ကံမကောင်းအကြောင်းမလှခြင်းမှတစ်ဆင့် ကောင်းချီးရရှိခြင်း
ဒုကျွမ်း ဂျပန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်ဝမ်းကွဲအစ်ကိုနှစ်ယောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ပြီး တိုက်ပိုင်၊ ကားပိုင်တွေ ဖြစ်နေကြပြီ။ နှစ်သစ်ကူးကာလ ရောက်တိုင်း ဆွေမျိုးတွေဆီ လည်ပတ်ကြတဲ့အခါ သူတို့က ကျွန်တော့်ဝမ်းကွဲအစ်ကိုတွေကို အမြဲတမ်း ချီးမွမ်းကြပြီး အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတယ်။ ကျွန်တော့်ဝမ်းကွဲအစ်ကိုတွေရဲ့ ထူးချွန်တဲ့ ပုံရိပ်တွေက ကျွန်တော့်စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်မိသားစုက ဆွေမျိုးတွေကြားမှာ အဆင်းရဲဆုံးဖြစ်ပြီး လူတွေက ကျွန်တော်တို့ကို အထင်သေးကြတယ်။ ဒါကြောင့် သူတို့သွားလေရာမှာ တခြားလူတွေရဲ့ အာရုံစိုက်မှု ခံရတဲ့ ကျွန်တော့်ဝမ်းကွဲအစ်ကိုတွေကို ကျွန်တော် အားကျခဲ့တယ်။ ဒီလိုနေတာက ဂုဏ်သိက္ခာရှိရှိနဲ့ တန်ဖိုးရှိရှိ နေထိုင်နည်းပဲလို့ ကျွန်တော် ခံစားခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် သန္နိဋ္ဌာန်ချခဲ့တယ်၊ “နောင်ကျရင် ငါသေချာပေါက် လူပေါ်လူဇော်လုပ်ပြီး တစ်ခုခု အောင်မြင်အောင် လုပ်မယ်။ ပြီးတော့ ငါ့ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေ ငါ့ကို အားကျလာအောင် လုပ်မယ်” လို့ပေါ့။
အသက် ၁၆ နှစ်အရွယ် နုံအလွန်းသေးတဲ့ ကျွန်တော်ဟာ ရင်ထဲမှာ အိပ်မက်တွေနဲ့ အလုပ်ခွင် လောကထဲကို ခြေစုံပစ်ဝင်ခဲ့တာပေါ့။ မရင်းနှီးတဲ့ ကွမ်ကျိုးမြို့မှာ တစ်ယောက်တည်း အလုပ်ရှာရတဲ့ အခက်အခဲတွေကို ကျွန်တော် ကြုံတွေ့ခဲ့ရပြီး ပိုက်ဆံမရှိလို့ ဘူတာရုံနားက ပန်းခင်းတွေဘေးမှာတောင် အိပ်ခဲ့ရတယ်။ ကျွန်တော့်ရဲ့ စိတ်ကူးအိပ်မက်တွေက လှပပေမဲ့ လက်တွေ့ဘဝကတော့ ကြမ်းတမ်းလွန်းတယ်၊ ကျွန်တော် ဘယ်လောက်ပဲ ကြိုးစားလုပ်လုပ် ပိုက်ဆံအများကြီး ဘယ်တော့မှ မရှာနိုင်ခဲ့ဘူး။ အဲဒီအချိန်တုန်းက အမေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို ကျွန်တော့်ကို ဟောပြောခဲ့တယ်။ ကျွန်တော် စုဝေးပွဲတွေကို ခဏလောက် တက်ခဲ့ပေမဲ့ ပိုက်ဆံရှာချင်ပြီး သူများထက် သာတဲ့ ဘဝမျိုး နေချင်တဲ့စိတ်ကြောင့် တခြားနေရာကို သွားပြီး အလုပ်ဆက်လုပ်ခဲ့တယ်။ ၂၀၁၄ ခုနှစ်မှာ နာမည်ကြီး ကုမ္ပဏီတစ်ခုမှာ အရောင်းဝန်ထမ်းအဖြစ် ကျွန်တော် ဝင်လုပ်ခဲ့တယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “နာမည်ကြီးတွေ၊ သူဌေးတွေ အများကြီးက အရောင်းပိုင်းကနေ စတာပဲ။ အရောင်းပိုင်းက လူတွေကို လေ့ကျင့်ပေးရုံသာမကဘူး လူတစ်ယောက်ရဲ့ လုပ်ငန်း ကျွမ်းကျင်မှုကိုလည်း တိုးတက်စေတယ်” လို့ပေါ့။ ဒီအတွေးနဲ့ပဲ ကျွန်တော်ဟာ အလုပ်ထဲမှာ စိတ်ပါလက်ပါကို အာရုံစိုက်ပြီး နှစ်မြှုပ်ထားလိုက်တာပေါ့။ ရလဒ်ကောင်းတွေရဖို့ ပြည်နယ်တွေ၊ မြို့တွေအနှံ့ ခရီးတွေ ခဏခဏ ထွက်ခဲ့ရပြီး နေ့မနား ညမနား အလုပ်လုပ်ခဲ့ရတယ်၊ အချိန်မှန် ထမင်းစားရတာ၊ ကောင်းကောင်း အိပ်ရတာ လုံးဝ မရှိသလောက်ပဲ။ ကားမူးတတ်တဲ့သူဆိုတော့ နေ့တိုင်း ခရီးသွားရတဲ့အတွက် ခေါင်းမူးပြီး ပင်ပန်းနွမ်းနယ်ခဲ့တယ်။ နွေရာသီမှာ ကုန်ကားပေါ် ကုန်ပစ္စည်းတွေ တက်ရှာတဲ့အခါ ကျွန်တော့်တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်နေပြီး ဘောင်းဘီက အခုလေးတင် လျှော်ထားသလိုမျိုး ခြေထောက်မှာ ကပ်နေတာပေါ့။ ဆောင်းရာသီတစ်ခုတုန်းကဆိုရင် ကားလေကာမှန် ကွဲသွားပြီး အရိုးခိုက်မတတ် အေးတဲ့ လေဒဏ်၊ နှင်းဒဏ်ကို အံတုပြီး ကီလိုမီတာ တစ်ရာကျော် ကျွန်တော် မောင်းခဲ့ရတယ်။ ကားပေါ်က ဆင်းလိုက်တဲ့အခါ ကျွန်တော် အရမ်းအေးစက်နေလို့ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်ခဲ့ဘူး။ “အခက်အခဲ ဒုက္ခတွေကို ခံနိုင်ရည်ရှိသူတွေဟာ လန်းရိုဗာကား မောင်းနိုင်တယ်” ဆိုတာကို ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ခဲ့တယ်။ ပြီးတော့ ဒီနေ့ ကျွန်တော် ခံစားနေရတဲ့ ဒုက္ခတွေက မနက်ဖြန် အောင်မြင်မှုအတွက် လမ်းခင်းပေးနေတာလို့ ယုံကြည်ခဲ့တယ်။ ကိုယ့်ကြိုးစားအားထုတ်မှုနဲ့ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကျွန်တော် ရည်ရွယ်ထားတာလေ။ ကုမ္ပဏီမှာ အမှတ်တံဆိပ်မန်နေဂျာတွေ အများကြီးနဲ့ ကျွန်တော် ထိတွေ့ဆက်ဆံခဲ့ရပြီး အပျံစား ဝတ်စားထားတဲ့ အဲဒီလို အထက်တန်းလွှာတွေကို ကျွန်တော် အားကျခဲ့တယ်။ တစ်နေ့ကျရင် ငါလည်း အမှတ်တံဆိပ်မန်နေဂျာတစ်ယောက်ဖြစ်ပြီး သူများတွေရဲ့ အားကျမှုနဲ့ ချီးမွမ်းမှုကို ရနိုင်ဖို့ မျှော်လင့်ခဲ့တာပေါ့။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်နှစ်ကုန်သွားပြီး ကျွန်တော်ဟာ နောက်ဆုံးမှာ အမှတ်တံဆိပ်မန်နေဂျာအနေနဲ့ ရာထူးတိုးခံခဲ့ရတယ်။ အဲဒီနောက်မှာ ဌာနရဲ့ အရောင်းချန်ပီယံဆုကို အကြိမ်ကြိမ် ရခဲ့ပြီး ထူးချွန်တဲ့ အမှတ်တံဆိပ်အဖြစ် သတ်မှတ်ခံခဲ့ရတယ်။ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ကို အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ပြောကြတယ်၊ “ဒီအမှတ်တံဆိပ်က ခင်ဗျားမရှိရင် မလည်ပတ်နိုင်ဘူး” တဲ့။ စက်ရုံမန်နေဂျာကလည်း ကျွန်တော့်ကို လူမှုရေးပွဲတွေ ခဏခဏ ခေါ်သွားပြီး လက်ဆောင်တွေလည်း ခဏခဏ ပေးတတ်တယ်။ ကျွန်တော့်ရဲ့ မာနက ကျေနပ်သွားပြီး ကျွန်တော် အရမ်းပျော်ခဲ့ရတယ်။ ကျွန်တော့်ရဲ့ အလုပ်လုပ်နိုင်စွမ်းက အားကောင်းတယ်လို့ ခံစားရပြီး ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းခဲ့တယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက် တွန်းအားကြောင့် အမှတ်တံဆိပ်မန်နေဂျာဆိုတဲ့ ရာထူးက ကျွန်တော့်အတွက် မလုံလောက်တော့ဘူး။ ကျွန်တော် နောက်ထပ် အဆင့်တစ်ဆင့် ထပ်တက်ချင်ခဲ့တယ်။ ကျွန်တော့်ရဲ့ ချမ်းသာပြီး အာဏာရှိတဲ့ ဆွေမျိုးတွေထက် ကျွန်တော်က