ဘဝတွင် မည်သည့်အရာကို ကျွန်ုပ်တို့ လိုက်စားသင့်သနည်း

28.08.2023

ကျွန်မက ကလေးအရွယ်က ကျန်းမာရေးမကောင်းဘူး။ ကျွန်မမိသားစုရဲ့ ပိုက်ဆံ တော်တော်များများက ကျွန်မ ကျန်းမာရေးကြောင့် ကုန်တာများတယ်။ ဒါကြောင့် ကျွန်မအဖေက ကျွန်မကို သိပ်မကြည်ဘူး။ ကျွန်မကို ခဏခဏရိုက်ပြီး အော်တယ်။ ဒီကိစ္စကြောင့် သူများတွေက ကျွန်မကို လှောင်ပြီး ကြဉ်ထားကြတယ်။ ကျွန်မမှာ ခဏခဏ တစ်ယောက်ထဲ ပုန်းပြီး ငိုရတယ်။ စိတ်ဆင်းရဲပြီး မတရားခံရသလို ခံစားရတာပေါ့။ ကျွန်မက “နင်တို့က ငါ့ကို အထင်သေးတယ်၊ ငါ ကြီးလာရင် ငါ အလုပ်ကောင်းကောင်း ရှိပြီး နင်တို့အားလုံးအခံရခက်အောင်လုပ်ပြဖို့ ငါ ဆုံးဖြတ်ထားတယ်” ဆိုပြီး ခံစားမိတယ်။ ကျွန်မယောက်ျားနဲ့ ကျွန်မတို့က လက်ထပ်ပြီးတော့ အဆင်မပြေဘူး။ အဲဒါနဲ့ ကွာရှင်းလိုက်ကြတယ်။ ကျွန်မရဲ့ လေးနှစ်အရွယ်သားလေးကို စောင့်ရှောက်ပေးဖို့ ကျွန်မအမေဆီ ပေးလိုက်ပြီး ကျွန်မရဲ့ အတန်းဖော်တစ်ယောက် ဖွင့်တဲ့ အလှပြင်ဆိုင်တစ်ခုဆီမှာသွားပြီး ကူလုပ်ပေးခဲ့တယ်။ သူက စီးပွားရေးကျောင်းဆရာမလည်းဖြစ် အလုပ်လည်းရှိတော့ ကျွန်မကို သူ့ဆိုင်မှာ ကူပြီး စီမံပေးခိုင်းတယ်။ သိပ်မကြာဘူး။ သူက လုံးဝ ပြောင်းလဲသွားပြီး အဖက်မလုပ်တော့ဘဲ အထက်စီးဆန်လာတယ်။ သူဌေးနေရာကနေ ဆရာလုပ်ပြီး ကျွန်မကို ခိုင်းလာတယ်။ ကျွန်မ တော်တော်နာလိုခံခက်ဖြစ်ပြီး ကျွန်မတို့ ခပ်ခွာခွာ ဖြစ်လာကြတယ်။ တစ်နေ့ကျတော့ ကိစ္စတစ်ခုကို ကျွန်မတို့ ငြင်းခုံကြပြီး ကျွန်မက အလုပ်ထွက်ချင်မိတယ်။ သူက ကျွန်မကို လှောင်ပြီးတော့ “ဆောင်ကျီဟန်၊ ငါ နင့်ကို အထင်သေးတာတော့ မဟုတ်ဘူး။ ငါမပါဘဲသာ နင်ရပ်တည်နိုင်ရင် ငါအသေခံလိုက်မယ်” ဆိုပြီး ပြောတယ်။ ကျွန်မက ဒါကို ကြားရတော့ တော်တော်စိတ်တိုတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို လုံးဝ ရိုက်ချိုးလိုက်သလိုပဲ။ ကျွန်မ စဉ်းစားတယ်။ “နင်က မလေးမစား လုပ်လွန်းတယ်၊ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်သင့်ဘူး၊ ငါသေချင် သေပါ့စေ၊ နင် အခုပြောတဲ့ဟာကြောင့် နင်ပြန်ပြီး ခံရခက်အောင် ငါ အသက်မွေးအလုပ်တစ်ခု ရှာမယ်၊ ဒီနေ့ကစပြီး နင့်ရဲ့ ရှက်စရာကောင်းတဲ့စကားတွေနဲ့ နင် ပြန်နင်နေရအောင် ငါလုပ်ပြမယ်၊ တစ်နေ့ကျရင် နင် အသေခံတာကို ငါကြည့်မယ်” ပေါ့။ အဲဒီနေ့မှာပဲ ကျွန်မ အထုပ်အပိုးတွေကို ပြင်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်လာခဲ့တယ်။

ကျွန်မ အလုပ်တွေစလုပ်ပြီး ပိုက်ဆံစုတယ်။ နေမကောင်းဖြစ်ရင်တောင် လုံးဝ ခွင့်မယူဘူး။ ကျွန်မ ပင်ပန်းပြီး ခါးနာတော့ အံကြိတ်ပြီး ဆက်လုပ်တယ်။ လေးလကြာတော့ ဆံပင်ညှပ်ဆိုင်တစ်ခုကို ကျွန်မစပြီး စီမံတယ်။ ပိုက်ဆံစုမိအောင် တစ်ယောက်တည်းအလုပ်လုပ်တယ်။ တစ်ရက်မှာ တစ်နပ်ပဲစားတယ်။ ညကျရင် ကျွန်မ ဗိုက်က အသံတွေမြည်တယ်။ ဗိုက်ဆာတာ ပျောက်သွားအောင် ရေသောက်လိုက်တယ်။ တစ်ခါတလေမှာ အလုပ်က အခြေအနေကောင်းတော့ မနက် ၂ နာရီ၊ ၃ နာရီရောက်တဲ့အထိ လုပ်ပြီးမှ အိပ်ရာဝင်တယ်။ မနက် ၆ နာရီကျရင် မထချင်ထချင်နဲ့ အိပ်ရာကနေ တရွတ်တိုက်ထတယ်။ ဆံပင်ကောက်ဆေးတွေကြောင့် ကျွန်မလက်က ကွဲအက်ပြီး အပူလောင်ထားတယ်။ လက်ချောင်းတွေက ကွေးလိုက်တာနဲ့ သွေးထွက်တယ်။ တော်တော်နာတာပဲ။ ကျွန်မ စောင်ထဲမှာ ခေါင်းမြီးခြုံပြီး ငိုခဲ့ရပေါင်း မနည်းဘူး။ ဒါပေမဲ့ ကျွန်မအဖေက အထင်သေးတာ၊ ကျွန်မ အတန်းဖော်က လှောင်ပြောင်တာတွေကို တွေးမိတာနဲ့ ကျွန်မ တိတ်တိတ်လေး ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးတယ်။ “အနာမခံရင် အသာမစံရ”၊ “သူများတွေကို ကိုယ့်အကြောင်းသိအောင်ပြရမယ်” ဆိုပြီး တွေးမိတယ်။ တစ်နေ့ကျရင် ကျွန်မ အောင်မြင်မယ်၊ ကျွန်မကို အထင်သေးပြီး ကျွန်မမာနကို ထိခိုက်ခဲ့တဲ့သူတိုင်းက ကျွန်မကို အမြင်တစ်မျိုးနဲ့ မြင်ကြမယ်ဆိုပြီး ခံစားမိတယ်။ အလုပ်ကြိုးစားဖို့ စိတ်ဓာတ်ခွန်အားတွေ ပြည့်နေတာပေါ့။ ၁၉၉၆ မှာ နောက်ဆုံးတော့ ကျွန်မကိုယ်ပိုင် အလှပြင်ဆိုင်တစ်ခု ဖွင့်ခဲ့တယ်။ ဆိုင်ကို ကျွန်မ အတန်းဖော်ရဲ့ဆိုင်ထက် ပိုကြီးပြီး ပိုပြီး ဆွဲဆောင်မှုရှိအောင် အလှဆင်ထားတယ်။ စဖွင့်တဲ့နေ့မှာ ကျွန်မ မျက်ရည်ကျမိတယ်။ ကျွန်မ တွေးမိတယ်။ “နောက်ဆုံးတော့ ငါ ဆိုင်တစ်ဆိုင်ဖွင့်လိုက်ပြီ၊ အခု ငါက သူဌေးပဲ၊ ခေါင်းမော့ထားလို့ရတယ်၊ နောက်ကျရင် ဆိုင်ကို ချဲ့လို့ ပိုပြီးတော့တောင်လှပြီး နှစ်သက်စရာဖြစ်အောင် လုပ်ချင်တယ်၊ ဒါဆို ငါ့အတန်းဖော်က လုံးဝကို သိက္ခာကျမှာပဲ၊ ငါ့သူငယ်ချင်းတွေနဲ့ အိမ်က မိသားစုက ငါကိုယ်ပိုင်ဆိုင်ဖွင့်တာသိရင် အထင်ကြီးမှာပဲ” ပေါ့။ သုံးနှစ်အထိ ကြိုးစားလုပ်ပြီးတဲ့နောက်မှာ ပိုက်ဆံ နည်းနည်းစုမိလာတယ်။ လူတွေ ပိုလေးစားလာအောင် ကျွန်မက တော်တော်ပိုပြီး ကြီးတဲ့ အလှပြင်ဆိုင်နဲ့ အလှပြင်ပစ္စည်း ကုမ္ပဏီတစ်ခုဖွင့်ဖို့ ရင်းနှီးမြုပ်နှံခဲ့တယ်။ ပြီးတော့ မတူတဲ့နေရာတွေမှာ ဆိုင်ခွဲ ကိုးခုဖွင့်လိုက်တယ်။ နိုင်ငံတော်အလှပြိုင်ပွဲတွေမှာလည်း ကျွန်မ ဝင်ပါပြီး ရွှေတံဆိပ်ဆုတစ်ချို့ရခဲ့တယ်။ နှစ်ချီပြီး ကြိုးစားလုပ်ပြီးတဲ့နောက်တော့ နောက်ဆုံးမှာ ဒီလုပ်ငန်းမှာ အထင်ကြီးလေးစားခံရသူဖြစ်လာတယ်။ ကျွန်မ ဘယ်လောက်ပျော်သလဲဆိုတာ ပြောမပြနိုင်အောင်ပဲ။ ကျွန်မ တောင်ထိပ်မှာရပ်ပြီးတော့ အော်လိုက်ချင်တယ်။ “ငါ့အိပ်မက်တွေ တကယ်ဖြစ်လာပြီ၊ လူတိုင်းက လှောင်လေ့ရှိတဲ့သူမျိုးမဟုတ်တော့ဘူး” ဆိုပြီး အော်လိုက်ချင်တယ်။ ကျွန်မအိမ်ကို ကားမောင်းပြီးပြန်တော့ လူတိုင်းက အားကျတဲ့အကြည့်နဲ့ ကြည့်ကြတယ်။ ကျွန်မ တကယ်ကို ကျေနပ်ပြီး ဂုဏ်ယူမိသလို ခံစားရတယ်။ ကျွန်မက လမ်းမှန်ကို လျှောက်ခဲ့ပြီးတော့ ကျွန်မစီးပွားရေးကို တိုးချဲ့ဖို့ နောင်မှာ ပိုပြီးတော့တောင် ကြိုးစားသင့်တဲ့ ပုံစံမျိုးရှိတာပေါ့။

