အရောင်းမန်နေဂျာတစ်ဦး၏ ရွေးချယ်မှု
ရယ်ချိုး၊ ယူနိုက်တက်ကင်းဒမ်းကျွန်မကို တရုတ်ပြည်တောင်ပိုင်းက မြို့ငယ်လေးတစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်မအဖေက ဒေသမှာ နာမည်ကြီးတဲ့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက လယ်သမားမိသားစုကနေ ဆင်းသက်လာတာပါ။ မိသားစုတစ်စုလုံးက အသက်မွေးဝမ်းကျောင်းအတွက် လယ်လုပ်တာကို မှီခိုခဲ့ကြတယ်။ ကျွန်မနဲ့ အမျိုးသားက နေ့တိုင်း အဝါရောင်နုန်းမြေတွေကို မျက်နှာမူပြီး မိုးကောင်းကင်ကို ကျောပေးပြီး တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရပေမဲ့ ရလာတဲ့ အကျိုးအမြတ်က နည်းနည်းလေးပဲ။ မိသားစုရဲ့ ပုံမှန် အသုံးစရိတ်တွေ ကာမိဖို့အတွက် ကျပန်းအလုပ်တွေကို မှီခိုခဲ့ရတယ်။ ကျွန်မတို့ တော်တော်လေးကို ကျပ်တည်းခဲ့တာပါ။ နောက်တော့ ဆွေမျိုးတစ်ယောက်က သူ့အဆက်အသွယ်တွေကို အသုံးပြုပြီး အနီးအနားက အစိုးရပိုင် အရက်ချက်စက်ရုံမှာ ယာယီအလုပ်သမားအဖြစ် လုပ်ဖို့ ကျွန်မကို စီစဉ်ပေးခဲ့တယ်။ စက်ရုံက အမြဲတမ်းဝန်ထမ်းတွေက ပေါ့ပေါ့ပါးပါးဖြစ်တဲ့အလုပ်တွေ လုပ်ရပြီး၊ ကျွန်မတို့လို ယာယီလုပ်သားတွေကတော့ အများအားဖြင့် ညစ်ပတ်ပြီး ပင်ပန်းတဲ့ အလုပ်တွေကို လုပ်ရတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ လစာက အမြဲတမ်းဝန်ထမ်းတွေရတဲ့ လစာရဲ့ တစ်ဝက်ပဲရှိတာ။ အလုပ်ပါးတဲ့ရာသီရောက်ရင် ယာယီလုပ်သားတွေကို အလုပ်တောင်ဖြုတ်တတ်လို့ တခြားအလုပ်တွေ ရှာလုပ်ခဲ့ရတယ်။ ကျွန်မမှာ ကျွမ်းကျင်မှုမရှိတော့ ရတဲ့အလုပ်တော်တော်များများက ကာယလုပ်အားသုံးရတဲ့ အလုပ်တွေဖြစ်ပြီး အလုပ်ကလည်း မမှန်ဘူးလေ။ ဒီနေ့ အလုပ်ရှိရင်ရှိမယ်၊ မနက်ဖြန်ကျ အလုပ်မရှိလို့ အားယားနေရတာမျိုးပေါ့။ တော်တော်လေးကို ကျပ်တည်းခဲ့တယ်။ ကိုယ့်ဘာသာ ခဏခဏ တွေးမိတယ်၊ “တည်ငြိမ်တဲ့ အလုပ်တစ်ခုရှိရင် သိပ်ကောင်းမှာပဲ။ အလုပ်ရှာဖို့ ပူစရာမလိုတော့ဘဲ ပိုက်ဆံပိုရှာနိုင်ပြီး ပိုပြည့်စုံတဲ့ ဘဝလေးကို ခံစားရမှာ” ပေါ့။ မကြာခင်မှာပဲ အရက်ချက်စက်ရုံက တိုးချဲ့ဖို့ စီစဉ်ပါလေရော။ ကျွန်မတို့ရွာက မြေတချို့ကို လျော်ကြေးမပေးဘဲ သိမ်းလိုက်တယ်။ ဒါပေမဲ့ မိသားစုတစ်စုမှာ လူဆယ်ယောက်ရှိရင် အဲဒီမိသားစုကို စက်ရုံမှာ အမြဲတမ်းဝန်ထမ်း တစ်နေရာစာပေးတယ်။ ကျွန်မတို့ မိသားစုမှာ လူဆယ်ယောက်ကျော်ရှိတော့ ကျွန်မတစ်ယောက်ပဲ စက်ရုံမှာ အလုပ်ရခဲ့တယ်။ အိမ်နီးချင်းတွေက သိပ်အားကျကြတာပေါ့၊ ကျွန်မကိုယ်ကျွန်မလည်း သိပ်ကံကောင်းတယ်လို့ ခံစားရတယ်။ “ငါ ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ အစိုးရပိုင်လုပ်ငန်းမှာ အမြဲတမ်းဝန်ထမ်း ဖြစ်လာပြီ။ ဒါက လူတကာအားကျရတဲ့၊ တည်ငြိမ်တဲ့ အလုပ်ပဲ။ လစာလည်း အချိန်မှန်ရမယ်၊ ငါ့စားဝတ်နေရေးအတွက် အာမခံချက်ရှိရုံမကဘူး၊ အသက်ကြီးလာရင်လည်း ပင်စင်ရမယ့်အပြင်၊ ပင်စင်အာမခံ၊ ဆေးဘက်ဆိုင်ရာ အာမခံလို ခံစားခွင့်တွေလည်း ရဦးမှာ။ ငါ ကြိုးစားလုပ်ပြီး ဒီခက်ခက်ခဲခဲနဲ့ ရတဲ့အလုပ်ကို ကိုင်ထားရမယ်” ပေါ့။ အလုပ်လုပ်တဲ့အခါ ကျွန်မ အရမ်းကို ကြိုးစားခဲ့တယ်။ ဘယ်တော့မှ ခိုကပ်တာ၊ ပျင်းတာမျိုး မရှိဘူး။ သိပ်မကြာခင်မှာပဲ တခြားဝန်ထမ်းတွေထက် လစာနည်းနည်းပိုရတဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် ကျွန်မ အရွေးခံခဲ့ရတယ်။ ဒါနဲ့ ကျွန်မရဲ့ တည်ငြိမ်တဲ့အလုပ်ကို ပိုပြီး မြတ်နိုးလာတယ်။ အထူးသဖြင့် စက်ရုံ အရမ်းအလုပ်များတဲ့ အလုပ်ရာသီတွေဆိုရင် ကျွန်မက တစ်နေ့ကို ဆယ်နာရီကျော်လောက် အလုပ်လုပ်ရလေ့ရှိတယ်။ ကျွန်မ အရမ်းပင်ပန်းလွန်းလို့ ခါးတွေနာ၊ ကျောတွေအောင့်ပြီး ခြေကုန်လက်ပန်းကျခဲ့ရတယ်။ ဒါပေမဲ့ ပုံမှန်ထက် သုံးလေးဆ ပိုများတဲ့လစာနဲ့ နှစ်ကုန်ဘောနပ်စ်လို ခံစားခွင့်တွေကို တွေးမိလိုက်တာနဲ့၊ ဒီပင်ပန်းမှုက တန်တယ်လို့ ခံစားရတယ်။ ဒီလိုနဲ့ပဲ ဆယ်စုနှစ်တစ်ခုအထိ အလုပ်လုပ်ခဲ့တယ်။
၂၀၀၅ ခုနှစ် ဆောင်းဦးရာသီမှာ၊ ကျွန်မယောက်မက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မကို ဟောပြောခဲ့တယ်။ လူတွေကို ဘုရားသခင်က ဖန်ဆင်းထားတာဖြစ်ပြီး၊ ဘုရားသခင်ဟာ လူသားအားလုံးရဲ့ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားတယ်ဆိုတာနဲ့ လူသားအားလုံးက ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်သင့်တယ်ဆိုတာကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ခြင်းကနေတစ်ဆင့် ကျွန်မ သိလာရတယ်။ နောက်ပိုင်း ကျွန်မက ညီအစ်ကိုမောင်နှမတွေနဲ့ ခဏခဏ စုဝေးပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်တယ်၊ ဘုရားသခင်ကို ချီးမွမ်းတဲ့ ဓမ္မတေးတွေ သီဆိုခဲ့တယ်။ ဒါကို ကျွန်မ သဘောကျပြီး စိတ်ထဲမှာလည်း လွတ်လပ်သွားသလို ခံစားရတယ်။ သိပ်မကြာခင်မှာပဲ တာဝန်တွေ ထမ်းဆောင်နိုင်ခဲ့တယ်။ ကျွန်မက အုပ်စုသုံးစုရဲ့ စုဝေးပွဲတွေအတွက် တာဝန်ယူရတယ်။ အဲဒီအချိန်က အရက်ချက်ရုံမှာ အရောင်းပါးတဲ့ရာသီဆိုတော့ နေ့တစ်ဝက်ပဲ အလုပ်လုပ်ရတယ်။ တနင်္ဂနွေနေ့တွေမှာလည်း နားရတယ်။ ဒီအလုပ်က ကျွန်မ စုဝေးပွဲတက်တာ၊ တာဝန်ထမ်းဆောင်တာတွေကို အဟန့်အတား မဖြစ်စေခဲ့ဘူး။
