ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်မကို နာမကျန်းဖြစ်ခြင်း စမ်းသပ်မှုတစ်လျှောက် လမ်းပြတော်မူခဲ့သည်
သခင်နှင့် ပြန်လည်ဆုံစည်းရသည်ကို ကျွန်မ ဝမ်းမြောက်သည်
ယခုနှစ်တွင် ကျွန်မ ၇၈ နှစ်ရှိပြီ ဖြစ်သည်၊ ပြီးလျှင် ကျွန်မသည် အမြဲတမ်း ခေါင်းကိုက်ခြင်းနှင့် ဆီးချိုရောဂါ ဝေဒနာတို့ကို ခံစားခဲ့ရပါသည်။ ၂၀၀၅ ခုနှစ်တွင် သခင့်ကို စတင် ယုံကြည်ခဲ့ပြီးနောက်၊ နှစ်ပေါင်းများစွာ ဖိစီးခဲ့သည့် နာမကျန်းဖြစ်ခြင်းသည် သက်သာခဲ့သည်၊ ကျွန်မက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သိမြင်လာပြီး၊ သခင်ကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါသည်။ နောက်နှစ်နှစ်အကြာတွင် ဆွေမျိုးတစ်ယောက်က နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အမှုတော်ကို ကျွန်မကို ဟောပြောခဲ့ပြီး သခင်ယေရှုက လူ့ဇာတိခံယူသည့် အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်ကြွလာပြီး ဖြစ်ကြောင်း သူက ပြောခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ယခုအခါတွင် သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုတော်ဆိုင်ရာ အခြေခံအုတ်မြစ်ပေါ်တွင် ပိုမိုသစ်လွင်သော၊ ပိုမြင့်မားသော အမှုတော်အဆင့်တစ်ခုကို ပြုနေကြောင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူများကို တရားစီရင်ရန် နှင့် ပြစ်တင်ဆုံးမရန်၊ ကျွန်မတို့ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ရန် သမ္မာတရားကို အသုံးပြုနေခဲ့ပြီး၊ ဘုရားသခင်က အဆုံးသတ်တွင် ကယ်တင်ခြင်း ရရှိသူများကို သူ၏ နိုင်ငံတော်ထဲသို့ ဦးဆောင်သွားမည် ဖြစ်ကြောင်းတို့ကို သူက ပြောခဲ့သည်။ ကျွန်မက ထိုသတင်းကို ကြားရသည်မှာ စိတ်လှုပ်ရှားခဲ့ပြီး၊ မိမိဘာသာ “ငါ့တစ်သက်မှာ သခင့်ကို အမှန်တကယ် ကြိုဆိုရလိမ့်မယ်လို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးဘူး။ အနာဂတ်မှာသာ ငါက သူ့နိုင်ငံတော်ထဲကိုဘုရားသခင်ရဲ ဦးဆောင်တာခံရနိုင်တယ်ဆိုရင်၊ အဲဒါက တကယ်ကို အံ့သြစရာကောင်းမှာပဲ” ဟု တွေးမိခဲ့သည်။ ဤအချက်ကိုတွေးရင်းဖြင့် ကျွန်မနှလုံးသားသည် မဖော်ပြနိုင်သည့် ဝမ်းမြောက်ခြင်းဖြင့် ပြည့်နှက်လာခဲ့ပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့အတွက် ကျွန်မ ကျေးဇူးတင်ခဲ့ပါသည်။ ကာလတစ်ခုကြာ ရှာဖွေကာ စုံစမ်းစစ်ဆေးပြီးနောက်တွင် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသည့် သခင်ယေရှုဖြစ် ကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှ ကျွန်မ သေချာလာခဲ့သည်၊ ထို့နောက်မကြာမီပင် ကျွန်မက အသင်းတော် အသက်တာကို အသက်ရှင်နေထိုင်ပြီး၊ အသင်းတော်အတွင်း၌ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့ လုပ်နိုင်သမျှ အားလုံး လုပ်ဆောင်ခဲ့သည်။
နာမကျန်းဖြစ်ခဲ့ပြီး ကျွန်မ၏ မနှစ်မြို့ဖွယ် ရည်ရွယ်ချက်များ ဖော်ထုတ်ခံရသည်
လပြက္ခဒိန်၏ ဆယ့်နှစ်လပိုင်းတွင် ကျွန်မ အိမ်အလုပ်များ လုပ်နေချိန်တွင်၊ ကျွန်မနှလုံးသားမှ ဖိအားတစ်ခုကို ရုတ်တရက် ခံစားခဲ့ရပြီး၊ အသက်ရှုရန် ခက်ခဲသည်ကို တွေ့ရသည်၊ ပြီးလျှင် ကျွန်မ အသက်ရှုမရသည့်အပြင်၊ အသက်ရှုကျပ်လုဆဲဆဲ ဖြစ်သကဲ့သို့ ခံစားချက်တစ်ခု ခံစားခဲ့ရသည်။ ကျွန်မ ယောက်ျားက ကျွန်မ ဝေဒနာခံစားနေရသည်ကို တွေ့မြင်ပြီး၊ ကျွန်မသမီးနှင့် သူမ၏ ခင်ပွန်းတို့ကို ကမန်းကတန်းခေါ်ခဲ့ကာ၊ သူတို့က ကျွန်မကို စည်ပင်ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။
စေ့စပ်သော စစ်ဆေးမှုတစ်ခုအပြီးနောက်၊ တာဝန်ကျဆရာဝန်က ဣန္ဒြေဆည်သည့် မျက်နှာအမူအရာဖြင့် “အဒေါ့်မှာ အရမ်းစိုးရိမ်ရတဲ့ ရောဂါရှိနေပြီ။ အဲဒါကတော့ အဒေါ့်ကို အချိန်မရွေး သေစေနိုင်တဲ့ အဒေါ့်နှလုံးနဲ့ ဆိုင်တဲ့ ပြဿနာပဲ။ အဒေါ်က ကုသမှုအတွက် ဆေးရုံချက်ခြင်းတက်ဖို့ လိုတယ်” ဟု ပြောခဲ့သည်။ ဆရာဝန်၏ စကားများက မိုးကြိုးပစ်ချလိုက်သကဲ့သို့ဖြစ်ပြီး၊ ကျွန်မက ရုတ်ချည်း စတင် ချောက်ချားလာခဲ့သည်။ ကျွန်မက “ငါ ဒီလို စိုးရိမ်ရတဲ့ နာမကျန်းဖြစ်မှုကို ရုတ်တရက်ကြီး ဘယ်လိုကူးစက်ရရှိခဲ့ပါလိမ့်။ ပြီးတော့ ငါက အချိန်မရွေးသေသွားနိုင်တယ်၊ ဟုတ်လား။ ငါဘုရားသခင်ကို စပြီးယုံကြည်လာခဲ့ကတည်းက ငါ့တာဝန်တွေကို အမြဲတမ်း သစ္စာရှိရှိနဲ့ ကျေပွန်ခဲ့တယ်။ ဘုရားသခင်က ငါ့ကို ဘယ်လိုဖြစ်ပြီး မကွယ်ကာပဲနေနိုင်တာလဲ။ ငါသေသွားခဲ့ရင်၊ လှပတဲ့ကောင်းကင်နိုင်ငံတော်ရဲ့ အထင်အရှားပြခြင်းနဲ့ဆိုင်တဲ့ ခမ်းနားကြီးကျယ်တဲ့ အဖြစ်အပျက်တစ်ခုကို မြင်ရတော့မှာ မဟုတ်ဘူး၊ ပြီးတော့ ငါ့သမီးတွေ နဲ့ ယောက်ျားနဲ့လည်း ထပ်ပြီးနေရတော့မှာ မဟုတ်ဘူး။ ငါက ကောင်းကင်နိုင်ငံတော်ရဲ့ ထာဝရပျော်ရွှင်မှုကို ဝေမျှမခံစားရတော့ဘူးလား” ဟု တွေးမိပါသည်။ ကျွန်မက ပိုတွေးလေ၊ ပိုဝမ်းနည်းကြေကွဲခဲ့ရပြီး၊ ကျွန်မနှလုံးသားထဲကို ဝမ်းနည်းညှိုးငယ်ခြင်း ခံစားချက်တစ်ခု တလိပ်လိပ်နှင့် နှင့် ဝင်ရောက်လာခဲ့သည်။ နာကျင်မှုဖြင့် ကျွန်မမှာ မိမိနှလုံးသားထဲမှ ဘုရားသခင်ကို ဆက်၍ ဆုတောင်းနေခဲ့ရုံသာ တတ်နိုင်သည်၊ “အိုးဘုရားသခင်၊ ကျွန်မဆီမှာ အခု ဒီလိုစိုးရိမ်ဖို့ကောင်းတဲ့ ရောဂါတစ်ခုက ဖြစ်လာခဲ့ပြီး၊ ကျွန်မမှာ ကူညီရာမဲ့သလို အားနည်းနေတယ်လို့ ခံစားရပါတယ်။ ကျွန်မ ဘာကို လုပ်ရမှန်လည်း မသိဘူး၊ ပြီးတော့ ကိုယ်တော့်အလိုတော်ကိုလည်း ကျွန်မနားမလည်ပါဘူး။ ဒါပေမဲ့ ဒါတွေအားလုံးက ကိုယ်တော့် ခွင့်ပြုချက်အားဖြင့် ဖြစ်ပျက်နေတယ်ဆိုတာတော့ ကျွန်မယုံကြည်တယ်၊ ပြီးတော့ ကိုယ်တော် ကျွန်မကို ဦးဆောင်ပြီး လမ်းပြဖို့ တောင်းလျှာက်ပါတယ်” ဆုတောင်းအပြီးနောက်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များ ကျွန်မစိတ်ထဲသို့ ရောက်ရှိလာခဲ့သည်၊ “ယခုဆိုလျှင် သင်တို့အားလုံး ဘုရားသခင်၌ လူသား၏ ယုံကြည်ခြင်းသည် ဝိညာဉ်ကယ်တင်ခြင်းနှင့် ဇာတိခန္ဓာ၏ သုခချမ်းသာ အတွက်သာလျှင် မဟုတ်သလို၊ ဘုရားသခင်အား ချစ်ခြင်းမှတစ်ဆင့် သူ၏အသက်တာအား ကြွယ်ဝ ချမ်းသာစေရန် မဟုတ်မှန်း အစရှိသည်ဖြင့် သိနားလည်ကြသည်။ ဤသို့ဖြစ်သည့်အတိုင်း သင်သည် ဇာတိခန္ဓာ၏ သုခချမ်းသာ သို့မဟုတ် တစ်ခဏတာ သာယာမှုအတွက် ဘုရားသခင်ကို ချစ်ပါက၊ ထို့နောက် အဆုံး၌ ဘုရားသခင်အား သင်၏ချစ်ခြင်းသည် အထွတ်အထိပ် ရောက်ရှိပြီး နောက်ထပ် သင်ဘာမျှပင် မတောင်းဆိုလင့်ကစား သင်ရှာဖွေသော ဤချစ်ခြင်းမေတ္တာသည် ညစ်ညမ်းသော ချစ်ခြင်းမေတ္တာသာ ဖြစ်ပြီး ဘုရားသခင်အဖို့ နှစ်လိုဖွယ်ရာ မဟုတ်ပေ။...