ကျွန်ုပ်၏ အမြင်ကို ဖော်ပြန်ရန် ကျွန်ုပ် အမြဲကြောက်ခဲ့ရသည့်အကြောင်းရင်း

26.02.2026

ရှင်ချွန်း၊ တရုတ်နိုင်ငံ

၂၀၂၄ ခုနှစ်၊ မတ်လတုန်းက ကြီးကြပ်ရေးမှူးက ကျွန်မတို့နဲ့အတူ အလုပ်အကြောင်း ဆွေးနွေးပြီး ပြဿနာတွေကို အကျဉ်းချုပ်သုံးသပ်ဖို့ လာခဲ့တယ်။ တရားဒေသနာတစ်ပုဒ်ကို အတူတူဆွေးနွေးကြတဲ့အခါ ကျွန်မအမြင်ကို အရင်ဆုံး ပြောပြခဲ့တယ်၊ ဒါပေမဲ့ ကျွန်မပြောပြခဲ့တဲ့ အမြင်က မှားနေခဲ့ပြီးတော့ နောက်ထပ်ဆက်တိုက်ပြောတဲ့ အမြင်နှစ်ခုကလည်း မှားနေတုန်းပဲ။ ဒါကြောင့် ကျွန်မ အရမ်း ရှက်သွားတယ်။ “ကြီးကြပ်ရေးမှူးနဲ့ ပထမဆုံးအကြိမ် ပြောဆိုဆက်ဆံမှုမှာပဲ ငါ အမှားတွေ အများကြီး လုပ်မိပြီ။ တကယ် ရှက်စရာကောင်းတာပဲ။ ငါနဲ့တွဲလုပ်တဲ့အစ်မက ဒီတာဝန်ကို စထမ်းဆောင်ကာစဖြစ်ပေမဲ့ ပြဿနာတချို့ကို မြင်နိုင်ခဲ့တယ်၊ ငါက အချိန်အကြာကြီး လေ့ကျင့်ခဲ့ပြီးတော့ အခုထိ အမှုအရာတွေကို တလွဲ မြင်နေတုန်းပဲ။ ကြီးကြပ်ရေးမှူးက ငါ့ကို အသစ်ရောက်လာတဲ့ ညီအစ်မလောက်တောင် မတော်ဘူးလို့ ထင်သွားမလားမသိဘူး။ နောက်တစ်ခါတော့ ကိုယ့်အမြင်ကို သိပ်မြန်မြန်ဆန်ဆန် ငါပြောမှာမဟုတ်ဘူး။ တခြားလူတွေအားလုံး ပြောပြီးတဲ့အထိ ငါစောင့်မယ်၊ ပြီးမှ ဝေမျှမယ်၊ အဲဒါက ပိုပြီး စိတ်ချရတယ်” လို့ပေါ့။ နောက်တစ်နေ့မှာ တရားဒေသနာတစ်ပုဒ်ကို အတူတူဖတ်နေတုန်း ကျွန်မက သေသေချာချာ စဉ်းစားပြီး ပြဿနာတချို့ကို ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်အမြင်က တိကျရဲ့လားဆိုတာ မသေချာတော့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီတစ်ခါတော့ ငါပါးနပ်မှဖြစ်မယ်။ တခြားသူတွေက ဘယ်လိုသုံးသပ်လဲဆိုတာ အရင်ဆုံး နားထောင်ကြည့်မယ်။ ပြီးတော့ ငါ ဝေမျှတဲ့အခါမှာ လူတိုင်းရဲ့ ရှုထောင့်တွေကို ငါ ပေါင်းစပ်လိုက်မယ်။ ဒီလိုလုပ်တာက ပိုစိတ်ချရတယ်၊ နောက်ပြီး ငါက ပြဿနာတွေကို ရှာတွေ့နိုင်တယ်၊ ငါ့အစွမ်းအစက အဲ့လောက်မဆိုးပါဘူးလို့ အားလုံးကို ထင်သွားစေမှာပဲ” ပေါ့။ ဒါပေမဲ့ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားပေမဲ့ ဘယ်သူကမှ ဘာမှမပြောခဲ့ဘူး။ သူတို့ အလေးအနက် စဉ်းစားနေတုန်းပဲဆိုတာကို ကျွန်မ မျက်စိထောင့်ကနေ မြင်ခဲ့တယ်၊ ကျွန်မ စပြီး စဉ်းစားမိတာပေါ့၊ “အခု အချိန်တော်တော်ကြာနေပြီဆိုပေမဲ့ ငါကတော့ အရင်ဆုံး ထပြောလို့ မဖြစ်ဘူး။ တကယ်လို့ မှားတာတစ်ခုခု ထပ်ပြောမိရင် အရမ်းရှက်စရာကောင်းမှာ” ပေါ့။ အဲဒီတော့ ကျွန်မလည်း ပြဿနာကို အလေးအနက် စဉ်းစားနေသလို ဟန်ဆောင်လိုက်တယ်။ အချိန်အတော်ကြာမှ ညီအစ်မတချို့က စပြီးစကားပြောကြတယ်။ အားလုံးက သူတို့အမြင်တွေ ဝေမျှပြီးသွားတဲ့အခါမှာတော့ သူတို့ရဲ့အမြင်တွေနဲ့ ကိုယ့်အမြင်ကို ပေါင်းစပ်ပြီး အတူတူ ဆွေးနွေးပြောပြလိုက်တယ်။ စကားပြောနေတုန်းမှာ ကျွန်မအရမ်းစိတ်လှုပ်ရှားနေခဲ့တယ်၊ ကိုယ့်အမြင်က မှားပြီး နောက်တစ်ခါ မျက်နှာပျက်ရမှာကို စိုးရိမ်နေခဲ့တာလေ။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးရဲ့ သုံးသပ်ချက်က ကျွန်မရဲ့အမြင်နဲ့ တော်တော်လေး တူညီနေခဲ့တယ်။ ကျွန်မလည်း စိတ်ထဲမှာ တိတ်တိတ်လေး ပျော်သွားပြီး ဒီတစ်ခါတော့ နည်းနည်း သိက္ခာဆယ်နိုင်ခဲ့ပြီလို့ ခံစားလိုက်ရတယ်။ ဒါပေမဲ့ နှစ်ရက်ကြာပြီးတဲ့နောက်၊ ကြီးကြပ်ရေးမှူးက တရားဒေသနာတွေ ဆွေးနွေးတဲ့အခါ ကျွန်မတို့က အမြင်တွေပြောတဲ့နေရာမှာ တက်တက်ကြွကြွမရှိဘဲ အချိန်ဆွဲပြီး အချိန်ဖြုန်းနေကြတယ်ဆိုတာကို သတိပြုမိသွားတယ်။ သူက ကျွန်မတို့ရဲ့ ပြဿနာတွေကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မက ဒီတာဝန်ကို အချိန်အကြာကြီး ထမ်းဆောင်လာခဲ့ပြီး အဖွဲ့ခေါင်းဆောင်လည်း ဖြစ်တာကို စဉ်းစားမိတယ်။ ကျွန်မက တက်တက်ကြွကြွ မိတ်သဟာယပြုပြီး အားလုံးကို ဆွေးနွေးမှုမှာ ဦးဆောင်ပေးသင့်တာ၊ ဒါပေမဲ့ ကိုယ့်မှာ အမြင်တွေရှိနေတာတောင် မိတ်သဟာယမပြုခဲ့ဘူး။ ဒါက အချိန်ဖြုန်းနေတာပဲ မဟုတ်ဘူးလား။ နောက်ပိုင်းမှာ တရားဒေသနာတွေ ထပ်ဆွေးနွေးတဲ့အခါ ကိုယ့်သဘောနဲ့ကိုယ် အမြင်တွေကို ပြောပြပြီး ကျွန်မ ရှာတွေ့ခဲ့တဲ့ ပြဿနာအားလုံးကို ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ပြဿနာတချို့ကို ထိုးထွင်းနားလည်နိုင်ခြင်းမရှိဘဲ ကျွန်မရဲ့ မှတ်ချက်တွေက တစ်ဖက်သတ်ဆန်ပြီး မတိကျတဲ့အခါမှာ အရမ်းရှက်မိတယ်။ အမြင်တွေကို သုံးလေးခါပြောပြီးတဲ့နောက်မှာတော့ ကျွန်မ နောက်တစ်ခါ တက်တက်ကြွကြွမရှိတော့ဘဲ အမြဲတမ်း နောက်ဆုံးမှ စကားပြောဖို့ စောင့်ခဲ့တယ်။ တရားဒေသနာတွေ ဆွေးနွေးရမှာကိုလည်း ကျွန်မ ပိုပိုပြီး ကြောက်လာတယ်၊ ကျွန်မရဲ့ အားနည်းချက်တွေ ဖော်ထုတ်ခံရမှာကို အမြဲတမ်း ကြောက်ခဲ့တယ်။ အမြင်တစ်ခုခု ပြောရတိုင်းမှာ ဖိအားအရမ်းများလာပြီး ဒီတာဝန်ကို မထမ်းဆောင်ချင်တော့တဲ့ အတွေးတွေတောင် ဝင်လာခဲ့တယ်။

တစ်နေ့မှာ တရားဒေသနာတွေမှာရှိတဲ့ ပြဿနာတွေကို ကျွန်မတို့ ဆွေးနွေးနေကြတုန်း ကြီးကြပ်ရေးမှူးက ကျွန်မကို နာမည်တပ်ပြီး အရင်ဆုံးပြောခိုင်းတယ်။ ကျွန်မ ဘာမှမပြောဘဲ နေလိုက်တယ်။ ကြီးကြပ်ရေးမှူးက ပြောတယ်၊ “ညီမက အဖွဲ့ခေါင်းဆောင်လေ။ ဘာလို့ ဘယ်တော့မှ ဦးဆောင်ပြီး မိတ်သဟာယမပြုတာလဲ။ ညီမမှာ ဘာထင်မြင်ချက်မှ မရှိတာလား၊ ဒါမှမဟုတ် ညီမရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ညီမကို ဘောင်ခတ်ထားတာလား” လို့ ပြောခဲ့တယ်။ အဲဒီနောက်မှာ ကြီးကြပ်ရေးမှူးက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာတွေ့ခဲ့တယ်။ “သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မိမိတာဝန်ထမ်းဆောင်ခြင်း၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံး၊ အားအင်ရှိသမျှကို၊ သင်၏ သစ္စာစောင့်သိမှုရှိသမျှကို အသုံးချပြီး