၂၀၀၆ ခုနှစ် ဆောင်းဦးရာသီ ရောက်လာတော့ အရက်ချက်ရုံက တော်တော်လေး အလုပ်များလာတယ်။ ကျွန်မက အနည်းဆုံး တစ်နေ့ကို ဆယ်နာရီကျော် အလုပ်လုပ်ခဲ့ရတယ်။ အရက်ချက်ရုံမန်နေဂျာက အစည်းအဝေးတွေမှာ ခဏခဏ ပြောတတ်တယ်၊ “အခုက ထုတ်လုပ်မှု အများဆုံးရာသီပဲ။ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ သတ်မှတ်ထားတဲ့အချိန်အတွင်း ထုတ်လုပ်မှု ပစ်မှတ်ကို ပြီးမြောက်အောင် နည်းလမ်းရှာရမယ်။ ဒီအချိန်အတွင်း ခွင့်ယူတာ၊ နောက်ကျတာ၊ စောပြန်တာမျိုး လုံးဝ မလုပ်ရဘူး။ ကြိုးကြိုးစားစား မလုပ်ရင် အလုပ်ပြုတ်မယ်” တဲ့။ ဒါကို ကြားတော့ ကျွန်မစိတ်ထဲမှာ ဘောင်ခတ်ခံရသလို ခံစားရတယ်။ အလုပ်မှာ တစ်ခုခု အဆင်မပြေဖြစ်ရင် အလုပ်ဖြုတ်ခံရမှာကို ကြောက်ခဲ့တယ်။ ကျွန်မ စုဝေးပွဲတွေသွားပြီး တာဝန်ထမ်းဆောင်ချင်ပေမဲ့ အချိန်လုံးဝ ရှာမရခဲ့ဘူး။ ကျွန်မ အရမ်းကို လွန်ဆွဲနေခဲ့ရတယ်၊ “ငါက စုဝေးပွဲတောင် မတက်နိုင်လောက်အောင် အလုပ်များနေတာ။ ဒါက ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် ဖြစ်သင့်တဲ့ပုံစံလား။ စုဝေးပွဲတက်ဖို့ ခဏခဏ ခွင့်ယူရင် အလုပ်တွေ နှောင့်နှေးပြီး အလုပ်ဖြုတ်ခံရလိမ့်မယ်။ ဒီတည်ငြိမ်တဲ့ အလုပ်ကို ဆုံးရှုံးသွားရင် ငါ့ရဲ့ အနာဂတ် စားဝတ်နေရေးအတွက် ဘယ်လိုလုပ် အာမခံချက်ရှိတော့မှာလဲ။ အဲဒါတော့ မဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီအလုပ်ကို အဆုံးရှုံးခံလို့မဖြစ်ဘူး။ အလုပ်များတဲ့ရာသီ ပြီးသွားမှပဲ စုဝေးပွဲတွေအကြောင်း စဉ်းစားတော့မယ်” ပေါ့။ အဲဒီနောက်မှာ ကျွန်မ စိတ်ရောကိုယ်ပါ အလုပ်မှာ နှစ်မြှုပ်ထားလိုက်တယ်။ နေ့တိုင်း မနက် ၇ နာရီကနေ ညသန်းခေါင်အထိ အလုပ်လုပ်ခဲ့တယ်။ တစ်ခါတလေဆို မနက် တစ်နာရီ၊ နှစ်နာရီအထိတောင် အချိန်ပို ဆင်းခဲ့တယ်။ ခြေကုန်လက်ပန်းကျတဲ့အထိ အရမ်းပင်ပန်းခဲ့တယ်။ အိမ်ပြန်ရောက်လို့ ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားတော့တာပဲ။ ဆုတောင်းဖို့ ဒါမှမဟုတ် ဝတ်ပြုဖို့တောင် အချိန်မရခဲ့ဘူး။ သတ်မှတ်ထားတဲ့အချိန်အတွင်း ထုတ်လုပ်မှုပမာဏ ပြည့်မီအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးတွေချည်းပဲ နေ့တိုင်း ခေါင်းထဲမှာ ပြည့်နေခဲ့တယ်။ ကျွန်မက စက်ရုပ်တစ်ရုပ်လို မနားတမ်း အလုပ်လုပ်နေခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ စိတ်နှလုံးက ဘုရားသခင်နဲ့ ပိုပို ဝေးကွာလာခဲ့တယ်။
ဒီအချိန်အတွင်းမှာ မနှစ်မြို့စရာ တချို့ကိစ္စတွေ ကျွန်မဆီ ရောက်လာတယ်။ ကျွန်မက ဖားယားတာကို မကြိုက်သလို ဒါရိုက်တာကိုလည်း ထမင်းမဖိတ်ကျွေးတော့၊ ကျွန်မကို ညစ်ပတ်ပြီး ပင်ပန်းတဲ့ အလုပ်တွေပဲ ပေးလုပ်တယ်။ တခြားအဖွဲ့တွေက ပေါ့ပါးတဲ့အလုပ်တွေ လုပ်နေရတာကို ကျွန်မအဖွဲ့သားတွေ မြင်တဲ့အခါ၊ ကျွန်မကို ခဏခဏ ညည်းညူကြတယ်၊ “တခြားအဖွဲ့ခေါင်းဆောင်တွေကို ကြည့်စမ်းပါ။ ဒါရိုက်တာ သဘောကျအောင် ဘယ်လိုပြောရမလဲဆိုတာ သူတို့သိတော့ လွယ်တဲ့အလုပ်တွေ ရတယ်လေ။ ခင်ဗျားက ပုံသေကားကျလွန်းတယ်၊ ဒါရိုက်တာကို လက်ဆောင်လည်း မပေးဘူး၊ သူနဲ့ ဆက်ဆံရေးကောင်းအောင်လည်း မလုပ်ဘူး။ သူပျော်အောင်လုပ်ဖို့ မကြိုးစားဘူး။ ခင်ဗျားအဖွဲ့ထဲမှာ ပါနေလို့ ကျွန်တော်တို့ ဒီလောက် ညစ်ပတ်ပြီး ပင်ပန်းတဲ့ အလုပ်တွေကို လုပ်နေရတာ” တဲ့။ တစ်ခါတလေ သူတို့က တမင်သက်သက် ဆန္ဒပြပြီး အချိန်ဆွဲကြလို့ အလုပ်တိုးတက်မှုက အရမ်းနှေးသွားတယ်။ ဒီအခြေအနေကို ဒါရိုက်တာမြင်တော့ အလုပ်ကြန့်ကြာအောင် အဖွဲ့ကို ဦးဆောင်တယ်ဆိုပြီး ကျွန်မကို ဆူပူကြိမ်းမောင်းတော့တာပဲ။ ကျွန်မ သိပ်ကို စိတ်ဆင်းရဲခဲ့ရတယ်။ နေ့စဉ် အလုပ်ပမာဏ များလွန်းလို့ အစကတည်းက အရမ်းပင်ပန်းနေခဲ့တာ။ အခု ဝန်ထမ်းတွေရော၊ ဒါရိုက်တာကပါ ကျွန်မကို မကျေမနပ်ပြောကြတော့၊ ဒီလိုညှဉ်းပန်းခံရမှုကြောင့် ကျွန်မ ကိုယ်ရောစိတ်ပါ ခြေကုန်လက်ပန်းကျခဲ့ရတယ်။ ဘဝကြီးက အရမ်းပင်ပန်းလွန်းတယ်လို့ ခံစားခဲ့ရတယ်။ တစ်ခါတလေဆို အရမ်းဒေါသထွက်လွန်းလို့ အလုပ်တောင် ဆက်မလုပ်ချင်တော့ဘူး။ ဒါပေမဲ့ ဒီအလုပ်က ပေးတဲ့ တည်ငြိမ်မှုကြောင့် ကြိတ်မှိတ်ပြီး ရင်ဆိုင်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ဘူး။ ကူကယ်ရာမဲ့သလို ခံစားရပေမဲ့ ဆက်လုပ်နေရတာပဲ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အလုပ်များတဲ့ရာသီ ကုန်သွားပြီး အရက်ချက်ရုံက သိပ်အလုပ်မများတော့ဘူး။ အစကတော့ ကျွန်မ ကောင်းကောင်း အနားယူချင်ခဲ့ပေမဲ့၊ နောက်ဆုံးတော့ ဖျားသွားပါလေရော။ အဖျားငွေ့ငွေ့လေးက မကျဘူး၊ တစ်ကိုယ်လုံး အားအင်မရှိဘူး၊ ဆေးသောက်၊ ဆေးထိုးလည်း ဘာမှ မထူးခြားဘူး။ အိမ်မှာပဲ အနားယူနေရတယ်။ ဆေးရုံကနေ ကျွန်မ အိမ်ပြန်တဲ့ အချိန်တိုင်းမှာ တရုန်းရုန်း သွားလာနေကြတဲ့ လူအုပ်ကြီးကို မြင်ပြီး သူများတွေ ကျန်းမာရေးကောင်းနေတာကို ကျွန်မ အားကျမိတယ်။ ကိုယ်က အလုပ်တွေများပြီး ကုန်းရုန်းလုပ်လို့ ပိုက်ဆံနည်းနည်းပါးပါး ရှာနိုင်ပေမဲ့၊ ကျန်းမာရေးမကောင်းရင် ဘာအဓိပ္ပာယ်ရှိမှာလဲ။ ပိုက်ဆံဘယ်လောက်ရှာရှာ ကျန်းမာရေးကောင်းဖို့လောက် အရေးမကြီးဘူးဆိုတာကို ကျွန်မ ရုတ်တရက် သဘောပေါက်သွားတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပွဲသွားပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ အရင်အချိန်တွေကို ကျွန်မ ပြန်တွေးမိတယ်။ အဲဒီတုန်းက ကျွန်မစိတ်ထဲမှာ အရမ်းကို အေးချမ်းခဲ့တာ။ ပြီးတော့ အလုပ်ဘာမှမလုပ်နိုင်တဲ့ လက်ရှိ ဖျားနာနေတဲ့ ကိုယ့်အခြေအနေကို ကြည့်ပြီး၊ ကျွန်မဟာ အထီးကျန်ပြီး ကူကယ်ရာမဲ့သလို ခံစားခဲ့ရတယ်။ ကျွန်မ စိတ်ဆင်းရဲနေချိန်မှာ အစ်မ ကျန်ယု က ကျွန်မကို ကူညီထောက်ပံ့ပေးဖို့ အိမ်ကိုလာပြီး စုဝေးပွဲတွေ တက်ဖို့ ခေါ်တယ်။ ကျွန်မ ရှက်ရှက်နဲ့ “ငါ စုဝေးပွဲမသွားတာ ဘယ်လောက်တောင် ကြာပြီလဲ။ ငါ စုဝေးပွဲ သွားလို့တောင်ရသေးရဲ့လား” လို့ မေးလိုက်တယ်။ ကျန်ယုက ရပါတယ်လို့ပြောပြီး ကျွန်မအိမ်မှာ ညီအစ်ကိုမောင်နှမ တချို့နဲ့ စုဝေးဖို့ စီစဉ်ပေးခဲ့တယ်။ ကျွန်မလည်း ဝမ်းသာအားရ သဘောတူလိုက်တယ်။ စုဝေးပွဲနေ့မှာ ဘုရားသခင်ဆီ ဒူးထောက်ပြီး ဆုတောင်းခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မက ဆိုးသွမ်းပြီး စကားနားမထောင်တဲ့ ကလေးတစ်ယောက်လို ခံစားရတယ်။ အိမ်နဲ့အဝေးမှာ လမ်းပျောက်ပြီး ဆိုးဆိုးရွားရွား ဒုက္ခရောက်ခဲ့ရပေမဲ့၊ ဇဝေဇဝါဖြစ်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာ မိဘရဲ့ ရင်ခွင်ထဲကို ပြန်ရောက်လာသလိုပါပဲ။ ဝမ်းသာတာ၊ ရှက်တာနဲ့ ကျေးဇူးကြွေးတင်နေသလို ခံစားရတာတွေ အားလုံး ရောထွေးနေပြီး ဘယ်လိုဖော်ပြရမလဲတောင် မသိဘူး။ ကျွန်မ နာကျင်စွာ မျက်ရည်ကျရင်း ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ သမီး ကိုယ်တော်နဲ့ အရမ်းဝေးကွာခဲ့ပြီး ကိုယ်တော့်ကို အများကြီး ပုန်ကန်ခဲ့ပါတယ်။ သမီးရဲ့ အကြွေးတွေအကြောင်းကို ကိုယ်တော့်ကို ဘယ်လိုပြောရမှန်း မသိပါဘူး။ ဒီအချိန်တွေတစ်လျှောက်လုံး သမီးတွေးနေခဲ့တာက အလုပ်အကြောင်းပဲ။ စုဝေးပွဲတွေရယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်တာရယ်ကို လုံးဝ ဘေးဖယ်ထားခဲ့ပြီး၊ တစ်နေ့ကုန် စက်တစ်စက်လို ဆက်တိုက် အလုပ်လုပ်ခဲ့လို့ ကိုယ်ရောစိတ်ပါ ခြေကုန်လက်ပန်းကျပြီး ပြောမပြတတ်အောင် ဆင်းရဲဒုက္ခ ခံစားခဲ့ရတယ်။ ကိုယ်တော့်ရဲ့ ဂရုစိုက် စောင့်ရှောက်မှုနဲ့ ကင်းကွာပြီး အသက်ရှင်တာဟာ လမ်းလျှောက်နေတဲ့ အလောင်းကောင်လို ရှင်သန်နေရတာဖြစ်ပြီး၊ အဲဒါက ဗလာနတ္ထိနဲ့ နာကျင်စရာကောင်းတဲ့ ဘဝဆိုတာ အခု ဖျားမှပဲ သမီး သဘောပေါက်ပါတော့တယ်။ ဒါပေမဲ့ ကိုယ်တော်က သမီးရဲ့ ပြစ်မှားခြင်းတွေကို မှတ်မထားဘဲ၊ သမီးကို ကူညီထောက်ပံ့ဖို့ အစ်မကိုတောင် အသုံးပြုခဲ့တယ်။ သမီးအပေါ် ပြသခဲ့တဲ့ ကိုယ်တော့်ရဲ့ သည်းခံခွင့်လွှတ်မှုနဲ့ သနားကရုဏာအတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော့်ဆီကို သမီး ပြန်လာချင်ပါတယ်၊ ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးချင်ပါတယ်၊ သမီးရဲ့ တာဝန်ကိုလည်း အစွမ်းကုန် ထမ်းဆောင်ပါမယ်” ပေါ့။ ကျွန်မ မြင်တွေ့ခဲ့ရတာကတော့ ညီအစ်ကိုမောင်နှမတွေကြားမှာ အတားအဆီးတွေ၊ ပဋိပက္ခတွေ မရှိသလို၊ အရက်ချက်ရုံမှာလို ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုမျိုးတွေ ဆိုတာတော့ ပြောစရာတောင် မလိုဘူး။ ဒါတွေက လုံးဝ မတူညီတဲ့ ကမ္ဘာနှစ်ခုလို ခံစားရပြီး၊ ကျွန်မ စိတ်နှလုံးလည်း ငြိမ်သက်အေးချမ်းသွားတယ်။ တစ်လလောက်ကြာတော့ ကျွန်မ ဖျားနေတာက သတိတောင်မထားမိဘဲ ပျောက်သွားတယ်။ စိတ်ထဲမှာ ဘုရားသခင်ကို အရမ်း ကျေးဇူးတင်ခဲ့တယ်။
နောက်တော့ ကျန်ယုက ကျွန်မကိုတွေ့ဖို့ အိမ်ကိုလာတယ်။ ကျွန်မရဲ့ အတွေ့အကြုံကို သူကြားတော့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကျွန်မအတွက် သီဆိုပြခဲ့တယ်။ “လူသားရဲ့ ကံကြမ္မာကို ဘုရားသခင်ရဲ့ လက်တော်က ထိန်းချုပ်တယ်” ဆိုတဲ့သီချင်းပေါ့။ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။ လူသည် မိမိအရေးအတွက် အစဉ်အမြဲ အလုပ်ရှုပ်ကာ လှုပ်ရှားသွားလာနေလျှင်ပင် သူသည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း မရှိဆဲသာဖြစ်ပေသည်။ သင်သည် မိမိ၏ ကိုယ်ပိုင်အလားအလာများကို သိနိုင်လျှင်၊ မိမိ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်လျှင် သင့်ကို ဖန်ဆင်းခံတစ်ဦးဟု ခေါ်ဆိုခြင်း ခံရဦးမည်လော။ အတိုချုပ်ဆိုရလျှင် ဘုရားသခင်သည် မည်သို့ပင် အလုပ်လုပ်စေကာမူ ကိုယ်တော်၏ အမှုတော်ရှိသမျှသည် လူ၏အကျိုးအလို့ငှာသာ ဖြစ်၏။ ယင်းမှာ ဘုရားသခင်မှ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို လူသားအား အစေခံရန် ဖန်ဆင်းခဲ့ခြင်းနှင့် တူ၏။ ဘုရားသခင်သည် လ၊ နေနှင့် ကြယ်များကို လူသားအတွက် ဖန်ဆင်းခဲ့သည်၊ ကိုယ်တော်သည် တိရစ္ဆာန်များနှင့် အပင်များကို လူသားအတွက် ဖန်ဆင်းခဲ့သည်၊ ကိုယ်တော်သည် နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းကို လူသားအတွက် ဖန်ဆင်းတော်မူခဲ့သည်ဟူ၍ စသည်ဖြင့် ဤအရာအားလုံးကို လူသား၏ တည်ရှိမှုအလို့ငှာ ဖန်ဆင်းခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် လူကို မည်သို့ ပြစ်တင်ဆုံးမကာ တရားစီရင်သည်ဖြစ်စေ၊ အားလုံးသည် လူ၏ ကယ်တင်ခြင်းအတွက်သာ ဖြစ်၏။ သူသည် လူသားထံမှ ၎င်း၏ ဇာတိဆန်သည့် မျှော်လင့်ချက်များကို ဖယ်ရှားပစ်သော်လည်း ယင်းသည် လူသားကို သန့်စင်စေခြင်းအတွက်ဖြစ်ပြီး လူကို သန့်စင်စေခြင်းသည် လူ၏ တည်ရှိမှုအလို့ငှာ လုပ်ဆောင်ခြင်း ဖြစ်၏။ လူ၏ ပန်းတိုင်သည် ဖန်ဆင်းရှင်၏ လက်ထဲတွင်ရှိ၏၊ ထို့ကြောင့် လူသည် မိမိကိုယ်ကို မည်သို့ ထိန်းချုပ်နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ပုံမှန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ကျန်ယုက အရင်တုန်းက လောကကြီးမှာ ပိုက်ဆံရှာဖို့ အရမ်းအလုပ်များခဲ့ပြီး အခက်အခဲတွေနဲ့ တိုးပြီးမှ ဘုရားသခင်ရဲ့ အိမ်တော်ကို ရောက်လာခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံကို ကျွန်မကို ပြောပြတယ်။ သူက ပြောသေးတယ်၊ “ကျွန်မတို့ လူသားတွေဟာ ဖန်ဆင်းခံတွေဖြစ်ပြီး ကိုယ့်ကံကြမ္မာကို ကိုယ် လုံးဝ မထိန်းချုပ်နိုင်ဘူးလေ။ ကိုယ့်ခွန်အားကို ကိုးစားပြီး အလုပ်တွေများ၊ ကုန်းရုန်းလုပ်နေရင်တောင်မှ ရလဒ်က ကျွန်မတို့ လိုချင်သလို ဖြစ်ချင်မှ ဖြစ်လာမှာပေါ့။ အခုဆို ဘုရားသခင်က လူဇာတိခံယူပြီး လူတွေကို ကယ်တင်တဲ့အလုပ် လုပ်ဖို့ လူ့လောကကို ကြွလာခဲ့ပြီ။ စာတန်ကလည်း ငွေကြေးအကျိုးအမြတ်တွေနဲ့ ဇာတိပကတိရဲ့ သာယာမှုတွေကို သုံးပြီး လူတွေကို သွေးဆောင်တယ်၊ အထင်အမြင်မှားအောင် လုပ်တယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်နှလုံးတွေဟာ ဇာတိပကတိနဲ့ ပိုက်ဆံရဲ့ ကြီးစိုးတာကို ခံရပြီး နောက်ဆုံးမှာ စာတန်ရဲ့ ပိုက်ကွန်ထဲ ကျဆင်းသွားမှာပဲ။ ကျွန်မတို့က သမ္မာတရားကို ပိုပြီး တပ်ဆင်ထားမှ ဖြစ်မယ်၊ ဒါမှသာ စာတန်ရဲ့ အကြံအစည်တွေကို ထိုးထွင်းသိမြင်နိုင်မှာ” တဲ့။ ကျန်ယု အဲဒီလို မိတ်သဟာယပြုတာကို ကြားတော့ ကျွန်မ အရမ်းကို တို့ထိခံလိုက်ရတယ်။ ကျွန်မက အလုပ်ကို ကောင်းကောင်းလုပ်ဖို့၊ ဒါရိုက်တာရဲ့ ယုံကြည်မှုကို ရဖို့နဲ့၊ ကိုယ့်ရဲ့ တည်ငြိမ်မှုရှိတဲ့ အလုပ်ကို ဖက်တွယ်ထားဖို့အတွက် ကိုယ့်ရဲ့ ကြိုးစားမှုကိုပဲ အမြဲတမ်း အားကိုးချင်ခဲ့တာ။ ဒီလိုနဲ့ အနာဂတ်မှာ ကျွန်မရဲ့ အသက်မွေးမှုက အာမခံချက်ရှိအောင်ပေါ့။ ဒါကြောင့် ကျွန်မက စုဝေးပွဲတွေ မတက်ခဲ့ဘူး၊ တာဝန်လည်း မထမ်းဆောင်ခဲ့ဘူး။ အလုပ်ကြိုးစားဖို့ပဲ အမြဲတမ်း စိတ်နှစ်နေခဲ့ပြီး ကျွန်မရဲ့ စိတ်နှလုံးက ပိုက်ဆံနဲ့ပဲ လုံးဝ ပြည့်နှက်နေခဲ့တယ်။ ရလဒ်အနေနဲ့၊ ဒါရိုက်တာရဲ့ အသိအမှတ်ပြုမှုကို မရခဲ့တဲ့အပြင်၊ ဖျားနာမှုရဲ့ ညှဉ်းပန်းမှုကိုပါ ခံစားခဲ့ရတယ်။ ဒီဒုက္ခကြောင့် ကျွန်မ ကိုယ်ရောစိတ်ပါ ခြေကုန်လက်ပန်းကျခဲ့ရပြီး ပြောမပြတတ်အောင် ဆင်းရဲဒုက္ခ ရောက်ခဲ့ရတယ်။ ဘယ်လိုပဲ စီစဉ်၊ တွက်ချက်၊ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ပါစေ၊ ကိုယ့်ကံကြမ္မာကို ပြောင်းလဲဖို့ မစွမ်းဆောင်နိုင်ဘူးဆိုတာကို အဲဒီတော့မှပဲ ကျွန်မ သဘောပေါက်သွားတယ်။ “ကိုယ့်လက်နှစ်ဖက်နဲ့ ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်ပါ” ဆိုတာနဲ့ “ဝင်ငွေကောင်းတဲ့အလုပ်ထက် တည်ငြိမ်တဲ့အလုပ် ရှိတာက ပိုကောင်းတယ်” ဆိုတဲ့ စာတန်ဆန်တဲ့ ဥပဒေသတွေကို မှီခိုပြီး ကျွန်မ အသက်ရှင်နေခဲ့တာပဲ။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ကိုယ်လိုချင်တဲ့ဘဝကို ရယူချင်ခဲ့ပေမဲ့၊ နောက်ဆုံးမှာတော့ အခက်အခဲတွေနဲ့ပဲ တိုးပြီး နေရာတိုင်းမှာ စိတ်ပျက်ခဲ့ရတယ်။ အဆုံးမှာတော့ ကျရှုံးမှုနဲ့ပဲ အဆုံးသတ်ခဲ့တာပါပဲ။ ဘုရားသခင် ပြောထားသလိုပါပဲ။ “လူသည် မိမိအရေးအတွက် အစဉ်အမြဲ အလုပ်ရှုပ်ကာ လှုပ်ရှားသွားလာနေလျှင်ပင် သူသည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း မရှိဆဲသာဖြစ်ပေသည်။” ကျွန်မက တကယ်ကို မျက်ကန်းဖြစ်ပြီး မသိနားမလည်ဖြစ်လွန်းခဲ့တယ်၊ ကိုယ့်အစွမ်းအစကို ကိုယ် လုံးဝ မသိခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ချက်တွေကြောင့် ထုံထိုင်းနေတဲ့ ကျွန်မရဲ့ စိတ်နှလုံးဟာ ပြန်လည်နိုးကြားလာခဲ့ပြီး၊ အဲဒီတုန်းက ကျွန်မဆီ ကျရောက်လာတဲ့ ဖျားနာမှုနဲ့ နာကျင်မှုတွေဟာ ဘုရားသခင်ရဲ့ လက်တော်ကလာတဲ့ ဆုံးမခြင်းနဲ့ ဆုံးမပဲ့ပြင်ခြင်း ဖြစ်တယ်ဆိုတာကို နောက်ဆုံးတော့ ကျွန်မ သဘောပေါက်သွားတယ်။ ဒါထက်ပိုတာက အဲဒါဟာ ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပဲ။ ဒါမှမဟုတ်ရင်၊ ကျွန်မဟာ ပိုက်ဆံရဲ့ ချည်နှောင်မှုအောက်မှာ ရှိနေသေးပြီး စာတန်ရဲ့ ပိုက်ကွန်ထဲ ကျဆင်းပြီး ကိုယ့်ကိုယ်ကိုယ် ကယ်နိုင်မှာ မဟုတ်ဘူး။
