အစွမ်းအစ ညံ့ဖျင်းမှုကြောင့် ကိုယ့်ကိုယ်ကိုယ် လက်မလျှော့တော့ပါ

14.04.2026

ဆူးယန်၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ ဒေသနာတွေကို အကဲဖြတ်ရွေးချယ်တဲ့ တာဝန်ကို ကျွန်မ စထမ်းဆောင်ခဲ့တယ်။ အရင်တုန်းက ခေါင်းဆောင်ဖြစ်ခဲ့ပေမဲ့ ကျွန်မရဲ့အစွမ်းအစက ညံ့ပြီး တကယ့်အလုပ်ကို မလုပ်နိုင်လို့ ဖြုတ်ချခံခဲ့ရတာကို တွေးမိတော့ စာနဲ့ပတ်သက်တဲ့ ဒီတာဝန်ကို ထမ်းဆောင်နိုင်တာဟာ ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းနဲ့ ကျေးဇူးတော်ပဲဆိုတာ ကျွန်မ သိခဲ့တယ်။ ကျွန်မအစွမ်းအစ ညံ့ဖျင်းတာတောင်မှ အကောင်းဆုံးကြိုးစားပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုလားခဲ့တဲ့အတွက် နောက်ပိုင်းမှာ စည်းမျဉ်းတွေကို တက်တက်ကြွကြွ လေ့လာခဲ့တယ်။ တခြားညီအစ်ကိုမောင်နှမတွေအားလုံးက သူတို့သင်ယူခဲ့တဲ့ စည်းမျဉ်းတွေကို သူတို့ရဲ့ တာဝန်တွေမှာ အသုံးချနိုင်ကြပြီး အချိန်အတန်ကြာတော့ သူတို့အားလုံး တိုးတက်လာကြတာကို ကျွန်မ တွေ့ခဲ့ရတယ်၊ သူတို့ကို ကျွန်မ တကယ် အားကျမိတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့ လေ့လာနေတုန်းမှာ စည်းမျဉ်းတွေကို နားလည်နိုင်ပေမဲ့ ဒါပေမဲ့ တကယ်တမ်း အသုံးချရတဲ့အခါမှာတော့ ကျွန်မက အချက်အလက်တွေကို မဆက်စပ်နိုင်ခဲ့ဘူး၊ စည်းမျဉ်းတွေကို ပြောင်းလွယ်ပြင်လွယ် မသုံးနိုင်ခဲ့ဘူး။ ကျွန်မရွေးလိုက်တဲ့ ဒေသနာတွေမှာ အမြဲတမ်း လမ်းလွဲမှုတွေနဲ့ ပြဿနာတွေ ရှိနေခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ငါ့အစွမ်းအစက အရမ်းကို ညံ့လွန်းတယ်။ အစွမ်းအစကောင်းပြီး ဉာဏ်ကောင်းတဲ့လူတွေလောက်ပဲ ဒီတာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ပုံရတယ်။ အရင်တုန်းက ခေါင်းဆောင်အနေနဲ့ အလုပ်ကိစ္စအမျိုးမျိုးကို တာဝန်ယူခဲ့ပေမဲ့ ငါ့အစွမ်းအစ ညံ့ပြီး အလုပ်လုပ်နိုင်စွမ်း မရှိတာကြောင့် ငါ့တာဝန်မှာ ရလဒ်မရခဲ့ဘူး။ အခု ဒေသနာတွေ ရွေးချယ်အကဲဖြတ်တဲ့ အလုပ်တစ်ခုတည်းကို ငါလေ့လာပြီးခဲ့တာတောင် ဘာရလဒ်မှ မရသေးဘူး။ ဒီတာဝန်ကိုတောင် ငါ ကောင်းကောင်းမလုပ်နိုင်ရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာ ငါ စိုးရိမ်တယ်” လို့ပေါ့။ ဒီအကြောင်း တွေးလိုက်မိတာနဲ့ လေ့လာဖို့ စိတ်အားထက်သန်မှုအားလုံး ပျောက်ဆုံးသွားတယ်။ အစွမ်းအစညံ့တဲ့ ငါ့အတွက်တော့ လေ့လာရတာ အကျိုးမရှိဘူးလို့ ခံစားလိုက်ရတယ်။ အဲဒီနောက်မှာ ကျွန်မက တာဝန်မှာ ဝတ်ကျေတမ်းကျေပဲ လုပ်တော့တယ်၊ စည်းမျဉ်းတွေအပေါ် အားမစိုက်ထုတ်ချင်တော့ဘူး။ ကျွန်မရွေးတဲ့ ဒေသနာတွေမှာလည်း ပြဿနာတွေ ခဏခဏ ရှိလာတာပေါ့။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မကို ကူညီဖို့ ညီအစ်မကျောက်ရင်းကို စီစဉ်ပေးတယ်။ ကျွန်မက သူ့ဆီကနေ အလေးအနက် သင်ယူချင်ပြီး တာဝန်ကောင်းကောင်းထမ်းဆောင်နိုင်ဖို့ စည်းမျဉ်းတွေကို အမြန်ဆုံး ကျွမ်းကျင်အောင်လုပ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျောက်ရင်းက အစွမ်းအစ ကောင်းပြီး ဉာဏ်ကောင်းတာ၊ စည်းမျဉ်းတွေကို လက်တွေ့လုပ်ဆောင်နိုင်တာ၊ ပြီးတော့ သူ့တာဝန်မှာ ရလဒ်ကောင်းတွေ ရနေတာကို တွေ့လိုက်ရတဲ့အခါ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တော့ အစွမ်းအစက ညံ့၊ ဉာဏ်ကထိုင်းပြီး ကိုယ့်တာဝန်မှာ ရလဒ်တွေ ဆိုးနေတော့ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ငါ့လို အစွမ်းအစမျိုးနဲ့ ဒီတာဝန်ကို တကယ်ပဲ ကောင်းကောင်း လုပ်နိုင်ပါ့မလား။ မလုပ်နိုင်ဘဲ ဖယ်ရှားရှင်းလင်းခံရရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား” လို့ပေါ့။ ဒီအတွေးနဲ့ ကျွန်မ စိတ်ထဲမှာ စပြီး ညည်းညူလာတယ်။ “ဘုရားသခင်၊ ကိုယ်တော်က သမီးတို့အားလုံးကို ဖန်ဆင်းခဲ့တာပါ။ ဘာလို့ သူများတွေကိုကျတော့ ဒီလောက်ကောင်းတဲ့ အစွမ်းအစတွေ ပေးပြီး သမီးကိုကျတော့ ဒီလောက်ညံ့တဲ့ အစွမ်းအစ ပေးရတာလဲ” လို့ပေါ့။ ဒီလို တွေးလေလေ၊ ကျွန်မစိတ်နှလုံးက ပိုပြီး မှောင်မိုက်လေလေပဲ။ ဘုရားသခင်ကို ညည်းညူနေမိမှန်း သတိထားမိလိုက်တော့ ကျွန်မ ဆက်မတွေးရဲတော့ဘဲ ကျွန်မစိတ်နှလုံးကို ကာကွယ်ပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။ နောက်ပိုင်းမှာ ကျောက်ရင်းက ကျွန်မရဲ့ ဒေသနာ ရွေးချယ်အကဲဖြတ်မှုတွေမှာရှိတဲ့ လမ်းလွဲမှုတွေအကြောင်း ကျွန်မနဲ့ မိတ်သဟာယပြုတယ်။ သူက ကျွန်မရဲ့ အားနည်းချက်တွေကို တစ်ခုပြီးတစ်ခု ထောက်ပြတဲ့အခါမှာ၊ ကျွန်မ ပိုပြီးတော့တောင် စိတ်မချမ်းမသာဖြစ်သွားတယ်။ ဒီတာဝန်ကို ထမ်းဆောင်နေတာ လနဲ့ချီနေပြီ၊ ဒါတောင် ပြဿနာတွေ အများကြီး ရှိနေတုန်းပဲလို့ ခံစားရတယ်။ ကျွန်မရဲ့ အစွမ်းအစက တကယ်ကို စံမမီခဲ့ဘူး။ စည်းမျဉ်းတွေ လေ့လာနေတုန်း ကျောက်ရင်းက ကျွန်မကို မိတ်သဟာယပြုခိုင်းပေမဲ့ ကျွန်မကတော့ ကျွန်မအစွမ်းအစနဲ့ဆိုရင် မိတ်သဟာယပြုရင်တောင် နောက်ပိုင်းမှာ အသုံးချနိုင်မှာ မဟုတ်ပါဘူးလို့ တွေးပြီး ဝတ်ကျေတမ်းကျေ စကားနည်းနည်းပဲ ပြောလိုက်တယ်။ ရလဒ်အနေနဲ့ နှစ်ရက်ကြာ လေ့လာမှုကနေ ကျွန်မ ဘာမှ မရလိုက်ဘူး။ ကျွန်မရဲ့ အခြေအနေ မှားနေမှန်း သတိထားမိပြီး ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကျွန်မ အစွမ်းအစ ညံ့တယ်လို့ပဲ အမြဲ ခံစားနေရပါတယ်။ ဒီတာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်ရင် ဖြုတ်ချခံရပြီး ဖယ်ရှားရှင်းလင်းခံရမယ်လို့ ခံစားရပါတယ်။ သမီး ဒီအပျက်သဘောဆောင်တဲ့ ခံစားချက်တွေထဲမှာ ပိတ်မိနေပြီး ရုန်းမထွက်နိုင်ပါဘူး။ ချစ်ရပါသော ဘုရားသခင်၊ သမီးကို ဉာဏ်ပွင့်စေပြီး လမ်းပြပေးဖို့ တောင်းလျှောက်ပါတယ်” လို့ပေါ့။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သော စွမ်းရည်သည် လူတစ်ဦး၏ အစွမ်းအစအပေါ်တွင် လုံးလုံးမူတည်ခြင်း မဟုတ်ဘဲ မိမိ၏တာဝန်၊ မိမိ၏စရိုက်တို့အပေါ် ၎င်း၏ သဘောထား၊ မိမိ၏ လူ့သဘာဝ ကောင်းမကောင်းနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိတို့အပေါ်တွင် အဓိကအားဖြင့် မူတည်သည်။ ဤအရာများသည် အရင်းခံပြဿနာများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) လူတစ်ယောက်က ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်နိုင်ခြင်း ရှိမရှိ ဆိုတာ အဲဒီလူရဲ့ အစွမ်းအစအပေါ်မှာပဲ လုံးလုံး မမူတည်ဘူး၊ တာဝန်အပေါ်ထားတဲ့ သူ့ရဲ့ သဘောထားနဲ့ သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိ ဆိုတာပေါ်မှာပဲ အဓိကမူတည်တယ်လို့ ဘုရားသခင်က ပြောထားတယ်။ လူတစ်ယောက်မှာ ဘယ်လိုအစွမ်းအစမျိုး ရှိတယ်ဆိုတာကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးသားပါ။ သူတို့က အစွမ်းကုန်ကြိုးစားပြီး တာဝန်မှာ စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်နေသရွေ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီမှာပါ။ ဒါပေမဲ့ နောက်တော့ တာဝန်အပေါ်ထားတဲ့ ကျွန်မကိုယ်ပိုင် သဘောထားကို ကြည့်မိတယ်။ ကျွန်မရဲ့ ဒေသနာ အကဲဖြတ်မှုတွေမှာ လမ်းလွဲမှုတွေ အများကြီး ပါနေတဲ့အခါမှာ၊ အခက်အခဲတွေကို ကျော်လွှားဖို့ နည်းလမ်းတွေကို ကျွန်မ ဦးနှောက်ခြောက်အောင် မစဉ်းစားခဲ့ဘူး။ အဲဒီအစား ကျွန်မက အပျက်သဘောဆောင်လာပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်သတ်မှတ်ခဲ့တယ်။ ကျွန်မက လေ့လာသင့်တာတွေကို လေ့လာပြီးသားဖြစ်လို့ ကျွန်မရဲ့ အစွမ်းအစနဲ့ဆိုရင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား စည်းမျဉ်းတွေကို ဘယ်တော့မှ ကျွမ်းကျင်မှာ မဟုတ်ဘူး၊ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ တွေးခဲ့တယ်။ ဒါကြောင့် ကျွန်မ ကြိုးစားချင်စိတ် ပျောက်သွားတယ်။ ပြန်စဉ်းစားကြည့်လိုက်ရင် ဒါတွေဟာ သမ္မာတရားကို လက်ခံတဲ့လူတစ်ယောက်ရဲ့ သရုပ်သကန်တွေ မဟုတ်ဘူး။ ကျွန်မသာ မကြိုးစားရင် သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်မကို လမ်းပြဖို့ အလုပ်မလုပ်နိုင်ဘူး၊ ပြီးတော့ ကျွန်မက တာဝန်ကို သေချာပေါက် ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူး။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ ကျွန်မပြဿနာအပေါ် နားလည်မှုတချို့ ပိုရလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့က မိမိတို့၏ အစွမ်းအစများ အလွန်နိမ့်ကျကာ သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သည်ဟု ခံစားရသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘောင်ခတ်ပြီး သမ္မာတရားကို ၎င်းတို့ မည်မျှ လိုက်စားသည်ဖြစ်စေ ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်မဟုတ်ဟု ခံစားကြသည်။ ၎င်းတို့ မည်မျှ ကြိုးစားသည်ဖြစ်စေ အသုံးမဝင်သကဲ့သို့ ထိုမျှသာရှိသောကြောင့် ၎င်းတို့သည် အမြဲ အပျက်သဘောဆောင်ကာ အကျိုးဆက်အနေဖြင့် ဘုရားသခင်ကို နှစ်ချီ၍ ယုံကြည်ပြီးသည့်နောက်တွင်ပင် မည်သည့် သမ္မာတရားမျှ မရရှိသေးချေ။ သမ္မာတရားကိုလိုက်စားဖို့ အလုပ်ကြိုးစားခြင်းမရှိဘဲ သင်၏ အစွမ်းအစ အလွန်ညံ့ဖျင်းသည်ဟု သင်ပြောပါက မိမိကိုယ်ကိုယ် အရှုံးပေးပြီး အပျက်သဘောဆောင်သည့် အခြေအနေတွင် အမြဲ အသက်ရှင်သည်။ အကျိုးဆက်အနေဖြင့် သင် နားလည်သင့်သည့် သမ္မာတရားကို နားမလည်ပါက သို့မဟုတ် သင် တတ်စွမ်းနိုင်သမျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက သင်သည် မိမိကိုယ်ကိုယ် ဟန့်တားနေသည့်သူ မဟုတ်ပါလော။ သင်၏ အစွမ်းအစက လုံလောက်အောင် မကောင်းဟု သင် အမြဲပြောပါက ဤသည်မှာ တာဝန်ကို ရှောင်လွှဲကာ အချောင်ခိုခြင်း ဖြစ်သည် မဟုတ်လော။ သင်သည် ဆင်းရဲဒုက္ခခံနိုင်ပါက အဖိုးအခပေးနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်ပါက သမ္မာတရားအချို့ကို မလွဲမသွေ သင် နားလည်နိုင်လိမ့်မည်ဖြစ်ပြီး စစ်မှန်မှုအချို့ထဲသို့ ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို မကြည့်၊ မမှီခိုသကဲ့သို့ မည်သည့် အားထုတ်မှုမျှမပြုဘဲ သို့မဟုတ် အဖိုးအခမပေးဘဲ ကိုယ့်ဘဝကို လက်လျှော့ပြီး တကယ်ကို အရှုံးပေးပါက