သားသမီးများ၏ အနာဂတ်အတွက် ကျွန်ုပ် မပူပန်တော့ပါ

15.11.2024

ကျွန်တော်က ဆင်းရဲတဲ့ လယ်သမားမိသားစုမှာ မွေးဖွားခဲ့ပါတယ်။ အလယ်တန်းကျောင်းပြီးတော့ အလုပ်ရှာဖို့ ကျွန်တော် အိမ်ကနေ ထွက်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော့်ဇနီးနဲ့ တွေ့ခဲ့ပြီး ကျွန်တော်တို့ သားသမီးတွေ ရခဲ့တယ်။ ကျွန်တော်က အမြဲအလုပ်ကြိုးစားတဲ့သူဖြစ်ပေမယ့် ဝင်ငွေနဲ့ထွက်ငွေမျှအောင်လုပ်ဖို့က မကြာခဏ ခက်ခဲခဲ့တယ်။ ကျွန်တော့်ယောက်ဖက ဒီအကြောင်းကို ကြားတော့ သူ့အဖွဲ့မှာ မြေတူးစက်မောင်းတဲ့အလုပ်လုပ်ဖို့ ကျွန်တော့်ကို ငှားတယ်။ နောက်ပိုင်းနှစ်တွေမှာ ကျွန်တော် ငွေနည်းနည်းရှာနိုင်ခဲ့ပြီး အိမ်အသစ်တစ်လုံးဆောက်နိုင်ခဲ့တယ်။ ပြီးတော့ ပိုကောင်းတဲ့ဘဝကို နေနိုင်ခဲ့တယ်။

၂၀၁၃ မှာ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိကို ကျွန်တော် လက်ခံခဲ့ပြီး ကိုယ့်ယုံကြည်ခြင်းနဲ့ ကိုယ့်အလုပ်ကို ဟန်ချက်ညီအောင်ထားခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော့်သား ကိုယ့်လမ်းကိုယ်စလျှောက်ရာမှာ ကူညီပေးနိုင်‌အောင် ကျွန်တော်ငယ်ရွယ်တုန်း ငွေပိုရှာသင့်တယ်လို့ ထင်ခဲ့တယ်။ ဒါဟာ အဖေတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ တာဝန်ဝတ္တရားပါ။ နောက်ပိုင်းတော့ အဖွဲ့ခေါင်းဆောင်အဖြစ် ကျွန်တော် တာဝန်စထမ်းဆောင်ပါတယ်။ ပြီးတော့ ၂၀၁၇ မှာ ရေလောင်းတဲ့ သင်းထောက်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ ကျွန်တော် ရွေးချယ်ခံရတယ်။ ဒါပေမဲ့လည်း အဲဒါက အဖွဲငယ်လေးကို ခေါင်းဆောင်တာလောက် လွယ်မှာမဟုတ်ဘူးဆိုတာ သိတော့ အဲဒီတာဝန်ကို ကျွန်တော် တကယ်လက်မခံချင်ခဲ့ဘူး။ စုဝေးပွဲတွေအတွက် ယုံကြည်သူအသစ်တွေရဲ့ အချိန်ဇယားတွေအတိုင်း ကျွန်တော် လိုက်ညှိရမှာ ဆိုတော့ အဲဒါက ကျွန်တော့်ရဲ့ မြေတူးစက်အလုပ်က ဝင်ငွေကို သေချာပေါက် ထိခိုက်တော့မှာပါ။ ငွေကို အတော်အသင့် မစုထားနိုင်ရင် ကျွန်တော့်သား ရှေ့ဆက်ဖို့ ကျွန်တော် ဘယ်လိုကူညီနိုင်ပါဦးမလဲ။ ဒါတွေအားလုံးကို သဘောပေါက်ပြီးတော့ ကျွန်တော် အဲဒီတာဝန်ကို ငြင်းခဲ့တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်တော်တော်တော်လေး လိပ်ပြာမလုံခဲ့ဘူး။ ကျွန်တော်တို့ကို ကယ်တင်ဖို့ ဘုရားသခင်က အများကြီး စွန့်လွှတ်အနစ်နာခံခဲ့ရပြီး အခု အသင်းတော်အလုပ်က ကျွန်တော့်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တဲ့အချိန်မှာ ကျွန်တော့်မှာတော့ ကိုယ့်သားကို ကူညီဖို့ ငွေရှာတဲ့အကြောင်းပဲ စဉ်းစားနိုင်ပြီး ဒီတာဝန်ကို လက်မခံချင်ခဲ့ဘူး။ ဒါဟာ ဘုရားကို နာကျင်စေမှာပဲ မဟုတ်လား။ ဒါကို နားလည်သွားတော့ ကျွန်တော် ကြမ်းပြင်မှာ ဒူးထောက်ပြီး နောက်ထပ် ပေးအပ်တဲ့တာဝန်တွေကို မငြင်းပယ်တော့ပါဘူးလို့ ကတိပေးပြီးတော့ ဘုရားဆီမှာ နောင်တနဲ့ ဆုတောင်းခဲ့တယ်။ ၂၀၁၈ ခုနှစ်မှာ အသင်းတော်ခေါင်းဆောင်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ ကျွန်တော့်ကို ညီအစ်ကို မောင်နှမတွေက မဲပေးခဲ့တယ်။ ကျွန်တော် တော်တော်လေး ဒွိဟဖြစ်ခဲ့ပါတယ်။ အလုပ်တစ်ခုလုံးကို ကြီးကြပ်ရတဲ့ ခေါင်းဆောင်တစ်ယောက်ဆိုတာ အချိန်ပြည့်တာဝန်ပါ။ ကျွန်တော့်သားရဲ့ အနာဂတ်အတွက် ပိုက်ဆံစုနိုင်တော့မှာ မဟုတ်သလို၊ အဖေတစ်ယောက်အနေနဲ့ တာဝန်ဝတ္တရားတွေကို ကျွန်တော်‌ ကျေပွန်မှာမဟုတ် တော့ပါဘူး။ ဒါပေမဲ့ အရင်တုန်းက ပေးအပ်တဲ့တာဝန်တစ်ခုကို ငြင်းပယ်ခဲ့မိလို့ အပြစ်ရှိတဲ့စိတ်ခံစားခဲ့ရပုံကိုလည်း သွားသတိရတော့ ကျွန်တော့် အဲ့ဒီတာဝန်ကို ယူခဲ့ပါတယ်။

အသင်းတော်ခေါင်းဆောင်ဖြစ်လာပြီး နောက်ပိုင်းမှာ မြေတူးစက်အလုပ်ကို လုပ်ဖို့ ကျွန်တော့်မှာ အချိန်မရှိခဲ့ဘူး။ အဲဒီတော့ ငွေကြေးအလျဉ်မီအောင် ကျွန်တော့်မိန်းမ ဟင်းသီးဟင်းရွက်ရောင်းလို့ရတဲ့ငွေလေးကို အားထားခဲ့ရတယ်။ ကျွန်တော့်သား ဘွဲ့ရပြီး စက်ရုံတစ်ခုမှာ အလုပ်ရသွားတော့ ကျွန်တော်တို့ ဝန်ထုပ်ဝန်ပိုး ပေါ့သွားခဲ့တယ်။ ဒါပေမဲ့ သူ အိမ်ထောင်ပြုမယ့် အချိန်ရောက်လာတော့ ကျွန်တော်တို့မှာ သူ့အတွက် အိမ်ဖြစ်ဖြစ်၊ ကားဖြစ်ဖြစ်၊ စုဆောင်းငွေလေးပဲဖြစ်ဖြစ် မရှိသေးဘူး။ ကျွန်တော့်သားကို ကျွန်တော် ဘာပြောရတော့မှာလဲ။ ကျွန်တော် သူ့အပေါ် တာဝန်ပျက်ကွက်ခဲ့ပြီလို့ ခံစားရတယ်။ တစ်ခါတလေ သူအလုပ်နားချိန် ပြန်လာတဲ့အခါ သူ့အတွက် တကယ့်ဟင်းလျာကောင်းကောင်း ချက်ပြုတ်ပေးပြီး ကိုယ့်ရဲ့အပြစ်ရှိတဲ့စိတ်တချို့တလေ သက်သာအောင် သူ့ဘဝအတွက် ပိုဂရုစိုက်ပြခဲ့တယ်။ ၂၀၂၃ ခုနှစ် သြဂုတ်လနှောင်းပိုင်းမှာ ကျွန်တော့်အထက်ခေါင်းဆောင်က ကျွန်တော့်ကို အိမ်ကနေဝေးတဲ့ တာဝန်တစ်ခုကို ရာထူးတိုးပေးချင်ခဲ့တယ်။ ဒီတော့ အဲ့ဒီကိစ္စကို ကျွန်တော့်မိန်းမနဲ့ တိုင်ပင်တယ်။ ကျွန်တော် ဘယ်လိုထင်လဲလို့ သူက မေးတယ်။ ကျွန်တော်က “ငါ မသွားချင်ဘူး၊ ငါသွားရင် ငါတို့မိသားစုဝန်ထုပ်ကို မင်းတစ်ယောက်တည်း ထမ်းရမှာ။ ငါတို့ သမီးက ငယ်သေးတယ်၊ ငါတို့သားလည်း အိမ်ထောင်မကျသေးဘူး၊ ငါ သွားရင် ငါတို့မိသားစု ဘာတွေ ဖြစ်မလဲ” လို့ ပြောလိုက်တယ်။ ကျွန်တော့်မိန်းမက “ကျွန်မတို့ ပြဿနာတွေ ကြုံတွေ့ရင် ဘုရားသခင်ဆီမှာ ဆုတောင်းနိုင်တယ်၊ အခု ရှင့်ကို ဒီတာဝန် ပေးထားပြီးပြီဆိုတော့ ရှင် ကျိုးနွံနာခံတဲ့ စိတ်နှလုံး ရှိသင့်တယ်။ အိမ်ကကိစ္စတွေ ကျွန်မ တာဝန်ယူနိုင်တယ်၊ ရှင် စိတ်မပူနဲ့” ဆိုပြီး ပြန်ပြောတယ်။ ရက်နည်းနည်းကြာတော့ အထက်ခေါင်းဆောင်ကကျွန်တော့်အပေါ် လူတွေရဲ့ သုံးသပ်အကဲဖြတ်ချက်တွေကို စာရေးပြီးတောင်းခံတယ်။ ဒါပေမဲ့ ကျွန်တော် ညီအစ်ကိုမောင်နှမတွေကို မရေးခိုင်းခဲ့ပါဘူး။ ကျွန်တော် တွေးမိတာက “ငါက ငါ့အိမ်ရဲ့ အိမ်ထောင်ဦးစီးပဲ၊ ငါတို့အိမ်ထောင်စုရဲ့ ဝန်ထုပ်ကို ထမ်းဖို့က ငါ့တာဝန်ဝတ္တရားပဲ၊ ငါ့သားက အိမ်ထောင်ပြုရမဲ့ အသက်အရွယ်ရောက်နေပြီ၊ ဒါပေမဲ့ ငါတို့မှာ သူ့အတွက် အသင့်ပြင်ထားတဲ့ အိမ်၊ ကား ဒါမှမဟုတ် စုငွေတွေ မရှိသေးဘူး။ ရွယ်တူကလေးတွေရှိတဲ့ ငါတို့ရဲ့ အိမ်နီးချင်းတွေအားလုံးကတော့ သူတို့ကလေးတွေအတွက်ကြိုတင်ပြင်ဆင်ထားတဲ့ အိမ်တွေ ကားတွေ ရှိကြတယ်၊ တခြားမိဘတွေ အကုန်လုံး သူတို့ကလေးတွေအတွက် စီစဉ်ပေးကြချိန်မှာ သူ့အတွက် ဘာလို့ ငါက မစီစဉ်ပေးတာလဲ လို့ ငါ့သားကမေးလာရင် ဘယ်လို လုပ်မလဲ၊ ငါ ဘယ်လို အဖေမျိုးပါလိမ့်။ ဘယ်လိုဖြေရမယ်မှန်း ငါ မသိဘူး၊ ပြီးတော့ သမီးလေးက နေမကောင်းဘူး၊ ငါ အိမ်ကထွက်သွားရင် သမီးလေးကို ပြုစုစောင့်ရှောက်နိုင်မှာ မဟုတ်တော့ဘူး” လို့ပေါ့။ ဒါတွေအားလုံးကိုတွေးမိတော့ ကျွန်တော် တော်တော်စိတ်ဆင်းရဲပြီး အိမ်ကနေ အဝေးကိုသွားရတဲ့ တာဝန်ကို မလုပ်ချင်ခဲ့ဘူး။ ဒါပေမဲ့ တာဝန်ကို ငြင်းရင် ဘုရားသခင် ဝမ်းသာမှာမဟုတ်တာလည်း ကျွန်တော် သိတယ်။ ဒါပေမဲ့လည်း ကျွန်တော်သွားခဲ့ရင် ကျွန်တော်မိသားစု ခက်ခဲမှာ။ ကျွန်တော် ဆုပ်လည်းစူး စားလည်းရူးဖြစ်နေခဲ့ပြီး အတော်လေးကို ဒုက္ခသုက္ခများပါတယ်။ နောက်ရက်တွေမှာ ကျွန်တော် အာရုံတွေထွေပြားနေခဲ့ပြီး လူသစ်တွေကို သွားရေလောင်းဖို့တောင် မေ့နေခဲ့တယ်။ ကျွန်တော့်အခြေအနေက မဟန်မှန်းသိတော့ ဘုရားဆီ ကျွန်တော် ဆုတောင်းတယ်။ “အို ဘုရားသခင်။ ဒီရက်တွေမှာ ကျွန်တော် အမှောင်ထဲမှာနေထိုင်နေရပြီး အတော်လေး စိတ်ဆင်းရဲနေရပါတယ်၊ သမ္မာတရားကိုနားလည်အောင် ကျွန်တော့်ကိုအလင်းပြပြီး ဒီအခြေအနေကထွက်ဖို့ လမ်းပြပေးတော်မူပါ” လို့ပေါ့။

ဝတ်ပြုချိန်တွေမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်တော် တွေ့တယ်။ “ဘုရားသခင်ကို ယုံကြည်လာသောကြောင့် အသင်းတော် အသက်တာ အသက်ရှင်ကြသည့်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး မိမိတို့တာဝန်ကို ထမ်းဆောင်ကြသည့်၊ မိမိတို့၏ မယုံကြည်သည့် သားသမီးများ၊ မိမိတို့၏ ဇနီးမယားများ (လင်ယောက်ျားများ)၊ မိမိတို့၏ မိဘများ၊ သို့မဟုတ် မိမိတို့၏ မိတ်ဆွေများ၊ ဆွေမျိုးများနှင့် ပုံမှန် ပေါင်းသင်းဆက်ဆံရန် မည်သည့် အချိန်မျှ မရှိကြသည့်သူများလည်း ရှိသည်။ အထူးသဖြင့် မိမိတို့၏ မယုံကြည်သည့် သားသမီးများကို ၎င်းတို့ ကောင်းမွန်စွာ စောင့်ရှောက်နိုင်လိမ့်မည် မဟုတ်၊ သို့မဟုတ် ၎င်းတို့၏ သားသမီးများ တောင်းဆိုသည့် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်သောကြောင့် မိမိတို့ သားသမီးများ၏ အနာဂတ်နှင့် အလားအလာများအကြောင်းကို ၎င်းတို့ စိုးရိမ်ကြလေသည်။ အထူးသဖြင့် သားသမီးများ ကြီးပြင်းလာသည့်အခါ လူအချို့က စတင် စိုးရိမ်သောက ရောက်ကြသည်။ ကျွန်ုပ်၏ ကလေးသည် ကောလိပ် တက်လိမ့်မည်လား၊ မတက်လိမ့်မည်လား။ ကောလိပ် ရောက်သည့်အခါ သူတို့ မည်သည့်ဘာသာရပ် ယူကြလိမ့်မည်နည်း။ ကျွန်ုပ်၏ ကလေးသည် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ ကောလိပ် တက်ချင်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သည့် တစ်စုံတစ်ဦးအနေဖြင့် ကျွန်ုပ်သည် သူတို့၏ စာလေ့လာမှုများအတွက် ငွေသွင်းပေးသင့်ပါသလား။ သူတို့၏ နေ့စဉ် လိုအပ်ချက်များကို တာဝန်ယူပြီး သူတို့၏ စာလေ့လာမှုများတွင် ကျွန်ုပ် ပံ့ပိုးသင့်ပါသလား။ သူတို့ အိမ်ထောင်ပြုသည့်အချိန် ရောက်လာသည့်အခါ အလုပ်တစ်ခုရှိလာပြီး မိမိတို့ကိုယ်ပိုင် မိသားစုနှင့် ကလေးများ ရှိလာကြသည့်အခါ မည်သည့် အခန်းကဏ္ဍကို ကျွန်ုပ် ဆောင်ရွက်သင့်ပါသနည်း။ မည်သည့်အရာများကို ကျွန်ုပ် လုပ်သင့်ပြီး မည်သည့်အရာများကို မလုပ်သင့်ပါသနည်း။ ဤအရာများနှင့် ပတ်သက်၍ ၎င်းတို့ မသိကြချေ။ ဤကဲသို့သော တစ်စုံတစ်ရာ ဖြစ်လာသည်နှင့် မိမိတို့သည် ထိုသို့သော အခြေအနေတစ်ခုတွင် ရှိသည်ကို တွေ့ရှိရသည်နှင့် ၎င်းတို့ ကြောင်သွားကာ မည်သည့်အရာ လုပ်ဆောင်ရမည်မှန်း မသိကြသကဲ့သို့ ထိုသို့သော အရာများအား မည်သို့ ကိုင်တွယ်ရမည်ကို မသိကြချေ။ အချိန်ကုန်လွန်သည်နှင့်အမျှ ဤအရာများနှင့် စပ်လျဉ်း၍ စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ ဖြစ်ပေါ်လေသည်။ မိမိတို့ ကလေးအတွက် ဤအရာများကို ၎င်းတို့ လုပ်ဆောင်ပါက ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆန့်ကျင်မိပြီး ဘုရားသခင်ကို သဘောမကျ ဖြစ်စေမိမည်ကို ၎င်းတို့ ကြောက်ရွံ့ကြသကဲ့သို့ ဤအရာများကို မလုပ်ဆောင်ပါကလည်း မိမိတို့၏ မိဘ ဝတ္တရားများ မကျေပွန်သကဲ့သို့ မိမိတို့၏ ကလေးနှင့် အခြားမိသားစုဝင်များ၏ အပြစ်တင်ခြင်းခံရမည်ကို ကြောက်ရွံ့ကြသည်။ ဤအရာများကို လုပ်ဆောင်ပါက သက်သေခံချက် ဆုံးရှုံးမည်ကို ကြောက်ကြပြီး မလုပ်ဆောင်ပါကလည်း လောကီလူတို့၏ ရယ်သွမ်းသွေးခြင်းနှင့် မိမိတို့ အိမ်နီးချင်းများ၏ လှောင်ပြောင်ခြင်း၊ ပြက်ရယ်ပြုခြင်းနှင့် ဝေဖန်ခြင်းတို့ ခံရမည်ကို ကြောက်ရွံ့ကြသည်။ ဘုရားသခင်ကို ဂုဏ်သရေညှိုးစေမိမည်ကို ၎င်းတို့ ကြောက်ရွံ့ကြသော်လည်း မိမိတို့အတွက် မကောင်းသည့် ဂုဏ်သတင်းရရှိစေမိမည်ဖြစ်ကာ မိမိမျက်နှာ မပြနိုင်အောင် အလွန်အရှက်ရမည်ကိုလည်း စိုးရွံ့ကြသည်။ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့ ချီတုံချတုံဖြစ်သည်နှင့်အမျှ ၎င်းတို့၏ စိတ်နှလုံးများတွင် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ ဖြစ်ပေါ်လေသည်။ မည်သည့်အရာ လုပ်ဆောင်ရမည်မသိခြင်းနှင့်ပတ်သက်၍ ၎င်းတို့ စိတ်ဖိစီးကြသည်။ မည်သည့်အရာကို ၎င်းတို့ ရွေးချယ်သည်ဖြစ်စေ မှားယွင်းသည့်အရာ လုပ်ဆောင်မိမည်ဆိုသည်နှင့် ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆို သင့်လျော်ခြင်း ရှိမရှိဆိုသည်ကို မသိခြင်းနှင့်ပတ်သက်၍ ၎င်းတို့ ပူပန်သောကရောက်ကြပြီး ဤအရာများ ဆက်ဖြစ်နေပါက တစ်နေ့ ထိုအရာများကို ၎င်းတို့ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ခြင်း ရှိမည်မဟုတ်သကဲ့သို့ ၎င်းတို့ မအောင်မြင်မှုတစ်ခု ရှိပါက အမှုအရာများက ၎င်းတို့အတွက် သာ၍ ခက်ခဲမည်ကို ၎င်းတို့ စိုးရိမ်ကြလေသည်။ ဤကဲ့သို့သော အခြေအနေတစ်ခုတွင်ရှိကြသည့် လူများသည် ကြီးမားသည့် အရာများဖြစ်စေ၊ သေးငယ်သည့် အရာများဖြစ်စေ ဘဝတွင် ရုတ်တရက်ပေါ်ပေါက်သည့် ဤအရာများအားလုံးနှင့် ပတ်သက်၍ စိတ်ဖိစီး၊ ပူပန်သောကရောက်ပြီး စိုးရိမ်ကြလေသည်။ ၎င်းတို့ထဲတွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်သည်နှင့် ဤစိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုတို့ထဲ ၎င်းတို့ နွံနစ်လာကြပြီး မိမိတို့ကိုယ်ကို မလွတ်မြောက်စေနိုင်ကြချေ။ ဤအရာကို လုပ်ဆောင်လျှင် မှားသည်၊ ထိုအရာကို လုပ်ဆောင်လျှင် မှားပြီး လုပ်ဆောင်ရန် မှန်ကန်သည့်အရာ မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ မသိကြချေ။ အခြားလူများကို ၎င်းတို့ ကျေနပ်စေလိုကြသော်လည်း ဘုရားသခင်အား မကျေနပ်စေမည်ကို ကြောက်ရွံ့ကြသည်။ ၎င်းတို့ အကောင်း ပြောခံရဖို့အလို့ငှာ အခြားလူများအတွက် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ချင်ကြသော်လည်း ဘုရားသခင်ကို ဂုဏ်အသရေ မညှိုးနွှမ်းစေချင်ကြ၊ သို့မဟုတ် ၎င်းတို့ကို ဘုရားသခင် စက်ဆုပ်ဖို့ မဖြစ်စေချင်ကြပေ။ ထို့ကြောင့် ဤစိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲသို့ ၎င်းတို့ အမြဲ နွံနစ်လာကြခြင်း ဖြစ်သည်။ အခြားလူများအတွက်နှင့် ၎င်းတို့ ကိုယ်တိုင်အတွက်ပါ ၎င်းတို့ စိတ်ဖိစီးကြသည်။ အခြားလူများအတွက်အပြင် ၎င်းတို့ ကိုယ်တိုင်အတွက်ပါ အမှုအရာများနှင့်ပတ်သက်၍ ပူပန်သောကရောက်ကြပြီး အခြားလူများအတွက်အပြင် ၎င်းတို့ ကိုယ်တိုင်အတွက်ပါ အမှုအရာများနှင့်ပတ်သက်၍ ၎င်းတို့ စိုးရိမ်သောက ရောက်ကြလေသည်။ ထို့ကြောင့် ၎င်းတို့ မလွတ်မြောက်နိုင်သည့် အခက်အခဲနှစ်ဆဖြင့် နွံနစ်လာကြလေသည်။ ဤကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများသည် ၎င်းတို့၏ နေ့စဉ်ဘဝများကို ထိခိုက်သည်သာမက ၎င်းတို့၏ တာဝန်များ ထမ်းဆောင်ခြင်းကို ထိခိုက်သည့်အပြင် ၎င်းတို့၏ သမ္မာတရား လိုက်စားခြင်းကိုပါ အတိုင်းအတာတစ်ခုအထိ ထိခိုက်နေသည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အခက်အခဲတစ်မျိုးဖြစ်သည်။ ဆိုလိုသည်မှာ ဤအရာများသည် အိမ်ထောင်ရေး၊ မိသားစုဘဝနှင့် ကိုယ်ရေးကိုယ်တာဘဝတို့နှင့် ဆက်နွှယ်သည့် အခက်အခဲများဖြစ်ပြီး လူတို့က စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲ မကြာခဏ ပိတ်မိလာကြသည်မှာ ဤအခက်အခဲများကြောင့် ဖြစ်သည်။ လူတို့သည် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများထဲ ပိတ်မိလာကြသည့်အခါ သနားခံရကြမည်မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ သနားခံရကြမည်လော။ သင်တို့က ၎င်းတို့အပေါ် အလွန်စာနာနေဆဲဖြစ်ကြောင်း ပြလျက် ‘သနားခံရကြပါမည်’ဟု ဆိုကြဆဲဖြစ်သည်။ တစ်စုံတစ်ဦးသည် အပျက်သဘောဆောင်သည့် စိတ်ခံစားမှုတစ်ခုတွင် နွံနစ်လာသည့်အခါ ထိုအပျက်သဘောဆောင်သည့် စိတ်ခံစားမှု၏ နောက်ခံအကြောင်းအရာက မည်သည့်အရာဖြစ်လင့်ကစား ထိုစိတ်ခံစားမှု ထွက်ပေါ်ခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ ပတ်ဝန်းကျင်ကြောင့်လော၊ ထိုလူ၏ အနီးအနာရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကြောင့်လော။ သို့မဟုတ် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားက ၎င်းတို့ကို နှောင့်ယှက်သောကြောင့်လော။ ထိုလူကို ထိခိုက်သည်မှာ ပတ်ဝန်းကျင်လော၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့၏ အသက်တာများကို နှောင့်ယှက်ခြင်း ဖြစ်သလော။ အကြောင်းရင်း အတိအကျမှာ မည်သည့်အရာနည်း။ သင်တို့ သိကြသလော။ ငါ့ကို ပြောလော့၊ လူတို့၏ ပုံမှန် ဘဝများတွင်ဖြစ်စေ၊ ၎င်းတို့၏ တာဝန် ထမ်းဆောင်မှုတွင်ဖြစ်စေ သမ္မာတရားကို ၎င်းတို့ လိုက်စားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေပါက ဤအခက်အခဲများ ရှိပါသလော။ (မရှိပါ။) ဤအခက်အခဲများသည် ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားအရ ပါရှိခြင်း ဖြစ်သည်။ ထိုအရာများ မပါရှိဟု သင်တို့ ဆိုသောကြောင့် ဤအခက်အခဲများကို သင်တို့ ဖြေရှင်းပြီးသည်များ ဖြစ်နိုင်မည်လော။ ထိုသို့ သင်တို့ လုပ်ဆောင်နိုင်စွမ်းရှိကြသလော။ ဤအခက်အခဲများသည် ဖြေရှင်းမရနိုင်သကဲ့သို့ ဓမ္မဓိဋ္ဌာန်ကျသော အမှန်တရားအရ ပါရှိနေကြလေသည်။ သမ္မာတရား လိုက်စားသော လူတို့တွင် ဤအခက်အခဲများ၏ ရလဒ်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ပြီးလျှင် သမ္မာတရား မလိုက်စားသောသူတို့တွင် ထိုအရာများ၏ ရလဒ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့တွင် လုံးဝ မတူကွဲပြားသည့် ရလဒ်နှစ်ခု ရှိလိမ့်မည်။ သမ္မာတရားကို လူတို့ လိုက်စားပါက ဤအခက်အခဲများတွင် ၎င်းတို့ ပါဝင်ပတ်သက်မိလိမ့်မည် မဟုတ်သကဲ့သို့ စိတ်ဖိစီးခြင်း၊ ပူပန်သောကရောက်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုထဲ ကျဆင်းကြမည်မဟုတ်။ ဆန့်ကျင်ဖက်အနေဖြင့် လူတို့သည် သမ္မာတရား မလိုက်စားပါက ဤအခက်အခဲများသည် ၎င်းတို့တွင် မပြောင်းမလဲပင် ပါရှိနေပြီး ရလဒ်က မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင် မလွတ်မြောက်နိုင်ရန်အလို့ငှာ ထိုအရာများက သင့်ကို နှောင်ဖွဲ့လိမ့်မည်ဖြစ်ပြီး ထိုအရာများကို သင် မဖြေရှင်းနိုင်ပါက နောက်ဆုံးတွင် ထိုအရာများက သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် ရစ်ပတ်ငြိတွယ်ထုံးဖွဲ့လာသည့် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်လာလိမ့်မည်။ ထိုခံစားချက်များက သင်၏ ပုံမှန်ဘဝနှင့် သင်၏ တာဝန်များ ပုံမှန်ထမ်းဆောင်ခြင်းတို့ကို ထိခိုက်လိမ့်မည်ဖြစ်ပြီး သင့်ကို ဖိစီးကာ လွတ်မြောက်မှု