၂၀၀၇ ခုနှစ် ဧပြီလမှာ၊ ကျွန်မဟာ အသင်းတော်မှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးကောက်ခံခဲ့ရတယ်။ အဲဒီအချိန်က အလုပ်ပါးတဲ့ရာသီ ဖြစ်နေသေးတယ်။ အလုပ်က နှိုင်းယှဉ်ကြည့်ရင် ပေါ့ပါးပြီး အေးဆေးတော့၊ ကျွန်မ စုဝေးပွဲတက်တာ၊ တာဝန်ထမ်းဆောင်တာတွေကို အဟန့်အတား မဖြစ်စေခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်မကို တော်တော်ထိခိုက်သွားတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့တယ်။ အရက်ချက်စက်ရုံက အလုပ်က အချိန်အကြာကြီး ကုန်းရတာ၊ အလေးအပင်တွေ မရတာနဲ့ ရေအေးတွေနဲ့ ထိတွေ့ရတာတွေ ရှိတော့၊ သက်ကြီးဝန်ထမ်း တချို့မှာ လုပ်ငန်းခွင် ရောဂါတွေ စွဲကျန်ခဲ့တယ်။ သူတို့ထဲက အများစုမှာ ခါးဆစ်ရိုးကျွံတာ၊ အဆစ်အမြစ်ရောင်ရောဂါ၊ လည်ပင်းကျီးပေါင်းတက်ရောဂါ စတာတွေ ရှိကြတယ်။ တချို့လူတွေဆို ရောဂါဒဏ်ကို ဆိုးဆိုးရွားရွား ခံစားရလွန်းလို့ အိပ်ရာထဲ လဲသွားပြီး ကိုယ့်ကိုယ်ကိုယ်တောင် မစောင့်ရှောက်နိုင်တော့ဘူး။ တစ်ခါတုန်းက၊ ကျွန်မတို့ ထုတ်လုပ်မှု ပစ္စည်းတွေကို ပြင်ဆင်ရင်းနဲ့ အသည်းအသန် အလုပ်ရှုပ်နေတုန်း၊ ဝန်ထမ်းတစ်ယောက် ကြမ်းပြင်ပေါ်မှာ လဲနေတာကို ကျွန်မ မြင်လိုက်ရတယ်။ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ့မျက်လုံးတွေထဲမှာ မျှော်လင့်ချက်မဲ့မှုနဲ့ ကူကယ်ရာမဲ့မှုတွေ ရှိနေတယ်။ ဒီဝန်ထမ်းက လည်ပင်းကျီးပေါင်းတက်ရောဂါ ဖောက်လာလို့ ခံစားနေရတာလို့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မကို ပြောပြတယ်။ သူက ခေါင်းမူးပြီး အန်တယ်၊ သတိတောင် မေ့လုမတတ်ပဲ။ အရင်တုန်းကဆို သူက အင်တိုက်အားတိုက် အလုပ်လုပ်ခဲ့တာ။ လည်ပင်းကျီးပေါင်းတက်ရောဂါ ဖောက်တာက လူတစ်ယောက်ကို အချိန်မရွေး လဲကျသွားစေနိုင်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးမိခဲ့ဘူး။ ဒါက လူတစ်ယောက် ဘယ်လောက်ပဲ သန်မာပါစေ၊ ဖျားနာမှုနဲ့ ရင်ဆိုင်ရတဲ့အခါ ခုခံနိုင်စွမ်း မရှိဘူးဆိုတာကို ကျွန်မကို သဘောပေါက်စေခဲ့တယ်။ လူတွေဟာ တကယ်ကို သေးနုပ်ပြီး နုနယ်တာပဲ။ ဒီသက်ကြီးဝန်ထမ်းတွေဟာ ပိုက်ဆံတချို့ ရှာနိုင်ခဲ့ပေမဲ့၊ သူတို့ဘဝရဲ့ ထက်ဝက်ကို အဲဒီထဲမှာ ပုံအောခဲ့ရတယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ သူတို့ရဲ့ ခံစားခွင့်တွေ၊ လစာတွေ ဘယ်လောက်ပဲကောင်းကောင်း၊ သူတို့ရဲ့ ကျန်းမာရေးကို ဘယ်တော့မှ ပြန်ရနိုင်မှာ မဟုတ်ဘူး၊ ဖျားနာမှုရဲ့ ညှဉ်းပန်းနှိပ်စက်မှုက ယူဆောင်လာတဲ့ နာကျင်မှုကို ဖြေရှင်းဖို့ဆိုတာတော့ ဝေလာဝေးပဲ။ ကမ္ဘာပေါ်က ပိုက်ဆံတွေအားလုံး သူတို့မှာ ရှိနေရင်တောင် ဘာအသုံးကျမှာလဲ။ သူတို့ရဲ့ ဘဝတွေက နာကျင်မှုနဲ့ ဗလာနတ္ထိ ဖြစ်နေတုန်းပဲ မဟုတ်ဘူးလား။ ကျွန်မရဲ့ လည်ပင်းနဲ့ ခါးဆစ်ရိုးတွေလည်း အခြေအနေ မကောင်းဘူး၊ ပြီးတော့ ကျွန်မမှာ လေးဖက်နာလည်း ရှိနေတယ်။ ကျွန်မ ဒီအတိုင်းသာ ဆက်သွားနေရင်၊ တစ်နေ့ကျ အိပ်ရာထဲ လဲသွားမလား။ ဒီသက်ကြီးဝန်ထမ်းတွေဟာ ပိုက်ဆံရှာဖို့ သူတို့ဘဝရဲ့ အချိန်အတော်များများကို ကြိုးကြိုးစားစား လုပ်ခဲ့ကြတယ်။ သူတို့ဟာ ဘဝကောင်းတစ်ခုကို မခံစားခဲ့ရဘဲ၊ ဖျားနာမှုရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် မခံမရပ်နိုင်တဲ့ နာကျင်မှုတွေပဲ ကျန်ရစ်ခဲ့တယ်။ ဒါက ကျွန်မကို သတိလည်းပေးခဲ့တယ်။ လူတွေဟာ ဘုရားသခင်ကို မကိုးကွယ်ဘူး၊ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှု မရှိဘူးဆိုရင်၊ သူတို့ဟာ အချိန်မရွေး စာတန်ရဲ့ အန္တရာယ်ပြုတာကို ခံရနိုင်တယ်။ တည်ငြိမ်တဲ့ အလုပ်တစ်ခုကို ဆုပ်ကိုင်ထားတာက ပျော်ရွှင်မှုကို မယူဆောင်ပေးနိုင်ဘူး။ ကျွန်မ စပြီး တွေဝေလာတယ်၊ “ငါ ဒီအလုပ်ကို တကယ် ဆက်လုပ်ချင်သေးတာလား” ပေါ့။
သိပ်မကြာခင်မှာပဲ၊ တရားဟောဆရာမအဖြစ် ကျွန်မ အရွေးခံခဲ့ရတယ်။ ဒီတာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒရှိလားလို့ ခေါင်းဆောင်တွေက ကျွန်မကို မေးကြတယ်။ တရားဟောဆရာမတစ်ယောက် ဖြစ်လာရင် ကျွန်မ ပိုအလုပ်များလာမှာဖြစ်ပြီး အလုပ်သွားဖို့ အချိန်တောင် သိပ်ရှိတော့မှာ မဟုတ်ဘူးလို့ ကျွန်မ စဉ်းစားမိတယ်။ ကျွန်မ အလုပ်ထွက်ရမှာလား။ အလုပ်ထွက်လိုက်ရင် ခက်ခက်ခဲခဲ နေထိုင်ရလိမ့်မယ်၊ ဒါပေမဲ့ အလုပ်သွားလုပ်နေရင်လည်း အသင်းတော်ရဲ့ အလုပ်ကို အဟန့်အတား ဖြစ်စေလိမ့်မယ်။ အရင်တုန်းက အလုပ်များလို့ ကိုယ့်တာဝန်ကို စွန့်လွှတ်ခဲ့မိတဲ့အတွက် ဘုရားသခင်အပေါ် အကြွေးတင်နေပြီးသားရှိတာကို တွေးမိတယ်။ ကိုယ့်တာဝန်ကို နောက်တစ်ကြိမ် ထပ်ငြင်းဆန်လိုက်ရင်၊ အဲဒါက ပုန်ကန်လွန်းရာ မကျဘူးလား။ လွန်ဆွဲနေတဲ့ကြားကပဲ၊ အသင့်တော်ဆုံး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ရှာဖွေဖို့ ဘုရားသခင်ဆီ အကြိမ်ကြိမ် ဆုတောင်းခဲ့တယ်။ အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “ဤအချိန်သည် ကြီးမားသော အမှုကို ငါ၏ဝိညာဉ်က လုပ်ဆောင်နေချိန် ဖြစ်ပြီး တစ်ပါးအမျိုးသား တိုင်းနိုင်ငံများအကြား၌ ငါ၏အလုပ်ကို စတင်လုပ်ဆောင်ချိန် ဖြစ်သည်။ ထိုထက်ပို၍ပင် ဤအချိန်သည် ဖန်ဆင်းခံအားလုံးကို တစ်ဦးချင်း ယင်းတို့သက်ဆိုင်ရာ အုပ်စုအလိုက် ငါခွဲခြားချိန် ဖြစ်သည်။ ငါ၏ အလုပ် သာ၍ လျင်မြန်ထိရောက်စွာ ရှေ့ဆက်နိုင်ရန်အတွက်လည်းကောင်း၊ ရလဒ်များကို ပို၍ စွမ်းဆောင်ရရှိနိုင်စွမ်း ရှိရန်အတွက်လည်းကောင်း ထိုသို့လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ငါသင်တို့ဆီမှ တောင်းဆိုနေသည်မှာ ငါ၏အလုပ်အားလုံးအတွက် သင်၏ဖြစ်တည်ခြင်း တစ်ရပ်လုံးကို ဆက်ကပ်ရန် ဖြစ်ပြီး ထို့ထက်မက သင်တို့အပေါ် ငါပြုခဲ့ပြီးသောအမှုအားလုံးကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ပြီး