စစ်မှန်စွာ ပျော်ရွှင်တဲ့ဘဝကို ကျွန်မ တွေ့ခဲ့ပြီ
ကျွန်မက သာမန်ကျေးလက်မိသားစုလေးတစ်ခုမှာ ကြီးပြင်းခဲ့ပါတယ်။ ကျွန်မတို့က လုံးဝ မချမ်းသာပေမယ့်လည်း အရမ်းတော့ ပျော်ရွှင်ခဲ့ရတယ်။ ကျွန်မအမေက...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက ကိုယ်ဝန်မဆောင်နိုင်လို့ အရင်ယောက်ျားက ကျွန်မကို ကွာရှင်းခဲ့တယ်။ နောက်ပိုင်းမှာ အခုလက်ရှိယောက်ျားနဲ့ ကျွန်မ တွေ့ခဲ့တာပေါ့။ အဲဒီအချိန်တုန်းက သူ့မှာ သားငယ်လေးနှစ်ယောက် ရှိတယ်။ “ငါသာ ဒီအိမ်ထောင်ရေးကို ကောင်းကောင်း ထိန်းသိမ်းနိုင်ရင်၊ ငါအိုလာတဲ့အခါ အားကိုးရမဲ့လူတွေ ရှိမှာပါ” လို့ ကျွန်မ တွေးခဲ့တယ်။ ဒါကြောင့် ဒီကောင်လေးနှစ်ယောက်ကို ကိုယ့်ရင်းသွေးလိုပဲ ကျွန်မ ဂရုစိုက်ခဲ့တယ်။ မျက်မမြင် ယောက္ခမကိုလည်း ကျွန်မ ပြုစုစောင့်ရှောက်ခဲ့တယ်။ ကျွန်မယောကျာ်းနဲ့ ကျွန်မက အမိုးပါ ဟင်းသီးဟင်းရွက် စိုက်ခင်းဆောက်ပြီး ရောင်းတန်းဝင် သီးနှံတွေ စိုက်ပျိုးခဲ့ကြတယ်။ ယောက်ျားတွေလုပ်တဲ့ အလုပ်မှန်သမျှ ကျွန်မ လုပ်ခဲ့တယ်။ မိုးမလင်းခင်ကတည်းက ဈေးကို သွားခဲ့သလို မိသားစုအတွက် ငွေရှာဖို့နဲ့ ဟင်းသီးဟင်းရွက်တွေ ရောင်းဖို့ ညဥ့်နက်တဲ့အထိ နေခဲ့ပါတယ်။ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုတွေက အရာထင်ခဲ့ပါတယ်။ ကျွန်မယောက်ျားက ကျွန်မကို ဂရုစိုက်ပြီး ငဲ့ညှာသလို၊ ကလေးတွေကလည်း “အမေ” လို့ ခေါ်နေခဲ့ကြတာပေါ့။ အဲဒီကနေ ကျွန်မမိသားစုကို ကောင်းကောင်း ဂရုစိုက်သရွေ့ အိုလာတဲ့အခါ အားကိုးရမဲ့သူတွေ ရှိလာမှာပါဆိုတဲ့ မျှော်လင့်ချက် ရသွားခဲ့တယ်။ တခြားဘာကိုမှ ကျွန်မ မတောင်းတခဲ့ပါဘူး။ ဆယ်စုနှစ်တစ်ခုလောက်အကြာမှာ ကျွန်မ ရုတ်တရက် ဦးနှောက်သွေးကြော ပိတ်သွားမယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။ ကျွန်မ အိပ်ရာထဲ လဲသွားပြီး ကိုယ့်ကိုယ်ကိုယ် မစောင့်ရှောက်နိုင်တော့ဘူး။ ကျွန်မရောဂါ ကုဖို့ နည်းလမ်းတွေရအောင် ယောက်ျားက အကြံကုန်ထုတ်ပြီး စဉ်းစားခဲ့တယ်။ ဆေးရုံမှာတုန်းက သူ ကျွန်မကို အရမ်းဂရုစိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လို ကုသမှုမျိုးကိုပဲ စမ်းစမ်း၊ ကျွန်မရောဂါက မပျောက်ကင်းနိုင်ခဲ့ဘူး။ ကျွန်မ တကယ်ကို စိတ်ဆင်းရဲခဲ့ရတယ်။ ကိုယ့်ဘာသာ ဘာမှမလုပ်နိုင်တော့သလို၊ နောင်မှာ ကျွန်မကို ပြုစုစောင့်ရှောက်ဖို့ ယောက်ျားကိုပဲ အားကိုးရတော့မဲ့ပုံ ပေါက်နေတယ်။ သူက ကျွန်မရဲ့ လက်ကျန်ဘဝအတွက် အားကိုးရာ ဖြစ်လာမှာလေ။ ခဏကြာတော့၊ ကျွန်မ သံသယဝင်လာတယ်။ “အခုလောလောဆယ် ယောက်ျားက ကျွန်မအပေါ် အရမ်းကောင်းပေမဲ့၊ ကျွန်မရောဂါသာ ဘယ်တော့မှ မသက်သာလာရင်၊ ရေရှည်ကျတော့ သူ ကျွန်မကို မနှစ်သက်တော့ဘဲ ကျွန်မကို မလိုချင်လာတော့မှာ မဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် ကလေးတွေက ကျွန်မသွေးသားရင်းတွေမှ မဟုတ်တာ။ ကျွန်မဘေးမှာ ဆွေမျိုးဆိုလို့ တစ်ယောက်မှ မရှိဘူး။ ကျွန်မအိုလာရင် ဘယ်သူ့ကို အားကိုးရမှာလဲ” လို့ပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မ အမြဲ စိုးရိမ်နေခဲ့ရသလို၊ ဆက်ရှင်သန်ဖို့ သတ္တိတောင် ပျောက်ဆုံးခဲ့ရတယ်။
ကျွန်မ နာကျင်ပြီး ကူကယ်ရာမဲ့နေချိန် ၂၀၁၃ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး သမ္မာတရားတချို့ကို ကျွန်မ နားလည်သွားတယ်။ ကျွန်မရဲ့ ကံကြမ္မာက ဘုရားလက်ထဲမှာ ရှိတယ်၊ ပြီးတော့ ဘုရားသခင်ကသာ ကျွန်မ အားကိုးနိုင်တဲ့ တစ်ပါးတည်းသော အရှင်ဖြစ်တယ်ဆိုတာကို သဘောပေါက်လိုက်တယ်။ ကျွန်မစိတ်နှလုံးထဲမှာ အများကြီး ပိုလွတ်လပ်ပြီး ပျော်ရွှင်ရသလို ခံစားလိုက်ရတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စိတ်ဆင်းရဲပြီး ကျွန်မ မငိုတော့ဘူး။ ဖြည်းဖြည်းချင်းနဲ့ ကျွန်မရောဂါ သက်သာလာပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်နိုင်လာတယ်။ ဘုရားသခင်ကို ကျေးဇူးတင်တဲ့စိတ်နဲ့ ကျွန်မ ပြည့်နေခဲ့တယ်။ ကျွန်မရောဂါ အများကြီး ကောင်းမွန်လာတာကို ယောက်ျားက မြင်တော့ ကျွန်မ ဘုရားသခင် ယုံကြည်တာကို သူ ထောက်ခံခဲ့တယ်။ နောက်ပိုင်းမှာ တရုတ်ပြည်မှာ ဘုရားသခင်ကို ယုံကြည်တာက အဖမ်းခံရပြီး ထောင်ကျနိုင်တယ်ဆိုတာ ယောက်ျားက သိလာသလို၊ စီစီပီ ဖြန့်တဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကိုလည်း သူ ယုံသွားတယ်။ ဘုရားသခင်ကို ယုံကြည်လို့ ကျွန်မ အဖမ်းခံရမှာ၊ ပြီးတော့ အဲဒါက သူ့သားတွေရဲ့ အလုပ်အကိုင်နဲ့ သူ့မြေးတွေရဲ့ အနာဂတ်ကို ထိခိုက်မှာ သူကြောက်တာနဲ့ ဘုရားသခင်ကို ကျွန်မ မယုံကြည်အောင် သူ စတားတော့တယ်။ ကျွန်မ ယုံကြည်ခြင်းကို စွန့်အောင်လို့ သူက သူ့သားတွေ၊ ဆွေမျိုးတွေနဲ့ ပေါင်းပြီး ကျွန်မကို ညှဉ်းပန်းနှိပ်စက်တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ယောက်ျားစကား နားမထောင်ဘဲ ဘုရားသခင်ကို ဇွတ်ဆက်ယုံကြည်ရင် ယောက်ျားနဲ့ သားတွေက ငါ့ကို စိတ်ငြိုငြင်သွားမှာပဲ။ အနာဂတ်မှာ ငါ့ဘဝ ကောင်းပါ့ဦးမလား” လို့ပေါ့။ ဒါကြောင့် ကျွန်မ စုဝေးပွဲ မသွားရဲတော့ဘူး၊ ကိုယ့်တာဝန်ကိုလည်း မထမ်းဆောင်ရဲတော့ဘူး။ ဒီမိသားစုကို ထိန်းသိမ်းဖို့ပဲ ကျွန်မ စိတ်နှလုံးအကြွင်းမဲ့ ဆန္ဒရှိခဲ့တယ်။ ကျွန်မ စုဝေးပွဲ မသွားတော့တာကို ယောက်ျားက မြင်တဲ့အခါ၊ ကျွန်မအပေါ်ထားတဲ့ သူ့သဘောထားက အများကြီး ကောင်းမွန်လာတယ်။ ဒါပေမဲ့ ကျွန်မက အသင်းတော် အသက်တာ ဆုံးရှုံးသွားသလို၊ ညီအစ်ကိုမောင်နှမတွေနဲ့ ဘုရားနှုတ်ကပတ်တော်အကြောင်း မိတ်သဟာယမပြုနိုင်တော့ဘူး။ ကျွန်မရင်ထဲမှာ ဟာတာတာကြီးနဲ့ အကြီးအကျယ် ညှဉ်းပန်းခံခဲ့ရတယ်။ ရက်နည်းနည်းကြာတော့၊ ခေါင်းဆောင်တစ်ယောက် ရောက်လာပြီး ကျွန်မကို ကူညီထောက်ပံ့ပေးတယ်။ လူတွေကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အကြောင်း သူက ကျွန်မနဲ့ မိတ်သဟာယပြုပေးတယ်။ ဘုရားသခင်ရဲ့ မေတ္တာကို ခံစားရပြီး ကျွန်မ စုဝေးပွဲတွေကို တိတ်တဆိတ် ပြန်တက်ခဲ့တယ်။ ဒါပေမဲ့ ကောင်းတဲ့အချိန်တွေက မမြဲပါဘူး။ နှစ်ကုန်ပိုင်းမှာ၊ ယောက်ျားက အလုပ်ကနေ အိမ်ပြန်ရောက်လာပြီး ဘုရားသခင်ကို ကျွန်မ ယုံကြည်နေတုန်းပဲဆိုတာ တွေ့သွားတယ်။ ကျွန်မ ယုံကြည်ခြင်းကို စွန့်ဖို့ အတင်းဖိအားပေးတဲ့အနေနဲ့ ကျွန်မကို ဝေဖန်တိုက်ခိုက်တဲ့ အစည်းအဝေးလုပ်ဖို့ ကျွန်မမောင်နဲ့ ညီမကို သူ ဆွဲထည့်တယ်။ ကျွန်မ အလျှော့မပေးတာကို မြင်တော့၊ လက်ငင်းငွေတွေနဲ့ ဘဏ်စာအုပ်တွေ အကုန်ယူပြီး သူ အိမ်ကနေ ထွက်သွားလေရဲ့။ ကျွန်မက အားနည်းပြီး နေမကောင်းဖြစ်နေတဲ့ကြားထဲ၊ အိမ်မှာ ပြုစုစောင့်ရှောက်မဲ့သူမရှိဘဲ တစ်ယောက်တည်း ကျန်ခဲ့တယ်။ ရှင်သန်ရပ်တည်ဖို့ ပိုက်ဆံလည်း တစ်ပြားမှ မရှိတော့ဘူး။ အဲဒီအချိန်တုန်းက တကယ့်ကို ဆက်မရှင်သန်နိုင်တော့ဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်မ အရမ်းဝမ်းနည်းပြီး ဝေခွဲမရဖြစ်နေမိတယ်။ ကျွန်မဆက်ယုံကြည်လို့ ယောက်ျားကသာ ကျွန်မကို ကွာရှင်းလိုက်ပြီဆိုတာနဲ့၊ ကျွန်မမှာ မိသားစုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ ကျွန်မက အသက်ကြီးလာပြီ၊ ကျန်းမာရေးကလည်း မကောင်းဘူး။ ကိုယ့်ဘာသာ ဘယ်လို ဆက်အသက်ရှင်နိုင်မှာလဲ။ ကျွန်မအိုလာရင် ဘယ်သူက စောင့်ရှောက်မှာလဲ။ ဒါပေမဲ့ ဘုရားသခင်ကို မယုံကြည်တော့ရင်၊ အဲဒါက ဘုရားသခင်ကို သစ္စာဖောက်တာ ဖြစ်မှာ၊ ပြီးတော့ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေးမှန်သမျှ ဆုံးရှုံးသွားမှာ။ နောက်ပိုင်းမှာ ညီအစ်မတစ်ယောက် ရောက်လာပြီး ကျွန်မကို ကူညီထောက်ပံ့ပေးတယ်။ မိသားစုရဲ့ ညှဉ်းပန်းနှိပ်စက်မှု ရောက်လာတဲ့အခါ၊ ကျွန်မ ဘုရားသခင်ကို အားကိုးပြီး ဘုရားသခင်အတွက် သက်သေခံချက်မှာ ရပ်တည်သင့်တယ်ဆိုတာ ကျွန်မ နားလည်လိုက်တယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် တချို့ကို ကျွန်မ ထပ်ဖတ်ပြီးတဲ့နောက် အဲဒီလောက် ဝမ်းမနည်းတော့ဘူး။ “ဘာပဲဖြစ်ဖြစ်၊ ငါ ဘုရားသခင်ကို မစွန့်ခွာနိုင်ဘူး” လို့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ ရက်နည်းနည်းကြာတော့ ယောက်ျားပြန်ရောက်လာပေမဲ့ ကျွန်မက စုဝေးပွဲသွားဖို့ ဆက်ပြီး အားထုတ်ခဲ့တုန်းပဲ။ အကြိမ်တိုင်း ကျွန်မ ခိုးထွက်ပြီး ယောက်ျားကို ပေးမသိရဲဘူး။
၂၀၁၆ ခုနှစ် နွေဦးရာသီမှာ၊ ခေါင်းဆောင်တွေက ကျွန်မကို စာနဲ့ပတ်သက်တဲ့ တာဝန် ထမ်းဆောင်စေချင်ကြတယ်။ စိတ်ထဲမှာ ဝမ်းလည်းသာ စိုးလည်းစိုးရိမ်မိတယ်။ ဒီလောက်အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ခွင့်ပေးတာက ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဖြစ်သလို၊ ဘုရားသခင်က ကျွန်မကို မြှောက်စားတာပါ။ လေ့ကျင့်ဖို့ ဒီအခွင့်အရေးကို ကျွန်မ လက်မလွတ်ချင်ပေမဲ့၊ စိုးရိမ်တာတွေလည်း ရှိနေတယ်။ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ထမ်းဆောင်ရင် တစ်ခါတလေ နှစ်ရက်သုံးရက်လောက် အိမ်ကနေ ခွာရမှာ။ တိုက်တိုက်ဆိုင်ဆိုင် ယောက်ျားပြန်ရောက်လာပြီး သိသွားရင်၊ ပြီးတော့ အဲဒါကို အခွင့်ကောင်းယူပြီး ငါ့ကို အိမ်ပေါ်ကနေ နှင်ထုတ်လိုက်ရင်၊ ငါ ဘာလုပ်မလဲ။ အိုးမဲ့အိမ်မဲ့ ဖြစ်ကျန်ရစ်မှာလား။ ကျန်တဲ့တစ်သက်တာကို ဘယ်လို ဖြတ်သန်းရမလဲ။ အဲဒါကို တွေးမိတဲ့အခါ၊ တာဝန်ကို ကျွန်မ ငြင်းလိုက်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ၊ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ခဏခဏ အပြစ်တင်မိတယ်။ စာနဲ့ပတ်သက်တဲ့ တာဝန် ထမ်းဆောင်ဖို့ အခွင့်အရေးရတာက ကိုယ့်ကိုယ်ကိုယ် သမ္မာတရား ပိုပြီးပြင်ဆင်ခွင့်ရမှာပဲလို့ ခံစားရတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးကို ကျွန်မ တန်ဖိုးမထားဘဲ ငြင်းပယ်လိုက်တယ်။ ယောက်ျားရဲ့ ချည်နှောင်တာ၊ ဘောင်ခတ်တာကို ကျွန်မ လိုလိုလားလား ခံယူနေခဲ့တာပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျအောင် လုပ်နေတာ မဟုတ်ဘူးလား။
၂၀၂၃ ခုနှစ် ဩဂုတ်လမှာ၊ အသင်းတော် ခေါင်းဆောင်တစ်ယောက်က ကျွန်မကို ပြောတယ်၊ “အခု ညီအစ်ကိုမောင်နှမ အများကြီး အဖမ်းခံနေရတော့ ဧည့်ခံတဲ့မိသားစုတွေ ရှာရခက်နေတယ်။ ညီအစ်မတစ်ယောက် အစ်မအိမ်မှာ နေဖို့ ဧည့်ခံပေးနိုင်မလား” တဲ့။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ့ယောက်ျားက တခြားမြို့မှာ အလုပ်လုပ်တာ။ အိမ်ကိစ္စတွေ လုပ်စရာရှိမှပဲ သူ အိမ်ပြန်လာတာ။ ပုံမှန်ဆို အိမ်မှာ ငါတစ်ယောက်တည်း ရှိတာ။ ကျန်းမာရေးကြောင့် တခြား တာဝန်တွေ ငါ မထမ်းဆောင်နိုင်ပေမဲ့၊ ညီအစ်မတစ်ယောက်ကို ဧည့်ခံတာက ပြဿနာရှိမှာ မဟုတ်ပါဘူး။ ညီအစ်မ ရွှေ့လာရင် သူ့ တာဝန် သူထမ်းဆောင်နိုင်မှာဖြစ်သလို၊ ငါလည်း ကောင်းမှုတွေကို ပြင်ဆင်နိုင်မှာပဲ” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ ပြန်တွေးမိတယ်၊ “ယောက်ျား ပြန်ရောက်လာပြီး ညီအစ်မကို တွေ့ရင် ငါ ဘာလုပ်မလဲ။ ငါ့ယောက်ျားက အစကတည်းက ငါ ဘုရားသခင် ယုံကြည်တာကို ဆန့်ကျင်တာ၊ နည်းနည်းလေး အဆင်မပြေတာနဲ့ ကွာရှင်းမယ်လို့ ပြောတာ။ ဒီကိစ္စကြောင့် ယောက်ျားက ငါ့ကို သဘောမကျဘဲ ငါ့ကို မလိုချင်တော့ရင်၊ တန်ပါ့မလား။ အိမ်ထောင်ရေး၊ ဒါမှမဟုတ် မိသားစု မရှိဘဲနဲ့၊ ငါအိုလာတဲ့အခါ စောင့်ရှောက်ဖို့ ဘယ်သူ့ကို အားကိုးရမလဲ။ မိသားစုမရှိ၊ အလုပ်မရှိရင် ငါ ဘယ်သွားလို့ရမှာလဲ” လို့ပေါ့။ အရင်တုန်းက ယောက်ျားက ဘုရားသခင်ကို ယုံကြည်မှု စွန့်ပယ်အောင် အတင်းအကျပ် လုပ်ခဲ့တာကို သတိရပြီး၊ စိုးရိမ်ကြောက်လန့်မိတယ်။ ဒါပေမဲ့ နောက်တော့ ညီအစ်မက စီစီပီ လိုက်ဖမ်းနေတာ ခံရပြီး သင့်တော်တဲ့ ဧည့်ခံတဲ့မိသားစု ရှာမရတာ၊ ပြီးတော့ ကျွန်မအိမ်က အတော်လေး လုံခြုံတာကို ပြန်တွေးကြည့်တယ်။ ဒါနဲ့ ကျွန်မ သဘောတူလိုက်တယ်။
