ခေါင်းဆောင်မှုကို လိုက်စားခြင်းနောက်ကွယ်

03.02.2026

စုဝေ၊ တရုတ်ပြည်

ဘုရားသခင်ကို ကျွန်မ စယုံကြည်ပြီးနောက်မှာ အသင်းတော်ခေါင်းဆောင်တွေက ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ ဘုရားနှုတ်ကပတ်တော်နဲ့ မကြာမကြာ မိတ်သဟာယတာကို ကျွန်မတွေ့ခဲ့တယ်။ ဒါကြောင့် အသင်းတော်မှာ ခေါင်းဆောင်လုပ်တဲ့လူတွေဟာ သမ္မာတရားကို နားလည်တယ်၊ ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို အသေအချာခံရတယ်၊ ပြီးတော့ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်ရှိတယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ၂၀၂၁ ခုနှစ်၊ မတ်လမှာ ကျွန်မ အသင်းတော်ရဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ ကျွန်မ စိတ်ထဲမှာ ကြည်နူးနေခဲ့ပြီး ဒီလိုသာ ဆက်ပြီးလိုက်စားသွားရင် ဘုရားသခင်ရဲ့ အိမ်တော်မှာ တောက်ပတဲ့ အနာဂတ်တစ်ခု ရမှာဖြစ်ပြီး ကိုယ်တော့်ရဲ့ အသိအမှတ်ပြုမှုကိုလည်း ရနိုင်လိမ့်မယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်မဟာ အစွမ်းအစ ညံ့ဖျင်းပြီး တကယ့်အလုပ် မလုပ်နိုင်တဲ့အတွက် ဖြုတ်ချခံရလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ဒီသတင်းက မိုးကြိုးပစ်ချလိုက်သလိုပဲ၊ ကျွန်မ မရပ်မနားငိုခဲ့ရတယ်။ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “အစွမ်းအစ ညံ့ဖျင်းတာက သေလောက်တဲ့ ပြဿနာပဲ။ ဒါက နောင်မှာ ငါ ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေး မရှိတော့ဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူးလား” လို့ပေါ့။ တစ်လကျော်ကြာပြီးနောက်မှာ အသင်းတော်က ကျွန်မကို သာမန်ရေးရာ အလုပ်တွေကို တာဝန်ယူဖို့ တာဝန်ပေးခဲ့တယ်။ တစ်နေကုန် သာမန်ရေးရာ အလုပ်တချို့နဲ့ ပတ်သက်နေရတာဟာ ကိုယ့်ရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးမရှိဘူးလို့ ခံစားခဲ့ရတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ရသလိုမျိုးတော့ မဟုတ်ဘူးပေါ့။ ခေါင်းဆောင်ဆိုရင် သမ္မာတရားနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့နဲ့ ပြဿနာအမျိုးမျိုးကို ဖြေရှင်းဖို့ လေ့ကျင့်နိုင်တယ်၊ သမ္မာတရားတွေ ပိုရနိုင်တယ်၊ ပြီးတော့ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးလည်း ပိုများတာပေါ့။ အထူးသဖြင့် အရင်က ခေါင်းဆောင်တာဝန်မှာ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ညီအစ်မနဲ့ ရင်ဆိုင်ရပြီး အသင်းတော်ရဲ့ ပြဿနာတချို့ကို ကိုင်တွယ်ဖြေရှင်းနေတဲ့အကြောင်း သူပြောတာကို ကြားရတဲ့အခါ ကျွန်မ စိတ်ထဲမှာ တော်တော်ကို မကောင်းခဲ့ဘူး။ သူ့လိုမျိုး ခေါင်းဆောင်တာဝန် ထမ်းဆောင်နိုင်တာက တကယ်ကို ကောင်းတာပဲ၊ ငါကတော့ ကိုယ်မကြိုက်တဲ့ သာမန်ရေးရာအလုပ်ကိုပဲ လုပ်နိုင်တာပါလားလို့ တွေးမိတယ်။ အထက်ခေါင်းဆောင်တွေက ကျွန်မရဲ့ အစွမ်းအစက ညံ့ဖျင်းပြီး ခေါင်းဆောင်ဖြစ်ဖို့ လိုအပ်ချက်တွေ မပြည့်မီဘူးလို့ ပြောခဲ့တာကို ကျွန်မ တွေးမိတဲ့အခါ ကျွန်မရဲ့ နှလုံးသားထဲမှာ ပြင်းပြင်းထန်ထန် နာကျင်ခံစားခဲ့ရပြီး တိတ်တဆိတ် ငိုကြွေးခဲ့တယ်။ အနာဂတ်က အမှောင်အတိကျပြီး ကယ်တင်ခြင်းခံရဖို့ ကျွန်မရဲ့ အခွင့်အရေးတွေက နည်းပါးနေသလို ခံစားခဲ့ရတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ဘာခွန်အားမှ မရှိတော့ဘူး၊ စက်ရုပ်တစ်ရုပ်လိုပဲ လုပ်နေပြီး ဘာရလဒ်မှလည်း မထွက်ခဲ့ဘူး။ နောက်ပိုင်းမှာ ကိုယ့်အခြေအနေက မမှန်ကန်ဘူးဆိုတာကို ကျွန်မ သဘောပေါက်လာပြီး စပြီး ဆင်ခြင်သုံးသပ်မိတယ်၊ “ဘာလို့ တခြားလူတွေ ခေါင်းဆောင်ဖြစ်တာကို မြင်ရင် ငါ့စိတ်ထဲမှာ ဆုံးရှုံးသွားသလို ခံစားရတာလဲ။ ဘုရားသခင်ကို ငါယုံကြည်ခြင်းမှာ ဘာကို အတိအကျ လိုက်စားနေတာလဲ” လို့ပေါ့။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မဖတ်လိုက်ရပြီး ကိုယ့်အခြေအနေနဲ့ပတ်သက်ပြီး နားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အန္တိခရစ်တစ်ဦး ဖြုတ်ချခြင်းခံရသည့်အခါ၊ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ၎င်းတို့ မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သည်။ ကောင်းကင် ပြိုကျလာပြီး ၎င်းတို့၏ လောကကြီး ပြိုလဲသွားသည့်အလား ဖြစ်သည်။ ၎င်းတို့ မျှော်လင့်ချက်ထားနိုင်ခဲ့သော အရာ၊ အဆင့်အတန်း၏ အကျိုးကျေးဇူးအားလုံးနှင့် အသက်ရှင်ရန် အခွင့်အရေးနှင့် ၎င်းတို့အား မကောင်းသည့်အရာများ လုပ်ဆောင်ရင်း သောင်းကျန်းစေသည့် စေ့ဆော်မှုတို့သည် ကွယ်ပျောက်သွားလေပြီ။ ဤသည်မှာ ၎င်းတို့ လက်မခံနိုင်ဆုံးသော အရာဖြစ်သည်။...၎င်းတို့၏ ကောင်းချီးခံစားရရန် မျှော်လင့်ချက်များ ပျက်စီးသွားပြီဖြစ်ကြောင်း သို့မဟုတ် ပြင်းထန်စွာ လျော့ကျသွားပြီဖြစ်ကြောင်း ၎င်းတို့ တွေးထင်သည့်အခါ၊ ၎င်းတို့၏ ဦးခေါင်း ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်လေသည်။ ၎င်းတို့၏ နှလုံးသားက တူဖြင့် ထုနှက်ခံနေရသကဲ့သို့ ဖြစ်ပြီး၊ ဓားဖြင့် လှီးဖြတ်ခံရသလောက်ပင် နာကျင်လှပေသည်။ ၎င်းတို့ နေ့ရောညပါ အလွန် တောင့်တခဲ့သော ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်း၏ ကောင်းချီးမင်္ဂလာကို ဆုံးရှုံးရတော့မည်ဖြစ်သည့်အခါ၊ ၎င်းတို့အတွက်မူ ယင်းမှာ ရုတ်တရက် ပေါ်ထွက်လာသော ဆိုးရွားသည့် သတင်းတစ်ခုကဲ့သို့ ထင်ရသည်။ မည်သည့်အဆင့်အတန်းမျှ မရှိခြင်းသည် အန္တိခရစ်တစ်ဦးအတွက် ကောင်းချီးခံစားရရန် မည်သည့်မျှော်လင့်ချက်မျှ မရှိခြင်းနှင့် တူညီပြီး၊ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်တစ်ခုကဲ့သို့ ဖြစ်လာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်သည် ဝိညာဉ်ကင်းမဲ့လျက် ၎င်းတို့၏ ဘဝကို လမ်းညွှန်ရန် မည်သည့်အရာမျှမရှိသော အနှစ်မဲ့သည့် အခွံတစ်ခုကဲ့သို့ ဖြစ်လာသည်။ ၎င်းတို့၌ မျှော်လင့်ချက်မရှိသကဲ့သို့ မျှော်လင့်စရာလည်း မည်သည့်အရာမျှ မရှိပေ။ အန္တိခရစ်တစ်ဦးသည် ဖော်ထုတ်ခြင်းနှင့် ဖြုတ်ချခြင်းခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့ထံ ဖြစ်ပေါ်လာသော ပထမဆုံးအရာမှာ ၎င်းတို့ ကောင်းချီးခံစားရရန် မည်သည့်မျှော်လင့်ချက်ကိုမဆို ဆုံးရှုံးသွားပြီဟူသည့်အချက် ဖြစ်သည်။ သို့ဆိုလျှင် ဤအချိန်တွင်၊ ၎င်းတို့ လက်လျှော့လိုက်မည်လော။ ၎င်းတို့ ကျိုးနွံနာခံလိုစိတ် ရှိလိမ့်မည်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကို စွန့်လွှတ်ရန်၊ အဆင့်အတန်းကို လက်လွှတ်ရန်၊ သာမန်နောက်လိုက်တစ်ဦးအဖြစ် လိုလိုလားလား ရှိပြီး ဘုရားသခင်အတွက် ဝမ်းမြောက်စွာ အလုပ်လုပ်ကာ မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ဤအခွင့်အရေးကို အသုံးပြုလိမ့်မည်လော။ (အသုံးပြုလိမ့်မည် မဟုတ်ပါ။) ဤအရာသည် ၎င်းတို့အတွက် အလှည့်အပြောင်းတစ်ခု ဖြစ်နိုင်မည်လော။ ဤအလှည့်အပြောင်းသည် ၎င်းတို့ကို ကောင်းမွန်သော လားရာတစ်ခုနှင့် အပြုသဘောဆောင်သော နည်းလမ်းတစ်ခု၌ တိုးတက်စေမည်လော၊ သို့မဟုတ် ပိုဆိုးသည့် ဦးတည်ချက်နှင့် အပျက်သဘောဆောင်သည့် နည်းလမ်းတစ်ခုဖြင့် ၎င်းတို့ကို တိုးတက်ဖြစ်ပေါ်စေမည်လော။ အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရအပေါ် အခြေခံ၍၊ ဖြုတ်ချခြင်းခံရခြင်းသည် ကောင်းချီးမင်္ဂလာများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကို ၎င်းတို့ လက်လွှတ်ခြင်း၏ အစ၊ သို့မဟုတ် သမ္မာတရားကို ၎င်းတို့ ချစ်မြတ်နိုးပြီး ရှာဖွေခြင်း၏ အစ လုံးဝမဟုတ်သည်မှာ စထင်ရှားသည်။ ယင်းအစား၊ ၎င်းတို့သည် ကောင်းချီးခံစားရမည့် အခွင့်အရေးနှင့် မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်ရန် ပို၍ပင် ကြိုးစားလုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့အား ကောင်းချီးမင်္ဂလာများ ဆောင်ကြဉ်းပေးနိုင်သော၊ ၎င်းတို့အား တစ်ကျော့ပြန် အောင်မြင်မှုရရန် ကူညီပေးနိုင်ပြီး ၎င်းတို့၏ အဆင့်အတန်းကို ပြန်လည်ရရှိစေနိုင်သော မည်သည့်အခွင့်အရေးကိုမဆို ဖက်တွယ်ကြလိမ့်မည်။ ထို့ကြောင့်၊ ဖြုတ်ချခြင်းခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ စိတ်မချမ်းမသာဖြစ်ခြင်း၊ စိတ်ပျက်ခြင်းနှင့် ဆန့်ကျင်ဘက်ပြုခြင်းအပြင်၊ အန္တိခရစ်တစ်ဦးသည် ထုတ်ပယ်ခံရခြင်းအပေါ် အစွမ်းကုန် ဆန့်ကျင်တိုက်ခိုက်လိမ့်မည်ဖြစ်ကာ အခြေအနေကို ပြောင်းပြန်လှန်ရန်၊ ပြောင်းလဲရန် ကြိုးပမ်းကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်)ဤလူစားမျိုးများသည် သမ္မာတရားကို မလိုက်စားကြသော်လည်း ဘုရားအိမ်တော်၌ အမြဲ ရာထူးတိုးချင်ကြပြီး အရေးပါသော အခန်းကဏ္ဍတစ်ခု ပေးအပ်ခံရဖို့ လိုလားနေကြဆဲ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ လူတစ်ဦးသည် အလုပ်လုပ်နိုင်စွမ်း ပို၍ရှိလေလေ၊ အရေးပါသော ရာထူးများကို ပို၍ရရှိလေလေဖြစ်ကာ ဘုရားအိမ်တော်၌ ရာထူးတိုးပြီး အထင်ကြီးခြင်းကို ပို၍ခံရလေလေ၊ ကောင်းချီးများ၊ သရဖူနှင့် ဆုလာဘ်များ ရရှိရန် ၎င်းတို့၏ အခွင့်အလမ်းများ ပို၍ကြီးမားလေလေ ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ တစ်စုံတစ်ဦးသည် အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့ပါက သို့မဟုတ် သီးခြားအထူးကျွမ်းကျင်မှုတစ်ခု မရှိပါက ထိုသူသည် ကောင်းချီးခံစားရန် အရည်အချင်းမပြည့်မီဟု ၎င်းတို့ ယုံကြည်ကြသည်။ လူတစ်ဦး၏ ဆုကျေးဇူးများ၊ အထူးကျွမ်းကျင်မှုများ၊ စွမ်းရည်များ၊ ကျွမ်းကျင်မှုများ၊ ပညာအဆင့်အတန်း၊ အလုပ်လုပ်နိုင်စွမ်းနှင့် အခြားသူများကို ကျော်လွန်ရန် ၎င်းတို့၏ သန္နိဋ္ဌာန်နှင့် မဆုတ်မနစ်သော သဘောထားကဲ့သို့သော လောက၌ တန်ဖိုးထားသည့် ၎င်းတို့၏ လူ့သဘာဝအတွင်းရှိ အားသာချက်များနှင့် ကောင်းကွက်များဟု ခေါ်ဆိုသည့်အရာများပင်လျှင် ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရန်အတွက် အရင်းအနှီးအဖြစ် အသုံးပြု၍ရနိုင်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤသည်မှာ မည်သည့် စံနှုန်းမျိုး ဖြစ်သနည်း။ သမ္မာတရားနှင့် ကိုက်ညီသော စံနှုန်းတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) ယင်းမှာ သမ္မာတရား၏ စံနှုန်းများနှင့် မကိုက်ညီပေ။ သို့ဆိုလျှင် ဤသည်မှာ စာတန်၏ ကျိုးကြောင်းဆင်ခြင်မှု မဟုတ်လော။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော ခေတ်တစ်ခုနှင့် ကောက်ကျစ်ဆိုးယုတ်သော လောကီရေပန်းစားမှုများ၏ ကျိုးကြောင်းဆင်ခြင်မှု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့သော လူတို့က အမှုအရာများကို အကဲဖြတ်ရန် အသုံးပြုသည့် ကျိုးကြောင်းဆင်ခြင်မှု၊ နည်းလမ်းများနှင့် စံနှုန်းများအပြင် ဤအရာများအပေါ် ၎င်းတို့၏ သဘောထားနှင့် ချဉ်းကပ်ပုံတို့မှ အကဲဖြတ်ရလျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မကြားဖူး သို့မဟုတ် မဖတ်ဖူးသည့်ပုံရပြီး ထိုနှုတ်ကပတ်တော်များကို လုံးဝ မသိနားမလည်သည့်ပုံရပေသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့သည် နေ့စဉ်နေ့တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ ဖတ်ရှုခြင်းနှင့် ဆုတောင်းရင်းဖတ်ရှုခြင်းတို့ကို ပြုလုပ်နေကြသည်။ သို့ဆိုလျှင် ၎င်းတို့၏ အမြင်သည် အဘယ်ကြောင့် လုံးဝမပြောင်းလဲသနည်း။ အချက်တစ်ချက်မှာ သေချာ၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို မည်မျှပင် နားထောင်သည် သို့မဟုတ် ဖတ်ရှုသည်ဖြစ်စေ ဘုရား နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းနှင့် အရာရာတိုင်းကို တိုင်းတာရန် စံနှုန်းဖြစ်ကြောင်းကို မိမိတို့၏ စိတ်နှလုံးထဲ၌ မည်သည့်အခါမျှ သေချာကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ဤအချက်ကို မိမိတို့၏ စိတ်နှလုံးထဲမှ နားလည် သို့မဟုတ် လက်ခံလိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် ၎င်းတို့၏ အမြင်သည် မည်မျှပင် အဓိပ္ပာယ်မဲ့ပြီး လွဲချော်နေသည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ထာဝစဉ် ဖက်တွယ်ထားကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ မည်မျှပင် မှန်ကန်သည်ဖြစ်စေ ထိုနှုတ်ကပတ်တော်များကို ၎င်းတို့ ငြင်းပယ်ပြီး ပြစ်တင်ရှုတ်ချကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သော သဘာဝ ဖြစ်သည်။ အရေးပါသော အခန်းကဏ္ဍတစ်ခုကို ၎င်းတို့ မရရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များ မပြည့်စုံသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စရိုက်မှန် ပေါ်လာသည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော သဘာဝက သူ့အလိုလို ပေါ်လာပြီး ဘုရားသခင်၏ တည်ရှိမှုကို ၎င်းတို့ ငြင်းပယ်လိုကြသည်။ အမှန်တကယ်တွင် ဘုရားသခင်၏ တည်ရှိမှုကို မငြင်းပယ်မီကပင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ငြင်းပယ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားသခင်က ဖော်ထုတ်ထားတယ်၊ အန္တိခရစ်တွေဟာ ဖြုတ်ချခံရတာနဲ့ သူတို့မှာ ကောင်းချီးမင်္ဂလာတွေ ရဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့ ယုံကြည်ကြတယ်တဲ့။ သူတို့ဟာ ကျိုးနွံနာခံပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ မတတ်နိုင်ရုံသာမကဘဲ အဲဒီအစား အပျက်သဘောဆောင်ပြီး အတိုက်အခံတောင် လုပ်ကြသေးတယ်၊ ပြန်လည်ထူထောင်ပြီး အဆင့်အတန်းပြန်ရဖို့ အရမ်းကို မှားယွင်းတဲ့ စိတ်ကူးယဉ်မှုတွေကို မွေးမြူကြတယ်။ အန္တိခရစ်တွေဟာ လူတွေ၊ ဖြစ်ရပ်တွေနဲ့ အရာတွေကို တိုင်းတာဖို့ စာတန်ဆန်တဲ့ ယုတ္တိကို အသုံးပြုကြတယ်။ ဘုရားသခင်ရဲ့ အိမ်တော်ကနေ သူတို့ကို ပိုပြီးရာထူးတိုးပေးပြီး တန်ဖိုးထားလေလေ၊ ကောင်းချီးမင်္ဂလာတွေနဲ့ သရဖူတစ်ခုကို ရရှိဖို့ အခွင့်အရေး ပိုများလေလေပဲလို့ သူတို့ ယုံကြည်ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားဆင်ခြင်နေရင်း ဖြုတ်ချခံရပြီးနောက်ပိုင်း ကျွန်မရဲ့ အပြုအမူက အန္တိခရစ်တစ်ယောက်ရဲ့ အပြုအမူနဲ့ တစ်ပုံစံတည်းဖြစ်ပြီး အရာတွေအပေါ် ကျွန်မရဲ့ အမြင်ရှုထောင့်ကလည်း အန္တိခရစ်တစ်ယောက်ရဲ့ အမြင်ရှုထောင့်နဲ့ အတူတူပဲဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ခေါင်းဆောင်ဖြစ်ခြင်းဆိုတဲ့ အဆင့်အတန်းကို ကျွန်မ ဘာကြောင့် ဒီလောက်ဂရုစိုက်ခဲ့သလဲဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ အကြောင်းကတော့ ဘုရားသခင်ရဲ့ အိမ်တော်မှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ရာထူးတိုးမြှင့်ခံရရင် နေ့တိုင်း ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုရာမှာ လေ့ကျင့်နိုင်မယ်၊ ကျွန်မရဲ့ အသက်တာ တိုးတက်မှုက မြန်ဆန်ပြီး ကယ်တင်ခြင်းခံရဖို့နဲ့ ကောင်းချီးမင်္ဂလာတွေ ရရှိဖို့အတွက် ပိုကြီးမားတဲ့ အခွင့်အရေးတစ်ခု ရလိမ့်မယ်လို့ ကျွန်မ ယုံကြည်ခဲ့လို့ပဲ။ ကျွန်မ ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရတုန်းက အရမ်းပျော်ခဲ့ပြီး ဘုရားသခင်ကို ယုံကြည်တဲ့ ကျွန်မရဲ့ယုံကြည်ခြင်းမှာ တောက်ပတဲ့အနာဂတ်တစ်ခု ရှိတယ်လို့ တွေးခဲ့တယ်။ ကျွန်မ ခေါင်းဆောင်ဖြစ်ခဲ့တဲ့ အချိန်အတောအတွင်းမှာ ပင်ပန်းခက်ခဲမှုအားလုံးကို မညည်းမညူဘဲ ထမ်းဆောင်ခဲ့ပြီး ကိုယ့်အဆင့်အတန်းကို သေသေချာချာ ကာကွယ်ခဲ့တယ်၊ ထုတ်ဖော်ပြီး ဖြုတ်ချခံရမှာကို အရမ်းကြောက်နေခဲ့တာလေ။ ခေါင်းဆောင်တွေက ကျွန်မကို ဖြုတ်ချတဲ့အချိန်မှာ ကျွန်မမှာ အစွမ်းအစ ညံ့ဖျင်းပြီး ခေါင်းဆောင်ဖြစ်ဖို့ လိုအပ်တဲ့ သတ်မှတ်ချက်တွေ မရှိဘူးလို့ ပြောတာကို ကြားရတဲ့အခါ၊ အစွမ်းအစ ညံ့ဖျင်းတာဟာ သေစေနိုင်တဲ့ ပြဿနာတစ်ခုဖြစ်ပြီး နောင်မှာ ရာထူးတိုးပြီး တန်ဖိုးထားခံရဖို့ အခွင့်အရေး ဘယ်တော့မှ ရတော့မှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ခဲ့တယ်၊ ဒါကြောင့် ကျွန်မရဲ့ နှလုံးသားက အရမ်းကို နာကျင်ခဲ့ရတယ်။ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်အနေနဲ့ ကိုယ့်အနာဂတ်က အမှောင်အတိကျနေပြီး ကောင်းချီးမင်္ဂလာတွေ ရရှိဖို့ မျှော်လင့်ချက်က နည်းပါးနေပြီလို့ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မမှာ ဒီလိုမှားယွင်းတဲ့ အတွေးအခေါ်တွေနဲ့ စိတ်ကူးတွေ ရှိခဲ့တဲ့အတွက်ကြောင့် ခေါင်းဆောင်တွေက ကျွန်မကို သာမန်ရေးရာတာဝန်ကို ထမ်းဆောင်ဖို့ တာဝန်ပေးတဲ့အခါမှာ ဒီတာဝန်က နေ့တိုင်း ပြင်ပကိစ္စတွေနဲ့ အလုပ်များနေရုံပဲဖြစ်ပြီး သမ္မာတရားကို ရရှိဖို့၊ ကယ်တင်ခြင်းခံရဖို့ ကျွန်မအတွက် အကျိုးမရှိဘူးလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ကျွန်မ ဒါကို စိတ်ရင်းနဲ့ မကြိုက်ခဲ့ဘူး၊ ပြီးတော့ ကိုယ့်တာဝန်မှာ ဘယ်လိုမှ အားမခဲနိုင်ခဲ့ဘူး။ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ကျွန်မ လိုက်စားခဲ့တာဟာ အဆင့်အတန်းနဲ့ ကောင်းချီးမင်္ဂလာတွေ ဖြစ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မက အဆင့်အတန်းနဲ့ ကောင်းချီးမင်္ဂလာကို တူညီတယ်လို့ သတ်မှတ်ခဲ့တယ်၊ ကိုယ့်အဆင့်အတန်းကို ဆုံးရှုံးသွားတာနဲ့ ကောင်းချီးမင်္ဂလာတွေ ရရှိဖို့ မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားပြီလို့ ခံစားခဲ့ရပြီး နှလုံးသားထဲမှာ မခံမရပ်နိုင်အောင် နာကျင်ခံစားခဲ့ရတယ်။ ကျွန်မက အရာရာကို စာတန်ဆန်တဲ့ အမြင်ရှုထောင့်ကနေ ချင့်ချိန်နေခဲ့တာပါ။ ဘာသာတရားမရှိသူတွေရဲ့ လောကမှာတော့ ရာထူးတိုးလေလေ၊ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ ပိုများလေလေဆိုတာ မှန်ပါတယ်။ ကျွန်မက ဘုရားသခင်ရဲ့ အိမ်တော်မှာလည်း ဒီလိုပဲလို့ ယုံကြည်ခဲ့တယ်၊ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ရာထူးတိုးခံရတာဟာ ကယ်တင်ခြင်းခံရဖို့နဲ့ ကောင်းချီးမင်္ဂလာတွေ ရရှိဖို့အတွက် ပိုကြီးမားတဲ့ အခွင့်အရေးတစ်ခုကို ဆိုလိုတယ်လို့ ယုံကြည်ခဲ့တယ်။ ဒါက ဘုရားနှုတ်ကပတ်တော်တွေနဲ့ လုံးဝကို မကိုက်ညီဘူး။ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရနိုင်မလားဆိုတာဟာ ကိုယ် ဘာတာဝန်ကို ထမ်းဆောင်သလဲ၊ ဒါမှမဟုတ် ကိုယ့်မှာ အဆင့်အတန်းရှိမရှိနဲ့ ဘာမှမဆိုင်ဘူး။ တာဝန်ဆိုတာ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဖြည့်ဆည်းသင့်တဲ့ တာဝန်ဝတ္တရားတစ်ခုပဲ၊ ဒါက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတဲ့ အရာတစ်ခုပဲလေ။ ဒါကို ကောင်းချီးမင်္ဂလာတွေ ဒါမှမဟုတ် ဆုလာဘ်တွေရဖို့အတွက် အပေးအယူလုပ်ဖို့ ပစ္စည်းတစ်ခုအနေနဲ့ အသုံးမပြုသင့်ဘူး။ ဒါပေမဲ့ ကျွန်မကို သာမန်ရေးရာတာဝန် ထမ်းဆောင်ဖို့ တာဝန်ပေးအပ်ခံရတဲ့အခါမှာ ဒီတာဝန်က ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ကောင်းချီးမင်္ဂလာတွေ ရရှိဖို့အတွက် အကျိုးမရှိဘူးလို့ ယုံကြည်ခဲ့တဲ့အတွက် ဘုရားသခင်ကို စောဒကတက်ခဲ့ပြီး ကိုယ့်တာဝန်မှာ ဝန်တာမထားခဲ့ဘူး။ ကိုယ့်တာဝန်ကို စွန့်လွှတ်ဖို့တောင် စဉ်းစားခဲ့သေးတယ်။ ကိုယ့်ရဲ့ သဘာဝကလည်း အန္တိခရစ်တစ်ယောက်လိုပဲ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးရှာတယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကောင်းချီးမင်္ဂလာတွေ မရနိုင်တော့တာနဲ့ တစ်ပြိုင်နက် ဘုရားသခင်ကို ကျောခိုင်းပြီး ကိုယ်တော့်ကို သစ္စာဖောက်ခဲ့တယ်။ တကယ်ကို အန္တရာယ်များလိုက်တာ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကယ်တင်ခံရခြင်းသည် မည်သည့်အရာကို ဆိုလိုသည်ကို လူများစွာတို့က ရှင်းရှင်းလင်းလင်း မသိကြပေ။ ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပါက ၎င်းတို့ကယ်တင်ခြင်းခံရဖို့ အလားအလာရှိသည်ဟု လူအချို့က ယုံကြည်ကြသည်။ လူအချို့ကမူ ဝိညာဉ်ရေးရာ အယူဝါဒများစွာကို ၎င်းတို့ နားလည်ပါက ၎င်းတို့ကယ်တင်ခြင်းခံရဖို့ အလားအလာ ရှိသည်ဟု ယုံကြည်ကြသည်၊ သို့မဟုတ် အချို့က ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သေချာ‌ပေါက် ကယ်တင်ခြင်းခံရမည်ဟု တွေးထင်ကြသည်။ ဤအရာ အားလုံးသည် လူသား၏ အယူအဆများနှင့် စိတ်ကူးတို့ ဖြစ်ကြသည်။ အဓိကဖြစ်သောအရာမှာ ကယ်တင်ခြင်းသည် အဘယ်အရာကို ဆိုလိုကြောင်း လူများနားလည်ရမည် ဖြစ်သည်။ ကယ်တင်ခံရခြင်းဟူသည်မှာ အဓိကအားဖြင့် အပြစ်မှ လွတ်မြောက်ဖို့နှင့် စာတန်၏စွမ်းအားမှ လွတ်မြောက်ခြင်း၊ ပြီးလျှင် ဘုရားသခင်ထံသို့ စစ်မှန်စွာ ပြန်လှည့်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့ကို ဆိုလိုသည်။ အပြစ်နှင့် စာတန်၏ စွမ်းအားတို့မှ လွတ်မြောက်ဖို့ သင်သည် အဘယ်အရာကို ပိုင်ဆိုင်ရမည်နည်း။ သမ္မာတရား ဖြစ်သည်။ လူများသည် သမ္မာတရားကို ရရှိဖို့ မျှော်လင့်ပါက ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များစွာဖြင့် ပြင်ဆင်ရမည်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး လက်တွေ့ကျမှုကို ဝင်ရောက်နိုင်ဖို့အလို့ငှာ ထိုနှုတ်ကပတ်တော်များကို တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်နိုင်ရမည်။ သို့မှသာလျှင် ၎င်းတို့ ကယ်တင်ခြင်း ခံရနိုင်သည်။ လူတစ်ဦးက ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်ကို ၎င်းမည်မျှ ကြာအောင်ယုံကြည်ခဲ့သည်၊ မည်မျှ အသိပညာရှိသည်၊ ၎င်းသည် ဆုကျေးဇူးများ၊ သို့မဟုတ် အားသာချက်များ ပိုင်ဆိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်း မည်မျှဒုက္ခခံသည်တို့နှင့် မသက်ဆိုင်ပေ။ ကယ်တင်ခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်မှုရှိသည့် တစ်ခုတည်းသော အရာမှာ လူတစ်ဦးအနေဖြင့် သမ္မာတရားကို ရနိုင်ခြင်း ရှိမရှိ ဖြစ်ပေသည်။ ထို့ကြောင့် ယခုအခါတွင် သင်သည် သမ္မာတရားမည်မျှကို စစ်မှန်စွာ နားလည်ပြီးဖြစ်သနည်း။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှက သင်၏အသက် ဖြစ်လာပြီး ဖြစ်သနည်း။ ဘုရားသခင်၏ တောင်းဆိုချက်များ အားလုံးထဲမှ သင်သည် မည်သည့်အရာကို ဝင်ရောက်မှု ရရှိပြီးဖြစ်သနည်း။ သင်၏ ဘုရားသခင်ကို ယုံကြည်သည့် နှစ်များအတောအတွင်းတွင် ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့ကျမှုထဲသို့ သင် မည်မျှ ဝင်ရောက်ပြီးပြီနည်း။ သင်မသိပါက၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှု တစ်ခုတလေထဲ ဝင်ရောက်ခြင်းကို သင် စွမ်းဆောင် ရရှိပြီးခြင်း မရှိသေးပါက ရှင်းရှင်းပြောရလျှင် သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် မရှိပေ။ သင်သည် ကယ်တင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။ သင်သည် မြင့်မားသော အသိပညာအတိုင်းအတာကို ပိုင်ဆိုင်သည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်စေ၊ ကောင်းမွန်သော အသွင်အပြင် ရှိသည်ဖြစ်စေ၊ စကားပြောကောင်းပြီး နှစ်အတော်ကြာအောင် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ပြီးသည်ဖြစ်စေ အရေးမကြီးပေ။ သမ္မာတရားကို မလိုက်စားသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ကောင်းမွန်စွာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်း မရှိသကဲ့သို့ စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် သင်၌ မရှိပါက သင့်အတွက် ကယ်တင်ခံရဖို့ မျှော်လင့်ချက် မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်)နောက်ဆုံးတွင် လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို လုပ်ဆောင်သည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်အပေါ် အလုံးစုံ နာခံနိုင်ခြင်းရှိမရှိ၊ ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကိုခံပြီး ၎င်းတို့၏ အနာဂတ်နှင့် ကံတရားကို