မျက်နှာဖုံးနောက်ကွယ်တွင် ဖုံးကွယ်ထားသောအရာ

15.04.2026

လူရီ၊ တရုတ်ပြည်။

၂၀၂၃ ခုနှစ်၊ မေလတုန်းက အသင်းတော်မှာ ကျွန်မ ပိုစတာဒီဇိုင်းဆွဲတဲ့အလုပ်ကို လုပ်နေခဲ့တယ်။ ခေါင်းဆောင်က ကျွန်မမှာ အရည်အချင်းရှိတာကို သတိထားမိပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်တာဝန်ပေးခဲ့တယ်။ ခေါင်းဆောင်က ကျွန်မကို ယုံကြည်မှုရှိတာမြင်တော့ ကျွန်မ တကယ်ကို ပျော်သွားတာပေါ့။ ဒါပေမဲ့ ကျွန်မမှာ စိုးရိမ်ပူပန်မှုတချို့လည်း ရှိနေခဲ့တယ်။ အရင်တုန်းက ကျွန်မက အဖွဲ့သားတစ်ယောက်ပဲဖြစ်ပြီး အဲဒီနေရာမှာ ကျွမ်းကျင်မှု သိပ်မရှိတာက ပြဿနာကြီးမဟုတ်ပေမဲ့၊ အခု အဖွဲ့ခေါင်းဆောင်ဖြစ်လာတော့ သတ်မှတ်ချက်တွေက ပိုမြင့်လာတယ်လေ။ ကျွန်မရဲ့ လက်ရှိကျွမ်းကျင်မှုအဆင့်က ဒီသတ်မှတ်ချက်တွေကို ပြည့်မီပါ့မလား။ အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ဘဲ တာဝန်ကနေ ဖြုတ်ချခံရရင် ကျွန်မ တော်တော်လေး အရှက်ရမှာ။ ကျွန်မ အဖွဲ့ခေါင်းဆောင် မဖြစ်ခင်တုန်းကဆို ညီအစ်ကိုမောင်နှမတွေက ကျွန်မအပေါ် တော်တော်လေး အကောင်းမြင်ကြတယ်။ ဒါပေမဲ့ ကျွန်မရဲ့ တကယ့်ကျွမ်းကျင်မှုအဆင့်မှန်ကိုသာ သူတို့သိသွားရင်၊ ကျွန်မက ဟန်ဆောင်နေတာပါ၊ တကယ့်ပင်ကိုစွမ်းရည်မရှိပါဘူးလို့ သူတို့ ထင်သွားကြမလား။ အဲဒါက ကျွန်မအပေါ် သူတို့ အကောင်းမြင်တာကို ဖျက်ဆီးလိုက်သလို မဖြစ်သွားဘူးလား။ အဲဒီအချိန်မှာပဲ ခေါင်းဆောင်က ကျွန်မဆွဲထားတဲ့ ရုပ်ရှင်ပိုစတာတစ်ခုမှာ ပြဿနာတချို့ရှိတာကို ထောက်ပြခဲ့တယ်။ ကျွန်မ တော်တော်လေး အရှက်ရပြီး ခေါင်းဆောင်က ကျွန်မကို ဘယ်လိုထင်မလဲဆိုတာ စိတ်ပူမိတယ်။ ကျွန်မရဲ့ ကျွမ်းကျင်မှုက အရမ်းညံ့လွန်းလို့ လမ်းမပြပေးဖို့၊ ကြီးကြပ်မပေးဖို့ ဖြစ်မှာမဟုတ်ဘူးလို့ သူ ထင်သွားမလား။ ဒါကို တွေးမိတော့ ကျွန်မ နည်းလမ်းတစ်ခု ရှာတွေ့ခဲ့တယ်။ ပြဿနာတွေကို ဆွေးနွေးတဲ့အခါ၊ ကျွန်မရဲ့အမြင်ကို အရင်စပြီး မဝေမျှဘဲ တခြားလူတွေကို အရင်ပေးပြောမယ်။ တကယ်လို့ လူတိုင်းရဲ့အမြင်တွေက တူနေရင် ကျွန်မက ထောက်ခံလိုက်မယ်၊ ဒါပေမဲ့ မတူရင်တော့ ကျွန်မက ဘာသိဘာသာပဲ လုပ်နေလိုက်မယ်ပေါ့။ ဒီနည်းနဲ့ဆိုရင် အမှားတွေလုပ်မိရင်တောင်၊ ကျွန်မရဲ့ချို့ယွင်းချက်တွေက ဖော်ထုတ်ခံရမှာမဟုတ်သလို၊ ကျွန်မလည်း သိက္ခာကျမှာ မဟုတ်ဘူးလေ။ တစ်ခါတုန်းက ဒီဇိုင်းတစ်ခုကို ကျွန်မတို့ ဆွေးနွေးနေကြတယ်။ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတချို့ ရှိတယ်လို့ ကျွန်မ ထင်ပေမဲ့ သိပ်တော့မသေချာဘူး။ ကျွန်မ မှားသွားပြီး အထင်သေးခံရမှာကို စိုးရိမ်တာနဲ့ မိတ်သဟာယပြုဖို့ ကျွန်မ ဦးမဆောင်ခဲ့ဘူး။ နောက်ပိုင်း ခေါင်းဆောင်က ကျွန်မသဘောထားကို မေးတဲ့အခါ ကျွန်မ စိတ်လှုပ်ရှားသွားတယ်၊ ဒါပေမဲ့ အပေါ်ယံမှာတော့ တည်ငြိမ်တဲ့ပုံစံမျိုး ဟန်ဆောင်လိုက်တယ်။ ကျွန်မ ပြောလိုက်တယ်။ “ကျွန်မအမြင်ကလည်း တခြားလူတွေနဲ့ အတူတူပါပဲ၊ တခြား ဘာပြဿနာမှ မမြင်ပါဘူး” လို့ပေါ့။ ခေါင်းဆောင်က ခေါင်းညိတ်ပြီး တခြားဘာမှ မပြောတော့ဘူး။ ပြန်စဉ်းစားကြည့်တော့ “ကျွန်မ နားမလည်ဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မရှင်းလင်းဘူး” လို့တောင် ကျွန်မ မပြောနိုင်ခဲ့ဘူး။ ကျွန်မ နည်းနည်း စိတ်မကောင်းဖြစ်မိပေမဲ့ ခဏလောက်ပဲ တွေးပြီးတော့ ခေါင်းထဲကထုတ်လိုက်တယ်။

နောက်တစ်နေ့မှာ ခေါင်းဆောင်နဲ့ ကျွန်မ ဒီဇိုင်းအစီအစဉ်တစ်ခုကို ဆွေးနွေးကြတယ်။ ကျွန်မ နည်းနည်း စိတ်လှုပ်ရှားနေခဲ့တယ်။ ဒီဇိုင်းကို အကြာကြီး ကြည့်နေပေမဲ့ ကျွန်မအမြင်ကို မဝေမျှရဲဘူး။ ကျွန်မသာ မှားသွားရင် ခေါင်းဆောင်က ကျွန်မကို ဘယ်လိုမြင်မလဲဆိုတာ ကြောက်နေခဲ့တာကိုး။ နောက်တစ်ခါကျတော့ ဒီဇိုင်းတစ်ခုမှာ ပြဿနာတွေရှိတာကို ကျွန်မ သတိထားမိပေမဲ့ ဖြေရှင်းချက် မရှိဘူးဖြစ်နေတယ်။ ကျွန်မ ရိုးရိုးသားသား ပြောချင်ပေမဲ့၊ ထုတ်ပြောလိုက်ရင် ခေါင်းဆောင်က ကျွန်မကို ဘယ်လိုထင်မလဲဆိုပြီး စိတ်ပူနေခဲ့တယ်။ ဒီလောက်ရိုးရှင်းတဲ့ပြဿနာကိုတောင် ကျွန်မ ဘာလို့ မဖြေရှင်းနိုင်တာလဲလို့ သူ တွေးမလား။ ကျွန်မရဲ့ကျွမ်းကျင်မှုတွေက ဒီလောက်တောင် လိုအပ်ချက်များနေလားလို့ သူ ထင်သွားမလား။ ဒါကို တွေးမိတော့ ကျွန်မ ရိုးရိုးသားသား မပြောခဲ့ဘူး။ အကြံထုတ်နေသလိုမျိုး ဟန်ဆောင်ပြီး ခေါင်းဆောင်ကို “ဒီဇိုင်းနဲ့ပတ်သက်ပြီး စဉ်းစားဖို့ ကျွန်မ အချိန်နည်းနည်း ပိုလိုတယ်။ ခေါင်းဆောင် ဘယ်လိုထင်လဲဆိုတာ အရင်ပြောပါလား” လို့ ပြောလိုက်တယ်။ ခေါင်းဆောင်က စည်းမျဉ်းတွေအပေါ်အခြေခံပြီး သူ့အတွေးတွေကို ဝေမျှတယ်၊ ပြီးတော့ ကျွန်မအမြင်ကို မေးတယ်။ အဲဒီအချိန်မှာ ကျွန်မ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသလို