နားလည်ဟန်ဆောင်ခြင်း၏ အကျိုးဆက်များ

14.04.2026

ဆုယွီ၊ တရုတ်ပြည်

အသင်းတော်မှာ ကျွန်မ ဗီဒီယိုတွေ လုပ်ပါတယ်။ လေ့ကျင့်ခါစတုန်းက တစ်ခုခု နားမလည်ရင် လူတွေကို အကူအညီတောင်းတယ်။ နောက်ပိုင်းမှာ စည်းမျဉ်းတချို့ကို တဖြည်းဖြည်း နားလည်လာပြီး ဗီဒီယိုနှစ်ခု၊ သုံးခုကိုတောင် ကိုယ့်ဘာသာ လုပ်နိုင်ခဲ့တယ်။ ကျွန်မ အမြန် တိုးတက်လာတယ်လို့ လူတိုင်းက ပြောကြသလို ကြီးကြပ်ရေးမှူးကလည်း ကျွန်မဗီဒီယိုတွေက ဆန်းသစ်ပြီး အတွေးအခေါ်ပါတယ်လို့ ပြောတယ်။ ဒါကို ကြားရတော့ ကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ်မိပြီး ဗီဒီယိုထုတ်လုပ်ရေးမှာ ကျွန်မက ဆုကျေးဇူးတွေနဲ့ အားသာချက်တချို့ ရှိတယ်လို့ ထင်ခဲ့တာပေါ့။ အဲဒီနောက်ပိုင်းမှာ ဗီဒီယိုလုပ်တဲ့အခါ တခြားလူတွေကို ကျွန်မ အကူအညီ သိပ်မတောင်းတော့ဘဲ အချိန်တော်တော်များများမှာ ကိုယ့်ဘာသာပဲ စဉ်းစားပြီး ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်။ တစ်ခါတုန်းက နည်းနည်း ခက်တဲ့ ဗီဒီယိုတစ်ခုကို ကျွန်မ လုပ်နေတုန်း ဘာလုပ်ရမှန်းမသိ ဖြစ်နေလို့ ပိုလွယ်တာတစ်ခုပေးဖို့ အဖွဲ့ခေါင်းဆောင်ကို ပြောရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ ဒါပေမဲ့ ပြီးတော့ တွေးမိပြန်တယ်၊ “ဒီဗီဒီယိုကို ငါရွေးပြီးမှ မလုပ်နိုင်ဘူးလို့ အဖွဲ့ခေါင်းဆောင်ကို သွားပြောရင် သူ ငါ့ကို အထင်သေးသွားမလား။ ထားလိုက်ပါတော့၊ ဒီဗီဒီယိုက နည်းနည်း ရှုပ်ထွေးနိုင်ပေမဲ့ ငါသာ ကြိုးစားလုပ်ရင် ပြီးအောင် လုပ်နိုင်လောက်ပါတယ်” ပေါ့။ ဒါကြောင့် ဘာမှ မပြောတော့ဘဲ ခေါင်းငုံ့ပြီး ကိုယ့်ဘာသာပဲ ဆက်လေ့လာပြီး အကြံထုတ်နေခဲ့တယ်။ ဒါပေမဲ့ အများကြီး စဉ်းစားပြီးတာတောင် ဘယ်လိုလုပ်ရမလဲဆိုတာ အစအန ရှာမရ ဖြစ်နေတုန်းပဲ။ ကြည့်ပေးဖို့နဲ့ ကူညီပေးဖို့ တစ်ယောက်ယောက်ကို ပြောရင် ကောင်းမလားလို့ တွေးမိပေမဲ့ နောက်ကျတော့ “ငါ လေ့ကျင့်နေတာ အခုဆို နည်းနည်းကြာနေပြီ။ သူများကိုပဲ ဆက်ပြီး အကူအညီတောင်းနေရင် ငါ့မှာ အစွမ်းအစ မရှိဘူးလို့ သူတို့ ထင်ကြမလား။ မဖြစ်ဘူး၊ ကိုယ့်ဘာသာပဲ နားလည်အောင် ဆက်ကြိုးစားမယ်” ဆိုပြီး တွေးမိတယ်။ အဲဒီအချိန်မှာ အဖွဲ့ခေါင်းဆောင်က ကျွန်မကို မေးပါလေရော၊ “ဗီဒီယိုအခြေအနေ ဘယ်လိုလဲ။ အခက်အခဲရှိရင် ပိုလွယ်တာတစ်ခုနဲ့ လဲလို့ရတယ်နော်” တဲ့။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “အခု လဲလို့မဖြစ်ဘူး။ လဲလိုက်ရင် ငါ အရည်အချင်းမရှိသလို ဖြစ်မသွားဘူးလား” ပေါ့။ အဲဒါနဲ့ တည်ငြိမ်တဲ့ ပုံစံလုပ်ပြီး ပြောလိုက်တယ်။ “ဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျွန်မ စဉ်းစားနေပါတယ်။ လဲစရာ မလိုပါဘူး” ပေါ့။ အဲဒီလိုပြောပြီးတော့ စိတ်ထဲမှာ မသက်မသာဖြစ်နေတယ်။ ဒီဗီဒီယိုအကြောင်း စဉ်းစားနေတာ ကြာပြီဖြစ်ပေမဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ အကြံမရသေးဘူးလေ။ ကျွန်မရဲ့ စွမ်းရည်က ဒီလောက်ပဲ ရှိတော့တာ၊ ပြီးတော့ ဒီပြဿနာကို ဇွတ်တိုးလုပ်ဖို့ ဆက်ကြိုးစားနေတာက အဖြေမဟုတ်မှန်း သိလိုက်ပေမဲ့ အဖွဲ့ခေါင်းဆောင်ကို ကျွန်မ မပြောပြခဲ့သေးဘူး။ နှစ်ရက် သုံးရက်လောက် ကြာတဲ့အထိ ဗီဒီယိုနဲ့ပတ်သက်ပြီး ဘာမှ မထူးခြားလာတာနဲ့ နောက်ဆုံးမှာ တခြားလူကို အကူအညီတောင်းဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးပေါ့။ မကြာခင်မှာပဲ ပုံစံသစ်နဲ့ ဗီဒီယိုတစ်ခုကို ကျွန်မ စလုပ်တယ်။ ဘယ်လိုလုပ်မလဲဆိုတာ လူတိုင်းနဲ့ ဆွေးနွေးထားပြီးသား ဖြစ်ပေမဲ့ ထုတ်လုပ်ရေးလုပ်ငန်းစဉ်အတွင်းမှာ အခက်အခဲတွေ ကြုံရပြန်ရော။ ဒါနဲ့ အဖွဲ့ခေါင်းဆောင်နဲ့ ထပ်ဆွေးနွေးဖို့ စဉ်းစားမိတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားမိတယ်၊ “ငါတို့ ဒါကို ဆွေးနွေးပြီးသားလေ။ ငါသာ ထပ်မေးရင် ငါ့မှာ အစွမ်းအစ မရှိဘူး၊ ဗီဒီယိုတစ်ကားလုပ်ဖို့အရေး ငါ့ကို အကြိမ်ကြိမ် ပြောပြဖို့လိုတယ်လို့ အဖွဲ့ခေါင်းဆောင်က ထင်သွားမလား” ပေါ့။ ထုတ်လုပ်ရေးလုပ်ငန်းစဉ်မှာ ကျွန်မ နားမလည်တာတွေ၊ မလုပ်နိုင်တာတွေ ရှိနေတာကို လူတိုင်း မမြင်စေချင်လို့ ကျွန်မက နားလည်သယောင်ဆောင်ပြီး ကွန်ပျူတာရှေ့မှာပဲ ဆက်အလုပ်လုပ်နေခဲ့တယ်။ ဒါပေမဲ့ ရက်တော်တော်ကြာတဲ့အထိ ဗီဒီယိုကို မပြီးနိုင်သေးဘဲ အဆုံးကျတော့ အဖွဲ့ခေါင်းဆောင်ကိုပဲ အကူအညီတောင်းလိုက်ရတယ်။ ဒီကျရှုံးမှုနှစ်ခုကြောင့် ကျွန်မ အရမ်းရှက်ရပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်မိဘဲ ဆက်ပြီး ဟန်ဆောင်နေခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်မရဲ့ တာဝန်က ဘာရလဒ်မှ မထွက်ခဲ့ဘူး။ ကျွန်မ အပျက်သဘောဆောင်လာပြီး ကိုယ့်မှာ အစွမ်းအစ မရှိဘူး၊ ဗီဒီယိုထုတ်လုပ်ရေးနဲ့ မသင့်တော်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် အကဲဖြတ်မိတယ်။ ကျွန်မ တကယ်ကို မွန်းကြပ်ပြီး နာကျင်ရတယ်။ တစ်ခါတလေကျရင် ကျွန်မရဲ့ အခြေအနေနဲ့ပတ်သက်ပြီး တစ်ယောက်ယောက်ကို ပြောပြချင်ပေမဲ့ သူများတွေက ကျွန်မရဲ့ အားနည်းချက်တွေနဲ့ ချို့ယွင်းချက်တွေကို မြင်သွားရင် ကျွန်မကို အထင်သေးကြမှာ ကြောက်လို့ ကျွန်မ မဖွင့်ဟချင်ခဲ့ဘူး။

