ကျွန်တော့်ရဲ့ ကျန်ရှိတဲ့ နှစ်တွေအတွက် ကျွန်တော့်ရွေးချယ်မှု

12.03.2023

စိန်းယွိ တရုတ်နိုင်ငံ

ကျွန်တော်ငယ်ငယ်တုန်းက မိသားစုက တော်တော်ဆင်းရဲတယ်။ တခြားရွာသားတွေက အနိုင်ကျင့်တာကို ခဏခဏခံရတယ်။ အနိုင်ကျင့်ခံရတာကြောင့် ကျွန်တော့်အမေက မျက်ရည်ကျရတာကို ကျွန်တော်မြင်တဲ့အခါမှာ အမြဲတမ်းစိတ်ညစ်မိတယ်။ ကျွန်တော်တို့က အဆင့်အတန်းမရှိတာကြောင့် လူတိုင်းက အထင်သေးတဲ့ပုံစံရှိပြီး တိုးတက်ဖို့ အခွင့်အရေးလုံးဝ မရှိသလိုပဲ။ အဲဒီအချိန်တွေမှာ မိဘတွေကကျွန်တော့်ကို ခဏခဏပြောတယ်။ “ဆင်းရဲသူတွေက အကြီးဆုံးမြို့တွေမှာတောင် အထီးကျန်ပေမဲ့ ချမ်းသာသူတွေကတော့ တောတောင်အနက်ဆုံးနေရာတွေမှာတောင် ဧည့်သည်တွေရှိကြတယ်။ ဒါကြောင့် သားကြီးလာရင် ကိုယ့်မိသားစုဂုဏ်ရှိဖို့အတွက် နာမည်ကြီးအောင်လုပ်ပြီး ကိုယ်နဲ့တန်းတူလူတွေထက်ပိုသာအောင် လုပ်ရမယ်။” တဲ့။ ဒီစကားတွေကို ကျွန်တော့်စိတ်ထဲမှာ မှတ်ထားပြီး ဂုဏ်အဆင့်အတန်းနဲ့ သူများတွေလေးစားတာကို ရဖို့အတွက် အလုပ်ကြိုးစားခဲ့တယ်။

၁၉၈၆ခုနှစ်မှာ နိုင်ငံတော်ကုမ္ပဏီကြီးတစ်ခုအတွက် လူစုသင်တန်းပေးအစီအစဉ်တစ်ခုမှာ ကျွန်တော် ဝင်ပါခဲ့တယ်။ သင်တန်းမှာ ကျွန်တော် ကြိုးစားလေ့လာပြီး လတိုင်းနီးနီး အဆင့်နဲ့ ပြုမူနေထိုင်မှုနှစ်ခုလုံးမှာ အမှတ်တွေက ထိပ်ဆုံးမှာရှိတယ်။ ဒါပေမဲ့ အဆင့်နိမ့်တဲ့ အလုပ်သင်ရာထူးတစ်ခုကို ကျွန်တော့်ကိုပေးတော့ အံ့ဩသွားရတယ်။ ကျွန်တော့်ထက်အမှတ်နည်းပေမဲ့ မိသားစုအဆင့်အတန်းမြင့်တဲ့သူတွေကျတော့ မန်နေဂျာရာထူးတွေရတယ်။ စစချင်းဆောက်နဲ့ထွင်းဖြစ်ရလို့ စိတ်ပျက်သွားတယ်။ ကျွန်တော်က အသိအမှတ်ပြုခံချင်ရင် ကောင်းကောင်းလုပ်ရုံနဲ့မလုံလောက်ဘူး၊ အထက်လူကြီးကို မျက်နာလိုမျက်နာရလုပ်တတ်အောင် သင်ရမယ်ဆိုတာလည်း သဘောပေါက်သွားတယ်။ အဲဒါနဲ့ နောက်တော့ အထက်လူကြီးကို သူ့အိမ်ကအလုပ်တွေ ခဏခဏ ကူလုပ်ပေးတယ်။ သူက ဖျားနာပြီး ဆေးရုံတက်ရတော့ သူခိုင်းသမျှ လုပ်ပေးတယ်။ အထက်လူကြီးက အသိအမှတ်ပြုတာခံရဖို့အတွက် စီမံတဲ့ ကျွမ်းကျင်မှုတိုးတက်အောင်လို့ စာအုပ်မျိုးစုံဝယ်ပြီး စိတ်နှစ်ပြီး လေ့လာတယ်။ သုံးလေးနှစ်လောက် ကြိုးစားပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ကျွန်တော်က အထက်ပိုင်းစီမံရေးကို ရာထူးတိုးသွားတယ်။ စက်ရုံထဲမှာ အလုပ်သမားတွေအားလုံးက ကျွန်တော့်ကို ခေါင်းညိတ်၊ ဦးညွှတ်ပြီး နှုတ်ဆက်ကြတယ်။ အိမ်ပြန်ရောက်တော့ အိမ်နီးချင်းတွေအားလုံးက ကျွန်တော့်ဆီ လာလည်ကြတယ်။ အဲဒီလိုနဲ့ ကျွန်တော်က ကျွန်တော်တို့ရွာမှာ နာမည်ကြီးလာတာပေါ့။ ကျွန်တော့်ကို အကူအညီတောင်းဖို့ လူတွေ ပိုပိုပြီးရောက်လာကြတယ်။ အရင်က ကျွန်တော်တို့ကို အထင်သေးတဲ့သူတွေကတောင် လုံးဝ လေသံပြောင်းသွားပြီး အခုတော့ ကျွန်တော်နဲ့ လုံးဝ ခင်ခင်မင်မင်ပဲ။ ကျွန်တော့်ရဲ့ မာန်မာနအတွက် အားလုံးက အာရုံစိုက်ခံရပြီး လေးစားမှုတွေရတာက အရမ်းကျေနပ်ဖို့ကောင်းတယ်။

၁၉၉၈ခုနှစ်၊ အသက် ၃၅နှစ်မှာ စက်ရုံညွှန်မှူးအဖြစ် ကျွန်တော် ရာထူးတိုးသွားတယ်။ ဂုဏ်အဆင့်အတန်းနဲ့ အာဏာရှိနေပေမဲ့ ကျွန်တော်ကတော့ ဘဝင်မကျသေးဘူး။ ကျွန်တော်က ပုဂ္ဂိုလ်ရေးအဆက်အသွယ်တွေမရှိတော့ ကိုယ့်အလုပ်မှာ ကောင်းကောင်းမလုပ်ရင် လက်ရှိအဆင့်အတန်းကို မထိန်းနိုင်လောက်ဘူးလို့ စိတ်ပူမိတယ်။ အဲဒါနဲ့ ကျွန်တော်က ဓားသွားပေါ်လမ်းလျှောက်နေရသလိုမျိုး အလုပ်ကို အရမ်းသတိထားပြီး ချဉ်းကပ်တယ်။ တစ်ခုခုမှားသွားရင် အထုတ်ခံရမှာပဲဆိုပြီး အရမ်းကြောက်နေတယ်။ ကျွန်တော်တို့ရဲ့အလုပ်တိုးတက်ဖို့အတွက် ကျွန်တော်တို့ ဖောက်သည်တွေကို ခဏခဏ အစားအသောက်နဲ့ ဧည့်ခံတယ်။ အရက်သောက်ဖို့၊ ကာရာအိုကေဆိုဖို့ အပြင်ခေါ်သွားတယ်။ တချို့မန်နေဂျာတွေဆိုရင် ဖောက်သည်တွေကို ပိုက်ဆံနဲ့ ပြည့်တန်ဆာတွေနဲ့တောင် လာဘ်ထိုးတာကို ကျွန်တော် သတိထားမိတယ်။ ဒီလို စီးပွားရေးလုပ်တဲ့ပုံစံကို ကျွန်တော် ရွံတယ်။ ဒါပေမဲ့ ကျွန်တော့်ရွေးချယ်စရာတွေကို အချိန်ယူစဉ်းစားပြီးတဲ့နောက်မှာ နောက်ဆုံးတော့ အခြေအနေရဲ့ လက်တွေ့အရှိတရားကိုပဲ လိုက်လျောခဲ့တယ်။ အဲဒီအချိန်တွေမှာ ကျွန်တော် စိတ်သောကရောက်နေပြီး အိပ်လို့မရဘူး။ အလုပ်က ဖိအားနဲ့ ကိုယ်ပိုင်သောကတွေကြောင့် ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီဓာတ်များခြင်းနဲ့ တခြားရောဂါတွေဖြစ်လာတယ်။ နောက်ပိုင်းမှာ ကျွန်တော့်ကုမ္ပဏီက အများပိုင်ကနေ ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ် ပြောင်းလိုက်တယ်။ လူနှစ်ရာ၊ သုံးရာရှိတဲ့ ဝန်ထမ်းတွေက ကုမ္ပဏီမှာ ရှယ်ယာတွေဝယ်ကြပြီး ပိုင်ဆိုင်မှုယူကြတယ်။ သုံးနှစ်ကြာတော့ ကျွန်တော်တို့ ဝင်ငွေတွေကို အများဆုံးရနိုင်ဖို့အတွက် ကုမ္ပဏီဥက္ကဌရဲ့အစီအစဉ်အတိုင်း ရှယ်ယာရှင်လူနည်းစုကို ဝယ်လိုက်တယ်။ အဲဒီလိုနဲ့ ကျွန်တော်နဲ့ တခြားအကြီးစားရှယ်ယာရှင်တွေက သန်းကြွယ်သူဌေးတွေဖြစ်လာပြီး ကျွန်တော်တို့ကုမ္ပဏီက ကျွန်တော်တို့ဒေသမှာ အခွန်ဘဏ္ဍာအရင်းအမြစ် အကြီးစားဖြစ်လာတယ်။ အရေးကြီးတဲ့ အစည်းအဝေးတွေကို ခဏခဏတက်ရပြီး ကောင်တီထိုင်ခုံမှာ ထိုင်ရတယ်။ တီဗီမှာတောင် ပါတယ်။ ကျွန်တော့်မာန်မာနက အရင်က လုံးဝ မဖြစ်ဘူးတဲ့ပုံစံနဲ့ ကျေနပ်အားရတာပေါ့။ အပြင်ပန်းကကြည့်ရင် ကျွန်တော်က ထိပ်ဆုံးမှာရှိနေပြီး အခွင့်ထူးခံလူတစ်ယောက်ရဲ့ ဘဝနေမှုပုံစံအတိုင်း ရှင်သန်နေသလိုပါပဲ။ ဒါပေမဲ့ စိတ်ထဲမှာတော့ ဗလာဖြစ်နေပြီး ဘဝင်မကျဘူး။ ညတိုင်းပဲ အိပ်ရာပေါ်လှဲပြီး စဉ်းစားတယ်။ “ဒီနှစ်တွေမှာ ငါ့အလုပ်အပေါ် ကိုယ်၊ ရောစိတ်ပါနှစ်ပြီး လုပ်ခဲ့တယ်။ နာမည်နဲ့ အဆင့်အတန်းကို ရခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ သိက္ခာနဲ့ ငါ့ကျန်းမာရေးကို ဆုံးရှုံးခဲ့တယ်။ ဒါက တကယ်ပဲ ငါ့ဘဝကို ရှင်သန်သင့်တဲ့ပုံစံလား။ ဒီလိုမျိုး အသက်ရှင်နေတော့ ဘာအဓိပ္ပာယ်ရှိလဲ” ပေါ့။

