စစ်မှန်စွာ ပျော်ရွှင်တဲ့ဘဝကို ကျွန်မ တွေ့ခဲ့ပြီ
ကျွန်မက သာမန်ကျေးလက်မိသားစုလေးတစ်ခုမှာ ကြီးပြင်းခဲ့ပါတယ်။ ကျွန်မတို့က လုံးဝ မချမ်းသာပေမယ့်လည်း အရမ်းတော့ ပျော်ရွှင်ခဲ့ရတယ်။ ကျွန်မအမေက ပျော်ရွှင်တက်ကြွတဲ့ ပင်ကိုယ်စရိုက်ရှိတယ်၊ သဘောကောင်းဖော်ရွေပြီး လုပ်နိုင်ကိုင်နိုင်ရှိတယ်၊ အိမ်ကိုလည်း ထောင့်စေ့နေအောင် စီမံတတ်သူပါ။ အဖေက အမေ့ကို အရမ်းဂရုစိုက်ကြင်နာပြီး အလေးထားပါတယ်၊ အဖေနဲ့အမေ အေးအတူပူအမျှ နှစ်ပေါင်း ၆၀ ကျော် အတူလက်တွဲနေထိုင်ခဲ့ကြတယ်။ သူတို့ ငြင်းခုံစကားများတာကို မြင်ဖူးတာတောင် ကျွန်မ မမှတ်မိတော့ဘူး။ ကျွန်မ အရွယ်ရောက်လာတော့ မိသားစုကို အဖေ့လို ကြည့်ရှုစောင့်ရှောက်တဲ့ ယောက်ျားကို ရှာတွေ့နိုင်ဖို့ မျှော်လင့်ခဲ့တယ်။ ကျွန်မဖြစ်ချင်တဲ့အတိုင်း ကျေနပ်စရာကောင်းတဲ့ ခင်ပွန်းတစ်ယောက် တွေ့ခဲ့ပါတယ်။ ကျွန်မတို့ အလုပ်ကို အတူသွားအတူပြန်တယ်၊ အိမ်အလုပ်တွေ ကလေးပြုစုပျိုးထောင်တဲ့ တာဝန်တွေကို မောင်တစ်ထမ်းမယ်တစ်ရွက်လုပ်ခဲ့ကြတယ်။ ကျွန်မယောက်ျားကလည်း ကျွန်မကို အရမ်း အလေးထားပါတယ် အထူးသဖြင့် ကျွန်မ ကျန်းမာရေးတော်တော်လေး မကောင်းတဲ့ နှစ်တွေအတွင်းမှာ ကျွန်မ နေမကောင်းဖြစ်ရင် သူက ကျွန်မထက်တောင် ပိုပြီး စိုးရိမ်ပူပန်နေတတ်ပါတယ်။ ဆေးရုံမှာ ကျွန်မ ဘေးကနေအဖော်ပြုပေးပြီး ကျွန်မကို အစွမ်းကုန် စောင့်ရှောက်ပါတယ်။ ကျွန်မတို့ အိမ်ထောင်တစ်သက်အတွင်း သဘောထားမတိုက်ဆိုင်တာ ရှားခဲ့ပြီး တစ်ယောက်နဲ့ တစ်ယောက် ခွင့်လွှတ်နိုင်ခဲ့ကြတယ်။ ကျွန်မကလည်း မိသားစုကို ကြိုးကြိုးစားစား ထိန်းသိမ်းပြီး ဇနီးတစ်ယောက်ရဲ့ တာဝန်တွေကို ကျေပွန်အောင်ဖြည့်ဆည်းပါတယ်။ အိမ်ထောင်ရေးသာယာပြီး ကမ္ဘာပေါ်မှာ အပျော်ဆုံးမိန်းမက ငါပဲ လို့ ကျွန်မ ခံစားခဲ့ရတယ်။ ယောက်ျားအနားမှာ ဒီလို အမြဲထာဝရနေပြီး ကျွန်မတို့ တစ်သက်တာလက်တွဲဖော်တွေ ဖြစ်သွားမယ်လို့ ခဏခဏ စိတ်ကူးမိပါတယ်။
၂၀၁၇ ခုနှစ်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားသခင်နောက်ကိုလိုက်တာဟာ ဘဝမှာ မှန်ကန်တဲ့ လမ်းကြောင်းပဲလို့ ကျွန်မ ခိုင်ခိုင်မာမာ ယုံကြည်ခဲ့ပြီးတော့ အသင်းတော်က ကျွန်မအတွက် စီစဉ်တဲ့ ဘယ်လိုတာဝန်ကိုမဆို လက်ခံပြီး၊ ကျိုးနွံနာခံရင်းအရမ်းစိတ်အားထက်သန်ခဲ့ပါတယ်။ အစပိုင်းမှာတော့ ကျွန်မတာဝန်တွေနဲ့ အလုပ်မရှုပ်ခဲ့တော့ မိသားစုဘဝကိုလည်း မထိခိုက်ခဲ့ပါဘူး။ ပြီးတော့ဘုရားသခင်အပေါ် ကျွန်မရဲ့ သက်ဝင်ယုံကြည်မှုကို ကျွန်မယောက်ျားက ထောက်ခံအားပေးခဲ့ပါတယ်။ ၂၀၂၀ မှာ ကျွန်မ အသင်းတော်ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီး ကျွန်မရဲ့တာဝန်က ပိုပြီးအလုပ်များလာပါတယ်။ နေ့တိုင်း အိမ်ကစောစောထွက်ပြီး နောက်ကျမှ အိမ်ပြန်ရောက်ပါတယ်၊ အိမ်ရဲ့ ကိစ္စကြီးငယ်မှန်သမျှကို ကျွန်မယောက်ျားက တာဝန်ယူ ဖြေရှင်းခဲ့ရတယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်ကိုးကွယ်တာကို သူစပြီး ဆန့်ကျင့်ကန့်ကွက်လာပြီး “မင်းက အငြိမ်းစားဖြစ်မှ အလုပ်လုပ်နေတုန်းကထက်ကို ပိုပြီးအလုပ်များနေပါလား” လို့ တောင်ကျွန်မကို ထေ့သလို ငေါ့သလိုပြောလာပါတယ်။ ကျွန်မယောက်ျားဆီမှာ မျက်နှာကောင်းရအောင် မနက်ခင်းနဲ့ ညနေခင်းတွေမှာ သူ့အတွက် စားစရာ ချက်ပြုတ်ပြင်ဆင်ပေးခဲ့တယ်။ တစ်ခါက ကျွန်မ မှတ်မိသေးတယ်။ ကျွန်မယောက်ျားရဲ့အမေ နေမကောင်းဖြစ်ပြီး ဆေးရုံတက်ရတယ်၊ ကျွန်မယောက်ျားလည်း ဆေးရုံမှာ သူ့အမေနဲ့ ရက် ၂၀ ကျော်လောက်နေခဲ့ရတယ်။ သူ အရမ်းပင်ပန်းနွမ်းနယ်လွန်းလို့ မျက်လုံးအောက်မှာ မို့ဖောင်းနေခဲ့ပြီး အတော်လေးလည်း ပိန်သွားတယ်။ သူတို့အတွက် စားစရာတွေ မနက်တိုင်း ကျွန်မ ယူသွားပေးခဲ့ပြီး ကျွန်မယောက်ျားက ကျွန်မကို တွေ့ရတာ ပျော်ရွှင်ပုံမရဘူး။ သူ ခြေကုန်လက်ပန်းကျနေတာကို မြင်ရတာ ကျွန်မရင်ထဲမကောင်းဘူး။ “ငါ အရင်ကလိုသာ လွယ်လွယ်ကူကူ တာဝန်ကိုပဲ လုပ်လို့ရရင် ငါ့ယောက်ျားနဲ့ငါနဲ့ ငါ့ယောက္ခမကို တစ်ယောက်တစ်လှည့်စီ ကြည့်ရှုစောင့်ရှောက်ပေးလို့ရတယ်၊ ဒါဆို သူလည်း အရမ်းပင်ပန်းစရာမလိုတော့ဘူး၊ ငါ ဇနီးမယားတစ်ယောက်ရဲ့ တာဝန်ကို မကျေပွန်ပါလား”လို့ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ ကျွန်မယောက္ခမ ဆေးရုံက ဆင်းပြီးနောက်ပိုင်း တစ်ရက်မှာ ကျွန်မ အိမ်ပြန်အရမ်းနောက်ကျခဲ့ တယ်။ ကျွန်မယောက်ျားက ကျွန်မကို မြင်တော့ စိတ်ဆိုးမာန်ဆိုးနဲ့ “အမေတစ်လျှောက်လုံး နေမကောင်းဖြစ်နေခဲ့တာ မင်း သူ့ကို မပြုစုဘူး၊ အဲ့ဒီအစား ငါ့ကိုပဲ ခြေကုန်လက်ပန်းကျအောင်လုပ်တယ်၊ မင်းက မင်းအတွက်ပဲ ကြည့်တယ်၊ ငါတို့ ဒီလို ရှေ့ဆက်ဖို့ မဖြစ်တော့ဘူး” လို့ ပြောခဲ့တယ်။ ယောက်ျားရဲ့ ပြစ်တင်ဝေဖန်မှုတွေနဲ့ ကြုံရတော့ ကျွန်မ ဘာမှ မပြောနိုင်ခဲ့ဘူး။ အိပ်ခန်းဆီကိုထွက်ပြေးလာပြီး ငိုချလိုက်တယ်။ “ငါ ခေါင်းဆောင်တာဝန်တွေ စလုပ်ကတည်းက အသင်းတော်မှာ အလုပ်တွေ အများကြီး ဖြစ်လာတယ်၊ ယောက္ခမ နေမကောင်းတာတောင် ငါ မပြုစုနိုင်ခဲ့ဘူး၊ ငါ့ယောက်ျား ငါ့အပေါ်အမြင်မကြည်တာလည်းအဆန်းမဟုတ်ဘူး၊ ဒီလိုတွေသာ ဆက်ဖြစ်နေရင် သူ ငါ့အပေါ် ပိုလို့တောင် မကျေမနပ်ဖြစ်လာပြီးတော့ ငါ့နဲ့ ငြင်းခုံရန်ဖြစ်ရလိမ့်မယ်၊ ဒါဆိုရင် ငါ နှစ်ပေါင်းများစွာ ကြိုးပမ်းပျိုးထောင်ခဲ့ရတဲ့ အိမ်ထောင်ရေးက ပြိုကွဲသွားတော့မှာ မဟုတ်လား၊ ငါ အိမ်ထောင်ကွဲရင် ခိုကိုးရာမဲ့ ဖြစ်ပြီ” လို့ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ အဲဒီညက အိပ်ရာထဲမှာ လူးလှိမ့်ရင်းအိမ်မပျော်နိုင်ခဲ့ဘူး။ ပြီးတော့ “တစ်ဖက်က ငါ့ရဲ့ အိမ်ထောင်ရေး၊ တစ်ခြားတစ်ဖက်က ငါ့ရဲ့ တာဝန် ငါ ဘာကို ရွေးသင့်လဲ။ ငါ ခေါင်းဆောင်နေရာက နုတ်ထွက်ပြီး လွယ်လွယ်ကူကူ တာဝန်ကို လုပ်တာပဲကောင်းပါတယ်” လို့ တွေးမိတယ်။