တစ်ခါတုန်းက အဖွဲ့ခေါင်းဆောင်က ကျွန်မကို အကြံပြုချက်တစ်ခု ပေးလာတယ်၊ “အစ်မက စုဝေးပွဲတွေမှာ ဘုရားနှုတ်ကပတ်တော်နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို မိတ်သဟာယမပြုသလို ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှု၊ ဒါမှမဟုတ် ချို့ယွင်းချက်တွေအကြောင်း၊ တာဝန်မှာ အခက်အခဲတွေ ဘယ်လိုကြုံရတယ်ဆိုတဲ့အကြောင်းလည်း မပြောဘူး။ အစ်မက ကြွားဝါဖို့အတွက် စကားလုံးတွေနဲ့ အယူဝါဒတွေကိုပဲ ပြောနေသလိုပဲ” တဲ့။ အဖွဲ့ခေါင်းဆောင်က ကျွန်မရဲ့ အဖြစ်မှန်ကို မြင်သွားတာကို ကျွန်မ မြင်ပြီး အရမ်းရှက်မိတယ်။ မျက်နှာတွေထူပူပြီး စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့ထားလိုက်မိတယ်။ နောက်ပိုင်းမှာ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ကူညီဖို့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ပို့ပေးတယ်။ ဘုရားသခင်က ပြောသည် “လူတို့ကိုယ်တိုင်သည် ဖန်ဆင်းခံများ ဖြစ်၏။ ဖန်ဆင်းခံများသည် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းအား စွမ်းဆောင်ရရှိနိုင်သလော။ စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ၎င်းတို့ ရရှိနိုင်ပါသလော။ အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်လာနိုင်ပြီး အရာရာတိုင်းကို ထိုးဖောက်သိမြင်နိုင်ပြီး အရာရာကို စွမ်းဆောင်နိုင်သလော။ မစွမ်းဆောင်နိုင်ကြပေ။ သို့သော် လူသားများထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သေစေနိုင်လောက်သော အားနည်းချက်တစ်ခု ရှိ၏။ ကျွမ်းကျင်မှု သို့မဟုတ် အတတ်ပညာတစ်ခု သူတို့ သင်ယူသည်နှင့်တစ်ပြိုင်နက် သူတို့ တတ်စွမ်းနိုင်ကြသည်၊ သူတို့က အဆင့်အတန်းနှင့် တန်ဖိုးရှိသူများ ဖြစ်ကြပြီး ကျွမ်းကျင်အတတ်ပညာရှင်များ ဖြစ်ကြသည်ဟု လူတို့က ခံစားကြရသည်။ ၎င်းတို့သည် မည်သို့ပင် ထူးခြားမှုမရှိသည်ဖြစ်စေ ၎င်းတို့အားလုံးသည် နာမည်ကြီးသော၊ သို့မဟုတ် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြရုပ်တင်လိုကြသည်။ အသေးစား နာမည်ကြီးသူတစ်ယောက်ယောက်အဖြစ် ပြောင်းလဲလိုကြသည်။ ပြီးလျှင် ချို့ယွင်းချက်တစ်ခုမှမရှိဘဲ ၎င်းတို့က စုံလင်ပြီး အပြစ်အနာအဆာကင်းသည်ဟု လူတို့ကို ထင်စေလိုကြသည်။ သူတစ်ပါးတို့၏အမြင်တွင် ၎င်းတို့သည် ကျော်ကြားလာကာ အာဏာကြီးသည့် သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်လိုပြီး စွမ်းအားကြီးလိုကြသည်။ မလုပ်နိုင်သည့်အရာမရှိဘဲ မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်လိုကြသည်။ ၎င်းတို့သည် အခြားလူတို့၏ အကူအညီကို ရှာဖွေလျှင် ၎င်းတို့သည် မစွမ်းဆောင်နိုင်၊ အားနည်းသည်၊ နိမ့်ကျသည် ဆိုသည့်ပုံပေါ်မည်၊ လူတို့သည် ၎င်းတို့အား အထင်သေးကြမည်ဟု ခံစားကြရသည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အစဉ်သဖြင့် လှည့်ဖြား၍ ဟန်ပြလိုကြသည်။ လူအချို့ကို တစ်စုံတစ်ခု လုပ်ခိုင်းသည့်အခါ မည်သို့လုပ်ဆောင်ရသည်ကို ၎င်းတို့ အမှန်တကယ် မသိသော်ငြားလည်း သိသည်ဟု ပြောကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအကြောင်းကို တိတ်တဆိတ် ရှာဖွေကြပြီး မည်သို့လုပ်ဆောင်ရမည်ကို သင်ယူဖို့ ကြိုးစားကြသော်လည်း နှစ်ရက်သုံးရက် လေ့လာပြီးသည့်နောက် မည်သို့လုပ်ရမည်ကို ၎င်းတို့နားမလည်ကြသေး။ ၎င်းတို့ အခြေအနေမည်သို့ရှိသည်ကို အမေးခံရသည့်အခါ ၎င်းတို့က ‘မကြာမီ ပြီးမည်၊ မကြာမီပြီးမည်’ ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးထဲ၌ ‘စောလွန်းသေးတယ်၊ မရသေးဘူး။ ငါ ဘာမျှ မသိ။ ငါ ဘာလုပ်ရမည်ကိုလည်း မသိ။ လျှို့ဝှက်ချက်ကို ငါ ပြောလိုက်၍ မဖြစ်၊ ဆက်၍ ဟန်ဆောင်ရမည်၊ ငါ၏ အားနည်းချက်များနှင့် မသိနားမလည်မှုများကို လူတို့အား မြင်ခွင့်ပေး၍ မဖြစ်။ ငါ့ကို အထင်သေးခွင့်ပြု၍ မဖြစ်’ ဟု ၎င်းတို့ တွေးနေကြသည်။ ဤသည်မှာ အဘယ်ပြဿနာနည်း။ ဤသည်မှာ မည်သို့ပင်ဖြစ်စေ သိက္ခာဆည်ရန် ကြိုးစားသည့် အသက်ရှင်နေစဉ်ဖြစ်သော ငရဲဖြစ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ ဤသို့သောသူများ၏ မာနထောင်လွှားမှုသည် အကန့်အသတ်မရှိပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရားအားလုံး ပျောက်ဆုံးပေပြီ။ ၎င်းတို့သည် လူတိုင်းကဲ့သို့ မဖြစ်လိုပေ။ သာမန်၊ ပုံမှန်လူများ မဖြစ်လိုကြဘဲ မဟာလူသားများ၊ ထူးခြားသော ပုဂ္ဂိုလ်များ၊ သို့မဟုတ် အစွမ်းထက်သူများ ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။ အားနည်းချက်များ၊ ချို့ယွင်းချက်များ၊ မသိနားမလည်မှု၊ မိုက်မဲမှုနှင့် ပုံမှန်လူ့သဘာဝအတွင်းမှ သိနားလည်မှု ကင်းမဲ့ခြင်းနှင့် စပ်လျဉ်း၍ ယင်းတို့အားလုံးကို သူတို့ ဖုံးကွယ်ပြီး အခြားသူများကို မြင်ခွင့်မပေးဘဲ မိမိတို့ကိုယ်ကို ဆက်လက် အယောင်ဆောင်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ လူသားတွေဟာ ဖန်ဆင်းခံတွေ ဖြစ်ပြီး အားလုံးမှာ ချို့ယွင်းချက်တွေနဲ့ အားနည်းချက်တွေ အများကြီးရှိမှန်း ကျွန်မ နားလည်သွားတယ်။ လူတစ်ယောက်က ဘယ်လောက်ပဲ တော်နေပါစေ အရာအားလုံးကို ကိုင်တွယ်နိုင်ဖို့၊ လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကိုယ့်ရဲ့ ချို့ယွင်းချက်တွေနဲ့ အားနည်းချက်တွေကို မှန်မှန်ကန်ကန် သဘောမထားဘဲ အဲဒီအစား ကိုယ့်ကိုယ်ကိုယ် တောက်လျှောက် ဟန်ဆောင်နေတာဟာ လုံးဝ မိုက်မဲတယ်၊ အသိဉာဏ်ကင်းမဲ့တယ်၊ မာနထောင်လွှားပြီး ဆင်ခြင်တုံတရား ကင်းမဲ့တာပဲ။ ဗီဒီယိုထုတ်လုပ်ရေးကို ကျွန်မ လေ့ကျင့်ကာစပဲ ရှိသေးပြီး စည်းမျဉ်းတွေကိုလည်း ကောင်းကောင်း နားမလည်သေးတော့ ရှုပ်ထွေးတဲ့ ဗီဒီယိုတွေ မလုပ်နိုင်တာ ပုံမှန်ပဲလို့ ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ အကန့်အသတ်ရှိတဲ့ စွမ်းရည်တွေကို ကျွန်မ သတိမပြုမိခဲ့ဘူး။ ဗီဒီယိုနည်းနည်းလောက် လုပ်ပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေက ချီးမွမ်းစကား နည်းနည်းပြောပြီး အားပေးကြတဲ့အခါကျတော့ ငါ့မှာ အစွမ်းအစ ကောင်းကောင်းရှိတယ်၊ ငါက တော်တယ်၊ ကျွမ်းကျင်တဲ့ အရည်အချင်းတွေ ရှိတယ်လို့ ထင်လာမိတယ်။ ကိုယ်မလုပ်နိုင်တာ၊ နားမလည်တာတွေ ကြုံရတဲ့အခါ အကူအညီ ဆက်မရှာတော့ဘဲ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ပြီး ဟန်ဆောင်နေခဲ့တယ်။ သူများတွေက ကျွန်မရဲ့ ချို့ယွင်းချက်တွေကို မြင်သွားရင် ကျွန်မအပေါ် သူတို့အကောင်းမြင်နေတာတွေ ပြောင်းသွားမှာကို ကြောက်လို့လေ။ အဖွဲ့ခေါင်းဆောင်က ကျွန်မ ရုန်းကန်နေရတာကို သတိထားမိပြီး ကူညီဖို့ တက်တက်ကြွကြွ ကမ်းလှမ်းခဲ့ပေမဲ့ ကျွန်မက ဟန်လုပ်နေပြီး သူ့အကူအညီကို ငြင်းခဲ့တယ်။ ကိုယ့်အခက်အခဲတွေကို ဖွင့်ပြောမယ့်အစား ကိုယ့်ဘာသာ တိတ်တိတ်လေး လေ့လာပြီး အချိန်ဖြုန်းတာကို ပိုလိုလားခဲ့တယ်။ ရလဒ်အနေနဲ့ ဗီဒီယိုရဲ့ တိုးတက်မှုကို ကျွန်မ နှောင့်နှေးစေခဲ့တာပေါ့။ ပုံစံသစ်နဲ့ ဗီဒီယိုလုပ်တုန်းကလည်း အဲဒီအတိုင်းပဲ ကျွန်မ လုပ်ခဲ့တယ်။ ဘာလုပ်ရမယ်ဆိုတာ ကျွန်မ လုံးဝ မသိတာ ရှင်းနေပေမဲ့ သူများကို လှည့်စားဖို့အတွက် အလုပ်လုပ်နေသယောင် တမင် ဟန်ဆောင်ခဲ့တယ်။ ကျွန်မ အချိန်တွေ အများကြီး ဖြုန်းခဲ့ပေမဲ့ ဗီဒီယိုက မပြီးသေးဘူး။ ကျွန်မအပေါ် သူများတွေက အကောင်းမြင်နေတာကို ထိန်းသိမ်းဖို့အတွက် ကိုယ့်အခက်အခဲတွေနဲ့ ချို့ယွင်းချက်တွေကို ဖုံးကွယ်ပြီး ဘယ်သူ့ကိုမှ မမြင်စေခဲ့ဘူး။ ကျွန်မ အပျက်သဘောဆောင်နေတဲ့အချိန်မှာတောင် ဘယ်သူ့ကိုမှ အသိမပေးခဲ့ဘူး။ အရာရာကို လုပ်နိုင်ပြီး အရာရာမှာ လူတိုင်းထက် သာလွန်တဲ့လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ဆက်ပြီးဟန်ဆောင်ချင်နေခဲ့တာ။ ကျွန်မက အရမ်း မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် လုံးဝ သတိမထားမိခဲ့တာပဲ။ ဒါပေမဲ့ ဒီကိစ္စကို ကျွန်မ မမြင်နိုင်ဘဲ ဆက်ပြီး ဟန်ဆောင်နေခဲ့တယ်။ ပြဿနာတွေ၊ အခက်အခဲတွေ ကြုံရတဲ့အခါ အကူအညီရှာဖို့ မဖွင့်ဟခဲ့ဘူး။ ရလဒ်အနေနဲ့ ပြဿနာတွေက မပြေလည်ဘဲ ကျန်ခဲ့သလို ကိုယ့်အခြေအနေကို ထိခိုက်ရုံသာမက ဗီဒီယိုထုတ်လုပ်ရေးကိုလည်း နှောင့်နှေးစေခဲ့တယ်။ ပြန်စဉ်းစားကြည့်လိုက်တော့ ကျွန်မ ဘယ်လောက် မိုက်မဲခဲ့မှန်း သဘောပေါက်လိုက်တယ်။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပြန်သတိရမိတယ်။ “အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဘုရားနှုတ်ကပတ်တော်ကနေ ဟန်မဆောင်တာ၊ ရိုးရှင်းတာ၊ ပွင့်လင်းပြီး ရိုးသားတာ၊ ပြီးတော့ သမ္မာတရားကို ရှာဖွေဖို့ မိတ်သဟာယဖွဲ့ရာမှာ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှု၊ အခက်အခဲတွေနဲ့ ချို့ယွင်းချက်တွေကို ထုတ်ဖော်တာတွေဟာ ဉာဏ်ရှိတဲ့လူတစ်ယောက်ရဲ့ လက္ခဏာတွေဖြစ်ပြီး ဒီလိုလူတွေကသာ သမ္မာတရားကို နားလည်နိုင်ပြီး လွတ်မြောက်မှု ရနိုင်တယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ ဒါပေမဲ့ ကျွန်မမှာ လိုအပ်ချက်တွေ အများကြီးရှိနေတာ ရှင်းနေသလို အထူးသဖြင့် ပုံစံသစ်တွေနဲ့ ဗီဒီယိုလုပ်တဲ့အခါ အခက်အခဲတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမဲ့ “ငါ ဒါကို မလုပ်နိုင်ဘူး” ဒါမှမဟုတ် “ငါ နားမလည်ဘူး” ဆိုတဲ့ ရိုးရှင်းတဲ့စကားကို