ထိုကဲ့သို့သော ချစ်ခြင်းမျိုးသည် ရှိရင်းစွဲကိုသာလျှင် ထိန်းသိမ်းနိုင်၏၊ ထာဝရတည်မြဲမှုကို မရရှိနိုင်သကဲ့သို့ လူသား၌လည်း အမြစ်တွယ်နိုင်မည် မဟုတ်ပေ။ ဤချစ်ခြင်းမျိုးသည် အသီးမသီးဘဲ ပွင့်လန်းပြီး ညှိုးနွမ်းသောပန်းနှင့်သာ တူသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်ကို ထိုကဲ့သို့သောနည်းဖြင့် တစ်ကြိမ်ချစ်ပြီးနောက်တွင် ရှေ့၌ရှိသောလမ်းကြောင်း၌ သင့်ကိုဦးဆောင်မည့်သူ မရှိပါက၊ သင်သည် လဲပြိုကျသွားမည်ဖြစ်သည်။...ဘုရားသခင်၏ ရယူခြင်းခံရသူတို့သည် စာတန်မာရ်နတ်အား ကျောခိုင်းပြီး သူ၏အုပ်စိုးမှုအောက်မှလည်း လွတ်မြောက်သော သူများ ဖြစ်သည်။ ထိုသူတို့ကို နိုင်ငံတော်၏လူများထဲတွင် တရားဝင် ထည့်တွက်ထားသည်။ ဤသည်မှာ နိုင်ငံတော်၏လူများ ဖြစ်ပေါ်လာပုံဖြစ်သည်။ သင်သည် ဤကဲ့သို့သောလူမျိုး ဖြစ်လာရန် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏ ရယူခြင်းခံရရန် ဆန္ဒရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်သူများသည် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း)
ထို့နောက်တွင်မှ ကျွန်မ၏ ဘုရားသခင်ကို ယုံကြည်မှု အပေါ် ကျွန်မ၏ အမြင်ရှုထောင့်သည် မှားယွင်းနေကြောင်း သတိပြုမိသည့်အတွက် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ထုတ်ဖော်ခြင်းက ကျွန်မကို အရှက်ရစေသည်။ ပြန်တွေးရင်းဖြင့် ကျွန်မက မိမိနာမကျန်းဖြစ်ခြင်း ပျောက်ကင်းစေရန်သာ သခင်ယေရှုကို စတင်ယုံကြည်ခဲ့သည်၊ ထို့နောက်ပိုင်းတွင်လည်း လူတစ်ယောက်သည် နောက်ဆုံးသာကာလမှ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံပါက ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ပြီး၊ ထာဝရအတိသုခကို နှစ်သက်ခံစားနိုင်ကြောင်း ကြားခဲ့သောကြောင့် ဤကောင်းကြီးမင်္ဂလာကို ရရှိရန် ကျွန်မက နောက်ဆုံးသောကာလနှင့်ဆိုင်သော ဧဝံဂေလိကို လက်ခံပြီး၊ မိမိတာဝန်ကို တက်ကြွစွာ ကျေပွန်ခဲ့ခြင်းဖြစ်ကာ၊ ဘုရားသခင် အတွက် ကျွန်မ ပိုအလုပ်လုပ်လေ အနာဂတ်တွင် ကျွန်မ၏ ကောင်းကြီးမင်္ဂလာပိုကြီးလေဟု ယုံကြည်ခဲ့သည်။ သို့သော်လည်း ယခုတွင် ကျွန်မမှာ အသက်ကို ခြိမ်းခြောက်သည့် နာမကျန်းဖြစ်ခြင်း ဖြစ်ခဲ့ကာ၊ ကောင်းကြီးမင်္ဂလာခံစားလိုသည့် ကျွန်မ၏ မျှော်လင့်ချက်များသည် ရိုက်ချိုးခံရလုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် ကျွန်မက ဘုရားသခင်ကို အပြစ်တင်ကာ၊ အထင်လွဲမှားပြီး၊ ဘုရားသခင်ကို အကျိုးသင့် အကြောင်းသင့်ပြောကာ၊ ကျွန်မက အရာအားလုံးကို စွန့်ပစ်ပြီး ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံခဲ့သည့်အပြင်၊ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံစားပြီး၊ ပေးဆပ်မှုတစ်ခပြုပြီးဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် ကျွန်မကို ကောင်းကြီးမင်္ဂလာပေးသင့်ပြီး၊ ထိုကဲ့သို့ စိုးရိမ်ရသည့် နာမကျန်းဖြစ်မှုမျိုး မဖြစ်စေသင့် ဟု ယုံကြည်ခဲ့ပါသည်။ ထိုအချိန်မှသာလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် ဖန်ဆင်းခံသတ္တဝါတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ဖို့ မဆိုထားနှင့် ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်မှုနှင့် ကျွန်မ၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့သည် စိတ်ရင်းအတိုင်းမဟုတ်ခဲ့ကြောင်းကို သိရှိလာခဲ့သည်။ ထိုအစား ကျွန်မက မိမိကိုယ်ပိုင် စေ့ဆော်မှုများနှင့် သွားနေခဲ့ပြီးဖြစ်ကာ ကျွန်မ၏ရည်ရွယ်ချက်တို့သည် ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာကို ရရှိရန်နှင့် ကျေးဇူးတော်နှင့် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများတို့ကို နှစ်သက်ခံစားရန် ဖြစ်ပါသည်။ ကျွန်မ၏ ကိုယ့်ကိုယ်ကို အသုံးခံမှုသည်လည်း ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ရန်ဖြစ်ခဲ့ပြီး အတုံ့အလှည့်အနေဖြင့် ကောင်းကင်နိုင်ငံတော်၏ အတိသုခကို ရရှိဖို့ဖြစ်ခဲ့လေသည်။ ထိုသို့သော ဘုရားသခင်ကို အစွန်းအထင်းရှိသည့် ယုံကြည်မှုတစ်ခုဖြင့် ကျွန်မက အပြင်ပန်းမှာ မည်မျှ သစ္စာရှိသည့်အသွင်ပေါက်နေပါစေ၊ ယင်းက အမှန်တရားများကို ဆန့်ကျင်ရပ်တည်နိုင်ခြင်း မရှိခဲ့ပါ၊ သေးငယ်သည့်ပြဿနာတစ်ခု ရောက်ရှိလာပါက၊ ကျွန်မက အလွယ်တကူ လဲကျသည်မှာ ခဏတာ နူးညံ့ပြီး လှပသော်လည်း မည်သည့်အသီးမျှ မသီးသည့် လှပသည့် ပန်းပွင့်လေးတစ်ခုကဲ့သို့ပင် ဖြစ်သည်။ ကျွန်မက ကျွန်မထံတွင် ရှိသမျှ အရာအားလုံးသည် ဘုရားသခင်ထံမှ မည်သို့လာကြောင်းနှင့်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် ကျွန်မ တာဝန်ကို မည်သို့ ကောင်းမွန်စွာ ကျေပွန်သင့်ကြောင်း နှင့် ဤသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသတစ်ခုဖြစ်ကြောင်း တို့ကို ကျွန်မ တွေးမိသည်။ သို့သော်လည်း ကျွန်မက ကျွန်မ၏ အလွန်အကျွံ ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့ကာ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကျွန်မတာဝန်ကို အသုံးချခဲ့သည်၊ ကျွန်မက ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်နေ ခဲ့ပြီး ဤနည်းဖြင့် ကျွန်မတာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ဘုရားသခင်ကို လိမ်လည်ရန် ကြိုးစားနေခဲ့ခြင်း မဟုတ်ပါလား။ ထို့နောက်တွင် ကျွန်မက ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ခဲ့သည်။ ဘုရားသခင်က ကျွန်မကို စစ်ဆေးရန် နှင့် ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်မှုနောက်ကွယ်မှ မှားယွင်းသည့် ရည်ရွယ်ချက်များကို ရှင်းလင်းစွာ တွေ့မြင်စေရန် ဤနာမကျန်းဖြစ်ခြင်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ကိုယ်တော်က ကျွန်မကို သန့်စင်ရန် နှင့် ပြောင်းလဲစေရန်၊ ဘုရားသခင်ကို ကျွန်မ ပြုနေသည့် ယုတ္တိမတန်သော တောင်းဆိုမှုများကို လက်လွှတ်စေရန်၊ ကျွန်မ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ပြန်လည်ရရှိစေရန်၊ ပြီးနောက် ဖန်ဆင်းခံသတ္တဝါတစ်ယောက်၏ နေရာတွင် မြဲမြံစွာရပ်တည်ပြီး ဖန်ဆင်းရှင်ကို ဝတ်ပြုကိုးကွယ်ရန် ဤစစ်ဆေးခြင်းကို ဘုရားသခင်က အသုံးပြုနေခဲ့ခြင်းဖြစ်သည်။ ဤအချက်ကိုတွေးရင်းဖြင့် အရာအားလုံးက အလွန်ရှင်းလင်းလာပြီး၊ ကျွန်မက ဘုရားသခင်ကို သူ့ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ခဲ့ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့်သာ မဟုတ်ပါက၊ အဆုံးသတ်တွင် ကျွန်မ၏ ဆုလာဘ်အနေဖြင့် ဘာမျှမရှိခြင်းနှင့်အတူ မှားယွင်းသည့် လမ်းကြောင်းတစ်လျှောက် လိုက်နေမည်သာ ဖြစ်သည်၊ ပြီးလျှင် ကျွန်မသည် ဘုရားသခင်၏ စွန့်ပစ်ခြင်းနှင့် စစ်ထုတ်ခြင်းကိုသာ ခံရနိုင်ပါသည်။ ဤနာမကျန်းဖြစ်ခြင်းမှတစ်ဆင့် လူတစ်ယောက်က ဘုရားသခင်၏ အမှုတော်ကို မသိသည့်အပြင်၊ လူသားကို ဘုရားသခင်က မည်သို့ သန့်စင်ပြီး ကယ်တင်သည်ကို မသိပါက၊ ထိုသူသည် ဘုရားသခင်ကို ကြောက်ရွံရိုသေပြီး နာခံနိုင်ခြင်းမရှိပါ၊ ပြီးလျှင် ထိုလူတစ်ယောက်၏ အကြိုက်အတိုင်း အရေးကိစ္စများ မဖြစ်လာသည့်အခါတွင်၊ ထိုလူသည် စိတ်ပျက်အားငယ်လာလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို အထင်လွဲကာ အပြစ်ပင် တင်လိမ့်မည်၊ ကျွန်မ၏ ဝိညာဉ်အသက်တာသည် အမှန်တကယ်ပင် အလွန်သနားဖွယ်ရာ သေးငယ်လှဿည်။ ဤအရာများကို တွေးတောရင်းဖြင့် ကျွန်မ၏ နှလုံးသားသည် မိမိကိုယ်ကို အပြစ်တင်ခြင်းနှင့် ဘုရားသခင်ကို အကြွေးတင်ခြင်း ခံစားချက်တစ်ခု တို့ဖြင့် ပြည့်နှက်နေခဲ့ပါသည်။
ကျွန်မ ဆေးရုံတက်ပြီးနောက်၊ ကျွန်မသည် ကျွန်မ၏အတွေးများထဲတွင် ဘုရားသခင်ကို အချိန်တိုင်း ထည့်ထားပါသည်၊ ပြီးလျှင် ကျွန်မ နှလုံးသားနှင့် ဘုရားသခင်က ပို၍ပင် နီးကပ်လာသည်ဟု ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မက “အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး ပေတကား။ နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။ သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ဟု မိန့်တော်မူထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးမိခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ ကျွန်မသည် ဘုရားသခင် ၏ သြဇာအာဏာ နှင့် ချစ်ခြင်းမေတ္တာတို့ကို တွေ့မြင်ခဲ့ရပြီး၊ ထို့နောက် ကျွန်မနှလုံးသားထဲတွင် ဘုရားသခင်ကို ဆုတောင်းချက်တစ်ခု ရွတ်ဆိုခဲ့ပါသည်၊ “အိုဘုရားသခင်။ အခု ကျွန်မမှာ နာမကျန်းဖြစ်ရ တဲ့အတွက် နည်းနည်း ကြောက်ပေမဲ့ ကိုယ်တော်ဟာ အရာအားလုံးရဲ့ အုပ်စိုးသူဖြစ်ကြောင်း ယုံကြည်ပြီး ကျွန်မရဲ႕ နာမကျန်းဖြစ်ခြင်းကလည်း ကိုယ်တော့်လက်တော်ထဲမှာ ရှိပါတယ်။ ကျွန်မ ကိုယ်တော့်ဆီမှာ ကိုယ့်ကိုကိုယ် ယုံကြည်စွာအပ်နှံလိုပါတယ်၊ ပြီးတော့ ကိုယ်တော်ဟာ ကျွန်မရဲ့ မဏ္ဍိုင်ဖြစ်တာကို ကျွန်မ ယုံကြည်ပါတယ်။ ကိုယ်တော်က ကျွန်မကို ယုံကြည်မှုပေးပြီး၊ ကိုယ်တော့် စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်မှုတွေကို ဆက်ကပ်အပ်နှံ နိုင်စေတော်မူပါ လို့ ကျွန်မ တောင်းလျှောက်ပါတယ်”
သေခြင်းတရားက ချဉ်းကပ်လာပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မ၏ ယုံကြည်မှုကို ခွန်အားဖြည့်ပေးခဲ့သည်
နောက်ဆယ်ရက်အကြာတွင်၊ ကျွန်မ၏ နာမကျန်းဖြစ်ခြင်းက ကောင်းမလာသေးပါ။ တစ်နေ့မှာ ကျွန်မ ရုတ်တရက် သတိလစ်သွားပြီး ကျွန်မကို သတိပြန်လည်အောင် ပြုစုခဲ့ရသည်။ ကျွန်မ အခြေအနေ ပိုဆိုးရွားလာသည်ကို မြင်ရင်း ကျွန်မ သားမက်ဖြစ်သူက ကျွန်မကို စီရင်စုဆေးရုံသို့ လွှဲပြောင်းစေခဲ့သည်။ ထိုစီရင်စု ဆေးရုံက ပါရဂူက ကျွန်မ၏ ဆေးလွှဲပြောင်းစာရွက်များကို ကြည့်ပြီး၊ ကျွန်မကို အထူးကြပ်မတ်ကုဌာနတွင် တက်ရောက်ဖို့ စီစဉ်ပေးခဲ့ကာ၊ ကျွန်မကို အောက်စီဂျင်ပေးခဲ့သည်။ အခြားလူနာတစ်ယောက်က အထူးကြပ်မတ်ကု ဌာနတွင် တက်ရောက်ရသည့် လူနာများအားလုံးက မကြာမီတွင် သေဆုံးကြရမည်ဟု ပြောသည်ကို ကျွန်မကြားခဲ့ရသည်။ ၎င်းတို့ ထိုသို့ပြောသည်ကို ကျွန်မကြားသည့်အချိန်တွင် ကျွန်မ အလွန်ကြောက်လှန့်ခဲ့ပြီး မိမိဘာသာ”ဆရာဝန်က ငါ့ကို ဒီနေရာလာဖို့ စီစဉ်ပေးခဲ့တာ ငါက မကြာခင်သေတော့မှာ မို့လို့များလား”ဟု တွေးမိခဲ့သည်။ ဤသည်ကို တွေးစဉ်တွင် သေခြင်းတရား ချဉ်းကပ်လာသည်ကို ကျွန်မ ခံစားခဲ့ရပြီး၊ ကျွန်မနှလုံးသားတွင်လည်း မရှင်းပြနိုင်လောက်အောင် ကြောက်စိတ်မွှန်ခြင်း နှင့် ဗလောင်ဆူမှုတို့ကို ခံစားရသည်။ ထိုနေ့လယ်တွင် သူတို့က အမျိုးသားတစ်ယောက်ကို အဆောင်ထဲသို့ ဘီးတပ်ကုလားထိုင်ဖြင့် တွန်းလာကြပြီး၊ နောက်တစ်နာရီအကြာတွင် ထိုသူ သေဆုံးသွားခဲ့သည်။ သူ့ကို တွန်းသွားသည်ကို ကျွန်မကြည့်နေစဉ် ထိုခဏတွင်ပင် ကျွန်မသည် သေခြင်းတရား၏ လွှမ်းအုပ်ခြင်း ခံစားရပြီး၊ နောက်ထပ် သေခြင်းတရားသည် ကျွန်မကိုယ်တိုင်ပင် ဖြစ်မည်ဟု ခံစားခဲ့ရပါသည်။ ကျွန်မ ထိုအကြောင်းကို ပိုတွေးလေ၊ ပိုကြောက်လန့်လာလေ ဖြစ်သည်၊ “ကျွန်မတကယ်ကို သေရတော့မှာလား။ ဒါပေမဲ့ ကျွန်မမှ မသေချင်သေးတာ၊ ကျွန်မ…” ကျွန်မသည် လုံးလုံး ကူရာမဲ့ပြီး၊ ကြောက်နေခဲ့သည်၊ ပြီးလျှင် ကျွန်မလုပ်နိုင်သမျှအရာမှာ ကျွန်မနှလုံးသားတွင် ဘုရားသခင်ကို တိတ်တဆိတ် ခေါ်ဖို့၊ ကျွန်မနှလုံးသားကို ကာကွယ်ရန် ကိုယ်တော့်ကို တောင်းလျှောက်ရုံသာ ဖြစ်သည်။ ထို့နောက်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များက စိတ်ထဲရောက်လာခဲ့သည်။ “ယောဘသည် တောင်များအပေါ် ပြည့်လျှံနေသော သူ၏ခြံမွေးတိရစ္ဆာန်နှင့် သူ၏ မပြောပြနိုင်လောက်သော စည်းစိမ်ချမ်းသာများ ဆုံးရှုံးသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်သည် အနာစိမ်းများနှင့် ဖုံးလွှမ်းခံခဲ့ရသောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ယေဟောဝါဖြစ်သော ငါ၏အသံကို ကြားနိုင်ခဲ့ပြီး၊ ငါ၏ ဘုန်းအာနုဘော်ကို မြင်နိုင်ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ပေတရုသည် ယေရှုခရစ်တော်နောက် လိုက်နိုင်ခဲ့ခြင်းမှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ သူသည် ငါ့အတွက်ကြောင့် ကားတိုင်ပေါ်မှာ သံမှိုစွဲနှက်ခြင်းခံရပြီး ကောင်းမြတ်သော သက်သေခံနိုင်ခဲ့သည်မှာလည်း သူ၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ယောဟန်သည် လူသား၏ ကြီးမြတ်သော ပုံသဏ္ဌာန်ကို မြင်တွေ့ခဲ့သောအခါ သူ၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် နောက်ဆုံးသော ကာလ၏ ရူပါရုံကို မြင်ခဲ့ရသည်မှာလည်း သူ၏ ယုံကြည်ခြင်းအားဖြင့် သာ၍ပင် ဖြစ်သည်။ မြောက်မြားလှစွာသော တစ်ပါးအမျိုးသား တိုင်းနိုင်ငံများဟုဆိုသော ထိုတိုင်းနိုင်ငံများသည် ငါ၏ ထုတ်ဖော်ခြင်းရပြီး လူသားများအကြားတွင် ငါ၏အမှုကို ပြုဖို့ရန်အတွက် ဇာတိခန္ဓာနှင့် ငါဆင်းကြွလာခဲ့သည်ဆိုခြင်းကို သိလာရသည့် အကြောင်းရင်းသည်လည်း ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ ငါ၏ ကြမ်းတမ်းသော စကားလုံးများဖြင့် ရိုက်ခတ်ခံရသော်လည်း ၎င်းတို့အားဖြင့် နှစ်သိမ့်မှုခံရသောသူတို့နှင့် ကယ်တင်ခံရသောသူတို့အားလုံး— ၎င်းတို့အားလုံး မိမိတို့၏ ယုံကြည်ချက်ကြောင့် ထိုသို့ပြုခဲ့ကြသည် မဟုတ်လော။ လူတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းကြောင့် အမှုအရာများစွာကို ရရှိခဲ့ကြသည်။ ယင်းသည် ကောင်းချီးမင်္ဂလာတစ်ရပ် အမြဲမဟုတ်ပေ။...ဥပမာအားဖြင့်၊ ယောဘသည် သူ၏ယုံကြည်ခြင်းကြောင့် ယေဟောဝါ၏ ကောင်းကြီးပေးခြင်းခံခဲ့ရသော်လည်း၊ သူသည် ကပ်ဆိုက်မှုကိုလည်း ခံစားခဲ့ရသည်။ သင့်အနေဖြင့် ကောင်းချီးမင်္ဂလာ ခံစားရသည်ဖြစ်စေ ကပ်ဆိုက်မှု ခံစားရသည်ဖြစ်စေ၊ နှစ်ခုလုံးသည် မင်္ဂလာရှိသော ဖြစ်ရပ်များ ဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁))
ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ မျှော်လင့်ချက်များကို မီးထိုးပေးပြီး၊ ကျွန်မကို ယုံကြည်မှုပေးခဲ့သည်။ ကျွန်မက ခေတ်များတစ်လျှောက်မှ ယောဘနှင့် ရှင်ပေတရုတို့ကဲ့သို့ သူတော်စင်များအားလုံးအကြောင်း တွေးမိခဲ့သည်။ သူတို့က စမ်းသပ်မှုမျိုးစုံကို ကြုံတွေ့ခံစားနေခဲ့ချိန်တွင်၊ ထိုအချိန်က အလွန်ဝမ်းနည်းပြီး၊ အစွန်းရောက် နာကျင်မှုကို ခံစားခဲ့ရကာ၊ ဘုရားသခင်၏ အလိုတော်ကို နားမလည်နိုင်ခဲ့ကြသော်လည်း၊ သူတို့က ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်မှု ရှိဆဲဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ၊ သူတို့မညည်းတွားပါ၊ သို့သော်လည်း ထိုအစား သူတို့က ဖန်ဆင်းခံသတ္တဝါများအနေဖြင့် သူတို့နေရာတွင် ခိုင်မာစွာ ရပ်တည်ရင်း ဖန်ဆင်းရှင်ကို နာခံခဲ့ကြသည်၊ ပြီးလျှင် အဆုံးသတ်တွင် သူတို့က ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို ရရှိပြီး၊ ဘုရားသခင်၏ ကြီးမားသည့် တန်ခိုးနှင့် အချုပ်အခြာတို့ကို သက်သေခံခဲ့သည်။ ဥပမာအားဖြင့် စာတန်၏ တိုက်ခိုက်မှုများနှင့် စုံစမ်းသွေးဆောင်မှုများသည် ယောဘပေါ်သို့ ကျရောက်သည့်အခါတွင်၊ သူ့ပိုင်ဆိုင်မှုများအားလုံး အယူခံခဲ့ရပြီး၊ သူ့ကလေးများသည် ဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရသည်၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အနာများဖြင့် ဖုံးလွှမ်းကာ၊ သူသည် ထိုကဲ့သို့သော ကြီးမားသော နာကျင်မှုကို ဝေဒနာခံစားခဲ့ရပါသည်။ သို့သော်လည်း သူ့နှလုံးသားထဲတွင် ဘုရားသခင်အတွက် နေရာတစ်ခုရှိပြီး၊ သူက အပြစ်ရှိစွာ ပြောဆိုမည့်အစား သူမွေးသည့် ရက်ကို ကျန်ဆဲခဲ့သည်၊ သူက “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘဝတ္တု ၂:၁၀) ဆိုသည့် စကားများကို ပြောခဲ့ပါသည်။ သူဆုပ်ကိုင်ထားခဲ့သည်မှာ ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်မှုနှင့် ကြောက်ရွံ့ရိုသေမှု တို့ဖြစ်သည်။ သူက ဘုရားသခင်ပေးတော်မူသည့် အရာဖြစ်စေ၊ ပြန်ယူသွားသည့် အရာဖြစ်စေ နာခံလိုသည်၊ ပြီးလျှင် အဆုံးသတ်တွင် ဘုရားသခင်က သူ့ထံ ပေါ်လာခဲ့သည်၊ ပြီးလျှင် ဘုရားသခင်အတွက် ယောဘ၏ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်မှုတို့ ပိုမိုမြင့်မားလာခဲ့သည်။ ခေတ်အားလုံးမှ သူတော်စင်များနှင့် ကျွန်မတို့အကြားတွင် နှိုင်းယှဉ်စရာမရှိသော်လည်း၊ ယခုကျွန်မအပေါ် နာမကျန်းမှုဖြစ်ခြင်းသည် ဘုရားသခင်၏ ခွင့်ပြုချက်ကြောင့် ဖြစ်သည်၊ ပြီးလျှင် ထိုထက်ပိုသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်သည်။ ဘုရားသခင်က ကျွန်မကို စစ်မှန်သည့် ယုံကြည်မှု နှင့် သနားကရုဏာတို့ကို ပေးလိုသည်၊ သူ့သြဇာအာဏာကို တွေ့ကြုံခံစားခွင့်ပေးလိုသည်၊ ပြီးလျှင် ကျွန်မထံတွင် ဘုရားသခင်ကို စစ်မှန်သည့် သိကျွမ်းမှု ထွက်ပေါ်လာစေလိုသည်။ ကျွန်မ အသက်နှင့် သေခြင်းတရားသည် ဘုရားသခင်၏ လက်တော်ထဲတွင်ရှိပြီး၊ ဘုရားသခင်က ဆုံးဖြတ်လိမ့်မည်။ ကျွန်မ၏ စိုးရိမ်ပူပန်မှုများအားလုံးသည် မလိုအပ်ပါ၊ ပြီးလျှင် ၎င်းတို့မှာ ဘုရားသခင်၏ အချုပ်အခြာကို မယုံကြည်ခြင်းနှင့် မိမိကိုယ်ပိုင်ခွန်အားကို အားကိုးခြင်းအားဖြင့် အရေးကိစ္စများကို အမြဲတမ်း စီမံလိုခြင်းနှင့် စီစဉ်ညွှန်ကြားလိုခြင်းတို့၏ ရလဒ်ဖြစ်သည်။ ဤအချက်ကိုတွေးပြီး ကျွန်မနှလုံးသားက အလွန်တည်ငြိမ်လာခဲ့ပါသည်။
