ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်အား အသက်တာ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် လျှောက်ဖို့ လမ်းပြပေးသည်။

17.05.2019

ဖန်ဟောက်၊ တရုတ်ပြည်

ယခုနောက်ပိုင်းတွင် အင်တာနက်ပေါ်မှ ဆိုရိုးစကားတစ်ခုက လူသိများလာ ခဲ့သည်၊ “ငွေမရှိရင် ကိုယ့်မိသားစုအနှောင်အဖွဲ့တွေကို ဘယ်လိုထောက်ပံ့မလဲ။ ကိုယ့်ချစ်ခြင်းကို ဘယ်လိုခိုင်မြဲစေမလဲ။ ပြီးရင် ကိုယ့်မိတ်ဆွေတွေနဲ့ဘယ်လိုဆက်သွယ်မလဲ။ စကားနဲ့လား။ ထားလိုက်ပါ။ လူတွက ဒီလိုလုပ်ဖို့အတွက် အချိန်မရှိဘူး။” ငွေဖက်သို့သာ လုံးလုံးပြောင်းကုန်ကြသည့် လူ့အဖွဲ့အစည်းတစ်ခုတွင် အရာအားလုံးကို ထိုသို့သော လက်တွေ့ကျသည့် သုံးသပ်ခြင်းများဖြင့် စိုးမိုးခြယ်လှယ်နေသည်၊ ရုပ်ဝထ္ထုဆိုင်ရာ နှင့် ရုပ်ဝထ္ထုဆိုင်ရာ မဟုတ်သည့် အရာများအားလုံးတို့သည် ငွေအတွက် အလဲအလှယ်လုပ်နိုင်သည့် အရာများဖြစ်ပြီး၊ သင့်အိတ်ထဲမှ ငွေစက္ကူအရေအတွက်က သင့်တန်ဖိုးနှင့် အဆင့်အတန်းတို့ကို ဆုံးဖြတ်ပေး သည်။ သင့်ထံတွင် ငွေများစွာရှိပါက၊ အခြားသူများက သင့်ကို အလုပ်အကျွေး ပြုဖို့နှင့် မြှောက်ပင့်ဖို့ အလုအယက်တိုးဝှေ့ကြိုးပမ်းကြမည်၊ သို့သော်လည်း ငွေမရှိပါက အခြားသူများက သင့်ကို အထင်သေးစေပြီး၊ မိတ်ဆွေများနှင့် ဆွေမျိုးများက သင့်ကို ရှောင်ရှားစေသည်။ “ချမ်းသာဝပြောသည့်အချိန်တွင် မိတ်ဆွေများလိမ့်မည်၊ ဘေးဒုက္ခဆင်းရဲရောက်ချိန်တွင် အယောက်နှစ်ဆယ် တွင် တစ်ယောက်မှမရှိပါ” ဆိုသည့် ဆိုရိုးစကားနှင့်အညီပင် ဖြစ်သည်။ အရာအားလုံးကို အကဲဖြတ်ဖို့ ငွေကို အသုံးပြုကြသည့် လူများ ပိုပို၍ များလာသည်။ ချမ်းသာကြွယ်ဝသူများသာလျှင် သူတို့တစ်ဦးချင်းစီ၏ တန်ဖိုးကို ဖော်ပြနိုင်ပြီး၊ သာလွန်သောဘဝတစ်ခုတွင် အသက်ရှင်နေထိုင်ခွင့် ရသည် ဟူ၍ ယုံကြည်ကြသည်။ ထို့ကြောင့် လူများစွာတို့က ငွေ၏ကျေးကျွန်ဖြစ်လာကာ၊ ငွေပိုရရှိရန် အရာအားလုံး ကို စတေးရန်လိုလားကြသည်။ သူတို့၏ ဘဝများ၊ ကျန်းမာရေးများနှင့် ကိုယ်ပိုင် ဂုဏ်သိက္ခာများကိုပင် စတေးရန် လိုလားကြသည်၊ တစ်ခါက ကျွန်မက အဓိပ္ပါယ်အရှိဆုံး ဘဝမှာ မည်သည့်အရာဖြစ်မှန်း မသိခဲ့သောကြောင့် ငွေရှာရန် အလုပ်လုပ်ခြင်းသည် ကျွန်မ၏ ပန်းတိုင်ဖြစ်လာခဲ့သည်။ စိုးရိမ်ရသည့် နာမကျန်းဖြစ်ခြင်း က ရုတ်တရက် နားလည်သဘောပေါက်မှုကို သယ်ဆောင် လာပြီး၊ ငွေနောက်မှ မှောင်မိုက်သည့် ဇတ်ကောင်ကို သတိပြုမိစေသည့်အပြင်၊ ငွေရှာခြင်းထက် ပိုပြီး အဓိပ္ပါယ်ရှိသည့် ဘဝတစ်ခုကို ကူညီရှာဖွေပေးခဲ့သည့် နေ့ရက်အထိပင် ဖြစ်ပါသည်။

