စိတ်ချရသည့်အလုပ်ကို ကျွန်ုပ် စွန့်လွှတ်ပုံ
လီကျစ် ဂျပန်နိုင်ငံ ဆင်းရဲပြီး ခေတ်နောက်ကျတဲ့ ကျေးလက်မိသားစုမှာ ကျွန်တော် မွေးခဲ့တယ်။ ကလေးဘဝမှာတောင်၊ နောင်မှာ ကျောင်းကောင်းတက်နိုင်ပြီး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မ ငယ်ငယ်တုန်းက မိဘတွေ ဆုံးပါးသွားတယ်။ အိမ်မှာ မောင်နှမတွေ များပြီး၊ အရမ်းလဲ ဆင်းရဲတော့ အိမ်နီးနားချင်းတွေအားလုံးက ကျွန်မတို့ကို အထင်သေးကြတယ်။ တစ်ခါတလေ အိမ်နီးချင်း ကလေးတွေနဲ့ သွားဆော့တဲ့အခါ အိမ်နီးချင်းတွေက အကြောင်းပြချက် အမျိုးမျိုးပြပြီး ကျွန်မကို မောင်းထုတ်ကြတယ်။ ကျွန်မ အရမ်းဝမ်းနည်းပြီး ဆင်းရဲလို့ လူတွေက ကျွန်မတို့ကို အထင်သေးတာပဲလို့ တွေးမိတယ်။ ရာသီဥတု ပူလာတဲ့အချိန် နွေဦးရာသီတစ်ခုမှာ ဝတ်စရာ ရာသီအလိုက် အဝတ်အစား ကျွန်မမှာ မရှိဘူး၊ ဒါကြောင့် ဂွမ်းတွေထွက်နေတဲ့ ဂွမ်းကပ်အင်္ကျီနဲ့ ဘောင်းဘီကိုပဲ ဆက်ဝတ်ထားခဲ့ရတယ်။ လူကြားထဲ ကျွန်မ လမ်းလျှောက်သွားတဲ့အခါ လူတွေက ကျွန်မကို လက်ညှိုးထိုးပြီး ပြောကြတယ်။ “ဒီသနားစရာ အမေမရှိတဲ့ ကလေးလေးကို ကြည့်ပါဦး” ဆိုပြီးပေါ့။ သူများတွေ ကောင်းကောင်းစား၊ လှလှပပ ဝတ်ထားတာမြင်တော့ ကျွန်မ အရမ်းအားကျမိပြီး တွေးတယ်။ “ငါ ကြီးလာရင် ပိုက်ဆံအများကြီး ရှာမယ်၊ အဲဒါမှ ငါ စားချင်တာစား၊ ဝတ်ချင်တာ ဝတ်နိုင်မှာ၊ ပြီးတော့ ဘယ်တော့မှ ထပ်ပြီး အထင်သေးခံရမှာ မဟုတ်ဘူး” လို့ပေါ့။ နောက်တော့ ကျွန်မ အိမ်ထောင်ကျတယ်၊ ဒါပေမဲ့ ယောက်ျားဖက်က မိသားစုကလည်း ဆင်းရဲတာပါပဲ။ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေက ကျွန်မတို့ကို အထင်သေးကြပေမဲ့ ကျွန်မ တွေးခဲ့တယ်။ “ငါတို့ အလုပ်ကြိုးစားသရွေ့ ငါတို့အခြေအနေကို သေချာပေါက် ပြောင်းလဲပြီး ချမ်းသာနိုင်တယ်” လို့လေ။ ကျွန်မနဲ့ ယောက်ျားက ကြုံရာကျပန်းအလုပ်တွေ လုပ်တယ်၊ လုပ်ငန်းအသေးစားတွေ လုပ်တယ်၊ စိုက်ပျိုးရေးထွက်ကုန်တွေ ရောင်းဝယ်ကြတယ်။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံရမဲ့နည်းလမ်း ကြားတာနဲ့ ကျွန်မတို့ လုပ်ကြည့်ကြတယ်။ ဒါပေမဲ့ နှစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတောင် ကျွန်မတို့က စားဝတ်နေရေး ဖူလုံရုံလောက်ပဲ ရှိပြီး ပိုက်ဆံ သိပ်မစုမိဘူး။ တစ်ခါက မိတ်ဆွေတွေနဲ့ ထမင်းစားနေတုန်း သူတို့ထဲက တစ်ယောက်က ကျွန်မကို လှောင်ပြောတယ်။ “ငါ နင်တို့ကို အထင်သေးတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ နင်တို့ နောက်ထပ် ဆယ်နှစ်လောက် အလုပ်လုပ်ရင်တောင် အခု ငါနေသလိုမျိုး နေနိုင်မှာ မဟုတ်ပါဘူးဟယ်” တဲ့။ သူ့စကားတွေကြောင့် ကျွန်မ အရမ်းဒေါသထွက်သွားတယ်။ ပါးရိုက်ခံလိုက်ရသလို ခံစားရပြီး မျက်နှာ ပူထူသွားတာပေါ့။ ကျွန်မ တွေးလိုက်တယ်။ “နင် အဲဒီလို အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ‘ဆင်းရဲခြင်းမှာ အမြစ်မရှိသလို၊ ချမ်းသာခြင်းမှာလဲ မျိုးစေ့မရှိဘူး’ လို့ ဆိုရိုးစကားရှိတယ်။ ချမ်းသာတာနဲ့ ဆင်းရဲတာက ပုံသေမှ မဟုတ်တာ၊ ငါတို့ အလုပ်ကြိုးစားသရွေ့တော့ အမြဲထာဝရ ဆင်းရဲနေမှာ မဟုတ်ပါဘူး” လို့ပေါ့။ ကျွန်မ ယောက်ျားကို ပြောလိုက်တယ်။ “ဒါကြောင့် ကျွန်မတို့ စိတ်ဓာတ်ကျလို့ မဖြစ်ဘူး၊ ကျွန်မတို့ သူ့ထက်သာအောင်လုပ်ပြီး သူမှားတာကို ဝန်ခံလာအောင် လုပ်ရမယ်” လို့လေ။
နောက်တော့ ကျွန်မတို့ ပိုက်ဆံချေးပြီး လက်လီလက်ကား ကုန်စုံဆိုင် စဖွင့်တယ်။ ဖောက်သည်တွေ ကျေနပ်ဖို့ ကျွန်မတို့ အိမ်တိုင်ရာရောက် ပို့ပေးတယ်၊ ကျွန်မနဲ့ ယောက်ျားက ကုန်တွေသယ်ပြီး တစ်အိမ်တက်ဆင်း လိုက်ရောင်းကြတယ်။ ဖောက်သည်ရဖို့ ကျွန်မတို့က ဈေးပေါပေါနဲ့ ရောင်းတယ်၊ ဒါမှမဟုတ် အကြွေးပေးတယ်။ တချို့ဖောက်သည်တွေက မကောင်းတဲ့စကားတွေ ပြောကြပေမဲ့ ပိုက်ဆံရဖို့အရေး ကျွန်မတို့ ဆက်ပြီးပဲ ပြုံးနေလိုက်တယ်။ တစ်နေ့ကို အနည်းဆုံး ဆယ်နာရီလောက် ကျွန်မ အလုပ်လုပ်ခဲ့ရပြီး နေ့ခင်းဖက်ဆို အရမ်းပင်ပန်းလွန်းလို့ ငိုက်မိသွားတာမျိုး ရှိပေမဲ့၊ အဲဒီလိုဖြစ်ရင်တောင် ကိုယ့်ကိုယ်ကိုယ် အနားမပေးခဲ့ပါဘူး။ စီးပွားရေး ကောင်းလာတာနဲ့အမျှ ကျွန်မတို့ လုပ်ငန်းချဲ့ထွင်ခဲ့ကြတယ်။ စရိတ်သက်သာအောင်လို့ ကျွန်မတို့ အကူတွေ တစ်ယောက်မှ မငှားခဲ့တဲ့အပြင်၊ ကုန်တင်ကုန်ချ အားလုံးကို ကိုယ်တိုင်ပဲ လုပ်ခဲ့ကြတယ်။ နေ့တိုင်း အလုပ်ပြီးတဲ့အချိန်ဆို ကျွန်မတို့ အရမ်းပင်ပန်းလွန်းလို့ စကားပြောဖို့တောင် အားမရှိတော့ဘူး။ ဒီလိုနဲ့ နှစ်ကာလတချို့ ကြာပြီးတဲ့နောက်၊ နောက်ဆုံးမှာ ကျွန်မတို့ ပိုက်ဆံတချို့ ရှာနိုင်ခဲ့တယ်၊ အကြွေးတွေ ကျေသွားတယ်၊ ပြီးတော့ ပစ္စည်းပို့တဲ့ ကားတစ်စီး ဝယ်လိုက်တယ်။ အိမ်တစ်လုံးတောင် ဆောက်ပြီး ကျွန်မတို့ ဒေသမှာ အတော်လေး လူသိများလာခဲ့တယ်။ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက ကျွန်မတို့ကို အရမ်းလုပ်နိုင်စွမ်းရှိပြီး အရည်အချင်းရှိတဲ့အတွက် လေးစားအားကျပြီး ချီးကျူးကြတာပေါ့။ မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေဆီက ဒီချီးကျူးစကားတွေ အားလုံးကြောင့် ကျွန်မ ကျေနပ်ဂုဏ်ယူမိပြီး တွေးလိုက်တယ်။ “လူတွေ ငါ့ကို အထင်သေးတဲ့ နေ့ရက်တွေ နောက်ဆုံးတော့ ကုန်ဆုံးသွားပြီ၊ အခုဆို သူများတွေရှေ့မှာ ငါ ခေါင်းမော့နေနိုင်ပြီ။ ပိုက်ဆံရှိတာ အရမ်းကောင်းတာပဲ။ ငါ ငယ်ရွယ်ပြီး လုပ်နိုင်ကိုင်နိုင်တုန်းမှာ ပိုက်ဆံ ပိုတောင်မှ ရှာချင်သေးတယ်၊ ပိုကောင်းတဲ့ အိမ်နဲ့ ကား ဝယ်ပြီး လူတွေ ငါ့ကို ပိုအားကျလာအောင်လို့ သာလွန်တဲ့ ဘဝတစ်ခုနဲ့ နေထိုင်ချင်သေးတယ်” လို့ပေါ့။ အဲဒီနောက်ပိုင်းမှာ ကျွန်မ ပိုပြီး ကြိုးစားလုပ်တယ်၊ အလုပ်များလွန်းလို့ ထမင်းစားချိန်တောင် မမှန်တော့ဘူး။ ညဘက် အိပ်ရာဝင်ရင်တောင် စိတ်ထဲမှာ စီးပွားရေးကိစ္စတွေ တွေးနေတုန်းပဲ၊ တစ်ခါတလေဆိုရင် တစ်ညလုံး အိပ်မပျော်ဘဲ အိပ်ဆေးတွေကတောင် အထောက်အကူမဖြစ်တော့ဘူး။ နေတောင်မထွက်သေးဘူး၊ ပစ္စည်းပို့ဖို့ ဖုန်းခေါ်တာတွေရပြီး ကမန်းကတန်း ထွက်ပို့ရတယ်။ နေ့တိုင်း နေမထိထိုင်မထိ ဖြစ်ရတယ်။ ကုန်ပစ္စည်းတချို့က မီးလောင်လွယ်တော့ တစ်ခါတလေ ညဘက်အိပ်နေတုန်း ကားမီးရောင် အိမ်ထဲထိုးဝင်လာတဲ့အခါမှာ မီးလောင်ပြီ အထင်နဲ့ အပြင်ခုန်ထွက်ပြီး မီးလောင်လားလို့ ပြေးစစ်ကြည့်ရတယ်။ ကျွန်မ စိတ်က အမြဲ နေမထိထိုင်မထိ ဖြစ်နေပြီး ဒီလိုအသက်ရှင်ရတာ အရမ်းပင်ပန်းတယ်။ ဒါပေမဲ့ ပိုက်ဆံဘယ်လောက် ရှာနိုင်ခဲ့လဲဆိုတာ မြင်တဲ့အခါ ပျော်သွားပြီးတော့၊ ကျွန်မကို အထင်သေးခဲ့တဲ့လူတွေ အရှက်ရအောင် ပိုက်ဆံ ဒီထက်ပိုရှာဦးမယ်လို့ တွေးမိတယ်။
တစ်နေ့တော့ ယောက်ျား အိမ်မှာမရှိတုန်း ကုန်ကားကြီးတစ်စီးစာ ကုန်တွေကို ကျွန်မတစ်ယောက်တည်း ချလိုက်တာ၊ အဲဒီည အိပ်တော့ ခါးက အရမ်း နာလာတယ်။ နောက်နေ့မနက်ကျတော့ ခါးက အရမ်းနာလွန်းလို့ ကုန်းလို့တောင် မရတော့ဘူး၊ လမ်းလျှောက်ဖို့တောင် ခက်နေတယ်။ ဆေးရုံသွားပြတော့ ဆရာဝန်က ခါးဆစ်ကျွံနေတယ်လို့ ပြောတယ်။ အနားယူဖို့ လိုတယ်၊ အလုပ်ကြမ်း လုံးဝ လုပ်လို့မရတော့ဘူး၊ ထပ်ပြီး အားစိုက်မိရင် ပိုဆိုးသွားပြီး အောက်ပိုင်းသေသွားနိုင်တယ်လို့ သူက ပြောတယ်။ ဆရာဝန် စကားကြောင့် ကျွန်မ နည်းနည်း ကြောက်သွားတယ်။ စီးပွားရေးကို ယောက်ျားလက်ထဲ အပ်ပြီး ခဏလောက် အနားယူမယ်လို့ စဉ်းစားမိပေမဲ့၊ ကျွန်မ ယောက်ျားက ဘယ်လောက် ပေါ့ဆမှန်း သတိရလိုက်တယ်။ သူက ဆိုင်ကပစ္စည်းတွေရဲ့ ဝယ်ဈေး၊ ရောင်းဈေးကို ဂရုမစိုက်ဘူး၊ ကျွန်မမရှိရင် ဆိုင်က လည်ပတ်နိုင်မှာ မဟုတ်ဘူး။ စီးပွားရေးက အရမ်းကောင်းနေတာဆိုတော့ တစ်ရက်လွတ်သွားရင် ပိုက်ဆံအများကြီး ဆုံးရှုံးသွားမှာ။ လုပ်နိုင်သရွေ့တော့ ဆက်လုပ်မယ်၊ နောက်ဆုံး လဲကျသွားမှပဲ ရပ်တော့မယ်လို့ တွေးလိုက်တယ်။ ဒါကြောင့် အချိန်ရရင်ရသလို ကုသမှုခံယူရင်းနဲ့ အလုပ်ဆက်လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ နှလုံးရောဂါ၊ သားအိမ်အလုံးတွေ၊ ဓာတ်မတည့်တဲ့ နှာခေါင်းအမြှေးရောင်တာနဲ့ အာရုံကြောအားနည်းရောဂါတွေ ဖြစ်လာတယ်။ တစ်ခါတလေ တစ်ညလုံး အိပ်မပျော်ဘူး၊ ကျွန်မ အရမ်းကို သည်းမခံနိုင်ဖြစ်လာတယ်။ ဘေးနားက လူတွေ၊ အရာရာတိုင်းကို စိတ်ရှုပ်ပြီး ခဏခဏ ဒေါသတွေ ပေါက်ကွဲခဲ့တယ်။ ပိုက်ဆံရှိပေမဲ့ ရောဂါဝေဒနာ ခံစားရတာက ကျွန်မကို အသက်မရှင်ချင်တော့လောက်အောင် ခံစားရစေတယ်။ တကယ်မှတ်မိနေတဲ့ အဖြစ်အပျက်တစ်ခုကတော့ တရုတ်နှစ်သစ်ကူး အကြိုညတစ်ညမှာပေါ့၊ အဲဒီတုန်းက အချိန်တော်တော် လင့်နေပြီ။ လမ်းတစ်လျှောက်က ဆိုင်တွေအကုန် ပိတ်သွားပြီ၊ လမ်းတစ်ခုလုံးမှာ ကျွန်မတစ်ယောက်တည်း ကျန်ခဲ့တယ်။ ဆိုင်ရှေ့မှာ အထဲသွင်းရမဲ့ ကုန်ပစ္စည်းပုံကြီးကို မြင်နေရပေမဲ့၊ ကျွန်မ အရမ်းပင်ပန်းလွန်းလို့ လမ်းလျှောက်ဖို့တောင် အားမရှိတော့ဘူး။ အထီးကျန်ပြီး ခြောက်ကပ်တဲ့ ခံစားချက်တစ်ခု ဝင်လာပြီး၊ ဒီဘဝကြီးက ဘယ်လောက် ခက်ခဲပြီး ပင်ပန်းလိုက်သလဲဆိုတဲ့ ခံစားချက်က ကျွန်မကို ဖိစီးလာတယ်။ မျက်ရည်တွေနဲ့ မိုးကောင်းကင်ကို မော့ကြည့်ပြီး ကျွန်မ အော်ပြောမိတယ်။ “အို ဘုရား၊ ဒီလို အသက်ရှင်ရတာ သမီး အရမ်းပင်ပန်းလှပါပြီ။ လူ့ဘဝဆိုတာ ပိုက်ဆံရှာဖို့သက်သက်ပဲလား။ ဘဝရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က ဘာလဲ” လို့ပေါ့။
ကျွန်မ ဒီနာကျင်မှုနဲ့ ဝေခွဲမရဖြစ်မှုတွေကြား ရုန်းကန်နေရတုန်း ၂၀၁၄ နွေဦးရာသီမှာ၊ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံခါစဖြစ်တဲ့ သမီးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို ကျွန်မဆီ လာဟောတယ်။ အဲဒီအချိန်တုန်းက ကျွန်မရဲ့ စိတ်နှလုံးကို အရမ်းထိတွေ့စေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူတို့ထံမှ အဖြေတစ်ခုကို လက်ခံရရှိခြင်း မရှိမီ စောင့်ဆိုင်းနေခဲ့သည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိစိတ်လုံးဝမရှိသော ဤလူများကိုလည်း အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်၏။ သင်နိုးထပြီး ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းမရှိတော့ရန်အတွက် သူသည် ရှာဖွေရန်၊ သင့်စိတ်နှလုံးနှင့် သင့်ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံသို့ ရေနှင့်အစားအစာကို ယူဆောင်ပေးရန် လိုလားလေသည်။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ ခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို ခံစားရသောအခါ၊ လမ်းပျောက်သည်ဟု မခံစားနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ရင်ဝယ်ပိုက်လိမ့်မည်။ ကိုယ်တော်သည် သင်၏ ဘေးတွင် စောင့်ကြည့်လျက်၊ သင် ပြန်လှည့်လာရန်ကိုလည်းကောင်း၊ သင် ရုတ်တရက် ပြန်လည်အမှတ်ရလာမည့် နေ့ရက်ကိုလည်းကောင်း စောင့်မျှော်လျက် ရှိ၏။ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိသော အချိန်အခါတစ်ခု၌ လမ်းပျောက်ခဲ့ကြောင်း၊ မသိသော အချိန်အခါတစ်ခု၌ လမ်းပေါ်တွင် သတိလစ်သွားခဲ့ကြောင်းနှင့် မသိသော အချိန်အခါတစ်ခု၌ သင်၌ ‘အဖ’ တစ်ဦး ရှိခဲ့ကြောင်းတို့ကို သိရှိလာသောအချိန်၊ ထို့အပြင် အနန္တတန်ခိုးရှင်သည် သင်၏ ပြန်လာခြင်းကို အစဉ်အမြဲ စောင့်ကြည့်လျက်၊ အလွန့်အလွန် ကြာမြင့်သောအချိန်တိုင်အောင် ထိုနေရာ၌ စောင့်မျှော်နေခဲ့ကြောင်းကိုလည်း သိရှိလာသောအချိန်ဖြစ်သည်။ ကိုယ်တော်သည် ပြင်းပြစွာ တောင့်တလျက်၊ အဖြေမရသည့် တုံ့ပြန်မှုတစ်ခုကို စောင့်မျှော်လျက် ရှိ၏။ ကိုယ်တော်၏ စောင့်ကြည့်ခြင်းသည် အဘယ်တန်ဖိုးနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ဘဲ လူသား၏ စိတ်နှလုံးနှင့် လူသား၏ ဝိညာဉ်အလို့ငှာ ဖြစ်ပေ၏။ ကိုယ်တော်၏ စောင့်ကြည့်ခြင်းသည် အကန့်အသတ်မဲ့လည်း ဖြစ်ကောင်းဖြစ်မည် သို့မဟုတ် အဆုံးတိုင်ခဲ့ပြီလည်း ဖြစ်ကောင်းဖြစ်မည်။ သို့သော်လည်း ယခုအခါ သင်၏စိတ်နှလုံးနှင့် သင်၏ ဝိညာဉ်တို့မှာ အတိအကျ မည်သည့်နေရာ၌ ရှိနေကြောင်းကို သင် သိသင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင်၏ သက်ပြင်းချတော်မူခြင်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းတို့ထိခံခဲ့ရပြီး၊ မငိုဘဲမနေနိုင်ခဲ့ဘူး။ ဘုရားသခင်က ကျွန်မဘေးနားမှာ အမြဲရှိနေပြီး၊ ကျွန်မ ပြန်လာမှာကို စောင့်မျှော်နေခဲ့တာပဲ။ ပိုက်ဆံနောက်လိုက်ရင်းနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းနွမ်းနယ်စေပြီး နာမကျန်း ဖြစ်စေခဲ့တယ်။ ကျွန်မရဲ့ နေ့ရက်တွေကို စိုးရိမ်မှုနဲ့ ကုန်ဆုံးခဲ့ရပြီး၊ ကျွန်မဘဝက အရမ်းနာကျင်စရာကောင်းတဲ့အပြင် အနှစ်မဲ့တယ်လို့ ခံစားခဲ့ရတယ်။ ဘုရားက ကျွန်မဆီကို ဧဝံဂေလိ ဟောဖို့ ကျွန်မသမီးကို သုံးခဲ့တယ်၊ ဘုရားသခင်ရဲ့ အသံတော်ကို ကြားရပြီး ဘုရားအိမ်တော်ဆီ ပြန်လာခွင့်ရစေခဲ့တယ်။ အဲဒီအခိုက်အတန့်မှာ ကျွန်မ မိဘတွေဘေး ပြန်ရောက်သွားသလို ခံစားလိုက်ရပြီး ကျွန်မရဲ့ စိတ်နှလုံးက ငြိမ်သက်ခြင်း၊ သက်သောင့်သက်သာရှိခြင်းနဲ့ မှီခိုအားထားရာ ရှိတယ်ဆိုတဲ့ ခံစားချက်နဲ့ ပြည့်သွားတယ်။
ဘုရားသခင်ကို တွေ့ပြီးတဲ့နောက်မှာ ကျွန်မရဲ့ စိတ်အခြေအနေက ပိုပိုတိုးတက်လာခဲ့တဲ့အပြင်၊ ကျွန်မရဲ့ နှလုံးခုန်နှုန်းလည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာတယ်။ ဓာတ်မတည့်တဲ့ နှာခေါင်းအမြှေးရောင်ရောဂါလည်း သက်သာလာပြီး ညဖက်တွေမှာ အိပ်ပျော်နိုင်ခဲ့တယ်။ ဘုရားသခင်က ကျွန်မရဲ့ ရောဂါကို ဖယ်ရှားပေးလိုက်ပြီဆိုတာ ကျွန်မ သိလိုက်ပြီး၊ ကျွန်မရဲ့ စိတ်နှလုံးက ဘုရားသခင်ကို ကျေးဇူးတင်ခြင်းတွေနဲ့ ပြည့်နေတယ်။ နောက်ပိုင်းမှာ အသင်းတော်ထဲက လူသစ်တွေကို ရေလောင်းပေးရတဲ့ တာဝန်ကို ကျွန်မ ယူလိုက်တယ်။ ဒီလိုနဲ့ ကျွန်မ စီးပွားရေးကို စီမံရင်းနဲ့ ကျွန်မတာဝန်ကို ထမ်းဆောင်နေခဲ့တယ်၊ ဒါပေမဲ့ အချိန်အများစုမှာ ကျွန်မစိတ်က စီးပွားရေးအပေါ်မှာပဲ အာရုံရောက်နေတုန်းပဲ၊ ပြီးတော့ လူသစ်တွေနဲ့ စုဝေးတာကို အဟန့်အတားမဖြစ်သရွေ့ ဒါက အဆင်ပြေပါတယ်လို့ ကျွန်မ တွေးခဲ့တယ်။ တစ်ခါတလေ စုဝေးပွဲမတိုင်ခင် ညဖက်မှာ ဖောက်သည်တွေ ပစ္စည်းလာယူကြတယ်၊ ပိုရောင်းရအောင်လို့ သူတို့ကို ကုန်ပစ္စည်းတွေ ပိုထုတ်ပြနေမိတယ်။ အိမ်ပြန်ရောက်တဲ့အချိန်ဆို တော်တော် မိုးချုပ်နေပြီ၊ ကျွန်မ အရမ်းပင်ပန်းလွန်းလို့ တစ်ကိုယ်လုံး ကိုက်ခဲနေပြီး ဒူးထောက်ဆုတောင်းရင်း အိပ်ပျော်သွားတတ်တယ်။ ကောင်းကောင်း အနားမယူရတော့ နောက်တစ်နေ့ လူသစ်တွေနဲ့ စုဝေးပွဲမှာ ငိုက်နေတတ်တယ်။ အဲဒီအချိန်တုန်းက ကျွန်မ ရေလောင်းပေးနေတဲ့ ညီအစ်မတစ်ယောက်ကလဲ သူ့စီးပွားရေးနဲ့ အလုပ်ရှုပ်နေတယ်။ သူက စုဝေးပွဲတွေကို အမြဲနောက်ကျမှ ရောက်လာတတ်တယ်၊ ဒါပေမဲ့ ကျွန်မက သူ့ကို စကားလုံးတွေ၊ အယူဝါဒတွေပဲပြောပြီး သူ့အခြေအနေကို မဖြေရှင်းပေးခဲ့ဘူး။ တစ်ခါတလေ စုဝေးပွဲလုပ်နေရင်း ဖောက်သည်တွေဆီ ပစ္စည်းသွားပို့ဖို့ အိမ်အမြန်ပြန်ရမလားလို့ တွေးမိတယ်၊ ပစ္စည်းပို့ နောက်ကျသွားရင် ဖောက်သည်တွေက မလိုချင်တော့မှာကို စိုးရိမ်လို့လေ။ ကျွန်မစိတ်က မတည်ငြိမ်နိုင်ဘဲ စုဝေးပွဲ မြန်မြန်ပြီးဖို့လောက်ပဲ ဆန္ဒရှိတော့တယ်။ နောက်တစ်ခါကျတော့ ကျွန်မ ယောက်ျားက ကုန်ပစ္စည်းသွားဝယ်ဖို့ မြို့ကထွက်သွားပြီး၊ ရက်နည်းနည်း ကြာသွားတယ်။ အဲဒီရက်တွေမှာ ကျွန်မက လူသစ်တွေကို ရေလောင်းပေးရမှာဖြစ်ပြီး တကယ်လို့ ကျွန်မတာဝန်သွားလုပ်ရင် ဆိုင်ပိတ်ထားရမှာ။ ကျွန်မ တွေးလိုက်တယ်၊ “ငါ တစ်ရက်ကို ယွမ်တစ်ထောင်ကျော် ရှာနိုင်တာ။ ဆိုင်ကို ရက်နည်းနည်းလောက် ပိတ်ထားလိုက်ရင် ပိုက်ဆံ ဘယ်လောက်တောင် ဆုံးရှုံးလိုက်ရမလဲ” လို့လေ။ ဒါကြောင့် ကျွန်မက ခေါင်းဆောင်ကို လှည့်ဖြားပြီး ပြောလိုက်တယ်၊ “ဆိုင်ပိတ်ထားရရင် အိမ်နီးနားချင်းတွေက ကျွန်မ ဘုရားယုံတယ်ဆိုတာ သံသယဝင်လာကြလိမ့်မယ်၊ အဲဒါက လုံခြုံရေး အန္တရာယ် ဖြစ်စေနိုင်တယ်” ဆိုပြီးတော့ပေါ့။ ဒါကြောင့် ကျွန်မနေရာမှာ ခေါင်းဆောင်ကို လူသစ်တွေကို ဧည့်ခံခိုင်းလိုက်တယ်။ တစ်ညနေကျတော့ ညစာစားပြီးတဲ့အခါ ရုတ်တရက် ခေါင်းမူးပြီး ဗိုက်ထဲမကောင်း ဖြစ်လာတယ်၊ ပြီးတော့ စားထားသမျှ အစားအစာတွေ အကုန်ပြန်အန်ထွက်လာတယ်။ အစကတော့ ကျွန်မ စားမိတာ တစ်ခုခုကြောင့် ဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့၊ အန်ပြီးတဲ့နောက်မှာ ခေါင်းမူးတာ ပိုဆိုးလာတယ်။ ကျွန်မ ယောက်ျားက ဆေးရုံလိုက်ပို့ပေးတယ်၊ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ဆက်ဆုတောင်းနေမိတယ်။ “ဘုရားသခင်၊ ဒီနေ့ သမီးအပေါ် ဒီရောဂါကျရောက်လာဖို့ ကိုယ်တော် ခွင့်ပြုတာပါ။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီး သမီး ဘယ်နေရာမှာ မှားခဲ့လဲဆိုတာ မြင်နိုင်ဖို့ သမီးကို ဉာဏ်အလင်းပေးတော်မူပါ။ သမီး နောင်တရလိုပါတယ်” လို့ပေါ့။
ကျွန်မ ရှာဖွေတဲ့အခါ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို တွေးမိတယ်။ “အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါက အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲက ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းကိုင်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းကိုင်ကြလိမ့်မည်။ ဤနည်းနှင့်ဆိုပါက သင်တို့၏ ဗီဇရုပ်များသည် ပကတိအတိုင်း ရှင်းသွားလိမ့်မည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြစတမ်း ဆိုပါက သင်တို့အားလုံးသည် ဤနည်းဖြင့်သာ ရွေးချယ်လိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲ၌ အမှားနှင့် အမှန်ကြား ဝေခွဲမရဖြစ်နေသူ များစွာရှိသည် မဟုတ်လော။ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း၊ အဖြူနှင့်အမည်း၊ မိသားစုနှင့် ဘုရားသခင်၊ သားသမီးနှင့် ဘုရားသခင်၊ သဟဇာတကျခြင်းနှင့် ပြိုကွဲခြင်း၊ ကြွယ်ဝခြင်းနှင့် ဆင်းရဲခြင်း၊ အဆင့်အတန်းနှင့် သာမန်ဖြစ်ခြင်း၊ ပံ့ပိုးအားပေးမှုခံရခြင်းနှင့် ငြင်းပယ်ခံရခြင်း စသည်တို့ကြားမှ ရုန်းကန်မှုများအားလုံးတွင် သင်တို့ပြုလုပ်ခဲ့သည့် ရွေးချယ်မှုများနှင့်ပတ်သက်၍ သင်တို့သည် သေချာပေါက် မသိနားမလည်ခြင်း မဟုတ်။ သဟဇာတကျသောမိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တုံ့ဆိုင်းမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်ဝတ္တရား ဆိုလျှင်လည်း ကမ်းခြေသို့ ပြန်ဆိုက် လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ ဇိမ်ခံခြင်းနှင့် ဆင်းရဲမှုအကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ သားသမီးများ၊ ဇနီး၊ ခင်ပွန်းနှင့် ငါနှင့်အကြားဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆများနှင့် သမ္မာတရား ဆိုလျှင်လည်း ပထမတစ်ခုကိုသာ ရွေးကြဆဲဖြစ်သည်။ သင်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ရင်ဆိုင်ရသည့်အတွက်၊ ငါသည် သင်တို့အပေါ်၌ ယုံကြည်ခြင်း ကင်းမဲ့သွားခဲ့ကာ အလွန်အမင်းပင် အံ့အားသင့်မိလေသည်။ သင်တို့၏ စိတ်နှလုံးများသည် မထင်မှတ်လောက်အောင်ပင် ပျော့ပျောင်းလာနိုင်စွမ်း မရှိချေ။ နှစ်ပေါင်းများစွာ ငါ အသုံးခံခဲ့သည့် ကြီးမားသော အဖိုးအခသည် အံ့အားသင့်စရာ ကောင်းလောက်အောင် သင်တို့၏ စွန့်ပစ်ခြင်းနှင့် လက်မှိုင်ချခြင်းမှလွဲ၍ ငါ့အား မည်သည့်အရာမျှ မဆောင်ကြဉ်းပေးခဲ့သော်လည်း သို့သော်တစ်ယောက်ချင်းစီ၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့တိုင်အောင် သင်တို့သည် အမှောင်ထုနှင့် ဆိုးယုတ်သော အရာများကို လိုက်စားနေကြဆဲဖြစ်ကာ ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ အဆုံးသတ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် နာကျင်ဖွယ် ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။ ယခုအခိုက်အတန့်၌ သင်တို့သည် အဘယ်အရာကို ရွေးချယ်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို အတိအကျ သစ္စာစောင့်သိနေသနည်း) ဘုရားနှုတ်ကပတ်တော်တွေကို ပြန်လည်သုံးသပ်ပြီး ကျွန်မရဲ့ အပြုအမူကို တွေးကြည့်တော့၊ ကျွန်မက ဘုရားသခင် ပြောတဲ့ “လက်တစ်ဖက်က ပိုက်ဆံ၊ ကျန်တစ်ဖက်က သမ္မာတရားကို ဆုပ်ကိုင်ဖို့ ကြိုးစားနေတဲ့” လူစားမျိုး အတိအကျ ဖြစ်မနေဘူးလား။ ကျွန်မ ဘုရားကို ယုံကြည်ပြီး ကျွန်မတာဝန်ကို