ကျွန်မအသက် နှင့် သေခြင်းတရားတို့ကို ဘုရားသခင်ထံ ယုံကြည်စွာ အပ်နှံပြီး၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကျွန်မ သက်သေခံသည်
ရက်အနည်းငယ် အကြာတွင်၊ ကျွန်မမိသားစုက ဆေးရုံအထူးကု နှင့် ပါမောက္ခတစ်ယောက် တို့ကို ကျွန်မအား နှံ့နှံ့စပ်စပ် စစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ အတူတကွ ဆွေးနွေးတိုင်ပင် ကြပြီးနောက် ထိုအထူးကု နှင့် ပါမောက္ခတို့က ကျွန်မနာမကျန်းဖြစ်ခြင်းသည် ကျွန်မ၏ ဆီးချိုရောဂါကြောင့် ဖြစ်ရသည့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ကြောင်း၊ သွေးလွှတ်ကြော သုံးခုမှာ ယခု ပိတ်ဆို့နေကြောင်း နှင့် ကျွန်မ ချက်ခြင်း ခွဲစိတ်မှုခံယူရမည် ဖြစ်ကြောင်း၊ မဟုတ်ပါက ကျွန်မ အချိန်မရွေး သေဆုံးသွားနိုင်ကြောင်း သူတို့က ပြောခဲ့သည်။ သို့သော်လည်း ကျွန်မ ခွဲစိတ်ကုသမှု ခံယူသည့်တိုင်၊ ကျွန်မ ပျောက်ကင်းသက်သာမည်ဟု အာမမခံနိုင်ကြောင်း သူတို့က ပြောခဲ့သည်။
ထို့နောက် ကျွန်မမိသားစုက ကျွန်မကို နှလုံးအထူးကုဆေးရုံသို့ ရွှေ့ပြောင်းခဲ့ကြသည်။ ကျွန်မကို စစ်ဆေးပြီးနောက် ဆရာဝန်က ကျွန်မ ချက်ခြင်းခွဲစိတ်ကုသမှုခံယူရမည် ဖြစ်သော်လည်း၊ အရဲစွန့်ရမှုများ ကြီးမားလှကြောင်း ပြောခဲ့သည်။ ဆီးချိုရောဂါကြောင့် ဖြစ်သည့် နှလုံးနှင့်ဆိုင်သည့် ပြဿနာများကို ခွဲစိတ်ကုသရာတွင် ခွဲစိတ်ရာများသည် ကောင်းစွာ အနာမကျက်ပါ၊ ခွဲကြောင်း အနာမကျက်ပါက ရလဒ်မှာ ခွဲစိတ်ကုသမှု လုံးဝမခံယူခြင်းထက်ပင် ပိုဆိုးရွားမည်ဖြစ်ကြောင်း ဆရာဝန်က ပြောခဲ့သည်။ ကျွန်မ၏နှလုံးတစ်ဝိုက်မှ ပိတ်ဆို့နေသည့် နှလုံးသွေးလွှတ်ကြောများကို လွှဲပြောင်းပေးရန် ပေါင်မှ သွေးကြောများကို အစားထိုးခြင်းဖြင့် ဤခွဲစိတ်ကုသမှုကို ပြုလုပ်ရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ခွဲစိတ်ကုသမှု မအောင်မြင်ပါက၊ ကျွန်မတစ်သက်လုံး အောက်ပိုင်း သေနိုင်သည်။ ထို့အပြင် ခွဲစိတ်ကုသမှုအတွင်း အချိန်မရွေး အမှားအယွင်းများ ဖြစ်နိုင်ပြီး၊ ခွဲစိတ်ကုတင်ပေါ်တွင်ပင် ကျွန်မ သေဆုံးနိုင်ချေလည်း ရှိပါသည်။ ခွဲစိတ်ကုသမှုနောက်ပိုင်းတွင် ကျွန်မ ပြန်လည်သတိရလာမည်၊ မရလာမည်မှာ ခန့်မှန်းရန် ခက်ခဲကြောင်း ဆရာဝန်က ပြောခဲ့သည်၊ ပြီးလျှင် ကျွန်မ၏ မိသားစုများကိုလည်း သူတို့အနေဖြင့် ကျွန်မကို အမှန်တကယ် ခွဲစိတ်ကုသမှု ခံယူစေလိုခြင်းရှိ မရှိကို သေချာစွာ ချင့်ချိန်စဉ်းစားဖို့ တောင်းဆိုခဲ့သည်။ ဆရာဝန်ပြောသည်ကို နားထောင်ပြီးနောက်၊ ကျွန်မ သမီးနှင့် သားမက်တို့က တွေဝေတုံ့ဆိုင်းနေကြကာ၊ ငွေများစွာကုန်နိုင်သည်ကိုလည်း ကြောက်ကြသည်၊ ပြီးလျှင် ကျွန်မက နောက်ပိုင်းတွင် ပိုကောင်းလာနိုင်ဖို့ မသေချာသေးသလို၊ ထို့နောက် သူတို့မှာ ငွေလုံးဝမကျန်ရုံသာမက၊ ကျွန်မလည်း ပျောက်ကင်းသက်သာဦးမည် မဟုတ်ပါ။ ကျွန်မခင်ပွန်းကလည်း ဘုရားသခင်ကို ယုံကြည်သူတစ်ယောက် ဖြစ်ပြီး၊ ကျွန်မတို့၏ အသက်များနှင့် သေခြင်းတရားများတို့သည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိကြောင်း နှင့် လူသားများတွင် ဆုံးဖြတ်ခွင့်မရှိကြောင်းကို သိရှိခဲ့ပါသည်။ ထို့ကြောင့် သူက ဆရာဝန်ကို တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ “ဆရာက ခွဲစိတ်ကုသမှုလုပ်ဖို့သာ အာရုံစိုက်ထားပါ၊ ကျွန်တော့် မိန်းမ ရှင်မယ်၊ မရှင်ဘူး ဆိုတာ ဆေးရုံနဲ့ မသက်ဆိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ခံနိုင်ပါတယ်” ဟု ပြောခဲ့သည်။ ထို့နောက် ကျွန်မ ခင်ပွန်းက သဘောတူညီကြောင်း လျှောက်လွှာကို လက်မှတ်ရေးထိုးပြီး၊ ဆရာဝန်က ခွဲစိတ်ကုသမှုအတွက် စတင်ပြင်ဆင်ခဲ့သည်။
အရာအားလုံး အဆင်သင့်ဖြစ်ပြီးနောက်၊ ကျွန်မကို ခွဲစိတ်ခန်းထဲသို့ တွန်းသွားခဲ့ကြသည်။ ကျွန်မ ခွဲစိတ်ခုတင်ပေါ်တွင် လှဲနေစဉ်၊ ဆရာဝန်ပြောသွားခဲ့သည့် အရာများကို တွေးမိပြီး ဝမ်းနည်းမှု နှင့် သောကတို့က ကျွန်မနှလုံးသားထဲတွင် တစ်ဖန် ပြန်လည်ပြည့်နှက် လာခဲ့သည်။ ကျွန်မက “ငါအမှန်တကယ် အောက်ပိုင်း သေခဲ့ရင်၊ အသက်ရှင်လျက်နဲ့ သေဆုံးရတာနဲ့ မတူဘူးလား။ ငါ့ ခင်ပွန်းကလည်း အခုအရမ်းအိုမင်းနေပြီး၊ သူ့အတွက် ငါက ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူးလား။ ငါ့မှာ သမီးတစ်ချို့ရှိပေမဲ့လည်း၊ အခုဆိုရင် သူတို့အားလုံးက ကိုယ့်ဘဝနဲ့ ကိုယ့်မိသားစုကိုယ်စီနဲ့ ရှိနေကြပြီ၊ ဒါ့ကြောင့် တစ်နှစ်လုံး ငါ့ကို ဘယ်သူက ပြုစုစောင့်ရှောက်မှာလဲ။ ဒါတကယ်သာဖြစ်လို့ကတော့၊ အဲဒါတွေအားလုံးကို အဆုံးသတ်ပစ်ဖို့ ငါ နည်းလမ်း စဉ်းစား ဖို့ပဲ ရှိတော့တယ်” ဟု တွေးမိခဲ့သည်။ သို့သော်လည်း ကျွန်မက ခွဲစိတ်ကုတင်ပေါ်တွင် တစ်ယောက်တည်း သေသွားနိုင်ကြောင်းကို တွေးမိပြီး၊ ကျွန်မနှလုံးသားမှာ ပို၍ သောကများလာခဲ့သည်။ ထို့နောက်တွင်ပင် ကျွန်မ၏ စိတ်အခြေအနေမှာ မှားယွင်းနေကြောင်း