အိမ်ထောင်ရေးသုခကို လိုက်စားခြင်းကြောင့် ဖြစ်လာရသည့် နာကျင်မှု

14.04.2026

လီရှင်းကျူး၊ တရုတ်ပြည်

ကျွန်မ မှတ်မိသလောက်ဆိုရင် အဖေက စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး အမေကို ရိုက်နှက်တာ ခဏခဏ တွေ့ရတတ်တယ်။ ကျွန်မ အရွယ်ရောက်လာတော့ အမေက သူ့ရဲ့ မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးအကြောင်း ကျွန်မကို ခဏခဏ ညည်းပြတတ်တယ်။ အဖေနဲ့ ပေါင်းသင်းနေတဲ့ အချိန်တစ်လျှောက်လုံး စားဝတ်နေရေး ခက်ခဲခဲ့ရတဲ့အပြင် အဖေ့ဆီကနေလည်း ဘယ်တုန်းကမှ ပျော်ရွှင်မှု မရခဲ့ဘူး၊ အဖေက သူ့ကိုဆိုရင် ခဏခဏ ဒေါသထွက်တယ်လို့ ပြောပြတယ်။ အမေက “မိန်းမတစ်ယောက်က ကိုယ့်အပေါ် ကောင်းကောင်းဆက်ဆံတဲ့ ယောကျ်ားနဲ့ ညားမှပဲ တစ်သက်လုံး ပျော်ရွှင်ရမှာ” လို့ ကျွန်မကို အမြဲ ပြောလေ့ရှိတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “အမေ ကိုယ်တိုင် ကြုံခဲ့ရတာဆိုတော့ သူပြောတာ မှန်မှာပါ။ ဘာပဲဖြစ်ဖြစ် ငါတော့ အမေ့လို အဆုံးသတ်မျိုးအဖြစ်မခံနိုင်ဘူး။ ငါ့အပေါ် ကောင်းကောင်းဆက်ဆံမယ့် ယောကျ်ားကို ရှာမှဖြစ်မယ်” လို့ပေါ့။ နောက်ပိုင်းကျတော့ ကျွန်မ ဆုတောင်းပြည့်ပြီးတော့ ကျွန်မအပေါ် ကောင်းကောင်းဆက်ဆံတတ်တဲ့၊ စိတ်သဘောထားပြည့်ဝတဲ့ ယောကျ်ားတစ်ယောက်ကို တွေ့ခဲ့တယ်။ ကျွန်မတို့ လက်ထပ်ပြီးတဲ့နောက်မှာ ယောကျ်ားက အရာရာတိုင်းမှာ ကျွန်မသဘောအတိုင်း လိုက်လုပ်ပေးတတ်ပြီး ကျွန်မကို ဘယ်တုန်းကမှ လေသံမာမာနဲ့ မပြောဖူးဘူး။ အလုပ်ကပြန်လာလို့ ကျွန်မကို မတွေ့ရင် ဘယ်သွားလဲဆိုတာ ဖုန်းဆက်မေးပြီး စက်ဘီးနဲ့ အပြေးအလွှား လာကြိုတတ်တယ်။ ပြီးတော့ နေ့စဉ်ဘဝမှာလည်း ကျွန်မကို အရမ်းဂရုစိုက်တယ်။ ကျွန်မ စိတ်ညစ်နေတာ တွေ့ရင် “ဘာဖြစ်လို့လဲ။ စိတ်ညစ်စရာရှိလို့လား” ဆိုပြီး အမြဲမေးတတ်တယ်။ ဒီလို ချစ်တတ်၊ ဂရုစိုက်တတ်တဲ့ ယောကျ်ားမျိုးကို ပိုင်ဆိုင်ထားရတော့ ကျွန်မ အရမ်းပျော်ခဲ့ရတဲ့အပြင် ဘဝမှာ ရောင့်ရဲကျေနပ်မိခဲ့တယ်။

၂၀၀၄ ခုနှစ်မှာ ဘုရားသခင်ရဲ့ အမှုသစ်ကို ကျွန်မ လက်ခံခဲ့ပြီး ယောကျ်ားကို ဧဝံဂေလိတရားဟောခဲ့တယ်။ သူ လက်မခံပေမဲ့ ကျွန်မ ယုံကြည်တာကိုလည်း မကန့်ကွက်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ယောကျ်ားက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နဲ့ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီ လုပ်ကြံဖန်တီးထားတဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို စပြီး ယုံလာတယ်။ အဲဒီနောက်ပိုင်းကစပြီး ကျွန်မ ဘုရားသခင်ကို မယုံကြည်ဖို့ သူ တားဆီးလာတော့တာပဲ။ ကျွန်မ စုဝေးပွဲ သွားတာကိုလည်း သူ ခဏခဏ ညည်းညူတတ်တယ်။ တစ်နေ့ကျတော့ အလုပ်က ပြန်ရောက်ရောက်ချင်း သူက လေးနက်တဲ့ လေသံနဲ့ “ဘုရားသခင်ကို ယုံကြည်တာက တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်ရာရောက်တယ်၊ အစိုးရက ခွင့်မပြုဘူးလို့ အွန်လိုင်းမှာ ပြောထားတယ်။ မင်း ဘုရားသခင်ကို ဆက်မယုံနဲ့တော့” လို့ ကျွန်မကို ပြောပါလေရော။ မပျော်မရွှင်ဖြစ်နေတဲ့ သူ့မျက်နှာထားကို မြင်တော့ တရုတ်ကွန်မြူနစ်ပါတီ ဖြန့်ထားတဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကြောင့် သူ အထင်အမြင်မှားနေပြီဆိုတာ ကျွန်မ သိလိုက်တယ်။ ဒါတွေက လိမ်ညာမှုတွေ၊ အသရေဖျက်မှုတွေသာ ဖြစ်တယ်လို့ ကျွန်မ ပြောပြပေမဲ့ သူ ကျွန်မပြောတာကို လုံးဝ နားမထောင်ပါဘူး။ တစ်ညနေကျတော့ ယောကျ်ား အိမ်ပြန်ရောက်တာနဲ့ “ဒီနေ့ စုဝေးပွဲ ထပ်သွားပြန်ပြီလား” လို့ မေးတယ်။ ကျွန်မက “သွားတယ်လေ” လို့ ပြောလိုက်တော့ သူ ကျွန်မကို အော်ပါလေရော။ “ဘုရားသခင်ကို မယုံနဲ့လို့ ငါ ပြောထားရက်နဲ့ မင်းက နားကိုမထောင်ပါလား။ ဒီနေ့ ငါပြန်လာတဲ့လမ်းမှာ ကျောင်းဆရာမတစ်ယောက် ဘုရားသခင်ကို ယုံလို့ အဖမ်းခံရတာ ငါ တွေ့ခဲ့တယ်။ ထောင် ဘယ်နှနှစ်ကျမလဲ ဘယ်သူသိမှာလဲ။ မင်းသာ ဒီလို ဆက်ယုံကြည်နေမယ်ဆိုရင် အနှေးနဲ့အမြန် အဖမ်းခံရလိမ့်မယ်။ အဲဒီကျရင် ငါနဲ့ ကလေးတွေပါ အမှုပတ်မှာ။ မင်း ငါတို့မိသားစုကို ဖျက်ဆီးနေတာပဲ” တဲ့။ အဲဒီလိုပြောရင်းနဲ့ သူက ဖိနပ်နဲ့ရွယ်ပြီး ဘာမပြော ညာမပြောနဲ့ ကျွန်မ ခေါင်းကို စရိုက်တော့တာပဲ။ ရိုက်လည်းရိုက် ဆဲလည်းဆဲနဲ့ပေါ့။ “ငါပြောတာ နားထောင်ပါဆို မင်းက နားမှမထောင်တာ။ နင့်ကို သတ်ပစ်မယ်” ဆိုပြီးတော့လေ။ သူ ဒေါသပြေရုံ နှစ်ချက်လောက်ပဲ ရိုက်မယ် ထင်ခဲ့ပေမဲ့ သူက တကယ်ကို အားကုန်သုံးပြီး ရိုက်တာ။ ရိုက်ချက်တွေကြောင့် ကျွန်မ ခေါင်းတွေမူးဝေသွားပေမဲ့ သူကတော့ ရပ်မယ့်ပုံ မပေါ်ပါဘူး။ နှစ်ပေါင်းများစွာ အတူပေါင်းသင်းလာပြီးမှ သူ ဒီလောက်တောင် ရက်စက်နိုင်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ အဲဒီနောက် ယောကျ်ားက ကလေးတွေကို ပြောတယ်။ “နင့်အမေကို သွားပြောချေ။ ဒီနေ့ကစပြီး ဘုရားသခင်ကို မယုံတော့ပါဘူးလို့ ပြောခိုင်း။ မပြောရင် ဒီနေ့ သူ့ကို အသေရိုက်ပစ်မယ်” တဲ့။ သမီးလေးက ငိုပြီး ကျွန်မကို တောင်းပန်ရှာတယ်။ ကျွန်မကလေးတွေ ငိုနေတာမြင်တော့ ကျွန်မ ပျော့ညံ့သွားတယ်။ “လောလောဆယ်တော့ မယုံတော့ပါဘူးလို့ ယောကျ်ားကို ပြောလိုက်သင့်လား။ ငါ ဒီလိုပဲ ဆက်တင်းခံနေရင် သူ ပိုဒေါသထွက်ပြီး ငါ့ကို ကွာရှင်းလိုက်ရင် ဒီမိသားစု ပြိုကွဲသွားတော့မှာ” လို့ တွေးမိတယ်။ ဒါပေမဲ့ ချက်ချင်းပဲ ကျွန်မ ပြန်တွေးမိတယ်။ “မဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် ဘုရားသခင်ရဲ့ နာမတော်ကို ငါ မငြင်းပယ်နိုင်ဘူး။ ဘုရားသခင်ကို မယုံတော့ဘူးလို့ ပြောလိုက်တာက ကိုယ်တော့်ကို သစ္စာဖောက်ရာ ရောက်နေမှာ။ ငါ အဲဒီလို မပြောနိုင်ဘူး” လို့ပေါ့။ ဒါကြောင့် ကျွန်မကို ဉာဏ်ပညာနဲ့ ယုံကြည်ခြင်း ပေးသနားဖို့ ဘုရားသခင်ဆီကိုပဲ ဆက်တိုက် ဆုတောင်းနေမိတယ်။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရသွားတယ်။ “လူတို့အပေါ် ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းသည် အပြင်ပန်းအားဖြင့် လူ့စီစဉ်မှုများမှ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းမှ ဖြစ်ပေါ်လာသည့်အလား လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ သို့သော်လည်း လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်ရှေ့တွင် စာတန်ပြုလုပ်သည့် အလောင်းအစားတစ်ခုဖြစ်ပြီး ယင်းတို့သည် လူတို့အနေဖြင့် ဘုရားသခင်အတွက် မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် လောင်းကြေးတင်နေခဲ့ခြင်း ဖြစ်၏။ ပြီးလျှင် ယောဘအပေါ်တွင် ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုများဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အပေါ် ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်တွင် တိုက်ပွဲပင်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်ပွင့်စေခြင်းက