ပစ္စည်းဥစ္စာနှင့် ကျော်ကြားမှု နွံထဲမှ ရုန်းထွက်လွတ်မြောက်ခြင်း

04.05.2025

ရှန်ကျဲ၊ တရုတ်နိုင်ငံ

ကျွန်မ ငယ်ငယ်တုန်းက မိသားစုက ဆင်းရဲပြီး လူတွေက ကျွန်မတို့ကို ခဏခဏ အထင်သေးကြတယ်။ ဒါကြောင့် ကျွန်မ တွေးခဲ့တယ်၊ “ငါ ကြီးလာရင် ပိုက်ဆံတွေ အများကြီးရှာရမယ်၊ ဒါမှ သူတို့ ငါ့ကို အထင်ကြီးလေးစားကြမှာ” လို့ပေါ့။ နောက်တော့ ကျွန်မ အိမ်ထောင်ကျခဲ့တယ်၊ ဒါပေမဲ့ ကျွန်မယောက်ျားရဲ့ မိသားစုကလည်း ဆင်းရဲတယ်။ ကျွန်မ တတ်နိုင်သမျှ နေရာတိုင်းမှာ ပိုက်ဆံရှာဖို့ နည်းလမ်းတွေ ရှာဖွေခဲ့တယ်။ ဘယ်အခွင့်အရေးကိုမှ လက်မလွှတ်ခဲ့ဘူး။ ကျွန်မတို့ တက္ကစီမောင်းတာ၊ ဟင်းသီးဟင်းရွက်ရောင်းတာတွေ ကြိုးစားလုပ်ခဲ့ပေမဲ့ ပိုက်ဆံများများစားစား မရခဲ့ဘူး။ ဒါပေမဲ့ ကျွန်မ လက်မလျှော့ခဲ့ဘူး။ ကျွန်မရဲ့ ဝမ်းကွဲအစ်မ ကမာမှိုစိုက်ပြီး ပိုက်ဆံကောင်းကောင်းရတာ၊ တိုက်အိမ်တစ်လုံးကို အမြန်ဆောက်နိုင်ခဲ့တာကို ကျွန်မ မြင်ခဲ့တယ်။ ဒါကြောင့် သူ့ဆီကနေ မှိုစိုက်ပျိုးနည်းကို သင်ယူဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မတို့ ဆောင်းဦးကနေ နွေဦးအထိ အလုပ်ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မတို့မှိုတွေ ဈေးကွက်ထဲရောက်တဲ့အခါ လိုတာထက် ပိုလျှံနေပြီး နေရာတကာမှာ မှိုတွေချည်းပဲ ဖြစ်နေခဲ့တယ်။ ကျွန်မတို့ အဆုံးသတ်တော့ ပိုက်ဆံတစ်ပြားမှ မရခဲ့ဘူး။ ကျွန်မတို့ရဲ့ ခြောက်လတာ ကြိုးစားမှုက အလဟဿ ဖြစ်ခဲ့ရတယ်။ အလုပ်လုပ်ရင်း အချိန်ကြာကြာ ခါးကုန်းရတာကြောင့် ခါးဆစ်ကျွံသွားခဲ့တယ်။ နေရာတကာမှာ ဆေးကုသမှုတွေ လိုက်ရှာရင်း ပိုက်ဆံတွေ အများကြီး ကုန်ခဲ့ရတယ်။ အဲဒါက ကျွန်မတို့ရဲ့ အားရစရာမရှိတဲ့ ငွေရေးကြေးရေးအခြေအနေကို ပိုဆိုးသွားစေခဲ့တယ်။ ဒါပေမဲ့ ကျွန်မ လက်မလျှော့ခဲ့ဘူး။ တစ်နေ့မှာ သတင်းတစ်ခု ကျွန်မ တွေ့လိုက်တယ်။ ခိုမွေးမြူရေးခြံကြီးတစ်ခုက တစ်နှစ်ကို ယွမ် သန်းပေါင်းများစွာ ဝင်နေတဲ့အကြောင်းပေါ့။ ကျွန်မ မျက်လုံးတွေ အရောင်တောက်သွားတယ်။ “သန်းပေါင်းများစွာ။ ဒီနားမှာ ခိုမွေးမြူရေးခြံ မရှိဘူး။ ငါ အခုစလိုက်ရင် သုံးလေးနှစ်အတွင်း သူဌေးဖြစ်လာနိုင်တယ်” လို့ပေါ့။ ဒါကြောင့် ကျွန်မတို့ ခိုမွေးမြူဖို့ ချေးငွေယူခဲ့ကြတယ်။ ခိုလေးတွေ ပေါက်လာတာကို မြင်ရတော့ ကျွန်မ တက်ကြွပြီး စိတ်အားထက်သန်မှု အပြည့်ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မတို့ ပထမအသုတ်ကို ရောင်းဖို့ အသင့်ဖြစ်နေချိန်မှာပဲ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတစ်ခု ပေါ်လာခဲ့တယ်။ ကျွန်မတို့ ယွမ် ၂၀၀၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်။ တစ်နှစ်တာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးနောက် ပိုက်ဆံဆုံးရှုံးရတယ်ဆိုတဲ့ အတွေးက ကျွန်မနှလုံးသားကို ဓားနဲ့လှီးလိုက်သလိုပဲ။ ညဘက် အိပ်ရာထဲ လှဲနေရင်း ကျွန်မ ငိုပြီး ကိုယ့်ကိုယ်ကိုယ် မေးခဲ့တယ်။ “ငါ့ကံကြမ္မာက ဘာလို့ ဒီလောက် ကြမ်းတမ်းရတာလဲ။ သူများတွေ လွယ်လွယ်ကူကူ ရှာနိုင်ပုံရတဲ့အချိန်မှာ ငါ့အတွက် ပိုက်ဆံရှာရတာ ဘာလို့ ဒီလောက် ခက်ခဲရတာလဲ” လို့ပေါ့။ စိတ်ဖိစီးမှုက ကျွန်မကျန်းမာရေးကို ထိခိုက်စေခဲ့တယ်။ ကျွန်မ စားမဝင် အိပ်မပျော်ဖြစ်ပြီး အစာအိမ်ရောဂါ ဖြစ်ခဲ့တယ်။ ကျွန်မကိုယ်အလေးချိန်က ကီလိုဂရမ် လေးဆယ်ကျော်လေးအထိ ကျသွားပြီး လမ်းလျှောက်ရင် ယိုင်နဲ့ယိုင်နဲ့ ဖြစ်ခဲ့တယ်။ အဲဒီလိုဖြစ်တာတောင်မှ ကျွန်မ လက်မချင်ခဲ့ဘူး၊ တွေးနေမိတာက “ငါ့မှာလည်း သူများတွေလိုပဲ ခေါင်းတစ်လုံးနဲ့ လက်နှစ်ဖက် ရှိတာပဲ။ ငါ ဘယ်သူ့ထက်မှ ဉာဏ်မနည်းဘူး။ ငါ ပိုက်ဆံ မရှာနိုင်ဘူးဆိုတာ မယုံဘူး။ ငါ နောက်တစ်ခါ ထပ်ကြိုးစားကြည့်ရမယ်” လို့ပေါ့။ နောက်ပိုင်းမှာ အသားကင်ရောင်းတာက အမြတ်အစွန်းရှိတယ်လို့ ကျွန်မ ကြားခဲ့တယ်။ ကျန်းမာရေး မကောင်းတဲ့ကြားထဲက တခြားမြို့မှာ အဲဒီလုပ်ငန်းကို သွားလေ့လာခဲ့တယ်။ အိမ်ပြန်ရောက်ပြီးနောက်မှာ အသားကင်ဆိုင်တစ်ဆိုင် ကျွန်မ ဖွင့်ခဲ့တယ်။ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကြောင့် လုပ်ငန်းက ကြာရှည်မခံဘဲ ကျွန်မ ဆိုင်ပိတ်လိုက်ရတယ်။ ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ တခြားသူတွေက ဒီလိုလုပ်ငန်းတွေမှာပဲ အောင်မြင်မှုတွေရနိုင်ပြီး တစ်ညကို ယွမ် ၃,၀၀၀ ဝင်နေကြပေမဲ့ ကျွန်မမှာတော့ ဘာလို့ တစ်ပြားမှ မဝင်ရတာလဲ။ ကျွန်မဟာ “ရည်မှန်းချက်တော့ ကြီးပါရဲ့၊ ဒါပေမဲ့ ကံမကောင်းရှာဘူး” လို့ အမေက မကြာခဏ ပြောခဲ့တာကို ကျွန်မ သတိရမိတယ်။ ကျွန်မအစ်မက ဟင်းသီးဟင်းရွက်လုပ်ငန်းနဲ့ သုံးလေးနှစ်အတွင်းမှာ ချမ်းသာလာပြီး အိမ်ကြီးအိမ်ကောင်းတွေ ဆောက်လို့ ငွေသိန်းနဲ့ချီ စုမိတာကို ကျွန်မ စဉ်းစားမိတယ်။ ကျွန်မကတော့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ရုန်းကန်ခဲ့ရပြီး ကျရှုံးခဲ့ရတယ်။ ဒါက တကယ်ပဲ ကျွန်မကံကြမ္မာလား။ ကျွန်မ အဲဒီအကြောင်းကို စဉ်းစားလေလေ၊ ပိုပြီး စိတ်ဆင်းရဲလေလေ ဖြစ်ခဲ့ရတယ်။ ကျွန်မ စိတ်ပျက်အားငယ်သွားတာ လေးငါးရက်လောက် မျှော်လင့်ချက်မဲ့ပြီး နေမကောင်းလို့ လှုပ်လည်းမလှုပ်ချင်ဘူး။ ထာဝစဉ် အိပ်စက်သွားပြီး ဘယ်တော့မှ ပြန်မနိုးထလာတော့ဖို့ ကျွန်မ ဆုတောင်းမိတယ်။ ဒီဘဝက သိပ်ကို ခက်ခဲလွန်းတယ်။ ကျွန်မယောက်ျားကလည်း နေ့တိုင်း သူ့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို အရက်ထဲမှာ နှစ်မြှုပ်ထားခဲ့တယ်။