ရှာမတွေ့နိုင် ဖြစ်စေလိမ့်မည်။ ဤသည်မှာ ထိုအရာများ သင့်အပေါ် ရှိမည့် ရလဒ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်တော့်အခြေအနေကို ကောင်းကောင်းဖော်ထုတ်လိုက်တာပါပဲ။ ကျွန်တော့်သား အရွယ်ရောက်လာတာကို ကျွန်တော်မြင်တော့ သူ မိသားစုတစ်ခု အစပြုပြီး သူ့ရဲ့အသက်မွေးလုပ်ငန်း အစပျိုးတဲ့နေရာမှာ ကူညီဖို့ ပိုက်ဆံပိုရှာရမှာက အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်တဲ့ ကိုယ့်တာဝန်ပဲလို့ ကျွန်တော်တွေးမိတယ်။ အဲဒီတော့ ရေလောင်းခြင်းသင်းထောက်အဖြစ်ထမ်းဆောင်ရမဲ့ အသင်းတော်ရဲ့ တာဝန်ချထားမှုကို ကျွန်တော် ငြင်းပယ်ခဲ့တယ်။ နောက်ပိုင်းမှာ အသင်းတော်ခေါင်းဆောင်အနေနဲ့ အရွေးခံရတဲ့အခါမှာတော့ အဲဒီတာဝန်ကို ကျွန်တော် ယူခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်သား အရွယ်ရောက်လာတာကို တွေ့တော့ သူ့နာမည်နဲ့ ကားတွေ အိမ်တွေ မရှိဘဲ ဇနီးတစ်ယောက် သူ ဘယ်လို ရှာတွေ့လိမ့်မလဲလို့ တွေးခဲ့တယ်။ ကျွန်တော်က အဖေကောင်းတစ်ယောက် မဟုတ်ဘူးလို့ သားက ပြောများပြောမလားပေါ့။ ဒီ ပူပန်မှုတွေက ကျွန်တော့်စိတ်နှလုံးထဲမှာ အမြစ်တွယ်နေခဲ့ပြီး မကြာမကြာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။ အခု အိမ်ကနေအဝေးမှာ တာဝန်တွေထမ်းဆောင်ဖို့ အသင်းတော်က ကျွန်တော့်ကို တာဝန်ပေးလာတော့ အဲဒီပူပန်မှုတွေက တရဟော ပြန်ရောက်လာပါတယ်။ ကျွန်တော့်သားက ဇနီးတစ်ယောက် ရှာမတွေ့သေးတော့ တာဝန်ထမ်းဆောင်ဖို့ ကျွန်တော် ထွက်သွားရင် သူ သေချာပေါက် ကျွန်တော့်ကို မုန်းသွားမှာကို၊ အိမ်နီးချင်းတွေက နောက်ကွယ်မှာ ကျွန်တော့်အကြောင်းကို ပြောနေကြမှာကို ပူပန်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော် မသွားခဲ့ရင် ကိုယ့်တာဝန်ကို ကျွန်တော် ဆက်ငြင်းပယ်နေတာ ဖြစ်မှာပဲ။ ကျွန်တော် အရမ်းကို ဒွိဟဖြစ်နေခဲ့ပြီး ဘယ်လို ရှေ့ဆက်ရမယ်မှန်း မသိခဲ့ဘူး။ ဘုရားသခင်ကို ယုံကြည်လာခဲ့တာ နှစ်တွေကြာခဲ့ပေမယ့် ကျွန်တော် သမ္မာတရားကို နားမလည်သေးဘဲ မိသားစုအတွက် ဝတ္တရားတွေနဲ့ ဝန်ပိနေခဲ့တယ်။ ကျွန်တော်က အိမ်ထောင်ဦးစီးဖြစ်တာကြောင့် ကိုယ့်မိသားစုရဲ့ဝန်ထုပ်ကို ထမ်းသင့်ပြီး သားဖြစ်သူရဲ့ မိသားစုနဲ့အလုပ်အတွက်မှာ ကူညီနိုင်အောင် ပိုက်ဆံ လုံလုံလောက်လောက် ရှာသင့်တယ်လို့ ထင်ခဲ့တယ်။ အကျိုးဆက်အနေနဲ့ ကျွန်တော် အမြဲတမ်း သောကနဲ့လောင်မြိုက်နေပြီး ကိုယ့်တာဝန်ကို အပြည့်အဝ မဆက်ကပ်နိုင်ခဲ့ပါဘူး။ ဒီအခြေအနေကို အမြန် ဖြေရှင်းဖို့ ကျွန်တော် သမ္မာတရားကို ရှာဖွေခဲ့ရတယ်။

နောက်တော့ ကျွန်တော် ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို သွားတွေ့တယ်။ “အဘယ်သူအတွက် သင်သည် စိတ်ဖိစီး၊ ပူပန်သောကရောက်ကာ စိုးရိမ်သနည်း။ သမ္မာတရားကို ရရှိရန် ထိုအရာများကို သင် ခံစားနေခြင်း ဖြစ်သလော။ သို့မဟုတ် ဘုရားသခင်ကို ရရှိရန်လော။ သို့မဟုတ် ဘုရားအမှုတော်အတွက်လော။ သို့မဟုတ် ဘုရားသခင်၏ ဘုန်းတော်အတွက်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် ထိုစိတ်ခံစားမှုများကို သင် မည်သည့်အရာအတွက် ခံစားနေသနည်း။ သင့်ကိုယ်တိုင်အတွက်၊ သင်၏ သားသမီးများအတွက်၊ သင်၏ မိသားစုအတွက်၊ သင်၏ ကိုယ့်သိက္ခာကိုယ် လေးစားခြင်းအတွက်၊ သင်၏ နာမည်ဂုဏ်သတင်းအတွက်၊ သင်၏ အနာဂတ်နှင့် ရှေ့ရေးများအတွက်၊ မိမိနှင့်ပတ်သက်သည့် အရာရာတိုင်းအတွက်သာ ဖြစ်သည်။ ထိုသို့သောလူတစ်ဦးသည် မည်သည့်အရာကိုမျှ မစွန့်၊ သို့မဟုတ် မည်သည့်အရာကိုမျှ လက်မလွှတ်၊ သို့မဟုတ် မည်သည့်အရာကိုမျှ ပုန်ကန်ခြင်းမရှိ သို့မဟုတ် မည်သည့်အရာကိုမျှ စွန့်ပစ်ခြင်း မရှိချေ။ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းမရှိသကဲ့သို့ မိမိတို့တာဝန် ထမ်းဆောင်ခြင်းကို စစ်မှန်သည့် သစ္စာစောင့်သိခြင်း မရှိကြချေ။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးခံခြင်း မရှိကြ၊ ကောင်းချီးများ ရရှိရန်သာ ယုံကြည်ကြပြီး ကောင်းချီးများ ရရှိရန် ခံယူချက်တစ်ခုဖြင့်သာ ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ ကတိတော်များကို ‘ယုံကြည်ခြင်း’ အပြည့်ရှိကြသော်လည်း ထိုသို့သော ယုံကြည်ခြင်းကို ဘုရားသခင် မချီးကျူးသကဲ့သို့ မအောက်မေ့ဘဲ စက်ဆုပ်လေသည်။ ထိုသို့သော လူများသည် ဘုရားသခင်က ၎င်းတို့အပေါ် တောင်းဆိုသည့် မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်ခြင်းအတွက် စည်းမျဉ်းများကို လိုက်လျှောက်ခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ၊ ၎င်းတို့ လက်လွှတ်သင့်သည့် အရာများကို လက်မလွှတ်ကြ၊ လက်လျှော့သင့်သည့်အရာများကို လက်မလျှော့ကြ၊ စွန့်ပစ်သင့်သည့်အရာများကို မစွန့်ပစ်ကြသကဲ့သို့၊ ပူဇော်သင့်သည့် သစ္စာစောင့်သိမှုကို ပေးအပ်ပူဇော်ကြခြင်း မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် စိတ်ဖိစီးခြင်း၊ ပူပန်သောကနှင့် စိုးရိမ်မှုတည်းဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများထဲသို့ ကျဆင်းထိုက်ကြသည်။ ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခ ခံစားသည်ဖြစ်စေ၊ မိမိတို့ကိုယ်တိုင်အတွက်သာ ထိုသို့ ခံစားကြသည်၊ မိမိတို့တာဝန်အတွက်နှင့် အသင်းတော်၏ အလုပ်အတွက် မဟုတ်ပေ။ ထို့ကြောင့် ထိုသို့သော လူများသည် သမ္မာတရားကို အမှန်တကယ် လိုက်စားခြင်း မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို အမည်ခံ ယုံကြည်ကြသည့် လူတစ်သိုက်သာ ဖြစ်သည်။ ဤသည်မှာ မှန်သော လမ်းခရီးဖြစ်ကြောင်း ၎င်းတို့ အတိအကျ သိကြသော်လည်း လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့ လိုက်လျှောက်ခြင်းလည်း မရှိကြချေ။ ၎င်းတို့၏ ယုံကြည်ခြင်းသည် သနားစဖွယ်ဖြစ်ပြီး ဘုရားသခင်၏ ထောက်ခံမှုကို မရနိုင်သကဲ့သို့ ထိုယုံကြည်ခြင်းကို