ပိုသာတယ်ဆိုတာကို သူတို့မြင်အောင်လို့ပေါ့။ ခရီးတွေ ခဏခဏထွက်၊ လူမှုရေးပွဲတွေ ခဏခဏသွားနေရတာကြောင့် ကျွန်တော် နေ့တိုင်း လုံးဝကို ခြေကုန်လက်ပန်းကျပြီး ပင်ပန်းနွမ်းနယ်နေခဲ့တယ်၊ ဘယ်လောက်ပဲ အိပ်အိပ် ပင်ပန်းမှုတွေကို မဖြေဖျောက်နိုင်ခဲ့ဘူး။ ကျွန်တော့် အရေပြားရောဂါကလည်း ပြန်ထလာပြီး သက်သာရုံလောက်ပဲ လိမ်းဆေးတွေကို အားကိုးနိုင်ခဲ့တယ်။ ကျန်းမာရေး ဂရုစိုက်ဖို့အတွက် အိမ်ပြန်ဖို့လည်း စဉ်းစားမိသေးတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေရဖို့ ကိုယ် ဘယ်လောက် ကြိုးစားခဲ့ရလဲဆိုတာ တွေးမိတော့ ကျွန်တော်သာ ခွင့်ယူပြီး ပြန်သွားရင် ကိုယ်တာဝန်ယူထားတဲ့ အမှတ်တံဆိပ်ကို တခြားလူ လွှဲယူသွားမှာ၊ အဲဒီကျရင် ငါ့မန်နေဂျာရာထူး ဆုံးရှုံးသွားပြီး ဂုဏ်တွေ၊ ချီးမွမ်းခြင်းတွေ အကုန် ပျောက်ကွယ်သွားမှာလေ ဆိုတာ သိနေတယ်။ ဒီလောက် လွယ်လွယ်နဲ့တော့ အရှုံးမပေးနိုင်ဘူး၊ ဘယ်လောက်ပဲ ခက်ခဲပါစေ ငါ ဇွဲမလျှော့ဘဲ လုပ်ရမယ်လို့ ဆုံးဖြတ်လိုက်တယ်။
နောက်ပိုင်းမှာ မုန့်ဖတ်စက်ရုံတစ်ခုက ပြည်နယ်မန်နေဂျာတစ်ယောက် ကျွန်တော့်ဆီ ဖုန်းဆက်ပြီး မြို့နှစ်မြို့အတွက် မုန့်ဖတ်အရောင်းလုပ်ငန်းကို အပ်ချင်တယ်တဲ့။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါသာ ကောင်းကောင်းလုပ်နိုင်ရင် နောင်ကျ ပြည်နယ်မန်နေဂျာ ဖြစ်လာနိုင်တယ်။ လူပေါ်လူဇော်လုပ်ဖို့ဆိုရင် ပိုမြင့်တဲ့ ရာထူးစိန်ခေါ်မှုကို ငါ ရဲရဲဝံ့ဝံ့ လက်ခံရမယ်” လို့ပေါ့။ ဒါနဲ့ နှစ်တွေအကြာကြီး လုပ်ခဲ့တဲ့ အလုပ်ကနေ ထွက်ပြီး မုန့်ဖတ်စက်ရုံရဲ့ မြို့ပြမန်နေဂျာ ဖြစ်လာခဲ့တာပေါ့။ ကျွန်တော် မြို့ပြမန်နေဂျာ ဖြစ်သွားပြီဆိုတာကို ရွာကလူတွေ ကြားတဲ့အခါ အားကျတဲ့လေသံနဲ့ ပြောကြတယ်၊ “မင်း အခြေတကျဖြစ်သွားရင် ငါ့ကလေးကိုလည်း မင်းနဲ့အတူ အလုပ်လုပ်ခိုင်းပါဦး” လို့ပေါ့။ ဒါကို ကြားရတာ ကျွန်တော် အရမ်းကျေနပ်ပြီး ကျွန်တော့်မာနက ကျေနပ်သွားတာပေါ့။ တစ်နေ့ကျရင် ကျွန်တော်က ပြည်နယ်မန်နေဂျာ ဖြစ်လာပြီး အဲဒီအချိန်ကျရင် ကိုယ် ဘယ်သွားသွား လူတွေက အထက်တန်းစားလို့ ခေါ်ကြပြီး ကိုယ့်ဆွေမျိုးတွေကလည်း ကိုယ့်ကို အထင်ကြီးလေးစားလာကြမှာ သေချာတယ်ဆိုပြီးတော့ပဲ မျှော်လင့်ခဲ့တယ်။ ဒီအတွေးတွေက ကျွန်တော့်ကို တကယ် စိတ်လှုပ်ရှားစေခဲ့တာ။ ဒါပေမဲ့ မထင်မှတ်ထားတာ တစ်ခု ဖြစ်လာပါလေရော။ ၂၀၂၁ ခုနှစ် အစောပိုင်းမှာ စက်ရုံရဲ့ အလုံးစုံ အရောင်းအခြေအနေ သိသိသာသာ ကျဆင်းသွားပြီး ရက်လွန်ခါနီး မုန့်ဖတ်တွေ အသုတ်လိုက်၊ အသုတ်လိုက် ပုံလာတာကို စိုးရိမ်တကြီးနဲ့ ကျွန်တော် ထိုင်ကြည့်နေခဲ့ရတယ်။ အပြင် ခရီးထွက်ရတာတွေ၊ ညဉ့်နက်တာတွေနဲ့ အစားအသောက် မမှန်တာတွေ ပေါင်းပြီး ကျွန်တော် အစာအိမ်နဲ့ အူလမ်းကြောင်း မကောင်းဖြစ်ပြီး နေ့တိုင်း ဝမ်းလျှောခဲ့တယ်။ ပိုဆိုးတာက ကျွန်တော့်ရဲ့ အကြေးခွံပွေးရောဂါက သိသိသာသာ ပိုဆိုးလာပြီး အရေပြားက မခံမရပ်နိုင်အောင် ယားယံလာတယ်။ ကျွန်တော့် ဦးရေပြားမှာ အနာဖေးတွေ အထူကြီး ဖုံးအုပ်လာပြီး မီးစနဲ့ ထိုးသလို ပူလောင်နေတော့တာပဲ၊ အရမ်း မာခဲလာလို့ မျက်တောင်ခတ်ဖို့တောင် မလွယ်ဘူး။ ကုသဖို့ နေရာအနှံ့ ကျွန်တော် သွားခဲ့ပေမဲ့ ဘယ်ဆေး၊ ဘယ်ထိုးဆေးမှ အလုပ်မဖြစ်ခဲ့ဘူး။ ကျွန်တော်ဟာ ရောဂါနှိပ်စက်လို့ လုံးဝကို ခြေကုန်လက်ပန်းကျနေပြီ။ ဒါပေမဲ့ ဒီလို စိတ်ဆင်းရဲစရာ၊ နာကျင်စရာနဲ့ အားနည်းချက်တွေကို ဘယ်သူ့ကိုမှ မပြောပြနိုင်ခဲ့ဘူး၊ သူများတွေ ကျွန်တော့်ကို လှောင်မှာ၊ အထင်သေးမှာ စိုးလို့လေ။ ကျွန်တော် လုံးဝ သည်းမခံနိုင်တော့တဲ့အခါ အမေ့ဆီ ဖုန်းဆက်ပြီး ရင်ဖွင့်တဲ့အခါတိုင်း အမေက ပြောတယ်၊ “အလုပ်ထွက်ပြီးသာ ပြန်လာခဲ့ပါတော့” တဲ့။ ဒါပေမဲ့ ဒီရာထူးရဖို့ ကျွန်တော်က ဒီလောက် ကြိုးစားထားရတာလေ၊ ဘယ်လိုလုပ်ပြီး ဒီအတိုင်း အကုန် လက်လွှတ်လိုက်နိုင်မှာလဲ။ အဲဒီလိုမျိုး ကျွန်တော် လုံးဝ မလုပ်ရက်ဘူး။ ကျွန်တော့် စိတ်ထဲမှာ ယုံကြည်ချက် ရှိနေတုန်းပဲ၊ ဒီဆိုရိုးစကားကို သတိရမိတယ်၊ “ဘဝက ပုရွက်ဆိတ်လို ဖြစ်ပေမဲ့ ရည်မှန်းချက်ကတော့ ဟင်္သာငှက်လို မြင့်ရမယ်၊ ဘဝက စက္ကူလို ပါးလွှာနေပေမဲ့ စိတ်ဓာတ်ကတော့ မပြိုလဲရဘူး” ဆိုတာပေါ့။ “ငါက လူပေါ်လူဇော်လုပ်ပြီး ကြီးမားတဲ့အောင်မြင်မှုတွေ ရချင်တာဆိုတော့ မလွဲမသွေ ဒုက္ခခံရမှာပဲလေ” လို့ တွေးလိုက်တယ်။ ဒီလိုနဲ့ ဇွန်လအထိ ကျွန်တော် တောင့်ခံခဲ့ပေမဲ့ စက်ရုံရဲ့ အရောင်းအခြေအနေက တိုးတက်မလာသေးဘူး။ ခဏကြာတော့ ကျွန်တော့် အကြေးခွံပွေးရောဂါက ဆက်ပြီး ဆိုးလာရာကနေ မျက်နှာတစ်ခုလုံး ပြန့်သွားပါလေရော။ ဆိုင်တွေဝင်ပြီး ပွဲတွေ စီစဉ်တဲ့အခါ ကျွန်တော် မျက်နှာဖုံး တပ်ထားရတယ်၊ ဝန်ထမ်းတွေက ကျွန်တော့်ကို မြင်ရင် ရှောင်သွားကြတယ်။ ကျွန်တော် အရမ်း စိတ်ဆင်းရဲခဲ့ရပြီး တွေးမိတယ်၊ “ငါ နေ့တိုင်း ပြင်းပြင်းထန်ထန် ရုန်းကန်ပြီး ဒီလောက် ဖိအားတွေ ခံနေရတာတောင် ရလဒ်က ဒီလိုပါလား။ ငါ ရုန်းကန်ရတာ တကယ်ရော တန်ရဲ့လား” ပေါ့။ ရက်နည်းနည်းကြာတော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဖုန်းဆက်လာပြီး ကျွန်တော်တို့ခေါင်းဆောင် ကင်ဆာဖြစ်နေလို့ ဆေးရုံတက်ကုနေရတယ်တဲ့။ ဖုန်းချပြီးတဲ့နောက် ကျွန်တော် တော်တော်နဲ့ စိတ်မငြိမ်နိုင်ဘူး။ မှန်ရှေ့မှာ ရပ်ပြီး အနီကွက်တွေ ဖုံးနေတဲ့ ကိုယ့်မျက်နှာကို ကြည့်ရင်း ကျွန်တော် အတွေးနွံထဲ နစ်သွားတယ်။ “ပြည်နယ်မန်နေဂျာက လေးဆယ်ကျော်ပဲ ရှိသေးတာ၊ ဘယ်လိုဖြစ်ပြီး ဒီလောက် အသက်အန္တရာယ်ရှိတဲ့ရောဂါက ရုတ်တရက်ကြီး ဖြစ်လာရတာလဲ။ သူ ပိုက်ဆံအများကြီး ရှာခဲ့တယ်၊ ဂုဏ်တွေလည်း စံစားခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံဘယ်လောက်ရှာရှာ၊ ဘယ်လောက်ပဲ နာမည်ရှိရှိ ကျန်းမာရေးကို ပြန်ဝယ်လို့ မရဘူးလေ။ ငါဆို သုံးဆယ်ကျော်ပဲ ရှိသေးပေမဲ့ ရောဂါတွေက စုံနေပြီ။ ဒီတိုင်းသာ ဆက်သွားရင် ငါလည်း သူ့လို ဖြစ်သွားမလား။ ကျန်းမာရေးထိခိုက်ခံပြီး ဒီလိုရလဒ်မျိုးရဖို့ ကြိုးစားနေရင် ပိုက်ဆံတွေ၊ အထင်ကြီးခံရတာတွေက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ” ပေါ့။ နောက်သုံးလေးရက်အတွင်းမှာ ကျွန်တော် လုံးဝကို ဇဝေဇဝါဖြစ်ပြီး ကူကယ်ရာမဲ့နေသလို ခံစားရတယ်၊ ဘဝလမ်းကို ရှေ့ဆက်မလျှောက်နိုင်သလိုမျိုးပေါ့။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု ဒဏ်နှစ်ခုလုံးကို ခံရတော့ ကျွန်တော် အလုပ်ထွက်ပြီး လေးလံတဲ့စိတ်နဲ့ပဲ အိမ်ပြန် ရောဂါကုဖို့ ရွေးချယ်လိုက်တယ်။
အိမ်ပြန်ရောက်ပြီးနောက်မှာ ကျွန်တော် မျက်မှောင်ကြုတ်ရင်း စိတ်ဆင်းရဲလက်ဆင်းရဲနဲ့ နေ့ရက်တွေကို ကုန်ဆုံးခဲ့ရတယ်။ “ဒီလောက်နှစ်တွေအကြာကြီး ငါ ရုန်းကန်ခဲ့ရတာ၊ အခုတော့ မူလနေရာကို ပြန်ရောက်သွားသလိုပဲ။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေ အကုန်ဆုံးရှုံးပြီး ရောဂါဗရပွ ခန္ဓာကိုယ်နဲ့ပဲ အဆုံးသတ်ခဲ့ရတယ်။ ငါ ဘယ်လို ဆက်လျှောက်ရမလဲ” ပေါ့။ ကျွန်တော် မပျော်မရွှင်ဖြစ်နေတာကို အမေမြင်တော့ ကျွန်တော့်ကို နည်းနည်း လမ်းပြပေးတယ်၊ ကျွန်တော်တို့က ကိုယ့်ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူး၊ အရာအားလုံးကို ဘုရားသခင်က ပြဋ္ဌာန်းထားတာပါဆိုပြီး မိတ်သဟာယဖွဲ့ပေးတယ်။ ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ဖတ်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတစ်ဦးသည် မည်သည့် အလုပ်အကိုင်ကို ရွေးချယ်သည်ကိုဖြစ်စေ၊ လူတစ်ဦးသည် မည်သို့ အသက်မွေးဝမ်းကျောင်းပြုသည်ကိုဖြစ်စေ၊ ၎င်းတို့ ပြုလုပ်သော ရွေးချယ်မှုများသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဤအရာများနှင့်ပတ်သက်၍ လူတို့တွင် ရွေးချယ်ခွင့် တစ်ခုတလေ ရှိသလော။ ယင်းတို့သည် လူတို့၏ လိုအင်ဆန္ဒများနှင့် ဆုံးဖြတ်ချက်များအပေါ် အခြေခံသလော။ လူအများစုသည် အလုပ်နည်းနည်းလုပ်ပြီး ငွေပိုရှာရန်ကိုလည်းကောင်း၊ နေပူမိုးရွာထဲတွင် ပင်ပန်းကြီးစွာ မလုပ်ဆောင်ရန်ကိုလည်းကောင်း၊ လေးစားဖွယ်ကောင်းအောင် ဝတ်စားဆင်ယင်ရန်ကိုလည်းကောင်း၊ ၎င်းတို့ သွားလေရာရာ၌ ထင်ပေါ်ကျော်ကြားသူတစ်ဦး ဖြစ်ရန်ကိုလည်းကောင်း၊ ထိပ်ဆုံးသို့ ရောက်ရန်နှင့် ၎င်းတို့၏ ဘိုးဘေးများကို ဂုဏ်ဆောင်ရန်ကိုလည်းကောင်း ဆန္ဒရှိကြသည်။ လူတို့တွင် ထိုသို့သော ‘စုံလင်သည့်’ ဆန္ဒများ ရှိကြသော်လည်း ၎င်းတို့သည် ဘဝလမ်းကြောင်းတွင် ၎င်းတို့၏ ပထမဆုံး ခြေလှမ်းကို လှမ်းသည့်အခါ လူသား၏ ကံကြမ္မာသည် မည်မျှ မစုံလင်ကြောင်းကို ၎င်းတို့ တဖြည်းဖြည်း မြင်တွေ့လာကြပြီး လူတစ်ဦးသည် မိမိ၏ အနာဂတ်အတွက် ရဲရင့်သော အစီအစဉ်များကို ရေးဆွဲနိုင်ကာ အမျိုးမျိုးသော အိပ်မက်များကို ထင်ရာမြင်ရာ ထားရှိနိုင်သော်လည်း မည်သူမျှ မိမိတို့၏ ကိုယ်ပိုင် အိပ်မက်များကို အကောင်အထည်ဖော်ရန် လုပ်နိုင်စွမ်း သို့မဟုတ် တန်ခိုးအာဏာ မရှိသည့်အပြင် မိမိတို့၏ ကိုယ်ပိုင် အနာဂတ်ကို ထိန်းချုပ်ရန် လုပ်နိုင်စွမ်းလည်း မရှိကြောင်းကို ပထမဆုံးအကြိမ် အမှန်တကယ် သဘောပေါက်လာကြလေသည်။ လူတစ်ဦး၏ အိပ်မက်များနှင့် ၎င်းတို့ ရင်ဆိုင်ရသော လက်တွေ့အရှိတရားများကြားတွင် ကွာဟချက်တစ်ခု အမြဲတစေ ရှိနေလိမ့်မည်ဖြစ်သည်။ အမှုအရာများသည် လူတစ်ဦး စိတ်ကူးထားသည့်အတိုင်း မည်သည့်အခါမျှ ဖြစ်လာနိုင်မည် မဟုတ်ဘဲ ထိုသို့သော လက်တွေ့အရှိတရားများနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် ကျေနပ်မှု သို့မဟုတ် ရောင့်ရဲမှုကို မည်သည့်အခါမျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းများနှင့် အလားအလာများအတွက်လည်းကောင်း၊ ၎င်းတို့၏ ကံကြမ္မာများကို ပြောင်းလဲရန်အတွက်လည်းကောင်း အမျိုးမျိုးသော ချဉ်းကပ်နည်းများကို စဉ်းစားရန်နှင့် ဖြစ်နိုင်ချေရှိသော လမ်းကြောင်းတိုင်းကို ရှာဖွေရန် အဖန်ဖန် ကြိုးစားကြပြီး အမျိုးမျိုးသော ကြိုးပမ်းအားထုတ်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုများကို ပြုလုပ်ကြသည့် လူအချို့ပင် ရှိလေသည်။ သို့သော် အဆုံးတွင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုအားဖြင့် ၎င်းတို့၏ အိပ်မက်များနှင့် လိုအင်ဆန္ဒများကို အကောင်အထည်ဖော်နိုင်လျှင်ပင် ၎င်းတို့၏ ကံကြမ္မာများကို မည်သည့်အခါမျှ မပြောင်းလဲနိုင်ကြပေ၊ ပြီးလျှင် ၎င်းတို့ မည်မျှပင် ရုန်းကန်ကြပါစေ ၎င်းတို့၏ ကံကြမ္မာများကို မည်သည့်အခါမျှ ကျော်လွန်၍ မသွားနိုင်ကြပေ။ ၎င်းတို့၏ အရည်အချင်းများနှင့် ဉာဏ်ရည်တို့တွင် ကွဲပြားမှုများရှိပါစေ၊ ၎င်းတို့၌ စိတ်ပိုင်းဖြတ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လူတို့သည် ကံကြမ္မာ၏ရှေ့မှောက်တွင် အားလုံး တန်းတူညီတူဖြစ်ကြပြီး ထိုနေရာတွင် ၎င်းတို့ကို ကြီးမြတ်သူနှင့် သေးနုပ်သူ၊ မြင့်မြတ်သူနှင့် နိမ့်ကျသူ၊ ဂုဏ်သရေရှိသူနှင့် ယုတ်ညံ့သူဟူ၍ မခွဲခြားပေ။ လူတစ်ဦး လုပ်ကိုင်သည့် အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းပြုသည့်အရာနှင့် ဘဝတွင် ပိုင်ဆိုင်သည့် ဥစ္စာဓနမည်မျှသည် ၎င်းတို့၏ မိဘများ၊ ၎င်းတို့၏ အရည်အချင်းများ သို့မဟုတ် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများနှင့် ရည်မှန်းချက်များအပေါ် မူမတည်ပေ၊ ယင်းမှာ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းအပေါ် မူတည်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက တကယ် မှန်ပါတယ်။ လူတိုင်းက ကောင်းမွန်တဲ့ဘဝကို လိုချင်ကြပြီး အဲဒီအတွက် ကြိုးစားပမ်းစား လုပ်ကြပေမဲ့ နောက်ဆုံးကျတော့ လူတစ်ယောက်ရဲ့ ကံကြမ္မာဆိုတာ သူကိုယ်တိုင် ဆုံးဖြတ်လို့ရတဲ့အရာ မဟုတ်ဘူးလေ။ ကျွန်တော့်ဝမ်းကွဲအစ်ကိုတွေအကြောင်း တွေးမိတယ်။ သူတို့က အဲဒီလောက်ကြီး