တိကျမှန်ကန်မှုဖြင့် ရှုမြင်ကာ ငါ၏ အမှုက သာ၍ကြီးမြတ်သော ရလဒ်များ ရရှိနိုင်စေရန် ယင်းအပေါ်၌ သင်တို့၏ စွမ်းအားအလုံးစုံကို အသုံးခံရန်ပင် ဖြစ်သည်။ သင်နားလည်ရမည်ကား ဤအချက် ဖြစ်သည်။ ငါ၏အလုပ်နှင့် သင်တို့၏ ကောင်းမွန်သော အနာဂတ်ကို နှောင့်နှေးစေခြင်းမှ ရှောင်ကြဉ်ရန်အလို့ငှာ သင်တို့အချင်းချင်း ယှဉ်ပြိုင်ခြင်းကိုဖြစ်စေ၊ အရေးပေါ် အစီအစဉ်ကို ရှာဖွေခြင်းဖြစ်စေ၊ သင်တို့၏ ဇာတိပကတိအတွက် သာယာမှုကို ရှာဖွေခြင်းကိုဖြစ်စေ ရပ်တန့်ကြလော့။ ထိုသို့ပြုခြင်းသည် သင်တို့ကို ကာကွယ်ပေးရန် ဝေးစွ၊ သင်တို့အပေါ်သို့ ပျက်စီးခြင်းကိုသာ ဆောင်ကြဉ်းလာနိုင်ပေမည်။ ယင်းသည် သင်မိုက်မဲခြင်းပင် ဖြစ်သည် မဟုတ်လော။ ယနေ့ သင် မွေ့လျော်နေသော အရာသည် သင်၏အနာဂတ်ကို ဖျက်ဆီးမည့်အရာ ဖြစ်ပြီး ယနေ့ သင် ကြံ့ကြံ့ခံနေသည့် နာကျင်မှုသည် သင့်ကို အကာအကွယ်ပေးနေသည့် အရာပင် ဖြစ်သည်။ သင်သည် ဤအရာများကို ရှင်းရှင်းလင်းလင်း သိရမည်၊ ယင်းသည် သင် ရုန်းထွက်လွတ်မြောက်ရာ၌ အခက်တွေ့မည့် စုံစမ်းသွေးဆောင်မှုများ၏ သားကောင် ဖြစ်ခြင်းမှ ရှောင်ရှားရန်နှင့် ထူထပ်သည့်မြူထဲ၌ စမ်းတဝါးဝါးဖြစ်ပြီး နေကို နောက်တစ်ကြိမ် လုံးဝ မမြင်နိုင်ခြင်းအား ရှောင်ရှားရန်အလို့ငှာ ဖြစ်သည်။ ထူထပ်သည့်မြူ ရှင်းသွားသောအခါမှ ကြီးမြတ်သည့်နေ့၏ တရားစီရင်ခြင်း အလယ်၌ သင်ရောက်နေသည်ကို သင်တွေ့မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်) ကျွန်မတို့ကနိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေတဲ့နေရာမှာ အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုကို ရောက်နေပြီဆိုတာကို ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်မ နားလည်သွားခဲ့တယ်။ ကျွန်မရဲ့ တည်ငြိမ်တဲ့အလုပ်ကို ဆုပ်ကိုင်ထားဖို့နဲ့ ပြည့်စုံကြွယ်ဝတဲ့ ဘဝကို လိုက်စားဖို့ပဲ တွေးနေမယ်ဆိုရင်၊ နောက်ဆုံးမှာ ဇာတိပကတိထဲ ကျဆင်းပြီး စာတန်ရဲ့ ဝါးမျိုတာကို ခံရပြီး၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရမယ့် အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မယ်။ အရင်တုန်းက ကျွန်မက ဘုရားသခင်ကို ယုံကြည်ပြီး စုဝေးပွဲတွေ တက်ခဲ့ပေမဲ့၊ သမ္မာတရားကို လိုက်စားဖို့၊ ဒါမှမဟုတ် ကိုယ့်တာဝန်ကို သေချာထမ်းဆောင်ပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ အာရုံမစိုက်ခဲ့ဘူးဆိုတာကို ကျွန်မ ပြန်သုံးသပ်မိတယ်။ ကျွန်မ တွေးခဲ့သမျှက ပြည့်စုံကြွယ်ဝတဲ့ ကောင်းမွန်တဲ့ ဘဝတစ်ခုကို လိုက်စားဖို့ပဲ။ ဒီတည်ငြိမ်တဲ့ အလုပ်လေးရှိရင် နေ့စဉ်ကုန်ကျစရိတ်တွေအတွက် ပူစရာမလိုတော့ဘဲ အသက်ကြီးလာရင်လည်း အာမခံချက်ရှိမယ်လို့ ထင်ခဲ့တာ။ ဒါကြောင့် ကျွန်မရဲ့ ခွန်အားနဲ့ အချိန်တွေ အားလုံးကို အလုပ်ထဲမှာပဲ မြှုပ်နှံထားခဲ့တယ်၊ မိုးလင်းကနေ မိုးချုပ်အထိ အလုပ်ကြိုးစားပြီး ဟိုဒီပြေးလွှားနေခဲ့တာ။ သတ်မှတ်ထားတဲ့အချိန်အတွင်း ထုတ်လုပ်မှု ပမာဏကို မပြည့်မီဘဲ တည်ငြိမ်တဲ့အလုပ်ကို ဆုံးရှုံးရမှာကို အရမ်းကြောက်ခဲ့တယ်။ အလုပ်နဲ့ တာဝန်ထမ်းဆောင်တာကြား ပဋိပက္ခဖြစ်လာတိုင်း၊ အသင်းတော်ရဲ့ အလုပ်ကို လုံးဝ ဂရုမစိုက်ခဲ့ဘူး။ စုဝေးပွဲတွေနဲ့ ကျွန်မရဲ့ တာဝန်ကို စွန့်လွှတ်ခဲ့ပြီး၊ ကျွန်မရဲ့ တည်ငြိမ်တဲ့အလုပ်ကို ထိန်းထားဖို့အတွက် အချိန်နဲ့ ခွန်အားတွေ အားလုံးကို ပုံအောခဲ့တယ်။ ရလဒ်အနေနဲ့၊ ဒါက ကျွန်မကို သက်သာရာရမှုနဲ့ စိတ်အေးချမ်းမှု မပေးနိုင်ခဲ့တဲ့အပြင်၊ ဖျားနာမှုရဲ့ ညှဉ်းပန်းနှိပ်စက်မှုကိုပါ ခံစားရစေခဲ့တယ်။ ကိုယ်ရောစိတ်ပါ ခြေကုန်လက်ပန်းကျပြီး ဘုရားသခင်နဲ့ ပိုပို ဝေးကွာသွားစေခဲ့တယ်။ ကျွန်မရဲ့ အသက်တာ ကြီးထွားမှုအတွက် တရားဟောဆရာမတစ်ယောက်အနေနဲ့ လေ့ကျင့်ဖို့ ဘုရားသခင်က ကျေးဇူးတော် ချပေးခဲ့ပေမဲ့၊ ကျွန်မကတော့ ကိုယ့်အတွက် ဘာကောင်းတယ်ဆိုတာ မသိဘဲ၊ ဇာတိပကတိရဲ့ သာယာမှုတွေကို ခံစားချင်သေးလို့ တာဝန်ကို ငြင်းပယ်ခဲ့တယ်ဆိုတာကို တွေးမိတယ်။ ကျွန်မဟာ တကယ်ကို အသိတရားနဲ့ ဆင်ခြင်တုံတရား လုံးဝကို ကင်းမဲ့နေခဲ့တာပါပဲ။ အရက်ချက်စက်ရုံက ဘာသာတရားမရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကျွန်မ တွေးမိတယ်။ သူတို့ဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းမှုနဲ့ ထောက်ပံ့မှုကို မရရှိခဲ့ဘဲ၊ အမြဲတမ်း ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ရုန်းကန်ခဲ့ကြတယ်။ ရလဒ်အနေနဲ့၊ သူတို့လိုချင်တဲ့ ဘဝကို မရခဲ့တဲ့အပြင်၊ တချို့ဆို အိပ်ရာထဲ လဲသွားပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေတဲ့ ဖျားနာမှုရဲ့ နာကျင်မှုတွေထဲမှာ ညှဉ်းပန်းခံနေရတယ်။ တခြားသူတွေရဲ့ အရင်က ကံဆိုးမှုတွေကနေ ရတဲ့ ဒီသင်ခန်းစာတွေဟာ ကျွန်မအတွက် သတိပေးမှုတွေပါပဲ။ ကိုယ့်ရဲ့ ခေါင်းမာတဲ့ မိုက်မဲမှုကို ဆက်လက် ဆုပ်ကိုင်ထားပြီး၊ ထွန်တုံးကို ကိုင်ရင်း နောက်ကို လှည့်ကြည့်နေမယ်ဆိုရင်၊ နောက်ဆုံးသောကာလမှာ လူတွေကို ဘုရားသခင် ကယ်တင်မယ့် အနှစ်တစ်ထောင်မှာ တစ်ခါသာရနိုင်တဲ့ အခွင့်အရေးကို ကျွန်မ လွဲချော်သွားလိမ့်မယ်။ ကြီးမားတဲ့ ကပ်ဘေးတွေ ကျရောက်လာတဲ့အခါ၊ ကျွန်မဟာ မယုံကြည်သူတွေနဲ့အတူ အမှောင်ထဲမှာ ကျဆင်းပြီး ငိုကြွေးအံကြိတ်နေရလိမ့်မယ်။ ဒီအချိန်အတွင်းမှာ၊ ကျွန်မ တာဝန်ထမ်းဆောင်ရာမှာ အခက်အခဲတွေ ကြုံရတဲ့အခါ သမ္မာတရားကို ရှာဖွေဖို့ ဆုတောင်းခဲ့လို့၊ ကျွန်မရဲ့ အသက်တာမှာ တိုးတက်မှုတချို့ ရှိလာပြီး သမ္မာတရားတချို့ကို နားလည်လာခဲ့တယ်။ ဒါတွေဟာ အရင်က တစ်ခါမှ မရခဲ့ဖူးတဲ့ အကျိုးအမြတ်တွေပါ။ ဒါကို တွေးမိတဲ့အခါ၊ ကျွန်မ တရားဟောဆရာမ တာဝန်ကို လက်ခံလိုက်တယ်။