ထမ်းဆောင်ပေမဲ့၊ နေ့တိုင်း ကျွန်မစိတ်က စီးပွားရေးနဲ့ပဲ အလုပ်ရှုပ်နေပြီး ပိုက်ဆံဘယ်လို ပိုရှာရမလဲဆိုတာကိုပဲ အမြဲတွေးနေမိတယ်။ ကျွန်မရဲ့အချိန်အားလုံးကို ပိုက်ဆံနောက်လိုက်ဖို့ပဲ အသုံးပြုခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေကို နည်းနည်းပါးပါးလောက်ပဲ စားသောက်ဖြစ်ခဲ့တယ်။ ကျွန်မတာဝန်ကို အားလပ်ချိန်မှ လုပ်ရမဲ့အရာတစ်ခုလို သဘောထားခဲ့ပြီး၊ လုပ်တဲ့အခါမှာလည် ဟန်ပြသက်သက် လုပ်ရင်းနဲ့ ဝတ်ကျေတမ်းကျေပဲ လုပ်ခဲ့တယ်။ လူသစ်တွေကို ရေလောင်းပေးတဲ့ တာဝန်မှာ လေ့ကျင့်ခွင့်ရတာက ဘုရားသခင် ကျွန်မကို မြှင့်တင်ပေးတာဖြစ်ပြီး၊ ကျွန်မတာဝန်ကို ကောင်းကောင်း ဘယ်လိုထမ်းဆောင်ရမလဲ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေနဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာ ကျွန်မ အလေးအနက် စဉ်းစားသင့်တယ်။ ဒါပေမဲ့ ကျွန်မတာဝန်ကို ကျွန်မရဲ့ တာဝန်ဝတ္တရားလို့ မမှတ်ယူခဲ့ဘဲ၊ ကျွန်မစိတ်က ပိုက်ဆံဘယ်လို ပိုရှာရမလဲဆိုတာကိုပဲ အာရုံစိုက်နေခဲ့တယ်။ စီးပွားရေးအတွက် နေ့တိုင်း ညဉ့်နက်တဲ့အထိ နေခဲ့တော့ နောက်တစ်နေ့ လူသစ်တွေနဲ့ စုဝေးပွဲမှာ အိပ်ငိုက်နေတတ်တယ်၊ ပြီးတော့ စကားလုံးတွေနဲ့ အယူဝါဒတွေလောက်ပဲ မိတ်သဟာယပြုခဲ့တယ်။ စုဝေးပွဲချိန်မှာ ညီအစ်ကိုမောင်နှမတွေနဲ့ ပိုပြီး မိတ်သဟာယပြုဖို့ အချိန်ရှိပေမဲ့၊ စုဝေးပွဲ နောက်ကျမှ ပြီးရင် ပစ္စည်းရောင်းတာ နှောင့်နှေးသွားမှာစိုးလို့ စုဝေးပွဲကို ကမန်းကတန်း အဆုံးသတ်ခဲ့တယ်။ ပိုက်ဆံပိုရဖို့အတွက် ခေါင်းဆောင်ကိုတောင် လိမ်ပြောခဲ့ပြီး၊ လူသစ်တွေနဲ့ စုဝေးပွဲတွေမှာ ကျွန်မအစား ဧည့်ခံပေးဖို့ သူ့ကို ပြောခဲ့တယ်။ ဘုရားသခင်ကို မတွေ့ခင်တုန်းက ပိုက်ဆံအတွက် နေ့တိုင်း အလုပ်များခဲ့ပြီး၊ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းနွမ်းနယ်စေသလို၊ နာမကျန်းဖြစ်စေခဲ့တယ်။ ကျွန်မ ဆက်ပြီးအသက်ရှင်ဖို့ သတ္တိတောင် မရှိတော့လောက်အောင် စိတ်ဆင်းရဲခဲ့ရပြီး မခံနိုင်စရာ နာကျင်မှုကို ခံစားခဲ့ရတယ်။ ကျွန်မကို ကယ်တင်ပြီး သူ့ရဲ့ အသံတော်ကို ကြားခွင့်ပေးခဲ့တာ ဘုရားသခင်ပါ၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျွန်မ ကျေးဇူးတင်သင့်သလို၊ ဘုရားသခင်ကို ကျေနပ်စေဖို့ ကျွန်မတာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့အတွက် တစ်သက်မှာ တစ်ခါရခဲတဲ့ ဒီအခွင့်အရေးကို မလွတ်တမ်း အသုံးချသင့်တယ်။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ ပိုက်ဆံဘယ်လို ပိုရှာရမလဲဆိုတဲ့ အတွေးတွေနဲ့ ပြည့်နေတုန်းပဲ၊ ပြီးတော့ ကျွန်မတာဝန်က ကိုယ်ကျိုးစီးပွားနဲ့ ထိပ်တိုက်တိုးလာတိုင်း ကျွန်မတာဝန်ကို အမြဲဘေးဖယ်ထားလိုက်တယ်။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသလို၊ လူ့သဘာဝ ကင်းမဲ့နေခဲ့တာပဲ။ ဘုရားသခင်က ပြောသည် “အကယ်၍ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။” အရင်တုန်းက ကျွန်မ ငွေနောက်လိုက်ဖို့သက်သက်ပဲ အာရုံစိုက်ခဲ့ပြီး ကျွန်မတာဝန်ကို ကောင်းကောင်း မထမ်းဆောင်ခဲ့ပေမဲ့၊ ဘုရားသခင်က ရွေးချယ်ဖို့ နောက်ထပ်အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို မှီခိုအားထားပြီး၊ ငွေနောက်လိုက်တာကို ဘေးဖယ်ထားဖို့၊ ဘုရားနှုတ်ကပတ်တော်တွေကို ပိုစားသောက်ပြီး သမ္မာတရားကို လိုက်စားဖို့၊ ပြီးတော့ ကျွန်မတာဝန်မှာ စိတ်နှလုံးကို နှစ်မြှုပ်ထားဖို့ လိုလားခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ စိတ်နှလုံးကို ထိတွေ့ခဲ့တယ်။ သူများတွေရဲ့ အားကျတာကို ခံရဖို့သက်သက်အတွက် ပိုက်ဆံရှာဖို့ ကျွန်မ မဆင်မခြင် အလုပ်လုပ်ခဲ့တယ်၊ ပိုက်ဆံရှာနိုင်ရင် အရာအားလုံး ရလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ရောဂါဝေဒနာ ခံစားလာရတဲ့အခါ၊ ပိုက်ဆံက ကျွန်မရဲ့ နာကျင်မှုကို သက်သာအောင် ဘာမှမလုပ်ပေးခဲ့ဘူး။ အဲဒီတော့မှ ကျွန်မ သဘောပေါက်လိုက်တယ်။ “ငါ့အသက် ဆုံးရှုံးသွားရင်၊ ပိုက်ဆံပိုရှာနိုင်တာက ဘာအကျိုးရှိမှာလဲ။ ငါသေသွားရင်၊ လူတွေရဲ့ ခဏတာ အားကျတာနဲ့ ချီးမွမ်းတာတွေက ဘာအကျိုးရှိမှာလဲ” လို့လေ။ ချမ်းသာတဲ့ အိမ်နီးချင်းနှစ်ယောက်အကြောင်း ကျွန်မ တွေးမိတယ်။ တစ်ယောက်က အသက်သုံးဆယ်ကျော်မှာ သွေးကင်ဆာဖြစ်ပြီး၊ ပိုက်ဆံအများကြီး ကုန်ပေမဲ့ ရောဂါမပျောက်သေးဘူး။ နောက်ဆုံးတော့ ကလေးငယ်နှစ်ယောက်ကို ထားရစ်ပြီး သူ ဆုံးပါးသွားတယ်။ နောက်ထပ် အိမ်နီးချင်းတစ်ယောက်က အသက်လေးဆယ်ကျော်မှာ ဦးနှောက်သွေးကြောပေါက်တယ်၊ သတိမရတော့တဲ့ ကိုမာဖြစ်သွားပြီး မကြာခင်မှာပဲ ဆုံးပါးသွားတယ်။ ဒါကို မြင်လိုက်တော့၊ ပိုက်ဆံဘယ်လောက်များများကမှ လူတစ်ယောက်ရဲ့ အသက်ကို မဆွဲဆန့်ပေးနိုင်ဘူးဆိုတာ ကျွန်မ သဘောပေါက်လိုက်ပြီး၊ ပိုက်ဆံရှာဖို့သက်သက်အတွက် ကျွန်မအသက်ကို စွန့်စားလို့မဖြစ်ဘူးဆိုတာ သိလိုက်တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်မတာဝန်ကို စပြီး အာရုံစိုက်လာတယ်။ တာဝန်ချိန်ပြင်ပမှာ ဘုရားသခင်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ငြိမ်သက်စေဖို့၊ နှုတ်ကပတ်တော်တွေကို စားသောက်ပြီး သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ လေ့ကျင့်တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မတာဝန်ရဲ့ ရလဒ်တွေ တိုးတက်လာပြီး၊ လူတိုင်းနဲ့အတူ အသင်းတော်အသက်တာ နေထိုင်ရတာကိုလည်း ကျွန်မ အရမ်းနှစ်သက်မိတယ်။