အဲဒီနောက်မှာ ကျွန်မတို့ မနက်စာရောင်းတဲ့ လုပ်ငန်းကို စတင်ခဲ့ကြတယ်။ ဖြစ်ချင်တော့ အဲဒီလုပ်ငန်းက အရမ်းအောင်မြင်လို့ ကျွန်မမှာ အံ့အားသင့်ခဲ့ရတယ်။ ကျွန်မတို့ နေ့တိုင်း မနက် ၁ နာရီမှာ အိပ်ရာထပြီး မနက် ၁၀ နာရီထိ အလုပ်လုပ်ကြတာ အဲဒီအချိန်မှပဲ ကိုယ့်အတွက် မနက်စာ စားနိုင်တယ်။ ဒီလို အဆာခံတာက ကျွန်မရဲ့ အစာအိမ်ပြဿနာကို ပိုဆိုးစေခဲ့ပြီး အစာအိမ်အချဉ်ပေါက်တာနဲ့ သွေးတွင်းသကြားဓာတ်နည်းတာတွေ ဖြစ်ခဲ့တယ်။ အဲဒါက ကျွန်မယောက်ျားရဲ့ လည်ပင်းကြီး အရိုးကျီးပေါင်းတက်ခြင်းကိုလည်း ဖြစ်ပေါ်စေပြီး သူ့လက်မောင်းတွေ ထုံကျင်ကိုက်ခဲစေခဲ့တယ်။ ဆရာဝန်က သူ့ကို အကြောဆေးသွင်းကုထုံးအတွက် လေးငါးရက် အနားယူဖို့ အကြံပေးခဲ့တယ်။ ဒါပေမဲ့ နေ့တိုင်း အကြောဆေးသွင်းရတာက အချိန်အရမ်းဖြုန်းရာကျတယ်လို့ သူ ခံစားခဲ့ရတယ်။ တစ်နေ့ကို ယွမ်တစ်ထောင် ဝင်ငွေကို လက်လွှတ်ရမှာက အရမ်းနှမြောစရာကောင်းတယ်လို့ သူ ထင်ခဲ့တယ်။ သူက အကိုက်အခဲပျောက်ဆေးတွေကိုပဲ ရွေးချယ်ခဲ့ပြီး လုပ်ငန်းပါးတဲ့အခါမှ သင့်တော်တဲ့ကုသမှုကို ရှာဖို့ စီစဉ်ခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ သူ့အခြေအနေက ပိုဆိုးလာခဲ့တယ်။ သူက အကိုက်အခဲပျောက်ဆေးတွေ ပိုပိုပြီး လိုအပ်လာတယ်၊ တစ်ကြိမ်ကို တစ်လုံးကနေ နှစ်လုံး၊ သုံးလုံးအထိ ဖြစ်လာခဲ့တယ်။ နာကျင်မှုက ပိုဆိုးလာတဲ့အခါ သူက ကျွန်မကို ဆဲဆိုခဲ့တယ်၊ သူဟာ ဒေါသထွက်တာလည်း ပိုလွယ်လာခဲ့တယ်။ ကျွန်မတို့ စကားပြောဆိုမှုက ငြင်းခုံတာတွေကလွဲရင် ဘာမှမရှိသလောက် နည်းပါးသွားခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကတစ်မျိုး၊ စိတ်နဲ့ ဝိညာဉ် ဖိစီးမှုကတစ်ဖုံနဲ့ ကျွန်မမှာ လမ်းပျောက်သလို ခံစားလာရတယ်။ ဒီလို ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာတွေအားလုံးက ဘာအတွက်လဲ။ မိုးလင်းကနေ မိုးချုပ်အထိ အလုပ်လုပ်ရင်း စက်ရုပ်တစ်ရုပ်လို ခံစားလာရတယ်။ ပင်ပန်းလွန်းလို့ ခါးတွေကလည်းနာ၊ ကျောတွေကလည်း ကိုက်နေခဲ့တယ်။ ကျွန်မတို့ ပိုက်ဆံရှာနိုင်ခဲ့ပေမဲ့ အဲဒါကို ပျော်မွေ့ဖို့ အချိန်မရှိခဲ့ဘူး။ ပိုက်ဆံက ကျွန်မတို့ကို ပျော်ရွှင်မှုတွေ သယ်ဆောင်လာပေးလိမ့်မယ်လို့ ကျွန်မတို့ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ပိုက်ဆံရှိရဲ့သားနဲ့ ဘာလို့ ကျွန်မ ပိုပြီး စိတ်ဆင်းရဲခဲ့ရတာလဲ။

တစ်နှစ်ကြာတော့ ကျွန်မတို့ အိမ်သစ်ဆောက်ဖို့ ရွာကို ပြန်ခဲ့ကြတယ်။ နောက်ဆုံးတော့ ကျွန်မတို့ အိမ်ကြီးအိမ်ကောင်းနဲ့ နေရတော့မယ်ဆိုတာကို စဉ်းစားရင်း အောင်မြင်မှု ခံစားချက်တစ်ခုကို ကျွန်မ ခံစားခဲ့ရတယ်။ ဆယ်နှစ်နှစ် ဒါမှမဟုတ် အဲဒီထက်ပိုပြီး ရုန်းကန်ခဲ့ရပြီးတဲ့နောက်မှာပေါ့။ ကျွန်မတို့ရဲ့ အိမ်နီးနားချင်းတွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေက ကျွန်မတို့ရဲ့ စွမ်းရည်တွေနဲ့ သတ္တိကို ချီးကျူးခဲ့ကြတယ်။ သူတို့က ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ရှာဖွေဖို့ ကျွန်မတို့ကို တက်တက်ကြွကြွတောင် ကူညီပေးခဲ့ကြတယ်။ ရွာက ပါတီရုံးခွဲ အတွင်းရေးမှူးကလည်း ကျွန်မတို့ အဆောက်အဦးလုပ်ငန်းအတွက် ခွင့်ပြုချက်ရအောင် လုပ်ပေးပြီး အထူးအကူအညီတွေ ကျွန်မတို့ကို ပေးခဲ့တယ်။ ပိုက်ဆံတွေ အများကြီးရှိတော့ ခံစားချက် မတူဘူး၊ အရာအားလုံးက ပိုပြီး ချောချောမွေ့မွေ့ ဖြစ်သွားပုံရတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ဒါပေမဲ့ အဲဒီနောက်မှာတော့ ကျွန်မတို့အတွက် အခြေအနေတွေ စပြီး ကောင်းလာတဲ့အချိန်မှာပဲ ကြေကွဲစရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်။ ကျွန်မတို့ အိမ်အိုကြီးကို ဖြိုချပြီးတဲ့နောက် ကျွန်မယောက်ျားက သူ့ရဲ့ လည်ပင်းနာကျင်မှု ဆိုးရွားတဲ့အကြောင်းကို ညည်းညူပြီး ရွာဆေးရုံကို သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မ ရောက်သွားတဲ့အချိန်မှာ ဆရာဝန်က ကျွန်မကို အရေးတကြီး ပြောခဲ့တယ်။ “ခင်ဗျား အချိန်မီ ရောက်လာတာပဲ။ ခင်ဗျားယောက်ျားက အရေးပေါ်အခြေအနေမှာ ရှိနေတယ်” လို့ပေါ့။ ကျွန်မ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး။ “ဒါ မဖြစ်နိုင်ဘူး” ကျွန်မ တွေးမိတယ်၊ “ငါ့ယောက်ျားက အမြဲတမ်း ကျန်းမာရေးကောင်းပြီး ငါတို့ လက်ထပ်ပြီးကတည်းက အအေးမိတာတောင် ရှားရှားပါးပါးပဲ။ သူ အခု ဘယ်လိုလုပ် သေနိုင်မှာလဲ” လို့ပေါ့။ ကျွန်မ အခန်းဆီ အပြေးသွားပြီး မြင်လိုက်ရတာက ကျွန်မယောက်ျား အဲဒီမှာ လှဲနေတာပဲ။ သူ့မျက်နှာအသားအရေက ညိုမည်းနေပြီး မျက်လုံးတွေက ပိတ်ထားတယ်။ ကျွန်မ သူ့လက်ကို ဆွဲပြီး ရှိုက်ကြီးတငင်ငိုရင်း သူ့နာမည်ကို အော်ခေါ်ခဲ့တယ်။ ဒါပေမဲ့ သူ ဘယ်တော့မှ ပြန်နိုးမလာခဲ့တော့ဘူး။ ဆရာဝန်က ကျွန်မယောက်ျားဟာ ရုတ်တရက် လေဖြတ်တဲ့ဝေဒနာကို ခံစားခဲ့ရတယ်၊ သူ့လည်ပင် ကျီးပေါင်းက သူ့သွေးကြောတွေကို ဖိမိပြီး သွေးလည်ပတ်မှုကို ရပ်လိုက်သလို ဖြစ်သွားမျိုးနဲ့ ဆက်စပ်နိုင်တယ်လို့ ရှင်းပြသွားတယ်။ ကျွန်မယောက်ျားရဲ့ ရုတ်တရက် သေဆုံးမှုက ကျွန်မကို ကြောင်တောင်တောင် ဖြစ်သွားစေခဲ့တယ်။ “ငါလို ကလေးနှစ်ယောက်နဲ့ မိန်းမတစ်ယောက်က ဘယ်လို ဆက်အသက်ရှင်ရမလဲ။” ငါ တွေးမိတယ်၊ “ငါ လိုချင်ခဲ့တာအားလုံးက ငါတို့ဘဝကို တိုးတက်အောင်လုပ်ဖို့နဲ့ အထင်သေးမခံရဖို့ပဲ။ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးနောက်၊ အခြေအနေတွေ စပြီး ကောင်းလာတဲ့အချိန်မှာပဲ ငါ့ယောက်ျား ရုတ်တရက် ဆုံးသွားခဲ့တယ်။ ငါ မျှော်လင့်တဲ့ အရာအားလုံးက ဘာလို့ ဒီလောက် ဝေးကွာပြီး လက်လှမ်းမမီနိုင်ပုံရတာလဲ” လို့ပေါ့။ ကျွန်မ အခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားပြီး အဆက်မပြတ် ငိုနေခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တစ်ခုခုလုပ်မှာကို စိုးရိမ်တဲ့ ကျွန်မအစ်မတွေက နေ့တိုင်း တစ်ယောက်တစ်လှည့်စီ ကျွန်မဆီ လာကြည့်ပေးကြတယ်။ ဒါပေမဲ့ သူတို့က နှစ်သိမ့်တဲ့စကား နည်းနည်းလောက်ပဲ ပြောနိုင်ခဲ့ကြတယ်။ အဲဒါတွေက ကျွန်မနှလုံးသားထဲက ဝမ်းနည်းပူဆွေးမှုကို လုံးဝ မဖြေဖျောက်နိုင်ခဲ့ဘူး။