ဒါပေမဲ့ အလုပ်ရှုပ်နေတဲ့ ကျွန်တော့်ဘဝကြောင့် ဆင်ခြင်သုံးသပ်ဖို့ အချိန်သိပ်မရဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သတင်းနဲ့ ခွဲထွက်လို့မရအောင် ချည်နှောင်ခံထားရတော့ ကျွန်တော်လုပ်နိုင်သမျှက ရှေ့ဆက်သွားဖို့ပဲ။

ဒါပေမဲ့ ကျွန်တော်အံ့ဩသွားတာက ကျွန်တော့်အသက်မွေးဝမ်းကျောင်းအလုပ်ရဲ့ အထွတ်အထိပ်ကို ရောက်တဲ့အချိန်မှာပဲ စီမံမှုမှာ ကျွန်တော်ကိုယ်တိုင်ရဲ့ သတိလစ်ဟင်းမှုကြောင့် ကျွန်တော်တို့ ထုတ်ကုန်တစ်ခုက အကြီးစား အရည်အသွေးပြဿနာတစ်ခုရှိခဲ့တယ်။ အဲဒီဟာကြောင့် ကုမ္ပဏီက ယွမ်သန်းချီပြီး ကုန်သွားတယ်။ အဲဒီအချိန်မှာ ကျွန်တော် လုံးဝကို စိတ်ညစ်မိတယ်။ အဲဒီကုမ္ပဏီမှာကျွန်တော်ရှိတဲ့ နှစ်တွေအားလုံးမှာ နှစ်တိုင်းနီးပါးမှာ ပုံမှန်တိုးတက်အောင် ကျွန်တော် လုပ်ခဲ့တယ်။ ဒါပေမဲ့ အရင်ခြောက်လမှာ သေလုနီးပါး အလုပ်လုပ်ခဲ့ပေမဲ့ နောက်ဆုံးတော့ ကိုယ့်ဂုဏ်သတင်းကို ဖျက်ဆီးခဲ့တယ်။ အမြင့်ဆုံး အမြင့်ကနေ အနိမ့်ဆုံးအနိမ့်အထိ ကျသွားသလိုပဲ။ ကျွန်တော့်ရဲ့ နာကျင်မှုနဲ့ ဝေဒနာတွေရှိနေတဲ့အချိန်မှာ ညီအစ်ကိုမောင်နှမတချို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်တော်နဲ့ မျှဝေဖို့ ရောက်လာကြတယ်။ ဘုရားနှုတ်ကပတ်တော်က ဒီလိုပြောတာကို ကျွန်တော် တွေ့ခဲ့ရတယ်။ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသည် သူ၏အကျိုးအတွက် အမြဲပြေးလွှားကာ အလုပ်ရှုပ်နေသော်လည်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိမြဲဖြစ်လေသည်။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်မည်ဆိုပါက၊ သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဆိုပါက၊ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ဦးမည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း)လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဒါကို ဖတ်ပြီးတဲ့နောက်မှာ ဘဝမှာ ကျွန်တော်တို့ ကံကြမ္မာအားလုံးက ဘုရားလက်ထဲမှာရှိတယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ ကျွန်တော်တို့ အသက်မွေးအလုပ်တွေမှာ အောင်မြင်ခြင်းရှိမရှိဆိုတဲ့အပေါ် ကျွန်တော်တို့က ထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။ စဉ်းစားကြည့်တော့ ဒါမှန်တယ်ဆိုတာ သဘောပေါက်သွားတယ်။ နဂိုက ကျွန်တော်က ကိုယ်ပိုင်အားထုတ်မှုနဲ့ ကျွန်တော့်အလုပ်ကို ရှေ့ဆက်ဖို့ ရည်ရွယ်ခဲ့တာ။ ဒါပေမဲ့ အဲဒီအစား ဆိုးဆိုးဝါးဝါးကို ကျရှုံးခဲ့တယ်။ ဒါဟာ ကျွန်တော်တို့က ကိုယ့်ကံကြမ္မာကို မထိန်းချုပ်ဘူးဆိုတာ ပြခဲ့တယ်။ ကျွန်တော့်အတွက် ဒီစကားတွေက တကယ်ကို လက်တွေ့ကျပြီး မှန်တဲ့ပုံစံရှိတယ်။ အချိန်ကာလတစ်ခုအထိ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ ဒါဟာ ဘုရားရဲ့ လုပ်ဆောင်မှုဖြစ်တယ်ဆိုတာ သေချာသွားပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော် လက်ခံခဲ့တယ်။

အဲဒီနောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေ့တယ်။ “လူမျိုးအားလုံး၊ နိုင်ငံအားလုံးနှင့် စက်မှုလုပ်ငန်း အားလုံး၏ လူများကို ဘုရားသခင်၏ အသံအား နားထောင်ရန်၊ ဘုရားသခင်၏ အမှုကို ရှုစားရန်နှင့် လူသားမျိုးနွယ်၏ ကံကြမ္မာကို အာရုံစိုက်ရန်၊ ဘုရားသခင်ကို အသန့်ရှင်းဆုံး၊ ဂုဏ်အသရေ အရှိဆုံး၊ အမြင့်မားဆုံးနှင့် လူသားမျိုးနွယ်အလယ် တစ်ခုတည်းသော ကိုးကွယ်ဆည်းကပ်ရာ ဖြစ်စေဖို့အလို့ငှာနှင့် အာဗြဟံ၏ သားစဉ်မြေးဆက်များက ယေဟောဝါ၏ ကတိတော်များအောက်၌ အသက်ရှင်ခဲ့ကြသကဲ့သို့ပင်၊ ပြီးလျှင် ပထမဦးစွာ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့်ဧဝတို့က ဧဒင်ဥယျာဉ်ထဲတွင် အသက်ရှင် ခဲ့သကဲ့သို့ပင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအား ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၌ အသက်ရှင်ခွင့်ပေးရန် ငါ တိုက်တွန်း၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်အပေါ် တော်တော်သက်ရောက်တယ်။ အောင်မြင်ဖို့ ရုန်းကန်ရင်းနဲ့ ကျွန်တော့်ဘဝရဲ့ ပထမတစ်ဝက်ကို ကုန်ဆုံးခဲ့တယ်။ ကျွန်တော်နဲ့ တန်းတူလူတွေထက်ပိုသာဖို့ ဖြစ်တဲ့ ကျွန်တော့်ပန်းတိုင်က လက်တွေ့ဖြစ်ခဲ့ပေမဲ့ နာမည်ရအောင်လုပ်ခဲ့ပြီး ကျွန်တော်ကိုယ်တိုင်ရဲ့ အရာမရောက်တဲ့ဆန္ဒတွေ ပြည့်ခဲ့ပေမဲ့ စိတ်အတွင်းထဲမှာတော့ ဗလာဖြစ်ပြီး ဝေဒနာခံစားနေရတယ်။ သမ္မာတရားကို ရှာဖွေပြီး ဘုရားကို ကိုးကွယ်ဖို့အတွက် ဘုရားရှေ့ကို လာခြင်းကသာ လမ်းမှန်ဖြစ်ပြီး ဘုရားရဲ့ ကောင်းချီးကို ရမယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ အဲဒါနဲ့ ကျွန်တော် ဘုရားကို ကျိန်ဆိုခဲ့တယ်။ နောက်ကို ယုံကြည်ခြင်းကို လက်တွေ့လုပ်ပြီး ဘုရားနောက်လိုက်ဖို့အတွက် အကောင်းဆုံးလုပ်မယ် ဆိုပြီးတော့။

