မရပ်မနား ရုန်းကန်ရခြင်းအပေါ် ဆင်ခြင်သုံးသပ်ချက်များ

20.05.2026

ကျွန်တော်က ခေါင်ပြီး ဆင်းရဲတဲ့ ရွာလေးတစ်ရွာမှာ မွေးခဲ့တာပါ။ မိသားစုက ဆင်းရဲတော့ ငယ်ငယ်ကတည်းက ဆွေမျိုးတွေရဲ့ အထင်သေးတာကို ခံခဲ့ရတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချခဲ့တယ်။ “ငါ စာကြိုးစားရမယ်၊ အနာဂတ်မှာ ငွေအများကြီးရှာပြီးရင် ငါ သူများထက် သာနိုင်မယ်၊ ထင်ပေါ်နိုင်မယ်၊ ပြီးတော့ မိသားစုဂုဏ်ကို ဆောင်နိုင်မယ်” လို့ပေါ့။ ကျောင်းမှာဆိုရင် စာလုပ်ဖို့ ရတဲ့အချိန်တိုင်းကို ကျွန်တော် အမိအရယူတယ်၊ မနက် နှစ်နာရီ၊ သုံးနာရီလောက်ထိ ဖယောင်းတိုင်မီးနဲ့ ခဏခဏ စာလုပ်ခဲ့တာ။ တစ်ခါတုန်းကဆို အရမ်းပင်ပန်းလွန်းလို့ အိပ်ပျော်သွားပြီး ဆံပင်မီးလောင်တော့မှပဲ နိုးလာခဲ့တယ်။ ဘဝက ခက်ခဲပေမဲ့၊ “လူတို့တွင် အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမြတ်ဆုံးသော ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ရမည်” ဆိုတာကို ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ သာမန် တက္ကသိုလ်တစ်ခုကိုပဲ ကျွန်တော် ဝင်ခွင့်ရခဲ့တယ်။ ကျွန်တော်က ရည်မှန်းချက်ကြီးတော့ ဒီရလဒ်ကို လက်မခံနိုင်ခဲ့ဘူး။ ဒါနဲ့ စာမေးပွဲကို နောက်တစ်နှစ် ပြန်ဖြေဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနှစ်မှာ ကျွန်တော် ပိုလို့တောင် စာကြိုးစားခဲ့ပေမဲ့၊ စာမေးပွဲရလဒ်တွေ ထွက်လာတဲ့အခါ၊ ထပ်ကျရှုံးခဲ့ပြန်တယ်။ ရလဒ်တွေ ရတဲ့အခါ၊ ကျွန်တော့်နှလုံးသား ကွဲကြေမတတ် ခံစားလိုက်ရတယ်။ ဂုဏ်သတင်းကြီးတဲ့ တက္ကသိုလ်တစ်ခု ဝင်ခွင့်ရတာက ကျွန်တော့်ကံကြမ္မာကို ပြောင်းလဲဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ၊ ပြီးတော့ စာမေးပွဲကျမယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူးလေ။ အဲဒီကာလအတွင်းမှာ၊ နေ့ရက်တွေကို ငေးငေးငိုင်ငိုင်နဲ့ ကုန်ဆုံးခဲ့ပြီး ဘာလုပ်ရန်မှန်းမသိဖြစ်ခဲ့တယ်။ ဒါနဲ့ ဆောက်လုပ်ရေးဆိုက်တစ်ခုမှာ အုတ်သယ်တဲ့ အလုပ်ကြမ်းသမားအနေနဲ့ သွားလုပ်ခဲ့တယ်။ ကျွန်တော့်လက်တွေက ပွန်းပဲ့ပြီး ပြတ်ရှဒဏ်ရာတွေ၊ အရည်ကြည်ဖုတွေနဲ့ ဖုံးနေတဲ့အထိ ဖြစ်သွားတယ်၊ ညဘက်ဆိုရင် နာလွန်းလို့ အိပ်မရဘဲ စောင်အောက်ထဲမှာ တိတ်တိတ်လေး ငိုခဲ့ရတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ့ရဲ့ ကျန်တဲ့ သက်တမ်းတစ်လျှောက်လုံး ဒီလို သာမန်ဘဝမျိုးနဲ့ပဲ နေသွားရတော့မှာလား။ အဲဒါကို ငါ လက်မခံနိုင်ဘူး” လို့ပေါ့။ ကံကြမ္မာဆိုတာ ကိုယ့်လက်ထဲမှာရှိတယ်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်၊ ဒါကြောင့် ကိုယ့်ကံကြမ္မာကို ပြောင်းလဲဖို့ ထပ်ကြိုးစားချင်ခဲ့ပြီး နောက်တစ်နှစ်မှာ ပိုတောင် ကြိုးစားပြီး စာလုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ထိပ်တန်း တက္ကသိုလ်တစ်ခုကို ဝင်ခွင့် မရနိုင်ခဲ့သေးဘူး။ ကျွန်တော့်ကံကြမ္မာကို လက်ခံပြီး သာမန် လေကြောင်းကောလိပ်တစ်ခုကို တက်ရုံကလွဲပြီး ကျွန်တော် ဘာမှ မတတ်နိုင်ခဲ့ဘူး။

