ထိုဆင်းရဲဒုက္ခအားလုံးမှာ အဘယ်အရာအတွက်နည်း
ယုံကြည်သူ ဖြစ်လာတဲ့နောက်မှာ၊ ခေါင်းဆောင် တော်တော်များများက အခက်အခဲအများကြီး တကယ်ကို ခံနိုင်ကြတာ တွေ့ရတယ်။ သူတို့တာဝန်ကို လေထဲ မိုးထဲ လုပ်ရင်းနဲ့ အလုပ်ဆက်လုပ်ကြပြီး၊ ညီအစ်ကို မောင်နှမတွေက အထင်ကြီးကြတယ်။ သူတို့ကို ကျွန်မ တကယ်လေးစားတယ်။ ပြီးတော့ သူတို့လို ဆင်းရဲဒုက္ခခံ၊ အဖိုးအခပေးနိုင်ပြီး တခြားလူတွေရဲ့ လေးစားမှု ရနိုင်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်ဖို့ ကျွန်မ မျှော်လင့်မိတယ်။ ဒါကြောင့် ကိုယ့်လိုက်စားမှုမှာ တကယ်ကို စိတ်ထက်သန်ခဲ့တယ်။ နောက်ပိုင်းမှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်။ နေ့တိုင်း ကိုယ့်တာဝန်မှာ တကယ် အလုပ်များပြီး၊ အရမ်းငယ်ရွယ်နေတုန်းမှာ အခက်အခဲကို ကိုင်တွယ်တဲ့အတွက် ကျွန်မကို တခြားလူတွေက ချီးမွမ်းကြသလို၊ သမ္မာတရား လိုက်စားသူတစ်ယောက်ပဲလို့ ပြောကြတယ်။ အဲဒီလိုကြားတဲ့အခါတိုင်း ကျွန်မ ပီတိဖြစ်ရပြီး အားလုံးတန်တယ်လို့ ခံစားရတယ်။ နောက်ပိုင်းမှာ ကျွန်မတာဝန်တွေရဲ့ နယ်ပယ် ကြီးထွားခဲ့ပြီး အလုပ်ပမာဏက တိုးပြီးရင်း တိုးနေတယ်။ ကျွန်မနဲ့ အတူအလုပ်လုပ်တဲ့ ညီအစ်မတချို့က ကတယ်ကို ဆင်းရဲဒုက္ခခံပြီး အဖိုးအခ ပေးနိုင်တာ မြင်ခဲ့တယ်။ သူတို့က အမြဲတမ်း အိပ်ရာဝင်နောက်ကျသလို၊ အစာစားချိန်မရှိဘဲ ဗိုက်ဟောင်းလောင်းနဲ့ တစ်ခါတလေ စုဝေးပွဲတွေ သွားကြတယ်။ အိမ်ရှင်တွေက သူတို့ကို ဝန်တာထားပြီး အခက်အခဲကို ခံယူနိုင်တဲ့အတွက် ချီးမွမ်းကြတယ်။ အဲဒီလို လူတွေကို ညီအစ်ကို မောင်နှမတွေက နှစ်သက်ကြရင်၊ ဘုရားလည်း သေချာပေါက် နှစ်သက်မှာပဲလို့ ခံစားရတယ်။ ဒါကြောင့် ညနက်ထိ ကျွန်မတာဝန်ကို စလုပ်ခဲ့တယ်။ ဒါပေမဲ့ နည်းနည်းကြာတော့ ကျွန်မခန္ဓာကိုယ်က တကယ် မခံနိုင်တော့သလို၊ သန်းခေါင်ကျော်တာနဲ့ အိပ်ချင်လာတော့တာပဲ။ အဲဒီက တခြားညီအစ်မတွေ အလုပ်လုပ်နေကြတာ မြင်တော့၊ အိပ်ရာဝင်ရာမှာ ရှက်တယ်။ ကျွန်မက ဇာတိပကတိကို အာရုံစိုက်ပြီး ကိုယ့်တာဝန်မှာ ဝန်တာမထားဘူးလို့ ပြောမှာ စိုးတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အတင်းဆက်လုပ်စေခဲ့တယ်။ ဒါပေမဲ့ အမြဲအိပ်ချင်နေတာကို မလွှဲရှောင်နိုင်ခဲ့သလို၊ အလုပ်အများကြီးလည်း ပြီးမနေခဲ့ဘူး။ အဲဒါတောင်မှ ကျွန်မ အိပ်ရာမဝင်သေးဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် တိုက်တွန်းတယ်၊ ဇာတိပကတိကို အာရုံမစိုက်သင့်သလို၊ တခြားလူတွေရဲ့ အထင်သေးတာ မခံသင့်ဘူးလို့ တွေးရင်းနဲ့ပေါ့။ ညနက်ထိ နေပြီးတဲ့နောက် တစ်ခါတလေ စုဝေးပွဲအတွက် စောစောထရပြီး၊ အဲဒီကို စက်ဘီးစီရင်းနဲ့ အိပ်ငိုက်နေမိသလို စုဝေးပွဲမှာလည်း အိပ်ငိုက်တယ်။ နေ့လည် တစ်မှေးအိပ်ချင်ခဲ့ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် ရုပ်ပိုင်းဆိုင်ရာ တယုတယထားတယ်လို့ တခြားလူတွေ ပြောမှာစိုးခဲ့တယ်။ နေ့တိုင်း၊ ညနက်ထိနေဖို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးခဲ့ပြီး အဲဒါကို တွန်းတိုက်လုပ်ခဲ့တယ်။ တစ်နေ့၊ စုဝေးပွဲတစ်ခုဆီ စက်ဘီးစီးလာရင်းနဲ့ အရမ်း အိပ်ငိုက်ခဲ့တယ်။ တစ်လမ်းလုံး မူးနောက်ပြီး မြောင်းထဲ ပြိုလဲသွားခဲ့တယ်။ ကျွန်မ ချက်ချင်း လန့်နိုးသွားတယ်။ ဆိုင်ကယ်နဲ့ လမ်းလျှောက်လာရင်း ဘာလို့ဒီလိုဖြစ်သွားတာလဲလို့ တွေးမိတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ရာမှာ၊ ကျွန်မ ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရကတည်းက ကျွန်မ တွေးသမျှက ဆင်းရဲဒုက္ခခံဖို့ ကျွန်မရဲ့ အစွမ်းအစကတစ်ဆင့် လေးစားမှုကို ရရှိဖို့ပဲ။ ဇာတိပကတိကို ကျွန်မ အာရုံစိုက်ပြီး သက်သောင့်သက်သာဖြစ်တာကို အလိုကြီးတယ်လို့ လူတွေ ပြောမှာစိုးခဲ့တယ်။ ကျွန်မဘဝမှာ ပုံမှန်မရှိတော့သလို ကောင်းကောင်းတောင် အနားမယူခဲ့ဘူးဆိုတဲ့ သဘောပဲ။
တစ်နေ့မှာ ဖာရိရှဲတွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ ဖတ်မိပြီး အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းကြည့်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အဘယ်သူတို့သည် စင်စစ်အားဖြင့် ဖာရိရှဲများဖြစ်သည်ကို သင်တို့သိသလော။ သင်တို့အနီးတွင် ဖာရိရှဲတစ်ဦးတစ်လေ ရှိသလော။ ဤလူများကို အဘယ်ကြောင့် ဖာရိရှဲများဟု ခေါ်သနည်း။ ဖာရိရှဲများကို မည်သို့ သရုပ်ဖော်သနည်း။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးဖြစ်သော၊ လုံးလုံး အတုအယောင် ဖြစ်ပြီး ၎င်းတို့ ပြုလေသမျှ၌ ဟိတ်ဟန်လုပ်သည်။ ၎င်းတို့သည် အဘယ်သို့ ဟိတ်ဟန်လုပ်သနည်း။ ကောင်းဟန်၊ ကြင်နာဟန်၊ အပြုသဘောဆောင်ဟန် ပြုသောသူများ ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ယင်းကဲ့သို့ ဖြစ်ကြသလော။ လုံးဝ မဖြစ်ပေ။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးများ ဖြစ်သဖြင့် ၎င်းတို့ထဲ၌ ပေါ်လွင်သမျှနှင့် ထုတ်ဖော်သမျှမှာ ဟန်ဆောင်ထားခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးမှာ အယောင်ဆောင် ဖြစ်ကြ၏၊ ၎င်းမှာ ၎င်းတို့၏ သရုပ်မှန်မဟုတ်ပေ။ ၎င်းတို့၏ သရုပ်မှန်ကို အဘယ်နေရာတွင် ကွက်ဝှက်ထားသနည်း။ ယင်းကို သူတစ်ပါးတို့ လုံးဝ မမြင်စေရန် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဖုံးကွယ်ထားသည်။ အပြင်ပန်းတွင် ရှိသမျှသည် ဟန်ဆောင်မှုတစ်ခု ဖြစ်သည်၊ အားလုံးမှာ အတုအယောင်များဖြစ်သည်။ သို့သော် ၎င်းတို့သည် လူတို့ကိုသာ အရူးလုပ်နိုင်သည်။ ဘုရားသခင်ကို အရူးမလုပ်နိုင်ပေ။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခြင်းမရှိလျှင် သမ္မာတရားကို အမှန်တကယ် နားမလည်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ စကားလုံးများသည် မည်မျှနားဝင်ချိုပါစေ ဤစကားလုံးများသည် သမ္မာတရား၏ စစ်မှန်မှုမဟုတ်ဘဲ အယူဝါဒစကားများသာဖြစ်သည်။ လူအချို့သည် အယူဝါဒစကားများကို သံယောင်လိုက်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် အဆင့်မြင့်ဆုံးသော ဒေသနာများကို ဟောကြားသူ မည်သူကိုမဆို တုပကြသည်၊ အကျိုးဆက်အနေဖြင့် နှစ်အနည်းငယ်အတွင်းတွင်ပင် ၎င်းတို့၏ အယူဝါဒများကို ရွတ်ဆိုခြင်းသည် အစဉ်ပို၍ များလာပြီး၎င်းတို့အား လူများစွာတို့က ကြည်ညိုလေးစားကြသည်၊ ထို့နောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် စတင်ဖုံးကွယ်ပြီး မိမိတို့ကိုယ်ကိုယ် အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းပြီး ဝိညာဉ်ရေးရာဆန်သော လူများအဖြစ် ပြသလျက်၊ ၎င်းတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာတို့ကို ကြီးမားသော အာရုံစိုက်မှုပြုကြလေသည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် ဖုံးကွယ်ဖို့ ဤဝိညာဉ်ရေးရာ အယူအဆများဟု ခေါ်သည့်အရာများကို အသုံးပြုကြ၏။ ဤသည်မှာ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ပြောဆိုသောအရာများသာဖြစ်သည်။ လူတို့၏ အယူအဆများနှင့် ကိုက်ညီသော မှန်သယောင်ထင်ရသော်လည်း မှားယွင်းနေသောအရာများဖြစ်ပြီး သမ္မာတရားစစ်မှန်မှုတစ်ခုမျှ မရှိပေ။ ပြီးလျှင် လူတို့၏ အယူအဆများ၊ နှစ်သက်မှုများနှင့်ညီသော ဤအရာများကို ဟောပြောခြင်းမှတစ်ဆင့် ၎င်းတို့သည် လူများစွာကို လိမ်လည်လှည့်ဖြားကြသည်။ အခြားလူများအဖို့၊ ဤသို့သောလူတို့သည် အလွန်ပင် ဘုရားတရားကိုင်းရှိုင်းပြီး နှိမ့်ချပုံရသော်လည်း ယင်းမှာ စင်စစ်အားဖြင့် အတုအယောင်သာ ဖြစ်သည်။ ၎င်းတို့သည် သည်းခံ၊ စိတ်ရှည်ပြီး ချစ်ခင်ဖွယ်ကောင်းပုံရသော်လည်း၊ ယင်းမှာ စင်စစ်အားဖြင့် ဟန်ဆောင်ထားခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို ချစ်သည်ဟု ၎င်းတို့က ပြောကြသည်။ အမှန်တကယ်တွင် ဟန်ဆောင်မှုတစ်ခုသာဖြစ်သည်။ ဤသို့သောလူတို့သည် သန့်ရှင်းသည်ဟု အခြားလူတို့က ထင်ကြသည်။ သို့သော် အမှန်တကယ်တွင် အတုအယောင်ဖြစ်သည်။ အမှန်တကယ် သန့်ရှင်းသူကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။ လူသားသန့်ရှင်းမှုသည် အားလုံး အတုအယောင်ဖြစ်သည်။ အားလုံးက အယောင်ဆောင်မှု၊ ဟန်ဆောင်မှုသာဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိပုံပေါက်သော်လည်း၊ အမှန်တွင် အခြားသူများ မြင်ဖို့ ၎င်းတို့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ မည်သူမျှ ကြည့်မနေသည့်အခါတွင်၊ ၎င်းတို့သည် စိုးစဉ်းမျှ သစ္စာမရှိကြသကဲ့သို့ ၎င်းတို့ပြုသမျှမှာ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံကြပြီး ၎င်းတို့၏မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ကြပြီးဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် အဘယ်အရာကို တိတ်တဆိတ် လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် အသင်းတော်တွင် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို ဦးစီးဦးရွက်ပြုပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စီမံနေကြခြင်းဖြစ်ကာ အသင်းတော်ထံမှ အကျိုးအမြတ်ရယူနေပြီး ဘုရားသခင်အတွက် အလုပ်လုပ်သည့်ဟန်ကိုဆောင်လျက် လှူဖွယ်ပစ္စည်းများကို တိတ်တဆိတ် ခိုးယူနေခြင်းဖြစ်သည်။...ဤလူတို့သည် ခေတ်ပေါ် ကြောင်သူတော် ဖာရိရှဲများဖြစ်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြတာက တကယ် စိတ်ထိခိုက်စရာပါ၊ ကျွန်မအတွက် တကယ် ခက်ခဲတယ်။ ကျွန်မက ဖာရိရှဲတွေလို တစ်ထေရာတည်း ပြုမူနေမိခဲ့တာပဲ။ သူတို့က အပေါ်ယံ အပြုအမူတွေနဲ့ ဟန်ဆောင်ရတာ နှစ်သက်ကြတယ်။ သူတို့က တကယ်ကို ဘုရားတရားကိုင်းရှိုင်းပြီး ဘုရားကို ချစ်တယ်လို့ ထင်အောင် လမ်းထောင့်မှာ တမင်ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဟောကြတယ်။ ဒါပေမဲ့ သီးသန့်အနေနဲ့တော့ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့ လုံးဝ မလုပ်ကြဘူး။ သူတို့လုပ်တာတွေက ပြစားဖို့၊ လေးစားမှုရဖို့အတွက်ပါပဲ။ ကျွန်မလည်း အတူတူပဲ။ ညီအစ်ကို မောင်နှမတွေ ကျွန်တော့်အပေါ် အထင်အမြင် ကောင်းအောင်လို့ အပေါ်ယံ အပြုအမူကောင်းကို အထူးသဖြင့် အာရုံစိုက်ခဲ့တယ်။ တခြားတချို့လူတွေက သူတို့ တာဝန်မှာ ဆင်းရဲဒုက္ခခံ အဖိုးအခပေးနိုင်ပြီး၊ လူတိုင်းရဲ့ ချီးမွမ်းတာခံရတာကို မြင်တော့ အဲဒီလိုလူမျိုးဖြစ်ဖို့ ကြိုးစားခဲ့တယ်။ ခေါင်းဆောင်အနေနဲ့ အရွေးခံရတဲ့အခါ၊ တခြား ညီအစ်မတွေ ညနက်ထိ အလုပ်လုပ်တာ မြင်တော့ သူတို့နောက်မကျန်ခဲ့အောင်လို့ ကိုယ့်ကိုယ်ကိုယ် ညနက်ထိ အတင်းနေခိုင်းတယ်။ ဘယ်လောက်ပဲ အိပ်ချင်ပါစေ ကျွန်မ ရုန်းခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် အခက်အခဲကို ခံယူနိုင်တဲ့သူ တစ်ယောက်အနေနဲ့ တင်ပြဖို့ အားထုတ်ရာမှာ ပုံမှန်နေ့လည် တစ်ရေးတစ်မောတောင် မအိပ်ရဲခဲ့ဘူး။ အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်နေခဲ့တာ။ ကောင်းတာတွေ လုပ်ပုံပေါ်ပြီးတော့ ညီအစ်ကို မောင်နှမတွေရဲ့ လေးစားမှုကို ရဖို့ ကြိုးစားနေခဲ့တယ်။ အဲဒီလို ဆင်းရဲဒုက္ခခံပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံတာက အားလုံး အတုအယောင်၊ လှည့်စားမှုပဲ။ ဖာရိရှဲတွေရဲ့ လမ်းကြောင်းကို သွားနေခဲ့တာပဲ။ ဘယ်လိုလုပ် ဘုရားကို မစက်ဆုပ်စေဘဲ နေနိုင်မှာလဲ။ အဲဒီနောက်မှာ ကျွန်မအလုပ်နဲ့ အနားယူချိန်တွေကို ချိန်ညှိဖို့ ကျွန်မ အားထုတ်ခဲ့ပြီး၊ နေ့အလုပ်ပြီးသွားတဲ့အခါ ပုံမှန်အတိုင်း အိပ်ရာဝင်ခဲ့တယ်။ အဲဒီလိုလုပ်တော့ အများကြီး ပိုပြီး စိုးရိမ်သောကကင်းသွားတယ်။
နောက်တစ်နှစ်မှာ ကျွန်မ နိုင်ငံခြားလာခဲ့တယ်။ ကျွန်မနဲ့အတူနေတဲ့ ညီအစ်မတချို့က သူတို့တာဝန်တွေမှာ အခက်အခဲကို တကယ်ခံနိုင်ပြီး၊ ညတိုင်း ညနက်ထိ အလုပ်လုပ်တာ တွေ့ရတယ်။ တစ်ခါတလေ အလုပ်ပြီးသွားတော့ စောစော အိပ်ရာဝင်ချင်ခဲ့ပေမဲ့၊ ကျွန်မက သက်သောင့်သက်သာဖြစ်တာကို အာရုံစိုက်တယ်လို့ သူတို့ပြောမှာ စိုးခဲ့တယ်။ ပြီးတော့ ကျွန်မက ခေါင်းဆောင်လေ။ ဒီတော့ တခြားလူတွေထက် ပိုစောစော အိပ်ရာဝင်ရင် သူတို့ ဘာများထင်ကြမလဲပေါ့။ ဆင်းရဲဒုက္ခကို ကျွန်မ မကိုင်တွယ်နိုင်သလို ကိုယ့်တာဝန်အတွက် ဝန်တာမရှိဘူးလို့ ပြောကောင်းပြောကြမှာပဲ။ ဒီလိုတွေးရင်းနဲ့၊ ပြန်ဟန်ဆောင်ပြီး သူတို့နဲ့ ညနက်တဲ့အထိ မနေဘဲ မနေနိုင်ခဲ့ဘူး။ ဒါပေမဲ့ မနက် ၁ နာရီနောက်ပိုင်းမှာ ကျွန်မ စ အိပ်ချင်လာခဲ့ပြီး တစ်မှေးအိပ်ပျော်သွားခဲ့တယ်။ ကျွန်မ စောစော အိပ်ရာဝင်သင့်တယ်လို့ သူပြောကြပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် အတင်းလန်းဆန်းစေပြီး၊ “ရပါတယ်။ ကျွန်မ ကိုင်တွယ်နိုင်ပါတယ်။ ခဏနေရင် အိပ်ရာဝင်လိုက်ပါ့မယ်”လို့ ပြောလိုက်တယ်။ ဒါပေမဲ့ နောက်တော့ ထပ်ပြီး အိပ်မငိုက်ဘဲ မနေနိုင်ပြန်ဘူး။ တစ်ခါတလေ အိပ်ငိုက်တာကို မထိန်းနိုင်ဘဲ စားပွဲပေါ်မှာ ခေါင်းတင်ပြီး ခဏလောက် အိပ်လိုက်ပေမဲ့၊ အဲဒါနဲ့ပတ်သက်လို့ ကျွန်မ စိတ်မအေးချမ်းဘူး။ ကျွန်မအကြောင်း တခြားလူတွေ ဘာပြောမလဲဆိုတာကို စိတ်ပူမိလို့ အလုပ်ကို အမြန်ပြန်သွားလုပ်တယ်။ ဝန်ထုပ်ထမ်းတဲ့ပုံပေါ်အောင် တစ်ခါတလေ တကယ်နောက်ကျတဲ့အချိန်မှာ အဖွဲ့ဆီကို တမင်စာပို့တယ် ဒီတော့ ဘယ်လောက်နောက်ကျတဲ့အထိ ကျွန်တော် နေခဲ့တယ်၊ ကိုယ့်တာဝန်ကို ညနက်တဲ့အထိ လုပ်နေခဲ့တယ်ဆိုတာကို လူတိုင်း သိမှာလေ။ ကျန်းမာရေးပြဿနာတချို့ကြောင့် အာဟာရဖြည့်စွက်စာတွေ ဝယ်ချင်ခဲ့ပေမဲ့ တခြားလူတိုင်းက ဘာပြောကြမလဲ စိုးရိမ်ခဲ့တယ်။ ဇာတိပကတိကို ကျွန်မ တန်ဖိုးထားလွန်တယ်လို့ ပြောကြမလားပေါ့။ ဒါကြောင့် မဝယ်ခဲ့ဘူး။ တစ်နေ့ စုဝေးပွဲတစ်ခုမှာ၊ ညီအစ်မတစ်ယောက် အခြေအနေကောင်းမှာ မရှိသလို မိတ်သဟာယနဲ့ ပံ့ပိုးမှုတချို့ လိုတာကို သိလိုက်ရတယ်။ ဒါပေမဲ့ သူက စံတော်ချိန် မတူတဲ့ နိုင်ငံတစ်ခုမှာ ရှိပြီး ကျွန်မအတွက် ညသန်းခေါင်ယံအချိန် ဖြစ်နှင့်နေတော့၊ နောက်နေ့ကျရင် သူနဲ့ မိတ်သဟာယဖွဲ့ဖယ်လို့ အစက တွက်ထားခဲ့တာ။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်။ ညမှာ သူနဲ့ မိတ်သဟာယပြုတာက ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအတွက် ကျွန်မ ဝန်ထုပ်ထမ်းတဲ့ပုံ ပေါ်စေမှာပဲလို့ပေါ့။ ဒီတော့ အဲဒီညီအစ်မကို ဖုန်းခေါ်ပြီး မိတ်သဟာယကို မနက် ၂ နာရီထိ လုပ်လိုက်တယ်။ သူက ပြောတယ်၊ “အစ်မအတွက် နောက်ကျနေပြီ၊ အစ်မ အိပ်ရာဝင်သင့်ပြီ။ ညနက်ထိ အလုပ်လုပ်တာက အစ်မရဲ့ ကျန်းမာရေးအတွက် မကောင်းဘူး”တဲ့။ သူအဲဒီလိုပြောတာ ကြားရတော့ ကျွန်မ တကယ်ကျေနပ်မိတယ်။ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာ ဖြစ်ခဲ့ပေမဲ့ ကျွန်မက ဝန်ထုပ်နဲ့ တာဝန်သိစိတ်ရှိတယ်လို့ သူ့ကို