နောက်ပိုင်းမှာ ဆွေမျိုးတစ်ယောက်က ညီအစ်မတစ်ယောက်ကို ကျွန်မဆီ ဧဝံဂေလိတရားမျှဝေဖို့ ခေါ်လာခဲ့တယ်။ အဲဒီညီအစ်မက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မကို ဖတ်ပြခဲ့တယ်။ “အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် သတိစိတ်လုံးဝမရှိသော ဤလူများကိုလည်း အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်၏။ သင်နိုးထပြီး ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းမရှိတော့ရန်အတွက် သူသည် ရှာဖွေရန်၊ သင့်စိတ်နှလုံးနှင့် သင့်စိတ်ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံသို့ ရေနှင့်အစားအစာကို ယူဆောင်ပေးရန် ဆန္ဒရှိသည်။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ပွေ့ဖက်လေမည်။ သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင်နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။ သင်၏မှတ်ဉာဏ် ရုတ်တရက် ပြန်ရသောနေ့ရက်ကို သူစောင့်ဆိုင်းလျက်နေ၏၊ ထိုနေ့ရက်မှာ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် သင်ဦးတည်ချက်ပျောက်ခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် လမ်းပေါ်၌ အသိဉာဏ် ပျောက်ဆုံး ခဲ့ရကြောင်းနှင့် မသိခဲ့သောအချိန်တစ်ချိန်တွင် ‘အဖ’ တစ်ဦးရ ခဲ့ကြောင်း သဘောပေါက်သောနေ့ရက်၊ ထိုမျှမက အနန္တတန်ခိုးရှင်သည် အစဉ်သဖြင့် စောင့်ကြပ်နေကာ သင်ပြန်လာမည်ကို ထိုနေရာ၌ အလွန့်အလွန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလျက်နေကြောင်း သင်သဘောပေါက်သောနေ့ရက် ဖြစ်ပေသည်။ သူသည် ပြင်းပြသောတောင့်တမှုဖြင့် စောင့်ကြည့် နေကာ အဖြေမပါသော တုံ့ပြန်မှုတစ်ခုကို စောင့်ဆိုင်းလျက်နေ၏။ သူ၏အမြဲတစေ စောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့မှာ တန်ဖိုး မဖြတ်နိုင်ဘဲ၊ ယင်းတို့သည် လူသား၏စိတ်နှလုံးနှင့် လူသား၏ ဝိညာဉ်အဖို့အလို့ငှာ ဖြစ်၏။ ဤစောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့သည် အချိန်အကန့်အသတ်မဲ့ ဖြစ်ကောင်း ဖြစ်နိုင်၍ ၎င်းမှာ ဆုံးခန်း၌လည်း ရှိကောင်းရှိနေနိုင်သည်။ သို့သော်လည်း ယခုအခါ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့မှာ အတိအကျ မည်သည့်နေရာ၌ ရှိနေကြောင်းကို သင် သိသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း) ကျွန်မ ကြားလိုက်ရတဲ့အခါ “သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။...သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင်နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။” ကျွန်မမျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျလာတာကိုတောင် သတိမထားမိခဲ့ဘူး။ နှစ်တွေအများကြီး ကျွန်မ ခါးစည်းခံခဲ့ရတဲ့ အခက်အခဲတွေနဲ့ ပြောပြလို့မရအောင် နာကျင်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ကျွန်မ ပြန်သုံးသပ်မိတယ်။ ကျွန်မမိဘတွေ ဆုံးပါးသွားခဲ့ပြီ၊ ကျွန်မယောက်ျားလည်း မရှိတော့ဘူး။ ကျွန်မရဲ့ စိတ်ထဲက နာကျင်မှုကို ဘယ်သူ့ကို ဖော်ပြနိုင်မလဲ။ ဘယ်သူက နားလည်ပေးနိုင်မှာလဲ။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မနှလုံးသားကို တို့ထိခဲ့ပြီး စိတ်ထဲမှာ နွေးထွေးသွားသလို ခံစားခဲ့ရတယ်။ ကျွန်မနှလုံးသားထဲမှာ စုပုံနေခဲ့တဲ့ နာကျင်မှုအားလုံးကို ထုတ်ပြောလိုက်ချင်ခဲ့ပေမဲ့ ဘယ်က စပြောရမှန်း ကျွန်မ မသိခဲ့ဘူး။ ကျွန်မ ငိုပဲငိုနေခဲ့တယ်။ အဲဒီညီအစ်မက ပြောတယ်။ “အစ်မ ဘယ်လိုခံစားရလဲဆိုတာ ကျွန်မ နားလည်ပါတယ်။ ကျွန်မတို့ပြောတာက အစ်မကို နှစ်သိမ့်ပေးနိုင်ရုံသက်သက်ပဲ၊ ဒါပေမဲ့ အစ်မရဲ့ နာကျင်မှုကို ကျွန်မတို့ အမှန်တကယ် မဖြေရှင်းပေးနိုင်ဘူး။ ဘုရားသခင်တစ်ပါးတည်းသာ ကျွန်မတို့ရဲ့ နာကျင်မှုကို ဖြေရှင်းပေးနိုင်တယ်” လို့ပေါ့။ ကျွန်မ မေးလိုက်တယ်။ “ဒီနာကျင်မှုတွေအားလုံးက ဘယ်ကလာတာလဲ။ ဘုရားက တကယ်ပဲ ဖြေရှင်းပေးနိုင်လို့လား” လို့ပေါ့။ အဲဒီနောက် ညီအစ်မက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မကို ဖတ်ပြခဲ့တယ်။ “သင်၏စိတ်နှလုံးထဲ၌ အလွန်ကြီးမားသော လျှို့ဝှက်ချက် တစ်ခုရှိ၍ သင်သည် အလင်းကင်းမဲ့သောလောကထဲ၌ အသက်ရှင် နေထိုင်နေသည့်အတွက်ကြောင့် ၎င်းကို မည်သည့်အခါမျှ သတိမမူမိ ခဲ့ချေ။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်သည် ဆိုးယုတ်သောသူ၏ ဆွဲလုခြင်းကို ခံခဲ့ရ၏။ သင်၏မျက်လုံးများသည် မှောင်မိုက်၏ ဖုံးကွယ်ခြင်းကို ခံရပြီး သင်သည် ကောင်းကင်မှနေလုံးကိုသာမက ညအခါ မှိတ်တုတ်မှိတ်တုတ်လင်းသောကြယ်ကိုလည်း မြင်နိုင်ခြင်း မရှိပေ။ သင်၏နားများမှာ လှည့်ဖြားသောစကားများဖြင့် ပိတ်ဆို့ခြင်းကိုခံရပြီး သင်သည် ယေဟောဝါ၏ မိုးခြိမ်းသော အသံကိုသာမက ပလ္လင်တော်မှ စီးဆင်းသောရေတို့၏အသံကိုလည်း မကြားရချေ။ သင်သည် သင်ပိုင်ဆိုင်ထိုက်သမျှ၊ သင့်အပေါ် အနန္တတန်ခိုးရှင် ပေးအပ်သောအရာမှန်သမျှကို ဆုံးရှုံးခဲ့လေပြီ။ သင့်ကို ကယ်ရန် မည်သည့်အင်အားစုမျှမရှိဘဲ၊ ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်မရှိဘဲ အဆုံးမဲ့ဒုက္ခပင်လယ်တစ်ခုသို့ သင်ဝင်ရောက်ခဲ့ပြီး သင်ပြုသမျှမှာ ရုန်းကန်ခြင်းနှင့် အလောတကြီးလုပ်ဆောင်ခြင်းသာ ဖြစ်၏။ ယင်းအခိုက်အတန့်မှအစပြု၍ သင်သည် ဆိုးယုတ်သောသူ၏ ဖိစီးနှိပ်စက်ခြင်းကိုခံရန်၊ အနန္တတန်ခိုးရှင်၏ကောင်းချီးမင်္ဂလာများနှင့် ဝေးကွာစေရန်၊ အနန္တတန်ခိုးရှင်၏ထောက်ပံ့မှုများနှင့် ဝေးကွာစေရန်၊ ပြန်လမ်းမရှိသောလမ်းမတစ်ခု၌ လျှောက်လှမ်းစေရန် ပျက်စီးကိန်းသို့ရောက်ခဲ့၏။ အကြိမ်တစ်သန်း ခေါ်တော်မူခြင်းမှာ သင်၏စိတ်နှလုံးနှင့်ဝိညာဉ်ကို အနည်းငယ်မျှနှိုးဆွနိုင်ခြင်းမရှိပေ။ သင်သည် လမ်းညွှန် သို့မဟုတ် လမ်းပြအမှတ်အသားများမရှိသော အကန့်အသတ်မဲ့နယ်ပယ်တစ်ခုထဲသို့ သင့်အား သွေးဆောင်ခဲ့သည့် ဆိုးယုတ်သောသူ၏လက်ထဲ၌ နှစ်ခြိုက်စွာအိပ်စက်လေ၏။ ထိုအချိန် မှစ၍နောင်တွင် သင်သည် သင်၏မူလအပြစ်ကင်းစင်ခြင်းနှင့် သန့်ရှင်းခြင်းကို ဆုံးရှုံးခဲ့ရပြီး အနန္တတန်ခိုးရှင်၏စောင့်ရှောက်ခြင်းကို စတင်ရှောင်ရှားခဲ့၏။ သင်၏စိတ်နှလုံးအတွင်း၌ ဆိုးယုတ်သော သူသည် ကိစ္စအားလုံး၌ သင့်ကို ပဲ့ကိုင်ပြီး သင်၏အသက် ဖြစ်လာခဲ့သည်။ သင်သည် သူ့ကို ကြောက်ရွံ့ခြင်း၊ ရှောင်တိမ်းခြင်း သို့မဟုတ် သံသယဖြစ်ခြင်း မရှိတော့ဘဲ သင်၏စိတ်နှလုံးထဲ၌ သူ့ကို ဘုရားသခင်အဖြစ် သဘောထားသည်။ သင်သည် သူ့ကို စတင်ကာ အမြတ်တနိုးထားပြီး၊ ကိုးကွယ်ခြင်းပြု၍ အတူတကွ ရှင်ဖို့နှင့် သေဖို့ကို စိတ်နှစ်မြှုပ်လျက်၊ ခန္ဓာကိုယ်နှင့် အရိပ်ကဲ့သို့ တစ်ပူးတွဲတွဲ ဖြစ်လာလေ၏။ သင်သည် မည်သည့်နေရာမှလာခဲ့ကြောင်း၊ အဘယ်ကြောင့် မွေးဖွားလာခဲ့ကြောင်း သို့မဟုတ် အဘယ်ကြောင့် သေဆုံးမည်ဖြစ်ကြောင်းကို လုံးဝမသိချေ။ သင်သည် အနန္တတန်ခိုးရှင်ကို သူစိမ်းတစ်ဦးကဲ့သို့ သဘောထား၏၊ သင့်အတွက် သူလုပ်ပေးခဲ့သည့်အရာအားလုံးကို သိရန်မဆိုထားနှင့် သူ၏ ဇာစ်မြစ်များကိုပင် သင်မသိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း) အဲဒီညီအစ်မက ကျွန်မနဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်။ “ဘုရားက လူ့ဒုက္ခဆင်းရဲရဲ့ အရင်းခံအကြောင်းတရားကို ဖော်ထုတ်ပြခဲ့ပြီ။ အစအဦးမှာ ဘုရားက လူသားတွေကို ဖန်ဆင်းပြီး ဧဒင်ဥယျာဉ်မှာ နေထိုင်ဖို့ သူတို့ကို လမ်းပြခဲ့တယ်။ အဲဒီအချိန်တုန်းက လူတွေက ဘုရားစကားကို နားထောင်တယ်၊ အပူအပင်မဲ့ အသက်ရှင်ခဲ့ကြတယ်။ ဒီနာကျင်မှုတွေနဲ့ ဒုက္ခတွေကို မကြုံတွေ့ခဲ့ရဘူး။ ဒါပေမဲ့ စာတန်ရဲ့ စုံစမ်းသွေးဆောင်မှုနဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်မှာ လူသားတွေက ဘုရားကို သစ္စာဖောက်ခဲ့တယ်၊ သူ့ရဲ့ စောင့်ရှောက်မှုနဲ့ ကာကွယ်မှုကနေ လမ်းလွဲသွားခဲ့ကြတယ်။ စာတန်ရဲ့ အာဏာအောက်ကို ကျရောက်သွားခဲ့ကြတယ်။ အခု လူတွေက အပြစ်တရားထဲမှာ အသက်ရှင်နေကြတယ်။ ကျိတ်ကြံကြတယ်၊ ခြေပုန်းခုတ်တယ်၊ တိုက်ခိုက်တယ်၊ တစ်ယောက်ကိုတစ်ယောက် အမှုဆင်ကြတယ်။ ငွေကြေး၊ အဆင့်အတန်း၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက်ပေါ့။ တချို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် ချိန်ဆကြတယ်။ ဒီဒုက္ခဆင်းရဲအားလုံးကို စာတန်က သယ်ဆောင်လာခဲ့တာပဲ။ နှစ်ပေါင်းထောင်ချီကြာအောင် စာတန်က လူသားတွေကို လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် အတွေးအခေါ်များစွာနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အယူအဆအများကြီးကို သွတ်သွင်းပေးခဲ့တယ်။ ဥပမာ ‘ငွေက လောကကြီးကို လည်ပတ်စေတယ်၊’ ‘ဘဝကို ပိုကောင်းအောင် ကိုယ့်လက်နဲ့ကိုယ် ဖန်တီးပါ၊’ ပြီးတော့ ‘လူတစ်ယောက်ရဲ့ ကံကြမ္မာက ကိုယ့်လက်ထဲမှာပဲ ရှိတယ်’ ဆိုတာတွေလိုပေါ့။ လူတွေက ဘုရားရဲ့ အချုပ်အခြာအာဏာထက် စာတန်ရဲ့ ဒီနတ်ဆိုးဆန်တဲ့ စကားတွေကို ပိုပြီး ယုံကြည်ချင်ကြတယ်။ စာတန်ရဲ့ ဒီရှင်သန်မှု စည်းမျဉ်းတွေအပေါ် အခြေခံပြီး အသက်ရှင်ကြတယ်၊ လိုက်စားကြတယ်။ ဘုရားရဲ့ ဦးဆောင်မှုနဲ့ လမ်းပြမှုမရှိဘဲ လူတွေက လူ့အဖွဲ့အစည်းရဲ့ ဆိုးယုတ်တဲ့ ခေတ်ရေစီးကြောင်းတွေအတိုင်း မတုန်မလှုပ် လိုက်သွားကြတယ်။ တစ်နှစ်ပြီးတစ်နှစ်ငွေကြေး၊ အဆင့်အတန်း၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်နောက်ကို ပင်ပင်ပန်းပန်း လိုက်ကြတယ်။ ဘဝရဲ့ အဓိပ္ပာယ်ကို နားမလည်ဘဲ ဒါမှမဟုတ် သူတို့ ဘယ်ကလာတယ်၊ ဘယ်ကိုသွားနေတယ်ဆိုတာကို နားမလည်ဘဲပေါ့။ ဒါတွေအားလုံးက သူတို့ကို အနှစ်မဲ့သွားပြီး ပူဆွေးသောကရောက်စေတယ်။ လူသားတွေက ဘုရားကို သစ္စာဖောက်ခဲ့ကြပေမဲ့ ကိုယ်တော်က လူသားတွေကို ကယ်တင်ဖို့ လက်မလျှော့ခဲ့ဘူး။ ဘုရားက သူအလုပ်လုပ်နေခဲ့တဲ့ နှစ်ပေါင်း ၆,၀၀၀ တစ်လျှောက်လုံး လူသားတွေကို ဦးဆောင်၊ ကယ်တင်နေခဲ့ပြီး လူတွေ သူ့ဆီ ပြန်လာဖို့ကို စောင့်မျှော်နေခဲ့တယ်။ နောက်ဆုံးသော ကာလမှာ ကယ်တင်ရှင် အနန္တတန်ခိုးရှင် ဘုရားသခင်က မြေကြီးပေါ်ကို ကိုယ်တော်တိုင် ကြွလာခဲ့ပြီး လူသားတွေကို ကယ်တင်ဖို့ သမ္မာတရားတွေကို ဖော်ပြတယ်။ ဘုရားဖော်ပြတဲ့ သမ္မာတရားတွေကို လက်ခံမှသာ လူသားတွေက စာတန်ရဲ့ အကြံအစည်တွေကို ပိုင်းခြားသိမြင်နိုင်ပြီး စာတန်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုကနေ လွတ်မြောက်နိုင်မှာပါ” လို့ပေါ့။ ညီအစ်မတွေ ပြောတာကို နားထောင်ရင်း ကျွန်မ အရမ်း စိတ်ထိခိုက်ခဲ့ရတယ်။ ဒါက ကျွန်မရဲ့အခြေအနေ အတိအကျပဲ မဟုတ်လား။ ကျွန်မဟာ တစ်နေ့မှာ သူများတွေထက်သာပြီး လူတွေရဲ့ လေးစားမှုကို ရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပိုက်ဆံရှာဖို့သက်သက် နေ့ရောညပါ မမောနိုင်မပန်းနိုင် အလုပ်လုပ်နေခဲ့တယ်။ ပြီးတော့ အဲဒါတွေအားလုံးပြီးတဲ့နောက်မှာတောင် ခြေကုန်လက်ပန်းကျပြီး နေမကောင်းဖြစ်ရတာနဲ့ အဆုံးသတ်ခဲ့ရတဲ့အပြင် အနှစ်မဲ့တယ်လို့ ခံစားပြီး ပူဆွေးသောကရောက်ခဲ့ရတုန်းပါပဲ။ ဒါပေမဲ့ ဒီလိုအသက်ရှင်နေတာက မှားသလား၊ မမှားဘူးလားဆိုတာကို ကျွန်မ ဘယ်တော့မှ မေးခွန်းမထုတ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဒါက မျိုးဆက်ပေါင်းများစွာ ရှိခဲ့တာပဲ၊ မဟုတ်ဘူးလား။ ကျွန်မက ဘယ်လိုလုပ် ခြွင်းချက်ဖြစ်နိုင်မှာလဲ။ ဒီဒုက္ခဆင်းရဲအားလုံးက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကြောင့် ဖြစ်ခဲ့တာဆိုတာကို အခုမှပဲ ကျွန်မ နားလည်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်သာ လူသားတွေကို စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းရဲ့ ပုံရိပ်မှန်ကို ဖော်ထုတ်မပြခဲ့ရင် ကျွန်မ ဒါတွေအားလုံးကို ဘယ်တော့မှ သဘောပေါက်ခဲ့မှာ မဟုတ်ဘူး။ စာတန်ရဲ့ အထင်အမြင်မှားအောင် လုပ်တာကို ဆက်ခံနေရပြီး နာကျင်မှုထဲမှာ ရုန်းကန်နေခဲ့ရဦးမှာပဲ။

