ။ ၎င်းတို့ မည်သို့လုပ်ဆောင်သည်ကို ပဓာနမထားဘဲ၊ တစ်စုံတစ်ရာကို ၎င်းတို့လုပ်ဆောင်သရွေ့၊ ဘုရားသခင်က တစ်စုံတစ်ဦးကို ကောင်းချီး ပေးသင့်သည် ဆိုသည်မှာ မမှန်ပေ။ ဤသည်မှာ ဘုရားသခင်နှင့် ပတ်သက်၍ လူတို့ရှိကြသည့် နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် အမှုအရာများ၏ အဆုံးသတ် ရလဒ်ကိုသာ ကြည့်သည်မဟုတ်ဘဲ၊ အမှုအရာများ တိုးတက်မှု ဖြစ်စဉ်အတွင်း၌ လူတစ်ဦး၏စိတ်နှလုံးက မည်သို့ရှိပြီး လူတစ်ဦး၏သဘောထားက မည်သို့ရှိသည် ဆိုသည်တို့အပေါ် သာ၍အလေးပေးကာ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် နာခံမှု၊ အရေးထားမှုနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဆန္ဒတို့ ရှိမရှိ ဆိုသည်ကိုလည်း ကြည့်ရှုလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)) “လူတိုင်းက သမ္မာတရားကို လိုက်စားလိုသော်ငြားလည်း သမ္မာတရား၏ လက်တွေ့အရှိတရားသို့ ဝင်ရောက်ခြင်းသည် လွယ်ကူရိုးစင်းသောကိစ္စမဟုတ်ပါ။ အဓိကသော့ချက်မှာ သမ္မာတရား ကိုကြိုးစားရှာဖွေခြင်းနှင့် သမ္မာတရားကိုလက်တွေ့ကျင့်သုံးခြင်း၌ အာရုံစူးစိုက်ရန်ဖြစ်သည်။ သင်သည် ဤအရာများနှင့်ပတ်သက်၍ နေ့စဉ် သုံးသပ်ဆင်ခြင်ရမည်။ မည်သည့် ပြဿနာများ၊ အခက်အခဲများကို သင် ကြုံရသည်ဖြစ်စေ၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအပေါ် လက်မလျှော့လိုက်နှင့်။ သင်သည် မည်သို့ သမ္မာတရားအား ရှာဖွေပြီး မိမိကိုယ်ကိုယ် သုံးသပ်ကာ နောက်ဆုံးတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်ကို သင်ယူရမည်။ ဤသည်မှာ အားလုံးထဲမှ အရေးအပါဆုံး ဖြစ်သည်။ မည်သည့်အရာကို သင် လုပ်ဆောင်သည်ဖြစ်စေ၊ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကြိုးစားကာ မကာကွယ်နှင့်။ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို သင် ဦးစားပေးပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ မိမိကိုယ်ကျိုးအတွက်သာ စဉ်းစားကြသည့် ထိုလူများကို ကြည့်လော့။ ၎င်းတို့ထဲမှ မည်သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သနည်း။ တစ်ဦးမျှမရှိပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သည် ရိုးသားသောလူများ၊ သမ္မာတရားကို ချစ်သောသူများနှင့် ကြင်နာသည့် စိတ်နှလုံးရှိသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် အသိစိတ်နှင့် အသိတရားရှိကြသူများ၊ မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများ၊ ဝင့်ဝါမှုနှင့် မာနတို့ကို လက်လွှတ်နိုင်သူများ၊ ဇာတိပကတိကို စွန့်လွှတ်နိုင်သူများ ဖြစ်ကြသည်။ ဤသူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်လူများ ဖြစ်ကြသည်။...