၂၀၀၂ခုနှစ်မှာ တခြားမြို့ကြီးတစ်ခုမှာ ကျွန်မ အလှပြင်ဆိုင် အကြီးကြီးတစ်ခုဖွင့်တယ်။ ကျွန်မ စီးပွားရေးတိုးတက်လာတော့ ကျွန်မနာမည်ကို လူတွေ ပိုပိုပြီးသိလာကြတယ်။ ကျွန်မ ခေါင်းကို မော့ပြီး လျှောက်နိုင်တယ်လို့ ခံစားမိတယ်။ ပိုပြီးတော့ အသက်ဝင်နေသလို ခံစားရတယ်။ ကျွန်မ ခြေလှမ်းတွေက မြူးကြွနေတာပေါ့။ ကျွန်မ တွေးမိတယ်။ “ငါ့ အတန်းဖော်နဲ့ ဆုံမိရင် ငါ သူ့ကို သေချာ ‘ကျေးဇူးတင်’ ရမယ်၊ သူ့ရဲ့ အရှက်ရစေတဲ့ မှတ်ချက်တွေသာမရှိရင် ငါအခုရှိနေတာတွေ ငါ့မှာ ရှိမှာမဟုတ်ဘူး” ပေါ့။ ဒါပေမဲ့ ကျွန်မ အံ့ဩသွားရတာက သူက အဆုတ်ကင်ဆာဖြစ်ပြီး ဆုံးသွားတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မ အရမ်းအံ့အားသင့်ပြီး တော်တော်စိတ်ပျက်မိတယ်။ လူတွေရဲ့ အသက်က ဘယ်လိုဖြစ်ပြီး အရမ်း နုနယ်ရတယ်ဆိုတာ ကျွန်မ နားမလည်ခဲ့ဘူး။ သူက ၃၉ နှစ် အရွယလေးနဲ့ ဆုံးသွားတာ။ ကျွန်မက တော်တော် ပေးဆပ်လိုက်ရပြီးတဲ့နောက် နောက်ဆုံးမှာ အောင်မြင်ခဲ့တယ်။ ကျွန်မကို အရမ်းစော်ကားပြီး ကျွန်မသိက္ခာကို နင်းချေခဲ့တဲ့ သူ့စကားတွေကို ပြန်ရုတ်သိမ်းစေချင်တာ။ ဒါပေမဲ့ ကျွန်မ အောင်မြင်တဲ့၊ ဂုဏ်ကျက်သရေရှိတဲ့ အချိန်ကို သူ့ကိုပြဖို့ အရမ်းနောက်ကျသွားတယ်။ သူက ရုတ်တရက်ကြီး ဆုံးသွားတော့။ အောင်မြင်မှု၊ စည်းစိမ် ဘယ်လောက်ရှိပါစေ သေရင် ဘာကိုမှ ယူသွားလို့မရဘူးလေ။ ဒါဆို ဘဝရဲ့ အဓိပ္ပာယ်ကဘာလဲ။ ဒီလိုတွေးမိပြီး ကျွန်မ ရှင်းမပြတတ်အောင်ကို စိတ်ပျက်ပြီး မျှော်လင့်ချက်မဲ့သွားတယ်။ ကျွန်မအတန်းဖော်သေသွားတာက ကျွန်မအပေါ် တော်တော်သက်ရောက်မှုရှိသွားတယ်။ ဒီမေးခွန်းကြောင့် ကျွန်မက အချိန်တစ်ခုကြာအောင် ဆက်တိုက် ဦးနှောက်ခြောက်နေခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှ ကျွန်မကို အဖြေမပေးနိုင်ဘူး။

မကြာခင်မှာပဲ ကျွန်မအလုပ်ကိုပဲ စိတ်နှစ်လုပ်တယ်။ ပြီးတော့ အလုပ်ပြောင်းဖို့ကိုလည်း တွေးမိတယ်။ အလှပြင်ဆိုင်ဖွင့်တာက လူမှုအဆင့်အတန်းမှာ နိမ့်ကျနေတုန်းပဲလေ။ ဒါပေမဲ့ ဆရာဝန်ဖြစ်တာက ဂုဏ်ရှိတယ်။ လူလေးစားခံရတဲ့ အလုပ်ပဲ။ အဲဒါနဲ့ ဈေးကြီးတဲ့ ကျူရှင်ခတွေအကြောင်း ဘာမှ စဉ်းစားမနေတော့ဘဲ မြို့ကြီးတချို့ကို ကျွန်မ သွားပြီး တရုတ်ဆေးပညာကို သင်ဖို့ နာမည်ကြီးဆရာဝန်တွေ၊ အပ်စိုက်ဆရာတွေကို ရှာတယ်။ ကျွန်မ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတယ်။ ကျွန်မသားရဲ့ ပညာရေးကို ကျွန်မ လျစ်လျူရှုခဲ့ပြီး သူရှိနေတာကိုတောင် လုံးဝ မေ့သွားတယ်။ ကျွန်မရဲ့ အသက်ကြီးနေပြီဖြစ်တဲ့ အမေကို မစောင့်ရှောက်ခဲ့ဘူး။ ကျွန်မရဲ့ စီးပွားရေးကိစ္စတွေကို အရေးတောင် မစိုက်ခဲ့ဘူး။ အဲဒါတွေအစား စာသင်တာတွေကိုပဲ စိတ်နှစ်ပြီးလုပ်တယ်။ လမ်းလျှောက်နေတာ၊ စားနေတာ၊ အိပ်ရာပေါ်မှာ လှဲနေတာဖြစ်ဖြစ် ကျွန်မလုပ်သမျှက ပျင်းစရာကောင်းတဲ့ တရုတ်ဆေးပညာသီအိုရီတွေကို စစ်ကြည့်နေတာပဲ။ သူငယ်ချင်းတွေနဲ့ ပျော်ပါးဖို့ ကျွန်မ မိဘတွေ၊ ညီအစ်မတွေနဲ့ စကားပြောဖို့လည်း အချိန်မရှိဘူး။ တစ်ခါတလေမှာ တော်တော်ခက်သလို ခံစားမိပြီး ကျွန်မ စာသင်တာတွေကို လက်လျှော့ချင်တယ်။ ဒါပေမဲ့ ဆေးပညာသင်ရင် ကျွန်မရဲ့ လူမှုအဆင့်အတန်းကို မြှင့်နိုင်တယ်၊ လူတွေက ပိုလေးစားတာကို ရနိုင်တယ်ဆိုတာ တွေးမိပြီး လမ်းတစ်ဝက်နဲ့ အရှုံးပေးပြီး သူများတွေ အထင်သေးတာကို မခံဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးတယ်။ ဘယ်လောက်ခက်ခဲပြီး ပင်ပန်းပါစေ ကျွန်မ ပြီးအောင် လေ့လာရမယ် ပေါ့။ အဲဒီလိုနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးနေခဲ့တယ်။ ဇွဲရှိရှိနဲ့ ၁၅ နှစ် လေ့လာ၊ ရှာဖွေပြီး လေ့ကျင့်ပြီးသွားတော့ ဆေးပညာနယ်ပယ်မှာ ကျွန်မ နည်းနည်း ဂုဏ်ရှိလာတယ်။ အပ်စိုက်ကုတာတွေလုပ်ရင်း၊ ကျန်းမာရေးသင်တန်းတွေ ပေးရင်းနဲ့ နိုင်ငံအနှံ့ ခရီးတွေ စသွားရတယ်။ အမြဲတမ်း သင်တန်းတွေနဲ့ အလုပ်ရှုပ်နေရင်း၊ လေယာဉ်တွေ၊ ရထားတွေနဲ့ အပြန်အလှန်သွားလာရင်းနဲ့ အချိန်အတော် ကြာပြီးတဲ့နောက်မှာ အစာအိမ်ပြဿနာနည်းနည်းဖြစ်လာပြီး အိပ်တာကိုလည်း တော်တော်ထိခိုက်လာတယ်။ တစ်ချိန်လုံးမူးပြီး ရီဝေနေတယ်။ ဒါပေမဲ့ ဆရာဝန်ဆီ သွားမပြခဲ့ဘူး။ အစာအိမ်ရောင်တာက ဆိုးလာတာနဲ့ ဂရင်ဂျီနာလည်း ဖြစ်လာပြီး သွေးဝမ်းတွေ တော်တော်သွားတယ်။ အဲဒီအချိန်မှာပဲ ကျွန်မက သင်တန်းတစ်ခုရှိတယ်လေ။ အဲဒါနဲ့ ကျွန်မ ကျိတ်ခံပြီး မိုင် ၃၀၀ ဝေးတဲ့ မြို့ကို လေယာဉ်နဲ့ သွားလိုက်တယ်။ လေယာဉ်ပေါ်ကနေ ဆင်းလိုက်တာနဲ့ တစ်ပြိုင်နက် ပန်းတွေ၊ လက်ခုပ်တီးသံတွေနဲ့ ကျွန်မ ဝန်းရံသွားတယ်။ ကျွန်မနောက်ကနေ သဘောကျပြီး အားကျတဲ့ အသံတွေကို ကြားရတယ်။ “အဲဒါ ပါမောက္ခဆောင်ပဲ၊ အရမ်းငယ်ပြီး လှနေတာပဲ” တဲ့။ “ဟုတ်တယ်၊ ငါ သူ့သင်တန်းတစ်ခုကို တက်ဖူးတယ်၊ သင်တာ တော်တော်ကောင်းတယ်” တဲ့။ အဲဒီအချိန်မှာပဲ ကျွန်မ အနစ်နာခံတာတွေ၊ အလုပ်ကြိုးစားတာတွေ အားလုံးက တန်တယ်လို့ ခံစားမိတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တိတ်တိတ်လေး ထပ်ခါထပ်ခါ ပြောတယ်။ “အားတင်းထားပါ၊ မင်း လုပ်နိုင်ပါတယ်၊ အလုပ်ကြိုးစားတာတွေက အောင်မြင်မှုနောက်ကွယ်မှာ ရှိနေတာတွေပဲ” ပေါ့။ ဗိုက်က အရမ်းနာပြီး ဇောချွေးတွေ ပြန်နေတာကို ကြိုးစားပြီး သည်းခံခဲ့တယ်။ မျက်နှာမှာ အပြုံးတွေနဲ့ စတိတ်စင်ပေါ်မှာ ရပ်ပြီး သုံးရက်ကြာအောင် မိန့်ခွန်းတွေ ပြောခဲ့တယ်။ ကျွန်မ စင်ပေါ်ကနေ ဆင်းတော့ ကျောင်းသားတွေကို လက်ပြနှုတ်ဆက်တယ်။ အဲဒီအချိန်မှာပဲ ဒါတွေအားလုံးရဲ့ အနှစ်မဲ့ခြင်းအပေါ်မှာ ကျွန်မ ထူးထူးဆန်းဆန်း ဝမ်းနည်းသလိုမျိုး ခံစားမိတယ်။ ကျွန်မရဲ့ အားနည်းပြီး ပင်ပန်းနေတဲ့ ကိုယ်ခန္ဓာကို ဟိုတယ်ဆီကို တစ်ရွတ်တိုက်ဆွဲခေါ်ခဲ့တယ်။ အိပ်ရာပေါ် ပစ်လှဲချလိုက်ပြီး မျက်နှာကျက်ကို ဒီတိုင်းစိုက်ကြည့်နေခဲ့တယ်။ ရှင်းပြလို့မရတဲ့ အထီးကျန်တဲ့၊ ခြောက်သွေ့တဲ့ခံစားချက်က ကျွန်မမှာ ဖြစ်လာတယ်။ ပန်းတွေ၊ လက်ခုပ်သံတွေက ကျွန်မရဲ့ အောင်မြင်မှုနဲ့ ကျော်ကြားမှုရဲ့ သင်္ကေတတွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒါတွေအားလုံးက ခဏတာပဲ။ လုံးဝ ယာယီပဲ။ ဒါတွေက ကျွန်မရဲ့ ဖျားနာခြင်း၊ အနှစ်မဲ့ခြင်းကနေ လွတ်အောင် လုံးဝ လုပ်မပေးနိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ထပ်ခါထပ်ခါ မေးတယ်။ “အခု သူများတွေ လေးစားတာ၊ အထင်ကြီးတာတွေကို ငါရတော့ ငါ ဘာလို့ နည်းနည်းလေးတောင် မပျော်တာလဲ၊ ဒီအစား အနှစ်မဲ့တာ၊ စိတ်ဆင်းရဲတာ၊ အကူအညီမဲ့တာ၊ အထီးကျန်တာကို ငါ ခံစားရတယ်၊ လူတွေက အမှန်တကယ် ဘာအတွက် အသက်ရှင်တာလဲ၊ အဓိပ္ပာယ်ရှိတဲ့ဘဝကို လူတွေ ဘယ်လို ရှင်သန်နိုင်သလဲ” ပေါ့။