နောက်ပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ထပ်နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မသိသည့်အတွက် သူတို့သည် ကံကြမ္မာကို ကလန်ကဆန်ပြုကာ ပုန်ကန်သည့် စိတ်သဘောနှင့် အမြဲ ရင်ဆိုင်ကြပြီး သူတို့၏ လက်ရှိအခြေအနေများကို ပြောင်းလဲပြီး ကံကြမ္မာကို ပြောင်းလဲဖို့ အချည်းနှီးမျှော်လင့်လျက် ဘုရားသခင်၏ အခွင့်အာဏာ၊ အချုပ်အခြာ အာဏာနှင့် ကံကြမ္မာက ပြင်ဆင်ပေးထားသည့် အရာတို့ကို အမြဲစွန့်ပစ်ချင်ကြသည်။ သို့သော်လည်း သူတို့ ဘယ်သောအခါမှ မအောင်မြင်နိုင်သကဲ့သို့ အချိန်တိုင်းတွင် တားဆီးခံရသည်။ ၎င်းတို့၏ စိတ်ဝိညာဉ်များ နက်ရှိုင်းရာတွင် တည်ရှိနေသော ရုန်းကန်မှုသည် နက်နဲသောနာကျင်မှုကို ဖြစ်စေပြီး ဤနာကျင်မှုသည် ယင်းဘာသာ အရိုးစွဲနေပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့၏ အသက်တာကို ဖြုန်းတီးပစ်စေသည်။ ဤနာကျင်မှုကို မည်သည့်အရာက ဖြစ်စေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော သို့မဟုတ် လူတစ်ယောက်က ကံမကောင်းစွာနှင့် မွေးဖွားလာသောကြောင့် ဖြစ်သလော။ သိသာစွာပင် တစ်ခုမျှ မမှန်ကန်ပေ။ တကယ့်အကြောင်းရင်းက လူတို့ လျှောက်ကြသည့် လမ်းကြောင်းများ၊ ၎င်းတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတို့ရွေးချယ်သည့် နည်းလမ်းများ ကြောင့်ဖြစ်သည်။...လူတို့သည် လူသား၏ ကံကြမ္မာနှင့် ကိစ္စရပ်များ အားလုံးအပေါ် ဖန်ဆင်းရှင်က အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်ကို အမှန်တကယ် သတိမပြုမိပါက၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းမရှိပါက၊ ၎င်းတို့ အတွက် ‘လူတစ်ယောက်၏ကံကြမ္မာက သူ့လက်ထဲမှာရှိသည်’ ဆိုသည့် အယူအဆအားဖြင့် မောင်းနှင်ခြင်းမခံရဖို့နှင့် ချုပ်ချယ်ခြင်း မခံရဖို့ ခက်ခဲပေလိမ့်မည်။ ကံကြမ္မာနှင့် ဖန်ဆင်းရှင်၏ သြဇာ အာဏာတို့ကို ဆန့်ကျင်ပြီး ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားခြင်း၏ နာကျင်မှုများကို ပယ်ရှားဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ ပြောဖို့မလိုသည်မှာ ၎င်းတို့ အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူများဖြစ်လာဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရင်း မျက်ရည်တွေက မျက်နှာပေါ် စီးကျလာခဲ့တယ်။ ကျွန်မရဲ့ အတိတ်က အတွေ့အကြုံတွေက စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်း ပြန်ပေါ်လာခဲ့တယ်။ အထင်သေးမခံရအောင် ကျွန်မ ဦးနှောက်ခြောက်အောင် စဉ်းစားပြီး ပိုက်ဆံရှာဖို့ သဲကြီးမဲကြီး ကြိုးစားခဲ့တယ်။ ဇွဲလုံ့လ၊ ကြိုးစားအားထုတ်မှုတို့နဲ့မှ ကိုယ့်ကံကြမ္မာကို ကိုယ့်လက်နဲ့ကိုယ် ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ ကျွန်မ ကျရှုံးခဲ့တဲ့ အကြိမ်တိုင်းမှာ အာခံတဲ့ စိတ်ဓာတ်ကို ထားခဲ့တယ်။ သူများတွေ ခေါင်းတစ်လုံးနဲ့ လက်နှစ်ဖက်ရှိပြီး ချမ်းသာအောင်လုပ်နိုင်ရင် ကျွန်မလည်း ကြိုးစားရင် ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မမှာလည်း ကိုယ်ပိုင် ခေါင်းတစ်လုံးနဲ့ လက်နှစ်ဖက် ရှိတာပဲ၊ သူတို့ထက်လည်း ဉာဏ်မနည်းဘူးလို့ တွေးခဲ့တယ်။ ကျွန်မရဲ့ အတိတ်က ကျရှုံးမှုတွေက အတွေ့အကြုံနည်းလို့ ဒါမှမဟုတ် သင့်တော်တဲ့အခွင့်အရေး မရလို့ဆိုပြီး ကျွန်မ ထင်ခဲ့တယ်။ “အနာခံမှ အသာစံရမယ်” ဆိုတာမျိုးလို မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အယူအဆတွေကို ပြီးတော့ “ကိုယ့်ကံကြမ္မာကို ကိုယ့်လက်နဲ့ကိုယ် ပြောင်းလဲပါ” ဆိုတာတွေကို ပညာရှိစကားတွေအဖြစ် ကျွန်မ သဘောထားခဲ့တယ်။ ကျွန်မ ဘယ်နှစ်ကြိမ်ပဲ ကျရှုံးခဲ့ပါစေ လက်မလျှော့တဲ့ စိတ်ဓာတ်နဲ့ ကျွန်မရဲ့ ကံကြမ္မာကို ဇွဲနဘဲနဲ့ တိုက်ခိုက်ခဲ့တယ်။ ကြိုးစားအားထုတ်မှုက ကံကြမ္မာကို ပြောင်းလဲနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့၊ သူများတွေထက် သာလွန်ဖို့ ဇွဲနဘဲနဲ့ ကြိုးစားနေခဲ့တယ်။ အဲဒါနဲ့ပဲ ကျွန်မမှာ ရောဂါဝေဒနာတွေ အများကြီးဖြစ်သွားခဲ့ရပြီး ကျွန်မယောက်ျားရဲ့ အသက်ကိုတောင် ဆုံးရှုံးခဲ့ရတယ်။ ဒါတွေအားလုံးက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့်ပဲ။ အရင်တုန်းက ကံကြမ္မာက ကျွန်မအပေါ် မတရားဘူးလို့ ကျွန်မ မကြာခဏ အပြစ်တင်ခဲ့တယ်။ အခုမှပဲ ကျွန်မ သဘောပေါက်ခဲ့တယ်။ အဲဒါက ဘုရားက ကျွန်မကို ကျေးဇူးမပြုခဲ့တာ၊ ဒါမှမဟုတ် ကျွန်မကံကြမ္မာက ဆိုးခဲ့တာကြောင့် မဟုတ်ဘူး။ အဲဒီအစား၊ ကျွန်မရွေးချယ်ခဲ့တဲ့ လမ်းကြောင်းနဲ့ အသက်ရှင်နေထိုင်တဲ့နည်းလမ်း မှားယွင်းခဲ့တာကြောင့်ပဲ။ ကျွန်မက ဘုရားရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်မပြုခဲ့ဘူး၊ သူ့ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီမံခန့်ခွဲမှုတွေကို ကျိုးနွံနာခံနိုင်တာမျိုး မရှိခဲ့ဘူး။ ကျွန်မရဲ့ လက်ရှိအခြေအနေနဲ့ ကံကြမ္မာကို ကိုယ့်လက်နဲ့ ပြောင်းလဲဖို့ ကျွန်မ အမြဲတမ်း ဆန္ဒရှိခဲ့တယ်။ ငွေကြေး၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ကျွန်မ ဆယ်စုနှစ်တစ်ခုကျော်ကြာ ရုန်းကန်ပြီး ဒုက္ခဆင်းရဲခံခဲ့ရတယ်။ အခုမှပဲ ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒီဒုက္ခဆင်းရဲအားလုံးက သမ္မာတရားကို ကျွန်မ မသိနားမလည်မှုကြောင့် စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံရခြင်းကနေ ဖြစ်ပေါ်လာခဲ့တာပဲ။ အဲဒီအချိန်ကစပြီး အချိန်ရတိုင်း ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ ပိုပိုများတဲ့ သမ္မာတရားတွေကို နားလည်ဖို့ အမြဲ စိတ်အားထက်သန်နေခဲ့တယ်။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “အမှန်တွင် လူသား၏ စံအယူအဆများသည် မည်မျှမြင့်မားပါစေ၊ လူသား၏ ဆန္ဒများသည် မည်မျှ လက်တွေ့ကျပါစေ သို့မဟုတ် ၎င်းတို့သည် မည်မျှသင့်လျော်ပါစေ၊ လူသားက ရယူချင်သည့် အရာအားလုံး၊ လူသားက ရှာဖွေသည့်အရာ အားလုံးသည် စကားလုံးနှစ်လုံးနှင့် ခွဲခြား၍မရအောင် ချိတ်ဆက် နေ၏။ ဤစကားလုံးနှစ်လုံးသည် လူတိုင်း၏ အသက်တာအတွက် မရှိမဖြစ် အရေးပါလှပြီး ၎င်းတို့သည် စာတန်က လူသား၏အထဲသို့ သွတ်သွင်းရန် ရည်ရွယ်သော အရာများ ဖြစ်သည်။ ဤစကားလုံး နှစ်လုံးသည် မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ တို့ ဖြစ်၏။ စာတန်သည် လူတို့၏ အယူအဆများနှင့် အလွန်များစွာပူးပေါင်း ထားသော နည်းလမ်းဖြစ်သည့် လွန်စွာ သိမ်မွေ့ညင်သာသော နည်းလမ်းမျိုးကို အသုံးပြု၏။ ယင်းသည် လုံးဝ အစွန်းရောက်သော နည်းလမ်း မဟုတ်။ ယင်းမှတစ်ဆင့် ၎င်း၏ရှင်သန်ခြင်း နည်းလမ်း၊ လိုက်နာရမည့် သူ၏စည်းကမ်းများကို စာတန်က လူတို့အား အမှုမဲ့အမှတ်မဲ့ လက်ခံစေကာ၊ ဘဝပန်းတိုင်များနှင့် အသက်တာ ဦးတည်ချက်များကို ထူထောင်စေပြီး ၎င်းတို့သည် အသက်တာထဲတွင် ရည်မှန်းချက်များကိုလည်း အမှုမဲ့အမှတ်မဲ့ ရှိလာကြ လေသည်။ ဤဘဝရည်မှန်းချက်များက မည်မျှပင် ကြီးကျယ်ခမ်းနား ပုံရသည် ဖြစ်စေ၊ ဤအရာ တို့သည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ နှင့် ခွဲမရအောင် ချိတ်ဆက်ထားလေသည်။ အမှန်တကယ်၌ ကြီးမြတ်သော၊ ကျော်ကြားသော ပုဂ္ဂိုလ် မည်သူမဆို၊ လူအားလုံးတို့သည် အသက်တာတွင် ၎င်းတို့ လိုက်သည့်အရာသည် ‘ကျော်ကြားမှု’ နှင့် ‘အမြတ်အစွန်း’ ဟူသော ဤစကားလုံး နှစ်လုံးနှင့်သာ ဆက်စပ်နေသည်။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ၎င်းတို့ ရကြသည်နှင့် တစ်ပြိုင်နက်၊ မြင့်မားသော အဆင့်အတန်းနှင့် ကြီးမားသော ကြွယ်ဝခြင်းတို့ကို ခံစားရန်နှင့် အသက်တာကို ပျော်မွေ့ရန် အတွက် ဤအရာများကို အကျိုးရှိအောင် အသုံးချနိုင်မည်ဟု ထင်ကြ၏။ ၎င်းတို့အနေဖြင့် ကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့ကို အပျော်အပါးလိုက်စားသည့် အသက်တာနှင့် ကာယိန္ဒြေမစောင့်ဘဲ ဇာတိပကတိ၌ ပျော်မွေ့ခြင်း အသက်တာကို ရရှိဖို့ အသုံးပြုနိုင်သည့် အရင်းအနှီးမျိုးဟု ထင်ကြလေသည်။ လူသားမျိုးနွယ် အလွန်တပ်မက်သည့် ဤကျော်ကြားခြင်းနှင့် အမြတ်အစွန်းတို့အတွက်၊ လူတို့သည် ၎င်းတို့၏ခန္ဓာနှင့် စိတ်၊ ၎င်းတို့တွင်ရှိသည်များ အားလုံး၊ ၎င်းတို့၏အနာဂတ်များနှင့် ကံကြမ္မာများအားလုံးကို အမှုမဲ့အမှတ်မဲ့ ဖြစ်သော်လည်း စိတ်လိုလက်ရဖြင့် စာတန်အား ပေးအပ်ကြလေ၏။ ထိုသူတို့သည် ၎င်းတို့ လွှဲအပ်သမျှကို ပြန်၍ရယူရန် လိုအပ်သည်ကိုလည်း လုံးဝမသိနားမလည်လျက် စစ်မှန်စွာနှင့် တုံ့ဆိုင်းခြင်း အလျှင်းမရှိဘဲ ထိုသို့ပြုကြ၏။ လူတို့သည် စာတန်ထံတွင် ဤသို့ ခိုလှုံကြပြီး၊ ၎င်းအပေါ် သစ္စာရှိ သွားကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ဦးမည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ စာတန်က ၎င်းတို့ကို လုံးဝအကြွင်းမဲ့ ထိန်းချုပ်ထားသည်။ ၎င်းတို့သည် နွံအိုင်ထဲသို့ လုံးဝအကြွင်းမဲ့ နစ်မြုပ်သွားကြပြီး ဖြစ်ကာ၊ မိမိကိုယ်ကို ပြန်ရုန်းထွက်ရန် မတတ်နိုင်ကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေက စာတန်က လူတွေကို ဖောက်ပြန်ပျက်စီးစေတဲ့ နည်းလမ်းတွေပဲ။ စာတန်က လူ့အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုတွေနဲ့ မိသားစုရဲ့ ပြုစုပျိုးထောင်မှုကို အသုံးပြုပြီး ကျွန်မထဲကို မှားယွင်းတဲ့ ယုံကြည်ချက်များစွာ သွတ်သွင်းပေးခဲ့တယ်။ ဥပမာ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏၊” “အခြားသူများထက် သာလိုခြင်း၊” ပြီးတော့ “ငွေသာလျှင် ပထမ” ဆိုတာတွေလိုပေါ့။ ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းလာပြီး ခွဲခြားဆက်ဆံခံခဲ့ရတော့ ကျွန်မက ဒီအမြင်တွေကို လွယ်လွယ်ကူကူပဲ လက်ခံကျင့်သုံးခဲ့တယ်။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေရှိရင် ကျွန်မကို အထင်ကြီးလေးစားကြလိမ့်မယ်၊ ယုံကြည်မှုရှိရှိနဲ့ စကားပြောနိုင်လိမ့်မယ်၊ ဂုဏ်သိက္ခာရှိပြီး တန်ဖိုးရှိတဲ့ ဘဝကို အသက်ရှင်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ရရှိဖို့ ကျွန်မ ဦးနှောက်ခြောက်အောင် စဉ်းစားပြီး စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေခဲ့တယ်၊ နေမကောင်းပေမဲ့ အလုပ်လုပ်ခဲ့တယ်။ အတတ်ပညာတစ်ခု သင်ယူဖို့ မိုင်ပေါင်းထောင်ချီ ခရီးသွားရအောင် ကျွန်မရဲ့ တစ်နှစ်အရွယ် သားလေးကိုတောင် နောက်မှာ ထားခဲ့ဖူးတယ်။ ကျွန်မရဲ့ ကျန်းမာရေးကို ထိခိုက်ရလောက်အောင် အလုပ်များလွန်းလို့ အစာစားချိန်မရှိဘဲ မူးဝေတဲ့အပြင် ဗိုက်ဆာလို့ သတိလစ်မတတ် ဖြစ်တာတောင်မှ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက်ဆိုရင် အနစ်နာခံဖို့ ကျွန်မ ဘယ်တော့မှ မတွန့်ဆုတ်ခဲ့ဘူး။ ကျွန်မယောက်ျားကလည်း ဒီလိုမျိုးလိုအင်ဆန္ဒတွေရဲ့ တွန်းအားပေးတာခံရလို့ စီးပွားရေးလုပ်ငန်းကို လက်မလွှတ်ဘဲ ဆေးကုသမှုခံမဲ့အစား အကိုက်အခဲပျောက်ဆေးပဲ သောက်ချင်ခဲ့တယ်။ သူ နောက်ဆုံးမှာ ချမ်းသာလာခဲ့ပေမဲ့ သူ့အသက်ကို ဆုံးရှုံးခဲ့ရတယ်။ ဒီဒုက္ခဆင်းရဲအားလုံးက ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားလို့ ဖြစ်ခဲ့တာ မဟုတ်လား။ သမ္မာတရားကို နားလည်မှုနဲ့ ပိုင်းခြားသိမြင်မှုမရှိဘဲ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေဖို့ အသုံးပြုတဲ့ မိစ္ဆာဒိဋ္ဌိအယူဝါဒတွေ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အယူအဆတွေကို ရှင်သန်မှု စည်းမျဉ်းတွေ၊ ဘဝရည်မှန်းချက်တွေအဖြစ် ကျွန်မ မှားယွင်းစွာ မှတ်ယူခဲ့တယ်။ ကျွန်မ တကယ်ကို မိုက်မဲပြီး အကန်းဖြစ်ခဲ့တာပဲ။ ဒါကို နားလည်ပြီးတော့ ဘုရားကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားဖို့ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံမယ်ဆိုပြီး ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ အတိတ်မှာ ကျွန်မ လုပ်ခဲ့သလိုမျိုး ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လိုက်စားမယ့်အစားပေါ့။ ကျွန်မ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့နဲ့ မိတ်သဟာယဖွဲ့ခြင်းတွေမှာ တက်တက်ကြွကြွ ပါဝင်ဖို့ အချိန်ပိုပေးခဲ့တယ်။ သုံးလကြာတော့ ယုံကြည်သူအသစ်တွေကို ရေလောင်းတာခြင်းကို လက်တွေ့လုပ်ဆောင်ရင်း အသင်းတော်မှာ ကိုယ့်တာဝန်ကို ကျွန်မ တာဝန်ယူထမ်းဆောင်ခဲ့တယ်။

