ငွေကျွန်ဘဝမှ နှိုးထလာခြင်း
မေဟွာ၊ တရုတ်ပြည်ငယ်ငယ်တုန်းက ကျွန်မတို့ မိသားစုဟာ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသမှာ နေထိုင်ခဲ့ကြတယ်။ မိဘတွေက တောင်ယာလုပ်ပြီး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်တော်က တောရွာမိသားစုလေးမှာ မွေးဖွားခဲ့တာပါ။ ငယ်ငယ်တုန်းကဆို ကျွန်တော်တို့ မိသားစုက အရမ်းဆင်းရဲတော့ ဝမ်းဝဖို့တောင် အတော်လေး ရုန်းကန်ခဲ့ရပြီး လူတိုင်းက ကျွန်တော်တို့ကို အထင်သေးကြတယ်။ ကိုယ့်ဘာသာကိုယ် တွေးမိတာပေါ့၊ “ငါ ကြီးလာရင် ငွေတွေအများကြီးရှာမယ်၊ မိသားစုကို သက်တောင့်သက်သာထားမယ်၊ ဒါမှ လူတွေ ငါတို့ကို အထင်မသေးကြမှာ၊ မလှောင်ပြောင်ကြမှာ” လို့ပေါ့။ သိပ်မကြာခင်မှာပဲ အမေ နေမကောင်းဖြစ်တော့ ကျွန်တော်တို့ စုဆောင်းထားသမျှတွေ အကုန်သုံးလိုက်ရတယ်။ ဆွေမျိုးတွေ၊ မိတ်ဆွေတွေက သူတို့ဆီကနေ ငွေလာချေးမှာစိုးလို့ ကျွန်တော်တို့ကို ရှောင်ဖို့ ဆင်ခြေတွေပေးကြတယ်။ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲ ကျွန်တော့်အဒေါ်က သခင်ယေရှုရဲ့ ဧဝံဂေလိတရားကို ကျွန်တော်တို့ကို ဟောပြောခဲ့တယ်။ သခင်ကို ယုံကြည်ပြီးတဲ့နောက် အမေက အံ့သြဖို့ကောင်းလောက်အောင် ပြန်ကောင်းလာခဲ့ပြီး အဲဒီအချိန်ကစလို့ ကျွန်တော်လည်း စယုံကြည်လာခဲ့တယ်။
ငွေပိုရှာပြီး နာမည်တစ်ခုရဖို့အတွက် အသက် ၁၃ နှစ်မှာ ဈေးထဲမှာ မီးခြစ်၊ စီးကရက်နဲ့ နေကြာစေ့တွေ စရောင်းခဲ့တယ်။ ၁၅ နှစ်မှာ နေရာအနှံ့ ဈေးဆိုင်လေးတွေ လိုက်ဖွင့်ပြီး၊ ၁၈ နှစ်မှာတော့ သစ်လုပ်ငန်းကို စမ်းလုပ်ကြည့်ခဲ့တယ်။ ဒါပေမဲ့ အရင်းအနှီး မလောက်တော့ အစ်ကိုက ငွေချေးဖို့ ကျွန်တော့်ကို သူ့အတန်းဖော်အိမ် ခေါ်သွားပေးတယ်။ အဲဒီချမ်းသာတဲ့ မိသားစုက အိမ်သုံးပစ္စည်းစုံစုံလင်လင်နဲ့၊ ပူပြင်းတဲ့နွေရာသီမှာ ဖရဲသီးတွေစားပြီး အဲကွန်းဖွင့်ထားတာကို မြင်တော့ ကျွန်တော် သူတို့ကို အရမ်းအားကျသွားတယ်။ ကျွန်တော်တို့အိမ်မှာဆို လျှပ်စစ်ပန်ကာတစ်လုံးတောင် မရှိဘူးလေ။ ဘယ်လောက်ပဲပူပူ လက်ခတ်ယပ်တောင်ကိုပဲ သုံးနိုင်ပြီး ရေငတ်ပြေဖို့အတွက် တွင်းရေပဲ ရှိကြတာ။ အဲဒီတုန်းက ဘာလို့ ကျွန်တော်တို့ မိသားစုတွေ ဒီလောက်တောင် ကွာခြားနေရတာလဲလို့ တွေးမိတယ်။ ချမ်းသာတဲ့သူတွေက ကောင်းကောင်းမွန်မွန် နေရတယ်၊ ငါကရော ဘယ်တော့များမှ သူတို့လို နေနိုင်မှာလဲပေါ့။ အဲဒီအချိန်ကစပြီး ထိပ်တန်းဘဝနဲ့ နေချင်တဲ့ ကျွန်တော့်ရဲ့ ဆန္ဒတွေ ပိုပြင်းပြလာခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်လုပ်ငန်းကနေ ငွေသိပ်မရသေးဘူး။ အိမ်ထောင်ကျပြီးတဲ့နောက် ကျွန်တော်နဲ့ ဇနီးက အလုပ်လုပ်ဖို့ တခြားနေရာကို ပြောင်းသွားပြီး၊ အပိုဝင်ငွေရအောင်လည်း ဆိုက်ကားနင်းခဲ့တယ်။ ဒါပေမဲ့ နှစ်တွေသာ ကုန်သွားတယ်၊ ကျွန်တော်တို့ ရှာလို့ရတာက ရုန်းကန်စားသောက်ဖို့လောက်ပဲ အနိုင်နိုင်ဖြစ်နေတုန်းပဲ။
၂၀၀၀ ခုနှစ် ဖေဖော်ဝါရီလမှာတော့ တစ်မြို့တည်းသား တချို့က အထည်အလိပ်လုပ်ငန်းမှာ ကိုယ်စားလှယ်လုပ်ပြီး ငွေတွေအများကြီးရနေတာကို မြင်တော့ ကျွန်တော်လည်း အဲဒီအလုပ်ကို လုပ်ချင်လာတယ်။ နောက်ဆုံးမှာတော့ ပြည်နယ်ရဲ့ အထွေထွေကိုယ်စားလှယ်အဆင့်အထိ ကျွန်တော် ကြိုးစားတက်လှမ်းခဲ့တယ်။ အစပိုင်းမှာတော့ အော်ဒါလာတင်တဲ့ ဖောက်သည်မရှိလို့ ကုန်ပစ္စည်းတွေကို အိမ်ပေါက်စေ့လိုက်မိတ်ဆက်ရတယ်။ လုပ်ငန်းလည်ပတ်ဖို့အတွက် ပစ္စည်းဝယ်တာ၊ ဖောက်သည်တွေကို ငွေတောင်းတာ၊ ပစ္စည်းထုပ်ပိုးတာ၊ ပို့တာကအစ အကုန်လုံးကို ကိုယ်တိုင်ပဲ ဒိုင်ခံလုပ်ခဲ့တယ်။ နေ့တိုင်း ၁၆ နာရီနီးပါးလောက်ကို အလုပ်လုပ်ခဲ့ရတာ။ တစ်ခါတလေဆို ထမင်းတောင်မစားနိုင်အောင် အလုပ်များခဲ့တယ်။ ဒါပေမဲ့ နှစ်ပိုင်းလောက် ကြိုးစားပမ်းစား အလုပ်လုပ်ပြီးတဲ့နောက်မှာတော့ ငွေနည်းနည်း စဝင်လာခဲ့တယ်။ ကားတစ်စီးနဲ့ အိမ်တစ်လုံး ကျွန်တော် ဝယ်လိုက်တယ်။ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေ အားလုံးက ကျွန်တော့်ကို အထင်ကြီးလေးစားလာကြပြီး ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးကြတယ်။ ဘယ်သွားသွား လူတွေက နှုတ်ဆက်ကြတယ်။ တရုတ်နှစ်သစ်ကူးမှာ အိမ်ပြန်တော့ နေရာအနှံ့က လူတွေက ကျွန်တော့်ကို တလေးတစားကြည့်ကြပြီး၊ ဘယ်သွားသွား “သူဌေးကြီး” လို့ ခေါ်ကြတယ်။ ဒီလို ချီးကျူးခံရတာတွေကြောင့် ကျွန်တော် ပျော်ရွှင်ရပြီး ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေအားလုံးက တန်တယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ တစ်နှစ်ပတ်လုံး အလုပ်များနေတော့ အစားအသောက်က မမှန်ဘူးလေ၊ အဲဒီတော့ အစာအိမ်ရောဂါ အပြင်းအထန်ရလာပြီး အစာစားတိုင်း ထိုးအောင့်လာတယ်။ အချိန်အကြာကြီး အလွန်အကျွံ အလုပ်လုပ်ခဲ့တာကြောင့် ခါးဆစ်ကြားအရွတ်ပြားတစ်ခုလည်း ပုံပျက်သွားပြီး တစ်ခါတလေဆို လက်တွေထုံကျင်တာ၊ ကြွက်တက်တာတွေ ဖြစ်တတ်တယ်။ ဒါပေမဲ့ လုပ်ငန်းကို တိုးချဲ့ပြီး ငွေပိုရှာဖို့အတွက် ကျန်းမာရေးအခြေအနေကို ဘေးဖယ်ထားပြီး လုပ်ငန်းကိုပဲ ဆက်လုပ်ခဲ့တယ်။ တစ်ခါတလေကျရင် ခန္ဓာကိုယ်က တကယ်ကို မခံနိုင်ဘူးလို့ ခံစားရပေမဲ့၊ အရောင်းစာရင်းတွေက တစ်နှစ်ထက်တစ်နှစ် တက်လာပြီး ကုမ္ပဏီက တစ်နှစ်ကို အသားတင်ဝင်ငွေ ယွမ်တစ်သန်းကျော် ရနေတာကို မြင်တော့ ကိုယ့်ကျန်းမာရေးအခြေအနေကို မေ့ပြီး ဆက်အလုပ်လုပ်ဖြစ်ခဲ့တယ်။ တစ်နှစ်မှာဆိုရင် ကျွန်တော်တို့ ရုံးခွဲက တစ်နိုင်ငံလုံးမှာ အရောင်းပိုင်း ဒုတိယရခဲ့ပြီး၊ အပိုဆုကြေးချည်းပဲ ယွမ် ၃၀၀,၀၀၀ ကျော် ရခဲ့တယ်။ တခြားကိုယ်စားလှယ်တွေအားလုံးက ကျွန်တော့်ကို အားကျတဲ့မျက်လုံးတွေနဲ့ ကြည့်ကြတာပေါ့။ အဲဒီတော့ ကုမ္ပဏီက ကျွန်တော့်ကို ပိုမြင့်တဲ့ အရောင်းပစ်မှတ်တစ်ခု ထပ်ပေးပြီး နံပါတ် ၁ ဖြစ်အောင် ကြိုးစားခိုင်းတယ်။ ဒါက ကျွန်တော်ကိုယ်တိုင်လည်း ရောက်ချင်နေတဲ့ ပန်းတိုင်တစ်ခုပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည် ပိုကောင်းလေ၊ ငွေပိုရပြီး အပိုဆုကြေးတွေ ပိုရလေပဲလေ။ ဘယ်သွားသွား တခြားလူတွေရဲ့ လေးစားအားကျတာကို ခံရမှာဖြစ်ပြီး ကျွန်တော့်ရဲ့ ဂုဏ်သတင်းကလည်း ပိုကြီးလာမှာလေ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး ထိပ်ဆုံးနေရာကို ရောက်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ ကျွန်တော့် ကျန်းမာရေးက ဆုတ်ယုတ်လာတယ်။ အစာအိမ်ရောဂါက ခဏခဏ ပြန်ထလာတယ်၊ ခါးကလည်း ခဏခဏ နာပြီး အကြာကြီး မတ်တပ်မရပ်နိုင်ဘူး။ ဆေးရုံသွားပြတော့ ဆရာဝန်က အစာအိမ်ရောဂါ တဖြည်းဖြည်း သက်သာလာအောင် အချိန်မှန်စားဖို့ လိုတယ်လို့ ပြောတယ်။ ပြီးတော့ “ခင်ဗျားရဲ့ ခါးဆစ်ကြားအရွတ်ပြားက ပုံပျက်နေပြီ။ အနားယူဖို့ လိုတယ်၊ အရမ်းပင်ပင်ပန်းပန်း မလုပ်နဲ့။ ကုသမှုအတိုင်း လိုက်မလုပ်ရင် အာရုံကြောတွေကို ဖိမိပြီး အကြောသေသွားနိုင်တယ်” လို့လည်း ပြောသေးတယ်။ အဲဒီအခါ ကျွန်တော်က “ငါ အလုပ်တွေ ဒီလောက်များနေတာ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ဘယ်လိုလုပ်အချိန်ရှိမှာလဲ” လို့ တွေးမိတယ်။ အဲဒီလိုနဲ့ နာကျင်မှုကို အတင်းကြိတ်ခံပြီး စီးပွားရေးလုပ်ငန်းတွေကို ဆက်လုပ်ခဲ့တယ်။ မနက်မိုးလင်းတာနဲ့ ပထမဆုံးတွေးမိတာက ငွေဘယ်လိုရှာရမလဲဆိုတာပဲ။ တစ်နေ့လုံး အလုပ်များပြီး အရမ်းပင်ပန်းလွန်းလို့ ခေါင်းအုံးနဲ့ထိတာနဲ့ အိပ်ပျော်သွားတတ်တယ်။ ကျွန်တော်က အသက်ထက် ငွေကို ပိုတန်ဖိုးထားတယ်လို့ ကျွန်တော့်မိန်းမက ခဏခဏ ပြောတတ်တယ်။ နေ့ဘက်ဆို အလုပ်အရမ်းများလို့ ရောဂါကို မေ့နေပေမဲ့၊ ညဘက် ကုတင်ပေါ်လှဲပြီး အိပ်မပျော်တဲ့အခါမှာတော့ နာကျင်လွန်းလို့ ဟိုဘက်ဒီဘက် လူးလွန့်ရင်း တွေးမိတယ်၊ “ငါ ငွေနည်းနည်း ရှာထားပြီ၊ ပိုသက်သက်သာသာ နေနေရပြီ၊ တခြားလူတွေရဲ့ လေးစားအားကျတာကိုလည်း ခံရပြီ။ ဒါပေမဲ့ ကျန်းမာရေးပြဿနာတွေ အများကြီးရှိနေတယ်၊ အသက်ကလည်း ၄၀ တောင် မပြည့်သေးဘူး။ အသက်ကြီးလာရင် ဘယ်လိုအခြေအနေမျိုးမှာ ရှိနေမလဲ ဘယ်သူသိမှာလဲ” ပေါ့။ ဖျားနာရတဲ့ နာကျင်မှု၊ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့အတူ အလုပ်ခွင်ထဲက လှည့်စားမှုတွေ၊ အချင်းချင်း တိုက်ခိုက်မှုတွေက ကျွန်တော့်ကို သည်းမခံနိုင်လောက်တဲ့ နာကျင်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ခဏခဏ ဆောင်ယူလာပေးတယ်။ ကိုယ့်ရဲ့ ချမ်းသာကြွယ်ဝမှုက ဘာလို့ ကျွန်တော့်ကို မပျော်ရွှင်စေတာလဲ။ စိတ်ထဲမှာ ဘာငြိမ်းချမ်းမှု၊ တည်ငြိမ်မှုမှ မခံစားရသလို တကယ်အားကိုးလို့ရနိုင်တာလည်း ဘာမှမရှိဘူး။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်တွေနောက်ကို ပြေးလိုက်ရင်းနဲ့ ဗလာဖြစ်နေတဲ့၊ နာကျင်စရာကောင်းတဲ့ ဘဝမှာ ကျွန်တော် ရှင်သန်ရတော့မှာလား။ ဒါက ကိုယ်လိုချင်ခဲ့တဲ့ ဘဝလားပေါ့။
နာကျင်မှုတွေ၊ ဇဝေဇဝါဖြစ်မှုတွေကြားထဲမှာပဲ ၂၀၀၉ ခုနှစ်မှာ ညီအစ်ကိုမောင်နှမတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို ကျွန်တော်နဲ့ ဇနီးကို ဟောပြောခဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုပြီး အသင်းတော် အသက်တာမှာ နေထိုင်လိုက်တော့ ဘုရားသခင်ဟာ သမ္မာတရားတွေကို ဖော်ပြဖို့နဲ့ လူတွေကို တရားစီရင်ပြီး သန့်စင်ပေးဖို့အတွက် နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူခဲ့တာဖြစ်တယ်၊ ပြီးတော့ ကိုယ်တော်၏ တရားစီရင်မှုကို လက်ခံပြီး သန့်စင်ခံရသူတွေပဲ ကောင်းမွန်တဲ့ ပန်းတိုင်ဆီ ခေါ်ဆောင်သွားခြင်း ခံရနိုင်မယ်ဆိုတာ ကျွန်တော် နားလည်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော်နဲ့ ဇနီးက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သေချာသွားကြတယ်။ ကျွန်တော်က ဘုရားနှုတ်ကပတ်တော်ကို နေ့တိုင်း စိတ်ထက်ထက်သန်သန်နဲ့ ဖတ်ရှုပြီး နှုတ်ကပတ်တော်ရဲ့ ရေလောင်းပေးခြင်းနဲ့ ထောက်ပံ့ပေးခြင်းမှာ မွေ့လျော်ခံစားခဲ့ရတယ်။ ကျွန်တော့် စိတ်နှလုံးဟာ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ အဲဒီအချိန်တုန်းက တွေးမိတယ်၊ “အရင်က ငါလိုချင်ခဲ့တာက ချမ်းသာလာဖို့နဲ့ ပျော်ရွှင်တဲ့ဘဝတစ်ခုကို အသက်ရှင်ဖို့ပဲ။ ဒါပေမဲ့ ငွေတွေအများကြီး ရှာပြီးတဲ့နောက်မှာ ငါက ဘာလို့ ပျော်နေရမယ့်အစား ဗလာဖြစ်ပြီး နာကျင်နေရတာလဲ” ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတော့ ကျွန်တော့်ရဲ့ ဇဝေဇဝါဖြစ်မှုတွေ ပြေလည်သွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏စိတ်နှလုံးထဲ၌ အလွန်ကြီးမားသော လျှို့ဝှက်ချက် တစ်ခုရှိ၍ သင်သည် အလင်းကင်းမဲ့သောလောကထဲ၌ အသက်ရှင် နေထိုင်နေသည့်အတွက်ကြောင့် ၎င်းကို မည်သည့်အခါမျှ သတိမမူမိ ခဲ့ချေ။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်သည် ဆိုးယုတ်သောသူ၏ ဆွဲလုခြင်းကို ခံခဲ့ရ၏။ သင်၏မျက်လုံးများသည် မှောင်မိုက်၏ ဖုံးကွယ်ခြင်းကို ခံရပြီး သင်သည် ကောင်းကင်မှနေလုံးကိုသာမက ညအခါ မှိတ်တုတ်မှိတ်တုတ်လင်းသောကြယ်ကိုလည်း မြင်နိုင်ခြင်း မရှိပေ။ သင်၏နားများမှာ လှည့်ဖြားသောစကားများဖြင့် ပိတ်ဆို့ခြင်းကိုခံရပြီး သင်သည် ယေဟောဝါ၏ မိုးခြိမ်းသော အသံကိုသာမက ပလ္လင်တော်မှ စီးဆင်းသော ရေများစွာတို့၏အသံကိုလည်း မကြားရချေ။ သင်သည် သင်ပိုင်ဆိုင်ထိုက်သမျှ၊ သင့်အပေါ် အနန္တတန်ခိုးရှင် ပေးအပ်သောအရာမှန်သမျှကို ဆုံးရှုံးခဲ့လေပြီ။ သင့်ကို ကယ်ရန် မည်သည့်အင်အားစုမျှမရှိဘဲ၊ ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်မရှိဘဲ အဆုံးမဲ့ဒုက္ခပင်လယ်တစ်ခုသို့ သင်ဝင်ရောက်ခဲ့ပြီး သင်ပြုသမျှမှာ ရုန်းကန်ခြင်းနှင့် သွားလာလှုပ်ရှားနေခြင်းသာ ဖြစ်၏။ ထိုအချိန်မှစ၍ သင်သည် မကောင်းသောသူ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရရန်၊ အနန္တတန်ခိုးရှင်၏ ကောင်းချီးမင်္ဂလာများနှင့် ဝေးကွာစွာ၊ အနန္တတန်ခိုးရှင်၏ ထောက်ပံ့မှုများနှင့် ဝေးကွာစွာ ပြန်လမ်းမရှိသော လမ်းပေါ်၌ လျှောက်လှမ်းနေရရန် ကံကြမ္မာပါလာခဲ့ပြီ ဖြစ်၏။...သင်သည် မည်သည့်နေရာမှလာခဲ့ကြောင်း၊ အဘယ်ကြောင့် မွေးဖွားလာခဲ့ကြောင်း သို့မဟုတ် အဘယ်ကြောင့် သေဆုံးမည်ဖြစ်ကြောင်းကို လုံးဝမသိချေ။ သင်သည် အနန္တတန်ခိုးရှင်ကို သူစိမ်းတစ်ဦးကဲ့သို့ သဘောထား၏၊ သင့်အတွက် သူလုပ်ပေးခဲ့သည့်အရာအားလုံးကို သိရန်မဆိုထားနှင့် သူ၏ ဇာစ်မြစ်ကိုပင် သင်မသိပေ။ သူ့ထံမှ လာသမျှကို သင်သည် ရန်လိုမှုဖြင့် ရှုမြင်၏။ သင်သည် ၎င်းကို ချစ်ခင်မြတ်နိုးခြင်း မရှိသကဲ့သို့ ၎င်း၏တန်ဖိုးကိုလည်း မသိချေ။ သင်သည် အနန္တတန်ခိုးရှင်၏ထောက်ပံ့ခြင်းကို လက်ခံရရှိခဲ့သည့်နေ့မှအစပြု၍ ဆိုးယုတ်သောသူနှင့်တွဲဖက်၍ လျှောက်လှမ်းလေ၏။ သင်သည် ဆိုးယုတ်သောသူနှင့်အတူ မိုးသက်လေပြင်းများနှင့် မုန်တိုင်းများကို နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ပြီး သင်၏အသက်အရင်းအမြစ်ဖြစ်သော ဘုရားသခင်ကို သူနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ဆန့်ကျင်၏။ သင်သည် ပျက်စီးခြင်းချောက်ကမ်းပါး၌ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရန်မဆိုထားနှင့်၊ နောင်တရရကောင်းမှန်း သင် မသိချေ။ ဆိုးယုတ်သောသူသည် သင့်ကို သွေးဆောင် ဖြားယောင်းပြီး ဖိစီးနှိပ်စက်ကြောင်း သင်မေ့လျော့လေပြီ၊ သင်သည် သင်၏ကနဦးအစများကို မေ့လျော့ခဲ့ခြင်းဖြစ်လေတကား။ ဆိုးယုတ်သော သူသည် လမ်းခရီးအဆင့်တိုင်း၌ သင့်အား ယနေ့တိုင် ဤနည်းအတိုင်း ဖိစီးနှိပ်စက်ခဲ့ခြင်းဖြစ်၏။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ထုံထိုင်းပြီး ယိုယွင်းပျက်စီးစေခြင်းခံရ၏။ သင်သည် လူ့လောကကြီး ထဲမှ စိတ်အနှောင့်အယှက်များအကြောင်း ညည်းတွားခြင်းကို ရပ်စဲခဲ့သည်၊ လောကကြီးမှာ တရားမျှတမှုမရှိဟူ၍ သင်ထင်မြင် ယူဆခြင်း မရှိတော့ပေ။ သင်သည် အနန္တတန်ခိုးရှင် တည်ရှိသည်၊ မတည်ရှိသည်ကို သာ၍ပင် ဂရုမစိုက်ချေ။ ဤအရာမှာ အဘယ်ကြောင့်နည်းဟူမူကား ဆိုးယုတ်သောသူသည် သင်၏ စစ်မှန်သောဖခင် ဖြစ်သည်ဟု ကာလအတန်ကြာက သင်ယူဆခဲ့၍ သူ့ထံမှ မခွဲခွာနိုင်ခြင်းကြောင့်ဖြစ်၏။ ဤသည်မှာ သင်၏ စိတ်နှလုံးအတွင်းမှ လျှို့ဝှက်ချက်ပေတည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အနန္တတန်ခိုးရှင်၏ သက်ပြင်းချတော်မူခြင်း) ဘုရားနှုတ်ကပတ်တော်တွေက ဘဝမှာ လူသားတွေ နာကျင်ရခြင်းရဲ့ အဓိကဇာစ်မြစ်ဖြစ်တဲ့ စာတန်ရဲ့ အထင်အမြင်မှားစေတာနဲ့ ဖောက်ပြန်ပျက်စီးစေတာကို ဖော်ထုတ်ထားတယ်။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ စောင့်ရှောက်မှုနဲ့ ကွယ်ကာမှုအောက်မှာ အသက်ရှင်နေထိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ စာတန်ရဲ့ အထင်အမြင်မှားစေတာနဲ့ ဖောက်ပြန်ပျက်စီးစေတာကြောင့် လူသားက ဘုရားသခင်ကို သစ္စာဖောက်ပြီး ကိုယ့်တော့်ဆီကနေ ဝေးကွာသွားတယ်။ ဘဝရဲ့ တန်ဖိုးနဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာကို မသိတော့ဘဲ ငွေကြေး၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ လောကီဆိုင်ရာ သာယာမှုတွေဆိုတဲ့ စာတန်ရဲ့ ဆိုးယုတ်တဲ့ ခေတ်ရေစီးကြောင်းတွေနောက်ကို လိုက်သွားပြီး၊ စာတန်ရဲ့ နှိပ်စက်မှုထဲမှာ အသက်ရှင်နေထိုင်ခဲ့ကြတာပါ။ ကျွန်တော်က စာတန်ရဲ့ ဆိုးယုတ်တဲ့ ခေတ်ရေစီးကြောင်းတွေ ပြုပြင်ပုံသွင်းတာကို ခံခဲ့ရတာပါ။ ချမ်းသာလာဖို့နဲ့ အထက်တန်းကျကျ နေရဖို့ပဲ လိုချင်ခဲ့ပြီး၊ ငွေပိုရဖို့ လိုက်စားရင်းနဲ့ ကိုယ့်ခန္ဓာကိုယ်ကို လုံးဝ လျစ်လျူရှုခဲ့မိတယ်။ ကျန်းမာရေးအခြေအနေကြောင့် မခံမရပ်နိုင်အောင် နာကျင်နေရတဲ့အချိန်မှာတောင် ငွေရှာဖို့ အခွင့်အရေးတစ်ခုကိုမှ လက်မလွှတ်ရက်ခဲ့ဘူးလေ။ စာတန်ရဲ့ လှည့်ဖြားမှုနဲ့ ထိခိုက်နစ်နာအောင် လုပ်မှုကြောင့် ကျွန်တော် ဒီလောက်တောင် နာကျင်ရတဲ့ ဘဝကို အသက်ရှင်နေခဲ့ရတာ။ ဘုရားသခင်က သမ္မာတရားတွေကို ထုတ်ပြန်ဖို့၊ လူသားကို စာတန်ရဲ့ လွှမ်းမိုးမှုအောက်ကနေ ကယ်တင်ဖို့၊ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာနဲ့ ထိခိုက်နစ်နာအောင်လုပ်တာကနေ လူသားကို လွတ်မြောက်ခွင့်ပေးပြီး ကောင်းမွန်တဲ့ ပန်းတိုင်တစ်ခုဆီကို ဦးဆောင်ခေါ်သွားဖို့အတွက် နောက်ဆုံးသောကာလမှာ နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့တာပါ။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းနဲ့ ကျွန်တော့်အပေါ်ထားတဲ့ သနားကရုဏာတော်ကြောင့်၊ သခင်ဘုရား ပြန်ကြွလာတာကို ကြိုဆိုနိုင်ခဲ့ပြီး ဖန်ဆင်းရှင်ရဲ့ အသံတော်ကို ကြားခွင့်ရခဲ့လို့ ကျွန်တော် အရမ်းကံကောင်းပါတယ်။ အဲဒီနောက်မှာတော့ စီးပွားရေးကိစ္စတွေကို ကျွန်တော် တဖြည်းဖြည်း လက်လွှတ်လိုက်ပြီး စုဝေးပွဲတွေသွားတာ၊ ဘုရားနှုတ်ကပတ်တော် ဖတ်တာတွေအတွက် အချိန်ပိုပေးလာတယ်။ တဖြည်းဖြည်းနဲ့ သမ္မာတရားတချို့ကို ကျွန်တော် နားလည်စပြုလာတယ်။ နောက်ဆုံးသောကာလမှာ သမ္မာတရားတွေကို ဖော်ပြပြီး တရားစီရင်တဲ့အလုပ်ကို လုပ်နေတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ဘုရားသခင်ရဲ့ နှစ် ၆,၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နောက်ဆုံးအဆင့်ဖြစ်ပြီး၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ တရားစီရင်မှုကို လက်မခံဘဲ သန့်စင်ခြင်းမခံရတဲ့သူတွေက ကြီးမားတဲ့ ကပ်ဘေးတွေထဲမှာ ပျက်စီးသွားကြမှာဖြစ်ပြီး အဆုံးမှာ အပြစ်ဒဏ်ပေးခံရမှာပါ။ ဒါပေမဲ့ ကျွန်တော့်ပတ်ဝန်းကျင်မှာ ဘုရားသခင်ရဲ့ အသံတော်ကို မကြားရသေးဘဲ သခင်ဘုရား ပြန်ကြွလာတာကို မကြိုဆိုရသေးတဲ့သူတွေ အများကြီးရှိနေသေးတယ်။ ဒါက ကျွန်တော့်ကို တကယ်စိတ်ပူစေခဲ့တယ်။ တခြားသူတွေက ဧဝံဂေလိတရားကို ဟောပြောပြီး ဘုရားသခင်အကြောင်း သက်သေခံနေကြတဲ့အချိန်မှာ၊ ကျွန်တော်က ကုမ္ပဏီကိစ္စတွေနဲ့ ရှုပ်ထွေးနေတုန်းဖြစ်ပြီး တာဝန်တစ်ခုကို မထမ်းဆောင်နိုင်သေးတာကို မြင်တော့ ဘုရားသခင်ကို စိတ်ပျက်အောင်လုပ်မိတယ်လို့ ခံစားရပေမဲ့ ဘာလုပ်ရမှန်းတော့ မသိခဲ့ဘူး။ အဲဒီတော့ ကျွန်တော့်ရဲ့ အတွေးတွေ၊ ပြဿနာတွေကို ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ရှေ့ကို ယူဆောင်သွားပြီး၊ ဒီအခြေအနေကို ဖြတ်ကျော်နိုင်အောင် ဦးဆောင်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။
ဆုတောင်းပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင့်အတွက် စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် အထူးတာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် အဘယ်မှာနည်း။ နောင်လာမည့်ခေတ်၏ သခင်အဖြစ် သင် မည်သို့ ကောင်းမွန်စွာ အစေခံမည်နည်း။ သခင်ဖြစ်ခြင်း၏ ပြင်းထန်သော အသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ဟူသည်ကို သင် မည်သို့ ရှင်းပြအပ်သနည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ ၎င်းတို့ကို ထိန်းကျောင်းရန် သင့်ကို လူမည်မျှက စောင့်မျှော်နေကြသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည် အမှောင်ထဲတွင် မြည်တမ်းလျက် ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး မည်သည့်အရာကို လုပ်ရမှန်းမသိ ဖြစ်နေကြပေသည်၊ လမ်း အဘယ်မှာနည်း။ ကြယ်ကြွေသကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏ အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့သည် ယင်းအတွက် စိုးရိမ်တကြီး မျှော်လင့်ပြီး နေ့ရောညပါ အောက်မေ့တမ်းတကြသည်မှာ ဤအရာကို မည်သူက အပြည့်အဝ သိနိုင်မည်နည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် ထိုနေ့တွင်ပင် အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါမှ ၎င်းတို့ အငိုရပ်မည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံဆိုးမိုးမှောင်ကျမှုသည် အကြင်နာကင်းမဲ့သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းပန်းမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ ပြီးလျှင် လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာကတည်းက ဆိုးယုတ်သူ၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများအားလုံးကို ကယ်တင်ဖို့ ဘုရားသခင်အတွက် သင်၏ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို ကိုယ့်အသွေးအသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ ခွန်အားဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။ သင်၏ ထူးခြားသော အသက်တာကို အသက်ရှင်ရန် ဘုရားသခင်၏ အသုံးပြုခံရခြင်းကို သင်မည်သို့ အတိအကျ သဘောပေါက်နားလည်သနည်း။ သင်သည် ဘုရားသခင်ကို အစေခံသည့် ဘုရားတရားကိုင်းရှိုင်းသော လူတစ်ဦး၏ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ဖို့ သန္နိဋ္ဌာန်နှင့် ယုံကြည်ခြင်းတို့ အမှန်တကယ် ရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ် အထူးတာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း) ဘုရားနှုတ်ကပတ်တော်ကနေ အရေးတကြီးဖြစ်နေတဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် ခံစားလိုက်ရတယ်။ လူသားမျိုးနွယ်ကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့ အလုပ်က သိပ်မကြာခင်မှာ အဆုံးသတ်တော့မှာ ဖြစ်ပေမဲ့၊ ကိုယ်တော့်ရဲ့ အသံတော်ကို မကြားရသေးတဲ့သူတွေ၊ ကိုယ်တော် ပေါ်ထွန်းတာကို မကြိုဆိုရသေးတဲ့သူတွေ အများကြီး ရှိနေတုန်းပါပဲ၊ သူတို့ဟာ အမှောင်ထဲမှာ ဆက်ပြီး ဒုက္ခခံနေကြရတုန်းပါပဲ၊ အထူးသဖြင့် သခင်ဘုရားကို နှစ်တွေအများကြီး ယုံကြည်လာခဲ့သူတွေပေါ့။ သူတို့က အမှောင်ထဲကနေ ကယ်တင်ခံရဖို့ သခင်ယေရှုရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို မျှော်လင့်နေခဲ့ကြပေမဲ့ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ အထင်အမြင်မှားအောင်လုပ်တာ၊ လှည့်စားတာတွေကို ခံခဲ့ရတာကြောင့် သခင်ဘုရား ပြန်ကြွလာတာကို မကြိုဆိုကြရသေးဘူး။ ဒါကြောင့် သူတို့ကို နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို သက်သေခံပေးပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ ကိုယ်တော့်ရှေ့မှောက်ကို ဦးဆောင်ခေါ်လာပေးမဲ့သူကို သူတို့ အသည်းအသန် လိုအပ်နေပါတယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိရမယ်၊ ဘုရားသခင်ရဲ့ မေတ္တာတော်ကို ပြန်ဆပ်ဖို့ ကိုယ်တော့် ရည်ရွယ်ချက်ကို အလေးထားရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ ပိုများတဲ့လူတွေကို