နှစ်လကြာတော့ ကျွန်တော်က ကျွန်တော့်အသင်းတော်မှာ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီး အဖွဲ့စုဝေးပွဲတွေလုပ်တဲ့နေရာမှာ ဦးဆောင်ရတယ်။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားပြီး ဘုရားအလိုတော်ကို အရေးစိုက်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အသင့်ဖြစ်နေတာပေါ့။ ကျွန်တော်တို့ စုဝေးပွဲနေရာက ကျွန်တော်အလုပ်လုပ်ခဲ့တဲ့နေရာနားမှာဆိုတော့ စုဝေးပွဲသွားတဲ့လမ်းမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခဏခဏ ကြုံတယ်။ ကြာလာတော့ ကျွန်တော် စိုးရိမ်လာတယ်။ ကျွန်တော်က ယုံကြည်သူဖြစ်တာကို အထက်လူကြီးက သိသွားရင် အနည်းဆုံးအနေနဲ့ ဝေဖန်ခံရပြီး သိက္ခာကျနိုင်တယ်။ ဒါပေမဲ့ အဆိုးဆုံးက ကုမ္ပဏီကနေတောင် အလုပ်ထုတ်ခံရနိုင်တယ်။ ဒါဆိုရင် ကျွန်တော့်ဘဝတစ်ဝက်လုံး ရဖို့ ရုန်းကန်ခဲ့တဲ့ နာမည်နဲ့ အဆင့်အတန်းကို ဆုံးရှုံးရမယ်။ ဒါပေမဲ့ နောက်တော့ ကျွန်တော် စဉ်းစားတယ်။ “ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ သမ္မာတရားတချို့ကို ငါနားလည်လာတော့ မကောင်းမှုတော်တော်များများ ရှောင်နိုင်လာတယ်။ ဘုရားကို ယုံကြည်တာ၊ သမ္မာတရားကို ရှာဖွေတာနဲ့ တာဝန်ထမ်းဆောင်တာက လမ်းမှန်ဖြစ်တယ်၊ ငါ့ဘဝမှာ တန်ဖိုးအရှိဆုံး၊ အဓိပ္ပာယ်အရှိဆုံးအရာဖြစ်တယ်ဆိုတာ ငါ အရမ်းကို လက်ခံယုံကြည်တယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် ငါ ဒါကို စွန့်လွှတ်လို့မဖြစ်ဘူး” ပေါ့။ အဲဒီနောက်တော့ ကျွန်တော် စိတ်မကျဉ်းကျပ်တော့ဘဲ ဆက်ပြီးတော့ စုဝေးပြီး တာဝန်ထမ်းဆောင်တယ်။ ကျွန်တော် ကြိုခန့်မှန်းခဲ့သလိုပဲ။ နည်းနည်းကြာတော့ ဘုရားကို ကျွန်တော် ယုံကြည်ပြီး စုဝေးပွဲတွေတက်နေတာကို အထက်လူကြီးက သိသွားတယ်။ တစ်ခါတော့ ကျွန်တော်တို့ကုမ္ပဏီက လုပ်တဲ့ အစည်းအဝေးကို ကျွန်တော် မတက်ဘူး။ အဲဒါနဲ့ ဥက္ကဌက ကျွန်တော့်ကို လိုက်ရှာဖို့ လူတွေလွှတ်တယ်။ စုဝေးပွဲက ဘယ်မှာလဲဆိုတာကိုတောင် လူတွေကို မေးတယ်။ နောက်တစ်ခါကျတော့ ကျွန်တော်က စုဝေးပွဲတစ်ခုကို သွားနေတာ။ ဥက္ကဌက သိသွားပြီးတော့ အလယ်ပိုင်း မန်နေဂျာတွေအားလုံးပါတဲ့ အစည်းအဝေးတစ်ခုကို တမင်လုပ်လိုက်တယ်။ ပြီးတော့ ကျွန်တော် ထွက်သွားလို့မရအောင် ကျွန်တော့်ဘေးနားမှာ ထိုင်တယ်။ ဒီအခြေအနေတစ်ခုလုံးက ကျွန်တော့်အတွက် တကယ်ကို ခက်တယ်။ ကျွန်တော် စုဝေးပွဲတွေတက်တဲ့အချိန်တိုင်းမှာ အမြဲတမ်း စိတ်ကျဉ်းကျပ်ရတယ်။ အဲဒီအချိန်ကာလမှာ ကျွန်တော် တော်တော်ကို စိတ်ဖိစီးတယ်။ ကျွန်တော့်ရဲ့ လက်ရှိအခြေအနေက ကျွန်တော် ဘုရားကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်တာ မလုပ်အောင် တားဆီးနေတာကို သဘောပေါက်သွားတယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းပြီး ဘုရားရဲ့လမ်းပြမှုကို တောင်းခံခဲ့တယ်။

နောက်ပိုင်းမှာ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေ့တယ်။ “သင်သည် ယခု ငါ့ကို မည်သို့ စိတ်ကျေနပ်စေသင့်သည် ဆိုသည်နှင့် ငါ၌ သင်၏ ယုံကြည်ခြင်းတွင် လမ်းကြောင်းမှန်ပေါ် မည်သို့ အခြေချသင့်သည်ကို သင် သိသင့်သည်။ ငါ ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် နာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ လက်ရှိတွင် သက်သေခံချက်က အဘယ်အရာဖြစ်သည်၊ ချစ်ခြင်းမေတ္တာက အဘယ်အရာဖြစ်သည်ကို သင်မသိလျှင်ပင်၊ ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး၊ သင်၌ တစ်ခုတည်းသော ရတနာများ- သင်၏ သစ္စာစောင့်သိမှုနှင့် နာခံခြင်း- ကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် နာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ယုံကြည်သူတွေအဖြစ် ကျွန်တော်တို့ဘဝမှာ ဘာကိုပဲ ဖြတ်သန်းရပါစေ အမြဲတမ်း ဘုရားအပေါ် ဆက်ကပ်ခြင်း၊ နာခံခြင်းကို လက်တွေ့လုပ်ပြီး ဘုရားအတွက် သက်သေခံရမယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်တော် သဘောပေါက်သွားတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က ယုံကြည်ခြင်းကို ကျင့်သုံးလာတာ နှစ်နှစ်ကြာပြီ။ ကျွန်တော်က အပြင်ပန်းမှာ တာဝန်ထမ်းဆောင်ပေမဲ့ ကျွန်တော့်အလုပ်ကြောင့် စိတ်ကျဉ်းကျပ်နေရတယ်။ အလုပ်အထုတ်ခံရပြီး ကျွန်တော့်အဆင့်အတန်းကို ဆုံးရှုံးရမှာကို အမြဲတမ်း စိတ်ပူနေခဲ့တယ်။ အဲဒါနဲ့ ကျွန်တော့်တာဝန်ကို တကယ်တမ်းမလုပ်နိုင်ခဲ့ဘူး။ တစ်ခါတလေမှာ ကျွန်တော့်အလုပ်က ကျွန်တော့်စုဝေးပွဲနဲ့ တာဝန်တွေကိုတောင် လွှမ်းမိုးသွားတယ်။ ကျွန်တော့်သက်သေခံချက်က ဘယ်မှာလဲ။ နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က စိတ်ထဲပေါ်လာတယ်။ “သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ပေတရုသည် အရာရာ၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို နာခံရန် ကြိုးစားခဲ့သည်။ စိုးစဉ်းမျှ စောဒကတက်ခြင်း မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအပြင်၊ စစ်ဆေးခြင်း၊ အတိဒုက္ခနှင့် သူ့အသက်တာတွင် ချို့တဲ့မှုများဖြင့် အသက်ရှင်ခြင်းတို့ကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်အား ချစ်ခြင်းအား မပြောင်းလဲနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ပေတရုက သူ့ယုံကြည်ခြင်းမှာ ဘုရားကို နာခံပြီး ချစ်ဖို့ အားထုတ်ခဲ့တယ်။ သခင်ယေရှုက သူ့ကို ခေါ်တဲ့အခါမှာ သခင်ယေရှုနောက်ကိုလိုက်ဖို့ သူ့ငါးဖမ်းလှေကို ချက်ချင်းစွန့်ပစ်ခဲ့တယ်။ စမ်းသပ်မှုတွေ၊ အခက်အခဲတွေကို သူရင်ဆိုင်ရတဲ့အခါမှာ ဘုရားအလိုတော်ကို ဖြည့်ဆည်းဖို့ အားထုတ်နေတုန်းပဲ။ နောက်ဆုံးမှာ ပြောင်းပြန်ကားစင်တင်ခံရပြီး သူသေတဲ့အထိ ဘုရားကို အဆုံးစွန် ချစ်ပြီး နာခံခဲ့တယ်။ ဘုရားအတွက် အံ့ဖွယ်ဖြစ်ပြီး ထူးကဲတဲ့ သက်သေကို ခံခဲ့တယ်။ တန်ဖိုးနဲ့ အဓိပ္ပာယ်အပြည့်ရှိတဲ့ ဘဝကို ရှင်သန်ခဲ့တယ်။ ယုံကြည်ခြင်းကို ကျင့်သုံးပြီး ဘုရားနောက်လိုက်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာကို ထည့်တွက်ရင် ဘုရားကို ချစ်ပြီး ကျေနပ်စေဖို့ အားထုတ်ပြီး ပေတရုကို အတုယူသင့်တယ်။ ဒါကသာ မှန်တဲ့ ဆုံးဖြတ်ချက်ဖြစ်မှာပဲ။ ကျွန်တော့်ဘဝရဲ့ ပထမတစ်ဝက်မှာ လာဘ်ပေးလာဘ်ယူတွေလုပ်ခဲ့တာ၊ အကျင့်ပျက်မှုထဲမှာ သာယာပြီး အဆင့်အတန်းနဲ့ အာဏာအတွက် လိမ်ညာခဲ့ပြီး လုံးဝ စိတ်ဒုက္ခရောက်ပြီး နေခဲ့ရတာတွေကို တွေးမိတယ်။ အဲဒီလိုနဲ့ ကျွန်တော့်လူငယ်ဘဝက ကုန်လွန်သွားတယ်။ နောက်ဆုံးမှာ ကျွန်တော်က ဘုရားက လမ်းမှန်ပေါ်ကို လမ်းပြပေးတာကို ခံရပေမဲ့ ကျွန်တော့်အလုပ်ကြောင့် စိတ်ကျဉ်းကျပ်နေပြီး ယုံကြည်ခြင်း ကျင့်သုံးပြီး တာဝန်ထမ်းဆောင်ဖို့ကို အာရုံမစိုက်နိုင်ဘူး။ ဒီလိုဆက်သွားနေရင် ကျွန်တော့်ဘဝက တကယ်တိုးတက်နိုင်ပါ့မလား။ အထူးသဖြင့် ဒီ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတဲ့အခါပေါ့ “အချိန်သည် မည်သူကိုမျှ မစောင့်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)) အရေးတကြီးဖြစ်နေတဲ့ ခံစားချက်မျိုး ရှိနေခဲ့တယ်။ ဒီကမ္ဘာမြေပေါ်မှာ နှစ် ၅၀ ကျော်ပြီးတဲ့နောက်မှာ ဘုရားရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကျေးဇူးတော်ကို လက်ခံဖို့ သမ္မာတရားကို ရှာဖွေပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ရယူဖို့ ကျွန်တော် အခွင့်အရေးရခဲ့တာကို စဉ်းစားကြည့်တော့ ဒါတွေအားလုံးက ဘုရားရဲ့ ကြင်နာခြင်းပဲ။ ကျွန်တော့်ယုံကြည်ခြင်းမှာ အရမ်းကို ပေါ့ပေါ့တန်တန်လုပ်နေတာကို ရပ်ရမယ်။ အဲဒီနောက်တော့ သမ္မာတရားကို ရှာဖွေပြီး တာဝန်ထမ်းဆောင်ဖို့အတွက် အချိန်နဲ့ စွမ်းအင်အားလုံး ထည့်နိုင်ဖို့ ကျွန်တော့်အလုပ်က ထွက်ဖို့ စိတ်ကူးရလိုက်တယ်။