ဘုရားသခင် အောက်မေ့လိမ်မ့ည်မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ကျွန်တော့်အခြေအနေကို ဖော်ထုတ်ခဲ့တယ်။ သမ္မာတရားကို ဘယ်လိုလိုက်စားရမလဲဆိုတာနဲ့ ဘုရားသခင် ကျေနပ်စေဖို့ ကိုယ့်တာဝန်ကို ဘယ်လိုကောင်းကောင်း ထမ်းဆောင်ရမလဲဆိုတာကို စဉ်းစားရင်း ကိုယ့်အချိန်တွေကို ကုန်ဆုံးမဲ့အစား ကျွန်တော်တွေးနိုင်ခဲ့တာဆိုလို့ ကျွန်တော့်သားရဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖို့ ကျွန်တော် ဘယ်လိုပျက်ကွက်နေခဲ့ပြီဆိုတာပါပဲ။ ကျွန်တော်ဟာ ဖခင်ကောင်းတစ်ယောက်မဟုတ်ဘူးလို့ ကျွန်တော့်သားက ထင်သွားမှာကို၊ အိမ်နီးချင်းတွေ ကျွန်တော့်အကြောင်း သွားပုပ်လေလွင့် ပြောကြမှာကို၊ သူတို့ကြားမှာ ကျွန်တော်သိက္ခာကျမှာဆိုတာတွေကို ပူပန်နေခဲ့တယ်။ အဲဒီတော့ ကျွန်တော် တာဝန်ကို ငြင်းပယ်ခဲ့တာပေါ့။ ကျွန်တော့်အတွေးတွေ အကုန်လုံးက ကျွန်တော့်သားသမီးတွေနဲ့ ကျွန်တော့်နာမည်ဂုဏ်သတင်းတွေကိုပဲ ဗဟိုပြုနေခဲ့တယ်ဆိုတာကို ဒါက ပြနေပါတယ်။ ဘုရားသခင်ကို နှစ်အတော်ကြာ ယုံကြည်ခဲ့ပေမဲ့ သမ္မာတရား မရရှိသေးတာကို ကျွန်တော် မပူပန်ခဲ့ဘူး။ အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်တော့်ရဲ့တာဝန်တွေက ညံ့ဖျင်းတဲ့ရလဒ်တွေနဲ့ပတ်သက်လို့ စိတ်မကောင်းမဖြစ်ခဲ့ဘူး။ ကိုယ့်တာဝန်မှာ ကျိုးနွံနာခံမှု မရှိတဲ့အပြင် တာဝန်ကို ငြင်းပယ်လို့ ဘုရားသခင်ကို စိတ်ပျက်စေခဲ့တဲ့အတွက် ဘာနောင်တမှ မရခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်မိသားစု၊ ကိုယ့်သားသမီးတွေနဲ့ ကိုယ့်နာမည်ဂုဏ်သတင်းအတွက်တော့ ကျွန်တော် အမြဲစိုးရိမ်ပူပန်နေခဲ့တယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်တာထက် ဒီအရာတွေကို ကျွန်တော် ဦးစားပေးခဲ့တယ်။ ခေါင်းဆောင်အဖြစ်နဲ့ ကိုယ့်တာဝန်ကို ကျွန်တော် ထမ်းဆောင်နိုင်တာဟာ ဘုရားရဲ့ချီးမြှောက်ခြင်းကြောင့်ပါ။ ပြီးတော့ ကျွန်တော့် တာဝန်တစ်လျှောက်မှာ ကျွန်တော် သမ္မာတရားကိုလိုက်စားလိမ့်မယ်၊ စိတ်သဘောထား ပြောင်းလဲမှုရရှိပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းရလိမ့်မယ်လို့ ဘုရားသခင်က မျှော်လင့်ပါတယ်။ ဒါနဲ့ ကျွန်တော်က ဘာလုပ်ချင်ခဲ့လဲ။ ကျွန်တော်က ဖခင်ကောင်းတစ်ယောက်ပဲ ဖြစ်ချင်ခဲ့ပြီး ကိုယ့်ကလေးတွေကို ဂရုစိုက်စောင့်‌ရှောက်ရင်း နာမည်ကောင်းတစ်ခု ထူထောင်ချင်ခဲ့တယ်။ အသင်းတော်အလုပ်က ကျွန်တော့်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိခဲ့ပေမဲ့ ကျွန်တော် မကျိုးနွံမနာခံခဲ့ဘူး။ ဖန်ဆင်းခံတစ်ယောက်အဖြစ်နဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ခြင်းဟာ ရှောင်လွှဲမရတဲ့ တာဝန်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ငြင်းပယ်ခဲ့တယ်။ ရေလောင်းသင်းထောက်အနေနနဲ့ အစေခံတဲ့ တာဝန်ကို ကျွန်တော် ငြင်းပယ်ခဲ့တယ်။ ငွေပိုရှာပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့တွက် ရာထူးတိုးမဲ့ အခွင့်အလမ်းကို တွေဝေနေခဲ့တယ်။ နှစ်ချီ ယုံကြည်ခဲ့ပေမဲ့ ကိစ္စတွေအပေါ်ကျွန်တော့်ရဲ့အမြင်တွေက ဘာသာတရားမရှိတဲ့သူတစ်ယောက်ရဲ့ အမြင်တွေနဲ့ ထူးမခြားနားပဲဆိုတာကို ကျွန်တော် သဘောပေါက်လိုက်တယ်။ ကိုယ့်တာဝန်အပေါ်မှာ ကျွန်တော် လုံးဝသစ္စာမရှိခဲ့ဘဲ ဘုရားသခင်ရဲ့ အမြင်မှာ ကျွန်တော်ဟာ မယုံကြည်သူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ကို ကယ်တင်ဖို့အတွက်နဲ့ ဘုရားသခင်ဟာ သူ့ကို ရန်သူလို့ မြင်နေတဲ့ အဆင်းနီတဲ့ နဂါးကြီးရဲ့ တိုင်းပြည်မှာ ဘယ်လို လူ့ဇာတိခံယူခဲ့လဲဆိုတာကို ကျွန်တော် တွေးမိတယ်။ ကျွန်တော်တို့ကို ထောက်ပံ့ဖို့ သမ္မာတရားတွေကို သူက ဖော်ပြခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ကို သမ္မာတရားရရှိအောင် ခွင့်ပြုဖို့အတွက် မရေတွက်နိုင်တဲ့ နည်းလမ်းများစွာနဲ့ သူဟာ မမောနိုင်မပန်းနိုင် ကျွန်တော်တို့ကို ရေလောင်းပြီး လမ်းပြခဲ့တယ်။ ဒါပေမဲ့ ကိုယ့်သားသမီးတွေရဲ့ အနာဂတ်အတွက်နဲ့ ကိုယ့်တာဝန်ကို ကျွန်တော် ငြင်းပယ်ခဲ့တယ်။ ကျွန်တော်ဟာ အသိတရား ဒါမှမဟုတ် အသိစိတ် တကယ့်ကို ကင်းမဲ့နေခဲ့တာပါပဲ။ ကျွန်တော် ဒါကို နားလည်သဘောပေါက်တော့ ချက်ချင်းပဲ အရှက်ရခဲ့တယ်။ ပြီးတော့ ကိုယ့်တာဝန်အတွက် အိမ်ကထွက်ခွာဖို့ကို အတိုက်အခံလုပ်တာ နည်းလာခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဆက်သုံးသပ်ခဲ့တယ်။ ငါကို တာဝန်တစ်ခု ပေးအပ်ခံရတိုင်း ငါ ဘာကြောင့် ကျိုးနွံနာခံဖို့ ပျက်ကွက်ခဲ့တာလဲ၊ စာတန်ဆန်တဲ့ ဘယ်လိုအဆိပ်က ငါ့ကို ထိန်းချုပ်နေလဲ လို့ပေါ့။ ဆီလျော်တဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အပိုဒ်တွေကို ကျွန်တော် ရှာခဲ့ပြီး ဒီအပိုဒ်ကို တွေ့ခဲ့တယ်။ “ဤ ရိုးရာယဉ်ကျေးမှု အယူအဆများအပြင် လူ့အဖွဲ့အစည်းတွင်ရှိသော အမျိုးသားများ၏ လူမှုတာဝန်များနှင့် ရပ်တည်မှုတို့သည် ဖိအား၏ အရင်းအမြစ်ဖြစ်ပြီး အရှက်ရခြင်းပင် ဖြစ်သည်။ ပြီးလျှင် အမျိုးသားများ၏ လူ့သဘာဝကိုပင် ပုံပျက်စေပြီး အမျိုးသားများစွာကို စိတ်သောကရောက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် အခက်အခဲများ ဝန်းရံသည့်အခါတိုင်းတွင် မကြာခဏပင် စိတ်ဓာတ်ပျက်ပြားလုနီးနီး ဖြစ်စေသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အမျိုးသားများ ဖြစ်သည်ဟုလည်းကောင်း၊ အမျိုးသားများသည် ၎င်းတို့၏ မိသားစုကို ပံ့ပိုးရန်အတွက် ပိုက်ဆံရှာသင့်သည်ဟုလည်းကောင်း၊ အမျိုးသားများအဖြစ် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသင့်သည်ဟုလည်းကောင်း၊ အမျိုးသားများသည် မငိုသင့်၊ ဝမ်းမနည်းသင့်ဟုလည်းကောင်း၊ အမျိုးသားများသည် အလုပ်လက်မဲ့ မဖြစ်သင့်ဘဲ လူ့အဖွဲ့အစည်း၏ ထောက်တိုင်များ ဖြစ်သင့်သည်ဟုလည်းကောင်း၊ မိသားစု၏ ကျောထောက်နောက်ခံ ဖြစ်သင့်သည်ဟုလည်းကောင်း