နောင်တမရတဲ့ ကျွန်မရဲ့ ရွေးချယ်မှု

03.02.2026

ကျင့်ရှင်၊ တရုတ်နိုင်ငံ

ကျွန်မက ကိုးဆယ်ဖွားတစ်ယောက်ပါ၊ ပြီးတော့ အလယ်တန်းကျောင်းတက်တုန်းက အချစ်ဇာတ်လမ်းတွေကို ကျွန်မ စွဲလန်းခဲ့တယ်။ ယောက်ျားလေး ဇာတ်ဆောင်နဲ့ မိန်းကလေး ဇာတ်ဆောင်ကြားက မယိမ်းယိုင်တဲ့ အချစ်ကို မြင်ရတဲ့အခါတိုင်း၊ အထူးသဖြင့် ယောက်ျားလေးက မိန်းကလေးကို ဂရုစိုက်တဲ့အခါ ကျွန်မ အားကျမိတယ်။ တစ်နေ့နေ့မှာ ဒီလိုအချစ်မျိုးကို ကိုယ်တိုင်လည်း ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ခဲ့တာပေါ့။ ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ကိုရှာပြီး နှစ်ယောက်အတူ အေးအတူပူအမျှ ဘဝကိုဖြတ်သန်းရတာဟာ ဘဝမှာ ရှင်သန်နေထိုင်ဖို့ အပျော်ရွှင်ဆုံးနဲ့ အဓိပ္ပာယ်အရှိဆုံးနည်းလမ်းပဲလို့ ကျွန်မ တွေးခဲ့တယ်။

၂၀၀၉ ခုနှစ်၊ ဧပြီလမှာ ဘုရားသခင်ကို စယုံကြည်ပြီး မကြာခင်မှာပဲ ဝမ်ဘင်းနဲ့ ကျွန်မ တွေ့ခဲ့တယ်။ သူက ကျွန်မထက် လေးနှစ်ကြီးပြီး ဟန်ဆောင်မှုကင်းတယ်၊ ရိုးသားတယ်၊ ရင့်ကျက်ပြီး တည်ငြိမ်တဲ့အပြင် ကျွန်မအပေါ်မှာ အရမ်းကို အလေးထားပြီး ဂရုစိုက်တတ်တဲ့သူပါ။ ကျွန်မ သူ့ကို စိတ်တိုပြီး စိတ်ဆိုးတဲ့အခါတိုင်း သူက အမြဲတမ်း သည်းခံပေးတယ်။ ပုံမှန်ဆိုရင် တစ်ခုခုဖြစ်လာရင် သူက ကျွန်မရဲ့သဘောထားကို အရင်မေးတယ်၊ ပြီးတော့ အမြဲတမ်း ကျွန်မသဘောအတိုင်းလိုက်ပြီး ကျွန်မရဲ့ရွေးချယ်မှုတွေကို လေးစားတယ်။ သူနဲ့အတူရှိနေရတာကို ကျွန်မ သက်သောင့်သက်သာရှိခဲ့တယ်။ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကလည်း ကျွန်မကို အားကျကြပြီး ဝမ်ဘင်းက ကျွန်မကို အရမ်းအလျှော့ပေးတယ်၊ ဒီခေတ်မှာ ဒီလိုလူမျိုးက ရှာရခက်တယ်လို့ ပြောကြတယ်။ အဲဒီအချိန်က ကျွန်မဟာ အချစ်ရဲ့ ချိုမြိန်မှုထဲမှာ နစ်မျောနေခဲ့ပြီး ဒီလို အလိုက်သိတတ်တဲ့ ချစ်သူကို ရထားလို့ ကံကောင်းလိုက်တာလို့ ခဏခဏ ခံစားမိခဲ့တယ်။