သင်သည် အသုံးမကျသူတစ်ဦး ဖြစ်သကဲ့သို့ အသိတရားနှင့် အသိစိတ် တစ်စက်မျှ မရှိပေ။ သင်၏ အစွမ်းအစ ညံ့ဖျင်းသည်ဖြစ်စေ၊ ပြောင်မြောက်သည်ဖြစ်စေ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိပါက သင်သည် သင် လုပ်သင့်သည့်အရာနှင့် သင်၏လုပ်ငန်းတာဝန်တို့ကို သင့်တင့်လျောက်ပတ်စွာ အဆုံးသတ်သင့်သည်။ စွန့်ခွာပြေးသူတစ်ဦးဖြစ်ခြင်းသည် ဆိုးရွားသောအရာဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခြင်း ဖြစ်သည်။ ဤအရာသည် ကယ်တင်၍ မရနိုင်ပေ။ သမ္မာတရားကို လိုက်စားခြင်းသည် ခိုင်မာသော ဆန္ဒတစ်ခု လိုအပ်ပြီး အလွန် အပျက်သဘောဆောင်သည့် လူများ သို့မဟုတ် အားနည်းသော လူများသည် မည်သည့်အရာမျှ ဖြစ်မြောက်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို အဆုံးတိုင်အောင် ယုံကြည်နိုင်ခြင်း ရှိမည် မဟုတ်ချေ။ ထို့ပြင် သမ္မာတရားကို ရရှိဖို့ ၎င်းတို့ဆန္ဒရှိပြီး စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ၎င်းတို့ စွမ်းဆောင်ရရှိလိုပါက ၎င်းတို့၌ မျှော်လင့်ချက် သာ၍ နည်းပေသေးသည်။ သန္နိဋ္ဌာန် ချမှတ်ထားပြီး သမ္မာတရားကို လိုက်စားသည့် သူများသာလျှင် ယင်းကို ရရှိနိုင်ပြီး ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင် ဖော်ထုတ်ခဲ့တာက ကျွန်မရဲ့ အခြေအနေ အတိအကျပဲ။ ညီအစ်ကိုမောင်နှမတွေက သူတို့လေ့လာထားတဲ့ စည်းမျဉ်းတွေကို အသုံးချပြီး တာဝန်မှာ ရလဒ်ကောင်းတွေ ရနေတာကို ကျွန်မ တွေ့ခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ လေ့လာပြီးတဲ့နောက်မှာ မတိုးတက်လာတဲ့အပြင် လမ်းလွဲမှုတွေနဲ့ ပြဿနာတွေ အမြဲ ရှိနေခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်မက အစွမ်းအစညံ့တယ်၊ ဉာဏ်ထိုင်းတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်သတ်မှတ်လိုက်တယ်၊ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကြားမှာ အသက်ရှင်ပြီး စည်းမျဉ်းတွေအပေါ် အားစိုက်ထုတ်ချင်စိတ် မရှိတော့ဘူး။ ခေါင်းဆောင်က ကျွန်မကို လမ်းပြဖို့ ကျောက်ရင်းကို စီစဉ်ပေးခဲ့တာက ကျွန်မအတွက်ရော၊ အလုပ်အတွက်ပါ အကျိုးရှိပါတယ်။ ဒါပေမဲ့ သူ့အစွမ်းအစ ကောင်းတာ၊ စည်းမျဉ်းတွေကို မြန်မြန်ဆန်ဆန် နားလည်သဘောပေါက်တာ၊ ပြီးတော့ တာဝန်မှာ ရလဒ်ကောင်းတွေ ရနေတာကို တွေ့လိုက်ရတဲ့အခါ ကျွန်မရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ သူ့ရဲ့ အားသာချက်တွေကနေ မသင်ယူခဲ့ဘူး။ အဲဒီအစား ကျွန်မကို အစွမ်းအစကောင်းတွေ မပေးလို့ဆိုပြီး ဘုရားသခင်ကို အပြစ်တင်ခဲ့တယ်၊ ပြီးတော့ အစွမ်းအစညံ့လို့ ဘာမှ ကောင်းကောင်းမလုပ်နိုင်ပါဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်သတ်မှတ်ခဲ့တယ်။ ကိုယ့်တာဝန်အတွက် စိတ်အားထက်သန်မှု ပျောက်ဆုံးသွားပြီး စည်းမျဉ်းတွေကို တွေးဆဖို့ အားမထုတ်ချင်တော့ဘူး။ ကျွန်မက ဇွဲလုံ့လမရှိဘဲ အရမ်းကို ပျော့ညံ့ပြီး၊ အသုံးမကျတဲ့ လူညံ့တစ်ယောက်ပဲဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ လူ့သဘာဝကောင်းတဲ့ လူတွေက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ထည့်တွက်စဉ်းစားပေးပြီး တာဝန်အပေါ် တာဝန်သိစိတ် ရှိကြတယ်။ အခက်အခဲတွေ ကြုံရရင်တောင် သူတို့က အပျက်သဘောမဆောင်ဘူး၊ မခိုကပ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် လက်မလျှော့ကြဘူး။ သူတို့ရဲ့ မကျေနပ်ချက်တွေကို တာဝန်အပေါ် မပုံချဘူး၊ ဘုရားသခင်ကို ငြင်းခုံတာ၊ အထင်လွဲတာမျိုးဆို ပိုလို့တောင် မလုပ်ကြဘူး။ ဒါပေမဲ့ ကျွန်မကတော့ အစွမ်းအစညံ့လို့ ဘယ်လောက်ကြိုးစားကြိုးစား တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ အခိုင်အမာယုံကြည်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်သတ်မှတ်ခဲ့တယ်။ စည်းမျဉ်းတွေကို လေ့လာဖို့ မလိုလားတော့ဘဲ တာဝန်ကို ဝတ်ကျေတမ်းကျေ၊ ပြီးစလွယ်ပဲ လုပ်ခဲ့တယ်။ ဒါက ကျွန်မရဲ့ ဒေသနာ အကဲဖြတ်မှုတွေမှာ လမ်းလွဲမှုတွေ၊ ပြဿနာတွေ အများကြီး ဖြစ်စေပြီး အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ဘုရားသခင်က သမ္မာတရားတွေ အများကြီး ထောက်ပံ့ပေးပြီး ကျွန်မကို ကူညီဖို့ ညီအစ်ကိုမောင်နှမတွေကို စီစဉ်ပေးခဲ့ပေမဲ့ ကျွန်မက တာဝန်မှာ စိတ်မပါဘဲ တာဝန်မဲ့ခဲ့တယ်။ အခက်အခဲတွေ ကြုံရတဲ့အခါ တပ်ပြေးတစ်ယောက်လို ပြုမူခဲ့တယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ပြီး မွေ့လျော်ခံစားဖို့ တကယ် မထိုက်တန်ခဲ့ဘူး။ ကျွန်မသာ ဒီအတိုင်း ဆက်လုပ်နေရင် တကယ်ပဲ ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ဒါကို တွေးကြည့်တော့ ကျွန်မရဲ့ တာဝန်ကို ဒီလောက် အပျက်သဘောဆောင်ပြီး မတက်ကြွတဲ့ပုံစံနဲ့ သဘောထားလို့ မဖြစ်တော့ဘူးဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်၊ တာဝန်ကောင်းကောင်း ထမ်းဆောင်နိုင်ဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားရမယ်။ တဖြည်းဖြည်းနဲ့ တာဝန်မှာ လမ်းကြောင်းနည်းနည်း