သင်လုပ်နိုင်သည့်အရာရာတိုင်းအား ပေးဆပ်လျှင် သင်သည် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နေခြင်းဖြစ်သည်။ သင့်တွင် အတွေး၊ သို့မဟုတ် စိတ်ကူးတစ်ခုရှိလျှင် အခြားသူများသို့ ပြောလော့။ ထိန်းမထားနှင့်၊ သို့မဟုတ် လျှိုမထားနှင့်။ သင်၌ အကြံပြုချက်မျာရှိလျှင် ယင်းတို့ကို ပေးလော့။ သမ္မာတရားနှင့်ကိုက်ညီသည့် မည်သူ၏ စိတ်ကူးကိုမဆို လက်ခံပြီး လိုက်နာရမည်။ ဤအရာကို လုပ်ဆောင်လော့။ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းကို သင် စွမ်းဆောင်ရရှိလိမ့်မည်။ ဤသည်မှာ မိမိတာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်သည့် အဓိပ္ပာယ်ဖြစ်သည်။ သင့်တာဝန်ကို ထမ်းဆောင်ရာတွင် အရာရာတိုင်းကို သင်ကိုယ်တိုင် တာဝန်ယူရန် မလိုအပ်သကဲ့သို့ အလွန်ပင်ပန်းစွာ အလုပ်လုပ်ရန် မလိုအပ်ချေ။ သို့မဟုတ် ‘တစ်ပွင့်တည်းသောပန်း’ မဖြစ်ရပေ၊ သို့မဟုတ် ထူးခြားမနေရပေ။ ထို့ထက် သူတစ်ပါးတို့နှင့် မည်သို့ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရမည်ကို သင်ယူရန် လိုအပ်သည်။ သင်တတ်နိုင်သမျှ လုပ်ဆောင်ရမည်။ သင်၏ တာဝန်များကို ဖြည့်ဆည်းရမည်။ သင်၏ အားအင်အလုံးစုံကို အသုံးပြုရမည်။ ယင်းမှာ သင့်တာဝန်ကိုထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။...သင့်တွင် အားသာချက်အနည်းငယ်သာ ရှိကောင်းရှိနိုင်သည်။ သို့သော် သင်သည် သူတစ်ပါးတို့နှင့် အလုပ်လုပ်နိုင်စွမ်းရှိလျှင်၊ သင့်တော်သော အကြံပြုချက်များကို လက်ခံနိုင်လျှင်၊ မှန်ကန်သော အရင်းခံအကြောင်းများရှိပြီး၊ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်နိုင်လျှင် သင်သည် မှန်ကန်သောသူဖြစ်သည်။ တစ်ခါတစ်ရံတွင် ဝါကျတစ်ကြောင်းမျှဖြင့် ပြဿနာတစ်ခုကို သင် ဖြေရှင်းနိုင်ပြီး လူတိုင်းကို အကျိုးဖြစ်စေနိုင်သည်။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရား၏ ဖော်ပြချက်တစ်ခုအပေါ် မိတ်သဟာယဖွဲ့ပြီးနောက်တွင် လူတိုင်းက လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းတစ်ခုရှိပြီး အတူတကွ သဟဇာတဖြစ်စွာ လုပ်ဆောင်နိုင်ကြသည်။ အားလုံးက ဘုံပန်းတိုင်အတွက် ကြိုးပမ်းကြပြီး တူညီသော အမြင်နှင့် ထင်မြင်ချက်များရှိကြသည်။ ထို့ကြောင့် အလုပ်သည် အထူးသဖြင့် ထိရောက်မှုရှိသည်။ သင်သည် ဤအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်ကို မည်သူကမျှ မမှတ်မိခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ သင်က များစွာအားစိုက်ထုတ်ခဲ့သည်ဟု မခံစားရနိုင်သော်လည်း သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်သူ၊ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သောသူဖြစ်သည်ကို ဘုရားသခင်က မြင်လိမ့်မည်။ ဘုရားသခင်က သင်ထိုသို့လုပ်ဆောင်ခဲ့သည်ကို အမှတ်ရလိမ့်မည်။ ဤသည်မှာ သင့်တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းဟု ခေါ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ကြီးကြပ်ရေးမှူးက ဒီလိုပြောပြီး မိတ်သဟာရပြုခဲ့တယ်၊ “ဘုရားသခင်က ကျွန်မတို့ တာဝန်တွေ ထမ်းဆောင်တဲ့အခါမှာ သဟဇာတရှိရှိ ပူးပေါင်းဆောင်ရွက်ဖို့၊ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ ရှိဖို့နဲ့ အသင်းတော်ရဲ့ အလုပ်ကို ကာကွယ်စောင့်ရှောက်ဖို့ တောင်းဆိုတယ်။ ဥပမာ၊ ကျွန်မတို့ အတူတူ တရားဒေသနာတွေကို ဆွေးနွေးတဲ့အခါ ကျွန်မတို့ ရှာတွေ့သလောက် ပြဿနာတွေကို ကိုယ့်သဘောနဲ့ကိုယ် ပြောပြသင့်တယ်၊ ရိုးရိုးသားသား ဖွင့်ဟပြီး အချင်းချင်းရဲ့ အားသာချက်တွေကနေ သင်ယူပြီး ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းသင့်တယ်။ တခြားသူတွေလောက် ပြည့်ပြည့်စုံစုံ မိတ်သဟာယမပြုနိုင်ရင်တောင် အနည်းဆုံးတော့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေက မှန်ကန်တယ်၊ ပြီးတော့ ဒီဖြစ်စဉ်မှာ ကျွန်မတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေတာပဲ။ တကယ်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ဖုံးကွယ်ပြီး ဟန်ဆောင်နေမယ်၊ ကိုယ်ပိုင်အကျိုးစီးပွားကိုပဲ ကာကွယ်နေမယ်ဆိုရင် ဘုရားသခင်က ဒီလိုလုပ်တဲ့လူတွေကို မကြိုက်ဘူး။ ဒါ့အပြင် အားလုံးက အတူတူအလုပ်လုပ်လာတာ တော်တော်လေးကြာပြီဆိုတော့ အချင်းချင်း နားလည်နေကြပြီလေ။ ကျွန်မတို့သာ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ဖုံးကွယ်ပြီး ဟန်ဆောင်နေမယ်၊ ကျွန်မတို့ တိတ်တိတ်နေရင် တခြားသူတွေက ကျွန်မတို့ရဲ့ အားနည်းချက်တွေကို ရှာတွေ့မှာမဟုတ်ဘူးလို့ ထင်နေမယ်ဆိုရင် ဒါက အရမ်းမိုက်မဲတာပဲ။ ကျွန်မတို့က သမ္မာတရား စည်းမျဉ်းတွေအပေါ်မှာ ဘာတိုးတက်မှုမှ ရရှိမှာမဟုတ်တဲ့အပြင် ကျွန်မတို့ရဲ့ တာဝန်ထမ်းဆောင်နိုင်စွမ်းကိုလည်း အဟန့်အတားဖြစ်စေမှာပဲ။ ဒီလိုသာ အချိန်ကြာကြီးဆက်ဖြစ်နေရင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးသွားမှာပဲ” တဲ့။ ကြီးကြပ်ရေးမှူးရဲ့ မိတ်သဟာယကို ကြားတဲ့အခါမှာ ကျွန်မရဲ့ မျက်နှာက ရှက်စိတ်နဲ့ ပူထူသွားတယ်၊ ကျွန်မရဲ့နှလုံးသားကို စူးနစ်သွားသလို ခံစားရတယ်။ ကျွန်မက ဒီအဖွဲ့မှာ တာဝန်ထမ်းဆောင်လာတာ အချိန်အကြာကြီးပဲ၊ ပြဿနာ ဘယ်လောက်ပဲ ရှာတွေ့ပါစေ၊ ရိုးရိုးရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြသင့်ပြီး တက်တက်ကြွကြွ ဆွေးနွေးမှုမှာ လူတိုင်းကို ဦးဆောင်သင့်တယ်။ ဒါဟာ အလုပ်ကို အလေးထားတာဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းရဲ့ သရုပ်သကန်တစ်ခုပဲလေ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ရဲ့ ဂုဏ်သိက္ခာကိုပဲ ထည့်သွင်းစဉ်းစားခဲ့ပြီး ကိုယ့်ရဲ့ အားနည်းချက်တွေကို