အလှည့်အပြောင်း
ကျွန်မမှာ ပျော်ရွှင်စရာ မိသားစု ရှိနေကျဖြစ်ပြီး ကျွန်မယောက်ျားက ကျွန်မအပေါ် တကယ်ကောင်းခဲ့တယ်။ တော်တော်လေး အဆင်ပြေတဲ့ မိသားစု စားသောက်ဆိုင်တစ်ဆိုင်ကို ကျွန်မတို့ ဖွင့်ခဲ့တယ်။ မိတ်ဆွေတွေနဲ့ ဆွေမျိုးအားလုံးက ကျွန်မတို့ကို အားကျကြတယ်။ ဒါပေမယ့် နားလည်ရခက်အောင်၊ ကျွန်မ အတွင်းမှာ အရမ်း အနှစ်မဲ့သလို အမြဲ ခံစားခဲ့ရတယ်။ ဘဝမှာ အဓိပ္ပာယ်မရှိသလို၊ နေ့တိုင်းက ပြီးခဲ့တဲ့နေ့လိုအတိုင်းပဲ ခံစားခဲ့ရတယ်။ ဒါပေမယ့် မှန်ကန်တဲ့ အသက်ရှင်နေထိုင်နည်းက ဘာလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။ ဒီလိုနဲ့ ၂၀၁၀ နှောင်းပိုင်းမှာ၊ ကျွန်မ ခက်ခက်ခဲခဲ သားဖွားခဲ့ရပြီး သွေးလွန်တာနဲ့ အဆုံးသတ်ခဲ့တယ်။ ကျွန်မက သေရေးရှင်ရေး အခြေအနေမှာ ရှိတယ်လို့ ဆရာဝန်တွေက ပြောခဲ့တယ်။ ကျွန်မ အမေက တကယ်ကို ထိတ်လန့်လျက်နဲ့ ကျွန်မနားထဲကို တိုးတိုးပြောတယ်၊ “ချစ်သဲလေး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ ဆုတောင်းနော်”တဲ့။ အဲဒါကို အသက်ကယ်ကြိုးလို ဖမ်းကိုင်ပြီး ကျွန်မ စိတ်နှလုံးထဲမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ခေါ်ခဲ့တယ်။ မကြာခင်မှာ၊ သွေးစီးတာ ရပ်သွားခဲ့တယ်။ ဘုရားက ဘဝမှာ ဒုတိယအကြိမ် အခွင့်အရေး ပေးခဲ့ပြီဆိုတာ ကျွန်မ သိလိုက်ပြီး ဘုရားကို စိတ်နှလုံးကနေ ကျေးဇူးတင်မိခဲ့တယ်။ အဲဒီကစပြီး ဘုရားနှုတ်ကပတ်တော်တွေကို နေ့တိုင်း ကျွန်မ စဖတ်ခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေနဲ့ တစ်ချိန်လုံး စုဝေးပြီး မိတ်သဟာယဖွဲ့ခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ၊ ဘုရားသခင်က လူကို ဖန်ဆင်းခဲ့ပြီး၊ လူမှာရှိတဲ့ အရာရာက ဘုရားသခင်ဆီက လာတာကို သိခဲ့ရတယ်။ ကျွန်မတို့ ယုံကြည်ခြင်း ရှိရမယ်၊ ဘုရားကို ကိုးကွယ်ပြီး၊ ဘဝမှာ အဓိပ္ပာယ်ရှာတွေ့ဖို့ အဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို လုပ်ဆောင်ရမယ်။ ဧဝံဂေလိ ဖြန့်ဝေတဲ့ တာဝန်ကို ကျွန်မ တာဝန်ယူပြီး၊ နေ့တိုင်း တကယ် ကျေနပ်အားရသလို ခဲစားခဲ့ရတယ်။ ကျွန်မတို့ မိသားစုက အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံခဲ့သေးပေမယ့်၊ ကျွန်မရဲ့ ယုံကြည်ခြင်းကို မဆန့်ကျင်ခဲ့ကြဘူး။
၂၀၁၂ နှောင်းပိုင်းမှာ၊ ကွန်မြူနစ်ပါတီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းသားတွေကို သူတို့ ဖိနှိပ်ပြီး ဖမ်းဆီးရာမှာ စပြီး အရူးအမူး ဖြစ်သွားခဲ့တယ်။ ပြီးတော့ အသင်းတော်ကို အပုပ်ချဖို့ ကောလာဟလမျိုးစုံကို လုပ်ကြံဖန်တီးနေခဲ့ကြတယ်။ ရေဒီယို ငှာနနဲ့ ရုပ်မြင်သံကြား ငှာနအများကြီးက ဒီအလိမ်အညာတွေကို ဖြန့်ဖြူးနေခဲ့တယ်။ အဲဒီအချိန်ကစပြီး၊ စုဝေးပွဲကနေ ကျွန်မ ပြန်လာတဲ့အခါတိုင်း ကျွန်မ ယောက်ျားက မဲ့ရွဲ့နေပြီး သုန်မှုန်နေတယ်။ တစ်ရက် နေ့လည်စာစားချိန်လောက်မှာ စုဝေးပွဲပြီးတော့ စားသောက်ဆိုင်ကို ကျွန်မ သွားခဲ့ပြီး၊ သူ့မျက်နှာပေါ်က သုန်မှုန်နေတဲ့ အကြည့်ကို မြင်လိုက်ရတယ်။ သူ ကျွန်မကို မြင်လိုက်တာနဲ့ ကျွန်မကို ဖမ်းဆုပ်၊ တီဗွီဆီကို ဆွဲခေါ်သွားပြီး၊ “မင်းယုံကြည်တဲ့ ဒီဘုရားကို ကြည့်လိုက်”လို့ ပြောတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း လုံးဝ အခြေအမြစ်မရှိသလို အမှန်တရားကို မှောက်လှန်တဲ့ ကွန်မြူနစ်ပါတီရဲ့ အသရေဖျက်မှုနဲ့ ကောလာဟလတွေမျိုးစုံကို သူတို့ ထုတ်လွှင်နေကြတာ ကျွန်မ မြင်လိုက်ရတယ်။ ကျွန်မ တကယ် စိတ်ဆိုးသွားပြီး သူ့ဆီ လှည့်ပြီး ပြောလိုက်တယ်၊ “သတင်းက အလိမ်အညာတွေနဲ့ ပြည့်နေတာ။ ဒါတွေက ပါတီ ဖန်တီးတဲ့ ကောလာဟလတွေပါပဲ။ သူတို့က ဘုရားကို မုန်းပြီး ဘယ်အရာမဆိုထက် သူ့ကို ဆန့်ကျင်တိုက်ခိုက်ကြသလို၊ အာဏာရလာကတည်းက ဘာသာရေး ယုံကြည်မှုတွေကို လူမဆန်အောင် နှိပ်စက်ညှဉ်းပန်းကြပြီးပြီ။ အသင်းတော်အပေါ် သူတို့ပြောတဲ့ဟာ တစ်ခုတစ်လေကို ရှင် ဘယ်လိုလုပ် ယုံလို့ရမှာလဲ လို့ပေါ့။ ဒီနှစ်တွေအားလုံးမှာ ပါဝင်ပြီးတဲ့နောက် အများကြီး ကျွန်မတို့ မြင်ရပြီးပြီ၊ ဒီတော့ ဒီအစိုးရက ဘာနဲ့တူတယ်၊ ပါတီက ဘာနဲ့တူတယ်ဆိုတာ ရှင်မသိတာလည်း မဟုတ်ဘူး။ ကွန်မြူနစ်ပါတီက မမှန်ကန်၊ မတရားတဲ့ အမှုတွေနဲ့ လိမ်လည်တဲ့ သတင်းပေးပို့ချက်မျိုးစုံကို လုပ်ကြံဖန်တီးကြပြီးပြီ။ ယဉ်ကျေးမှု တော်လှန်းရေးကိုတောင် အဒီအထဲပါဝင်ရုံမက၊ လတ်တလော နှစ်တွေမှာပဲ၊ တျန်းနန်းမင် စကွဲယား ဖြစ်ရပ်၊ တိဘက် ဆန္ဒပြသူတွေကို လူမဆန်တဲ့ ဖိနှိပ်မှု စတာတွေလည်း ရှိတယ်။ သူတို့ အမြဲလုပ်တာက အလိမ်အညာတွေ ဖန်တီးတာ၊ အုပ်စုတစ်စုကို အကြည့်ရဆိုးအောင် အမှန်တရားကို လှည့်တာ၊ ပြီးတော့ ရက်စက်ရမ်းကားမှုကို လှုံ့ဆော်တာနဲ့ စပြီး အဲဒီနောက် ပြင်းထန်တဲ့ နှိမ်နင်းဖြိုခွင်းမှု လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နဲ့ပတ်သက်ပြီး အလားတူပဲဖြစ်တယ်။ ဒါက သဘောထားကွဲလွဲမှုကို အမြစ်ဖြတ်ဖို့အတွက် ပါတီရဲ့ လုပ်နေကျနည်းစနစ်ပဲ။ ဒါ့အပြင်၊ ညီအစ်ကို မောင်နှမတွေက ရှင်ရှိနေတုန်း ကျွန်မတို့ အိမ်မှာ စုဝေးပွဲတွေ လုပ်ခဲ့ကြတယ်လေ။ ကျွန်မတို့ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်တွေပဲ ဖတ်ကြတယ်၊ သမ္မာတရားကို မိတ်သဟာယပြုပြီး ဓမ္မသီချင်းတွေ သီဆိုကြတာ ရှင်သိတာပဲ။ အဲဒါက ပါတီပြောနေတာနဲ့ တစ်ခုတစ်လေ တူလို့လား။” သူတို့က ကွန်မြူနစ်ပါတီရဲ့ အလိမ်အညာတွေရဲ့ သိမ်းသွင်းတာ လုံးလုံးလျားလျား ခံခဲ့ရတော့၊ ကျွန်မ ပြောနေတာကို သူတို့ မကြားတော့ဘူး။ သူတို့က ကျွန်မအနေနဲ့ မရမက ယုံကြည်နေမယ့်အစား၊ အဆင်ပြေတဲ့ ဘဝကိုပဲ အသက်ရှင်နေထိုင်သင့်တယ်၊ ပြီးတော့ အစိုးရက မင်းကို ယုံကြည်ချက်ရှိလို့မရဘူးလို့ ပြောရင်၊ လက်သာလျှော့လိုက်ပေါ့လို့ ဆိုပြီးတာ့ ကျွန်မကို ဒေါသနဲ့ ဝေဖန်ပြောမြဲ ပြောနေခဲ့ကြတယ်။ ကျွန်မယောက်ျားက စုဝေးပွဲတွေကို ကျွန်မ ဆက်သွားနေရင်၊ အဲဒီနေရာကို ကျွန်မ မရောက်နိုင်အောင် ကျွန်မရဲ့ လျှပ်စစ်ဆိုင်ကယ်လေးကို ရိုက်ခွဲလိုက်မယ်လို့ ပြောတယ်။ သူက ကျွန်မကို အိမ်မှာ ကျဉ်းကျဉ်းကျပ်ကျပ် ထိန်းသိမ်းချင်ခဲ့တယ်။
အစမှာ ကျွန်မကို အရမ်းကြီး အနှောင့်အယှက် မဖြစ်စေခဲ့ဘူး။ သူတို့က အဲဒီအလိမ်အညာတွေရဲ့ လှည့်စားတာကို ခဏ ခံရုံခံရတာပါ၊ ပြီးတော့ ကျွန်မအတွက် စိုးရိမ်လို့ သူတို့ စိတ်ဆိုးတာ၊ ရက်အနည်းငယ်မှာ အဲဒါ လွင့်ပါးသွားမှာပါလို့ တွေးခဲ့တယ်။ ဒါပေမယ့် ကိစ္စတွေက အဲ့လောက် မရိုးရှင်းခဲ့ဘူး။ တီဗွီမှာ ပိုများသထက်များတဲ့ အလိမ်အညာတွေ ထုတ်လွှင့်နေခဲ့ပြီး၊ အင်တာနက်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို တိုက်ခိုက်ပြီး အသရေဖျက်နေခဲ့သလို၊ ယုံကြည်သူတွေ အဖမ်းခံရတဲ့ သတင်းတွေအများကြီး ရှိခဲ့တယ်။ ကျွန်မရဲ့ မိသားစုက ဒါကိုမြင်တော့ ပိုလို့တောင် ကျွန်မအပေါ် နှိပ်ကွက်ခဲ့ကြတယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းကို စွန့်စေဖို့ ကြိုးစားရင်းနဲ့၊ ကျွန်မယောက်ျားက ဘုရားနှုတ်ကပတ်တော် စာအုပ်ကို ဆုတ်ဖြဲခဲ့တယ်၊ ပြီးတော့ ဓမ္မသီးချင်းတွေ နားထောင်ဖို့ ကျွန်မ အသုံးပြုတဲ့ MP3 player ကို ဖျက်ဆီးခဲ့တယ်။ ကျွန်မအနေနဲ့ ကျွန်မ အိမ်နီးနားချင်းတွေဆီ ဧဝံဂေလိ မမျှဝေနိုင်ဖို့၊ သူတို့ဆီ ကွန်မြူနစ်ပါတီရဲ့ အလိမ်အညာအားလုံးကိုလည်း ထပ်သလဲလဲ ပြောခဲ့တယ်။ အလိမ်အညာတွေကို ယုံလည်းယုံကြပြီး နူနာသည်လို ကျွန်မကို ဆက်ဆံခဲ့ကြတယ်။ ကျွန်မယောက်ျားရဲ့ အပြုအမူက တကယ်ကို ကျွန်မအတွက် ထိတ်လန့်စရာဖြစ်ခဲ့တယ်။ သူက ကျွန်မကို အမြဲ သိပ်ကြင်နာခဲ့တာလေ- သူ ဘယ်လိုဖြစ်ပြီး အရမ်းကို ပြဇာတ်ဆန်ဆန် ပြောင်းလဲသွားနိုင်ရတာလဲ။ နှစ်နဲ့ချီ အိမ်ထောင်ပြုပြီးတဲ့နောက်မှာ၊ သူ ဘယ်လိုဖြစ်ပြီး နားလည်မှုနဲ့ လေးစားမှု သိပ်ကင်းမဲ့နိုင်ရတာလဲ။ အချန် ကုန်လာနေခဲ့ပြီး သူက ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ ပတ်သက်လို့ အိမ်မှာ အသေးအဖွဲ့ အမှားလေးကိုတောင် ပြစ်တင်ရင်းနဲ့ ကျွန်မ ကိစ္စကိုပဲ အမြဲ ပြောနေခဲ့တယ်။ လုပ်ငန်း နှောင့်နှေးတော့ ကျွန်မရဲ့ ယုံကြည်ခြင်းကို အပြစ်တင်တယ်၊ ကျွန်မ ကံဆိုးစေမယ်လို့ပြောပြီး စားသောက်ဆိုင်ထဲ ဝင်ခွင့်မပေးဘူး။ သူ့ မိဘတွေက အမြဲ မျက်နှာ သုန်မှုန်နေပြီး ကျွန်မကို ဝေဖန်ပြောနေခဲ့သလို၊ ကိစ္စတွေကို ဒေါသနဲ့ ပြန်ပြန်ပြောနေခဲ့တယ်။ သူတို့ ကျွန်မကို အပြင်မထွက်စေခဲ့သလို၊ အပြင်ကို ခြေလှမ်းလှမ်းလိုက်တာနဲ့၊ ကျွန်မ ဘယ်မှာရှိပြီး ဘယ်သူနဲ့ ရှိနေတယ်ဆိုတာတွေကို သိရဖို့ ကျွန်မကို ဖုန်းဆက်မေးကြတော့တာပဲ။ အဲဒီအတောအတွင်းမှာ ကျွန်မက သူတို့ စောင့်ကြည့်မှုအောက်မှာ ရှိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်နိုင်ခဲ့သလို၊ ညီအစ်ကို မောင်နှမတွေကို မဆက်သွယ်နိုင်ခဲ့ဘူး။ ကျွန်မမှာ ဘာကိုယ်ရေးကိုယ်တာ လွတ်လပ်မှုမှ မရှိခဲ့ဘူး။ ဒါက ကျွန်မအတွက် တကယ် စိတ်ဆင်းရဲရတယ်၊ ပြီးတော့ ယုံကြည်ခြင်းရှိတာ ဘာလို့ အရမ်းခက်ရတာလဲ၊ ဘာလို့ အဲဒီလို ရုန်းကန်ရတာလဲ၊ ဘယ်အချိန် အဲဒီလို အသက်ရှင်စရာမလိုတော့မှာလဲလို့ တွေးနေမိခဲ့တယ်။ ဒီအချိန်အတောအတွင်း စုဝေးပွဲတွေ သွားတာ၊ ကျွန်မ တာဝန်ကို လုပ်တာတွေ ရပ်လိုက်မှဖြစ်မှာပါလို့ တစ်ခါတစ်လေ တွေးမိတယ်။ ဒါပေမယ့် အဲဒါက ဘုရားအလိုတော်နဲ့ ကိုက်မှာမဟုတ်ဘူးလို့ ခံစားရတယ်။ စိတ်ဆင်းရဲမှုနဲ့၊ ကျွန်မ အရေးတကြီး ဆုတောင်းပြီး ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ကျွန်မ တွေးမခဲ့တယ်- “ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ချစ်မြတ်နိုးခြင်းကို မခံကြရဘဲ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ အချို့သူများ၏ ဒုက္ခဝေဒနာခံစားရခြင်းမှာ လွန်ကဲပြင်းထန်လာပြီး ၎င်းတို့၏အတွေးများသည် သေခြင်းတရားဘက်သို့ လှည့်သွားကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အစွမ်းမရှိသူများပင် ဖြစ်ကြတော့သည်။...ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာရှိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုကို ကျိုးနွံနာခံနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ဒီအတွေးကို တွေးရင်းနဲ့ ကျွန်မ တကယ်ကို တို့ထိခံခဲ့ရတယ်။ ကျွန်မကို ဆင်းရဲဒုက္ခခံစေဖို့ ဘုရားအလိုတော် မဟုတ်ဘဲ၊ ဒီဖိနှိပ်မှုနဲ့ အခက်အခဲကနေ ကျွန်မ ယုံကြည်ခြင်းကို စုံလင်စေဖို့မှန်း သဘောပေါက်သွားခဲ့တယ်။ ဒါမှ ဘုရားအတွက် သက်သေခံဖို့ အခွင့်အရေး ရှိမှာလေ။ ဆင်းရဲဒုက္ခကို ကြောက်လို့ စာတန်ကို ကျွန်မ အရှုံးမပေးနိုင်ဘူး၊ ဒါပေမယ့် ဘုရားကို ကျွန်မ ယုံကြည်ခြင်း ရှိပြီး ဘယ်လိုခက်ခဲပါစေ လမ်းကြောင်းပေါ်နေပြီး ထူးကဲတဲ့ သက်သေခံရင်းနဲ့ ခိုင်ခိုင်မာမာ နေရမယ်။
အဲဒီနေ့ စုဝေးပွဲကနေ ကျွန်မ အိမ်ပြန်ရောက်တော့၊ သူက၊ “မင်း စားသောက်ဆိုင် ဧည့်သည်တွေကို တရားဟောနေတာလား။ လူတိုင်းက မင်း ယုံကြည်သူဖြစ်တဲ့အကြောင်း ပြောနေကြတယ်။ ငါ့ကို မင်း ဒီလို ဘယ်လိုလုပ်ပြီး အရှက်ခွဲနိုင်ရလာလဲ။ သူတို့ ပြောနေတဲ့ဟာတွေကို တီဗွီမှာ မင်း မြင်ပြီးပြီပဲ။ ဒီလို မင်းဆက်လုပ်နေရင်၊ အဖမ်းခံရလိမ့်မယ်”လို့ အော်ရင်းနဲ့ ကျွန်မကို တကယ် ပယ်ပယ်နှယ်နှယ် ပြောခဲ့တယ်။ သူ ပိုပိုပြီး စိတ်အနှောင့်အယှက် ဖြစ်နေတာ မြင်လို့ ကျွန်မ ဘာကိုမှ တုန့်ပြန်မပြောခဲ့ဘဲ၊ အခန်းထဲကိုပဲ သွားလိုက်တယ်။ အဲဒီမှာ ကျွန်မ မြင်လိုက်ရတာက ကျွန်မကို မှင်တက်စေခဲ့တယ်။ သူက ကျွန်မရဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ဆုတ်ဖြဲခဲ့ပြီး ကြမ်းပြင်က စာရွက်တွေနဲ့ ဖုံးနေခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်မ ယောက္ခက ရောက်လာပြီး၊ ဝင်လာလိုက်တာနဲ့၊ သူက၊ “ငါတို့က ငါတို့သားလေး အိမ်ထောင်ပြုပြီး အဆင်ပြေတဲ့ ဘဝကို ရှစေချင်တာ။ နင့်ယုံကြည်ချက်ကြောင့် နင်အဖမ်းခံရရင် ဒီမိသားစု ပျက်စီးလိမ့်မယ်။ နင့်ယုံကြည်ချက်ကို လက်လျှော့ရင်တော့၊ ဒါမှမဟုတ် ချက်ချင်း ကွာရှင်းလိုက်” လို့ ပြောခဲ့တယ်။ အဲဒီနောက် ပြစ်မှားစော်ကားတဲ့အရာတွေ သူစပြောနေခဲ့တယ်။ ဒေါသနဲ့ သူ့မျက်မှာ တွန့်ရှုံ့နေတာ မြင်တော့၊ ကျွန်မ ဒေါသကို ပြန်မထိန်းနိုင်ခဲ့သလို၊ သူ့ကို ဖြတ်ပြောလိုက်တယ်- “အဖေ။ အဖေတို့ မိသာစုထဲကို အိမ်ထောင်ပြုကတည်းက၊ သမီး အဖေ့ကို လေးလေးစားစားနဲ့ပဲ ဆက်ဆံခဲ့တယ်။ အဖေ့ကို ကျွန်မ ဒေါသ မထွက်ဖူးသလို၊ ငြင်းလည်း မငြင်းဖူးဘူး။ ဒီမိသားစုအတွက် တာဝန်ကို ကျွန်မ မလုပ်နိုင်ခဲ့ရင်၊ ကျွန်မကို အဖေ အပြစ်ဖော်ဆုံးမခွင့် ရှိပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ပတ်သက်လို့ ဘာမှမမှားသလို၊ အဖေ ကျွန်မကို မတားသင့်ဘူး၊ ဘုရားကို မပြစ်မှားသင့်ဘူး” လို့ပေါ့။ ကျွန်မ မပြီးနိုင်ခင်မှာ၊ သူ့မျက်နှာမှာ ပုံစံတစ်မျိုးဖြစ်သွားပြီး၊ “နင့် ဘုရားနဲ့ပတ်သက်လို့ ငါပြောတာ ဘာဖြစ်လဲ။ နင့်ကို ငါ မကိုင်တွယ်နိုင်ဘူးလို့ ငါ မယုံဘူး” လို့ အော်ခဲ့တယ်။ ကျွန်မကို ရဲစခန်းဆီ ဆွဲခေါ်သွားဖို့ ကြိုးစားရင်းနဲ့ ကျွန်မ အဝတ်အစားကို သူ စဆောင့်ဆွဲလိုက်ပေမယ့်၊ ကျွန်မကိုယ့်ကိုယ်ကိုယ် လွတ်အောင် ဆတ်ခနဲ့ဆွဲလိုက်တယ်။ ကျွန်မ ဘယ်လောက် စိတ်ပိုင်းဖြတ်ထားပြီး မပြောင်းလဲမှာကို မြင်တော့၊ ဒေါကန်သွားတယ်။ ဘုတ်ခနဲ့ မြည်သံကို ကျွန်မ ကြားရပြီး ကျွန်မ လှည့်လိုက်တာနဲ့ပဲ ချက်ချင်း၊ ကျွန်မယောက်ျားက ကျွန်မဆီ လာပြီး ကျွန်မမျက်နှာကို လက်ဝါးနဲ့ရိုက်လိုက်တာကို တွေ့ရသလို၊ ကျွန်မကို မြေပေါ် လွင့်သွားစေခဲ့တယ်။ ကျွန်မ ကြယ်တွေ မြင်လိုက်ရသလို၊ နားက အူနေခဲ့ပြီး၊ မျက်နှာက နာကျင်မှုနဲ့ ထူပူနေခဲ့တယ်။ ကျွန်မ စိတ်က လုံးဝ ဗလာဖြစ်သွားတယ်။ သူ အဲဒါလုပ်တာ ကျွန်မ တကယ် အံ့ဩမိတယ်။ ဆယ်နှစ်နီးပါး ကျွန်မတို့ အတူရှိခဲ့ကြသလို တစ်ခါမှ ငြင်းတောင် မငြင်းခုန်ဖူးကြပေမယ့်၊ ကျွန်မရဲ့ ယုံကြည်ချက်ကြောင့် အဲဒီနေ့မှာ ကျွန်မကို သူ ရိုက်ခဲ့တယ်။ သူ့ကို ကြည့်ရင်းနဲ့ သူစိမ်းတစ်ယောက်လို ခံစားရတယ်။ သူ စိတ်လွတ်သွားသလိုမျိုး၊ ကျွန်မကို ကြမ်းပြင်ကနေ အတင်းဆွဲခေါ်သွားပြီး၊ နံရံဆီကို ဖိလိုက်တယ်၊ ပြီးတော့ ပြင်းပြင်းထန်ထန် သူပြောတယ်၊ “မင်းကို ငါ ပြောနေတယ်၊ ဒီနေ့ ဒါကို ငါတို့ ရှင်းရမယ်။ မင်းရဲ့ ယုံကြည်ခြင်းကို မင်း စွန့်ရင်စွန့်၊ မစွန့်ရင် ငါတို့ ချက်ချင်း ကွာရှင်းမယ်။ ပြောစမ်း၊ မင်းရဲ့ ဘုရားသခင်လား၊ ငါ့ကိုလားလို့။ မင်းရဲ့ ယုံကြည်ခြင်းကို မင်းလိုချင်လား၊ ဒါမှမဟုတ် ဒီမိသားစုကိုလား” လို့ပေါ့။ ပြောနေတုန်းမှာ၊ သူက ကျွန်မကို နံရံနဲ့ ကြမ်းကြမ်းရမ်းရမ်း ဆောင့်နေခဲ့တယ်။ ကျွန်မ သိပ်ကို ရင်းနှီးခဲ့တဲ့ မျက်နှာက အရမ်းကို ဘီလူးသရဲစီးလာနေတာ မြင်ရတော့၊ တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်မက၊ “ကျွန်မရဲ့ ယုံကြည်ခြင်းကို ရွေးတယ်” လို့ ပြန်ဖြေလိုက်တယ်။ ဒေါသထွက်လျက်နဲ့ သူ ကျွန်မကို အိပ်ရပေါ် ဆွဲခေါ်သွားပြီး၊ သူ့ လက်တွေကို ကျွန်မ လည်ပင်းတစ်ဝိုက် တင်းတင်း