ခံစားလိုက်ရတယ်။ ကျွန်မ ရိုးသားချင်ပေမဲ့ ပါးစပ်က ပိတ်နေသလိုပဲ။ နောက်ဆုံးတော့ “အဲဒါ ကျွန်မ တွေးနေတာနဲ့ အတိအကျပါပဲ” လို့ ပြောလိုက်တယ်။ အဲဒီလို ပြောပြီးတဲ့နောက်မှာ ယင်ကောင်သေတစ်ကောင်ကို မျိုချလိုက်ရသလိုမျိုး ကျွန်မ အရမ်းကို စိတ်ဆင်းရဲသွားတယ်။ အဲဒါကို သေသေချာချာ ဘယ်လိုပြုပြင်ရမလဲဆိုတာ ကျွန်မ မသိတာ ရှင်းနေတာပဲ၊ ဒါတောင်မှ ကျွန်မက အရည်အချင်းရှိပြီး ပြဿနာကို ခွဲခြမ်းစိတ်ဖြာနိုင်တယ်ဆိုတာ ပြဖို့အတွက် ဘာလုပ်ရမလဲသိသလိုမျိုး ဟန်ဆောင်ခဲ့တယ်။ ကျွန်မက လူတွေကို လှည့်ဖြားပြီး အရူးလုပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။ ကျွန်မ တကယ်ကို စိတ်ဆင်းရဲခဲ့ရတယ်။ တစ်နေ့တာ ကုန်ဆုံးသွားတဲ့အခါ ကျွန်မ ပင်ပန်းနွမ်းနယ်နေပြီး ဘာမှလည်း အကျိုးမထူးခဲ့ပါဘူး။

ကျွန်မ ဝတ်ပြုချိန်တွေမှာ တွေးမိတယ်၊ “ခေါင်းဆောင်နဲ့ ဒီဇိုင်းတွေကို ပြန်သုံးသပ်တာက ကျွန်မရဲ့ကျွမ်းကျင်မှုတွေကို တိုးတက်စေဖို့ အခွင့်အရေးဖြစ်နိုင်တာပဲ။ ဒါက ကောင်းတဲ့ကိစ္စလေ၊ ဒါပေမဲ့ ကျွန်မက လွတ်မြောက်တယ်လို့ ခံစားရမဲ့အစား ဘာလို့ ဒီလောက် ပင်ပန်းနေရတာလဲ” လို့ပေါ့။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်တယ်။ “အဖန်ဆင်းခံတစ်ဦး၏ မှန်ကန်သော နေရာတွင် ရပ်တည်ခြင်းနှင့် သာမန်လူတစ်ဦး ဖြစ်ခြင်းဟူသည်မှာ လုပ်ဆောင်ရန် လွယ်ကူပါသလော။ (မလွယ်ကူပါ။) အခက်အခဲသည် မည်သည့်နေရာတွင် ရှိပါသနည်း။ ဤသို့ ဖြစ်သည်။ လူတို့က မိမိတို့၏ ဦးခေါင်းများသည် ဘုန်းရောင်ဝါနှင့် ဘွဲ့နာမများစွာဖြင့် ဆင်မြန်းခြင်းခံရသည်ဟု အမြဲ ခံစားကြသည်။ သူတို့သည် ကြီးမြတ်သော ပုဂ္ဂိုလ်များနှင့် မဟာလူသားများ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကိုလည်း မိမိတို့ကိုယ်ကို ပေးကြပြီး ဟန်ဆောင်ကာ အယောင်ဆောင် အလေ့အကျင့်များနှင့် အပြင်ပန်း ပြစားမှုများ အားလုံးတွင် ပါဝင်လုပ်ဆောင်ကြသည်။ ဤအရာများကို သင် လက်မလွှတ်ပါက၊ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် ဤအရာများ၏ ဘောင်ခတ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို အမြဲခံရပါက ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် သင် အခက်တွေ့လိမ့်မည်။ သင် နားမလည်သည့် အရာများနှင့်ပတ်သက်သည့် ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်ရန်နှင့် စိုးရိမ်သောကရောက်ခြင်းကို ရပ်တန့်ရန်နှင့် ထိုသို့သော ကိစ္စရပ်များကို ဘုရားသခင်ရှေ့သို့ သာ၍ မကြာခဏ ယူဆောင်ပြီး စစ်မှန်ရိုးသားသည့် စိတ်နှလုံးကို သူ့အား ပူဇော်ဆက်ကပ်ရန် ခက်ခဲလိမ့်မည်။ ဤအရာကို သင် လုပ်ဆောင်နိုင်မည် မဟုတ်။ ယင်းမှာ သင်၏ အဆင့်အတန်း၊ သင်၏ ဂုဏ်ပုဒ်များ၊ သင်၏ ပင်ကိုလက္ခဏာနှင့် ထိုသို့သော အရာများအားလုံးသည် အယောင်ဆောင်ဖြစ်ပြီး မမှန်ကန်သောကြောင့်၊ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်နှင့် ဆန့်ကျင်၊ ကွဲလွဲသောကြောင့် သင့်အနေဖြင့် ဘုရားသခင်ရှေ့သို့ မလာနိုင်ရန်အလို့ငှာ ဤအရာများက သင့်ကို ချည်နှောင်ထားခြင်း ဖြစ်သည်။ ဤအရာများက သင့်ကို မည်သည့်အရာ ဖြစ်စေသနည်း။ မိမိကိုယ်ကို ဟန်ဆောင်ရာတွင်၊ နားလည်သည့်ဟန်ဆောင်ခြင်း၊ တော်တတ်သည့်ဟန်ဆောင်ခြင်း၊ ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ဟန်ဆောင်ခြင်း၊ ကျော်ကြားသူတစ်ဦး ဖြစ်ဟန်ဆောင်ခြင်း၊ အရည်အချင်းရှိဟန်ဆောင်ခြင်း၊ အမြော်အမြင်ရှိဟန်ဆောင်ခြင်းနှင့် အရာရာကို သိဟန်၊ အရာရာကို တတ်စွမ်းနိုင်ပြီး အရာရာကို လုပ်ဆောင်နိုင်ဟန်ဆောင်ခြင်းတွင်ပင် သင့်ကို တော်စေသည်။ အခြားသူများက သင့်ကို ကိုးကွယ်ပြီး လေးစားကြရန်အလို့ငှာ ဤအရာက ထိုသို့ဖြစ်စေခြင်းဖြစ်သည်။ ၎င်းတို့သည် သင့်အပေါ် မှီခိုရင်းနှင့် သင့်ကို အထင်ကြီးလျက် မိမိတို့၏ ပြဿနာအားလုံးဖြင့် သင့်ထံ လာကြလိမ့်မည်။ ထိုသို့ဖြင့် ယင်းမှာ သင်သည် မိမိကိုယ်ကို မီးကင်ရန် မီးပေါ်တွင် ထားသည့်အလား ဖြစ်သည်။ ငါ့ကို ပြောလော့၊ မီးပေါ်တွင် အကင်ခံရခြင်းသည် ခံစားရကောင်းသလော။ (မကောင်းပါ။) သင် နားမလည်သော်လည်း သင် နားမလည်ကြောင်း မပြောဝံ့ချေ။ သင် မရိပ်စားမိနိုင်သော်လည်း မရိပ်စားမိနိုင်ကြောင်း မပြောဝံ့ချေ။ သင်သည် သိသာထင်ရှားစွာ အမှား လုပ်မိသော်လည်း ဝန်မခံဝံ့ချေ။ သင်၏ စိတ်နှလုံးသည် မချိတင်ကဲဝေဒနာ ခံစားရသော်လည်း ‘ဤတစ်ကြိမ် အမှန်တကယ် ကျွန်ုပ်၏ အပြစ်ဖြစ်ပါသည်၊ ဘုရားသခင်နှင့် ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများကို ကျွန်ုပ် အကြွေးတင်ပါသည်။ ဘုရားအိမ်တော်ကို ထိုမျှ ကြီးမားသည့် ဆုံးရှုံးမှုကို ကျွန်ုပ် ဖြစ်စေပြီဖြစ်သော်လည်း လူတိုင်းရှေ့တွင် ရပ်ပြီး ဝန်ခံဖို့ သတ္တိမရှိပါ’ဟု မပြောဝံ့ပေ။ အဘယ်ကြောင့် သင် မပြောဝံ့သနည်း။ သင်က ‘ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို ပေးထားသည့် နာမည်ဂုဏ်သတင်း၊ ဂုဏ်ရှိန်ဂုဏ်ဝါနှင့်အညီ ကျွန်ုပ် အသက်ရှင်ဖို့ လိုအပ်သည်။ ကျွန်ုပ်အတွက် နှစ်များစွာကြာ သူတို့ စွဲကိုင်ထားသည့် စိတ်ထက်သန်သော မျှော်လင့်ချက်များကို မဆိုထားနှင့်၊ ကျွန်ုပ်အတွက် သူတို့၌ရှိကြသည့် အထင်ကြီးလေးစားမှုနှင့် ယုံကြည်ကိုးစားမှုတို့ကို ကျွန်ုပ် သစ္စာဖောက်၍ မရပါ။ ထို့ကြောင့် ကျွန်ုပ် ဆက်လက် ဟန်ဆောင်ရမည်’ဟု ယုံကြည်သည်။ ထိုသို့သော ဟန်ဆောင်မှုတစ်ခုသည် မည်သည့်အရာနှင့် တူသနည်း။ သင်သည် မိမိကိုယ်ကို ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် မဟာလူသားတစ်ဦးအဖြစ် အောင်မြင်စွာ ပြုလုပ်ပြီး ဖြစ်သည်။ ညီအစ်ကို မောင်နှမများက မေးမြန်းရန်၊ တိုင်ပင်ရန်နှင့် မိမိတို့ ရင်ဆိုင်ရသည့် မည်သည့်ပြဿနာမဆိုနှင့် ပတ်သက်၍ သင်၏ အကြံပြုတိုက်တွန်းမှုကို အရေးတကြီး တောင်းခံရန် သင့်ထံ လာချင်ကြသည်။ ၎င်းတို့အနေဖြင့် သင်မရှိဘဲနှင့် အသက်ပင် မရှင်နိုင်ကြသည့်ပုံရသည်။ သို့ရာတွင် သင်၏ စိတ်နှလုံးသည် မချိတင်ကဲဝေဒနာခံစားရသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေမှန်ကို ဖော်ထုတ်လိုက်တယ်။ ခေါင်းဆောင်နဲ့ ဒီဇိုင်းအစီအစဉ်တွေကို ဆွေးနွေးတဲ့အခါ၊ ကျွန်မ ဘယ်တုန်းကမှ လွတ်မြောက်မှု မခံစားခဲ့ရဘူး။ အဓိကအကြောင်းရင်းက ကျွန်မရဲ့သဘာဝက တကယ်ကို မာနထောင်လွှားလွန်းပြီး ကိုယ့်ကိုယ်ကိုယ် အမှားလုပ်ခွင့်မပေးခဲ့လို့ပဲ၊ နားမလည်တာ၊ မလုပ်တတ်တာဆို ပိုဆိုးတာပေါ့။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် မီးကင်သလို ခံစားနေရတယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ပေးခံရကတည်းက၊ ခေါင်းဆောင်က ကျွန်မအပေါ် အကောင်းမြင်ပြီး တန်ဖိုးထားတော့၊ အလုပ်မှာ ချို့ယွင်းချက်တွေ အများကြီး ပေါ်သွားရင် သူများတွေ ကျွန်မကို ဘယ်လိုမြင်မလဲဆိုတာ စိုးရိမ်ခဲ့တယ်။ အထူးသဖြင့် ကျွန်မဆွဲတဲ့ ရုပ်ရှင်ပိုစတာမှာ ပြဿနာတွေ ရှိလာပြီးတဲ့နောက်၊ ကျွန်မ ပိုလို့တောင် သတိထားလာတယ်။ ကိုယ့်ပြဿနာတွေ အများကြီး ပေါ်မသွားအောင် တခြားလူတွေကို သူတို့အမြင်တွေ အရင်ဝေမျှခိုင်းတယ်။ ခေါင်းဆောင်နဲ့ ကျွန်မ ဒီဇိုင်းတွေကို အတူပြန်ကြည့်တဲ့အခါ၊ ပြဿနာတချို့ကို ကျွန်မ တွေ့နိုင်ပေမဲ့၊ မှားသွားမှာကြောက်လို့ ရိုးရိုးသားသား မပြောခဲ့ဘူး။ တစ်ခါတလေ ကိစ္စတွေကို ပြင်ဖို့ အစီအစဉ်မရှိတာ ရှင်းနေပေမဲ့၊ ခေါင်းဆောင်ရဲ့ အထင်သေးတာ မခံရအောင်၊ ကျွန်မက တတ်သိနားလည်သလို ဟန်ဆောင်ပြီး ခေါင်းဆောင်ရဲ့အမြင်ကို ထောက်ခံလိုက်တယ်၊ ကျွန်မလည်း အဲဒီလိုပဲ မြင်ပါတယ်လို့ ပြောလိုက်တယ်။ ကျွန်မ ဟန်ဆောင်နေခဲ့တာပါ။ ကျွန်မ ဗြောင်ကျကျ လှည့်ဖြားနေခဲ့တာ။ “ကျွန်မ နားမလည်ဘူး၊ ဒီကိစ္စကို မရှင်းလင်းဘူး” လို့တောင် မပြောရဲခဲ့ဘူး။ သိက္ခာမကျဖို့ ကျွန်မရဲ့ချို့ယွင်းချက်တွေကို အမြဲ ဖုံးကွယ်ထားခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့စိုးရိမ်ပူပန်မှုက အရမ်းကြီးမားလွန်းနေခဲ့တယ်လေ။ တကယ်တော့၊ ကျွန်မက လေ့ကျင့်ခါစပဲ ရှိသေးတော့ အမှားလုပ်မိတာက လုံးဝပုံမှန်ပါပဲ။ လူတိုင်းက ကျွန်မရဲ့ တကယ့်ကျွမ်းကျင်မှုအဆင့်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်တာပဲ၊ ဒါကြောင့် ဖုံးကွယ်ထားစရာ မလိုပါဘူး။ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ချို့ယွင်းချက်တွေကို မြင်ရင်တောင်၊ သူတို့က ကျွန်မကို အထင်သေးမှာ မဟုတ်ဘူး၊ ကူညီပေးကြမှာပါ။ ဒါပေမဲ့ ကျွန်မက အရာအားလုံးကို သိသလို၊ လုပ်နိုင်သလိုမျိုး ဇွတ်အတင်း ဟန်ဆောင်ခဲ့တယ်။ ကိုယ့်ရဲ့ချို့တဲ့မှုတွေနဲ့ ချို့ယွင်းချက်တွေကို ဖုံးကွယ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ကျွန်မ တော်တော် မိုက်မဲပြီး နုံအခဲ့တာပဲ။ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆက်တိုက် ဖုံးကွယ်ထားပြီး မရိုးသားနိုင်ခဲ့ဘူး။ ဒီလိုပုံစံနဲ့ အသက်ရှင်နေထိုင်ရတာက အရမ်းကို ကြောင်သူတော်ဆန်တယ်၊ ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်လွန်းတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ဖြစ်တယ်။ “အခြေအနေမှာ မည်သို့ဖြစ်ပါစေ ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ အန္တိခရစ်တစ်ဦးသည် ၎င်းအနေဖြင့် အားမနည်းကြောင်း၊ ၎င်းသည် အစဉ် စိတ်ဓာတ်ကြံ့ခိုင်ကာ ယုံကြည်စိတ်ချမှု အပြည့်ရှိ၍ မည်သည့်အခါမျှ အပျက်သဘောမဆောင်ကြောင်း အသွင်အပြင်ကို ကြိုးစားပြီး ပြလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကိုဖြစ်စေ၊ ဘုရားအပေါ် စစ်မှန်သော သဘောထားကိုဖြစ်စေ လူတို့က မည်သည့်အခါမျှ မမြင်စေရန် ဖြစ်၏။...