ကျွန်မကို နားလည်စေခဲ့တယ်။ အပေါ်ယံကြည့်ရင် ယောကျ်ားက ကျွန်မကို ညှဉ်းပန်းနှိပ်စက်နေပုံပေါက်ပေမဲ့ တကယ်တမ်းကျတော့ ဒါတွေရဲ့ နောက်ကွယ်မှာ စာတန်ရဲ့ ပရိယာယ်တွေ ရှိနေတာပါ။ ကျွန်မကို စာတန်က ဘုရားသခင်ကို ငြင်းပယ်စေချင်ပြီး ကိုယ်တော့်ကို သစ္စာဖောက်စေချင်တာလေ။ ယောကျ်ားရဲ့ ဒေါသကို ကြောက်ရုံသက်သက်နဲ့ ဘုရားသခင်ကို ဆက်မယုံတော့ပါဘူးလို့ ကျွန်မ မပြောနိုင်ဘူး။ ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ အဲဒီနောက်မှာတော့ ကလေးတွေ ကျွန်မကို ဘယ်လောက်ပဲ တောင်းပန်တောင်းပန် ကျွန်မ နှုတ်ဆိတ်နေလိုက်တယ်။ ယောကျ်ားက ဒေါသအကြီးအကျယ်ထွက်ပြီး “နင့်အမေက လုံးဝ မပြောဘူးဆိုတော့ ဒီညပဲ သူ့ကို ကွာရှင်းပြီး အိမ်ပေါ်ကနေ နှင်ချမယ်။ ငါတို့အိမ်မှာ သူ နောက်ထပ် တစ်ရက်မှ နေခွင့်မရှိဘူး” လို့ အော်ပြောတယ်။ ဒါကိုကြားတော့ ကျွန်မ တော်တော် လန့်သွားတယ်။ သူ တကယ်ကြီး ကွာရှင်းချင်လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့ဘူးလေ။ နှစ်ပေါင်းများစွာ သူ့အပေါ် စိတ်ရောကိုယ်ပါ နှစ်ပြီး ပေါင်းသင်းလာခဲ့တာ၊ ကျွန်မရဲ့ ယုံကြည်ခြင်းတစ်ခုတည်းကြောင့် သူက ကွာရှင်းချင်တယ်တဲ့၊ ပြီးတော့ အိမ်ပေါ်ကနေတောင် ချက်ချင်း ဆင်းသွားစေချင်နေတာ။ ဆယ်နှစ်ကျော် ပေါင်းသင်းခဲ့တဲ့ ယောကျ်ားက ငါ့အပေါ် ဒီလိုလုပ်ရက်တယ်ပေါ့။ ကျွန်မ လုံးလုံး ယူကျုံးမရ ဖြစ်ခဲ့ရတယ်။ “ကွာရှင်းလိုက်ရင် ငါက အားကိုးရာမဲ့ပြီး တစ်ကောင်ကြွက်ဆိုတော့ ဘယ်လိုလုပ် အသက်ရှင်မလဲ” လို့ တွေးမိတယ်။ ကျွန်မရင်ထဲ မွန်းကျပ်ပြီး မျက်ရည်တွေကလည်း ပိုးပိုးပေါက်ပေါက် ကျလာတာပေါ့။ လူသားတွေကို ဘုရားသခင် ဖန်ဆင်းထားတာ၊ ဘုရားသခင်က ကျွန်မတို့ကို အသက်ဇီဝအသက်ရှူခွင့် ပေးထားတဲ့အပြင် လိုအပ်တာမှန်သမျှ ထောက်ပံ့ပေးထားတာဆိုတော့ လူတွေက ဘုရားသခင်ကို ကိုးကွယ်တာဟာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်လို့ ကျွန်မ တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် ဘုရားသခင်ကို ယုံကြည်တာကိုတော့ ငါ မရပ်တန့်နိုင်ဘူးလို့ ခံစားမိတယ်။ အဲဒီအချိန်မှာ သမီးလေးက သူ့အဖေကို ပြောတယ်။ “အဖေတို့ ကွာရှင်းကြမယ်ဆိုရင် သားနဲ့သမီးက အမေနဲ့ပဲ နေမှာ၊ အဖေနဲ့ မနေဘူး” တဲ့။ အဲဒီကျမှပဲ ယောကျ်ားက လျှော့ပေးလိုက်ပြီး ကွာရှင်းမဲ့ကိစ္စကို လက်စသတ်လိုက်တယ်။ နောက်ပိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ညှဉ်းပန်းနှိပ်စက်မှုက ပိုပြင်းထန်လာပြီး အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ပြီး သိက္ခာချတဲ့ မိစ္ဆာဒိဋ္ဌိအယူမျိုးစုံနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ စကားတွေပါတဲ့ ကြေညာချက်တွေကို လမ်းတွေအနှံ့မှာ ကပ်ထားတယ်။ ကျွန်မအပေါ်ထားတဲ့ ယောကျ်ားရဲ့ ညှဉ်းပန်းနှိပ်စက်မှုကလည်း ပိုဆိုးလာတယ်။ နေ့တိုင်း အလုပ်ကပြန်လာရင် ကျွန်မ ဘုရားသခင်ကို ယုံသေးလားဆိုပြီး သူက စစ်မေးတတ်ပြီး အသေးအဖွဲလေးကအစ ကျွန်မကို စိတ်ဆိုးမာန်ဆိုး လုပ်တတ်တယ်။ သူ ဒီလိုဖြစ်နေတာ မြင်ရတော့ ကျွန်မ အရမ်း စိတ်ဆင်းရဲရတယ်။ ကျွန်မက ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နေပေမဲ့ အိမ်မှုကိစ္စတွေ၊ လယ်အလုပ်တွေ အကုန်လုံးကို လုပ်ပေးနေတုန်းပဲ၊ ကလေးတွေကိုလည်း စောင့်ရှောက်ပေးပါတယ်။ သူ ကျွန်မကို ဒီလို မညှဉ်းပန်းသင့်ပါဘူး။ ဒါပေမဲ့ ကျွန်မ ပြန်တွေးမိတယ်။ “တရုတ်ကွန်မြူနစ်ပါတီရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေသာ မရှိရင် သူ ငါ့ကို ဒီလို ဆက်ဆံမှာ မဟုတ်လောက်ဘူး။ သူက တရုတ်ကွန်မြူနစ်ပါတီရဲ့ လှည့်စားခြင်းကို ခံထားရတာကိုး။ ငါသာ သည်းမခံရင် ငါတို့ ကွာရှင်းရမဲ့ကိစ္စက ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး” လို့ပေါ့။ ကျွန်မတို့ မိသားစု မကွဲကွဲအောင်၊ အိမ်ထောင်ရေး တည်မြဲအောင်လို့ ယောကျ်ားက ကျွန်မကို ဘယ်လောက်ပဲ ညှဉ်းပန်းနှိပ်စက်ပါစေ ကျွန်မ နှုတ်ဆိတ်ပြီး သည်းခံခဲ့တယ်။ ကျွန်မကပဲ အလျင်ဦးအောင် သူ့ကို ဂရုစိုက်တာ၊ အစားအသောက်ကောင်း ပြင်ပေးတာတွေတောင် လုပ်ခဲ့တယ်။ တစ်ခါတလေကျတော့ ဒါက ကျွန်မရဲ့ တာဝန်ကို နှောင့်နှေးစေတာပေါ့။

နောက်ပိုင်းမှာ ကျွန်မ တရားဟောဆရာအနေနဲ့ ရွေးချယ်ခံရပြီး အသင်းတော်အများကြီးကို တာဝန်ယူရတယ်။ အသင်းတော်တချို့က အိမ်နဲ့ဝေးတော့ နေ့တိုင်း အိမ်မပြန်နိုင်ဘူးပေါ့၊ အဲဒါက ကျွန်မကို နည်းနည်း စိတ်ပူစေတယ်။ အဲဒီအချိန်မှာ ယောကျ်ားက ဖောက်ပြန်နေပြီး အရက်သောက်ပြီး ပြန်လာတဲ့အခါ မိန်းမတစ်ယောက်က သူ့ကို ဖွင့်ပြောတယ်၊ သူနဲ့ အိမ်ထောင်ပြုချင်နေတယ်ဆိုပြီး ကျွန်မကို သုံးလေးကြိမ်လောက် ပြောခဲ့တယ်။ ကျွန်မ အိမ်နဲ့ဝေးနေပြီး အလွယ်တကူ ပြန်မလာနိုင်ရင် ယောကျ်ားနဲ့ ပိုဝေးကွာသွားပြီး သူ ကျွန်မကို သေချာပေါက် ကွာရှင်းတော့မှာပဲလို့ ကျွန်မ ကြောက်မိတယ်။ အဲဒီလိုသာဖြစ်ရင် ကျွန်မတို့ မိသားစု ပြိုကွဲသွားမှာလေ။ ဒါပေမဲ့ ဒီတာဝန်က ဘုရားသခင်ဆီက လာတာဖြစ်ပြီး မိသားစု သာယာရေးအတွက်သက်သက်နဲ့ ကိုယ့်တာဝန်ကို မငြင်းဆန်နိုင်ဘူးလို့ ကျွန်မ ပြန်တွေးမိတယ်။ ဒါကြောင့် ကျွန်မ လက်ခံလိုက်တယ်။ အဲဒီတုန်းက နှစ်ပတ်လောက်နေမှ တစ်ခါ၊ နှစ်ရက်လောက်ပဲ အိမ်ပြန်ပြီး အိမ်မှုကိစ္စတွေ၊ လယ်အလုပ်တွေ အကုန်လုပ်ပေးရင်းနဲ့ ဒီကြိုးစားအားထုတ်မှုတွေက ယောကျ်ားရဲ့ စိတ်ကို ဆွဲထားနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ သူ ဖောက်ပြန်နေမှန်း သိပေမဲ့ တကယ်ကြီး ကွာရှင်းလိုက်မှာကို အရမ်းကြောက်လို့ ကျွန်မ သူ့ကို ဘယ်တော့မှ ထိပ်တိုက် ရင်မဆိုင်ရဲခဲ့ဘူး။ ဒီကိစ္စက ကျွန်မကို ခဏခဏ စိတ်ဒုက္ခပေးလွန်းလို့ ကိုယ့်တာဝန်ကို ထမ်းဆောင်နေတဲ့အချိန်မှာတောင် ကျွန်မ အာရုံထွေပြားနေခဲ့တယ်။ ခဏခဏဆိုသလို ကျွန်မ ဝတ်ကျေတမ်းကျေ လုပ်ခဲ့တယ်။ အသင်းတော်တစ်ခုမှာ ချက်ချင်း ဖြုတ်ချသင့်တဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက် ရှိပေမဲ့ သူ့ကို ဖြုတ်ချပြီးရင် ခေါင်းဆောင်သစ် ရွေးကောက်ပွဲလုပ်ဖို့ အချိန်ယူရမှာပဲလို့ ကျွန်မ တွေးမိတယ်။ အဲဒါကြောင့် အိမ်ပြန်ဖို့ အချိန်ပိုရအောင်လို့ သူ့ကို ဖြုတ်ချမဲ့ကိစ္စကို အချိန်ဆွဲထားလိုက်တယ်။ ဒါက အသင်းတော်ရဲ့ အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ နောက်တစ်ခါကျတော့ အထက်ခေါင်းဆောင်က အန္တိခရစ်တစ်ယောက် ကိုင်တွယ်ဖြေရှင်းရာမှာ အသင်းတော်တစ်ခုကို ကူညီပေးဖို့ ကျွန်မကို တာဝန်ပေးတယ်။ အဲဒီတုန်းက ညီအစ်ကိုမောင်နှမတချို့က ဒီအန္တိခရစ်ကို ပိုင်းခြားသိမြင်နိုင်တာမျိုး မရှိကြလို့ သူတို့နဲ့ အချိန်မီ ပိုင်းခြားသိမြင်ခြင်းဆိုင်ရာ သမ္မာတရားတွေကို မိတ်သဟာယပြုဖို့ လိုအပ်နေတယ်။ ကျွန်မ တွေးမိတယ်၊ “ညီအစ်ကိုမောင်နှမတွေ ဒီအန္တိခရစ်ကို ပိုင်းခြားသိမြင်လာဖို့ဆိုရင် မိတ်သဟာယပြုရတာ လဝက်လောက် ကြာနိုင်တယ်၊ အဲဒီလိုလုပ်ရင်တောင် ရလဒ်ထွက်မယ် မထွက်မယ် မသေချာဘူး။ အဲဒီကျရင် ငါ ဘယ်တော့ အိမ်ပြန်ရမှာလဲ” လို့ပေါ့။ ဒါနဲ့ ခေါင်းဆောင်ကို ကျွန်မ ပြောလိုက်တယ်။ “ဒီအန္တိခရစ်က အရမ်းကောက်ကျစ်စဉ်းလဲပြီး လူတွေကို လှည့်စားတဲ့ သူ့နည်းလမ်းတွေကလည်း ဆန်းပြားတယ်။ ညီအစ်ကိုမောင်နှမတွေ သူ့ကို ပိုင်းခြားသိမြင်မှု ရဖို့ မလွယ်တဲ့အပြင် ကျွန်မလည်း သူ့ကို မကိုင်တွယ်နိုင်ဘူး။ ဒီကိစ္စကို ကိုင်တွယ်ဖို့ တခြားတစ်ယောက် ရှာလိုက်ရင်ရော ဘယ်လိုလဲ” လို့ပေါ့။ ကျွန်မ ပူးပေါင်းဆောင်ရွက်ချင်တာမျိုး မရှိမှန်း ခေါင်းဆောင်က သိသွားပြီး ကိုင်တွယ်ဖို့ တခြားညီအစ်မတစ်ယောက်ကို ရှာလိုက်ရတယ်။ ဒါပေမဲ့ အဲဒီညီအစ်မမှာ ပိုင်းခြားသိမြင်မှု အားနည်းတာကြောင့် ဒီအန္တိခရစ်ကို ကိုင်တွယ်ဖြေရှင်းတဲ့ ဖြစ်စဉ်က နှောင့်နှေးကြန့်ကြာပြီး ရလဒ်အနေနဲ့ ဒီအန္တိခရစ်က အသင်းတော်မှာ ဆက်ရှိနေတဲ့အပြင် ဘုရားသခင် ရွေးချယ်ထားတဲ့လူတွေကို နှစ်လကျော်ကြာအောင် လှည့်စားပြီး ထိန်းချုပ်ထားခဲ့တယ်။ အသင်းတော် အလုပ်အားလုံး ရပ်တန့်သွားခဲ့ရတယ်။ နောက်ပိုင်းမှာ ကိုယ့်တာဝန်အပေါ် တာဝန်မဲ့တာကြောင့်ရယ်၊ အသင်းတော်အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်နှေးစေခဲ့တာကြောင့်ရယ် ကျွန်မ ဖြုတ်ချခံလိုက်ရတယ်။ စုဝေးပွဲတစ်ခုမှာ ညီအစ်မတစ်ယောက်က “အစ်မရဲ့ အပြုအမူအရဆိုရင် ဆင်ခြင်သုံးသပ်ဖို့အတွက် အစ်မကို သီးသန့်ခွဲထားသင့်တယ်” လို့ ကျွန်မကို ပြောတယ်။ သူ့စကားတွေက ကျွန်မရင်ကို ဆူးနဲ့ထိုးသလို နာကျင်စေတယ်။ ကိုယ့်အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့အတွက် ကျွန်မ ခဏခဏ အိမ်ပြန်ခဲ့လို့ အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ကျွန်မ တကယ်ပဲ ဒုစရိုက်အမှု ပြုခဲ့တာဖြစ်ပြီး ဆင်ခြင်သုံးသပ်ဖို့အတွက် သီးသန့်ခွဲထားခံရသင့်ပါတယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ပြန်သတိရမိတယ်။ “ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သင် မည်သို့ သဘောထားပြုမူသင့်သည်မှာ အလွန်အရေးကြီးပေသည်။ ဤသည်မှာ အလွန်ကြီးလေးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်ကို အပ်နှံသည့်အရာကို သင် မပြီးမြောက်နိုင်ပါက သင်သည် ကိုယ်တော်၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မထိုက်တန်သည့်အပြင် သင့်အား အပြစ်ဒဏ်ပေးခြင်းကို လက်ခံသင့်သည်။ လူသားများက ဘုရားသခင် ၎င်းတို့အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပေသည်။ ဤသည်မှာ လူ၏ အမြင့်ဆုံးသော တာဝန်ဖြစ်ပြီး သူ၏ အသက်နှင့်ပင် ထပ်တူအရေးကြီးသည်။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို ပေါ့ပေါ့တန်တန် သဘောထားပါက ဤသည်မှာ ဘုရားသခင်ကို အဆိုးရွားဆုံး သစ္စာဖောက်ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် သင်သည် ယုဒထက် ပို၍ ကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ခြင်းခံရထိုက်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မမှာ ကြောက်စိတ်နဲ့ တုန်လှုပ်မိတယ်။ ဘုရားသခင်ရဲ့ စီရင်တာကို ခံနေရသလိုမျိုး ကိုယ်တော်ရဲ့ အမျက်ဒေါသကို ကျွန်မ ခံစားလိုက်ရတာပေါ့။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို တရားဟောဆရာမအနေနဲ့ ရွေးချယ်ခဲ့ကြတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကတော့ ညီအစ်ကိုမောင်နှမတွေ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး သမ္မာတရားထဲ ဝင်ရောက်အောင် ကျွန်မ ဦးဆောင်တာကို လိုချင်တာ၊ ပြီးတော့ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေရဲ့ နှောင့်ယှက်တာ၊ လှည့်စားတာ မခံရအောင်လည်း ညီအစ်ကိုမောင်နှမတွေကို ကာကွယ်ပေးစေချင်တာပါ။ ဒါပေမဲ့ ကျွန်မက ကိုယ့်တာဝန်မှာ လုံးဝ စိတ်မနှစ်ထားပါဘူး။ ကျွန်မက ကိုယ့်အိမ်ထောင်ရေးနဲ့ မိသားစုကို အရာရာထက် ဦးစားပေးခဲ့ပြီး ယောကျ်ားနဲ့ ဆက်ဆံရေး ထိန်းသိမ်းဖို့အတွက် ခဏခဏ အိမ်ပြန်ခဲ့တယ်။ အသင်းတော်မှာ အယေင်ဆောင်ခေါင်းဆောင်တစ်ယောက် ရှိမှန်းသိပေမဲ့ သူ့ကို အချိန်မီ မဖြုတ်ချခဲ့ဘူး။ ထုတ်ဖော်ခံရတဲ့ အန္တိခရစ်နဲ့ပတ်သက်ပြီးတော့လည်း ပိုင်းခြားသိမြင်ခြင်းနဲ့ပတ်သက်လို့ ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုဖို့ အချိန်မပေးချင်ခဲ့ဘူး။ ဒီအန္တိခရစ်က အရမ်းကောက်ကျစ်စဉ်းလဲလို့ ကျွန်မ မကိုင်တွယ်နိုင်ဘူးလို့တောင် ဆင်ခြေပေးပြီး ကိုယ့်တာဝန်ကို ရှောင်လွှဲခဲ့တယ်။ ဒါက အသင်းတော်ထဲမှာ ညီအစ်ကိုမောင်နှမတွေကို လှည့်စားဖို့ အန္တိခရစ်ကို အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားတယ်။ ကိုယ့်အိမ်ထောင်ရေးနဲ့ မိသားစုအတွက် ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ရွေးချယ်တာ၊ အယောင်ဆောင်ခေါင်းဆောင်တွေကို ဖြုတ်ချတာ၊ အန္တိခရစ်ကို ကိုင်တွယ်ဖြေရှင်းတာ စတဲ့ ဒီလောက် အရေးကြီးတဲ့ အလုပ်တွေကို မထီမဲ့မြင်ပြုပြီး လျစ်လျူရှုတဲ့ပုံစံနဲ့ သဘောထားပြုမူခဲ့တယ်။ ဒါက အသင်းတော်ရဲ့ အလုပ်ကို ထိခိုက်စေခဲ့တဲ့အပြင် ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တာကိုလည်း ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်။ ကျွန်မ တော်တော်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာ ကောင်းခဲ့တာပဲ။ ကျွန်မရဲ့ အပြုအမူက ဘယ်နေရာများ လူ့သဘာဝရှိတဲ့လူနဲ့ တူလို့လဲ။ ဒါကြောင့် ကျွန်မ ဘုရားသခင်ရှေ့မှောက် ရောက်လာပြီး “အို ဘုရားသခင်၊ သမီးက အိမ်ထောင်ရေးသုခကို လိုက်စားပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်ဘဲ ပြစ်မှားမိပါပြီ။ ကိုယ်တော်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားအရဆိုရင် သမီးက အပြစ်ဒဏ်ပေးခံရထိုက်ပါတယ်။ ဒါပေမဲ့ ကိုယ်တော်က သမီးရဲ့ ပြစ်မှားခြင်းတွေအတိုင်း မဆက်ဆံဘဲ ကိုယ့်တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး ပေးထားပါသေးတယ်။ နောက်နောင်ဆိုရင် သမီးရဲ့ တာဝန်ကို ကိုယ်တော့်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးနဲ့ ချဉ်းကပ်ပါတော့မယ်” လို့ ကိုယ့်အပြစ်တွေကို ဝန်ချတောင်းပန်ပြီး ဆုတောင်းခဲ့တယ်။