ထွေးပတ်လိုက်တယ်။ ကျွန်မ အသက်ရှူလို့မရသလို၊ ထွက်သွားလိုက်ချင်ခဲ့ပေမယ့်၊ သူ အရမ်းကို သန်မာတယ်။ သူ့ကို ကျွန်မ တိုက်ခိုက်နိုင်ဖို့ နည်းလမ်း မရှိဘူး။ လေတစ်ခုတစ်လေ ရဖို့ ရုန်းကန်နေရတာနဲ့အမျှ၊ ကျွန်မ တကယ်ကို ကြောက်လာခဲ့ပြီး၊ “ဒီနေ့ ငါ ဒီလိုနဲ့ သေသွားနိုင်တယ်” လို့ တွေးမိခဲ့တယ်။ အဲဒီအချိန်မှာပဲ၊ ကျွန်မရဲ့ သုံးနှစ်အရွယ် သားလေး ရုတ်တရက် နိုးသွားတယ်။ သူထပြီး “အမေ၊ အမေ” လို့ စခေါ်ခဲ့တယ်။ ကျွန်မယောက်ျားက ကျွန်မကို အသက်ရှူကျပ်စေတာ မြင်တော့၊ သူ့အဖေကို သူ စရိုက်ပြီး တွန်းခဲ့တယ်။ အဲဒီနောက် အသဲအသန် ကျွန်မလက်ထဲမှာ ဝင်ခိုဖို့ ကြိုးစားခဲ့တယ်။ ဒါကို မြင်တော့၊ ကျွန်မ ယောက်ျားက လွတ်လိုက်ပြီး၊ ကျွန်မကို၊ “ငါတို့ သားကြောင့် မဟုတ်ခဲ့ရင်၊ ဒီနေ့ ငါ့လက်မှာ မင်း သေရမှာ” လို့ ရက်ရက်စက်စက် ပြောခဲ့တယ်။
သူ ထွက်သွားပြီး ခုတင် ဖြစ်ပျက်ခဲ့တာကို ကျွန်မ ပြန်တွေးနေမိခဲ့တယ်။ အရမ်း ကြောက်စရာကောင်းတာပဲ။ ကျွန်မရဲ့ ယုံကြည်ခြင်းက သူ့ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကို ထိပါလို့၊ သူ လက်ရွယ်ပြီး၊ ကျွန်မကို သေတဲ့အထိ အသက်ရှူကျပ်စေဖို့ အရမ်းကို အဆင်သင့်ဖြစ်နေခဲ့တယ်။ အဲဒါ ဘီလူးသရဲစီးတာ မဟုတ်လား။ သူ ကျွန်မကို ရိုက်လေလေ၊ သူ ဘယ်လိုလူစားမျိုးလဲ ဆိုတာ ကျွန်မ မြင်လေလေဖြစ်သလို၊ ဘုရားကို အဆုံးထိ ကျွန်မ လိုက်ချင်လေလေပဲ။ နောက်နေ့ ကျွန်မ ယောက္ခမက ကျွန်မကို ကြည့်ဖို့ လာပြီး၊ ဝင်လာတာနဲ့ ပြောလိုက်တယ်၊ “နင် ဘုရားကို ယုံကြည်တာ ရပ်လိုက်လို့ မရဘူးလား။ ယုံကြည်ခြင်းရှိတာ ကောင်းမှန် ငါ သိပေမယ့် ပါတီက နင့်ကို ဖမ်းပြီး ဆိုးရွားတဲ့အရာတွေ လုပ်မယ့် သဘောပဲ။ နင် ဘာပြောမလဲ” လို့ပေါ့။ ကျွန်မက၊ “အမေ၊ ကျွန်မ မီးဖွားတာ ဘယ်လောက်ခက်မှန်း အမေသိပါတယ်၊ ပြီးတော့ သေရေးရှင်ရေး ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောခဲ့တယ်။ ကျွန်မနဲ့ ကျွန်မသား နှစ်ယောက်လုံးကို ကယ်ခဲ့တာ အနန္တတန်ခိုးရှင် ဘုရားသခင်ပါ။ ကျွန်မ အဖမ်းခံရရင်တောင် ကိုယ့်ယုံကြည်ချက်ကို ထိန်းသိမ်းနေတာ ဘာကြောင့်လို့ အမေထင်လဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တဲ့ စစ်မှန်တဲ့ တစ်ပါးတည်းသော ဘုရားဖြစ်ပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ပြန်ကြွလာတဲ့ ကယ်တင်ရှင် ဖြစ်လို့ပဲ။ ကပ်ဘေးတွေက ပိုကြီးသထက် ကြီးလာနေသလို၊ ဘုရားကပဲ လူတွေကို ကယ်နိုင်တယ်။ ကျွန်မ ဘုရားနဲ့ လျှောက်လှမ်းနေသလို၊ အဖမ်းခံရပြီး ဆင်းရဲဒုက္ခခံရရင်၊ ခဏပဲ ဖြစ်မှာပါ။ အဲဒါက စာတန်နဲ့ ငရဲကို သွားတာထက် ပိုကောင်းမှာပါ”လို့ ပြောလိုက်တယ်။ သူက၊ “နင်ပြောနေတာ ငါ နားလည်ပါတယ်၊ ဒါပေမယ့် အမျိုးသမီးတစ်ယောက်အနေနဲ့၊ နင့်ကလေးကို နင် စောင့်ရှောက်ပြီး နင့်ယောက်ျားကို စဉ်းစားပေးရမယ်လေ။ နင့်သားက အရမ်း ငယ်သေးတယ်။ သူ့ကို အဲဒီလို နင် တကယ်ပဲ ဘေးဖယ်ထားရက်နိုင်လား” လို့ ပြန်ဖြေတယ်။ သူ ဒီလိုပြောတာ ကြားရတော့၊ ကျွန်မ တကယ်ကို ငိုချင်ခဲ့ပေမယ့် မျက်ရည်ကျမလာခဲ့ဘူး။ ကျွန်မက၊ “သူ့ကို ဘေးဖယ်ထားတာက ငါလား။ ယုံကြည်သူတွေကို ဖမ်းပြီး နှိပ်စက်နေတာ ကွန်မြူနစ်ပါတီလေ။ ပါတီရဲ့ အလိမ်အညာတွေ ယုံပြီး ကွာရှင်းဖို့ မရမကလုပ်နေတာ၊ ဒီမိသားစုကို ပြိုကွဲစေတာ ရှင့်သားလေ။ ဒါကို ကျွန်မရဲ့ ယုံကြည်ခြင်းအပေါ် ရှင် ဘယ်လိုလုပ် အပြစ်ဖို့နိုင်ရတာလဲ”လို့ တွေးမိတယ်။ ဒါပေမယ့် ဆံပင် တစ်ခေါင်းလုံး ဖြူပြီး၊ သူ့မျက်နှာပေါ်က စိတ်ဆင်းရဲတဲ့ အကြည့်ကို မြင်ရသလို၊ အဲဒီလို ငယ်တဲ့အရွယ်မှာ ကျွန်မ သားလေ သူ့အမေဆီကနေ ခေါ်သွားခံရမှာ တွေးမိတော့၊ ကျွန်မ ပိုပိုပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ကျွန်မ နည်းနည်း စအားနည်းလာခဲ့တယ်။ ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ တိတ်တဆိတ် ကျွန်မ ဆုတောင်းခဲ့တယ်။ ဘုရားရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ် စိတ်ထဲရောက်လာတယ်- “လူများအတွင်း၌ ဘုရားသခင် လုပ်ဆောင်သည့် အဆင့်တိုင်းတွင် အပြင်ပန်းသဏ္ဌာန်မှာ လူများ၏ စီစဉ်မှုမှ ထွက်ပေါ်လာသကဲ့သို့ လူများကြားထဲ၌ ဆက်သွယ် လှုပ်ရှားမှုများအနေနှင့် သို့မဟုတ် လူများ၏ ကြားဝင်ပြုလုပ်မှုများအနေနှင့် ဖြစ်ပေါ်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ လုပ်ဆောင်မှု အဆင့်တိုင်း၊ ဖြစ်ပျက်မှုတိုင်းသည် ဘုရားသခင်ရှေ့မှာ စာတန်ပြုလုပ်သည့် အလောင်းအစားများဖြစ်ပြီး လူများ၌ ဘုရားသခင် အတွက် သူတို့၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်ဖို့ လိုအပ်သည်။ ယောဘ စမ်းသပ်ခံခဲ့ရသည့် အချိန်ကို ကြည့်ကြည့်ပါ။ ဥပမာ- နောက်ကွယ်မှာက စာတန်က ဘုရားသခင်နှင့် အလောင်းအစား လုပ်နေခြင်းဖြစ်သည်။ ယောဘအပေါ်မှာ ဖြစ်ပျက်ခဲ့သည့်အရာက လူသားတို့၏ လုပ်ဆောင်မှုဖြစ်ပြီး လူသားတို့၏ ကြားဝင်လုပ်ဆောင်မှု ဖြစ်သည်။ သင်တို့အတွင်းမှာ ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်မှာ အားလုံးက တိုက်ပွဲပင်။...ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ သူ့အတွက် သင်၏ သက်သေခံခြင်းမှာ မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်တဲ့အချိန် ဖြစ်သည်ဆိုသည်ကို သင်သိသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးပြီး ကျွန်မ မြင်ရတာက၊ အပေါ်ယံမှာ အရာရာက ကျွန်မကို လူတွေ တားနေသလို ဖြစ်နေပေမယ့်၊ အားလုံးနောက်မှာ စာတန်ရဲ့ လှည့်ကွက်တွေရှိတယ်ဆိုတာပါပဲ။ စာတန်က ကျွန်မကို ဟန့်တားဖို့၊ နှောင့်ယှက်ဖို့ ကျွန်မ မိသားစုကို အသုံးပြုနေတာ၊ ကျွန်မကို ခြိမ်းခြောက်ဖို့ ကျွန်မသားနဲ့ မိသားစုအတွက် ကျွန်မရဲ့ ခံစားချက်တွေကို အသုံးပြုနေတာ၊ ဘုရားကို သစ္စာဖောက်ပြီး ကယ်တင်ခြင်းအတွက် ကျွန်မရဲ့ အခွင့်အရေး ဆုံးရှုံးစေဖို့ ကြိုးစားနေတာပါ။ စာတန်ရဲ့ လှည့်ကွက်တွေ အလှည့်ခံလို့မရဘဲ ကျွန်မအနေနဲ့ ဘုရားကို ယုံကြည်ခြင်း ရှိရမယ်၊ သက်သေရပ်တည်ပြီး စာတန်ကို အရှက်ရစေရမယ်ဆိုတာ သိခဲ့တယ်။ ဒါကြောင့် ကျွန်မ ယောက်္ခမကို ကျွန်မက၊ “လူက ဘုရားဖန်ဆင်းတာ ခံခဲ့ရတာပါ၊ ဒါကြောင့် ကျွန်မတို့ ယုံကြည်ချက်ရှိပြီး သူ့ကို ကိုးကွယ်သင့်တယ်။ ဒါ့အပြင် ကျွန်မ အသက်ကို ဘုရားပေးထားတာပါ၊ ဒါကြောင့် ဘာပဲဖြစ်ပါစေ၊ ဘုရားကို နောက်ဆုံးထိ ကျွန်မ လိုက်မယ်။ ကျွန်မကို တစ်နည်းအားဖြင့် သိမ်းသွင်းဖို့ ကြိုးစားရင်းနဲ့ ကိုယ့်အားတွေ မဖြုန်းလိုက်ပါနဲ့” လို့ပြောလိုက်တယ်။ သူ ခေါင်းခါပြီး နောက်လှည့် ထွက်သွားခဲ့တယ်။
အဲဒီညမှာ ကျွန်မယောက်ျားက ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်နေသေးတာကို သိပြီး တကယ်ကို စိတ်ဆိုးသွားခဲ့တယ်။ သူက၊ “မင်း ဒါကို လုပ်ရဲသေးတယ်ပေါ့။ ဒါက မင်းကို ထောင်ထဲပို့မှာ မသိဘူးလား။ မင်း သေသေ၊ ရှင်ရှင် ဂရုမစိုက်ဘူးလား။ ဂရုမစိုက်ရင် ရတယ်လေ၊ ဒါပေမယ့် ငါနဲ့ ငါ့ကလေးကိုတော့ မပတ်သက်မိစေနဲ့။ မင်း ယုံကြည်သူ ဖြစ်လာမယ်မှန်း သိခဲ့ရင်၊ အရင်ဆုံး မင်းကို လုံးဝ လက်ထပ်မိခဲ့မှာ မဟုတ်ဘူး” လို့ ပြောခဲ့တယ်။ အဲဒီနောက် ကျွန်မကို အိမ်ရှေ့တံခါးအပြင်ကို တွန်းဖယ်ပြီး မုန်းမုန်းတီးတီးနဲ့၊ “ဒီဘုရားဟာကို မင်း ဆက်လုပ်နေရင်၊ ငါ့အိမ်မှာ မင်းကို လက်မခံတော့ဘူး” လို့ ပြောခဲ့တယ်။ အဲဒီနောက် တံခါးကို ဂျိုင်းခနဲ့ ပိတ်လိုက်ပြီး သော့ခတ်လိုက်တယ်။ ကျွန်မယောက်ကျား အရမ်းကို အကြင်နာမဲ့နေတာ မြင်ရပြီး ကျွန်မသားက ကျွန်မကို ခေါ်နေတာ ကြားရတော့၊ စိတ်ကယောက်ကယက် ဖြစ်သွားသလို၊ ကျွန်မ စိတ်နှလုံး ကွဲကြေတော့မလို ခံစားရတယ်။ မနက် ၂ နာရီကျော်ပြီဖြစ်ပြီး ကျွန်မမှာ ဘာပိုက်ဆံမှ မပါခဲ့ဘူး။ အဲဒီအချိန်က အိမ်ကို တကယ် စွန့်ခွာပြီး၊ ကျွန်မ သားကို ကောင်းဖို့အတွက် ထားခဲ့လိုက်ရင်ရောလို့ တွေးမိတယ်။ ဘာလုပ်ရမှန်း ကျွန်မ မသိခဲ့သလို၊ အဲဒါကိုတွေးရင်းနဲ့ အရမ်းကို ခိုကိုးရာမဲ့သလို ခံစားခဲ့ရတယ်။ ကျွန်မမှာ ဖုန်းပါမှန်း သိလိုက်တယ်၊ ဒီတော့ ကျွန်မအမေကို ကျွန်မ ဖုန်းဆက်တယ်။ သူ့အသံကို ကြားလိုက်ရတဲ့အခိုက်မှာ မျက်ရည်တွေက ကျွန်မမျက်နှာမှာ အတားအဆီးမရှိ စီးဆင်းလာပြီး၊ အချိန်ကြာမြင့်စွာ ကျွန်မ ထိန်းချုပ်ထားခဲ့တဲ့ နာကျင်မှုနဲ့ နာကြည်းချက်တွေ လျှံထွက်လာတယ်။ သူကိုယ်တိုင် ငိုနေတဲ့အသံကို ချုပ်တည်းရင်းနဲ့ သူက၊ “ချစ်သည်းလေး၊ စိတ်ငြိမ်ငြိမ်ထား။ ဘုရားက သမီးကို ဒီအထိ ပို့ပြီးမှတော့ စွန့်ပစ်မှာ မဟုတ်ဘူး။ သူ့ကိုပဲ ယုံကြည်ပြီး အားကိုးပါ” လို့ပြောခဲ့တယ်။ ကျွန်မအမေက ကျွန်မကို နှစ်သိမ့်ပြီး အားပေးနေသလို၊ ဘုရားကို ယုံကြည်ပြီး သူ့ကို ကိုးစားဖို့ ကျွန်မကို ပြောနေတာနဲ့အမျှ၊ ကျွန်မ ယုံကြည်ခြင်း ပြန်ရောက်လာသလို ခံစားရတယ်။ နောက်နေ့မှာ၊ ချမ်းပြီး ဆာလောင်လျက်နဲ့ လမ်းတွေမှာ ရောက်တတ်ရာရာ သွားလာနေချိန်မှာ ညီအစ်ကို တစ်ယောက်နဲ့ တိုးမိခဲ့တယ်။ သူက ကျွန်မကို သူ့အိမ်ကို ခေါ်သွားခဲ့ပြီး ကျွန်မ ဖြတ်သန်းနေရတာကို နားလည်စေဖို့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို အသိစိတ်မဲ့ခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။...ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့်မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) “ဘုရားသခင်သည် အလွန်အမင်း ဆင်းရဲဒုက္ခခံရသည့် ဤလူများကို နိုးထစေဖို့၊ ၎င်းတို့ကို လုံးလုံး နိုးထစေဖို့၊ မြူထဲမှ ၎င်းတို့ကို ထွက်လျှောက်စေကာ အဆင်းနီသော နဂါးကြီးကို ငြင်းပယ်စေဖို့ အလိုရှိ၏။ ဘုရားသခင်သည် ၎င်းတို့ကို မိမိတို့၏ အိပ်မက်မှ နိုးထစေဖို့၊ အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို သိစေဖို့၊ ၎င်းတို့၏ နှလုံးသားတစ်ခုလုံးကို ဘုရားသခင်ထံ ပေးအပ်စေဖို့၊ အမှောင်အင်အားများ၏ ဖိနှိပ်မှုမှ တိုးထွက်စေဖို့၊ ကမ္ဘာ၏ အရှေ့အရပ်တွင် ထရပ်ကာ၊ ဘုရားသခင် အောင်မြင်ခြင်း