စတွေ့လာပြီး ရလဒ်တချို့ ရရှိနိုင်ခဲ့တယ်။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ နားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘ငါ့အစွမ်းအစက နည်းသော်လည်း ငါ့ထံတွင် ရိုးသားသည့် နှလုံးသားတစ်ခု ရှိသည်’ ဟု ဆိုသည်။ ဤစကားလုံးများသည် အလွန်စစ်မှန်သည်ဟု ထင်ရပြီး ဘုရားသခင်က လူများကို လုပ်ဆောင်ခိုင်းသည့် သတ်မှတ်ချက်တစ်ခုအကြောင်းကို ပြောသည်။ မည်သည့်လိုအပ်ချက်နည်း။ လူများသည် အစွမ်းအစနည်းပါက ယင်းသည် ကမ္ဘာပျက်သောကိစ္စ မဟုတ်ပေ၊ သို့သော် သူတို့တွင် ရိုးသားသောနှလုံးသားတစ်ခု ပိုင်ဆိုင်ရမည်၊ ထိုသို့ပိုင်ဆိုင်လျှင် သူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရနိုင်လိမ့်မည်။ သင့်အခြေအနေ သို့မဟုတ် နောက်ကြောင်းရာဇဝင်က မည်သို့ပင်ရှိစေ သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ရမည်၊ ရိုးရိုးသားသား ပြောဆိုရမည်၊ ရိုးရိုးသားသား ပြုမူရမည်၊ သင့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် ထမ်းဆောင်နိုင်ရမည်၊ သင့်တာဝန်ကို သစ္စာစောင့်သိရမည်၊ ဖြတ်လမ်းမလိုက်ရ၊ စိတ်မချရသော သို့မဟုတ် လိမ်လည်လှည့်ဖြားတတ်သောသူတစ်ဦး မဖြစ်ရ၊ မုသားမပြောရ သို့မဟုတ် မလှည့်စားရ၊ စကားကို ဝေ့လည်ကြောင်ပတ် မပြောရ။ သင်သည် သမ္မာတရားအတိုင်း ပြုမူရမည်ဖြစ်ပြီး သမ္မာတရားလိုက်စားသော သူတစ်ဦးဖြစ်ရမည်။ လူများစွာက သူတို့သည် အစွမ်းအစညံ့ပြီး သူတို့၏ တာဝန်ကို မည်သည့်အခါမျှ ကောင်းစွာ မထမ်းဆောင်ဟုဖြစ်စေ၊ စံနှုန်းပြည့်မီအောင် မလုပ်ဆောင်ဟုဖြစ်စေ ထင်ကြသည်။ သူတို့ လုပ်ဆောင်သည့်အရာတွင် အစွမ်းကုန် လုပ်ဆောင်ကြသော်လည်း စည်းမျဉ်းများကို သူတို့ မည်သည့်အခါမျှ နားလည်သဘောမပေါက်နိုင်ကြချေ။ ပြီးလျှင် အလွန်ကောင်းမွန်သော ရလဒ်များရအောင် မလုပ်နိုင်ကြသေးပေ။ နောက်ဆုံးတွင် သူတို့လုပ်နိုင်သမျှအားလုံးမှာ သူတို့သည် အစွမ်းအစ ညံ့လွန်းသည်ဟု မကျေမနပ်ပြောကြပြီး အပျက်သဘောဆောင်လာကြခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ လူတစ်ယောက်သည် အစွမ်းအစညံ့နေသည့်အခါတွင် ရှေ့ဆက်ရန်လမ်း မရှိတော့သလော။ အစွမ်းအစ ညံ့ခြင်းသည် သေစေနိုင်သောရောဂါတစ်ခု မဟုတ်ပေ၊ သည့်ပြင် ဘုရားသခင်က အစွမ်းအစညံ့သောလူများကို သူမကယ်တင်ပါဟု မည်သည့်အခါကမှ မပြောခဲ့ပေ။ ဘုရားသခင်သည် ရိုးသားသော်လည်း မသိနားမလည်သော သူများကြောင့် သူဝမ်းနည်းကြေကွဲရသည်ဟု ယခင်က ပြောခဲ့သည်။ မသိနားမလည်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ကိစ္စအတော်များများတွင် မသိနားမလည်ခြင်းသည် အစွမ်းအစညံ့ခြင်းမှ လာသည်။ လူများ အစွမ်းအစညံ့သောအခါ သူတို့ သမ္မာတရားအကြောင်း နားလည်ခြင်းသည် ပေါ့တန်လေသည်။ တိကျမှု သို့မဟုတ် လက်တွေ့ကျမှု လုံလုံလောက်လောက် မရှိချေ။ ပြီးလျှင် မကြာခဏ အပေါ်ယံအဆင့် သို့မဟုတ် တိုက်ရိုက်အဓိပ္ပာယ်သာ နားလည်ခြင်းဖြင့် အကန့်အသတ်ရှိနေသည်၊ အယူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများမျှသာ နားလည်ခြင်းဖြင့် အကန့်အသတ် ရှိနေသည်။ ထို့ကြောင့်သာ သူတို့သည် ပြဿနာများစွာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြဘဲ သူတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း စည်းမျဉ်းများကို မည်သည့်အခါမျှ နားလည်သဘောမပေါက်နိုင်ခြင်း သို့မဟုတ် သူတို့၏တာဝန်ကို ကောင်းစွာ မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် အစွမ်းအစ ညံ့သောလူများကို အလိုမရှိသလော။ (သူအလိုရှိပါသည်။) ဘုရားသခင်က မည်သည့်လမ်းကြောင်းနှင့် ဦးတည်ရာတို့ဆီသို့ လူများကို ညွှန်ပြသနည်း။ (ရိုးသားသောလူတစ်ယောက်ဖြစ်ခြင်းဆီသို့ ညွှန်ပြပါသည်။) ထိုသို့ပြောရုံမျှဖြင့် သင်သည် ရိုးသားသော လူတစ်ယောက် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ၊ သင့်တွင် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များ ရှိရမည်။) ရိုးသားသောလူတစ်ယောက်၏ သရုပ်သကန်များက မည်သည်တို့နည်း။ ပထမအချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များအကြောင်း သံသယမရှိခြင်းဖြစ်သည်။ ၎င်းသည် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များအနက်မှ တစ်ခုဖြစ်သည်။ ဤသည်မှလွဲ၍ အရေးအကြီးဆုံး သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) အစွမ်းအစညံ့ဖျင်းတာက သေနိုင်လောက်တဲ့ အားနည်းချက် မဟုတ်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ အစွမ်းအစညံ့တဲ့လူတွေ ကယ်တင်ခြင်းမရနိုင်ဘူးလို့ ဘုရားသခင် ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ လူတွေရဲ့ မတူညီတဲ့ အစွမ်းအစတွေအပေါ်မူတည်ပြီး ဘုရားသခင်မှာ မတူညီတဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ လူတစ်ယောက်က ရိုးသားတဲ့ စိတ်နှလုံးနဲ့ ကိုယ့်တာဝန်ကို ချဉ်းကပ်နိုင်သရွေ့၊ သူနားလည်သလောက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး တာဝန်မှာ အစွမ်းကုန် ကြိုးစားသရွေ့ ဘုရားသခင်က သူ့ကို ဖယ်ရှားရှင်းလင်းမှာ မဟုတ်ပါဘူး။ ကျွန်မရဲ့ အစွမ်းအစ ညံ့တာ၊ စည်းမျဉ်းတွေနဲ့ပတ်သက်လာရင် အနုစိတ် မတွေးခေါ်နိုင်တာ၊ ပြီးတော့ ကျွန်မရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက ညီအစ်မလောက် မကောင်းတာတွေက အမှန်တရားပါပဲ။ ဒါပေမဲ့ စည်းမျဉ်းတွေကို ကျွန်မ လုံးဝ နားမလည်နိုင်တာတော့ မဟုတ်ပါဘူး၊ နည်းနည်းလေး ပိုနှေးတာပဲ ရှိတာပါ။ ဒါကြောင့် ဘုရားသခင်ကို ပိုပြီး ဆုတောင်းသင့်တယ်၊ နှုတ်ကပတ်တော်တွေကို တွေးဆဖို့ ပိုပြီး အားထုတ်သင့်တယ်။ ကျွန်မရဲ့ ဒေသနာ အကဲဖြတ်မှုတွေမှာရှိတဲ့ ပြဿနာတွေကို ညီအစ်မတွေ ထောက်ပြတဲ့အခါ ကျွန်မရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ အဲဒီပြဿနာတွေအပေါ် အာရုံစိုက်ပြီး စည်းမျဉ်းတွေကို လေ့လာသင့်တာပေါ့။ အဲဒါက မြန်မြန်ဆန်ဆန် တိုးတက်မယ့် နည်းလမ်းပါပဲ။ ဒါဟာ ဘုရားသခင်ရဲ့ မေတ္တာ၊ ကျွန်မအတွက် သီးသန့် မျက်နှာသာပေးမှုတစ်ခုပါပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်ပြီးနောက်မှာ ကျွန်မ အပျက်သဘော မဆောင်တော့ဘဲ ကိုယ့်အနာဂတ်အတွက် စီစဉ်တာကို ရပ်လိုက်တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ကောင်းမွန်တဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတွေကို မှတ်သားဖို့၊ စည်းမျဉ်းတွေကို လက်တွေ့ကျကျ လေ့လာဖို့၊ ကလိမ်ကကျစ်မကျဘဲ၊ ကိုယ့်ကိုယ်ကိုယ် ညှာတာမနေဘဲ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားဖို့ လိုလားလာခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေ ပိုဖတ်ဖြစ်ခဲ့ပြီး ကျွန်မအပျက်သဘောဆောင်ရခြင်းရဲ့ အရင်းမြစ်ကို နားလည်မှုတချို့ ရရှိခဲ့တယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်၌ လူသားမျိုးနွယ်၏ ယုံကြည်မှုနှင့်ပတ်သက်၍ ဝမ်းနည်းဖွယ် အကောင်းဆုံးသော အရာမှာ၊ လူသည် ဘုရားသခင်၏ အမှုအလယ်တွင် မိမိကိုယ်တိုင်၏ စီမံခန့်ခွဲမှုကို ဦးစီးဦးရွက်ပြုသော်လည်း၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို အလေးဂရုမပြုခြင်း ဖြစ်သည်။ လူသား၏အကြီးမားဆုံးသော ကျရှုံးမှုသည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့နှင့် ကိုးကွယ်ရန် ကြိုးစားနေသည့် တစ်ချိန်တည်းတွင်၊ လူသားသည် မိမိ၏ ကိုယ်ပိုင်အကြိုက်နှစ်သက်ဆုံး ခရီးပန်းတိုင်ကို တည်ဆောက်နေကာ အကြီးမားဆုံး ကောင်းချီးမင်္ဂလာနှင့် အကောင်းဆုံး ခရီးပန်းတိုင်ကို မည်သို့ ရရှိမည်ကို ကြံစည်နေပုံတွင် တည်ရှိလေသည်။ ၎င်းတို့မည်မျှ သနားဖွယ်ကောင်းသည်၊ မုန်းတီးဖွယ်ကောင်းပြီး၊ ရင်နင့်ဖွယ်ကောင်းသည်ကို နားလည်လျှင်ပင်၊ မည်မျှက ၎င်းတို့၏ စံများနှင့် မျှော်လင့်ချက်များကို အဆင်သင့် စွန့်လွှတ်နိုင်သနည်း။ ပြီးလျှင် မည်သူသည် ၎င်း၏ ကိုယ်ပိုင်ခြေလှမ်းများကို ရပ်တန့်နိုင်ပြီး မိမိတို့အတွက်သာ စဉ်းစားခြင်းမှ ရပ်တန့်နိုင်သနည်း။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုကို ပြီးပြည့်စုံစေအောင် သူနှင့်အတူ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်မည့်သူများ လိုအပ်ပေသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုအဖို့ စိတ်နှင့် ခန္ဓာတစ်ခုလုံးကို ဆက်ကပ်ခြင်းအားဖြင့် သူ့ကို ကျိုးနွံနာခံမည့်သူများကို သူ လိုအပ်လေသည်။ သူသည် အနည်းငယ်ပေးပြီး ဆုလာဘ်ချီးမြှင့်ခံရဖို့ စောင့်ဆိုင်းသူများကို လိုအပ်ဖို့ မဆိုထားနှင့်၊ နေ့စဉ် သူ့ထံမှ တောင်းခံရန် လက်ဖြန့်သည့်လူများကို မလိုအပ်ပေ။ မဖြစ်စလောက် ပံ့ပိုးမှုပြုလုပ်ပြီးနောက် မိမိတို့၏ အောင်ဆုများ အပေါ် အခြေပြုသောသူတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ သူ၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျဖြစ်ကာ ကောင်းကင်ဘုံသို့ သွားခြင်းနှင့် ကောင်းချီးမင်္ဂလာများ ရရှိခြင်းအကြောင်းကိုသာ ဆွေးနွေးလိုကြသည့် သွေးအေးသူများကို သူ မုန်းသည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် သူ လုပ်ဆောင်သည့် အမှုက ပေးသည့် အခွင့်အရေးကို ကောင်းကောင်း အသုံးချသူများအတွက် သာ၍ ကြီးမားသည့် စက်ဆုပ်ရွံရှာမှု ရှိလေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်က သူ၏စီမံခန့်ခွဲခြင်း အမှုမှတစ်ဆင့် မည်သည့်အရာ စွမ်းဆောင်လိုပြီး မည်သည့်အရာ ရရှိလိုသည်ကို လုံးဝ ဂရုမစိုက်ဖူးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် ဘုရားသခင်၏အမှုက ပေးသည့် အခွင့်အရေးအား ၎င်းတို့ မည်သို့အသုံးချနိုင်သည်ဆိုသည်ကိုသာ စိတ်ဝင်စားကြလေသည်။ ၎င်းတို့၏ မျှော်လင့်ချက်များနှင့် ကံကြမ္မာတို့ဖြင့် လုံးလုံးလျားလျား နစ်မြုပ်လျက်၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ပတ်သက်၍ အလေးမထားကြပေ။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုကို သဘောမကျသကဲ့သို့၊ လူသားမျိုးနွယ်ကို ဘုရားသခင် မည်သို့ ကယ်တင်သည်ဆိုသည်နှင့် သူ၏ ရည်ရွယ်ချက်များကို အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိသောသူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုမှ ခွဲထွက်သည့် နည်းလမ်းဖြင့် မိမိတို့ကိုယ်ကိုယ်အား ကျေနပ်စေသည့် အရာကိုသာ လုပ်ဆောင်နေကြလေသည်။ ၎င်းတို့၏အပြုအမူကို ဘုရားသခင်က နှစ်သက်လက်ခံဖို့မဆိုထားနှင့်၊ ဘုရားသခင်က အောက်မေ့ခြင်း မရှိသကဲ့သို့ လက်ခံခြင်းလည်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်)ကောင်းချီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် သို့မဟုတ် မှတ်ချက်ပေးဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းချီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုကနေ အန္တိခရစ်တွေဟာ သူတို့ကိုယ်ကျိုးအတွက် ကောင်းချီးမင်္ဂလာတွေနဲ့ အကျိုးအမြတ်တွေ ရဖို့ ဘုရားသခင်ကို ယုံကြည်ကြမှန်း ကျွန်မ တွေ့ခဲ့ရတယ်။ သူတို့က စိတ်သဘောထား ပြောင်းလဲမှု ရရှိဖို့နဲ့ ဘုရားသခင်ကို ကျေနပ်စေဖို့ သမ္မာတရားကို မလိုက်စားကြဘူး။ အဲဒီအစား သူတို့က သူတို့ရဲ့ တာဝန်တွေမှာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အသုံးခံမှုတွေကို ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာတွေနဲ့ လဲလှယ်ဖို့ ကြိုးစားကြတယ်။ သူတို့က ဘုရားသခင်ကို အသုံးချပြီး ကိုယ်တော်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေကြတာ။ ကောင်းချီးမင်္ဂလာတွေ ရရှိတာကို သမ္မာတရား လိုက်စားတာ၊ ဒါမှမဟုတ် စိတ်သဘောထား ပြောင်းလဲတာထက် ပိုအရေးကြီးတယ်လို့ သူတို့ မြင်ကြတယ်။ ကျွန်မရဲ့ ကိုယ်ပိုင် သရုပ်သကန်တွေက အန္တိခရစ်တစ်ယောက်ရဲ့ သရုပ်သကန်တွေနဲ့ အတူတူပဲဆိုတာ ကျွန်မ တွေ့လိုက်ရတယ်။ ဘုရားသခင်ကို စယုံကြည်လာခဲ့ကတည်းက အသင်းတော်က ကျွန်မကို လူသစ်တွေကို ရေလောင်းပေးဖို့စီစဉ်တာပဲဖြစ်ဖြစ်၊ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်တစ်ယောက်လုပ်ဖို့ စီစဉ်တာပဲဖြစ်ဖြစ်၊ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျွန်မ အမြဲတမ်း ဒုက္ခခံပြီး အဖိုးအခ ပေးဖို့ လိုလားခဲ့တယ်။ ဘာလို့လဲဆိုတော့ တာဝန်တွေ ပိုထမ်းဆောင်ပြီး ကောင်းမှုတွေ ပိုပြင်ဆင်ရင် ကယ်တင်ခြင်းရနိုင်ပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်ဆိုတာ ကျွန်မ သိထားလို့ပါပဲ။ ဒါပေမဲ့ ကျွန်မရဲ့ အစွမ်းအစ ညံ့ဖျင်းမှုက ကျွန်မကို ခေါင်းဆောင်မှုတာဝန် မထမ်းဆောင်နိုင်အောင် တားဆီးထားပြီး၊ ဒေသနာတွေကို အကဲဖြတ်တဲ့အခါမှာ စည်းမျဉ်းတွေကို အသုံးမချနိုင်တာကို မြင်တော့၊ ဘယ်တာဝန်ကိုမှ ကောင်းကောင်း မထမ်းဆောင်နိုင်ဘဲ ဖယ်ရှားရှင်းလင်းခံရမှာ၊ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက် ပျောက်ဆုံးသွားမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ ကောင်းချီးမင်္ဂလာရဖို့ ကျွန်မရဲ့ လိုအင်ဆန္ဒ ကြေမွပျက်စီးသွားပြီလို့ ခံစားရတဲ့အခါ ကျွန်မ အပျက်သဘောဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်သတ်မှတ်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် လက်လျှော့ခဲ့တယ်။ တာဝန်မှာ ဝတ်ကျေတမ်းကျေ၊ ပြီးစလွယ်ပဲ လုပ်ခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်တာနဲ့ ကိုယ့်တာဝန်မှာ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ပဲ ကျွန်မ ကြိုးစားနေခဲ့မှန်း တွေ့လိုက်ရတယ်။ ကျွန်မက ဘုရားသခင်ကို လှည့်စားပြီး အသုံးချနေခဲ့တာပါ။ ကျွန်မက အကျိုးအမြတ်ကို ပထမဦးစားပေးတဲ့ ယုတ်ညံ့တဲ့လူတစ်ယောက်ပေါ့။ စိတ်သဘောထား ပြောင်းလဲဖို့ လိုက်စားမဲ့အစား အပေးအယူလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ကျွန်မ တာဝန်ထမ်းဆောင်နေခဲ့တာ။ ဒီအတိုင်းသာ ဆက်သွားရင် ကယ်တင်ခြင်း မရနိုင်ရုံတင်မကဘဲ ဘုရားသခင် ဖယ်ရှားရှင်းလင်းတာနဲ့ အပြစ်ဒဏ်ပေးတာကိုပါ ခံရမှာပါ။ တွေးဆမှုတွေကနေ ဒါကို သဘောပေါက်လိုက်တဲ့အခါ ကျွန်မ အရမ်းကို အပြစ်ရှိတယ်လို့ ခံစားရတာနဲ့ ဒူးထောက်ပြီး ဆုတောင်းလိုက်တယ်။ “ချစ်ရပါသော ဘုရားသခင်၊ တာဝန်ထမ်းဆောင်ဖို့ ဒီအခွင့်အရေးနဲ့ ကိုယ်တော် သမီးကို ကျေးဇူးပြုခဲ့ပေမဲ့ သမီးကတော့ ကောင်းချီးမင်္ဂလာအတွက် လိုအင်ဆန္ဒကိုပဲ အမြဲ ဖက်တွယ်ထားမိပါတယ်။ သမီးက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာစရာ ကောင်းပါတယ်။ အို ဘုရားသခင်၊ သမီး နောင်တဖို့ လိုလားနေပါတယ်” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ သတ်မှတ်ချက်တွေကို ကျွန်မ ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်၏အလိုဆန္ဒမှာ လူတိုင်း စုံလင်စေခြင်းခံရဖို့၊ နောက်ဆုံးတွင် သူ၏ရယူခြင်းခံရဖို့၊ သူ၏ လုံးဝသန့်စင်စေခြင်းကို ခံရဖို့နှင့် သူချစ်သော လူများဖြစ်လာကြရန် ဖြစ်၏။ သင်တို့ ခေတ်နောက်ကျန်နေသည် သို့မဟုတ် အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည် မပြောသည်မှာ အရေးမကြီးပေ။ ဤအရာအားလုံးမှာ အမှန်တရားဖြစ်၏။ ငါ ဤသို့ပြောဆိုခြင်းမှာ ငါသည် သင်တို့ကို ကယ်တင်ရန် လိုလားခြင်းမရှိဖို့ မဆိုထားနှင့်၊ သင့်ကို စွန့်ပစ်ရန် ငါရည်ရွယ်သည်၊ ငါသည် သင်တို့၌ မျှော်လင့်ချက် ကုန်ဆုံးသည်ကို သက်သေမပြပေ။ ယနေ့တွင် ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ဆိုလိုသည်မှာ ငါ လုပ်ဆောင်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက် ဖြစ်ပေသည်။ လူတိုင်း စုံလင်စေခြင်း ခံရမည့် အခွင့်အရေးရှိ၏။ သင်သည် လိုလားခြင်းရှိမှသာ၊ သင်သည် လိုက်စားရှာဖွေခြင်းရှိမှသာ၊ အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ သင်တို့ထဲမှ တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏ သတ်မှတ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် မသိနားမလည်ဖြစ်ကာ စာမတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင် စာတတ်မြောက်သည့် အချက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အို တစ်ဦးဖြစ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း ရှိပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် ဤတတ်စွမ်းနိုင်မှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာမှုမပေးနိုင်ဘဲ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေအရေးကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်တချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု သင်ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းသည် သင်ဆောင်ရွက်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။ သစ္စာစောင့်သိခြင်း၊ တကယ့်အဆုံးထိ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်းရှိဖို့ ကြိုးစားခြင်းသည် သင် ဖြစ်မြောက်ရမည့်အရာ ဖြစ်ပြီး၊ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော လက်တွေ့လုပ်ဆောင်မှုများ မရှိပေ။ နောက်ဆုံးတွင် လူသားသည် ဤအရာသုံးခုကို ရရှိရန်လိုအပ်ပြီး၊ ၎င်းတို့ကို ရရှိနိုင်ပါက စုံလင်စေခြင်းခံရလိမ့်မည်ဖြစ်သည်။ သို့ရာတွင်၊ အရေးကြီးဆုံးမှာ သင်သည် အမှန်တကယ် လိုက်စားရှာဖွေရမည်၊ သင်သည် ရှေ့သို့နှင့် အထက်သို့ တက်ကြွစွာ တက်လှမ်းရမည်ဖြစ်ပြီး၊ ယင်းနှင့်ပတ်သက်၍ မတုန်မလှုပ် မနေရ။ လူတိုင်းတွင် စုံလင်စေခြင်းခံရရန် အခွင့်အရေးရှိပြီး၊ စုံလင်စေခြင်းခံရနိုင်စွမ်း ရှိကာ၊ ဤသည်မှာ မှန်ကန်ကြောင်းကို ငါပြောပြီးဖြစ်သော်လည်း၊ သင်သည် သင်၏ လိုက်စားရှာဖွေမှုတွင် သာ၍ ကောင်းမွန်ရန် မကြိုးစားပေ။ အကယ်၍ သင်သည် ဤစံသုံးရပ်ကို မရရှိပါက၊ အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်းခံရပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ပုံမှန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဘုရားသခင်က လူတွေကို မတူညီတဲ့ အစွမ်းအစတွေ ပေးထားပြီး လူတွေအပေါ်ထားတဲ့ ကိုယ်တော်ရဲ့ သတ်မှတ်ချက်တွေကလည်း မတူညီဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ အစွမ်းအစကောင်းတဲ့သူတွေမှာ သူတို့နဲ့သက်ဆိုင်တဲ့ သတ်မှတ်ချက်တွေ ရှိသလို အစွမ်းအစညံ့တဲ့သူတွေမှာလည်း သူတို့နဲ့သက်ဆိုင်တဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ ကိုယ့်အစွမ်းအစက မြင့်မားတာပဲဖြစ်ဖြစ်၊ နိမ့်ကျတာပဲဖြစ်ဖြစ် ကိုယ့်ဆက်ကပ်မှုကို ပေးလှူနိုင်သရွေ့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေသရွေ့ ကိုယ့်မှာ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ရှိမှာပါပဲ။ ဒါပေမဲ့ လူသားမျိုးနွယ်ကို ကယ်တင်ရာမှာ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်မတွေကို ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကြောင့် ကယ်တင်ခြင်းမရနိုင်ဘူး၊ အစွမ်းအစကောင်းပြီး ဉာဏ်ထက်တဲ့သူတွေမှာပဲ မျှော်လင့်ချက်ဆိုတာ ရှိတယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မရဲ့ အမြင်က အရမ်းကို လွဲချော်နေခဲ့တာပါ။ လူတစ်ယောက် ကယ်တင်ခြင်းရနိုင်ခြင်း ရှိမရှိဆိုတာက သူတို့ သမ္မာတရားကို လိုက်စားမှု ရှိမရှိ၊ သူတို့ရဲ့ စိတ်သဘောထား ပြောင်းလဲမှု ရှိမရှိ၊ ပြီးတော့ တာဝန်မှာ ဆက်ကပ်မှုနဲ့ ကျိုးနွံနာခံမှု ပြသခြင်း ရှိမရှိဆိုတာတွေအပေါ် အခြေခံပါတယ်။ ကျွန်မသိတဲ့ ဉာဏ်ကောင်းပြီး အစွမ်းအစနည်းနည်းရှိတဲ့ ခရိုင်ခေါင်းဆောင်တစ်ယောက်အကြောင်း ကျွန်မ တွေးမိတယ်။ ညီအစ်ကိုမောင်နှမတွေ အားလုံးက သူ့ကို အထင်ကြီးကြတယ်။ ဒါပေမဲ့ သူတာဝန်ထမ်းဆောင်တဲ့အခါ သူများတွေနဲ့ သဟဇာတဖြစ်အောင် မပူးပေါင်းဆောင်ရွက်နိုင်ခဲ့ဘူး။ သူက အာဏာရှင်ဆန်ဆန် ပြုမူပြီး အသင်းတော်အလုပ်ကို အနှောင့်အယှက်ပေး၊ အဖျက်အမှောင့်လုပ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက သူ့ကို မိတ်သဟာယပြုပေးတဲ့အခါ သူက လက်မခံဘဲ ခေါင်းမာမာနဲ့ နောင်တရဖို့ ငြင်းဆန်ခဲ့တယ်။ နောက်ဆုံးမှာ သူ နှင်ထုတ်ခံခဲ့ရတယ်။ တစ်ဖက်မှာကျတော့ နောက်ထပ် ညီအစ်မတစ်ယောက်ရဲ့ အစွမ်းအစက နည်းနည်းညံ့ပေမဲ့ သူက တော်တော်လေး အလေးအနက်ထားတယ်။ သူ့တာဝန်မှာ အခက်အခဲတွေ ကြုံရတဲ့အခါ ဘုရားသခင်ကို ဆုတောင်းပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့ သမ္မာတရားရှာဖွေတာကို အာရုံစိုက်ခဲ့တယ်၊ ပြီးတော့ သူ့တာဝန်မှာ ရလဒ်တချို့ ရရှိနိုင်ခဲ့တယ်။ ဒီအချက်တွေကနေတစ်ဆင့် လူတစ်ယောက်က အစွမ်းအစကောင်းပြီး ဉာဏ်ထက်ရင်တောင် သမ္မာတရားကို မလိုက်စားရင်၊ ပြီးတော့ သူတို့ရဲ့ စိတ်သဘောထား မပြောင်းလဲရင် ကယ်တင်ခြင်းမရနိုင်ဘူးဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မက အစွမ်းအစ ညံ့ဖျင်းတာတောင်မှ ကျွန်မ နားလည်သဘောပေါက်နိုင်တဲ့ သမ္မာတရား စည်းမျဉ်းအားလုံးကို လက်တွေ့လုပ်ဆောင်သင့်ပြီး ကိုယ့်တာဝန်မှာ အားသွန်ခွန်စိုက် ကြိုးစားသင့်တယ်။ ဒီနည်းနဲ့ဆိုရင် တစ်နေ့ကျလို့ ကျွန်မ တကယ် အရည်အချင်းမမီလို့ ဖြုတ်ချခံရရင်တောင် ကျွန်မမှာ နောင်တရစရာ ရှိမှာ မဟုတ်ဘူး။ ဘုရားသခင်က ကျွန်မကို ကောင်းမွန်တဲ့ အစွမ်းအစနဲ့ ဆုကျေးဇူးတွေ မပေးတာရဲ့ နောက်ကွယ်မှာ သူ့ရဲ့ ရည်ရွယ်ချက် ရှိမှန်းလည်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မမှာ မာနထောင်လွှားတဲ့ စိတ်သဘောထား ရှိတယ်။ ကျွန်မက ဘာမှမဟုတ်တာ ရှင်းနေပေမဲ့ ကိုယ့်တာဝန်တွေမှာ ညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ၊ မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ သဘောထားနေတုန်းပဲ၊ သူတို့နဲ့ သဟဇာတဖြစ်အောင် မပူးပေါင်းဆောင်ရွက်နိုင်ခဲ့ဘူး။ အခုတော့ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကြောင့် တာဝန်မှာ ဆုတ်ယုတ်မှုတွေ ဆက်တိုက်ကြုံရလို့ ကျွန်မ မာနမထောင်လွှားနိုင်တော့ဘူး။ ကျွန်မက တာဝန်ကို နှိမ့်ချပြီး ထမ်းဆောင်နိုင်လာတယ်။ ကျွန်မ မသိတာ၊ နားမလည်တာ ရှိတဲ့အခါ ရှာဖွေနိုင်တယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အကြံပြုချက်တွေကို လက်ခံနိုင်တယ်။ ဒါက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အနှောင့်အယှက်ပေးတာ၊ အဖျက်အမှောင့်လုပ်တာတွေကို မဖြစ်စေဖို့လည်း တားဆီးပေးတယ်။ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစက ကျွန်မကို ကာကွယ်ပေးနေတာပဲ။

အဲဒီနောက်မှာ ကျွန်မ ဘုရားသခင်ကို ဆုတောင်းပြီး စည်းမျဉ်းတွေနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆဖို့ အချိန်ပိုပေးခဲ့တယ်။ အချိန်အတန်ကြာတော့ တာဝန်မှာ တိုးတက်မှုတချို့ ရှိလာပြီး ရလဒ်တချို့ ရရှိခဲ့တယ်။ တစ်နေ့မှာ ကျွန်မရဲ့ အတွေ့အကြုံတွေအကြောင်း ညီအစ်မတစ်ယောက်နဲ့ မိတ်သဟာယပြုတော့ သူက ပြောတယ်။ “အစ်မ အခုတလော အရင်ကထက်စာရင် တကယ် တိုးတက်မှုတချို့ ရှိလာတယ်။ အစွမ်းအစညံ့တာက အရေးမကြီးပါဘူး။ ကျွန်မတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လိုလားပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ကို ရရှိနိုင်သရွေ့ အစွမ်းအစညံ့တဲ့ အားနည်းချက်ကို ဘုရားသခင်က ဖြည့်ဆည်းပေးမှာပါ” တဲ့။ ဒီအချက်ကို ကျွန်မ တကယ် သဘောတူပြီး ဘုရားသခင် ပြောထားတာကို နားလည်သဘောပေါက်လိုက်တယ်။ “သင်တို့၏ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်နိုင်စွမ်းသည် အားနည်းကောင်း အားနည်းနေနိုင်သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်လက်တွေ့ကျင့်သုံးသောအခါ ကိုယ်တော်သည် ဤအပြစ်အနာအဆာကို ကုစားပေးနိုင်သည်...(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်) ဘုရားသခင်က လူတစ်ယောက်ရဲ့ အစွမ်းအစကို မကြည့်ဘဲ သူတို့ နားလည်ပြီးတဲ့နောက်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ ဆိုတာကိုပဲ ကြည့်မှန်း ကျွန်မ နားလည်ခဲ့တယ်။ လူတစ်ယောက်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်တဲ့အခါ ဘုရားသခင်က သူတို့ရဲ့ ပင်ကိုယ်အစွမ်းအစအပေါ် အခြေခံပြီး ဉာဏ်ပွင့်စေတယ်၊ လမ်းပြပေးတယ်၊ သူတို့တာဝန်မှာ လမ်းကြောင်းရှာတွေ့နိုင်အောင် လုပ်ပေးတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သင်၏ အငြင်းအခုံသန်ခြင်း နောက်ကွယ်တွင် မည်သည့် စိတ်သဘောထားရှိသနည်း

ချမ်းမို တောင်ကိုရီးယားနိုင်ငံ ဘုရားကို နှစ်ချီယုံကြည်ပြီးတဲ့နောက်မှာ၊ သမ္မာတရားကို လက်ခံတဲ့လူတွေကို ဘုရားနှစ်သက်တာ မူအရသိခဲ့တယ်။...

အန္တိခရစ်တွေရဲ့ ဆိုးယုတ်တဲ့စွမ်းအားတွေကို ကျွန်မ ပြန်တိုက်ထုတ်ရဲတယ်

ဘုရားသခင်ကို ကျွန်မ ယုံကြည်သက်ဝင်ပြီး တစ်နှစ်ကျော်ကြာတော့ အသင်းတော်မှာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယီပင်းက...

ကျွန်မရဲ့သိမ်ငယ်စိတ်ကို ဖြေရှင်းဖို့ လမ်းကြောင်းတစ်ခု ကျွန်မ ရခဲ့တယ်

ရှောင်ရီ၊ စပိန်နိုင်ငံကျွန်မ ငယ်ငယ်တုန်းက မိဘတွေက စားဝတ်နေရေးအတွက် အလုပ်များပြီး ကျွန်မကို ဂရုစိုက်ဖို့ အချိန်မရှိခဲ့လို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။