ကိုယ်တော့်ရှေ့မှောက် ခေါ်ဆောင်လာရမယ်။ ဒါက အတရားမျှတဆုံးသော အကြောင်းရင်းဖြစ်ပြီး မယိမ်းမယိုင်တဲ့ ကျွန်တော့်ရဲ့ တာဝန်နဲ့ ဝတ္တရားပါပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ သတ်မှတ်ချက်တွေကို ရင်ဆိုင်ရချိန်မှာ၊ ကျွန်တော်သာ ဘာမှမသိသလိုနေပြီး ဘုရားမေတ္တာကို ပြန်မဆပ်နိုင်ရင်၊ ဒါဟာ တကယ်ကို အသိစိတ်၊ ဆင်ခြင်တုံတရားမဲ့တာဖြစ်ပြီး လူလို့ခေါ်ဖို့တောင် တန်မှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိခဲ့တယ်။ ကျွန်တော့်တာဝန်ရဲ့ ကြီးမားမှုကို သဘောပေါက်သွားပြီး ဧဝံဂေလိတရားကို ဟောပြောဖို့နဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အရေးတကြီး လိုချင်လာတယ်။ ဒါကြောင့် သမ္မာတရား လိုက်စားဖို့နဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ အချိန်နဲ့ ခွန်အား ပိုရအောင် ကုမ္ပဏီကို လွှဲပြောင်းပေးဖို့ ဇနီးသည်နဲ့ ကျွန်တော် တိုင်ပင်ခဲ့တယ်။ သူက ပြောတယ်၊ “ဒီနှစ်တွေထဲမှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ကျွန်မတို့ အများကြီး ခံစားခဲ့ရပြီးပြီပဲ၊ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ ကျွန်မတို့ အကောင်းဆုံး လုပ်သင့်တယ်။ ကျွန်မတို့ တာဝန်ကတစ်ဆင့် ဘုရားမေတ္တာကို ပြန်ဆပ်ဖို့ ဘုရားသခင်နဲ့ အလုပ်လုပ်ဖို့ ရှေ့မထွက်နိုင်ရင်တော့၊ ကိုယ်တော့်ကို ကျွန်မတို့ တကယ် စိတ်ပျက်အောင်လုပ်မိမှာပဲ၊ နောက်ပြီး ကျွန်မတို့ရဲ့ အသိစိတ်ကလည်း ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလေ” တဲ့။ ဇနီးဖြစ်သူက ဒီလိုပြောတာကို ကြားတော့ ကုမ္ပဏီကို လွှဲပြောင်းပေးဖို့ ကျွန်တော့်ဆုံးဖြတ်ချက် ပိုခိုင်မာသွားတယ်။ ဒါပေမဲ့ အလုပ်ထဲပြန်ရောက်လို့ အလုပ်သမားတွေ ကုန်ပစ္စည်းတွေ ထုပ်ပိုး၊ ပို့ဆောင်နေကြတာကို မြင်တော့ ကိုယ့်လက်နှစ်ဖက်နဲ့ တည်ထောင်ခဲ့တဲ့ ဒီကုမ္ပဏီအတွက် ရုတ်တရက် နှမြောစိတ်တွေ ဝင်လာတယ်။ ဒီအဆင့်ထိရောက်အောင် တည်ဆောက်ဖို့နဲ့ ဒီပိုင်ဆိုင်မှုတွေအားလုံးကို ရဖို့ဆိုတာ မလွယ်ခဲ့ဘူးလေ၊ ဒါကြောင့် အကုန်လုံးကို လွှဲပေးရမှာကို အင်တင်တင်ဖြစ်နေမိတယ်။ ဆိုက်ကားနင်းခဲ့ရတဲ့ နှစ်တွေ၊ အလုပ်ကြမ်းတွေ လုပ်ခဲ့ရတာတွေ၊ ခိုင်းနွားတစ်ကောင်လို ဆက်ဆံခံခဲ့ရတာတွေကို ကျွန်တော် ပြန်တွေးမိတယ်။ အဲဒီလို ခက်ခက်ခဲခဲ အလုပ်လုပ်ခဲ့ရတဲ့ နှစ်တွေအပြီးမှာ အခုဆို ကိုယ်ပိုင်ကုမ္ပဏီတစ်ခု ရှိနေပြီ၊ ဖောက်သည်အများကြီးလည်း ရထားပြီ၊ တည်ငြိမ်တဲ့ ဝင်ငွေတစ်ခုလည်း ရနေပြီလေ။ တကယ်လို့ ကုမ္ပဏီကို စွန့်လွှတ်လိုက်ရင်၊ ငါ့ရဲ့ ဝင်ငွေအရင်းအမြစ်တစ်ခုလုံးကို ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား။ အရင်ကလိုပဲ ဆင်းရဲဒုက္ခခံရတဲ့ ဘဝကို ပြန်ရောက်သွားမလား။ လူတွေက ငါ့ကို အထင်မကြီးရုံတင်မကဘူး၊ အထင်ပါ သေးသွားကြဦးမယ်။ ဒါပေမဲ့ နေ့စဉ်နေ့တိုင်း စီးပွားရေးလုပ်ငန်းတွေ၊ ငွေရှာတာတွေနဲ့ပဲ အလုပ်များနေမယ်ဆိုရင် တာဝန်တစ်ခု ထမ်းဆောင်ဖို့ အချိန်ရှိမှာ မဟုတ်သလို ဘုရားသခင်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ငြိမ်သက်အောင်လည်း လုပ်နိုင်မှာ မဟုတ်ဘူး။ ဒီလို ယုံကြည်ခြင်းမျိုးနဲ့ သမ္မာတရားကို ငါ ဘယ်လိုလုပ် ရနိုင်မှာလဲပေါ့။ ဒါနဲ့ ကျွန်တော် ဖြေရှင်းနည်းတစ်ခုကို စဉ်းစားမိတယ်။ ကုမ္ပဏီရဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုတွေကို ကိုင်တွယ်ဖို့ မန်နေဂျာနှစ်ယောက်ကို စာချုပ်နဲ့ ငှားလိုက်မယ်၊ ဒါဆို ကုမ္ပဏီရဲ့ ကိုယ်စားလှယ်အခွင့်အရေးက ကျွန်တော့်ဆီမှာ ရှိနေတုန်းပဲလေ။ ဒီနည်းနဲ့ဆို သူတို့ရဲ့ စီမံခန့်ခွဲမှု အမြတ်ဝေစုတွေကို နုတ်ပြီးရင်တောင် ကျွန်တော့်အတွက် တစ်နှစ်ကို ယွမ် ၁.၆ သန်း ရနေဦးမှာပဲ။ ဒါဆို တည်ငြိမ်တဲ့ ဝင်ငွေတစ်ခုလည်း ရမယ်၊ တာဝန်ကို ထမ်းဆောင်ဖို့လည်း အချိန်ရမယ်။ အဲဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားမှာ မဟုတ်ဘူးလား။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူတို့နှစ်ယောက်ပေါင်းပြီး ကျွန်တော့်ကို ပြန်အကောက်ကြံမှာကို စိုးရိမ်မိတယ်။ အဲဒီလိုဆိုရင် ဝင်ငွေမရှိတော့တဲ့အပြင် ကုမ္ပဏီရဲ့ မူလတန်ဖိုးပါ ဆုံးရှုံးသွားနိုင်တယ်။ အဲဒါက ကိုယ့်အနာပေါ် ဆားပက်သလိုပဲ ဖြစ်သွားမှာ မဟုတ်ဘူးလား။ ဒီအတွေးနဲ့ပဲ ကျွန်တော် ဆုံးဖြတ်ချက် မချနိုင်သေးဘူး။ အဲဒီတော့ ကုမ္ပဏီကို လွှဲပြောင်းပေးမဲ့ကိစ္စကို ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ရှေ့ ယူဆောင်သွားခဲ့တယ်၊ “ဘုရားသခင်၊ ကိုယ်တော့်မေတ္တာကို ပြန်ဆပ်ဖို့ သားတာဝန်ကို သေချာထမ်းဆောင်ချင်ပေမဲ့၊ ကုမ္ပဏီကို လွှဲပေးလိုက်ရင် မွဲတေသွားမှာကို ကြောက်နေမိတယ်။ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်နေပြီး ဘာလုပ်ရမှန်းကို မသိတော့ပါဘူး။ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတစ်ခုကို ရှာတွေ့အောင် ကျေးဇူးပြုပြီး လမ်းပြပေးပါ” လို့ပေါ့။
ဆုတောင်းပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “ယခုတွင် ငါသည် သင်တို့ရှေ့၌ ငွေကြေးအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ထို့ပြင် ငါသည် သင်တို့၏ ရွေးချယ်မှုအတွက် သင်တို့ကို ပြစ်တင်ရှုတ်ချခဲ့ခြင်း မရှိပါက သင်တို့အများစုသည် ငွေကြေးကိုသာ ရွေးပြီး သမ္မာတရားကို ပစ်ပယ်ကြပေလိမ့်မည်။ သင်တို့ထဲမှ ပိုကောင်းသောလူများသည် ငွေကြေးကို မယူဘဲ သမ္မာတရားကို အင်တင်တင်နှင့် ရွေးချယ်ကြလိမ့်မည်၊ ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းဆုပ်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းဆုပ်ကြလိမ့်မည်။ ဤသို့ဖြင့် သင်တို့၏ စရိုက်မှန်သည် ယင်းဘာသာ ပေါ်လွင်လာမည် မဟုတ်လော။ သမ္မာတရားနှင့် သင်တို့သစ္စာစောင့်သိသော အရာတစ်ခုခုကို ရွေးကြသော် သင်တို့အားလုံးသည် ဤနည်းဖြင့်သာ ရွေးချယ်လိမ့်မည်ဖြစ်ပြီး သင်တို့၏ သဘောထားသည် တစ်ပုံစံတည်း ရှိနေရစ်မည်ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်တို့ထဲမှ အတော်များများသည် အမှားနှင့် အမှန်ကြား ဝေခွဲမရဖြစ်နေကြသည်၊ ဟုတ်သည် မဟုတ်လော။ အပြုသဘောဆောင်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း၊ အဖြူနှင့်အမည်း၊ မိသားစုနှင့် ဘုရားသခင်၊ သားသမီးနှင့် ဘုရားသခင်၊ သဟဇာတကျခြင်းနှင့် ပြိုကွဲခြင်း၊ ကြွယ်ဝခြင်းနှင့် ဆင်းရဲခြင်း၊ အဆင့်အတန်းနှင့် သာမန်ဖြစ်ခြင်း၊ ပံ့ပိုးအားပေးမှုခံရခြင်းနှင့် ငြင်းပယ်ခံရခြင်း စသည်တို့ကြားမှ ရုန်းကန်မှုများအားလုံးတွင် သင်တို့ပြုလုပ်ခဲ့သည့် ရွေးချယ်မှုများနှင့်ပတ်သက်၍ သင်တို့သည် သေချာပေါက် မသိနားမလည်ခြင်း မဟုတ်။ သဟဇာတကျသောမိသားစုနှင့် အိမ်ထောင်ကွဲ မိသားစုအကြားဆိုလျှင် သင်တို့သည် တွေဝေမနေဘဲ ပထမတစ်ခုကို ရွေးကြသည်၊ စည်းစိမ်ဥစ္စာနှင့် တာဝန်တို့ကြားတွင် ကမ်းခြေသို့ ပြန်ဆိုက် လိုစိတ်ပင် မရှိဘဲ ပထမတစ်ခုကိုသာ ထပ်ရွေးကြသည်၊ ဇိမ်ခံခြင်းနှင့် ဆင်းရဲခြင်းအကြားတွင် သင်တို့ ပထမတစ်ခုကိုသာ ရွေးကြသည်၊ သားသမီးများ၊ ဇနီး၊ ခင်ပွန်း သို့မဟုတ် ငါနှင့်အကြားတွင် ပထမတစ်ခုကိုသာ ရွေးကြသည်၊ အယူအဆများနှင့် သမ္မာတရားကြားတွင် ပထမတစ်ခုကိုသာ ရွေးကြဆဲဖြစ်သည်။ သင်တို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများကို ရင်ဆိုင်ရသည့်အတွက် ငါသည် သင်တို့အပေါ်၌ အမှန်ပင် ယုံကြည်ခြင်း ကင်းမဲ့သွားခဲ့ကာ အလွန်အမင်းပင် အံ့အားသင့်မိလေသည်။ သင်တို့၏ စိတ်နှလုံးများသည် မထင်မှတ်လောက်အောင်ပင် ပျော့ပျောင်းလာနိုင်စွမ်း မရှိချေ။ နှစ်ပေါင်းများစွာ ငါ အသုံးခံခဲ့သည့် ကြီးမားသော အဖိုးအခသည် အံ့အားသင့်စရာ ကောင်းလောက်အောင် သင်တို့၏ စွန့်ပစ်ခြင်းနှင့် လက်မှိုင်ချခြင်းမှလွဲ၍ ငါ့အား မည်သည့်အရာမျှ ဆောင်ကြဉ်းမပေးခဲ့သော်လည်း လူတိုင်း၏ရှေ့၌ ငါ၏နေ့ရက်ကို အလုံးစုံချခင်းထားပြီး ဖြစ်သည့်အတွက် သင်တို့အပေါ်ထားသော ငါ၏မျှော်လင့်ချက်များမှာ တစ်နေ့ပြီးတစ်နေ့ ပိုကြီးထွားလာ၏။ သို့တိုင်အောင် သင်တို့သည် အမှောင်ထုနှင့် ဆိုးယုတ်သော အရာများကို လိုက်စားနေကြဆဲဖြစ်ကာ ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်ကြသည်။ ထိုသို့ဆိုလျှင် သင်တို့၏ အဆုံးသတ်ကား အဘယ်အရာဖြစ်မည်နည်း။ ဤအကြောင်းကို သင်တို့ သေသေချာချာ တွေးကြည့်ဖူးသလော။ သင်တို့ကို ထပ်ရွေးခိုင်းပါက သင်တို့၏ရပ်တည်ချက်သည် မည်သို့ဖြစ်လိမ့်မည်နည်း။ ယခင်အတိုင်းပင် ဖြစ်ကြဦးမည်လော။ သင်တို့က ငါ့ကို စိတ်ပျက်မှုနှင့် နာကျင်ဖွယ် ဝမ်းနည်းမှုတို့ကို ထပ်ပေးဦးမည်လော။ သင်တို့၏ နှလုံးသားများသည် ငွေ့ငွေ့လေးသာ နွေးနေဦးမည်လော။ ငါ၏ နှလုံးသားကို နှစ်သိမ့်စေဖို့ရန်အတွက် အဘယ်အရာလုပ်ရမည်ကို သင်တို့ မသိဘဲနေဦးမည်လော။ ယခုအခိုက်အတန့်၌ သင်တို့သည် အဘယ်အရာကို ရွေးချယ်မည်နည်း။ သင်တို့အနေဖြင့် ငါ၏နှုတ်ကပတ်တော်များကို ကျိုးနွံနာခံမည်လော၊ သို့တည်းမဟုတ် အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်မည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို အတိအကျ သစ္စာစောင့်သိနေသနည်း) ဘုရားသခင်နဲ့ မျက်နှာချင်းဆိုင် တွေ့နေရသလို ခံစားရပြီး၊ ကိုယ်တော်က ကျွန်တော့်ကို ချမ်းသာကြွယ်ဝမှုနဲ့ သမ္မာတရား ဘာကို ရွေးမလဲ အလေးအနက် မေးနေတာပါ။ ကျွန်တော့်အဖြေအတွက် ဘုရားသခင်က မျှော်လင့်ချက်တွေ ထားခဲ့ပေမဲ့ ကျွန်တော်ကတော့ ချမ်းသာကြွယ်ဝမှုကို ရွေးချယ်ခဲ့တယ်။ ဒါကို တွေးမိတော့ အရမ်းကို အပြစ်ရှိသလို ခံစားရပြီး အကြွေးတင်နေသလို ခံစားရတယ်။ ကျွန်တော့်ရဲ့ ညီအစ်ကိုမောင်နှမတွေ အများကြီးအကြောင်းကို စဉ်းစားမိတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတဲ့အခါ၊ ဘုရားသခင်နောက်ကို လိုက်ဖို့၊ သူတို့တာဝန်ကို ထမ်းဆောင်ဖို့နဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ချိဖို့ သူတို့အရာအားလုံးကို စွန့်လွှတ်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကတော့ စုဝေးပွဲတက်တာနဲ့ ဘုရားနှုတ်ကပတ်တော် ဖတ်တာလောက်ပဲ ရှိတယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကျွန်တော် မထမ်းဆောင်ခဲ့ဘူး။ ကျွန်တော့်မှာ ဘယ်လို အသိစိတ်နဲ့ ဆင်ခြင်တုံတရားမျိုး ရှိခဲ့လို့လဲ။ ကိုယ့်တာဝန်ကို မနှောင့်နှေးစေချင်တာ မှန်ပေမဲ့ ငွေကိုလည်း လက်မလွှတ်ချင်ခဲ့ဘူး။ ဘုရားသခင် ထုတ်ဖော်ထားတဲ့အတိုင်းပဲ၊ “ထိုနှစ်မျိုးကြားထဲမှ လူများမှာမူ လက်တစ်ဖက်နှင့် ငွေကြေးကို ဖမ်းဆုပ်လျက် ကျန်လက်တစ်ဖက်နှင့် သမ္မာတရားကို ဖမ်းဆုပ်ကြလိမ့်မည်။” ကျွန်တော်က မုန့်ကို အဝစားဖို့ပဲ ရှာဖွေနေခဲ့လို့ ဘယ်သမ္မာတရားကိုမှ မရနိုင်ဘူး။ နောက်ဆုံးကျရင် ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရဖို့ပဲ ရှိတော့တယ်။ သောဒုံမြို့ကနေ ထွက်ပြေးတဲ့ လောတရဲ့ ဇနီးကို စဉ်းစားမိတယ်။ ချမ်းသာကြွယ်ဝမှုကို လက်မလွှတ်နိုင်ဘဲ နောက်လှည့်ကြည့်မိလို့ ဆားတိုင်ဖြစ်သွားပြီး အရှက်တရားရဲ့ ပြယုဂ်တစ်ခု ဖြစ်သွားခဲ့တာလေ။ ကျွန်တော်ကရော သူနဲ့ ဘာများကွာခြားနေလို့လဲ။ သခင်ယေရှုရဲ့ ပြောခဲ့တာတွေကို ပြန်သတိရမိတယ်၊ “ထွန်ကိုင်းကို ကိုင်လျက်နောက်သို့ လှည့်၍ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်။” (ရှင်လုကာခရစ်ဝင် ၉:၆၂) ဘုရားသခင်က ကျွန်တော့်ကို မရေတွက်နိုင်တဲ့ ပိုင်ဆိုင်မှုတွေ ပေးထားပြီး စားဝတ်နေရေး မပူပန်အောင် ထားပေးခဲ့ပေမဲ့၊ ကျွန်တော်က ချမ်းသာကြွယ်ဝမှုကို တပ်မက်နေသေးပြီး တာဝန် မထမ်းဆောင်ခဲ့ဘူး။ ဆင်ကိုစားဖို့လုပ်နေတဲ့ မြွေတစ်ကောင်လိုပဲ၊ ဘယ်တော့မှ မရောင့်ရဲနိုင်ဘူး။ ချမ်းသာကြွယ်ဝမှုအတွက်ဆို ရုန်းကန်ဖို့၊ အသက်ပေးဖို့လိုလားပေမဲ့ သမ္မာတရားအတွက်တော့ ဘာကိုမှ ပေးဆပ်ဖို့ မလိုလားခဲ့ဘူး။ ကျွန်တော်က ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲကို ဝင်ရောက်ဖို့ တကယ်ကို မထိုက်တန်ဘူး။ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “နိုးထလော့၊ ညီအစ်ကိုတို့။ နိုးထလော့၊ ညီအစ်မတို့။ ငါ၏နေ့ရက်သည် ကြန့်ကြာလိမ့်မည်မဟုတ်။ အချိန်သည် အသက်ဖြစ်ပြီး၊ ဆုံးရှုံးသွားသော အချိန်ကို အဖတ်ဆယ်ဖို့ ဆိုသည်မှာ အသက်ကို ကယ်တင်ဖို့ဖြစ်၏။ အချိန်သည် အလှမ်းမဝေးလှပေ။ အကယ်၍ သင်တို့သည် ကောလိပ် ဝင်ခွင့်စာမေးပွဲ ကျရှုံးပါက ယင်းကို တစ်ကြိမ်ပြီး တစ်ကြိမ် ပြန်လေ့လာနိုင်သည်။ သို့သော် ငါ၏နေ့ရက်သည် နောက်ထပ် ကြန့်ကြာလိမ့်မည်မဟုတ်။ အမှတ်ရကြလော့။ အမှတ်ရကြလော့။ ဤသည်တို့မှာ ငါ၏ ကြင်နာသော တိုက်တွန်းသည့် နှုတ်ကပတ်တော်များဖြစ်၏။ ကမ္ဘာကြီး၏ နိဂုံးသည် သင်တို့၏မျက်စိရှေ့တွင် ဖွင့်ဟပြီးဖြစ်ကာ ကြီးမားသော ကပ်ဘေးသည် မကြာမီ ရောက်လာတော့မည်။ မည်သည့်အရာ သာ၍ အရေးကြီးသနည်း။ သင်တို့၏ အသက်တာလော သို့မဟုတ် သင်တို့၏အိပ်စက်ခြင်း၊ သင်တို့၏အစားအသောက်နှင့် အဝတ်အစားတို့လော။ ဤအရာများကို ချိန်ဆရန် သင့်အတွက် အချိန်ကျရောက်လာလေပြီ။ နောက်ထပ် သံသယမရှိလေနှင့်။ သင်သည် ဤအရာများကို အတည်ယူရန် အလွန်ကြောက်ရွံ့နေသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၀)) ဘုရားနှုတ်ကပတ်တော် တစ်ခွန်းချင်းစီက ကျွန်တော့်ရင်ကို ထိမိစေပြီး အသက်လား၊ ချမ်းသာကြွယ်ဝမှုလား ဘယ်အရာက ပိုအရေးကြီးသလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ဖို့ သတိပေးခဲ့တယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ သမ္မာတရားတွေကို ထုတ်ပြန်ဖို့နဲ့ တရားစီရင်တဲ့ အလုပ်ကိုလုပ်ဖို့ လူ့ဇာတိခံယူခဲ့တယ်။ ဒါဟာ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ဖို့၊ သမ္မာတရားကို ရဖို့နဲ့ ဘုရားသခင်က စုံလင်အောင် ပြုလုပ်ပေးတာကို ခံရဖို့ အခွင့်အရေးကောင်းတစ်ခုပဲ။ ဒီအခွင့်အရေးကို လွတ်သွားရင် တစ်သက်လုံး နောင်တရနေမှာပဲ။ ကြီးမားတဲ့ ကပ်ဘေးတွေ ရောက်လာတဲ့အခါ၊ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးက ဘာအသုံးဝင်မှာလဲ။ ကျွန်တော်က သေဦးမှာပဲ မဟုတ်ဘူးလား။ အဲဒီနောက်မှာ ကုမ္ပဏီကို လွှဲပြောင်းပေးမဲ့ကိစ္စကို ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ရှေ့ကို နောက်တစ်ကြိမ် ထပ်ယူဆောင်သွားပြီး ကုမ္ပဏီကို လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