ပြောဖို့တောင် ကျွန်မ သတ္တိမရှိခဲ့ဘူး။ အဲဒီအစား ကျွန်မရဲ့ ပုံစံအမှန်ကို လူတိုင်း မြင်သွားရင် အထင်သေးကြမှာ စိုးရိမ်လို့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့နဲ့ ဟန်ဆောင်ဖို့ အကြီးအကျယ် ကြိုးစားခဲ့တယ်။ ဒီဟာကြောင့် ကျွန်မဘဝက ပင်လည်းပင်ပန်းပြီး ခက်လည်းခက်ခဲတယ်။ ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းတယ်၊ သူများကို အရူးလုပ်နိုင်တယ်လို့ ထင်ပြီး ကျွန်မ တစ်ကြိမ်ပြီးတစ်ကြိမ် ဟန်ဆောင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ လူတိုင်းက ကျွန်မရဲ့ စွမ်းရည်အမှန်ကို မြင်ပြီးသားပါ။ ပြီးတော့ မျက်နှာမရခဲ့တဲ့အပြင် ကိုယ့်ကိုယ်ကိုယ်တောင် ပိုပြီး အရူးလုပ်သလို ဖြစ်ခဲ့တယ်။ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်၊ ဟန်ဆောင်ပြီး စိတ်နှလုံးကိုဖွင့်ဟဖို့နဲ့ မိတ်သဟာယရှာဖို့ မဝံ့ရဲတာကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ အလင်းပေးခြင်းကို ကျွန်မ မရနိုင်ခဲ့ဘူး။ ပြီးတော့ အလုပ်က အခက်အခဲတွေ မပြေလည်နိုင်ခဲ့ဘဲ အသင်းတော်အလုပ်ကို အဟန့်အတားဖြစ်စေပြီး ဆုံးရှုံးမှုတွေပဲ ဖြစ်စေခဲ့တယ်။ ဒီအရာတွေကို နားလည်ပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေကို မိတ်သဟာယဖွဲ့တဲ့အချိန်မှာ ကျွန်မ ဖွင့်ပြောခဲ့ပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ချို့ယွင်းချက်တွေကို ဖော်ထုတ်ခဲ့တယ်။ သူတို့အားလုံးက ကျွန်မကို အထင်သေးမယ့်အစား ကျွန်မနဲ့ မိတ်သဟာယဖွဲ့ပြီး ကူညီပေးခဲ့ကြတယ်။ ကျွန်မ အရမ်း မျက်နှာပူပြီး ရှက်မိတယ်။ ဒီနောက်ပိုင်းမှာ ကိုယ်မကိုင်တွယ်နိုင်တဲ့ ဗီဒီယိုထုတ်လုပ်ရေး တာဝန်တွေ ကြုံရတဲ့အခါ ညီအစ်ကိုမောင်နှမတွေဆီက အကူအညီကို တက်တက်ကြွကြွ ရှာဖွေခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်ပြီး ခဏအကြာမှာ ကျွန်မရဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုက နည်းနည်းတိုးတက်လာပြီး တာဝန်တွေမှာ ပိုထိရောက်လာတယ်။ ဘုရားသခင်ကို ကျွန်မ အရမ်းကျေးဇူးတင်မိပါတယ်။

နောက်ပိုင်းမှာ လူသစ်တွေကို ရေလောင်းဖို့ အသင်းတော်က ကျွန်မကို တာဝန်ပေးတယ်။ အချိန်အတိုင်းအတာတစ်ခုထိ လေ့ကျင့်ပြီးတဲ့နောက်မှာ စည်းမျဉ်းတချို့ကို ကျွန်မ နားလည်လာပြီး လူသစ်တွေရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ခဲ့တယ်။ ကျွန်မက လုံ့လဝီရိယရှိပြီး တာဝန်သိတယ်၊ တာဝန်တွေမှာ ဒုက္ခခံနိုင်တယ်လို့ ညီအစ်ကိုမောင်နှမတွေက မှတ်ချက်ပေးကြတယ်။ လူတိုင်းရဲ့ ချီးမွမ်းစကားကို ကြားရတော့ ကျွန်မ တကယ် ပျော်မိပြီး ကိုယ် တော်တော်လုပ်နိုင်တယ်လို့ ထင်ခဲ့တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘဲ ထပ်ပြီး ဟန်ဆောင်မိပြန်ရော။ တစ်ညမှာ လူသစ်တချို့ မေးလာတဲ့ မေးခွန်းတချို့ကို ကျွန်မ အဖြေရှာမရ ဖြစ်နေတယ်၊ အကြာကြီး စဉ်းစားပြီးတာတောင် ဘယ်လိုဖြေရှင်းရမလဲ မသိသေးဘူး။ ကျွန်မက အိပ်ချင်နေပြီ။ အဲဒီအချိန်မှာပဲ ကျွန်မနဲ့ တွဲဖက်လုပ်နေတဲ့ ညီအစ်မကျန်းကျင်းက မေးတယ်၊ “ဒီအချိန်ထိ မအိပ်သေးဘူးလား။ အကူအညီလိုသေးလား” တဲ့။ ကျန်းကျင်းက ယုံကြည်သူအသစ်တွေကို ရေလောင်းတာ ကြာပြီဖြစ်လို့ ဒီအလုပ်မှာ အတွေ့အကြုံရှိတာကို ကျွန်မ တွေးမိပြီး သူ့ကို ပြောပြချင်စိတ် ပေါက်သွားတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားမိတယ်၊ “အရာအားလုံးကို သူ့ကိုပဲ ငါ မေးနေရင် ဒီပြဿနာကိုတောင် မဖြေရှင်းနိုင်လောက်အောင် ငါက အရည်အချင်း မရှိဘူးလို့ သူ ထင်သွားမလား။ သူ ငါ့ကို အထင်သေးသွားမလား။ မဖြစ်ဘူး၊ ငါ့ဘာသာပဲ အဖြေရှာမယ်။ ဒါဆိုရင် သူက ငါ့ကို ညဉ့်နက်တဲ့အထိ နေဖို့၊ ဆင်းရဲဒုက္ခခံဖို့၊ အဖိုးအခပေးဆပ်ဖို့ ဆန္ဒရှိတဲ့သူအဖြစ် အကောင်းမြင်နေဦးမှာပဲ” ပေါ့။ ဒါနဲ့ ကျွန်မ အင်အားတင်းပြီး ကိုယ့်ဘာသာ လုပ်နိုင်ပါတယ်၊ သွားအိပ်တော့ဆိုပြီး ပြောလိုက်တယ်။ အဲဒီညက မနက် ၂ နာရီလောက်ထိ ကျွန်မ မအိပ်ဘဲ နေခဲ့ပေမဲ့ ပြဿနာတချို့ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အဖြေရှာမရသေးဘူး။ အချိန်ဖြုန်းလိုက်သလို ဖြစ်ရုံသာမက အလုပ်ကိုလည်း နှောင့်နှေးစေခဲ့တဲ့အတွက် ကျွန်မ စိတ်ထဲမှာ ပြောမပြတတ်အောင် မွန်းကြပ်မှုနဲ့ မသက်မသာဖြစ်မှုတွေ ခံစားလိုက်ရတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း တော်တော် ဒေါသထွက်မိတယ်၊ “အကူအညီလိုတယ်လို့ ရိုးရိုးသားသား ဘာလို့ မပြောနိုင်ရတာလဲ။ အရာရာ လုပ်နိုင်သလိုမျိုး ဘာလို့ တင်းခံပြီး ဟန်ဆောင်နေရတာလဲ” လို့ တွေးမိတာပေါ့။ ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်မ တာဝန်ယူရတဲ့ အတိုင်းအတာ ကျယ်ပြန့်လာတာနဲ့အမျှ အလုပ်မှာကြုံရတဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကလည်း