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုဖတ်လာတာနဲ့အမျှ၊ နောက်ဆုံးသော ကာလမှာ ဘုရားသခင် လူ့ဇာတိခံယူပြီး အမှုပြုတာဟာ လူသားတွေကို ကယ်တင်ပြီး စုံလင်အောင် ပြုလုပ်ပေးဖို့၊ ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ ယုံကြည်ပြီး သူ့ရဲ့ တရားစီရင်မှုကို လက်ခံနိုင်တဲ့၊ သန့်စင်ခံရတဲ့သူတွေကို နောက်ခေတ်ထဲကို ခေါ်ဆောင်ဖို့ ဖြစ်တယ်၊ ပြီးတော့ ဒါက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အမှုတော်မှာ နောက်ဆုံးအဆင့်ဖြစ်တယ်ဆိုတာကိုလည်း နားလည်ခဲ့တယ်။ ကျွန်မမိဘတွေကလည်း ဘုရားသခင်ကို ယုံကြည်ခြင်းရဲ့ အရေးပါပုံအကြောင်း ကျွန်မနဲ့ မကြာမကြာ မိတ်သဟာယပြုပေးပြီး ဒီလို အရမ်းရှားတဲ့ အခွင့်အရေးကို တန်ဖိုးထားဖို့ သတိပေးခဲ့ကြတယ်။ ကျွန်မက ဝမ်ဘင်းကို ဧဝံဂေလိတရား ဟောပြောချင်ခဲ့တယ်။ ကျွန်မတို့နှစ်ယောက်သာ ဘုရားသခင်ကို အတူတူယုံကြည်ပြီး၊ သမ္မာတရားကို အတူတူလိုက်စားနိုင်မယ်၊ နောက်ဆုံးမှာ အတူတူ ကယ်တင်ခြင်းခံရပြီး နိုင်ငံတော်ထဲ ဝင်ရောက်နိုင်မယ်ဆိုရင် ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲ။ ဒါကြောင့် ယုံကြည်ခြင်းအပေါ်ထားတဲ့ သူ့ရဲ့ သဘောထားကို သိရဖို့ ကျွန်မ ပါးပါးနပ်နပ်နဲ့ ကြိုးစားခဲ့တယ်။ သူက ဘုရားသခင်ကို မယုံကြည်ဘူး၊ လူတစ်ယောက်ရဲ့ ကံကြမ္မာဟာ ကိုယ့်လက်ထဲမှာပဲ ရှိတယ်လို့ သူယုံကြည်တယ်။ သူက “ငါတို့က လူငယ်တွေ၊ ပိုက်ဆံကိုပဲ အဓိကကြည့်ရမယ်” လို့ ပြောတယ်။ ပြီးတော့ ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ကျွန်မမိဘတွေ ပြောတာကို နားမထောင်ဖို့နဲ့ ဒီလောကမှာ ဘုရားသခင်ဆိုတာ လုံးဝမရှိဘူးလို့လည်း ကျွန်မကို ပြောခဲ့တယ်။ သူ ဒါတွေ ပြောတာကို ကြားလိုက်ရတော့ ကျွန်မ ပြောမပြတတ်အောင် အနေရခက်သွားတယ်။ ကျွန်မတို့နှစ်ယောက်စလုံးက ဘုရားသခင်ကို ယုံကြည်နိုင်မယ်လို့ အစက ကျွန်မ တွေးခဲ့တာ။ ဒါပေမဲ့ သူက ဘုရားမဲ့ဝါဒီတစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။ ကျွန်မ ဘယ်လိုလုပ်ရမလဲ။ ဘုရားသခင်ကို မယုံကြည်တဲ့ မိသားစုဝင်တွေရှိတဲ့ ညီအစ်ကိုမောင်နှမတချို့ကို သူတို့မိသားစုဝင်တွေက တားဆီးနှောင့်ယှက်ပြီး ညှဉ်းပန်းနှိပ်စက်ကြတာကို ကျွန်မ မြင်ဖူးတယ်၊ ဒါက အရမ်း နာကျင်စရာကောင်းတာပဲ။ ကျွန်မရဲ့ ဝမ်းကွဲအစ်မလိုပေါ့။ သူ မလက်ထပ်ခင်က တာဝန်တွေကို တက်တက်ကြွကြွထမ်းဆောင်ပြီး နေရာအနှံ့မှာ ဧဝံဂေလိတရားကို ဟောပြောခဲ့တယ်၊ ဒါပေမဲ့ သူ့ယောက်ျားက ဘုရားမဲ့ဝါဒီဖြစ်တော့ သူတို့လက်ထပ်ပြီးတဲ့နောက်မှာ သူ့ယုံကြည်ခြင်းကို ညှဉ်းပန်းနှိပ်စက်ပြီး တားဆီးခဲ့တယ်၊ နေ့တိုင်း ရန်ဖြစ်လိုက်၊ သတ်ပုတ်လိုက်ပဲ။ နောက်ပိုင်းမှာ ကျွန်မအစ်မက စုဝေးပွဲတောင် မတက်နိုင်တော့ဘူး၊ အဆုံးမှာတော့ အစ်မက ကွာရှင်းဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရပြီး ကလေးကို ယောက်ျားဘက်က ယူသွားတယ်။ သူ့ကလေးအကြောင်း တွေးမိတိုင်း သူ အရမ်းဝမ်းနည်းရတယ်။ ဒီလိုအိမ်ထောင်ရေးမျိုး၊ ဒီလိုနာကျင်မှုမျိုးကို ကျွန်မ မခံစားချင်ဘူး။ ဝမ်ဘင်းက ဘုရားကိုမယုံကြည်ဘူး၊ ဒါကြောင့် ကျွန်မတို့လက်ထပ်ပြီးတဲ့နောက် သူကသာ ကျွန်မကို ညှဉ်းပန်းနှိပ်စက်လာရင် ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါ့မလား။ ခဏလောက်တော့ ကျွန်မ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိခဲ့ဘူး။ နာကျင်မှုတွေကြားထဲကနေ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ဝမ်ဘင်းက ဘုရားမဲ့ဝါဒီတစ်ယောက်ဖြစ်မယ်လို့ သမီးမထင်ခဲ့မိဘူး။ အတူတူရှိလာတာ ဒီလောက်ကြာနေပြီဆိုတော့ သမီးရဲ့စိတ်ခံစားမှုတွေ အများကြီး ရင်းနှီးမြှုပ်နှံထားခဲ့ပြီးပြီ။ ဒီဆက်ဆံရေးကို လက်လွှတ်ဖို့ သမီးမစွမ်းနိုင်ပါဘူး။ ဒါပေမဲ့ သူ့နဲ့သာ ဆက်နေပြီး၊ ကျွန်မတို့နှစ်ယောက် လမ်းကြောင်းမတူလို့ သူကသာ သမီးရဲ့ယုံကြည်ခြင်းကို တားဆီးလာတဲ့အခါကျရင် သမီး ဘယ်လိုလုပ်ရမလဲ။ ဘုရားသခင်၊ သမီးက ဝိညာဉ်ရင့်ကျက်မှု အရမ်း နုနယ်သေးပါတယ်။ သမီးကို မှန်ကန်တဲ့ ရွေးချယ်မှုလုပ်နိုင်အောင် ကျေးဇူးပြုပြီး လမ်းပြပေးပါ” လို့ပေါ့။ နောက်ရက်တွေမှာ အိမ်ထောင်ရေးကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဆက်ဖတ်ခဲ့တယ်၊ အိမ်ထောင်ဖက်ရွေးချယ်ရာမှာ စည်းမျဉ်းတွေရှိတယ်ဆိုတာကို ကျွန်မ နားလည်လာတယ်။ စိတ်တူကိုယ်တူရှိပြီး၊ လူ့သဘာဝကောင်းတဲ့၊ ကိုယ့်ယုံကြည်ခြင်းကို မတားဆီးမယ့်သူကို ရှာဖို့က အရေးကြီးတယ်။ ဝမ်ဘင်းက ဘုရားကိုမယုံကြည်ဘူး၊ ကျွန်မတို့က စိတ်သဘောထားလည်း မတူဘူး၊ လမ်းကြောင်းလည်း တစ်ခုတည်းမဟုတ်ဘူး၊ အနှေးနဲ့အမြန် ကျွန်မတို့ လမ်းခွဲကြမှာပဲ။ ကျွန်မ စိတ်ခံစားမှုတွေ ပိုရင်းနှီးမြှုပ်နှံလေ၊ နောက်ပိုင်းမှာ ပိုနာကျင်ရလေပဲ။ အဲဒီအချိန်တုန်းက ဒီအကြောင်းကို တွေးမိတိုင်း ကျွန်မရင်ထဲမှာ နာကျင်ခံစားရတယ်။ လမ်းခွဲရမယ့် အတွေးကို ကျွန်မ မခံနိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မတို့ အတူတူ ဆက်နေမယ်ဆိုရင် မတူညီတဲ့ လမ်းကြောင်းတွေကို ကျွန်မတို့ လျှောက်လှမ်းနေကြမှာလေ။ ကျွန်မစိတ်ထဲမှာ အရမ်းကို ရှုပ်ထွေးနေခဲ့တယ်၊ ဒါနဲ့ ဘုရားသခင်ဆီမှာ ကျွန်မရဲ့ နာကျင်မှုတွေ၊ အခက်အခဲတွေကို ရင်ဖွင့်ပြီး ကိုယ်တော့်ရဲ့အကူအညီကို တောင်းခံခဲ့တယ်။

အချိန်ဘယ်လိုကုန်သွားမှန်းမသိခင်မှာပဲ ၂၀၁၁ ခုနှစ်၊ မတ်လကို ရောက်လာပြီး ဝမ်ဘင်းရဲ့မိသားစုက ကျွန်မတို့ကို စေ့စပ်ဖို့ တောင်းဆိုလာတယ်။ ကျွန်မ ရွေးချယ်မှုတစ်ခု မဖြစ်မနေ လုပ်ခဲ့ရတယ်။ ဝမ်ဘင်းက ဘုရားကိုမယုံကြည်ဘူး၊ ကျွန်မတို့နှစ်ယောက် အတူတူ လမ်းကြောင်း အဆုံးထိ လျှောက်နိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်မ စိတ်နှလုံးထဲမှာ ရှင်းရှင်းလင်းလင်း သိနေခဲ့တယ်၊ ဒါပေမဲ့ မျှော်လင့်ချက်တချို့ကို ဆက်ထားနေခဲ့ပြီး တွေးမိတယ်။ “ငါ သူ့ကို ဘုရားသခင်ရဲ့အမှုတော်အကြောင်း တရားဝင် တစ်ခါမှ သက်သေမခံဖူးသေးဘူး၊ သမ္မာတရားအပေါ် သူ့ရဲ့သဘောထားကိုလည်း ငါ မသိသေးဘူး။ သူက ဘုရားသခင်ကို မယုံကြည်ပေမဲ့ ငါ့ရဲ့ ယုံကြည်ခြင်းကို မတားဆီးဘူးဆိုရင် ငါတို့ အတူတူ ဆက်နေလို့ရနိုင်သေးတယ်” လို့ပေါ့။ ဒါနဲ့ ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း သူ့ကိုပြောပြပြီး သူဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ကျွန်မလေ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိဘူး၊ ကျွန်မ ဘုရားသခင်ကို ယုံကြည်တယ်လို့ သူကြားလိုက်တာနဲ့ သူက ဒေါသတကြီးနဲ့ လက်သီးကို ဆုပ်ပြီး နံရံကို ထိုးခဲ့တယ်။ သူ့လုပ်ရပ်ကြောင့် ကျွန်မ မှင်သက်သွားခဲ့တယ်၊ ကျွန်မ သတိပြန်ဝင်လာချိန်မှာတော့ သူ့လက်က သွေးထွက်နေခဲ့ပြီ။ သူ နံရံကို ဆက်ထိုးတော့မယ့်ပုံမြင်တော့ ကျွန်မ သူ့လက်ကို အမြန်ဆွဲထားလိုက်တယ်၊ ဒါပေမဲ့ သူက အားနဲ့ ရုန်းထွက်သွားတယ်။ သူ့ရဲ့ ပုံမှန်မဟုတ်တဲ့အပြုအမူ၊ အရမ်းအေးစက်တဲ့ မျက်နှာထား၊ မျက်လုံးထဲက အမုန်းတရားတွေကို မြင်လိုက်ရတော့ သူဟာ လူစိမ်းတစ်ယောက်လိုပဲ၊ ကျွန်မ ကြောက်သွားပြီး တွေးမိတယ်၊ “ဒါ ငါပြောသမျှ အရာရာကို သဘောတူခဲ့တဲ့ ချစ်သူ ဟုတ်သေးရဲ့လား။ ငါ ဘုရားကိုယုံကြည်တယ်လို့ ကြားလိုက်တာနဲ့ ဘာလို့ သူက ဒီလိုသဘောထားမျိုး ဖြစ်သွားရတာလဲ။ ငါက ဘုရားကိုယုံကြည်ရုံပဲ၊ ဘာအမှားမှ မလုပ်ထားဘူး။ ဘာလို့ သူက ဒီလိုတုံ့ပြန်ရတာလဲ” လို့ပေါ့။ ကျွန်မစိတ်ထဲမှာ ဆက်တိုက်ဆုတောင်းနေမိတယ်၊ “အို ဘုရားသခင်၊ သူကသာ သမီးရဲ့ယုံကြည်ခြင်းကို တကယ်တားဆီးမယ်ဆိုရင် သမီးသူနဲ့ လမ်းခွဲဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ သမီးက ဝိညာဉ်ရင့်ကျက်မှု အရမ်းနုနယ်သေးလို့ပါ၊ ကျွန်မတို့နှစ်ယောက်ရဲ့ ဒီနှစ်နှစ်တာ ဆက်ဆံရေးကို မစွန့်လွှတ်နိုင်ပါဘူး။ ရွေးချယ်မှုမှန်ကန်အောင် သမီးကို ခွန်အားပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်၊ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကို ခံခဲ့ရတဲ့ ကျွန်မရဲ့အတွေ့အကြုံကို ဝေမျှပြီး ကျွန်မရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့တယ်။ သူ ခဏလောက် တိတ်ဆိတ်သွားပြီးနောက်မှာတော့ ကျွန်မရဲ့ယုံကြည်ခြင်းကို မတားဆီးဘူးလို့ သဘောတူခဲ့တယ်။ ကျွန်မတို့ သဘောတူညီမှုတစ်ခု လုပ်ခဲ့တယ်၊ တစ်နေ့နေ့မှာ သူသာ ကျွန်မရဲ့ယုံကြည်ခြင်းကို တားဆီးခဲ့ရင် ကျွန်မတို့ လမ်းခွဲကြမယ်လို့ပေါ့။ ဒီစကားကြားတော့ သူက အစပိုင်းမှာတော့ မှင်သက်သွားတယ်၊ ဒါပေမဲ့ သူ သဘောတူခဲ့တုန်းပဲ။