တရားဟောဆရာမ ဖြစ်လာပြီးနောက်ပိုင်း၊ ကျွန်မ ပိုပိုပြီး အလုပ်များလာတယ်။ အချိန်အတော်ကြာတော့ အလုပ်များတဲ့ရာသီ ပြန်ရောက်လာတယ်။ ကျွန်မရဲ့ စုဝေးပွဲအချိန်တွေက အလုပ်နဲ့ ခဏခဏ တိုက်နေလို့၊ ခွင့်ယူဖို့ ပိုပို ခက်လာတယ်။ တစ်ခါတုန်းက ဒါရိုက်တာက မကျေမနပ်နဲ့၊ “ခင်ဗျားက နေ့တိုင်း ခွင့်ယူနေမယ်ဆိုရင်၊ အလုပ်ထွက်လိုက်တော့” လို့ ကျွန်မကို ပြောတယ်။ ဒါရိုက်တာ ဒီလိုပြောတာကို ကြားတော့၊ ကျွန်မစိတ်ထဲမှာ ဘောင်ခတ်ခံရသလို ခံစားရပြီး စတင် တွေဝေလာတယ်၊ “ငါ့တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ချင်ရင် အလုပ်ထွက်မှ ဖြစ်မယ်။ ဒါပေမဲ့ ဒီတည်ငြိမ်တဲ့ အလုပ်ကို ဆုံးရှုံးရမှာ နည်းနည်း တွန့်ဆုတ်နေသေးတယ်။ ဒီအစိုးရပိုင်လုပ်ငန်းမှာ အမြဲတမ်းဝန်ထမ်း ဖြစ်လာဖို့ အတော်လေးကို ခက်ခဲခဲ့တာ။ အခု အလုပ်ထွက်မယ်လို့ ပြောရင်၊ ငါ့မိသားစုက ဘယ်လိုမှ သဘောတူမှာ မဟုတ်ဘူး။ နောက်သုံးလေးနှစ်နေရင် ငါ့သားက အိမ်ဝယ်ဖို့၊ အိမ်ထောင်ပြုဖို့ လိုလာတော့ ကုန်ကျစရိတ်တွေ အများကြီး ရှိလာဦးမှာ။ ငါ တကယ် အလုပ်ထွက်လိုက်ရင်၊ ဒီကစပြီး ဆင်းရဲတဲ့ဘဝနဲ့ နေရတော့မယ်။ အသက်ကြီးလာရင် အခြေခံ စားဝတ်နေရေးအတွက်တောင် ရုန်းကန်ရလိမ့်မယ်” ပေါ့။ ကျွန်မ တွေဝေနေချိန်မှာ၊ ရှာဖွေဖို့အတွက် ဘုရားသခင်ဆီ အကြိမ်ကြိမ် ဆုတောင်းခဲ့တယ်။ သခင်ယေရှု ပြောခဲ့တဲ့ စကားတွေကို ကျွန်မ တွေးမိတယ်။ “မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။” (ရှင်မဿဲခရစ်ဝင် ၆:၂၆) ဘုရားနှုတ်ကပတ်တော်တွေကိုလည်း တွေးမိတယ်။ “အသင်းတော်၏အလုပ်ကို အမြဲ တွေးလော့။ သင်ကိုယ်တိုင်၏ အသွေးအသား မျှော်လင့်ချက်များကို ဘေးဖယ်လော့၊ မိသားစု ကိစ္စများနှင့်ပတ်သက်၍ တိကျပြတ်သားလော့၊ ဘုရားသခင်၏ အမှုအဖို့ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ပြီး၊ ဘုရားသခင်၏အမှုကို ပထမဦးစားပေးကာ သင်ကိုယ်တိုင်၏ ဘဝကို ဒုတိယထားလော့။ ဤသည်မှာ သန့်ရှင်းသူတစ်ဦး၏ ကျင့်ဝတ်ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်) ဘုရားသခင်က မိုးကောင်းကင်က ငှက်တွေကို သူတို့ ရှင်သန်ဖို့ လိုအပ်တာတွေ ပေးထားတယ်။ သူတို့က အသက်ရှင်ဖို့အတွက် တစ်နေ့ကုန် ပြေးလွှားနေစရာ မလိုဘူး။ တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း အလုပ်မလုပ်ဘဲ ရှင်သန်နိုင်ကြတယ်။ အဲဒီနောက် ကျွန်မကိုယ်ကျွန်မ ပြန်တွေးကြည့်တယ်။ ကျွန်မသား အိမ်ထောင်ပြုဖို့ ပိုက်ဆံဘယ်လောက်ကုန်မလဲ ဆိုတာရယ်၊ အသက်ကြီးလာရင် စားဝတ်နေရေးအတွက် ရုန်းကန်ရမလား ဆိုတာတွေ အားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိတာပဲလေ။ အနာဂတ်အကြောင်း အများကြီး တွေးနေတော့ရော ဘာအသုံးကျမှာလဲ။ မောရှေက ဣသရေလလူတွေကို အီဂျစ်ကနေ ခေါ်ထုတ်လာတုန်းက၊ သူတို့ တောကန္တာရထဲ ရောက်တော့ စားစရာ ဘာမှမရှိတာကို ကျွန်မ သတိရမိတယ်။ သူတို့ အဝစားနိုင်အောင် ဘုရားသခင်က မန္နမုန့်နဲ့ ငုံးတွေကို ချပေးခဲ့တယ်။ တချို့လူတွေက နောက်နောင် ဗိုက်ဆာမှာကြောက်လို့ နောက်မှစားဖို့ မန္နမုန့်တချို့ကို တိတ်တဆိတ် သိမ်းထားခဲ့ကြတယ်။ နောက်နေ့ကျတော့ အဲဒီမန္နမုန့်တွေက ပုပ်ကုန်ရောလေ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ရိုးရိုးရှင်းရှင်း နာခံပြီး၊ ဘုရားသခင် လမ်းပြရာနောက်ကို လိုက်တဲ့သူတွေကတော့၊ နောက်ဆုံးမှာ ဘုရားသခင် လမ်းပြတဲ့ ကတိထားရာ ခါနာန်ပြည်ကို ရောက်သွားကြတယ်။ အခု၊ ကျွန်မမှာ အခြေခံ လိုအပ်ချက်တွေ မချို့တဲ့ဘူး၊ စားစရာ၊ ဝတ်စရာ ရှိရုံနဲ့ ရောင့်ရဲသင့်တယ်။ ဒါပေမဲ့၊ အနာဂတ်မှာ စားဝတ်နေရေးအတွက် နည်းလမ်းမရှိမှာကို ကျွန်မ အမြဲ စိုးရိမ်နေခဲ့တယ်။ ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းက သိပ်နည်းလွန်းတယ်။ အခုအချိန်မှာ ဘုရားသခင်က လူတွေကို ကယ်တင်ဖို့ အလွန် အလိုရှိနေပြီး၊ ဧဝံဂေလိတရား ဖြန့်ဝေဖို့က အရေးအကြီးဆုံး ကိစ္စပဲ။ အမှောင်ထဲမှာ ခါးခါးသီးသီး ရုန်းကန်နေရဆဲဖြစ်တဲ့ လူတွေကို ဘုရားသခင်ရှေ့မှောက်ကို ကျွန်မတို့ ပိုပြီး ခေါ်ဆောင်ရမှာတင်မကဘဲ လူသစ်တွေ မှန်တဲ့လမ်းခရီးမှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ် ချနိုင်ဖို့ အချိန်မီ ရေလောင်းပေးဖို့လည်း လိုအပ်တယ်။ ကျွန်မရဲ့ တာဝန်ကို ပထမနေရာမှာထားပြီး၊ တာဝန်ထဲမှာ ကျွန်မရဲ့ စိတ်နှလုံးတစ်ခုလုံးကို မြှုပ်နှံထားသင့်တယ်။ ဒါမှသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတာပါ။ ဒါကြောင့် အလုပ်ထွက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဘုရားသခင်ဆီ အလေးအနက် ဆုတောင်းခဲ့တယ်။ ကိုယ့်သဘောနဲ့ကိုယ် အလုပ်ထွက်လိုက်ရင်၊ မိသားစုက သေချာပေါက် သဘောမတူဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး ကျွန်မ တာဝန်ထမ်းဆောင်တာကို အဟန့်အတား ဖြစ်စေလိမ့်မယ်လို့ တွေးမိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ကျွန်မရဲ့ ခါးဆစ်ရိုးတွေ မသက်မသာဖြစ်နေလို့၊ ဒါကို အကြောင်းပြပြီး ရေရှည် ဆေးခွင့် တင်လိုက်တယ်။ အဲဒီနောက်တော့ ကျွန်မ အလုပ်ကို တကယ်တမ်း မသွားတော့ဘဲ၊ အချိန်တွေကို တာဝန်ထဲမှာ လုံးလုံးလျားလျား မြှုပ်နှံထားနိုင်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “ပုံမှန်လူတို့အနေဖြင့်လည်းကောင်း၊ ဘုရားသခင်ကို ချစ်ရန် ကြိုးပမ်းသူများအဖြစ်လည်းကောင်း နိုင်ငံတော်သို့ ဝင်ရောက်၍ ဘုရားသခင်၏ လူများဖြစ်လာခြင်းသည် သင်တို့၏ စစ်မှန်သော အနာဂတ်ဖြစ်သည့်အပြင် အလွန်တရာ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုလည်း ဖြစ်၏။ သင်တို့ထက် သာ၍ ကောင်းချီးခံစားရသောသူ တစ်ဦးမျှ မရှိပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အဓိပ္ပာယ်ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသော ဤလူအုပ်စုသည်သာ အဓိပ္ပာယ်အရှိဆုံးဖြစ်သည့် အသက်တာကို အသက်ရှင်နေထိုင်နိုင်သည်။ ကမ္ဘာမြေပေါ်ရှိ အခြားမည်သူမျှ သင်တို့ကဲ့သို့ ထိုသို့သော တန်ဖိုးနှင့် အဓိပ္ပာယ် ရှိသည့် အသက်တာကို အသက်ရှင်နေထိုင်နိုင်ခြင်း မရှိကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) ဒီနေ့မှာ၊ ဘုရားသခင်က ကျွန်မကို သူ့ရှေ့မှောက်ကို ခေါ်ဆောင်လာပြီး ကျေးဇူးတော် ချပေးခဲ့တယ်။ ဖန်ဆင်းရှင်ရဲ့ မိန့်မြွက်ချက်တွေနဲ့ နှုတ်ကပတ်တော်တွေကို ကြားရတာ၊ သမ္မာတရားတချို့ကို နားလည်လာတာ၊ ကိစ္စတချို့ကို ထိုးထွင်းသိမြင်လာတာ၊ ပိုက်ဆံကို လိုက်စားခြင်းရဲ့ ထိခိုက်မှုနဲ့ အကျိုးဆက်တွေကို ပိုင်းခြားသိမြင်နိုင်စွမ်း ရလာတာ၊ ပိုက်ဆံအတွက် လုံးပန်းနေရတဲ့ ဗလာနတ္ထိနဲ့ နာကျင်စရာကောင်းတဲ့ နေ့ရက်တွေကို နောက်မှာချန်ထားနိုင်ခဲ့တာ၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းနိုင်ခဲ့တာ၊ ပြီးတော့ မှန်ကန်တဲ့ ဘဝလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ခဲ့တာတွေ အားလုံးဟာ ကျွန်မ ကံကောင်းလို့ပါပဲ။ ဒါတွေအားလုံးက ကျွန်မအပေါ် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပဲ။ ရုပ်ပိုင်းဆိုင်ရာ သာယာမှုတွေ နည်းသွားပေမဲ့၊ ကျွန်မ စိတ်နှလုံးက အေးချမ်းတယ်။ ကြည်လင်ပြီး ဉာဏ်အလင်းပွင့်တယ်။ ဧဝံဂေလိတရား ဟောပြောခြင်းအားဖြင့်၊ ဘုရားသခင်ကို ယုံကြည်သူတွေကို ဘုရားသခင်ရဲ့ ကယ်တင်ခြင်း ရရှိအောင် သူ့ရှေ့မှောက် ပိုခေါ်ဆောင်လာတာဟာ အတန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး အရာဆိုတာကို ကျွန်မ တွေ့ကြုံခဲ့ရတယ်။
အဲဒီနောက်မှာ၊ ကျွန်မရဲ့ အနာဂတ် စားဝတ်နေရေးကို ဘုရားသခင်ရဲ့ လက်တော်ထဲ အပ်နှံလိုက်ပြီး၊ စီစဉ်တွက်ချက်တာတွေကို ရပ်တန်းက ရပ်လိုက်တယ်။ ကျွန်မရဲ့ စိတ်နှလုံးဟာ ဒီလိုကိစ္စတွေကြောင့် ဘောင်ခတ်မခံရတော့ဘဲ၊ စိတ်ကို ငြိမ်သက်စေပြီး တာဝန်ကို ထမ်းဆောင်နိုင်ခဲ့တယ်။ ဒီကာလအတွင်းမှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရှုခြင်းအားဖြင့်၊ သမ္မာတရား များစွာကို နားလည်လာပြီး၊ ကိုယ်ပိုင် စာတန်ဆန်တဲ့ သဘာဝကိုလည်း နားလည်လာခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့တယ်။ ဒါက ဘုရားသခင်နောက်ကို လိုက်ဖို့ ယုံကြည်ခြင်း ပိုရစေခဲ့တယ်။ ကျွန်မ မျှော်လင့်မထားတာကတော့၊ ၂၀၁၅ ခုနှစ်မှာ ကျွန်မ အရက်ချက်ရုံက ထွက်လာတာ ဆယ်စုနှစ်နီးပါး ကြာပြီးနောက်၊ အရက်ချက်ရုံက သက်ကြီးဝန်ထမ်းတွေကို ထောက်ပံ့ကြေး ယွမ် ၆ သောင်းတိတိ ပေးခဲ့တာပဲ။ တခြားဝန်ထမ်းတွေက ဒါကိုရဖို့ လက်ဆောင်တွေပေး၊ ဧည့်ခံကျွေးမွေးတာတွေနဲ့ ပိုက်ဆံအများကြီး ကုန်ခဲ့ပြီး ဟိုဒီ ပြေးလွှားခဲ့ရပေမဲ့၊ ကျွန်မကတော့ တစ်ပြားမှ မကုန်ဘဲ ရခဲ့တယ်။ ဒါက ဒီအရာအားလုံးအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲထားတယ်ဆိုတာနဲ့၊ လူတွေ ကိုယ်တိုင် စီစဉ်လို့ ရတဲ့အရာ မဟုတ်ဘူးဆိုတာကို ကျွန်မကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်စေခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရယ်ချိုး၊ ယူနိုက်တက်ကင်းဒမ်းကျွန်မကို တရုတ်ပြည်တောင်ပိုင်းက မြို့ငယ်လေးတစ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ကျွန်မအဖေက ဒေသမှာ နာမည်ကြီးတဲ့...
တရုတ်ပြည်မှ မုန်ဖန်ကျွန်မ ငယ်ငယ်တုန်းက မိဘတွေ ဆုံးပါးသွားတယ်။ အိမ်မှာ မောင်နှမတွေ များပြီး၊ အရမ်းလဲ ဆင်းရဲတော့ အိမ်နီးနားချင်းတွေအားလုံးက...
ဒုကျွမ်း ဂျပန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု...
ကျင်းရီ၊ တရုတ်ပြည်ကျွန်မက သာမန် လယ်သမား မိသားစုကနေ မွေးဖွားလာတာပါ။ ကျွန်မ ကြီးလာရင် လူရာဝင်အောင်၊ ကောင်းကောင်းမွန်မွန် နေနိုင်အောင်...