လိုက်ပြီး ကြီးလာတယ်၊ ဒါပေမဲ့ သမ္မာတရားကို ကျွန်မရဲ့ နားလည်သဘောပေါက်မှုက တိမ်တော့ ပြဿနာတွေကို ရှင်းရှင်းလင်းလင်းမြင်ဖို့နဲ့ ဖြေရှင်းဖို့ ကျွန်မ ရုန်းကန်ခဲ့ရတယ်။ တစ်ခါတလေ ရေလောင်းသူတွေရဲ့ အခြေအနေက မကောင်းလို့ သူတို့ရဲ့တာဝန်တွေက ဘာရလဒ်မှ မထွက်တဲ့အခါ သူတို့ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။ ကျွန်မရဲ့ လိုအပ်ချက်တွေနဲ့ ချို့ယွင်းချက်တွေကို တခြားလူတွေ မမြင်စေဖို့အတွက် ကိုယ့်ဘာသာပဲ ကြိတ်ပြီး စဉ်းစားခဲ့တယ်၊ ပြီးတော့ တကယ် မဖြေရှင်းနိုင်တဲ့ ပြဿနာရှိတဲ့အခါ ကျွန်မ အရမ်း အပျက်သဘောဆောင်ပြီး တိတ်တိတ်လေး ငိုမိတဲ့အထိပါပဲ။ ဒါပေမဲ့ အဲဒီလိုဖြစ်နေတာတောင် ကျွန်မ ဆက်ပြီး တင်းခံနေတုန်းပဲ။ အလုပ်တစ်ခုကို ပြန်စစ်ကြည့်တဲ့အချိန်မှာ ကျွန်မ တာဝန်ယူထားတဲ့ အလုပ်ရဲ့ ရလဒ်တွေက အရမ်းဆိုးနေတာ၊ ပြဿနာဟောင်းတွေ အများကြီး မပြေလည်သေးဘဲ ပြဿနာသစ်တွေ ထပ်ပေါ်လာတာကို တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ ကျွန်မ ဆက်ပြီး တောင့်မခံနိုင်တော့ဘဲ ငိုချလိုက်မိတယ်။ ရှိုက်ကြီးတငင်နဲ့ ကျွန်မရဲ့ အခြေအနေ အလုံးစုံကို ကျန်းကျင်းကို ရင်ဖွင့်လိုက်တယ်။ အံ့သြစရာကောင်းတာက သူက ပြောတယ်၊ “အစ်မ တော်တော်လုပ်နိုင်တယ်လို့ပဲ ကျွန်မ အမြဲထင်ခဲ့တာ၊ ဒါပေမဲ့ ဒီနေ့သာ အစ်မ ထုတ်မပြောရင် အစ်မမှာ ဒီလောက် အခက်အခဲတွေအများကြီး ရှိမှန်း ကျွန်မ သိမှာ မဟုတ်ဘူး” တဲ့။ ကျွန်မ အရမ်း ရှက်မိတယ်၊ ဘာလို့လဲဆိုတော့ ဒါက ဟန်ဆောင်ပြီး သူများကို လှည့်စားခြင်းအားဖြင့် ကျွန်မ ဖန်တီးခဲ့တဲ့ ဟန်ဆောင်မှုတစ်ခု ဖြစ်နေလို့ပါ။ နောက်သုံးလေးရက်မှာ ကျွန်မ ခဏခဏ တွေးမိတယ်၊ “အခက်အခဲတွေ ကြုံရတိုင်း တခြားလူတွေကို ငါဖွင့်ဟပြီး မိတ်သဟာယမပြုချင်တာ ဘာဖြစ်လို့လဲ။ ဖုံးကွယ်ပြီး ဟန်ဆောင်ဖို့ ငါ ဘာလို့ အမြဲ စိတ်အားထက်သန်နေရတာလဲ” ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “အခြေအနေမှာ မည်သို့ဖြစ်ပါစေ ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ အန္တိခရစ်တစ်ဦးသည် ၎င်းအနေဖြင့် အားမနည်းကြောင်း၊ ၎င်းသည် အစဉ် စိတ်ဓာတ်ကြံ့ခိုင်ကာ ယုံကြည်စိတ်ချမှု အပြည့်ရှိ၍ မည်သည့်အခါမျှ အပျက်သဘောမဆောင်ကြောင်း အသွင်အပြင်ကို ကြိုးစားပြီး ပြလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကိုဖြစ်စေ၊ ဘုရားအပေါ် စစ်မှန်သော သဘောထားကိုဖြစ်စေ လူတို့က မည်သည့်အခါမျှ မမြင်စေရန် ဖြစ်၏။ အမှန်တကယ်တွင် ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့ မလုပ်နိုင်သည့်အရာ လုံးဝ မရှိဟု ၎င်းတို့ အမှန်တကယ် ယုံကြည်သလော။ ၎င်းတို့၌ အားနည်းခြင်း မရှိကြောင်း၊ အပျက်သဘောဆောင်ခြင်း မရှိကြောင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်း မရှိကြောင်း ၎င်းတို့ အမှန်တကယ် ယုံကြည်ကြသလော။ လုံးဝ မယုံကြည်ပေ။ ၎င်းတို့သည် ဟန်ဆောင်ရာ၌ တော်သည်၊ အမှုကိစ္စများကို ကွယ်ဝှက်ထားရာ၌ ကျွမ်းကျင်ကြသည်။ ၎င်းတို့၏ ကြံ့ခိုင်ပြီး အလွန်ကောင်းမွန်သည့်ဘက်ကို လူများအား ပြလိုကြသည်။ ၎င်းတို့၏အားနည်းပြီး စစ်မှန်သည့် ဘက်ကို ထိုသူတို့အား မမြင်စေလိုကြပေ။ ၎င်းတို့၏ရည်ရွယ်ချက်က သိသာထင်ရှားပေသည်။ ယင်းမှာ ၎င်းတို့၏ ဝင့်ဝါမှုကို ထိန်းသိမ်းဖို့နှင့် သိက္ခာဆည်ဖို့၊ လူများ၏စိတ်နှလုံးထဲ၌ ၎င်းတို့ရထားသည့်‌ နေရာကို ကာကွယ်ဖို့သက်သက်ပင် ဖြစ်သည်။ အခြားသူများအရှေ့တွင် ၎င်းတို့၏ကိုယ်ပိုင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်တို့ကိုလည်းကောင်း၊ ၎င်းတို့၏ ပုန်ကန်လိုစိတ်ရှိပြီး ဖောက်ပြန်ပျက်စီးသောဘက်အကြောင်းကိုလည်းကောင်း ဖွင့်ဟလျှင် ဤသည်မှာ ၎င်းတို့၏ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့အဖို့ ဆိုးဆိုးရွားရွား ထိခိုက်မှု ဖြစ်လိမ့်မည် ဖြစ်ပြီး ကောင်းကျိုးထက် ဆိုးကျိုးက ပိုဖြစ်စေသည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အားနည်းသည့်အချိန်၊ ပုန်ကန်သည့်အချိန်နှင့် အပျက်သဘောဆောင်သည့်အချိန်များ ရှိခြင်းကို ဝန်ခံဖို့ထက် သေသာသေလိုက်ချင်ကြသည်။ လူတိုင်းက ၎င်းတို့၏ အားနည်းပြီး ပုန်ကန်လိုသည့်ဘက်ကို တွေ့သည့်နေ့ရက်ကို ရောက်လာလျှင်ပင် ၎င်းတို့က ဖောက်ပြန်ပျက်စီးပြီး လုံးဝ မပြောင်းလဲသည်ကို သူတို့ တွေ့မြင်သည့်အခါ ၎င်းတို့က ဆက်လက် ဟန်ဆောင်နေဦးမည် ဖြစ်သည်။ ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိခြင်း၊ သာမန်လူတစ်ဦးဖြစ်ခြင်း၊ အရေးမပါသောသူတစ်ဦး ဖြစ်ခြင်းကို ဝန်ခံလျှင် လူများ၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏နေရာကို ဆုံးရှုံးကာ လူတိုင်း၏ ကိုးကွယ်မှုနှင့် ချစ်ခင်မြတ်နိုးမှုတို့ကို ဆုံးရှုံးပြီး သို့ဖြစ်၍ လုံးလုံး ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မြင်ကြသည်။ ထို့ကြောင့် မည်သည့်အရာပင် ဖြစ်ပါစေ ၎င်းတို့သည် ဟန်ဆောင်မှုကင်းသော ဟန်ပန်ဖြင့် လူများကို ဖွင့်ပြောမည် မဟုတ်ဘဲ မည်သည့်အရာဖြစ်ပါစေ ၎င်းတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ကို အခြားမည်သူတစ်ဦးကိုမျှ စွန့်လွှတ်မည် မဟုတ်ပေ။ ထိုအစား ၎င်းတို့က ယှဉ်ပြိုင်ဖို့ အစွမ်းကုန်ကြိုးစားမည်ဖြစ်ကာ မည်သည့်အခါမျှ လက်လျှော့မည် မဟုတ်ပေ။...