ဝမ်ဘင်းရဲ့အစ်ကိုနဲ့ မရီးက လူ့သဘာဝကောင်းပြီး ဘုရားသခင်ရှိတယ်ဆိုတာကို ယုံကြည်ကြတယ်၊ ဒါနဲ့ ကျွန်မက သူတို့ကို ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်အကြောင်း သက်သေခံခဲ့တယ်။ ဝမ်ဘင်းသိသွားတော့ သူ ဒေါသပေါက်ကွဲသွားပြီး သူ့မိသားစုရှေ့မှာပဲ ကျွန်မကို ထွက်သွားဖို့ပြောတယ်၊ ပြီးတော့ ကျွန်မကို နောက်ဘယ်တော့မှ မမြင်ချင်တော့ဘူးလို့ ပြောတယ်။ သူ့ဖုန်းကို ကျွန်မရှေ့မှာ အားနဲ့ ဆောင့်ချလိုက်တယ်။ သူဒီလောက်ထိ ဒေါသထွက်တာကို ကျွန်မ တစ်ခါမှမမြင်ဖူးဘူး။ အမုန်းတရားတွေပါတဲ့အသံနဲ့ သူက “မင်းရဲ့ယုံကြည်ခြင်းကို ငါမတားဘူး၊ ဒါပေမဲ့ ငါ့မိသားစုကိုတော့ လာဟောဖို့ မကြိုးစားနဲ့။” လို့ ပြောတယ်။ ကျွန်မရဲ့ယုံကြည်ခြင်းအပေါ် သူဒီလောက်ထိ အတိုက်အခံလုပ်တာကိုမြင်တော့ ကျွန်မ စိုးရိမ်လာပြီး တွေးမိတယ်၊ “သူက ငါ့ယုံကြည်ခြင်းကို မတားဘူးလို့တော့ ပြောထားတယ်၊ ဒါပေမဲ့ ဒါက ငါ စုဝေးပွဲတွေတက်ပြီး တာဝန်ထမ်းဆောင်နေတာကို သူ မသိလို့ပဲ။ သူသာ သိသွားခဲ့ရင်ကော တားဖို့ကြိုးစားဦးမှာလား။ သူသာ တားဖို့ကြိုးစားခဲ့ရင် ငါတို့ မလွဲမသွေ ရန်ဖြစ်ကြရမှာပဲ၊ ပြီးတော့ ငါတို့ရဲ့အိမ်ထောင်ရေးကလည်း ပြိုကွဲသွားနိုင်တယ်။ အဲဒီအခါကျရင် ငါ ဘယ်လိုလုပ်ရမလဲ” လို့ပေါ့။ နှလုံးသားက ဝေခွဲမရဖြစ်နေခဲ့တယ်။ လမ်းခွဲလိုက်ရင် ဒီလိုမျိုးချစ်ပေးမယ့်လူကို ငါ နောက်တစ်ခါ ဘယ်တော့မှ တွေ့နိုင်မှာမဟုတ်တော့ဘူး၊ အဲဒီအခါကျရင် ငါအသက်ရှင်နေရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ဒါပေမဲ့ မခွဲဘဲဆက်နေရင်လည်း ရန်ဆက်ဖြစ်နေရမှာ သေချာတယ်၊ အဲဒီလိုဘဝမျိုးမှာ ဘယ်လိုပျော်ရွှင်မှုမျိုး ရှိနိုင်မှာလဲ။ ဒီအကြောင်းကို စဉ်းစားလိုက်ရုံနဲ့ ကျွန်မရင်ထဲမှာ စူးအောင့်ပြီး နာကျင်ခံစားရတယ်၊ ကျွန်မ ဘယ်လိုမှ ဆုံးဖြတ်မရတဲ့ အခြေအနေမျိုး ကြုံနေခဲ့ရတယ်။ နောက်ပိုင်းမှာ ကျွန်မတို့နှစ်ယောက်ရဲ့ အရာရာကို ရှုမြင်တဲ့အမြင်တွေမှာ သိသာတဲ့ ကွဲပြားမှုတွေရှိတာကို ကျွန်မ သဘောပေါက်လာတယ်။ ဥပမာ၊ သူက လက်ထပ်ပြီးရင် စားသောက်ဆိုင်တစ်ဆိုင်ဖွင့်သင့်တယ်၊ ပိုက်ဆံရှာပြီး ကားဝယ်၊ အိမ်ဝယ်မယ် စသဖြင့် ပြောတယ်။ ကျွန်မက “လူတစ်ယောက် ဘယ်လောက် ပိုက်ဆံရှာနိုင်မလဲဆိုတာ ကောင်းကင်ဘုံက သတ်မှတ်ပြီးသားပါ၊ ငါတို့မှာ စားဖို့သောက်ဖို့ လုံလောက်ရင် ပြီးတာပါပဲ။ ဘဝမှာ ပိုက်ဆံက အရေးအကြီးဆုံး မဟုတ်ဘူး။ ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်ဝတ်ပြုခြင်းကမှ ဘဝရဲ့ မှန်ကန်တဲ့လမ်းကြောင်းဖြစ်တယ်” လို့ ပြောခဲ့တယ်။ သူက မပျော်မရွှင်နဲ့ ပြန်ပြောတယ်၊ “ပိုက်ဆံမရှာရင် အသက်ရှင်နေရတာ ဘာအဓိပ္ပာယ်ရှိလဲ။ ပိုက်ဆံမရှိဘဲ မင်းက ဘယ်လိုစားသောက်နိုင်မှာလဲ။ မင်းက ရည်မှန်းချက်မရှိဘူး” တဲ့။ ဒီလိုမျိုး အငြင်းအခုံတွေက ခဏခဏ ဖြစ်တတ်တော့ ကျွန်မ အရမ်း စိတ်ပင်ပန်းခဲ့ရတယ်။ သဘောထားကွဲလွဲပြီး မပျော်မရွှင်ဖြစ်ရတိုင်း ကျွန်မ တွေးမိတယ်၊ “ဒါ ငါလိုချင်တဲ့ ပျော်ရွှင်မှုလား။ ဘာလို့ ငါ မပျော်ရွှင်ရတာလဲ။ ဘဝမှာ လိုက်စားဖို့ အဓိပ္ပာယ်အရှိဆုံးအရာက ဘာလဲ။ ဒီဘဝကို အလဟဿမဖြစ်အောင် ငါ ဘယ်လိုလုပ်ရမလဲ။” ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးက အစကတော့ ဝမ်ဘင်းနဲ့ အတူနေထိုင်တာက ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးလိမ့်မယ်၊ ဒါဟာ သမီးအမြဲတမ်း အိပ်မက်မက်ခဲ့တဲ့ ဘဝလို့ သမီးထင်ခဲ့တယ်၊ ဒါပေမဲ့ အမှုအရာတွေက သမီးတွေးထားသလို မဟုတ်ပါဘူး။ ကျွန်မတို့ လျှောက်နေတဲ့လမ်းကြောင်းတွေက မတူဘူး၊ တူညီတာလည်းမရှိဘူး၊ ဒါကြောင့် သမီးရဲ့စိတ်နှလုံးက ဘယ်တော့မှ လွတ်မြောက်မှုကို ရှာမတွေ့နိုင်ပါဘူး။ နေ့တိုင်း ကိုယ်တော့်နှုတ်ကပတ်တော်တွေကို ဖတ်တာ၊ စုဝေးပွဲတွေတက်တာကို ဒီကိစ္စတွေကြောင့် ရန်ဖြစ်မှာစိုးလို့ ခိုးကြောင်ခိုးဝှက် လုပ်နေရတယ်။ အို ဘုရားသခင်၊ သမီးစိတ်က အရမ်းနာကျင်နေရပါတယ်၊ ဒီချစ်ခင်တွယ်တာမှုတွေကနေ ရုန်းထွက်ချင်ပေမဲ့ စိတ်ထဲမှာတော့ ဒီဆက်ဆံရေးကို မစွန့်လွှတ်နိုင်ပါဘူး။ သမီးကို ကူညီတော်မူပါ” လို့ပေါ့။