မှန်မှန်ကန်ကန် သဘောမထားနိုင်ခဲ့ဘူး။ ကိုယ့်အမြင်နဲ့ အတွေးတွေကို အရင်ဆုံးပြောလိုက်ရင် ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဖော်ထုတ်ပြီး ကိုယ့်အစွမ်းအစ နိမ့်ကျတယ်လို့ ထင်သွားစေမှာပဲဆိုပြီး တွေးခဲ့တယ်။ ဒါကြောင့် အားလုံးက သူတို့အမြင်တွေ ပြောပြီးတဲ့အထိ စောင့်ပြီးမှ ကိုယ့်နားလည်မှုနဲ့ ပေါင်းစပ်ခဲ့တယ်။ ဒီနည်းနဲ့ ကျွန်မက ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ တိတိကျကျ ပြောနိုင်မယ်၊ လူတွေက ကျွန်မကို လေးစားအားကျပြီး မျက်နှာပန်းလှရအောင်ပေါ့။ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မက အလုပ်အတွက် မစဉ်းစားခဲ့ဘူး၊ ပြီးတော့ ကျွန်မ အမှားတွေလုပ်မိတဲ့အခါမှာ ရှက်ခဲ့တယ်၊ ဒါကြောင့် ဘယ်သူမှ ကျွန်မကို ထိုးထွင်းမမြင်နိုင်အောင် အဲဒါတွေကို ဖုံးကွယ်ပြီး ဟန်ဆောင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့တယ်။ အကျိုးဆက်ကတော့ ပြဿနာတွေဆွေးနွေးတဲ့အခါ တက်ကြွမှုမရှိဘဲ ထိုင်စောင့်နေပြီး အလုပ်ရဲ့ တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်။ ကျွန်မရဲ့ တာဝန်ကို ကျွန်မ လုံးဝ မထမ်းဆောင်ခဲ့ဘူး။ အဲဒီအစား ကျွန်မက တရားဒေသနာတွေကို ဆွေးနွေးတဲ့ အခွင့်အရေးကို အသုံးချပြီး ကိုယ့်ကိုယ်ကိုယ် ပွဲထုတ်ခဲ့တယ်၊ တခြားသူတွေ လေးစားအားကျအောင် လုပ်ခဲ့တယ်။ ကျွန်မက အမြဲတမ်း နောက်ဆုံးမှ အမြင်ကို ပြောတဲ့သူပဲ။ ကျွန်မပြောတဲ့အမြင်တွေက ပိုပြည့်စုံပြီး သိက္ခာဆယ်ခဲ့ပေမဲ့ ကိုယ့်ရဲ့အားနည်းချက်တွေကိုတော့ မတွေ့နိုင်ခဲ့ဘူး၊ ပြီးတော့ ကိုယ်က ပြဿနာသုံးသပ်ရာမှာ တော်တယ်လို့တောင် ထင်ခဲ့သေးတယ်။ တကယ်တော့ ကိုယ့်အစွမ်းအစက ဘယ်လိုရှိလဲဆိုတာ လူတိုင်းသိကြတယ်၊ ဒါပေမဲ့ ကျွန်မက လူရွှင်တော်တစ်ယောက်လို ဟန်ဆောင်ပြီး ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို သဘောကျနေတုန်းပဲ။ ကျွန်မ တကယ်ကို မိုက်မဲလွန်းခဲ့တာပဲ။

ညဘက်မှာ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ဒီအတောအတွင်းမှာ သမီးက ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက် အမြဲတမ်း အသက်ရှင်ခဲ့ပြီး သမီးရဲ့ အမြင်တွေကို ဖော်ပြဖို့ အမြဲတမ်း ကြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးမှုအပေါ် ဘာနားလည်မှုမှ မရှိသေးပါဘူး။ ကိုယ့်ပြဿနာတွေကို သိမြင်လာအောင် ကိုယ်တော် သမီးကို လမ်းပြပေးပါလို့ တောင်းလျှောက်ပါတယ်” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ အရင်ကဖတ်ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရသွားလို့ ချင့်ချိန်တွေးဆဖို့ ရှာဖွေကြည့်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “လူအချို့မှာ ညံ့ဖျင်းသောအစွမ်းအစကြောင့်၊ သို့မဟုတ် နုံသောကြောင့်၊ ရှုပ်ထွေးသောအတွေးများ မရှိသောကြောင့် စကားသိပ်မပြောခြင်း ဖြစ်သော်လည်း အန္တိခရစ်များက စကားသိပ်မပြောသောအခါတွင် အကြောင်းပြချက် တစ်မျိုးတည်းကြောင့် မဟုတ်ပေ။ ယင်းသည် စိတ်သဘောထားနှင့်သက်ဆိုင်သော ပြဿနာ ဖြစ်သည်။ ၎င်းတို့သည် အခြားလူများနှင့် တွေ့ဆုံသောအခါတွင် စကားပြောခဲပြီး အမှုကိစ္စများအပေါ် ၎င်းတို့၏ အမြင်များကို အလွယ်တကူ မဖော်ပြပေ။ ၎င်းတို့အမြင်များကို အဘယ်ကြောင့် မဖော်ပြသနည်း။ ရှေးဦးစွာ ၎င်းတို့သည် သမ္မာတရားကင်းမဲ့ပြီး အမှုအရာများကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ပေ။ ၎င်းတို့စကားပြောလျှင် အမှားများပြုလုပ်နိုင်ပြီး ၎င်းတို့ကို ရိပ်စားမိခြင်း ခံရနိုင်သည်။ အထင်သေးခံရခြင်းကို ၎င်းတို့ကြောက်ရွံ့သည်။ ထို့ကြောင့် ၎င်းတို့သည် တိတ်ဆိတ်ဟန်ဆောင်ပြီး နက်နဲဟန်ဆောင်ကာ အခြားလူတို့အနေဖြင့် ၎င်းတို့ကို ခန့်မှန်းရန် ခက်ခဲအောင်လုပ်ဆောင်သည်။ အမြော်အမြင်ရှိပြီး သာမန်ထက်ထူးကဲသည့်ပုံစံပေါ်စေသည်။ ဤအယောင်ဆောင်မှုဖြင့် လူတို့သည် အန္တိခရစ်အား လျှော့မတွက်ရဲပေ။ ပြီးလျှင် ၎င်းတို့၏ တည်ငြိမ်သည့်ပုံစံနှင့် ဣ‌န္ဒြေရသော အပြင်ပန်းကို မြင်တွေ့ပြီး လူတို့သည် ၎င်းတို့အား ပို၍ပင် အထင်ကြီးပြီး မစော်ကားရဲပေ။ ဤသည်မှာ အန္တိခရစ်များ၏ စဉ်းလဲသော၊ ကောက်ကျစ်ဆိုးယုတ်သော သွင်ပြင်လက္ခဏာဖြစ်သည်။ ၎င်းတို့၏ အမြင်အများစုသည် သမ္မာတရားနှင့် မကိုက်ညီဘဲ လူသားအယူအဆများနှင့် စိတ်ကူးများသာဖြစ်ကာ လူအများရှေ့ထုတ်ပြရန် မထိုက်တန်သောကြောင့် ၎င်းတို့၏ အမြင်များကို အလွယ်တကူ မဖော်ပြပေ။ ထို့ကြောင့် ၎င်းတို့သည် တိတ်ဆိတ်စွာနေသည်။ စိတ်အတွင်းတွင် ၎င်းတို့သည် လေးစားမှုရရန်အတွက် ၎င်းတို့ ထုတ်လွှတ်နိုင်သည့် အလင်းတစ်ခုခုကို ရရှိဖို့ မျှော်လင့်သည်။ သို့သော် ၎င်းတို့၌ ဤအရာကင်းမဲ့သောကြောင့် သမ္မာတရားအား မိတ်သဟာယဖွဲ့စဉ်တွင် တိတ်ဆိတ်စွာနေကာ ပုန်းကွယ်နေပြီး အခွင့်အရေးကို စောင့်ဆိုင်းနေသော တစ္ဆေတစ်ကောင်ကဲ့သို့ အမှောင်ထဲတွင် ချောင်းနေသည်။ အခြားလူများက အလင်းကို ထုတ်ပြောသည်ကို ၎င်းတို့မြင်သောအခါ ၎င်းတို့၏ ကိုယ်ပိုင်အဖြစ် ပြုလုပ်ရန်အတွက် နည်းလမ်းများကို ရှာပြီး ကြွားဝါရန်အတွက် ယင်းကို အခြားပုံစံဖြင့် ဖော်ပြသည်။ ဤသည်မှာ အန္တိခရစ်များ ကောက်ကျစ်ပုံဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် ထင်ပေါ်ပြီး သာလွန်ရန် ကြိုးပမ်းသည်။ ထိုအခါမှသာ ၎င်းတို့က ကျေနပ်နှစ်သက်ကြသည်။ ၎င်းတို့သည် အခွင့်အရေးမရှိလျှင် ရှေးဦးစွာ သိုသိုသိပ်သိပ်နေပြီး မိမိတို့၏ အမြင်များကို မိမိတို့ဘာသာ သိမ်းထားသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်မှုဖြစ်သည်။ ဥပမာ ဘုရားအိမ်တော်မှ တရားဒေသနာတစ်ပုဒ်ကို ထုတ်ပြန်သောအခါ ဘုရားနှုတ်ကပတ်တော်နှင့်တူသည်ဟု အချို့လူများက