ငွေရှာခြင်းသည် ကျွန်မ ဘဝဖြစ်ခဲ့သည့်နေ့ရက်များ

၁၉၈၀ ခုနှစ်၏ ဆယ်စုနှစ်အတွင်းတွင် ဆင်းရဲမှု ကြောင့် ပတ်ဝန်းကျင်တွင်လူသိများသည့် မိသားစုထဲမှ လူတစ်ယောက်ကို ကျွန်မအဖေ ကန့်ကွက်သည့်ကြားမှ ကျွန်မ လက်ထပ်ခဲ့သည်။ ကျွန်မခင်ပွန်းက ညီအစ်ကိုမောင်နှမ များစွာရှိခဲ့ပြီး၊ သူတို့မှာ မကြာခဏဆိုသကဲ့သို့ နောက်ထပ်ဟင်းလျာသည် မည်သည့်နေရာက လာမည်ကိုပင် မသိခဲ့ကြပါ။ ကျွန်မ ကိုယ်ပိုင်မိသားစုနှင့် ဆန့်ကျင်ကွဲပြားလိုက်သည်မှာ သူတို့က ထိုထက်ပို၍ကွဲပြားနိုင်စရာမရှိတော့ပါ။ သို့သော်လည်း ဤအချိန်သည် ကျွန်မအနေဖြင့် “ငွေကအရာအားလုံးမဟုတ်ပါ၊ သို့သော်လည်း ထိုအရာမရှိပါ ကလည်း သင်မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ပါ” ဆိုသည့် ဆိုရိုး၏ အဓိပ္ပါယ်ကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရသည့် အချိန် ဖြစ်ပါသည်။ ကျွန်မ သည်စိတ်ကြီးဝင်လျက်၊ “ဆင်းရဲသား” ဆိုသည့် အမှတ်တံဆိပ်ကို မိမိကိုယ်မှ ဖယ်ရှားရန် မိမိကိုယ်ပိုင် အားထုတ်ကြိုးပမ်းမှုကို အမှီပြုပြီး အခြားသူများ မနာလိုဖြစ်ရသည့် ကြွယ်ဝသော ဘဝတစ်ခုကို အသက်ရှင်နေထိုင်ရန် ဆုံးဖြတ် ခဲ့သည်။ ထို့ကြောင့် လသားအရွယ် ကျွန်မသမီးကို ကျွန်မမိသားစု ၏ ကျွေးမွေးပြုစုခြင်းကိုခံရန် စေလွှတ်ခဲ့ပြီး ကျွန်မတို့၏ ကြွယ်ဝမှုကို ရှာဖွေရန် ကျွန်မခင်ပွန်းနှင့်အတူ မြို့သို့တက်ခဲ့ကြသည်။

ထိုအချိန်က ကျွန်မခင်ပွန်းက အစိုးရပိုင် ကုမ္ပဏီတစ်ခုတွင် ယာယီ အလုပ်သာ ရရှိခဲ့သည်။ သူ့လစာမှာ အလွန်နည်းပါးလှလေသည်။ ငွေပိုရှာရန် ကျွန်မက စက်ရုံတစ်ခုတွင် ပစ္စည်ကိရိယာတန်ဆာပလာများ အကြီးစား ထုတ်လုပ်မှုကို စီမံခန့်ခွဲခြင်းဖြစ်သည့် ယောက်ျားများ၏ အလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။ ထိုအလုပ်သည် ပင်ပန်းနွမ်းနယ်ပြီး၊ အန္တရာယ်ရှိ သော်လည်း၊ ၎င်းကို ကျွန်မ သည်းခံရသည်ကို ပျော်ရွှင်ခဲ့သည်၊ ကျွန်မ ဖခင်က “အနာခံမှ၊ အသာစံရမယ်” ဟု ပြောသည်ကို မကြာခဏ ကြားဖူးခဲ့သည်။ ဆင်းရဲဒုက္ခခံစားခြင်းသည် ပိုမိုကောင်းမွန်သည့် ဘဝတစ်ခုတွင် အသက်ရှင် နေထိုင်ဖို့အတွက် လိုအပ်ခဲ့ပါသည်။

နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်ပြီးနောက် ကျွန်မတို့သည် ခြိုးခြံ ချွေတာခဲ့ပြီး၊ ကောင်တီမြို့တော်တွင် သုံးထပ်အိမ်တစ်ခုကို ဆောက်ဖို့ စုဆောင်း ခဲ့သည်၊ ပြီးနောက် ဘဝက ပို၍ကောင်းမွန်လာခဲ့သည်။ ကျွန်မတို့ကျေးရွာ စံနှုန်းများအရ ကျွန်မတို့က ချမ်းသာကြသည်။ အခြားသော ရွာသားများက ကျွန်မတို့ကို အားကျပြီး အထင်ကြီးခဲ့ကြသည်၊ ပြီးလျှင် ကျွန်မက လက်တွေ့လုပ်နိုင်စွမ်းရှိသည့် အလုပ်သမားတစ်ယောက် ဖြစ်ကြောင်း လက်မထောင်ပြလျက် မကြာခဏ ဆိုသကဲ့သို့ ပြောခဲ့ကြရာ၊ ၎င်းက ကျွန်မ၏ ဝင့်ကြွားမှုကို စိတ်ကျေနပ်စေခဲ့သည်။ ကျွန်မက “ငွေက အံ့သြဖို့ကောင်းတယ်” ဟု တွေးမိခဲ့သည်။ သို့သော်လည်း မြို့ထဲမှ လူများနှင့် နှိုင်းယှဉ်ပါက၊ ကျွန်မတို့က ဆင်းရဲနေဆဲဖြစ်ပြီး၊ တခြားလူများ မနာလိုဖြစ်စေမည့် ဘဝတစ်ခုနှင့် ဝေးကွာလှပါသည်။ ထို့ကြောင့် ပို၍ပင် ကောင်းမွန်သည့် ဘဝတစ်ခုတွင် အသက်ရှင်နေထိုင်ရန် ကျွန်မ ဆက်ပြီး လှုပ်ရှားကြိုးပမ်း ခဲ့ပါသည်။