ထည့်မစဉ်းစားဘဲအရည်အသွေးပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်းများ ဖြစ်သည်။ ဤစံနှုန်းများမှာ ပြောင်းလဲ၍မရ။ ဤသည်ကို သင်မှတ်ထားရမည်။ ဤစံနှုန်းများကို သင်၏ စိတ်တွင် ကမ္ပည်းထိုးထားလော့။ ထို့ပြင် အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်း သို့မဟုတ် မစစ်မှန်သည့် အရာအချို့ကို လိုက်စားခြင်းအကြောင်း မည်သည့်အခါတွင်မျှ မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိလိုသောသူ အားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင် ရှိသော သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားဆင်ခြင်ပြီးနောက်မှာတော့၊ ဘုရားသခင်က လူတစ်ယောက် ကယ်တင်ခြင်းခံရမလား မခံရမလားဆိုတာကို တိုင်းတာတာဟာ သူတို့ ဘာတာဝန်ကို ထမ်းဆောင်သလဲ၊ ဘယ်လောက် ဒုက္ခခံသလဲ၊ ဒါမှမဟုတ် ဘာဆုကျေးဇူးတွေ၊ ကျွမ်းကျင်မှုတွေ ရှိသလဲဆိုတဲ့အပေါ်မှာ အခြေမခံဘူး၊ ဒါပေမဲ့ သူတို့ သမ္မာတရားကို နားလည်နိုင်သလား၊ သမ္မာတရားကို ရရှိသလား၊ ပြီးတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို လုံးဝ ကျိုးနွံနာခံနိုင်သလားဆိုတဲ့အပေါ်မှာပဲ တိုင်းတာတယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ ခေါင်းဆောင်တွေမှာ ကယ်တင်ခြင်းအတွက် ပိုကြီးမားတဲ့ မျှော်လင့်ချက်ရှိတယ်လို့ ဘုရားသခင်က ဘယ်တုန်းကမှ မပြောခဲ့ဘူး။ အဓိကအချက်က လူတစ်ယောက် လျှောက်လှမ်းတဲ့ လမ်းကြောင်းကို ကြည့်ဖို့ပဲ။ ခေါင်းဆောင်ဖြစ်ခြင်းဆိုတာ လူအများကြီးနဲ့ ထိတွေ့ရပြီး အရာတွေအများကြီးနဲ့ ကြုံတွေ့ရတာကို ဆိုလိုတယ်။ တကယ်လို့ သင်က သမ္မာတရားကို လိုက်စားဖို့ အာရုံစိုက်နိုင်မယ်ဆိုရင် သမ္မာတရားကို ရရှိဖို့ အခွင့်အရေးတွေ ပိုများလာမယ်၊ ပြီးတော့ သမ္မာတရား လက်တွေ့ကျမှုထဲကို အမြန်ဆုံး ဝင်ရောက်နိုင်ပြီး ကယ်တင်ခြင်းခံရနိုင်တယ်။ တကယ်လို့ ကိုယ်က သမ္မာတရားကို မလိုက်စားဘဲ၊ သမ္မာတရားကို လက်မခံဘဲ၊ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ဆောင်ဘဲ စကားလုံးတွေနဲ့ အယူဝါဒတချို့နဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ရုံနဲ့ပဲ ကျေနပ်နေမယ်ဆိုရင်တော့ ခေါင်းဆောင်တာဝန်ကို ဘယ်နှစ်နှစ်ပဲ ထမ်းဆောင်ပါစေ၊ ကယ်တင်ခြင်းကို ရရှိမှာ မဟုတ်ဘူး။ ဒါ့အပြင် တခြားတာဝန်တွေကို ထမ်းဆောင်ခြင်းကလည်း ကယ်တင်ခြင်းအတွက် အခွင့်အရေးနည်းတယ်လို့ မဆိုလိုဘူး။ ဘာတာဝန်ကိုပဲ ထမ်းဆောင်ပါစေ၊ ကျွန်မတို့က သမ္မာတရားကို လိုက်စားပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့ အာရုံစိုက်နေသရွေ့၊ လူတွေနဲ့ အရာတွေကို ကြည့်ရှုတာ၊ ကျင့်ကြံပြုမူတာနဲ့ လုပ်ဆောင်တာတွေကို ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ လုပ်ဆောင်နေသရွေ့၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လက်တွေ့ကျမှုထဲကို ဝင်ရောက်နိုင်နေသရွေ့ ကယ်တင်ခြင်းအတွက် အခွင့်အရေး ရှိမှာပဲ။ ဘုရားသခင် ပြောခဲ့သလိုပေါ့။ “ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းခံရသည့် ဤလူတို့သည် ၎င်းတို့၏ အစွမ်းအစကြောင့်နှင့် ၎င်းတို့၏ အမျိုးမျိုးသော အခြေအနေများကြောင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ စော၍ ဝင်ရောက်နိုင်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း ဤသို့ စောစီးစွာ ဝင်ရောက်ခြင်းသည် ၎င်းတို့သာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သောသူများဖြစ်သည်ဟု မဆိုလိုပေ။ ယင်းမှာ ၎င်းတို့သည် စော၍ အနည်းငယ် ပိုရနိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ အနည်းငယ် စော၍ ဝင်ရောက်နိုင်ခြင်းကိုသာ ဆိုလိုသည်။ ရာထူးတိုးမြှင့်ခြင်း မခံရသောသူတို့သည် ၎င်းတို့၏ နောက်တွင် အနည်းငယ် ကျန်ရစ်လိမ့်မည်၊ သို့သော် ဤသည်မှာ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်နိုင်ဟု မဆိုလိုပေ။ တစ်စုံတစ်ဦးသည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိသည် ၎င်းတို့၏ လိုက်စားမှုများအပေါ်တွင် မူတည်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) အရင်က ကျွန်မသိခဲ့တဲ့ ခေါင်းဆောင်တွေကို ကျွန်မ တွေးမိတယ်။ သူတို့ထဲက တချို့မှာ အစွမ်းအစနဲ့ ဆုကျေးဇူးတချို့ရှိပြီး ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ခဏခဏ ဖြေရှင်းပေးခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်က သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို အားကိုးပြီး တာဝန်ထမ်းဆောင်ခဲ့ကြတယ်။ သူတို့က အသင်းတော်ရဲ့ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တယ်၊ ခေါင်းမာမာနဲ့ နောင်တမရဘဲ နောက်ဆုံးမှာတော့ ရှင်းလင်းပစ်ခံခဲ့ရတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ညီအစ်ကိုမောင်နှမတချို့က ထင်ပေါ်ကျော်ကြားမှုမရှိတဲ့ တာဝန်တွေကို ထမ်းဆောင်ကြပေမဲ့၊ သူတို့က သမ္မာတရားကို ရှာဖွေဖို့ အာရုံစိုက်တယ်၊ နားလည်သလောက် လက်တွေ့လုပ်ဆောင်တယ်၊ ကိုယ့်တာဝန်တွေကို အစွမ်းကုန် ကောင်းကောင်းမွန်မွန် ထမ်းဆောင်တယ်၊ ပြီးတော့ အသင်းတော်ရဲ့ အလုပ်ကိုလည်း ကာကွယ်တယ်။ အချိန်ကာလတစ်ခုကြာပြီးနောက်မှာ သူတို့ဟာ ကိုယ့်တာဝန်တွေနဲ့ အသက်ဝင်ရောက်မှုမှာ တိုးတက်လာနိုင်ပြီး သမ္မာတရားကို ရရှိနိုင်တယ်၊ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကိုလည်း အတူတူပဲ ရရှိနိုင်ကြတယ်။ လူတစ်ယောက် ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ခံရနိုင်မလားဆိုတာဟာ သူတို့ ဘယ်အဆင့်ခေါင်းဆောင်ဖြစ်သလဲဆိုတဲ့အပေါ်မှာ မူမတည်ဘဲ ဘုရားသခင်၊ သမ္မာတရားနဲ့ သူတို့ရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားက ဆုံးဖြတ်တာဖြစ်တယ်၊ သူတို့ သမ္မာတရားကို လိုက်စားတဲ့ လမ်းကြောင်းကို လျှောက်လှမ်းသလားဆိုတဲ့အပေါ်မှာ မူတည်တယ်။ ဒီအချက်ကနေ ဘုရားသခင်ရဲ့ စိတ်သဘောထားက သန့်ရှင်းပြီး ဖြောင့်မတ်တယ်ဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ လူတိုင်းဟာ သမ္မာတရားရဲ့ ရှေ့မှောက်မှာ တန်းတူညီတူပဲ၊ တကယ်လို့ ကိုယ်က သမ္မာတရားကို မလိုက်စားဘူး၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘူးဆိုရင် ကိုယ်က ဘယ်လောက်ကြီးမြတ်တဲ့ ခေါင်းဆောင်ပဲဖြစ်ပါစေ၊ နောက်ဆုံးမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ ဒါကို ကျွန်မ နားလည်သွားတဲ့အခါ ကျွန်မရဲ့ စိတ်နှလုံးက လင်းထိန်သွားခဲ့တယ်။ ကျွန်မရဲ့ အစွမ်းအစက သာမန်ပဲဖြစ်ပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ နားလည်နိုင်တယ်၊ ပြီးတော့ ဘာတာဝန်ကိုပဲ ထမ်းဆောင်ပါစေ၊ သမ္မာတရားကို ရှာဖွေဖို့နဲ့ လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်နေသရွေ့ ကျွန်မမှာ ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက် ရှိနေသေးတယ်။

နောက်ပြီး ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးအနေနှင့် မိမိ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆာင်ရန် ကြိုးစားခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်း ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်း၏ လမ်းကြောင်းအား ဖွေရှာခြင်းသည် အမှန်ကန်ဆုံးသော လမ်းကြောင်း ဖြစ်သည်။ မိမိ၏ ဟောင်းသော စိတ်သဘောထား၌ ပြောင်းလဲမှုများကို ရှာဖွေခြင်းနှင့် ဘုရားသခင်အတွက် ဖြူစင်သော ချစ်ခြင်းအား ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်း ဖြစ်သည်။ ထိုသို့သော အောင်မြင်မှုဆီသို့ လမ်းကြောင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး၏ နဂိုမူလတာဝန်နှင့် နဂိုမူလ အသွင်အပြင်ကို ပြန်ရရှိခြင်း လမ်းကြောင်းဖြစ်သည်။ ယင်းသည် ပြန်ရရှိခြင်း လမ်းကြောင်း ဖြစ်ပြီး၊ အစအဦးမှ အဆုံးထိတိုင် ဘုရားသခင်၏ အမှုအားလုံး၏ ရည်မှန်းချက်လည်း ဖြစ်သည်။ အကယ်၍ လူ၏ လိုက်စားခြင်းသည် ကိုယ်ရေးကိုယ်တာ လွန်ကဲသော တောင်းဆိုမှုများနှင့် ယုတ္တိမတန်သော တောင့်တခြင်းများဖြင့် စွန်းထင်းပါက၊ စွမ်းဆောင်ရရှိသည့် အကျိုးတရားသည် လူ၏ စိတ်သဘောထား၌ ပြောင်းလဲခြင်းများ ဖြစ်လိမ့်မည် မဟုတ်။ ဤအရာသည် ပြန်ရရှိခြင်း အလုပ်နှင့် ဆန့်ကျင်သည်။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်က လုပ်ဆောင်သည့် အလုပ် ဧကန်မုချ မဟုတ်ပေ၊ ထို့ကြောင့် ဤအရာက ဤကဲ့သို့သော လိုက်စားခြင်းမျိုးကို ဘုရားသခင်က လက်မခံသည်ကို သက်သေပြပေသည်။ ဘုရားသခင်က လက်မခံသည့် လိုက်စားခြင်းတစ်ခုသည် မည်သည့် အရေးပါမှု ရှိပါသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်)ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မလိုက်စားသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။ သင် လိုက်စားသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်လိုက်စားသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများ ဖြစ်ပြီး၊ သင်လက်တွေ့ လုပ်ဆောင်သော အရာသည် သင်၏ ကိုယ်ပိုင် အယူအဆများနှင့်ဆိုင်သော သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်း မရှိသကဲ့သို့၊ သင်သည် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်ကို လုံးဝ နာခံခြင်း မရှိဘဲ၊ မရေရာမှု၌ သင် အသက်ရှင်ဆဲ ဖြစ်ပါက၊ သင် လိုက်စားသော လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်သည့်အတွက်၊ သင် ဖွေရှာသော အရာသည် သင့်ကို ငရဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည် သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူ လျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားဆင်ခြင်ပြီးနောက်မှာတော့၊ ဘုရားသခင်ကို ယုံကြည်ရာမှာ ကိုယ်က ဘယ်လမ်းကြောင်းကို လျှောက်လှမ်းသလဲဆိုတာ အရမ်းအရေးကြီးမှန်း ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်က လူတွေကို ဖန်ဆင်းခံတွေအနေနဲ့ သူတို့ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့၊ ပြီးတော့ ပေတရုလိုပဲ ဘုရားသခင်ကို နားလည်ခြင်းနဲ့ ချစ်ခြင်းကို လိုက်စားဖို့ တောင်းဆိုတယ်။ ဒီနည်းနဲ့သာ လူတစ်ယောက်ဟာ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိနိုင်ပြီး ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်အားလုံးကို ကျိုးနွံနာခံနိုင်မှာဖြစ်တယ်၊ ရှင်ပေါလုလိုမျိုး ကောင်းချီးမင်္ဂလာတွေနဲ့ သရဖူတွေရဖို့အတွက်ပဲ အလုပ်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးမခံသင့်ဘူး။ ရှင်ပေါလုရဲ့ လိုက်စားမှုက ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့တယ်။ သူဟာ အဆုံးတိုင်အောင် ယုံကြည်ခဲ့ပေမဲ့ သူ့ရဲ့ စိတ်သဘောထားမှာ ဘာပြောင်းလဲမှုမှ မရရှိခဲ့ဘူး၊ ဘုရားသခင်အပေါ် တောင်းဆိုချက်တွေ၊ တောင်းခံမှုတွေနဲ့ ပြည့်နေတုန်းပဲ၊ ပြီးတော့ သူ့ရဲ့ သဘာဝကလည်း ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ သဘာဝတစ်ခု ဖြစ်နေတုန်းပဲ။ ကျွန်မက ရှင်ပေါလုရဲ့ ကျရှုံးခဲ့တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေခဲ့တာပါ။ ခေါင်းဆောင်ဖြစ်ခြင်းက လေ့ကျင့်ဖို့ အခွင့်အရေးတွေအများကြီး ပေးပြီး ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက် ပိုများစေတယ်လို့ ကျွန်မ အမြဲတမ်း ယုံကြည်ခဲ့တယ်။ ဒါကြောင့် ကျွန်မက ခေါင်းဆောင်ဖြစ်ဖို့ အမြဲတမ်း လိုချင်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ကျွန်မ လိုက်စားခဲ့တာဟာ သမ္မာတရားနဲ့ စိတ်သဘောထား ပြောင်းလဲမှုတွေကို လိုက်စားမယ့်အစား ကောင်းချီးမင်္ဂလာတွေနဲ့ သရဖူတစ်ခုကို ရရှိဖို့ပဲ ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ အစွမ်းအစ ညံ့ဖျင်းမှုကြောင့် ဖြုတ်ချခံခဲ့ရပြီး နောက်တစ်ခါ ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေး ဘယ်တော့မှ ရတော့မှာမဟုတ်ဘူး၊ ကောင်းချီးမင်္ဂလာတွေ ရရှိဖို့ မျှော်လင့်ချက်တွေ နည်းပါးသွားပြီလို့ ခံစားခဲ့ရတဲ့အခါ ကျွန်မ အပျက်သဘောဆောင်ပြီး စိတ်မပါဖြစ်လာခဲ့တယ်၊ ကိုယ့်တာဝန်ကိုလည်း လုံးဝ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မ ဘုရားသခင်ကို စိတ်ရင်းမှန် တစ်စက်မှ မပြခဲ့ဘူးဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ တကယ်လို့ ကျွန်မက မှားယွင်းတဲ့ လမ်းကြောင်းပေါ်မှာ ဆက်ပြီးလျှောက်လှမ်းနေမယ်၊ သမ္မာတရားကို မလိုက်စားဘူးဆိုရင် ကျွန်မရဲ့ အသက်စိတ်သဘောထားက ပြောင်းလဲမှာ မဟုတ်ဘူး၊ ပြီးတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကိုလည်း လုံးဝ ကျိုးနွံနာခံမှု ပြမှာ မဟုတ်ဘူး။ နောက်ဆုံးမှာ ကျွန်မရဲ့ အဆုံးသတ်က ရှင်ပေါလုရဲ့ အဆုံးသတ်နဲ့ တစ်ထပ်တည်း တူနေမှာ မဟုတ်ဘူးလား။ ဒါကို နားလည်သွားတဲ့အခါ ကျွန်မရဲ့ မှားယွင်းတဲ့ လိုက်စားမှုကို ထုတ်ဖော်ဖို့အတွက် ဒီလိုပတ်ဝန်းကျင်တစ်ခုကို စီစဉ်ပေးခဲ့တဲ့ ဘုရားသခင်ကို ကျွန်မ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့တယ်။ ဒါက ကျွန်မကို ကယ်တင်နေခဲ့တာပဲ။ ဒါကို နားလည်သွားတဲ့အခါ ကျွန်မရဲ့ အစွမ်းအစက ညံ့ဖျင်းပြီး ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ သတ်မှတ်ချက်တွေ မရှိတဲ့အချက်အပေါ်မှာ ကျွန်မ စိတ်မဆင်းရဲတော့ဘူး။ ကျွန်မဟာ ဖန်ဆင်းခံတစ်ယောက်ဖြစ်တယ်၊ ကောင်းချီးမင်္ဂလာတွေကို မလိုက်စားသင့်ဘူး၊ ဘုရားသခင်နဲ့ အပေးအယူ မလုပ်သင့်ဘူး။ အဲဒီအစား ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းပြီး ဘုရားသခင်ကို ချစ်ဖို့နဲ့ ကျိုးနွံနာခံဖို့ ကြိုးစားသင့်တယ်။ ဒါကသာ ဘဝရဲ့ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်ပြီး ဖန်ဆင်းခံတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ ပုံစံလည်း ဖြစ်တယ်။ အဲဒီနောက်မှာ သာမန်ရေးရာတာဝန်အပေါ် ကျွန်မရဲ့ သဘောထားက ပိုပြီးမှန်ကန်လာတယ်၊ ပြီးတော့ ကိုယ့်တာဝန်တွေကို အသိတရားရှိရှိ လက်တွေ့ကျတဲ့ စိတ်ထားနဲ့ ထမ်းဆောင်နိုင်ခဲ့တယ်။ ကျွန်မ့အခြေအနေ ပြောင်းလဲသွားတာနဲ့၊ ကျွန်မ့ရဲ့ အလုပ်လုပ်နိုင်စွမ်းကလဲ နည်းနည်း တိုးတက်လာခဲ့တယ်။

နောက်ပိုင်းမှာ သာမန်ရေးရာတာဝန်တွေနဲ့ အလုပ်များတဲ့အခါတိုင်းမှာ ဒီတာဝန်က အဓိကအားဖြင့် အပြင်ပိုင်းကိစ္စတွေနဲ့ပဲ အလုပ်များနေရပြီး ကိုယ့်ရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးမရှိဘူးလို့ ကျွန်မ ခံစားမိတုန်းပဲ။ ဒါပေမဲ့ ဒီအမြင်က မမှန်ကန်ဘူးဆိုတာကို ကျွန်မသိခဲ့တယ်၊ ဒါကြောင့် ဒီတာဝန်ကို ထမ်းဆောင်နေရင်းနဲ့ အသက်ဝင်ရောက်မှုအပေါ်မှာ ဘယ်လို အာရုံစိုက်သင့်သလဲဆိုတာကို ကျွန်မ ရှာဖွေခဲ့တယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ သို့မဟုတ် မည်သည့်တာဝန်မျိုးကို ထမ်းဆောင်ရပါစေ ဘုရားသခင်ရှေ့တွင် သင့်ကိုယ်သင် မကြာခဏ ငြိမ်သက်ခြင်းရှိနိုင်သော၊ ဘုရားနှုတ်ကပတ်တော်များကို ဆင်ခြင်စဉ်းစားခြင်း၊ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ထိုတာဝန်ကို မည်သို့ ထမ်းဆောင်ရမည်ကိုလည်းကောင်း၊ ထိုတာဝန်ကို ကျေနပ်ဖွယ်ဖြစ်စွာ ထမ်းဆောင်ရန်အတွက် မည်သည့်သမ္မာတရားများကို ပိုင်ဆိုင်သင့်သည် ဆိုသည်ကိုလည်းကောင်း ဆင်ခြင်စဉ်းစားခြင်းတွင် စိတ်နှစ်မြှုပ်ထားနိုင်သော အခြေအနေများကို သင်တို့ တွေ့ကြုံသလော။ ဤနည်းဖြင့် သမ္မာတရားကို သင်ရှာဖွေသည့် အကြိမ်များစွာ ရှိသလော။ (မရှိပါ။) သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိခြင်းနှင့် တာဝန် ယူနိုင်ခြင်းသည် သင့်အနေဖြင့် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခတစ်ခု ပေးဆပ်ဖို့ လိုအပ်ပေသည်။ ဤအရာများနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခြင်း သက်သက်သည် မလုံလောက်ပေ။ သင်၏တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို မထားရှိဘဲ ယင်းအစား အမြဲ အားသွန်ခွန်စိုက်လုပ်လိုပါက သင်၏ တာဝန်သည် သေချာပေါက် ကောင်းကောင်းမွန်မွန် ပြီးမြောက်လိမ့်မည်မဟုတ်ပေ။ သင်သည် ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြလိမ့်မည်ဖြစ်ပြီး ထိုထက် ပိုလိမ့်မည်မဟုတ်ဘဲ၊ သင်၏ တာဝန်ကို သင် ကောင်းကောင်း လုပ်ဆောင်ပြီး မလုပ်ဆောင်ပြီးသည်ကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိပါက၊ သင်သည် သမ္မာတရားကို တဖြည်းဖြည်း သိနားလည်လာလိမ့်မည်။ သင် မထားရှိပါက သိနားလည်လိမ့်မည် မဟုတ်။ သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိသည့်အခါတွင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို တဖြည်းဖြည်း နားလည်လာလိမ့်မည်၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မပြည့်စုံခြင်းတို့ကို တွေ့ရှိနိုင်လိမ့်မည် ဖြစ်ပြီး သင်၏ အခြေအနေမျိုးစုံကို ထိန်းသိမ်းနိုင်လိမ့်မည် ဖြစ်သည်။ သင် အာရုံစိုက်သည့် တစ်ခုတည်းသောအရာမှာ အားထုတ်မှုကို အသုံးပြုရန်ဖြစ်သောအခါ၊ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ရန် စိတ်မနှစ်သောအခါတွင် သင်၏ စိတ်နှလုံးမှ တကယ့်အခြေအနေများ၊ မတူညီသော ပတ်ဝန်းကျင်များတွင် သင့်၌ရှိသော ဖောက်ပြန်ပျက်စီးမှု၏ မရေမတွက်နိုင်သော တုံ့ပြန်မှုများနှင့် ထုတ်ဖော်ခြင်းများကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ပြဿနာများ ပြေလည်မသွားသောအခါ အကျိုးဆက်များက မည်သည့်အရာများ ဖြစ်မည်ကို သင် မသိလျှင် သင်သည် များစွာ ဒုက္ခရောက်ပြီဖြစ်သည်။ ဤအတွက်ကြောင့် ရှုပ်ထွေးသော နည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် မကောင်းခြင်းဖြစ်သည်။ အချိန်တိုင်း၊ နေရာတိုင်းတွင် ဘုရားသခင်ရှေ့၌ သင် အသက်ရှင်ရမည်။ သင့်အပေါ်သို့ မည်သည့်အရာကျရောက်ပါစေ သမ္မာတရားကို အစဉ်ရှာဖွေရမည်။ သမ္မာတရားကို ရှာဖွေစဉ်တွင် သင့်ကိုယ်သင်လည်း ဆင်ခြင်သုံးသပ်ပြီး သင်၏ အခြေအနေတွင် မည်သည့်ပြဿနာများရှိသည်ကို သိရမည်။ ထိုအရာများကို ဖြေရှင်းရန် သမ္မာတရားကို ချက်ချင်းရှာဖွေရမည်။ ဤနည်းအားဖြင့်သာ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ပြီး အလုပ်ကို နှောင့်နှေးစေခြင်းအား ရှောင်ကြဉ်နိုင်မည်။ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်သာမက အရေးကြီးဆုံးအရာမှာ သင့်တွင် အသက်ဝင်ရောက်မှုလည်းရှိပြီး သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းနိုင်မည်လည်း ဖြစ်သည်။ ဤနည်းအားဖြင့်သာ သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးဖြစ်ခြင်းကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့်၊ သမ္မာတရားကို ရရှိပြီး ကယ်တင်ခြင်းကို ရရှိခြင်းဟာ ကျွန်မတို့ ဘာတာဝန်တွေ ထမ်းဆောင်သလဲဆိုတဲ့အပေါ်မှာ မူမတည်ဘူးဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ အဲဒီအစား ဒါဟာ ကျွန်မတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေရဲ့လား၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေနဲ့ ချို့တဲ့မှုတွေကို ဆင်ခြင်သုံးသပ်ရဲ့လား၊ ပြီးတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ အသက်ဝင်ရောက်မှုကို ရရှိရဲ့လားဆိုတဲ့အပေါ်မှာ မူတည်တယ်။ ကျွန်မတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ သမ္မာတရားကို ရှာဖွေပြီး ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်ရင်၊ ဘာတာဝန်ကိုပဲ ထမ်းဆောင်ပါစေ သမ္မာတရားကို ရရှိနိုင်မှာပဲ။ ဥပမာ၊ အခုဆိုရင် ကျွန်မက သာမန်ရေးရာ အလုပ်တွေနဲ့ ပိုပြီးပတ်သက်နေရတယ်။ တကယ်လို့ ကျွန်မက အရာရာကို ဝတ်ကျေတမ်းကျေနဲ့ မပြတ်မသား လုပ်တယ်ဆိုရင်၊ ပြီးတော့ အလေးအနက်ထားပြီး မချဉ်းကပ်ဘူးဆိုရင် အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်။ ဒါ့အပြင် သာမန်ရေးရာတာဝန်ကို ထမ်းဆောင်ခြင်းဆိုတာက လောကကြီးနဲ့ အဆက်အသွယ်ပြတ်ပြီး နေထိုင်ရတာမျိုးတော့ မဟုတ်ဘူး။ ကျွန်မ နေ့တိုင်း လူတွေ၊ ဖြစ်ရပ်တွေနဲ့ အရာတချို့ကို ကြုံတွေ့ရတုန်းပဲ၊ အဲဒါတွေက တက်ကြွတဲ့ အတွေးအခေါ်အမျိုးမျိုးကို ထုတ်ဖော်ပေးတယ်။ ကျွန်မ နေ့တိုင်း ထုတ်ဖော်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ၊ အတွေးအခေါ်တွေနဲ့ အယူအဆတွေကနေတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိရှိဖို့ အာရုံစိုက်နိုင်ရင်၊ ပြီးတော့ သမ္မာတရား လက်တွေ့ကျမှုထဲကို ဝင်ရောက်နိုင်ရင် သင်ခန်းစာတွေအများကြီးကို သင်ယူနိုင်ပြီး သမ္မာတရားကိုလည်း ရရှိနိုင်မှာပဲ။ ဒါကို နားလည်သွားတဲ့အခါ ကျွန်မ စိတ်သက်သာရာ အများကြီး ရသွားတယ်။

အဲဒီနောက်ပိုင်း ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ နေ့တိုင်း ကိုယ့်ရဲ့ အတွေးအခေါ်တွေနဲ့ စိတ်ကူးတွေကို ဆန်းစစ်ဖို့ အာရုံစိုက်ခဲ့တယ်။ ကျွန်မ ပြုပြင်ခံရတဲ့အခါမှာလည်း သမ္မာတရားကို တက်တက်ကြွကြွ ရှာဖွေခဲ့ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေကို ကြည့်ခဲ့တယ်၊ တခြားသူတွေ အဖြစ်အပျက်တွေ ကြုံလာတဲ့အခါမှာ သူတို့ကိုယ်သူတို့ ဘယ်လို ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာယူကြသလဲဆိုတာကို ကြည့်ခဲ့တယ်။ ဥပမာ၊ အရင်က ညီအစ်ကိုမောင်နှမတွေက ကျွန်မမှာ မာနထောင်လွှားတဲ့ စိတ်သဘောထားရှိပြီး အဖြစ်အပျက်တွေ ကြုံလာတဲ့အခါမှာ ပြန်ခံပြောတတ်တယ်လို့ ထောက်ပြခဲ့ကြတယ်။ ကျွန်မ ဒါကို လက်ခံခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိနားလည်ခဲ့တယ်၊ ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေဖတ်ရှုခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေဆီမှာ ကိုယ့်ကိုယ်ကိုယ် ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပြီး ပြန်ခံပြောတတ်တဲ့ ကိုယ့်ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုလည်း ရှာဖွေခဲ့တယ်။ ကျွန်မ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေရေးဖို့လည်း မကြာမကြာ အချိန်ပေးပြီး ကိုယ့်ရဲ့ စာတန်ဆန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ်မှာ ပိုပြီးရှင်းလင်းပြီး နက်ရှိုင်းတဲ့ နားလည်မှုတစ်ခုကို ရရှိခဲ့တယ်။ ဒီလိုနည်းနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ စိတ်ထဲမှာ ငြိမ်သက်ပြီး တည်ငြိမ်တယ်လို့ ခံစားရတယ်။ ဒီလိုမျိုး ပိုပြီးလေ့ကျင့်လေလေ၊ ကိုယ့်ရဲ့စိတ်က ပိုပြီးထက်မြက်လာလေလေပဲ။ ကိုယ့်တာဝန်ထဲက ပြဿနာတွေကိုလည်း အချိန်မီ ရှာဖွေတွေ့ရှိနိုင်စွမ်း ပိုရှိလာပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ဘုရားသခင်ရဲ့ ဦးဆောင်မှုနဲ့ ကောင်းချီးမင်္ဂလာလည်း ရှိတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တာဝန်များအကြား အဆင့် သို့မဟုတ် ကွဲပြားမှုမရှိပါ

၂၀၁၉ ခုနှစ်မှာ ဖေဖော်ဝါရီလမှာ၊ ကျွန်မဟာ တကယ်အလုပ်လုပ်ရမယ့်အစား ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားခဲ့လို့ ခေါင်းဆောင်မှုတာဝန်ကနေ...

ကိုယ့်ထက်သာသွားမည်ကို အဘယ်ကြောင့် ကျွန်ုပ် အလွန်စိုးရွံ့ရသနည်း

ယန်ဖေချီ တရုတ်နိုင်ငံ ၂၀၁၇ မှာ ဘွဲ့ယူပြီးတဲ့နောက်၊ အသင်းတော်မှာ ကိုယ့်တာဝန်ကို စခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကြားမှာ ကျွန်မက...

ကျွန်မတာဝန် ဆုံးရှုံးပြီးနောက် ဆင်ခြင်သုံးသပ်ခြင်းများ

အာရာဘယ်လာ၊ တောင်ကိုရီးယားတစ်ခါတုန်းက ခေါင်းဆောင်တွေက ကျွန်မကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ရွတ်ဆိုတာ လေ့ကျင့်ဖို့ စီစဉ်ပေးခဲ့တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။