ခဏကြာတော့ ယုံကြည်သူတချို့ ထပ်ပြီး အဖမ်းခံရတယ်ဆိုတာ ယောကျ်ားက ကြားသွားပြီး ကျွန်မအပေါ် ညှဉ်းပန်းနှိပ်စက်မှုက ပိုပြင်းထန်လာတယ်။ တစ်ခါတုန်းကဆို ကျွန်မ ဘုရားသခင်ကို မယုံကြည်အောင် တားဖို့အတွက် သူ ကျွန်မအဝတ်အစားတွေ အကုန်လုံးကို မီးရှို့ပစ်တယ်။ ကျွန်မ တော်တော် ဒေါသထွက်ခဲ့တယ်။ နောက်ပိုင်းမှာ တရားမဝင် တရားဟောတဲ့ စွဲချက်နဲ့ ကျွန်မကို ဖမ်းဖို့ ရဲတွေ အိမ်ကို ရောက်လာပေမဲ့ အဲဒီအချိန်မှာ ကျွန်မ အိမ်မှာမရှိလို့ ဘေးအန္တရာယ်ကို ရှောင်လိုက်နိုင်တယ်။ အဲဒါကြောင့် ကျွန်မ ငါးလလောက် အိမ်ပြန်ဖို့ မရဲခဲ့ဘူး။ ယောကျ်ားက ဆွေမျိုးတွေဆီ ဖုန်းဆက်ပြီး ကျွန်မကို ရှာဖို့ ကြိုးစားတယ်၊ ပြီးတော့ ကျွန်မ အိမ်ပြန်လာအောင် ဖိအားပေးဖို့အတွက် ဘုရားသခင်ကို ယုံကြည်တဲ့ ကျွန်မရဲ့ ဝမ်းကွဲမောင်နှမကိုတောင် ရဲတိုင်လိုက်တယ်။ ဒါကိုကြားတော့ ကျွန်မ လန့်သွားတယ်။ သူ ဒီလိုလုပ်လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ သူက တကယ်ကို ကြောက်စရာကောင်းပြီး ယုတ်မာတယ်လို့ ခံစားလိုက်ရတယ်။ ဝမ်းကွဲကိုတောင် သွားတိုင်ရက်ရင် ကျွန်မကိုရော သူ မတိုင်ဘဲ နေပါ့မလား။ ကျွန်မတို့ အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့အတွက် ကျွန်မ ပေးဆပ်ခဲ့တာတွေကို ပြန်တွေးကြည့်တော့ မတန်ဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ အိမ်မပြန်နိုင်တော့ဘူး၊ ဒီလိုနဲ့ပဲ ကျွန်မတို့ မိသားစု ပြိုကွဲတော့မယ်၊ ပြီးတော့ ကျွန်မ အမြဲ လိုက်စားခဲ့တဲ့ ပျော်ရွှင်စရာ အိမ်ထောင်ရေးက ပျောက်ဆုံးသွားတော့မယ်ဆိုတာ တွေးမိတော့ ကျွန်မ ရင်နာနေတုန်းပဲ။ ဒီမှားယွင်းတဲ့ အခြေအနေကနေ လွတ်မြောက်အောင် လမ်းပြပေးဖို့ မျှော်လင့်ရင်း ဘုရားသခင်ရှေ့မှောက် ကျွန်မ ဆုတောင်းခဲ့တယ်။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “အိမ်ထောင်ကျပြီးသူတို့သည် ဘဝတွင် အိမ်ထောင်ကို အကြီးစားဖြစ်ရပ်တစ်ခုအဖြစ် အစဉ်မှတ်ယူပြီး အိမ်ထောင်အပေါ် လွန်စွာ အလေးထားသည်။ ထို့ကြောင့် ၎င်းတို့သည် အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းသည် ဤဘဝတွင် လိုက်စားရန် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်ဟု ယုံကြည်လျက် ၎င်းတို့ဘဝ၏ ပျော်ရွှင်မှုအားလုံးကို ၎င်းတို့၏ အိမ်ထောင်ဘဝနှင့် ၎င်းတို့၏ လက်တွဲဖော်ထံသို့ အပ်နှံကြသည်။ ဤအတွက်ကြောင့် လူများစွာတို့သည် အိမ်ထောင်ပျော်ရွှင်မှုအတွက် လွန်စွာ အားထုတ်ကြပြီး လွန်စွာ ပေးဆပ်ခြင်း၊ လွန်စွာ အနစ်နာခံခြင်းဖြစ်သည်။...ဘုရားသခင်ကို ယုံကြည်လာ ပြီးသည့်နောက် ဘုရားအိမ်တော်က ပေးသော တာဝန်နှင့် စေခိုင်းချက်တို့ကို လက်ခံသော်လည်း မိမိတို့အိမ်ထောင်၏ ပျော်ရွှင်မှု၊ ကျေနပ်မှုကို ထိန်းသိမ်းရန်အတွက် မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာလျှင် အလွန်ပင် စံမမီသော လူအချို့ပင်ရှိသည်။ နဂိုမူလက ၎င်းတို့သည် ဧဝံဂေလိတရားဟောရန် ဝေးကွာသောနေရာတစ်ခုသို့ သွားရောက်ပြီး အိမ်သို့ တစ်ပတ်တစ်ကြိမ်၊ သို့မဟုတ် အချိန်အတန်ကြာပြီး တစ်ကြိမ်ပြန်လာရမည်ဖြစ်သည်၊ သို့မဟုတ် အိမ်မှထွက်ခွာပြီး အမျိုးစုံသော ကဏ္ဍများ၌ ၎င်းတို့၏ အစွမ်းအစနှင့် အခြေအနေနှင့်အညီ ၎င်းတို့၏ တာဝန်ကို အချိန်ပြည့်ထမ်းဆောင်နိုင်သည်။ သို့သော် ၎င်းတို့၏ အဖော်က ၎င်းတို့အား မကျေမနပ်ဖြစ်မည်ကိုလည်းကောင်း၊ ၎င်းတို့၏ အိမ်ထောင်က မပျော်ရွှင်ရမည်ကိုလည်းကောင်း၊ သို့မဟုတ် ၎င်းတို့၏ အိမ်ထောင်ကို လုံးလုံး ဆုံးရှုံးရမည်ကိုလည်းကောင်း ကြောက်ရွံ့ကြသည်။ ပြီးလျှင် ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာတွင် သုံးသင့်သည့်အချိန်များစွာကို စွန့်လွှတ်ကြသည်။ အထူးသဖြင့် ၎င်းတို့၏ အဖော်က စောဒကတက်သည်ကို ကြားရသောအခါ၊ သို့မဟုတ် မကျေနပ်သည့် ပုံစံရှိသောအခါ၊ သို့မဟုတ် ညည်းညူသောအခါ ၎င်းတို့သည် ၎င်းတို့၏ အိမ်ထောင်ကို ထိန်းသိမ်းရန် ပို၍ပင် သတိထားလာကြသည်။ မိမိတို့၏ အိမ်ထောင်ဖက်ကို စိတ်ကျေနပ်စေဖို့ ၎င်းတို့ တတ်နိုင်သမျှ လုပ်ဆောင်ကြပြီး မိမိတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်နှင့် မိမိတို့၏ အိမ်ထောင်ရေး ပြိုကွဲခြင်းအား တားဆီးရန် အလွန်ကြိုးစားကြ၏။ ဤအရာထက် ပို၍ပင်ဆိုးသည်မှာ လူအချို့သည် ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် ဘုရားအိမ်တော်၏ ခေါ်ဆိုမှုကို ငြင်းဆန်ပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ရန် ငြင်းဆန်ကြခြင်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရန် အိမ်မှ ထွက်ခွာသင့်သည့်အချိန်တွင် ၎င်းတို့၏ အိမ်ထောင်ဘက်ကို မခွဲခွာနိုင်သောကြောင့်၊ သို့မဟုတ် ၎င်းတို့အိမ်ထောင်ဘက်၏ မိဘများက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုကိုလည်းကောင်း၊ ၎င်းတို့က မိမိတို့၏တာဝန်ထမ်းဆောင်ရန် မိမိတို့အလုပ်ကို စွန့်ပစ်ပြီး အိမ်မှ ထွက်ခွာခြင်းကိုလည်းကောင်း ဆန့်ကျင်သောကြောင့် ၎င်းတို့သည် ဤသို့လုပ်ရမည့်အစား ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုနှင့် ၎င်းတို့အိမ်ထောင်၏ တည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းရန် ရွေးချယ်လျက် အလျှော့ပေးပြီး ၎င်းတို့တာဝန်ကို စွန့်ပစ်ကြသည်။ ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုနှင့် ၎င်းတို့အိမ်ထောင်၏ တည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းရန်အတွက်၊ ၎င်းတို့၏ အိမ်ထောင် ပြိုကွဲခြင်း၊ အဆုံးသတ်ခြင်း မဖြစ်စေရန်အတွက် အိမ်ထောင်ဘဝရှိ ၎င်းတို့၏ တာဝန်၊ ဝတ္တရားများကိုသာ ထမ်းဆောင်ပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို စွန့်လွှတ်ရန် ရွေးချယ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၀)) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ အခြေအနေကို ဖော်ထုတ်လိုက်တာပါ။ မိန်းမတစ်ယောက်ရဲ့ ဘဝပျော်ရွှင်မှုက အိမ်ထောင်ရေး သာယာမသာယာ၊ ယောကျ်ားက ချစ်မချစ် အပေါ်မှာ မူတည်တယ်ဆိုတဲ့ မိသားစု စံနှုန်းတွေရဲ့ လွှမ်းမိုးတာကို ငယ်ငယ်ကတည်းက ကျွန်မ ခံခဲ့ရတာကိုး။ ပျော်ရွှင်စရာ မိသားစုကို လိုက်စားတာက ကျွန်မဘဝရဲ့ ပန်းတိုင်လို့ မှတ်ယူခဲ့တာ။ “ဘဝက တန်ဖိုးရှိသည်။ ချစ်ခြင်းမေတ္တာက သာ၍ပင် တန်ဖိုးရှိသည်” နဲ့ “ကိုယ့်အပေါ် အချစ်စစ်နဲ့ချစ်တဲ့ နှလုံးသားပိုင်ရှင်ကို ရပြီး သက်ဆုံးတိုင် ဘယ်တော့မှ မခွဲမခွာပေါင်းသင်းရပါလို၏” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ ကျွန်မ အသက်ရှင်နေထိုင်ခဲ့တာ။ ယောကျ်ားကို ကျွန်မဘဝရဲ့ အရေးအကြီးဆုံးလူအဖြစ် သတ်မှတ်ပြီး တစ်သက်တာ ပျော်ရွှင်မှုကို သူ့လက်ထဲ အပ်နှံထားခဲ့တယ်။ ဘုရားသခင်ကို မတွေ့ခင်တုန်းက ပျော်ရွှင်စရာ အိမ်ထောင်ရေးကို လိုက်စားရင်း ယောကျ်ားနဲ့ မိသားစုအတွက် ကျွန်မ အပြည့်အဝ သစ္စာစောင့်သိခဲ့တယ်။ ဘုရားသခင်ကို တွေ့ပြီးတဲ့နောက်မှာတော့ တရုတ်ကွန်မြူနစ်ပါတီ ဖြန့်တဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေရဲ့ လွှမ်းမိုးမှုကြောင့် ယောကျ်ားက ကျွန်မကို စပြီး ညှဉ်းပန်းနှိပ်စက်တယ်၊ ဘုရားသခင်ကို မယုံကြည်ဖို့ တားမြစ်တယ်၊ ကွာရှင်းမယ်လို့တောင် ခြိမ်းခြောက်ပြီး အကြမ်းဖက်မှုတွေပါ အားကိုးလာတယ်။ ကျွန်မတို့ရဲ့ ဒီအိမ်ထောင်ရေးကို မဆုံးရှုံးရအောင် ကျွန်မ တိတ်တိတ်လေး ဆက်ပြီး သည်းခံတယ်၊ အလျှော့ပေးတယ်၊ သူ ကျွန်မကို အေးစက်စက် ဆက်ဆံပြီး လှောင်ပြောင်တဲ့အခါမှာတောင် သူ့အလိုကျအောင် ကျွန်မ တက်တက်ကြွကြွ ကြိုးစားပေးခဲ့တယ်၊ အိမ်မှုကိစ္စတွေ လုပ်ပေးဖို့ အချိန်ပိုပေးခဲ့ပြီး ကျွန်မ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တွေကို လစ်လျူရှုခဲ့မိတယ်။ အထူးသဖြင့် ကျွန်မ တရားဟောဆရာမ ဖြစ်နေတဲ့အချိန်မှာ ဒီတာဝန်က အရေးကြီးတယ်၊ အသင်းတော်တချို့ရဲ့ အလုပ်နဲ့ သက်ဆိုင်တယ်ဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အိမ်ထောင်ရေး ပြိုကွဲမှာကို စိုးရိမ်ခဲ့လို့ ယောကျ်ားနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ ကျွန်မ ခဏခဏ အိမ်ပြန်ခဲ့ပြီး ကိုယ့်တာဝန်တွေကို စိတ်နှလုံးအကြွင်းမဲ့ မလုပ်ဆောင်နိုင်ခဲ့ဘူး။ အသင်းတော်တွေမှာ အန္တိခရစ်တွေနဲ့ အယောင်ဆောင်ခေါင်းဆောင်တွေ ပေါ်လာတဲ့အခါမှာတောင် ကျွန်မက ကိုယ့်မိသားစု မကွဲအောင် ထိန်းသိမ်းဖို့ ကြိုးစားနေတော့ သူတို့ကို အချိန်မီ ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တယ်။ ဒါက အသင်းတော်ရဲ့ အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ယောကျ်ားနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့၊ အိမ်ထောင်ရေးကို ကယ်တင်ဖို့အတွက် ကျွန်မက ကိုယ့်ဝတ္တရားတွေနဲ့ တာဝန်တွေကို လုံးဝ လျစ်လျူရှုခဲ့ပြီး ဆိုးရွားတဲ့ ပြစ်မှားခြင်းတွေကို ကျူးလွန်ခဲ့မိတယ်။ ကျွန်မ ဘယ်လောက်တောင် စိတ်နှလုံးမာကျောပြီး တစ်ကိုယ်ကောင်းဆန်ခဲ့လဲဆိုတာ မြင်လိုက်ရတယ်။ ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တကယ်ကို မုန်းတီးမိတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ခဲ့တယ်။ “သင့်အနေဖြင့် သင်၏ တာဝန်များကို ဖြည့်ဆည်းတတ်ဖို့ သင်ယူနိုင်ရန်၊ အခြားလူတစ်ယောက်နှင့် အတူတကွ ငြိမ်းချမ်းစွာနေထိုင်ပြီး ဘဝကို အတူတကွမျှဝေတတ်ဖို့ သင်ယူနိုင်ရန်၊ သင်၏ လက်တွဲဖော်နှင့် အတူမျှဝေခံစားသည့် ဘဝက အဘယ်ကဲ့သို့ဖြစ်သည်ဆိုသည်နှင့် သင်တို့အတူတကွ ကြုံတွေ့သည့် အရာများအားလုံးအား မည်သို့ကိုင်တွယ်ရမည်ဆိုသည်တို့ကို တွေ့ကြုံခံစားပြီး သင်၏ ဘဝကို ပို၍ကြွယ်ဝကာ ပို၍ ထူးခြားစေနိုင်ရန်အလို့ငှာ သင့်အတွက် အိမ်ထောင်ကို ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းပေးခဲ့သည်။ သို့ရာတွင် သူသည် သင့်အား အိမ်ထောင်ထံသို့ လွှဲအပ်လိုက်ခြင်းမရှိပေ။ ပြီးလျှင် သင့်အား သင်၏ လက်တွဲဖော်ထံသို့ သူ၏ကျွန်ဖြစ်ရန် ရောင်းမစားသည်မှာ အမှန်ပင်ဖြစ်သည်။ သင်သည် သူ၏ ကျွန်မဟုတ်ပေ။ သူသည်လည်း သင်၏ သခင်မဟုတ်ပေ။ သင်တို့သည် တန်းတူညီမျှ ဖြစ်ကြသည်။ သင်သည် သင်၏ ဘဝလက်တွဲဖော်အတွက် ဇနီးသည်တစ်ဦး (သို့မဟုတ် ခင်ပွန်း)၏ တာဝန်သာရှိပြီး ဤတာဝန်များကို သင် ကောင်းမွန်စွာ ဖြည့်ဆည်းသည့်အခါတွင် ဘုရားသခင်က သင့်အား စံနှုန်းပြည့်မီသော ဇနီးတစ်ဦး (ခင်ပွန်း)အဖြစ် သတ်မှတ်လေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားလျှင်၊ သင့်တာဝန်ကို ထမ်းဆောင်နိုင်လျှင်၊ စုဝေးပွဲများကို မကြာခဏ တက်နိုင်လျှင်၊ ဘုရားနှုတ်ကပတ်တော်ကို ဆုတောင်းရင်းဖြင့် ဖတ်ရှုပြီး ဘုရားရှေ့သို့ လာနိုင်လျှင် ဤအရာများသည် ဘုရားသခင် လက်ခံသောအရာများဖြစ်ပြီး ဖန်ဆင်းခံတစ်ယောက် လုပ်ဆောင်သင့်သည့်အရာများဖြစ်ကာ ဖန်ဆင်းခံတစ်ယောက် နေထိုင်သင့်သည့် သာမန်ဘဝဖြစ်သည်။ ဤအရာနှင့်ပတ်သက်ပြီး ရှက်ဖွယ်ကောင်းသည့်အရာမရှိသကဲ့သို့ ဤသို့သောဘဝမျိုးကို နေထိုင်ရသောကြောင့် သင်၏ လက်တွဲဖော်အပေါ် တစ်ခုတလေ အကြွေးတင်သည်ဟုလည်း မခံစားရပေ။ သင်သည် သူ့အပေါ် မည်သည့်အရာမျှ အကြွေးမတင်ပေ။ သင်ဆန္ဒရှိလျှင် သင်၏ လက်တွဲဖော်အား ဘုရားသခင်၏ အမှုတော်ကို သက်သေခံရန် သင့်၌ ဝတ္တရားရှိသည်။ သို့ရာတွင် သူက ဘုရားသခင်ကို မယုံကြည်လျှင်၊ သင်နှင့် စိတ်တူကိုယ်တူ မဟုတ်ဘဲ တူညီသော လမ်းကြောင်းကို လိုက်မလျှောက်လျှင် သင်၏ ယုံကြည်ခြင်း၊ သို့မဟုတ် သင်လိုက်လျှောက်သော လမ်းကြောင်းနှင့်ပတ်သက်သော တစ်ခုခု၊ သို့မဟုတ် သတင်းအချက်အလက်တစ်ခုခုကို သူ့အား ပြောပြရန်၊ သို့မဟုတ် ရှင်းလင်းပြရန် မလိုအပ်သကဲ့သို့ ဝတ္တရားလည်းမရှိပေ။ သူသည် ဤအကြောင်း သိပိုင်ခွင့် တစ်စုံတစ်ရာလည်း မရှိပေ။ သင့်အား ပံ့ပိုးရန်၊ အားပေးရန်၊ ခုခံကာကွယ်ပေးရန်မှာ သူ၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ သူသည် ဤသို့ မလုပ်ဆောင်နိုင်လျှင် လူ့သဘာဝကင်းမဲ့သည်။ အဘယ်ကြောင့်နည်း။ လမ်းမှန်ကို သင်လိုက်လျှောက်သောကြောင့်ဖြစ်သည်။ သင်၏မိသားစုနှင့် သင့်လက်တွဲဖော်က သင်နှင့်အတူ ကောင်းချီးခံစားရပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရခြင်းသည် လမ်းမှန်ကို သင်လိုက်လျှောက်သောကြောင့်ဖြစ်သည်။ သင်၏လက်တွဲဖော်သည် သင်၏ယုံကြည်ခြင်းကြောင့်၊ သို့မဟုတ် သင် ဖိနှိပ်ခံရသောကြောင့် သင့်အား ခွဲခြားဆက်ဆံခြင်း၊ သို့မဟုတ် အနိုင်ကျင့်ခြင်း၊ သို့မဟုတ် အိမ်အလုပ်များနှင့် အခြားသောအရာများကို သင် ပို၍ လုပ်သင့်သည်၊ သို့မဟုတ် သင်သည် သူ့အပေါ် တစ်စုံတစ်ခု အကြွေးတင်သည်ဟု ယုံကြည်ခြင်းတို့ထက် သင်၏ လက်တွဲဖော်သည် ဤအတွက် ကျေးဇူးတင်ပိုင်ခွင့်သာ ရှိသည်။ သူသည် သူ့အပေါ် စိတ်ခံစားချက်ဆိုင်ရာ၊ ဝိညာဉ်ရေးဆိုင်ရာ၊ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့် အကြွေးမတင်ပေ။ သူက သင့်အပေါ် အကြွေးတင်သည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကြောင့် သူသည် ဘုရားသခင်ထံမှ ကျေးဇူးတော်နှင့် ကောင်းချီးများကို ပို၍ ခံစားရသည်။ သူသည် ဤအရာများကို ခြွင်းချက်အနေဖြင့် ရရှိသည်။ ‘သူသည် ဤအရာများကို ခြွင်းချက်အနေဖြင့် ရရှိသည်’ ဆိုသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ ဤသို့သောသူတစ်ယောက်သည် ဤအရာများနှင့် မထိုက်တန်သကဲ့သို့ ဤအရာများကို မရရှိသင့်ပေဟု ငါဆိုလိုသည်။ အဘယ်ကြောင့် မရရှိသင့်သနည်း။ သူသည် ဘုရားသခင်နောက်သို့ မလိုက်သောကြောင့်၊ သို့မဟုတ် ဘုရားသခင်ကို အသိအမှတ် မပြုသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ ခံစားရသော ကျေးဇူးတော်သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကြောင့် ဖြစ်ပေါ်သည်။ သူသည် သင်နှင့်အတူ အကျိုးအမြတ်ရရှိပြီး သင်နှင့်အတူ ကောင်းချီးများကို ခံစားရသည်။ သူ့အနေဖြင့် သင့်အား ကျေးဇူးတင်မှသာ မှန်ကန်သည်။...