မိမိတို့ကိုယ်ကို အပြစ်အနာအဆာ ကင်းပြီး သန့်ရှင်းသည်ဟု ထင်သူအားလုံးသည် အယောင်ဆောင်၍ လိမ်လည်သူများဖြစ်ကြသည်။ ၎င်းတို့အားလုံးက အယောင်ဆောင်များဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ငါ့ကို ပြောလော့။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် အပြစ်အနာအဆာကင်းသောသူ တစ်စုံတစ်ယောက်ရှိသလော။ အမှန်တကယ် သန့်ရှင်းသောသူ တစ်စုံတစ်ယောက်ရှိသလော။ (မရှိပါ။) လုံးဝ မရှိပေ။ လူသားသည် စာတန်ကြောင့် အလွန်ဖောက်ပြန်ပျက်စီးပြီး၊ သမ္မာတရားကို ပင်ကိုအားဖြင့် မပိုင်သောအခါ အပြစ်အနာအဆာကင်းမဲ့ခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။ ဘုရားသခင်သာလျှင် သန့်ရှင်းသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် ညစ်ညမ်းသည်။ လူတစ်ယောက်သည် အပြစ်အနာအဆာ ကင်းမဲ့သည်ဟု ပြောဆိုလျက် သန့်ရှင်းသူတစ်ဦးအဖြစ် အယောင်ဆောင်ခဲ့လျှင် ထိုသူသည် မည်သည့်အရာဖြစ်မည်နည်း။ နတ်ဆိုးတစ်ကောင်၊ စာတန်တစ်ကောင်နှင့် ကောင်းကင်တမန်မင်းတစ်ပါး ဖြစ်လိမ့်မည်။ ထိုသူသည် အန္တိခရစ်စစ်စစ် ဖြစ်လိမ့်မည်။ အန္တိခရစ်ကသာ အပြစ်အနာအဆာ ကင်းပြီး သန့်ရှင်းသည်ဟု ပြောဆိုလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁၀)) လူတွေရဲ့ စိတ်နှလုံးထဲမှာ သူတို့ရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် အန္တိခရစ်တွေဟာ သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ ချို့ယွင်းချက်တွေကို ဖုံးကွယ်ရင်း၊ ဖောက်ပြန်ပျက်စီးမှု သို့မဟုတ် အပြစ်အနာအဆာ မရှိတဲ့လူတွေ၊ အရာရာ လုပ်နိုင်တဲ့လူတွေအဖြစ် ဟန်ဆောင်ရင်း သူတို့ကို တခြားလူတွေက လေးစားပြီး ကိုးကွယ်လာအောင် လုပ်တတ်ကြတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်ထားတယ်။ ကျွန်မ ကိုယ့်အပြုအမူကို ပြန်သုံးသပ်မိတယ်။ တာဝန်တွေမှာ ရလဒ်တချို့ ရလာတဲ့အခါ သူများထက် ငါသာတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်၊ ပြီးတော့ လူတွေရဲ့ စိတ်နှလုံးထဲမှာ ကျွန်မကို အကောင်းမြင်နေတာကို ထိန်းသိမ်းဖို့၊ ကျွန်မက အစွမ်းအစကောင်းတယ်၊ အလုပ်လုပ်နိုင်စွမ်းရှိတယ်လို့ သူတို့ထင်ပြီး ကျွန်မကို လေးစားလာအောင်လုပ်ဖို့အတွက် ကျွန်မ အကူအညီ မရှာခဲ့ဘူး။ အဲဒီအစား အလုပ်မှာ ပြဿနာတွေ၊ အခက်အခဲတွေ ကြုံရတဲ့အခါ၊ ပြီးတော့ ကိုယ့်မှာ အတွေ့အကြုံမရှိလို့ ကိစ္စတွေကို ထိုးထွင်းမမြင်နိုင်၊ မဖြေရှင်းနိုင်တာ ရှင်းနေတဲ့အခါမှာတောင် ဖုံးကွယ်ပြီး ဟန်ဆောင်ဖို့ ကျွန်မ အပြင်းအထန် ကြိုးစားခဲ့တယ်။ တခြားလူတွေက ကျွန်မကို ကူညီဖို့ တက်တက်ကြွကြွ ကမ်းလှမ်းလာတဲ့အခါ ကျွန်မရဲ့ အားနည်းချက်တွေနဲ့ ချို့ယွင်းချက်တွေ ပေါ်သွားမှာကို ကြောက်လို့ သူများအကူအညီကို လက်ခံမယ့်အစား တစ်ယောက်တည်းပဲ ညနက်တဲ့အထိ နေဖို့ ရွေးချယ်ခဲ့တယ်။ တာဝန်တွေမှာ ကျွန်မက သစ္စာရှိပြီး ဒုက္ခခံ၊ အဖိုးအခပေးနိုင်တယ်လို့ လူတွေထင်အောင် ညည်းညူမှုမရှိဘဲ ဒုက္ခခံချင်စိတ်ရှိတယ်လို့တောင် ဟန်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်မက မွန်းကြပ်ပြီး နာကျင်ရတဲ့အထိ ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲခဲ့မိတယ်။ တိတ်တိတ်လေးငိုပြီး ထုတ်မပြောရဲခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှု အမှန်ကို မြင်သွားရင် ကျွန်မကို အထင်မကြီးတော့မှာ ကြောက်ခဲ့တယ်။ ကျွန်မက တကယ့်ကို သူတော်ကောင်းယောင်ဆောင်သူဖြစ်ပြီး အတုအယောင်ပါပဲ။ ပြန်စဉ်းစားကြည့်ရင် အသင်းတော်က ကျွန်မကို တာဝန်တွေမှာ အရာရာ ထိုးထွင်းမြင်ဖို့၊ ဒါမှမဟုတ် အခက်အခဲတိုင်းကို ဖြေရှင်းနိုင်ဖို့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့ပါဘူး။ ကျွန်မက သူတော်ကောင်းယောင်ဆောင်သူ ဖြစ်နေခဲ့တာပါ၊ အမြဲတမ်း သန်မာသယောင် ဟန်ဆောင်ပြီး ကိုယ့်ဒုက္ခကိုယ်ရှာပြီးတော့ နားမလည်ဘဲ နားလည်သယောင်ဆောင်ခဲ့တယ်။ ကျွန်မက ကိုယ့်ဒုက္ခကိုယ်ရှာနေခဲ့တာပါ၊ ရလဒ်အနေနဲ့ အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့သလို ကိုယ့်ကိုယ်ကိုယ်လည်း ဒုက္ခတွေအများကြီး ခံစားစေခဲ့တယ်။ လူတွေရှေ့မှာ ကျွန်မက တက်ကြွပြီး အပြုသဘောဆောင်တဲ့လူအဖြစ် အမြဲ ဟန်ဆောင်ခဲ့တာကြောင့် ညီအစ်ကိုမောင်နှမတချို့က