ကုမ္ပဏီကို ကျွန်တော် လွှဲပေးတော့မယ်ဆိုတာကို ယောက္ခမ သိသွားတော့ အရမ်းဒေါသထွက်သွားတယ်။ သူက ကျွန်တော့်ကို မျက်မှောင်ကြုတ်ပြီး “မင်း ဒီလောက်ကြိုးစားပမ်းစား လုပ်ခဲ့ရတဲ့ ကုမ္ပဏီကို တခြားတစ်ယောက်ဆီ လွယ်လွယ်ပဲ လွှဲပေးဖို့ဆန္ဒရှိနေတယ်ပေါ့။ ကုမ္ပဏီရဲ့ အသားတင်ဝင်ငွေက တစ်နှစ်ကို ယွမ် ၂ သန်းကျော်တယ်လေ၊ ဒါကို ဒီအတိုင်း ပေးလိုက်တာမျိုးတော့ ငါ ခွင့်ပြုမှာမဟုတ်ဘူး” လို့ ပြောတယ်။ သူ ဒီလိုပြောတာကို ကြားတော့ ကျွန်တော် တော်တော်လေး တုန်လှုပ်သွားတယ်။ စီးပွားရေးက ကျွန်တော် မျှော်မှန်းထားတာထက် ပိုကောင်းနေပြီး ဒီနှစ်ထဲမှာ တော်တော်လေး ပိုကောင်းနေတော့ ရှေ့လျှောက် ဘယ်လောက်တောင် ပိုကောင်းလာနိုင်မလဲဆိုတာ ဘယ်သူမှ ပြောလို့မရဘူးလေ။ ဒီလိုသာ လုပ်ငန်းကို လွှဲပေးလိုက်ရင်၊ ကျွန်တော်တို့မှာ ရှိတဲ့ ငွေသားတွေနဲ့ပဲ ထိုင်စားနေရပြီး မိတ်ဆွေတွေ၊ ဆွေမျိုးတွေထဲက ဘယ်သူကများ ကျွန်တော်တို့ကို လေးစားဦးမှာလဲ။ ရှယ်ယာတချို့ကို ချန်ထားပြီး တစ်စိတ်တစ်ပိုင်းကိုပဲ လွှဲပေးဖို့ စဉ်းစားမိတယ်၊ ဒါမှ နှစ်စဉ် အမြတ်ဝေစုတချို့ ရနေဦးမှာလေ။ ကျွန်တော့်ရဲ့ အကြံအစည်ကို ဇနီးသည်ကို ပြောပြတော့ သူက “ရှယ်ယာတွေအပေါ်မှာ ရှင် စိတ်ရောက်မနေရအောင် အကုန်လုံးကို စွန့်လွှတ်လိုက်ဖို့ ကျွန်မ ပြောချင်တယ်။ ဒါမှ သမ္မာတရားကို လိုက်စားဖို့ ခွန်အားရှိလာပြီး ရှင့်တာဝန်လည်း ကြန့်ကြာမှာ မဟုတ်ဘူး။ ကြီးမားတဲ့ ကပ်ဘေးတွေ ရောက်လာတဲ့အခါ ဘယ်လောက်များတဲ့ ငွေကမှ ကျွန်မတို့ကို မကယ်တင်နိုင်ဘူး။ ဒါကို ရှင် ရှင်းရှင်းလင်းလင်း သိထားရမယ်နော်” လို့ ပြောတယ်။ သူက ဆက်ပြီး “အခု ကျွန်မတို့အတွက် အရေးအကြီးဆုံးက သမ္မာတရားကို လိုက်စားဖို့ အချိန်ပိုပေးရမှာပဲ။ သမ္မာတရားကို ရရှိတာနဲ့ ကောင်းမှုတွေကို ပြင်ဆင်တာက ရုပ်ဝတ္ထုပစ္စည်း ချမ်းသာကြွယ်ဝမှုထက် ပိုအရေးကြီးတယ်” လို့ ပြောတယ်။ ကလေးတွေကလည်း ဒီအမြင်ကို ထောက်ခံပြီး ကုမ္ပဏီတစ်ခုလုံးကို လွှဲပြောင်းပေးသင့်တယ်လို့ ပြောကြတယ်။ ကျွန်တော်လည်း ရက်ပိုင်းလောက် ဆက်စဉ်းစားနေမိတယ်။ ဆုတောင်းခြင်းအားဖြင့် ဒီကိစ္စကို ဘုရားသခင်ရှေ့ ယူဆောင်သွားခဲ့တယ်၊ “ဘုရားသခင်။ လူတစ်ယောက် ချမ်းသာတဲ့ ဘဝကို ရှင်သန်မလား၊ ဆင်းရဲတဲ့ ဘဝကို ရှင်သန်မလားဆိုတာ ကိုယ်တော်က အုပ်စိုးပြီး ဆုံးဖြတ်တယ်ဆိုတာကို သဘောတရားအရ သိပေမဲ့၊ တကယ့်လက်တွေ့မှာတော့ သားရဲ့ ချမ်းသာကြွယ်ဝမှုကို စွန့်လွှတ်ဖို့ တကယ်ကို ခက်ခဲနေပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချလို့ရအောင် ကျေးဇူးပြုပြီး ယုံကြည်ခြင်း ပေးသနားတော်မူပါ” ပေါ့။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “နေ့စဉ်နေ့တိုင်းဆိုသလို သင်တို့သည် ငါ့ထံမှ တစ်စုံတစ်ရာ မည်သို့ရရှိမည်ကို တွက်ချက်ကြသည်။ နေ့စဉ်နေ့တိုင်းဆိုသလို သင်တို့သည် ငါ့ထံမှ ချမ်းသာကြွယ်ဝမှု မည်မျှနှင့် ရုပ်ဝတ္ထုပစ္စည်း မည်မျှ ရရှိပြီးဖြစ်သည်ကို ရေတွက်နေကြသည်။ နေ့စဉ်နေ့တိုင်းဆိုသလို သင်တို့သည် သင်တို့ မွေ့လျော်ခံစားနိုင်သည့် သာ၍များသော၊ သာ၍မြင့်မားသောအရာများကို မွေ့လျော်ခံစားနိုင်ဖို့အလို့ငှာ သင်တို့အပေါ် ကောင်းချီးမင်္ဂလာများ သာ၍ သာ၍ ရောက်လာဖို့ရန် သင်တို့ စောင့်စားကြ၏။ သင်တို့၏ အတွေးများ၌ အချိန်တိုင်းရှိသည်မှာ ငါမဟုတ်သကဲ့သို့ ငါ့ထံမှလာသော သမ္မာတရားလည်း မဟုတ်ဘဲ ထိုအစား သင်တို့၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်တို့၏ သားများနှင့် သမီးများ၊ ပြီးလျှင် သင်တို့ စားသောက်ပြီး ဝတ်ဆင်သောအရာများ ဖြစ်ကြ၏။ သင်တို့သည် သာ၍ သာ၍ ကောင်းသည့်၊ သာ၍ သာ၍ မြင့်မားသည့် ပျော်ရွှင်မှု မည်သို့ရရှိနိုင်သည်ကို စဉ်းစားကြသည်။ သို့သော် သင်တို့သည် သင်တို့၏ ဗိုက်များကို ကွဲထွက်မတတ် ဖြည့်ပြီးသည့်အချိန်တွင်ပင် အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ ဖြစ်သည် မဟုတ်လော။ အပြင်ပန်းအားဖြင့် သင်တို့သည် အင်မတန် လှပသည့် အဝတ်အစားဖြင့် မိမိတို့ကိုယ်ကို ဆင်မြန်းကြသည့်အချိန်တွင်ပင် သင်တို့သည် အသက်မပါသည့် လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ မဟုတ်လော။ သင်တို့၌ ဆံပင်ဖြူများ ကြိုကျားကြိုကျား ထွက်ပေါ်လာသည်အထိ သင်တို့၏ ဝမ်းဗိုက်အတွက် သင်တို့ အားသွန်ခွန်စိုက် အလုပ်လုပ်ကြ၏၊ သို့တိုင်အောင် သင်တို့ထဲမှ မည်သူမျှ ငါ၏အမှုအတွက် ဆံချည်တစ်ပင်မျှ မစတေးကြချေ။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်နှင့် သင်တို့၏သားများနှင့် သမီးများအတွက် သင်တို့၏ခန္ဓာကို ခက်ခဲပင်ပန်းစေကာ ဦးနှောက်ခြောက်အောင် စဉ်းစားရင်း စဉ်ဆက်မပြတ် အလုပ်များနေသည်။ သို့တိုင်အောင် သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ငါ၏ ရည်ရွယ်ချက်များအတွက် စိုးရိမ်ခြင်း သို့မဟုတ် ပူပန်ခြင်း တစ်ခုတစ်လေမျှ မပြပေ။ ငါ့ထံမှ ရရှိဖို့ သင်တို့ မျှော်လင့်ကြသေးသည်မှာ မည်သည့်အရာနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ရဲ့ အတိအကျ အခြေအနေကို ထုတ်ဖော်ခဲ့တယ်။ ချမ်းသာကြွယ်ဝမှုနဲ့ တာဝန်ကြား ရွေးချယ်ရတဲ့အခါ ကျွန်တော် အမြဲတမ်း ချီတုံချတုံဖြစ်နေခဲ့တယ်။ ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့ မလိုလားခင်မှာ စားဝတ်နေရေး လိုအပ်ချက်တွေကို အမြဲ အရင်ဂရုစိုက်ပြီး ရုပ်ဝတ္ထုပစ္စည်း ပူပန်မှုကင်းတဲ့ ဘဝတစ်ခုရအောင် သေချာလုပ်ချင်ခဲ့တယ်။ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းမှာ ရောနှောမှုတွေ အရမ်းများနေပြီး ဘုရားသခင်အတွက် ရိုးရိုးသားသား ကိုယ့်ကိုယ်ကိုယ် အသုံးမခံခဲ့ဘူးဆိုတာကို ကျွန်တော် မြင်ခဲ့တယ်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ စိတ်နှလုံးအကြွင်းမဲ့ အလုပ်လုပ်ပြီး ကျွန်တော်တို့အတွက် အသက်ကိုတောင် ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ ဘယ်တော့မှ မဆက်ကပ်ခဲ့ဘူး။ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်ကို ဘယ်တုန်းကမှ နားမလည်ခဲ့သလို အလေးလည်း မထားခဲ့ဘူး။ ကျွန်တော့်အတွက်ကတော့ ချမ်းသာကြွယ်ဝမှုက အားလုံးထက် ပိုအရေးကြီးနေခဲ့တယ်။ ကျွန်တော် တကယ်ကို တစ်ကိုယ်ကောင်းဆန်ခဲ့တယ်ဆိုတာကို မြင်လိုက်ရတယ်။ သခင်ယေရှု ပြောခဲ့တာတွေကို ပြန်သတိရမိတယ်၊ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၆) ကျွန်တော် ငွေဘယ်လောက်ပဲရှာရှာ၊ ရုပ်ဝတ္ထုချမ်းသာကြွယ်ဝမှုကို ဘယ်လောက်ပဲ ခံစားရပါစေ၊ တခြားလူတွေရဲ့ လေးစားမှုကို ဘယ်လောက်ပဲ ရပါစေ၊ သမ္မာတရားကို မရရှိရင်၊ ဒါမှမဟုတ် ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို မပြောင်းလဲရင် အဲဒီအရာတွေက ဘာအဓိပ္ပာယ်ရှိမှာလဲ။ အဆုံးမှာ ကျွန်တော် ပျက်စီးရမှာပဲ မဟုတ်ဘူးလား။ ဘယ်လောက်များတဲ့ ငွေကမှ ကိုယ့်အသက်ကို မကယ်တင်နိုင်သလို၊ ကယ်တင်ခြင်းရမဲ့ အခွင့်အရေးကိုလည်း ဝယ်လို့မရဘူးလေ။ ကမ္ဘာတစ်ဝှမ်းလုံးက နိုင်ငံတွေမှာ ပိုင်ဆိုင်မှုတွေရှိပြီး သူ့ကုမ္ပဏီတွေက သူ့ကို စက္ကန့်နဲ့အမျှ ပိုချမ်းသာအောင် လုပ်ပေးနေတဲ့ ကမ္ဘာကျော် စွန့်ဦးတီထွင်သူတစ်ယောက်အကြောင်း ကျွန်တော် သတိရမိတယ်။ သူက အရမ်း ကြွယ်ဝချမ်းသာခဲ့သလို ကမ္ဘာအနှံ့လည်း ခရီးသွားခဲ့တယ်၊ ရုပ်ပိုင်းဆိုင်ရာ သာယာမှုတွေ ပြည့်နှက်နေတဲ့ ဘဝမှာလည်း မွေ့လျော်ခံစားခဲ့ရပေမဲ့ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝမှုတွေ၊ ပိုင်ဆိုင်မှုတွေ ရခဲ့ရခဲ့ သူ ဟာလာဟင်းလင်း ဖြစ်နေခဲ့တယ်။ ဘဝမှာ ဘာတန်ဖိုး၊ ဘာအဓိပ္ပာယ်မှ ရှာမတွေ့တော့လို့ ပင်လယ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို လူတွေ ပိုလိုက်စားလေလေ၊ ဝိညာဉ်ရေးရာအရ ပိုပြီး စိတ်သောကရောက်လေလေ၊ ဟာလာဟင်းလင်း ဖြစ်လာလေလေဖြစ်ပြီး၊ အဆုံးမှာတော့ အဲဒါက လူကို ဖျက်ဆီးပစ်လိုက်တာပဲ။ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် စက်ရုပ်တစ်ရုပ်လို တစ်နေ့လုံး အနားမရဘဲ အလုပ်လုပ်ခဲ့ရတာတွေ၊ အဲဒီရဲ့ရလဒ်အနေနဲ့ ဘယ်လောက်တောင် ဖျားနာခဲ့ရတယ်ဆိုတာတွေကို