ကျွန်မရဲ့ ပင်ပန်းနေတဲ့ ကိုယ်ခန္ဓာကို အိမ်ကို တစ်ရွတ်တိုက် ဆွဲခေါ်လာတဲ့အချိန်တိုင်းမှာ ကျွန်မအမေက ဝမ်းနည်းရင်းနဲ့ ကျွန်မကို ခဏခဏမေးတယ်။ “သမီးလေး၊ သမီးက မနက်ကနေ ညအထိ အရမ်းအလုပ်ရှုပ်တယ်၊ သမီး ကိုယ်ခန္ဓာက ပင်ပန်းနေပြီ၊ ဒါ တန်ရောတန်ရဲ့လား၊ သမီးက ဘုရားကို ယုံကြည်သင့်တယ်၊ ဘုရားက အမေတို့ကို ဖန်ဆင်းခဲ့တာ၊ ယုံကြည်ခြင်းရှိရင် သမီးက သမ္မာတရားကို ရလိမ့်မယ်၊ အဓိပ္ပာယ်ရှိတဲ့၊ ငြိမ်းချမ်းတဲ့ဘဝကိုနေဖို့ ဒီနည်းလမ်းတစ်ခုပဲရှိတယ်၊ ယုံကြည်ခြင်းမရှိရင် ဒီကမ္ဘာမှာ သမီးကြိုးစားသမျှက အနှစ်မဲ့သလို ခံစားနေရမှာပဲ” တဲ့။ ယုံကြည်ခြင်းက ကောင်းတယ်ဆိုတာ တကယ်တမ်း ကျွန်မ သိတယ်။ ဒါပေမဲ့ ကျွန်မ စိတ်နှလုံးက အလုပ်ထဲမှာပဲရှိနေတယ်။ ကျွန်မ အသက်ကြီးတဲ့အခါ၊ အငြိမ်းစားယူတဲ့အခါမှာ ယုံကြည်သူတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ဒီလို ငယ်ရွယ်တဲ့အချိန်မှာ ကျွန်မအလုပ်ကို ဘယ်လိုလုပ် အာရုံမစိုက်ဘဲ နေနိုင်မှာလဲ။ ဒါကြောင့် ကျွန်မက ကျွန်မအမေရဲ့ စကားတွေကို အလေးအနက်မထားခဲ့ဘူး။

အဲဒီနောက်တော့ ကျွန်မက အလုပ်မှာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ရေရှည် ဖိစီးနေခဲ့တယ်။ ကျွန်မက ဟော်မုန်းမူမမှန်တဲ့ရောဂါဖြစ်ပြီး ကျွန်မရဲ့ ကိုယ်ခံအားကို ထိခိုက်လာတယ်။ အရမ်းကို ယားယံတဲ့ ထူးဆန်းတဲ့ အရေပြားရောဂါဖြစ်လာတယ်။ ကျွန်မရဲ့ အရေပြားအောက်ထဲကနေလာတဲ့ ယားယံမှုပဲ။ လက်နဲ့ကုတ်တာ ဘာမှမထူးခြားဘူး။ ဆေးသောက်တာလဲ ဘာမှမဖြစ်ဘူး။ ကျွန်မ မျက်နှာက အရေပြားကို လက်တစ်ဖက်နဲ့ ကိုင်ပြီး တခြားလက်တစ်ဖက်ကနေ အရေပြားစမ်းသပ်တာမှာ သုံးတဲ့ အပ်ကို ကိုင်ပြီးတော့ တစ်မျက်နှာလုံး သွေးတွေပြည့်နေတဲ့အထိ အရေပြားကို ခဏခဏ ထိုးဆွတယ်။ ကျွန်မ အရေပြားက မခံနိုင်လောက်အောင်ကို အရမ်းယားတော့ သေတာကမှ ကောင်းဦးမယ်လို့ ခံစားမိတယ်။ မျက်နှာက တော်တော်ကို ယောင်နေတယ်။ ကျွန်မရဲ့ ပုံကို ကြည့်ရင်းနဲ့ လူသားမဟုတ်၊ တစ္ဆေသူရဲလည်းမဟုတ်တဲ့ ပုံစံရှိနေတော့ အိမ်ပြင်ထွက်လို့ မဖြစ်ဘူးဆိုတာ ကျွန်မ သိလိုက်တယ်။ ကျွန်မ စဉ်းစားတယ်။ “ငါက သူများတွေအတွက် ကုဖို့ခက်တဲ့ ရောဂါတွေမျိုးစုံကို ကုပေးနိုင်ပေမဲ့ ငါ့ရောဂါကိုကျ မကုနိုင်ဘူး၊ တော်တော် သနားစရာကောင်းတာပဲ” ပေါ့။ ကျွန်မက တော်တော်ကို ဂုဏ်သရေရှိခဲ့ပေမဲ့ အခုတော့ ပျက်စီးယိုယွင်းနေတဲ့သူတစ်ယောက်ပဲ။ ကျွန်မ ပြတင်းပေါက်ကနေ ခုန်ချပြီး သေပစ်လိုက်ချင်ခဲ့တယ်။ ကျွန်မ ဆက်တိုက် ငိုပြီး ညည်းနေခဲ့တာပေါ့။ “အော် ငါ အရင်ဘဝက တော်တော်မကောင်းမှုလုပ်ခဲ့ပြီး ဒါပြန်ပေးဆပ်ရတာပဲ” ပေါ့။ နောက်တော့ ဆေးကုဖို့ တရုတ်ဆေးဆရာဆီကို သွားတယ်။ သူက ပြောတယ်။ အရင်က ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးတယ်၊ နှစ် ၂၀ ကုတာ မပျောက်ဘူး တဲ့။ ဒါကို ကြားရတော့ ကျွန်မအတွက် စိတ်ထိခိုက်စရာပဲ။ ကျွန်မက တစ်သက်လုံး တကယ်ပဲ ဒီလိုမျိုး နေသွားရတော့မှာလား ပေါ့။ ကျွန်မ ကိုယ့်အတွက်ကိုယ် နာမည်ရအောင် ကျွန်မဘဝရဲ့ အချိန်အများစုမှာ အပင်ပန်းခံခဲ့ပေမဲ့ အခုလို ဖြစ်လာတာပဲ။ ကျွန်မဘဝရဲ့ အဓိပ္ပာယ်ကဘာလဲ ပေါ့။ ကျွန်မ အိပ်ဆေးတချို့သောက်ပြီး အဆုံးသတ်ချင်မိတယ်။ ကျွန်မဘဝကို အဆုံးစီရင်ဖို့ ပြင်ဆင်နေတုန်းမှာပဲ ၂၀၁၈ ခုနှစ်၊ ဧပြီလမှာ ကျွန်မအမေက ကျွန်မကို ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို နောက်တစ်ကြိမ်ဝေမျှတယ်။