ကြီးမားသော အရာတစ်ခုခုဖြစ်ပေါ်ကာ ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ နားလည်မှုကို တစ်ယောက်ယောက်က မေးလျှင် ၎င်းတို့သည် ၎င်းတို့အမြင်ကို ဖွင့်ပြရန် တွန့်ဆုတ်ကြသည်။ ထိုအစား အခြားလူများကို အရင်ပြောစေသည်။ ၎င်းတို့ တွန့်ဆုတ်သည်မှာ အကြောင်းပြချက်များရှိသည်။ ၎င်းတို့က အမြင်မရှိခြင်းမဟုတ်ဘဲ ၎င်းတို့အမြင်က မှားနေပြီး သူများကြားအောင်ပြောလျှင် အခြားလူများက ပြန်လည်ချေပမည်ဖြစ်ပြီး ၎င်းတို့ကို အရှက်ရစေမည်ကို ၎င်းတို့ စိုးရွံ့ကြခြင်းဖြစ်သည်။ ထို့ကြောင့် မပြောခြင်းဖြစ်သည်၊ သို့မဟုတ်လျှင် ၎င်းတို့တွင် အမြင်မရှိဘဲ အကြောင်းအရာကို ရှင်းရှင်းလင်းလင်းမသိနိုင်၊ ၎င်းတို့အမှားကို လူတို့က လှောင်ရယ်ကြမည်ကို ကြောက်သောကြောင့် ထင်ရာမြင်ရာ မပြောရဲပေ၊ ထို့ကြောင့် တိတ်တဆိတ်နေခြင်းက ၎င်းတို့၏ တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သည်။ အချုပ်အားဖြင့် ၎င်းတို့သည် ၎င်းတို့၏ အရှိအတိုင်းကို ဖွင့်ပြမိမည်ကိုကြောက်သောကြောင့် ၎င်းတို့သည် ဆင်းရဲနွမ်းပါးပြီး သနားစရာကောင်းကြောင်းကို လူတို့မြင်သွားကာ ဤသို့ဖြင့် ၎င်းတို့အပေါ် အခြားလူတို့၏အမြင်ကို သက်ရောက်မည် စိုးသောကြောင့် ၎င်းတို့အမြင်ကို ဖော်ပြရန် မဆိုင်းမတွ ထုတ်မပြောခြင်းဖြစ်သည်။ ထို့ကြောင့် အခြားလူတိုင်းက ၎င်းတို့၏ အမြင်များ၊ အတွေးများ၊ အသိပညာများကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် ၎င်းတို့သည် အဆင့်မြင့်သော၊ ယုတ္တိတန်သော အဆိုများကို ဖမ်းဆုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အမြင်များနှင့် နားလည်မှုတို့အဖြစ် ထုတ်ပြသည်။ ထိုအရာများကို ၎င်းတို့က အနှစ်ချုပ်ပြီး လူတိုင်းကို မိတ်သဟာယဖွဲ့ပေးသည်။ ဤနည်းအားဖြင့် အခြားလူတို့၏ စိတ်နှလုံးထဲတွင် မြင့်မားသော အဆင့်အတန်းကိုရရှိသည်။ အန္တိခရစ်တို့သည် အလွန်အမင်း ပါးနပ်ကြသည်။ ရှုထောင့်အမြင်တစ်ခုကို ဖော်ပြဖို့ အချိန်ရောက်လာသည့်အခါ ၎င်းတို့သည် ၎င်းတို့၏ စစ်မှန်သော အခြေအနေအကြောင်းကို မည်သည့်အခါတွင်မျှ မဖွင့်ဟကြသကဲ့သို့ မပြကြချေ၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် တွေးထင်သည်၊ ၎င်းတို့၏ အစွမ်းအစက မည်သည့်ပုံစံရှိသည်၊ ၎င်းတို့၏ လူ့သဘာဝက မည်သည့်ပုံစံရှိသည်၊ ၎င်းတို့၏ နားလည်နိုင်စွမ်းများက မည်သည့်ပုံစံရှိပြီး ၎င်းတို့သည် သမ္မာတရားနှင့်သက်ဆိုင်သည့် စစ်မှန်သောအသိပညာ ရှိမရှိဆိုသည်တို့ကို လူတို့အား မည်သည့်အခါတွင်မျှ သိခွင့်မပေးကြချေ။ ထို့ကြောင့် ဝိညာဉ်ရေးရာ ပြည့်ဝပြီး စုံလင်သောသူဖြစ်သကဲ့သို့ ကြွားရင်းနှင့် ဟန်ဆောင်လျက်ရှိသည့် တစ်ချိန်တည်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စစ်မှန်သော မျက်နှာနှင့် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုတို့ကို ဖုံးကွယ်ထားဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ၎င်းတို့သည် ညီအစ်ကို မောင်နှမများအား ၎င်းတို့၏ အားနည်းချက်များကို မည်သည့်အခါတွင်မျှ မထုတ်ဖော်ပြသကဲ့သို့ ၎င်းတို့ ကိုယ်တိုင်၏ ချို့တဲ့ခြင်းများနှင့် အားနည်းချက်များကို သိမြင်ရန် မည်သည့်အခါမျှ မကြိုးစားကြချေ။ ထိုအစား ၎င်းတို့သည် ယင်းတို့ကို ဖုံးကွယ်ထားဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁၀)) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်လိုက်ရတာက အန္တိခရစ်တွေဟာ သူတို့ ဘာတာဝန်ပဲ ထမ်းဆောင်ဆောင်၊ ဘယ်လိုအခြေအနေမျိုးမှာပဲ ရှိရှိ၊ တစ်ခုခု ဖြစ်ပျက်လာတဲ့အခါ သူတို့ရဲ့အမြင်တွေကို အလွယ်တကူ ထုတ်မပြောကြဘူး။ သူတို့ရဲ့ အားနည်းချက်တွေ ပေါ်သွားမှာကြောက်လို့ သူတို့ရဲ့ အခြေအနေမှန်ကို တခြားသူတွေကို ပေးမသိကြဘူး၊ သူတို့ရဲ့ အစွမ်း ဒါမှမဟုတ် လူ့သဘာဝအကြောင်းကိုလည်း ပေးမသိကြဘူး၊ သူတို့ရဲ့ချို့ယွင်းချက်တွေ ဖုံးကွယ်ဖို့အတွက်၊ သူများတွေရဲ့ အကြံဉာဏ်ကောင်းတွေနဲ့ အတွေးအခေါ်တွေကိုတောင် သူတို့ပိုင်သလိုမျိုး လုပ်ယူကြတယ်၊ သူတို့ပဲ စဉ်းစားမိသလိုမျိုး အကျဉ်းချုပ်ပြီး တင်ပြကြတယ်၊ ဒီလိုနဲ့ သူတို့မှာ ထိုးထွင်းသိမြင်မှုနဲ့ အစွမ်းရှိတယ်လို့ သူများတွေ အထင်မှားအောင် လုပ်ကြတယ်၊ အဲဒီလိုနည်းနဲ့ သူများတွေရဲ့ လေးစားအားကျတာနဲ့ ကိုးကွယ်တာကို ခံရဖို့ ပန်းတိုင်ကို ရောက်အောင်သွားကြတာပေါ့။ ဒါကို ကိုယ့်ကိုယ်ကိုယ်နဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့၊ ကျွန်မရဲ့အပြုအမူက အန္တိခရစ်တစ်ယောက်ရဲ့ အပြုအမူနဲ့ အတိအကျ တူနေတာကို တွေ့လိုက်ရတယ်။ ခေါင်းဆောင်နဲ့ ကျွန်မ ဒီဇိုင်းအစီအစဉ်တစ်ခုကို ဆွေးနွေးနေတုန်းက၊ ကျွန်မရဲ့ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကို ခေါင်းဆောင် အထင်သေးမှာ စိုးရိမ်လို့၊ ကိုယ့်အမြင်ကို ဖော်ပြတဲ့အခါ တမင်တကာ မရေမရာ ပြောခဲ့တယ်၊ နားလည်သလို ဟန်ဆောင်ပြီး ခေါင်းဆောင်ကို ထောက်ခံခဲ့တယ်။ ကျွန်မရဲ့ချို့ယွင်းချက်တွေကို ဖုံးကွယ်ဖို့အတွက် ခေါင်းဆောင်နဲ့ အမြင်တူသလိုမျိုး ကျွန်မ ဟန်ဆောင်ခဲ့တာပါ။ ပြန်စဉ်းစားကြည့်တော့၊ ကျွန်မက တာဝန်ကို အမြဲ ဒီလိုပဲ ထမ်းဆောင်ခဲ့တာ။ လူတွေရဲ့စိတ်ထဲမှာ ကျွန်မရဲ့ပုံရိပ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက်၊ တခြားသူတွေ ကျွန်မရဲ့ချို့ယွင်းချက်တွေ၊ မပြည့်စုံမှုတွေကို မြင်မှာ လုံးဝ မလိုလားခဲ့ဘူး။ နားလည်တတ်ကျွမ်းတဲ့သူတစ်ယောက်ယောက်နဲ့ မိတ်သဟာယပြုလိုက်ရင် မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မဲ့ ပြဿနာတွေ ရှင်းရှင်းလင်းလင်း ရှိနေရက်နဲ့၊ သူများအကူအညီယူလိုက်ရင် ကျွန်မက အရည်အချင်းမရှိသလို၊ ညံ့ဖျင်းသလို ဖြစ်သွားမယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် တခြားသူတွေဆီက အကြံဉာဏ်မတောင်းဘဲ၊ ကိုယ့်ဘာသာ အဖြေရှာဖို့အတွက် အချက်အလက်တွေကို တိတ်တိတ်လေးရှာပြီး တစ်ယောက်တည်း ရုန်းကန်ဖို့ ပိုလိုလားခဲ့တာပေါ့။ ဒီလိုလုပ်တာက အလုပ်တွင်ကျယ်မှု နည်းစေပြီး တခြားတာဝန်တွေကိုလည်း နှောင့်နှေးစေခဲ့တယ်။ အရာအားလုံးကို သိသလို၊ လုပ်နိုင်သလိုမျိုး တခြားသူတွေအထင်ကြီးအောင် ကျွန်မ အမြဲ ဟန်ဆောင်ချင်ခဲ့တယ်။ တခြားသူတွေအတွက် ဟန်ဆောင်ခဲ့တယ်။ ကျွန်မက လူတွေကို အထင်အမြင်မှားအောင် လုပ်နေတာ မဟုတ်ဘူးလား။ အန္တိခရစ်တွေက ဒီနည်းနဲ့ သူတို့ကိုယ်သူတို့ အမြဲ ဖုံးကွယ်ပြီး ဟန်ဆောင်ကြတယ်။ သူတို့ရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှု အတိုင်းအတာကို ဖုံးကွယ်ပြီး လူတွေကို လှည့်ဖြားတယ်၊ အထင်အမြင်မှားအောင် လုပ်တယ်၊ လူတွေကို သူတို့ရှေ့ရောက်လာအောင် ခေါ်ဆောင်ကြတယ်လေ။ ကျွန်မရဲ့အပြုအမူက အန္တိခရစ်တစ်ယောက်ရဲ့အပြုအမူနဲ့ ဘာကွာခြားလို့လဲ။ ကျွန်မ ထုတ်ဖော်ပြသနေတာက အန္တိခရစ်ရဲ့ စိတ်သဘောထားပဲ။ ဒီအသိက ကျွန်မကို ကြောက်လန့်သွားစေတယ်။ ကျွန်မသာ မပြောင်းလဲရင်၊ ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမယ်လို့ ခံစားမိတယ်။ ကျွန်မ နောင်တရပြီး ပြောင်းလဲချင်စိတ်နဲ့ ဘုရားသခင်ဆီကို အမြန်ဆုံး ဆုတောင်းလိုက်တယ်။ ကိုယ့်ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ကာကွယ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ဖုံးကွယ်ပြီး တခြားသူတွေကို လှည့်ဖြားတာမျိုး ကျွန်မ မလုပ်ချင်တော့ပါဘူး။

နောက်ပိုင်းမှာ ကျွန်မရဲ့ပြဿနာတွေအပေါ် အခြေခံပြီး လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ဒီလိုပြောထားတာကို ကျွန်မ ဖတ်ခဲ့ရတယ်။ “သင်သည် မည်သည့်ပြဿနာများကို ကြုံတွေ့ရသည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်၊ သင်သည် မိမိကိုယ်ကို လုံးဝ ဟန်မဆောင်ရ သို့မဟုတ် အခြားသူများကို ပုံရိပ်အတုအယောင် မပြရပေ။ သင်၏ ချို့ယွင်းချက်များ၊ မလုံလောက်မှုများ၊ အပြစ်အနာအဆာများ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်စေ သင်သည် ဤအရာအားလုံးအကြောင်းကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ရမည်။ ယင်းတို့ကို ဖုံးကွယ်မထားနှင့်။ မိမိကိုယ်ကို ဖွင့်ဟတတ်ရန် သင်ယူခြင်းသည် အသက်ဝင်ရောက်မှုဆီသို့ ပထမဆုံးခြေလှမ်းဖြစ်ပြီး ယင်းမှာ ကျော်လွှားရန် အခက်ခဲဆုံးဖြစ်သော ပထမဆုံး အတားအဆီး ဖြစ်သည်။ သင်သည် ဤအတားအဆီးကို ကျော်လွှားပြီးသည်နှင့်တစ်ပြိုင်နက် သမ္မာတရားထဲသို့ ဝင်ရောက်ရန် လွယ်ကူသွားလိမ့်မည်။ သင်သည် ဤခြေလှမ်းကို လှမ်းသောအခါ ယင်းက အဘယ်အရာကို ဆိုလိုမည်နည်း။ ယင်းက သင်သည် သင်၏ စိတ်နှလုံးကို ဖွင့်ပြပြီး ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၏ အစိတ်အပိုင်းတိုင်းကို ဖော်ထုတ်ကာ ဖွင့်ဟလျက် အခြားလူများ မြင်ရန်နှင့် ဘုရားသခင် မြင်ရန်အတွက် ယင်းကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပြခြင်းကို ဆိုလိုသည်။ ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိထားခြင်း မရှိခြင်း၊ ဘုရားသခင်အပေါ် မည်သည့် ရုပ်ဖျက်မှု၊ လှည့်ဖြားမှု သို့မဟုတ် လိမ်လည်မှုကိုမျှ အသုံးမပြုခြင်း၊ ထိုနည်းတူ အခြားလူများနှင့်လည်း ပွင့်လင်းရိုးသားခြင်းကို