နောက်နေ့မှာ ကျွန်မနဲ့ တွဲဖက်လုပ်ဖူးတဲ့ ညီအစ်မ တစ်ယောက်ကို မြင်တော့ ကျွန်မအိမ်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ကျွန်မအတွေးတွေ၊ ကျွန်မခံစားနေရတဲ့ စိတ်နာကျင်မှုတွေကို ပြောပြခဲ့တယ်။ ညီအစ်မက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းစာပိုဒ်တချို့ကို ကျွန်မနဲ့ မိတ်သဟာယဖွဲ့တယ်။ ကျမ်းစာပိုဒ်တွေထဲက တစ်ခုက အမှတ်ထင်ထင်ပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့အတွင်း၌ ဘုရားသခင်လုပ်ဆောင်သည့် အလုပ်အဆင့်တိုင်းတွင် အပြင်ပန်းအားဖြင့် ထိုအမှုသည် လူအချင်းချင်းကြားရှိ အပြန်အလှန် ဆက်ဆံမှုများ ဖြစ်သည့်ပုံ ပေါ်၏။ လူ့စီစဉ်မှုများမှ၊ သို့မဟုတ် လူတို့၏ နှောင့်ယှက်ခြင်းများမှ ဖြစ်ပေါ်လာသည့်အလား ထင်ရ၏။ သို့သော်လည်း နောက်ကွယ်တွင်မူ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူတို့အနေဖြင့် ဘုရားသခင်အတွက် သက်သေခံရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စစ်ကြောခံရသည့်အချိန်ကို ဥပမာ ကြည့်လော့။ နောက်ကွယ်တွင် စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ နှောင့်ယှက်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်သည့်အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သေသေချာချာ တွေးတော ဆင်ခြင်ခြင်းက တဆင့် နေ့စဉ်ဖြစ်ပျက်နေတဲ့ ကိစ္စကြီးငယ် အရာအားလုံးဟာ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားခြင်းနဲ့ အစီအစဉ်ထဲမှာ ပါမှန်း ကျွန်မ သိနားလည်လာခဲ့တယ်။ ဒီ ကိစ္စတွေဟာ ဝိညာဉ်ရေးရာတိုက်ပွဲရဲ့ အပိုင်းကဏ္ဍတစ်ခုပါပဲ။ ပြီးတော့ ဘုရားသခင်က လူတွေကို သူ့တို့ရဲ့သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်စေချင်ပါတယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ ကိုယ့်တာဝန်တွေကိုထမ်းဆောင်ခြင်းမှာ ဘုရားသခင်က အသိအမှတ်ပြုတဲ့ လမ်းကြောင်းမှန်ကို ကျွန်မလျှောက်နေခဲ့ပါတယ်။ ဒါပေမဲ့ စာတန်က နေရာတကာမှာ နှောင့်ယှက်မှုတွေ ပိတ်ဆို့မှုတွေ လုပ်နေခဲ့ပါတယ်။ ကျွန်မယောကျ်ားက ဘုရားကို မယုံကြည်ဘဲ စာတန်ရဲ့ ဘက်တော်သားဖြစ်နေလို့ သူ့ကိုယ်ကျိုးပဲ သူကြည့်ခဲ့တယ်။ ကျွန်မတာဝန်တွေကို ထမ်းဆောင်နေတော့ မိသားစုကိစ္စတွေကို ဂရုမစိုက်နိုင်လို့ သူ့အကျိုးကို အမှုမဲ့အမှတ်မဲ့ ထိခိုက်လာတဲ့အခါ ကျွန်မယောကျ်ားက စိတ်တွေ ဆိုးလာပြီး ကျွန်မတာဝန်ကို ဟန့်တားနှောင့်ယှက်လာပါတယ်။ ကျွန်မတို့အိမ်ထောင်ရေး ပြိုကွဲမှာကို ကျွန်မကြောက်တော့ မိသားစုကို ဒီထက်ပိုပြီး လွယ်လွယ်ကူကူကြည့်ရှုစောင့်ရှောက်နိုင်ဖို့၊ ကျွန်မရဲ့ ခေါင်းဆောင်တာဝန်တွေကနေ နုတ်ထွက်ပြီး လွယ်လွယ်ကူကူ တာဝန်တွေကိုပဲ ပြောင်းလဲယူချင်ခဲ့တယ်။ ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်မာစွာ မရပ်တည်နိုင်ခဲ့ဘဲ စာတန်ရဲ့ လှည့်စားမှုအောက်မှာ ကျရောက်လုနီးနီးဖြစ်ခဲ့ရပါတယ်။ ကျွန်မရဲ့ တာဝန်တွေကနေ ဒီလိုဖယ်ခွာနေရတာကို ကျွန်မ ဆက်မလုပ်နိုင်ခဲ့ပါဘူး။ ဒီတော့ နုတ်ထွက်ဖို့ စိတ်ကူးကို ကျွန်မခေါင်းထဲက ထုတ်ခဲ့တယ်။
တစ်ရက်မှာ ကျွန်မ အိမ်ပြန်အရမ်းနောက်ကျတော့ “အော ညပြန်အိပ်ဖို့ ဟိုတယ် ကို မင်းပြန်လာပြီပေါ့၊ မင်းကြည့်ရတာ ဒီတစ်သက် ငါနဲ့ အတူတူတောင် ဆက်မနေချင်တော့ဘူး ထင်တယ်” လို့ ကျွန်မယောကျ်ားက စိတ်ဆိုးမာန်ဆိုး ဆူပူပြစ်တင်ပြန်ပါတယ်။ ကျွန်မယောကျ်ား ဒီလို ဖြစ်နေတာမြင်တော့ ဘုရားသခင်အပေါ် ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်နိုင်ဖို့၊ ယုံကြည်မှုနဲ့ ခွန်အားပေးသနားပါလို့ကျွန်မနှလုံသားထဲကနေ ဘုရားသခင်ဆီ တိုးတိုးတိတ်တိတ် ဆုတောင်းခဲ့တယ်။ ကျွန်မယောကျ်ား ဒေါသပေါက်ကွဲလို့အားရတော့မှ သူ့ကို ကျွန်မ ပြောလိုက်တယ်။ “ဒီမိသားစုအတွက် ကျွန်မ အနှစ်သုံးဆယ်ကျော်အနစ်နာခံပြီးခဲ့ပြီ။ ကျွန်မ လုပ်ဖော်ကိုင်ဖက်တွေကို ရှင် ကြည့်စမ်းပါဦး။ ပင်စင်ယူပြီးနောက်ပိုင်း မာကျောင် ကစားရင်ကစား၊ မကစားရင် ကလိုက်ခုန်လိုက် ခရီးသွားလိုက်နဲ့၊ သူတို့ဆို ဘယ်တော့မှ အိမ်ကပ်တယ်ရယ်လို့မရှိဘူး ပိုက်ဆံဆိုလည်း အမျိုးမျိုးသုံးနေတာပါပဲ။ အခု ကျွန်မက ဘုရားကို ယုံကြည်ပြီး မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်ရင်း ကိုယ့်အချိန်တချို့ကို ဆက်ကပ်ထားတယ်။ ဒါတောင်မှ ရှင်က ဒါကို ကန့်လန့်တိုက်ပြီး နေ့တိုင်း ရန်ရှာနေတာပဲ။ ရှင် ကျွန်မနဲ့ အတူတူ ဆက်မနေချင်တော့ဘူးဆိုလည်း မနက်ဖြန် ကွာရှင်းခွင့် သွားလျှောက်ကြတာပေါ့။ ရှင် အတူတူဆက်နေချင်တယ် ဆိုရင်တော့ ကျွန်မကို နှောင့်ယှက်နေတာတွေ ရပ်ပါတော့၊ ကျွန်မရွေးချယ်တာကို လုပ်ဖို့ ကျွန်မမှာ လွပ်လပ်ခွင့်ရှိတယ်” လို့ ကျွန်မ ပြောလိုက်တယ်။ သူ အဲဒီနေရာမှာပဲ အံ့အားသင့်ပြီး ရပ်နေခဲ့ပြီး ဘာမှ ထပ်မပြောတော့ဘူး။ နောက်နေ့မနက်မှာ ကျွန်မ သူ့ကိုမေးတယ်။ “ကဲ ဘယ်လိုလဲ။ ကျွန်မတို့ ဆက်ပေါင်းမှာလား မပေါင်းဘူးလား ကျွန်မကို ပြန်ဖြေပါဦး”လို့ ကျွန်မအဲလိုမေးတာ ကြားတော့ ကျွန်မယောကျ်ားက ကျွန်မနဖူးကို လက်ညှိုးနဲ့ထိုးပြီး၊ “ဪ၊ ငါတော့ မင်းနဲ့ပတ်သက်ပြီး ဘာလုပ်လို့လုပ်ရမှန်းတောင် မသိတော့ပါဘူး” လို့ ပြောတယ်။ အဲဒီအချိန်မှာ ကျွန်မ အရမ်းကို ပျော်ခဲ့တယ်။ အဲဒီနောက် ကျွန်မယောကျ်ား ညည်းညူတာတွေကို ကျွန်မ သိပ်အာရုံမထားတော့ဘူး။ တဖြည်းဖြည်းနဲ့ သူလည်း ညည်းညူတာတွေ အရင်ကထက် နည်းလာပါတယ်။