ဒါပေမဲ့ ကျွန်တော့်ဘဝတစ်ဝက်ကျော်အထိ လှုပ်ရှားရုန်းကန်ရင်း အချိန်ကုန်ပြီး နောက်ဆုံးမှာ ယွမ်သန်းပေါင်းများစွာပိုင်တဲ့ ကိုယ်ရေးဂုဏ်ဒြပ်အချက်အလက်တစ်ခုနဲ့ အကြီးစားရှယ်ယာရှင်ဖြစ်လာပြီး လေးစားသူတွေ မရေတွက်နိုင်အောင်ရှိခဲ့တာကို ကျွန်တော် တွေးမိတယ်။ ဒါပေမဲ့ ကျွန်တော့်အလုပ်ကို ဆုံးရှုံးရရင် သာမန်လူတစ်ယောက်ပဲ ပြန်ဖြစ်သွားမယ်။ ဒါဆို ဘယ်သူက ကျွန်တော့်ကို အရေးလုပ်မှာလဲ။ ကျွန်တော့်မိတ်ဆွေတွေ၊ ဆွေမျိုးတွေ၊ အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက ကျွန်တော့်ကို အထင်သေးပြီး အရူးပဲလို့ ပြောကြမယ်။ အဲဒီနောက်မှာ ကျွန်တော်က သူတို့ရှေ့မှာ ဘယ်လိုခေါင်းမော့ရဲမှာလဲ။ ဒီလိုတွေးမိသွားတာနဲ့တစ်ပြိုင်နက် ကျွန်တော် စိတ်ရှုပ်ထွေးသွားတယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းပြီး ကျွန်တော့်အလုပ်ရဲ့ အချုပ်အနှောင်တွေနဲ့ ကန့်သတ်မှုတွေကနေ လွတ်မြောက်အောင် ခွန်အားပေးဖို့ တောင်းခံခဲ့တယ်။ ကျွန်တော် ရှာဖွေရင်းနဲ့ ဒီ ဘုရားနှုတ်ကပတ်တော်အပိုဒ်ကို သွားတွေ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။ စာတန်၏ လုပ်ဆောင်မှုတို့ကို ယခု ကြည့်သည့်အခါ၊ ၎င်း၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့သည် လုံးဝ စက်ဆုပ်စရာကောင်းသည် မဟုတ်လော။ သင်တို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်း မပါလျှင် အသက်မရှင်နိုင်ဟု ထင်သည့်အတွက်ကြောင့်၊ စာတန်၏ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ကို ယနေ့တွင် မြင်ကောင်း မြင်နိုင်ကြမည် မဟုတ်ပေ။ လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို ချန်ထားခဲ့မည်ဆိုလျှင်၊ ၎င်းတို့အနေဖြင့် ရှေ့ခရီးလမ်းကို မြင်နိုင်တော့မည် မဟုတ်၊ ၎င်းတို့၏ ပန်းတိုင်များကို မြင်နိုင်တော့မည်မဟုတ်၊ ၎င်းတို့၏ အနာဂတ်သည်လည်း မှေးမှိန် မှောင်မိုက်လာမည်ဟု ထင်ကြ၏။ သို့ရာတွင် ကျော်ကြားမှုနှင့် အမြတ်အစွန်း ဟူသည် စာတန်က လူသားကို ချည်နှောင်ရန် အသုံးပြုသည့် ကြောက်မက်ဖွယ် ကောင်းသော အချုပ်အနှောင်များ ဖြစ်သည် ဆိုသည်ကို သင်တို့ အားလုံးသည် တစ်နေ့တွင် တဖြည်းဖြည်းဖြင့် သိမြင်လာကြလိမ့်မည်။ ထိုနေ့ရောက်သောအခါ၊ သင်သည် စာတန်၏ ထိန်းချုပ်မှုကို လုံးလုံးလျားလျား ခုခံမည်ဖြစ် သကဲ့သို့၊ စာတန်က သင့်အား ချည်နှောင်ရန် အသုံးပြုသည့် အချုပ်အနှောင်များကိုလည်း လုံးလုံးလျားလျား ခုခံလိမ့်မည်။ စာတန်က သင်၌ သွတ်သွင်းထားသော အရာအားလုံးကို သင်လွှင့်ပစ်ချင်သည့် အချိန်ကျသည့်အခါ၊ သင်သည် စာတန်နှင့် ပြတ်ပြတ်သားသား လမ်းခွဲလိမ့်မည်ဖြစ်ကာ၊ စာတန်က သင့်ထံသို့ ယူဆောင်လာသော အရာအားလုံးကိုလည်း အမှန်ပင် ရွံရှာမုန်းတီး လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်မှ လူသားမျိုးနွယ်သည် ဘုရားသခင် အတွက် စစ်မှန်သည့် ချစ်ခြင်းနှင့် တမ်းတခြင်း ရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ကျွန်တော့်အလုပ်ကနေ မထွက်ခွာနိုင်တဲ့၊ ကျွန်တော့်တာဝန်အပေါ် အားမစိုက်နိုင်တဲ့ အကြောင်းပြချက်က ကျော်ကြားခြင်းနဲ့ ချမ်းသာခြင်းက လူတွေကို ချည်နှောင်ပြီး ထိန်းချုပ်ဖို့ စာတန်အသုံးပြုတဲ့ အချုပ်အနှောင်တွေဖြစ်တာကို မမြင်ခဲ့လို့ပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် သဘောပေါက်သွားတယ်။ စာတန်က ကျွန်တော့်ကို ထောင်ချောက်ဆင်ခဲ့တယ်။ စာတန်က ကျွန်တော့်ကို လှည့်စားပြီး ဖျက်ဆီးဖို့နည်းလမ်းအနေနဲ့ ကျော်ကြားမှုနဲ့ ချမ်းသာမှုကို အသုံးပြုခဲ့ပြီး အဲဒါတွေနောက်လိုက်အောင်လုပ်တယ်။ ဘုရားထံကနေ သွေဖည်ပြီး သစ္စာဖောက်အောင်လုပ်ခဲ့တယ်။ ကျွန်တော်ငယ်ငယ်ကတည်းက ကျွန်တော့်မိသားစုက ဆင်းရဲပြီး အနိုင်ကျင့်ခံရပြီး အထင်သေးခံရတာကြောင့် “ထင်ရှားကျော်ကြားမှုရရှိခြင်းသည် သူ၏ ဘိုးဘေးများအတွက် ဂုဏ်အသေရေယူဆောင်လာသည်”၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည် နိမ့်ရာသို့ စီးဆင်း၏” ဆိုတာမျိုး ဆိုးယုတ်တဲ့ အတွေးအခေါ်တွေက အဆိပ်ခတ်ထားတာကို ကျွန်တော် ခံရတာကြောင့် ဒီအယူအဆတွေကို အမြင့်ဆုံး အမှန်တရားအဖြစ် မှတ်ယူပြီး အခွင့်ထူးခံလူတန်းစားတစ်ယောက်ဘဝကို နေထိုင်မယ်လို့ ကျိန်ဆိုခဲ့တယ်။ ဒီရည်ရွယ်ချက်နဲ့ ကျွန်တော့်မာနကို မြိုသိပ်ပြီး အထက်လူကြီးရှေ့မှာ ခခယယလုပ်ပြီး ကပ်ဖားခဲ့တယ်။ နောက်တော့ ကျွန်တော် အဆင့်အတန်းရှိလာတဲ့အခါမှာ သူများတွေက ကျွန်တော့်ကို ပူးပေါင်းကြံစည်နေကြတယ်လို့ အမြဲတမ်း စိတ်ပူနေခဲ့တယ်။ ဒါကြောင့် ကျွန်တော့်အဆင့်အတန်း ခိုင်မာဖို့အတွက် လိပ်ပြာလုံလုံနဲ့ ဖောက်သည်တွေကို ပိုက်ဆံ၊ ပြည့်တန်ဆာတို့နဲ့ လာဘ်ထိုးခဲ့တယ်။ နေ့တိုင်း ကြောက်နေပြီး စိတ်လှုပ်ရှားနေခဲ့တယ်။ ကျွန်တော်လုပ်ခဲ့သမျှကြောင့် ပြန်ခံရမှာကို ထိတ်လန့်နေခဲ့တယ်။ ပိုပြီးတော့တောင် မြင့်တဲ့ အဆင့်အတန်းကို ရဖို့အတွက် ကျွန်တော်တို့လုပ်ငန်းကို အပင်ပန်းခံပြီး တည်ဆောက်ခဲ့တယ်။ ဒါပေမဲ့ ဒါက ရေဆန်ကို ကူးနေရသလိုပဲ။ နားရတဲ့အချိန်ကို မရှိဘူး။ နောက်ဆုံးတော့ ကျွန်တော် မောပန်းလာပြီး ရောဂါဖြစ်လာတယ်။ ဘာအဆင့်အတန်း၊ အာဏာမှမရှိတုန်းက ဒါတွေကို လိုအပ်တဲ့ ဘယ်နည်းလမ်းနဲ့မဆို ရဖို့ အားထုတ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်လိုချင်တာကို ရတဲ့အချိန်ကျတော့ တစ်နေကုန် စားသောက်တာတွေ လုပ်နေရတယ်။ မကောင်းတဲ့ လောကီရေစီးကြောင်းတွေနောက်လိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။ လူသားတစ်ယောက်လို့ လုံးဝ မခံစားရဘူး။ ငြိမ်းချမ်းတဲ့၊ တည်ငြိမ်တဲ့စိတ်နည်းနည်းလေးမှ မရှိခဲ့ဘူး။ နေ့တိုင်းပဲ စိတ်က အထိမခံဖြစ်နေပြီး ဝေဒနာပြင်းပျပြီး ပင်ပန်းတဲ့ ဘဝပုံစံကို ရှင်သန်ခဲ့ရတယ်။ စာတန်က ကျွန်တော့်ကို နှိပ်စက်ဖို့ ကျော်ကြားမှုနဲ့ ချမ်းသာမှုကို အသုံးပြုခဲ့တယ်။ နာမည်ကြီးပြီး ချမ်းသာတဲ့လူတွေက ငွေကြေးချမ်းသာပြီး နာမည်ရှိပြီး အလုပ်မှာ အောင်မြင်ပေမဲ့ တချို့တွေက မူးယစ်ဆေးသုံးတာ၊ ကိုယ့်ကိုယ်ကိုယ်သတ်သေတာ၊ ထောင်ကျတာတွေ ရှိနေတုန်းပဲဆိုတာကိုလည်း ကျွန်တော် တွေးမိတယ်။ ကျော်ကြားမှုနဲ့ ချမ်းသာမှုက သူတို့ကို ယာယီဂုဏ်သိက္ခာပေးကောင်းပေးနိုင်တယ်။ ဒါပေမဲ့ ဒါတွေက သူတို့စိတ်နဲ့ ခန္ဓာမှာ အနှစ်မဲ့ခြင်းနဲ့ ဒုက္ခတွေပဲ ဖြစ်စေတယ်။ စာတန်က ကျွန်တော်တို့ထဲကို ထည့်သွင်းခဲ့တဲ့ ကျော်ကြားမှုနဲ့ ချမ်းသာမှုကို ရှာချင်တဲ့ ဆန္ဒက အပျက်သဘောဆောင်တဲ့အရာဆိုတာ အဲဒီအခါကျမှ ကျွန်တော် သဘောပေါက်သွားတယ်။ ဒါက လူတွေကို ဆော့ကစားပြီး ထိခိုက်စေတဲ့ စာတန်ရဲ့နည်းလမ်းပဲ။ ပျက်စီးခြင်းနဲ့ နစ်နာခြင်းတွေပဲ ဖြစ်စေတယ်။ လူတွေရဲ့ လူ့သဘာဝကို ပိုပိုပြီးတော့ လုယူပြီး မိစ္ဆာကောင်တွေအဖြစ် ပြောင်းပေးလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ပံ့ပိုးမှုနဲ့ ရေလောင်းမှုကို ခံစားရပြီး သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားကို ကြောက်ရွံ့ခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်း၊ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ခြင်းတွေကသာ အဓိပ္ပာယ်နဲ့ တန်ဖိုးရှိတဲ့ ဘဝကို ရှင်သန်စေလိမ့်မယ်ဆိုတာ ကျွန်တော် နားလည်သွားတယ်။ ကျော်ကြားမှုနဲ့ ချမ်းသာမှုနောက်လိုက်ဖို့ ကျွန်တော့်ဘဝကို ပိုပြီးပေးဆပ်ရတဲ့ ထောင်ချောက်ထဲကို ကျလို့မဖြစ်ဘူး။ အဆင့်အတန်းနဲ့ နာမည်ရဲ့ အချုပ်အနှောင်တွေကို ဖယ်ရှားဖို့ ဘုရားကို ကျွန်တော် အမှီပြုရမယ်။ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရမယ်။ သမ္မာတရားကို ရှာဖွေပြီး အဓိပ္ပာယ်ရှိတဲ့ဘဝကို ရှင်သန်ရမယ်။ ဒါကို ကျွန်တော် သဘောပေါက်သွားပြီးတော့ အလုပ်ထွက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

ကျွန်တော်က ကုမ္ပဏီမှာ အရေးကြီးတဲ့နေရာမှာရှိတာဆိုတော့ တိုက်ရိုက်နုတ်ထွက်ဖို့ ကြိုးစားရင် ဥက္ကဌက သေချာပေါက် သဘောတူမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်။ အဲဒါနဲ့ ကျွန်တော် ဥက္ကဌဆီကို ရက်ရှည်ဖျားနာခွင့်လျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ သူက ကျွန်တော့်ရည်ရွယ်ချက်တွေကို မှန်းမိတာဖြစ်မယ်။ “ငါ ဒါကို လက်မှတ်မထိုးဘူး။ ဖျားနာလို့ ခွင့်ပေးလိုက်ရင် မင်းက အလုပ်ထွက်တော့မှာ” တဲ့။ အဲဒါကြားတော့ ဘာလုပ်ရမှန်းမသိဘူး။ ဥက္ကဌက နုတ်ထွက်ခွင့်မပေးဘဲ ကျွန်တော်က အတင်းလုပ်ရင် သူ စိတ်ဆိုးမှာမဟုတ်ဘူးလား။ ကျွန်တော့် ရှယ်ယာတန်ဖိုး အရင်းအနှီးက ကုမ္ပဏီမှာ မြုပ်နှံထားတုန်းပဲ။ သူက ကျွန်တော့်အတွက် အခက်အခဲဖြစ်အောင်လုပ်ပြီး ကျွန်တော် မြုပ်နှံထားတဲ့ ငွေကို ပြန်တောင်းယူခွင့်မပေးရင် ဘယ်လိုလုပ်မလဲ။ အဲဒီအချိန်အတွင်းမှာ အလုပ်က နုတ်ထွက်ဖို့က ကျွန်တော့်အတွက် ဒုက္ခပေးတဲ့ ပြဿနာဖြစ်လာတယ်။ ဘာလုပ်သင့်တယ်ဆိုတာကို တကယ်ကို မသိခဲ့ဘူး။ အဲဒါနဲ့ ဘုရားကို ဆက်တိုက်ဆုတောင်းပြီး လမ်းပြမှုတောင်းခံတယ်။

တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်က ရုတ်တရက် စိတ်ထဲပေါ်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အာဗြဟံက သူ၏လက်ကိုဆန့်ထုတ်ပြီး သူ၏သားကိုသတ်ဖို့ ဓါးကိုကိုင် လိုက်သောအခါ၊ သူ၏လုပ်ရပ်များကို ဘုရားသခင်မြင်သလော။ မြင်ခဲ့သည်။ ဘုရားသခင်က အာဗြဟံကို ဣဇာက်အား ယဇ်ပူဇော်ဖို့တောင်းချိန်မှအစ အာဗြဟံက သူ၏သားကို သတ်ဖို့ အမှန်တကယ် ဓါးမြှောက်ချိန်အထိ- ဖြစ်စဉ်တစ်ခုလုံးသည် ဘုရားသခင်ကို အာဗြဟံ၏ နှလုံးသားအား ပြသခဲ့ပြီး၊ ယခင်က သူ၏မိုက်မဲမှု၊ မသိနားမလည်မှုနှင့် ဘုရားသခင်ကို နားလည်မှုလွဲမှုများကို ပဓာနမထားဘဲ၊ ထိုအချိန်တွင် အာဗြဟံ၏နှလုံးသားသည် ဘုရားသခင်အတွက် မှန်ကန်ခဲ့ပြီး၊ ရိုးသားခဲ့ကာ၊ ဘုရားသခင်ပေးခဲ့သည့်သား ဣဇာက်ကို ဘုရားသခင်ထံ သူအမှန်တကယ်ပြန်ပေးမည် ပြုခဲ့သည်။ သူ့ထံ၌ ဘုရားသခင်သည် သူ လိုချင်ခဲ့သည့် တကယ့်နာခံခြင်းကို တွေ့ရှိခဲ့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) အာဗြဟံရဲ့ အတွေ့အကြုံက ကျွန်တော့်အတွက် အရမ်းခွန်အားရတယ်။ ဘုရားသခင်က လူတွေရဲ့ ရိုးသားမှုနဲ့ နာခံမှုကို အလိုရှိတယ်ဆိုတာ တွေ့ရတယ်။ ဘုရားသခင်က အာဗြဟံရဲ့ တစ်ဦးတည်းသောသား ဣဇက်ကို ယဇ်ပူဇော်ဖို့ သူ့ကို ပြောတော့ အာဗြဟံက ဘုရားသခင် ကျေနပ်စေဖို့ ဝေဒနာကို သည်းခံပြီး သူချစ်ရတဲ့သူကို စွန့်လွှတ်နိုင်ခဲ့တယ်။ ဒီကတစ်ဆင့် အာဗြဟံရဲ့ နှလုံးသားက ဘုရားအတွက် စစ်မှန်တယ်ဆိုတာ ဘုရားက မြင်သွားတယ်။ နောက်တော့ ကျွန်တော့်အပြုအမူကို ပြန်သုံးသပ်ကြည့်တယ်။ ကျွန်တော်က ကျွန်တော့်ယုံကြည်မှုကို ကျွန်တော့်ဘဝရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်ချင်တယ်လို့ ပြောပေမဲ့၊ တာဝန်ကို လုံလုံလောက်လောက် ထမ်းဆောင်နိုင်ဖို့ အလုပ်ထွက်ဖို့ ဆန္ဒရှိတယ်ဆိုပေမဲ့ ဒါတွေအားလုံးက ကြွားလုံးသက်သက်ဖြစ်ပြီး ကျွန်တော့်ရဲ့ တကယ့်နှလုံးသားကို တကယ်မပေးအပ်သေးပါဘူး။ အလုပ်ထွက်ဖို့ အတင်းလုပ်လို့ ဥက္ကဌက စိတ်ဆိုးပြီး ကျွန်တော့်ရင်းနှီးမြုပ်နှံမှုကို တောင်းလို့မရနိုင်မှာကို စိတ်ပူခဲ့တယ်။ ကိုယ့်အကျိုးစီးပွားကိုပဲ ကျွန်တော် စိတ်ပူခဲ့တယ်။ အာဗြဟံက ဘုရားကို သူ့ရဲ့ တစ်ဦးတည်းသောသားကို ပေးအပ်တယ်။ ကျွန်တော်လုပ်ဖို့လိုတာက အလုပ်က ထွက်ဖို့ပဲ။ ဒါပေမဲ့ မလုပ်နိုင်ခဲ့ဘူး။ ဘုရားအတွက် စစ်မှန်တဲ့ နှလုံးသားမရှိခဲ့ဘူး။ ကျွန်တော်က ဘုရားကို လှည့်စားနေတာပဲမဟုတ်ဘူးလား။ ဒါတွေအားလုံးကို သဘောပေါက်သွားပြီး နည်းနည်း လိပ်ပြာမလုံဖြစ်သွားတယ်။ ကျွန်တော် ဘုရားကို ဆုတောင်းတယ်။ “အဖ ဘုရားသခင်၊ တာဝန်ထမ်းဆောင်တဲ့နေရာမှာ အာရုံစိုက်နိုင်ဖို့အတွက် ကျွန်တော် အလုပ်ထွက်ချင်နေပါတယ်။ ဒါပေမဲ့ ကျွန်တော် လိုက်မလုပ်နိုင်ပါဘူး။ ဘုရားသခင်၊ ကိုယ်တော့်ကို ဆက်ပြီး မလှည့်စားချင်တော့ပါဘူး။ အလုပ်က ထွက်ပြီး ကိုယ့်တာဝန်ကို အချိန်ပြည့်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေပါပြီ” ဆိုပြီးတော့။ ဆုတောင်းပြီးတော့ နောက်ဆုံးမှာ ကျွန်တော် အလုပ်ထွက်ဖို့ကို ဥက္ကဌနဲ့ သွားဆွေးနွေးဖို့ သတ္တိရှိသွားတယ်။ နောက်ဆုံးကျတော့ သူက ကျွန်တော့်ကို နှစ်ဝက်ခွင့်ယူဖို့ပဲ ခွင့်ပြုတယ်။ ဒါပေမဲ့ ကျွန်တော်က နုတ်ထွက်ဖို့ စိတ်ဆုံးဖြတ်ပြီးနေပြီ။

အဲဒီလိုနဲ့ နှစ်တစ်ဝက်ကုန်သွားတယ်။ ကုမ္ပဏီနဲ့ ကျွန်တော့်ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ကျွန်တော့်ခွင့်ကို ဆက်တိုးပြီး နောက်ဆုံးကျတော့ ကျွန်တော် ရင်းနှီးမြုပ်နှံထားတဲ့ ပိုက်ဆံကို ပြန်တောင်းဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ ဥက္ကဌက စီရင်စုမြို့တော်က ကျွန်တော်တို့ရဲ့ အရောင်းကုမ္ပဏီမှာ သူရှိနေတယ်လို့ ပြောပြီး ကျွန်တော့်ခွင့်ကို ဆက်တိုးဖို့အတွက် လူကိုယ်တိုင်လာတွေ့ဖို့ ပြောတယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာ ကျွန်တော်တို့ တွေ့တော့ ကျွန်တော့်ခွင့်အကြောင်း လုံးဝ မပြောဘူး။ ကုမ္ပဏီရဲ့ ဌာနခွဲတွေအကုန်လုံးကိုပဲ လိုက်ပြတယ်။ ရုံးတွေအကုန်လုံးက ဝေဝေဆာဆာနဲ့ အလှဆင်ထားပြီး တော်တော်အထင်ကြီးစရာကောင်းတယ်။ လူတိုင်းက အလုပ်ရှုပ်နေကြတယ်။ ဌာနခွဲအားလုံးက မန်နေဂျာတွေက ကျွန်တော့်ကို “ဒါရိုက်တာဝမ်” ဆိုပြီး နွေးနွေးထွေးထွေးနဲ့ ခေါ်တယ်။ ကျွန်တော် သတိမထားမိခင်မှာပဲ ကျွန်တော်က သွေးဆောင်မှုထဲမှာ ပါသွားပြန်တယ်။ ကျွန်တော် တွေးမိတယ်။ “ငါက နှစ်ဝက်အထိ ဒီမှာမရှိပေမဲ့ ဒီကုမ္ပဏီမှာ အရှိန်အဝါ ရှိနေတုန်းပဲ။ ဒီကုမ္ပဏီ အကြီးကြီးမှာ ငါက ရှယ်ယာရှိတယ်။ ဒီလုပ်ငန်းမှာ ငါက ခေါင်းဆောင်ဖြစ်နေတုန်းပဲ။ အရင်နှစ်နှစ်မှာ ငါတို့ ကုမ္ပဏီက ပိုပြီးတော့ အမြတ်အစွန်းထွက်လာတယ်။ ငါ့တာဝန်ကို စွန့်လွှတ်ပြီး ဒီမှာ ဆက်လုပ်ရင် ပိုက်ဆံတော်တော်များများရှာနိုင်ပြီး ငါ့ဘဝကို ချမ်းချမ်းသာသာနဲ့ နေနိုင်တယ်။ ငါ့မျိုးဆက်တွေတောင် ဂုဏ်သိက္ခာနဲ့ နေနိုင်တယ်” ပေါ့။ ဒီလို တွေးမိတော့ ကျွန်တော် နည်းနည်းစိတ်ပါလာတယ်။ ဒါပေမဲ့ ကျွန်တော့်အခြေအနေက လွဲနေတယ်ဆိုတာ အမြန်သတိထားမိပြီး စိတ်နှလုံးထဲကနေ ဘုရားကို အမြန်အော်ခေါ်လိုက်တယ်။ အဲဒီအချိန်မှာပဲ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် အမှတ်ရတယ်။ “သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြဟု မိန့်တော်မူ၏။(ရှင်လုကာခရစ်ဝင် ၁၆:၁၃) စာတန်က သခင်ယေရှုကို စုံစမ်းသွေးဆောင်ဖို့ ကြိုးစားတဲ့ ကျမ်းစာထဲက ဇာတ်လမ်းတစ်ခုကိုလည်း သတိရမိတယ်။ “တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တော်ပေါ်သို့ ဆောင်သွား၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ စည်းစိမ်ကို၎င်း ပြညွှန်၍၊ ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏။ ယေရှုကလည်း အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။(ရှင်မဿဲခရစ်ဝင် ၄:၈-၁၀) ဥက္ကဌက သူတို့ရဲ့ တန်ဖိုးကြီးတဲ့ ရုံးခန်းနေရာတွေနဲ့ တိုးတက်ရှင်သန်နေတဲ့ အလုပ်ပတ်ဝန်းကျင်တွေကို ကြွားပြပြီး ကုမ္ပဏီမှာ ကျွန်တော်နေအောင် သွေးဆောင်နေတာမဟုတ်ဘူးလား။ စာတန်က နောက်ကွယ်ကနေ ဒါတွေအားလုံးကို ခြယ်လှယ်နေတာမဟုတ်ဘူးလား။ စာတန်က ကျွန်တော့်ကို စမ်းသပ်ပြီး စုံစမ်းသွေးဆောင်ဖို့ အဆင့်အတန်းနဲ့ ချမ်းသာခြင်းကို အသုံးပြုဖို့ ကြိုးစားနေတာ။ ကျွန်တော်က ဘုရားနဲ့ တာဝန်ကို စွန့်လွှတ်ပြီး ကျွန်တော့်ကို ဆက်ဆော့ကစားပြီး အလွဲသုံးစားလုပ်ခွင့်ပေးဖို့အတွက်ပေါ့။ စာတန်ရဲ့ ကောက်ကျစ်တဲ့ ကြံစည်မှုထဲကို ကျွန်တော် သက်ဆင်းလို့မဖြစ်ဘူး။