ဆိုသည်။ ပြီးလျှင် အခြားသောသူတို့က အထက်မှ မိတ်သဟာယနှင့်ပိုတူသည်ဟု ထင်မြင်သည်။ အတော်အတန်ပင် ရိုးရှင်းသည့်စိတ် ရှိသောသူတို့က ၎င်းတို့စိတ်တွင် ရှိသည့်အရာကို ပြောသည်။ သို့သော် အန္တိခရစ်များက ဤအရာနှင့်ပတ်သက်ပြီး ထင်မြင်ချက်ရှိလျှင်ပင် ဖုံးကွယ်ထားသည်။ ၎င်းတို့သည် အများစု၏ အမြင်ကို ကြည့်ရှုလေ့လာပြီး လိုက်လျှောက်ရန် ပြင်ဆင်ထားသော်လည်း အမှန်တကယ်တွင် ယင်းကို ၎င်းတို့ဘာသာ နှံ့နှံ့စပ်စပ် သဘောမပေါက်နိုင်ပေ။ ဤသို့ပါးနပ်ပြီး ကလိမ်ကျသော လူတို့သည် သမ္မာတရားကို နားလည်နိုင်သလော၊ သို့မဟုတ် စစ်မှန်သော ပိုင်းခြားသိမြင်မှု ရှိသလော။ သမ္မာတရားကို နားမလည်သောသူတစ်ဦးသည် မည်သည့်အရာကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သနည်း။ မည်သည့်အရာကိုမျှ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပေ။ လူအချို့သည် အမှုအရာများကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်သည့်တိုင် လေးနက်ဟန်ဆောင်ကြသည်။ အမှန်တကယ်တွင် ၎င်းတို့သည် ပိုင်းခြားသိမြင်မှုကင်းမဲ့ပြီး အခြားလူများက ၎င်းတို့အား ရိပ်စားမိမည်ကို စိုးရိမ်ကြသည်။ ဤသို့သော အခြေအနေ၌ မှန်ကန်သော သဘောထားမှာ ‘ဤအမှုကိစ္စကို ငါတို့ မသိမြင်နိုင်။ ငါတို့မသိသည့်အတွက် ပေါ့ဆစွာ မပြောဆိုသင့်။ မမှန်ကန်စွာပြောဆိုခြင်းသည် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိနိုင်သည်။ အထက်ကပြောသည့်အရာကို ငါစောင့်ကြည့်မည်’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ ရိုးသားစွာပြောဆိုခြင်းမဟုတ်လော။ ဤသည်မှာ ရိုးရှင်းသော ဘာသာစကားဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်များက အဘယ်ကြောင့် မပြောသနည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ကန့်သတ်ချက်များကို သိမြင်လျက် ရိပ်စားမိခြင်းအား မခံလိုပေ။ သို့သော် ဤအရာ၏ နောက်ကွယ်တွင် စက်ဆုပ်ဖွယ် ရည်ရွယ်ချက်တစ်ခုလည်း ရှိသည်။ လေးစားခြင်းခံရရန် ဖြစ်သည်။ ဤသည်မှာ ရွံရှာဖွယ်အဖြစ်ဆုံးသောအရာ မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆) ဘုရားသခင်က အန္တိခရစ်တွေဟာ ကောက်ကျစ်ပြီး စဉ်းလဲတယ်လို့ ဖော်ထုတ်ခဲ့တယ်။ သူတို့က အလေ့အထအရ စကားနည်းတဲ့အခါ ရိုးအပြီး အတွေးအခေါ်မရှိလို့ မဟုတ်ဘူး။ အဲဒီအစား သူတို့မှာ သမ္မာတရားမရှိဘဲ အမှုအရာတွေကို ထိုးထွင်းမမြင်နိုင်လို့ပဲ။ ဒါပေမဲ့ သူတို့က ကိုယ့်ရဲ့လိုအပ်ချက်တွေ မထုတ်ဖော်မိအောင်လို့ ကိုယ့်ကိုယ်ကိုယ် နက်နဲသလို ဟန်ဆောင်ကြတယ်။ သူတို့က တခြားလူတွေရဲ့ အတွေးအခေါ်တွေနဲ့ ထိုးထွင်းသိမြင်မှုတွေကို ခိုးယူပြီး ကိုယ့်ကိုယ်ကိုယ် ပွဲထုတ်ပြီး ကြွားဝါဖို့ အခွင့်အရေးကို စောင့်ကြတယ်။ သူတို့ရဲ့ သဘာဝက အရမ်းကို ဆိုးညစ်တာပဲ။ ကျွန်မရဲ့ အခြေအနေက ဘုရားသခင် ဖော်ထုတ်ခဲ့တာနဲ့ တစ်ထပ်တည်းပဲ။ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို အချိန်အကြာကြီး ထမ်းဆောင်လာတာတောင် လိုအပ်ချက်တွေ အများကြီး ထုတ်ဖော်နေတာကို မြင်လိုက်ရတော့ ညီအစ်ကိုမောင်နှမတွေက ကိုယ့်ကို အထင်သေးမှာကို စိုးရိမ်ခဲ့တယ်၊ ပြီးတော့ အမှားတွေထပ်လုပ်မိပြီး နောက်တစ်ခါ အရှက်ကွဲရမှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် ပြဿနာတွေဆွေးနွေးတဲ့အခါ ကိုယ့်မှာ ရှင်းလင်းတဲ့အမြင်တချို့ ရှိနေတာတောင်မှ ကိုယ့်အမြင်တွေကို မိတ်သဟာယမပြုခဲ့ဘူး၊ အလေးအနက် စဉ်းစားနေသလိုတောင် ဟန်ဆောင်ခဲ့တယ်၊ ကိုယ်က နောက်ဆုံးကျန်ပြီး လူတိုင်းရဲ့အမြင်တွေကို ပေါင်းစပ်နိုင်မဲ့အထိ တမင် အချိန်ဆွဲခဲ့တယ်။ ဒီလိုဆိုရင် ကျွန်မပြောတဲ့အမြင်က မှားနေရင်တောင်မှ အားလုံးက မှားတာဖြစ်သွားပြီး ကျွန်မလည်း မျက်နှာမပျက်တော့ဘူးပေါ့။ တကယ်လို့ ကျွန်မက မှန်ခဲ့ရင်လည်း ကျွန်မပြောတာက ညီအစ်မတွေပြောတာထက် ပိုကောင်းပြီး ပိုပြည့်စုံနေမှာ။ ဒီလိုဆိုရင် ကျွန်မက ငယ်ပေမဲ့ အစွမ်းအစကောင်းပြီး ပြဿနာတွေကို သုံးသပ်နိုင်တယ်ဆိုတာကို လူတိုင်းကို ပြမှာပဲ၊ အဲဒါက ကျွန်မကိုကျွန်မ လူမြင်ကောင်းစေမှာပဲပေါ့။ တကယ်တော့ ကျွန်မက ပြဿနာတွေကို ပြည့်ပြည့်စုံစုံမမြင်ဘူး၊ အစွမ်းအစကလည်း နိမ့်ကျတယ်၊ ဒါပေမဲ့ ဒါကို မှန်မှန်ကန်ကန် ရင်မဆိုင်နိုင်ခဲ့ဘူး။ လူတွေကို လှည့်စားပြီး အထင်အမြင်မှားစေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အစွမ်းအစကောင်းရှိတဲ့သူတစ်ယောက်လို အမြဲတမ်း ဟန်ဆောင်ချင်ခဲ့တယ်။ ကျွန်မ တကယ်ကို ဆိုးညစ်ပြီး လှည့်ဖြားတတ်ခဲ့တာပဲ။ ကျွန်မထုတ်ဖော်ခဲ့တာက ဘုရားသခင်ရဲ့ ရွံရှာစက်ဆုပ်ခြင်းကို ခံရစေတဲ့ အန္တိခရစ်ရဲ့ စိတ်သဘောထားပဲ။

ဝတ်ပြုခြင်းအချိန်မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ပြီး ကိုယ့်အခြေအနေရဲ့ နောက်ကွယ်က အရင်းအမြစ်ကို နားလည်မှုတချို့ ရလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိသားစုရှိ အကြီးအကဲများက သင့်အား ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟု မကြာခဏ ပြောဆိုသည့်အခါ ယင်းမှာ သင်သည် မိမိကိုယ်ကို အမြင်ကောင်းအောင် ပြုလုပ်ခြင်း၊ လေးစားဖွယ်ကောင်းသော ဘဝဖြင့် နေထိုင်ခြင်းတို့ကို အရေးထားစေရန်နှင့် သင့်အပေါ် ဂုဏ်သိက္ခာကျဆင်းစေမည့် အမှုအရာများကို မလုပ်ဆောင်စေရန် ဖြစ်သည်။ သို့ဆိုလျှင် ဤစကားသည် လူတို့ကို အပြုသဘောဆောင်သော နည်းလမ်းဖြင့် လမ်းညွှန်သလော သို့မဟုတ် အပျက်သဘောဆောင်သော နည်းလမ်းဖြင့် လမ်းညွှန်သလော။ ယင်းက သင့်ကို သမ္မာတရားဆီသို့ ပို့ဆောင်နိုင်သလော။ ယင်းက သင့်ကို သမ္မာတရားကို နားလည်စေရန် ပို့ဆောင်နိုင်သလော။ (မဖြစ်နိုင်ပါ၊ မပို့ဆောင်နိုင်ပါ။) အသေအချာဆုံးမှာမူ မပို့ဆောင်နိုင်ခြင်းပင်ဖြစ်သည်။ ဘုရားသခင်က လူတို့အပေါ် လိုအပ်သည့်အရာမှာ ၎င်းတို့ ရိုးသားရန် ဖြစ်သည်။ သင်သည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်ခဲ့သည့်အခါ၊ သို့မဟုတ် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အခါ၊ သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြီး သမ္မာတရားနှင့် ဆန့်ကျင်သောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အခါ သင်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်၊ သင်၏အမှားကို သိရှိရန်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စိတ်ဖြာလေ့လာဆွေးနွေးရန် လိုအပ်သည်၊ ဤနည်းလမ်းဖြင့်သာ သင်သည် စစ်မှန်သော နောင်တကို ရရှိနိုင်ပြီး ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပြုမူနိုင်မည်ဖြစ်သည်။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ရန် လူတို့သည် မည်သို့သော စိတ်နေသဘောထားမျိုးကို ပိုင်ဆိုင်ရန် လိုအပ်သနည်း။ လိုအပ်သော စိတ်နေသဘောထားနှင့် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော စကားဖြင့် စံနမူနာပြထားသည့် ရှုမြင်ပုံအကြားတွင် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိသလော။ (ရှိပါသည်။) အဘယ်သို့ ကွဲလွဲမှုရှိသနည်း။ ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော ဆိုရိုးသည် လူတို့အား ၎င်းတို့၏ တောက်ပပြီး အရောင်အသွေးစုံလင်သောဘက်ကို အသက်ရှင်နေထိုင်ရန်နှင့် မကောင်းသော သို့မဟုတ် ဂုဏ်သိက္ခာမဲ့သော အမှုအရာများကို လုပ်ဆောင်ခြင်း သို့မဟုတ် ၎င်းတို့၏ အကျည်းတန်သောဘက်ကို ဖော်ထုတ်ခြင်းအစား ၎င်းတို့ကို အကောင်းမြင်စေသည့် အမှုအရာများကို ပိုမိုလုပ်ဆောင်ရန် အရေးထားစေဖို့နှင့် ၎င်းတို့ကို လေးစားဖွယ်မကောင်းသော သို့မဟုတ် ဂုဏ်သိက္ခာမရှိသော ဘဝဖြင့် နေထိုင်ခြင်းမှ တားဆီးဖို့ ရည်ရွယ်သည်။ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက်၊ လူတစ်ဦး၏ ပုံရိပ်ကို ပြောင်မြောက်စေရန်အတွက်၊ လူတစ်ဦးသည် မိမိ၏ အမှောင်ဘက်နှင့် ရှက်ဖွယ်ကောင်းသော ကဏ္ဍများအကြောင်းကို အခြားသူများအား ပြောပြရန် မဆိုထားနှင့်၊ မိမိကိုယ်ကို လုံးဝတန်ဖိုးမရှိသူအဖြစ်ပင် မပြောဆိုနိုင်ပေ၊ အကြောင်းမှာ လူတစ်ဦးသည် လေးစားဖွယ်ကောင်းပြီး သိက္ခာရှိသော ဘဝဖြင့် နေထိုင်ရမည်ဖြစ်ပြီး ဂုဏ်ရှိရန်အတွက် ဂုဏ်သိက္ခာကို လိုအပ်ကာ ဂုဏ်သိက္ခာရှိရန်အတွက် ဟန်ဆောင်ပြီး မိမိကိုယ်ကို ပြင်ဆင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းနှင့် မကွဲလွဲပေလော။ (ကွဲလွဲပါသည်။) သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်နေသည့်အခါ ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော စကားကို သင် စွန့်လွှတ်ပြီးဖြစ်သည်။ သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်လိုပါက သင်၏ ပုံရိပ်ကို အရေးမထားနှင့်၊ လူတစ်ဦး၏ ပုံရိပ်သည် တစ်ပြားတစ်ချပ်မျှ မတန်ပေ။ သမ္မာတရားနှင့် ရင်ဆိုင်ရသည့်အခါ လူတစ်ဦးသည် ဟန်ဆောင်ခြင်း သို့မဟုတ် အယောင်ဆောင် မျက်နှာဖုံးတစ်ခု ဖန်တီးခြင်းမပြုဘဲ မိမိကိုယ်ကို ဖော်ထုတ်သင့်သည်။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော အတွေးအခေါ်များ၊ မိမိလုပ်ဆောင်ခဲ့သော အမှားများ၊ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် ကဏ္ဍများနှင့် အခြားအရာများကို ဘုရားသခင်ထံ ထုတ်ဖော်ပြသရမည်ဖြစ်ပြီး ဤအရာများကို မိမိ၏ ညီအစ်ကိုမောင်နှမများထံတွင်လည်း အရှိအတိုင်း ပြောပြရမည်။ ယင်းမှာ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စမဟုတ်ဘဲ ထိုအစား ရိုးသားသောသူတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ သမ္မာတရားကို လိုက်စားရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး ကယ်တင်ခြင်းခံရရန်အတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စဖြစ်သည်။ သို့သော် သင်သည် ဤသမ္မာတရားကို နားမလည်သည့်အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သည့်အခါတွင်လည်းကောင်း သင်၏ မိသားစုမှ သင့်အပေါ် ပုံစံသွင်းပေးခဲ့သော အရာများသည် သင်၏ စိတ်နှလုံးထဲတွင် အဓိကနေရာယူလေ့ရှိသည်။ သို့ဖြစ်၍ သင်သည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်သည့်အခါ ‘ကျွန်ုပ်သည် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနိုင်၊ ပြီးလျှင် ဤအကြောင်းကို သိသော အခြားမည်သူ့ကိုမျှလည်း လူများကို ပြောခွင့်မပြုပါ။ သင်တို့ထဲမှ တစ်စုံတစ်ဦးက တစ်စုံတစ်ယောက်ကို ပြောလျှင် သင့်ကို ကျွန်ုပ် အလွယ်တကူ ခွင့်လွှတ်မည်မဟုတ်။ ကျွန်ုပ်၏ ဂုဏ်သိက္ခာသည် ဦးစားပေးဖြစ်သည်။ အသက်ရှင်ခြင်းသည် အခြားမည်သည့်အရာအတွက်မျှ မဟုတ်ဘဲ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက်သာဖြစ်ပြီး ယင်းမှာ အခြားမည်သည့်အရာထက်မဆို ပို၍ အရေးကြီးသည်။ လူတစ်ဦးတွင် ဂုဏ်သိက္ခာမရှိလျှင် ၎င်းတို့၏ ဂုဏ်အားလုံးကို ဆုံးရှုံးသည်။ ထို့ကြောင့် သင်သည် အမှန်အတိုင်း မပြောဆိုနိုင်၊ သင်သည် ဟန်ဆောင်ရမည်၊ အမှုအရာများကို ဖုံးကွယ်ထားရမည်၊ သို့မဟုတ်ပါက သင်သည် ဂုဏ်သိက္ခာ သို့မဟုတ် ဂုဏ် မရှိတော့ဘဲ သင်၏ အသက်တာသည် တန်ဖိုးမဲ့သွားလိမ့်မည်။ မည်သူမျှ သင့်ကို မလေးစားလျှင် သင်သည် တန်ဖိုးမရှိသူသာဖြစ်သည်၊ သင်သည် အပေါစား အမှိုက်သရိုက်သာ ဖြစ်သည်’ ဟု တွေးတောလျက် ယင်းကို သင် ဖုံးကွယ်ပြီး ဟန်ဆောင်လေသည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရိုးသားသောသူတစ်ဦး ဖြစ်လာရန် ဖြစ်နိုင်ချေရှိသလော။ အပြည့်အဝ ဖွင့်ဟပြီး သင့်ကိုယ်သင် ပိုင်းခြားစိစစ်ဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သိသာစွာပင် ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသည့် ဆိုရိုးစကားကို လိုက်နာနေခြင်းဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဤဆိုရိုးစကားကို လက်လွှတ်လျှင် ယင်းသည် သင့်အား ထိခိုက်မှုရှိမည်မဟုတ်တော့ပေ။ ယင်းသည် သင်၏ ဆောင်ပုဒ်၊ သို့မဟုတ် အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် သင်၏ စည်းမျဉ်းဖြစ်တော့မည်မဟုတ်ပေ။ ထိုအစား သင်လုပ်ဆောင်သည့်အရာသည် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသည့် ဆိုရိုးစကား၏ ဆန့်ကျင်ဘက် အတိအကျပင် ဖြစ်လိမ့်မည်။ သင်သည် သင်၏ ဂုဏ်သိက္ခာအတွက် အသက်ရှင်မည်မဟုတ်သကဲ့သို့ သင်၏ သိက္ခာအတွက်လည်း အသက်ရှင်မည်မဟုတ်ပေ။ ထိုအစား သင်သည် သမ္မာတရားအား လိုက်စားခြင်း၊ ရိုးသားသူတစ်ဦးဖြစ်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအဖြစ် အသက်ရှင်ရန် အားထုတ်ခြင်းတို့အတွက် အသက်ရှင်လိမ့်မည်။ သင်သည် ဤစည်းမျဉ်းကို လိုက်နာလျှင် သင့်မိသားစုကသင့်အပေါ် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများကို လက်လွှတ်ပြီးဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ငယ်ငယ်ကတည်းက အမေက ကျွန်မကို သင်ပေးခဲ့တာကို သတိရသွားတယ်၊ လူဆိုတာ ဘဝမှာ သိက္ခာဆည်ရတယ်၊ ကိုယ့်ရဲ့မကောင်းတဲ့ဘက်ကို ဘယ်တော့မှ အပြင်လူကို မပြရဘူး၊ မဟုတ်ရင် သူတို့က အထင်သေးကြမှာတဲ့။ အဲဒီအချိန်ကစပြီး “သစ်တစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဆိုတဲ့ စာတန်ရဲ့ အဆိပ်အတောက်က ကျွန်မရဲ့စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သွားခဲ့တယ်။ လူဆိုတာ အသက်ရှင်နေသရွေ့ သိက္ခာဆည်ရမယ်၊ ကိုယ့်ရဲ့လိုအပ်ချက်တွေနဲ့ အားနည်းချက်တွေကို ဘယ်တော့မှ ပေါ့ပေါ့ဆဆ မဖော်ထုတ်ရဘူး၊ အဲဒီလိုလုပ်ရင် ကိုယ့်တန်ဖိုးကို လျော့ကျစေပြီး တည်ကြည်မှုနဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးစေမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒီအတွေးအခေါ်တွေနဲ့ အမြင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ သိက္ခာဆည်ဖို့ကို ကျွန်မ အထူးပဲ အာရုံစိုက်ခဲ့တယ်၊ ကိုယ့်ရဲ့အားနည်းချက်တွေနဲ့ လိုအပ်ချက်တွေကို ဘယ်တော့မှ ပေါ့ပေါ့ဆဆ မဖော်ထုတ်ခဲ့ဘူး၊ ဖုံးကွယ် သိုဝှက်ဖို့ နည်းလမ်းတွေရှာဖို့တောင် ကြိုးစားခဲ့တယ်။ ဥပမာအနေနဲ့ ကျောင်းတက်တုန်းကပေါ့၊ မေးခွန်းတချို့ကို ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပေမဲ့ တခြားသူတွေကို မေးလိုက်ရင် မျက်နှာပျက်ပြီး အနှိမ်ခံရမှာစိုးလို့ ကျွန်မ မမေးခဲ့ဘူး။ အခု တာဝန်ထမ်းဆောင်တဲ့အခါမှာလည်း ဒီအတိုင်းပဲ။ အားလုံးအတူတူ ပြဿနာတွေဆွေးနွေးတာက အချင်းချင်းရဲ့ နားလည်မှုနဲ့ အမြင်တွေကို ဖလှယ်ဖို့ပဲလေ။ ကျွန်မတို့က နားလည်သလောက် ပြောသင့်တယ်။ ပိုမိတ်သဟာယပြုလေ ပိုရှင်းလင်းလေပဲ၊ ပြီးတော့ ပြဿနာတွေကို ပိုပြီးပြည့်ပြည့်စုံစုံ မြင်ရတယ်။ ဒါက အလုပ်အတွက် အကျိုးရှိသလို အချင်းချင်းရဲ့လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်တယ်။ ဒါပေမဲ့ ကျွန်မက အမှားများများလုပ်မိရင် ကိုယ့်အစွမ်းအစ နိမ့်ကျတယ်လို့ ထင်သွားစေမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကိုယ့်အမြင်ကို ပြောတဲ့အခါ အရမ်းသတိထားတယ်။ စကားတစ်ခွန်းမပြောခင် ဦးနှောက်ထဲမှာ အခေါက်ခေါက်အခါခါ စဉ်းစားရတယ်၊ သတိမထားမိလို့ အရှက်ကွဲရမှာကို ကြောက်နေခဲ့တာ။ ကျွန်မက ပြဿနာတွေကို ပြည့်ပြည့်စုံစုံ မမြင်နိုင်ဘူးဆိုတာ ရှင်းနေပေမဲ့ ကိုယ့်အမြင်ကို အမှန်အတိုင်း မပြောရဲခဲ့ဘူး။ အထင်ကြီးလေးစားခံရဖို့ဆိုတဲ့ ရည်မှန်းချက်အောင်မြင်အောင် တခြားသူတွေရဲ့ နားလည်မှုနဲ့ အမြင်တွေကိုတောင် ကိုယ့်အတွက် ခိုးယူချင်ခဲ့သေးတယ်။ ကြီးကြပ်ရေးမှူးက ကျွန်မကို ဦးဆောင်ပြီး မိတ်သဟာယပြုခိုင်းတဲ့အခါမှာ တက်တက်ကြွကြွ မိတ်သဟာယပြုမယ့်အစား အချိန်ဖြုန်းပြီး တိုးတက်မှုနှောင့်နှေးစေတာကိုပဲ ပိုသဘောကျခဲ့တယ်။ ကိုယ့်အမြင်ကို ပြောရမှာက အရမ်းနာကျင်စရာကောင်းတယ်လို့ ခံစားခဲ့ရပြီး တာဝန်ကို စွန့်လွှတ်ဖို့တောင် စဉ်းစားခဲ့တယ်။ သိက္ခာဆည်ရတာကို တာဝန်ထမ်းဆောင်ခြင်းနဲ့ သမ္မာတရားလက်တွေ့လုပ်ဆောင်ခြင်းထက် ပိုတန်ဖိုးထားခဲ့တယ်။ ဒီစာတန်ဆန်တဲ့ အဆိပ်တွေနဲ့ နေထိုင်ခြင်းက ကျွန်မကို အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်အောင် လုပ်ခဲ့တယ်၊ ရိုးရိုးရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်းပြောလိုက်ရင် ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲစေမယ်၊ မှားတဲ့အမြင်တစ်ခု ပြောလိုက်မိရင် အရမ်းရှက်စရာကောင်းမှာပဲလို့ အမြဲတမ်း ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်က အဲဒီလိုမမြင်ဘူး။ ဘုရားသခင်က ကျွန်မတို့ကို ရိုးသားတဲ့သူတွေ ဖြစ်စေချင်တယ်၊ ကိုယ့်ရဲ့ အတွေးအမြင်အမှန်တွေကို အရှိအတိုင်း ဖော်ပြစေချင်တယ်၊ နားလည်သလောက် မိတ်သဟာယပြုစေချင်တယ်၊ ပွင့်ပွင့်လင်းလင်း ကျင့်ကြံပြုမူစေချင်တယ်၊ အဲဒီလိုမှသာ ဂုဏ်သိက္ခာရှိရှိ၊ သမာဓိရှိရှိ အသက်ရှင်နိုင်မှာ။ ကျွန်မမှာ လိုအပ်ချက်တွေနဲ့ အားနည်းချက်တွေ အများကြီးရှိတယ်၊ အားလုံးရဲ့ မိတ်သဟာယပြုခြင်းကနေတစ်ဆင့် ကျွန်မရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်တယ်။ ဒါက တကယ်တော့ သမ္မာတရားကို နားလည်ဖို့ ကျွန်မအတွက် အခွင့်အရေးကောင်းတစ်ခုပဲ။ ဒါပေမဲ့ ကျွန်မက အမြဲတမ်း သိက္ခာဆည်ဖို့ ကြိုးစားခဲ့တယ်၊ အပျက်သဘောဆောင်ပြီး မတက်မကြွဖြစ်ခဲ့တယ်၊ သမ္မာတရားကို ရရှိဖို့ အခွင့်အရေးတွေ အများကြီး ဆုံးရှုံးခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေခဲ့တာပဲ။