ကျွန်မရဲ့ ဟန်ဆောင်မှုကြောင့် အထင်အမြင်မှားပြီး ကျွန်မက ဒုက္ခခံနိုင်တယ်၊ အလုပ်လုပ်နိုင်စွမ်းရှိတယ်လို့ ထင်ပြီး ကျွန်မကို အထင်ကြီးခဲ့ကြတယ်။ ညီအစ်မတစ်ယောက်က ကျွန်မကို ပြောဖူးတယ်၊ “တစ်ယောက်တည်း ဒီလောက်လေးတဲ့ ဝန်ထုပ်ကို ထမ်းထားရတာ ခက်ခဲမှာပဲ။ အစ်မဆီကနေ ကျွန်မ လေ့လာချင်တယ်” တဲ့။ အဲဒီညီအစ်မ ကျွန်မကို ဒီလောက် အထင်ကြီးတာက ကျွန်မ အမြဲ ဟန်ဆောင်ပြီး ကိုယ့်အားနည်းချက်တွေနဲ့ အခက်အခဲတွေကို ဘယ်တော့မှ မထုတ်ဖော်ခဲ့လို့ပါ။ ကျွန်မက သူများကို အထင်အမြင်မှားအောင်လုပ်ပြီး လှည့်စားရာမှာ အရမ်း တော်လွန်းနေခဲ့တာပါ၊ ဒါက သူများကို ထိခိုက်စေရုံမက ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက်စေခဲ့တာပဲ။ ကျွန်မရဲ့ လုပ်ရပ်တွေနဲ့ အပြုအမူတွေအတွက် စိတ်နှလုံးထဲကနေ ရွံရှာမိတယ်၊ ပြီးတော့ ကျွန်မ ထပ်ပြီး မဟန်ဆောင်ချင်တော့ဘူး၊ ဒီလမ်းမှားကြီးအတိုင်း ဆက်မလျှောက်ချင်တော့ဘူး၊ ဒါကြောင့် နောင်တရဖို့ ဘုရားသခင်ဆီ ဆုတောင်းပြီး လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ရှာဖွေခဲ့တယ်။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “သင်သည် မည်သည့်ပြဿနာများကို ကြုံတွေ့ရသည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်၊ သင်သည် မိမိကိုယ်ကို လုံးဝ ဟန်မဆောင်ရ သို့မဟုတ် အခြားသူများကို ပုံရိပ်အတုအယောင် မပြရပေ။ သင်၏ ချို့ယွင်းချက်များ၊ မလုံလောက်မှုများ၊ အပြစ်အနာအဆာများ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်စေ သင်သည် ဤအရာအားလုံးအကြောင်းကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့ရမည်။ ယင်းတို့ကို ဖုံးကွယ်မထားနှင့်။ မိမိကိုယ်ကို ဖွင့်ဟတတ်ရန် သင်ယူခြင်းသည် အသက်ဝင်ရောက်မှုဆီသို့ ပထမဆုံးခြေလှမ်းဖြစ်ပြီး ယင်းမှာ ကျော်လွှားရန် အခက်ခဲဆုံးဖြစ်သော ပထမဆုံး အတားအဆီး ဖြစ်သည်။ သင်သည် ဤအတားအဆီးကို ကျော်လွှားပြီးသည်နှင့်တစ်ပြိုင်နက် သမ္မာတရားထဲသို့ ဝင်ရောက်ရန် လွယ်ကူသွားလိမ့်မည်။ သင်သည် ဤခြေလှမ်းကို လှမ်းသောအခါ ယင်းက အဘယ်အရာကို ဆိုလိုမည်နည်း။ ယင်းက သင်သည် သင်၏ စိတ်နှလုံးကို ဖွင့်ပြပြီး ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၏ အစိတ်အပိုင်းတိုင်းကို ဖော်ထုတ်ကာ ဖွင့်ဟလျက် အခြားလူများ မြင်ရန်နှင့် ဘုရားသခင် မြင်ရန်အတွက် ယင်းကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပြခြင်းကို ဆိုလိုသည်။ ဘုရားသခင်ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိထားခြင်း မရှိခြင်း၊ ဘုရားသခင်အပေါ် မည်သည့် ရုပ်ဖျက်မှု၊ လှည့်ဖြားမှု သို့မဟုတ် လိမ်လည်မှုကိုမျှ အသုံးမပြုခြင်း၊ ထိုနည်းတူ အခြားလူများနှင့်လည်း ပွင့်လင်းရိုးသားခြင်းကို ဆိုလိုသည်။ ဤနည်းအားဖြင့် သင်သည် အလင်းထဲတွင် အသက်ရှင်လိမ့်မည်။ ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက အခြားလူများကလည်း သင်၏ လုပ်ဆောင်ချက်များတွင် စည်းမျဉ်းများနှင့် ပွင့်လင်းမြင်သာမှု ရှိသည်ကို မြင်တွေ့ကြလိမ့်မည်။ သင်သည် သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် မည်သည့်နည်းလမ်းကိုမျှ အသုံးပြုရန် မလိုအပ်သကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ခြင်း သို့မဟုတ် ဖုံးဖိခြင်း တစ်ခုတလေကိုမျှ လုပ်ဆောင်ရန် မလိုအပ်ပေ။ သင်သည် ဤအသုံးမဝင်သော ကြိုးပမ်းမှုများတွင် ပါဝင်ရန် မလိုအပ်ပေ။ သင်သည် ဤအရာများကို စွန့်လွှတ်နိုင်ပါက သင်၏အသက်တာသည် အလွန် သက်သောင့်သက်သာ ရှိလာမည်ဖြစ်ပြီး ဘောင်ခတ်ချုပ်ချယ်မှုများနှင့် နာကျင်မှုတို့မှ ကင်းလွတ်ကာ သင်သည် အလင်းထဲတွင် လုံးလုံးလျားလျား အသက်ရှင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး)ထို့ကြောင့် သင်၏အခြေအနေသည် မည်သို့ပင်ဖြစ်စေ၊ သင်သည် အပျက်သဘောဆောင်သည်ဖြစ်စေ၊ အခက်အခဲ ကြုံနေရသည်ဖြစ်စေ၊ သင် ကိုယ်တိုင်၏တစ်ကိုယ်ရေ စိတ်ဓာတ်လှုံ့ဆော်မှုများ သို့မဟုတ် အစီအစဉ်များ မည်သို့ ရှိသည် ဖြစ်စေ၊ သင် မည်သည့်အရာအား သိရှိလာသည်ဖြစ်စေ၊ သို့မဟုတ် စစ်ဆေးမှုမှ တစ်ဆင့် သဘောပေါက်လာသည်ဖြစ်စေ၊ သင်သည် ထင်မြင်ခံစားရသည့်အတိုင်း ပြောဆိုရန်နှင့် မိတ်သဟာယဖွဲ့ရန်အတွက် သင်ယူရမည် ဖြစ်ကာ၊ သင် မိတ်သဟာယဖွဲ့သည်နှင့်အမျှ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ဆောင်မည် ဖြစ်သည်။ ပြီးလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် မည်သို့ လုပ်ဆောင်သနည်း။ သူသည် သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး အလင်းပေးကာ ပြဿနာ၏ ပြင်းထန်မှုကို မြင်စေသည်။ သူသည် သင့်အား ပြဿနာ၏ အရင်းအမြစ်နှင့် အနှစ်သာရအား သတိမူမိစေသည်၊ ထို့နောက် သင့်ကို