၂၀၂၂ ခုနှစ် မေလမှာ တရားဟောဆရာမအဖြစ် ကျွန်မရွေးချယ်ခံရပြီး အသင်းတော်အတော်များများရဲ့ အလုပ်ကို ကြီးကြပ်ဖို့အရွေးခံရပါတယ်။ ရာထူးတိုးခံရတာဟာ ပျော်စရာဖြစ်သင့်ခဲ့ပေမယ့်၊ ကျွန်မရင်ဘတ်ပေါ်မှာ ကျောက်တုံးကြီးတစ်ခုဖိထားသလို လေးလံနေခဲ့ပါတယ်။ ပြီးတော့ ကျွန်မတွေးမိတာက၊ “ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ငါဟာ အသင်းတော်ခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့တယ် အသင်းတော်အလုပ်တွေနဲ့ မအားမလပ်ဖြစ်ခဲ့ပေမယ့် မနက်ပိုင်း ညနေပိုင်းတွေမှာ အိမ်မှုကိစ္စတွေလုပ်ဖို့ အချိန်ပေးနိုင်ခဲ့သေးတယ်။ အခု ငါ တရားဟောဆရာ ဖြစ်တော့မယ်။ အလုပ်များရုံသာမက တချို့အသင်းတော်တွေက အိမ်နဲ့အရမ်းဝေးတော့ ငါကို ထားသွားပြီး ငါ့ယောက်ျားနဲ့ ငါခွဲနေရတော့မယ်။ ဒါကို သူ ဘယ်လို ခွင့်လွှတ်နိုင်မှာပါလိမ့်။ ဒါဟာ ငါတို့အိမ်ထောင်ရေးကို စွန့်လွှတ်လိုက်ရဖို့ လုပ်နေသလို ဖြစ်မနေဘူးလား။ အိမ်ထောင်ရေးပြိုကွဲသွားရင် အနာဂတ်မှာ ငါ့လမ်းငါလျှောက်ရတော့မယ်ဆိုရင်၊ ငါ ဘယ်လိုရပ်တည်မလဲ။ ငါ အသက်ခြောက်ဆယ်ပြည့်ဖို့လည်း သိပ်မလိုတော့ဘူး။ အနာဂတ်မှာ ရောဂါတစ်ခုခုနဲ့ ငါ အိပ်ရာထဲလဲရင် ချက်ပြုတ်ကျွေးမွေးမယ့်၊ ရေခပ်တိုက်မယ့်လူတောင် ရှိမှာမဟုတ်ဘူး အဲဒီလိုမျိုး ငါ ဘယ်လို နေထိုင်နိုင်မလဲ။” အဲလိုတွေကျွန်မတွေးမိလေလေ ပိုပြီးဝမ်းနည်းလာလေလေ ဖြစ်ပြီး မျက်ရည်တွေက တားမရဆီးမရ ကျလာပါတော့တယ်။ ကျွန်မ ဘုရားသခင်ကို အရမ်းကို ကျေနပ်စေချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မအရင်က သိနားလည်ခဲ့တဲ့ အယူဝါဒနည်းနည်းလေးက ဘာထိရောက်မှုမှ မရှိခဲ့ပါဘူး။ ဘယ်လောက်ပဲ ကျွန်မကြိုးစားကြိုးစား လက်တွေ့လုပ်ဆောင်ကြည့်လို့မရဘဲ ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့၊ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းနည်းပါးလွန်းပြီး၊ ကျွန်မမှာ သမ္မာတရားစစ်မှန်မှု မရှိပါဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဒီတာဝန်ကို ကျွန်မ ငြင်းပယ်ခဲ့တယ်။ အဲ့ဒီလို ငြင်းပြီး ရက်နည်းနည်းကြာတဲ့အတွင်းမှာ ကျွန်မ စိတ်တွေ အရမ်းရှုပ်ထွေးနေခဲ့ပြီး ဘုရားသခင်အပေါ် အကြွေးတင်နေတယ်လို့ လည်း ခံစားခဲ့ရတယ်။ “အသင်းတော်က ငါ့ကို နှစ်နဲ့ချီပြီး လေ့ကျင့်ပျိုးထောင်ခဲ့ပြီးပြီ၊ ငါလည်း တစ်လျှောက်လုံး အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပြီးပြီ၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသမ္မာတရားကို ညီအစ်ကို မောင်နှမတွေနဲ့ ငါ မကြာခဏဆိုသလို မိတ်သဟာယ ဖွဲ့ပြီးပြီ၊ ဒါပေမဲ့ ငါ့ကို ဒီတာဝန် အတွက် လိုအပ်တဲ့အချိန်မှာ ငါ သူရဲဘောကြောင်ခဲ့ပြီး အိမ်ထောင်ရေးနဲ့ မိသားစုကို ရွေးခဲ့တယ်၊ ငါ စာတန်ရဲ့ ဟားတိုက်ခံရသူ ဖြစ်သွားပြီ ငါ့ကိုယ်ငါ ဘုရားသခင်နောက်ကိုလိုက်တဲ့သူလို့ ဘယ်လိုခေါ်နိုင်ပါတော့မလဲ ငါ တကယ်ကို အသုံးမကျဘူးပဲ” လို့ တွေးမိခဲ့တယ်။ ကျွန်မ အရေးတကြီးပဲ သမ္မာတရားကို ရှာဖွေပြီး ကျွန်မရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းချင်ခဲ့တယ်။ ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းစာတစ်ပိုဒ်ကို ဖတ်တယ်။ “မည်သူသည် ငါ့အတွက် သူတို့ကိုယ်သူတို့ အမှန်တကယ် ပြည့်ဝစွာ အသုံးခံကာ သူတို့၏ အရာအားလုံးကို ငါ့အတွက် ဆက်ကပ်နိုင်သနည်း။ သင်တို့ အားလုံးသည် စိတ်မပါ့တပါဖြစ်နေကြပြီး သင်တို့၏ အတွေးများသည် တဝဲလည်လည် ဖြစ်ကာ အိမ်၊ အပြင်လောက၊ အစားအစာနှင့် အဝတ်အစားများအကြောင်း တွေးနေကြသည်။ သင်သည် ငါ့အရှေ့ ဤနေရာတွင် ရှိနေပြီး ငါ့အတွက် အမှုအရာများကို လုပ်ဆောင်နေသော်လည်း သင်၏ စိတ်နှလုံးအတွင်းထဲတွင်မူ သင်သည် အိမ်ရှိ သင်၏ ဇနီးသည်၊ သားသမီးများနှင့် မိဘများအကြောင်းကို တွေး၍နေသေးသည်။ ဤအရာအားလုံးသည် သင်၏ ဥစ္စာဖြစ်သလော။ ၎င်းတို့ကို ငါ၏ လက်ထဲသို့ သင်အဘယ်ကြောင့် မအပ်နှံသနည်း။ ငါ့ကို သင်အလုံအလောက် မယုံကြည်သလော။ ထိုသို့မဟုတ်လျှင် ငါသည် သင့်အတွက် မဆီလျော်သော စီစဉ်ပြင်ဆင်မှုများကို ပြုလိမ့်မည်ဟူ၍ သင်စိုးရိမ်သောကြောင့် ဖြစ်သလော။ သင်သည် သင်၏ဇာတိပကတိ မိသားစုကို အဘယ်ကြောင့် အမြဲတစေ စိုးရိမ်ပူပန်သနည်း။ သင်သည် သင်ချစ်ရသူများကို အမြဲအောက်မေ့နေသည်။ ငါသည် သင်၏ နှလုံးသားထဲတွင် ကျိန်းသေနေရာတစ်ခု ရှိသလော။ ငါ့ကို သင့်အထဲ၌ အုပ်စိုးမှုရှိရန်နှင့် သင်၏ ဖြစ်တည်ခြင်းအလုံးစုံထဲတွင် နေရာယူရန် ငါ့ကို ခွင့်ပြုသည့်အကြောင်း သင်ပြောဆဲဖြစ်သည်၊ ဤအရာအားလုံးမှာ လှည့်စားသော မုသားများပင် ဖြစ်သည်။ သင်တို့ထဲမှ မည်မျှသည် သင်တို့၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် အသင်းတော်ထံ ကတိခံကြသနည်း။ ထို့အပြင် သင်တို့ထဲမှ မည်သူသည် ကိုယ့်အတွက်ကိုယ် မတွေးဘဲ ယခုကာလ၏ နိုင်ငံတော်အတွက် ပြုမူလုပ်ဆောင်ကြသနည်း။ ဤအကြောင်းကို အလွန် သေချာစွာ စဉ်းစားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၅၉)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သေသေချာချာ တွေးတောဆင်ခြင်ကြည့်ရင်း ဘုရားသခင်ကိုယ်တော်တိုင် ကျွန်မရှေ့တည့်တည့်မှာ တရားစီရင်နေသလိုမျိုးကို ကျွန်မ ခံစားခဲ့ရတယ်။ သူ ဖော်ထုတ်ခဲ့တာက ကျွန်မရဲ့ ပကတိအခြေအနေဖြစ်နေတယ်။ ကျွန်မ နေ့တိုင်း ကိစ္စတွေနဲ့ အတော်လေးအလုပ်များပြီး အသင်းတော်တာဝန်ကို ထမ်းဆောင်နေတဲ့ ပုံပေါ်ချင်ပေါ်နေမယ်၊ ဒါပေမဲ့ စိတ်ထဲမှာတော့ အမြဲတမ်း မိသားစုအကြောင်းပဲ စဉ်းစားနေတယ်။ တစ်ခါတလေ စုဝေးပွဲတစ်ခုခုနဲ့ အပြင်ကိုရောက်ရင် ကျွန်မယောက်ျား ထမင်းမှ စားရောစားပြီးရဲ့လား လို့ စိုးရိမ်နေတတ်တယ်။ ဆေးရုံမှာသူ့အမေကို ပြုစုစောင့်ရှောက်ရလို့ သူ ချုံးချုံးကျ ပင်ပန်းနေတာကို ကျွန်မ မြင်လိုက်ရတော့ သူ့ရဲ့ ဝန်ထုပ်တချို့ကို သက်သာရာရသွားအောင် ပိုလွယ်ကူတဲ့ တာဝန်ကိုပဲ ကျွန်မ လုပ်ချင်ခဲ့တယ်။ တာဝန်တွေနဲ့ ကျွန်မ အလုပ်များပြီး ယောက်ျားကို စိတ်ညစ်စေတဲ့အခါ ခေါင်းဆောင်တာဝန်တွေကနေ ကျွန်မ နုတ်ထွက်ချင်ခဲ့တယ်။ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်ဆိုသလို မိသားစုကို ကြည့်ရှုစောင့်ရှောက်ရင်း တာဝန်ကိုလည်း ထမ်းဆောင်လို့ရလေမလားလို့ ကျွန်မ အချည်းနှီး မျှော်လင့်မိတယ်။ ကျွန်မ လှေနံနှစ်ဖက်နင်းမိတဲ့ သူတစ်ယောက် ဖြစ်နေခဲ့တာ မဟုတ်ဘူးလား။ “ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်” ဆိုတဲ့ စကားလုံးတွေကို ကျွန်မ အော်ပြောရင်ပြောမိနေမယ်၊ လက်တွေ့မှာတော့ ဘုရားအပေါ် စစ်မှန်တဲ့ယုံကြည်မှု လုံးဝမရှိဘူး ဖြစ်နေတယ်။ ပြီးတော့ အရာအားလုံးကို ကိုယ်တော့်ရဲ့ လက်ထဲမှာ မအပ်နှံရဲဘူးဖြစ်နေတယ်။ အသင်းတော်က ကျွန်မကို တရားဟောဆရာအဖြစ် ရာထူးတိုးပေးတော့ အသင်းတော်ရဲ့ အလုပ်လိုအပ်ချက်တွေကို နည်းနည်းလေးမှ အလေးမထားမိခဲ့ဘဲ ယောက်ျားနဲ့ ခွဲနေတာက အိမ်ထောင်ရေးကို ပြိုကွဲစေပြီး မိသားစုမရှိတော့ပဲ ဖြစ်သွားတော့မှာလား လို့ စိုးရိမ်ပူပန်ရင်း ကျွန်မရဲ့ အိမ်ထောင်ရေးကိုပဲ စဉ်းစားနေမိခဲ့တယ်။ တကယ်တမ်းမှာတော့ အိမ်ထောင်ရေးတည်တံ့မှုဆိုတာမျိုးက ကျွန်မ ထိန်းချုပ်နိုင်တာ မဟုတ်ဘူး။ ကျွန်မ အိမ်ထောင်ရေးက ပြိုကွဲဖို့ အကြောင်းပါလာရင် ကျွန်မ နေ့တိုင်း အိမ်မှာရှိနေလည်း ပြိုကွဲမှာပါပဲ။ ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်။ သူက သူ့ယောက်ျား ဘယ်သွားသွား နောက်ကလိုက်နေတတ်ပြီး သူတို့ နှစ်ယောက်က တကယ့်ကို မခွဲမခွာရှိခဲ့ကြတယ်။ ဒါပေမဲ့လည်း သူ့မျက်စိရှေ့တင်ပဲ သူ့ယောက်ျားက တခြားမိန်းမ တစ်ယောက်နဲ့ ဇာတ်လမ်းတွေရှုပ်ခဲ့ပြီး နောက်ဆုံးတော့ သူတို့ ကွာရှင်းခဲ့ကြတယ်။ အလုပ်ကြောင့် ခွဲနေကြရပြီး တစ်နှစ်မှာ တစ်ကြိမ်နှစ်ကြိမ်လောက်သာ တွေ့ကြရတဲ့ တချို့တလေ ဇနီးမောင်နှံတွေလည်း ရှိပါတယ်၊ ဒါပေမဲ့ သူတို့ အိမ်ထောင်ရေးကြလည်း ရေရှည်တည်တံ့နေတာပါပဲ ဒါကို သိတော့ ကျွန်မရဲ့ အိမ်ထောင်ရေးကို ဘုရားဆီမှာပဲ အပ်နှံချင်ခဲ့တယ်။ ဘုရားရှေ့ကို လာပြီး ကျွန်မ ဆုတောင်းတယ်။ “ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ဖို့ ဒီအခြေအနေတွေကို စီမံလုပ်ဆောင်တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ သမ္မာတရားကို မချစ်မြတ်နိုးဘဲ ကျွန်မသဘာဝက အရမ်းကိုတစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ ကျွန်မ သိပါပြီ၊ ကိုယ့်ဇာတိပကတိဆိုင်ရာအကျိုးတွေကိုပဲ ထည့်စဉ်းစားပြီး အိမ်ထောင်ရေး မြဲဖို့ပဲ ကျွန်မ လိုချင်နေခဲ့တယ်၊ ဘုရားသခင် ကျွန်မ ကိုယ်တော့်ကိုပဲ အားကိုးယုံကြည်ချင်ပြီးတော့ အိမ်ထောင်ရေးကို လက်လွှတ်လိုက်ချင်ပါပြီ၊ အိမ်ကနေထွက်ခွာပြီး တာဝန်ထမ်းဆောင်ဖို့ အနာဂတ်မှာ နောက်ထပ်အခွင့်အရေးများ ရှိခဲ့ရင် တာဝန်ကိုပဲ ရွေးချယ်ပြီး ကိုယ်တော့်ကို ကျွန်မ စိတ်ကျေနပ်စေချင်ပါတယ်” လို့ပေါ့။
လအနည်းငယ် ကြာပြီးနောက်မှာ တရားဟောဆရာအဖြစ် ကျွန်မ ထပ်မံ အရွေးချယ်ခံရပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မ အရမ်းစိတ်လှုပ်ရှားနေခဲ့ပြီး “အရင်က ငါ အမြဲတမ်း ဘုရားသခင်ကို နာကျင်စေပြီး စိတ်ပျက်စေခဲ့တယ်၊ ပြီးတော့ ငါ့တာဝန်မှာ ကိုယ်တော့်အပေါ် အများကြီး အကြွေးတင်နေခဲ့တယ်၊ ဒါပေမဲ့ ကိုယ်တော်က ငါ့ကို နောင်တရနိုင်ဖို့ အခွင့်အရေး ပေးတုန်းပဲ၊ ဒီတစ်ခါတော့ ငါ ဘုရားသခင် စိတ်ကျေနပ်စေရမယ်”လို့ တွေးမိခဲ့တယ်။ ဒါပေမဲ့ တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ ဘယ်လိုထွက်ခွာရမယ်ဆိုတာကို တွေးမိတဲ့အခါမှာ ကျွန်မစိတ်ထဲမှာ လွန်ဆွဲနေသလို ခံစားနေရတုန်းပဲ။ ဘုရားသခင်ဆီမှာ ဆုတောင်းလိုက်ပြီး အရင်က ကျွန်မဖတ်ဖူးတဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အပိုဒ်တစ်ပိုဒ်ကို ကျွန်မ သတိရမိလိုက်တယ်။ “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ကျွန်မကို ယုံကြည်မှုနဲ့ ခွန်အား ပေးပါတယ်။ ကျွန်မဘဝရဲ့ အစပိုင်းတစ်ဝက် လောက်က ကိစ္စတွေနဲ့ အလုပ်များပြီး ကျွန်မရဲ့ ဇာတိပကတိအတွက်ပဲ လုံးဝနေထိုင်ခဲ့တယ်။ မိသားစုပျော်ရွှင်မှုနဲ့ ဇာတိပကတိဆိုင်ရာငြိမ်းချမ်းမှုကိုပဲ ကျွန်မ လိုက်စားခဲ့တယ်။ အဲလို နေထိုင်တာဟာ ဘာတန်ဖိုး၊ ဘာအဓိပ္ပါယ်မှ လုံးဝ မရှိဘဲ နောက်ဆုံးမှာ နောင်တတွေအပြည့်နဲ့ ကျွန်မလက်ဗလာ သေသွားရမှာပါ။ ဘုရားသခင်က သူ့အိမ်တော်ဆီကို လာဖို့ ကျွန်မကိုရွေးချယ်ခဲ့ပြီး သမ္မာတရားနဲ့ ဘဝကို ရဖို့ အခွင့်အရေးပေးခဲ့တယ်။ ဒါပေမဲ့ အိမ်ထောင်ရေးတည်တံ့ဖို့ အတွက်နဲ့ ကျွန်မရဲ့ တာဝန်ကို ငြင်းပယ်ရင်း ဘုရားသခင်ရှေ့မှောက်မှာ ပြစ်မှားခြင်းကို ကျူးလွန်ပြီးတော့ ကိုယ်တော့်ကို ကျေးဇူးမသိတတ်ဘဲ ကျွန်မရဲ့ စိတ်နှလုံးအပြည့်အဝကို မပေးခဲ့ဘူး။ ဒီတစ်ခါမှာတော့ တရားဟောဆရာဖြစ်ဖို့ ဘုရားသခင်က ကျွန်မကို နောက်တစ်ကြိမ် အခွင့်အရေးပေးပါတယ်။ အိမ်ထောင်ရေး ပြိုကွဲမှာ စိုးရိမ်တာကြောင့်နဲ့တော့ တာဝန်ကို ကျွန်မ နောက်တစ်ခါ မငြင်းပယ်နိုင်ပါဘူး။ အဲလိုနေထိုင်ရတာ ဘာ တည်ကြည်မှု၊ ဂုဏ်သိက္ခာ ဘာတန်ဖိုးမှ မရှိပါဘူး။ ဘုရားသခင်နောက်ကိုလိုက်ဖို့ ကျွန်မရွေးချယ်ပြီးပြီမို့ ကိစ္စတွေကို ဘုရားသခင်ကိုပဲ စီစဉ်ညွှန်ကြားခွင့်ပြုရမှာပါ။ သမ္မာတရားကို ရရှိဖို့ဆို ဘာကိုမဆို စွန့်ပယ်ထိုက်ပါတယ်။ အိမ်ကနေ ထွက်ခွာပြီးနောက် ကျွန်မရဲ့ အိမ်ထောင်ရေး ပြတ်စဲသွားတယ်ဆိုရင်တောင် ဒီတစ်ခါတော့ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားသခင်အတွက် ရှင်သန်နေထိုင်မှာပဲ ဖြစ်ပါတယ်။
တာဝန်ထမ်းဆောင်ဖို့ အိမ်ကထွက်လာပြီးပြီးချင်း အတွင်းမှာ အားတဲ့အချိန်တိုင်းမှာ ကျွန်မယောက်ျားအကြောင်း တွေးနေမိတတ်ပြီး တာဝန်အပေါ်မှာကျွန်မ အပြည့်အဝ စိတ်နှစ်မထားခဲ့ပါဘူး။ အိမ်ထောင်ရေးကို ကျွန်မ တကယ်လက်မလွှတ်သေးဘူး ဆိုတာကို ကျွန်မသိခဲ့တယ်။ နောက်တော့ အိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့ သမ္မာတရားတွေကို ဘုရားသခင် မိတ်သဟာယဖွဲ့ထားတာကို ကျွန်မ တွေ့တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာကို တွေ့လိုက်ရသလိုပါပဲ။ ကျွန်မ အဲဒါကို ဂရုတစိုက်ဖတ်ခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူများစွာတို့သည် ၎င်းတို့ဘဝ၏ ပျော်ရွှင်မှုကို ၎င်းတို့၏ အိမ်ထောင်အပေါ်တွင် အမှီပြုထားကြသည်။ ပြီးလျှင် ပျော်ရွှင်မှုအား လိုက်စားရာတွင် ၎င်းတို့၏ ပန်းတိုင်သည် အိမ်ထောင်၏ ပျော်ရွှင်မှုနှင့် ပြည့်စုံမှုကို လိုက်စားခြင်းဖြစ်သည်။ ၎င်းတို့၏ အိမ်ထောင်သည် ပျော်ရွှင်သော အိမ်ထောင်ဖြစ်ပြီး ၎င်းတို့၏ လက်တွဲဖော်နှင့် အတူနေရသည်ကို ပျော်ရွှင်လျှင် ၎င်းတို့၌ ပျော်ရွှင်သောဘဝရှိမည်ဟူ၍ ၎င်းတို့ ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို မနားမနေ အားစိုက်ထုတ်ခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိရမည့် ဘဝတစ်သက်တာတာဝန်အဖြစ် မှတ်ယူကြသည်။...