သမ္မာတရားကို ချစ်သောသူတို့သည် မချစ်သောသူတို့နှင့် မတူကွဲပြားသည့် လမ်းကြောင်းကို လျှောက်ကြသည်။ သမ္မာတရားကို မချစ်သောလူတို့သည် စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ခြင်းအပေါ် အမြဲ အာရုံစိုက်ကြသည်။ ၎င်းတို့သည် အပြုအမူကောင်းနှင့် ဘာသာတရားကိုင်းရှိုင်းခြင်းတို့ကို အပြင်ပန်း၌ ပြသခြင်းမျှဖြင့်ကျေနပ်ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် အထိန်းအကွပ်မဲ့သော စိတ်ဆန္ဒများနှင့် တပ်မက်မှုများ ရှိနေဆဲဖြစ်ပြီး ဂုဏ်အဆင့်အတန်းနှင့် သိက္ခာကို လိုက်စားကြဆဲ ဖြစ်သည်၊ ကောင်းချီးခံစားပြီး နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိကြဆဲဖြစ်သည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား စွန့်ပစ်နိုင်စွမ်း မရှိကြသောကြောင့် စာတန်၏ တန်ခိုးအာဏာအောက်တွင် အမြဲ အသက်ရှင်ကြလေသည်။ အရာခပ်သိမ်းတွင်၊ သမ္မာတရားကို ချစ်သောသူတို့သည် သမ္မာတရားကို ရှာဖွေကြသည်၊ မိမိတို့ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ကြပြီး၊ မိမိတို့ကိုယ်ကိုယ် သိရှိရန် ကြိုးစားကြကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ အမြဲ ရှိလေသည်။ သူနှင့်ပတ်သက်၍ အယူအဆတစ်ခုတလေ၊ သို့မဟုတ် အထင်လွဲမှု တစ်ခုတလေ ဖြစ်ပေါ်ခဲ့သည်ရှိသော်၊ ၎င်းတို့သည် ယင်းတို့ကို ဖြေရှင်းဖို့ သူ့ထံ ချက်ချင်း ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေကြသည်။ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းကဲ့သို့၊ မိမိတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းအပေါ် ၎င်းတို့ အာရုံစိုက်ကြသည်။ ပြီးလျှင် မိမိတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့လာပြီး မကောင်းမှုများအားလုံးကို ရှောင်လျက်၊ သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့ ကြိုးပမ်းကာ ဘုရားသခင်ကို သိကျွမ်းခြင်းအား လိုက်စားကြပေသည်။ ဤသည်မှာ ဘုရားသခင်၏ ရှေ့မှောက်တွင် အစဉ် အသက်ရှင်သူတစ်ဦး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပြုအမူကောင်းဟူသည်မှာ မိမိ၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ) ကျွန်မတာဝန်မှာ ကျွန်မက အမြင်ကောင်းအောင်ပဲလုပ်တယ်။ ခေါင်းဆောင်က အထင်ကြီးတာကို ခံရပြီး ဒီနည်းနဲ့ ကျွန်မရာထူးကို စိတ်ချရအောင်လုပ်ဖို့ အမြဲတမ်းစဉ်းစားတယ်။ ကျွန်မက ပါးနပ်တယ်လို့ ထင်တာ။ ဒါပေမဲ့ တကယ်တမ်းတော့ မိုက်မဲနေတာပဲ။ ဘုရားနှုတ်ကပတ်တော်တွေက လုံးဝ ရှင်းတယ်။ ဘုရားသခင်က လူတစ်ယောက်ရဲ့ တာဝန်မှာ သူ့စိတ်နှလုံးကို ဂရုစိုက်တယ်။ သူ့တာဝန်အပေါ် သူ့ရဲ့သဘောထားက ဘုရားအလိုတော်ကို ထောက်ထားသလားဆိုတာ ကြည့်တယ်။ အလုပ်ကို ဘယ်လောက်လုပ်တဲ့ပုံစံရှိတယ်၊ လူတွေက သူ့ကို ဘယ်လောက်ချီးကျူးဂုဏ်ပြုကြတယ်ဆိုတာကို မကြည့်ဘူး။ ပြီးတော့လည်း အသင်းတော်က လူတွေကို ထုတ်ဖို့အတွက် စည်းမျဉ်းတွေရှိတယ်။ အချိန်ခဏလေးပဲ ကိုယ့်အလုပ်ကိုယ်ကောင်းကောင်းမလုပ်လို့ဆိုပြီး ဘယ်သူ့ကိုမှ ပေါ့ပေါ့တန်တန် မထုတ်ဘူး။ သူတို့ စိတ်နှလုံးက နေရာမှန်မှာရှိပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းနိုင်ရင် အတွေ့အကြုံနည်းလို့ အမှားနည်းနည်းပဲလုပ်တာဆိုရင် ဘုရားအိမ်တော်က သူတို့ကို ကူညီပံ့ပိုးလိမ့်မယ်။ သူတို့တွေက အစွမ်းအစမရှိလို့ အလုပ်ကို တကယ်ကို မကိုင်တွယ်နိုင်ဘူးဆိုရင် အသင်းတော်က သူတို့အတွက် တခြားတာဝန်တစ်ခုကို စီစဉ်ပေးလိမ့်မယ်။ ခြုံကြည့်ရင် အဓိကက ကိုယ့်စိတ်နှလုံးက နေရာမှန်မှာရှိဖို့ပဲ။ ကိုယ့်တာဝန်မှာ မှားယွင်းတဲ့ ရည်ရွယ်ချက်ရှိရင်၊ ဘုရားအလိုတော်ကို မထောက်ထားရင် နာမည်နဲ့ အဆင့်အတန်းကိုပဲ လိုက်စားရင်၊ ခေါင်းဆောင်က တန်ဖိုးထားအောင် လှည့်ကွက်တွေလုပ်ပြီး လှည့်စားနေရင် ကိုယ်က အလုပ်တွေပြီးပြီးတော့ ဒုက္ခခံနိုင်တယ်။ အဖိုးအခပေးဆပ်နိုင်တယ်ဆိုတဲ့ ပုံစံရှိနိုင်ပေမဲ့ ရည်ရွယ်ချက်တွေက မှားနေတယ်။ အကုန်လုံးကိုကိုယ့်အတွက်ကိုယ် လုပ်နေတာပဲ။ ဒါက လုံးဝ တာဝန်ထမ်းဆောင်တာမဟုတ်ဘူး။ ဘုရားရဲ့ လက်ခံမှုကို ရမှာမဟုတ်ဘူး။ ဖယ်ရှားရေးအလုပ်က ဘုရားအိမ်တော်အတွက် အရေးကြီးတဲ့ပရောဂျက်တစ်ခုဆိုတာ ကျွန်မ သိခဲ့တယ်။ ကျွန်မရဲ့ တွဲဖက်အမှုဆောင်တွေရဲ့ တိုးတက်မှုကို နားလည်ဖို့၊ ကြီးကြပ်ဖို့က ကျွန်မအလုပ်ပဲ။ ကျွန်မက မှန်ကန်တဲ့ သဘောထားရှိပြီး တာဝန်ကို စည်းမျဉ်းနဲ့အညီ လုပ်ခဲ့သင့်တယ်။ အဲဒီနောက်တော့ ကျွန်မ တွဲဖက်အမှုဆောင်တွေကို ဖယ်ရှားရေးအလုပ်မှာသူတို့တိုးတက်မှုအကြောင်းကို ကျွန်မ သွားပြောတယ်။ ဘာအခက်အခဲတွေကို သူတို့ရင်ဆိုင်ရတယ်ဆိုတာကို မေးတယ်။ ပြီးတော့ အမှုထမ်းတွေကို အကဲဖြတ်သုံးသပ်ရာမှာ ကျွန်မကိုယ်တိုင်ဝင်ကူပေးပြီး ဖယ်ရှားရေးအတွက် သတ်မှတ်ချက်တွေနဲ့ ကိုက်တဲ့သူတွေကို ကျွန်မတို့ ရှင်းလင်းပစ်လိုက်တယ်။ ဒီလိုလုပ်ပြီးတော့ ကျွန်မ တော်တော်စိတ်အေးသွားတယ်။
ဒီအတွေ့အကြုံတွေအားလုံး တစ်လျှောက်မှာ ကျွန်မ တော်တော်ရလိုက်တယ်။ ခေါင်းဆောင်က ဦးစားပေးပြီး အာရုံစိုက်တဲ့အလုပ်ကို လုပ်တာက လက်တွေ့အလုပ်လုပ်တာပဲလို့ ကျွန်မ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီအတွေ့အကြုံတွေကတစ်ဆင့် ကျွန်မက မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ မရှိဘဲ ကျွန်မတာဝန်ကို နာမည်၊ အဆင့်အတန်းနဲ့ သူများတွေလေးစားဖို့လုပ်ရင်၊ ခေါင်းဆောင်ကျေနပ်ဖို့အတွက် လုပ်ရင် ဒါက အယောင်ပြလုပ်တာပဲ။ ကိုယ့်တာဝန်ကို ထမ်းဆောင်တာမဟုတ်ဘူး။ ဒါဆိုရင် အလုပ်ဘယ်လောက်ပဲလုပ်လုပ်၊ ဘုရားသခင်က လုံးဝ လက်ခံမှာမဟုတ်ဘူး။ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ဘုရားသခင်က ကျွန်မတို့ စိတ်နှလုံးကို ဂရုစိုက်ပြီး တာဝန်အပေါ် ကျွန်မတို့သဘောထားကို ကြည့်ပါတယ်။ ကျွန်မတို့က အသင်းတော်အလုပ်ကို ထိန်းသိမ်းတယ်၊ သမ္မာတရားကို လက်တွေ့လုပ်ပြီး သူ့နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နိုင်တယ်ဆိုရင်ပေါ့။ ဒါက အရေးကြီးဆုံးပါပဲ။ ဘုရားရဲ့လမ်းပြမှုကြောင့်သက်သက်နဲ့ ကျွန်မ ဒါကို နားလည်လာတာပါ။ ကျေးဇူးတော်ပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။