“ရှောင်ကျန်းရဲ့ ပုံပြင်”ဆိုတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ တေးဂီတအခြေခံဇာတ်လမ်းကို ကျွန်မ ကြည့်ခဲ့ရတယ်။ ကျွန်မ တော်တော်လေး ခံစားလိုက်ရတယ်။ အဲဒီထဲမှာ ဘုရားနှုတ်ကပတ်တော်တချို့ပါတယ်။ “အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများ ကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ပွေ့ဖက်လေမည်။ သူသည် သင့်ထံပါး၌ အိပ်ဖန်စောင့်လျက် သင်နောက်ပြန်လှည့်လာရန် စောင့်ဆိုင်းနေ၏။ သင်၏မှတ်ဉာဏ် ရုတ်တရက် ပြန်ရသောနေ့ရက်ကို သူစောင့်ဆိုင်းလျက်နေ၏၊ ထိုနေ့ရက်မှာ သင်သည် ဘုရားသခင်ထံမှ လာခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် သင်ဦးတည်ချက်ပျောက်ခဲ့ကြောင်း၊ မသိခဲ့သောအချိန်တစ်ချိန်တွင် လမ်းပေါ်၌ အသိဉာဏ် ပျောက်ဆုံး ခဲ့ရကြောင်းနှင့် မသိခဲ့သောအချိန်တစ်ချိန်တွင် ‘အဖ’ တစ်ဦးရ ခဲ့ကြောင်း သဘောပေါက်သောနေ့ရက်၊ ထိုမျှမက အနန္တတန်ခိုးရှင်သည် အစဉ်သဖြင့် အိပ်ဖန်စောင့်နေကာ သင်ပြန်လာမည်ကို ထိုနေရာ၌ အလွန့်အလွန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းလျက်နေကြောင်း သင်သဘောပေါက်သောနေ့ရက် ဖြစ်ပေသည်။ သူသည် ပြင်းပြသောတောင့်တမှုဖြင့် စောင့်ကြည့် နေကာ အဖြေမပါသော တုံ့ပြန်မှုတစ်ခုကို စောင့်ဆိုင်းလျက်နေ၏။ သူ၏အမြဲတစေ စောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့မှာ တန်ဖိုး မဖြတ်နိုင်ဘဲ၊ ယင်းတို့သည် လူသား၏စိတ်နှလုံးနှင့် လူသား၏ ဝိညာဉ်အဖို့အလို့ငှာ ဖြစ်၏။ ဤစောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့သည် အချိန်အကန့်အသတ်မဲ့ ဖြစ်ကောင်း ဖြစ်နိုင်၍ ၎င်းမှာ ဆုံးခန်း၌လည်း ရှိကောင်းရှိနေနိုင်သည်။ သို့သော်လည်း ယခုအခါ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့မှာ မည်သည့်နေရာ၌ ရှိနေကြောင်းကို သင်အတိအကျ သိသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း) ဘုရားနှုတ်ကပတ်တော်ရဲ့ စာကြောင်းတိုင်းက ကျွန်မ စိတ်နှလုံးကို တို့ထိတယ်။ ရှောင်ကျန်းရဲ့ ပုံပြင်က ကျွန်မဘဝရဲ့ တကယ့်ပုံတူတစ်ခုလိုပဲ။ ဘုရားသခင်က သူ့လက်ကို ဖြန့်ကားပြီး “သမီး၊ ပြန်လာပါ” လို့ ခေါ်နေတာကို ကျွန်မ ခံစားရတယ်။ ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်မ မျက်ရည်ကျပြီး ငိုနေတာကို မရပ်နိုင်ဘူး။ အဲဒီအချိန်မှာ အိမ်ပြန်လာတဲ့ နွေးထွေးမှုကို ကျွန်မ ခံစားရတယ်။ ကျွန်မရဲ့ လှည့်လည်သွားလာနေတဲ့ နှလုံးသားက နားခိုရာကို တွေ့သွားပြီး လုံခြုံသွားတယ်။ ဒီအထီးကျန်တဲ့၊ စိတ်ဆင်းရဲတဲ့၊ ဝမ်းနည်းတဲ့နှစ်တွေနဲ့ ဘယ်သူ့ကိုမှ ကျွန်မ မပြောတဲ့ လျှို့ဝှက်ချက်တွေကိုတောင် နောက်ဆုံးတော့ ဘုရားသခင်ကို ပြောပြနိုင်တယ်။ ကျွန်မ နှလုံးသားထဲကနေ အော်ဟစ်ငိုကြွေးခဲ့တယ်။ “ငါ့ဘဝက ဘယ်လောက် ဆင်းရဲဒုက္ခရောက်တယ်ဆိုတာ ဘုရားသခင်သာ သိတယ်၊ ဖန်ဆင်းရှင်ကသာ လူသားတွေအတွက် စစ်မှန်တဲ့ ချစ်ခြင်းရှိနိုင်တယ်” ဆိုပြီးတော့ပေါ့။ ကျွန်မ ဘုရားရှေ့ကို မျက်ရည်တွေနဲ့လာပြီး ဘုရားကို ပြောတယ်။ “ဘုရားသခင်၊ သမီးအလုပ်မှာ အပင်ပန်းခံအလုပ်လုပ်တာကြောင့် မောပန်းနေတုန်းမှာ ကိုယ်တော်ဟာ သမီးအမေကတစ်ဆင့် သမီးကို ထပ်ခါထပ်ခါ ဧဝံဂေလိ မျှဝေခဲ့တယ်၊ ဒါပေမဲ့ သမီးက သမီးရဲ့အလုပ်ကြောင့် ကိုယ်တော့်ရှေ့ကို လာချင်စိတ်မရှိခဲ့ဘူး၊ ရှောင်ကျန်က စင်ပေါ်မှာ ‘ဘုရားသခင်’၊ ‘ဘုရားသခင်’ လို့အော်ခေါ်တာကို မြင်ရတာက ဗိုက်ကို တစ်ချက်ပြီးတစ်ချက် ထိုးနှက်သလိုပါပဲ။ ကိုယ်တော်ရဲ့ ကယ်တင်ခြင်းလက်ကို ထပ်ခါထပ်ခါ တွန်းထုတ်တဲ့အတွက်၊ ကိုယ်တော်ကို ထပ်ခါထပ်ခါ နာကျင်စေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးပါတယ်၊ ဒါပေမဲ့ ကိုယ်တော်က သမီးရဲ့ ကယ်တင်ခြင်းအတွက်လက်မလျှော့ခဲ့ဘူး။ နာကျင်ခြင်း ပင်လယ်ကနေ သမီးကို ကယ်တင်နိုင်ဖို့အတွက် သမီးအနားမှာနေပြီး သမီး ကိုယ်တော့်ဆီကိုလှည့်လာတဲ့အချိန်ကို စောင့်နေခဲ့တယ်၊ အို ဘုရားသခင်၊ ကိုယ်တော့်ကို သမီး ယုံကြည်လိုပါတယ်၊ ကိုယ်တော့်နောက်ကို နီးကပ်စွာလိုက်ပြီး ကိုယ်တော်ကို ကိုးကွယ်လိုပါတယ်” ဆိုပြီးတော့။ နောက်တော့ ဒီနှစ်တွေအားလုံး ကျွန်မစိတ်နှလုံးထဲမှာ မြုပ်ထားတဲ့အရာတွေအားလုံးကို ဘုရားသခင်ဆီကို ကျွန်မ ငိုကြွေးပြခဲ့တယ်။ ကျွန်မ တော်တော်ကို ပြန်ပေါ့ပါးသွားပြီး စိတ်အခြေအနေက သက်သာလာတယ်။ ဘုရားရှေ့ကိုလာနိုင်တာကြောင့် ကျွန်မ အပျော်ရွှင်ဆုံးလူဖြစ်သွားတယ်။ ကျွန်မ တော်တော်ခေါင်းမာခဲ့ပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ထပ်ခါထပ်ခါ တွန်းထုတ်ခဲ့တာကို တကယ် နောင်တရတယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဆာလောင်စွာနဲ့ အငမ်းမရစားတယ်။ ဘုရားသခင်က ကျွန်မတို့ကို ပြတဲ့ လူသားမျိုးနွယ်က စာတန် ဖျက်ဆီးခြင်းကို ခံရတဲ့ တကယ့်ရုပ်ပုံကို မြင်ရတော့ တော်တော် ခံစားရတယ်။ ဘုရားနှုတ်ကပတ်တော်အားလုံးက သမ္မာတရားဖြစ်ပြီး ကျွန်မတို့လူသားတွေအကြောင်းကို အရှိအတိုင်း ဖွင့်ပြတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးရတာ၊ ဘုရားသခင်ကို ချီးမွမ်းတဲ့ ဓမ္မသီချင်းတွေဆိုရတာက ကျွန်မအတွက် တကယ်ကို ကျေနပ်စရာပဲ။ ကျွန်မ တော်တော်ပျော်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက အချင်းချင်းရိုးသားပြီး စစ်မှန်မှုရှိတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ဖောက်ပြန်ပျက်စီးမှုကို သူတို့ပြရင် လျှို့ဝှက်ကြံစည်တာ၊ လိမ်ညာတာမရှိဘဲ အချင်းချင်း ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့ပြီး ကူညီနိုင်ကြတယ်။ ကျွန်မက လုံးဝ မတူညီတဲ့ ကမ္ဘာတစ်ခုမှာ နေနေရသလို ခံစားမိပြီး ကျွန်မရဲ့ အရင်က ဆင်းရဲဒုက္ခကို လုံးဝ မေ့သွားတယ်။ ကျွန်မ စိတ်နှလုံးကလည်း တဖြည်းဖြည်းချင်း သက်သာလာတယ်။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျွန်မ တော်တော်ကျေးဇူးတင်မိတယ်။ ကျွန်မ စဉ်းစားမိတယ်။ ကျွန်မ ယုံကြည်သူဖြစ်လာကတည်းက နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေဖတ်၊ ဘုရားကို ချီးမွမ်းတဲ့ ဓမ္မသီချင်းတွေဆိုပြီး တော်တော်ပျော်ခဲ့တယ်။ ကျွန်မက အပြင်လောကမှာနေတုန်းက အလုပ်နဲ့၊ ဂုဏ်၊ အဆင့်အတန်း၊ ငွေကြေးတွေရှိပြီး ဘာလို့ လုံးဝ မပျော်ဘဲနဲ့ ကျွန်မဘဝက အရမ်းကို ဆင်းရဲဒုက္ခရောက်နေခဲ့တာလဲ ပေါ့။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲက တစ်ခုကို ကျွန်မ ဖတ်တယ်။ “လူတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ စဉ်းစားတတ်တော့သည် အထိဖြစ်အောင်၊ ၎င်းတို့၏ အတွေးများကို ထိန်းချုပ်ရန်အတွက် စာတန်သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းကို အသုံးပြု၏။ ၎င်းတို့သည် ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် ရုန်းကန်လှုပ်ရှား ကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် အခက်အခဲများကို ခံကြ၏၊ ကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အရှက်ရခြင်းများကို ကြံ့ကြံ့ခံကြ၏၊ ကျော်ကြားမှု နှင့် အမြတ်အစွန်း အတွက် ၎င်းတို့တွင် ရှိသမျှအရာတိုင်းကို စွန့်လွှတ်ကြသကဲ့သို့၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းတို့အတွက် မည်သို့သော အကဲဖြတ်မှု၊ ဆုံးဖြတ်မှုကိုမဆို ၎င်းတို့က ပြုလုပ်ကြလိမ့်မည်။ ဤနည်းလမ်းဖြင့် စာတန်သည် လူတို့အား မမြင်နိုင်သော အချုပ်အနှောင်တို့နှင့် ချည်နှောင်ပြီး လူတို့သည် ၎င်းတို့ကို တွန်းလှန်ရန် အင်အားမရှိသလို သတ္တိလည်းမရှိကြပေ။ ၎င်းတို့သည် ဤအချုပ်အနှောင်တို့အား အမှုမဲ့အမှတ်မဲ့ သယ်ဆောင်ကြပြီး ကြီးစွာသော အခက်အခဲဖြင့် ရှေ့သို့ဆက်ကာသာ ရုန်းကြရ၏။ ဤကျော်ကြားမှုနှင့် အမြတ်အစွန်း အတွက် အလို့ငှာ၊ လူသားမျိုးနွယ်သည် ဘုရားသခင်ကို ရှောင်ကြဉ်၍၊ ကိုယ်တော်အား သစ္စာဖောက်ပြီး၊ တိုး၍ ဆိုးယုတ် လာကြသည်။ ထို့ကြောင့် ဤနည်းဖြင့် မျိုးဆက်တစ်ခုပြီး တစ်ခုသည် စာတန်၏ ကျော်ကြားခြင်းနှင့် အမြတ်အစွန်း အကြားတွင် ဖျက်ဆီးခံကြရ၏။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆))သင်သည် သမ္မာတရားကို နားမလည်လျှင် ဤအကြောင်းအရာကို ရှင်းလင်းစွာ မြင်နိုင်မည်မဟုတ်ဘဲ ‘ယှဉ်ပြိုင်ကြိုးစားသည့် စိတ်ဓာတ်ရှိခြင်းသည် ကောင်းသည်၊ ခိုင်လုံမှုရှိသည်၊ လူတစ်ယောက်သည် ယှဉ်ပြိုင်ကြိုးစားသည့် စိတ်ဓာတ်မရှိဘဲ မည်သို့ အသက်ရှင်နိုင်မည်နည်း၊ ယှဉ်ပြိုင်ကြိုးစားသည့် စိတ်ဓာတ်မရှိလျှင် အသက်ပါခြင်း၊ ဖြတ်လတ်ခြင်းမရှိ၊ ဤသို့ဆိုလျှင် အသက်ရှင်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း၊ အရာအရာတိုင်းအပေါ် အောက်ကျို့စွာ နာခံလျက်ဖြင့် မည်မျှအားနည်းပြီး မစွမ်းဆောင်နိုင်ဖြစ်မည်နည်း’ ဟူ၍ စဉ်းစားလိမ့်မည်။ လူတို့သည် ဘဝတွင် အောင်မြင်ရန်အတွက် ၎င်းတို့ ကြိုးပမ်းရမည်ဟု ထင်ကြသည်။ အောင်မြင်ရန်အတွက် ၎င်းတို့သည် မည်သို့ ကြိုးပမ်းသနည်း။ ‘ယှဉ်ပြိုင်ကြိုးစားခြင်း’ ဆိုသည့် စကားကို အလေးပေးခြင်းအားဖြင့် ဖြစ်သည်။ မည်သို့ဖြစ်ပါစေ ၎င်းတို့၏ ပန်းတိုင်ကို ရရှိရန်အတွက် ယှဉ်ပြိုင်ကြိုးစားရမည်။ ‘မည်သည့်အခါမျှ အရှုံးမပေးနှင့်’ ဆိုသည့် ဆိုရိုးစကားသည် ‘ယှဉ်ပြိုင်ကြိုးစားခြင်း’ ဆိုသည့် ဤစကားမှ လာသည်။ ၎င်းတို့သည် ဘဝတွင် နေ့စဉ် ကြိုးစားကြသည်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ယှဉ်ပြိုင်ကြိုးစားခြင်းအားဖြင့် အစဉ်သဖြင့် အနိုင်ရယူလိုပြီး ၎င်းတို့၏ အောင်နိုင်မှုများကို ကြွားဝါရန် အသုံးပြုလိုကြသည်။ ၎င်းတို့ လုပ်ဆောင်သမျှတွင် အောင်မြင်ရန်အတွက် အစဉ်သဖြင့် ကြိုးပမ်းလိုကြသည်။ ဤသည်မှာ စွမ်းဆောင်ရရှိနိုင်သော အရာတစ်ခုဖြစ်သလော။ ၎င်းတို့သည် အတိအကျဆိုရလျှင် မည်သည့်အရာအတွက် ကြိုးပမ်းပြီး ယှဉ်ပြိုင်ကြိုးစားနေကြသနည်း။ ၎င်းတို့အားလုံးသည် ဂုဏ်၊ အကျိုးအမြတ်၊ အဆင့်အတန်းအတွက်၊ မိမိအကျိုးစီးပွားအတွက် ရုန်းကန်နေကြသည်။ ရုန်းကန်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သူရဲကောင်းဖြစ်ရန်၊ ရဲရင့်သော ပုဂ္ဂိုလ်ဟု အခေါ်ခံရရန် ဖြစ်သည်။ သို့သော် အဆုံးတွင် လူတိုင်းသည် သေဆုံးမည်ဖြစ်ပြီး အပြစ်ဒဏ်ခံရမည်။ ဤသည်မှာ သံသယရှိစရာမလိုပေ။ နတ်ဆိုးများနှင့် စာတန်ရှိသည့်နေရာတိုင်းတွင် ရုန်းကန်မှုရှိမည်။ သို့သော် အဆုံးတွင် အားလုံးက ပျက်စီးပြီး ရုန်းကန်မှုကလည်း ပြီးဆုံးသွားလိမ့်မည်။ ဤသည်မှာ နတ်ဆိုးများနှင့် စာတန်၏ အဆုံးသတ်ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၁) ဘုရားနှုတ်ကပတ်တော်က ကျွန်မ စိတ်နှလုံးထဲမှာရှိတဲ့ ရှုပ်ထွေးမှုကို ဖြေရှင်းခဲ့ပြီး ချက်ချင်း ဉာဏ်အလင်းပွင့်သလို ခံစားမိတယ်။ ကျော်ကြားမှု၊ စည်းစိမ်နဲ့ အဆင့်အတန်းက လူတွေကို ဖျက်ဆီးဖို့၊ လှည့်စားဖို့၊ ထိန်းချုပ်ဖို့ စာတန်အသုံးပြုတဲ့ နည်းလမ်းတွေ၊ နည်းဗျူဟာတွေပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဒါတွေက စာတန်က ကျွန်မတို့အပေါ်မှာ ထားတဲ့ အချုပ်အနှောင်တွေလည်း ဖြစ်တယ်။ ကျွန်မတို့တွေ ဘယ်သူမှ ကိုယ့်ဘာသာ မလွတ်မြောက်နိုင်တဲ့ အချုပ်အနှောင်တွေပဲ။ ကျွန်မ အရမ်းကြိုးစားပြီး အလုပ်လုပ်တဲ့ ဒီ ၂၈ နှစ်မှာ ကျွန်မဘဝက တော်တော် ဆင်းရဲဒုက္ခရောက်တယ်။ ကျွန်မက “သူများတွေကို ကိုယ့်အကြောင်းသိအောင်ပြရမယ်”၊ “လူတွေဟာ ဂုဏ်ရှိဖို့ ကြိုးပမ်းသင့်တယ်”၊ “အနာမခံရင် အသာမစံရ”၊ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည် နိမ့်ရာသို့ စီးဆင်း၏”၊ “လူတစ်ယောက် ထားရှိခဲ့သည့် အမွေအနှစ်သည် သူ့ဘဝ၏ ပဲ့တင်သံဖြစ်သည်” ဆိုတာမျိုး ဆိုးယုတ်တဲ့ အဆိပ်တွေကို လိုက်စားရမယ့် အပြုသဘောဆောင်တဲ့အရာတွေအဖြစ် မှတ်ယူခဲ့တယ်။ ဒါတွေကို ကျွန်မက ဘဝမှာ ကျွန်မရဲ့ ပန်းတိုင်တွေအဖြစ် မှတ်ယူခဲ့တယ်။ ကျွန်မက ကျော်ကြားမှုနဲ့ စည်းစိမ်နောက်ကိုလိုက်တဲ့ လမ်းပေါ်မှာ အထိန်းအကွပ်မဲ့နေခဲ့ပြီး စိတ်ဆင်းရဲစရာ ဘဝကို နေထိုင်နေခဲ့တာပဲ။ အစပိုင်းကို ပြန်စဉ်းစားကြည့်တော့ ကျွန်မရဲ့ အတန်းဖော်က ကျွန်မကို လှောင်ပြီး နှိမ်တဲ့အချိန်မှာ သူ အခံရခက်အောင် ကျွန်မ ကြိုးစားမယ်လို့ ကျိန်ဆိုခဲ့တယ်။ ဂုဏ်အဆင့်အတန်းနဲ့ နာမည်ကျော်ကြားမှု စက်ဝန်းထဲကို ကျွန်မ ဝင်နိုင်အောင် လုပ်ခဲ့တယ်။ ကျော်ကြားမှုနဲ့ စည်းစိမ်အတွက် စပြီး အပင်ပန်းခံပြီး ဒုက္ခခံတယ်။ ကျွန်မလက်တွေက အက်ကွဲပြီး ဆံပင်ကောက်ဆေးတွေကြောင့် သွေးထွက်နေပေမဲ့ လူတစ်ယောက် ငှားဖို့ကို ပိုက်ဆံ မသုံးချင်ခဲ့ဘူး။ ပိုက်ဆံ ချွေတာဖို့အတွက် တစ်ရက်ကို တစ်နပ်ပဲစားပြီး ဗိုက်ဆာတာကို ရေနဲ့ ဖြေဖျောက်ခဲ့တယ်။ ကျွန်မ အားကုန်တဲ့အထိ ပင်ပန်းနေပေမဲ့ မနားသေးဘူး။ “အနာမခံရင် အသာမစံရ”ဆိုတဲ့ စကားကို ကျော်ကြားမှုနဲ့ စည်းစိမ်နောက်ကိုလိုက်ဖို့ ကျွန်မရဲ့ တွန်းအားအဖြစ် မှတ်ယူခဲ့တယ်။ နောက်ပိုင်း ကျွန်မမြို့မှာ နာမည်ရအောင် နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီး ခဏတာ ကျေနပ်ခဲ့တယ်။ ဒါပေမဲ့ ဂုဏ်နဲ့ အဆင့်အတန်းနောက်လိုက်တာကို မရပ်သေးဘူး။ ကျွန်မ ရည်မှန်းချက်နဲ့ ဆန္ဒက ဆက်ပြီး ကြီးထွားလာနေတယ်။ ကျွန်မရဲ့ လူမှုအဆင့်အတန်း မြှင့်လာဖို့၊ ပိုပြီး နာမည်ကြီးဖို့၊ လူတွေ အထင်ကြီးလေးစားတာကို ပိုရဖို့အတွက် ဘာမှမစဉ်းစားဘဲ ၁၅ နှစ် အချိန်ကုန်ခံပြီး ဆေးပညာ လေ့လာခဲ့တယ်။ ကျွန်မ အမေနဲ့ သားကိုတွေ့ဖို့အတွက် အိမ်ပြန်ဖို့ အချိန်မရှိခဲ့ဘူး။ ကျွန်မအလုပ်နဲ့ ဂုဏ်ကလွဲပြီး တခြားဘာကိုမှ မတွေးခဲ့ဘူး။ အောင်မြင်မှုကို ရတော့ ပန်းပွင့်တွေ၊ လက်ခုပ်သံတွေမှာ မွေ့လျော်ဖို့အတွက် အရာရာကို လျစ်လျူရှုခဲ့တယ်။ ဘုရားရဲ့ ကယ်တင်ခြင်းလက်ကိုတောင် ခဏခဏ တွန်းထုတ်ခဲ့တယ်။ သူများတွေက မြှောက်ပင့်တာ၊ ချီးမွမ်းတာတွေကို ရဖို့ ကျွန်မ ဟန်လုပ်ခဲ့တယ်။ ကျွန်မ ကိုယ်ခန္ဓာက အားကုန်ပြီး ပင်ပန်းတာ ဖျားတဲ့အထိပဲ။ ဒါပေမဲ့ ဆက်ပြီး စာပို့ချနေတုန်းပဲ။ နောက်တော့ ဒီပင်ပန်းတာတွေအားလုံးက စုလာပြီး ထူးဆန်းတဲ့ ရောဂါဖြစ်လာတော့ ကျွန်မ သေချင်ခဲ့တယ်။ ကျော်ကြားမှုနဲ့ စည်းစိမ်ရဲ့ အချုပ်အနှောင်တွေနဲ့ ကျွန်မ လျှောက်တဲ့လမ်းကြောင်းက အရမ်း ခက်ခဲတယ်။ မြည်းတစ်ကောင်က ကြိတ်ဆုံကို အမှောင်ထဲမှာ ဆွဲနေသလိုပဲ။ ကျွန်မ ဘယ်လောက်ဆွဲဆွဲ မလွတ်မြောက်နိုင်ဘူး။ ကျွန်မ ဒီဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်နေခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ကျော်ကြားမှုနဲ့ စည်းစိမ်၊ ကျွန်မစိတ်ထဲမှာ တခြားလူတွေရဲ့ အထင်ကြီးမှုကလွဲပြီး ဘာမှမရှိဘူး။ ကျွန်မက တော်တော်တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာလာတယ်။ ချစ်ခြင်းနဲ့ ရင်းနှီးမှု လုံးဝ ကင်းမဲ့လာတယ်။ ကျွန်မက သွေးအေးသတ္တဝါလိုပဲ။ လူလိုလည်း မနေ၊ သားရဲတစ်ကောင်လိုလည်း မနေဘူး။ ကျွန်မရခဲ့တဲ့ ဂုဏ်ရဲ့နောက်ကွယ်က နာကျင်မှုကို သိတာ ကျွန်မတစ်ယောက်ပဲ။ ဒါက ဘဝအတွက် သင့်တော်တဲ့လမ်းကြောင်းမဟုတ်ဘူး။ ကျွန်မရဲ့ အတန်းဖော်က ပြောတဲ့အရာတစ်ခုကြောင့် ကျွန်မက သာမန်လူတစ်ယောက် မဖြစ်ချင်ခဲ့ဘဲ သူများတွေကို ဆရာလုပ်ချင်တယ်။ ချီးမြှောက်တာ ခံချင်တယ်။ ဆယ်စုနှစ်နှစ်ခုကျော်တဲ့အထိ ကျွန်မက မီးကင်စက်ထဲမှာ အကင်ခံနေရသလို ခံစားခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်က ပြောသလိုပဲ။ “သင်သည် အစဉ်သဖြင့် ထူးချွန်သောသူတစ်ယောက်ဖြစ်လိုလျှင်၊ အခြားလူများထက်သာလိုလျှင်၊ သင်သည် သင့်ကိုယ်သင် ဒုက္ခရောက်အောင်လုပ်နေခြင်း၊ သင့်ကိုယ်သင် ပျက်စီးစေခြင်း၊ သင်၏ကိုယ်ပိုင်အသက်တာကို ခက်ခဲအောင်ပြုလုပ်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂) ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြမှုကြောင့်သာမဟုတ်ရင် “လူတွေဟာ ဂုဏ်ရှိဖို့ ကြိုးပမ်းသင့်တယ်”၊ “အနာမခံရင် အသာမစံရ” ဆိုတာတွေက အတွေးမှားတွေဆိုတာ၊ လူသားတွေကို ဖျက်ဆီးဖို့ စာတန်အသုံးပြုတဲ့ နည်းဗျူဟာတွေပဲဆိုတာ ကျွန်မတို့တွေဘယ်သူမှ မြင်မှာမဟုတ်ဘူး။

ဘုရားနှုတ်ကပတ်တော်ထဲမှာ တခြားတစ်ခုကို ကျွန်မ ဖတ်ရတယ်။ “လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ သူ့ကို မမြင်နိုင် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်း လင်းလင်း မသိသည့်အခါ၊ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိ၊ စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူသည် မည်သည့်နေရာ၌ရှိပါစေ၊ မည်သည့်အလုပ်ကိုလုပ်ပါစေ ၎င်း၏အသက်ရှင်မှုနည်းလမ်းနှင့် ၎င်း၏ ပန်းတိုင်နောက်လိုက်ခြင်းက ၎င်းအား အဆုံးမရှိသည့် ကြေကွဲခြင်းနှင့် သက်သာခြင်းမရှိသည့် ဒုက္ခခံစားမှုတို့ကိုသာ ယူဆောင်လာပေးသည်၊ ယင်းမှာ မိမိ၏ အတိတ်ကို ပြန်လှည့် ကြည့်ဖို့ ခံနိုင်ရည်မရှိသည့်အရာမျိုးဖြစ်သည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူ့ဘဝကို ရှာဖွေသည့်အခါမှသာ ဘဝ၏ အနှစ်မဲ့ခြင်းဟူသမျှကို ခါချပြီး ကြေကွဲခြင်းနှင့် ဒုက္ခခံစားမှုအားလုံးမှ တဖြည်းဖြည်း လွတ်ကင်းမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်ကနေ သဘောပေါက်လိုက်တာက အရင် နှစ် ၂၀ လောက်က ကျွန်မအတွက် အရမ်းကို နာကျင်စေရတဲ့ အကြောင်းက ဘုရားကို ကျွန်မ မသိခဲ့လို့ပဲ။ ကျွန်မက ဘဝမှာ သင့်တော်တဲ့ ပန်းတိုင်နဲ့ ဦးတည်ချက်မရှိဘဲ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်နေခဲ့တယ်။ ဒါကြောင့် ကျွန်မက လမ်းမှားပေါ် ရောက်သွားတာပဲ။ စာတန်က ကျွန်မကို ညှာတာမှု ကင်းမဲ့စွာနဲ့ ဆော့ကစားနေပြီး ကျွန်မက ဘာအဓိပ္ပာယ်မှမရှိဘဲ အသက်ရှင်နေခဲ့တယ်။ ကျွန်မ ဘုရားရှေ့ကို လာခဲ့ရတယ်။ ကျွန်မရဲ့ ဖြစ်တည်မှုရဲ့ အခြေပြုချက်အဖြစ် သူ့ စကားတွေကို လက်ခံပြီး သူ့ရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို နာခံခဲ့တယ်။ ဘဝမှာ လမ်းမှန်ကို ရှာဖို့အတွက် ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်တဲ့လမ်းကို လျှောက်ခဲ့တယ်။ ဒါက အရှေ့တိုင်းဒေသမှာ အချမ်းသာဆုံးဖြစ်ပြီး ကြွယ်ဝချမ်းသာတဲ့ မိသားစုရှိပေမဲ့ ကျွန်မတို့မှာရှိတာတွေအားလုံးကို ဘုရားရဲ့ အချုပ်အခြာအာဏာက ချမှတ်ပေးတယ်ဆိုတာကို သိတဲ့ ယောဘလိုပါပဲ။ ယောဘက ကျော်ကြားမှုနဲ့ အဆင့်အတန်းကို မလိုက်စားဘူး။ မမွေ့လျော်ဘူး။ သာမန်ပဲ အလုပ်လုပ်ခဲ့တယ်။ လွတ်လပ်စွာ၊ ပျော်ရွှင်စွာ အသက်ရှင်ခဲ့တယ်။ နောက်တော့ ညတွင်းချင်းပဲ သူမိသားစုရဲ့ ကြွယ်ဝမှုတွေ ဖယ်ရှားခံရပြီး သူ့ကလေးတွေအကုန် သေသွားတယ်။ ဒါပေမဲ့ သူက ဘုရားရဲ့ အမည်နာမကို ချီးမွမ်းတုန်းပဲ။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ဆိုပြီး ပြောတယ်။ သူက ဘုရားအတွက် အရမ်းကိုကောင်းတဲ့ သက်သေပဲ။ ယောဘက ဘုရားရဲ့ အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို နာခံနိုင်တယ်။ ဘုရားကို ကြောက်ပြီး မကောင်းမှုကို ရှောင်တဲ့လမ်းကို သူ လျှောက်ခဲ့တယ်။ သူက ဂုဏ်သိက္ခာနဲ့ အသက်ရှင်ခဲ့တယ်။ နောက်ဆုံးတော့ ဘုရားရဲ့ လက်ခံမှုကို ရသွားတယ်။ ကျွန်မက ယောဘကို အတုခိုးချင်တယ်။ ဘဝမှာ ကျွန်မ လျှောက်ခဲ့တဲ့ လမ်းမှားကို လက်လွှတ်ချင်တယ်။ စစ်မှန်တဲ့ ယုံကြည်ခြင်းရှိပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်ချင်တယ်။ သမ္မာတရားကို လိုက်စားချင်တယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ချင်တယ်။ ဒါက ကျွန်မ စိတ်နှလုံးထဲမှာရှိတဲ့ အနှစ်မဲ့ခြင်းနဲ့ နာကျင်ခြင်းကနေ လွတ်မြောက်ဖို့၊ စာတန်ရဲ့ ထိခိုက်မှုနဲ့ ချုပ်နှောင်မှုတွေကနေ လွတ်မြောက်ဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ဒါက ကျွန်မအတွက် တစ်ခုတည်းသော လမ်းကြောင်းပဲ။ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ ဘုရားနှုတ်ကပတ်တော်ကို အရေးစိုက်ပြီး ဘုရားကို နာခံတဲ့သူတစ်ယောက် ဖြစ်ချင်ခဲ့တယ်။