သတိပြုမိပြီး၊ ကျွန်မနှလုံးသားကို ကွယ်ကာပေးရန်နှင့် ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို ကျွန်မကို ဆက်ကပ်အပ်နှံစေဖို့ ဘုရားသခင်ကို ကမန်းကတန်းခေါ်ခဲ့သည်။ ထိုအခိုက်အတန့်တွင်ပင် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ခု စိတ်ထဲသို့ ရောက်လာခဲ့သည်၊ “လူသားမျိုးနွယ်တစ်ရပ်လုံးထဲမှ အနန္တတန်ခိုးရှင်၏ မျက်လုံးထဲ၌ ဂရုစိုက်မခံရသူဟူ၍ မည်သူရှိသနည်း။ အနန္တတန်ခိုးရှင်၏ ကြိုတင်ပြဋ္ဌာန်းထားခြင်း အလယ်၌ မနေထိုင်သူ မည်သူရှိသနည်း။ လူသား၏ အသက်ရှင်ခြင်းနှင့် သေခြင်းသည် သူကိုယ်တိုင်၏ ရွေးချယ်ချက်ဖြင့် ဖြစ်ပျက်သလော။ လူသားသည် သူကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်ထား သလော။ များစွာသောလူတို့သည် သေခြင်းတရားကို အော်ခေါ်ကြ သော်လည်း၊ ၎င်းသည် သူတို့ထံမှ ဝေးကွာနေ၏။ များစွာသောလူတို့သည် ဘဝတွင် ကြံ့ခိုင်၍ သေခြင်းတရားကို ကြောက်ရွံ့သောသူများ ဖြစ်လိုကြသော်လည်း၊ ၎င်းတို့အား သေခြင်းတရား၏ အသူတစ်ရာ နက်သောချောက်ထဲသို့ ထိုးဆင်းနေရင်း ၎င်းတို့၏သေဆုံးခြင်း နေ့ရက်သည် ၎င်းတို့သတိမထားမိခင် ချဉ်းကပ်လာနေ၏။ များစွာသောလူတို့သည် ကောင်းကင်သို့ ကြည့်၍ လေးလေးပင်ပင် သက်ပြင်းချကြ၏။ များစွာသောလူတို့သည် သည်းထန်စွာငိုကြွေး၍ အော်မြည်ရှိုက်ငိုကြ၏။ များစွာသောလူတို့သည် စမ်းသပ်မှုများအကြား လဲပြိုကြပြီး များစွာသောလူတို့သည် စုံစမ်းသွေးဆောင်ခြင်း၏ အကျဉ်းသားများ ဖြစ်သွားကြ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၁)) ဟုတ်ပါသည်။ ကျွန်မ ယုံကြည်သည့် ဘုရားသခင်သည် အရေးကိစ္စအားလုံးကို ထိန်းချုပ်ပြီး၊ လူသားတိုင်း၏ ကံကြမ္မာသည်လည်း ကိုယ်တော်၏ လက်တော်ထဲတွင်သာ ရှိပါသည်။ လူတစ်ယောက်ချင်းစီ၏ မွေးဖွားချိန်နှင့် သေဆုံးချိန်တို့သည် ဘုရားသခင်က ကြိုတင်ပြဌာန်းထားပြီးဖြစ်သောကြောင့် ကျွန်မ ကံကြမ္မာကိုလည်း ဘုရားသခင်က စီစဉ်ညွှန်ကြားခဲ့သည် မဟုတ်ပါ လား။ ကျွန်မက ဘုရားသခင်ကို သက်သေခံရန် စိတ်ပိုင်းဖြတ်ခသော်လည်း ကျွန်မ တကယ့် စစ်ဆေးမှုနှင့် ရင်ဆိုင်ရချိန်တွင် မိမိအသက်၊ သေခြင်းတရားနှင့် အနာဂတ်တို့အတွက် စတင်စိတ်ပူခဲ့ပုံတို့အကြောင်း ကျွန်မ တွေးမိခဲ့သည်၊ ကျွန်မက သေခြင်းကို ကြောက်သည့်အပြင်၊ အောက်ပိုင်းသေရပြီး၊ အခြားသူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာရမည်ကိုလည်း စိတ်ပူခဲ့သည်၊ ပြီးလျှင် ကျွန်မက မိမိကိုယ်ကို သေကြောင်းကြံစည်ဖို့အကြောင်းကို တွေးနေမိခဲ့သည်။ ဤသို့ပြုခြင်းဖြင့် ကျွန်မက မိမိကိုယ်ပိုင်ကံကြမ္မာကို စီစဉ်ညွှန်ကြားလိုခြင်း မဟုတ်ပါလား။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာနှင့် စီစဉ်မှုများကို ဆက်ကပ်အပ်နှံခြင်းမည်သို့ ဖြစ်မည်နည်း။ ဤအချက်က ကျွန်မသည် ဘုရားသခင်ကို ယုံကြည်မှုမရှိခဲ့ကြောင်း ပြမနေပါလား။ ဘုရားသခင်က ကျွန်မကို အသက်ပေးခဲ့ပြီး ကျွန်မ ရှင်မလား၊ သေမလား ဆိုသည်မှာ ဘုရားသခင်၏ လက်တော်တွင် ရှိပါသည်။ ကျွန်မက မတွန့်ဆုတ်သင့်ပါ၊ မကြောက်သင့်ပါ၊ ပြီးနောက် စာတန်၏ လှည့်စားခြင်းကြားတွင် အသက်ရှင်မနေထိုင်သင့်ပါ၊ သို့သော်လည်း ထိုအစား ကျွန်မက ဘုရားသခင်ကို ယုံကြည်မှုရှိသင့်ပါသည်၊ ဘုရားသခင်ကို မျှော်ကြည့်ပြီး၊ ကျွန်မအသက်၊ သေခြင်းတရားနှင့် ကျွန်မ အနာဂတ်တို့ကို သူ့အား ယုံကြည်စွာ အပ်နှံသင့်သည်၊ ဤသို့တွေးရင်းဖြင့် ကျွန်မက ဘုရားသခင်ကို ကျွန်မနှလုံးသားထဲမှ ဆုတောင်းခဲ့ပါသည်၊ “အိုဘုရားသခင်၊ ကျွန်မ မကြာခင်မှာပဲ ခွဲစိတ်ကုသမှု ခံယူရပါတော့မယ်။ ကျွန်မ စိတ်ပူနေသေးပေမဲ့လည်း၊ ဒီခွဲစိတ်ကုသမှုရဲ့ အောင်မြင်မှု ဒါမှမဟုတ် ရှုံးနိမ့်မှုတွေက ကိုယ်တော့် လက်တော်ထဲမှာ ရှိပါတယ်။ ကျွန်မ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ကျွန်မက ကိုယ်တော့် စီစဉ်ညွှန်ကြားမှုတွေ နဲ့ စီစဉ်မှုတွေမှာ အပ်နှံဖို့ ဆန္ဒရှိပါတယ်” ဆုတောင်းပြီးနောက်တွင် ကျွန်မက ပို၍တည်ငြိမ်လာသည်၊ ဆရာဝန်က ကျွန်မကို မေ့ဆေးပေးခဲ့သည်၊ ပြီးနောက် မကြာမီပင် ကျွန်မ မည်သည့်အရာမျှ နောက်ထပ် မသိရှိတော့ပါ။
ခွဲစိတ်ကုသမှုအပြီးတွင် ကျွန်မက ကြပ်မတ်ကုဌာနသို့ စောင့်ကြည်လေ့လာရန် ရွှေ့ပြောင်းခံရသည်။ ကျွန်မသတိရလာချိန်တွင် နှစ်ရက်ကုန်ဆုံးသွားခဲ့ပြီး ဖြစ်သည်၊ ပြီးလျှင် ကျွန်မ မိသားစုက ကျွန်မ ခွဲစိတ်ကုသမှုသည် အလွန်အောင်မြင်ကြောင်းနှင့် ယခုကျွန်မ လုပ်ရန်လိုသမျှမှာ နာလန်ထူလာအောင် လုပ်ရန်သာ ရှိကြောင်း ပျော်ရွှင်စွာ ပြောခဲ့ကြသည်။ ကျွန်မ ဤသည်ကို ကြားသည့်အချိန်တွင် အလွန်စိတ်လှုပ်ရှားပြီး၊ ဘုရားသခင်ကို သူ၏ ချစ်ခြင်းမေတ္တာအတွက် ဆုတောင်း၍သာ နေမိတော့သည်။ ခွဲစိတ်ကုသမှုကို ကျော်လွှားနိုင်ခြင်း နှင့် ခွဲစိတ်ကုသမှု အလွန်အောင်မြင်ခြင်းတို့အားလုံးသည် ဘုရားသခင်၏ အံ့သြဖွယ်ကွယ်ကာမှုကြောင့်ဖြစ်ကြောင်း ကျွန်မ သိရှိခဲ့ပါသည်။ ကျွန်မတို့ အသက်များနှင့် သေခြင်းတရားများကို ဘုရားသခင်က ထိန်းချုပ်ပြီး စီစဉ်ညွှန်ကြားနေကြောင်းနှင့် ဤသည်မှာ ဘုရားသခင့် သြဇာအာဏာ အထင်အရှားပြခြင်း ဖြစ်ကြောင်းတို့ကို ကျွန်မ နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲပင် ယုံကြည်စိတ်ချလာခဲ့သည်။