ကျွန်တော် ပြန်တွေးမိတယ်။ အစားအသောက်လည်း မမှန်၊ အိပ်ရေးလည်း မဝဘဲ အမြဲတမ်း နာကျင်မှုတွေနဲ့ အသက်ရှင်ခဲ့ရတာလေ။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ လူသားကို ကယ်တင်ရအောင် အလုပ်လုပ်ဖို့ ရောက်လာခဲ့ပေမဲ့၊ ကျွန်တော်က ဆင်းရဲသွားမှာနဲ့ လူအထင်သေးခံရမှာကို စိုးရိမ်နေခဲ့တယ်။ ငွေကို လုံးဝ လက်မလွှတ်နိုင်ခဲ့ဘူး။ ငွေဘယ်လောက်ပဲများများ ရှာနိုင်ပါစေ၊ အဆုံးမှာ သမ္မာတရားကို ဆုံးရှုံးပြီး ကယ်တင်ခံရမဲ့ အခွင့်အရေးကိုပါ ဆုံးရှုံးလိုက်ရရင်၊ ဘယ်လိုငွေပမာဏက ဘာအဓိပ္ပာယ်ရှိမှာလဲ။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ သမ္မာတရားတွေကို ထုတ်ပြန်ဖို့နဲ့ တရားစီရင်တဲ့ အလုပ်ကိုလုပ်ဖို့ လူ့ဇာတိခံယူခဲ့တယ်။ ဘုရားသခင် ပေါ်ထွန်းလာတာကို တမ်းတနေသူတွေအနေနဲ့ ကိုယ်တော့်အသံကို ကြားပြီး ဖန်ဆင်းရှင်အနေနဲ့ ကိုယ်တော့်ရှေ့မှောက်ကို ပြန်လာနိုင်ဖို့ လူတွေပိုများများ ရှေ့ထွက်လာပြီး သူ့ရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေပေးဖို့ ဘုရားသခင် မျှော်လင့်နေတယ်။ နောက်ပြီး ကျွန်တော်တို့ တာဝန်တွေကို ထမ်းဆောင်ပြီး ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို ကြုံတွေ့ရတာကတစ်ဆင့် ကျွန်တော်တို့ကို သန့်စင်ခြင်းခံရပြီး ပြောင်းလဲသွားဖို့၊ ပြီးတော့ အဆုံးမှာ သူ ကယ်တင်တာကို ခံရဖို့ ဘုရားသခင် မျှော်လင့်နေတာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ အရေးတကြီးဖြစ်နေတဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားမလည်ဘဲ ကိုယ့်ငွေကိုပဲ ဖက်တွယ်ထားခဲ့တယ်။ ကျွန်တော် တကယ်ကို မိုက်မဲပြီး အမြင်ကွယ်နေခဲ့တာပါပဲ။ ကျွန်တော် လုပ်သင့်တာက ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့နဲ့ သမ္မာတရားကို လိုက်စားဖို့ အရာအားလုံးကို စွန့်လွှတ်ရမှာပါ။ ဒါက တကယ် အရေးကြီးတဲ့ အရာပဲလေ။ နောက်ပိုင်းမှာ ယောက္ခမရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကို လျစ်လျူရှုပြီး ကုမ္ပဏီကို ကျွန်တော် လွှဲပြောင်းပေးလိုက်တယ်။
အဲဒီအချိန်ကစပြီး ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ ကျွန်တော် လုံးဝ မပူပန်တော့ဘူး။ နှစ်တွေအများကြီး ထမ်းထားခဲ့ရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ ဖိအားတွေ ရုတ်တရက် ပျောက်သွားပြီး၊ ကျွန်တော့်ဘဝက အတိုင်းအတာတစ်ခုအထိ ပုံမှန်ဖြစ်လာတယ်။ ဖြည်းဖြည်းချင်းနဲ့ အံ့သြစရာကောင်းလောက်အောင် ကျွန်တော် ခံစားနေခဲ့ရတဲ့ ရောဂါဝေဒနာ အမျိုးမျိုးလည်း ပျောက်ကင်းသွားခဲ့ပါတယ်။ ဒါဟာ တကယ့်ကို ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ ဧဝံဂေလိအမှုဆောင်တွေထဲမှာ ကျွန်တော် ပါဝင်လာပြီး ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ချိပြီး သက်သေခံရာမှာ တခြားသူတွေနဲ့ သဟဇာတဖြစ်အောင် အတူတူ အလုပ်လုပ်ခဲ့တယ်။ ဒီလို အသက်ရှင်နေထိုင်ရတာ တကယ်ကို ပြည့်စုံတယ်လို့ ခံစားရတယ်။ နောက်ပိုင်း အတွေ့အကြုံတွေမှာ၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ဖော်ထုတ်မှုကတစ်ဆင့်၊ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းမှာ ချမ်းသာကြွယ်ဝမှုကို ဘာကြောင့် လက်မလွှတ်နိုင်ခဲ့ရသလဲဆိုတဲ့ ဇာစ်မြစ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘ငွေသည် ကမ္ဘာကို လည်ပတ်စေသည်’ ဟူသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခု ဖြစ်သည်။ ယင်းမှာ လူ့အဖွဲ့အစည်းတိုင်းရှိ လူတို့ကြားတွင် အလွန် ပျံ့နှံ့နေပြီး ရေပန်းစားမှုတစ်ခုဖြစ်သည်ဟု သင် ဆိုနိုင်ပေသည်။ အကြောင်းမှာ ယင်းကို လူတစ်ဦးချင်းစီတိုင်း၏ စိတ်နှလုံးထဲတွင် သွတ်သွင်းထားခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အစပိုင်းတွင် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း လက်တွေ့ဘဝနှင့် ထိတွေ့သောအခါ ဖွင့်ဟပြောရန်မလိုသည့် နားလည်မှုဖြင့် လက်ခံခဲ့ကြပြီး ဤစကားများသည် အမှန်စင်စစ် မှန်ကန်သည်ဟု စတင်ခံစားလာခဲ့ကြသည်။ ဤသည်မှာ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် ဖြစ်စဉ်တစ်ခု မဟုတ်လော။...စာတန်သည် လူတို့ကို ဖြားယောင်းသွေးဆောင်ရန် ငွေကို အသုံးပြုပြီး ၎င်းတို့အားလုံးကို ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ကိုးကွယ်စေရန် ဖောက်ပြန်ပျက်စီးစေသည်။ ငွေကို ဤသို့ ကိုးကွယ်ခြင်းသည် လူတို့၌ မည်သို့ ထင်ရှားပေါ်လွင်သနည်း။ ဤလောကတွင် သင်တို့သည် ငွေမရှိဘဲ အသက်မရှင်နိုင်ဟုလည်းကောင်း၊ ယင်းမရှိဘဲ တစ်နေ့တာမျှပင် မဖြတ်သန်းနိုင်ဟုလည်းကောင်း မထင်ကြသလော။ လူတို့တွင် ငွေမည်မျှရှိသည်က ၎င်းတို့၏ အဆင့်အတန်း မည်မျှမြင့်မားသည်ကိုလည်းကောင်း၊ ၎င်းတို့ မည်မျှ ဂုဏ်သရေ ရှိသည်ကိုလည်းကောင်း ဆုံးဖြတ်သည်။ ဆင်းရဲသားတို့သည် မိမိတို့ ခေါင်းမဖော်နိုင်ဟု ခံစားရသော်လည်း ချမ်းသာသူတို့မှာမူ မြင့်မားသော အဆင့်အတန်းရှိကြပြီး ခေါင်းမော့ရင်ကော့ကာ ကျယ်လောင်စွာ စကားပြောနိုင်ပြီး မာနထောင်လွှား၍ အထိန်းအကွပ်မဲ့သော ပုံစံဖြင့် နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ရေပန်းစားမှုတို့က လူတို့ထံသို့ အဘယ်အရာကို ဆောင်ကြဉ်းပေးသနည်း။ လူများစွာတို့သည် ငွေရှာရန်အလို့ငှာ မည်သည့် စွန့်လွှတ်မှုကိုမဆို ပြုလုပ်ရန် လိုလားကြသည်မှာ အမှန် မဟုတ်လော။ လူများစွာတို့သည် ပိုမိုသောငွေကို လိုက်စားရာတွင် မိမိတို့၏ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို မဆုံးရှုံးကြသလော။ လူများစွာတို့သည် ငွေကြေးအတွက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်သို့ လိုက်ရန် အခွင့်အရေးကို မဆုံးရှုံးကြသလော။ သမ္မာတရားကို ရရှိရန်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခြင်းသည် လူတို့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှု မဟုတ်လော။ ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို အသုံးပြုရုံမျှဖြင့် စာတန်သည် လူကို ထိုသို့သော အတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးစေသည်။ စာတန်၏ ရည်ရွယ်ချက်သည် ယုတ်မာသည် မဟုတ်လော။ ဤသည်မှာ မလိုမုန်းထားသော လှည့်ကွက်တစ်ခု မဟုတ်လော။...ဤသို့ဆိုလျှင် သင်သည် စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသောအခါ ယင်းကို ခံစားသိရှိနိုင်သလော။ မသိရှိနိုင်ပေ။ သင်၏ရှေ့တည့်တည့်တွင် စာတန်ရပ်နေသည်ကို မမြင်နိုင်လျှင်၊ သို့မဟုတ် မှောင်ရိပ်ထဲတွင် ဆောင်ရွက်နေသည်မှာ စာတန်ဖြစ်သည်ကို မခံစားနိုင်လျှင် စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှုကို သင်မြင်နိုင်မည်လော။ လူသားမျိုးနွယ်အား စာတန်မည်သို့ဖောက်ပြန်ပျက်စီးစေသည်ကို သင်သိနိုင်မည်လော။ စာတန်သည် လူကို ခပ်သိမ်းသော အချိန်များနှင့် ခပ်သိမ်းသော နေရာများတွင် ဖောက်ပြန်ပျက်စီး စေသည်။ စာတန်သည် လူသားအား ဤဖောက်ပြန်ပျက်စီးမှုကို ဆန့်ကျင်ဖို့ မဖြစ်နိုင်စေရန် လုပ်ဆောင်ပြီး ယင်းနှင့်ပတ်သက်၍ လူသားကို ကူကယ်ရာမဲ့ဖြစ်အောင် လုပ်ဆောင်သည်။ စာတန်သည် သင်အမှုမဲ့အမှတ်မဲ့ ဖြစ်နေသည့် အခြေအနေများနှင့် သင့်ထံတွင် မည်သည့်အရာဖြစ်နေသည်ကို သင် သတိမပြု မိချိန်တွင် ၎င်း၏အတွေးများ၊ ၎င်း၏ရှုထောင့်အမြင်များနှင့် ၎င်းထံမှလာသည့် ကောက်ကျစ်ဆိုးယုတ်သည့် အရာများကို