နောက်ပိုင်းမှာ ကျွန်မက ကိုယ့်ပြဿနာတွေနဲ့ပတ်သက်ပြီး ဆက်လက်ရှာဖွေခဲ့တယ်၊ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကလည်း ပိုရှင်းလင်းလာတယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “ရိုးသားသည့် လူတစ်ဦးဖြစ်ဖို့၊ သင်၏ စိတ်နှလုံးကို အယောက်တိုင်း တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင် တွေးနေသည့် အရာအားလုံးကို မြင်နိုင်ပြီး၊ သင်၏ သရုပ်မှန်ကို ကြည့်ရှုနိုင်ဖို့အလို့ငှာ၊ ဦးစွာပထမ သင်၏ စိတ်နှလုံးကို ဖွင့်ပြရမည်။ သင်သည် မိမိကိုယ်ကိုယ် ရုပ်ဖျက်ဖို့ သို့မဟုတ် ဖုံးကွယ်ဖို့ မကြိုးစားရ။ ထိုအခါမှသာ အခြားလူများက သင့်ကို ယုံကြည်ပြီး ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ယူဆကြလိမ့်မည်။ ဤသည်မှာ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည်။ သင်သည် အမြဲဟန်ဆောင်လျှင် သန့်ရှင်းခြင်း၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်း၊ ကိုယ်ကျင့်စရိုက်မြင့်မားခြင်း ရှိကြောင်း အမြဲအယောင်ဆောင်လျှင်၊ သင်သည် လူတို့အား သင်၏ဖောက်ပြန်ပျက်စီးခြင်းနှင့် သင်၏ချွတ်ယွင်းချက်များကို အမြင်မခံလျှင်၊ လူတို့က သင်သည် တည်ကြည်မှုရှိသည်၊ ကြီးမြတ်သည်၊ မိမိကိုယ်ကို ငြင်းပယ်သည်၊ တရားမျှတသည်၊ အတ္တကင်းခြင်းရှိသည်ဟု ထင်ကြစေရန် သင်သည် လူတို့အား ဟန်ဆောင်ထားသော ရုပ်သွင်ကို ပြလျှင် ဤသည်မှာ လှည့်ဖြားခြင်းနှင့် လိမ်ညာခြင်း မဟုတ်လော။ အချိန်ကြာလျှင် လူတို့သည် သင့်ကို ရိပ်စားမိနိုင်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် အယောင်ဆောင်ခြင်း မပြုနှင့်၊ သို့မဟုတ် သင့်ကိုယ်သင် မဖုံးကွယ်နှင့်။ ထိုသို့ပြုမည့်အစား အခြားသူများ မြင်ဖို့အတွက် မိမိကိုယ်ကိုယ်နှင့် သင်၏စိတ်နှလုံးကို ဖွင့်ချပြလော့။ သင်သည် အခြားသူများမြင်စေရန် သင်၏စိတ်နှလုံးကို ဖွင့်ဟပြနိုင်လျှင်၊ အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သောအရာနှစ်မျိုးလုံးပါဝင်သော သင်၏အတွေးများနှင့် အစီအစဉ်များအားလုံးကို ဖွင့်ချပြနိုင်လျှင် ဤသည်မှာ ရိုးသားမှုမဟုတ်သလော။...ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ ယင်းက လေ့ကျင့်ခြင်း အချိန်ကာလတစ်ခုအပြင် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းခြင်းနှင့် မှီခိုခြင်းတို့လည်း လိုအပ်ပေသည်။ သင်သည် အရာခပ်သိမ်းတွင် စိတ်နှလုံးထဲမှနေ၍ ရိုးရှင်းစွာ၊ ပွင့်လင်းစွာပြောဆိုရန် သင့်ကိုယ်သင် လေ့ကျင့်ရမည်။ ဤကဲ့သို့သော လေ့ကျင့်မှုမျိုးဖြင့် သင် တိုးတက်နိုင်ပေသည်။ သင်သည် အကြီးစား အခက်အခဲကို ကြုံတွေ့လျှင် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်အထိ သင်၏စိတ်နှလုံးထဲတွင်တွန်းလှန်တိုက်ခိုက်ပြီး ဇာတိပကတိကို အောင်မြင်ဖို့ လိုအပ်သည်။ ထိုသို့သင့်ကိုယ်သင် လေ့ကျင့်ရာတွင် နည်းနည်းချင်းဆိုသလို သင်၏ စိတ်နှလုံးသည် တဖြည်းဖြည်း ဖွင့်ဟလာမည်။ သင်သည် ပို၍ပို၍သန့်စင်လာမည်ဖြစ်ကာသင်၏ အပြောနှင့် အလုပ်၏ သက်ရောက်မှုများသည် ယခင်ကထက် ကွာခြားလိမ့်မည်။ သင်၏အလိမ်အညာများနှင့် လှည့်စားမှုများသည် ပို၍ နည်းပါးလာမည်ဖြစ်ကာ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် အသက်ရှင်နိုင်လိမ့်မည်။ ထို့နောက်တွင် သင်သည် အခြေခံအားဖြင့် ရိုးသားသူတစ်ဦး ဖြစ်လာပြီးဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်)ရိုးသားသောလူများက တာဝန်ယူနိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ရေ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများကို အလေးမထားပေ။ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားတို့ကိုသာ ၎င်းတို့ ကာကွယ်ကြ၏။ ၎င်းတို့သည် တစ်ချက်ကြည့်ရုံဖြင့် အောက်ခြေကို မြင်နိုင်သည့် ကြည်လင်သောရေတစ်ခွက်ကဲ့သို့ ကြင်နာပြီး ရိုးသားသော စိတ်နှလုံးများရှိသည်။ ၎င်းတို့၏ လုပ်ရပ်များကလည်း ပွင့်လင်းမြင်သာမှု ရှိလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မနားလည်ခဲ့တာက အသင်းတော်မှာ စုဝေးပြီး မိတ်သဟာယပြုတဲ့အခါ ဒါမှမဟုတ် အလုပ်ဆွေးနွေးတဲ့အခါ ရိုးရိုးရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်းရှိရမယ်၊ ရိုးသားတဲ့သူတစ်ယောက် ဖြစ်ရမယ်၊ ကိုယ့်ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားကို မစဉ်းစားရဘူး၊ ဖုံးကွယ်ဟန်ဆောင်တာမျိုး မလုပ်ရဘူး။ ကိုယ့်တာဝန်မှာ ပြဿနာတစ်ခုခုတွေ့ရင် အဲဒါတွေအကြောင်း ပွင့်ပွင့်လင်းလင်းပြောသင့်တယ်၊ ကိုယ့်အမြင်ကို ပြောပြဖို့ မကြောက်ရဘူး။ ဒါက အသင်းတော်အလုပ်အတွက် အကျိုးရှိပြီး ညီအစ်ကိုမောင်နှမတွေလည်း တစ်ယောက်ကိုတစ်ယောက် ဖြည့်ဆည်းပေးနိုင်တယ်။ အရင်က ကျွန်မက ကိုယ့်ဂုဏ်သိက္ခာရဲ့ ဘောင်ခတ်မှုကို အမြဲခံခဲ့ရပြီး ကိုယ့်အမြင်ကို ထုတ်မပြောရဲခဲ့ဘူး။ တရားဒေသနာတွေ ဆွေးနွေးတိုင်းမှာ ဖိအားအရမ်းများတယ်လို့ ခံစားခဲ့ရတယ်။ ကိုယ့်လိုအပ်ချက်တွေ ဖော်ထုတ်မိမှာစိုးလို့ ကိုယ့်အမြင်ကို ပြောဖို့ အချိန်ဆွဲခဲ့တယ်၊ တိုးတက်မှုကို အကြိမ်ကြိမ်အခါခါ နှောင့်နှေးစေခဲ့တယ်။ ကိုယ့်မှာ တိုးတက်မှုမရှိရုံသာမကဘူး၊ ဘုရားသခင်ကလည်း ကျွန်မကို စက်ဆုပ်ခဲ့တယ်။ ဒါက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းကနေ ရလာတဲ့ ခါးသီးတဲ့အကျိုးဆက်ပဲ။ သခင်ယေရှုပြောခဲ့တာကို ကျွန်မ စဉ်းစားမိတယ်။ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။(ရှင်မဿဲခရစ်ဝင် ၁၈:၃) ဘုရားသခင်က ရိုးသားတဲ့လူတွေကို ချစ်တယ်။ တကယ်လို့ ကိုယ်က ကလေးတစ်ယောက်လို ရိုးရှင်းပြီး ရိုးသားမှုမရှိနိုင်ရင် ကယ်တင်ခြင်းခံရမှာ မဟုတ်ဘူး။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်မ ဘုရားသခင်ဆီ ခဏခဏ ဆုတောင်းခဲ့တယ်၊ ကိုယ်တော် ကျွန်မရဲ့စိတ်နှလုံးကို စိစစ်ပေးပြီး ယုံကြည်ခြင်းနဲ့ ခွန်အားကို ပေးသနားပါလို့ တောင်းလျှောက်ခဲ့တယ်။ ကျွန်မက ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားကို စွန့်လွှတ်ဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ရိုးသားတဲ့လူတစ်ယောက် ဖြစ်ဖို့၊ ကျွန်မ နားလည်သလောက် ပြောဖို့၊ ရိုးရိုးသားသား ဖွင့်ဟဖို့နဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို မကာကွယ်တော့ဖို့ ဆန္ဒရှိခဲ့တယ်။