ညီအစ်မ ရွှေ့လာပြီး သုံးလေးရက်ပဲ ရှိသေးတယ်၊ ယောက်ျား ပြန်ရောက်လာမယ်လို့ ကျွန်မ လုံးဝ ထင်မထားခဲ့ဘူး။ ကျွန်မ စိတ်ထဲမှာ တကယ်ပဲ အခက်တွေ့ခဲ့ရတယ်။ “ယောက်ျားကို ငါ ဘာပြောရမလဲ။ သူ ပြဿနာရှာမလား။ သူ စိတ်ဆိုးပြီး ငါနဲ့ ညီအစ်မကို မောင်းထုတ်ရင် ငါတို့ ဘာလုပ်ကြမလဲ။ နောက်ပြီး အခြေအနေက အခု တင်းမာနေတာ။ ညီအစ်မမှာ နေစရာ သင့်တော်တဲ့နေရာ မရှိဘဲ သူ အဖမ်းခံရရင်ရော၊ အဲဒီအခါကျ ဘယ်လိုလုပ်မလဲ။ အဲဒါဆိုရင်၊ ငါက ကောင်းမှုတွေကို ပြင်ဆင်ဖို့ ပျက်ကွက်ရုံတင်မကဘူး၊ အဲဒီအစား မကောင်းမှု လုပ်မိသလို ဖြစ်သွားမှာ” လို့ပေါ့။ နောက်တော့ ကျွန်မ ပြန်တွေးမိတယ်၊ “အရင်တုန်းက ငါ့ တာဝန်ကို ငါ ငြင်းခဲ့ဖူးတယ်၊ ငါ ဘုရားသခင်ကို အများကြီး အကြွေးတင်နေတာ။ အခု ဘုရားနှုတ်ကပတ်တော်တွေ ငါ အများကြီး ဖတ်ပြီးပြီ၊ သမ္မာတရားတချို့ကိုလည်း နားလည်ထားတယ်။ ငါ့ တာဝန် ငါမထမ်းဆောင်ရင် လူပီသပါ့ဦးမလား။ ငါ့ တာဝန်ကို ငါ ဆက်ပြီး ခေါင်းရှောင်လို့ မဖြစ်ဘူး” လို့ပေါ့။ အဲဒီနောက်၊ ထွက်ပေါက်ဖွင့်ပေးဖို့ စိတ်ထဲကနေ ဘုရားသခင်ဆီ အရေးတကြီး ဆုတောင်းလိုက်တယ်။ ပြီးတော့၊ ကျွန်မ ဉာဏ်သုံးပြီး ယောက်ျားကို ပြောလိုက်တယ်၊ ညီအစ်မကို ရက်နည်းနည်းလောက်ပဲ နေဖို့ ခေါ်ထားတာပါလို့ပေါ့။ ဒါကိုကြားတော့ ယောက်ျားက ဘာမှမပြောဘူး။ ထမင်းစားဖို့တောင် ညီအစ်မကို သွားခေါ်ခိုင်းလိုက်သေးတယ်။ ရင်ထဲက အလုံးကြီး ကျသွားသလို ခံစားလိုက်ရတယ်။ ဒီမိသားစုကို ထိန်းသိမ်းဖို့အတွက်၊ ယောက်ျားကို ဂရုတစိုက် ပြုစုလုပ်ကျွေးခဲ့တယ်။ သူ မပျော်မရွှင်ဖြစ်မှာ စိုးလို့၊ သူကြိုက်တဲ့ ဟင်းတွေကို နည်းအမျိုးမျိုးနဲ့ ချက်ကျွေးတယ်။ ယောက်ျားပြန်ရောက်ပြီး နှစ်ရက်သုံးရက်နေတော့၊ သူ့ဆီက တုပ်ကွေးကူးသွားတယ်။ ကျွန်မ ဖျားပြီး ချောင်းဆိုးတယ်၊ တစ်ကိုယ်လုံး ကိုက်ခဲပြီး အားမရှိဘူး။ နေမကောင်းဖြစ်နေတာတောင်၊ ယောက်ျားကို ကောင်းကောင်း ပြုစုချင်တုန်းပဲ။ ကြာလာရင် ညီအစ်မကို ဧည့်ခံခွင့် မပေးတော့မှာ ကျွန်မ စိုးရိမ်တယ်။ အချိန်တိုင်း သူ့မျက်နှာရိပ်မျက်နှာကဲကို ကျွန်မ ကြည့်နေရတယ်။ သူပျော်နေရင် ညီအစ်မအပေါ် ကျွန်မ ပိုကောင်းလိုက်တယ်၊ ဒါပေမဲ့ သူ မပျော်ရင်၊ ကျွန်မ ထိတ်လန့်ပြီး နေမထိထိုင်မသာဖြစ်ရတယ်။ သူ့ဒေါသကို ဆွမိပြီး ကျွန်မကို မောင်းထုတ်မှာ ကြောက်တယ်။ ကျွန်မရင်ထဲမှာ စိတ်ဆင်းရဲမှု၊ ပူပန်မှု၊ စိုးရိမ်မှုတွေနဲ့ ပြည့်နေတယ်။ နောက်ပြီး အဲဒီအချိန်က ကျွန်မ အတော်လေး နေမကောင်းဖြစ်နေတာ။ ဒါနဲ့ ဒီ တာဝန်ကို ထမ်းဆောင်မိတာ နောင်တရသလို၊ ညီအစ်မ မြန်မြန် ပြောင်းသွားပါစေလို့တောင် မျှော်လင့်မိတယ်။ ညီအစ်မအပေါ် ကျွန်မ စိတ်မရှည်ဖြစ်လာပြီး အရင်လို နွေးနွေးထွေးထွေး မဧည့်ခံတော့ဘူး။ နောက်ပိုင်းမှာ ညီအစ်မလည်း နေမကောင်း ဖြစ်လာတယ်။ ကျွန်မ တကယ့်ကို စိတ်မကောင်းဖြစ်ရသလို၊ သူနဲ့ပတ်သက်ပြီး အပြစ်ရှိသလို ခံစားရတယ်။
တစ်နေ့မှာ ခေါင်းဆောင်က စာတစ်စောင် ရေးလာပြီး၊ ယောက်ျားရဲ့ ဘောင်ခတ်တာခံနေရတဲ့ ကျွန်မအခြေအနေနဲ့ သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော် တချို့ကို ပြတယ်။ အဲဒီထဲက တစ်ပိုဒ်မှာ ဒီလိုပြောထားတယ်။ “ဘုရားသခင်က သင့်အား အိမ်ထောင်ကို ပေးခဲ့သည်။ လက်တွဲဖော်တစ်ယောက်ပေးခဲ့သည်။ ကွဲပြားသော ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်တစ်ခုကို ပေးခဲ့သည်။ ဤရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်နှင့် အခြေအနေမျိုးတွင် သင်သည် လွတ်လပ်စွာ၊ လွယ်ကူစွာ ရှင်သန်နိုင်ရန်အလို့ငှာ သူသည် သင်၏ လက်တွဲဖော်အား သင်နှင့်အတူ အရာရာကို မျှဝေပြီး ရင်ဆိုင်စေသည်။ တစ်ချိန်တည်းတွင် သင့်အား ကွဲပြားသော ဘဝအခြေအနေတစ်ခုကို တန်ဖိုးထားစေသည်။ သို့ရာတွင် ဘုရားသခင်က သင့်အား အိမ်ထောင်ထံသို့ လွှဲအပ်လိုက်ခြင်းမရှိပေ။ မည်သည့်အရာကို ငါဆိုလိုသနည်း။ ဘုရားသခင်က သင်၏ အသက်၊ သင်၏ ကံကြမ္မာ၊ သင်၏တာဝန်၊ ဘဝတွင် သင်လိုက်လျှောက်သည့် လမ်းကြောင်း၊ ဘဝတွင် သင်ရွေးချယ်သည့် ဦးတည်ချက်၊ သင့်တွင်ရှိသော ယုံကြည်ခြင်းအမျိုးအစားတို့ကို ယူပြီး သင်၏ လက်တွဲဖော်ထံသို့ သင့်အတွက် ဆုံးဖြတ်ပေးဖို့ ပေးလိုက်ခြင်းမရှိဟု ငါဆိုလိုသည်။ မိန်းမတစ်ယောက်တွင်ရှိသော ကံကြမ္မာအမျိုးအစား၊ လိုက်စားမှုများ၊ ဘဝလမ်းကြောင်းနှင့် ဘဝအပေါ် သဘောထားအမြင်တို့ကို သူမ၏ ခင်ပွန်းက ဆုံးဖြတ်ရမည်၊ သို့မဟုတ် ယောက်ျားတစ်ယောက်တွင်ရှိသော ကံကြမ္မာအမျိုးအစား၊ လိုက်စားမှု၊ ဘဝအပေါ် သဘောထားအမြင်နှင့် ဘဝတို့ကို သူ၏ ဇနီးက ဆုံးဖြတ်ရမည်ဟူ၍ ဘုရားသခင်က မပြောခဲ့ပေ။ ဘုရားသခင်က ဤသို့သောအရာများကို လုံးဝ မပြောခဲ့ဘဲ အမှုအရာများကို ဤသို့ စီမံခဲ့ခြင်းမရှိပေ။ သင် မြင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အိမ်ထောင်ကို ထူထောင်ခဲ့သောအချိန်တွင် ဤသို့သောအရာ တစ်စုံတစ်ခုကို ပြောဆိုခဲ့သလော။ (မပြောဆိုခဲ့ပါ။) အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်းသည် ဘဝတွင် မိန်းမ၊ သို့မဟုတ် ယောက်ျားတစ်ယောက်၏ တာဝန်ဖြစ်သည်ဟုလည်းကောင်း၊ သင်၏ ဘဝတာဝန် ပြီးမြောက်ရန်အတွက်နှင့် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် အောင်မြင်စွာ ကျင့်ကြံပြုမူရန်အတွက် သင်၏ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို ကောင်းစွာ ထိန်းသိမ်းရမည်ဟုလည်းကောင်း ဘုရားသခင်က လုံးဝ မပြောခဲ့ပေ။ ဘုရားသခင်က ဤသို့သောအရာ တစ်ခုတလေကိုမျှ လုံးဝ မပြောခဲ့ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်လိုက်တာက လူတိုင်းရဲ့ ဘဝကံကြမ္မာနဲ့ အိမ်ထောင်ရေးကို ဘုရားသခင် ပြဋ္ဌာန်းထားတာတဲ့။ လင်နဲ့မယား အပြန်အလှန် စောင့်ရှောက်ဖို့၊ ကူညီထောက်ပံ့ဖို့နဲ့ အရာရာကို မျှဝေခံစားဖို့ လူတွေအတွက် အိမ်ထောင်ရေးကို ဘုရားသခင် ပြဋ္ဌာန်းထားတာပါ။ ဒီနည်းနဲ့ သူတို့ရဲ့ ဘဝတွေက ပိုပြီး သက်သောင့်သက်သာရှိပြီး အေးချမ်းမှာလေ။ ဒါပေမဲ့ အိမ်ထောင်ရေးအတွက် ကိုယ့်ကိုယ်ကိုယ် ရောင်းစားဖို့ ဘုရားသခင် မတောင်းဆိုပါဘူး။ အိမ်ထောင်ရေး ထိန်းသိမ်းတာကို ဘဝရဲ့ အဓိကတာဝန်လို သဘောထားဖို့လည်း ကျွန်မတို့ကို ဘုရားသခင် မတောင်းဆိုပါဘူး။ ဘယ်လမ်းကြောင်း လျှောက်မလဲ၊ ဘယ်လို ယုံကြည်ခြင်းမျိုး ရှိသင့်လဲဆိုတာ ရွေးချယ်ပိုင်ခွင့် လူတွေမှာ ရှိပါတယ်။ အရာအားလုံးကို သူတို့ရဲ့ အိမ်ထောင်ဖက်က ဆုံးဖြတ်ပေးရမယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည့်စုံတဲ့ အိမ်ထောင်ရေးနဲ့ ပျော်ရွှင်တဲ့ မိသားစုကို လိုချင်လို့၊ အိမ်ထောင်ရေးဆီ ကိုယ့်ကိုယ်ကိုယ် ကျွန်မ ရောင်းစားခဲ့တယ်။ ညည်းညူတာမရှိဘဲ ကြိုးစားလုပ်ကိုင်ရင်း ကြည်ကြည်ဖြူဖြူနဲ့ ယောက်ျားရဲ့ ကျွန်ခံခဲ့တယ်။ အိမ်မှုကိစ္စ အကုန်လုပ်ခဲ့သလို၊ ယောက်ျားတွေလုပ်တဲ့ အလုပ်မှန်သမျှလည်း ကျွန်မ လုပ်ခဲ့တယ်။ အိမ်ပြန်ရောက်ရင်လည်း ယောက်ျားကို ကောင်းကောင်း ပြုစုရတယ်။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်၊ ဒီအိမ်ထောင်ရေးကို ကောင်းကောင်း စီမံခန့်ခွဲဖို့နဲ့ အိုလာတဲ့အခါ အားကိုးရမဲ့လူရှိဖို့အတွက်၊ အိမ်ကနေခွာပြီး တာဝန်သွားထမ်းဆောင်ဖို့ မပြောနဲ့၊ စုဝေးပွဲတောင် ကျွန်မ မသွားရဲခဲ့ဘူး။ ဧည့်ခံတဲ့တာဝန် ထမ်းဆောင်တုန်းက၊ အိမ်မှာ ညီအစ်မကို တွေ့တဲ့အခါ ယောက်ျားက စိတ်မရှည်ဖြစ်ပြီး၊ ကျွန်မကို မလိုချင်တော့မှာ၊ ဂရုမစိုက်တော့မှာကို စိုးရိမ်ခဲ့တယ်။ ဒီအတွက်ကြောင့် ကျွန်မ ဘောင်ခတ်ခံရတယ်လို့ ခံစားရတယ်။ ညီအစ်မကို အင်တင်တင်နဲ့ ဧည့်ခံခဲ့ပေမဲ့၊ ဒီလိုမလုပ်ခင်မှာ ယောက်ျားရဲ့ မျက်နှာရိပ်မျက်နှာကဲကို အချိန်တိုင်း ကြည့်နေရတယ်။ သူပျော်နေရင် ညီအစ်မအပေါ် ကျွန်မ ပိုကောင်းပေးတယ်၊ ဒါပေမဲ့ သူ မပျော်ရင်၊ ကျွန်မ ထိတ်လန့်ပြီး နေမထိထိုင်မသာ ဖြစ်ရတယ်။ ညီအစ်မကို ဧည့်ခံမိတာ နောင်တတောင်ရပြီး၊ ဒီလိုမျိုး ဒုက္ခမခံစားရအောင် သူ မြန်မြန် ပြောင်းသွားရင် ကောင်းမှာပဲလို့ မျှော်လင့်မိတယ်။ ယောက်ျား စိတ်ကျေနပ်ဖို့အတွက်၊ နေရာတကာမှာ သူ့ရဲ့ ဘောင်ခတ်တာကို ကျွန်မ ခံခဲ့ရတယ်။ ကျွန်မ တာဝန်ကို ကောင်းကောင်း လုံးဝ မထမ်းဆောင်နိုင်ခဲ့ဘူး။ ကျွန်မ နေမကောင်းဖြစ်တုန်းကအချိန်ကို ပြန်တွေးမိတယ်၊ အနာကျင်ရဆုံးနဲ့ ကူကယ်ရာမဲ့နေတဲ့အချိန်မှာ၊ ကျွန်မကို ဧဝံဂေလိဟောဖို့ ညီအစ်မတစ်ယောက်ကို စီစဉ်ပေးခဲ့တာ ဘုရားသခင်ပါပဲ။ ဆက်ရှင်သန်ဖို့ သတ္တိပေးခဲ့တာက ဘုရားနှုတ်ကပတ်တော်ရဲ့ ထောက်ပံ့မှုနဲ့ လမ်းပြမှုပဲ။ ကျွန်မ အပျက်သဘောဆောင်ပြီး အားနည်းနေတဲ့အချိန်၊ ကျွန်မကို ကူညီထောက်ပံ့ဖို့ ညီအစ်မတစ်ယောက် လာဖို့ အကြိမ်ကြိမ် စီစဉ်ပေးခဲ့တာလည်း ဘုရားသခင်ပါပဲ။ ဒါက ကျွန်မကို ဖြည်းဖြည်းချင်း ပိုသန်မာလာစေခဲ့တယ်။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်သင့်တယ်၊ ပြီးတော့ ကျွန်မကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ပြန်ပေးဆပ်သင့်တယ်။ အဲဒါကမှ လုပ်သင့်တဲ့အရာပါ။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းနဲ့ သတ္တိ ပေးခဲ့တယ်။ အရာအားလုံးကို ဘုရားသခင်ဆီ ပေးအပ်ဖို့ ကျွန်မ လိုလားခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်တာ ကျွန်မရဲ့ အခွင့်အရေးဖြစ်သလို၊ ယောက်ျားမှာ ဝင်စွက်ဖက်ဖို့ အခွင့်အရေး မရှိဘူး။ ကျွန်မရဲ့ အဓိကတာဝန်က ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ဖြစ်ပြီး၊ ဒါက ကျွန်မ လုပ်သင့်တဲ့အရာပါပဲ။ ဒါကို နားလည်လိုက်တဲ့အခါ၊ ကျွန်မ ညီအစ်မကို ပြောလိုက်တယ်၊ “စိတ်မပူပါနဲ့။ ဘာမှ စိုးရိမ်စရာမလိုဘဲ အိမ်မှာသာ နေပါ။ ယောက်ျားက ကျွန်မကို ဘာပဲလုပ်လုပ်၊ သူ့ရဲ့ ဘောင်ခတ်တာကို ကျွန်မ ခံမှာ မဟုတ်ဘူး။ သူ ကွာရှင်းမယ်ဆိုရင်တောင်၊ ညီမကို ကျွန်မ ဧည့်ခံဦးမှာပါ” လို့ပေါ့။
တစ်ည ဆယ်နာရီထိုးပြီးခါစမှာ၊ ကျွန်မရဲ့ချောင်းဆိုးသံကြောင့် ယောက်ျား လန့်နိုးသွားတယ်။ သူ ကျွန်မကို ဒေါသထွက်ပြီး ကြမ်းကြမ်းတမ်းတမ်းစကားတွေ အများကြီး ပြောတော့တာပဲ။ ညီအစ်မ ကြားပြီး ဘောင်ခတ်ခံရမှာစိုးလို့၊ ကျွန်မ ပြန်မပြောရဲဘူး။ စိတ်ထဲကနေ ဘုရားသခင်ဆီ အရေးတကြီး ဆုတောင်းလိုက်တယ်။ မကြာပါဘူး၊ ဖုန်းမြည်လာတယ်။ နောက်နေ့ အလုပ်ပြန်ဆင်းရမယ်လို့ ယောက်ျားရဲ့ သူဌေးက ဖုန်းဆက်ပြီး ပြောတာ။ ကျွန်မ အရမ်းပျော်သွားတယ်။ ဒါ ဘုရားသခင်က ကျွန်မအတွက် ထွက်ပေါက်ဖွင့်ပေးတာလို့ ကျွန်မ သိလိုက်တယ်။ နောက်ပိုင်းမှာ၊ ယောက်ျားက တစ်ခါတလေ ပြန်လာတတ်တော့၊ ညီအစ်မက ဒီမှာနေရတာ ဘောင်ခတ်ခံရသလို ခံစားရတာပေါ့။ ဒါကြောင့် အသင်းတော်က တခြား ဧည့်ခံတဲ့အိမ် ရှာပေးပြီး၊ ရက်နည်းနည်းကြာတော့ ညီအစ်မ ပြောင်းသွားတယ်။ ကိုယ့်ကိုယ်ကိုယ် အရမ်းအပြစ်တင်မိသလို၊ ညီအစ်မအတွက် အပြစ်ရှိသလို ခံစားမိတယ်။ ညီအစ်မ ဒီမှာရှိတုန်းက၊ ကိုယ်က ယောက်ျားရဲ့ ဘောင်ခတ်တာကို အမြဲခံရပြီး ယောက်ျားကို ကောင်းကောင်း ပြုစုဖို့ပဲ အာရုံစိုက်ခဲ့တာကို ပြန်တွေးမိတယ်။ အိမ်ထောင်ရေးနဲ့ မိသားစုကို ဘယ်လို ထိန်းသိမ်းမလဲ ဆိုတာကိုပဲ ကျွန်မ စဉ်းစားခဲ့တာ။ ကိုယ့်တာဝန်မှာ ကျွန်မ စိတ်မနှစ်ခဲ့ဘူး။ အခုဆို၊ တာဝန်တောင် လက်လွတ်သွားပြီ။ နောက်ပိုင်းမှာ၊ ကျွန်မ တွေးဆမိတယ်၊ “ငါက ဘာလို့ နေရာတကာမှာ ယောက်ျားရဲ့ ဘောင်ခတ်တာ ခံနေရတာလဲ။ ပြဿနာရဲ့ အရင်းအမြစ်က ဘာလဲ” လို့ပေါ့။ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နားလည်နိုင်အောင်၊ ပြီးတော့ သင်ခန်းစာယူနိုင်အောင် ဉာဏ်အလင်းပေးပြီး ဦးဆောင်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ရှာဖွေနေရင်းနဲ့၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “အချို့သောသူတို့သည် အိမ်ထောင်ပြုသည်နှင့်တစ်ပြိုင်နက် အိမ်ထောင်ရေး သုခချမ်းသာအတွက် မိမိတို့၏ အားအင်အလုံးစုံကို အသုံးပြုကာ ကြိုးပမ်းရန်၊ ရုန်းကန်ရန်နှင့် ပင်ပန်းကြီးစွာ အလုပ်လုပ်ရန် ပြင်ဆင်ကြလေသည်။ အချို့ကမူ မိမိတို့၏ မိသားစုကို ထောက်ပံ့ရန် ငွေရှာနိုင်ရေးအတွက် ဒုက္ခဆင်းရဲကို မမောမပန်း ခါးစည်းခံကာ အရိုးကြေကြေ အရေခမ်းခမ်း အလုပ်လုပ်ကြ၏။ ထို့ပြင် မိမိတို့၏ ဘဝတစ်သက်တာ သုခချမ်းသာကို အိမ်ထောင်ဖက်အပေါ်၌ အပ်နှံကြသော လူအများအပြားပင် ရှိကြသေးသည်မှာ အမှန်ပင်ဖြစ်၏။ ဘဝတွင် ၎င်းတို့ ပျော်ရွှင်ဝမ်းမြောက်ခြင်းရှိမရှိဟူသည်မှာ ၎င်းတို့၏ လက်တွဲဖော်က မည်သည့်ပုံစံရှိမည်၊ သူက လူကောင်းတစ်ယောက် ဟုတ်မဟုတ်၊ သူ၏ ပင်ကိုစရိုက်နှင့် စိတ်ဝင်စားမှုတို့က ၎င်းတို့နှင့် ကိုက်ညီခြင်းရှိမရှိ၊ သူသည် ပိုက်ဆံရှာနိုင်ပြီး မိသားစုတစ်စုကို စီမံနိုင်သည့်သူ ဟုတ်မဟုတ်၊ အနာဂတ်တွင် ၎င်းတို့အတွက် အခြေခံ မရှိမဖြစ် လိုအပ်ချက်များကို သေချာစေနိုင်ပြီး ၎င်းတို့အား ပျော်ရွှင်သော၊ တည်ငြိမ်သော၊ နှစ်သက်ဖွယ်ကောင်းသော မိသားစုတစ်စုကို ပေးနိုင်သူဟုတ်မဟုတ်၊ ဝေဒနာ၊ ဆင်းရဲဒုက္ခ၊ ကျရှုံးမှု၊ သို့မဟုတ် အဆင်မပြေမှုတစ်ခုခုကို ကြုံရသည့်အခါတွင် ၎င်းတို့ကို နှစ်သိမ့်ပေးနိုင်သူဟုတ်မဟုတ်တို့အပေါ်တွင် မူတည်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။...