မကြိုးစားခဲ့ပေမဲ့ သူတို့လုပ်တဲ့ နယ်ပယ်တိုင်းမှာ ခေါင်းဆောင်တွေဖြစ်လာပြီး အကျိုးခံစားခွင့်ကောင်းကောင်းတွေ ခံစားနိုင်ခဲ့ကြတယ်။ ကျွန်တော်ကတော့ သူတို့လို အောင်မြင်မှုရဖို့ ဆယ်နှစ်ကျော်ကျော် ရုန်းကန်ခဲ့ပေမဲ့ ရလိုက်တာဆိုလို့ ရောဂါဗရပွနဲ့ ခန္ဓာကိုယ်ပါပဲ၊ ရှာထားတဲ့ ပိုက်ဆံတွေလည်း ဆေးရုံစရိတ်နဲ့ပဲ အကုန် ကုန်သွားတာလေ။ နောက်ပြီး အရင်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို သတိရမိတယ်။ သူ့ရဲ့ အရောင်းစွမ်းဆောင်ရည်က သိပ်မကောင်းပေမဲ့ နေရာပြောင်းရွှေ့ပေးရလို့ လျော်ကြေးအနေနဲ့ အိမ်ဆယ်လုံးကျော် ရလိုက်တယ်။ ဒါကြောင့် ဖြစ်လာမယ့်အရာက ဖြစ်လာမှာပဲ၊ ကျွန်တော်တို့ ဘယ်လောက်ကြိုးစားကြိုးစား ကိုယ့်အတွက်မဟုတ်ရင် အလကားပဲဆိုတာ ကျွန်တော် သဘေပေါက်သွားတယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာက သူ့လက်ထဲမှာ မရှိဘူး၊ ဘယ်လောက်ပဲ ကြိုးစားအားထုတ်ပါစေ အဲဒါကို ပြောင်းလဲလို့ မရနိုင်ဘူးလေ။ နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်အခြေအနေကို ကြားပြီးတော့ မိတ်သဟာယဖွဲ့ပေးကြတယ်၊ ဒီရောဂါကလည်း ဘုရားသခင် ခွင့်ပြုလို့ ဖြစ်တာပါ၊ ဒီလို ဒုက္ခမခံရရင် ကျွန်တော် ဘုရားသခင်ဆီ ပြန်ရောက်လာမှာ မဟုတ်လောက်ဘူးဆိုပြီးတော့ပေါ့။ ကျွန်တော် အရမ်းတို့ထိမိသွားတယ်။ အရင်က ဘုရားသခင်ကို ယုံကြည်ခဲ့ပေမဲ့ စည်းစိမ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားဖို့ လမ်းတစ်ဝက်မှာ ထွက်သွားခဲ့တာကို သတိရမိတယ်။ ကျွန်တော်သာ နေမကောင်းမဖြစ်ရင် ဒီလောကထဲမှာ လမ်းပျောက်ပြီး လေလွင့်နေဦးမှာ။ ဒီလောက်နှစ်တွေ ကြာခဲ့ပေမဲ့ ဘုရားသခင်က ကျွန်တော့်ကို မစွန့်ပစ်ခဲ့သေးဘူး၊ ဒီရောဂါကနေတစ်ဆင့် သူ့အိမ်တော်ကို ပြန်ခေါ်ဆောင်ပြီး သူ့ကို ဆက်ယုံကြည်စေခဲ့တာပဲ။ ဒီရောဂါက ကျွန်တော့်အတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပါပဲ၊ ဘုရားသခင်ကို ကျွန်တော် တကယ် ကျေးဇူးတင်ပါတယ်။ အဲဒီနောက်ပိုင်း ကျွန်တော် စုဝေးပွဲတွေကို တက်တက်ကြွကြွ တက်ရောက်ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ခဲ့တယ်။
တစ်ရက် စုဝေးပွဲမှာ ညီအစ်မတစ်ယောက်က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ပြတယ်။ ဘုရားသခင်က ပြောသည် “လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အဆင့်အတန်းနှင့် များစွာသော ဥစ္စာဓနတို့ကို ပျော်မွေ့ခံစားရန်နှင့် ဘဝကို ပျော်မွေ့ခံစားရန် အရင်းအနှီး ၎င်းတို့၌ ရှိသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့တွင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ရှိသည်နှင့်တစ်ပြိုင်နက် ပျော်ရွှင်ကြည်နူးမှုကို လိုက်စားရန်နှင့် ဇာတိပကတိ၏ ပျော်ရွှင်မှုကို ထင်ရာမြင်ရာ ခံစားရန် အရင်းအနှီးရှိသည်ဟု တွေးထင်ကြသည်။ ၎င်းတို့ လိုအင်ဆန္ဒရှိသည့် ဤကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် လူတို့သည် ပျော်ရွှင်စွာနှင့် အမှုမဲ့အမှတ်မဲ့ဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်၊ စိတ်နှလုံးနှင့် ၎င်းတို့တွင် ရှိသမျှအရာအားလုံးအပြင် ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာတို့ကို စာတန်ထံသို့ လွှဲပြောင်းပေးအပ်ကြသည်။ ၎င်းတို့သည် လုံးဝအကြွင်းမဲ့ သံသယမရှိဘဲ၊ သင်္ကာမကင်းဖြစ်ခြင်း စိုးစဉ်းမျှပင် မရှိဘဲ၊ ပြီးလျှင် ၎င်းတို့၏ တစ်ချိန်က ပိုင်ဆိုင်ခဲ့ကြသည့် အရာအားလုံးကို ပြန်လည်ရယူရန် အစဉ်သဖြင့် သိမြင်ခြင်း မရှိဘဲ ထိုသို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ လူများသည် စာတန်ထံတွင် မိမိတို့ကိုယ်ကို ပေးအပ်ကြပြီးဖြစ်ကာ ၎င်းကို ဤနည်းဖြင့် သစ္စာစောင့်သိလာသည်နှင့်တစ်ပြိုင်နက် မိမိတို့ကိုယ်ကို ထိန်းချုပ်မှုတစ်ခုတလေ ပြန်လည်ရရှိနိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် ဤနွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ ရုန်းထွက်လွတ်မြောက်ရန် မတတ်နိုင်ကြပေ။ လူတစ်ယောက်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်တွင် နစ်မြုပ်သွားသည်နှင့် တောက်ပသောအရာ၊ တရားမျှတသောအရာ သို့မဟုတ် လှပ၍ ကောင်းမွန်သော အရာများကို ရှာဖွေခြင်း မရှိတော့ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူများအတွက်မူ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ သွေးဆောင်မှုသည် အလွန်ပင် ကြီးမားလွန်းသောကြောင့် ဖြစ်ပြီး ဤအရာများသည် လူတို့အနေဖြင့် ၎င်းတို့၏ ဘဝတစ်လျှောက်လုံးတွင်လည်းကောင်း၊ ထာဝရကာလအတွက်ပင်လည်းကောင်း အဆုံးမရှိ လိုက်စားနိုင်သော အရာများဖြစ်သောကြောင့်တည်း။ ဤသည်မှာ အမှန်တကယ်ဖြစ်သော အခြေအနေ မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) “စာတန်သည် လူတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အသုံးပြုပြီး လူတို့အား ဤအရာနှစ်ခုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မတွေးစေရန် လုပ်ဆောင်သည်။ ပြီးလျှင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ရုန်းကန်စေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဒုက္ခခံစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရှက်ရခြင်းကို သည်းခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို ခံယူစေသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အရာရာတိုင်းကို စတေးစေသည်။ အကဲဖြတ်ချက် သို့မဟုတ် ဆုံးဖြတ်ချက်တိုင်းကို ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ပြုလုပ်စေသည်။ ဤသို့ဖြင့် စာတန်သည် လူတို့အပေါ် မမြင်ရသော အချုပ်အနှောင်များထားရှိသည်။ လူတို့အပေါ်တွင် ဤအချုပ်အနှောင်များရှိသဖြင့် ၎င်းတို့သည် ချိုးဖျက်လွတ်မြောက်နိုင်စွမ်း