ထင်မြင်ကြသောကြောင့်ဖြစ်သည်။ ဘာသာတရားမရှိသူများ ပြောသကဲ့သို့ ‘ယောက်ျားများသည် မျက်ရည်လွယ်လွယ်မကျ’၊ အမျိုးသားတစ်ယောက်သည် အားနည်းချက်များ မရှိသင့်သကဲ့သို့ မည်သည့်ချို့ယွင်းချက်မျှ မရှိသင့်ဟူ၍ ဖြစ်သည်။ ဤအယူအဆများနှင့် အမြင်များသည် ကိုယ်ကျင့်တရားဝါဒီများက အမျိုးသားများကို မှားယွင်းစွာ ပုံသေသတ်မှတ်ခြင်းကြောင့်ဖြစ်ပြီး ၎င်းတို့က အမျိုးသားများ၏ အဆင့်အတန်းကို စဉ်ဆက်မပြတ် မြှင့်တင်နေသောကြောင့်လည်း ဖြစ်သည်။ ဤအယူအဆများနှင့် အမြင်များသည် အမျိုးသားများအား ပြဿနာ၊ စိတ်အနှောင့်အယှက်နှင့် မချိတင်ကဲ ဝေဒနာမျိုးစုံကို ခံရစေရုံသာမက ၎င်းတို့၏ စိတ်ထဲတွင်လည်း အချုပ်အနှောင်များ ဖြစ်လာကာ လူ့အဖွဲ့အစည်းတွင်ရှိသော ၎င်းတို့၏ ရပ်တည်ချက်၊ အခြေအနေနှင့် ကြုံတွေ့မှုများကို ပို၍ အချိုးမကျဖြစ်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁))သင်သည် ဤအချုပ်အနှောင်များကို ဖယ်ရှားလိုလျှင် သမ္မာတရားကို ရှာဖွေရမည်။ ဤအယူအဆများ၏ အနှစ်သာရကို အပြည့်အဝ နားလည်ရမည်။ ပြီးလျှင် ဤရိုးရာယဉ်ကျေးမှု အယူအဆများ၏ လွှမ်းမိုးမှု၊ သို့မဟုတ် ထိန်းချုပ်မှုအောက်တွင် မလုပ်ဆောင်ရပေ။ သင်သည် ယင်းတို့ကို အပြီးအပိုင် ကျောခိုင်း စွန့်ခွာသင့်သည်။ ပြီးလျှင် ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် အမြင်များအတိုင်း လူများ၊ အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူခြင်း၊ ဆောင်ရွက်ခြင်းတို့ကို မလုပ်ဆောင်သင့်တော့သကဲ့သို့ ရိုးရာယဉ်ကျေးမှုကို အခြေခံပြီး မည်သည့် အကဲဖြတ်မှုများနှင့် ရွေးချယ်မှုများကိုမျှ မလုပ်ဆောင်သင့်ပေ။ ထိုအစား ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်သင့်ပြီး ကျင့်ကြံပြုမူကာ ဆောင်ရွက်သင့်သည်။ ဤသို့အားဖြင့် သင်သည် လမ်းမှန်ကို လျှောက်လှမ်းလိမ့်မည်။ ပြီးလျှင် ဘုရားသခင်က အသိအမှတ်ပြုသည့် စစ်မှန်သော ဖန်ဆင်းခံဖြစ်လိမ့်မည်။ ဤသို့မဟုတ်လျှင် သင်သည် စာတန်က ထိန်းချုပ်ခြင်းကို ခံရဆဲဖြစ်လိမ့်မည်။ သင်သည် စာတန်၏ အာဏာအောက်တွင် ဆက်လက်၍ အသက်ရှင်ရလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်တွင် အသက်ရှင်နိုင်မည်မဟုတ်ပေ။ ဤအရာတို့သည် ကိစ္စရပ်၏ အမှန်တရားများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းက တစ်ဆင့် ကျွန်တော် နားလည်လာတာက လူတွေကို အပ်ထားတဲ့ လူမှုရေးတာဝန်ဝတ္တရားတွေနဲ့ အခန်းကဏ္ဍတွေဟာ လူတွေကိုထောင်ချောက်ဆင်တဲ့ စာတန်ရဲ့နည်းလမ်းဖြစ်တယ်ဆိုတာပဲ။ ဒါဟာ ကိုယ်ရဲ့ တာဝန်ဝတ္တရားဖြစ်တာကြောင့် ကိုယ့်မိသားစုကို ဘယ်အချိန်မှာမဆို ကူညီထောက်ပံ့ရမယ်လို့ လူတွေကို ထင်စေပါတယ်။ ကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့တဲ့ ကျွန်တော့်အဖေကိုပဲ ဥပမာကြည့်။ ကျွန်တော် မိသားစုရဲ့ ဒေါက်တိုင်ကြီးဖြစ်လာပြီး မိသားစုဝင်တိုင်းကို ထောက်ပံ့ရမှာလို့ ပြောပြီးတော့ ငယ်ငယ်ကတည်းက ကျွန်တော့်ကို သူ ဒီအယူအဆတွေ စွဲမှတ်စေခဲ့တယ်။ ယောက်ျားတစ်ယောက်ရဲ့ တာဝန်တွေကို သိဖို့ သူနဲ့အတူတူ အိမ်အလုပ်တွေလည်း သူ လုပ်ခိုင်းခဲ့သေးတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အိမ်ထောင်ဦးစီးအနေနဲ့ ကိုယ့်ဝတ္တရားတွေကို ကိုယ့်ရဲ့ ဦးစားပေးစရာအနေနဲ့ ထားခဲ့တယ်။ မိသားစု လူတန်းစေ့နေနိုင်အောင် သေချောလုပ်ပြီး ကျွန်တော့်သား အခြေတကျဖြစ်အောင် ကူညီဖို့ ငွေရှာဖို့နဲ့ အဖေတစ်ယောက်အနေနဲ့ ကိုယ့်ဝတ္တရားတွေကို ကျေပွန်ဖို့ ကျွန်တော် နာရီပေါင်းများစွာ အလုပ်လုပ်ခဲ့တယ်။ အရေးကြီးဆုံးဖြတ်ချက်တွေအကုန်လုံး ကျွန်တော်ကပဲ ချမှတ်ပြီး ဘယ်လောက်ပဲ ပင်ပန်းပါစေ ကိစ္စတွေ ဘယ်လောက်ပဲ ခက်ခဲပါစေ ကျွန်တော် လုပ်ပေးဖို့ လိုအပ်သမျှ မေးခွန်းမထုတ်ဘဲ အမြဲလုပ်ပေးခဲ့ပါတယ်။ အစဉ်အလာအတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုကြောင့် ကျွန်တော့်တာဝန်နဲ့ မိသားစု တိုက်လာတိုင်း မိသားစုကိုပဲ အမြဲဦးစားပေးခဲ့တယ်။ ကျွန်တော့်သားအတွက် စုငွေထဲမှာ ထည့်လို့ရအောင် ပိုက်ဆံပိုရှာဖို့အတွက် ကျွန်‌တော် တာဝန်တွေကို ငြင်းပယ်ခဲ့တယ်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်နေတာတောင် ကိုယ့်တာဝန်နဲ့မိသားစုကြားမှာ အချိန်ခွဲပေးနေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် တာဝန်ထဲမှာ အပြည့်အဝ မဆက်ကပ်နိုင်ခဲ့ဘူး။ နောက်တော့ ရာထူးတိုးခံရဖို့ အခွင့်အရေးရတော့လည်း အတိုက်အခံလုပ်ပြီး ငြင်းပယ်ခဲ့တယ်။ စာတန်က ကျွန်တော်တို့ကို စွဲမှတ်စေတဲ့ အစဉ်အလာယဉ်ကျေးမှုဟာ ဘုရားသခင်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာ အခုတော့ ကျွန်တော်နားလည်ပြီ။ အဲဒါက စာတန်လိုပဲ လူတွေကို ဘုရားသခင်နဲ့လမ်းလွဲသွားစေပြီး သူ့ကို သစ္စာဖောက်စေတယ်။ အဆုံးမှာ ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရစေပါတယ်။ ကျွန်တော် ဖောက်ပြန်ပျက်စီးအောင် စာတန်က အစဉ်အလာယဉ်ကျေးမှုကို အသုံးပြုခဲ့တယ်ဆိုတာ နားလည်လာတဲ့အခါ ကျွန်တော့်ရဲ့နည်းလမ်းတွေကို ပြောင်းလဲပြီး ဘုရားရဲ့နှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ချင်ခဲ့တယ်။