ဤသို့သောလူတို့၏ စိတ်နှလုံးတွင် အိမ်ထောင်ရေး သာယာပျော်ရွှင်မှုသည် အရာရာတိုင်းထက် ပို၍ အရေးကြီးသည်။ ယင်းမရှိလျှင် ၎င်းတို့သည် လုံးဝ ဝိညာဉ်ကင်းမဲ့နေသလို ခံစားရသည်။ ၎င်းတို့က ‘ချစ်ခြင်းမေတ္တာသည် သာယာပျော်ရွှင်သည့် အိမ်ထောင်အတွက် အရေးကြီးဆုံးအရာဖြစ်သည်။ ငါက ငါ့မိန်းမကို ချစ်ပြီး သူက ငါ့ကိုချစ်သာကြောင့်သာ ငါတို့တွင် သာယာပျော်ရွှင်သည့် အိမ်ထောင်ရှိပြီး ဤမျှထိ မြဲလာနိုင်ခြင်း ဖြစ်သည်။ ဘုရားသခင်အပေါ် ငါ၏ယုံကြည်မှုကြောင့်၊ ငါ့တာဝန်ကို ထမ်းဆောင်သောကြောင့် ဤချစ်ခြင်းမေတ္တာကိုဆုံးရှုံးပြီး ဤချစ်ခြင်းမေတ္တာကအဆုံးသတ်သွားလျှင် ငါ၏အိမ်ထောင်ရေးသာယာပျော်ရွှင်မှုက ပြီးဆုံးကာ ပျောက်ကွယ်သွားသည့် သဘော ဖြစ်သည် မဟုတ်လော။ ဤအိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို ငါ နောက်တစ်ခါ ခံစားနိုင်မည် မဟုတ်တော့လေသလော။ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုမရှိလျှင် ငါတို့တွင် မည်သည့်အရာ ဖြစ်မည်နည်း။ ငါ့မိန်းမ၏ ဘဝသည် ငါ၏ ချစ်ခြင်းမေတ္တာမရှိလျှင် မည်သို့ နေမည်နည်း။ ငါ့မိန်းမ၏ အချစ်ကို ငါဆုံးရှုံးရလျှင် ငါ ဘာဖြစ်မည်နည်း။ ဘုရားရှေ့တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ လူ၏တာဝန်ကို ပြီးမြောက်ခြင်းက ဤဆုံးရှုံးမှုကို ဖာထေးပေးနိုင်သလော’ဟူ၍ ယုံကြည်ကြသည်။ ၎င်းတို့မသိ။ ၎င်းတို့တွင် အဖြေမရှိပေ။ ပြီးလျှင် ဤသမ္မာတရားရှုထောင့်ကို ၎င်းတို့ နားမလည်ပေ။ ထို့ကြောင့် ဘုရားအိမ်တော်က အိမ်ထောင်ပျော်ရွှင်မှုကို အခြားအရာအားလုံးထက် လိုက်စားသူတို့အား ဧဝံဂေလိဖြန့်ဝေပြီး မိမိတို့ တာဝန်ကို ထမ်းဆောင်ရန် မိမိတို့အိမ်မှထွက်ခွာပြီး ဝေးသောတစ်နေရာသို့ သွားဖို့အတွက် လိုအပ်သောအချိန်တွင် ၎င်းတို့သည် မကြာခဏ စိတ်ပျက်ကြသည်။ အကူအညီမဲ့သလို ခံစားရသည်။ ၎င်းတို့သည် မကြာခင်တွင် ၎င်းတို့၏ အိမ်ထောင်ရေးသာယာပျော်ရွှင်မှုကို ဆုံးရှုံးရနိုင်သည်ဆိုသည့် အချက်ကိုပင် စိတ်မအေးနိုင်ဖြစ်ကြသည်။ လူအချို့မှာ ၎င်းတို့၏ အိမ်ထောင်ရေးသာယာပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် ၎င်းတို့တာဝန်များကို စွန့်ပစ်ကြသည်၊ သို့မဟုတ် ထမ်းဆောင်ဖို့ ငြင်းဆန်ကြသည်။ အချို့မှာ ဘုရားအိမ်တော်၏ အရေးကြီးသော အစီအစဉ်များကိုပင် ငြင်းဆန်ကြသည်။ မိမိတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် မိမိတို့ အိမ်ထောင်ဘက်၏ ခံစားချက်များကို သိဖို့ မကြာခဏ ကြိုးစားသူအချို့လည်းရှိသည်။ ၎င်းတို့၏ ယုံကြည်မှု၊ ၎င်းတို့ ခံယူခဲ့သော ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်း၊ ၎င်းတို့၏ တာဝန်အား ထမ်းဆောင်ခြင်းတို့နှင့်ပတ်သက်ပြီး ၎င်းတို့၏ အိမ်ထောင်ဘက်က အနည်းငယ် မကျေနပ်လျှင်၊ သို့မဟုတ် နှစ်သက်မှုမရှိလျှင်၊ သို့မဟုတ် စိတ်ကျေနပ်ခြင်းမရှိလျှင် ၎င်းတို့သည် ရုတ်ချည်းပင် လမ်းကြောင်းပြောင်းပြီး အလျှော့ပေးသည်။ ၎င်းတို့သည် ၎င်းတို့၏ အိမ်ထောင်ရေးသာယာပျော်ရွှင်မှုအား ထိန်းသိမ်းရန်အတွက် ၎င်းတို့၏ အိမ်ထောင်ဘက်အပေါ် မကြာခဏ အလျှော့ပေးမှုများ ပြုလုပ်သည်။ ၎င်းတို့ရှိနေသည်ဆိုသည်ကို ၎င်းတို့၏ အိမ်ထောင်ဘက်အား ပြရန်အတွက်၊ ၎င်းတို့၏ အိမ်ထောင်ဘက်အား တစ်ယောက်တည်းဖြစ်ကာ အထီးကျန်နေသည်ဟု မခံစားရစေရန်အတွက်၊ ၎င်းတို့၏ အိမ်ထောင်ဘက်အား ၎င်းတို့၏ ချစ်ခြင်းကို ခံစားရစေရန်အတွက် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးအား စွန့်လွှတ်ရမည်၊ စုဝေးခြင်း၊ ဘုရားနှုတ်ကပတ်တော်အား ဖတ်ခြင်းနှင့် ဝိညာဉ်ရေးဝတ်ပြုခြင်းများ ပြုလုပ်ခြင်းအတွက် အချိန်ကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် ၎င်းတို့၏ အိမ်ထောင်ဘက်ကို အလျှော့ပေးခြင်းများ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ၎င်းတို့အိမ်ထောင်ဘက်၏ ချစ်ခြင်းကို ဆုံးရှုံးခြင်း၊ သို့မဟုတ် မရှိခြင်းထက် ဤသို့သာ လုပ်ဆောင်ကြလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ယုံကြည်ခြင်းအတွက်၊ သို့မဟုတ် ၎င်းတို့ လျှောက်လှမ်းခဲ့သည့်ဘုရားသခင်အပေါ် ယုံကြည်ခြင်းလမ်းကြောင်းအတွက် ၎င်းတို့အိမ်ထောင်ဘက်၏ ချစ်ခြင်းကို စွန့်လွှတ်လျှင် ဤသည်မှာ ၎င်းတို့သည် ၎င်းတို့အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို စွန့်လွှတ်ခြင်းဖြစ်သည်၊ ထိုအိမ်ထောင်ရေးသာယာပျော်ရွှင်မှုကို ခံစားနိုင်တော့မည်မဟုတ်၊ ဤသို့ဆိုလျှင် ၎င်းတို့သည် အထီးကျန်သော၊ သနားစဖွယ်ဖြစ်သော၊ ကြေကွဲဝမ်းနည်းဖွယ်ဖြစ်သောသူတစ်ယောက်ဖြစ်လိမ့်မည်ဟူ၍ ခံစားရသောကြောင့်ဖြစ်သည်။ ကြေကွဲဝမ်းနည်းဖွယ်ဖြစ်သော၊ သနားစဖွယ်ဖြစ်သော သူတစ်ယောက်ဖြစ်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အခြားလူတစ်ယောက်၏ ချစ်ခြင်း၊ သို့မဟုတ် မြတ်နိုးခြင်းကို မခံရသောသူတစ်ယောက်ကို ဆိုလိုသည်။ ဤလူတို့သည် အယူဝါဒအချို့နှင့် သူ၏ ကယ်တင်ခြင်းအမှုကို ဘုရားသခင် လုပ်ဆောင်ခြင်း၏ အရေးပါမှုကို နားလည်သော်လည်း၊ ဖန်ဆင်းခံအနေဖြင့် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်သင့်သည်ဆိုသည်ကို ၎င်းတို့နားလည်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ၎င်းတို့၏ အိမ်ထောင်ဘက်အား ၎င်းတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုကို အပ်နှံကာ ၎င်းတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုကို ၎င်းတို့၏ အိမ်ထောင်ရေးသာယာပျော်ရွှင်မှုအပေါ်တွင် အမှီပြုစေသည်မှာ အမှန်ပင်ဖြစ်သောကြောင့် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သင့်သည်ဆိုသည်ကို နားလည်ပြီး သိကြသော်လည်း ၎င်းတို့၏ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားမှုကို လက်မလွှတ်နိုင်ကြသေးပေ။ ၎င်းတို့သည် အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်းကို ဤဘဝသက်တမ်းတွင် ၎င်းတို့ လိုက်စားသင့်သည့် တာဝန်အဖြစ် မှားယွင်းစွာ မြင်ကြသည်။ ပြီးလျှင် အိမ်ထောင်ရေးသာယာပျော်ရွှင်မှုအား လိုက်စားခြင်းကို ဖန်ဆင်းခံတစ်ယောက်က လိုက်စားပြီး ပြီးမြောက်သင့်သည့် တာဝန်အဖြစ် မှားယွင်းစွာ ရှုမြင်ကြသည်။ ဤသည်မှာ အမှားတစ်ခုမဟုတ်လော။ (ဟုတ်သည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) အိမ်ထောင်ရေးပျော်ရွှင်မှုနောက်ကို လိုက်တဲ့အခါ ဖြစ်တတ်တဲ့ လူသားရဲ့ အမူအကျင့်တချို့ကို ဘုရားသခင်က ဖော်ထုတ်ပါတယ်။ လူတွေဟာ လက်ထပ်ပြီးတဲ့နောက်မှာ ဇနီးမောင်နှံနှစ်ယောက်အကြား ချစ်ခင်တွယ်တာမှုခိုင်မြဲစေဖို့၊ ကိစ္စတွေကို ကိုယ့်အိမ်ထောင်ဖက် သဘောတွေ့အောင်နဲ့ စိတ်ကျေနပ်အောင် လုပ်ကြတယ်။ ဒါမှမဟုတ် အိမ်ထောင်ရေးပျော်ရွှင်မှုမြဲမြံဖို့ သူတို့ကိုသူတို့ အသုံးတော်ခံပြီး အနစ်နာခံတတ်ကြတယ်။ တချို့ဆို အိမ်ထောင်ရေးပျော်ရွှင်မှုရဖို့ ကြိုးပမ်းရတာကို သူတို့ရဲ့ အထူးတာဝန်တစ်ရပ်လို သဘောထားပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးအတွက်နဲ့ တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးကို စွန့်လွှတ်တာကိုတောင် ပိုနှစ်သက်ကြတယ်။ ဘုရားသခင် ဖော်ထုတ်လိုက်တာ က ကျွန်မရဲ့ ပကတိအခြေအနေမှန်ပါပဲ၊ ကျွန်မတစ်ဘဝလုံး လိုက်စားနေတာကို တကယ့်ကို ပုံဖော်ပြနေတာပါပဲ။ လက်ထပ်ပြီးတဲ့နောက်မှာ ကျွန်မယောက်ျားဟာ မိသားစုကို အလေးပေးပြီး ကျွန်မကို တော်တော်လေး အလေးထားပါတယ်၊ အဲဒီတော့ ကျွန်မ အချစ်စစ်ကိုတွေ့ပြီ၊ ဒီလို အိမ်ထောင်ရေးကို ရတာဟာ ကောင်းကင်ဘုံရဲ့ ဆုကျေးဇူးလို့ ထင်ခဲ့တယ်။ အဲဒီတော့ အိမ်ထောင်ရေးပျော်ရွှင်မှုရဖို့ ကြိုးပမ်းတာကို ကျွန်မဘဝရဲ့ အထူးတာဝန်အဖြစ် ပြောင်းလဲပြီး ဘဝတစ်သက်တာ ပျော်ရွှင်မှုကို ကျွန်မယောက်ျားဆီမှာ အပ်နှံခဲ့တယ်။ ပျော်ရွှင်တဲ့အိမ်ထောင်ရေး တည်မြဲဖို့ ဇနီးတစ်ယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို ကြိုးစားဖြည့်ဆည်းခဲ့တယ်။ ကျွန်မယောက်ျားအတွက် နေ့တိုင်း ထမင်းသုံးနပ်ကို မထပ်အောင် ချက်ပြုတ်ပြင်ဆင်ပေးပြီး သူ စိတ်ကျေနပ်အောင် အိမ်အလုပ်တွေကို နိုင်နိုင်နင်းနင်း လုပ်ခဲ့တယ်။ ခေါင်းဆောင်တစ်ယောက် ဖြစ်လာတော့ အသင်းတော်အလုပ်တွေနဲ့ အလုပ်ရှုပ်ပြီး မိသားစုအကြောင်း မစဉ်းစားနိုင်တော့ဘူး။ ကျွန်မယောက်ျားက ဒါကို တော်တော်လေးကို မနှစ်မြို့ခဲ့တာပါ။ ကျွန်မ အပြစ်မကင်းသလို ခံစားရပြီး ယောက်ျားအပေါ် အကြွေးတင်နေပြီး ဇနီးတစ်ယောက်ရဲ့ တာဝန်တွေကို ကျွန်မ မကျေပွန်ပါလား လို့ တွေးရင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိခဲ့တယ်။ ကျွန်မယောက်ျားက အပြစ်ဖော်ဆုံးမပြီးနောက်မှာ ကျွန်မတို့ မိသားစု ပြိုကွဲတော့မှာကို ကျွန်မ စိုးရိမ်ခဲ့ပြီး ယောက်ျားနဲ့ ဆက်ဆံရေး မပျက်စီးရလေအောင် ကျွန်မရဲ့ တာဝန်ကို စွန့်လွှတ်ပြီး နုတ်ထွက်ချင်ခဲ့တယ်။ တရားဟောဆရာအဖြစ် ကျွန်မ အရွေးခံရတော့ ကိုယ့်အိမ်ထောင်ရေးနဲ့ ကိုယ့်မိသားစုအကြောင်းပဲ တွေးခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးမသိတတ်ရုံတင်မကဘူး အိမ်ထောင်ရေးပျော်ရွှင်မှုကို ပိုလိုလားရင်း ကိုယ့်တာဝန်ထမ်းဆောင်ရမဲ့ အခွင့်အရေးကိုပဲ လက်လွှတ်ချင်ခဲ့တယ်။ ခင်ပွန်းနဲ့ ဇနီးဟာ သေခြင်းက သူတို့ကို ခွဲခွာတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြရမယ် ဆိုတဲ့ စာတန်က သွတ်သွင်းထားတဲ့ မှားယွင်းတဲ့ အတွေးတွေနဲ့ပဲ ကျွန်မ နေထိုင်နေခဲ့တယ်။ အိမ်ထောင်ရှင်ဇနီးမောင်နှံနှစ်ယောက်ဟာ အိမ်ထောင်သက် ငွေရတု တို့ စိန်ရတုတို့ နှစ်ပတ်လည်တွေလုပ်နိုင်ရင် လေးစားအားကျစရာပဲလို့ ယုံကြည်ပြီး အိမ်ထောင်ရေးပျော်ရွှင်မှု ရဖို့ကြိုးပမ်းတာဟာ ကောင်းတဲ့အရာ လို့ ကျွန်မ သဘောထားခဲ့တယ်။ ကျွန်မငယ်ငယ်တုန်းကဆို ကျွန်မရဲ့ မိဘတွေက တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပြီး အမြဲမကွဲအတူနေခဲ့ကြတယ်၊ အဲဒီတော့ ကျွန်မ အရွယ်ရောက်လာတဲ့အချိန်မှာ ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို လိုချင်တောင့်တတယ်။ ကျွန်မ ဆန္ဒအတိုင်းဖြစ်လာတော့ အိမ်ထောင်ရေးပျော်ရွှင်မှုကို ကျွန်မဘဝရဲ့ လိုက်စားမှုလို့ သဘောထားရင်း သမ္မာတရားကို ရရှိခြင်းနဲ့ တာဝန်ကို ထမ်းဆောင်ခြင်းထက် ပိုအရေးကြီးတယ်လို့တောင် မြင်ပြီး အဲဒီအိမ်ထောင်ရေးကို မြတ်နိုးခဲ့တယ်။ အဲဒါက ကျွန်မကို ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေနဲ့ လမ်းလွဲသွားစေခဲ့ပါတယ်။
နောက်ထပ် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ပါတယ်။ “ဘုရားသခင်သည် သင့်အတွက် အိမ်ထောင်ကို စီမံခဲ့ပြီး သင့်အား လက်တွဲဖော်တစ်ယောက်ပေးခဲ့သည်။ သင်သည် အိမ်ထောင်ထဲသို့ ဝင်ရောက်သော်လည်း ဘုရားသခင်ရှေ့၌ သင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းက မပြောင်းလဲပေ။ သင်သည် သင်ဖြစ်နေဆဲဖြစ်သည်။ သင်သည် မိန်းမတစ်ယောက်ဖြစ်လျှင် ဘုရားရှေ့၌ သင်သည် မိန်းမတစ်ယောက်ဖြစ်နေဆဲ ဖြစ်သည်။ သင်သည် ယောက်ျားတစ်ယောက်ဖြစ်လျှင် သင်သည် ဘုရားရှေ့၌ ယောက်ျားတစ်ယောက် ဖြစ်ဆဲ ဖြစ်သည်။ သို့သော် သင်တို့နှစ်ဦးလုံးတွင် တူညီသည့်အရာတစ်ခုရှိသည်။ ယင်းမှာ သင်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သင်တို့အားလုံးသည် ဖန်ဆင်းရှင်ရှေ့၌ ဖန်ဆင်းခံများဖြစ်ကြသည်။ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် သင်တို့သည် အချင်းချင်း သည်းခံပြီး ချစ်ကြသည်။ အချင်းချင်း ကူညီထောက်ပံ့ကြသည်။ ဤသည်မှာ သင်တို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ရှေ့၌ သင်ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် သင်ပြီးမြောက်သင့်သည့် တာဝန်ကို သင်၏ လက်တွဲဖော်အပေါ် သင်ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် အစားထိုး၍မရပေ။ ထို့ကြောင့် သင်၏ လက်တွဲဖော်အပေါ် သင်၏တာဝန်များနှင့် ဘုရားရှေ့တွင် ဖန်ဆင်းခံတစ်ယောက် ထမ်းဆောင်သင့်သည့် တာဝန်ကြား၌ ဆန့်ကျင်ကွဲလွဲမှုရှိလျှင် သင်ရွေးချယ်သင့်သည့်အရာမှာ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် သင်၏ လက်တွဲဖော်အပေါ် သင်၏ တာဝန်များကို မဖြည့်ဆည်းရန်ဖြစ်သည်။ ဤသည်မှာ သင်ရွေးချယ်သင့်သည့် ဦးတည်ချက်နှင့် ရည်ရွယ်ချက်ဖြစ်သည်။ သင် ပြီးမြောက်သင့်သည့် တာဝန်လည်းဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။...