ဆိုလိုသည်။ ဤနည်းအားဖြင့် သင်သည် အလင်းထဲတွင် အသက်ရှင်လိမ့်မည်။ ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက အခြားလူများကလည်း သင်၏ လုပ်ဆောင်ချက်များတွင် စည်းမျဉ်းများနှင့် ပွင့်လင်းမြင်သာမှု ရှိသည်ကို မြင်တွေ့ကြလိမ့်မည်။ သင်သည် သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် မည်သည့်နည်းလမ်းကိုမျှ အသုံးပြုရန် မလိုအပ်သကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိခြင်း တစ်ခုတလေကိုမျှ လုပ်ဆောင်ရန် မလိုအပ်ပေ။ သင်သည် ဤအသုံးမဝင်သော ကြိုးပမ်းမှုများတွင် ပါဝင်ရန် မလိုအပ်ပေ။ သင်သည် ဤအရာများကို စွန့်လွှတ်နိုင်ပါက သင်၏အသက်တာသည် အလွန် သက်သောင့်သက်သာ ရှိလာမည်ဖြစ်ပြီး ဘောင်ခတ်ချုပ်ချယ်မှုများနှင့် နာကျင်မှုတို့မှ ကင်းလွတ်ကာ သင်သည် အလင်းထဲတွင် လုံးလုံးလျားလျား အသက်ရှင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို ကျွန်မ တွေ့ခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ နားမလည်နိုင်တာ၊ မကိုင်တွယ်နိုင်တာတွေ ကြုံရရင်၊ ပိုပွင့်လင်းပြီး တခြားသူတွေဆီက အကူအညီကို ရှာသင့်တယ်၊ ပြီးတော့ ရိုးသားတဲ့သူတစ်ယောက် ဖြစ်ရမယ်။ စစ်မှန်တဲ့သူတစ်ယောက် ဖြစ်သင့်ပြီး ကိုယ့်ဂုဏ်သတင်းကို မကာကွယ်သင့်ဘူး။ အဲဒီနည်းနဲ့မှ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီပြီး တိုးတက်မှုရနိုင်မှာ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ဂုဏ်သိက္ခာအကြောင်းပဲ တွေးခဲ့ပြီး၊ ကိုယ့်ချို့ယွင်းချက်တွေကို အမြဲဖုံးကွယ်ကာ ဟန်ဆောင်နေခဲ့တယ်။ အလုပ် ဘယ်လောက်ပြီးမြောက်နေသလဲဆိုတာကိုရော၊ ကိုယ့်လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ဘယ်လိုတိုးတက်အောင်လုပ်မလဲ ဆိုတာကိုရော ကျွန်မ မစဉ်းစားခဲ့ဘူး။ အဲဒီအချိန်အထိ၊ ကျွန်မ စည်းမျဉ်းတွေကို နားမလည်ခဲ့ဘူး၊ ကျွမ်းကျင်မှုတွေလည်း မတိုးတက်ခဲ့ဘူး၊ ပြီးတော့ တာဝန်ကိုလည်း စံနှုန်းပြည့်မီအောင် မထမ်းဆောင်နိုင်ခဲ့ဘူး။ ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ ကြိုးစားနေတာက ဘာအဓိကကျလို့လဲ။ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို လိုက်နာပြီး ရိုးသားတဲ့သူတစ်ယောက်အဖြစ် ပြုမူရင် ကျွန်မရဲ့ဂုဏ်သတင်းက နည်းနည်း ထိခိုက်ချင်ထိခိုက်မယ်၊ ဒါပေမဲ့ ကျွန်မရဲ့ကျွမ်းကျင်မှုတွေ တိုးတက်လာနိုင်တယ်၊ တာဝန်တွေကို ပိုကောင်းကောင်း ထမ်းဆောင်နိုင်မယ်၊ ပြီးတော့ ဘုရားသခင်လည်း နှစ်သက်မယ်။ အဲဒါက အများကြီး ပိုမကောင်းဘူးလား။ ဒါကို တွေးမိတော့၊ နောင်တရချင်စိတ်နဲ့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ လူတိုင်းနဲ့ ဆက်သွယ်ပြောဆိုတဲ့အခါ၊ တစ်ခုခု နားမလည်တာရှိရင် ကိုယ့်ကိုယ်ကိုယ် မဖုံးကွယ်တော့ဘဲ၊ အဖွဲ့လိုက်ဆွေးနွေးဖို့အတွက် မေးခွန်းတွေကို တက်တက်ကြွကြွ တင်ပြခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တာက ကျွန်မကို လွတ်မြောက်သလို ခံစားရစေပြီး၊ တခြားသူတွေဆီကနေလည်း တစ်ခုခု ရရှိခဲ့တယ်။

အဲဒီနောက်မှာ ကျွန်မ ရှာဖွေမှုတချို့ ပြုလုပ်ပြီး တွေးမိတယ်။ “အဖွဲ့ခေါင်းဆောင်အနေနဲ့ ရွေးချယ်တာဝန်ပေးခံရပြီးတဲ့နောက် ဘာလို့ ကိုယ့်ချို့ယွင်းချက်တွေကို မှန်မှန်ကန်ကန် မရှုမြင်နိုင်ခဲ့တာလဲ။ ဘယ်လိုမှားယွင်းတဲ့အမြင်တွေက ငါ့ကို ထိန်းချုပ်ထားတာလဲ” လို့ပေါ့။ ရှာဖွေနေတုန်းမှာပဲ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “တစ်စုံတစ်ယောက်ကို ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးကောက်သောအခါ၊ သို့မဟုတ် အလုပ်တစ်ခုခု လုပ်ဆောင်ရန်ဖြစ်စေ၊ တာဝန်တစ်ခုခု ထမ်းဆောင်ရန်ဖြစ်စေ ဘုရားသခင်၏အိမ်တော်က မြှင့်တင်ပေးပေးသောအခါတွင် ဤသူသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်မည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်ရန် မဆိုထားနှင့်၊ ထိုသူ၌ ထူးခြားသော ဂုဏ်အဆင့်အတန်းသော်လည်းကောင်း၊ ရာထူးနေရာသော်လည်းကောင်း ရှိသည်၊ သို့မဟုတ် ထိုသူနားလည်သည့် သမ္မာတရားများက အခြားလူများနားလည်သည့် သမ္မာတရားများထက် ပို၍နက်နဲပြီး ပို၍များပြားသည်ဟုပင် အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ အသေအချာပင် ထိုသူသည် ဘုရားသခင်ကို သိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်သည်ဟူ၍လည်း မဆိုလိုပေ။ အမှန်တကယ်တွင် ဤထဲမှ တစ်ခုကိုမျှ ၎င်းတို့မရရှိထားပေ။ မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းသည် ရိုးရှင်းသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းမျှသာဖြစ်ပြီး ၎င်းတို့ ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းခြင်း၊ ဘုရားသခင်က ထိုက်တန်သည်ဟု အမြင်ခံရခြင်းနှင့် မညီမျှချေ။...ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်ကို မြှင့်တင်ပေးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အဘယ်နည်း။ ယင်းမှာ ဤလူတစ်ဦးသည် လက်တွေ့လုပ်ဆောင်ရန်နှင့် အထူးရေလောင်းခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းတို့ ခံရရန် သီးခြားလူတစ်ဦးအဖြစ် မြှင့်တင်ပေးခံရခြင်းဖြစ်သည်။ ထိုသို့ဖြင့် သမ္မာတရား စည်းမျဉ်းများကိုလည်းကောင်း၊ မတူကွဲပြားသောအရာများကို လုပ်ဆောင်ခြင်းနှင့် မျိုးစုံသော ပြဿနာများကို ဖြေရှင်းခြင်းတို့တွင် စည်းမျဉ်းများ၊ နည်းလမ်းများနှင့် နည်းစနစ်များကိုလည်းကောင်း ၎င်းကြုံတွေ့ရသည့် အမျိုးအစားမျိုးစုံသော ပတ်ဝန်းကျင်များနှင့် လူများကို ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်သည့်ပုံစံဖြင့် ကိုင်တွယ်ပုံနှင့် ဖြေရှင်းပုံတို့ကိုလည်းကောင်း နားလည်ရန် ၎င်းကို ထောက်ကူပေးသည်။ ဤအချက်များအရ အကဲဖြတ်ရလျှင် ဘုရားသခင်၏ အိမ်တော်က မြှင့်တင်ပေးပြီး ပျိုးထောင်ပေးထားသော ပါရမီရှိသော လူများသည် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလတွင်၊ သို့မဟုတ် မြှင့်တင်ပေးခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလမတိုင်မီတွင် သူတို့၏အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း၊ သူတို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း လုံလောက်စွာရှိသလော။ မရှိပေ။ ထို့ကြောင့် ပျိုးထောင်ခြင်းအချိန်ကာလတွင် ဤလူတို့သည် ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်းနှင့် ဖြုတ်ချခြင်းကိုပင် တွေ့ကြုံရမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ဤသည်မှာ ပုံမှန်ဖြစ်၏၊ ဤသည်မှာ လေ့ကျင့်ပေးခြင်းနှင့် ပျိုးထောင်ပေးခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားအိမ်တော်က တစ်ယောက်ယောက်ကို တာဝန်ပေးပြီး ပျိုးထောင်တဲ့အခါ၊ အဲဒီလူက သမ္မာတရားကို နားလည်ပြီး လက်တွေ့ကျမှုရှိနေပြီ၊ ဒါမှမဟုတ် စည်းမျဉ်းတွေကို အပြည့်အဝ နားလည်နေပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုတာဝန်ပေးတာက လေ့ကျင့်ပေးဖို့ အခွင့်အရေးတစ်ခုပါပဲ၊ ပြီးတော့ လူတွေအနေနဲ့ ကိုယ့်ချို့ယွင်းချက်တွေကို မှန်မှန်ကန်ကန် ရှုမြင်ဖို့ လိုအပ်ပါတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးခဲ့တာ၊ အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ပေးခံရတာက တခြားလူတွေထက် ပိုကောင်းတဲ့ အစွမ်း၊ ကျွမ်းကျင်မှုနဲ့ အရည်အချင်းတွေ ရှိရမယ်လို့ ထင်ခဲ့တာကိုး။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် နေရာအမြင့်ကြီးပေးထားပြီး၊ တခြားသူတွေ ကျွန်မအကြောင်း ထိုးထွင်းမမြင်အောင် ဟန်ဆောင်ပြီး ဖုံးကွယ်ထားခဲ့တယ်၊ ကိုယ့်ချို့ယွင်းချက်တွေကို ဖုံးကွယ်ဖို့ လှည့်ကွက်အမျိုးမျိုး သုံးခဲ့တယ်၊ အမြင်တစ်ခုကို ဝေမျှတဲ့အခါမှာတောင် ကျွန်မက အတွေးလွန်နေတတ်တယ်။ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ ကျွန်မ ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ခြေကုန်လက်ပန်းကျတဲ့အထိ ချုပ်နှောင်ထားခဲ့တာ။ ပြန်စဉ်းစားကြည့်တော့၊ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးခံရတာက လေ့ကျင့်ဖို့ အခွင့်အရေးတစ်ခုပါပဲ။ ဒီအခြေအနေက ကျွန်မကို သမ္မာတရားလိုက်စားဖို့နဲ့ စည်းမျဉ်းတွေအတိုင်း တာဝန်ထမ်းဆောင်ဖို့ တွန်းအားပေးခဲ့တယ်။ တာဝန်ထမ်းဆောင်ရာမှာ ချို့ယွင်းချက်တွေနဲ့ သွေဖည်မှုတွေ ရှိတာက ပုံမှန်ပါပဲ၊ ကျွန်မရဲ့ချို့ယွင်းချက်တွေကို ပြုပြင်ဖို့ ဒီအခွင့်အရေးတွေကို အသုံးချနိုင်တယ်၊ အဲဒီလိုနဲ့ အတွေ့အကြုံကနေတစ်ဆင့် သမ္မာတရားတွေကို ပိုနားလည်လာနိုင်မယ်၊ စည်းမျဉ်းတွေကို ပိုသဘောပေါက်နိုင်လာမယ်၊ တဖြည်းဖြည်းနဲ့ ကိုယ့်တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်နိုင်လာမှာပါ။ နောင်ကျရင် ကျွန်မရဲ့ချို့ယွင်းချက်တွေကို မှန်မှန်ကန်ကန် ရှုမြင်သင့်ပြီး လက်တွေ့ကျကျ နေတတ်အောင် သင်ယူရမယ်၊ ပြီးတော့ စည်းမျဉ်းတွေနဲ့ ကျွမ်းကျင်မှုတွေကို လေ့လာဖို့ ပိုကြိုးစားသင့်တယ်။ ဒါက ကျွန်မ လိုက်စားပြီး ဝင်ရောက်သင့်တဲ့အရာပါပဲ။