ဒါပေမဲ့ ကျွန်မအလုပ်ကို စွန့်လွှတ်ပြီး ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ တာဝန်အပေါ် စိတ်နှစ်လုပ်ချင်တဲ့အချိန်မှာ ကျွန်မ အတားအဆီးတချို့ ကြုံရတယ်။ တစ်နေ့မှာ ကျွန်မသားက ကျွန်မကို ဖုန်းခေါ်တယ်။ ကုမ္ပဏီက ပိတ်ရခါနီးဖြစ်နေပြီးတော့ သူက ကျွန်မကို ကုမ္ပဏီကို ကယ်တင်ဖို့ ပြန်သွားပြီး စနစ်တကျ ပြန်ထူထောင်ပေးစေချင်တယ်။ ဒါကို ကျွန်မကြားရတော့ တော်တော်စဉ်းစားရကျပ်သွားတယ်။ ၂၈နှစ် ကြိုးစားပြီးတဲ့နောက်မှာ တကယ်ပဲ ဒီလိုမျိုး အဆုံးသတ်သွားမှာလား ပေါ့။ အချိန်ခဏလောက်ကြာပြီးရင် ကျွန်မက ဘာမှရှိတော့မှာမဟုတ်ဘူး။ ကျွန်မအလုပ် မအောင်မြင်ခင်တုန်းကလို ဖြစ်သွားမှာ။ လူတွေက ကျွန်မကို ဘယ်လိုမြင်ပြီး ပြောကြမှာလဲ။ သူများတွေကို ကျွန်မ ဘယ်လိုရင်ဆိုင်နိုင်မှာလဲ။ ကျွန်မ ငွေရှာဖို့ နည်းလမ်းတစ်ခုမှ ရှိမှာမဟုတ်ဘူး။ ကျွန်မက ဒီအတိုင်းကြီး မစွန့်လွှတ်လိုက်ချင်ဘူး။ ကုမ္ပဏီကို ကယ်တင်ဖို့အတွက် ပြန်သွားဖို့ ကျွန်မ စီစဉ်တော့ ကျွန်မ လက်နှစ်ဖက်လုံးက နီလာပြီး အရမ်းယားယံလာတယ်။ ကျွန်မ မျက်နှာက ယားတဲ့ပုံစံမျိုးလိုပေါ့။ နာနေပြီးတော့ တော်တော်လည်း စိတ်ညစ်ရတယ်။ ကျွန်မက လုံးဝ ပျောက်မသွားသေးတော့ ကျွန်မ ထွက်သွားပြီး နောက်တစ်ခါ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲပေါ့။ ဒီလို ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘုရားသခင်နဲ့ စကားပြောတာက တစ်ခုတည်းသော ဖြေရှင်းချက်ဆိုတာ ကျွန်မ သိခဲ့တယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းတာပေါ့။ “ဘုရားသခင်၊ သမီးက အရင်က ပိုက်ဆံနဲ့ ကျော်ကြားမှုနောက်ကို လိုက်နေပြီး လမ်းမှားပေါ်ကို ရောက်ခဲ့တယ်ဆိုတာကို သမီးသိပါတယ်၊ အခု နေ့စဉ် ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး သမီးတာဝန်ကို ထမ်းဆောင်ချင်ပါတယ်၊ ဒါပေမဲ့ သမီးရဲ့ ကုမ္ပဏီက ဖျက်သိမ်းရတော့မှာပါ၊ သမီး တော်တော် စဉ်းစားရကျပ်နေပါတယ်၊ သမီး နှစ် ၂၀ ကျော် ကြိုးစားခဲ့တဲ့ အလုပ်ကို ဒီလိုလေးနဲ့ ဖျက်သိမ်းမပစ်ချင်ပါဘူး၊ ဘုရားသခင်၊ ဘာမှလုပ်ရမယ်ဆိုတာ သမီး တကယ်မသိပါဘူး၊ လမ်းပြတော်မူပါ” ဆိုပြီးတော့။ တစ်မနက်ကျတော့ အလုပ်သင်အဖွဲ့ဝင်တစ်ယောက်က ကျွန်မကို ဖုန်းခေါ်တယ်။ ကျွန်မတို့ ဆရာက လေယာဉ်ပျံပေါ်မှာ ရုတ်တရက် လေဖြတ်ပြီး ဆေးရုံပို့လိုက်ပေမဲ့ မကယ်နိုင်ခဲ့ဘူးဆိုပြီး ပြောတယ်။ ဒါက ကျွန်မမှာ ပိုက်ဆံ၊ ကျော်ကြားမှု ဘယ်လောက်ရှိပါစေ ကျွန်မအသက်ကို မကယ်နိုင်ဘူးဆိုတာ ပြဖို့အတွက် ဘုရားသခင်က ကျွန်မကို သတိပေးနှိုးဆော်တာပဲဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဖုန်းချလိုက်ပြီးတော့ ကျွန်မ မျက်ရည်တွေနဲ့ ဘုရားရှေ့မှာ ဒူးထောက်ပြီး ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ သမီးရဲ့ ဆုတောင်းသံကို ကိုယ်တော်ကြားတာကို သမီးသိပါတယ်၊ သမီးရဲ့ဆရာသေဆုံးတာဟာ သမီးကို လှုပ်နှိုးလိုက်တဲ့အရာတစ်ခုပါပဲ၊ အသက်ရှင်နိုင်တာဟာ သမီးအတွက် ကိုယ်တော်ရဲ့ ကယ်တင်ခြင်းဖြစ်တယ်ဆိုတာ အခု သမီး နားလည်ပါပြီ၊ သမီးသေပြီး အားလုံးကို အဆုံးသတ်လိုက်ချင်တဲ့အထိ ရောဂါရဲ့ နှိပ်စက်မှုကို ခံရတဲ့အချိန်မှာ သမီးကို ကိုယ်တော့်အသံကို ကြားခွင့်ပေးပြီး သမီးကို ကယ်တင်ခဲ့တယ်၊ ဒီနေ့ ဒီတန်ဖိုးရှိတဲ့ အခွင့်အရေးကို သမီးတန်ဖိုးထားချင်ပါတယ်၊ ဒီအမှားကိုပဲ သမီး ထပ်လုပ်လို့ မဖြစ်ပါဘူး” ဆိုပြီးတော့။