နောက်ပိုင်းမှာ ဝမ်ဘင်းက တစ်ခုခုကို ရိပ်မိသွားပုံပဲ။ ကျွန်မ အပြင်ကပြန်လာတဲ့အခါ တော်တော်များများမှာ သူက မေးခွန်းမျိုးစုံ မေးတတ်တယ်။ အစပိုင်းမှာတော့ ကျွန်မ ဒါကို သိပ်အလေးမထားခဲ့ဘူး၊ တစ်နေ့မှာတော့ ကျွန်မ စုဝေးပွဲသွားဖို့ စောစောစီးစီးပြင်ဆင်ပြီး ထွက်တော့မယ့်အချိန်မှာ သူ့ရဲ့ ပုံမှန်နူးညံ့တဲ့လေသံက ပြောင်းသွားပြီး အရမ်းတည်ကြည်တဲ့ မျက်နှာထားနဲ့ “ငါ့ကို အမှန်အတိုင်းပြော၊ နင် စုဝေးပွဲ ထပ်သွားမလို့ မဟုတ်လား။” လို့ မေးတယ်။ ကျွန်မက “ဟုတ်တယ်။ အဲဒါ ဘာဖြစ်လို့လဲ။ နင် ငါ့ကို ဘုရားသခင်ယုံကြည်တာ မတားဘူးလို့ ပြောထားတယ် မဟုတ်လား။” လို့ ပြန်ပြောခဲ့တယ်။ သူက “အဲဒီတုန်းက ငါသာ သဘောမတူခဲ့ရင် နင်ငါနဲ့ လမ်းခွဲသွားမှာလေ။ ငါက အဲဒီလို မပြောလို့ ဘယ်ဖြစ်ပါ့မလဲ။ အချိန်ကြာလာရင် နင့်ရဲ့ ဘုရားကိုယုံကြည်ချင်စိတ်က အားနည်းသွားပြီး မယုံကြည်တော့ဘူးလို့ ငါထင်ခဲ့တာ။ ဒီခြောက်လအတွင်းမှာ နင်က ပိုပြီးတော့တောင် စိတ်အားထက်သန်လာလိမ့်မယ်လို့ ငါ ဘယ်တော့မှ မမျှော်လင့်ခဲ့ဘူး။ ငါ ဆက်သည်းမခံနိုင်တော့ဘူး။ အခု နင် ငါနဲ့ ဘုရားကိုယုံကြည်ခြင်းကြားမှာ တစ်ခုခုကို ရွေးရတော့မယ်။ နင်ငါ့ကိုရွေးရင် နင့်ရဲ့ယုံကြည်ခြင်းကို စွန့်လွှတ်ရမယ်” လို့ ပြောတယ်။ ကျွန်မတို့သာ အတူတူဆက်နေရင် အမြဲတမ်း ရန်ဖြစ်နေရမှာပဲ၊ ပြီးတော့ ဒီအငြင်းအခုံက အစပဲရှိသေးတယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ တကယ်လမ်းခွဲရမယ်ဆိုရင် ကျွန်မစိတ်ထဲမှာ အရမ်း ဝန်လေးနေမိတုန်းပဲ၊ ဒီဆက်ဆံရေးကို မစွန့်လွှတ်ချင်ဘူး။ ဒါပေမဲ့ ဝမ်ဘင်းနဲ့အတူရှိဖို့ ရွေးချယ်လိုက်ရင်တော့ ကျွန်မရဲ့ယုံကြည်ခြင်းကို စွန့်လွှတ်ရလိမ့်မယ်။ ဒါဟာ ဘုရားသခင်က လူတွေကို စုံလင်အောင် ပြုလုပ်ပေးဖို့ အဓိကကျတဲ့ အချိန်အခါပဲ၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်တယ်ဆိုတာကို ကျွန်မ ခိုင်ခိုင်မာမာ ယုံကြည်လာခဲ့ပြီ၊ ဘုရားသခင်ရဲ့အမှုကို တွေ့ကြုံရခြင်းအားဖြင့် ဘုရားနှုတ်ကပတ်တော်တွေက လူတွေကို သန့်စင်ပေးနိုင်တယ်၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းပေးနိုင်တယ်၊ ပြီးတော့ လူတစ်ယောက်ရဲ့ ကျင့်ကြံပြုမူမှုအတွက် လမ်းမှန်နဲ့ လမ်းကြောင်းကို ညွှန်ပြပေးနိုင်တယ်ဆိုတာကို ကျွန်မ ကိုယ်တွေ့ခံစားခဲ့ရတယ်။ ဘုရားသခင်က လူတွေကို ပေးတဲ့သမ္မာတရားက တကယ်ကို အဖိုးတန်တယ်၊ ဒါကြောင့် ဒီအခွင့်အရေးကိုသာ ကျွန်မ လက်လွှတ်လိုက်ရင် တစ်သက်လုံး နောင်တရနေရမှာ။ ကျွန်မရဲ့ယုံကြည်ခြင်းနဲ့ အိမ်ထောင်ရေးကြားမှာ ဘယ်လိုရွေးချယ်ရမလဲ။ ကျွန်မ ဝေခွဲမရဖြစ်ခဲ့ပြီး ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ စုဝေးပွဲတစ်ခုမှာ ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေးမိခဲ့တယ်။ “သင်တို့အပေါ် ဘုရားသခင် ပြုလုပ်သည့် အလုပ်အဆင့်တိုင်း၏ နောက်ကွယ်တွင် ဘုရားသခင်နှင့် ပြုလုပ်သည့် စာတန်၏ အလောင်းအစားရှိသည်။ ဤအရာ၏နောက်ကွယ်တွင် တိုက်ပွဲပင်။...ဘုရားသခင်နှင့် စာတန်တို့သည် ဝိညာဉ်ရေးရာ နယ်ပယ်ထဲ တိုက်ပွဲ ဆင်နွှဲနေစဉ်တွင် သင်က ဘုရားသခင်ကို မည်ကဲ့သို့ စိတ်ကျေနပ်မှု ပေးသင့်သနည်း။ ပြီးလျှင် သူ့ကို သင်၏ သက်သေခံချက်တွင် မည်ကဲ့သို့ ခိုင်မာစွာ ရပ်တည်သင့်သနည်း။ သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်သည့်အချိန် ဖြစ်ကြောင်းကို သင်သိသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်၊ အပေါ်ယံမှာ ဝမ်ဘင်းက ကျွန်မကို ဘုရားနောက်မလိုက်အောင် တားဆီးနေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ စာတန်က နောက်ကွယ်ကနေ နှောင့်ယှက်နေတာပဲ။ ဘုရားသခင်ရော စာတန်ပါ ကျွန်မ ဘယ်လိုရွေးချယ်မလဲဆိုတာကို စောင့်ကြည့်နေကြတယ်၊ ကျွန်မ ဘုရားသခင်အတွက် သက်သေခံရမယ်။ ကျွန်မရဲ့စိတ်ခံစားချက်တွေကို ထိန်းချုပ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့၊ “ကျွန်မ ဘုရားသခင်ကို ယုံကြည်ဖို့ ရွေးချယ်တယ်” လို့ ပြောလိုက်တယ်။ ဝမ်ဘင်းကလည်း သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ သူက ကျွန်မကို ဘုရားသခင်ယုံကြည်ခွင့်ပေးတာထက်စာရင် လမ်းခွဲလိုက်တာကို ပိုလိုလားတယ်တဲ့။ ကျွန်မ အရမ်းကို စိတ်ဓာတ်ကျသွားတယ်၊ အဲဒီနောက်မှာတော့ ထိန်းမနိုင်သိမ်းမရ ငိုချလိုက်မိတယ်။ ဒီလောက်နှစ်တွေကြာပြီးတဲ့နောက်မှာ ကျွန်မတို့ရဲ့ဆက်ဆံရေးက တကယ်ပဲ ဒီအခြေအနေကို ရောက်လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ နာကျင်မှုတွေကြားထဲကနေ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ ဒီကိစ္စမှာ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်နိုင်ဖို့နဲ့ သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ ကူညီပေးပါလို့ တောင်းလျှောက်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်ရွှင်မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျပြီး လောကီဆန်သော အသက်တာကို သင်နေထိုင်ကာ လိုက်စားရန် မည်သည့်ပန်းတိုင်မျှ မရှိပါက သင်၏ အသက်တာကို ဖြုန်းတီးနေခြင်း မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်း၊ ဘဝမှာ အိမ်ထောင်ရေးက အရေးအကြီးဆုံးအရာ မဟုတ်ဘူး၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားကို ရရှိခြင်းနဲ့ ဘုရားသခင်ကို သိကျွမ်းခြင်းကသာ ဘဝကို အဓိပ္ပာယ်ရှိစေတယ်ဆိုတာ ကျွန်မ နားလည်လာတယ်။ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံ ဘုရားသခင်က လူသားတွေကြားကို သမ္မာတရားကို ဖော်ပြဖို့၊ လူတွေကို တရားစီရင်ပြီး သန့်စင်ပေးဖို့၊ စာတန်ရဲ့ အာဏာစက်ကနေ သူတို့ကို ကယ်တင်ပြီး ထာဝရအသက်ကို ပေးသနားဖို့အတွက် ကြွလာခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ ယာယီဇာတိပကတိ သာယာမှုကိုပဲ အာရုံစိုက်ခဲ့တယ်။ သမ္မာတရားနဲ့ အသက်ကို ရရှိဖို့အတွက် ဒုက္ခခံပြီး အဖိုးအခပေးဖို့ ကျွန်မ ဆန္ဒမရှိခဲ့ဘူး။ ဒီလိုအသက်ရှင်နေထိုင်ခြင်းအားဖြင့် အဆုံးမှာ ကျွန်မ ဘာကိုများ ရနိုင်မှာလဲ။ ကြီးမားတဲ့ ကပ်ဘေးကြီးတွေ ရောက်လာတဲ့အခါ ဘယ်သူကများ ကျွန်မကို ကယ်တင်နိုင်မှာလဲ။ အတိတ်တုန်းကတော့ အိမ်ထောင်ရေးက လှပတယ်၊ ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်နဲ့ တစ်သက်လုံးနေထိုင်ရတာက အဓိပ္ပာယ်ရှိတဲ့ဘဝလို့ ကျွန်မထင်ခဲ့တယ်၊ ဒါပေမဲ့ အခုတော့ ကျွန်မက အရမ်းရိုးအလွန်းခဲ့မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ဝမ်ဘင်းနဲ့ ကျွန်မက မတူညီတဲ့ လမ်းကြောင်းတွေပေါ်မှာ ရှိနေခဲ့ကြတယ်။ ဝမ်ဘင်းက ဘုရားသခင်ကို မယုံကြည်ဘူး၊ သူကိုးကွယ်တာက သိပ္ပံပညာ၊ သူရှာဖွေတာက ပိုက်ဆံဘယ်လိုရှာမလဲ၊ လူတကာထက်သာတဲ့ဘဝမျိုးမှာ ဘယ်လိုနေထိုင်မလဲဆိုတာပဲ။ ကျွန်မကတော့ စားစရာ၊ ဝတ်စရာရှိရုံနဲ့ ကျေနပ်ရောင့်ရဲတယ်လို့ ယုံကြည်ခဲ့တယ်။ လူတွေဟာ သမ္မာတရားကို လိုက်စားသင့်တယ်၊ ဘဝမှာ လူသားပုံသဏ္ဌာန် အစစ်အမှန်အတိုင်း အသက်ရှင်နေထိုင်ဖို့ ကြိုးစားသင့်တယ်၊ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းပြီး ဖန်ဆင်းရှင်ရဲ့ အသိအမှတ်ပြုခြင်းကို ရယူသင့်တယ်လို့ ယုံကြည်တယ်။ ကျွန်မတို့ရဲ့ အရာရာအပေါ် ရှုမြင်ပုံနဲ့ လိုက်စားမှုပန်းတိုင်တွေက လုံးဝကွဲပြားနေတော့ ဒါကြောင့် ကျွန်မတို့မှာ ဘုံတူညီချက်မရှိခဲ့ဘူး။ သူက ကျွန်မအပေါ် အရမ်းအလေးထားပြီး ဂရုစိုက်တတ်ပေမဲ့ ကျွန်မစိတ်ထဲမှာ နာကျင်ပြီး ဖိနှိပ်ခံရတယ်လို့ ခံစားခဲ့ရတုန်းပဲ။ သူ့နဲ့အတူရှိနေချိန်မှာ စုဝေးပွဲတက်တာ၊ ဘုရားနှုတ်ကပတ်တော်တွေဖတ်တာကို သူနဲ့ရန်ဖြစ်မှာစိုးလို့ ခိုးကြောင်ခိုးဝှက်လုပ်နေရတယ်၊ စိတ်ထဲမှာ အရမ်း ဘောင်ခတ်ခံရပြီး စိတ်ပင်ပန်းရတယ်လို့ ခံစားရတယ်။ ဒီလိုဘဝမျိုးနဲ့ တစ်သက်လုံးနေသွားရမယ်ဆိုရင် အရမ်းကို နာကျင်စရာကောင်းမှာပဲ။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တယ်၊ လူတစ်ယောက်အတွက် ဘဝမှာ အရေးကြီးဆုံးအရာတွေက သမ္မာတရားကို လိုက်စားဖို့၊ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းဖို့နဲ့ ဖန်ဆင်းရှင်က ပေးအပ်တဲ့ သာသနာကို ပြီးမြောက်အောင်မြင်ဖို့ ဖြစ်တယ်။ ဒီလိုလူမျိုးဟာ ဖန်ဆင်းရှင်ရဲ့ အမြင်မှာ အဖိုးတန်တယ်လို့ ရှုမြင်ခံရပြီး အဓိပ္ပာယ်နဲ့ တန်ဖိုးရှိတဲ့ ဘဝကို အသက်ရှင်နေထိုင်ရတယ်။ ပေတရုလိုပေါ့၊ သူက သူ့ဘဝတစ်လျှောက်လုံး သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သူ့တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းရာမှာပဲ အာရုံစိုက်ခဲ့တယ်၊ အဆုံးမှာတော့ သူက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့တယ်။ ဒါကိုနားလည်ပြီးတဲ့နောက်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းကို ရွေးချယ်တာဟာ အမှန်ကန်ဆုံး ရွေးချယ်မှုဖြစ်တယ်ဆိုတာကို ကျွန်မ ပိုပြီးတော့တောင် သေချာသွားခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်မဟာ တာဝန်ထမ်းဆောင်သူတွေရဲ့ အစုအဖွဲ့ထဲမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။