ထင်စေတဲ့အတွက် အချည်းနှီး မဖြစ်ခဲ့ဘူးလေ။ အဲဒီနောက်မှာ ကျန်းမာရေး ပြဿနာလေးတွေ အမျိုးမျိုး ကျွန်မ စရှိလာခဲ့ပြီး၊ ဒါက ရေရှည်အိပ်ရေးပျက်တာနဲ့ ဆက်နွယ်တယ်လို့ ဆရာဝန်က ပြောပြတယ်။ ဒါကို ကျွန်မ လျစ်လျူရှုပြီး ဒီလိုပဲ ဆက်လုပ်နေခဲ့တယ်။ အထက်ခေါင်းဆောင်က ကျွန်မကို အမြဲ သတိပေးတယ်၊ အရမ်းနောက်ကျတဲ့အထိ မနေသင့်ဘူး၊ ကျွန်မ စောစော အိပ်၊ စောစောထရင် အလုပ်က ကြန့်ကြာမှာ မဟုတ်ဘူးလို့ပေါ့။ ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်၊ စောစော အိပ်လိုက်ရင် ခေါင်းဆောင်အနေနဲ့ ကျွန်မက တခြားလူတွေလောက် အခက်အခဲကို မခံနိုင်ဘူးလို့ ထင်ကြမှာပဲ၊ ဒီတော့ သူတို့ ငါ့ကို အထင်ကြီးကြပါ့မလားပေါ့။ ခေါင်းဆောင်ရဲ့ စကားတွေကို ကျွန်မ နှလုံးမသွင်းခဲ့ဘူး။ ကျွန်မ နေမကောင်းတာကို ညီအစ်မတစ်ယောက်က မြင်ပြီး ပြောတယ်၊ “အစ်မက စဉ်းစားတာ များလွန်းတာ ဖြစ်ရမယ်။ ဖြေရှင်းဖို့ ပြဿနာအများကြီးရှိတာနဲ့ အဲဒီစိတ်ဖိစီးမှုအားလုံးက အစ်မရဲ့ ကျန်းမာရေးကို ထိခိုက်နေတာပဲ။ ခေါင်းဆောင်အနေနဲ့ အစ်မမှာ ပူပန်စရာ များလွန်းတယ်”တဲ့။ သူအဲဒီလိုပြောတော့ ကျွန်မကိုယ့်ကိုယ်ကိုယ် တကယ် ကျေနပ်မိတယ်။ ကျွန်မပေးတဲ့ အဖိုးအခ၊ သည်းခံခဲ့တဲ့ ဒုက္ခဆင်းရဲက တခြားလူတွေရဲ့ လက်ခံမှုအတွက် တန်တယ်လို့ ခံစားရတယ်။ နောက်ပိုင်းမှာ ကျွန်မ ရှိခဲ့တဲ့ မှားယွင်းတဲ့ လမ်းကြောင်းကို သိနားလည်မှုတချို့ပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အန္တိခရစ်တို့သည် သမ္မာတရား၏ စည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ ပြုမူလုပ်ဆောင်ခြင်း မရှိချေ။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပေ။ ယင်းက အန္တိခရစ်တစ်ဦး၏ အသိသာဆုံးသော သရုပ်သကန်ဖြစ်သည်။ ဂုဏ်အဆင့်အတန်းနှင့် သိက္ခာ၊ ကောင်းချီးခံစားရခြင်းနှင့် ဆုလာဘ်ရခြင်းတို့မှလွဲ၍ ၎င်းတို့လိုက်စားသည့် တစ်ခုတည်းသောအရာမှာ ဇာတိပကတိ၏ စည်းစိမ်များနှင့် ဂုဏ်အဆင့်အတန်း၏ အဆောင်အယောင်များကို ပျော်မွေ့ခံစားခြင်း ဖြစ်သည်။ ဤအရာမှာ မှန်ကန်သောကြောင့် ၎င်းတို့သည် ပင်ကိုအားဖြင့် အနှောင့်အယှက်များကို ဖြစ်စေသည်။ ၎င်းတို့ လိုက်စားသည့်အရာ၊ ၎င်းတို့၏အပြုအမူနှင့် ၎င်းတို့ထဲ၌ ပေါ်လွင်သည့်အရာများသည် ဘုရားသခင် ချစ်သောအရာများ မဟုတ်သည်ကို ဤအချက်အလက်များက ပြလေသည်။ ပြီးလျှင် ဤအရာများသည် သမ္မာတရားကို လိုက်စားသော လူများ၏ ဆောင်ရွက်ပုံဆောင်ရွက်နည်းနှင့် ပြုမူနည်းများ သေချာပေါက် မဟုတ်ချေ။ ဥပမာအနေဖြင့် ပေါလုကဲ့သို့ အန္တိခရစ်အချို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဆင်းရဲဒုက္ခခံဖို့ စိတ်ပိုင်းဖြတ်ချက်ရှိသည်။ ၎င်းတို့၏အလုပ်ကို လုပ်သည့်အခါ၊ ၎င်းတို့သည် တစ်ညလုံး မအိပ်ဘဲနေနိုင်သလို၊ အစားအစာမစားဘဲနေနိုင်သည်။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ၎င်းတို့ အောင်မြင်နိုင်သည်။ နာမကျန်းဖြစ်ခြင်းနှင့် မသက်မသာဖြစ်ခြင်းတို့ကို အောင်မြင်ကျော်လွှားနိုင်သည်။ ပြီးလျှင် ဤအရာများအားလုံးကို လုပ်ဆောင်ခြင်း၌ ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ပတ်သက်လာလျှင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘေးသို့ဖယ်နိုင်စွမ်းရှိကြောင်း၊ မိမိတို့ကိုယ်ကိုယ် ဖယ်ကြဉ်နိုင်စွမ်းရှိကြောင်း၊ ၎င်းတို့အတွက်မှာမူ တာဝန်သာ ရှိကြောင်း လူတိုင်းကို ပြဖို့ဖြစ်သည်။ ဤအရာအားလုံးကို ၎င်းတို့က အခြားလူများ ရှေ့တွင် ပြကြသည်။ ၎င်းတို့သည် နားသင့်သည့်အချိန်တွင် မနားဘဲ၊ ၎င်းတို့၏ အလုပ်အချိန်ကို တမင်သက်သက်ပင် တိုးချဲ့လျက်၊ စောစောထကာ၊ နောက်ကျမှ အိပ်ရာဝင်လျက်၊ ယင်းကို အပြည့်အဝ ပြသကြသည်။ သို့သော် အန္တိခရစ်တို့ ဤကဲ့သို့ နံနက်မှ ညအထိ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်သည့်အခါတွင် အလုပ်၏ ထိရောက်မှုနှင့် ၎င်းတို့၏တာဝန် ထိရောက်မှုတို့က မည်သည့်အခြေအနေရှိသနည်း။ ဤအရာများသည် ၎င်းတို့ ထည့်တွက်စဉ်းစားသည့်အရာများထဲ၌ မပါပေ။ ၎င်းတို့၏ တစ်ခုတည်းသော ဆန္ဒမှာ ဤအရာအားလုံးကို အခြားသူများရှေ့တွင် လုပ်ဆောင်ခြင်း၊ အခြားသူများက သူတို့ ဒုက္ခခံသည်ကို တွေ့မြင်ခြင်းနှင့် ကိုယ့်အတွက်ကို တစ်စက်မျှ မစဉ်းစားဘဲ ဘုရားသခင်အတွက် ၎င်းတို့ မည်သို့အသုံးခံသည်ကို တွေ့မြင်ခြင်းတို့ဖြစ်သည်။ ၎င်းတို့ ထမ်းဆောင်သည့် တာဝန်နှင့် ၎င်းတို့ လုပ်ဆောင်သည့် အလုပ်တို့သည် သမ္မာတရား၏ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်း ရှိမရှိအတွက်ကိုမူ ၎င်းတို့ လုံးဝ မစဉ်းစားကြချေ။ ၎င်းတို့၏ အပြင်ပန်း အပြုအမူကောင်းကို လူတိုင်း တွေ့မြင်ပြီးခြင်း ရှိမရှိ၊ လူတိုင်းက ယင်းကို သတိပြုမိခြင်း ရှိမရှိ၊ ၎င်းတို့သည် လူတိုင်းအပေါ် ထင်မြင်ချက်ဖြစ်စေခြင်း ရှိမရှိနှင့် ဤထင်မြင်ချက်သည် ထိုလူတို့ထဲတွင် လေးစားအားကျခြင်းနှင့် ထောက်ခံခြင်းတို့ကို ဖြစ်ပေါ်စေမည် ဟုတ်မဟုတ်၊ ၎င်းတို့ ထွက်သွားသည့်အချိန်တွင် ဤလူများက ‘သူတို့သည် ဆင်းရဲဒုက္ခကို အမှန်တကယ် ကြံ့ကြံ့ခံနိုင်ကြသည်၊ သူတို့၏ သည်းခံသည့်စိတ်ဓာတ်နှင့် ထူးခြားသော ဇွဲလုံ့လတို့က ကျွန်ုပ်တို့ထဲမှ မည်သူ့ထက်မဆို သာလွန်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသည့်သူတစ်ဦးဖြစ်သည်။ ကြီးသောဝန်ကို ဒုက္ခခံနိုင်ပြီး သည်းခံနိုင်သည့်သူဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ဒေါက်တိုင်ဖြစ်သည်’ဟု ပြောလျက်၊ အားပေးပံ့ပိုးမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ စဉ်းစားကြသည်။ ဤအရာကို ကြားသည့်အခါ၊ အန္တိခရစ်တို့သည် စိတ်ကျေနပ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့က ‘ထိုကဲ့သို့ ဟန်ဆောင်သည်မှာ ကျွန်ုပ် အလွန် ပါးနပ်ပေသည်။ ဤအရာကို လုပ်သည်မှာ ကျွန်ုပ် အလွန်တော်ပေသည်။ လူတိုင်းက အပြင်ပန်းကိုသာ ကြည့်မည်ကို ကျွန်ုပ်သိသည်။ ဤသည်မှာ လူများဖြစ်တတ်သည့် အရာဖြစ်သည်။ ဤကဲ့သို့ ကျွန်ုပ် ပြုမူလျှင်၊ လူများ၏ ထောက်ခံချက်ကို ရမည်၊ ကျွန်ုပ်ကို ၎င်းတို့ အားပေးပံ့ပိုးကြလိမ့်မည်၊ ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းရာ၌ ကျွန်ုပ်ကို အားကျကြလိမ့်မည်။ ကျွန်ုပ်ကို ထောက်ခံလျက် ကြည့်ကြလိမ့်မည်။ ပြီးလျှင် ကျွန်ုပ်ကို မည်သူကမျှ နောက်တစ်ကြိမ် လုံးဝ အထင်သေးမည် မဟုတ်ပေ။ ကျွန်ုပ်သည် လက်တွေ့အလုပ်ကို မလုပ်နေကြောင်း အထက်မှ သိရှိသွားသည့် နေ့ရက်အချိန် ရောက်လာပြီး ကျွန်ုပ်ကို လူစားထိုးသည့်အခါ၊ ကျွန်ုပ်အတွက် ခုခံကာကွယ်ပေးသည့် လူ၊ ကျွန်ုပ်အတွက် ငိုကြွေးသည့်လူနှင့် ကျွန်ုပ်ကို နေဖို့ တိုက်တွန်းသည့်သူ၊ ပြီးလျှင် ကျွန်ုပ်၏ကိုယ်စား ပြောပေးသူများစွာ မလွဲဧကန်ရှိလိမ့်မည်။’ ဟု တွေးကြသည်။ ၎င်းတို့သည် မိမိတို့၏ အတုအယောင် အပြုအမူကို တိတ်တဆိတ် ဂုဏ်ယူနေကြပြီး ဤဂုဏ်ယူခြင်းက အန္တိခရစ်တစ်ဦး၏ သဘာဝနှင့် အနှစ်သာရကိုလည်း ထုတ်ဖော်မပြသလော။ ပြီးလျှင် ဤသည်မှာ အဘယ်အနှစ်သာရဖြစ်သနည်း။ (ဆိုးညစ်ခြင်းဖြစ်သည်။) မှန်ပေသည်။ ဤသည်မှာ ဆိုးညစ်ခြင်း၏ အနှစ်သာရဖြစ်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁၀)) ဘုရားနှုတ်ကပတ်တော်တွေက အန္တိခရစ်ရဲ့ အနှစ်သာရကို အရမ်းဆိုးယုတ်မှုအဖြစ် ဖော်ထုတ်တယ်။ တခြားလူတွေကို ထိန်းချုပ်ပြီး အလေးစားခံရဖို့ဆိုတဲ့ သူတို့ရဲ့ ဆိုးရွားတဲ့ ရည်မှန်းချက်ကို ရရှိအောင် ဟန်ဆောင်ဖို့၊ မျက်နှာဖုံးတပ်ဖို့ ဘယ်နည်းစနစ်ကိုမဆို သူတို့ သုံးကြမှာပဲ။ ဥပမာအနေနဲ့၊ ဘုရားကို သူတို့ ဆက်ကပ်တဲ့ပုံပေါ်အောင်လို့ နောက်ကျတဲ့ထိနေပြီး၊ မနက်စောစောထရင်းနဲ့ သူတို့တာဝန်တွေမှာ တမင်အချိန်ဆွဲကြတယ်။ လူတွေ သူတို့ကို လေးစားကြည်ညိုအောင်လို့ တာဝန်တွေမှာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို လျစ်လျူရှုရင်းနဲ့ အကြာကြီး အလုပ်လုပ်ပြီး အစားနဲ့ အအိပ်ကို ရှောင်ကြတယ်။ လူတွေကို သူတို့ရှေ့ ခေါ်မိသွားကြတော့တာပဲ။ ဘုရားက ဒီလိုအပြုအမူမျိုးကို မုန်းပြီး ရှုတ်ချတယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားနှုတ်ကပတ်တော်တွေနဲ့ ချိန်ဆကြည့်တော့ မအီမသာခံစားရတယ်၊ တကယ် စိတ်မသက်မသာဖြစ်ရတယ်။ ကျွန်မ အန္တိခရစ်တစ်ယောက်လိုပဲ ပြုမူနေမိခဲ့တာကိုး။ အခက်အခဲကို ကျွန်မ ခံနိုင်တယ်လို့ တခြားလူတွေကို မြင်စေချင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ခဲ့သလို ကိုယ့်အလုပ်အတွက် ဝန်တာထားခဲ့ပြီး၊ ခေါင်းဆောင်ကောင်းဖြစ်တဲ့အတွက် ကျွန်မကို လေးစားစေချင်ခဲ့တယ်။ ဒီတော့ ကျွန်မရဲ့ အလုပ်ချိန်၊ နားချိန်နဲ့ အစာစားချိန်တွေမှာ ဟန်ဆောင်ဖို့ ကြီးမားတဲ့ နာကျင်မှုဝေဒနာ ခံယူခဲ့တယ်။ အနားယူသင့်တဲ့အချိန်မှာ မနားခဲ့သလို၊ ကိုယ့်တာဝန်အတွက် မလိုအပ်ချိန်မှာ ညနက်ထိ တမင်နေခဲ့တယ်။ ကျန်းမာရေး ပြဿနာတချို့ ဖြစ်တဲ့အချိန်မှာတောင် အဲဒီလိုဆက်လုပ်နေခဲ့တယ်။ ဇာတိပကတိကို ကျွန်မ အရမ်းဂရုစိုက်လွန်းတယ်လို့ သူများတွေ ပြောပြီး၊ ကျွန်မအပေါ် မကောင်းတဲ့ ထင်မြင်ချက်ရှိမှာ စိုးလို့ ပုံမှန် ရုပ်ပိုင်း လိုအပ်ချက်တွေကို ဂရုမစိုက်ခဲ့ဘူး၊ လိုအပ်တဲ့ ဖြည့်စွက်စာတွေ မဝယ်ခဲ့ဘူး။ ကောင်းကောင်း ပြုမူပြီး ဒုက္ခဆင်းရဲခံခြင်းနဲ့ အဖိုးအခပေးခြင်းအားဖြင့် တိတ်တိတ်လေး ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ခဲ့တယ်။ အဲဒါမှ တခြားလူတွေက ကျွန်မ သမ္မာတရားကို လိုက်စားတယ်၊ ကိုယ့်တာဝန်မှာ လုံ့လရှိပြီး ဆက်ကပ်သလို ခေါင်းဆောင်ကောင်းဖြစ်တယ်လို့ ထင်ကြမှာလေ။ အဲဒီအခါ သူတို့က ကျွန်မကို ပိုရိုသေလေးစားမှာပေါ့။ ကျွန်မရဲ့ အားထုတ်မှုအားလုံးက ဟန်ဆောင်မှု၊ လှည့်စားမှုတွေနဲ့ စွန်းထင်းခဲ့တယ်။ တခြားလူတွေကို မမှန်တဲ့ ပုံရိပ်နဲ့ လှည့်စားရင်း ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းအောင် လုပ်နေခဲ့တယ်။ အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ် ကျွန်မ ရှိနေခဲ့တာပဲ။ အဲဒီလို ကျွန်မ မလုပ်ချင်တော့လို့ ဘုရားဆီ ဆုတောင်းခဲ့တယ်၊ နောင်တရပြီး ပြောင်းလဲဖို့ အဆင်သင့်ဖြစ်ခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ သုံးသပ်ဆင်ခြင်နေခဲ့တယ်။ အခက်အခဲ သည်းခံပုံပေါ်အောင် ဘာလို့ ကျွန်မ အာရုံစိုက်နေမိခဲ့တာလဲလို့ပေါ့။ ကျွန်မရဲ့ သုံးသပ်မှုကတစ်ဆင့် ကျွန်မက မမှန်တဲ့ ရှုထောင့်အမြင် ထားနေခဲ့မှန်း သဘောပေါက်ခဲ့တယ်။ ဆင်းရဲဒုက္ခခံနိုင်ပြီး အဖိုးအခပေးနိုင်တာ၊ ကောင်းတာတွေ လုပ်ပုံပေါ်တာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားကို စိတ်ကျေနပ်စေတာဖြစ်တယ်၊ အဲဒါကို ဘုရားက သဘောကျမယ်လို့ ကျွန်မ အမြဲ ထင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေမှာ စိစစ်မှုကတစ်ဆင့် အဲဒီ ရှုထောင့်အမြင် မခိုင်လုံမှန်း ကျွန်မ တွေ့ခဲ့ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့၏ အပေါ်ယံကောင်းမှုများသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ ၎င်းတို့သည် ဇာတိပကတိစိတ်ကို ကိုယ်စားပြုပြီး အကောင်းဆုံး အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသည်ပင်လျှင် အသက်ကို ကိုယ်စားပြုခြင်း မရှိပေ၊ ၎င်းတို့သည် သင်ကိုယ်တိုင်၏ သီးခြား နဂိုစိတ်ရင်းကိုသာ ပြနိုင်သည်။ လူသား၏အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသည် ဘုရားသခင်၏ လိုအင်ဆန္ဒကို မဖြည့်ဆည်းနိုင်ပေ။...သင်၏လုပ်ရပ်များသည် အစဉ်အမြဲ အပြင်ပန်းအတွက်သာ ဖြစ်နေပါက၊ သင်သည် အစွန်းရောက်အောင် အလွန်ပလွှားသောသူ ဖြစ်သည်ဟု ဆိုလိုသည်။ အပေါ်ယံကောင်းမှုများသာ ဆောင်ရွက်ပြီး စစ်မှန်မှု ကင်းမဲ့နေသည့် လူတို့သည် မည်ကဲ့သို့သော လူအမျိုးအစား ဖြစ်သနည်း။ ထိုသို့သော လူများသည် ကြောင်သူတော် ဖာရိရှဲများနှင့် ဘာသာရေးသမားများသာ ဖြစ်လေစွတကား။ သင်တို့သည် သင်တို့၏ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများကို ရပ်ကာ မပြောင်းလဲနိုင်လျှင် သင်တို့အထဲရှိ သူတော်ကောင်းယောင်ဆောင်မှု အရိပ်လက္ခဏာများသည် ပို၍ပင် ကြီးထွားလာလိမ့်မည်။ သူတော်ကောင်းယောင်ဆောင်မှု အရိပ်လက္ခဏာများ ပိုများလေလေ၊ ဘုရားသခင်ကို ပို၍ ဆန့်ကျင်လေလေဖြစ်၏။ အဆုံးတွင် ထိုကဲ့သို့သော လူများသည် ဧကန်ပင် ဖယ်ရှားခြင်းကို ခံရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူတစ်ဦးသည် ယုံကြည်ခြင်း၌ စစ်မှန်မှုကို အဓိကထားရမည်၊ ဘာသာရေး ထုံးတမ်းဓလေ့၌ ပါဝင်လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်းမဟုတ်) “ယနေ့ခေတ်တွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် မိုးလင်းမှ မိုးချုပ်သည့်တိုင် အလုပ်လုပ်မည့်လူအချို့၊ သို့မဟုတ် ညလုံးပေါက်မအိပ်ဘဲ၊ အစာမစားဘဲနေမည့် လူအချို့ရှိသည်။ ၎င်းတို့သည် ဇာတိပကတိကို ချိုးနှိမ်နိုင်သည်၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို လျစ်လျူရှုနိုင်သည်၊ မကျန်းမာသည့်အချိန်တွင်ပင် အလုပ်လုပ်နိုင်သည်။ သို့သော် ၎င်းတို့၌ ဤအရည်အချင်းများရှိပြီး လူကောင်းများ၊ လူမှန်များဖြစ်သော်ငြားလည်း၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ ဘေးဖယ်နိုင်ခြင်း မရှိသည့်အရာများ ရှိသေးသည်။ ဂုဏ်အဆင့်အတန်း၊ သိက္ခာနှင့် ပကာသနတို့ ဖြစ်လေသည်။ ၎င်းတို့သည် ဤအရာများကို မည်သည့်အခါမျှ ဘေးမဖယ်ကြလျှင်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူများ ဖြစ်ကြသလော။ အဖြေမှာ ပကတိအတိုင်း ရှင်းနေပြီဖြစ်သည်။ ဘုရားသခင်ကို သင်ယုံကြည်သည့်အခါတွင် စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိခြင်းထက် ပို၍ ခက်ခဲသည့်အရာ မရှိပေ။ လူများသည် ၎င်းတို့ အသက်တာတစ်ခုလုံး အိမ်ထောင်မပြုဘဲ နေကောင်းနေနိုင်သည်၊ ၎င်းတို့သည် အီဆိမ့်ထူးကဲသော အစားအစာများကို မည်သည့်အခါမျှ မစားဘဲ၊ သို့မဟုတ် ဝတ်ကောင်းစားကောင်းများ မည်သည့်အခါမျှ မဝတ်ဘဲ နေကောင်းနေနိုင်သည်။ ၎င်းတို့သည် ‘ကျွန်ုပ် တစ်ဘဝလုံး ဒုက္ခခံရလျှင်၊ သို့မဟုတ် ကျွန်ုပ် တစ်ဘဝလုံး အထီးကျန်နေလျှင် အရေးမကြီးပါ။ ကျွန်ုပ် သည်းခံနိုင်ပါသည်။ ဘုရားသခင်နှင့်ဆိုလျှင်၊ ဤအရာများ မည်သည့်အဓိပ္ပာယ်မျှ မရှိပါ’ ဟုပင် ပြောကောင်းပြောနိုင်သည်။ ၎င်းတို့အတွက်မူ ဇာတိပကတိ၏ နာကျင်မှုနှင့် ဆင်းရဲဒုက္ခတို့ကို အောင်မြင်ကျော်လွှားပြီး ဖြေရှင်းဖို့ လွယ်ကူပေသည်။ ၎င်းတို့အတွက် အောင်မြင်ကျော်လွှားဖို့ မလွယ်ကူသည့်အရာမှာ အဘယ်နည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်လေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အောင်မြင်ကျော်လွှားခြင်းသက်သက်ဖြင့် ဖြေရှင်း၍မရနိုင်ချေ။ မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့၊ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့၊ လူများသည် ဇာတိပကတိ၏ နာကျင်မှုကို ဒုက္ခခံနိုင်ကြသည်။ သို့သော် ဒုက္ခခံနိုင်ခြင်းနှင့် အဖိုးအခပေးဆပ်နိုင်ခြင်းတို့က ၎င်းတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲမှု ရှိပြီးဖြစ်သည်ဟု အဓိပ္ပာယ်ရသလော။ မဟုတ်ချေ။ တစ်စုံတစ်ဦး၏ စိတ်သဘောထား၌ ပြောင်းလဲမှု ရှိမရှိကို အကဲဖြတ်သည့်အခါတွင် ၎င်းတို့ ဆင်းရဲဒုက္ခ မည်မျှကို သည်းခံသည်၊ အပေါ်ယံတွင် ၎င်းတို့ မည်မျှလိမ္မာသည်တို့ကို မကြည့်နှင့်။ ထိုအစား ၎င်းတို့လုပ်ရပ်များ၏ နောက်ကွယ်တွင် မည်သည့်အစအမှတ်၊ ကြံရွယ်ချက်များနှင့် ရည်ရွယ်ချက်များ ရှိကြောင်း၊ ၎င်းတို့အပြုအမူနောက်ကွယ်တွင် မည်သည့်စည်းမျဉ်းများရှိကြောင်းနှင့် သမ္မာတရားအပေါ် ၎င်းတို့ မည်သည့်သဘောထားရှိကြောင်းတို့ကို သင် ကြည့်ရမည်။ ဤသွင်ပြင်လက္ခဏာများအတိုင်း အကဲဖြတ်ခြင်းသာလျှင် မှန်ကန်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ အပြုအမူကောင်းဟူသည်မှာ မိမိ၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ) ဘုရားနှုတ်ကပတ်တော်တွေက လုံးဝ ရှင်းတယ်။ တစ်ယောက်ယောက်က ဘယ်လိုပဲ ကောင်းကောင်း ပြုမူပုံရပါစေ၊ သမ္မာတရားကို လက်တွေ့လုပ်တယ်လို့ မဆိုလိုသလို၊ သူတို့မှာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုရှိပြီး ဘုရားရဲ့ လက်ခံမှု ရတယ်လို့ တကယ် မဆိုလိုပါဘူး။ ကျေးဇူးတော်ခေတ်မှာ၊ ပေါလုက အခက်အခဲကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ ထောင်ထဲသွားခဲ့သလို ဧဝံဂေလိ ဖြန့်ဝေဖို့ သူ့ရဲ့ အားထုတ်မှုတွေမှာ သခင့်ကို သစ္စာမဖောက်ခဲ့ဘူး။ သူ့အပြုအမူက တကယ်ကို ချီးမွမ်းထိုက်ပုံရခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ဆင်းရဲဒုက္ခအားလုံးမှာ၊ သူပေးခဲ့ အဖိုးအခက ဘုရားနဲ့ အပေးအယူတွေ လုပ်ဖို့ ဖြစ်ခဲ့တယ်။ သူ့ရဲ့ ဆင်းရဲဒုက္ခကို သရဖူနဲ့ ဘုရားနိုင်ငံတော် ကောင်းချီးတွေနဲ့ လဲလှယ်ချင်ခဲ့တယ်။ သူ့ရဲ့ ကောင်းတဲ့ လုပ်ရပ်တွေက စိတ်သဘောထား ပြောင်းလဲမှု သူ ရခဲ့တယ်ဆိုတဲ့ သဘောမဟုတ်ဘဲ၊ အဲဒီအစား ပိုမာနထောင်လွှားလာခဲ့တယ်၊ အမြဲ ကြွားဝါပြီး သူ့ကိုယ်သူ သက်သေခံနေခဲ့တယ်။ သူက အသက်ရှင်တဲ့ ခရစ်တော်ပဲလို့တောင် သက်သေခံခဲ့ပြီး၊ ဘုရားရဲ့ ရှုတ်ချ၊ အပြစ်ပေးတာကို ခံသွားခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် တွေးကြည့်တော့၊ လူတွေ ကျွန်မကို အထင်ကြီးအောင်လို့ ကောင်းကောင်း ပြုမူပုံရအောင်ပဲ တွေးခဲ့တယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဖို့၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းလို့ မကြိုးစားခဲ့ဘူး။ အကျိုးဆက်အနေနဲ့၊ ပိုပြီး သူတော်ကောင်း ယောင်ဆောင်လာခဲ့ပြီး၊ ကျွန်မရဲ့ အသက်စိတ်သဘောထားကို လုံးဝ မပြောင်းလဲခဲ့ဘူး။ အဲဒီလိုက်စားမှုကို ဆက်လုပ်ရင်၊ သမ္မာတရားကို လုံးဝ ရမှာမဟုတ်တာ သေချာတယ်။ ပေါလုလို အစွန့်ပစ်ခံသွားရမှာပဲ။ ဒါကို သုံးသပ်ရင်းနဲ့ ကျွန်မရဲ့ မမှန်တဲ့ လိုက်စားမှုနဲ့ ရှုထောင့်အမြင်တွေကို ချက်ချင်း ပြောင်းလဲချင်ခဲ့တယ်။
နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော် အပိုဒ်ကို ဖတ်ခဲ့တယ်။ “ဘုရားသခင်သည် လူသားကို ဤကိုယ်ခန္ဓာပေးခဲ့သည်။ ပြီးလျှင် အကန့်အသတ်ဘောင်အချို့အတွင်းတွင် ထိုကိုယ်ခန္ဓာ၏ စွမ်းဆောင်ရည်သည် ကျန်းမာလျက် တည်ရှိနေလိမ့်မည်။ သို့သော် ဤအကန့်အသတ်ဘောင်ကို ကျော်လွန်လျှင်၊ သို့မဟုတ် ဥပဒေသအချို့ကို ချိုးဖောက်မိလျှင် အမှုကိစ္စများ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူများသည် နာမကျန်းဖြစ်ကြလိမ့်မည်။ လူသားအတွက် ဘုရားသခင် သတ်မှတ်ထားပြီးဖြစ်သည့် ဥပဒေသများကို မချိုးဖောက်နှင့်။ ချိုးဖောက်လျှင်၊ ဤအရာက သင်သည် ဘုရားသခင်ကို မလေးစားကြောင်း၊ သင်သည် မိုက်မဲပြီး မသိနားမလည်ကြောင်း အဓိပ္ပာယ်ရသည်။ ဤဥပဒေသများကို သင်ချိုးဖောက်လျှင်၊ ပြင်ဆင်ထားသည့် လမ်းကြောင်းပေါ်မှ သင်လမ်းလွဲသွားလျှင်၊ ဘုရားသခင်သည် သင့်ကို ကာကွယ်မည် မဟုတ်ချေ။ ဘုရားသခင်သည် သင့်အတွက် တာဝန်ယူမည် မဟုတ်ချေ။ ဘုရားသခင်သည် ထိုသို့သော အပြုအမူကို ရွံရှာသည်။...