ကျွန်မ နာလန်ထလာသည်နှင့်အညီ ကျွန်မက အဆောင်တစ်ခု တည်းမှ အခြားလူနာအချို့၏ နာကျင်စွာ အော်ဟစ်သံများကို နားထောင်ခဲ့ရသည်၊ ပြီးလျှင် ၎င်းတို့ထဲမှ အချို့က အဆက်မပြတ် ညဉ်းညူနေကြသည်၊ သို့သော်လည်း ကျွန်မကမူ မည်သည့် နာကျင်မှုကိုမျှ မခံစားရပါ။ ကျွန်မခွဲကြောင်းမှ နာကျင်မှု မရှိခြင်းသည် ဘုရားသခင်၏ အံ့သြဖွယ်လုပ်ဆောင်ချက် လုံးလုံးဖြစ်ကြောင်းကို ကျွန်မနှလုံးသားထဲမှ ရှင်းလင်းစွာ သိရှိပါသည်။ ကျွန်မက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သိမြင်နားလည်ခဲ့သည်၊ ပြီးလျှင် ကျွန်မနှလုံးသားဆီမှ ဘုရားသခင်အတွက် ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းများ စီးထွက်လာခဲ့သည်။ နေ့လည်ပိုင်းတွင် ကျွန်မ ရောဂါအတွက် တာဝန်ကျဆရာဝန်က လာရောက်ပြီး၊ ကျွန်မကို “အဒေါ်၊ အဒေါ့်ခွဲကြောင်းက နာသေးလား။ အဒေါ် နာတာအောင့်တာ တစ်ခုခု ခံစားရလား” ဟု မေးမြန်းခဲ့သည်။ ပြီးလျှင် ကျွန်မက”ဆရာ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မ လုံးဝ နာကျင်မှု မခံစားရပါဘူး”ဟု ပြန်ဖြေခဲ့သည်။ သုံးရက်အကြာတွင် ဆရာဝန်က ကျွန်မကောင်းမွန်စွာ နာလန်ထလာသည်ကို မြင်တွေ့ပြီး ကျွန်မကို သာမာန်အဆောင်သို့ ရွှေ့ပြောင်းလိုက်သည်။ ဆီးချိုရောဂါမရှိသည့် လူနာများသည် ခွဲစိတ်ကုသမှုတစ်ခုအပြီး ကြပ်မတ်ဌာနထဲမှ မပြောင်းရွှေ့မီ နာလန်ထဖို့ လေးငါးရက် လိုအပ်ကြကြောင်း ကျွန်မ တွေ့ခဲ့ရသည်၊ သို့သော်လည်း ကျွန်မ၏ အသက်ကြီးခြင်းနှင့် ဆီးချိုရောဂါရှိသည့်တိုင်၊ ဆိုလိုသည်မှာ ကျွန်မခွဲကြောင်းများသည် သက်သာပျောက်ကင်းရန် မည်သို့ဆိုစေ အလွန် ခက်ခဲလှသည်၊ ကျွန်မသည် ခွဲစိတ်မှုအပြီး သုံးရက်အကြာတွင်ပင် အစာမာများ စားသုံးနိုင်ခဲ့သည်။ ကျွန်မက အခြားလူများထက်လည်း ပို၍လျင်မြန်စွာ နာလန်ထလာပြီး၊ ဤသည်မှာ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ကျွန်မအတွက် ကိုယ်တော်၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာတို့ အမှန်တကယ်ပင် ဖြစ်ပါသည်။
နောက်ရက်များတွင် ကျွန်မခင်ပွန်းက ကျွန်မကို ဘုရားသခင်၏နှုတ်ကပတ်တော်များ မကြာခဏ ဖတ်ပြခဲ့သည်၊ ကျွန်မက ၎င်းတို့ကို စဉ်းစားချင့်ချိန်ပြီး၊ ကျွန်မအပေါ် ဘုရားသခင်ပြုတော်မူသည့် ကယ်တင်ခြင်းအမှုတော်ကို အာရုံပြုခဲ့သည်၊ ပြီးလျှင် ကျွန်မသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မည်မျှ စစ်မှန်ကြောင်းကို အမှန်တကယ် ခံစားခဲ့ရပါသည်။ ကျွန်မက ရှင်ခြင်းနှင့် သေခြင်းတို့အကြားတွင် လူးလာခေါက်တုံ့ဖြစ်နေရလောက်အောင် နာမကျန်းဖြစ်ခြင်း၏ နှိပ်စက်မှုခံနေခဲ့ရသော်ငြားလည်း ဘုရားသခင်က ကျွန်မနှင့် အမြဲတမ်း အတူရှိနေခဲ့ပြီး၊ ကျွန်မဘေးမှ လုံးဝ ထွက်မသွားခဲ့ပါ၊ ကျွန်မက အပျက်သဘောဆောငကာ၊ အားနည်းပြီး၊ ကျွန်မ၏ ယုံကြည်ချက် ပျောက်ဆုံးသည့်အခါတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ဦးဆောင်ပြီး လမ်းပြတော်မူသည်၊ ကျွန်မကို ယုံကြည်မှုနှင့် ခွန်အားတို့ပေးနေခဲ့သည်။ ဘုရားသခင်က ကျွန်မ၏ မြဲမြံစွာ အားကိုးရသော အထောက်အပံ့ဖြစ်လျက်နှင့်၊ကျွန်မက လုံးဝ သတ္တိနည်းပြီး ကြောက်တော့မည် မဟုတ်ပါ၊ ကျွန်မက ဘုရားသခင်ကို စိတ်ရင်းအတိုင်း အားကိုးပြီး၊ ဘုရားသခင်အား မိမိကိုယ်ကို လုံးလုံးလျားလျား ယုံကြည်စွာ အပ်နှံလိုလာကာ၊ ကိုယ်တော်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် စီစဉ်ခြင်းများကို ဆက်ကပ်အပ်နှံလိုသည့်အချိန်တွင် ဘုရားသခင်သည် ကျွန်မကို ရှင်သန်စေခဲ့ရုံသာမက၊ ကျွန်မ၏ ခန္ဓာကိုယ်နာကျင်မှုကိုလည်း သက်သာစေခဲ့သည်။ ဤအချက်က ကျွန်မကို ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များကို တွေ့မြင်စေပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ခံစားစေပါသည်။ ဤအတွေ့အကြုံမှတစ်ဆင့်သာလျှင် ဘုရားသခင်၏ ဤလူ့ဇာတိခံယူခြင်းသည် သူ့အမှုတော်တွင် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်များကို မပြသော်လည်း၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တန်ခိုးသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်များကို ပြသခြင်း တန်ခိုးထက် အလွန်သာလွန်ကြောင်း ကျွန်မ နားလည်သဘောပေါက် လာခဲ့ရပါသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အမှန်တကယ် သမ္မာတရားဖြစ်ပြီး၊ ၎င်းတို့က လူများ၏ အသက်ဖြစ်လာနိုင်သည့်အပြင်၊ ၎င်းတို့သည် ကျွန်မတို့ လုပ်ရပ်များအတွက် အခြေခံသဘောတရားများ နှင့် လမ်းညွှန်မှုများ နှစ်ခုလုံး ဖြစ်ပါသည်။
အချိန်တစ်ချို့ကြာပြီးနောက် ကျွန်မခွဲကြောင်းများသည်လည်း ကောင်းမွန်စွာ အနာကျက်လာခဲ့ပြီး၊ ကျွန်မကဲ့သို့ ခွဲစိတ်ကုသမှု ခံယူသည့်လူနာများမှာမူ လှုပ်ရှားနိုင်ခြင်းပင် မရှိသေးပါ၊ ကျွန်မက မိမိခင်ပွန်း၏ ထောက်ပံ့မှုဖြင့် အပြင်တွင် လမ်းလျှောက်နိုင်ခဲ့သည်။ ဆရာဝန်များနှင့် အခြားလူနာများက ဤသည်ကို မြင်ရသည်မှာ အားလုံးအံ့အားသင့်ခဲ့ကြသည်။ ဘုရားသခင်တစ်ပါးတည်းသာလျှင် ထိုသို့သော အံ့ဖွယ်အမှုတစ်ခုဖြစ်အောင် လုပ်ဆောင်နိုင်သည့်အတွက် ကျွန်မ၏ ခန္ဓာကိုယ် အလွန်လျင်မြန်စွာ နာလန်ထလာနိုင်သည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်၊ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတို့သာ ဖြစ်ကြောင်း ကျွန်မနှလုံးသားထဲမှ အလွန် ရှင်းလင်းစွာ သိရှိခဲ့ပါသည်။