မယုံကြည်သောသူများသည် ကျေနပ်မှုမရှိသကဲ့သို့ ဘုရားသခင်အား ယုံကြည်သူများကို ဖိနှိပ်ပြီး အနိုင်ကျင့်ခြင်းပင် လုပ်ဆောင်ကြသည်။ နိုင်ငံနှင့် လူ့အဖွဲ့အစည်းက ယုံကြည်သူတို့အပေါ် သက်ရောက်စေသော ဖိနှိပ်မှုသည် ၎င်းတို့အတွက် ဘေးဒုက္ခဖြစ်နေပြီဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့၏ မိသားစုဝင်များသည် ပို၍ပင် လုပ်ဆောင်ကာ ဖိအားကို တိုးပွားစေသည်။ ဤသို့သော အခြေအနေမျိုးတွင် သင်သည် ၎င်းတို့ကို စိတ်ပျက်စေသည်ဟု ယုံကြည်ကာ သင့်အိမ်ထောင်အတွက် ကျွန်ဖြစ်လာလိုစိတ်ရှိဆဲဖြစ်လျှင် ဤသည်မှာ အမှန်ပင် သင်မလုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့က ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုကို အားမပေးလျှင် ကိစ္စမရှိပေ။ ဤသို့ဆိုလျှင် ၎င်းတို့က ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုကို ကာကွယ်မပေးလျှင်လည်း ကိစ္စမရှိပေ။ ၎င်းတို့သည် ဤအရာများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်သည်။ သို့ရာတွင် ဘုရားသခင်ကို သင်ယုံကြည်သောကြောင့် သင့်ကို ကျွန်အဖြစ် ၎င်းတို့ မဆက်ဆံသင့်ပေ။ သင်သည် ကျွန်တစ်ယောက်မဟုတ်ပေ။ လူသားတစ်ယောက်၊ ဂုဏ်ရှိသော၊ ဖြောင့်မတ်သောသူတစ်ယောက်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်ရှေ့တွင် ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး မည်သူမျှ၏ ကျွန် မဟုတ်ပေ။ သင်သည် ကျွန်ဖြစ်ရမည်ဆိုလျှင် သမ္မာတရားအတွက်သာ ကျွန်ဖြစ်နိုင်သည်။ ဘုရားသခင်အတွက် ကျွန်ဖြစ်နိုင်သည်။ မည်သူမျှ၏ ကျွန် မဖြစ်နိုင်ပေ။ သင်၏ အိမ်ထောင်ဘက်အား သင်၏ အရှင်သခင်အဖြစ်ထားရှိဖို့ဆိုလျှင် ပို၍ပင် မရပေ။ ဇာတိပကတိဆိုင်ရာ လောက၏ ဆက်ဆံရေးများအရ သင်၏ မိဘများမှလွဲပြီး ဤကမ္ဘာလောက၌ သင်နှင့် အနီးစပ်ဆုံးသူသည် သင်၏ အိမ်ထောင်ဘက်ဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင်ကို သင် ယုံကြည်ရုံဖြင့် သူသည် သင့်အား ရန်သူတစ်ယောက်ကဲ့သို့ ဆက်ဆံပြီး သင့်အား တိုက်ခိုက်၊ ဖိနှိပ်သည်။ သူသည် သင်တို့ စုဝေးပွဲများ တက်ရောက်ခြင်းကို ကန့်ကွက်၏။ သူသည် အတင်းအဖျင်း တစ်စုံတစ်ရာ ကြားလျှင် အိမ်သို့ပြန်လာကာ သင့်ကို ချက်ချင်းပင် ဆူပူကြိမ်းမောင်း၍ ရိုက်နှက်၏။ သင် အိမ်၌ ဆုတောင်းနေ၍ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနေ၍ သူ၏ သာမန်အသက်တာကို လုံးဝ မထိခိုက်စေသည့်အခါ၌ပင် သူသည် သင့်ကို ဆူပူကြိမ်းမောင်း၍ ဆန့်ကျင်မည်ဖြစ်ပြီး ရိုက်နှက်သည်အထိပင် ပြုလိမ့်မည်။ ငါ့အား ပြောလော့၊ သူသည် မည်သို့သော သတ္တဝါမျိုး ဖြစ်သနည်း။ သူသည် မကောင်းဆိုးဝါးတစ်ကောင် မဟုတ်လော။ ဤသည်မှာ သင်နှင့် အနီးဆုံးသူဖြစ်သလော။ ဤသို့သောသူသည် သင့်အား သူ့အပေါ် မည်သည့်တာဝန်ကိုမဆို ဖြည့်ဆည်းစေရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) ဤသို့သော အိမ်ထောင်မျိုးတွင်ရှိသည့် လူအချို့သည် ၎င်းတို့လက်တွဲဖော်၏ အလိုကျ ရှိနေဆဲဖြစ်သည်။ အရာရာကို အနစ်နာခံလိုစိတ်ရှိဆဲဖြစ်ပြီး မိမိတို့တာဝန်ကို ထမ်းဆောင်လျက် ကုန်ဆုံးသင့်သည့်အချိန်၊ မိမိတို့တာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးနှင့် ကယ်တင်ခြင်းရရန် အခွင့်အရေးကိုပင် စွန့်လွှတ်လိုစိတ်ရှိနေဆဲဖြစ်သည်။ ဤအရာများကို ၎င်းတို့ မလုပ်ဆောင်သင့်ပေ။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဤသို့သော အယူအဆများကို စွန့်လွှတ်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) ဘုရားသခင်က လူတွေအတွက် အိမ်ထောင်ရေးကို စီစဉ်ပေးထားတာဟာ တာဝန်တွေ ကောင်းကောင်း ဖြည့်ဆည်းတာကို သင်ယူကြဖို့နဲ့ ပြည့်စုံကြွယ်ဝတဲ့ ဘဝကို တွေ့ကြုံခံစားကြဖို့အတွက် ဖြစ်ပြီး အိမ်ထောင်ရေးရဲ့ ကျွန်ဖြစ်ဖို့ မဟုတ်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ အိမ်ထောင်ရေးမှာ တာဝန်တွေကို ကျေပွန်ဖို့အတွက် စည်းမျဉ်းတွေ ရှိသင့်တယ်။ တစ်ဖက်လူက လူ့သဘာဝကောင်းပြီး ဘုရားသခင်ကို ကိုယ့်ယုံကြည်မှုမှာ ထောက်ခံတယ်ဆိုရင် အိမ်ထောင်ရေး ဘောင်အတွင်းမှာ ကျွန်မတို့ဘက်က တာဝန်တွေ ကျေပွန်နိုင်တယ်။ ဒါပေမဲ့ တစ်ဖက်လူက ဘုရားသခင်ကို ယုံကြည်တာကို တားဆီးပိတ်ပင်ပြီး ညှဉ်းပန်းနှိပ်စက်တာ၊ ပြစ်တင်ရှုတ်ချတာတွေပါ လုပ်တယ်ဆိုရင် ဒီနတ်ဆိုးက သူ့ရဲ့ သရုပ်မှန်ကို ပြနေတာဖြစ်ပြီး သူ့ရဲ့ အနှစ်သာရက ဘုရားသခင်ကို မုန်းတီးတာပါ။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ကျွန်မတို့ဘက်က ကိုယ့်တာဝန်တွေကို ကျေပွန်ဖို့ မလိုတော့ဘူး။ လူတစ်ယောက်က အကောင်းနဲ့အဆိုးကို မခွဲခြားနိုင်ဘဲ ဒီလိုအိမ်ထောင်ဖက်မျိုးကို ဆက်ပြီး ဖက်တွယ်ထားချင်တယ်ဆိုရင် သူဟာ လုံးဝကို မိုက်မဲပြီး မသိနားမလည်သူ ဖြစ်နေပါပြီ။ ကျွန်မ ဘုရားသခင်ကို ယုံကြည်ပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တာဟာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ခံရပြီး တရားအမျှတဆုံးအရာ ဖြစ်ပေမဲ့ ယောကျ်ားက ကျွန်မကို မထောက်ခံတဲ့အပြင် ရန်သူလို ဆက်ဆံတယ်၊ ရိုက်နှက်တယ်၊ ဆဲဆိုတယ်၊ ဘုရားသခင်ကို ယုံကြည်တာ စွန့်လွှတ်အောင် ဖိအားပေးဖို့ ကွာရှင်းမယ်လို့ ခြိမ်းခြောက်တယ်။ ယောကျ်ားက ဘုရားသခင်ကို မုန်းတီးပြီး သူ့ရဲ့ အနှစ်သာရက နတ်ဆိုးဖြစ်တယ်ဆိုတာကို အဖြစ်မှန်တွေက ရှင်းရှင်းလင်းလင်း ဖော်ပြနေတယ်။ တရုတ်ကွန်မြူနစ်ပါတီက ကျွန်မကို လိုက်ဖမ်းနေပြီး အိမ်ပြန်လာရင် အချိန်မရွေး အဖမ်းခံရနိုင်မှန်း သူ ကောင်းကောင်းသိရက်နဲ့ ကျွန်မ အိမ်ပြန်လာအောင် ဖိအားပေးဖို့ ကျွန်မရဲ့ ဝမ်းကွဲမောင်နှမကို ရဲသွားတိုင်ခဲ့တယ်။ သူက ကျွန်မ သေတာရှင်တာကို ဂရုမစိုက်ဘူး။ သူက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာတယ်။ အရင်တုန်းက သူ ကျွန်မအပေါ် ကောင်းခဲ့တာက ကျွန်မက မိသားစုနဲ့ သူ့အမေကို ပြုစုစောင့်ရှောက်ပေးနိုင်လို့၊ သူ့အတွက် အကျိုးရှိလို့ဆိုတာ နောက်မှ ကျွန်မ သဘောပေါက်လိုက်တယ်။ အဲဒီလိုမဟုတ်ရင် သူ ကျွန်မကို ကွာရှင်းတာ ကြာပြီပေါ့။ သူက ကျွန်မကို တကယ်ချစ်တာ မဟုတ်ဘူး၊ သူ့မျက်လုံးထဲမှာ ကျွန်မက သူ့ရည်ရွယ်ချက် ပြည့်မြောက်ဖို့အတွက် အသုံးချခံသက်သက်ပဲ။ ဒါပေမဲ့ ကျွန်မကတော့ သူ့ကို ကျွန်မရဲ့ အားကိုးရာလို့ အမြဲသတ်မှတ်ခဲ့ပြီး ပျော်ရွှင်မှုအားလုံးကို သူ့လက်ထဲ အပ်နှံထားခဲ့တယ်။ သူ့ကို ဆွဲထားဖို့နဲ့ သူသဘောကျလာဖို့အတွက် ကိုယ့်တာဝန်တွေကိုတောင် ဘေးဖယ်ထားခဲ့တယ်။ ဒါကို တွေးမိတော့ ကျွန်မ အရူးလုပ်ခံလိုက်ရမှန်း သဘောပေါက်သွားပြီး ကျွန်မ ဘယ်လောက်တောင် ကန်းခဲ့လဲဆိုတာ မြင်လိုက်ရတယ်။ အခုတော့ ယောကျ်ားရဲ့ အနှစ်သာရဟာ ဘုရားသခင်ကို မုန်းတီးတဲ့ နတ်ဆိုးဆိုတာ ကျွန်မအတွက် ရှင်းသွားပါပြီ။ ဘုရားသခင်ကို မုန်းတီးတဲ့လူဆီကနေ ကျွန်မ ဘယ်လိုလုပ် ပျော်ရွှင်မှု ရှာတွေ့နိုင်မှာလဲ။ သူနဲ့ဆိုရင် ပျော်ရွှင်မှု