အဲဒီည ဝတ်ပြုချိန်တွေမှာ ကျွန်တော် ဒီစာပိုဒ်ကို တွေ့ခဲ့တယ်။ “ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားနှင့် ကယ်တင်ခြင်းကို လိုက်စားသောသူတစ်ယောက်အနေဖြင့် သင့်ဘဝတွင် ကျန်ရှိသော စွမ်းအင်နှင့်အချိန်ကို သင်၏တာဝန်ကို ထမ်းဆောင်ခြင်း၌လည်းကောင်း၊ ဘုရားသခင်က သင့်အား အပ်နှံသည့် မည်သည့်အရာမဆိုအပေါ်၌လည်းကောင်း အသုံးပြုသင့်သည်။ သင့်သားသမီးများနှင့်ပတ်သက်၍ အချိန်တစ်စက်မျှ အကုန်မခံသင့်ပေ။ သင့်ဘဝကို သင့်သားသမီးများက မပိုင်ဆိုင်ပေ။ ပြီးလျှင် သင့်ဘဝကို ၎င်းတို့၏ဘဝ၊ သို့မဟုတ် ရှင်သန်ရေးအတွက် အကုန်ဆုံး မခံသင့်သကဲ့သို့ ၎င်းတို့အပေါ် သင်၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းဖို့အတွက်လည်း အကုန်ဆုံး မခံသင့်ပေ။ ထိုအစား ဘုရားသခင်က သင့်အားပေးသည့် တာဝန်ကိုလည်းကောင်း၊ အပ်နှံထားသည့်အလုပ်ကိုလည်းကောင်း၊ ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်ဖြည့်ဆည်းသင့်သည့် တာဝန်အပေါ်ကိုပါလည်းကောင်း ဆက်ကပ်သင့်သည်။ ဤသည်မှာ သင့်ဘဝ၏ တန်ဖိုးနှင့် အဓိပ္ပာယ်တည်ရှိသည့်နေရာ ဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင်သိက္ခာကို ဆုံးရှုံးပြီး သားသမီးများအတွက် ကျွန်ဖြစ်လိုစိတ်ရှိလျှင်၊ ၎င်းတို့အတွက် စိတ်ပူလိုစိတ်ရှိလျှင်၊ ၎င်းတို့အပေါ် သင်၏ကိုယ်ပိုင်မျှော်မှန်းချက်များကို ဖြည့်ဆည်းရန်အတွက် ၎င်းတို့အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်လိုစိတ်ရှိလျှင် ဤအရာအားလုံးသည် အဓိပ္ပာယ်မရှိဘဲ တန်ဖိုးကင်းမဲ့သည်။ ယင်းသည် အောက်မေ့ဂုဏ်ပြုခြင်းခံရမည် မဟုတ်။ သင်သည် ဤသို့ဆက်လက်လုပ်ဆောင်ပြီး ဤအယူအဆများ၊ လုပ်ဆောင်မှုများကို လက်မလွှတ်လျှင် သင်သည် သမ္မာတရားကို လိုက်စားသူမဟုတ်၊ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ယောက်မဟုတ်၊ သင်သည် အတော်အတန် ပုန်ကန်တတ်သည်ဟူ၍သာ အဓိပ္ပာယ်ရနိုင်သည်။ သင်သည် ဘုရားသခင်က သင့်အားပေးသည့် ဘဝနှင့်အချိန် နှစ်မျိုးလုံးကို မြတ်နိုးခြင်းမရှိ။ သင်၏ဘဝနှင့် သင်၏အချိန်ကို သင်၏ အသွေးအသားနှင့် ချစ်ခင်တွယ်တာမှုအတွက်သာ ကုန်ဆုံးစေလျှင်၊ ဘုရားသခင်က သင့်အားပေးသည့် တာဝန်အတွက် မကုန်ဆုံးလျှင် သင်၏ဘဝသည် လိုအပ်ခြင်းမရှိဘဲ တန်ဖိုးကင်းမဲ့သည်။ သင်သည် အသက်ရှင်ရန် မထိုက်တန်ပေ။ ဘုရားသခင်က သင့်အားပေးသည့် ဘဝကို ပျော်မွေ့ရန် မထိုက်တန်ပေ။ ပြီးလျှင် ဘုရားသခင်က သင့်အားပေးသည့် အရာရာတိုင်းကို ပျော်မွေ့ရန် မထိုက်တန်ပေ။ ဘုရားသခင်က သင့်အား သားသမီးများကို ပျိုးထောင်သည့် ဖြစ်စဉ်ကို ပျော်မွေ့ရန်အတွက်၊ မိဘအနေဖြင့် ဤအရာထံမှ ဘဝအတွေ့အကြုံနှင့် အသိပညာရရန်အတွက်၊ လူသားဘဝတွင် ထူးခြားပြီး ပုံမှန်ထက်ထူးကဲသောအရာတစ်ခုအား သင့်ကိုတွေ့ကြုံခွင့်ပေးရန်၊ ထို့နောက် သင့်သားသမီးများအား မျိုးပွားစေရန်အတွက်သာ သားသမီးများကို ပေးခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ မိဘအနေဖြင့် ဖန်ဆင်းခံ၏ တာဝန်ကို ဖြည့်ဆည်းရန်အတွက်လည်း ဖြစ်သည်မှာ မှန်သည်။ ဤသည်မှာ နောက်မျိုးဆက်အတွက် ဖြည့်ဆည်းပေးရန် သင့်အတွက် ဘုရားသခင်စီမံသည့် တာဝန်ဖြစ်ပြီး နောက်မျိုးဆက်အတွက် မိဘအနေဖြင့် သင်ပါဝင်လုပ်ဆောင်သည့် အခန်းကဏ္ဍလည်း ဖြစ်သည်။ တစ်ဖက်တွင် ဤသည်မှာ သားသမီးများအား ပျိုးထောင်ခြင်းဖြစ်သည့် ထူးကဲသောဖြစ်စဉ်ကို ဖြတ်သန်းရန် ဖြစ်ပြီး အခြားတစ်ဖက်တွင် နောက်မျိုးဆက်အား အယူဝါဒ ဖြန့်သည့်နေရာတွင် ပါဝင်လုပ်ဆောင်ရန် ဖြစ်သည်။ ဤဝတ္တရားကို ဖြည့်ဆည်းပြီးသည်နှင့် သင့်သားသမီးများက လူလာမြောက်သည်အထိ ကြီးပြင်းလာသည်နှင့် ၎င်းတို့သည် အလွန်အမင်း အောင်မြင်သည်ဖြစ်စေ၊ ရိုးစင်းသော၊ သာမန်ဖြစ်သော၊ ရိုးရှင်းသောသူများအဖြစ်သာ ရှိနေဆဲဖြစ်စေ သင်နှင့် လုံးဝ မသက်ဆိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ကံကြမ္မာကို သင်က ဆုံးဖြတ်ပေးခြင်းမဟုတ်သကဲ့သို့ သင်၏ ရွေးချယ်မှုလည်း မဟုတ်သောကြောင့်၊ ပြီးလျှင် သင်က ၎င်းတို့အား ပေးခဲ့ခြင်း အသေအချာပင် မဟုတ်သောကြောင့် ဖြစ်သည်။ ဤအရာကို ဘုရားသခင်က စီမံခြင်း ဖြစ်သည်။ ဘုရားသခင်က စီမံခြင်း ဖြစ်သောကြောင့် သင်သည် ၎င်းတို့ဘဝ၊ သို့မဟုတ် ၎င်းတို့၏ရှင်သန်ရေးကို ကြားမဝင်သင့်ပေ၊ သို့မဟုတ် မစွက်ဖက်သင့်ပေ။ ၎င်းတို့၏အလေ့အကျင့်များ၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်များနှင့် ဘဝအပေါ် သဘောထား၊ ၎င်းတို့၌ မည်သည့်ရှင်သန်ရေးနည်းဗျူဟာများရှိပါစေ၊ ဘဝအပေါ် မည်သည့်ရှုမြင်သုံးသပ်ချက်ရှိပါစေ၊ လောကအပေါ် ၎င်းတို့၏ သဘောထားက မည်သို့ဖြစ်ပါစေ ယင်းတို့သည် ၎င်းတို့ကိုယ်တိုင် ပြုလုပ်သည့် ရွေးချယ်မှုများဖြစ်သည်။ သင်၏ အရေးကိစ္စမဟုတ်။ သင်သည် ၎င်းတို့ကို နေ့စဉ်ပျော်ရွှင်စေဖို့ သေချာစေရန်အတွက် ၎င်းတို့ကို ပြုပြင်ပေးရန်၊ သို့မဟုတ် ၎င်းတို့ကိုယ်စား မည်သည့်ဒုက္ခကိုမဆို ခံပေးရန် ဝတ္တရားမရှိပေ။ ဤအရာအားလုံးသည် မလိုအပ်ပေ။...ထို့ကြောင့် သားသမီးများ အရွယ်ရောက်ပြီးနောက် မိဘများအတွက် ဆင်ခြင်တုံတရားအရှိဆုံး သဘောထားမှာ လက်လွှတ်ရန်၊ သားသမီးများအား ဘဝကို ၎င်းတို့ဘာသာ တွေ့ကြုံခွင့်ပြုရန်၊ ၎င်းတို့အား အမှီအခိုကင်းစွာ နေထိုင်ခွင့်ပြုရန်၊ ဘဝတွင် အမျိုးမျိုးသော စိန်ခေါ်မှုများကို အမှီအခိုကင်းစွာ ရင်ဆိုင်ခွင့်၊ ကိုင်တွယ်ခွင့်၊ ဖြေရှင်းခွင့်ပြုရန် ဖြစ်သည်။ ၎င်းတို့က သင့်အား အကူအညီတောင်းပြီး သင်က ကူညီရန် အစွမ်းနှင့် အခြေအနေရှိလျှင် သင်သည် လက်ကမ်းကူညီပေးနိုင်ပြီး လိုအပ်သော အကူအညီကို ပေးနိုင်သည်မှာ မှန်သည်။ သို့ရာတွင် မရှိမဖြစ်ရှိထားရမည့် လိုအပ်ချက်မှာ မည်သည့်အကူအညီကို သင်ပေးသည်ဖြစ်စေ၊ ငွေရေးကြေးရေးဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ယာယီသာဖြစ်နိုင်ပြီး မည်သည့်အဓိကပြဿနာကိုမျှ မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် ဘဝတွင် ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို သွားလာရမည်။ ပြီးလျှင် ၎င်းတို့၏ မည်သည့်အရေးကိစ္စ၊ သို့မဟုတ် အကျိုးဆက်များကိုမဆို ထမ်းရွက်ရန် သင့်၌ ဝတ္တရားမရှိပေ။ ဤသည်မှာ မိဘများက အရွယ်ရောက်သော သားသမီးများအပေါ် ရှိသင့်သည့် သဘောထားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) မိဘတာဝန်ဝတ္တရားတွေကို မိဘတွေက ဘယ်လို သဘောထားသင့်လဲဆိုတာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ရှင်းပြတယ်။ သားသမီးတွေ ငယ်ရွယ်နေတုန်းမှာ သူတို့ကို ကောင်းကောင်း ပြုစုပျိုးထောင်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ သူတို့ အရွယ်ရောက်သွားပြီဆိုရင်တော့ သူတို့ကိုယ့်အားကိုယ်ကိုးခွင့်ပြုရမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့အချိန်တွေကို ဖန်ဆင်းခံအဖြစ်နဲ့ ကိုယ့်တာဝန်တွေ ထမ်းဆောင်ဖို့ပဲထားရမှာပါ။ ကိုယ့်အချိန်နဲ့ အားအင်တွေအကုန်လုံးကို သားသမီးတွေနဲ့ မိသားစုအတွက်ပဲ ထားလိုက်ရင် ယုံကြည်ခြင်းရဲ့ အဓိပ္ပာယ် ကျွန်တော်တို့ ဆုံးရှုံးပြီး ဘုရားသခင်ရှေ့မှာ အသက်ရှင်ဖို့ ထိုက်တန်မှာ မဟုတ်ဘူး။ ဘုရားသခင်က ကျွန်တော့်ကို မိသားစုနဲ့ သားသမီးတွေ ပေးတာက သားသမီးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ဘဝအတွေ့အကြုံတွေကို ကျွန်တော် ရနိုင်ဖို့ပါ။ ဒီထဲမှာ သားသမီးတွေပြုစုပျိုးထောင်ခြင်း တာဝန်နဲ့ ကျွန်တော်တို့လူတွေ ဆက်တည်တံ့တာ သေချာအောင်လုပ်တဲ့နေရာမှာ ကျွန်တော့်ရဲ့ အခန်းကဏ္ဍလည်း ပါဝင်ပါတယ်။ ကိုယ့်ကလေးတွေကို ကောင်းကောင်း ပြုစုပျိုးထောင်တယ်ဆိုရင် ကျွန်တော့်တာဝန်ကို ကျွန်တော် ကျေပွန်ခဲ့မှာပါပဲ။ ပြီးတော့ ကျွန်တော့်သားသမီးတွေရဲ့ ကံကြမ္မာက ဘုရားသခင်ရဲ့ လက်ထဲမှာပါ။ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ဥစ္စာဓနမှာ သားသမီးတွေအတွက် ကျွန်တော် ဘယ်လောက်ပဲ ကြိုတင်ပြင်ဆင်ပါစေ သူတို့ကံကြမ္မာကိုတော့ ကျွန်တော် မပြောင်းလဲနိုင်ပါဘူး။ တချို့မိဘတွေက သူတို့ သားသမီးတွေကို ပြုစုပျိုးထောင်တယ်။ ဒါပေမဲ့ သူတို့ မိသားစုနဲ့ အလုပ်အကိုင် အစပြုဖို့အတွက် မကူညီနိုင်ကြဘူး။ ဒါပေမဲ့ သူတို့ သားသမီးတွေ အဆင်ပြေသွားကြတာပါပဲ။ ဆန့်ကျင်ဘက်အနေနဲ့ တချို့မိဘတွေက သူတို့သားသမီးတွေ ကိုယ့်ဘာသာ အခြေချနိုင်အောင် ကူညီဖို့အတွက် ပိုက်ဆံရှာဖို့ အလုပ်ကြိုးစားကြတယ်။ ဒါပေမဲ့ ကိစ္စတွေက သူတို့ ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာဘူး။ ဥပမာ ကျွန်တော့်ကို ကြည့် အဖေက ကျွန်တော့်အတွက် အိမ်တို့ ပိုက်ဆံတို့ မထားခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော် အိမ်ထောင်ပြုဖြစ်အောင် ပြုနိုင်ခဲ့တယ်။ ကျွန်တော်လည်း ကျွန်တော့်သားအတွက် ပိုက်ဆံတို့ ပစ္စည်းဥစ္စာတို့အများကြီး မပေးခဲ့ဘူး။ ဒါပေမဲ့လည်း သူ ကျောင်းပြီးခဲ့ပြီး အလုပ်ရခဲ့တော့ ကိုယ့်ဝမ်းစာကိုယ်ရှာစားနိုင်ခဲ့တယ်။ ကျွန်တော့်သမီးက မကျန်းမမာဖြစ်ရင်ဖြစ်နေမယ်။ ဒါပေမဲ့ သူ့အနာဂတ်က ဘုရားရဲ့ လက်ထဲမှာဖြစ်ပြီး အဲဒီကိစ္စအပေါ် ကျွန်တော် တကယ်ကို ဘာထိန်းချုပ်မှုမှ မရှိပါဘူး။ အသင်းတော်မှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အခု ကျွန်တော့်မှာတာဝန်တွေအများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ချို့တဲ့တာတွေအများကြီးရှိနေသေးသလို သင်ယူစရာသမ္မာတရားစည်းမျဉ်းတွေလည်း အများကြီး ရှိသေးတယ်။ အဲဒီတော့ ကိုယ့်တာဝန်မှာ ကျွန်တော်အချိန်ပိုပေးပြီးတော့ ဘုရားသခင်ကို အားထားဖို့၊ ကျွန်တော် နားမလည်တဲ့ အပိုင်းတွေမှာ သမ္မာတရားကို ရှာဖွေတာတွေ လုပ်ဖို့ လိုအပ်တယ်။ ပြီးတော့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့အတွက် ကျွန်တော့်တွဲဖက်ညီအစ်ကိုနဲ့ ပိုပြီး မိတ်သဟာယပြုဖို့ရောပေါ့။ ကိုယ့်မိသားစုနဲ့ ကိုယ့်တာဝန်အကြားမှာ ကျွန်တော့်အချိန်ကို ဟန်ချက်ညီအောင် ညှိနေရတုန်းက မိသားစုကိစ္စအမျိုးမျိုးက အချိန်ကုန်လူပန်း တော်တော်ဖြစ်စေပါတယ်။ အခု တာဝန်ထမ်းဆောင်ဖို့ ကျွန်တော် အိမ်က ထွက်ခဲ့တော့ အသင်းတော်တချို့ကို တာဝန်ယူကြီးကြပ်ရပြီး လူတွေနဲ့ အခြေအနေတွေ အများကြီးကို ထိတွေ့ခဲ့ရတယ်။ ဒါတွေအားလုံးဟာ သမ္မာတရားရရှိဖို့ အခွင့်အလမ်းကောင်းတွေပါပဲ။ ဒီအခြေအနေတွေကနေ သမ္မာတရားရရှိဖို့ အခွင့်အလမ်း ကျွန်တော်မယူခဲ့ရင် နောက်ထပ် အခွင့်အရေး ကျွန်တော် ရချင်မှ ရတော့မှာပါ။ အခု ကျွန်တော့်မှာ နေ့တိုင်း လုပ်စရာအလုပ်တွေ အများကြီး ရှိပါတယ်။ တစ်ခုခုကို ကျွန်တော် နားမလည်ဘူးဆိုရင် ဘုရားဆီမှာ ဆုတောင်းတယ်၊ ရှာဖွေတယ်။ ပြီးတော့ မိတ်သဟာယပြုတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးမှာ ကျွန်တော့်အတွက် ဘုရားဆီ တိုးဝင်ချဉ်းကပ်ဖို့ အခွင့်အလမ်းကောင်းတွေ အများကြီးရှိတယ်။ ငြိမ်သက်၊ အေးချမ်းတဲ့ အာရုံကို ကျွန်တော် ခံစားရပြီး သားသမီးတွေအတွက် မပူပန်တော့ပါဘူး။ ဒီတာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အလမ်းအတွက် ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ခြင်း၏ ခါးသီးမှု

ဂျူချူံး ဂရိနိုင်ငံ ပြီးခဲ့တဲ့နှစ်က၊ လမ်းပေါ်မှာ ကျွန်တော်နဲ့ ဧဝံဂေလိအတူဟောခဲ့တဲ့ အစ်ကိုစင်း အထုတ်ခံခဲ့ရတယ်။ အဲဒီအကြောင်း သူ့ကို မေးတော့၊...

ခက်ခဲသောအချိန်များတွင် ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ယုံကြည်ခြင်းပေးခဲ့သည်

ကျန့်လန် တရုတ်နိုင်ငံ အဲဒီအချိန်မှာ အစ်မတချို့က ကျွန်မနဲ့အတူ “အလုပ်ကြမ်းဖြင့် ပြုပြင်မွမ်းမံခြင်း”နဲ့ စီရင်ချက်ချခံရတယ်။ ကျွန်မတို့...

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သည် သဟဇာတဖြစ်သော ညီညွတ်မှု၏ သော့ချက်ဖြစ်သည်

ဒေါင်းဖန်း အမေရိကန်နိုင်ငံ၂၀၁၈ခုနှစ် သြဂုတ်လတုန်းက အစ်ကိုဝမ်နှင့်အတူတူ ဇာတ်ဝင်ပစ္စည်း အသုံးအဆောင်များလုပ်ဖို့ ကျွန်တော်တာဝန်ကျသည်။ အစတွင်...

ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်းကို ကုစားပြီးနောက်မှသာ တာဝန်ကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်သည်

ကျင်းရှမ်း၊ ဂျပန် သာမန်အားဖြင့်၊ အစည်းအဝေးအတွင်း သို့မဟုတ် ကျွန်တော့်၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု လုပ်ဆောင်နေစဉ်အတွင်းတွင်၊ လူတို့ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။