အချိန်နည်းနည်းကြာတော့ ဝမ်ဘင်းနဲ့ သူ့မိဘတွေက ကျွန်မအိမ်ကို ရုတ်တရက် ရောက်လာကြတယ်။ ဝမ်ဘင်းက မျက်ရည်တွေ တသွင်သွင်စီးကျရင်း “ငါ ဒီဆက်ဆံရေးကို မစွန့်လွှတ်နိုင်ဘူး၊ ဒါပေမဲ့ နင့်ရဲ့ယုံကြည်ခြင်းကိုတော့ ငါတကယ်ကို လက်မခံနိုင်ဘူး။ ငါ့အတွက်နဲ့ပဲ နင့်ရဲ့ယုံကြည်ခြင်းကို မစွန့်လွှတ်နိုင်ဘူးလား။ ငါတို့ အတူတူ ကောင်းမွန်တဲ့ဘဝလေးကို ဖြတ်သန်းကြရအောင်ပါကွာ” လို့ ပြောတယ်။ သူ့မိဘတွေကလည်း ကျွန်မကို ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့ တိုက်တွန်းကြတယ်။ ဒါဟာ ကျွန်မအတွက် နောက်ထပ်ရွေးချယ်မှုတစ်ခုပဲဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ စိတ်ကိုတည်ငြိမ်အောင်ထားပြီး စဉ်းစားလိုက်တယ်၊ “ဝမ်ဘင်းကသာ ငါ့ကိုတကယ်ချစ်ရင် သူငါ့ယုံကြည်ခြင်းကို ထောက်ခံသင့်တယ်။ သူက ငါ့ယုံကြည်ခြင်းကို ဒီလောက်ထိ ဆန့်ကျင်နေတာ ဒါက အချစ်စစ်ဟုတ်ရဲ့လား။ မဟုတ်ဘူး၊ ငါ အလျှော့ပေးလို့မဖြစ်ဘူး” လို့ပေါ့။ ဒါနဲ့ ကျွန်မရဲ့ရပ်တည်ချက်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်၊ “ကျွန်မ ဘုရားသခင်ကို ယုံကြည်ဖို့ ရွေးချယ်တယ်၊ ပြီးတော့ ကျွန်မရဲ့ရွေးချယ်မှုအတွက် နောင်တရမှာမဟုတ်ဘူး” လို့ပေါ့။ မပြန်ခင်မှာ ဝမ်ဘင်းက ဘာလို့ သူ့ကို မရွေးချယ်ခဲ့တာလဲလို့ ကျွန်မကို မေးခဲ့တယ်။ ပြီးတော့ သူက ကျွန်မအပေါ်မှာ မကောင်းခဲ့ဘူးလားလို့ သူ တွေးမိခဲ့တယ်တဲ့။ ကျွန်မက “မဟုတ်ပါဘူး၊ နင်ငါ့အပေါ် ကောင်းပါတယ်။ အရင်တုန်းကတော့ အိမ်ထောင်ရေးက ဘဝရဲ့အစိတ်အပိုင်းကြီးတစ်ခုလို့ ငါထင်ခဲ့တယ်၊ ဒါပေမဲ့ ဘုရားသခင်ကို တွေ့ရှိပြီးတဲ့နောက်မှာ လက်ထပ်တာက ဘဝမှာ အရေးအကြီးဆုံးအရာ မဟုတ်ဘူးဆိုတာကို ငါနားလည်ခဲ့တယ်။ ငါသာ ငါ့ယုံကြည်ခြင်းကို စွန့်လွှတ်ပြီး နင်နဲ့အတူရှိနေခဲ့ရင် အပေါ်ယံမှာတော့ ဘဝက လွယ်လွယ်ကူကူနဲ့ သာယာပျော်ရွှင်ပြီး ဇာတိပကတိ သာယာမှုကို ရရှိနေပုံပေါက်ပေမဲ့ ဒီလိုဘဝမျိုးနဲ့ အသက်ရှင်နေထိုင်ရတာက ဘာအဓိပ္ပာယ်ရှိမှာလဲ။ လမ်းလျှောက်နေတဲ့ အလောင်းကောင်တစ်ကောင်လို ဖြစ်နေမှာ မဟုတ်ဘူးလား။ ဘဝဆိုတာ စားဖို့၊ သောက်ဖို့၊ ပျော်ပါးဖို့၊ ပြီးတော့ သေဖို့ထိုင်စောင့်နေရုံပဲလား။ ဒီလိုဘဝမျိုးက ဘာတန်ဖိုးရှိမှာလဲ။ နင်က ဇာတိပကတိ သာယာမှုနဲ့ လူတွေထက်သာတဲ့ဘဝကို လိုက်စားတယ်၊ ဒါပေမဲ့ ဒါတွေက ငါလိုချင်တဲ့အရာတွေ မဟုတ်ဘူး။ ငါရှာဖွေနေတာက ဘဝအစစ်အမှန်အတိုင်း အသက်ရှင်နေထိုင်ဖို့၊ လူသားပုံသဏ္ဌာန် အစစ်အမှန်အတိုင်း အသက်ရှင်နေထိုင်ဖို့၊ ဖန်ဆင်းရှင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိဖို့ပဲ။ ငါတို့က မတူညီတဲ့ လမ်းကြောင်းတွေကို လျှောက်လှမ်းနေကြတာ။ ပြီးတော့ တူညီတဲ့ ခရီးပန်းတိုင်ကို ငါတို့အတူ ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး” လို့ပေါ့။ ဒီစကားကိုကြားပြီးတဲ့နောက် ဝမ်ဘင်း တိတ်ဆိတ်သွားခဲ့တယ်၊ ကျွန်မတို့ရဲ့ဆက်ဆံရေးလည်း အဆုံးသတ်သွားခဲ့တယ်။