သင့်အား လက်ခံစေသည်။ လူတို့သည် ဤအရာများကို လက်ခံကြပြီး၊ ယင်းတို့ကို ပယ်ချကန့်ကွက်ခြင်း မပြုကြပေ။ ၎င်းတို့သည် ဤအရာများကို ချစ်ခင်မြတ်နိုးပြီး ရတနာကဲ့သို့ သိမ်းထား ကြသည်၊ ဤအရာများအား ၎င်းတို့ကို ကြိုးကိုင် ညွှန်ကြားခွင့်ပေးကြပြီး၊ ၎င်းတို့နှင့် ကစားကြသည်။ ဤကား စာတန်၏တန်ခိုးအောက်တွင် လူတို့အသက်ရှင်ပြီး မသိလိုက်ပါဘဲနှင့် စာတန်ကို နာခံကြပုံနှင့် စာတန်၏ လူသားတို့ကို ဖောက်ပြန်ပျက်စီးစေခြင်း နက်ရှိုင်းသည်ထက် နက်ရှိုင်းလာပုံ ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)) ဘုရားနှုတ်ကပတ်တော်က ဒီနေ့ခေတ် လူ့အဖွဲ့အစည်းရဲ့ အခြေအနေနဲ့ ကျွန်တော့်ရဲ့ တကယ့်စစ်မှန်တဲ့ အခြေအနေကို ဖော်ထုတ်ခဲ့တယ်။ ငယ်ငယ်ကတည်းက “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်”၊ “ငွေရှိတဲ့သူက ငွေမရှိတဲ့သူထက် ပိုမြင့်တယ်”၊ ပြီးတော့ “ငွေသည် အဓိကမဟုတ်သော်လည်း၊ ငွေမရှိလျှင် ဘာမျှလုပ်နိုင်မည်မဟုတ်” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်တွေက ကျွန်တော့်ကို မသိမသာ လွှမ်းမိုးခဲ့ပြီး ငွေကို တခြားအရာအားလုံးထက် ပိုတန်ဖိုးထားအောင် လုပ်ခဲ့တာလေ။ ဒါတွေက ငွေရှိရင် အားလုံးဖြစ်တယ်၊ ငွေရှိရင် ရုပ်ဝတ္ထုပစ္စည်း သောကကင်းဝေးတဲ့ဘဝမှာ ခေါင်းမော့ပြီး အသက်ရှင်နိုင်တယ်၊ ဘယ်သွားသွား ထောက်ခံမှု၊ လေးစားမှုနဲ့ ချီးကျူးခံရမှုတွေ ရမယ်၊ ဒါဟာ ဂုဏ်သိက္ခာရှိပြီး တန်ဖိုးရှိတဲ့ နေထိုင်မှုပုံစံပဲလို့ ထင်လာအောင် လုပ်ခဲ့တာ။ ငွေမရှိရင် လူတွေက မလေးမစားလုပ်ပြီး အနိုင်ကျင့်လိမ့်မယ်လို့ ထင်ခဲ့တဲ့အတွက် ငွေရှာဖို့ကိုပဲ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ပန်းတိုင်အနေနဲ့ လိုက်စားခဲ့တယ်။ အစပိုင်းမှာ ငွေရှာဖို့နဲ့ ဖောက်သည်တွေရဖို့ နည်းလမ်းတွေကို ခေါင်းခြောက်အောင် စဉ်းစားခဲ့တယ်၊ မြှောက်ပင့်ပြောဆိုမှုတွေ၊ အချိုသပ် လိမ်ညာမှုတွေကို သုံးပြီး၊ ခေါင်းမရှိတဲ့ ကြက်တစ်ကောင်လို ဟိုပြေးဒီလွှား လုပ်ခဲ့ရတယ်။ ပင်ပန်းနွမ်းနယ်နေချိန်မှာတောင်၊ ဖျားနေရင်တောင် တစ်ရက်လေးမှ မနားရက်နိုင်ခဲ့ဘူး၊ ရလဒ်အနေနဲ့ ကျွန်တော့်ခန္ဓာကိုယ်က ယိုယွင်းပျက်စီးလာခဲ့တယ်။ အစာအိမ်ရောဂါအမျိုးမျိုး၊ ခါးနဲ့ ကျောရိုးပြဿနာတွေကြောင့် အသက်ရှင်ရတာ အရမ်းကို နာကျင်ခဲ့ရပြီး အစားအသောက်မမှန်၊ အိပ်ရေးမဝဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမှာတောင် ငွေရှာဖို့အတွက် ကျွန်တော် ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့တယ်။ စာတန်ရဲ့ ရှင်သန်ရေး နိယာမတွေနဲ့ အသက်ရှင်ခဲ့ပြီး လုံးဝကို တစ်ကိုယ်ကောင်းဆန်ခဲ့တယ်၊ လောဘကြီးလာခဲ့တယ်။ ငွေရဲ့ ကျေးကျွန်တစ်ယောက် လုံးလုံးဖြစ်သွားခဲ့တယ်။ စာတန်က ကျွန်တော့်ကို အပြည့်အဝ ဖောက်ပြန်ပျက်စီးစေဖို့ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အသုံးပြုခဲ့တာပဲ။ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ဖို့အတွက် ကုမ္ပဏီနဲ့ ငွေကို စွန့်လွှတ်နိုင်ခဲ့တာဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းရခြင်းနဲ့ လမ်းပြမှုကြောင့်ပါပဲ။ ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့ ဘုရားသခင်ကို တကယ်ကို ကျေးဇူးတင်ပါတယ်။ ဒီရှားပါးတဲ့ အခွင့်အရေးကို မြတ်နိုးတန်ဖိုးထားပြီး ဘုရားသခင်ရဲ့ မေတ္တာတော်ကို ပြန်ဆပ်ဖို့ ကျွန်တော့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရပါမယ်။
အဲဒီနောက်မှာ ကျွန်တော့်ကို တကယ်ခွန်အားဖြစ်စေတဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ ဘုရားသခင်က ပြောသည် “ပုံမှန်လူတို့အနေဖြင့်လည်းကောင်း၊ ဘုရားသခင်ကို ချစ်ရန် ကြိုးပမ်းသူများအဖြစ်လည်းကောင်း နိုင်ငံတော်သို့ ဝင်ရောက်၍ ဘုရားသခင်၏ လူများဖြစ်လာခြင်းသည် သင်တို့၏ စစ်မှန်သော အနာဂတ်ဖြစ်သည့်အပြင် အလွန်တရာ တန်ဖိုးနှင့် အဓိပ္ပာယ်ရှိသော အသက်တာတစ်ခုလည်း ဖြစ်၏။ သင်တို့ထက် သာ၍ ကောင်းချီးခံစားရသောသူ တစ်ဦးမျှ မရှိပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သော သူတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပြီး စာတန်အတွက် အသက်ရှင်ကြသည်၊ သို့သော် ယနေ့တွင် သင်တို့သည် ဘုရားသခင်အတွက် အသက်ရှင်ကြပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ရန် အသက်ရှင်ကြပေသည်။ ယင်းမှာ သင်တို့၏ အသက်တာများသည် အဆုံးစွန် အဓိပ္ပာယ်ရှိသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့) “သင်တို့ လက်ရှိဖြတ်သန်းနေရသော နေ့ရက်တိုင်းသည် အရေးပါလှပြီး သင်တို့၏ ပန်းတိုင်နှင့် ကံကြမ္မာအတွက် အခရာအကျဆုံးဖြစ်သည်ဖြစ်၍ ယနေ့ သင်တို့၌ရှိသော အရာအားလုံးကို မြတ်နိုးပြီး ကုန်ဆုံးသွားသော မိနစ်တိုင်းကို သင်တို့တန်ဖိုးထားရမည်။ သင်တို့သည် ဤဘဝကို အချည်းနှီး အသက်မရှင်သွားရန်အလို့ငှာ သင်တို့ကိုယ်သင်တို့ အကြီးမားဆုံးသော အကျိုးများပေးနိုင်ရန် သင်တို့၏အချိန်ကို ဖြစ်နိုင်သမျှ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်မည်သူ့ကို အတိအကျ သစ္စာစောင့်သိနေသနည်း) ဘုရားနှုတ်ကပတ်တော်က စီးပွားရေးကို စွန့်လွှတ်ပြီး ဘုရားသခင်နောက်ကို လိုက်ဖို့နဲ့ ကျွန်တော့်တာဝန်ကို လုပ်ဖို့ ရွေးချယ်ခဲ့တာဟာ ဘဝမှာ တကယ်ကို မှန်ကန်တဲ့ လမ်းကြောင်းဖြစ်ပြီး ဒါဟာ တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး နေထိုင်မှုပုံစံပဲဆိုတာကို ပိုပြီး ရှင်းရှင်းလင်းလင်း သိလာစေတယ်။ ဒီနေ့မှာတော့ ဘုရားသခင်ကို ယုံကြည်ရာမှာ ကိုယ့်တာဝန်ကို ထမ်းဆောင်တာဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်၊ နောက်ပြီး ဒါဟာ လူတစ်ယောက်ရဲ့ ဘဝတာဝန်နဲ့ တာဝန်ဝတ္တရားပဲဆိုတာကို ကျွန်တော် ရှင်းရှင်းလင်းလင်း သိလိုက်ရပါပြီ။ တန်ဖိုးအရှိဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံး နေထိုင်မှုပုံစံကတော့ ဘုရားအလိုတော်ကို လိုက်လျှောက်တာပါပဲ၊ ပြီးတော့ ကိုယ်တော်က ဒီအရာတွေကို တခြားအရာအားလုံးထက် ပိုကောင်းချီးပေးပြီး မှတ်မိနေမှာပါ။ အခုဆို သမ္မာတရားကို လိုက်စားဖို့နဲ့ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ဖို့ အချိန်သိပ်မရှိတော့ပါဘူး။ နေ့ရက်တိုင်းကို မြတ်နိုးတန်ဖိုးထားရမယ်၊ ဘုရားနှုတ်ကပတ်တော်ကို ပိုဖတ်ရမယ်၊ ဧဝံဂေလိတရားကို ပိုဟောပြောရမယ်၊ ပြီးတော့ ကျန်ရှိနေတဲ့ အချိန်လေးမှာ ဘုရားသခင်ရဲ့ မေတ္တာတော်ကို ပြန်ဆပ်ဖို့နဲ့ ကိုယ်တော့်စိတ်နှလုံးကို နှစ်သိမ့်မှုပေးဖို့အတွက် ကျွန်တော့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ကြိုးစားလုပ်ဆောင်သွားပါမယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
မေဟွာ၊ တရုတ်ပြည်ငယ်ငယ်တုန်းက ကျွန်မတို့ မိသားစုဟာ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသမှာ နေထိုင်ခဲ့ကြတယ်။ မိဘတွေက တောင်ယာလုပ်ပြီး...
ဒုကျွမ်း ဂျပန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု...
ကျွန်တော် ရှစ်နှစ်အရွယ်မှာ၊ ကျွန်တော့်မိသားစုက မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တစ်ခုကို တွေ့ကြုံခဲ့ရတယ်။ အဲဒီအချိန်ကစပြီး၊ ကျွန်တော့်အမေနဲ့...
လီကျစ် ဂျပန်နိုင်ငံ ဆင်းရဲပြီး ခေတ်နောက်ကျတဲ့ ကျေးလက်မိသားစုမှာ ကျွန်တော် မွေးခဲ့တယ်။ ကလေးဘဝမှာတောင်၊ နောင်မှာ ကျောင်းကောင်းတက်နိုင်ပြီး...