သက်သေဖြစ်လာစေဖို့ အလိုရှိပေသည်။ ဤနည်းဖြင့်သာ၊ ဘုရားသခင်သည် ဘုန်းအသရေ ရရှိလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၆)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေတာက၊ ဘုရားက လူကို သန့်စင်စေပြီး ကယ်တင်ဖို့ အမှုပြုရင်းနဲ့ သမ္မာတရား ဖော်ပြရင်း နောက်ဆုံးသော ကာလမှာ လူ့ဇာတိခံပြီး၊ ကြွလာပြီးပြီဆိုတာပါပဲ။ ကွန်မြူနစ်ပါတီက လူတိုင်းအနေနဲ့ သမ္မာတရားကို လက်ခံပြီး ဘုရားသခင်နောက်လိုက်ပြီးတဲ့နောက် သူ့ကြောင့် ကယ်တင်ခံရမှာ၊ ပြီးတော့ ပါတီရဲ့ ထိန်းချုပ်မှုနဲ့ အန္တရာယ်ကနေ လွတ်သွားမှာကို ကြောက်နေတယ်။ အဲဒါကြောင့် သူတို့က ယုံကြည်သူတွေကို အရူးအမူး ဖိနှိပ်ပြီး ဖမ်းဆီးနေသလို၊ လူတွေကို လှည့်ဖြား၊ လှုံ့ဆော်ပေးရင်း၊ ဘုရားကို ငြင်းပယ်၊ ခုခံစေရင်းနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ရှုတ်ချပြီး အသရေဖျက်ဖို့ အလိမ်အညာမျိုးစုံ ဖန်တီးနေတာပါ။ စက်ဆုပ်စရာပါပဲ။ ကျွန်မ မိသားစုက ကွန်မြူနစ်ပါတီရဲ့ လှည့်ဖြားတာခံခဲ့ရလို့သာ ကျွန်မကို အဲဒီလို ဆက်ဆံနေခဲ့တာပါ။ ပါတီက လူတွေကို နှစ်ပေါက်တစ်ပေါက် ရိုက်ဖို့ ဒီအလိမ်အညာအားလုံးကို သုံးနေတာ။ အဲဒါမှ လူတိုင်းက ဘုရားကို တိုက်ခိုက်ကြမှာဖြစ်ပြီး၊ အဲဒီနောက် ငရဲမှာ အပြစ်ပေးခံရပြီး အဆုံးသတ်ကြမှာလေ။ အဲဒါ စာတန်ရဲ့ လှည့်ကွက်ပဲ။ အဲဒီအချိန်မှာ ကွန်မြူနစ်ပါတီက ဘုရားကို တိုက်ခိုက်၊ လူတွေကို အန္တရာယ်ပေးပြီး သူတို့ကို လုံးလုံး ဝါးမျိုတဲ့ မကောင်းဆိုးဝါး တစ်သိုက်သာ ဖြစ်မှန်း ကျွန်မအဖို့ သိသာရှင်းလင်း လာခဲ့တယ်။ သူတို့ရဲ့ လှည့်ကွက်တွေကို ခံလို့မဖြစ်မှန်း ကျွန်မ သိခဲ့တယ်။ ပြီးတော့ ကျွန်မ မိသားစုက ကျွန်မကို ဘာပဲလုပ်လုပ်၊ ဘုရားကို လုံးဝ သစ္စာဖောက်လို့ မဖြစ်ဘဲ၊ သူ့နောက်လိုက်မြဲ လိုက်ပြီး ကျွန်မတာဝန်ကို လုပ်မြဲလုပ်ဆောင်ရမယ်။
သူက ကျွန်မရဲ့ ဇာတိမြို့က ဆွေမျိုးနဲ့ မိတ်ဆွေတချို့ကို ခေါ်ခဲ့ပြီးတဲ့နောက်၊ သူတို့ ကျွန်မကို ဖုန်းခေါ်ပြီး အလှည့်ကျ စစ်ဆေးခဲ့ကြတယ်၊ ကျွန်မ အစ်ကိုက၊ “ဒီလောက် ငယ်တဲ့အရွယ်မှာ နင် ဘာမဆို လုပ်လို့ရပါတယ်။ ဘုရားသခင်ကို ယုံကြည်မှ ဖြစ်မှာလား။ နင်က အိမ်ရှင်မတစ်ယောက်၊ ဒီတော့ ကလေးတွေရှိပြီး မိသားစုကို စောင့်ရှောက်ဖို့က နင့်တာဝန်လေ။ ဘာလို့ ဘုရားကို ယုံကြည်တာနဲ့ ဒုက္ခခံရတာလဲ။ နင်ယုံကြည်နေရင်၊ ပါတီက နင့်ကို ဖမ်းပြီး ထောင်ချလိမ့်မယ်။ ငါတို့က သာမန်လူတွေပဲလေ- အဲဒါကို ဘယ်လို တိုက်ခိုက်ဖို့ ဖြစ်နိုင်မှာလဲ” လို့ ပြောခဲ့တယ်။ ကျွန်မရဲ့ အန်တီက ဖုန်းကို ယူလိုက်ပြီး၊ “နင် စိတ်လွတ်သွားပြီလား။ လုံးဝ ကောင်းမွန်တဲ့ အိမ်ထောင်က နင့်ယုံကြည်ချက်ကြောင့် မပြိုကွဲသင့်ဘူး။ နင့်မိသားစုကို နင် ဂရုမစိုက်ဘူးလား။ နင်က မယုံနိုင်လောက်အောင် မျက်နှာမငဲ့ပြတ်သားလွန်းတယ်”လို့ ပြေတယ်။ နောက်အန်တီတစ်ယောက်က ကျွန်မကို အော်တယ်၊ “နင် အိမ်ထောင်ပြုတာ သိပ်ကြာသေးတာ မဟုတ်ဘူး၊ ပြီးတော့ နင့်သားက အရမ်း ငယ်သေးတယ်။ နင်ထောင်ထဲမှာ အဆုံးသတ်မယ်ဆိုရင်၊ သူ ဘာဖြစ်သွားမလဲ။ ငါ့ အကြံကိုယူလိုက်- ဒါ နင်တို့ ကောင်းဖို့အတွက်ပဲ” တဲ့။ အဲဒီနောက် ကျွန်မအစ်ကို ဖုန်းကို ကိုင်လိုက်ပြီး ထပ်ဖြည့်တယ်၊ “နင် ဒါကို မရမကလုပ်ရင်၊ သူက နင့်ကို ကွာရှင်းတော့မှာ၊ အိမ်ပြန်လာဖို့ စဉ်းတောင်မစဉ်းစားနဲ့။ ငါတို့ နင်နဲ့ အဆက်ဖြတ်လိုက်မယ်” လို့ပေါ့။ ကျွန်မရဲ့ အသက် ၈၀ အရွယ် အဖွားကတောင် ဖုန်းထဲမှာ ငိုရင်းနဲ့ ပြောခဲ့တယ်၊ “သမီး ဒါကိုလုပ်လို့ မဖြစ်ဘူး။ သမီး အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ။ အဖွားပြောတာ နားထောင်ပါကွယ်။ သမီးအတွက် အကောင်းဆုံး အဖွားတို့ ဖြစ်စေချင်တာပါ” တဲ့။ ဖုန်းချလိုက်ပြီးတဲ့နောက်၊ ကျွန်မ တကယ်ကို စိတ်မသက်မသာ ဖြစ်ခဲ့တယ်။ သူတို့ကို ပြောချင်တာ အများကြီး ရှိခဲ့တယ်။ ကျွန်မ ကောင်းဖို့အတွက်ဖြစ်တယ်လို့ ရှင်တို့ပြောတယ်၊ ဒါပေမယ့် အဲဒါ တကယ် ဟုတ်လို့လား။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်မကို မကယ်ခဲ့ရင် ကျွန်မ သေပြီးတာ ကြာလှပြီဖြစ်မှာပဲ။ ဒီတော့ ဒီနေ့ ဒီမှာ ကျွန်မ ရှိတောင် ရှိပါ့မလား။ ဒီလုံးဝ ကောင်းမွန်တဲ့ မိသားစုကို ဘယ်သူက တကယ် အစိတ်စိတ်အမြွှာမြွှာဖြစ်စေတာလဲ။ ဘယ်သူက ဒီမိသားစုကို တကယ် ပြိုကွဲစေတာလဲ။ ကွန်မြူနစ်ပါတီပဲ၊ ကျွန်မ မဟုတ်ဘူး။ ကွန်မြူနစ်ပါတီက ယုံကြည်သူတွေကို ဖမ်းပြီး နှိပ်စက်တယ်၊ ဒါပေမယ့် ပါတီကို မုန်းမယ့်အစား၊ သူတို့က ကျွန်မကို ဖိနှိပ်ရင်းနဲ့ ဘုရားကို သစ္စာဖောက်စေဖို့ ကြိုးစားရင်း၊ ပါတီဘက်မှာရပ်ကြတယ်။ ကျွန်မကို အဆက်ဖြတ်ပြီး စွန့်လွှတ်ဖို့တောင် ခြိမ်းခြောက်ကြတယ်။ အမှန်နဲ့ အမှားကို သူတို့ ဘယ်လိုဖြစ်ပြီး မသိနိုင်ရတာလဲ။ ကျွန်မအတွက် အကောင်းဆုံးကို သူတို့ တကယ်လိုချင်ကြလို့လား။ သူတို့ ဘယ်လို မိသားစုမျိုးလဲ။ ကျွန်မ အသက်ကို ဘုရားက ပေးသနားခဲ့လို့၊ ဘုရားရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ ကျွန်မ တာဝန်ကို လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ဘာမှားလို့လဲ။ ယုံကြည်ခြင်း ရှိပြီး ဘဝမှာ မှန်ကန်တဲ့ လမ်းကြောင်းရှိတာနဲ့ ပတ်သက်လို့ ဘာမှားလို့လဲ။ ရက်အနည်းငယ်အကြာမှာ၊ ကျွန်မ မိသားစုက ကျွန်မကို ဖုန်းခေါ်ပြီး၊ မရပ်မနား အာပေါင်အာရင်းသန်သန် ပြောခဲ့ကြတယ်။ ကျွန်မ တကယ်ကို မချိတင်ကဲဖြစ်ခဲ့တယ်၊ ဒါကြောင့် ဘုရားဆီအရေးတကြီး ဆုတောင်းပြီး ကျွန်မ စိတ်နှလုံးကို စောင့်ရှောက်ဖို့ တောင်းလျှောက်လိုက်တယ်။ အဆုံးမှာ၊ စုဝေးပွဲတွေကို ကျွန်မ သွားမြဲသွားခဲ့ပြီး ကျွန်မ တာဝန်ကို လုပ်မြဲလုပ်ခဲ့တယ်။