ဘွဲ့ရပြီးတဲ့နောက်မှာ၊ ပြည်တွင်း လေယာဉ်ပြုပြင်ထိန်းသိမ်းရေး ကုမ္ပဏီတစ်ခုမှာ ကျွန်တော် အလုပ်လုပ်ခဲ့တယ်။ အစတုန်းကတော့၊ အလုပ်ရုံထဲမှာ ကာယအလုပ်ကိုပဲ ကျွန်တော် လုပ်နိုင်ခဲ့တယ်။ ပူပြင်းတဲ့ အရှိန်ကြောင့် ကျွန်တော့်အဝတ်အစားတွေက ချွေးတွေနဲ့ ရွှဲနေတတ်ပြီး၊ ကျွန်တော် တွေးမိတယ်၊ “ဒီဘဝက အရမ်း ပင်ပန်းတာပဲ။ သာမန် အလုပ်သမားတစ်ယောက်ဖြစ်နေတာနဲ့ ငါ ရောင့်ရဲလို့ မဖြစ်ဘူး။ အင်္ဂလိပ်စာ လေ့လာပြီး နည်းပညာ ကျွမ်းကျင်မှုတွေကို တိုးတက်အောင် လုပ်ရမယ်။ နည်းပညာကျွမ်းကျင်မှုတွေကို တိုးတက်အောင် လုပ်ဖို့ လိုတယ်။ အဲဒါမှ ငါ ရာထူးပိုမြင့်ပြီး လစာပိုကောင်းတာ ရနိုင်မှာ” လို့ပေါ့။ ကျွမ်းကျင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ သင်ယူတာအပြင်၊ အလုပ်သွားအလုပ်ပြန်အချိန်ကိုတောင် အလုပ်နဲ့ဆိုင်တဲ့ စာတွေဖတ်ဖို့ ကျွန်တော် အသုံးပြုခဲ့တယ်။ တစ်ခါတလေ သန်းခေါင်ယံကြီး လေယာဉ် ပြဿနာတွေ ရှိတဲ့အခါ၊ တခြားလူတွေက အိပ်နေပြီး သွားဖို့ စိတ်မပါကြပေမဲ့ ကျွန်တော်ကတော့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံရဖို့ ကိုယ့်သဘောဆန္ဒနဲ့ သွားပြီး ပြဿနာဖြေရှင်းတာပေါ့။ လက်တွေ့လုပ်ဆောင်ဖို့နဲ့ လေ့ကျင့်ဖို့ အခွင့်အရေးတိုင်းကို ကျွန်တော် လက်မလွတ်တမ်း အရယူခဲ့တယ်။ လပိုင်းလောက်နေတော့၊ အလုပ်သင် အင်ဂျင်နီယာ ဖြစ်လာရုံမကဘူး၊ ကျွန်တော့်လစာကလည်း နှစ်ဆတိုးလာတယ်၊ ပြီးတော့ ပရောဂျက်အမျိုးမျိုးမှာ နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်အဖွဲ့တွေနဲ့ တွဲလုပ်ဖို့ တာဝန်ပေးခံရတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အဆင့်အတန်းနဲ့ လစာ တိုးလာပေမဲ့၊ ကျွန်တော် မကျေနပ်နိုင်သေးဘူး။ မြို့ထဲမှာ ကားတစ်စီးနဲ့ အိမ်တစ်လုံး အမြန်ဝယ်နိုင်ဖို့နဲ့ သာလွန်တဲ့ ဘဝတစ်ခု နေထိုင်နိုင်ဖို့အတွက် နေ့ဘက်မှာ အလုပ်လုပ်ပြီး ညဘက်မှာ အချိန်ပိုင်း အလုပ်တွေ လုပ်ခဲ့တယ်။ ကျွန်တော်က အမြဲလိုလို အလုပ်များလွန်းလို့ ထမင်းစားချိန်တောင် မရှိခဲ့ဘူး၊ တစ်နေ့ကို ပျမ်းမျှ သုံးလေးနာရီလောက်ပဲ အိပ်ရပြီး တစ်ခါတလေ ညလုံးပေါက် အလုပ်လုပ်ခဲ့တယ်။ ကျွန်တော်က ငွေရှာတဲ့ စက်တစ်လုံးလိုပါပဲ၊ နေ့ရောညပါ မမောနိုင်မပန်းနိုင် အလုပ်လုပ်ခဲ့တယ်။ တိုတောင်းတဲ့ နှစ်နှစ်အတွင်းမှာပဲ၊ ယွမ် တစ်သန်းကျော် ကျွန်တော် ရှာခဲ့တယ်၊ မြို့ထဲမှာ ကားတစ်စီးနဲ့ အိမ်တစ်လုံး ဝယ်ခဲ့ပြီး၊ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အားကျတာ၊ အထင်ကြီးတာကို ခံခဲ့ရတယ်။ အထူးသဖြင့် တရုတ်နှစ်သစ်ကူးအတွက် ဇာတိကို ကျွန်တော် ပြန်သွားတဲ့အချိန်မှာ၊ တစ်ချိန်က ကျွန်တော့်မိသားစုကို အထင်သေးခဲ့တဲ့လူတွေက ကျွန်တော့်ကို နှုတ်ဆက်ဖို့ အဝေးကြီးကနေ လာကြတယ်၊ အိမ်မှာ ထမင်းလာစားဖို့တောင် ဖိတ်ကြသေးတာ။ သက်ကြီးရွယ်အိုတွေတောင် ကျွန်တော့်ကို ခွက်မြှောက်ပြီး ဂုဏ်ပြုကြတယ်၊ သူတို့သားသမီးတွေကို အလုပ်ကူရှာပေးနိုင်မလားလို့ မေးကြတယ်။ ကျွန်တော် ပြောမပြတတ်အောင် အောင်မြင်တဲ့ခံစားချက်ကို ရလိုက်ပြီး၊ “ငွေနဲ့ အဆင့်အတန်းရှိတာ သိပ်ကောင်းတာပဲ။ နောက်ဆုံးတော့ ငါ ခေါင်းမော့နေနိုင်ပြီကွ” လို့ တွေးမိတယ်။ ဒါပေမဲ့ ဒီလို နေ့ရောညပါ အလုပ်လုပ်တော့၊ ကျွန်တော့်ဆံပင်တွေက အဆုပ်လိုက်တွေ ကျွတ်လာပြီး၊ ခန္ဓာကိုယ်က ဖောယောင်လာတယ်။ ခြေထောက်တွေ နာကျင်ကိုက်ခဲပြီး ထုံကျင်လာသလို လမ်းလျှောက်ရတာလည်း ခက်လာတယ်။ ကျွန်တော် တစ်ရက်နှစ်ရက်လောက် တကယ် နားချင်ခဲ့ပေမဲ့၊ ဆေးခွင့်ယူလိုက်ရင် နောက်နှစ် အကဲဖြတ်တာနဲ့ ရာထူးတိုးတာတွေမှာ ကျွန်တော့်အခွင့်အရေးတွေ ဆုံးရှုံးသွားမယ်လို့ တွေးမိတာနဲ့ပဲ ဝေဒနာကို သည်းခံခဲ့ရတယ်၊ နေ့တိုင်း ညှဉ်းပန်းခံခဲ့ရတာပေါ့။