အဲဒီအချိန်တွေမှာ ကျွန်မကို တကယ်ကို တို့ထိပြီး ဘဝမှာ ဘာကိုလိုက်စားသင့်တယ်ဆိုတာကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်စေတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မဖတ်တယ်။ ဘုရားသခင်က ပြောသည်- “လူတို့သည် ၎င်းတို့၏ ဘဝအချိန် များကို အသုံးချပြီး ကျွမ်းကျင်အောင် သင်ယူခဲ့သည့် ရှင်သန်ရပ်တည်ရေး ကျွမ်းကျင်မှု အမျိုးမျိုးတို့က ရုပ်ဝတ္ထုဆိုင်ရာ ဇိမ်ခံစရာများကို အလျှံပယ် ပေးနိုင်သော်လည်း နှစ်သိမ့်မှုနှင့် စစ်မှန်သည့်ငြိမ်းချမ်းမှုတို့ကို နှလုံးသားဆီသို့ ဘယ်သောအခါမှ မဆောင်ကြဉ်းပေ၊ ယင်းအစား လူတို့ကို စဉ်ဆက်မပြတ် ၎င်းတို့၏ ဦးတည်ချက်များ ပျောက်ဆုံးစေသည်။ ၎င်းတို့ကိုယ်၎င်းတို့ ထိန်းချုပ်ဖို့ ခက်ခဲစေသကဲ့သို့ ဘဝ၏အဓိပ္ပါယ်ကို သင်ယူဖို့ အခွင့်အလမ်းတိုင်းကို လွဲချော်စေလေသည်။ ဤရှင်သန်ရေး ကျွမ်းကျင်မှုများက သေခြင်းကို မည်သို့ သင့်လျော်စွာ ရင်ဆိုင်ရမည်နှင့်ပတ်သက်၍ အုံ့ပုန်း ပူဆွေးသောကတစ်ခုကို ဖန်တီးလေသည်။ ဤနည်းလမ်းနှင့် လူတို့၏ ဘဝများ ပျက်စီးရသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃))လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။ လူတို့သည် ဤကဲ့သို့ ခံစားရလေ၊ ဆက်လက်ရှင်သန်ရဖို့ တမ်းတလေဖြစ်သည်။ ဤကဲ့သို့ ပိုခံစားရလေ၊ သေခြင်းနီးကပ် လာခြင်းကို ပိုမို ထိတ်လန့်လေ ဖြစ်သည်။ ဤအချိန်မှသာ ၎င်းတို့၏ဘဝကို ၎င်းတို့မပိုင်ကြောင်း၊ ၎င်းတို့၏ ထိန်းချုပ်မှုတွင် မရှိကြောင်းနှင့် သေဖို့ဖြစ်စေ ရှင်ဖို့ဖြစ်စေ မိမိတို့ ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း- ဤအရာအားလုံးက မိမိ၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိကြောင်းကို အမှန်တကယ် နားလည် လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်က ကျွန်မ စိတ်နှလုံးကို လင်းလက်စေခဲ့ပြီး ဉာဏ်အလင်းပွင့်စေတယ်။ ကျော်ကြားမှုနဲ့ အကျိုးအမြတ်နောက်ကို တစ်ဘဝလုံး လိုက်ခဲ့ပြီး တရုတ်နဲ့ တခြားနိုင်ငံတွေက ဆေးပညာ လိုက်စားသူတွေက လေးစားတာခံရတဲ့ ကျွန်မ ဆရာအကြောင်းကို ကျွန်မ တွေးမိတယ်။ သူ ဘယ်သွားသွား အခမ်းအနားတွေရှိပြီး သူ့မှာ ကျော်ကြားမှုနဲ့ စည်းစိမ်နှစ်ခုလုံးရှိတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူက ဘယ်လိုပဲ အောင်မြင်ပါစေ သူ နေမကောင်းဖြစ်ပြီး သူ့အတွက် အသက်အန္တရာယ်ရှိတဲ့အချိန်မှာ ဒီကျော်ကြားမှုက သူ့ဘဝကို မကယ်တင်နိုင်ခဲ့ဘူး။ လူတစ်ယောက်က ဘယ်လောက်ကြီးမားတဲ့ ဂုဏ်ရှိသည်ဖြစ်စေ သူ့အသက်ကို တစ်စက္ကန့်တောင် ဆက်ပြီး မရှည်စေနိုင်ဘူးဆိုတာ ဒီဟာကြောင့် ကျွန်မ တကယ်မြင်သွားတယ်။ ပိုက်ဆံဘယ်လောက်ရှိပါစေ ကျန်းမာရေးကို မဝယ်နိုင်ဘူး။ ကျွန်မလည်း ဒီလိုပဲ ဖြစ်ခဲ့တာ။ ကျွန်မမှာ အောင်မြင်မှုနဲ့ ကျော်ကြားမှုရှိပေမဲ့ ရောဂါက နှိပ်စက်တာကြောင့် သေဖို့ကို တောင့်တခဲ့တယ်။ ဂုဏ်ပိုရှိတော့ ဘာသုံးစားလို့ရမှာလဲ။ အဲဒါက ကျွန်မရဲ့ စိတ်မှာခံစားရတဲ့ အနှစ်မဲ့ခြင်းနဲ့ ခန္ဓာဒုက္ခတွေကို နည်းနည်းလေးမှ မပြေပျောက်စေနိုင်ဘူး။ နောက်တော့ ကျော်ကြားမှုနဲ့ စည်းစိမ်က ကြယ်ကြွေတာလိုမျိုးပဲ၊ ဖြတ်ကနဲ ဖြစ်ပျက်သွားတဲ့ အနှစ်မဲ့တဲ့အရာတွေလိုပဲ၊ ယာယီပျော်ရွှင်မှုနဲ့ ကျေနပ်မှုကိုပဲ ပေးတယ်ဆိုတာ ကျွန်မ တကယ် ကြုံတွေ့လိုက်ရတယ်။ ဒါပေမဲ့ ကျွန်မက သာမန်လူပဲမဟုတ်ဘူးလား။ ဗိုက်ပြည့်ဖို့အတွက် တစ်ရက် သုံးနပ်စားရတယ်။ အိပ်ဖို့အတွက် နေရာလိုတယ်။ ကျွန်မရဲ့ အထီးကျန်မှုကို ကျွန်မဘာသာ ရင်ဆိုင်ခဲ့တယ်။ ကျွန်မ ဒုက္ခတွေအားလုံးကို တစ်ယောက်တည်း တောင့်ခံခဲ့တယ်။ အရမ်းပင်ပန်းတာတွေကို ကျွန်မဘာသာ ခံယူခဲ့တယ်။ ကျွန်မရောဂါကို ကျွန်မဘာသာ ကိုင်တွယ်ခဲ့တယ်။ ကျွန်မက တခြားလူတိုင်းလိုပါပဲ။ ယုံကြည်ခြင်းမရှိရင်၊ ဘုရားရှေ့ကိုလာပြီး ဘုရားနှုတ်ကပတ်တော်ကို မဖတ်ရင် ဘုရားရဲ့ အချုပ်အခြာအာဏာကို ကျွန်မတို့ နားမလည်နိုင်ဘူး။ အပြုသဘောဆောင်တဲ့အရာတွေနဲ့ အပျက်သဘောဆောင်တာတွေကို ခွဲခြားပြီး မသိမြင်နိုင်ဘူး။ ကျွန်မတို့ လုပ်နိုင်သမျှက ခေတ်ရေစီးကြောင်းတွေ၊ ဒီဆိုးယုတ်တဲ့ လောကီခေတ်ရေစီးကြောင်းတွေ နောက်လိုက်ပြီး ကျော်ကြားမှုနဲ့ စည်းစိမ်ရဲ့ အချုပ်အနှောင်တွေက ချုပ်ထားခြင်း၊ စာတန်က ဆော့ကစားပြီး နင်းချေခြင်း၊ ထိခိုက်ခြင်းတွေကို ခံရင်းနဲ့ ရှေ့ကို တစ်ဆင့်ချင်း ရုန်းကန်သွားဖို့ပဲ။ ကျွန်မရဲ့ အတန်းဖော်နဲ့ ဆရာ သေသွားတာတွေက ကျွန်မကို သတိပေးတာပဲ။ ကျွန်မက ကျော်ကြားမှုနဲ့ စည်းစိမ်နောက်လိုက်တဲ့ လမ်းကြောင်းမှာနေရင် သူတို့လိုပဲ အဆုံးသတ်သွားမှာပဲ။ ဒါကို သဘောပေါက်သွားပြီးမှပဲ ကျွန်မ တကယ်ကြောက်ရွံ့လာတယ်။ ကျွန်မ ဘုရားကို ဆုတောင်းပြီး အောင်မြင်မှုနဲ့ စည်းစိမ်ရဲ့ အချုပ်အနှောင်တွေကို ဖယ်ရှားဖို့၊ စစ်မှန်တဲ့ ယုံကြည်ခြင်းရှိဖို့၊ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို နာခံတဲ့လမ်းကြောင်းကို လျှောက်ဖို့ အသင့်ဖြစ်နေခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မကို ရွေးချယ်မှု ပြတ်သားစေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်တို့သည် ကမ္ဘာမြေကြီးပေါ်တွင် ကောင်းကင်ဘုံရှိ ကောင်းချီးမင်္ဂလာများနှင့် ဆင်တူသော ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားရန် လိုလားသလော။ ငါ့ကို နားလည်ခြင်း၊ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ့ကို သိကျွမ်းခြင်းအား မွေ့လျော်ခြင်းတို့ကို သင်တို့ အသက်တာထဲရှိ အဖိုးအထိုက်ဆုံးနှင့် အဓိပ္ပာယ် အရှိဆုံးသော အရာများအဖြစ် တန်ဖိုးထားခြင်းငှာ လိုလားသလော။ သင်တို့သည် မိမိတို့၏ တက်လမ်းများအတွက် တွေးတောခြင်းမရှိဘဲနှင့် ငါ့အား လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်ခြင်းငှာ ဧကန်အမှန်ပင် တတ်နိုင်သလော။ သင်တို့သည် သိုးတစ်ကောင်ကဲ့သို့ ကွပ်မျက်ခြင်းကို ခံရန်နှင့် ငါ၏ ဦးဆောင်ခြင်းကို ခံရန် မိမိတို့ကိုယ်မိမိတို့ ဧကန်အမှန် ခွင့်ပြုနိုင်သလော။ ထိုကဲ့သို့သော အရာများကို စွမ်းဆောင်ရရှိခြင်းငှာ တတ်စွမ်းနိုင်သောသူ သင်တို့အထဲတွင် တစ်စုံတစ်ဦးမျှ ရှိသလော။ ငါ၏ လက်ခံခြင်းကို ခံရသောသူများနှင့် ငါ၏ ကတိတော်များကို လက်ခံရရှိသောသူများသည် ငါ၏ ကောင်းချီးမင်္ဂလာများကို ရသောသူများ ဖြစ်နိုင်သလော။ ဤနှုတ်ကပတ်တော်များမှ သင်တို့သည် တစ်စုံတစ်ရာကို သဘောပေါက် နားလည်ပြီးပြီလော။ အကယ်၍ ငါသည် သင်တို့ကို စမ်းသပ်ပါက၊ သင်တို့သည် ငါပြုသမျှ အမှန်တကယ် ခံနိုင်ကြမည်လော၊ ထို့အပြင် ဤစမ်းသပ်မှုများ၏ အလယ်တွင် ငါ၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ပြီး ငါ၏ နှလုံးသားကို သိမှတ်နားလည်နိုင်ကြမည်လော။ စိတ်ကိုထိမိစေသော စကားများစွာကို သင်ပြောနိုင်ခြင်းငှာ သို့မဟုတ် စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်များစွာကို ပြောဆိုနိုင်ခြင်းငှာ ငါဆန္ဒမရှိ၊ ယင်းအစား သင်သည် ငါ့အား ကောင်းမွန်စွာ သက်သေခံနိုင်ရန်နှင့် လက်တွေ့အရှိတရားထဲသို့ အပြည့်အဝနှင့် နက်ရှိုင်းစွာ ဝင်ရောက်နိုင်ရန်သာ ငါတောင်းဆိုသည်။ အကယ်၍ ငါသည် တိုက်ရိုက် မပြောဆိုခဲ့ပါက၊ သင့်ပတ်လည်တွင် ရှိသည့် အရာခပ်သိမ်းတို့ကို ကျောခိုင်းကာ ငါ၏ အသုံးကိုခံရရန် မိမိကိုယ်မိမိ ခွင့်ပြု နိုင်မည်လော။ ဤအရာမှာ ငါတောင်းဆိုသော လက်တွေ့အရှိတရားပင် မဟုတ်သလော။ ငါ၏ နှုတ်ကပတ်တော်များထဲရှိ အနက်အဓိပ္ပာယ်ကို မည်သူသည် နားလည်သဘောပေါက်ခြင်းငှာ တတ်စွမ်းနိုင်သနည်း။ သို့သော် သင်တို့သည် ဒွိဟစိတ်များနှင့် ဝန်လေးပင်ပန်းမနေကြတော့ရန်၊ သင်တို့၏ ဝင်ရောက်မှုတွင် လက်ဦးမှု ရယူကြရန်နှင့် ငါ့နှုတ်ကပတ်တော်များ၏ အနှစ်သာရများကို နားလည်သဘောပေါက်ရန် ငါတောင်းဆိုသည်။ ဤအရာသည် ငါ၏ နှုတ်ကပတ်တော်များကို နားလည်မှုလွဲခြင်းမှနှင့် ငါ၏ ဆိုလိုရင်းကို မသဲကွဲခြင်းတို့ကြောင့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်မိခြင်းမှ တားဆီးပေးလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များထဲရှိ သင်တို့အတွက် ငါ၏ ရည်ရွယ်ချက်များကို သင်တို့ နားလည်သဘောပေါက်ရန် ငါမျှော်လင့်သည်။ သင်တို့၏ ကိုယ်ပိုင် တက်လမ်းများကို စဉ်းစားခြင်း မပြုတော့ဘဲ၊ အရာအားလုံး၌ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကိုနာခံရန်အလို့ငှာ ငါ၏ ရှေ့မှောက်တွင် သင်စိတ်ပိုင်းဖြတ်ခဲ့သည့်အတိုင်း လုပ်ဆောင်လော့။ ငါ၏ အိမ်ထောင်စုအတွင်း ရပ်တည်သော သူအားလုံးသည် ၎င်းတို့တတ်နိုင်သမျှ လုပ်ဆောင်သင့်သည်၊ ကမ္ဘာမြေကြီးပေါ်ရှိ ငါ့အမှု၏ နောက်ဆုံးသော အပိုင်းကဏ္ဍထံ သင်သည် မိမိ၏ အကောင်းဆုံးကို ဆက်ကပ်သင့်သည်။ ထိုကဲ့သို့သော အရာများကို လက်တွေ့လုပ်ဆောင်ရန် သင်သည် ဧကန်အမှန်ပင် လိုလားသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၄)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး မျက်ရည်တွေစီးကျလာတယ်။ ဘုရားသခင်က ကျွန်မဘေးနားမှာပဲ ရှိနေသလို ခံစားရတယ်။ သူနဲ့ မျက်နှာချင်းဆိုင်နေရသလိုပေါ့။ အရာရာကို သူ့လက်ထဲကို လွှဲပြောင်းပေးဖို့၊ သူ့အစီအစဉ်တွေကို နာခံပြီး သူ့ကို ကျိုးနွံနာခံဖို့ ကျွန်မ အသင့်ဖြစ်ပြီလားဆိုတာကို မေးနေတယ်။ ကျွန်မ ပေတရုကို တွေးမိတယ်။ သူတစ်ဘဝလုံး လိုက်စားလာတာက ဘုရားကို ချစ်ပြီး ကျေနပ်စေဖို့ပဲ။ နောက်ဆုံးမှာ သူက သေသည်အထိ ဘုရားကို ကျိုးနွံနာခံပြီး ဘုရားကို အဆုံးစွန်အထိ ချစ်ခဲ့တယ်။ သူဟာ ဘုရားသခင်အတွက် ဇောက်ထိုးမိုးမျှော် ကားစင်တင်သတ်ခံရပြီး ထူးကဲတဲ့ သက်သေတစ်ယောက်ဖြစ်ရင်း အဓိပ္ပာယ်ရှိတဲ့ ဘဝကို နေထိုင်ခဲ့တယ်။ ကျွန်မအတန်းဖော်ပြောခဲ့တဲ့ အဓိပ္ပာယ်မရှိတဲ့အရာကို ကျွန်မကြားခဲ့တဲ့ အရင်အချိန်ကို ပြန်တွေးမိတယ်။ ကျွန်မရဲ့ ငယ်ရွယ်မှုနဲ့ ကျန်းမာရေးကို စွန့်လွှတ်ခဲ့ပြီး သူများတွေလေးစားတာကို ခံရဖို့အတွက် ကျော်ကြားမှု၊ စည်းစိမ်နဲ့ အဆင့်အတန်းနောက်ကို အရူးအမူးလိုက်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်မဘဝက လုံးဝကို ဆင်းရဲဒုက္ခရောက်ခဲ့တယ်။ ဘုရားသခင်က လူအုပ်စုကြားထဲကနေ ကျွန်မကို ဆွဲထုတ်ခဲ့တယ်။ ပြီးတော့ ကျွန်မကို သေခြင်းချောက်ကမ်းပါးကနေ ကယ်တင်ခဲ့တယ်။ ကျွန်မက ဘုရားရှေ့ကို လာပြီး သူ့အသံကို ကြားရပြီးတော့ သူရေလောင်းတာ၊ ထိန်းကျောင်းတာကို ကိုယ်တိုင်လက်ခံရတာက တော်တော်ကံကောင်းပါတယ်။ ဒါဟာ ကျွန်မအတွက် ဘုရားရဲ့ သိပ်ကောင်းတဲ့ ကယ်တင်ခြင်းပဲ။ ဘုရားသခင်က နောက်ဆုံးမှာ ကျွန်မတို့ကို သူ့နိုင်ငံတော်ထဲကို မခေါ်ဆောင်ခင် ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေ ဖယ်ရှားနိုင်ဖို့၊ စာတန်ရဲ့ စွမ်းအားက လုံးလုံး လွတ်မြောက်နိုင်ဖို့နဲ့ စာတန်ဖျက်စီးတာကို မခံရတော့ဖို့ လူသားတွေ ဖြစ်တဲ့ ကျွန်မတို့ကို သန့်စင်ပြီး ကယ်တင်ပေးရအောင် သမ္မာတရားတွေ အများကြီး ဖော်ပြပြီးပြီ။ ဘုရားသခင်က လူကို ကယ်တင်ပြီး စုံလင်စေတဲ့ တစ်သက်မှတစ်ခါ အခွင့်အရေးကို ကျွန်မ လက်လွှတ်လို့ မဖြစ်ဘူး။ ပြီးတော့ အထူးသဖြင့် ဘုရားသခင်ရဲ့ အပင်ပန်းခံ အားစိုက်မှုကို စိတ်ပျက်အောင်လုပ်လို့ မဖြစ်ဘူး။ စစ်မှန်တဲ့ ယုံကြည်ခြင်းရှိပြီး သမ္မာတရားကို လိုက်စားရမယ်။ ဒီလိုတွေးရင်းနဲ့ ဘုရားကို ကျွန်မ စိတ်နှလုံးထဲကနေ ပြောလိုက်တယ်။ “ဘုရားသခင်၊ သမီး အသင့်ဖြစ်နေပါပြီ၊ သမီး အသက်ကြီးတဲ့အချိန်မှာ ဘာမှမရှိခဲ့ရင်၊ ကျော်ကြားမှု၊ စည်းစိမ်တွေမရှိခဲ့ရင်တောင်မှ ကိုယ်တော်ရဲ့ အစီအစဉ်တွေကို သမီးနာခံလိုဆဲပါပဲ။ ကိုယ်တော့်စကားတွေကို အလေးထားပြီး နာခဲ့တဲ့သူ၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တဲ့သူ ဖြစ်လိုဆဲပါပဲ” ဆိုပြီးတော့။