မည်သို့ပင်ဖြစ်စေ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင်ရှိသည့် အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို လိုက်စားသော၊ သို့မဟုတ် မည်သည့်စွန့်လွှတ်အနစ်နာခံမှုကိုမဆို ပြုလုပ်သော မည်သည့်လက်တွဲဖော်မဆို၏ လုပ်ရပ်များကို ဘုရားသခင်က အမှတ်ရမည်မဟုတ်ပေ။ သင်သည် သင်၏လက်တွဲဖော်အပေါ် သင်၏ တာဝန်၊ ဝတ္တရားများကို မည်မျှကောင်းမွန်စွာ၊ ပြည်စုံစွာဖြည့်ဆည်းပါစေ၊ သင့်လက်တွဲဖော်၏ မျှော်မှန်းချက်များကို သင်မည်မျှ ပြည့်မီအောင်လုပ်ဆောင်နိုင်ပါစေ၊ တစ်နည်းအားဖြင့် သင်၏ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို မည်မျှကောင်းမွန်စွာ၊ မည်မျှပြည့်စုံစွာ ထိန်းသိမ်းပါစေ၊ သို့မဟုတ် ထိုအရာက မည်မျှအားကျဖွယ်ဖြစ်ပါစေ သင်သည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု မဆိုလိုသကဲ့သို့ သင်သည် စံမီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်ဟုလည်း သက်သေမပြပေ။ သင်သည် ပြည့်စုံသော ဇနီး၊ သို့မဟုတ် ပြည့်စုံသော ခင်ပွန်းဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယင်းသည် အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ကန့်သတ်ခံထားရသည်။ ဖန်ဆင်းရှင်က သူ၏ရှေ့တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို သင်မည်သို့ ထမ်းဆောင်သည်၊ မည်သည့်လမ်းကြောင်းမျိုးကို သင်လိုက်လျှောက်သည်၊ ဘဝအပေါ် သင်၏ သဘောထားအမြင်ကမည်သည့်အရာဖြစ်သည်၊ ဘဝတွင် မည်သည့်အရာကို သင်လိုက်စားသည်၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို သင်မည်သို့ ပြီးမြောက်အောင်လုပ်ဆောင်သည်ဆိုသည်တို့အပေါ် အခြေခံပြီး သင်က မည်သို့သောသူမျိုးဖြစ်သည်ကို တိုင်းတာသည်။ ဘုရားသခင်သည် ဤအရာများဖြင့် ဘုရားသခင်က ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင် လိုက်လျှောက်သော လမ်းကြောင်းနှင့် သင်၏အနာဂတ် ခရီးပန်းတိုင်ကို တိုင်းတာသည်။ သင်သည် ဇနီး၊ သို့မဟုတ် ခင်ပွန်းတစ်ယောက်အဖြစ် သင်၏ တာဝန်၊ ဝတ္တရားများအား အဘယ်သို့ ဖြည့်ဆည်းသည်၊ သို့မဟုတ် သင်၏ လက်တွဲဖော်အပေါ် သင်၏ ချစ်ခြင်းသည် သူ့အား ကျေနပ်စေခြင်းရှိမရှိဆိုသည်တို့အပေါ် အခြေခံပြီး ဤအရာများကို သူ မတိုင်းတာပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) လူတွေဟာ အရည်အချင်းပြည့်မီတဲ့ ဖန်ဆင်းခံတွေဖြစ်မဖြစ် ဘုရားက တရားစီရင်တဲ့အခါမှာ သူတို့လျှောက်တဲ့လမ်းကြောင်းနဲ့ ဖန်ဆင်းခံတွေအဖြစ် သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ရဲ့လားလို့ ဘုရားက ကြည့်ပါတယ်။ သူတို့ရဲ့ မိသားစုတွေ သဟဇာတဖြစ်ပြီး ပျော်ရွှင်ရဲ့လားဆိုတာကို မကြည့်ပါဘူး။ ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ မိသားစုအကျိုးမှာ ပြဒါး တစ်လမ်း သံတစ်လမ်းဖြစ်ရင် ဖန်ဆင်းခံတွေအဖြစ် သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ရင်း ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်ဆောင်ရွက်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးတွေကို ဦးစားပေးသင့်ပါတယ်။ ဒါဟာဖန်ဆင်းခံတို့ရဲ့ ရှောင်လွှဲမရတဲ့တာဝန်ဝတ္တရားဖြစ်ပါတယ်။ အိမ်ထောင်ရေးပျော်ရွှင်မှုအတွက်နဲ့ ကိုယ့်ရဲ့တာဝန်ကို မထမ်းဆောင်ဘူးဆိုရင် ကိုယ့်ရဲ့ တာဝန်ဝတ္တရားကို ကောင်းကောင်း ဖြည့်ဆည်းဖို့ ပျက်ကွက်တာဖြစ်ပြီး လူရယ်လို့ အခေါ်ခံမထိုက်ပါဘူး။ အိမ်ထောင်ရေးဘောင်အတွင်းမှာဆို ဇနီးတစ်ယောက်ရဲ့ တာဝန်ဝတ္တရားကို ကျွန်မ ဖြည့်ဆည်းသင့်တယ်၊ ဒါပေမဲ့ အဲဒါတွေထက် အရေးကြီးတာက ကျွန်မဟာ ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်တာဟာ ကျွန်မဘဝရဲ့ အထူးတာဝန် အစစ်အမှန်ဖြစ်တယ်။ ဒီနှစ်ခုအကြား ကွဲလွဲမှုရှိလာရင် ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ပဲ ကျွန်မ ရွေးချယ်သင့်တယ်။ အခု ကျွန်မ နားလည်ပြီ။ အိမ်ထောင်ရေးပျော်ရွှင်မှုကို ရဖို့ကြိုးပမ်းခြင်းဟာ ကျွန်မကိုကယ်တင်ခြင်းရစေမှာမဟုတ်ဘဲ တကယ့်ဘဝအစစ်မှန်လည်း မဟုတ်ပါဘူး။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်ကို ဦးစားပေးရပါမယ်။ မှန်ကန်တဲ့ ရွေးချယ်မှုကို လမ်းပြပေးခဲ့တဲ့အတွက် ဘုရားသခင်ကို ကျွန်မ အရမ်းကျေးဇူးတင်ပါတယ်။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မဆက်ဖတ်ပါတယ်။ “အိမ်ထောင်ပျော်ရွှင်မှုကို လိုက်စားခြင်းအား သင်လက်လွှတ်ရန် တောင်းဆိုခြင်းသည် သင့်အား လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်သည့် အိမ်ထောင်ကို စွန့်လွှတ်ရန်၊ သို့မဟုတ် ကွာရှင်းရန် တောင်းဆိုခြင်းမဟုတ်ပေ။ ထိုအစား ဖန်ဆင်းခံအနေဖြင့် သင်၏ တာဝန်ကို ဖြည့်ဆည်းရန်၊ အိမ်ထောင်တွင် သင်ထမ်းဆောင်သင့်သည့် တာဝန်များကို ဖြည့်ဆည်းသည့် အကြောင်းပြချက်ဖြင့် သင်ထမ်းဆောင်သင့်သည့်တာဝန်ကို သင့်လျော်စွာ ထမ်းဆောင်ရန် တောင်းဆိုခြင်းဖြစ်သည်။ အိမ်ထောင်ပျော်ရွှင်မှုကို သင်လိုက်စားခြင်းသည် ဖန်ဆင်းခံတစ်ယောက်နှင့် သက်ဆိုင်သော တာဝန်အား သင်ထမ်းဆောင်ခြင်းကို ထိခိုက်လျှင်၊ နှောင့်ယှက်လျှင်၊ သို့မဟုတ် ဖျက်ဆီးခြင်းပင်ဖြစ်လျှင် အိမ်ထောင်ပျော်ရွှင်မှုအား သင်လိုက်စားခြင်းကိုသာမကဘဲ သင်၏ အိမ်ထောင်တစ်ခုလုံးကို