မကြာခင်မှာ ကျွန်မ တခြားနေရာတစ်ခုကို စာနဲ့ပတ်သက်တဲ့ တာဝန်တွေ ထမ်းဆောင်ဖို့ သွားခဲ့တယ်။ တစ်ခါမှာ တရားဒေသနာတစ်ခုကို ဆွေးနွေးတဲ့အခါမှာ အဲဒီထဲက ပြဿနာတစ်ခုကို ကျွန်မ ရှင်းရှင်းလင်းလင်း ထိုးထွင်းမမြင်နိုင်ခဲ့ဘူး။ အကြိမ်ကြိမ်ဖတ်ပြီးတဲ့နောက်မှာတောင် နည်းနည်းရှုပ်ထွေးနေတုန်းပဲ၊ ဒါနဲ့ ကိုယ့်အမြင်ကို ပြောဖို့ ချီတုံချီတုံ ဖြစ်နေခဲ့တယ်။ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတာနဲ့အမျှ ကျွန်မ ပိုပြီး စိုးရိမ်လာခဲ့တယ်။ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ ဒီမေးခွန်းနဲ့ပတ်သက်ပြီး သိပ်မရှင်းလင်းသေးဘူး။ ငါ အဲဒီအကြောင်း တစ်ခုခုပြောသင့်လား။ ခုတစ်လော တရားဒေသနာတွေဆွေးနွေးတဲ့အခါ ငါပြောခဲ့တဲ့အမြင်တွေမှာ လမ်းလွဲမှုတချို့ ခဏခဏ ရှိခဲ့တယ်။ ဒီတစ်ခါ ထပ်ပြီး မှားပြောမိရင် ဘယ်လိုလုပ်မလဲ။ ကြီးကြပ်ရေးမှူးနဲ့ ငါ့တွဲဖက်ညီအစ်မက ငါ့ကို ဘယ်လိုထင်သွားကြမလဲ။ ငါ့အစွမ်းအစက တော်တော်ညံ့ပြီး ဒီတာဝန်အတွက် အရည်အချင်းမမီဘူးလို့ သူတို့ ထင်သွားကြမလား။ ငါ့တွဲဖက်ညီအစ်မ အရင်ပြောတာကို စောင့်လိုက်ရင် ကောင်းမယ်။ သူ့အမြင်ကို နားထောင်ပြီးမှ ငါပြောသင့်မပြောသင့် ဆုံးဖြတ်မယ်” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မသာ နောက်ထပ် အချိန်ဆွဲနေရင် အချိန်ဖြုန်းရာကျမှာပဲလို့ ကျွန်မ တွေးခဲ့တယ်။ ကျွန်မ စိတ်နှလုံးထဲမှာ တိတ်တိတ်လေး ဆုတောင်းခဲ့တယ်၊ ဘုရားသခင်ကို ကျွန်မရဲ့စိတ်နှလုံးကို ငြိမ်သက်စေဖို့၊ ဂုဏ်သိက္ခာရဲ့ ချည်နှောင်မှုကနေ လွတ်မြောက်ပြီး နားလည်သလောက် မိတ်သဟာယပြုနိုင်ဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ သတိရလိုက်တယ်။ “အယောင်ဆောင်ခြင်း မပြုနှင့်၊ သို့မဟုတ် သင့်ကိုယ်သင် မဖုံးကွယ်နှင့်။ ထိုသို့ပြုမည့်အစား အခြားသူများ မြင်ဖို့အတွက် မိမိကိုယ်ကိုယ်နှင့် သင်၏စိတ်နှလုံးကို ဖွင့်ချပြလော့။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်)ရိုးသားသောလူများက တာဝန်ယူနိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ရေ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများကို အလေးမထားပေ။ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားတို့ကိုသာ ၎င်းတို့ ကာကွယ်ကြ၏။ ၎င်းတို့သည် တစ်ချက်ကြည့်ရုံဖြင့် အောက်ခြေကို မြင်နိုင်သည့် ကြည်လင်သောရေတစ်ခွက်ကဲ့သို့ ကြင်နာပြီး ရိုးသားသော စိတ်နှလုံးများရှိသည်။ ၎င်းတို့၏ လုပ်ရပ်များကလည်း ပွင့်လင်းမြင်သာမှု ရှိလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဘုရားနှုတ်ကပတ်တော်က ကျွန်မစိတ်နှလုံးထဲမှာ ခွန်အားတွေ ပေးခဲ့တယ်။ ဒီပြဿနာကို ကျွန်မ ထိုးထွင်းမမြင်နိုင်ပေမဲ့ ကိုယ့်မှာ ကိုယ်ပိုင်အမြင်တော့ ရှိတယ်။ ငါ သတ္တိရှိရမယ်၊ စိတ်ထဲရှိတဲ့အတိုင်း ပြောရမယ်၊ ဖုံးကွယ်ဟန်ဆောင်တာတွေကို ရပ်ရမယ်။ ဒီလိုနဲ့ ကျွန်မက ကိုယ့်အမြင်တွေကို ဝေမျှပြီး ကိုယ့်ရဲ့ မရှင်းလင်းတဲ့အချက်တွေကိုပါ ပြောလိုက်တယ်။ ကြီးကြပ်ရေးမှူးက ကျွန်မအမြင်ရဲ့ အသေးစိတ်အချက်တချို့ကို ဆွေးနွေးပေးခဲ့ပြီး အဲဒီကနေတစ်ဆင့် ကျွန်မ မရှင်းတဲ့ကိစ္စက ဖြေရှင်းပြီးသွားတယ်၊ ပြီးတော့ ကိုယ့်ရဲ့လိုအပ်ချက်တွေနဲ့ အားနည်းချက်တွေကိုလည်း မြင်ခဲ့ရတယ်။ ကိုယ့်အမြင်နဲ့ အတွေးတွေကို ထုတ်ဖော်ပြောဆိုခဲ့မိလို့ ကျွန်မ အရမ်းကို ဝမ်းသာသွားတယ်၊ မဟုတ်ရင် ဒီပြဿနာနဲ့ပတ်သက်ပြီး ကျွန်မ မရှင်းမလင်းဖြစ်နေဦးမှာပဲ။ ဒီခြေလှမ်းကို လှမ်းလိုက်တာက ကိုယ့်လိုအပ်ချက်တွေကို ထုတ်ဖော်ခဲ့ပေမဲ့ ဒါက ကျွန်မရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့လည်း အထောက်အကူဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ အလုပ်အကြောင်း ဆွေးနွေးတာပဲဖြစ်ဖြစ်၊ တရားဒေသနာတွေ ဆွေးနွေးတာပဲဖြစ်ဖြစ် ကျွန်မက အသိစိတ်ရှိရှိနဲ့ ဂုဏ်သိက္ခာကို စွန့်လွှတ်ပြီး နားလည်သလောက် ပြောခဲ့တယ်။ ဒါက ကိုယ့်ရဲ့လိုအပ်ချက်တွေနဲ့ အားနည်းချက်တွေ အများကြီးကို ထုတ်ဖော်ခဲ့ပြီး မျက်နှာတော့ နည်းနည်းပျက်ခဲ့ရပေမဲ့ သက်ဆိုင်ရာ သမ္မာတရား စည်းမျဉ်းတွေအပေါ်မှာ ကျွန်မ ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်လာခဲ့တယ်၊ ပြီးတော့ တာဝန်ထမ်းဆောင်ရာမှာ ထိရောက်မှုကလည်း အများကြီး တိုးတက်လာခဲ့တယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားတဲ့လူတစ်ယောက်ဖြစ်တာက ကျွန်မကို အကျိုးကျေးဇူးတွေ အများကြီး ယူဆောင်ပေးခဲ့တယ်ဆိုတာကို ကျွန်မ အခု တွေ့ကြုံခံစားခဲ့ရပြီ။ တာဝန်ထမ်းဆောင်တဲ့အခါမှာ ဝန်ထုပ်ဝန်ပိုးတွေ အများကြီးနဲ့ သပွတ်အူလိုက်မနေတော့ဘူး၊ ကျွန်မရဲ့စိတ်က အများကြီး ပိုပြီး ရိုးရှင်းလာတယ်။ ကျွန်မရရှိခဲ့တဲ့ လက်တွေ့လုပ်ဆောင်မှုနဲ့ ဝင်ရောက်မှု နည်းနည်းဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်ပွင့်စေမှုနဲ့ လမ်းပြမှုရဲ့ ရလဒ်ပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။