ဤသို့သော အသက်ရှင်နေထိုင်မှု အခြေအနေတစ်ခုတွင် ခင်ပွန်းနှင့် ဇနီးသည် ၎င်းတို့၏ လက်တွဲဖော်က မည်သို့သောသူမျိုးဖြစ်သည်ကို ပိုင်းခြားသိမြင်ဖို့ ကြိုးစားလေ့မရှိဘဲ ၎င်းတို့၏ လက်တွဲဖော်အပေါ်ရှိသည့် ၎င်းတို့၏ ခံစားချက်သက်သက်ဖြင့်သာ အသက်ရှင်နေထိုင်ကြသည်။ ၎င်းတို့၏ လက်တွဲဖော်ကို ဂရုစိုက်ရန်၊ သည်းခံရန်၊ သူ၏ အမှားများ၊ အားနည်းချက်များ၊ လိုက်စားမှုများအားလုံးကို ကိုင်တွယ်ရန် ၎င်းတို့၏ ခံစားချက်များကို အသုံးပြုကြသည်။ ၎င်းတို့ အလိုရှိသည့်အချိန်တိုင်းတွင် လုပ်ဆောင်ပေးသည်အထိပင်ဖြစ်သည်။ ဥပမာအနေဖြင့် ညီအစ်မတစ်ဦးက စုဝေးပွဲမှ ပြန်လာပြီး သူမ၏ ခင်ပွန်းက ‘သင်၏စုဝေးပွဲက ကြာလွန်းသည်။ နာရီဝက်သာသွားပြီး အိမ်ပြန်လာခဲ့တော့’ ဟု ဆိုသည်။ သူမက ‘ကျွန်မ တတ်နိုင်သလောက် ကြိုးစားပါမည်’ ဟု တုံ့ပြန်သည်။ အသေအချာပင် နောက်တစ်ကြိမ်တွင် သူမသည် စုဝေးပွဲသို့ နာရီဝက်သွားပြီး အိမ်ပြန်လာသည်။ ယခုတွင် သူမ၏ ခင်ပွန်းက ‘ထိုသို့သာ ဖြစ်ရမည်။ နောက်တစ်ကြိမ်တွင် သင့်မျက်နှာကိုသာ သွားပြပြီး ပြန်လာခဲ့လိုက်ပါ’ ဟု ပြောသည်။ သူမက ‘အို ရှင် ကျွန်မကို ထိုမျှ လွမ်းသည်လော။ ကောင်းပြီ၊ အတတ်နိုင်ဆုံးလုပ်လိုက်ပါမည်’ ဟု ပြောသည်။ အသေအချာပင် စုဝေးပွဲသို့ သူမသွားသည့် နောက်တစ်ကြိမ်တွင် သူ့ကို စိတ်မပျက်စေပေ။ ဆယ်မိနစ်ခန့်တွင် အိမ်သို့ ပြန်လာသည်။ သူမ၏ ခင်ပွန်းက အလွန်ကျေနပ်အားရပြီး ပျော်ရွှင်လေသည်။...သင်၏ လက်တွဲဖော်က သင့်ကို ကျေနပ်စေရန်၊ ဘုရားနှုတ်ကပတ်တော်အား သင် ရံဖန်ရံခါဖတ်ခြင်း၊ သို့မဟုတ် စုဝေးပွဲတက်ခြင်းကို သဘောတူစေရန်အတွက် သင်သည် မနက်စာပြုလုပ်ရန်၊ အိမ်သန့်ရှင်းရေးလုပ်ရန်၊ ရှင်းလင်းရန်၊ ကြက်များကို အစာကျွေးရန်၊ ခွေးကို အစာကျွေးရန်၊ ပင်ပန်းသောအလုပ်မျိုးစုံကို လုပ်ရန်နှင့် ပုံမှန်အားဖြင့် ယောက်ျားများက လုပ်သောအရာများကိုပင်လုပ်ရန် နေ့စဉ် အလွန်စောစွာ ထသည်။ သင်သည် သင်၏ ခင်ပွန်းကို ကျေနပ်စေရန်အတွက် အိမ်ဖော်အဘွားကြီးတစ်ယောက်ကဲ့သို့ မမောမပန်း အလုပ်လုပ်သည်။ သူ အိမ်ပြန်မလာမီတွင် သင်သည် သူ၏ သားရေဖိနပ်များကို ပွတ်တိုက်ပြီး သူ၏ ကွင်းထိုးဖိနပ်များကို စီထားပေးသည်။ သူ အိမ်ပြန်လာပြီးနောက်တွင် သင်သည် သူ့အား အလျင်အမြန်ဖုန်ခါပေးပြီး သူ၏ ကုတ်အင်္ကျီကို ကူချွတ်ပေးကာ တန်းတွင် ချိတ်ထားပြီး ‘ယနေ့အရမ်းပူသည်၊ သင်ပူနေသလော၊ ရေဆာသလော၊ ယနေ့နေ့ ဘာစားချင်သနည်း၊ ချဉ်သည့်အရာ စားမည်လော၊ စပ်သည့်အရာ စားမည်လော၊ အဝတ်လဲဖို့ လိုသလော၊ ဤအဝတ်များကို ချွတ်ပါလော့၊ ကျွန်ုပ် လျှော်ပေးပါမည်’ ဟူ၍ မေးမြန်းသည်။ သင်သည် အိမ်ဖော် အဘွားကြီးတစ်ယောက်၊ သို့မဟုတ် ကျွန်တစ်ယောက်ကဲ့သို့ ဖြစ်သည်။ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် သင်ဖြည့်ဆည်းသင့်သည့် တာဝန်နယ်ပယ်ကို ကျော်လွန်နေပြီဖြစ်သည်။ သင်သည် သင့်ခင်ပွန်း၏ အလိုကျပြုလုပ်ပေးသည်။ သူ့ကို သင်၏ သခင်အဖြစ် သင်မှတ်ယူသည်။ ဤသို့သော မိသားစုတွင် အိမ်ထောင်ဘက်နှစ်ဦးကြား၌ သိသာသော အဆင့်အတန်း ကွာခြားမှုရှိသည်။ တစ်ယောက်မှာ ကျွန်ဖြစ်ပြီး တစ်ယောက်မှာ အရှင်သခင်ဖြစ်သည်။ တစ်ယောက်က ရိုကျိုးလွန်းပြီး နှိမ့်ချသည်။ အခြားတစ်ယောက်က ခက်ထန်ပြီး အထက်စီးကျသည့်ပုံစံရှိသည်။ တစ်ယောက်က ခယသည်။ အခြားတစ်ယောက်က မာနထောင်လွှားမှုဖြင့် ပြည့်နှက်နေသည်။ သိသာထင်ရှားစွာပင်၊ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင်ရှိသော လူနှစ်ဦး၏ အဆင့်အတန်းသည် တန်းတူညီမျှခြင်းမရှိပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤကျွန်မှာ မိမိကိုယ်ကို အောက်ကျခံနေသည်မဟုတ်လော။ (ဟုတ်သည်။) ဤကျွန်သည် သူမကိုယ်သူမ အောက်ကျခံနေသည်။ သင်သည် ဘုရားသခင်က လူသားမျိုးနွယ်အတွက် စီမံခဲ့သော အိမ်ထောင်အပေါ် တာဝန်ကို ထိန်းသိမ်းရန် ပျက်ကွက်ခဲ့သည်။ ပြီးလျှင် သင်သည် လွန်လွန်းနေပြီ ဖြစ်သည်။ သင်၏ ခင်ပွန်းက တာဝန်ကို မဖြည့်ဆည်းဘဲ မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ သို့တိုင်အောင် သင်သည် ဤသို့ အိမ်ထောင်ဘက်တစ်ယောက်၏ အလိုကျ အသင့်ရှိနေဆဲဖြစ်မည်ဖြစ်ပြီး သူ၏ ဩဇာအာဏာကို နာခံမည်။ သူ့ကို အစေခံပြီး သူ့အတွက် အရာရာကို လုပ်ဆောင်ပေးရန်အတွက် သူ၏ ကျွန်နှင့် အိမ်ဖော်အဘွားအိုဖြစ်ချင်လိမ့်ဦးမည် ဖြစ်သည်။ သင်သည် မည်သို့သောသူမျိုးဖြစ်သနည်း။ သင်၏ သခင်မှာ အတိအကျ မည်သူဖြစ်သနည်း။ သင်သည် ဘုရားသခင်အတွက် အဘယ်ကြောင့် ဤသို့ လက်တွေ့မလုပ်ဆောင်သနည်း။ သင်၏ လက်တွဲဖော်ကို သင်၏ ဘဝအတွက် ပံ့ပိုးဖို့ ဘုရားသခင်က စီမံခဲ့သည်။ ဤသည်မှာ သူလုပ်ဆောင်သင့်သည့်အရာတစ်ခု ဖြစ်သည်။ သင်သည် သူ့အပေါ် မည်သည့်အရာကိုမျှ အကြွေးမတင်ပေ။ သင်သည် သင်လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ပြီး သင်ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းသည်။ သူက ဖြည့်ဆည်းသလော။ သူ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သလော။ အိမ်ထောင်တစ်ခုတွင် ခံ့ညားလောက်သောသူ မည်သူမဆိုက သခင်ဖြစ်သင့်ပြီး အလုပ်ကို ကြိုးစားလုပ်နိုင်ကာ အများဆုံးလုပ်နိုင်သည့် မည်သူမဆိုက ကျွန်ဖြစ်သင့်သည် မဟုတ်ပေ။ အိမ်ထောင်တစ်ခုတွင် လူနှစ်ဦးလုံးက အချင်းချင်းအပေါ် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသင့်ပြီး အချင်းချင်း အဖော်ပြုသင့်သည်။ နှစ်ဦးလုံးသည် အချင်းချင်းအပေါ် တာဝန်ရှိသည်။ နှစ်ဦးလုံးသည် အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ဖြည့်ဆည်းရန် ဝတ္တရားများ၊ လုပ်ဆောင်ရန် အမှုအရာများရှိသည်။ သင်သည် သင်၏ အခန်းကဏ္ဍနှင့်အညီ ပြုမူဆောင်ရွက်သင့်သည်။ သင်၏ အခန်းကဏ္ဍက မည်သည့်အရာဖြစ်ပါစေ ထိုအခန်းကဏ္ဍတွင် သင်လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သင့်သည်။ မလုပ်ဆောင်လျှင် သင်သည် သာမန်လူ့သဘာဝမရှိသောသူ ဖြစ်သည်။ အရပ်သုံးစကားဖြင့်ဆိုလျှင် သင်သည် တစ်ပြားမျှ မတန်ပေ။ ဤသို့ဆိုလျှင် လူတစ်ယောက်သည် တစ်ပြားမှမတန်သော်လည်း သင်သည် သူ၏ အလိုကျ အဆင်သင့်ရှိပေးပြီး လိုလိုလားလားဖြင့် သူ၏ ကျွန်ဖြစ်နိုင်လျှင် ဤသည်မှာ လုံးလုံး မိုက်မဲပြီး သင့်အား တန်ဖိုးမဲ့စေသည်။ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းသနည်း။ ဘုရားသခင်အား သင် ယုံကြည်ခြင်းသည် မကောင်းမှုလုပ်ဆောင်ခြင်း ဖြစ်သလော။ ဘုရားနှုတ်ကပတ်တော်အား ဖတ်ခြင်းတွင် ပြဿနာရှိသလော။ ဤအရာများအားလုံးကို လုပ်ဆောင်ခြင်းသည် ဖြောင့်မတ်ပြီး ဂုဏ်ပြုထိုက်ပေသည်။ အစိုးရက ဘုရားသခင်အား ယုံကြည်သောသူတို့ကို ဖိနှိပ်သောအခါတွင် မည်သည့်အရာကို ဖော်ပြနေသနည်း။ ဤသည်မှာ လူသားမျိုးနွယ်က အလွန်ဆိုးယုတ်ကြောင်း၊ ဆိုးယုတ်သော အင်အားစုများနှင့် စာတန်ကို ကိုယ်စားပြုကြောင်းကို ဖော်ပြနေပေသည်။ ယင်းသည် သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားမပြုပေ။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းက သင်သည် သူတစ်ပါးတို့၏ အောက်တွင်ရှိသည်၊ သို့မဟုတ် သူတစ်ပါးတို့ထက် နိမ့်ကျသည်ဟု မဆိုလိုပေ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ ဘုရားသခင်အား သင်ယုံကြည်ခြင်းသည် သင့်အား လောကီလူများထက်ပို၍ မြင့်မြတ်စေသည်။ သမ္မာတရားကို သင်လိုက်စားခြင်းက ဘုရားသခင်၏ အမြင်တွင် သင့်အား ဂုဏ်ရှိစေသည်။ ဘုရားသခင်သည် သင့်အား သူ၏အချစ်တော်အဖြစ် မှတ်ယူသည်။ သို့တိုင်အောင် သင်သည် သင်၏အိမ်ထောင်တွင် တစ်ဖက်လူအား ဖော်လံဖားရန် သက်သက်အတွက် သင့်ကိုယ်သင် အောက်ကျခံပြီး ရက်ရောစွာဖြင့် သင့်အိမ်ထောင်ဘက်၏ ကျွန်ဖြစ်လာသည်။ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်သောအခါ၌ အဘယ်ကြောင့် ဤသို့ မလုပ်ဆောင်သနည်း။ အဘယ်ကြောင့် ဤအရာကို မကိုင်တွယ်နိုင်သနည်း။ ဤသည်မှာ လူသား၏ နိမ့်ကျမှုနှင့် ဆိုင်သည့် ဖော်ပြချက်တစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) ဘုရားနှုတ်ကပတ်တော်တွေက ဓားထက်ထက်တစ်ချောင်းလို ကျွန်မနှလုံးသားကို ထိုးဖောက်သွားတယ်။ အဲဒါတွေ ဖော်ထုတ်လိုက်တာက ကျွန်မရဲ့ အခြေအနေ အတိအကျပါပဲ။ ယောက်ျားနဲ့ ကျွန်မ လက်ထပ်ပြီးကတည်းက၊ ဒီအိမ်ထောင်ရေးကို ကောင်းကောင်း စီမံခန့်ခွဲဖို့၊ ပြီးတော့ အိုလာတဲ့အခါ အားကိုးဖို့ တည်ငြိမ်တဲ့ အိမ်တစ်ခု ရဖို့အတွက်၊ သူ့စိတ်ကြိုက်ဖြစ်အောင် လုပ်နိုင်တာမှန်သမျှ ကျွန်မ လုပ်ခဲ့တယ်။ ဘယ်လောက်ပဲ ညစ်ပတ်ပါစေ၊ ပင်ပန်းပါစေ၊ ဘယ်အလုပ်မဆို လုပ်ဖို့ ကျွန်မ လိုလားခဲ့တယ်။ ပိုက်ဆံရဖို့ ဟင်းသီးဟင်းရွက် စိုက်ခင်းလုပ်ပြီး ရောင်းတန်းဝင် သီးနှံတွေ စိုက်ဖို့ သူ့ကိုကူညီရင်း ကျွန်မ အကြံကုန်ထုတ်ပြီး စဉ်းစားခဲ့တယ်။ ကလေးနှစ်ယောက်ကို ကျွန်မ ပင်ပင်ပန်းပန်း ပျိုးထောင်ခဲ့တယ်။ ပင်ပန်းတဲ့ အလုပ်မှန်သမျှ ညည်းညူတာမရှိဘဲ ကျွန်မ လုပ်ခဲ့တယ်။ မျက်မမြင် ယောက္ခမကို အချိန်ပြည့် ပြုစုခဲ့တယ်။ သူတို့တစ်မိသားစုလုံးရဲ့ အိမ်ဖော်အနေနဲ့ ကျွန်မ လိုလိုလားလား အစေခံခဲ့တယ်။ ယောက်ျားနဲ့ သားတွေ ကျေနပ်သရွေ့၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံရပါစေ၊ ပင်ပန်းပါစေ ကျွန်မ လိုလိုလားလားနဲ့ ဝမ်းမြောက်ဝမ်းသာ ခံယူခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ စယုံကြည်ပြီးတဲ့နောက်၊ စီစီပီ အစိုးရရဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ယောက်ျားက ယုံပြီး ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တယ်။ ကောင်းမွန်တဲ့ အိမ်ထောင်ရေးနဲ့ မိသားစုကို ထိန်းသိမ်းဖို့အတွက်၊ သူ့ရှေ့မှာ အရာရာ သတိထားပြီး ခယခဲ့တယ်၊ နှိမ့်ချခဲ့တယ်။ မိသားစုရဲ့ ကျွန်တစ်ယောက်အနေနဲ့ ကျွန်မ လိုလိုလားလား အစေခံခဲ့တယ်။ ယောက်ျားရဲ့ ဘောင်ခတ်တာ၊ ချည်နှောင်တာ ခံရလို့ ကိုယ့်တာဝန်ကို ကျွန်မ မထမ်းဆောင်ရဲခဲ့ဘူး။ စုဝေးပွဲ သွားရင်တောင်၊ ညစာချက်ပြီး ယောက်ျားကို ကောင်းကောင်း ပြုစုနိုင်ဖို့ စောစော ပြန်လာချင်ခဲ့တယ်။ ပိုပြီးတော့တောင် ဆိုးတာက၊ ကိုယ့်တာဝန်ထမ်းဆောင်ဖို့ အိမ်ကနေ မခွာရဲခဲ့တာပဲ။ ယောက်ျားက ကွာရှင်းလိုက်ရင်၊ ကျွန်မအိုလာတဲ့အခါ ပြုစုစောင့်ရှောက်မဲ့သူ မရှိမှာကိုပဲ ကြောက်နေခဲ့တာ။ ကျွန်မ ကောင်းကောင်း ထမ်းဆောင်နိုင်တဲ့ ဧည့်ခံတဲ့တာဝန် လုပ်တုန်းကတောင် ဘောင်ခတ်ခံရတယ်လို့ ခံစားခဲ့ရတယ်။ “အိုလာရင် အားကိုးရမဲ့လူ ရှိရမယ်”၊ “အိုစာမင်းစာ ကျွေးဖို့ သားသမီးမွေးရမယ်” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေက ကျွန်မကို နက်နက်ရှိုင်းရှိုင်း ထိန်းချုပ်ထားခဲ့ပြီး၊ ဂုဏ်သိက္ခာ တစ်စက်မှ မရှိဘဲ ကျွန်မ ရှင်သန်နေခဲ့တယ်။ တကယ်တော့၊ လူနှစ်ယောက် အပြန်အလှန် အဖော်ပြုဖို့၊ စောင့်ရှောက်ဖို့နဲ့ ကူညီထောက်ပံ့ဖို့အတွက် လူတွေအတွက် အိမ်ထောင်ရေးကို ဘုရားသခင် ပြဋ္ဌာန်းထားတာပါ။ ယောက်ျားက ကျွန်မရဲ့အရှင်သခင်ဖြစ်လောက်အောင်၊ ပြီးတော့ အရာရာ သူ့စကားနားထောင်ပြီး သူ့မျက်နှာရိပ်မျက်နှာကဲ ကြည့်လုပ်ရလောက်အောင် အဲဒီလောက်ကြီး အာဏာရှိတာ မဟုတ်ပါဘူး။ ဒီမိသားစုမှာ၊ ဇနီးသည်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းနိုင်ဖို့ပဲ လိုတာပါ။ နောက်ပြီး ကျွန်မမှာ ကိုယ်ပိုင် အဓိကတာဝန် ရှိသေးတယ်၊ အဲဒါက ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ပါပဲ။ ကျွန်မ ဆက်ပြီး ခယမနေနိုင်တော့သလို၊ ယောက်ျားနဲ့ သားသမီးတွေရဲ့ ကျွန် မဖြစ်နိုင်တော့ဘူး။ ကိုယ့်တာဝန် ကောင်းကောင်းထမ်းဆောင်ဖို့ ဘုရားသခင် ပေးထားတဲ့ အခွင့်အရေးကို ကျွန်မ တန်ဖိုးထားရမယ်။
နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ကမ္ဘာလောကကို ဖန်ဆင်းခြင်းကတည်းက ငါသည် ဤလူစု၊ အတိအကျဆိုရသော် ယနေ့ သင်တို့ကို၊ စတင် ခွဲခန့်မှတ်သားကာ ရွေးကောက်ပြီး ဖြစ်သည်။ သင်တို့၏ ပင်ကိုစရိုက်၊ အစွမ်းအစ၊ သွင်ပြင်နှင့် ဝိညာဉ်အသက်တာ၊ သင်မွေးဖွားခဲ့သော သင်၏မိသားစု၊ သင်၏ အလုပ်နှင့် သင်၏ အိမ်ထောင်၊ သင်၏ဆံပင်အရောင်နှင့် အသားအရောင်၊ ပြီးလျှင် သင်မွေးဖွားသည့်အချိန်တို့ပင် အပါအဝင် သင်၏ အလုံးစုံထဲက သင် အားလုံးကို ငါ၏လက်များဖြင့် စီစဉ်ထားခဲ့ပေသည်။ ယနေ့ သင်တို့ကို ငါ့မျက်မှောက်တော် ထဲသို့ ခေါ်ဆောင်လာခြင်းသည် အမှန်တကယ် ငါ၏ အစီအစဉ်အားဖြင့် ဖြစ်သည်ကို မဆိုထားနှင့်ဦး၊ နေ့ရက်စဉ်တိုင်း သင်တို့လုပ်ဆောင်သော အရာများနှင့် သင်တို့ တွေ့ဆုံသောလူများကိုပင် ငါ၏လက်ဖြင့် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ကစဉ့်ကလျားဖြစ်ခြင်းထဲသို့ ခြေစုံပစ်မဝင်နှင့်။ တည်ငြိမ်စွာ သင် ရှေ့ဆက်သင့်သည်။ ယနေ့ သင့်ကို ငါမွေ့လျော်ခွင့်ပေးသည့် အရာသည် သင်နှင့်ထိုက်တန်သည့် ဝေစုတစ်ခု ဖြစ်ပြီး၊ ယင်းကို ကမ္ဘာလောက၏ ဖန်ဆင်းခြင်းကတည်းက ငါ့အားဖြင့် ခွဲခန့်မှတ်သားထားပြီး ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၄)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ နောက်ဆုံးသော ကာလမှာ ကျွန်မ အသက်ရှင်ပြီး ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံနိုင်တာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော် ဖြစ်မှန်း ကျွန်မ နားလည်လိုက်တယ်။ ကျွန်မ ကလေးမရနိုင်အောင် ပြဋ္ဌာန်းထားတာလည်း ဘုရားသခင်ပါပဲ၊ အဲဒီနောက်ကွယ်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ရှိပါတယ်။ “အိုစာမင်းစာ ကျွေးဖို့ သားသမီးမွေးရမယ်”၊ “ဇနီးကောင်း၊ မိခင်မွန် ဖြစ်ရမယ်” ဆိုတဲ့ ရိုးရာအတွေးအခေါ်တွေက ကျွန်မစိတ်ထဲမှာ အရမ်း အမြစ်တွယ်နေခဲ့တာ။ ကျွန်မသာ ကိုယ်ပိုင်သားသမီးတွေ ရှိခဲ့ရင်၊ ကလေးတွေနဲ့ မိသားစုအတွက် စိတ်ပါလက်ပါ စီစဉ်ပြီး ထည့်တွက်မိမှာ။ ကျွန်မရဲ့ အချိန်နဲ့ ခွန်အားအားလုံးကို ယောက်ျားနဲ့ ကလေးတွေဆီ ပုံအောပြီး၊ သူတို့အတွက် အရာအားလုံးကို လိုလိုလားလား ပေးဆပ်မိမှာ။ အိမ်ထောင်ရေးနဲ့ မိသားစုကို ထိန်းသိမ်းတာ၊ ကလေးတွေကို ကောင်းကောင်း စောင့်ရှောက်တာကို ဒီဘဝရဲ့ အဓိကတာဝန်အနေနဲ့ ကျွန်မ သဘောထားမိမှာ။ အဲဒါဆိုရင်၊ ဘုရားသခင်ကို ကျွန်မ ယုံကြည်လာမိမှာ မဟုတ်ဘူး။ ကျွန်မ ဆင်းရဲဒုက္ခတွေ တွေ့ကြုံရအောင် ဘုရားသခင်က ဒီပတ်ဝန်းကျင်ကို စီစဉ်ပေးခဲ့တာ၊ အဲဒါက ကျွန်မကို ဘုရားသခင်ရှေ့ ရောက်လာစေပြီး ဘုရားသခင်ကို အားကိုးစေခဲ့တယ်။ ပြီးတော့ ဘုရားသခင်ရဲ့ အသံတော်ကို ကြားဖို့၊ သမ္မာတရားကို လိုက်စားဖို့နဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို လက်ခံရရှိဖို့ အခွင့်အရေး ပေးခဲ့တယ်။ ဒါဟာ ဘုရားသခင်ဆီက ကောင်းချီးပါပဲ။ အတိတ်တုန်းက၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားမလည်ခဲ့ဘဲ ကံဆိုးတယ်ဆိုပြီး ညည်းညူခဲ့တယ်။ အခုတော့၊ ကျွန်မကို ကယ်တင်တဲ့ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်သွားသလို၊ ကလေးမွေးဖို့သက်သက် မဟုတ်ဘဲ၊ ဘုရားသခင်ရှေ့ ရောက်လာပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့အတွက် ဘုရားသခင်က ကျွန်မကို နောက်ဆုံးသော ကာလမှာ မွေးဖွားစေခဲ့မှန်း နားလည်လိုက်တယ်။ ဒါဟာ ကျွန်မရဲ့ တာဝန်နဲ့ လုပ်ဆောင်ရမယ့်အရာပါပဲ။
ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဆက်ဖတ်တယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်သည် လက်ရှိအိမ်ထောင်ဘက်ကို သင့်အတွက် စီစဉ်ပေးခဲ့သဖြင့် သင်သည် ထိုသူနှင့် အတူတကွနေထိုင်နိုင်ခြင်းဖြစ်သည်။ ဘုရားသခင်က သင့်အတွက် အခြားတစ်ယောက်ကို စီစဉ်ပေးလျှင် သင်သည် အလားတူပင် ကောင်းမွန်စွာ နေထိုင်၍ရသေး၏။ ထို့ကြောင့် သင်၏ လက်ရှိအိမ်ထောင်ဘက်သည် သင့်အတွက် တစ်ဦးတည်းသောသူ မဟုတ်သကဲ့သို့ သင်၏ ခရီးဆုံးပန်းတိုင်လည်း မဟုတ်ပေ။ ဘုရားသခင်သည်သာ သင်၏ ခရီးဆုံးပန်းတိုင်ကို အပ်နှံ၍ရသောသူဖြစ်သည်။ ဘုရားသခင်သည်သာ လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို အပ်နှံ၍ရသောသူဖြစ်သည်။ သင်သည် သင့်မိဘများကို စွန့်ခွာလျှင် အသက်ရှင်သန်နိုင်သေးသည်။ သင်၏ လက်တွဲဖော်ကို စွန့်ခွာလျှင်လည်း အလားတူပင် ကောင်းမွန်စွာ အသက်ရှင်နိုင်သေးသည်။ သင့်မိဘများသည် သင်၏ ခရီးဆုံးပန်းတိုင်မဟုတ်သကဲ့သို့ သင်၏ လက်တွဲဖော်သည်လည်း သင်၏ ခရီးဆုံးပန်းတိုင်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ လူတွေရဲ့ ကံကြမ္မာက ဖန်ဆင်းရှင်ရဲ့ လက်ထဲမှာ ရှိမှန်း ကျွန်မ နားလည်လိုက်တယ်။ ယောက်ျားက ကျွန်မကို ဘယ်လောက်ပဲ ငဲ့ညှာပြီး ဂရုစိုက်ပါစေ၊ ကျွန်မရဲ့ ကံကြမ္မာကို သူ မထိန်းချုပ်နိုင်ပါဘူး။ ဘုရားသခင်ကသာ ကျွန်မရဲ့ ပန်းတိုင်ကို အပ်နှံရမဲ့ တစ်ပါးတည်းသော အရှင်ဖြစ်ပါတယ်။ ဘုရားသခင်ကသာ ကျွန်မ တကယ် မှီခိုအားထားနိုင်တဲ့ တစ်ပါးတည်းသော အရှင်ပါ။ ကျွန်မ ဦးနှောက်သွေးကြောပိတ်တုန်းက၊ ယောက်ျားက ကုဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပေမဲ့ ဘာမှ မထူးခြားခဲ့ဘူး။ သူ ကျွန်မကို ဘယ်လိုပဲ ဂရုစိုက်ပါစေ၊ ကျွန်မရောဂါကို မဖယ်ရှားပေးနိုင်ခဲ့ဘူး။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်၊ ကျွန်မရောဂါကို ဘုရားသခင်လက်ထဲ အပ်လိုက်ပြီး၊ သက်သာလာမလား၊ မသက်သာဘူးလား ဆိုတာကို မတွေးတော့ဘူး။ ဖြည်းဖြည်းချင်းနဲ့ ကျွန်မရောဂါ သက်သာလာပြီး၊ ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်နိုင်လာတယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုပဲ မဟုတ်ဘူးလား။ နောက်ပြီး အသင်းတော်ထဲက ညီအစ်ကိုမောင်နှမ အများကြီးကို ကြည့်လိုက်ပါ။ သူတို့ရဲ့ အိမ်ထောင်ရေးတွေ၊ မိသားစုတွေကို စွန့်လွှတ်ပြီး သူတို့ တာဝန်တွေကို ထမ်းဆောင်ကြတယ်၊ ဘုရားသခင်ရဲ့ ဧဝံဂေလိကို ဖြန့်ဝေကြတယ်။ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကာကွယ်မှုထဲမှာ သူတို့ နေထိုင်ကြတယ်၊ အစားအသောက်၊ အဝတ်အစားအတွက်လည်း မပူကြဘူး။ အဲဒီအစား၊ သူတို့ဘဝတွေက သက်သောင့်သက်သာရှိတယ်၊ ပျော်ရွှင်တယ်၊ လွတ်လပ်ပြီး အချုပ်အချယ်မရှိကြဘူး။ သခင်ယေရှု ပြောခဲ့သည့်အတိုင်း “မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။” (ရှင်မဿဲခရစ်ဝင် ၆:၂၆) ဘုရားသခင် ဖန်ဆင်းထားတဲ့ မိုးကောင်းကင်က ငှက်တွေဟာ မျိုးစေ့လည်း မကြဲဘူး၊ စပါးလည်း မရိတ်ဘူး၊ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို ကျွေးမွေးထားတယ်၊ ဘုရားသခင် ဖန်ဆင်းထားတဲ့ လူသားဆိုရင် ပြောစရာတောင် မလိုပါဘူး။ အိမ်ထောင်ရေး၊ မိသားစုနဲ့ ယောက်ျားကို ဆုံးရှုံးလိုက်ရင်၊ ကျွန်မ အားကိုးစရာ မရှိတော့ဘဲ အိုလာတဲ့အခါ ပြုစုစောင့်ရှောက်မဲ့သူ မရှိတော့မှာကို ကြောက်နေခဲ့တာ။ ဒါကြောင့် ယောက်ျားရဲ့ ဘောင်ခတ်တာကို ခဏခဏ ခံခဲ့ရပြီး တာဝန်ထမ်းဆောင်ဖို့ မပြောနဲ့၊ စုဝေးပွဲတောင် မသွားရဲခဲ့ဘူး။ ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းက နည်းလွန်းခဲ့တယ်။ အခုတော့ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး နားလည်မှုတချို့ ရှိလာပြီဖြစ်သလို၊ ဘုရားသခင်ကို အားကိုးပြီး ရှေ့ဆက်လျှောက်ဖို့ ယုံကြည်ခြင်း ရှိလာပြီ။ ယောက်ျားက ဘုရားသခင်ကို မယုံကြည်ဘဲ ကျွန်မကို ညှဉ်းပန်းနှိပ်စက်တယ်။ သူက ဘုရားသခင်ကို အတိုက်အခံလုပ်နေတာ၊ ကျွန်မက အရာရာ သူ့စကားနားထောင်ပြီး သူ့ရဲ့ကျွန်အနေနဲ့ ဆက်မနေနိုင်တော့ဘူး။ မကြာပါဘူး၊ အသင်းတော်ထဲက ညီအစ်ကိုမောင်နှမ တချို့ အဖမ်းခံရတယ်။ ညီအစ်မနှစ်ယောက် ကျွန်မအိမ်မှာ လာနေဖို့ ဧည့်ခံပေးနိုင်မလားဆိုပြီး ခေါင်းဆောင်က စာရေးလာတယ်။ ဘာမှ အများကြီး စဉ်းစားမနေဘဲ၊ “ရပါတယ်” လို့ တိုက်ရိုက် ပြန်စာရေးလိုက်တယ်။ ဧည့်ခံတဲ့တာဝန်ကို ကျွန်မ စပြီး ပြန်ထမ်းဆောင်ခဲ့တယ်။ ဒီတစ်ခါတော့၊ ယောက်ျားမြင်မှာလည်း မကြောက်တော့ဘူး၊ သူ ကွာရှင်းမှာလည်း မကြောက်တော့ဘူး။ ရင်ထဲမှာ အရမ်း အချုပ်အချယ်ကင်းသွားသလို ခံစားရတယ်။ တစ်နေ့မှာ၊ ပြန်လာနေပြီလို့ ယောက်ျားက ဖုန်းဆက်တယ်။ ညီအစ်မတွေက အပြင်ထွက်ပုန်းမယ်လို့ ပြောကြပေမဲ့၊ ကျွန်မ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်၊ “မလိုပါဘူး။ ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကို သူ ဆန့်ကျင်ပေမဲ့၊ ရဲတိုင်တဲ့အထိတော့ သူ လုပ်မှာ မဟုတ်ပါဘူး” လို့ပေါ့။ ယောက်ျား အိမ်ပြန်ရောက်လာပြီး ညီအစ်မတွေကို တွေ့တော့၊ ဘာမှ မပြောဘူး။ နှစ်ရက်ကြာတော့၊ သေးသေးမွှားမွှား ကိစ္စတစ်ခုနဲ့ ယောက်ျားက ဒေါသထွက်ပြီး ကျွန်မကို အော်တယ်၊ “နင်တို့ ဘုရားယုံတဲ့လူတွေ နောက်ဆို ဒီမှာလာခွင့် မရှိဘူး။ ထပ်လာရင်၊ မောင်းထုတ်ပစ်မယ်” တဲ့။ အရင်တုန်းက ယောက်ျား စိတ်ဆိုးမှာကြောက်ပြီး အရာရာ သူ့စကား နားထောင်ခဲ့တာ၊ ပြီးတော့ ကိုယ့်တာဝန် ဆုံးရှုံးပြီး သိက္ခာမဲ့၊ ဂုဏ်မဲ့ နေခဲ့ရတာတွေကို ပြန်တွေးမိတယ်။ အခုတော့ သမ္မာတရားကို ကျွန်မ နားလည်ပြီး ရင်ထဲမှာ ယုံကြည်မှု ရှိလာပြီ။ ကျွန်မ ပြောလိုက်တယ်၊ “ဘုရားသခင်ကို ကျွန်မ ယုံကြည်တာ ဥပဒေနဲ့မဆန့်ကျင်သလို ပြစ်မှုလည်းမဟုတ်ဘူး။ ဒီအိမ်မှာ ကျွန်မဝေစုလည်း ပါတာပဲ။ ရှင်တစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး” လို့ပေါ့။ ကျွန်မဒီလိုပြောတာ ကြားတော့၊ သူ ဒေါသတကြီး အိမ်ကနေ ထွက်သွားတာပေါ့။ သူ ကျွန်မကို ဂရုမစိုက်မှာ၊ ကွာရှင်းမှာကို မကြောက်တော့ဘူး။ သူ ပြန်မလာရင်တောင် ပိုကောင်းမယ်လို့ တွေးမိတယ်၊ သူ့ရဲ့ အနှောင့်အယှက်တွေ မရှိရင်၊ ကိုယ့်တာဝန်ကို ကျွန်မ ပိုလွတ်လွတ်လပ်လပ် ထမ်းဆောင်နိုင်မယ်၊ ပြီးတော့ သူ့ရဲ့ကျွန် ဖြစ်စရာ မလိုတော့ဘူးပေါ့။ နောက်ပိုင်းမှာ၊ ညီအစ်မတွေ ကျွန်မအိမ်မှာ နေတဲ့အခါ ယောက်ျားက ဘာမှ မပြောတော့ဘူး။ တစ်ခါတလေ၊ တခြားညီအစ်မတွေ လာလည်ရင်၊ ထမင်းစားဖို့တောင် သူ ခေါ်ထားလိုက်သေးတယ်။ ကိုယ့်စိတ်နှလုံးကို မှန်ကန်အောင် ထားလိုက်တဲ့အခါ၊ ယောက်ျားရဲ့ သဘောထားလည်း ကောင်းမွန်လာတာကို ကျွန်မ တွေ့လိုက်ရတယ်။ နောက်ပိုင်းမှာ၊ ယောက်ျားနဲ့ ဆက်ဆံရေးလည်း နည်းနည်း တိုးတက်လာတယ်။ မိသားစုအတွက် ကိုယ့်တာဝန်ကို အစွမ်းကုန် ကျေပွန်အောင် လုပ်တယ်၊ စုဝေးပွဲ သွားစရာရှိရင်လည်း သွားလိုက်တယ်။ ရင်ထဲမှာ သူ့ရဲ့ ဘောင်ခတ်တာ မခံရတော့ဘူး။ အိမ်ထောင်ရေးနဲ့ မိသားစုကို ဘုရားနှုတ်ကပတ်တော်နဲ့အညီ သဘောထားလိုက်တော့၊ ကျွန်မတို့ဘဝက မပင်ပန်းတော့သလို၊ သိက္ခာလည်း ရှိတယ်။
ဒီအတွေ့အကြုံရပြီးတဲ့နောက်၊ ယောက်ျား၊ သားတွေ၊ ဒါမှမဟုတ် ဘယ်ဆွေမျိုးကိုမှ ကျွန်မ အားကိုးလို့ မရနိုင်ဘူးဆိုတာ နားလည်လိုက်တယ်။ လက်ကျန်နေ့ရက်တွေမှာ ကျွန်မ ဘယ်လို ဒုက္ခခံရမလဲဆိုတာ ကျွန်မ ထိန်းချုပ်လို့ရနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ဘုရားသခင်က အရာခပ်သိမ်းကို အုပ်စိုးပြီး စီစဉ်တာပါ။ ဘုရားသခင်ကသာ ကျွန်မ အားကိုးနိုင်တဲ့ တစ်ပါးတည်းသော အရှင်ပါ။ အခုဆိုရင်၊ အိမ်ထောင်ရေးရဲ့ ဘောင်ခတ်တာတွေ၊ ချည်နှောင်တာတွေကနေ ရုန်းထွက်ပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို နည်းနည်း ကောင်းကောင်း ဖြည့်ဆည်းနိုင်ပြီ။ ဒါတွေက ဘုရားနှုတ်ကပတ်တော်ကြောင့် ကျွန်မ ရရှိလာတဲ့ ရလဒ်တွေပါ။ ကျွန်မကိုကယ်တင်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျွန်မက သာမန်ကျေးလက်မိသားစုလေးတစ်ခုမှာ ကြီးပြင်းခဲ့ပါတယ်။ ကျွန်မတို့က လုံးဝ မချမ်းသာပေမယ့်လည်း အရမ်းတော့ ပျော်ရွှင်ခဲ့ရတယ်။ ကျွန်မအမေက...
ချုံရှန်း၊ တရုတ်ပြည်ငယ်ငယ်လေးကတည်းက ကျွန်မဟာ အချစ်ဒရာမာဇာတ်ကားတွေ ကြည့်ရတာကို အမြဲတမ်း ကြိုက်နှစ်သက်ခဲ့ပြီး ဇာတ်လိုက်စုံတွဲတွေကြားက...
ကျင့်ရှင်၊ တရုတ်နိုင်ငံကျွန်မက ကိုးဆယ်ဖွားတစ်ယောက်ပါ၊ ပြီးတော့ အလယ်တန်းကျောင်းတက်တုန်းက အချစ်ဇာတ်လမ်းတွေကို ကျွန်မ စွဲလန်းခဲ့တယ်။...
ကက်သလင်း၊ အီတလီကျွန်မက ၈၀ ပြည့်လွန်နှစ်တွေအလယ်လောက်မှာ မွေးတာဆိုတော့ ကြီးပြင်းလာတဲ့အချိန်မှာ တီဗီဇာတ်လမ်းတွဲတွေ ကြည့်ရတာ ကြိုက်တယ်။...