အဲဒီနောက်တော့ ကျွန်တော့်ခွင့်ကို နောက်ထပ် သုံးလတိုးလိုက်တယ်။ သုံးလပြည့်ခါနီးကျတော့ ကျွန်တော် စဉ်းစားတယ်။ “ငါ ဒီလို ခွင့်တွေဆက်ပြီး တောင်းဆိုနေလို့ မဖြစ်ဘူး။ ငါ့တာဝန်ကို အေးအေးဆေးဆေး လုပ်လို့ရအောင် ဒီကုမ္ပဏီနဲ့ အဆက်အသွယ်ဖြတ်ချင်ရင် ငါ့ရှယ်ယာတွေအကုန်လုံး ရောင်းစားပစ်ရမယ်။ ဒါပေမဲ့ ဒီလိုရောင်းတာတွေကို ခွင့်ပြုတဲ့အချိန်က တစ်နှစ်မှာ တစ်ရက်ပဲရှိတယ်။ ဥက္ကဌက ငါ့ရှယ်ယာတွေရောင်းခွင့်မပေးရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ရှယ်ယာတန်ဖိုး အရင်းအနှီးတွေထဲမှာ ငါ့ရဲ့ ၁ သန်းခွဲက သူ့ဆီမှာ ရှိနေတုန်းပဲ။ သူက ငါ့ကို အဲဒါပြန်မပေးရင် ငါတစ်ပြားမှ ရှိမှာမဟုတ်ဘူး။ အဲဒီအရင်းအနှီးကို ငါ့လူငယ်ဘဝရဲ့ သွေး၊ ချွေး၊ မျက်ရည်တွေနဲ့ ရခဲ့တာ” ပေါ့။ အဲဒီအချိန်တွေမှာ ဒါကို တစ်နေကုန် စိတ်ပူနေပြီး ကျွန်တော့်တာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်လို့ အရမ်းစိတ်ညစ်မိတယ်။ အဲဒါနဲ့ ဘုရားကို တိတ်တဆိတ်ဆုတောင်းပြီး ဒီဝန်ထုပ်ဝန်ပိုးကနေ လွတ်မြောက်ဖို့အတွက် လမ်းဖွင့်ပေးဖို့ ဘုရားကို တောင်းခံခဲ့တယ်။

နောက်ကျတော့ ကျွန်တော့်ရှယ်ယာတွေကို ရောင်းဖို့အတွက် ဆွေးနွေးဖို့ ဥက္ကဌနဲ့ တွေ့တယ်။ ဒါပေမဲ့ သူက ကျွန်တော့်ကို ထုတ်ခွင့်မပေးဘူး။ သူက ကျွန်တော့်ကို အခက်အခဲဖြစ်အောင်လုပ်တယ်။ “ဒီကုမ္ပဏီကနေ ထွက်ချင်ရင် မင်းရဲ့ ရှယ်ယာတချို့ကို အဆုံးခံရမယ် ဆိုပြီး ပြောတယ်။” ယွမ်ထောင်သောင်းချီပြီး အဆုံးခံဖို့ကို ကျွန်တော် လက်မခံနိုင်ခဲ့ဘူး။ အဲဒီပိုက်ဆံကိုရဖို့ အလုပ်ကြိုးစားခဲ့ရတာလေ။ အဲဒီအချိန်မှာပဲ စာတန်က ကျွန်တော့်ကို စုံစမ်းသွေးဆောင်ဖို့ နောက်တစ်ခါ ကြိုးစားနေတယ်ဆိုတာ ရုတ်တရက် သတိထားမိလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် တွေးမိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယောဘ၏ စိတ်နှလုံးထဲတွင်၊ သူပိုင်ဆိုင်သမျှသည် သူ့အပေါ် ဘုရားသခင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး သူ၏ ကိုယ်ပိုင် အားထုတ်မှု၏ ရလဒ် မဟုတ်ကြောင်းကို အလေးအနက် သူ ယုံကြည်ခဲ့ပေသည်။ ထို့ကြောင့် သူသည် ဤကောင်းချီးမင်္ဂလာများကို အရင်းအနှီးပြုရမည့် အရာတစ်ခုအဖြစ် သူမမြင်ခဲ့ပေ၊ သို့သော် ယင်းအစား သူ ထိန်းသိမ်းသင့်သော လမ်းခရီးကို သူ၏ အစွမ်းရှိသမျှဖြင့် ထိန်းသိမ်းရာတွင် သူ၏ ရှင်သန်မှု အခြေခံသဘောတရားများကို အခြေပြုထားခဲ့သည်။ သူသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မြတ်နိုးခဲ့ပြီး ယင်းတို့အတွက် ကျေးဇူးတော် ချီးမွမ်းခဲ့သည်၊ သို့သော် သူသည် ကောင်းချီးမင်္ဂလာများအပေါ် မစွဲမက်ခဲ့သကဲ့သို့၊ နောက်ထပ် ကောင်းချီးမင်္ဂလာများကိုလည်း မရှာဖွေခဲ့ပေ။ ယင်းမှာ ဥစ္စာပစ္စည်းအပေါ် သူ၏ သဘောထား ဖြစ်ခဲ့သည်။ ကောင်းချီးမင်္ဂလာများ ရခြင်းအလို့ငှာ မည်သည့်အရာကိုမျှ သူမလုပ်ဆောင်ခဲ့သကဲ့သို့၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ကင်းမဲ့ခြင်း သို့မဟုတ် ဆုံးရှုံးခြင်းအားဖြင့် စိုးရိမ်ခြင်း သို့မဟုတ် စိတ်ထိခိုက်ခြင်း မရှိခဲ့ပေ။ သူသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကြောင့် လွန်လွန်ကဲကဲ၊ အရူးအမူး ပျော်ရွှင်ခဲ့ခြင်း မရှိသကဲ့သို့၊ သူမကြာခဏ မွေ့လျော်ခံစားခဲ့ရသော ကောင်းချီးမင်္ဂလာများကြောင့် ဘုရားသခင်၏ လမ်းခရီးကို လျစ်လျူရှုခြင်း မရှိခဲ့ပေ၊ သို့မဟုတ် ဘုရားသခင်၏ ကျေးဇူးတော်ကို မေ့လျော့ခြင်း မရှိခဲ့ပေ။ သူ၏ဥစ္စာပစ္စည်းအပေါ် ယောဘ၏ သဘောထားသည် သူ၏ စစ်မှန်သော လူ့သဘာဝကို လူတို့ထံ ထုတ်ဖော်ပြလေသည်- ပထမဦးစွာ ယောဘသည် လောဘကြီးသော လူတစ်ဦး မဟုတ်ခဲ့သကဲ့သို့၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ အသက်တာတွင် နားပူနားဆာ မလုပ်ခဲ့ပေ။ ဒုတိယအနေဖြင့် ယောဘသည် သူ၌ ရှိသမျှကို ဘုရားသခင် ယူဆောင်သွားမည်ကို စိုးရိမ်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ၊ ယင်းမှာ သူ၏ စိတ်နှလုံးထဲက ဘုရားသခင်အပေါ် သူ၏ နာခံမှု သဘောထား ဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ သူ့ထံမှ ဘုရားသခင်သည် မည်သည့် အချိန်တွင် ယူဆောင်သွားမည် သို့မဟုတ် ရုပ်သိမ်းခြင်း ပြုမည် မပြုမည်နှင့်ပတ်သက်၍ သူသည် တောင်းဆိုချက်များ သို့မဟုတ် ညည်းညူမှုများ မရှိခဲ့သကဲ့သို့ အကြောင်းရင်းကိုလည်း မမေးခဲ့ဘဲ၊ ဘုရားသခင်၏ အစီအစဉ်များကို နာခံရန်သာ ကြိုးစားခဲ့သည်။ တတိယအနေဖြင့် သူ၏ ပိုင်ဆိုင်မှုများသည် သူ၏ ကိုယ်ပိုင် အားထုတ်မှုများမှ ရလာသည်ဟု မည်သည့်အခါမျှ သူမယုံကြည်ခဲ့ဘဲ ထိုအရာများကို ဘုရားသခင်က သူ့အပေါ် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၌ ယောဘ၏ ယုံကြည်ခြင်း ဖြစ်ခဲ့ပြီး သူ၏ ခံယူချက်နှင့်သက်ဆိုင်သည့် အရိပ်အမြွက်တစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ယောဘက ချမ်းသာခြင်းတွေ အများကြီးစုဆောင်းခဲ့ပေမဲ့ အဲဒါတွေကို မမြတ်နိုးခဲ့ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ကို ပြခဲ့တယ်။ အဲဒီအစား သူက ဘုရားကို နာခံခြင်း၊ ကိုးကွယ်ခြင်းကို ဦးစားပေးခဲ့တယ်။ ဒါကြောင့် သူ့ချမ်းသာမှုနဲ့ ပိုင်ဆိုင်မှုပစ္စည်းအားလုံး ဆုံးရှုံးရပေမဲ့ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုနိုင်တုန်းပဲ။ ယောဘရဲ့ ဇာတ်လမ်းက ကျွန်တော့်အတွက် အရမ်းခွန်အားရတယ်။ ယောဘကို အတုယူသင့်တယ်၊ ချမ်းသာခြင်းကို ဖက်တွယ်တာကို ရပ်ပြီး အဲဒီအစား ဘုရားကို ကျေနပ်စေဖို့ ရွေးချယ်သင့်တယ်ဆိုတာ ကျွန်တော် သိခဲ့တယ်။ စိတ်ဆုံးဖြတ်လိုက်ပြီးတော့ ယွမ် ၂၀၀၀၀၀ တန်တဲ့ရှယ်ယာတွေကို စွန့်လွှတ်ဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ ဥက္ကဌက ဒါ မလုံလောက်သေးဘူးလို့ တွေးပြီး ကျွန်တော့်ကို ပိုပြီး အဆုံးခံဖို့ တောင်းဆိုတယ်။ အဲဒီလောက် ပိုက်ဆံအများကြီးကို စွန့်ခွာရမှာကို ကျွန်တော် တကယ်ကို မခံနိုင်တာကြောင့် ဘုရားကို တိတ်တဆိတ်ဆုတောင်းလိုက်တယ်။ အဲဒီအချိန်မှာပဲ စာတန်က ကျွန်တော့်ကို ချည်နှောင်ပြီး ထိန်းချုပ်ဖို့အတွက် ငွေကို အသုံးပြုဖို့ ကြိုးစားနေတယ်ဆိုတာ သတိထားမိလိုက်တယ်။ ကျွန်တော့်ရဲ့ ချမ်းသာမှုကို မစွန့်ခွာနိုင်တာနဲ့ပဲ စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်းကို မလွန်ဆန်နိုင် မဖြစ်သင့်ဘူးလေ။ ခိုင်ခိုင်မာမာနဲ့ သက်သေရပ်တည်ပြီး စာတန်ကို အရှက်ရစေရမယ်။ အဲဒီနောက်တော့ ယွမ် ၅၀၀၀၀၀ နဲ့ ညီမျှတဲ့ ရှယ်ယာတွေကို စွန့်လွှတ်ပြီးမှ သူက ကျွန်တော့်ကို ကုမ္ပဏီက ထွက်ခွင့်ပေးခဲ့တယ်။ အဲဒီကစပြီး နောက်ဆုံးတော့ ယုံကြည်ခြင်းကို ကျင့်သုံးပြီး တာဝန်ထမ်းဆောင်ဖို့ အာရုံစိုက်နိုင်ခဲ့တယ်။