အဲဒီနှစ်တွေမှာ ယောက္ခမဆီ သွားလည်တိုင်း၊ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော့်ကို ပြပြီး ဘုရားသခင်ကို ယုံကြည်တာနဲ့ပတ်သက်လို့ အများကြီး ပြောပြတယ်။ သူက “ငွေရှာတာက အဆုံးမရှိဘူး။ ငွေအတွက်နဲ့ ကိုယ့်ကျန်းမာရေးနဲ့ အသက်ကို မဖျက်ဆီးသင့်ဘူး။ စာတန်ကြောင့် လူသားမျိုးနွယ်က နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးသွားပြီ၊ ပြီးတော့ လူတိုင်းက ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အသည်းအသန် တိုက်ခိုက်နေကြပြီး သိပ်ဆင်းရဲဒုက္ခရောက်တဲ့ ဘဝကို ရှင်သန်နေကြရတာ။ လူတွေကို စာတန်ရဲ့ ဘေးဒုက္ခကနေ ကယ်တင်ဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသော ကာလမှာ သမ္မာတရားကို ဖော်ပြထားတယ်၊ တကယ် နောင်တရပြီး ဘုရားသခင်နောက် လိုက်မှပဲ သူကယ်တင်တာကို ခံရနိုင်ပြီး ကြီးမားတဲ့ ကပ်ဘေးကနေ အသက်ရှင် ကျန်ရစ်နိုင်မယ်။ ဘုရားသခင်ရဲ့ အမှုတော်က မကြာခင် အဆုံးသတ်တော့မှာမို့ ငွေရှာတာကိုချည်းပဲ အာရုံစိုက်မနေဘဲ ဘုရားသခင်ကိုလည်း ယုံကြည်သင့်တယ်” လို့ ပြောတတ်တယ်။ ဘုရားသခင်ကို ယုံကြည်တာ ကောင်းမှန်း ကျွန်တော် သိပေမဲ့၊ ကျွန်တော့် အသက်မွေးဝမ်းကျောင်းအလုပ်က အစပဲ ရှိသေးတယ်၊ ပြီးတော့ နာမည်ရချင်သေးတာနဲ့ပဲ ယောက္ခမရဲ့ စကားကို ငြင်းပယ်ပြီး ငွေအတွက် မနားမနေ ဆက်အလုပ်လုပ်ရင်း ချမ်းသာကြွယ်ဝမှု ဝဲဂယက်ထဲ ပိုနက်နက်ရှိုင်းရှိုင်း နစ်မွန်းသွားခဲ့တယ်။ နောက်ပြီး ယောက္ခမက ကျွန်တော့်ကို ပြောတယ်။ “မောင်ရင်က ငွေအတွက်နဲ့ ကိုယ့်အသက်ကိုတောင် စတေးဖို့ လိုလားတာပဲနော်” တဲ့။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ၂၀၁၅ ခုနှစ် ရောက်လာတယ်။ ကျွန်တော့်မှာ အိမ်နှစ်လုံး၊ ကားနှစ်စီး ဝယ်ပြီးပြီ၊ ကုမ္ပဏီနှစ်ခုလည်း ဖွင့်ထားပြီးပြီ၊ ဒါပေမဲ့ ကျွန်တော် မကျေနပ်သေးဘူး။ ငွေပိုရှာပြီး ဇိမ်ခံကားတစ်စီး ဝယ်ဖို့အတွက် စက်ရုံတစ်ရုံ စထောင်ခဲ့တယ်။ ခဏခဏ မနားဘဲ နေ့ရောညပါ အလုပ်လုပ်ခဲ့တယ်။ နောက်ထပ် ငွေတွေကို ပိုလို့တောင်ရှာခဲ့တယ်။ ကျွန်တော် ဘယ်သွားသွား လူတွေက ကျွန်တော့်ကို “သူဌေး” လို့ ခေါ်ကြတယ်။ ကျွန်တော် အရမ်း ကျေနပ်အားရပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားနေခဲ့တာပေါ့။ “ချမ်းသာရတဲ့ ခံစားချက်က တကယ်မတူတာပဲ” လို့ ကျွန်တော် တွေးမိတယ်။ ဒါပေမဲ့ ဖိအားများပြီး မြန်ဆန်လွန်းတဲ့ ဒီလူနေမှုပုံစံက ကျွန်တော့်ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်။ အလုပ်သွားဖို့ ကားမောင်းရင်း ကျွန်တော် ခဏခဏ ငိုက်မိတယ်၊ တစ်ခါတုန်းကဆို ကုန်းကျော်တံတားပေါ်ကနေ ပြုတ်ကျမလိုတောင် ဖြစ်ခဲ့သေးတယ်။ ကုန်ကျစရိတ် သက်သာအောင်လို့ အလုပ်သမား ထပ်မငှားချင်လို့ အလုပ်ရုံက အလုပ်အတော်များများကို ကျွန်တော် ကိုယ်တိုင် လုပ်ခဲ့တယ်။ တစ်ခါတုန်းက အော်ဒါတစ်ခုကို ကမန်းကတန်းလုပ်ရင်းနဲ့ လက်ညှိုးကို သံပစ်သေနတ်နဲ့ ထိုးမိသွားတယ်။ သွေးတွေ အများကြီး ထွက်လာပြီး နာလွန်းလို့ မျက်ရည်တောင် ကျတယ်၊ ဒါပေမဲ့ အော်ဒါ အမြန်ပြီးဖို့အတွက် ဒဏ်ရာကို ခဏလောက် ဆေးထည့်ပြီး အလုပ်ဆက်လုပ်ဖို့ အလုပ်ရုံထဲ ပြန်ဝင်ခဲ့တယ်။ ချက်ချင်း မကုခဲ့တော့ ကျွန်တော့်လက်ညှိုးက ဆိုးဆိုးရွားရွား ရောင်ရမ်းလာပြီး ရေရှည် နောက်ဆက်တွဲ ဝေဒနာတွေ ဖြစ်ပေါ်ခဲ့တယ်၊ အေးတဲ့အခါ၊ မိုးရွာတဲ့အခါတိုင်း အရမ်းနာပြီး ယားလာတော့တာပဲ။ ကျွန်တော် နေ့တိုင်း အမြဲတမ်း စိတ်ဖိစီးမှုနဲ့ နေနေရတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်ပြီး၊ အရမ်းကို နာကျင်ခံစားနေရတာ။ ကျွန်တော် တွေးမိတယ်၊ “ငါ ဘာလို့ ဒီလောက် အပင်ပန်းခံ အလုပ်လုပ်နေရတာလဲ။ ဒါက ငါ ရချင်တဲ့ ဘဝမျိုး တကယ် ဟုတ်ရဲ့လား။ ဒီလောကကြီးမှာ ငါ ဘာအတွက် အသက်ရှင်နေတာလဲ” လို့ပေါ့။

၂၀၁၇ ခုနှစ်မှာ၊ ကျွန်တော့်ဇနီးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိကို လက်ခံခဲ့ပြီး၊ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်း ဗီဒီယိုတစ်ခုကို ကျွန်တော့်ကို ပြခဲ့တယ်။ ဒီသီချင်းစာသားတွေကြောင့် ကျွန်တော် အရမ်း ထိမိသွားတယ်။

ဘုရားသခင် သင့်စိတ်နှလုံးသားနှင့်ဝိညာဉ်ကို ရှာဖွေနေ

၁  အနန္တတန်ခိုးရှင်၏ အသက် ထောက်ပံ့ပေးသနားခြင်းထံမှ လမ်းလွဲပြီးနောက် လူသားမျိုးနွယ်သည် တည်ရှိမှု၏ ရည်ရွယ်ချက်ကို မသိနားမလည်ကြသော်လည်း မည်သို့ပင်ဆိုစေကာမူ သေခြင်းတရားကို ကြောက်ရွံ့ ကြ၏။ ၎င်းတို့သည် အကူအညီ သို့မဟုတ် အားကိုးရာမရှိကြသည့်တိုင် မျက်စိမှိတ်သွားရန် ဝန်လေးနေကြဆဲဖြစ်ကာ ခံစားမှု ကင်းမဲ့သော ဝိညာဉ်များဖြင့် မိမိတို့၏ ဇာတိပကတိကို ထောက်မထားရန် အားတင်းလျက် ဤလောက၌ ယုတ်ညံ့သော ဖြစ်တည်မှုဖြင့် ဆက်လက် ရှင်သန်နေကြ၏။ သင်သည် အခြားသူများနည်းတူ မျှော်လင့်ချက်၊ ရည်မှန်းချက်ကင်းမဲ့စွာ ဤပုံစံဖြင့် အသက်ရှင်၏။ ဒဏ္ဍာရီလာ သန့်ရှင်းသူတစ်ပါးတည်းသာ မိမိတို့၏ဒုက္ခဆင်းရဲအလယ်၌ ညည်းတွားလျက် ကိုယ်တော်၏ ကြွရောက်လာခြင်းကို အသည်းအသန် စောင့်မျှော်နေသောလူများကို ကယ်တင်လိမ့်မည်။ ထိုသို့သော ယုံကြည်လက်ခံမှုသည် အသိစိတ် မရှိသောသူတို့ထဲတွင် ဖြစ်မြောက်ခြင်းမရှိသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ၎င်းတို့သည် ယင်းကို အလွန်တမ်းတနေကြဆဲဖြစ်၏။

၂  အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူတို့ထံမှ အဖြေတစ်ခုကို လက်ခံရရှိခြင်း မရှိမီ စောင့်ဆိုင်းနေခဲ့သည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိစိတ်လုံးဝမရှိသော ဤလူများကိုလည်း အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်၏။ သင်နိုးထပြီး ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းမရှိတော့ရန်အတွက် သူသည် ရှာဖွေရန်၊ သင့်စိတ်နှလုံးနှင့် သင့်ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံသို့ ရေနှင့်အစားအစာကို ယူဆောင်ပေးရန် လိုလားလေသည်။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ ခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို ခံစားရသောအခါ၊ လမ်းပျောက်သည်ဟု မခံစားနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ရင်ဝယ်ပိုက်လိမ့်မည်။

............

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင်၏ သက်ပြင်းချတော်မူခြင်း

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရတော့၊ အရင်က မကြုံဖူးတဲ့ နွေးထွေးမှုမျိုးကို ခံစားလိုက်ရတယ်။ နှစ်တွေအကြာကြီး၊ ငွေရှာဖို့ ကျွန်တော် အရမ်း ရုန်းကန်ခဲ့ရပြီး ဒီလို နာကျင်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ နေထိုင်ခဲ့ရတာလေ။ ကျွန်တော် အရမ်းပင်ပန်းပြီး လမ်းပျောက်နေခဲ့တယ်၊ ဒါပေမဲ့ ဘယ်လို ရုန်းထွက်ရမလဲ မသိခဲ့ဘူး၊ အခုတော့ မျှော်လင့်ချက် တွေ့သွားပြီ။ လူကို ဘုရားသခင်က ဖန်ဆင်းခဲ့တာပါ။ ဘုရားသခင်တစ်ပါးတည်းသာ ဒီဆင်းရဲဒုက္ခကနေ လူတွေကို ကယ်တင်နိုင်တာ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံတာက ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကာကွယ်မှုကို ရရှိဖို့နဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းပဲ၊ အဲဒါမှပဲ သက်သောင့်သက်သာနဲ့ လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်မှာ။ အရင်တုန်းက ငွေရှာချင်လို့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကျွန်တော် ငြင်းပယ်ခဲ့တယ်။ ဘုရားသခင်က ကျွန်တော့်အပေါ် သနားကရုဏာရှိနေသေးပြီး ကယ်တင်ဖို့ လက်မလျှော့ဘူးလို့ ကျွန်တော် လုံးဝ မထင်ခဲ့ဘူး။ ကျွန်တော် ပြန်လှည့်လာဖို့ကို သူ စောင့်နေခဲ့တုန်းပဲ။ ကျွန်တော် အရမ်းကို တို့ထိခံလိုက်ရတယ်၊ ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို ကျွန်တော် လက်ခံခဲ့တယ်။ နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုဖို့ ညီအစ်ကို မောင်နှမတွေနဲ့ စုဝေးပွဲတွေကို ကျွန်တော် ခဏခဏ တက်ရောက်ခဲ့တယ်။