မရှိသလို သတ္တိလည်းမရှိပေ။ ၎င်းတို့သည် သတိမထားမိဘဲ ကြီးမားသော အခက်အခဲဖြင့် တစ်ဆင့်ချင်း လေးလံစွာ လျှောက်လှမ်းလျက် ဤအချုပ်အနှောင်များကို ထမ်းပိုးထားရသည်။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အလို့ငှာ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ သွေဖည်၍ ကိုယ်တော်အား သစ္စာဖောက်ပြီး တိုး၍ ကောက်ကျစ်ဆိုးယုတ် လာကြသည်။ ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားမှုနှင့် အကျိုးအမြတ် အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ ၎င်း၏ မသိမသာဖြင့် ဒုက္ခပေးသော ရည်ရွယ်ချက်တို့သည် လုံးဝ မုန်းတီးဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ် မပါလျှင် ဘဝသည် အဓိပ္ပာယ်ရှိမည် မဟုတ်ဟုလည်းကောင်း၊ လူတို့သည် ရှေ့ဆက်လမ်းခရီးကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ မိမိတို့၏ ပန်းတိုင်ကို မြင်နိုင်တော့မည် မဟုတ်ဟုလည်းကောင်း၊ ၎င်းတို့၏ အနာဂတ်သည် မှောင်မိုက်ကာ မှေးမှိန်ပြီး သုန်မှုန်နေမည်ဟုလည်းကောင်း ထင်သည့်အတွက်ကြောင့် စာတန်၏ ကောက်ကျစ်စဉ်းလဲသော ရည်ရွယ်ချက်များကို ယနေ့တွင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသေးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့သည် စာတန်က လူတို့အပေါ် ထားရှိသည့် ကြီးမားသော အချုပ်အနှောင်များဖြစ်သည်ကို တစ်နေ့တွင် သင်တို့အားလုံးသည် ဖြည်းဖြည်းချင်း သတိပြုမိလာကြလိမ့်မည်။ ထိုနေ့ရက်ရောက်သောအခါတွင် စာတန်၏ ထိန်းချုပ်မှုကို သင် လုံးလုံးလျားလျား အတိုက်အခံလုပ်မည် ဖြစ်ပြီး သင့်ထံသို့ စာတန် ဆောင်ကြဉ်းလာသည့် အချုပ်အနှောင်များကို လုံးလုံးလျားလျား အတိုက်အခံလုပ်လိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော ဤအရာအားလုံးမှ သင့်ကိုယ်သင် ရုန်းထွက်လွတ်မြောက်ရန် ဆန္ဒရှိသည့်အခါတွင် သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် မုန်းတီးလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကြောင့် ကျွန်တော် အရမ်း တို့ထိခဲ့ရတယ်။ အိပ်မက်ကနေ ရုတ်တရက် နိုးထလာသလိုပဲ။ ငယ်ငယ်ကတည်းက ကျွန်တော် လိုက်စားခဲ့တဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေက စာတန်ဆင်ထားတဲ့ ထောင်ချောက်တွေမှန်း ကျွန်တော် သဘောပေါက်သွားတယ်။ အရင်တုန်းကတော့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားတာက အကျိုးအကြောင်းသင့်တယ်၊ အသက်ရှင်တယ်ဆိုတာ ဝမ်းဝရုံနဲ့ မကျေနပ်ရဘူး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားရမယ်၊ ဒီလိုနေမှ ဂုဏ်သိက္ခာရှိရှိနဲ့ တန်ဖိုးရှိရှိ နေနိုင်မှာလို့ ကျွန်တော် ထင်ခဲ့တယ်။ အခုမှ ကျွန်တော် နားလည်သွားတာက စည်းစိမ်၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားတာဟာ ပိုးဖလံမျိုး မီးကိုတိုးသလိုပါပဲ၊ မြင်ရတာ အကုန် လင်းထိန်နေပေမဲ့ တကယ်တိုးဝင်လိုက်ရင် ကိုယ့်အသက်ပါ ဆုံးရှုံးသွားနိုင်တယ်လေ။ ပြန်ကြည့်လိုက်ရင် ကျွန်တော် ငယ်ငယ်ကတည်းက စာတန်ဆန်တဲ့ အတွေးအခေါ်ပေါင်းစုံက ကျွန်တော့်ခေါင်းထဲ ရောက်နေခဲ့မှန်း သဘောပေါက်လိုက်တယ်။ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏”၊ “ယောက်ျားကောင်းဆိုတာ အရပ်လေးမျက်နှာကို ခြေဆန့်ရမယ်” စတဲ့ ဒီအမြင်တွေ လွှမ်းမိုးခံရတော့ ငယ်ငယ်ကတည်းက မြင့်မားတဲ့ စံနမူနာတွေ၊ ရည်မှန်းချက်တွေထားပြီး ဆယ်ကျော်သက်အရွယ်မှာပဲ နေရာအနှံ့ လျှောက်သွားခဲ့ပြီး ကိုယ့်အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ အခွင့်အရေးတွေကို စပြီးရှာဖွေခဲ့တယ်။ ကျရှုံးမှုတွေ အများကြီး ကြုံရပေမဲ့ ကျွန်တော် ဘယ်တော့မှ လက်မလျှော့ခဲ့ဘူး။ အထူးသဖြင့် လူကြိုက်များတဲ့ “လူက ပုရွက်ဆိတ်လို ဖြစ်ပေမဲ့ ရည်မှန်းချက်ကတော့ ဟင်္သာငှက်လို မြင့်ရမယ်၊ ဘဝက စက္ကူလို ပါးလွှာနေပေမဲ့ စိတ်ဓာတ်ကတော့ မပြိုလဲရဘူး” ဆိုတဲ့စကားကိုကြားတဲ့အခါမှာပေါ့။ နာမည်ကျော်ကြားအောင် လုပ်ဖို့၊ လူသိများတဲ့သူဖြစ်လာပြီး လူတွေရဲ့ အားကျမှုကို ခံရအောင်လုပ်ဖို့ ကျွန်တော် စိတ်ပိုင်းဖြတ်ခဲ့တယ်။ ပြန်ကြည့်လိုက်ရင် ကျွန်တော်ဟာ ရောဂါဒဏ်ကြောင့် တော်တော် ညှဉ်းပန်းခံခဲ့ရပြီး အသက်ရှင်ဖို့ ဆေးသောက်ပြီးတော့ပဲ တောင့်ခံခဲ့ရပေမဲ့၊ ကျွန်တော်လိုချင်တဲ့ အားကျခံရမှုမျိုး ရဖို့အတွက် အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ပြီး သုံးလေးနှစ် ကြိုးစားပြီးနောက်မှာ နောက်ဆုံးတော့ အမှတ်တံဆိပ်မန်နေဂျာ ဖြစ်လာပြီး သူများတွေရဲ့ အားကျမှုကို ရခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်တော် မကျေနပ်နိုင်သေးဘူး။ ပြည်နယ်မန်နေဂျာဖြစ်ဖို့နဲ့ ဆွေမျိုးတွေ ကျွန်တော့်ကို အထင်ကြီးလေးစားလာအောင် လုပ်ဖို့အတွက် နှစ်တွေအကြာကြီး လုပ်ခဲ့တဲ့အလုပ်ကထွက်ပြီး မြို့မန်နေဂျာ သွားလုပ်ခဲ့တယ်။ အရောင်းကျသွားတဲ့အခါ ဖြစ်နိုင်သမျှ ဖြေရှင်းနည်းတွေကို စဉ်းစားတယ်၊ နေ့တိုင်း ဖိအားတွေ၊ ရောဂါဝေဒနာတွေ ခံစားနေရတဲ့ကြားက ဈေးကွက်ဗျူဟာတွေကို လေ့လာခဲ့တယ်။ ကျွန်တော် ခြေကုန်လက်ပန်းကျပြီး ပင်ပန်းနွမ်းနယ်ခဲ့ပေမဲ့၊ ခန္ဓာကိုယ်က လုံးဝ ဒဏ်မခံနိုင်တော့တဲ့အချိန်ကျမှပဲ အလုပ်ခဏထွက်ဖို့ ဖြစ်လာခဲ့တာ။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသည်းအသန် လိုက်စားရာမှာ ကိုယ့်ရဲ့ တစ်ကိုယ်လုံးကို အသုံးခံခဲ့သလို ကျန်းမာရေးကိုလည်း ပျက်စီးအောင် လုပ်ခဲ့ပေမဲ့ ရရှိခဲ့သမျှကတော့ ဆင်းရဲဒုက္ခတွေပါပဲ။ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားတာက ကျွန်တော့်ကို တကယ် ဒုက္ခပေးခဲ့တာပါ။ နောက်ဆုံးသော ကာလမှာ လူတွေကို ကယ်တင်ဖို့ ဘုရားသခင်က သမ္မာတရားကို ဖော်ပြနေမှန်း