တစ်နေ့တော့ တာဝန်ပြီးလို့ ဆိုင်ပြန်ရောက်တဲ့အခါ၊ ယောက်ျားက အရောင်းစာရင်း ပေးတယ်၊ အဲဒါကို ကြည့်လိုက်တော့ ပစ္စည်းတချို့ စာရင်းမသွင်းထားတာ တွေ့လိုက်ရတယ်။ ဖောက်သည်နဲ့ ပြန်တိုက်ကြည့်တော့၊ ယောက်ျားက ပစ္စည်းအတော်များများကို စာရင်းလျှော့သွင်းထားတာ သိလိုက်ရတယ်။ ကုန်ပို့လွှာတစ်ခုမှာလည်း ယွမ် ၅၀၀ ရေးရမဲ့အစား ၅၀ ပဲ ရေးထားတာ ရှိတယ်။ ကျွန်မ တွေးလိုက်တယ်။ “ငါ့ယောက်ျားက ပေါ့ဆတတ်မှန်း၊ ပိုက်ဆံလျှော့ယူတတ်ပြီး ပစ္စည်းအပိုတွေ ပေးတတ်မှန်း ငါ အမြဲသိထားသားပဲ၊ ပြီးတော့ နေ့တိုင်း ပစ္စည်းလာဝယ်တဲ့ ဖောက်သည်တွေနဲ့ဆိုရင်၊ ဒီနှုန်းအတိုင်းဆို ဘယ်ငွေပမာဏကမှ ငါတို့အရှုံးတွေကို ကာမိမှာ မဟုတ်ဘူး။ ငါမရှိရင် ဒီဆိုင်က တကယ်လည်ပတ်နိုင်မဲ့ပုံ မပေါ်ဘူး” လို့လေ။ ဒီကိစ္စကို ဘေးဖယ်ထားဖို့ ကျွန်မ အခက်တွေ့ခဲ့တယ်။ အဲဒီအခိုက်အတန့်မှာ ကျွန်မ ပိုက်ဆံကို ပြန်အာရုံစိုက်မိနေမှန်း သတိပြုမိလိုက်တော့၊ ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်။ “လူတစ်ယောက်မှာ ပိုက်ဆံဘယ်လောက်ရှိတယ်ဆိုတာ ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားမှန်း ငါသိသားနဲ့၊ ဘာလို့ ငွေနောက်လိုက်တာကို ဘေးဖယ်ထားဖို့ ငါ အမြဲအခက်တွေ့နေရတာလဲ” လို့ပေါ့။ ဘုရားနှုတ်ကပတ်တော်မှာ ဒီလိုပြောထားတာ ကျွန်မ ဖတ်လိုက်ရတယ်။ “‘ငွေသည် ကမ္ဘာကို လည်ပတ်စေသည်’ ဟူသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခု ဖြစ်သည်။ ယင်းမှာ လူ့အဖွဲ့အစည်းတိုင်းရှိ လူတို့ကြားတွင် အလွန် ပျံ့နှံ့နေပြီး ရေပန်းစားမှုတစ်ခုဖြစ်သည်ဟု သင် ဆိုနိုင်ပေသည်။ အကြောင်းမှာ ယင်းကို လူတစ်ဦးချင်းစီတိုင်း၏ စိတ်နှလုံးထဲတွင် သွတ်သွင်းထားခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အစပိုင်းတွင် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း လက်တွေ့ဘဝနှင့် ထိတွေ့သောအခါ ဖွင့်ဟပြောရန်မလိုသည့် နားလည်မှုဖြင့် လက်ခံခဲ့ကြပြီး ဤစကားများသည် အမှန်စင်စစ် မှန်ကန်သည်ဟု စတင်ခံစားလာခဲ့ကြသည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် ဖြစ်စဉ်တစ်ခု မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားနှင့်ပတ်သက်၍ တူညီသော အတိုင်းအတာရှိသည့် အတွေ့အကြုံဆိုင်ရာ သိမြင်မှု မရှိနိုင်သော်လည်း လူတိုင်းသည် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ခဲ့သော အမှုအရာများနှင့် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို အခြေခံ၍ ဤဆိုရိုးစကားအပေါ် အတိုင်းအတာအမျိုးမျိုးရှိသော အနက်ဖွင့်ဆိုချက်နှင့် အသိအမှတ်ပြုမှု ရှိကြသည်။ ယင်းမှာ မမှန်ကန်သလော။ လူတစ်ဦးသည် ဤဆိုရိုးစကားနှင့်ပတ်သက်၍ မည်မျှ နက်ရှိုင်းသော အတွေ့အကြုံ ရှိသည်ဖြစ်စေ ယင်းက ၎င်းတို့၏ စိတ်နှလုံးအပေါ် မည်သို့သော အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိခဲ့သနည်း။ ယင်းမှာ သင်တို့တစ်ဦးချင်းစီတိုင်း ပါဝင်သည်ဟု ဆိုနိုင်သည့် ဤလောကရှိ လူတို့သည် ၎င်းတို့၏ စိတ်သဘောထားမှ တစ်စုံတစ်ခုကို ထုတ်ဖော်ပြသကြသည်။ ယင်းမှာ အဘယ်အရာဖြစ်သနည်း။ ယင်းမှာ ငွေကို ကိုးကွယ်ခြင်း ဖြစ်သည်။ ဤအရာကို လူတို့၏ စိတ်နှလုံးများမှ ဖယ်ရှားရန် လွယ်ကူပါသလော။ မလွယ်ကူပေ။ ဤသည်မှာ စာတန်၏ လူကို ဖောက်ပြန်ပျက်စီးစေခြင်းသည် အမှန်တကယ် နက်ရှိုင်းကြောင်း ပြသနေခြင်းပင်တည်း။ စာတန်သည် လူတို့ကို ဖြားယောင်းသွေးဆောင်ရန် ငွေကို အသုံးပြုပြီး ၎င်းတို့အားလုံးကို ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ကိုးကွယ်စေရန် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ ထင်ရှားပေါ်လွင်သနည်း။ ဤလောကတွင် သင်တို့သည် ငွေမရှိဘဲ အသက်မရှင်နိုင်ဟုလည်းကောင်း၊ ယင်းမရှိဘဲ တစ်နေ့တာမျှပင် မဖြတ်သန်းနိုင်ဟုလည်းကောင်း သင်တို့ မထင်ကြသလော။ လူတို့တွင် ငွေမည်မျှရှိသည်က ၎င်းတို့၏ အဆင့်အတန်း မည်မျှမြင့်မားသည်ကိုလည်းကောင်း၊ ၎င်းတို့ မည်မျှ ဂုဏ်သရေ ရှိသည်ကိုလည်းကောင်း ဆုံးဖြတ်သည်။ ဆင်းရဲသားတို့သည် မိမိတို့ ခေါင်းမဖော်နိုင်ဟု ခံစားရသော်လည်း ချမ်းသာသူတို့မှာမူ မြင့်မားသော အဆင့်အတန်းရှိကြပြီး ခေါင်းမော့ရင်ကော့ကာ ကျယ်လောင်စွာ စကားပြောနိုင်ပြီး မာနထောင်လွှား၍ အထိန်းအကွပ်မဲ့သော ပုံစံဖြင့် နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ရေပန်းစားမှုတို့က လူတို့ထံသို့ အဘယ်အရာကို ဆောင်ကြဉ်းပေးသနည်း။ လူများစွာတို့သည် ငွေရှာရန်အလို့ငှာ မည်သည့် စွန့်လွှတ်မှုကိုမဆို ပြုလုပ်ရန် လိုလားကြသည်မှာ အမှန် မဟုတ်လော။ လူများစွာတို့သည် ပိုမိုသောငွေကို လိုက်စားရာတွင် မိမိတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို မဆုံးရှုံးကြသလော။ လူများစွာတို့သည် ငွေကြေးအတွက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်သို့ လိုက်ရန် အခွင့်အရေးကို မဆုံးရှုံးကြသလော။ သမ္မာတရားကို ရရှိရန်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှု မဟုတ်လော။ ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို အသုံးပြုရုံမျှဖြင့် စာတန်သည် လူကို ထိုသို့သော အတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးစေသည်။ စာတန်၏ ရည်ရွယ်ချက်သည် ယုတ်မာသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ သူများအားကျတာကို ခံရဖို့ ချမ်းသာကြွယ်ဝမှုကို ရှာဖွေတာက အပြုသဘောဆောင်တဲ့အရာ မဟုတ်မှန်း၊ ပြီးတော့ ဒါက လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့ စာတန်အသုံးပြုတဲ့ နည်းလမ်းတစ်ခုဖြစ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ လူတွေက ပိုက်ဆံအတွက် အသက်ရှင်ကြပြီး၊ နည်းနည်းရတာနဲ့ ပိုလိုချင်ကြတယ်။ ချမ်းသာကြွယ်ဝချင်တဲ့ သူတို့ရဲ့ ဆန္ဒက ကြီးထွားလာရုံပဲ ရှိပြီး၊ နောက်ဆုံးမှာ ပိုက်ဆံအတွက်နဲ့ သေဆုံးကြရတယ်၊ သမ္မာတရားကို လိုက်စားဖို့နဲ့ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ဆုံးရှုံးကြရတယ်။ ကျွန်မ ငယ်ငယ်တုန်းက၊ ကျွန်မတို့ မိသားစုက ဆင်းရဲပြီး အနီးဝန်းကျင်ကလူတွေ လှောင်ပြောင်ကြတော့ ကျွန်မက သူများထက် နိမ့်ကျတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မ ကြီးလာပြီး ပိုက်ဆံမရှာနိုင်သေးတော့၊ မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေက ကျွန်မကို အထင်သေးကြတယ်။ ပိုက်ဆံမရှိရင်၊ ဘဝက မခံမရက်နိုင်စရာ ဖြစ်မယ်လို့ ကျွန်မ ပိုပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်။ ဒါကြောင့် ပိုက်ဆံရှာတာကို ကျွန်မရဲ့ ဘဝရည်မှန်းချက် ဖြစ်စေခဲ့တယ်။ စာတန်က လူတွေထဲ သွတ်သွင်းထားတဲ့ “ငွေသည် အဓိကမဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှလုပ်နိုင်မည်မဟုတ်”၊ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်”၊ “လူဆိုတာကြံရင်းသေကြသလို ငှက်ဆိုတာပျံရင်းသေကြတယ်” ဆိုတာတွေအပြင်၊ တခြား အဆိပ်အတောက်တွေနဲ့ ကျွန်မ အသက်ရှင်ခဲ့တယ်။ ပိုက်ဆံရနိုင်သရွေ့၊ ကျွန်မ ဘယ်လိုဆင်းရဲဒုက္ခကိုမဆို ခံစားဖို့ လိုလားခဲ့တယ်။ ခါးဆစ်ကျွံလို့ အောက်ပိုင်းသေလုနီးပါး ဖြစ်နေချိန်မှာတောင် ကျွန်မ မနားခဲ့ဘူး။ အလုပ်မလုပ်ရင် ပိုက်ဆံနည်းသွားမှာကို စိုးရိမ်လို့ ကိုယ့်ကိုယ်ကို ဆက်ပြီး တွန်းအားပေးခဲ့တယ်။ စက်ဘီးစီးနေသလိုပဲ လဲမကျမချင်း ကျွန်မ ရပ်မှာမဟုတ်ဘူး။ နောက်ဆုံးတော့၊ ကျွန်မရောဂါက နာကျင်လွန်းလို့ အသက်မရှင်ချင်အောင် ဖြစ်ခဲ့တယ်။ ဘုရားသခင်ကို တွေ့ပြီးတဲ့နောက်မှာတောင်၊ ဒီစာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ ကျွန်မ ဆက်အသက်ရှင်နေခဲ့တယ်။ ကျွန်မတာဝန်တွေကို ထမ်းဆောင်နေပေမဲ့၊ ကျွန်မစိတ်နှလုံးက ပိုက်ဆံဘယ်လို ပိုရှာရမလဲဆိုတာကိုပဲ အာရုံစိုက်နေခဲ့ပြီး၊ စုဝေးပွဲတွေမှာ ဟန်ပြသက်သက်လုပ်ပြီး အချိန်ဖြုန်းနေခဲ့တယ်။ ဒါက ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ဆုံးရှုံးမှုတွေ ခံစားစေခဲ့ပြီး၊ ကျွန်မလည်း တိုးတက်မှု မရှိခဲ့ဘူး။ စာတန်ရဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်တာက ကျွန်မတာဝန် ထမ်းဆောင်ရာမှာ နာကျင်မှုနဲ့ ပြစ်မှားခြင်းတွေကိုပဲ ယူဆောင်လာပေးတယ်။ သူများအားကျတာကို ခံရဖို့ ချမ်းသာကြွယ်ဝမှုကို လိုက်စားတာက လူတွေကို စာတန်က ထိန်းချုပ်ပြီး ပျက်စီးခြင်းကို ဆိုက်ရောက်စေတဲ့ နည်းလမ်းပဲ။ ချမ်းသာကြွယ်ဝမှုကို လိုက်စားရင်း အချိန်ဖြုန်းပြီး စာတန်ရဲ့ သွေးဆောင်တာကို ကျွန်မ မခံချင်တော့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့နဲ့ ကျွန်မတာဝန်တွေကို ထမ်းဆောင်ဖို့ ကျွန်မရဲ့ အားအင် စိုက်ထုတ်ရမယ်။ အဲဒီနောက်ပိုင်း၊ စီးပွားရေးကို ကျွန်မ အာရုံစိုက်တာ လျော့နည်းသွားပြီး၊ ဆိုင်ကို သွားတာလည်း နည်းသွားတော့၊ ကိုယ်ရော စိတ်ပါ အများကြီး ပိုသက်သာလာတယ်လို့ ခံစားရတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ဖြစ်တယ်။ “ပုံမှန်လူတို့အနေဖြင့်လည်းကောင်း၊ ဘုရားသခင်ကို ချစ်ရန် ကြိုးပမ်းသူများအဖြစ်လည်းကောင်း နိုင်ငံတော်သို့ ဝင်ရောက်၍ ဘုရားသခင်၏ လူများဖြစ်လာခြင်းသည် သင်တို့၏ စစ်မှန်သော အနာဂတ်ဖြစ်သည့်အပြင် အလွန်တရာ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုလည်း ဖြစ်၏။ သင်တို့ထက် သာ၍ ကောင်းချီးခံစားရသောသူ တစ်ဦးမျှ မရှိပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အဓိပ္ပာယ်ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) အရင်တုန်းက ကျွန်မ ဇာတိပကတိနဲ့ ပိုက်ဆံအတွက် အသက်ရှင်ခဲ့ပြီး၊ သူများတွေရဲ့ အားကျတာကို လိုက်စားရင်း ပျက်စီးခြင်းလမ်းကြောင်းကို လျှောက်ခဲ့တယ်။ အခု ဘုရားသခင်နောက် ကျွန်မ လိုက်နိုင်ပြီ၊ သမ္မာတရားကို လိုက်စားပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မတာဝန်ကို ဖြည့်ဆည်းနိုင်ခဲ့ပြီ။ ဒါက တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး အသက်တာပဲ။ သမ္မာတရား လိုက်စားတာနဲ့ ကျွန်မတာဝန်တွေအပေါ် ကျွန်မရဲ့ အတွေးတွေကို အာရုံစိုက်ရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ဆပ်ဖို့ ကျွန်မတာဝန်တွေကို ကောင်းကောင်း လုပ်ဆောင်ရမယ်။