အဲဒီနောက်တော့ စီးပွားရေးလုပ်ငန်း စီမံဖို့ ကျွန်မသားကို လွှဲပေးလိုက်တယ်။ နောက်ဆုံးမှာ ကျွန်မရဲ့ ဘဝဟောင်းကို သေသေချာချာ နှုတ်ဆက်လိုက်တယ်။ ကျွန်မ ကျန်းမာရေးက ပြန်ကောင်းသွားတယ်။ မကြာခင်မှာပဲ အသင်းတော်မှာ ကျွန်မ တာဝန်တစ်ခုကို ယူတယ်။ ဘုရားသခင် စီစဉ်တဲ့ လူတွေ၊ အမှုကိစ္စတွေကို စတင် တွေ့ကြုံတယ်။ အခု သမ္မာတရားကို လိုက်စားခြင်း၊ သင်ခန်းစာယူခြင်းတွေကို ကျွန်မ အာရုံစိုက်တယ်။ ပြီးတော့ အရင်က တစ်ခါမှ မတွေ့ကြုံဖူးတဲ့ ငြိမ်သက်ခြင်းတစ်မျိုးကို ကျွန်မ ခံစားရတယ်။ ကျေးဇူးတော်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျော်ကြားမှုနှင့် အောင်မြင်မှုတို့သည် နာကျင်စရာများကို ယူဆောင်လာခဲ့သည်

ထျန်ထျန် တရုတ်နိုင်ငံ နွေဦးရာသီတစ်ခုမှာ ကျွန်မနှင့် စီနီယာဆရာဝန် အချို့တို့သည် အပြင်မှာ ဟင်းချက်စားဖို့ သွားကြသည်။ လမ်းမှာ ဒေသခံ...

စိတ်ချရသည့်အလုပ်ကို ကျွန်ုပ် စွန့်လွှတ်ပုံ

လီကျစ် ဂျပန်နိုင်ငံ ဆင်းရဲပြီး ခေတ်နောက်ကျတဲ့ ကျေးလက်မိသားစုမှာ ကျွန်တော် မွေးခဲ့တယ်။ ကလေးဘဝမှာတောင်၊ နောင်မှာ ကျောင်းကောင်းတက်နိုင်ပြီး...

မှန်ကန်သည့် ရွေးချယ်မှု

ရွှင်ယိ တရုတ်နိုင်ငံ ကျွန်တော်က ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာမှာ မျိုးဆက်အတော်များများ လယ်သမားဖြစ်ကြတဲ့ မိသားစုတစ်စုကနေ မွေးလာခဲ့တယ်။...

ကျွန်တော့်ရဲ့ ကျန်ရှိတဲ့ နှစ်တွေအတွက် ကျွန်တော့်ရွေးချယ်မှု

စိန်းယွိ တရုတ်နိုင်ငံ ကျွန်တော်ငယ်ငယ်တုန်းက မိသားစုက တော်တော်ဆင်းရဲတယ်။ တခြားရွာသားတွေက အနိုင်ကျင့်တာကို ခဏခဏခံရတယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။