ကျွန်တော် သိပေမဲ့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်နောက်ကို သံကြိုးတန်းလန်းနဲ့ ဆွဲခေါ်ခံရတဲ့ ခွေးတစ်ကောင်လို ပါသွားပြီး ဘုရားသခင်ရှေ့ကို လာဖို့ ဆန္ဒမရှိခဲ့ဘူး။ ဆယ်စုနှစ်တစ်ခုကျော် ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားရင်း ဘုရားသခင်နဲ့ တဖြည်းဖြည်း ပိုပြီး ဝေးကွာလာခဲ့တယ်။ ဒီရောဂါသာ မဖြစ်ရင် ကျွန်တော် ဆက်ပြီး လိုက်စားနေဦးမှာ၊ နောက်ဆုံးကျရင် ပျက်စီးသွားမှာပဲလေ။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားခြင်းက ယူဆောင်လာတဲ့ ဒုက္ခဆင်းရဲတွေကို ရှင်းရှင်းလင်းလင်း မြင်အောင် ကူညီပေးတာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါပဲ။ ဒါကြောင့် ကျွန်တော့်စိတ်ထဲကနေ ဒီအရာတွေကို စွန့်လွှတ်ပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံဖို့ လိုလားလာခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ဖတ်လိုက်တော့ ကျွန်တော့်စိတ်နှလုံးထဲ ပိုပြီးတော့တောင် လင်းသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၊ အမိန့်ဖြင့် ပြဋ္ဌာန်းခြင်းတို့ကြောင့် မည်သည့်အရာမျှ လုံးဝကို မရှိခြင်းဖြင့် အစပြုလာခဲ့သည့် အထီးကျန်သော စိတ်ဝိညာဉ်တစ်ခုသည် မိဘများနှင့် မိသားစုတစ်စုကို ရရှိသည်။ လူသားမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ဖို့အခွင့်အရေးအပြင် လူသားဘဝကို ကြုံတွေ့ဖို့နှင့် လူ့လောကတစ်လျှောက် ခရီးနှင်ဖို့ အခွင့်အရေးတို့ကို ရရှိလေ၏။ ၎င်းသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကြုံတွေ့ဖို့၊ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းနှင့်ဆိုင်သော အံ့ဩဖွယ်ရာများကို သိလာဖို့အခွင့်အရေးလည်း ရှိလာသည့်အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာကို သိပြီး ကျိုးကျိုးနွံနွံ နာခံလာဖို့ရန် အခွင့်အရေး ရရှိပေသည်။ သို့တိုင်အောင် လူအများစုက ဤကဲ့သို့ ရှားပါးပြီး ခဏတဖြုတ်ဖြစ်သည့် အခွင့်အရေးကို အမှန်တကယ် အမိအရ အသုံးမချကြပေ။ လူတို့သည် ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်လျက် တစ်သက်တာ စွမ်းအင်များကို သုံးပစ်ကြပြီး မိမိတို့၏မိသားစုကို ထောက်ပံ့ဖို့ ကြိုးစားခြင်းနှင့်ပတ်သက်၍ လှုပ်ရှားရုန်းကန်လျက်၊ ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်အတွက် တက်သုတ်ရိုက်၍ သွားလိုက်ပြန်လိုက်လုပ်လျက် ၎င်းတို့၏ တစ်ဘဝလုံးကို ကုန်ဆုံးရသည်။ လူတို့ တန်ဖိုးထားသည့် အရာတို့သည် မိသားစုချစ်ခြင်းမေတ္တာ၊ ငွေ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ ဖြစ်ပြီး ၎င်းတို့က ဤအရာတို့ကို ဘဝ၌ တန်ဖိုးအရှိဆုံး အရာများအဖြစ် မြင်ကြသည်။ လူအားလုံးက ကံခေခြင်းနှင့်ပတ်သက်၍ ညည်းညူကြသည်။ သို့တိုင်အောင် လူသားက အဘယ်ကြောင့် အသက်ရှင်သည်၊ မည်သို့အသက်ရှင်သင့်သည်၊ လူ့ဘဝ၏တန်ဖိုးနှင့် အဓိပ္ပာယ်က အဘယ်အရာဖြစ်သည် စသည်တို့ဖြစ်သည့် လူတို့ နားအလည်သင့်ဆုံးနှင့် အဆန်းစစ်သင့်ဆုံးသော ကိစ္စများကိုမူ ၎င်းတို့ မသိကျိုးကျွန်ပြုထားကြဆဲဖြစ်၏။ ၎င်းတို့၏ ဘဝသည် မည်မျှကြာရှည်ကောင်း ကြာရှည်ပါစေ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်းနှင့်ပတ်သက်၍ ပြေးလွှားအလုပ်ရှုပ်ခြင်းမျှဖြင့် မိမိတို့၏ ဘဝတစ်ခုလုံး ကုန်ဆုံးကြသည်မှာ ၎င်းတို့၏ ပျိုမြစ်ခြင်း ကုန်ဆုံးသွားသည်အထိ၊ ၎င်းတို့သည် ဆံပင်ဖြူပြီး အသားအရေ တွန့်လိပ်လာသည်အထိ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့က ၎င်းတို့ ဇရာထောင်းခြင်းမှ ရပ်တန့်ပေးနိုင်မည်မဟုတ်ကြောင်း၊ ငွေကြေးသည် ၎င်းတို့စိတ်နှလုံးထဲမှ အနှစ်မဲ့ခြင်းကို မဖြည့်ဆည်းပေးနိုင်ကြောင်းတို့ကို ၎င်းတို့ သဘောပေါက်လာသည်အထိ၊ ပြီးလျှင် မည်သူကမျှ မွေးဖွားခြင်း၊ ကြီးရင့်ခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေခြင်းတရားတို့၏ နိယာမများမှ ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိကြောင်း၊ ကံကြမ္မာ၏ စီစဉ်မှုများကို မည်သူကမျှ မရှောင်နိုင်ကြောင်း ၎င်းတို့ နားလည်သည်အထိပင် ဖြစ်လေသည်။ ၎င်းတို့သည် ဘဝ၏ နောက်ဆုံးအဆင့်ကို ရင်ဆိုင်ဖို့ လိုအပ်သည့်အခါမှသာ လူတစ်ယောက်က အလွန်များပြားသော ဥစ္စာဓနများ ပိုင်ဆိုင်နေလျှင်ပင်၊ အထက်တန်းလွှာဖြစ်ပြီး အဆင့်အတန်းမြင့်မားနေလျှင်ပင် သေခြင်းကို မလွတ်မြောက်နိုင်သည့်အပြင် လူတိုင်း မိမိ၏မူလအနေအထားဖြစ်သော အဘယ်အရာမျှ မပိုင်သည့် တစ်ကိုယ်တည်းသော ဝိညာဉ်တစ်ခုသို့ ပြန်သွားရလိမ့်မည်ဟူသည်ကို သူတို့အမှန်တကယ် နားလည်ကြလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) “လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။ လူတို့သည် ဤကဲ့သို့ ခံစားရလေ၊ ဆက်လက်ရှင်သန်ရဖို့ တမ်းတလေဖြစ်သည်။ ဤကဲ့သို့ ပိုခံစားရလေ၊ သေခြင်းနီးကပ် လာခြင်းကို ပိုမို ထိတ်လန့်လေ ဖြစ်သည်။ ဤအချိန်မှသာ ၎င်းတို့၏ဘဝကို ၎င်းတို့မပိုင်ကြောင်း၊ ၎င်းတို့၏ ထိန်းချုပ်မှုတွင် မရှိကြောင်းနှင့် သေဖို့ဖြစ်စေ ရှင်ဖို့ဖြစ်စေ မိမိတို့ ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း ဤအရာအားလုံးက မိမိ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိကြောင်းကို အမှန်တကယ် နားလည် လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားသခင် မိတ်သဟာယဖွဲ့ပေးထားတဲ့ နှုတ်ကပတ်တော်တွေက အရမ်း ရှင်းပါတယ်။ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေက လူတစ်ယောက်ရဲ့ အသက်ကို မဝယ်နိုင်သလို သေခြင်းကနေလည်း မလွတ်မြောက်စေနိုင်ပါဘူး။ အဆုံးကျရင် ဒီအရာတွေကို လိုက်စားတာက အချည်းနှီးပါပဲ။ အရင်တုန်းကတော့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေက ကျွန်တော့်ဘဝကို တန်ဖိုးရှိစေနိုင်မယ်၊ ဒီအရာတွေက အဓိပ္ပာယ်ရှိတယ်လို့ ထင်ခဲ့တာ၊ ဒါကြောင့် သူများထက်သာဖို့ကိုပဲ ကျွန်တော့်ရဲ့ ရည်မှန်းချက်အဖြစ် အမြဲ သတ်မှတ်ခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက် ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဖို့ ကျွန်တော် တော်တော် ဒုက္ခဆင်းရဲခံခဲ့ရတယ်။ ပိုက်ဆံတွေရှာ၊ ဝတ်ကောင်းစားလှတွေဝတ်ပြီး သူများတွေရဲ့ အားကျမှုကိုရခဲ့တယ် ထင်ရပေမဲ့ နေမကောင်းဖြစ်တော့မှ ပိုက်ဆံ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေ၊ သူများတွေရဲ့ ချီးမွမ်းခြင်းတွေက ကျွန်တော့်ဝေဒနာကို သက်သာအောင် ဘာမှမလုပ်ပေးနိုင်ဘူး၊ လူကိုလည်း ပြန်မကျန်းမာစေနိုင်ဘူးဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ ကင်ဆာဖြစ်သွားတဲ့ အသက်လေးဆယ်ကျော် ပြည်နယ်မန်နေဂျာရယ်၊ ရောဂါနဲ့ ဆုံးပါးသွားတဲ့ ဥက္ကဋ္ဌရယ်ကို ကျွန်တော် တွေးမိတယ်။ သူတို့မှာ ကျော်ကြားမှုရော၊ အကျိုးအမြတ်ရော ရှိပေမဲ့ သေသွားတဲ့အခါ ဒါတွေ တစ်ခုမှ ယူမသွားနိုင်ဘူး။ ပိုက်ဆံတွေ အများကြီး အရူးအမူး ရှာခဲ့ပေမဲ့ လက်ဗလာနဲ့ပဲ သေသွားကြတယ်။ ဒါဆို ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားတာက ဘာအဓိပ္ပာယ်ရှိလို့လဲ။ သခင်ယေရှု ပြောခဲ့သည့်အတိုင်း “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) အရင်တုန်းက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဖို့ အသည်းအသည်း လိုက်ခဲ့တယ်၊ အဲဒီအရာတွေရဲ့ စုံစမ်းသွေးဆောင်မှုအောက်မှာ ဘုရားသခင်နဲ့ တဖြည်းဖြည်း ဝေးကွာလာခဲ့တယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ရဖို့ ဒုက္ခဆင်းရဲတွေ အများကြီး ခံခဲ့ရတယ်၊ ကျွန်တော့်ဘဝခရီးလမ်းက စိတ်ဆင်းရဲစရာ၊ နာကျင်စရာတွေနဲ့ ပြည့်နှက်နေခဲ့တာ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ မေတ္တာက ကျွန်တော့်ဆီ နောက်တစ်ကြိမ် ရောက်လာခဲ့တယ်။ နှစ်တွေအများကြီး ဘုရားသခင်ကို ပုန်ကန်ခဲ့ပေမဲ့ ကိုယ်တော်က ကျွန်တော့်ကို လက်မလျှော့ဘဲ သူ့အိမ်တော်ကို ပြန်လာခွင့်ပေးခဲ့တယ်။ ဒီအကြောင်း တွေးလိုက်ရုံနဲ့ မျက်ရည်ကျမိတယ်၊ ဘုရားသခင်ကို ပေးဆပ်စရာ အကြွေးရှိနေသလို ခံစားချက်တွေ ရင်ထဲမှာ ပြည့်လျှံလာတယ်။ နောက်ပိုင်းကျရင် ဘုရားသခင်ကို ကောင်းကောင်း ယုံကြည်ပြီး သူ့မေတ္တာကို ပြန်ပေးဆပ်ရမယ်လို့ တွေးခဲ့တယ်။
နောက်ပိုင်းမှာ အသင်းတော်မှာ ကျွန်တော် တာဝန်တွေ ထမ်းဆောင်ခဲ့တယ်။ တစ်ခေါက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “ဖန်ဆင်းခံတို့သည် ဖန်ဆင်းရှင်၏ စိုးမိုးမှုအောက်တွင် အသက်ရှင်ပြီး ဘုရားသခင် ပံ့ပိုးသည့်အရာအားလုံးနှင့် ဘုရားသခင်ဆီကလာသည့် အရာရာတိုင်းကို ၎င်းတို့ လက်ခံသည်။ ထို့ကြောင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်သင့်သည်။ ဤသည်မှာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်။ ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ လူတို့အတွက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ဤလူ့ကမ္ဘာတွင် နေထိုင်စဉ် လုပ်ဆောင်သည့် မည်သည့်အရာမဆိုထက် ပို၍တရားမျှတသည်၊ လှပသည်၊ မြင့်မြတ်သည်ကို ဤအရာမှ မြင်နိုင်သည်။ လူသားမျိုးနွယ်အကြားတွင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းထက် ပို၍ အဓိပ္ပာယ်ရှိသော သို့မဟုတ် တန်ဖိုးရှိသောအရာ တစ်စုံတစ်ရာ မရှိပေ၊ ထို့ပြင် ဖန်ဆင်းခံလူသားတစ်ဦး၏ အသက်တာအတွက် ပိုကြီးမြတ်သော အဓိပ္ပာယ်နှင့် တန်ဖိုးကို ဆောင်ကြဉ်းပေးသည့်အရာလည်း တစ်ခုမျှ မရှိချေ။...ဖန်ဆင်းခံများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည်ဟူသော အခြေခံအရ ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အကြားတွင် ပို၍ပင် ကြီးမြတ်သော အမှုကို ပြုတော်မူခဲ့ပြီး လူတို့အပေါ်တွင် နောက်ထပ် အမှုတော်တစ်ဆင့်ကို ဆောင်ရွက်တော်မူခဲ့လေသည်။ ထိုအမှုမှာ အဘယ်နည်း။ ကိုယ်တော်သည် လူသားမျိုးနွယ်အား သမ္မာတရားကို ပေးပြီး သူတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ဘုရားသခင်ထံမှ သမ္မာတရားကို ရရှိစေကာ ထိုမှတစ်ဆင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး သန့်စင်ခြင်းခံရစေသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်လာပြီး ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းစေသည်၊ အဆုံး၌ ဘုရားသခင်ကို ကြောက်ရွံ့နိုင်ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်၍ ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိသည့်အပြင် စာတန်၏ ဒုက္ခပေးခြင်းများကို မခံရတော့စေရန် အခွင့်ပေးလေသည်။ ဤသည်မှာ လူသားမျိုးနွယ်ကို တာဝန်များ ထမ်းဆောင်စေခြင်းအားဖြင့် ဘုရားသခင် ဖြစ်မြောက်အောင်မြင်ရန် ရည်ရွယ်သည့် နောက်ဆုံးအကျိုးဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်များကိုထမ်းဆောင်ခြင်း လုပ်ငန်းစဉ် အချိန်ကာလ အတွင်းတွင် ဘုရားသခင်သည် အကြောင်းကိစ္စတစ်ခုကို သင် ရှင်းရှင်းလင်းလင်း မြင်ပြီး သမ္မာတရားအနည်းငယ်ကို နားလည်အောင်သာ လုပ်ဆောင်ခြင်းမဟုတ်သကဲ့သို့ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်းအားဖြင့် သင် လက်ခံရရှိသည့် ကျေးဇူးတော်နှင့် ကောင်းချီးများကို သင်ခံစားခွင့်ပြုရန်မျှ လုပ်ဆောင်ခြင်းလည်း မဟုတ်ပေ။ ထိုထက် ဘုရားသခင်သည် သင့်အား သန့်စင်ခံရပြီး ကယ်တင်ခြင်းခံရကာအဆုံး၌ ဖန်ဆင်းရှင် မျက်နှာတော်၏ အလင်းရောင်တွင် ရှင်သန်လာရသည့် အခွင့်ကို ပေးသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၇)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်သင့်တယ်၊ ဒါဟာ လူသားတစ်ယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်တယ်ဆိုတာ နားလည်သွားတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်မှသာ သမ္မာတရားနဲ့ အသက်ရဖို့ အခွင့်အရေး ရနိုင်မယ်၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားပြီး သန့်စင်ပြောင်းလဲခြင်း ခံရမယ်၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ရမယ်လေ။ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်တာက ဘဝမှာ အရေးအကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး အရာပါပဲ။ အဲဒီအချိန်ကစပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နေ့တိုင်း စားသောက်ခဲ့တယ်၊ ကျွန်တော့်နှလုံးသားထဲမှာ ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့တယ်။ တာဝန်ထမ်းဆောင်နေရင်း ဖောက်ပြန်ပျက်စီးမှုတွေ ထုတ်ဖော်မိတိုင်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိမြင်ဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တယ်၊ ဒီလိုနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းခဲ့တယ်။ ဒါတွေအားလုံးက တာဝန်ထမ်းဆောင်ခြင်းရဲ့ အသီးအပွင့်တွေပါပဲ။ အချိန်တစ်ခုကြာတော့ ကျန်းမာရေးလည်း ကောင်းလာတယ်။
၂၀၂၂ ခုနှစ်၊ နွေဦးပွဲတော်ပြီးတဲ့နောက် ကျွန်တော့်ဝမ်းကွဲအစ်ကို ဖုန်းဆက်လာပြီး ပြောတယ်၊ ကုမ္ပဏီဟောင်းက မန်နေဂျာ ပြောင်းသွားပြီ၊ ဒုဥက္ကဋ္ဌက မင်းကို မန်နေဂျာအနေနဲ့ ပြန်လာလုပ်စေချင်တယ်တဲ့။ ဝမ်းကွဲအစ်ကို ပြောတာကြားတော့ ကျွန်တော် တွေးမိတယ်၊ “ငါ ဒီကုမ္ပဏီမှာ ကြိုးစားလုပ်ခဲ့တာ နှစ်တွေအကြာကြီးပဲ။ ငါသာ ပြန်မသွားရင် အဆက်အသွယ်တွေ အကုန် ပြတ်သွားမှာ။ ပြီးတော့ ဒီအမှတ်တံဆိပ်က ကုမ္ပဏီတိုးတက်ဖို့ အလားအလာကောင်းတဲ့ နယ်ပယ်မှာ ရှိနေပြီး ရာထူးကလည်း မန်နေဂျာရာထူးလေ။ မျက်နှာပွင့်ရုံတင်မကဘူး အလယ်တန်းနဲ့ အကြီးတန်း စီမံခန့်ခွဲသူတွေနဲ့ ဆက်ဆံရမှာဆိုတော့ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေ ရလာမှာ။ ဒါ လူအများကြီး အားကျတဲ့ ရာထူးပဲ၊ လက်မခံလိုက်ရင် နောက်တစ်ခါ ဒီလိုအခွင့်အရေး ရချင်မှရတော့မှာ။ ဒါပေမဲ့ ဒီအလုပ်က အရမ်း အလုပ်များတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဖတ်ဖို့၊ တာဝန်ထမ်းဆောင်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး” လို့ပေါ့။ အဲဒီနောက်မှာ အရင်တုန်းက ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားလို့ ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို ပြန်သတိရမိတယ်။ လောကီလောကထဲ ပြန်သွားပြီး စာတန်ရဲ့ အန္တရာယ်ပေးတာကို ဆက်မခံချင်တော့ဘူး။ ဒါနဲ့ အဲဒီရာထူးကို ကျွန်တော် ငြင်းလိုက်တယ်။ ဝမ်းကွဲအစ်ကိုက အံ့သြသွားပြီး ဒီလိုအခွင့်အရေးက ရှားတယ်၊ သေချာပြန်စဉ်းစားပြီး မနက်ဖြန် အဖြေပြန်ပေးပါဆိုပြီး ပြောတယ်။ အဲဒီအချိန်မှာ ကျွန်တော် တွေးမိတယ်၊ “ကုမ္ပဏီနဲ့ ဝေးနေတာ တစ်နှစ်ကျော်ပြီ၊ အခုမှ တာဝန်စထမ်းဆောင်ခါစရှိသေးတဲ့အချိန်မှာ၊ ဘာလို့ ရုတ်တရက်ကြီး မန်နေဂျာ ပြန်လုပ်ခိုင်းရတာလဲ” လို့ပေါ့။ ဒါ စာတန်ရဲ့ စုံစမ်းသွေးဆောင်မှုမှန်း ကျွန်တော် ရှင်းရှင်းလင်းလင်း ဖြစ်သွားတယ်။ ဘုရားသခင် ပြောထားတာကို သတိရမိတယ်၊ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခဲ့ခြင်း ဖြစ်၏။ ပြီးလျှင် ယောဘအပေါ်တွင် ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုများဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အပေါ် ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်တွင် တိုက်ပွဲပင်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) အပေါ်ယံကြည့်ရင် ဝမ်းကွဲအစ်ကိုက မန်နေဂျာ ပြန်လုပ်ဖို့ လာခေါ်တာ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒါ စာတန်ရဲ့ လှည့်ကွက်ပဲ။ စာတန်က ဒါကိုအသုံးပြုပြီး ကျော်ကြားမှုနဲ့ အကျိုးအမြတ် လိုက်စားတဲ့လမ်းကြောင်းပေါ် ကျွန်တော့်ကို ပြန်ဆွဲခေါ်နေတာလေ။ အဲဒီအချိန်တုန်းက ကျွန်တော်က တခြားသူတွေကို ရေလောင်းပေးတဲ့တာဝန် ထမ်းဆောင်နေတာ၊ ရေလောင်းပေးဖို့နဲ့ ထောက်ပံ့ဖို့လိုအပ်တဲ့ လူသစ်တချို့လည်း ရှိနေတယ်။ အလုပ်တစ်ခုကြောင့်နဲ့ ကိုယ့်တာဝန်ကို မစွန့်လွှတ်နိုင်ဘူး။ အခု ဘုရားသခင်ရဲ့ အမှုတော်က အဆုံးသတ်တော့မယ်၊ ဘုရားသခင်ကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်ခွင့်ရတာ ကျွန်တော့်အတွက် တစ်သက်မှာ တစ်ခါရတဲ့ အခွင့်အရေးပဲ။ ကိုယ့်တာဝန်ထမ်းဆောင်ဖို့နဲ့ သမ္မာတရားကို လိုက်စားဖို့အတွက်ပဲ အချိန်ပေးရမယ်။ ဒါက မန်နေဂျာဖြစ်တာထက် ပိုတန်ဖိုးရှိပါတယ်။ နောက်တစ်နေ့မှာ ဝမ်းကွဲအစ်ကိုရဲ့ ကမ်းလှမ်းမှုကို ကျွန်တော် ငြင်းလိုက်တော့ ရင်ထဲမှာ အရမ်း အေးချမ်းသွားတယ်။ အခု ကျွန်တော် မန်နေဂျာမဟုတ်တော့လို့ ဘဝက သိပ်မခမ်းနားပေမဲ့ တည်ငြိမ်ပါတယ်။ စားစရာ၊ ဝတ်စရာရှိတယ်၊ အဆင်ပြေပါတယ်။ ဘုရားသခင် ကျေနပ်ဖို့အတွက် ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်း၊ သမ္မာတရားကို လေးလေးနက်နက် လိုက်စားရင်းနဲ့ပဲ ကျွန်တော့်လက်ကျန်နေ့ရက်တွေကို ကုန်ဆုံးဖို့ လိုလားနေပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဒုကျွမ်း ဂျပန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု...
ကျွန်မ ငယ်ငယ်တုန်းက၊ ကျွန်မတို့မှာ မွေးချင်းသိပ်မရှိလို့ ကျွန်မမိသားစုက ခဏခဏ အထင်သေးခံခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မမိဘတွေက ကျွန်မကို မကြာခဏ...
ဆူမီ၊ တရုတ်နိုင်ငံ၂၀၀၂ ခုနှစ်၊ ကျွန်မ အသက် ၁၈ နှစ်အရွယ်တုန်းက အထည်ချုပ်စက်ရုံတစ်ခုမှာ ကျွန်မ အလုပ်လုပ်ခဲ့တယ်။ တီဗီဇာတ်လမ်းတွဲ...
ရှန်ကျဲ၊ တရုတ်နိုင်ငံကျွန်မ ငယ်ငယ်တုန်းက မိသားစုက ဆင်းရဲပြီး လူတွေက ကျွန်မတို့ကို ခဏခဏ အထင်သေးကြတယ်။ ဒါကြောင့် ကျွန်မ တွေးခဲ့တယ်၊ “ငါ...