ကျွန်မ စီးပွားရေးလုပ်ငန်းမလုပ်တော့တာကို သတိထားမိတဲ့ ကျွန်မဆွေမျိုးတွေက ကလေးတွေကငယ်သေးပြီး နောင်မှာ ကုန်ကျစရိတ်တွေ အများကြီးရှိမှာဖြစ်လို့ စိုးရိမ်ကြောင်း ထုတ်ပြောခဲ့ကြတယ်။ ကျွန်မ မနက်စာရောင်းတဲ့ လုပ်ငန်းကို ဆက်လုပ်သင့်တယ်လို့ သူတို့ ပြောခဲ့ကြတယ်။ အိမ်ရှင်ကလည်း ကျွန်မဆီ ဖုန်းဆက်ခဲ့တယ်။ လူအများကြီးက ကျွန်မတို့ အစားအစာကို ကြိုက်ကြတယ်၊ ကျွန်မ ဆိုင်ပြန်ဖွင့်ဖို့ မျှော်လင့်တယ်၊ ကျွန်မတစ်ယောက်တည်း မလုပ်နိုင်ရင် သူနဲ့ သူ့မိသားစုက ကူညီမယ်လို့ ပြောခဲ့တယ်။ သူတို့စကားတွေက ကျွန်မအတွေးတွေကို လှုံ့ဆော်ခဲ့တယ်။ “ဒါ အမှန်ပဲ။ ကျောင်းတက်နေတဲ့ ကလေးနှစ်ယောက်နဲ့ဆိုရင် ငါ့လစာက အခြေခံ စားဝတ်နေရေးစရိတ်တွေကို ကာမိရုံလေးပဲရှိတယ်။ ငါ ပိုက်ဆံပိုမရှာရင် ငါ့ကလေးတွေနဲ့ ငါက ဆက်ပြီး အထင်သေးခံနေရဦးမှာပဲ။ မနက်စာရောင်းတဲ့ လုပ်ငန်းက တစ်နေ့ကို ယွမ်ထောင်ချီပြီး ဝင်ငွေရနိုင်တယ်။ အဲဒါကို လက်လွှတ်ဖို့ ခက်တယ်။ ကူညီဖို့ တစ်ယောက်ယောက်ကို ငှားပြီး လုပ်ငန်းကို ပြန်စနိုင်မလားပဲ” လို့ပေါ့။ ကျွန်မ ဒီနည်းလမ်းကို စီစဉ်ပြီး စဉ်းစားလာခဲ့တယ်။ ဒါပေမဲ့ မနက်စာရောင်းတဲ့ လုပ်ငန်းကို ပြန်ဖွင့်တာက တော်တော် အားထုတ်ဖို့ လိုအပ်မယ်၊ အသင်းတော်မှာ ကျွန်မတာဝန်တွေကို ထမ်းဆောင်ဖို့ အချိန်နည်းနည်းလေးပဲ ကျန်တော့မယ်ဆိုတာကို ကျွန်မ သိခဲ့တယ်။ ကျွန်မ မိတ်သဟာယဖွဲ့ခြင်းတွေမှာ ပါဝင်ဖို့ သေချာအောင်လုပ်နိုင်ရင်တောင် တော်တော်ကောင်းနေပြီ။ လုပ်ငန်းတစ်ခုလုပ်တာက ကျွန်မရဲ့ အလေးထားမှုတွေကို အမြဲတမ်း လိုအပ်ခဲ့တာ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီး သမ္မာတရားကို လိုက်စားဖို့ အာရုံစိုက်ရတာက ခက်ခဲလိမ့်မယ်၊ ကျွန်မရဲ့ ဝိညာဉ်ရေးရာအသက်တာကလည်း ဆုံးရှုံးမှုတွေကို သေချာပေါက် ကြုံတွေ့ရလိမ့်မယ်။ ကျွန်မ စိတ်နှစ်ခွဖြစ်ပြီး ဝေခွဲမရ ခံစားခဲ့ရတယ်။ အဲဒီရက်တွေမှာ အဲဒီကိစ္စကြောင့် အိပ်မပျော်ခဲ့ဘူး။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ခဲ့တယ်။ “လူအများစုက အလုပ်နည်းနည်းလုပ်ပြီး ပိုက်ဆံများများရချင်ကြသည်။ နေထဲ မိုးထဲတွင် မလုပ်ဖို့၊ အဝတ်ကောင်းကောင်းဝတ်ဖို့၊ နေရာတိုင်း၌ လင်းလက်တောက်ပနေဖို့၊ တခြားလူများအား လွှမ်းမိုးဖို့၊ သူတို့၏ ဘိုးဘေးများကို ဂုဏ်တက်စေရန် ဆန္ဒရှိကြသည်။ ပြီးပြည့်စုံခြင်းကို လူတို့ မျှော်လင့်ကြသည်၊ သို့သော်လည်း သူတို့ဘဝခရီးတွင် ပထမခြေလှမ်းကို စလှမ်းသည့်အခါ လူသား၏ကံတရားက အဘယ်မျှ ပြည့်စုံခြင်းမရှိသည်ကို တဖြည်းဖြည်း နားလည်လာ ကြပြီး လူတစ်ယောက်သည် သူ၏အနာဂတ်အတွက် ရဲရင့်သော အစီအစဉ်များကို ပြုလုပ်နိုင်သော်လည်း၊ လူတစ်ယောက်သည် ရဲတင်းသည့် စိတ်ကူးယဉ်အိပ်မက်များ သိုထားနိုင်သော်လည်း၊ ၎င်းတို့၏ ကိုယ်ပိုင်အိပ်မက်များကို အကောင်အထည်ဖော်ဖို့ မည်သူမျှ အရည်အချင်း သို့မဟုတ် တန်ခိုးအာဏာမရှိကြသကဲ့သို့ မည်သူမျှ ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်ကို ထိန်းချုပ်နိုင်သည့် နေရာတွင် မရှိသည့်အချက်ကို ပထမဆုံးအကြိမ် အမှန်တကယ် သဘောပေါက်လာကြသည်။ လူတစ်ယောက်၏ အိပ်မက်နှင့် သူရင်ဆိုင်ရမည့် လက်တွေ့အရှိတရားတို့ကြား အကွာအဝေးတချို့ အမြဲရှိနေပါလိမ့်မည်။ အမှုအရာများသည် လူတစ်ယောက် ဖြစ်စေချင်သည့်အတိုင်း ဘယ်သောအခါမှ မဖြစ်သကဲ့သို့ ထိုသို့သော လက်တွေ့အရှိတရားများနှင့် ရင်ဆိုင်ရလျက်၊ လူတို့သည် စိတ်ကျေနပ်မှု သို့မဟုတ် ရောင့်ရဲမှုကို ဘယ်သောအခါမျှ မရရှိကြချေ။ တချို့လူတို့သည် စိတ်ကူးလို့ရသည့် မည်သည့် အတိုင်းအတာအထိမဆို သွားကြလိမ့်မည်၊ သူတို့၏ကိုယ်ပိုင် ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးပမ်းမှုတစ်ခုအနေဖြင့် သူတို့၏ အသက်မွေးဝမ်းကျောင်းနှင့် အနာဂတ်အတွက် ကြီးမားသည့် အားစိုက်မှုများ ပြုလုပ်ပြီး ကြီးမားသည့် စွန့်လွတ်မှုများ ပြုလုပ်ကြပေလိမ့်မည်။ သို့သော်လည်း အဆုံးတွင်၊ သူတို့၏ ကိုယ်ပိုင်ကြိုးစားမှုများအားဖြင့် ၎င်းတို့၏ အိပ်မက်များနှင့် စိတ်ဆန္ဒများကို အကောင်အထည် ဖော်နိုင်လျှင်ပင်၊ ၎င်းတို့၏ ကံကြမ္မာတွေကို ဘယ်သောအခါမျှ ၎င်းတို့ မပြောင်းလဲနိုင်ပေ။ မည်မျှပင်ဇွဲကြီးကြီးနှင့် ကြိုးစားပါစေ ကံတရားက သူတို့ကို ပိုင်းခြားသတ်မှတ်ပေးသည်ထက် ဘယ်သောအခါမျှ ကျော်လွန် နိုင်မည်မဟုတ်ပေ။ အရည်အချင်း၊ ဉာဏ်ပညာ၊ စိတ်စွမ်းအား မတူညီမှုများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ၊ လူအားလုံးသည် ကံကြမ္မာ၏ ရှေ့မှောက်တွင် ညီတူညီမျှဖြစ်ပြီး ကြီးမြတ်သူနှင့် သေးနုတ်သူ၊ မြင့်သောသူနှင့် နိမ့်သောသူ၊ ချီးမြှောက်ခံရသူနှင့် နှိမ့်ကျသောသူတို့ကြား မခွဲခြားပေ။ လူတစ်ယောက်က မည်သည့် အလုပ်အကိုင်ကို ရှာဖွေလိုက်စားသည်၊ စားဝတ်နေရေးအတွက် မည်သည့်အလုပ်လုပ်သည်၊ ဘဝတွင် ကြွယ်ဝချမ်းသာမှု မည်မျှ စုဆောင်းသည် စသည်တို့သည် မိမိ၏မိဘ၊ မိမိပါရမီ၊ အားစိုက်ထုတ်မှုများ သို့မဟုတ် ရည်ရွယ်ချက်တို့နှင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ဖန်ဆင်းရှင်က ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃))လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တစ်ဦးတစ်ယောက်သည် အပြုသဘောဆောင်သည့် သဘောထားရှိပါက မိမိ၏ခရီးကို ပြန်ကြည့်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် တွေ့ကြုံလာသည့်အခါ ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို ကျိုးနွံနာခံဖို့ သာ၍ စစ်မှန်စွာ ဆန္ဒရှိလာလိမ့်မည်ဖြစ်ပြီး ၎င်း၏ ကံကြမ္မာကို ဘုရားသခင်အား စီစဉ်ညွှန်ကြားခွင့်ပြုဖို့နှင့် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း မပြုတော့ဖို့ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်မှု ပိုပြီးရှိလာလိမ့်မည်။ အကြောင်းမှာ လူတို့သည် ကံကြမ္မာက မည်သည့်အရာဖြစ်ကြောင်း မသိသည့်အခါတွင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားမလည်သည့်အခါတွင် ၎င်းတို့သည် ကိုယ့်သဘောနှင့်ကိုယ် မြူများကြားတွင် ရုန်းကန်လှုပ်ရှားကာ စမ်းတဝါးဝါးသွားနေခြင်းသာ ဖြစ်ပြီး ထိုခရီးသည်လည်း အလွန်ခက်ခဲကြမ်းတမ်းကာ အလွန် ကြေကွဲဖွယ်ဖြစ်လေသည်ကို ၎င်းမြင်တွေ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါ ပါးနပ်သူများက ကံကြမ္မာကို ဆန့်ကျင်ကာ ရုန်းကန်လှုပ်ရှားပြီး ၎င်းတို့၏ အသက်တာပန်းတိုင်များဆိုသည့် အရာများကို ကိုယ့်နည်းနှင့်ကိုယ် လိုက်စားမည့်အစား ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိဖို့နှင့် လက်ခံဖို့အပြင် ‘ဘဝကောင်းတစ်ခုကို ကိုယ့်လက်နှင့်ကိုယ် တည်ထောင်ရန် ကြိုးစားခြင်း’ ဟူသည့် စိတ်ဆင်းရဲစရာ နေ့ရက်များကို နှုတ်ဆက်ဖို့ ဆုံးဖြတ်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ သူ့ကို မမြင်နိုင်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း မသိသည့်အခါ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိဖြစ်ကာ ဖော်ပြ၍မရနိုင်လောက်အောင် စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်နေရာ၌ရှိပါစေ၊ သူ၏ အလုပ်က မည်သည့်အရာဖြစ်ပါစေ ၎င်း၏အသက်ရှင်မှု နည်းလမ်းနှင့် ၎င်းလိုက်စားသည့် ပန်းတိုင်က ၎င်းအား အဆုံးမရှိသည့် ကြေကွဲခြင်းနှင့် ဖြေသိမ့်ရန် ခက်ခဲသော စိတ်ဆင်းရဲခြင်းတို့ကို ဖြစ်စေသည်မှာ မိမိ၏ အတိတ်ကို ပြန်လှည့်ကြည့်ဖို့ အားမထုတ်နိုင်သည်အထိပင် ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်း ကျွန်မ မျက်ရည်တွေ ကျလာခဲ့တယ်။ ဘုရားကို မသိခင်တုန်းက ကံကြမ္မာနဲ့ပတ်သက်ပြီး ဆန့်ကျင်ရုန်းကန်ခဲ့ရတဲ့ စိတ်ဆင်းရဲစရာနေ့ရက်တွေကို ပြန်သုံးသပ်တော့ ကျွန်မရဲ့ ပြင်းပြတဲ့ဝေဒနာက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေထားပြီး ဘုရားရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်မပြုတာနဲ့ ကျွန်မရဲ့ကံကြမ္မာကို အတိုက်အခံလုပ်တာကနေ အရင်းခံတယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မ လိုချင်တာကို မရရှိခဲ့တဲ့ ညှဉ်းပန်းနှိပ်စက်မှုက ကျွန်မမှတ်ဉာဏ်ထဲမှာ လတ်လတ်ဆတ်ဆတ် ရှိနေတုန်းပဲ။ တခြားလူတွေများ ဒီလိုစီးပွားရေးလုပ်ငန်းကနေပဲ သန်းနဲ့ချီ ရကြတာ။ ကိုယ့်မှာတော့ ဘာမှမကျန်တဲ့အပြင် ဆုံးရှုံးမှုကြီးကြီးမားမားနဲ့တောင် အဆုံးသတ်ရတယ်။ ဒါက လူတစ်ယောက် ဘယ်လောက် ပိုက်ဆံရှာနိုင်သလဲ၊ ချမ်းသာသလား၊ ဆင်းရဲသလားဆိုတာက ဘုရားက ကြိုတင်သတ်မှတ်ထားတာပဲ။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုသက်သက်နဲ့ ရရှိနိုင်တဲ့ အရာတစ်ခု မဟုတ်ဘူးဆိုတာကို ပြနေတယ်။ ဒီနေ့ခေတ် လောကကြီးမှာ ဘေးအန္တရာယ်တွေက ပိုပိုပြီး ပြင်းထန်လာနေတယ်။ ကျွန်မသာ ပိုက်ဆံရှာတာ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းတို့ကို လိုက်စားတာတွေကို ဦးစားပေးခဲ့ပြီး သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရရှိဖို့ အခွင့်အရေးကို စွန့်လွှတ်ခဲ့မိရင် ကျွန်မ မိုက်မဲပြီး အသိဉာဏ်မဲ့ရာ ကျမှာ မဟုတ်ဘူးလား။ မနက်စာရောင်းတဲ့ လုပ်ငန်းက တစ်နေ့ကို ယွမ်ထောင်နဲ့ သောင်းနဲ့ချီပြီး ဝင်ငွေရနိုင်ရင်တောင်မှ ဘုရားနဲ့ ဝေးကွာခြင်းကနေ ဖြစ်ပေါ်လာတဲ့ အနှစ်မဲ့မှုနဲ့ ဒုက္ခဆင်းရဲကို ငွေနဲ့ အစားထိုးလို့ မရနိုင်ဘူး။ ကျွန်မ အခု ချမ်းသာချင်မှ ချမ်းသာမယ်။ ဒါပေမဲ့ ကျွန်မ ပုံမှန်ဘဝတစ်ခုကိုတော့ အသက်ရှင်နေနိုင်တုန်းပဲ။ ပိုအရေးကြီးတာက ကျွန်မ သမ္မာတရားတချို့နဲ့ ဘဝရဲ့အဓိပ္ပာယ်ကို နားလည်လာခဲ့ပြီ။ ကျွန်မ အသင်းတော်မှာ ကိုယ့်တာဝန်တွေကိုလည်း ထမ်းဆောင်နိုင်ခဲ့တယ်။ အဲဒါက ကျွန်မကို ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်မှုကို သယ်ဆောင်လာပေးခဲ့တယ်။ ဒီလို သိမြင်နားလည်မှုနဲ့အတူ လုပ်ငန်းကို စွန့်လွှတ်ပြီး ကိုယ့်တာဝန်တွေအပေါ် အာရုံစိုက်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မဆိုင်ထဲက မီးဖိုချောင်သုံး ပစ္စည်းတွေကို တခြားသူတွေဆီ ဈေးပေါပေါနဲ့ ရောင်းချလိုက်တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ခဲ့တယ်။ “လူတို့သည် လူသား၏ ကံကြမ္မာနှင့် ကိစ္စရပ်များ အားလုံးအပေါ် ဖန်ဆင်းရှင်က အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်ကို အမှန်တကယ် သတိမပြုမိပါက၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းမရှိပါက၊ ၎င်းတို့ အတွက် ‘လူတစ်ယောက်၏ကံကြမ္မာက သူ့လက်ထဲမှာရှိသည်’ ဆိုသည့် အယူအဆအားဖြင့် မောင်းနှင်ခြင်းမခံရဖို့နှင့် ချုပ်ချယ်ခြင်း မခံရဖို့ ခက်ခဲပေလိမ့်မည်။ ကံကြမ္မာနှင့် ဖန်ဆင်းရှင်၏ သြဇာ အာဏာတို့ကို ဆန့်ကျင်ပြီး ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားခြင်း၏ နာကျင်မှုများကို ပယ်ရှားဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ ပြောဖို့မလိုသည်မှာ ၎င်းတို့ အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူများဖြစ်လာဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ သို့သော်၊ ဤအခြေအနေမှ မိမိကိုယ်ကိုယ် လွတ်မြောက်ဖို့ အလွန့်အလွန် ရိုးရှင်းသည့် နည်းလမ်းတစ်ခု ရှိ၏။ ယင်းမှာ ယခင်က အသက်ရှင် နေထိုင်သည့်ပုံစံကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝပန်းတိုင်များကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝနေထိုင်မှုပုံစံ၊ ဘဝအပေါ်ရှုမြင်ပုံ၊ လိုက်စားမှုများ၊ အလိုဆန္ဒများနှင့် စံသတ်မှတ်ချက်များကို အနှစ်ချုပ်ကာ စိစစ်ဖို့ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့ကို ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ လူသားအတွက် တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကြည့်ပြီး ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုမှုများနှင့် ကိုက်ညီမှုရှိမရှိ၊ ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘဝ၏ မှန်ကန်သည့် တန်ဖိုးကို ပေးအပ်ခြင်းရှိမရှိ၊ သမ္မာတရားကို ပိုပြီးသိနားလည်မှုဆီသို့ ဆိုက်ရောက်စေခြင်းရှိမရှိ၊ လူ့သဘာဝနှင့် လူသားပုံသဏ္ဌာန်ဖြင့် နေထိုင်ခွင့်ပေးခြင်းရှိမရှိ ကြည့်ဖို့ဖြစ်သည်။ ဘဝတွင် လူတို့ကြိုးစားအားထုတ်သည့် ပန်းတိုင် အမျိုးမျိုးနှင့် ၎င်းတို့၏ မတူကွဲပြားသော မြောက်များစွာသော အသက်ရှင်နေထိုင် နည်းများကိုသင့်အနေဖြင့် ထပ်တလဲလဲ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် စိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်က သူ၏ နဂိုမူလ ရည်ရွယ်ချက်နှင့် မည်သည့်အရာကမျှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏ အဝေးသို့ လူတို့ကို ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံးသည် လူများကို အကျင့်ပျက်ပြားလာစေသည့်၊ ငရဲသို့ ဦးတည်ခေါ်ဆောင်သွားသည့် ထောင်ချောက်များသာ ဖြစ်သည်။ ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်၏တာဝန်မှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို ဘေးချိတ်ထားပြီး ထောင်ချောက် အမျိုးမျိုးမှ ဝေးဝေးနေကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ သင့်အတွက် အစီအစဉ်များ ပြုလုပ်စေဖို့ ဖြစ်သည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းပြမှုတို့ကို ကျိုးနွံနာခံဖို့၊ တစ်ဦးချင်း ရွေးချယ်မှုမရှိဘဲ အသက်ရှင်ဖို့နှင့် ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန် ကြိုးစားဖို့ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃))ဘုရားသခင်ကိုသိဖို့ ကြိုးစားသူတို့သည် ၎င်းတို့၏ ဆန္ဒများကို ဘေးဖယ်ထားနိုင် ကြသည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံရန် လိုလားနေကြပြီး ဘုရားသခင်၏ သြဇာအာဏာကို ကျိုးနွံနာခံမှုအပြည့်ရှိသူများနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းသည့် လူမျိုးများဖြစ်ဖို့ ကြိုးစားကြလေသည်။ ထိုသို့သောလူများသည် အလင်းထဲနှင့် ဘုရားသခင်၏ ကောင်းချီးများ အလယ်တွင် အသက်ရှင်ကာ သူတို့သည် ဘုရားသခင်၏ ချီးကျူးခြင်းကို အမှန်တကယ် ခံစားကြရ လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃))သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အသွင်အပြင်ဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ ဤကမ္ဘာလောကတွင်၊ လူသားသည် နတ်ဆိုး၏ အဝတ်အထည်ကို ဆင်မြန်းသည်၊ နတ်ဆိုးထံမှ အစားအစာကို စားပြီး၊ နတ်ဆိုး၏ ကြိုးဆွဲရာကလျက် အလုပ်လုပ်ကာ အစေခံလေသည်။ ပြီးလျှင် ယင်း၏ အညစ်အကြေးဖြင့် ဖုံးအုပ်သည်အထိ ယင်း၏ နင်းချေခြင်းကို ခံရသည်။ သင်သည် အသက်၏အဓိပ္ပါယ်ကို သဘောမပေါက်ပါက သို့မဟုတ် စစ်မှန်သော လမ်းခရီးကို မရရှိပါက၊ ဤသို့အသက်ရှင်ခြင်း၌ မည်သည့် အဓိပ္ပာယ် ရှိသနည်း။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ထုတ်ဖော်ပြခဲ့တယ်။ ဘဝမှာ တကယ် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတဲ့ လိုက်စားမှုတွေက ဘာတွေလဲဆိုတာပေါ့။ အခု ကျွန်မက လူသားကို ကယ်တင်ဖို့ ဖန်ဆင်းရှင်ရဲ့ အမှုတော်ကို ကြုံတွေ့ခွင့်ရလို့ ကံကောင်းတယ်။ ဒါက တစ်သက်မှာတစ်ခါ ကြုံရခဲတဲ့ အခွင့်အရေးပဲ။ ဖန်ဆင်းရှင်ရဲ့ အသံတော်ကို ကြားရတာက လူအများကြီး အိပ်မက်မက်ခဲ့ကြတဲ့ အရာတစ်ခုပဲ။ ဒါကြောင့် ကျွန်မ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို နောက်ထပ် မလိုက်စားတော့ဘဲ ဘုရားရဲ့ အချုပ်အခြာအာဏာကို ကျိုးနွံနာခံပြီး ကိုယ်တော်ရဲ့ လိုအပ်ချက်တွေအတိုင်း အသက်ရှင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မ ပေတရုအကြောင်း စဉ်းစားမိတယ်။ သခင်ယေရှုရဲ့ ခေါ်တော်မူသံကို ကြားတဲ့အခါ သူက သူ့ရဲ့ ငါးဖမ်းပိုက်ကွန်တွေကို ချက်ချင်းပစ်ချပြီး ကိုယ်တော့်နောက်ကို လိုက်ခဲ့တယ်။ နောက်ဆုံးမှာ ဘုရားကို သိကျွမ်းလာတယ်၊ ကျိုးနွံနာခံတယ်၊ ချစ်လာခဲ့တယ်။ ယောဘလည်း အရာအားလုံး ဆုံးရှုံးခဲ့ပေမဲ့ ဘုရားကို ချီးမွမ်းခဲ့တုန်းပဲ။ စာတန်ရှေ့မှာ ဘုရားအတွက် လှပတဲ့ သက်သေခံချက်ကို ခံခဲ့တယ်။ နောက်ဆုံးမှာ ဘုရားရဲ့ ပေါ်ထွန်းခြင်းကို မြင်တွေ့ဖို့ ကောင်းချီးခံစားခဲ့ရတယ်။ သမိုင်းတစ်လျှောက်မှာ သန့်ရှင်းသူအများကြီးက အရာအားလုံးကို စွန့်လွှတ်ခဲ့ကြတယ်။ ဘုရားရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ သူတို့အသက်ကိုတောင် စွန့်လွှတ်ခဲ့ကြတယ်။ ဒါက အသက်ရှင်ဖို့ အဓိပ္ပာယ်အရှိဆုံးနဲ့ တန်ဖိုးအရှိဆုံး နည်းလမ်းပဲ။ ဒီဥပမာတွေကို စိတ်ထဲမှာထားပြီး အဝတ်အစား၊ အစားအစာ ရှိရုံနဲ့ ရောင့်ရဲတင်းတိမ်သင့်တယ်ဆိုတာ၊ သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ စွမ်းအင် ပိုပြီး မြှုပ်နှံသင့်တယ်ဆိုတာ သိခဲ့တယ်။ ဘုရားကို သိကျွမ်းဖို့ ကြိုးစားခြင်းက တန်ဖိုးအရှိဆုံးပဲ။ ကျွန်မလုပ်ငန်းကို လုံးဝစွန့်လွှတ်ပြီးတဲ့နောက် အလုပ်လုပ်တာ၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တာတွေအပြင် ကျန်တဲ့အချိန်တွေကို ကျွန်မကလေးတွေနဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီး ဘုရားကို ချီးမွမ်းဖို့ ဓမ္မသီချင်းတွေ သီဆိုရင်း အချိန်ကုန်ဆုံးခဲ့တယ်။ နေ့တိုင်း ကျွန်မ ငြိမ်သက်ပြီး တည်ငြိမ်တယ်လို့ ခံစားရတယ်၊ ပျော်စရာလည်း ကောင်းခဲ့တယ်။ လအနည်းငယ်ကြာတော့ ကျွန်မရဲ့ နှစ်ရှည်လများ ခံစားခဲ့ရတဲ့ အစာအိမ်ရောဂါ ပျောက်ကင်းသွားခဲ့တယ်။ ဒါက ဘုရားရဲ့ သနားကရုဏာဖြစ်တယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ကျွန်မကလေးတွေက သူတို့ရဲ့ စာသင်ကြားမှုနဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ပိုပြီး ကိုယ့်အားကိုယ်ကိုးလာကြတယ်။ သူတို့က အထူးသဖြင့် နာခံတတ်ပြီး သိတတ်နားလည်ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရင်းနဲ့ ဘုရားရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြခြင်းကို ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ သမ္မာတရားတချို့ကို တဖြည်းဖြည်း နားလည်လာခဲ့တယ်။ ဘုရားရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို၊ စာတန်က လူတွေကို ဘယ်လို ဖောက်ပြန်ပျက်စီးစေခဲ့သလဲ၊ ဘုရားက လူသားတွေကို ဘယ်လို ကယ်တင်ခဲ့သလဲ ဆိုတာကို ပိုပြီး နက်ရှိုင်းတဲ့ နားလည်မှု ရရှိခဲ့တယ်။ လူတွေ ဘယ်လို အသက်ရှင်သင့်သလဲ၊ ဘယ်လို လိုက်စားမှုတွေက တကယ် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသလဲဆိုတာတွေကိုလည်း ကျွန်မ သင်ယူခဲ့ရတယ်။ ကျွန်မစိတ်နှလုံးထဲက ဂယောက်ဂယက်ဖြစ်တာက သိသိသာသာ လျော့နည်းသွားခဲ့တယ်။ ဘုရားရဲ့ ကယ်တင်ခြင်းအတွက် ကျွန်မ သိပ်ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျော်ကြားမှုနှင့် အောင်မြင်မှုတို့သည် နာကျင်စရာများကို ယူဆောင်လာခဲ့သည်