တစ်ခါတုန်းက၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “လူတို့သည် ကံကြမ္မာက မည်သည့်အရာဖြစ်ကြောင်း မသိသည့်အခါတွင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားမလည်သည့်အခါတွင် ၎င်းတို့သည် မြူများကြားတွင် မိမိသဘောအတိုင်း ရုန်းကန်လှုပ်ရှားကာ စမ်းတဝါးဝါးသွားနေခြင်းသာ ဖြစ်ပြီး ထိုခရီးသည် အလွန်ခက်ခဲကြမ်းတမ်းကာ အလွန်ပင် စိတ်နှလုံးပူဆွေးခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါ အမြော်အမြင်ရှိသူများက ကံကြမ္မာကို ဆက်လက်၍ ဆန့်ကျင်ကာ ရုန်းကန်လှုပ်ရှားပြီး ၎င်းတို့၏ အသက်တာပန်းတိုင်များဆိုသည့် အရာများကို ကိုယ့်နည်းနှင့်ကိုယ် လိုက်စားမည့်အစား ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိဖို့နှင့် လက်ခံဖို့အပြင် ‘ဘဝကောင်းတစ်ခုကို ကိုယ့်လက်နှင့်ကိုယ် တည်ထောင်ရန် ကြိုးစားခြင်း’ ဟူသည့် စိတ်ဆင်းရဲစရာ နေ့ရက်များကို နှုတ်ဆက်ဖို့ ဆုံးဖြတ်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ ဘုရားသခင်ကို မမြင်နိုင်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ်နှင့် ရှင်းရှင်းလင်းလင်း မသိသည့်အခါ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိဖြစ်ကာ ဖော်ပြ၍မရနိုင်လောက်အောင် စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်နေရာ၌ရှိပါစေ၊ သူ၏ အလုပ်က မည်သည့်အရာဖြစ်ပါစေ ၎င်း၏အသက်ရှင်မှု နည်းလမ်းနှင့် ၎င်းလိုက်စားသည့် ပန်းတိုင်က ၎င်းအား အဆုံးမရှိသည့် စိတ်နှလုံးပူဆွေးခြင်းနှင့် ဖြေသိမ့်ရန် ခက်ခဲသော စိတ်ဆင်းရဲခြင်းတို့ကို ဖြစ်စေသည်မှာ ပြန်လှည့်ကြည့်ဖို့ အားမထုတ်နိုင်သည့် အတွေ့အကြုံများ ဖြစ်လေသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူသားအသက်တာကို ရရှိခြင်းအား လိုက်စားသည့်အခါမှသာ လူတစ်ဦးသည် စိတ်နှလုံးပူဆွေးခြင်းနှင့် စိတ်ဆင်းရဲမှုများအားလုံးမှ ဖြည်းဖြည်းချင်း ရုန်းထွက်နိုင်မည် ဖြစ်ကာ လူ့အသက်တာ၏ အနှစ်မဲ့ခြင်းအားလုံးကို ဖြည်းဖြည်းချင်း ဖယ်ရှားနိုင်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို မသိတဲ့အပြင် မှန်ကန်တဲ့ ဘဝရည်မှန်းချက်တွေ မရှိလို့ ကျွန်တော်တို့ အဲဒီလို စိတ်ဆင်းရဲပြီး အသက်ရှင်နေရတာပါ။ ကျွန်တော်က ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ ကိုယ့်ကံကြမ္မာကို ပြောင်းလဲဖို့ မျှော်လင့်ရင်းနဲ့ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ကျွန်တော့်ရဲ့ ဘဝရည်မှန်းချက်တွေအနေနဲ့ သတ်မှတ်ထားခဲ့တယ်။ ငွေပိုရှာဖို့၊ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် ဖိအားတွေအများကြီး ပေးခဲ့တယ်၊ ကျွန်တော် အရမ်း စိတ်ဖိစီးခဲ့ပြီး ကျန်းမာရေးလည်း ဆိုးရွားလာခဲ့တယ်။ မတော်တဆ ကုန်းကျော်တံတားပေါ်ကနေ အောက်ပြုတ်ကျမလိုတောင် ဖြစ်ခဲ့သေးတာ။ ငွေနည်းနည်း ရှာခဲ့ပြီး ဆွေမျိုး မိတ်ဆွေတွေရဲ့ အားကျတာ၊ အထင်ကြီးတာကို ခံခဲ့ရပေမဲ့၊ အဲဒီလိုဘဝမျိုးက တကယ်ကို နာကျင်ပြီး ခါးသီးပါတယ်။ ငွေက အိမ်ကောင်းကောင်း၊ ကားကောင်းကောင်းတွေ ဝယ်ပေးနိုင်ပြီး ကောင်းမွန်တဲ့ ရုပ်ဝတ္ထုဘဝကို ခံစားခွင့်ပေးနိုင်တဲ့အပြင်၊ တခြားသူတွေရဲ့ အထင်ကြီးမှုကို ရတာက ကျွန်တော့်ရဲ့ အတ္တမာနကို ဖြည့်ဆည်းပေးနိုင်ပေမဲ့၊ အဲဒါက ကျွန်တော့်ကို ငြိမ်သက်ခြင်း၊ ဒါမှမဟုတ် လုံခြုံမှု မပေးနိုင်ခဲ့ဘူး။ ကျွန်တော် လိုက်စားနေခဲ့တဲ့ ငွေက ကျွန်တော့်ကို စစ်မှန်တဲ့ ပျော်ရွှင်မှု ယူမလာပေးခဲ့ပါဘူး။ အဲဒီအစား၊ အဲဒါက ကျွန်တော့်ကို ငွေရဲ့ ကျွန်ဖြစ်စေခဲ့ပြီး၊ ဝေဒနာတွေနဲ့ နေထိုင်ရစေခဲ့တယ်။ အထူးသဖြင့် အခု၊ ကြီးမားတဲ့ ကပ်ဘေးက ကျရောက်နေပြီး ကမ္ဘာအနှံ့ ကပ်ရောဂါတွေ ပျံ့နှံ့နေတဲ့အပြင်၊ ချမ်းသာတဲ့လူတွေတောင် အသက်ဆုံးရှုံးနေရတဲ့အချိန်မှာ၊ ငွေတွေ ဘယ်လောက်ပဲ များများ အသက်ကို မဝယ်နိုင်ဘူးဆိုတာ ကျွန်တော် သဘောပေါက်လာတယ်။ သခင်ယေရှု ပြောခဲ့သည့်အတိုင်း “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။(ရှင်မဿဲခရစ်ဝင် ၁၆:၂၆) ဒါကြောင့် ဘဝမှာ မှားယွင်းတဲ့ ကျွန်တော့်ရဲ လိုက်စားမှုကို ပြောင်းလဲဖို့နဲ့ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို အသက်ရှင်ရင်းနဲ့ သမ္မာတရားကို စပြီး လိုက်စားဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်ပိုင်းမှာလည်း ကျွန်တော် တွေးမိတယ်။ “ချမ်းသာကြွယ်ဝမှု၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်နောက် လိုက်စားတာက ဘာလို့ လူတွေကို နာကျင်မှု အမြဲ ယူလာပေးရတာလဲ” လို့ပေါ့။ ဝတ်ပြုနေတုန်းမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ပြီး၊ ဒီကိစ္စနဲ့ပတ်သက်လို့ သိနားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘ငွေသည် ကမ္ဘာကို လည်ပတ်စေသည်’ ဟူသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခု ဖြစ်သည်။ ယင်းမှာ လူ့အဖွဲ့အစည်းတိုင်းရှိ လူတို့ကြားတွင် အလွန် ပျံ့နှံ့နေပြီး ရေပန်းစားမှုတစ်ခုဖြစ်သည်ဟု သင် ဆိုနိုင်ပေသည်။ အကြောင်းမှာ ယင်းကို လူတစ်ဦးချင်းစီတိုင်း၏ စိတ်နှလုံးထဲတွင် သွတ်သွင်းထားခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အစပိုင်းတွင် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း လက်တွေ့ဘဝနှင့် ထိတွေ့သောအခါ ဖွင့်ဟပြောရန်မလိုသည့် နားလည်မှုဖြင့် လက်ခံခဲ့ကြပြီး ဤစကားများသည် အမှန်စင်စစ် မှန်ကန်သည်ဟု စတင်ခံစားလာခဲ့ကြသည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် ဖြစ်စဉ်တစ်ခု မဟုတ်လော။...စာတန်သည် လူတို့ကို ဖြားယောင်းသွေးဆောင်ရန် ငွေကို အသုံးပြုပြီး ၎င်းတို့အားလုံးကို ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ကိုးကွယ်စေရန် ဖောက်ပြန်ပျက်စီးစေသည်။ ဤငွေကို ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ ထင်ရှားပေါ်လွင်သနည်း။ ဤလောကတွင် သင်တို့သည် ငွေမရှိဘဲ အသက်မရှင်နိုင်ဟုလည်းကောင်း၊ ယင်းမရှိဘဲ တစ်နေ့တာမျှပင် မဖြတ်သန်းနိုင်ဟုလည်းကောင်း သင်တို့ မထင်ကြသလော။ လူတို့တွင် ငွေမည်မျှရှိသည်က ၎င်းတို့၏ အဆင့်အတန်း မည်မျှမြင့်မားသည်ကိုလည်းကောင်း၊ ၎င်းတို့ မည်မျှ ဂုဏ်သရေ ရှိသည်ကိုလည်းကောင်း ဆုံးဖြတ်သည်။ ဆင်းရဲသားတို့သည် မိမိတို့ ခေါင်းမဖော်နိုင်ဟု ခံစားရသော်လည်း ချမ်းသာသူတို့မှာမူ မြင့်မားသော အဆင့်အတန်းရှိကြပြီး ခေါင်းမော့ရင်ကော့ကာ ကျယ်လောင်စွာ စကားပြောနိုင်ပြီး မာနထောင်လွှား၍ အထိန်းအကွပ်မဲ့သော ပုံစံဖြင့် နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ရေပန်းစားမှုတို့က လူတို့ထံသို့ အဘယ်အရာကို ဆောင်ကြဉ်းပေးသနည်း။ လူများစွာတို့သည် ငွေရှာရန်အလို့ငှာ မည်သည့် စွန့်လွှတ်မှုကိုမဆို ပြုလုပ်ရန် လိုလားကြသည်မှာ အမှန် မဟုတ်လော။ လူများစွာတို့သည် ပိုမိုသောငွေကို လိုက်စားရာတွင် မိမိတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို မဆုံးရှုံးကြသလော။ လူများစွာတို့သည် ငွေကြေးအတွက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်သို့ လိုက်ရန် အခွင့်အရေးကို မဆုံးရှုံးကြသလော။ သမ္မာတရားကို ရရှိရန်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှု မဟုတ်လော။ ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို အသုံးပြုရုံမျှဖြင့် စာတန်သည် လူကို ထိုသို့သော အတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးစေသည်။ စာတန်၏ ရည်ရွယ်ချက်သည် ယုတ်မာသည် မဟုတ်လော။ ဤသည်မှာ မလိုမုန်းထားသော လှည့်ကွက်တစ်ခု မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅))စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက် သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်နိုင်စွမ်း မရှိသလို သတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) စာတန်က မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ ရှင်သန်ရပ်တည်ရေး စည်းမျဉ်း အမျိုးမျိုးနဲ့ ဘဝအမြင်တွေကို လူတွေခေါင်းထဲ သွတ်သွင်းဖို့အတွက် ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားတွေ၊ အသိပညာရဲ့ သွတ်သွင်းလွှမ်းမိုးမှုနဲ့ ကျောင်းတွေက ပညာရေးတွေကို အသုံးပြုတယ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကို ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် လိုက်စားစေပြီး အားထုတ်ကြိုးပမ်းစေတယ်၊ နောက်ဆုံးမှာတော့ ဒီလိုက်စားမှုရဲ့ ဝဲဂယက်ထဲမှာ ပျက်စီးစေတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်ခဲ့တယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက ဒီလိုမျိုး သွန်သင်ခံခဲ့ရတာပါ။ “လူတို့တွင် အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမြတ်ဆုံးသော ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ရမည်” ဆိုတာနဲ့ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်” ဆိုတဲ့ အတွေးအခေါ်တွေ၊ ပြီးတော့ တခြား စာတန်ရဲ့ ရှင်သန်ရပ်တည်ရေး စည်းမျဉ်းတွေက ကျွန်တော့်စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တယ်။ လူတစ်ယောက်ဟာ ငွေမရှိဘဲ မနေနိုင်ဘူး၊ ငွေရှိတာက ရုပ်ဝတ္ထုပျော်ရွှင်မှုနဲ့ တခြားလူတွေရဲ့ အားကျတာ၊ အထင်ကြီးတာ ခံရဖို့အတွက် လိုတယ်၊ အဲဒီလိုမှပဲ ဂုဏ်သိက္ခာရှိရှိ နေနိုင်မယ်၊ ငွေမရှိရင် နိမ့်ကျတာယ်လို့ ယူဆခံရပြီး အထင်သေးခံရမယ်၊ စိတ်ဆင်းရဲရပြီး အဖိနှိပ်ခံဘဝရောက်သွားမယ်လို့ ယုံကြည်ခဲ့တယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရဖို့အတွက်၊ ဆယ်စုနှစ်တစ်ခုကျော် ကျွန်တော် စာကြိုးစားခဲ့တယ်၊ အလုပ်စဝင်ပြီးတဲ့နောက်မှာလည်း၊ ရာထူးတိုးဖို့နဲ့ လစာတိုးဖို့ နေ့ရောညပါ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့တယ်။ ကျွန်တော့်ရဲ့ လိုအင်ဆန္ဒတွေက ကြီးသထက် ကြီးလာခဲ့တယ်၊ ရလေ၊ လိုလေဖြစ်ပြီး ဘယ်တော့မှ မကျေနပ်နိုင်ခဲ့ဘူး။ ဖျားနာတဲ့အထိ ကျွန်တော့်ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေတာတောင်မှ၊ ကျွန်တော် မနားချင်ခဲ့သေးဘူး။ ယောက္ခမက ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းအကြောင်း ကျွန်တော့်ကို အကြိမ်ကြိမ် သက်သေခံခဲ့တယ်၊ ဘုရားသခင်ကို ယုံကြည်တာ ကောင်းမှန်း ကျွန်တော် သိပေမဲ့၊ ငွေရှာတာကို မရပ်တန့်ချင်ခဲ့သေးဘူး၊ ကျွန်တော့် အချိန်နဲ့ အားအင်အားလုံးကို ကျော်ကြားမှုနဲ့ အကျိုးအမြတ် နောက်လိုက်ဖို့ပဲ ရည်စူးမြှုပ်နှံခဲ့တယ်။ နောက်ဆုံးမှာ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရခဲ့ပေမဲ့၊ ကျွန်တော့်စိတ်ဝိညာဉ်က ငြိမ်သက်ခြင်းနဲ့ အေးချမ်းမှုကို လုံးဝ မသိခဲ့ဘူး။ အဲဒီအစား၊ ကျွန်တော် လုံးဝ ခြေကုန်လက်ပန်းကျပြီး ပြင်းပြတဲ့ဝေဒနာနဲ့ပဲ ကျန်ရစ်ခဲ့တယ်။ အခုတော့ ဒီနာကျင်မှုအားလုံးက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းနဲ့ အန္တရာယ်ပေးမှုတွေကြောင့် ဖြစ်ရတာဆိုတာကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်သွားပြီ။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ဆိုတာ လူတွေကို ငရဲရောက်အောင် မျှားခေါ်ဖို့ စာတန် ဆင်ထားတဲ့ ထောင်ချောက်တွေ ဖြစ်သလို၊ စာတန်က လူတွေကို ဖောက်ပြန်ပျက်စီးအောင်လုပ်ပြီး အန္တရာယ်ပေးတဲ့ မလိုမုန်းထားတဲ့ နည်းလမ်းတွေလည်း ဖြစ်ပါတယ်။ အဲဒါတွေက လူတွေကို ဘုရားသခင်ဆီကနေ ပိုဝေးသွားစေတယ်၊ ပိုပြီး နာနာကျင်ကျင်နဲ့ အသက်ရှင်ရစေတယ်။ နောက်ဆုံးမှာ စာတန်ရဲ့ အန္တရာယ်ပေးမှုကြောင့် သေဆုံးရတဲ့အထိ ဖြစ်စေတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ပေးမှုသာ မရှိခဲ့ရင်၊ လူတွေကို ဖောက်ပြန်ပျက်စီးစေပြီး အန္တရာယ်ပေးဖို့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုတဲ့ စာတန်ရဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော် မြင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ကိုယ့်အသက်ကိုတောင် စွန့်စားပြီး စာတန်ညှဉ်းပန်းတာကို ဆက်ခံနေရဦးမှာ။ အခုတော့ ကျွန်တော် ဘုရားသခင်ကိုပဲ စိတ်ရင်းမှန်နဲ့ ယုံကြည်ပြီး သမ္မာတရားကိုပဲ လိုက်စားချင်မိတယ်၊ ငွေနောက်လိုက်ဖို့ စာတန်ရဲ့ လှည့်စားတာကို မခံချင်တော့ဘူး။ နောက်ပိုင်းမှာ၊ အချိန်ရတိုင်း၊ ကျွန်တော်တို့ မိသားစုက ဘုရားနှုတ်ကပတ်တော်တွေကို အတူတူ ဖတ်ကြတယ်၊ ဓမ္မသီချင်းတွေ နားထောင်ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေ ကြည့်ကြတယ်။ ငွေအတွက်နဲ့ အရိုးကြေမတတ် အလုပ်လုပ်ရတဲ့ နေ့ရက်တွေတုန်းကလို ကျွန်တော် မနေတော့ဘူး။ အဲဒီအစား၊ ညီအစ်ကို မောင်နှမတွေနဲ့ သမ္မာတရားကို ခဏခဏ မိတ်သဟာယပြုပြီး၊ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းခြင်းနဲ့ ထောက်ပံ့ပေးမှုတွေကို မွေ့လျော်ခံစားတယ်။ အရင်က မသိခဲ့ဖူးတဲ့ ငြိမ်သက်၊ အေးချမ်းတဲ့ ခံစားချက်တစ်ခုကို ကျွန်တော် ခံစားရတယ်။

၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှာ၊ စီးပွားရေး ဈေးကွက် ကျဆင်းမှုကြောင့်၊ အော်ဒါမရှိတော့လို့ ကျွန်တော့်စက်ရုံ ပိတ်လိုက်ရတယ်။ ကျွန်တော် နည်းနည်း စိတ်မကောင်းဖြစ်မိပေမဲ့၊ စက်ရုံပုံမှန် လည်ပတ်အောင် အရင်ကလို ခေါင်းခြောက်မတတ် စဉ်းစားတော့ဘူး။ အဲဒီအစား အဲဒါကို တွေ့ကြုံခံစားဖို့ ဘုရားသခင်ကို ကျိုးနွံနာခံပြီး သူ့ကို အမှီပြုခဲ့တယ်။ ငွေရဲ့ ဘောင်ခတ်တာကို မခံရဘဲ အများကြီး ပိုပြီး စိတ်သက်သာရာ ရခဲ့တယ်။ အဲဒီအချိန်တုန်းက၊ တစ်နေရာမှာ ကျွန်တော် အချိန်ပိုင်း အလုပ်တစ်ခု ရခဲ့တယ်၊ လစာ သိပ်မများပေမဲ့၊ မိသားစု နေစရိတ်စားစရိတ် ကာမိဖို့ လုံလောက်ပါတယ်၊ ပြီးတော့ အရေးကြီးဆုံးက၊ စုဝေးပွဲတွေတက်ဖို့နဲ့ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ဖို့ ဒီအလုပ်က အချိန်ရတယ်။