နောက်ပိုင်းမှာ ကောင်တီကော်မတီအတွင်းရေးမှူးတစ်ယောက်က အကျင့်ပျက်ခြစားပြီး လာဘ်ပေးလာဘ်ယူလုပ်တဲ့စွဲချက်တွေနဲ့ ထောင်ကျသွားပြီး နောက်ဆုံးမှာ ထောင်ကျတဲ့ ဖိစီးမှုကြောင့် စိတ်ဖောက်ပြန်သွားတယ်။ ကျွန်တော် တွေးမိတယ်။ “ဒါတွေက ကျော်ကြားမှုနဲ့ ချမ်းသာခြင်းအတွက် ကြိုးပမ်းတဲ့ ကြမ်းတမ်းတဲ့ အကျိုးဆက်တွေပဲ” ပေါ့။ ကျွန်တော်လည်း လက်ဆောင်ပေးတာတွေ၊ လာဘ်ပေးလာဘ်ယူလုပ်တာတွေ၊ အဆင့်အတန်းရဖို့အတွက် အကျင့်ပျက်မှုနဲ့ ဖောက်ပြန်ပျက်စီးခြင်းထဲမှာ သာယာခဲ့တာတွေကို စဉ်းစားမိတယ်။ ကုမ္ပဏီက မထွက်ခဲ့ရင် ကျွန်တော်လည်း နောက်ဆုံးမှာ ဒီကံကြမ္မာကိုပဲ ကြုံရနိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျော်ကြားမှုနဲ့ ချမ်းသာခြင်းရဲ့ ချုပ်နှောင်မှုတွေကနေ ကျွန်တော့်ကို လွတ်မြောက်စေခဲ့တယ်။ စာတန်ရဲ့ စုံစမ်းသွေးဆောင်ခြင်းရဲ့ အဝေးမှာ ထားပေးခဲ့တယ်။ ကျွန်တော့် စိတ်နှလုံးအတွင်းထဲကနေ ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကွယ်ကာခြင်းအတွက် ဘုရားကို ကျေးဇူးတင်ခဲ့ပါတယ်။

ဒီနှစ်တွေမှာ ကျွန်တော့်တာဝန်ကို ကျွန်တော် မပြောင်းမလဲဘဲ ဖြည့်ဆည်းခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ခဏခဏ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်ကို မျှဝေတယ်။ သမ္မာတရားတော်တော်များများကို နားလည်လာပြီး လောကီအရာတွေအများကြီးကို သိမြင်လာတယ်။ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ခဏခဏ စဉ်းစားမိတယ်။ “လူတို့၏ ဘဝတစ်ခုလုံးသည် ဘုရားသခင်၏ လက်များထဲတွင် ရှိနေသည်ဖြစ်ပြီး၊ အကယ်၍ ဘုရားသခင်၏ရှေ့တော်ရှိ ၎င်းတို့၏ သန္နိဌာန်အတွက်သာ မဟုတ်ခဲ့လျှင် အနှစ်သာရမဲ့သော ဤလူ့လောကကြီးထဲတွင် မည်သူသည် အချည်းနှီးသက်သက် နေထိုင်ရန် လိုလိုလားလား ရှိလိမ့်မည်နည်း။ အဘယ်ကြောင့် စိတ်ရှုပ်ခံနေမည်နည်း။ လောကထဲတွင် ဝင်လိုက်ထွက်လိုက် အပြေးအလွှားသွားနေရင်း ဘုရားသခင်အတွက် မည်သည့်အရာတစ်ခုကိုမှ ၎င်းတို့မလုပ်ဆောင်ပါက၊ ၎င်းတို့၏ဘဝတစ်ခုလုံးကို ဖြုန်းတီးပစ်ရာ ရောက်လိမ့်မည်မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၃၉)) ဟုတ်ပါတယ်။ ဘဝက သိပ် တိုတောင်းတယ်။ စာတန်ရဲ့ အုပ်စိုးမှုအောက်မှာ ကျွန်တော့်ဘဝတစ်ဝက်ကျော် အသက်ရှင်ခဲ့တယ်။ သူများတွေထက်သာဖို့ ကြိုးပမ်းရင်းနဲ့ ကျော်ကြားမှုနဲ့ ချမ်းသာခြင်းကို ရှာဖွေခဲ့တယ်။ စာတန်က ကျွန်တော့်ကို ဆော့ကစားပြီး အလွဲသုံးစားလုပ်ခဲ့တယ်။ အဓိပ္ပာယ်ကင်းမဲ့တဲ့ အနှစ်မရှိတဲ့၊ စိတ်ဒုက္ခရောက်တဲ့ ဖြစ်တည်မှုကို ရှင်သန်ခဲ့တယ်။ ဘုရားသခင်ရဲ့ ကရုဏာနဲ့ ကျေးဇူးတော်ကသာ ကျွန်တော့်ကို သူ့ရဲ့ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ရရှိစေခဲ့တယ်။ ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ တာဝန် ထမ်းဆောင်စေခဲ့တယ်။ ဘုရားကြောင့်သာမဟုတ်ရင် ကျွန်တော့်တစ်ဘဝလုံးကို ဖြုန်းတီးပစ်မိမှာပဲ။ အသင်းတော်မှာ တာဝန်ထမ်းဆောင်တာက ကျွန်တော် ရှိခဲ့ဖူးတဲ့ တူညီတဲ့ အဆင့်အတန်းနဲ့ ချမ်းသာမှုကို မရကောင်း မရနိုင်ပေမဲ့ လွတ်လပ်၊ လွတ်မြောက်တဲ့ ဘဝကို ရှင်သန်ရတယ်။ ကျွန်တော့် အသိစိတ်က သက်သာရာရတယ်။ ကျွန်တော် လူသားပုံသဏ္ဌန်အတိုင်း နည်းနည်း အသက်ရှင်နေထိုင်ခဲ့သလို ခံစားရတယ်။ ဒါတွေအားလုံးက ဘုရားက ကျွန်တော့်ကို လမ်းမှန်ပေါ်ကို လမ်းပြပေးတာကြောင့်ပါ။ ဘုရားရဲ့ ချစ်ခြင်းနဲ့ ကယ်တင်ခြင်းအတွက် ဘုရားကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ချောက်ကမ်းပါးစွန်းမှ ပြန်လာသည်

ကျောက်ဂွမ်မင်း၊ တရုတ်ပြည် ၁၉၈၀ခုနှစ်များ အစပိုင်းတွင် ကျွန်တော်က အသက် ၃၀အရွယ်ရှိပြီး၊ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ် လုပ်နေခဲ့သည်။...

ငွေ၏ကျေးကျွန်တစ်ယောက် အမြင်မှန်ရလာခြင်း

ရှင်ဝု တရုတ်နိုင်ငံ ကျွန်မ ငယ်ငယ်က မိသားစုကလည်း ဆင်းရဲပြီး မိဘများက ကျူရှင်ဖိုး မတတ်နိုင်ခဲ့သောကြောင့်၊ ကျောင်းလခအတွက် ခြံစည်းရိုးလေးများ...

စိတ်ချရသည့်အလုပ်ကို ကျွန်ုပ် စွန့်လွှတ်ပုံ

လီကျစ် ဂျပန်နိုင်ငံ ဆင်းရဲပြီး ခေတ်နောက်ကျတဲ့ ကျေးလက်မိသားစုမှာ ကျွန်တော် မွေးခဲ့တယ်။ ကလေးဘဝမှာတောင်၊ နောင်မှာ ကျောင်းကောင်းတက်နိုင်ပြီး...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။