စွန့်လွှတ်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤပြဿနာအပေါ်တွင် မိတ်သဟာယဖွဲ့ခြင်း၏ နောက်ဆုံး ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤသည်မှာ အိမ်ထောင်ပျော်ရွှင်ခြင်းက သင်၏ ခြေလှမ်းများကို မဟန့်တားစေရန်၊ သင်၏ လက်ကို မချည်နှောင်စေရန်၊ သင့်မျက်လုံးများကို ကန်းအောင် မလုပ်ရန်၊ သင်၏ အမြင်ကို ပုံမပျက်စေရန်၊ သင်၏ စိတ်ကို နှောင့်ယှက်ပြီး နေရာမယူစေရန်ဖြစ်သည်။ အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းက သင်၏ ဘဝလမ်းကြောင်းနှင့် သင်၏ ဘဝတွင် ပြည့်မနေစေရန်ဖြစ်သည်။ အိမ်ထောင်တွင် သင်ဖြည့်ဆည်းသင့်သော တာဝန်၊ ဝတ္တရားများကို မှန်ကန်စွာ ချဉ်းကပ်ပြီး သင် ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများနှင့် သက်ဆိုင်သော မှန်ကန်သည့် ရွေးချယ်မှုများ ပြုလုပ်ရန် ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ရန် ပို၍ ကောင်းသောနည်းလမ်းမှာ သင်၏တာဝန်၌ အချိန်နှင့် အားအင်ကို ပို၍ ဆက်ကပ်ရန်၊ သင်ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ရန်၊ ဘုရားသခင်က သင့်အား အပ်နှံခဲ့သော တာဝန်ကို ပြီးမြောက်ရန်ဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်ကိုလည်းကောင်း၊ ဤအချိန်အခိုက်အတန့်အထိ ဘဝတစ်လျှောက် သင့်အား ခေါ်ဆောင်ခဲ့သည်မှာ ဘုရားသခင် ဖြစ်သည်ကိုလည်းကောင်း၊ သင့်အား အိမ်ထောင်ကိုပေးခဲ့သည်မှာ၊ မိသားစုကို ပေးခဲ့သည်မှာ ဘုရားသခင် ဖြစ်သည်ကိုလည်းကောင်း၊ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် သင် ဖြည့်ဆည်းသင့်သည့်တာဝန်များအား သင့်ကို ပေးအပ်သည်မှာ ဘုရားသခင် ဖြစ်သည်ကိုလည်းကောင်း၊ အိမ်ထောင်ကို ရွေးချယ်ခဲ့သည်မှာ သင်မဟုတ်သည်ကိုလည်းကောင်း မည်သည့်အခါမျှ သင် မမေ့ရပေ။ သင်သည် ရုတ်တရက်ကြီးအိမ်ထောင်ကျခြင်းမဟုတ်ကြောင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အရည်အချင်းများနှင့် အင်အားများကို အားကိုးခြင်းအားဖြင့် သင်၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းနိုင်ခြင်းမဟုတ်ကြောင်းကိုလည်း မည်သည့်အခါမျှ မမေ့ရပေ။ ယခု ဤအရာကို ငါရှင်းလင်းစွာ ရှင်းပြပြီးဖြစ်သလော။ (ရှင်းပြပြီး ဖြစ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၀)) အိမ်ထောင်ရေးပျော်ရွှင်မှု ရဖို့ကြိုးပမ်းတာကို လက်လွှတ်ရမယ်လို့ ဘုရားသခင်က တောင်းဆိုတာဟာ လုပ်ရိုးလုပ်စဉ်အတိုင်း ကွာရှင်းခိုင်းနေတာမဟုတ်ပါဘူး။ အိမ်ထောင်ရေးဝတ္တရားတွေကို ဖြည့်ဆည်းခြင်းဆိုတဲ့ အကြောင်းပြချက်အောက်မှာ ဖန်ဆင်းခံတွေအဖြစ်နဲ့ ကျွန်မတို့ရဲ့ တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ဖို့ကိုပဲ ပြောတာပါ။ တာဝန်တွေ ထမ်းဆောင်မှုကို အိမ်ထောင်ရေးက ထိခိုက်တာ ဒါမှမဟုတ် တားဆီးနှောင့်ယှက်တာတွေ ဖြစ်လာရင်တော့ အိမ်ထောင်ရေးကို လက်လွှတ်သင့်ပါတယ်။ ကျွန်မအတွက် လက်တွေ့လုပ်ဆောင်ဖို့ ရှင်းလင်းတဲ့ လမ်းကြောင်းကို ဘုရားသခင်က ညွှန်ပြခဲ့ပါတယ်။ အရင်တုန်းကဆို ဘဝရဲ့ အချိန်တစ်ဝက်လောက် အပတ်တကုတ်အားထုတ်မှုနဲ့ အိမ်ထောင်ရေးပျော်ရွှင်မှုကို ရဖို့ကြိုးပမ်းခဲ့တယ်။ ဘုရားသခင်ကို စတင်ယုံကြည်သက်ဝင်ပြီး ကျွန်မတာဝန်တွေကို ထမ်းဆောင်ပြီးနောက်ပိုင်းမှာတောင် ဒီ ကြိုးပမ်းမှုထဲမှာ နစ်မြုပ်နေပြီး ရုန်းမထွက်နိုင်ခဲ့ပါဘူး။ အိမ်ထောင်ရေးတည်မြဲအောင် ထိန်းသိမ်းဖို့အတွက် သမ္မာတရားရရှိဖို့ အခွင့်အရေးတွေ လက်လွှတ်ခဲ့ရပြီး ကျွန်မရဲ့ တာဝန်ကိုတောင် ငြင်းပယ်ခဲ့တယ်။ ကျွန်မဆုံးရှုံးခဲ့တဲ့အချိန်တွေကို ပြန်ရတော့မှာ မဟုတ်ပါဘူး။ အခု ကျွန်မအသက်က ၆၀ နီးပါး ရှိပြီ။ အကန့်အသတ်ပဲရှိတဲ့ ကျန်နေသေးတဲ့ ကျွန်မရဲ့အချိန်ကို တာဝန်ထမ်းဆောင်ဖို့ ကျွန်မ အသုံးပြုချင်တယ်။ အနာဂတ်မှာ ကျွန်မရဲ့အိမ်ထောင်ရေး ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ကျွန်မမှာ ဆုံးဖြတ်ခွင့်မရှိပါဘူး။ အားလုံးကို ဘုရားသခင်ဆီ လက်လွှဲရမှာဖြစ်ပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်ကို ကျွန်မ ကျိုးနွံနာခံရမှာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ကျွန်မမှာ ရှိတဲ့အရာအားလုံးကို တာဝန်ထမ်းဆောင်ခြင်းမှာပဲ မြှုပ်နှံလိုက်တယ်။ ကျွန်မ ပြဿနာတွေ တွေ့ရင် အဲဒါတွေ ဖြေရှင်းဖို့ ကျွန်မနဲ့တွဲဖက်လုပ်ဖူးတဲ့ ညီအစ်မတွေနဲ့ မိတ်သဟာယဖွဲ့လိုက်တယ်။ အခက်အခဲတွေနဲ့ ကြုံတွေ့ရရင် အထက်ခေါင်းဆောင်တွေဆီက လမ်းညွှန်မှုကို ရှာတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မအလုပ်မှာ ရလဒ်ကောင်းတချို့ ရရှိခဲ့တယ်။ မနက်ခင်းတွေနဲ့ ညနေခင်းတွေကို ဝိညာဉ်ရေးရာဆပ်ကပ်ခြင်းအတွက် ကျွန်မ အသုံးပြုတယ်။ မမှန်ကန်တဲ့ အခြေအနေ ကြုံရတဲ့အခါ အဲဒါကို ဖြေရှင်းဖို့ ကျွန်မ ချက်ချင်းပဲ သမ္မာတရားကို ရှာဖွေတယ်။ ကျွန်မ မသိလိုက်ခင်မှာပဲ ကျွန်မ သမ္မာတရားအချို့နဲ့ ပြင်ဆင်ပြီးနေပါပြီ။ အိမ်မှာနေနေတဲ့ အချိန်ကဆို နေ့အချိန်မှာ အသင်းတော်အလုပ်နဲ့၊ မနက်ခင်းနဲ့ ညနေခင်းတွေမှာ မိသားစု ကိစ္စတွေနဲ့ အလုပ်များနေခဲ့ပြီး ဝိညာဉ်ရေးရာဆက်ကပ်ဖို့ အချိန်တောင်မှ အကန့်အသတ်နဲ့ပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ တာဝန်ထမ်းဆောင် ဖို့ အိမ်ကနေထွက်ခဲ့တာရဲ့ အရေးပါမှုကို ကျွန်မ အခု ကြုံတွေ့နေရပါပြီ။ ပြီးတော့ သမ္မာတရားရရှိဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် သမ္မာတရားနဲ့ ပြင်ဆင်ဖို့ အချိန်တွေ ပိုရခဲ့ပါတယ်။ အခုတော့ ကျွန်မ နားလည်ပြီ။ အိမ်ထောင်ရေးပျော်ရွှင်မှုရဖို့ ကြိုးပမ်းတာဟာ ကျွန်မရဲ့ အထူးတာဝန်မဟုတ်ဘဲ ကယ်တင်ခြင်းရရှိဖို့ ကျွန်မကို ထောက်ကူပေးမှာ မဟုတ်ပါဘူး။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ခြင်းကို လိုက်စားမှသာ ကျွန်မဘဝကို အစစ်အမှန်နေထိုင်ခြင်းပဲ ဖြစ်မှာပါ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။