မကြာခင်မှာပဲ၊ ကျွန်တော့်ကို အရာတစ်ခုက စုံစမ်းသွေးဆောင်ခဲ့တယ်။ တစ်နေ့မှာ အများပိုင် ကုမ္ပဏီပိုင်ရှင်တစ်ယောက်က ကျွန်တော့်ကို လာဆက်သွယ်ပြီး၊ သူ အသစ်ဝယ်လိုက်တဲ့ ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲပေးဖို့ ပြောပြီး၊ တစ်နှစ်လစာ ယွမ် ငါးသိန်း ကမ်းလှမ်းလာတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီကုမ္ပဏီက ငွေကြေး အရမ်း တောင့်တင်းတာပဲ။ ငါသာ ဒီအလုပ်ကို လက်ခံလိုက်ရင်၊ အလုပ်အမှုဆောင်တစ်ယောက် ဖြစ်မှာပဲ၊ ပြီးတော့ ဆွေမျိုးမိတ်ဆွေတွေက ငါ့ကို သေချာပေါက် ပြန်ပြီး အထင်ကြီးကြမှာပဲ” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်တော် တွေးမိပြန်တယ်၊ “ငါသာ သဘောတူလိုက်ရင်၊ ခရီး ခဏခဏ ထွက်ရမယ်၊ ပြီးတော့ လုပ်ငန်းချိတ်ဆက်ရေး ပွဲအမျိုးမျိုးကို သွားရမယ်၊ တာဝန်ထမ်းဆောင်ဖို့ မပြောနဲ့၊ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ဖို့နဲ့ စုဝေးပွဲတက်ဖို့တောင် အနိုင်နိုင်ဖြစ်သွားမှာ။ ငွေနောက်လိုက်တဲ့ ဝဲဂယက်ထဲကနေ ငါ နောက်ဆုံးတော့ လွတ်မြောက်လာခဲ့ပြီးပြီ၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော် စားသောက်ဖို့၊ စုဝေးပွဲတက်ဖို့နဲ့ တာဝန်တွေ ထမ်းဆောင်ဖို့ ငါ့မှာ အချိန်ရှိနေပြီ။ ဒီအဓိပ္ပာယ်မရှိတဲ့ အရာတွေပေါ်မှာ ငါ့အချိန်တွေကို ထပ်ပြီး ဖြုန်းလို့မဖြစ်တော့ဘူး” လို့ပေါ့။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေးမိတယ်။ “ပုံမှန်လူတို့အနေဖြင့်လည်းကောင်း၊ ဘုရားသခင်ကို ချစ်ရန် ကြိုးပမ်းသူများအဖြစ်လည်းကောင်း နိုင်ငံတော်သို့ ဝင်ရောက်၍ ဘုရားသခင်၏ လူများဖြစ်လာခြင်းသည် သင်တို့၏ စစ်မှန်သော အနာဂတ်ဖြစ်သည့်အပြင် အလွန်တရာ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုလည်း ဖြစ်၏။ သင်တို့ထက် သာ၍ ကောင်းချီးခံစားရသောသူ တစ်ဦးမျှ မရှိပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အဓိပ္ပာယ်ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) စိတ်သဘောထား ပြောင်းလဲမှု ရရှိဖို့နဲ့ ဘုရားသခင်ရဲ့ လူတွေအနေနဲ့ နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ သမ္မာတရားကို လိုက်စားခြင်းက ဘဝကို အသက်ရှင်ဖို့ အဓိပ္ပာယ်အရှိဆုံး နည်းလမ်းနဲ့ စစ်မှန်တဲ့ အနာဂတ်ဖြစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်ခဲ့တယ်။ စာတန်က “အလုပ် အမှုဆောင်” ရာထူးနဲ့ ကျွန်တော့်ကို သွေးဆောင်ဖို့ ဒီသူဌေးကို အသုံးပြုနေတာပါ။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အလုပ်ရှုပ်ရတဲ့ ဝဲဂယက်ထဲ ကျွန်တော် ပြန်ကျသွားအောင်၊ ပြီးတော့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရရှိမယ့် အခွင့်အရေး လုံးဝ ဆုံးရှုံးသွားအောင် ကြိုးစားနေတာ။ စာတန်ရဲ့ လှည့်ကွက်ထဲ ကျွန်တော် သက်ဆင်းလို့မဖြစ်ဘူး။ အခုအချိန်က လူတွေကို ဘုရားသခင် ကယ်တင်ပြီး စုံလင်အောင် ပြုလုပ်ပေးနေတဲ့ အရေးကြီးတဲ့အချိန်၊ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်တာ မကြာသေးသလို သမ္မာတရားကိုလည်း နားလည်တာ အရမ်း နည်းသေးတယ်၊ ဒါကြောင့် ဒါဟာ သမ္မာတရားကို လိုက်စားပြီး အသက်ရရှိဖို့ ကျွန်တော့်ရဲ့ နောက်ဆုံး အခွင့်အရေးပဲ။ ဒီအခွင့်အရေးကို လက်လွတ်လိုက်ရင်၊ ဘုရားသခင်ရဲ့ အမှုတော် အဆုံးသတ်တဲ့အခါ လိုက်စားဖို့ အရမ်း နောက်ကျသွားမှာပါ။ ဒါနဲ့ ကျွန်တော် သူ့ကို ငြင်းလိုက်တယ်၊ ပြီးတော့ ကျွန်တော် အရမ်း စိတ်အေးသွားတယ်။