တစ်နေ့တော့ ယောက်ျားက အိမ်ပြန်ရောက်လာပြီး ကျွန်မတို့ ဒေသမှာ ဟိုက်ပါမားကတ်တစ်ခု ဖွင့်ထားတယ်၊ ဈေးကွက်ရှာဖွေရေးဌာနက စီးပွားရေးကို မောင်းနှင်ဖို့အတွက် လုပ်ငန်းကြီးတွေကို အရင်ဆုံး ဆွဲဆောင်ချင်နေတယ်လို့ ပြောတယ်။ သူတို့က ကျွန်မတို့လို လုပ်ငန်းရှင်ကြီးတွေကို အရမ်းကောင်းတဲ့ ခံစားခွင့်တွေ ပေးနေတယ်၊ သုံးနှစ် ငှားရမ်းခ အခမဲ့နဲ့ ဂိုဒေါင်နေရာ အခမဲ့ ပေးအပ်တာမျိုးပေါ့။ ကျွန်မ ယောက်ျားက အဲဒီမှာ ရောင်းဖို့ ကုန်ပစ္စည်းတွေ ပစ္စည်းသွင်းပေးချင်တယ်၊ သေချာပေါက် အမြတ်ရမှာလို့ ပြောရင်း ကျွန်မနဲ့ ဆွေးနွေးတယ်။ ကျွန်မ နည်းနည်း စိတ်လှုပ်ရှားသွားပြီး တွေးလိုက်တယ်၊ “ဒါ ငါတို့ဆီ ရောက်လာတဲ့ ရွှေရောင်အခွင့်အရေး မဟုတ်ဘူးလား။ အခု ငါတို့က နှစ်တိုင်း ဆိုင်ခန်းငှားခ ယွမ်သောင်းချီ ပေးနေရတာ။ ဒီဈေးသစ်မှာ လက်ကားနဲ့ လက်လီ ရောင်းရင်၊ ငါတို့စီးပွားရေး သေချာပေါက် ကောင်းလာမှာ၊ ပိုက်ဆံပိုရတာနဲ့ ငါတို့ ပိုကောင်းတဲ့ အိမ်နဲ့ ပိုကောင်းတဲ့ ကား ဝယ်နိုင်မယ်။ ဒါဆို ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက ငါတို့ကို ပိုပြီး အားကျလာပြီး အထင်ကြီးလာကြမှာပဲ” လို့ပေါ့။ ဒါပေမဲ့ ကျွန်မ သဘောတူလိုက်ရင်၊ ကျွန်မနဲ့ ယောက်ျားက ဆိုင်တွေကို သီးခြားစီ ခွဲပြီး စီမံရမှာဖြစ်တဲ့အပြင်၊ ပိုက်ဆံအများကြီး ပိုရနိုင်ပေမဲ့၊ အရင်ကထက် သေချာပေါက် ပိုအလုပ်များပြီး ပိုပင်ပန်းလာမှာ။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ တွေးမိတယ်။ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခဲ့ခြင်း ဖြစ်၏။ ပြီးလျှင် ယောဘအပေါ်တွင် ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုများဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အပေါ် ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်တွင် တိုက်ပွဲပင်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ပြန်လည်သုံးသပ်ပြီး ကျွန်မ သဘောပေါက်လိုက်တယ်။ “ဒါ စာတန်ဆီက သွေးဆောင်မှု အတိအကျ မဟုတ်ဘူးလား။ နောက်ထပ် ဆိုင်တစ်ဆိုင် ဖွင့်လိုက်ရင်၊ ပိုက်ဆံပိုရနိုင်ပြီး နာမည်ပိုကြီးလာနိုင်တယ်၊ ဒါပေမဲ့ အဲဒီကျရင် ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့၊ ဒါမှမဟုတ် ငါ့တာဝန်တွေကို ထမ်းဆောင်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး။ ဒါက ကယ်တင်ခံရဖို့ ငါ့ရဲ့ အခွင့်အရေးကို ဖျက်ဆီးမှာ မဟုတ်ဘူးလား” လို့ပေါ့။ သခင်ယေရှု ပြောခဲ့တာကို တွေးမိတယ်။ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) ဒါက လုံးဝ မှန်ကန်တယ်။ ပိုက်ဆံဘယ်လောက်ပဲ ရှာနိုင်ရှာနိုင်၊ နောက်ဆုံးမှာ ကျွန်မအသက် ဆုံးရှုံးသွားရင် ဘာအကျိုးရှိမှာလဲ။ ဘုရားသခင်က ကျွန်မကို လုံလောက်အောင် ကောင်းချီးပေးထားပြီးသားပဲလေ။ ဒါကြောင့် ပိုက်ဆံရှာဖို့ ကျွန်မအချိန်နဲ့ အင်အားအားလုံးကို ဆက်ပြီး ပုံအောထားလို့ မရတော့ဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်လိုက်တော့၊ ဈေးသစ်မှာ ဆိုင်ဖွင့်မဲ့ အကြံကို စွန့်လွှတ်ဖို့ ယောက်ျားကို ကျွန်မ ဖျောင်းဖျလိုက်တယ်။ အံ့ဩစရာကောင်းတာက သူ သဘောတူလိုက်တယ်၊ ကျွန်မ စိတ်နှလုံးထဲမှာ နက်ရှိုင်းတဲ့ အေးချမ်းမှုကို ခံစားလိုက်ရတယ်။ ငွေရဲ့ နှောင်ဖွဲ့မှုကနေ ကျွန်မ လွတ်မြောက်တာဟာ ကျွန်မအထဲမှာ ဘုရားနှုတ်ကပတ်တော်တွေ အလုပ်လုပ်တဲ့ ရလဒ်ပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
လီကျစ် ဂျပန်နိုင်ငံ ဆင်းရဲပြီး ခေတ်နောက်ကျတဲ့ ကျေးလက်မိသားစုမှာ ကျွန်တော် မွေးခဲ့တယ်။ ကလေးဘဝမှာတောင်၊ နောင်မှာ ကျောင်းကောင်းတက်နိုင်ပြီး...
မေဟွာ၊ တရုတ်ပြည်ငယ်ငယ်တုန်းက ကျွန်မတို့ မိသားစုဟာ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသမှာ နေထိုင်ခဲ့ကြတယ်။ မိဘတွေက တောင်ယာလုပ်ပြီး...
ဝမ်ယင်၊ တရုတ်ပြည်ကျွန်မကို ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက သာမန်ကျေးလက်မိသားစုတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ ကျွန်မမှာ မောင်နှမတွေ...
ရယ်ချိုး၊ ယူနိုက်တက်ကင်းဒမ်းကျွန်မကို တရုတ်ပြည်တောင်ပိုင်းက မြို့ငယ်လေးတစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်မအဖေက ဒေသမှာ နာမည်ကြီးတဲ့...