သမ္မာတရားနှင့် သူ့ရည်ရွယ်ချက်များကို တဖြည်းဖြည်း နားလည်စေပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း မြင်ခွင့်ပေးကာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခွင့်ပေးသည်။ လူတစ်ယောက်က ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်လျှင် ၎င်းတို့သည် သမ္မာတရားအပေါ် ရိုးသားသော သဘောထားတစ်ခုရှိသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် ရိုးသားသူဟုတ်မဟုတ်ကို သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားဖြင့် အကဲဖြတ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကို ညွှန်ပြပေးခဲ့တယ်၊ အဲဒါကတော့ ကိုယ့်မာနကို ဘေးဖယ်ထားခြင်း၊ ရိုးသားသူတစ်ယောက် ဖြစ်ခြင်း၊ ကိုယ့်အခက်အခဲတွေနဲ့ ချို့ယွင်းချက်တွေကို တက်တက်ကြွကြွ ဖွင့်ဟဖို့ သင်ယူခြင်း၊ ဘုရားသခင်နဲ့ လူတွေရှေ့မှာ ကိုယ့်ရဲ့ ပုံစံအမှန်ကို ပြနိုင်ခြင်း၊ လှည့်စားတာ၊ ဖုံးကွယ်တာတွေ မလုပ်ဘဲ စစ်မှန်ပြီး အစစ်အမှန်ဖြစ်ခြင်းတို့ ပါဝင်ပါတယ်။ ရိုးသားသူတစ်ယောက်က ဘုရားသခင်ရှေ့မှာ စိတ်နှလုံးကို ဖွင့်နိုင်တယ်၊ ပြီးတော့ သူတို့ရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ သမ္မာတရားကို စစ်မှန်စွာ ရှာဖွေချင်ကြတယ်၊ ဒါကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ အလင်းပေးခြင်းကို ရရှိဖို့၊ သမ္မာတရားကို နားလည်ပြီး လက်တွေ့ကျမှုထဲကို ဝင်ရောက်ဖို့ သူတို့အတွက် ပိုလွယ်ကူစေပါတယ်။ ဒါကို သဘောပေါက်တော့ နောင်အနာဂတ်မှာ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်မယ်၊ ကိုယ့်မာနကို စွန့်လွှတ်မယ်၊ ပွင့်လင်းပြီး ကိုယ့်ကိုယ်ကိုယ် ဖွင့်ချမယ်၊ ပြီးတော့ ရိုးရှင်းပြီး ရိုးသားသူတစ်ယောက် ဖြစ်အောင်နေမယ်လို့ ဆုံးဖြတ်ပြီး စိတ်ထဲကနေ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။

နောက်ပိုင်းမှာ ကျွန်မ နားမလည်တဲ့၊ မဖြေရှင်းနိုင်တဲ့ အလုပ်က ပြဿနာတွေကို ထပ်ကြုံရတဲ့အခါ၊ ဒါမှမဟုတ် ဘယ်လိုဖြေရှင်းရမလဲ မသိတဲ့ အခြေအနေတစ်ခုခု ဖြစ်လာတဲ့အခါ ဘုရားသခင်ဆီ သတိရှိရှိ ဆုတောင်းပြီး ညီအစ်ကိုမောင်နှမတွေဆီက အကူအညီရဖို့ ဖွင့်ဟခဲ့တယ်။ တစ်ခါတုန်းက လူသစ်တစ်ယောက်က မေးခွန်းတစ်ခု မေးတယ်၊ ကျွန်မမှာ အကြံတချို့ ရှိပေမဲ့ ဖြေရှင်းချက်ကို ဘယ်လို မိတ်သဟာယပြုရမယ်ဆိုတာ အသေးစိတ် မရှင်းလင်းဘူး၊ ဒါနဲ့ ကျန်းကျင်းနဲ့ ဆွေးနွေးဖို့ စဉ်းစားလိုက်ပေမဲ့ တွန့်ဆုတ်သွားပြီး တွေးမိတယ်၊ “ယုံကြည်သူအသစ်တွေကို ငါ ရေလောင်းလာတာ အတော်ကြာနေပြီ။ ဒီလိုမေးခွန်းမျိုးတွေနဲ့ သူ့ဆီသွားပြီးမေးနေသေးရင် သူငါ့ကို ဘယ်လိုထင်မလဲ။ ထားလိုက်ပါတော့။ သူ့ကို မမေးတော့ဘူး။ ငါ့ဘာသာပဲ အဖြေရှာမယ်” ပေါ့။ အဲဒီအချိန်မှာ ကျွန်မ ထပ်ပြီး ဟန်ဆောင်ဖို့ သွေးဆောင်ခံနေရမှန်း သတိထားမိလိုက်တယ်။ အတိတ်တုန်းက တစ်ကြိမ်ပြီးတစ်ကြိမ် ဟန်ဆောင်ပြီး ဖုံးကွယ်ခဲ့တာတွေက ကျွန်မကို မွန်းကြပ်မှုနဲ့ နာကျင်မှုထဲမှာ နစ်မွန်းစေရုံသာမက အလုပ်ကိုလည်း ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တာကို ပြန်စဉ်းစားမိတော့ ကျွန်မ ဆက်ပြီး ဟန်မဆောင်နိုင်တော့မှန်း သဘောပေါက်လိုက်တယ်။ ကိုယ်နားမလည်တာ၊ မရှင်းလင်းတာတွေနဲ့ ပတ်သက်ပြီး ကျွန်မ ပွင့်လင်းရမယ်၊ တခြားလူတွေနဲ့ ဆက်သွယ်ပြောဆိုရမယ်။ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်အတိုင်း ရိုးသားသူတစ်ယောက်အဖြစ် လက်တွေ့လုပ်ဆောင်နိုင်ဖို့ လမ်းပြပေးပါလို့ တောင်းလျှောက်ရင်း စိတ်ထဲကနေ ဘုရားသခင်ဆီ တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ ပြီးတော့ ကျွန်မရဲ့ အခက်အခဲတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနည်းတွေအကြောင်း ကျန်းကျင်းကို ပြောပြတော့ ကျွန်မ ကိုးကားလိုက်တဲ့ ဘုရားနှုတ်ကပတ်တော်က မသင့်တော်ဘူးလို့ သူက ထောက်ပြတယ်၊ ပြီးတော့ ဒီလိုကိစ္စမျိုးကို ဘယ်လို မိတ်သဟာယပြုပြီး ဖြေရှင်းရမယ်ဆိုတာကိုလည်း ပြောပြတယ်။ ကျန်းကျင်းရဲ့ အကြံပေးချက်အတိုင်း ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ရှာခဲ့တယ်။ လူသစ်နဲ့ မိတ်သဟာယပြုပြီးတဲ့အခါ သူ့ ရှုပ်ထွေးနေတာတွေ ပြေလည်သွားပြီး ကျွန်မ တကယ် စိတ်သက်သာရာရသွားတယ်။ အဲဒီအခါမှာ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်တာက စိတ်သက်သာရာရမှုနဲ့ လွတ်မြောက်မှုကို ဆောင်ကြဉ်းပေးမှန်း ကျွန်မ သဘောပေါက်သွားပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မိတ်သဟာယက ပွင့်လင်းမှုရှိရမည်

ဂျူလီယာ ပိုလန်နိုင်ငံ ၂၀၂၁ နှစ်စတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်မလက်ခံခဲ့သည်။ အစည်းအဝေးများကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။