နောက်ပိုင်းမှာ အိမ်ထောင်ရေးနဲ့ ယုံကြည်ခြင်းကြားမှာ ရွေးချယ်မှုလုပ်တဲ့အခါ ကျွန်မ ဘာလို့ ဒီလောက်တောင် စိတ်သောကရောက်ခဲ့ရလဲဆိုတာကို ဆင်ခြင်သုံးသပ်မိတယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့တယ်။ “နှစ်ထောင်ပေါင်းများစွာ ရှိခဲ့သည့် ‘မြင့်မြတ်သော အမျိုးသားရေးစိတ်ဓာတ်’ က လူသား၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း ချန်ခဲ့သည့် မသိမသာနှင့် ဖျက်လိုဖျက်ဆီး လုပ်သည့်သဘောရှိသော လွှမ်းမိုးမှုများအပြင်၊ လွတ်လပ်မှု တစ်စက်မျှမရှိဘဲ၊ ဆန္ဒပြင်းပြဖို့ သို့မဟုတ် မဆုတ်မနစ် လုံ့လထုတ်ဖို့ လိုအင်ဆန္ဒမရှိဘဲနှင့်၊ တိုးတက်စေဖို့ ဆန္ဒမရှိဘဲ၊ ယင်းအစား အပျက်သဘောဆောင်ပြီး ခေတ်နောက်ပြန် ဆွဲမြဲဆွဲနေရင်း၊ ကျေးကျွန်စိတ်နေသဘောထားတွင် ခိုင်မာစွာ အမြစ်တွယ်လျက်၊ လူတို့ ပိတ်မိပြီး ချည်နှောင်ခံရသည့် ရှေးရိုးစွဲ အတွေးအခေါ် စသဖြင့်- ဤဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများသည် လူသားမျိုးနွယ်၏ သဘောတရားဆိုင်ရာ အမြင်၊ စံများ၊ ကိုယ်ကျင့်တရားနှင့် စိတ်သဘောထားတို့ထံ ဖျက်မရသည့် ညစ်ညူးပြီး အကျည်းတန်သော အသွင်ကို ပေးပြီးဖြစ်သည်။ လူသားများသည် ၎င်းတို့ထဲမှ မည်သူမျှ ကျော်လွန်ဖို့ မကြိုးစားကြသည့် အကြမ်းဖက်မှု အမှောင်ကမ္ဘာ၌ အသက်ရှင်နေကြသည်ဟု ထင်ရပြီး အကောင်းဆုံး လောကတစ်ခုသို့ ပြောင်းရွှေ့ခြင်းငှာ ၎င်းတို့ထဲမှ မည်သူမျှ မစဉ်းစားကြချေ။ ယင်းထက်၊ ၎င်းတို့သည် အသက်တာထဲတွင် မိမိတို့၏ နေ့ရက်များကို သားသမီးများမွေးကာ ပြုစုပျိုးထောင်ရင်း၊ ကြိုးပမ်းရင်း၊ ချွေးပြန်ရင်း၊ အိမ်မှုဝေယျာဝစ္စများကို လုပ်ဆောင်ရင်း၊ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ဖွယ်ကောင်းသည့် မိသားစုတစ်ခု၊ အိမ်ထောင်ရေး ချစ်ခင်မှု၊ သားသမီးဝတ်ကျေပွန်သော သားသမီးများကို စိတ်ကူးယဉ်အိပ်မက်မက်ရင်း၊ မိမိတို့၏ ဘဝများကို အေးချမ်းစွာ အသက်ရှင်နေထိုင်ကြသည်နှင့်အမျှ ဘဝ၏ နေဝင်ချိန် နှစ်များတွင် ပျော်ရွှင်မှုတို့ကို စိတ်ကူးယဉ်အိပ်မက်မက်ရင်းဖြင့် မိမိတို့၏ ဘဝကံကြမ္မာကို ရောင့်ရဲတင်းတိမ်နေကြလေသည်...ဆယ်စုနှစ်၊ ထောင်စုနှစ်၊ သောင်းစုနှစ်ချီသည့် နှစ်ကာလများစွာကြာ ယခုထိတိုင်၊ လူတို့သည် စုံလင်သော အသက်တာတစ်ခုကို ဖန်တီးခြင်းမရှိဘဲနှင့်၊ ၎င်းတို့၏ အချိန်ကို ဤနည်းဖြင့် အချည်းနှီး ကုန်လွန်နေခဲ့ကြသည်၊ ကျော်ကြားမှုနှင့် အခွင့်အလမ်းများအတွက် ပြိုင်ဆိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ကြံစည်ကြခြင်းဖြင့် အားလုံးသည် ဤအမှောင်ကမ္ဘာလောက၌ အချင်းချင်း အပြန်အလှန် သတ်ဖြတ်ဖို့သာ စိတ်ပိုင်းဖြတ်ထားကြလေသည်။ မည်သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေဖူးသနည်း။ ဘုရားသခင်၏အမှုကို တစ်ဦးတစ်လေက အရေးစိုက်ဖူး သလော။ အမှောင်စွမ်းအား၏ နေရာယူခြင်းခံထားရသော လူသားမျိုးနွယ်၏ အစိတ်အပိုင်းအားလုံးသည် အချိန်ကြာမြင့်စွာကတည်းက လူ့သဘာဝဗီဇ ဖြစ်လာပြီးဖြစ်ကာ၊ ထို့ကြောင့် ဘုရားသခင်၏ အမှုကို ဆောင်ရွက်ရန် အတော်အတန် ခက်ခဲပြီး၊ ယနေ့တွင် ၎င်းတို့ကို ဘုရားသခင်က အပ်နှံပြီးဖြစ်သည့်အရာကို လူတို့သည် သာ၍ပင် အာရုံစိုက်ချင်စိတ်မရှိကြချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ အိမ်ထောင်ရေးနဲ့ ယုံကြည်ခြင်းကြားမှာ ရွေးချယ်ဖို့ ကျွန်မအတွက် ဘာလို့ ဒီလောက်ခက်ခဲခဲ့ရလဲဆိုတာကို နားလည်သွားခဲ့တယ်။ ကျွန်မ ငယ်ငယ်ကတည်းက တီဗီဇာတ်လမ်းတွေထဲက “ဘဝက တန်ဖိုးရှိသည်၊ ချစ်ခြင်းမေတ္တာက သာ၍ပင် တန်ဖိုးရှိသည်” နဲ့ “အချစ်က အကြီးမြတ်ဆုံးပဲ” တို့ကို သင်ကြား သွတ်သွင်းခြင်းခံခဲ့ရပြီး၊ ဒီအတွေးအခေါ်တွေက ကျွန်မစိတ်ကို လွှမ်းမိုးအဆိပ်ခတ်ခဲ့တယ်။ ဘဝမှာ အပျော်ရွှင်ဆုံးအရာက ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ကိုရှာပြီး နှစ်ယောက်အတူ အပြန်အလှန်ဖေးမရင်း အသက်ကြီးသွားကြတာလို့ ကျွန်မ ထင်ခဲ့တယ်။ အထူးသဖြင့် ဇာတ်ဆောင်မင်းသမီးတွေက ဇာတ်ဆောင်မင်းသားတွေရဲ့ နည်းမျိုးစုံနဲ့ ဂရုစိုက်တာကို ခံရတာမြင်တဲ့အခါ သူတို့အရမ်းပျော်နေကြတယ်လို့ ကျွန်မထင်ပြီး ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ကို ရှာတွေ့ခြင်းက ကိုယ့်ဘဝကို အလဟဿ အသက်ရှင်နေတာ မဟုတ်ဘူးလို့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ ယုံကြည်ခဲ့တယ်။ ဝမ်ဘင်းက ကျွန်မရဲ့ယုံကြည်ခြင်းကို ဒီလောက်ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး သူ့နဲ့ ကျွန်မယုံကြည်ခြင်းကြားမှာ တစ်ခုခုကို ရွေးခိုင်းတာကို မြင်လိုက်ရတော့ နာကျင်မှုနဲ့ ဝေခွဲမရတဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်သွားပြီး ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်နဲ့ တစ်သက်လုံးအတူမနေနိုင်ရင် ဘဝက အဓိပ္ပာယ်မရှိတော့ဘူးလို့ တွေးခဲ့မိတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို စားသောက်ခြင်းအားဖြင့် အချစ်ကိုပိုင်ဆိုင်ခြင်းက အဓိပ္ပာယ်ရှိတဲ့ဘဝကို ဖန်တီးပေးတာ မဟုတ်ဘူးဆိုတာကို ကျွန်မ နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ ဝမ်ဘင်းက ကျွန်မအပေါ် အမြဲတမ်း အလေးထားပြီး ဂရုစိုက်တတ်ပေမဲ့ ကျွန်မကတော့ ခဏခဏ လစ်ဟာမှုနဲ့ အားငယ်မှုကို ခံစားနေခဲ့ရတုန်းပဲ၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မှသာ ကျွန်မရဲ့စိတ်နှလုံးက နှစ်သိမ့်မှုကို ရှာတွေ့ခဲ့တယ်။ စိတ်နှလုံးထဲက လစ်ဟာမှုကို ရုပ်ဝတ္ထုဆိုင်ရာ သာယာမှု ဒါမှမဟုတ် အိမ်ထောင်ဖက်ရဲ့ ဂရုစိုက်မှုနဲ့ ဖြည့်ဆည်းလို့မရဘူးဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ “အချစ်က အကြီးမြတ်ဆုံးပဲ” တို့ “ဘဝက တန်ဖိုးရှိသည်၊ ချစ်ခြင်းမေတ္တာက သာ၍ပင် တန်ဖိုးရှိသည်” တို့လို အတွေးအခေါ်တွေအားလုံးဟာ လူတွေကို လှည့်စားဖို့သုံးတဲ့ စာတန်ရဲ့ နတ်ဆိုးဆန်တဲ့ စကားတွေပဲ၊ စာတန်က ဒါတွေကိုသုံးပြီး ကျွန်မတို့ကို သွေးဆောင်ဖြားယောင်းဖို့၊ လှည့်စားဖို့ ကြိုးစားတယ်၊ ကျွန်မတို့ကို အချစ်နဲ့ အိမ်ထောင်ရေးကို မျက်စိစုံမှိတ်ပြီး လိုက်စားစေတယ်။ ပြီးတော့ ဒီအရာတွေကို လိုက်စားဖို့ မှန်ကန်တဲ့အရာတွေအဖြစ် သဘောထားစေတယ်။ နောက်ဆုံးမှာတော့ ဘုရားသခင်နဲ့ ဝေးကွာသွားစေတယ်၊ ဘုရားသခင်ကို သစ္စာဖောက်စေပြီး ကယ်တင်ခြင်းခံရမယ့် အခွင့်အရေးကို ဆုံးရှုံးစေတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုသာ မရှိခဲ့ရင် ကျွန်မက အိမ်ထောင်ရေးကို ရွေးချယ်ပြီး သမ္မာတရားကို လိုက်စားဖို့၊ ဘုရားသခင်က ကယ်တင်တာကို ခံရဖို့ အခွင့်အရေးကို လွဲချော်ခဲ့မှာပဲ။ ဒီအကြောင်းကို တွေးမိတော့ ဘုရားသခင်ကို ယုံကြည်ပြီး နောက်တော်လိုက်ဖို့ ကျွန်မရဲ့စိတ်ပိုင်းဖြတ်ချက်က ပိုပြီးတော့တောင် ခိုင်မာလာခဲ့တယ်။