မတွေ့နိုင်ရုံတင်မကဘဲ သူ ဒုက္ခပေးတာတွေပါ ပိုပြီး ခံစားရမှာ။ သူ့ရဲ့ ဘောင်ခတ်တာကို ကျွန်မ ဆက်ခံလို့မရတော့ဘူး။ သမ္မာတရားကို လုံ့လရှိရှိ လိုက်စားရမယ်၊ ပြီးတော့ ကိုယ့်တာဝန်တွေကို အစွမ်းကုန် ကောင်းကောင်း ဖြည့်ဆည်းဖို့ ကြိုးစားရမယ်။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “အိမ်ထောင်ရေးနှင့်ပတ်သက်လျှင် မည်သည့်အက်ကြောင်းများ ဖြစ်ပေါ်ပါစေ၊ မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်ပါစေ၊ အိမ်ထောင်က ရှေ့ဆက်သည်ဖြစ်စေ၊ မဆက်သည်ဖြစ်စေ၊ သင့်အိမ်ထောင်အတွင်းတွင် ဘဝသစ်တစ်ခုကို စတင်သည်ဖြစ်စေ၊ သင့်အိမ်ထောင်ရေးက ရုတ်ချည်း ဆုံးသတ်သွားသည်ဖြစ်စေ သင့်အိမ်ထောင်ရေးသည် သင်၏ ခရီးပန်းတိုင်မဟုတ်ဘဲ သင့်အိမ်ထောင်ဘက်သည်လည်း သင်၏ ခရီးပန်းတိုင်မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘဝတစ်လျှောက် သင်၏ လမ်းကြောင်းတွင် သင့်ကို အဖော်ပြုသည့် အခန်းကဏ္ဍ၌ ပါဝင်ရန်အတွက် သင့်ဘဝနှင့် သင်၏ ဖြစ်တည်မှုတွင် ပေါ်လာရန် သူ့ကို ဘုရားသခင်က စီမံထားခြင်းသာဖြစ်သည်။ သူသည် သင့်အား လမ်းဆုံးအထိ တစ်လျှောက်လုံး အဖော်ပြုပြီး သင်နှင့်အတူ တကယ့်အဆုံးတိုင်အောင် သွားရောက်နိုင်လျှင် ဤထက်ပို၍ ကောင်းသောအရာမရှိဘဲ ဘုရားသခင်၏ ကျေးဇူးတော်အတွက် ဘုရားသခင်ကို သင် ကျေးဇူးတင်သင့်သည်။ အိမ်ထောင်တွင် ပြဿနာတစ်ခုရှိလျှင်၊ အက်ကြောင်းများပေါ်လာသည်ဖြစ်စေ၊ သင်မနှစ်သက်သောအရာတစ်ခု ဖြစ်ပျက်ပြီး အဆုံး၌ သင့်အိမ်ထောင်က အဆုံးသတ်သည်ဖြစ်စေ သင့်တွင် ခရီးပန်းတိုင်မရှိတော့ဟူ၍လည်းကောင်း၊ သင့်ဘဝက ယခုတွင် မှောင်မိုက်ထဲသို့ ကျရောက်သည်ဟူ၍လည်းကောင်း၊ အလင်းမရှိတော့ဘဲ သင့်၌ အနာဂတ်မရှိဟူ၍လည်းကောင်း မဆိုလိုပေ။ သင့်အိမ်ထောင်အဆုံးသတ်ခြင်းသည် ပို၍ကောင်းမွန်သောဘဝ၏ အစ ဖြစ်နိုင်သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ ဘုရားသခင် စီစဉ်ညွှန်ကြားပြီး စီမံသည်။ သင့်အိမ်ထောင် အဆုံးသတ်ခြင်းက သင့်အား အိမ်ထောင်ရေးအပေါ် ပို၍လေးနက်သော သဘောပေါက်မှုနှင့် တန်ဖိုးထားမှု၊ ပို၍လေးနက်သော နားလည်မှုကို ပေးခြင်း ဖြစ်နိုင်သည်။ သင့်အိမ်ထောင်ရေး အဆုံးသတ်ခြင်းသည် သင်၏ဘဝပန်းတိုင်များနှင့် ဦးတည်ချက်၊ သင်လျှောက်သော လမ်းကြောင်းတို့တွင် သင့်အတွက် အရေးကြီးသော အလှည့်အပြောင်းဖြစ်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းက သင့်ထံသို့ ယူဆောင်လာမည့်အရာမှာ စိတ်ပျက်စရာကောင်းသော အမှတ်တရများ ဖြစ်မည်မဟုတ်ဘဲ နာကျင်သော အမှတ်တရများဆိုလျှင် ပို၍ပင် မဟုတ်သကဲ့သို့ အားလုံးက အပျက်သဘောဆောင်သော အတွေ့အကြုံများနှင့် ရလဒ်များလည်း ဖြစ်မည်မဟုတ်ပေ။ ထိုထက် သင်အိမ်ထောင်ကျဆဲဖြစ်လျှင် သင့်တွင် မရှိနိုင်သည့် အပြုသဘောဆောင်သော၊ တက်ကြွသော အတွေ့အကြုံများကို သယ်ဆောင်ပေးလိမ့်မည်။ သင်၏အိမ်ထောင် ဆက်လက်မြဲနေလျှင်၊ သင်သည် သင်၏ နောက်ဆုံးအချိန်အထိ ဤရိုးသော၊ သာမန်မျှသာဖြစ်သော၊ ငြီးငွေ့ဖွယ်ကောင်းသောဘဝကို အစဉ်သဖြင့် နေထိုင်ကောင်း နေထိုင်ရနိုင်သည်။ သို့ရာတွင် သင့်အိမ်ထောင်ရေးက အဆုံးသတ်ပြီး ပြိုကွဲလျှင် ဤသည်မှာ သေချာပေါက် မကောင်းသည့်အရာတစ်ခု မဟုတ်ပေ။ သင်သည် ယခင်က သင့်အိမ်ထောင်ရေး၏ ပျော်ရွှင်မှုနှင့် တာဝန်တို့၏ ချုပ်ချယ်ခြင်းကို ခံရပြီး စိတ်ခံစားချက်များ၊ သို့မဟုတ် သင့်အိမ်ထောင်ဘက်အတွက် သင်အရေးစိုက်သည့် ရှင်သန်နေထိုင်မှုပုံစံ၊ သူ့အား သင်ကြည့်ရှုစောင့်ရှောက်ခြင်း၊ သူ့အတွက် ထည့်သွင်းစဉ်းစားပေးခြင်း၊ သူ့အတွက် ဂရုစိုက်ခြင်း၊ သူ့အတွက် စိတ်ပူခြင်းတို့အားဖြင့်ပါ ချုပ်ချယ်ခြင်းခံရသည်။ သို့ရာတွင် သင့်အိမ်ထောင်ရေး အဆုံးသတ်သည့်နေ့မှစ၍ သင့်ဘဝ၏ အခြေအနေအားလုံး၊ ရှင်သန်နေထိုင်ခြင်းအတွက် သင်၏ ပန်းတိုင်များနှင့် သင်၏ ဘဝလိုက်စားမှုများသည် လုံးလုံးလျားလျား၊ အပြည့်အဝ ပြောင်းလဲမှုကို ကြုံရသည်။ ဤပြောင်းလဲမှုသည် သင်၏အိမ်ထောင်ရေး အဆုံးသတ်ခြင်းအားဖြင့် သင့်ထံ၌ ဖြစ်ပေါ်သည်ဟု ဆိုရမည်။ ဤသည်မှာ ဤရလဒ်၊ ပြောင်းလဲမှု၊ အကူးအပြောင်းသည် ဘုရားသခင်က သင့်အတွက် စီမံထားသည့် အိမ်ထောင်မှတစ်ဆင့် သင့်အား ရရှိရန် ဘုရားသခင် ရည်ရွယ်သည့်အရာ ဖြစ်နိုင်သည်။ သင့်အိမ်ထောင်ရေးအား အဆုံးသတ်စေခြင်းအားဖြင့် သင် ရရှိရန် ဘုရားသခင်က ရည်ရွယ်သောအရာ ဖြစ်နိုင်သည်။ သင်သည် နာကျင်ပြီး ကွေ့ကောက်သောလမ်းကြောင်းကို ယူဆောင်ခဲ့သော်လည်း၊ သင်သည် အိမ်ထောင်ရေး၏ စည်းဘောင်အတွင်းတွင် မလိုအပ်သော အနစ်နာခံမှုနှင့် အလျှော့ပေးမှုအချို့ကို လုပ်ဆောင်ခဲ့သော်လည်း အဆုံး၌ သင်ရရှိသည့်အရာမှာ အိမ်ထောင်သည်ဘဝအတွင်းတွင် မရရှိနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ ကျွန်မရဲ့ စိတ်နှလုံး လင်းသွားသလို ခံစားရတယ်။ ဘုရားသခင်က လူတွေအတွက် အိမ်ထောင်ရေးကို အမိန့်နဲ့ ပြဋ္ဌာန်းထားပေမဲ့ အိမ်ထောင်ရေးက လူသားတွေရဲ့ ပန်းတိုင် မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ အိမ်ထောင်ရေးက ပျော်ရွှင်ပြီး ပြည့်စုံတာပဲဖြစ်ဖြစ်၊ ပြိုကွဲပြီး အဆုံးသတ်သွားတာပဲဖြစ်ဖြစ်၊ ဒါက အဲဒီလူမှာ ကောင်းမွန်တဲ့ ပန်းတိုင် ရှိမရှိဆိုတာနဲ့ ဘာမှမဆိုင်တဲ့အပြင် သူတို့ဘဝ ပျော်ရွှင်မလားဆိုတာကိုလည်း အဆုံးအဖြတ် မပေးပါဘူး။ ဒါပေမဲ့ ကျွန်မက အိမ်ထောင်ရေးကို ကိုယ့်ပန်းတိုင်အနေနဲ့၊ ယောကျ်ားကို ကိုယ့်အားကိုးရာအနေနဲ့ သတ်မှတ်ခဲ့တော့ ကိုယ့်အိမ်ထောင်ရေး ပြိုကွဲပြီး နာမည်ခံလောက်ပဲ ကျန်တာ မြင်ရတဲ့အခါ ကျွန်မမှာ ပန်းတိုင်၊ ဒါမှမဟုတ် အားကိုးရာ မရှိတော့ဘူးလို့ ခံစားလိုက်ရတယ်။ ကျွန်မ စိတ်လေးလံလာပြီး အထီးကျန်သလို၊ အားကိုးရာမဲ့သလို ခံစားရတယ်၊ ရှေ့ဆက်ရမဲ့ဘဝကို ဘယ်လိုရင်ဆိုင်ရမလဲ မသိတော့ဘူး။ ကျွန်မရဲ့ အမြင်တွေက သမ္မာတရားနဲ့ မကိုက်ညီဘူးဆိုတာ အခု ကျွန်မ သဘောပေါက်သွားပါပြီ။ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်လိုက်ရတာက ကိုယ့်အိမ်ထောင်ရေး ပြိုကွဲသွားတာဟာ လူတစ်ယောက်မှာ အနာဂတ်မရှိတော့ဘူး၊ ဒါမှမဟုတ် ဘဝက မျှော်လင့်ချက်မဲ့သွားမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ပိုပြီးအံ့သြစရာကောင်းတဲ့ ဘဝတစ်ခုရဲ့ အစဖြစ်နိုင်ပါတယ်။ အရင်တုန်းက ပျော်ရွှင်စရာ အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့အတွက် အိမ်တွင်းအိမ်ပြင် အလုပ်တွေ အကုန်လုပ်ခဲ့တယ်၊ ခါးနာတဲ့အထိ တစ်နေ့ကုန် အလုပ်လုပ်ခဲ့ရပြီး ယောကျ်ားရဲ့ မျက်နှာရိပ်မျက်နှာကဲကိုလည်း ကြည့်ခဲ့ရတယ်။ ဒါပေမဲ့ ပိုဆိုးတာက ကိုယ့်တာဝန်တွေကို ကျွန်မ အပြည့်အဝ သစ္စာစောင့်သိနိုင်တာမျိုး မရှိခဲ့ဘူး။ ကျွန်မက ဝတ်ကျေတမ်းကျေပဲ လုပ်ခဲ့လို့ အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ရင်ထဲမှာ ကျောက်တုံးကြီး ဖိထားသလို ခဏခဏ စိတ်မသန့်ဖြစ်ခဲ့ရပြီး