ထျန်ထျန် တရုတ်နိုင်ငံ နွေဦးရာသီတစ်ခုမှာ ကျွန်မနှင့် စီနီယာဆရာဝန် အချို့တို့သည် အပြင်မှာ ဟင်းချက်စားဖို့ သွားကြသည်။ လမ်းမှာ ဒေသခံ...

ချောက်ကမ်းပါးစွန်းမှ ပြန်လာသည်

ကျောက်ဂွမ်မင်း၊ တရုတ်ပြည် ၁၉၈၀ခုနှစ်များ အစပိုင်းတွင် ကျွန်တော်က အသက် ၃၀အရွယ်ရှိပြီး၊ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ် လုပ်နေခဲ့သည်။...

အစိုးရအရာရှိ၏ ရွေးချယ်မှု

ရှင်းကျန်း တရုတ်ပြည်ကျွန်တော် မမွေးမီ ကျွန်တော့်အဖေက ဥပဒေကို ချိုးဖောက်မိပြီး အဖမ်းခံခဲ့ရသည်။ ၁၉၇၀ ဝန်းကျင်တွင် ထိုသို့သော အရာမျိုးသည်...

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်အား အသက်တာ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် လျှောက်ဖို့ လမ်းပြပေးသည်။

ဖန်ဟောက်၊ တရုတ်ပြည် ယခုနောက်ပိုင်းတွင် အင်တာနက်ပေါ်မှ ဆိုရိုးစကားတစ်ခုက လူသိများလာ ခဲ့သည်၊ “ငွေမရှိရင် ကိုယ့်မိသားစုအနှောင်အဖွဲ့တွေကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။