တစ်ခါတုန်းက ခေါင်းဆောင်က ကျွန်မတို့အလုပ်ကို လမ်းပြပေးနေရင်း နောက်ခံကားချပ်တစ်ခုနဲ့ပတ်သက်ပြီး အမြင်တွေကို ပြောခိုင်းတယ်။ ကျွန်မနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ညီအစ်မနှစ်ယောက်ရဲ့ အမြင်က ကျွန်မအမြင်နဲ့ မတူတာကို ကြားလိုက်ရတော့ ကျွန်မ တွေးမိတယ်၊ “ညီအစ်မနှစ်ယောက်ရဲ့ အမြင်က တူနေတယ်။ ငါသာ မှားသွားရင်၊ တော်တော် ရှက်စရာကောင်းမှာ။ ငါ့မှာ အစွမ်းအစနဲ့ ရသ အရမ်းလိုနေတယ်လို့ သူတို့ ထင်သွားမလား” လို့ပေါ့။ ဒါကို တွေးမိတော့ ကျွန်မ တွန့်ဆုတ်သွားပြီး “ငါ မှားသွားရင် ရှက်စရာမဖြစ်အောင် ညီအစ်မတွေကိုပဲ ထောက်ခံလိုက်ရင် ကောင်းမလား” လို့ တွေးလိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အစောပိုင်းက ကျွန်မဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို သတိရလိုက်တယ်။ “သင်သည် မည်သည့်ပြဿနာများကို ကြုံတွေ့ရသည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်၊ သင်သည် မိမိကိုယ်ကို လုံးဝ ဟန်မဆောင်ရ သို့မဟုတ် အခြားသူများကို ပုံရိပ်အတုအယောင် မပြရပေ။ သင်၏ ချို့ယွင်းချက်များ၊ မလုံလောက်မှုများ၊ အပြစ်အနာအဆာများ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်စေ သင်သည် ဤအရာအားလုံးအကြောင်းကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ရမည်။ ယင်းတို့ကို ဖုံးကွယ်မထားနှင့်။...သင်သည် သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် မည်သည့်နည်းလမ်းကိုမျှ အသုံးပြုရန် မလိုအပ်သကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိခြင်း တစ်ခုတလေကိုမျှ လုပ်ဆောင်ရန် မလိုအပ်ပေ။ သင်သည် ဤအသုံးမဝင်သော ကြိုးပမ်းမှုများတွင် ပါဝင်ရန် မလိုအပ်ပေ။ သင်သည် ဤအရာများကို စွန့်လွှတ်နိုင်ပါက သင်၏အသက်တာသည် အလွန် သက်သောင့်သက်သာ ရှိလာမည်ဖြစ်ပြီး ဘောင်ခတ်ချုပ်ချယ်မှုများနှင့် နာကျင်မှုတို့မှ ကင်းလွတ်ကာ သင်သည် အလင်းထဲတွင် လုံးလုံးလျားလျား အသက်ရှင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ ကိုယ့်အမြင် မှားတာ၊ မှန်တာကို ပဓာနမထားဘဲ၊ နားမလည်တာရှိရင် ရှာဖွေဖို့နဲ့ မိတ်သဟာယပြုဖို့ တင်ပြသင့်တယ်။ ဒါက ကိုယ့်တာဝန်မှာ တာဝန်ယူစိတ်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီအတွေးက ကျွန်မစိတ်နှလုံးကို လင်းလက်သွားစေတယ်၊ ပြီးတော့ ကိုယ့်ဂုဏ်သိက္ခာကို ဘေးဖယ်ထားပြီး အမှန်အတိုင်းပြောဖို့ ဆန္ဒရှိတဲ့အကြောင်း ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ ကျွန်မ အံ့သြသွားတာက ခေါင်းဆောင်က ကျွန်မရဲ့အမြင်ကို သဘောတူပြီး ပြုပြင်ပြောင်းလဲမှုတချို့လုပ်ဖို့ လမ်းညွှန်ချက်တွေ ပေးခဲ့တယ်။ နားထောင်ပြီးတဲ့နောက် ကျွန်မ ပိုရှင်းရှင်းလင်းလင်း နားလည်လာတယ်။ ကိုယ့်ဂုဏ်သိက္ခာကို မကာကွယ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် မဖုံးကွယ်ဘဲ၊ ရိုးသားပြီး အမှန်အတိုင်း ပြောတာက ကျွန်မစိတ်နှလုံးထဲမှာ ငြိမ်သက်မှုနဲ့ စိတ်အေးသက်သာရှိမှုကို ဖြစ်စေတယ်လို့ ခံစားရတယ်။

အခုဆိုရင် ကျွန်မ ဂုဏ်သိက္ခာရဲ့ ချုပ်နှောင်တာကို မခံရတော့ဘဲ၊ ကိုယ့်အတွက် မရှင်းလင်းတဲ့ကိစ္စတွေကို ညီအစ်ကိုမောင်နှမတွေနဲ့ ပွင့်ပွင့်လင်းလင်း ရိုးရိုးရှင်းရှင်း ဆွေးနွေးနိုင်ပါပြီ။ ခေါင်းဆောင်က ကျွန်မပြဿနာတွေကို ထောက်ပြတဲ့အခါ၊ ကျွန်မ လက်ခံနိုင်တယ်၊ ကိုယ့်ချို့ယွင်းချက်တွေကို မှန်မှန်ကန်ကန် ရှုမြင်နိုင်တယ်၊ ပြီးတော့ လေ့လာသင်ယူဖို့ သက်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အသိပညာတွေကို ရှာဖွေနိုင်တယ်။ အချိန်တစ်ခုကြာတော့ ကျွန်မရဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေမှာ တိုးတက်မှုတချို့ ရလာပြီး တာဝန်တွေမှာ အမှားလုပ်တာ နည်းလာတယ်။ ဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်မ တကယ် သဘောပေါက်လိုက်တာက ဘုရားသခင်က ရိုးသားတဲ့လူတွေကို ကောင်းချီးပေးပြီး လှည့်ဖြားတဲ့သူတွေကို ရွံရှာတယ်ဆိုတာပါပဲ။ ပြီးတော့ ကိုယ့်ချို့ယွင်းချက်တွေနဲ့ အားနည်းချက်ကို ဝန်ခံပြီး ရိုးသားတဲ့သူတစ်ယောက်ဖြစ်အောင် လက်တွေ့လုပ်ဆောင်တာက ရှက်စရာမဟုတ်ပါဘူး၊ ဒီနည်းနဲ့ လက်တွေ့လုပ်ဆောင်တာက စိတ်ထဲမှာ ငြိမ်သက်မှုနဲ့ စိတ်အေးသက်သာရှိမှုကို ဖြစ်စေပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မိတ်သဟာယက ပွင့်လင်းမှုရှိရမည်

ဂျူလီယာ ပိုလန်နိုင်ငံ ၂၀၂၁ နှစ်စတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်မလက်ခံခဲ့သည်။ အစည်းအဝေးများကို...

ကျွန်ုပ်အဘယ်ကြောင့် အမြဲ ဟန်ဆောင်နေသနည်း

၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် လူသစ်များအား ရေလောင်းခြင်းကို ကျွန်မစလေ့ကျင့်ခဲ့သည်။ ကျွန်မ၏ အင်္ဂလိပ်အသံထွက်က သိပ်စံမမီသောကြောင့် သူတို့နှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။