စိတ်ဆင်းရဲပြီး ပင်ပန်းတဲ့ အခြေအနေမှာပဲ အသက်ရှင်ခဲ့ရတယ်။ အိမ်ထောင်ရေးသုခကို လိုက်စားတာက ကျွန်မကို ဝိညာဉ်ရေးရာ ဖိနှိပ်မှုနဲ့ နာကျင်မှုတွေပဲ ပိုပေးခဲ့တာ။ လွန်ခဲ့တဲ့ သုံးလေးလလောက်က တရုတ်ကွန်မြူနစ်ပါတီရဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျွန်မ အိမ်မပြန်နိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ စိတ်ကို တည်ငြိမ်အောင်ထားလိုက်တော့ ခန္ဓာကိုယ်က သိပ်မပင်ပန်းတော့ဘဲ ရင်ထဲမှာလည်း အရင်ကထက် အများကြီး ပေါ့ပါးသွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့ ကိုယ့်စိတ်ကို ငြိမ်သက်စေပြီး ညီအစ်ကိုမောင်နှမတွေနဲ့ အသင်းတော် အသက်တာကို အသက်ရှင်တဲ့အခါ သမ္မာတရားတချို့ကို ကျွန်မ နားလည်လာပြီး ကိုယ့်စိတ်နှလုံးထဲမှာ ဝမ်းမြောက်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ဒါက ကျွန်မအသက်တာအတွက် တကယ်ကို အကျိုးရှိပါတယ်။ အခု ယောကျ်ားရဲ့ အဖော်ပြုတာ၊ ဂရုစိုက်တာတွေ မရှိတော့ပေမဲ့ အခက်အခဲတွေ၊ နာကျင်မှုတွေ ကြုံရတဲ့အခါ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုနဲ့အတူ ဘုရားသခင်က ကျွန်မဘေးနားမှာ ရှိနေပြီး ကိုယ်တော်ကသာ ကျွန်မရဲ့ စစ်မှန်တဲ့ အားကိုးရာဖြစ်မှန်း ကျွန်မ ခံစားခဲ့ရတယ်။ ဒါတွေကို နားလည်သဘောပေါက်လိုက်တော့ ကိုယ့်အိမ်ထောင်ရေး တည်မြဲဖို့အတွက် ကျွန်မ စိတ်မပူတော့ဘူး။ အကြာကြီး ဖိနှိပ်ခံထားရတဲ့ ကျွန်မရဲ့ စိတ်နှလုံးဟာ လွတ်မြောက်သွားသလို ခံစားလိုက်ရတယ်။ နောက်ပိုင်းမှာ တခြားဒေသတွေမှာ ကိုယ့်တာဝန်ကို ကျွန်မ ဆက်ထမ်းဆောင်ပြီး အိမ်မပြန်တော့ဘူး။

သုံးနှစ်လောက်ကြာတဲ့ တစ်နေ့မှာ ပန်းခြံထဲက ညီအစ်မတစ်ယောက်နဲ့ တွေ့ဖို့ ကျွန်မ ချိန်းထားတုန်း လမ်းမှာ ကျွန်မယောကျ်ားရဲ့ ယောက်ဖနဲ့ တွေ့သွားတယ်။ သူ တော်တော်အံ့သြသွားပြီး ကျွန်မကို လိုက်ရှာနေခဲ့တာလို့ ပြောတယ်။ သူ့မိန်းမက ကင်ဆာဖြစ်နေပြီး အချိန်မရွေး ဆုံးသွားနိုင်လို့ သူ့အိမ်ကို လိုက်ခဲ့ဖို့ ကျွန်မကို တောက်လျှောက် ခေါ်နေတာ။ ကျွန်မ ဘယ်ရောက်နေလဲဆိုတာ သိရဖို့ ယောကျ်ားက သမီးလေးဆီ ခဏခဏ ဖုန်းဆက်မေးတာ၊ ကျွန်မအမေအိမ်ထိ လိုက်ရှာတာ၊ ပြီးတော့ ကျွန်မကို ရှာတွေ့ဖို့ ဆွေမျိုးတွေဆီ ဆက်တိုက် ဖုန်းဆက်နေတာတွေကို ကျွန်မ တွေးမိတယ်။ ယောကျ်ားရဲ့ အစ်မအိမ်ကိုသာ ကျွန်မ လိုက်သွားရင် သူ ချက်ချင်း သိသွားမှာ။ ယောကျ်ားက ကျွန်မကို တွေ့ပြီး အိမ်မှာနေဖို့ တောင်းပန်ရင် ဘယ်လိုလုပ်မလဲ။ အသက်ကြီးနေပြီဖြစ်တဲ့ ယောက္ခမအကြောင်း၊ ပြီးတော့ ယောကျ်ားရဲ့ အစ်မသာ ဆုံးသွားရင် သူ့ဘဝ တော်တော် ခက်ခဲသွားမှာကို ကျွန်မ တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ပေါင်းသင်းလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ။ ပြီးတော့ ကျွန်မ အိမ်ကထွက်လာတာလည်း သုံးနှစ်နီးပါး ရှိပြီဆိုတော့ သူ အရင်လို ကျွန်မကို ညှဉ်းပန်းနှိပ်စက်ဦးမှာလား။ သေချာစဉ်းစားပြီးတဲ့နောက်မှာတောင် ကျွန်မ တွေဝေနေတုန်းပဲ။ ဒါနဲ့ ကျွန်မကို လမ်းပြဖို့၊ ဦးဆောင်ဖို့ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ပြန်သတိရမိတယ်။ “သားရဲတိရစ္ဆာန်များနှင့် နတ်ဆိုးများသည် လူသားများ ဖြစ်လာနိုင်သလော။ ဤသည်မှာ မဖြစ်နိုင်ပေ။ အဆင်းနီသော နဂါးကြီးအား သားသတ်ဓားကို ချထားရန် စေခိုင်းခြင်းသည် မဖြစ်နိုင်ပေ၊ ၎င်း၏ သဘာဝသည် နတ်ဆိုးတစ်ကောင်၏ သဘာဝ ဖြစ်သည်။ ၎င်းသည် မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်သည်။ နတ်ဆိုးများနှင့် စာတန်သည် စိတ်တူကိုယ်တူ လူတစ်သိုက်ဖြစ်သည်။ အဆင်းနီသော နဂါးကြီးကို သင် ရှုမြင်ပုံသည် ဤသားရဲတိရစ္ဆာန်များနှင့် နတ်ဆိုးများကို သင် ရှုမြင်သင့်ပုံ ဖြစ်သည်၊ ဤသည်မှာ မှန်ကန်၏။ အကယ်၍ သင်သည် စာတန်နှင့် အဆင်းနီသော နဂါးကြီးအား သင် ရှုမြင်ပုံနှင့် ကွဲပြားစွာ နတ်ဆိုးများကို ရှုမြင်ပါက ဤသည်မှာ နတ်ဆိုးများ၏ အနှစ်သာရကို သင် စေ့စေ့စပ်စပ် သိနားလည်မှု မရှိသေးကြောင်း သက်သေပြသည်။ အကယ်၍ သင်သည် ၎င်းတို့ကို လူသားများအဖြစ် ဆက်လက်ဆက်ဆံနေဆဲဖြစ်ပါက၊ ၎င်းတို့တွင် လူ့သဘာဝရှိသည်၊ ချီးကျူးထိုက်သော အရည်အသွေးအချို့ ရှိပြီး ရွေးနုတ်ခြင်းကို ခံရနိုင်သေးသည့်အပြင် ၎င်းတို့ကို အခွင့်အရေးများ ပေးရန် လိုအပ်နေဆဲဖြစ်သည်ဟု ယုံကြည်ပါက သင်သည် မသိနားမလည်သောသူ ဖြစ်သည်။ သင်သည် ၎င်းတို့၏ လှည့်ဖြားမှုကို တစ်ဖန် ခံရပြီးဖြစ်ကာ ဤအတွက် အဖိုးအခကို သင် ပေးဆပ်ရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၅)) နတ်ဆိုးက အမြဲတမ်း နတ်ဆိုးပါပဲ၊ ဘယ်တော့မှ လူဖြစ်မလာဘူး။ ယောကျ်ားက ဘုရားသခင်ကို မုန်းတီးပြီး ဆန့်ကျင်တယ်၊ ပြီးတော့ သူ့ရဲ့ အနှစ်သာရက နတ်ဆိုးလေ။ ယောကျ်ားကို ကျွန်မ သနားလို့မဖြစ်ဘူး၊ မဟုတ်ရင် သူက ကျွန်မကို နာကျင်အောင်ပဲ လုပ်မှာ။ ဘာပဲဖြစ်ဖြစ် ကျွန်မ ပြန်လို့မဖြစ်ဘူး။ အဲဒီနောက် ဘုရားသခင်ရဲ့ အရေးတကြီးရှိတဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ တွေးမိတယ်။ ပိုများတဲ့လူတွေ ကိုယ်တော့်ရှေ့မှောက် ရောက်လာပြီး ကိုယ်တော်ရဲ့ ကယ်တင်ခြင်းကို အမြန်ဆုံး လက်ခံဖို့ ဘုရားသခင်က မျှော်လင့်တယ်။ ဒါကြောင့် ဒီလို အရေးကြီးတဲ့ အချိန်မှာ ဧဝံဂေလိအလုပ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားရမယ်။ အိမ်ထောင်ရေးသုခကို လိုက်စားခဲ့လို့ အရင်တုန်းက ကိုယ့်တာဝန်တွေကို ကောင်းကောင်း မထမ်းဆောင်ခဲ့တဲ့အတွက် ကျွန်မမှာ နောင်တတွေရှိတယ်။ အခု အဲဒါကို ကျွန်မ ပြန်ပေးဆပ်ရမယ်၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို တုံ့ပြန်ဖို့ ကိုယ့်တာဝန်တွေမှာ သစ္စာရှိရမယ်။ ရှေ့ဆက်ပြီး လူသစ်တွေကို ရေလောင်းတဲ့အလုပ်မှာ ကျွန်မကိုယ်ကျွန်မ ဆက်ကပ်ခဲ့ပြီး စိတ်သက်သာရာရတဲ့အပြင် ငြိမ်သက်မှုကို ခံစားခဲ့ရတယ်။ အိမ်ထောင်ရေးရဲ့ နာကျင်မှုကနေ ကျွန်မကို ကယ်တင်ပေးခဲ့တဲ့ ဘုရားသခင်ကို ကျွန်မ စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ပြည့်စုံတဲ့ အိမ်ထောင်ရေးကို လိုက်စားခြင်းက ကျွန်တော့်ကို ဘာတွေ ဆောင်ကြဉ်းခဲ့သလဲ

ကျိုးရှောင်အို၊ တရုတ်ပြည်၂၀၁၂ ခုနှစ်မှာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို...

ပျော်ရွှင်မှုအစစ်အမှန်ကို ကျွန်မတွေ့ရှိခဲ့

ချုံရှန်း၊ တရုတ်ပြည်ငယ်ငယ်လေးကတည်းက ကျွန်မဟာ အချစ်ဒရာမာဇာတ်ကားတွေ ကြည့်ရတာကို အမြဲတမ်း ကြိုက်နှစ်သက်ခဲ့ပြီး ဇာတ်လိုက်စုံတွဲတွေကြားက...

ကျွန်တော့် အမျိုးသမီးရဲ့ ရောဂါအတွက် ကျွန်တော် မပူတော့ပါဘူး

လီချိုး၊ တရုတ်ပြည်၂၀၀၅ ခုနှစ် နွေဦးမှာ ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီး ဟွေကျွမ်တို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။