သင်၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင်၊ သာမန်ဥပဒေသများကို လိုက်နာခြင်းက အကောင်းဆုံးဖြစ်သည်။ သင်၏တာဝန်သည် အလုပ်များလာကာ၊ သင်၏ဇာတိပကတိသည် ဆင်းရဲဒုက္ခအနည်းငယ်ကို ခံရမည်ဆိုလျှင်၊ သင်၏ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို သင် ဘေးဖယ်သင့်သည်။ သို့သော် ဤအရာက အချိန်အလွန်ကြာမြင့်စွာ ဖြစ်၍မရပေ။ ဖြစ်ပါက၊ သင်သည် ခြေကုန်လက်ပန်းကျကာ၊ သင်၏ တာဝန်ကို ထမ်းဆောင်မှုသည် ထိရောက်မှုမရှိဘဲ ဖြစ်လိမ့်မည်။ ဤကဲ့သို့အချိန်များတွင် သင်သည် ချက်ချင်း အနားယူရမည်ဖြစ်သည်။ အနားယူခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းက သင်၏တာဝန်ကို သင်ပို၍ ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန်အလို့ငှာ၊ သင်၏ကိုယ်ခန္ဓာကို စောင့်ရှောက်ခြင်းဖြစ်သည်။ သို့သော် သင်သည် ရုပ်ပိုင်းဆိုင်ရာ မပင်ပန်းဘဲ၊ သင်၏တာဝန်သည် အလုပ်များသည်ဖြစ်စေ၊ မများသည်ဖြစ်စေ အနားယူဖို့အခွင့်အရေးကိုသာ အစဉ်သဖြင့် ရှာဖွေနေလျှင်၊ သင်သည် ဆက်ကပ်အပ်နှံခြင်း မရှိပေ။ ဆက်ကပ်အပ်နှံခြင်းအပြင်၊ သင့်ကို ဘုရားသခင် ပေးအပ်ထားသည့် တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းတွင် သင်၏ ခန္ဓာကိုယ်ကိုလည်း သင် အားကုန်မသုံးရပေ။ ဤစည်းမျဉ်းကို သင်နားလည်သဘောပေါက်ရမည်။ သင်၏တာဝန်သည် အလုပ်မများသည့်အခါ၊ အချိန်ဇယားဆွဲ၍ အနားယူလော့။ နံနက်ခင်း၌ သင်နိုးထသည့်အခါ၊ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းများကို လက်တွေ့လုပ်ဆောင်လော့၊ ဆုတောင်းလော့၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို ပုံမှန်အတိုင်း အတူတကွ မိတ်သဟာယပြုလော့၊ သို့မဟုတ် ဓမ္မသီချင်းများကို သင်ယူလော့။ အလုပ်များလာသည့်အခါတွင်၊ သင်၏တာဝန် ထမ်းဆောင်ခြင်းကို အာရုံစိုက်လော့၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံလော့။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များကို သင်၏တကယ့်အသက်တာ၌ ရောနှောပေါင်းစပ်လော့။ ဤအရာက သင်၏တာဝန်ကို သမ္မာတရား၏ စည်းမျဉ်းများအတိုင်း ထမ်းဆောင်ဖို့ လွယ်ကူစေလိမ့်မည်။ သို့မှသာလျှင် ဘုရားသခင်၏အမှုတော်ကို သင် အမှန်တကယ် တွေ့ကြုံရလိမ့်မည် ဖြစ်သည်။ ဤသည်တို့မှာ သင်လုပ်ဆောင်သင့်သည့် ပြင်ဆင်ညှိနှိုင်းမှုမျိုးဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တာက ကျွန်မအတွက် အရမ်းအလင်းရတယ်။ ဘုရားက သူကြိုတင်စီမံထားတဲ့ စည်းမျဉ်းတွေထဲမှာ ကျွန်မတို့ကို အသက်ရှင်စေခဲ့တယ်။ ဒီအခြေခံအုတ်မြစ်ပေါ် မှန်မှန်ကန်ကန် အလုပ်လုပ်ပြီး၊ အနားယူဖို့နဲ့ ကိုယ့်တာဝန်ကို လုပ်ဖို့ပေါ့။ ကျွန်မတို့အလုပ်က ဆင်းရဲဒုက္ခတချို့ခံဖို့ တောင်းဆိုတဲ့အခါ၊ ဇာတိပကတိကို စွန့်လွှတ်ဖို့၊ ပြီးအောင် အကောင်းဆုံး လုပ်ဖို့လိုတယ်။ ညနက်ထိ နေဖို့ မလိုတဲ့အခါ၊ ကျကျနန အလုပ်လုပ်ပြီး အိပ်စက်သင့်သလို၊ ပုံမှနမ်အခြေအနေကို ထိန်းသိမ်းသင့်တယ်။ အဲဒီအခါ ကိုယ့်တာဝန်မှာ ကျွန်မတို့ ထိရောက်နိုင်တယ်လေ။ ကျမ်းစာကနေ ဒါကို တွေးမိတယ်။ “သင်၏ဘုရား ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။” (ရှင်မဿဲခရစ်ဝင် ၂၂:၃၇-၃၈) ကျွန်မတို့တာဝန်မှာ သူ့အလိုတော်ကို စဉ်းစားနိုင်ဖို့၊ ဝန်ထုပ်တစ်ခု တကယ်ရှိဖို့နဲ့ ကိုယ့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်နိုင်ဖို့ ဘုရားက မျှော်လင့်တယ်။ အဲဒါကသာ ဘုရားရဲ့ လက်ခံမှုကို ရရှိတာပါ။ ကျွန်မတို့ကို ဘုရားပေးထားတဲ့ ဒီလမ်းကြောင်းတွေကို စဉ်းစားရင်းနဲ့ ကျွန်မ မိုက်မဲခဲ့ပုံကို မြင်ခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေက သိပ်ရှင်းပေမဲ့၊ ကျွန်မ လုံးဝ လက်တွေ့မလုပ်ခဲ့ဘူး။ ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေအရ ပြုမူနေမိခဲ့တယ်၊ အဓိပ္ပာယ်မရှိတဲ့ အရာတွေ အများကြီးကို ဒုက္ခခံနေခဲ့တယ်။ နောက်တော့ သဘောပေါက်သွားတယ်။ ကောင်းကောင်း ပြုမူတာကို ဆက်အာရုံစိုက်နေလို့ မရတော့ဘဲ ဘုရားရဲ့ စိစစ်မှုကို လက်ခံသင့်တယ်၊ လူတွေတွေးတာကို မစဉ်းစားဘဲ ဘုရားရှေ့မှာ အရာရာကို လုပ်ဆောင်သင့်တယ်ဆိုတာပေါ့။ ကျွန်မတာဝန်မှာ အကောင်းဆုံး လုပ်ရမယ်။ အဲဒါက ကျွန်မလုပ်ရမဲ့ အရာပဲ။
အဲဒီနောက်၊ စုဝေးပွဲတွေမှာ ညီအစ်ကို မောင်နှမတွေက ချင့်ချိန်နိုင်စွမ်းရနိုင်အောင်လို့ ကျွန်မ သွေဖည်ခဲ့ပုံနဲ့ ကျွန်မအတွေးမှာရှိတဲ့ ပြဿနာတွေကို ကျွန်မ စိတ်ဖြာလေ့လာဆွေးနွေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေ လက်တွေ့လုပ်ဆောင်တာကို ကျွန်မ ပုံမှန် အာရုံစိုက်ပြီး ဟန်မဆောင်တော့ဘူး။ အချိန်ကြာလာတဲ့အခါ၊ တခြားလူတွေ ကျွန်မကို ဘယ်လိုမြင်မယ်ဆိုတာ မစိုးရိမ်တော့သလို၊ ဟန်ဆောင်ဖို့လည်း မစဉ်းစားတော့ဘူး။ အရမ်းလွတ်မြောက်သွားသလို ခံစားရတယ်။ အတွေ့အကြုံကတစ်ဆင့် ဘုရားနှုတ်ကပတ်တော်ပဲ ဘဝမှာ လုပ်ဆောင်ချက်တွေအတွက် လမ်းညွှန်မှုနဲ့ စည်းမျဉ်းဖြစ်ပြီး၊ ဘုရားနှုတ်ကပတ်တော်အတိုင်း ပြုမူတာက အင်မတန် စိတ်အေးရမှန်းကို သိခဲ့ရတယ်။ အမြဲ ဟန်ဆောင်နေစရာ၊ အဲဒီလို ပင်ပန်းပြီး စိတ်မချမ်းမြေ့စရာပုံစံနဲ့ အသက်ရှင်စရာ မလိုပါဘူး။ ကျေးဇူးတော်ပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။