နောက်နှစ်ပတ်အကြာတွင် ကျွန်မက ဆေးရုံမှ ဆင်းရသည့်အချိန်တွင် ဆရာဝန်က ကျွန်မကို “ဒီဆေးရုံမှာ အဒေါ့်လိုမျိုး ရောဂါနဲ့ တခြားလူ ခုနှစ်ယောက်ရှိပြီး အဒေါ့်ရောဂါပဲ ဆီးချိုရောဂါကြောင့် ဖြစ်ရတာ။ အဒေါ့်အနေအထားက တခြားလူတွေထက် ပိုစိုးရိမ်ရတယ်၊ ဒါတောင်မှ အဒေါ်က ပထမဆုံး နာလန်ထလာတဲ့သူပဲ။ အဲဒါက တကယ့်ကို ရင်သပ်ရှုမော အံ့သြစေတယ်။ ဒါပေမဲ့ အဒေါ့် နှလုံးအမြှေးဖုံးမှာ စိုးရိမ်ရတဲ့ အကျိတ်တစ်ခု ရှိနေသေးတယ်။ အဒေါ် စစ်ဆေးဖို့အတွက် ဆေးရုံကို တစ်လတစ်ခါတော့ ပြန်လာရမယ်နော်။ ဒီအကျိတ်ပိုကြီးလာမယ်ဆိုရင်၊ အဒေါ် နောက်ထပ် ခွဲစိတ်ကုသမှုတစ်ခု လုပ်ရလိမ့်မယ်” ဟု ပြောခဲ့ပါသည်။ ဆရာဝန်က ဤသို့ပြောသည်ကို ကြားရင်း ကျွန်မက ကြောက်စိတ် သို့မဟုတ် စိုးရိမ်စိတ် လုံးဝမရှိတော့ပါ၊ ပြီးလျှင် ကျွန်မက မိမိဘာသာ”ငါက စိုးရိမ်ဖို့ကောင်းတဲ့ ဒီလိုနာမကျန်းဖြစ်မှုကို ကြုံတွေ့ခံစားခဲ့ရပြီး၊ ဘုရားသခင်က ငါ့ကို မသေစေခဲ့ဘူး။ ငါ ဘုရားသခင်ရဲ့ သြဇာအာဏာကို တွေ့ပြီးပြီ၊ ပြီးတော့ အခု ငါ့မှာ ဘုရားသခင်ကို မှီခိုဖို့ ပိုကြီးမားတဲ့ ယုံကြည်မှုတောင် ရှိလာပြီ။ ငါ့အနာရောဂါကို ဘုရားသခင်လက်တော်ထဲ ယုံကြည်စွာအပ်နှံပြီး၊ ကိုယ်တော့်ကိုသာ ထိန်းချုပ်ခွင့်ပေးလိုက်မယ်” ဟု တွေးခဲ့ပါသည်။ ထို့နောက်တွင် ဆရာဝန်က ကျွန်မကို ဆေးတစ်ချို့အတွက် ဆေးစာရေးပေးပြီး၊ ကျွန်မအိမ်ပြန်လာခဲ့သည်။ ကျွန်မ အိမ်ရောက်ပြီးနောက် နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ညီအစ်ကိုမောင်နှမများနှင့် ဘုရားသခင်၏ချီးမွမ်းခြင်းများ သီဆိုခြင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နှစ်သက်ခံစားခြင်းတို့ဖြင့် နေ့စဉ်ကုန်ဆုံးခဲ့သည်။ ကျွန်မက အလွန်လွတ်မြောက်ပြီး လွတ်လပ်သည် ဟု ခံစားခဲ့ရပြီး၊ ကျွန်မ၏ နာမကျန်းဖြစ်ခြင်းကို လုံးလုံး မေ့သွားခဲ့သည်။
တစ်လအကြာတွင် စစ်ဆေးမှုအတွက် ဆေးရုံသွားချိန်တွင် ရုပ်ပိုင်းဆိုင်ရာ အချက်ပြစက်တိုင်းက ပုံမှန်ဖြစ်ကြောင်းပြခဲ့ပြီး၊ ကျွန်မ နှလုံးအမြှေးဖုံးမှ အကျိတ်ကလည်း ပျောက်သွားခဲ့သည်။ တစ်ဖန် ဤအချက်က ကျွန်မကို ဘုရားသခင်၏ အံ့သြဖွယ်လုပ်ဆောင်ချက် များနှင့် ကျွန်မအတွက် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာတို့ကို တွေ့မြင်စေခဲ့သည်။
ဤရေနှစ်မင်္ဂလာကို ကြုံရပြီးနောက်တွင်၊ ကျွန်မက အနာဂတ်ကို ယခင်ကထက် ပိုမို ကြံ့ခိုင်စွာ ရင်ဆိုင်ခဲ့သည်
အိမ်အပြန်လမ်း ကားထဲတွင်ရှိနေစဉ် ကျွန်မက ဘေးတစ်ဖက် တစ်ချက်စီမှ အဖြူရောင် ပေါ့ပလာပင်ရှည်များကို ကြည့်ရှုခဲ့ပြီး “အဲဒါတွေ အားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအောက်မှာ ရှိကြတယ်။ အဲဒါတွေက လေ၊ နှင်းခဲ၊ နှင်း နဲ့ မိုးတို့ရဲ့ ရေနှစ်မင်္ဂလာကို တစ်နှစ်ပတ်လုံး လက်ခံရရှိကြပြီး သူတို့ထဲက အသက်ဟာ ပိုသန်စွမ်းလာပြီး၊ အနိုင်မခံအရှုံးမပေးကြဘူး။ ငါ့မှာ ရှိခဲ့တဲ့ စိုးရိမ်ရတဲ့ နာမကျန်းဖြစ်ခြင်းကလည်း အသက်ရေနှစ်မင်္ဂလာကို ကျော်ဖြတ်ရသ လိုပဲ၊ အဲဒါက ဘုရားသခင်အတွက် ငါ့ချစ်ခြင်းမေတ္တာကို သန့်စင်ရုံသာ မကဘူး၊ ဘုရားသခင်ကို ငါ့ရဲ့ ယုံကြည်မှုကိုပါ တိုးပွားစေခဲ့တယ်” ဟု တွေးမိပါသည်။ ထို့နောက် ကျွန်မ က “ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။ အချိန်၊ သို့မဟုတ် နေရာကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ အသက်အင်အားသည် တည်ရှိ၍ ၎င်း၏တောက်ပသောရောင်ခြည်ကို ထွန်းလင်း၏။ ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံကောင်းကြုံရနိုင်သော်လည်း၊ ဘုရားသခင်၏ အသက်မှာမူ ထာဝရ မပြောင်းလဲပေ။ ဘုရားသခင်သည် အရာခပ်သိမ်း၏ တည်ရှိခြင်း အရင်းအမြစ်ဖြစ်ပြီး၊ ၎င်းတို့တည်ရှိခြင်း၏ ရေသောက်မြစ် ဖြစ်သည့်အတွက်၊ အရာခပ်သိမ်း မတည်သော်လည်း၊ ဘုရားသခင်၏ အသက်သည် ဆက်လက်တည်ရှိလိမ့်မည်။ လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ကောင်းကင်၏ တည်ရှိခြင်းသည် ဘုရားသခင်ကြောင့်ဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ စွမ်းအားရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျော်လွန်နိုင်ခြင်း မရှိသကဲ့သို့၊ အားမာန်ရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာ အာဏာပိုင်နက်မှ မလွတ်မြောက်နိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) ဟု မိန့်တော်မူထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးမိပါသည်။ ကျွန်မ စိတ်ခံစားချက်ဖြင့် သက်ပြင်းမချပဲ မနေနိုင်တော့ပါ။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် အမှန်တကယ်ပင် အလွန်ကြီးမြတ်လှသည်။ အစပိုင်းတွင် ဘုရားသခင်က ကောင်းကင်နှင့် မြေကြီး နှင့် ၎င်းတို့ထဲမှ အရာအားလုံးကို နှုတ်ကပတ်တော်များဖြင့် ဖန်ဆင်းတော်မူခဲ့သည်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် အရာအားလုံးသည် ဘုရားသခင် ကြိုတင်ပြဌာန်းထားသည့် စည်းမျဉ်းများအတွင်း အသက်ရှင်ကာ၊ တိုးပွားလာခဲ့ကြသည်မှာ မျိုးဆက်တစ်ခုပြီး တစ်ခုပင် ဖြစ်ပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်က လူသားများကို သန့်စင်ပြီး ကယ်တင်သည့် သမ္မာတရားတစ်ခုလုံးကို ထုတ်ဖော်ခဲ့သည်၊ ပြီးလျှင် ထို့ထက်ပိုသည်မှာ ဘုရားသခင်၏ သမ္မာတရားသည် ကျွန်မတို့ရှင်သန်မှု၏ အခြေအမြစ် ဖြစ်ပြီး၊ ကျွန်မတို့ လိုက်လျှောက်ရမည့် လမ်းညွှန်မှုလည်း ဖြစ်သည်။ ကျွန်မ အသက်နှင့် သေခြင်းတရားတို့က မရေရာသည့်အခြေအနေတွင် ရှိသည့်အချိန်တွင်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်မှုနှင့် သတ္တိတို့ပေးခဲ့သည်။ ၎င်းတို့က ကျွန်မအား ကျွန်မ၏ နာမကျန်းဖြစ်ခြင်း ကာလအတွင်း ဘုရားသခင်ကို မှီခိုရန် နှင့် ဘုရားသခင်ကို မျှော်ကြည့်ရန် နည်းလမ်းကို သင်ယူနိုင်စေသည်၊ ကျွန်မ၏ သေခြင်းတရားကို ကြောက်စိတ်မှ ထိုးဖောက်ထွက်ပြီး၊ သေခြင်းတရား၏ ကန့်သတ်မှုများကို ကျော်လွှားအောင်မြင်ရန် ၎င်းတို့က ကျွန်မကို ဦးဆောင်လမ်းပြခဲ့သည်။ ဤအတွေ့အကြုံအတွင်းတွင် ကျွန်မ အမှန်တကယ်ပင် များစွာ ရရှိခဲ့ပါသည်။
ကျွန်မဘဝ၏ ကျန်ရှိသည့်အချိန်များအတွက် ဘုရားသခင်ကိုသာ ကျွန်မ ယုံကြည်လိုပြီး၊ ကျွန်မတာဝန်ကို စိတ်အားထက်သန်စွာ ထမ်းဆောင်လိုပါသည်၊ ပြီးလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ကို ပြန်လည်ပေးဆပ်လိုပါသည်။ ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းပါသည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။