ဝမ်ဘင်းက ကျွန်မယုံကြည်ခြင်းကို ထပ်ခါတလဲလဲ တားဆီးခဲ့လို့ သူ့ရဲ့အနှစ်သာရကို ကျွန်မ တဖြည်းဖြည်းချင်း ထွင်းဖောက်မြင်လာခဲ့တယ်။ ဝမ်ဘင်းက နူးညံ့တယ်၊ ဖော်ရွေပြီး ခင်မင်တတ်တယ်လို့ ထင်ရတယ်၊ ဒါပေမဲ့ သူက ဘုရားမဲ့ဝါဒီတစ်ယောက်၊ ကျွန်မရဲ့ယုံကြည်ခြင်းအကြောင်း ကြားလိုက်ရတိုင်း သူက ဒေါသထွက်ပြီး မျက်လုံးတွေ နီရဲလာတတ်တယ်။ သူ့ထုတ်ဖော်မှုတွေအားလုံးက ရန်လိုမှုတွေနဲ့ ပြည့်နှက်နေပြီး သူက နတ်ဆိုးရဲ့ အနှစ်သာရ ရှိတယ်။ ဘုရားသခင်ပြောခဲ့သလိုပဲ၊ “မယုံကြည်သောသူ အားလုံးအပြင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ပုံမှန်လူတစ်ယောက်က ယုံကြည်ခြင်းကို လက်မခံရင်တောင် ရန်လိုမှာမဟုတ်ဘူး။ နတ်ဆိုးတွေသာ ဘုရားသခင်ကို မုန်းတီးကြတယ်၊ ဝမ်ဘင်းမှာ တကယ်ကို နတ်ဆိုးရဲ့ အနှစ်သာရရှိတယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လင်ယောက်ျားသည် သူ၏ဇနီးမယားကို အဘယ်ကြောင့် ချစ်သနည်း။ ဇနီးမယားသည် သူမ၏ လင်ယောက်ျားကို အဘယ်ကြောင့် ချစ်သနည်း။ သားသမီးများက သူတို့၏မိဘများအပေါ် အဘယ်ကြောင့် သားသမီးဝတ် ကျေပွန်ကြသနည်း။ မိဘများက ၎င်းတို့၏ သားသမီးများအပေါ် အဘယ်ကြောင့် အလွန် ချစ်ကြသနည်း။ လူများသည် အမှန်တကယ်တွင် မည်သည့် ရည်ရွယ်ချက်မျိုးများကို သိုထားကြသနည်း။ ၎င်းတို့၏ အကြံမှာ မိမိတို့၏ ကိုယ်ပိုင် အစီအစဉ်များနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဝမ်ဘင်းက ကျွန်မအပေါ် ကောင်းတာဟာ ကျွန်မက တခြားမိန်းကလေးတွေလို ပိုက်ဆံကို မဆင်မခြင်မသုံးလို့၊ မကောင်းတဲ့အကျင့်တွေ မရှိလို့ဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ ကျွန်မက သူ့မိဘတွေအပေါ်လည်း ကောင်းတယ်၊ သူ့မိသားစုအတွက် အလုပ်ကြိုးစားလုပ်ပေးတယ်၊ မညစ်ပတ်မှာ မကြောက်ဘူး၊ ပင်ပန်းမှာ မကြောက်ဘူး။ ဒီအရာတွေက သူ့အတွက် အကျိုးရှိတယ်။ ဒါပေမဲ့ ကျွန်မ ဘုရားကိုယုံကြည်တယ်ဆိုတာ သူသိသွားတော့ သူနဲ့အတူ ပိုက်ဆံမရှာတော့မှာကို သူစိုးရိမ်လာတယ်၊ ဒါက သူ့အကျိုးစီးပွားကို ထိခိုက်လာတော့ သူက အရမ်း နာကြည်းပြီး အတိုက်အခံလုပ်လာတယ်။ ယုံကြည်ခြင်းအကြောင်း ပြောလိုက်တိုင်း သူက ကျွန်မရဲ့ခံစားချက်ကို လုံးဝမထောက်ထားဘဲ ကျွန်မကို ဆူပူကြိမ်းမောင်းပြီး အထင်သေးနှိမ့်ချခဲ့တယ်။ ကျွန်မ သူ့ကို လက်မထပ်ရသေးဘူး၊ သူ့ရဲ့အကျိုးစီးပွားကို တကယ်မထိခိုက်သေးဘူး၊ ဒါတောင် သူ ကျွန်မကို ဒီလိုဆက်ဆံနေပြီ။ ကျွန်မတို့လက်ထပ်ပြီးတဲ့နောက်၊ ကျွန်မသာ တာဝန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် နှစ်မြှုပ်လိုက်ရင် သူက ကျွန်မကို ပိုပြီးတော့တောင် တားဆီးနှောင့်ယှက်ပြီး ညှဉ်းပန်းနှိပ်စက်မှာ သေချာတယ်၊ ကွာရှင်းချင် ကွာရှင်းပစ်မှာတောင် ဖြစ်နိုင်တယ်။ ကိုယ်ကျိုးစီးပွားကို ဦးစားပေးပြီး ဘုရားသခင်ကို မုန်းတီးတဲ့လူတစ်ယောက်နဲ့ ဘယ်လိုလုပ် ပျော်ရွှင်နိုင်မှာလဲ။