အခု ကျွန်တော် အသင်းတော်မှာ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေပြီး ညီအစ်ကို မောင်နှမတွေနဲ့ ဘုရားနှုတ်ကပတ်တော်ကို ခဏခဏ မိတ်သဟာယပြုတယ်။ တဖြည်းဖြည်းနဲ့၊ သမ္မာတရားတချို့ကို ကျွန်တော် နားလည်လာပြီး ကိစ္စအတော်များများကို ထိုးထွင်းမြင်လာတယ်။ ပြီးတော့ အရင်က ကျွန်တော့်မှာ ရှိခဲ့တဲ့ နာကျင်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေ မရှိတော့ဘူး။ အရင်က တစ်ခါမှ မခံစားဖူးတဲ့ အေးချမ်းမှုနဲ့ လွတ်မြောက်ခြင်း အသိတစ်ခုကို ကျွန်တော့်စိတ်နှလုံးထဲမှာ ခံစားရတယ်။ ဒီအကျိုးတရားတွေ အားလုံးကို ငွေဘယ်လောက်ပေးပေး ဝယ်လို့ မရနိုင်ပါဘူး။ ဒါဟာ တကယ်ကို ဘုရားသခင်ရဲ့ မေတ္တာနဲ့ ကယ်တင်ခြင်းပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျော်ကြားမှုနှင့် အောင်မြင်မှုတို့သည် နာကျင်စရာများကို ယူဆောင်လာခဲ့သည်

ထျန်ထျန် တရုတ်နိုင်ငံ နွေဦးရာသီတစ်ခုမှာ ကျွန်မနှင့် စီနီယာဆရာဝန် အချို့တို့သည် အပြင်မှာ ဟင်းချက်စားဖို့ သွားကြသည်။ လမ်းမှာ ဒေသခံ...

ချောက်ကမ်းပါးစွန်းမှ ပြန်လာသည်

ကျောက်ဂွမ်မင်း၊ တရုတ်ပြည် ၁၉၈၀ခုနှစ်များ အစပိုင်းတွင် ကျွန်တော်က အသက် ၃၀အရွယ်ရှိပြီး၊ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ် လုပ်နေခဲ့သည်။...

ငွေနှင့် ဂုဏ်အဆင့်အတန်းသည် ကျွန်မအတွက် မည်သည့်အရာကို လုပ်ဆောင်ပေးဖူးသနည်း

နီနာ အိုင်ဗရီကို့စ်နိုင်ငံ ကျွန်မက ပျက်စီးနေတဲ့ မိသားစုမှာ မွေးခဲ့တာပါ။ ကျွန်မအမေက ကျွန်မကို ကိုယ်ဝန်ရှိနေတုန်း ကျွန်မအဖေက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။