ကျွန်မယောက်ျားက သူကိုယ်တိုင်ရေးထားတဲ့ ကွာရှင်းစာချုပ်ကို ကျွန်မကို ပေးခဲ့ပြီး၊ “မင်းယုံကြည်ချက်ကို မင်း ဆက်ထိန်းနေရင်၊ ကွာရှင်းလိုက်ရအောင်လေ။ ငါတို့ ခွဲပြီးတဲ့နောက် ငါတို့သားလေးကို မင်း ကြည့်ခွင့်ရှိမှာ မဟုတ်ဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်တာ ရပ်ချင်ရင်တော့၊ ဘာမှမဖြစ်ခဲ့ဖူးသလို ငါ နေပေးမယ့်” လို့ ပြောခဲ့တယ်။ ကျွန်မ အဲဒါကို ကောက်ယူပြီး တစ်ချက်ကြည့်လိုက်တယ်။ ကျွန်မနဲ့အတူ ကျွန်မတို့ ပိုင်ဆိုင်တာတွေထဲက ဘာတစ်ခုမှ၊ ကျွန်မတို့ စီးပွားရေး တစ်စိတ်တစ်ပိုင်းမှ၊ ကျွန်မတို့ ဥစ္စာပစ္စည်း တစ်စိတ်တစ်ပိုင်းမှ ချန်ထားမှာမဟုတ်သလို၊ ကျွန်မတို့ သားကို သူ စောင့်ရှောက်ခွင့်ရှိမှာပါ။ ကျွန်မ လက်ချည်းသက်သက်နဲ့ ထွက်သွားရမှာပါ။ ဒါပေမယ့် ကွာရှင်းတာကို ကျွန်မ သဘောမတူရင်၊ သူက ကျွန်မနဲ့ အမေ့ကို အနန္တတန်ခိုးရှင် ဘုရားကို ယုံကြည်သူတွေအနေနဲ့ သတင်းပို့ပြီး၊ ရဲလက်အပ်မှာဖြစ်တယ်။ သူက ကျွန်မ ပိုင်တဲ့ အရာတိုင်းကို တိတ်တဆိတ် လွှဲပြောင်းရင်းနဲ့ ဒီအရာအားလုံးကို အချိန်အကြာကြီးကတည်းက စီစဉ်ခဲ့မှန်း ကျွန်မ မြင်ရတယ်၊ ဒီတော့ ကျွန်မတို့ ကွာရှင်းတဲ့အခါ ကျွန်မမှာ ဘာပိုင်ဆိုင်မှု ဝေစုမှ ရှိမှာ မဟုတ်ဘူးလေ။ ကျွန်မ လက်ထဲက ကွာရှင်းစာချုပ်ကို ကြည့်ရင်းနဲ့၊ ကျွန်မ ထပ်ပြီး စိတ်ကယောက်ကယက် ဖြစ်ရပြန်တယ်။ စာကို ကျွန်မ လက်မှတ်ထိုးလိုက်ရင်၊ အဲဒါက ကျွန်မအနေနဲ့ အဲဒီအိမ်ကို စွန့်ခွာပြီး ကျွန်မသားကို ထပ်တွေ့လို့ရမှာ မဟုတ်တဲ့ သဘောပဲ။ သူက အရမ်းငယ်သေးတယ်- သူနဲ့ ကျွန်မ မခွဲရက်နိုင်ဘူး။ ကျွန်မ လုံးဝ မချိတင်ကဲဝေဒနာ ခံစားရတယ်။ ကျွန်မ ခိုင်ခိုင်မာမာ ရပ်နိုင်အောင် ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ ကျွန်မ အသည်းအသန် အော်ခေါ်ခဲ့တယ်။ အဲဒီနောက် ဒါကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ တွေးမိခဲ့တယ်- “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။...သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေက ကျွန်မကို နှစ်သိမ့်ပြီး ခွန်အားပေးခဲ့သလို၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ ကွာရှင်းခြင်းနဲ့ ကျွန်မကို ကျွန်မယောက်ျားက ခြိမ်းခြောက်တာဟာ ဘုရားက ဖြစ်ခွင့်ပေးတဲ့ အရာတစ်ခုမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ယောဘက စစ်ဆေးခံရချိန်ကို ကျွန်မ တွေးမိတယ်။ သူ ပိုင်သမျှအရာရာ သိမ်းယူခံခဲ့ရပြီး၊ ညတွင်းချင်း သူ့ ကလေးတွေအားလုံး သေဆုံးကြရတယ်။ သူက ပြာပုံထဲမှာ အနာစိမ်းတွေ ဖုံးလျက်နဲ့ ထိုင်နေခဲ့တယ်။ သူ့မိန်းမကတောင် သူ့ကို ပစ်ပယ်ပြီး သူ့ မိတ်ဆွေတွေက သူ့ကို လှောင်ပြောင် ဝေဖန်ခဲ့ကြတယ်။ ဒါပေမယ့် ဒီဆင်းရဲဒုက္ခအားလုံးကို ရင်ဆိုင်ရာမှာ၊ သူက၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္တု ၁:၂၁) လို့ပြောပြီး ချီးမွမ်းတုန်းပဲ။ အဲဒါကသာ စစ်မှန်တဲ့ ယုံကြည်ခြင်းဖြစ်တယ်။ ကျွန်မအတွက်တော့၊ ဘာပဲဖြစ်ပါစေ ဘုရားနောက် အဆုံးထိ လိုက်မယ်လို့ ဘုရားကို ပြတ်ပြတ်သားသား ပြောပြီး လေးလေးနက်နက် သစ္စာဆိုခဲ့ပြီးပြီ။ ဒါပေမယ့် ကျွန်မယောက်ျားရဲ့ ကွာရှင်းခြင်းအပေါ် ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရတော့၊ အပျက်သဘောဆောင်ခြင်းနဲ့ အားနည်းခြင်းထဲမှာ ပိတ်မိနေခဲ့တယ်။ အဲဒါက ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်း မဟုတ်ခဲ့ဘူး။ ပါတီရဲ့ အလိမ်အညာတွေကို ကြားကတည်းက၊ ကျွန်မရဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို သူ ဆုတ်ဖြဲခဲ့ရုံမက ကျွန်မကို သေအောင် ထားခဲ့လုနီးနီး အကြမ်းဖက်ခဲ့ပုံကိုလည်း ကျွန်မ တွေးမိခဲ့တယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းကြောင့် ငြိစွန်းမှာစိုးလို့၊ အခု သူက ကွာရှင်းချင်ရုံမက၊ ကျွန်မကို တစ်ပြားမှမကျန်ပဲ ထားခဲ့ပြီး ကျွန်မသားကို ကျွန်မဆီကနေ ဝေးဝေးမှာ ထားချင်ခဲ့တယ်။ ကျွန်မ သဘောမတူရင် သူက ကျွန်မကို ရဲလက်အပ်တော့မှာ။ အဲဒါ ဘယ်လို ယောက်ျားမျိုးလဲ။ သူက မကောင်းဆိုးဝါးနဲ့ ပိုမတူဘူးလား။ ဘုရားပြောခဲ့တဲ့ အရာတစ်ခုကို ကျွန်မ သတိရသွားတယ်- “ယုံကြည်သူများနှင့် မယုံကြည်သူများသည် သဟဇာတ မဖြစ်ကြပေ။ ယင်းထက် ၎င်းတို့သည် တစ်ဦးနှင့် တစ်ဦး ဆန့်ကျင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ကျွန်မယောက်ျားက ကွန်မြူနစ်ပါတီကို နာခံပြီး ဘုရားကို မုန်းလို့ ကျွန်မကို ကွာရှင်းခြင်းနဲ့ ခြိမ်းခြောက်နေခဲ့တာ ဖြစ်မှန်း ကျွန်မ မြင်ရတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ လင်နဲ့ မယားဖြစ်ပေမယ့်၊ ဘုရားကို ဆန့်ကျင်တဲ့ ငရဲလမ်းပေါ်မှာ သူက ပါတီနောက်လိုက်တယ်။ ကျွန်မက သမ္မာတရားနဲ့ ထာဝရအသက်ရဖို့ ဘုရားနောက်လိုက်တဲ့ လမ်းကြောင်းပေါ်မှာ ရှိတယ်။ ယုံကြည်သူနဲ့ မယုံကြည်သူတွေက မတူတဲ့ လမ်းကြောင်းတွေပေါ် ရှိကြတယ်လေ။ ကျွန်မကို ဆွဲထားခွင့် သူ့ကို နောက်ထပ် ပေးလို့ မဖြစ်မှန်း ကျွန်မ သိလိုက်တယ်။ သူ ကျွန်မကို ဖိနှိပ်လေလေ၊ ဘုရားနောက်လိုက်ဖို့၊ သက်သေရပ်တည်ပြီး စာတန်ကို အရှက်ရစေဖို့ စိတ်ဆုံးဖြတ်လေလေပဲ။ ဒါကြောင့် သူ့ကို ကျွန်မ ပြောလိုက်တယ်၊ ကွာရှင်းဖို့ သဘောတူတယ်လို့။
ကွာရှင်းချက်ကို အပြီးသတ်ဖို့ ပြည်သူ့ရေးရာငှာနကို ကျွန်မတို့ သွားတဲ့နေ့အထိ၊ ကွာရှင်းပြီးနောက် ဘာမှမပါပဲ ကျန်ခဲ့တဲ့အပေါ် ကျွန်မ စိတ်သောက နည်းနည်း မခံစားပဲမနေနိုင်ခဲ့ဘူး။ အဲဒီနောက် ကျွန်မ ဘယ်လိုနေရမလဲ။ ကျွန်မတို့ အိမ်နဲ့ ကျွန်မတို့ လုပ်ငန်းအတွက် နှစ်ကာလတွေတစ်လျှောက် ကျွန်မ အရမ်းကြိုးစားခဲ့ရပြီး၊ ဘာမှမရှိတာနဲ့ပဲ အဆုံးသတ်ခဲ့ရပုံကို စဉ်းစားတော့၊ အဲဒါနဲ့ အထိုက်အလျောက်နေတတ်ဖို့ တကယ်ကို ခက်ပါတယ်။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်- “ငါ့အဖို့အလို့ငှာ၊ သင်၏ အနာဂတ် ရှင်သန်ရေး လမ်းကြောင်းအတွက် စဉ်းစားဆင်ခြင်ခြင်း၊ စီစဉ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းတို့ကို သင် စွန့်လွှတ်နိုင်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)) ဘုရားဆီက ဒီမေးခွန်းက ကျွန်မကို တကယ် အရှက်ရစေတယ်။ အခက်အခဲက စစ်မှန်ရိုးသားမှုကို စစ်ဆေးတယ်လို့ လူတိုင်းပြောပြီး၊ အခက်အခဲ နည်းနည်း ကျွန်မ ကြုံရတဲ့အခါ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်တွေကိုပဲ ကျွန်မ တွေးခဲ့တယ်။ အဲဒါ ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်းလား။ ကျွန်မက ဘုရားရဲ့ လက်ထဲမှာ လုံးဝ ရှိတယ်။ ဒီတော့ ကျွန်မကိုယ်ကျွန်မ သူ့ဆီ လုံးဝ ဆက်ကပ်ဖို့နဲ့ ကျွန်မရဲ့ ထွက်ပေါက်အတွက် စိုးရိမ်တာ ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်မ လိုလားခဲ့တယ်။ စာချုပ်တွေအားလုံးကို ကျွန်မတို့ လက်မှတ်ထိုးပြီး တဲ့နောက်၊ သူ့ကို ကျွန်မက၊ “ဘာလို့ ရှင် ကွာရှင်းဖို့ သေချာပြီး ဆုံးဖြတ်ခဲ့တာလဲ” လို့ မေးလိုက်တယ်။ သူက၊ “အစိုးရက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေဟာ အရေးကြီးတဲ့ ရာဇဝတ်သားတွေဖြစ်ပြီး၊ ကိုယ့်မိသားစုမှာ ယုံကြည်သူတစ်ယောက်ရှိမှန်း တွေ့ရတဲ့ ဘယ်ပါတီဝင်မဆို၊ ပါတီကနေ ချက်ချင်း ထုတ်ပယ်ခံရမှာဖြစ်တယ်၊ ဘယ်ပြည်သူ့ ဝန်ထမ်းမဆို အလုပ်ထုတ်ခံရမယ်၊ သူတို့ ကလေးတွေ တက္ကသိုလ် တက်လို့ရမှာ မဟုတ်ဘူး၊ သူတို့ မိဘတွေရဲ့ ပင်စင်တွေ ပယ်ဖျက်ခံရမှာဖြစ်ပြီး၊ မိသားစု ပိုင်ဆိုင်မှုတွေ သိမ်းယူခံရမယ်ဆိုတဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေကို အစိုးရက ထုတ်ပြန်ပြီးပြီလို့ ငါ့ ဝမ်းကွဲညီက ပြောတယ်။ ရဇဝတ်သားရဲ့ မိသားစုက မျိုးဆက်ကိုးဆက်ထိ ငြိစွန်းလေ့ရှိပြီး၊ အခု အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးရဲ့ ဆွေမျိုးတွေအားလုံး ငြိစွန်းရပြီ။ ဒါကြောင့် ကျန်တဲ့သူတွေအားလုံးကို ကာကွယ်ဖို့ မင်းကို ငါ ထွက်သွားခွင့်ပေးဖို့ လိုခဲ့တာပဲ။ မဟုတ်ရင်၊ ငါ့အစ်ကိုကြီးက ပါတီကနေ ထုတ်ပယ်ခံရမှာ” လို့ ပြောခဲ့တယ်။ သူ အဲဒါပြောတာကြားတော့ ကျွန်မ အရမ်း စိတ်ဆိုးသွားတယ်။ ဘုရားက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကြွလာပြီးပြီ၊ အဲဒါက အင်မတန် အံ့ဩစရာကောင်းတဲ့ အရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအတွက် ကောင်းချီး ဖြစ်တယ်။ ဒါပေမယ့် ကွန်မြူနစ်ပါတီက ဘုရားကို အရူးအမူး ဆန့်ကျင်တိုက်ခိုက်ပြီး မုန်းတီးတယ်။ ဘုရားအမှုတော်ကို နှောင့်ယှက်၊ ဖျက်ဆီးဖို့ စက်ဆုပ်စရာ နည်းလမ်းတိုင်းကို အသုံးပြုပြီး ဘာကြောင့်မှ ရပ်မှာ မဟုတ်ဘူး။ သူတို့က လူသတ်ဖို့ ဝန်မလေးတဲ့၊ သွေးအေးတဲ့ မကောင်းဆိုးဝါးတစ်သိုက်ပဲ။ အဆင်းနီတဲ့ နဂါးကြီးရဲ့ စစ်မှန်တဲ့ မျက်နှာကို ကျွန်မ တကယ် မြင်ခဲ့ရသလို၊ ကျွန်မ အလှည့်စားမခံရတော့ဘူး။ ဘုရားရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ပြီး စာတန်ကို အရှက်ရစေဖို့ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက်၊ အိမ်ကို ကျွန်မ စွန့်ခွာခဲ့ပြီး ဧဝံဂေလိ ဖြန့်ဝေတဲ့ ကျွန်မရဲ့ တာဝန်ကို ဆက်လုပ်ခဲ့တယ်။ ဘုရားရဲ့ ကျေးဇူးတော်ပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။