ဝမ်ဘင်းနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ ကျွန်မစိတ်ထဲမှာ ပိုပြီး ပေါ့ပါးသွားတယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရှုနိုင်တယ်၊ စုဝေးပွဲတွေကို တက်ရောက်နိုင်တယ်၊ ပြီးတော့ ကျွန်မရဲ့ တာဝန်တွေကို ဘောင်ခတ်မခံရဘဲ ထမ်းဆောင်နိုင်ခဲ့တယ်။ ဒီနောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို သက်သေခံနိုင်တာ၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ သန့်စင်ခြင်းနဲ့ စုံလင်အောင်ပြုလုပ်ပေးခြင်းကို လက်ခံနိုင်တာ၊ ပြီးတော့ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းနိုင်တာဟာ တကယ်ကို ကြီးမြတ်တဲ့ ကောင်းချီးမင်္ဂလာပါပဲလို့ တွေးမိတော့ ကျွန်မစိတ်ထဲမှာ ချိုမြိန်မှုနဲ့ ပျော်ရွှင်မှုတွေ ပြည့်နှက်နေတယ်။ အခုဆိုရင် ကျွန်မရဲ့ယုံကြည်ခြင်းနဲ့ တာဝန်အပေါ်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ နှစ်မြှုပ်ထားနိုင်ပြီ။ ဒါဟာ ကျွန်မအပေါ်ထားရှိတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းပဲ၊ ကျွန်မ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ပျော်ရွှင်မှုအစစ်အမှန်ကို ကျွန်မတွေ့ရှိခဲ့

ချုံရှန်း၊ တရုတ်ပြည်ငယ်ငယ်လေးကတည်းက ကျွန်မဟာ အချစ်ဒရာမာဇာတ်ကားတွေ ကြည့်ရတာကို အမြဲတမ်း ကြိုက်နှစ်သက်ခဲ့ပြီး ဇာတ်လိုက်စုံတွဲတွေကြားက...

စစ်မှန်စွာ ပျော်ရွှင်တဲ့ဘဝကို ကျွန်မ တွေ့ခဲ့ပြီ

ကျွန်မက သာမန်ကျေးလက်မိသားစုလေးတစ်ခုမှာ ကြီးပြင်းခဲ့ပါတယ်။ ကျွန်မတို့က လုံးဝ မချမ်းသာပေမယ့်လည်း အရမ်းတော့ ပျော်ရွှင်ခဲ့ရတယ်။ ကျွန်မအမေက...

အလှည့်အပြောင်း

ဝမ်ရှင်း တောင်ကိုရီးယားနိုင်ငံ ကျွန်မမှာ ပျော်ရွှင်စရာ မိသားစု ရှိနေကျဖြစ်ပြီး ကျွန်မယောက်ျားက ကျွန်မအပေါ် တကယ်ကောင်းခဲ့တယ်။ တော်တော်လေး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။