ကျွန်မ၏ ကာယလုပ်အားတစ်ခုတည်းဖြင့် ငွေရှာနိုင်သည့်အစွမ်းသည် အလွန်ပင်အကန့်အသတ်ဖြင့်ရှိကြောင်းကို ကျွန်မ၏ စက်ရုံတွင် အလုပ်လုပ်ခဲ့သည့် နှစ်များ၏ အတွေ့အကြုံက သင်ပေးခဲ့သည်၊ ကျွန်မက ကိုယ်တိုင် အလုပ်ရှင်ဖြစ်မှသာလျှင် ငွေကို ပို၍ပို၍ လျင်မြန်စွာ ရှာနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကျွန်မသည် နေရာတိုင်းတွင် စီးပွားရေး အခွင့်အလမ်းများ ရှာဖွေပြီး၊ မိမိကိုယ်ပိုင်လုပ်ငန်းကို ဖွင့်လှစ်ရန် ပြင်ဆင်ခဲ့သည်။ စျေးကွက် စစ်တမ်းပြုလုပ်သည့် ကာလတစ်ခုအပြီးတွင် ကျန်းမာရေးနှင့် အလှအပ ဖြည့်စွက်ချက်များသည် ဖောက်သည်အဝင်အထွက် မြင့်မားစွာဖြင့် လူသိများသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ကျွန်မတွေ့မြင်ခဲ့သည်။ ဤသည်မှာ ကျွန်မကို ချမ်းသာစေမည့် နည်းလမ်းကောင်းတစ်ခုဖြစ်သည်ဟု ကျွန်မ တွေးခဲ့မိသည်။ ကျွန်မခင်ပွန်းနှင့် ထိုအကြောင်းကို ဆွေးနွေးပြီးနောက်တွင် ကျွန်မတို့နှစ်ယောက် အလှပစ္စည်းထုတ်ကုန်များ၊ အလှကုန်များ နှင့် ကျန်းမာရေးဖြည့်စွက်စာများ စသည်တို့ကို တိုက်ရိုက်ရောင်းချသည့်ဆိုင်ဖွင့်ရန် ယွမ် ၂သိန်းကို ခြစ်ကုတ်စုဆောင်းခဲ့ကြသည်။ ကျွန်မစီးပွားရေး လည်ပတ်ဖို့ အထောက်အကူ ဖြစ်စေရန် ကျွန်မက စီးပွားရေး စီမံခန့်ခွဲမှု၊ ပညာရပ်ဆိုင်ရာ ဗဟုသုတ၊ ဖောက်သည် အရင်းအမြစ် ရရှိအောင် လုပ်နည်း စသည်တို့ကဲ့ သို့သော သင်တန်းမျိုးစုံဖြင့် အလုပ်ရှုပ်နေခဲ့ပါသည်။ အားထုတ်ကြိုးပမ်း သည့်ကာလ တစ်ခုအပြီးနောက်၊ ကျွန်မ တဖြည်းဖြည်းချင်း ဖောက်သည်ပိုမို၍ စတင်ရရှိလာပြီး၊ ကျွန်မစီးပွားရေးလုပ်ငန်းကလည်း ပိုသွက်လာခဲ့သည်။ ဖောက်သည်အရင်းအမြစ် ပိုရရှိရန်၊ ကျွန်မ စီးပွားရေးလုပ်ငန်း တိုးတက်ရန် နှင့် ဝင်ငွေတိုးပွားစေရန် ကျွန်မက ချမ်းသာကြွယ်ဝသည့် မိသားစုများမှ အမျိုးသမီးများအကြားတွင် စားသောက်ခြင်း၊ အကခန်းမများသို့ သူတို့နှင့် အတူသွားခြင်း၊ သူတို့ကို ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ပေးခြင်းတို့ကို နေ့စဉ်ပြုလုပ်ခြင်းဖြင့် အချိန်ကုန်ခဲ့သည်၊ သို့မှသာလျှင် သူတို့က သူတို့ပိုက်ဆံအိတ်များကို ဖွင့်ကာ ကျွန်မဆိုင်၌ သုံးစွဲကြမည် ဖြစ်သောကြောင့် ပင်တည်း။ ကျွန်မသည် အရေးကိစ္စများကို ထိုကဲ့သို့ မှားယွင်းသည့်နည်းလမ်း ဖြင့် လုပ်ဆောင်ရသည်ကို ရွံမုန်းသော်လည်း၊ ငွေရှာရန် လူများအားလုံး မျက်နှာဖုံးတပ်ပြီး နေထိုင်ကြသည့် ဤအထက်တန်းအလွှာ လူ့အဖွဲ့အစည်းနှင့် ဝင်ဆန့်ရန် မိမိကိုယ်ကို အတင်းအကျပ်စေခိုင်းခဲ့ရပါသည်။ ကျွန်မ စက်ရုံတွင် အလုပ်လုပ်ရသည့်ရက်များအတွင်း ရုပ်ပိုင်းဆိုင်ရာ ခြေကုန် လက်ပန်းကျ ခဲ့ပါက၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် ကျွန်မ၏ နေ့ရက်များသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ခြေကုန်လက်ပန်းကျ ခဲ့ရပါသည်။ သို့သော်လည်း နှစ်ပေါင်းများစွာ လှုပ်ရှားကြိုးစားပြီး၊ အားထုတ်ကြိုးပမ်းပြီးနောက် ကျွန်မ လုပ်ငန်းက စီးပွားဖြစ်ထွန်းလာကာ၊ တစ်ရက်ပြီးတစ်ရက် ပိုမိုကြီးထွားလာခဲ့ပါသည်။ ကျွန်မက မြို့လယ်ခေါင်၌ ငါးထပ် အိမ်ကြီး အပြင် ဆီဒန်ကားတစ်စီးကိုလည်း ဝယ်ယူခဲ့သည်၊ ပြီးလျှင် ကျွန်မညတိုင်း အိပ်မက်မက်ခဲ့သည့် အထက်တန်းလူလတ်တန်းစား ဘဝတွင် နောက်ဆုံး၌ နေထိုင်ခဲ့သည်။ ကျွန်မ၏ အောင်မြင်မှုများက ကျွန်မ၏ အိမ်နီးချင်းများထံမှ လှိုက်လှဲမှုပိုလွန်ကဲသော ချီးမွမ်းခြင်းနှင့် မြှောက်လုံး ပင့်လုံးများကို ရရှိစေခဲ့သည့်အပြင်၊ ကျွန်မ အိမ်နီးချင်းများနှင့် မိတ်ဆွေများထံမှ ဂုဏ်ပြုချီးမြှင့်ခြင်းများနှင့် လေးစားခြင်းများ ကိုလည်း ရရှိစေခဲ့သည်။ ကျွန်မ၏ မာနက ပို၍ကြီးထွားလာသည်၊ ပြီးလျှင် ငွေရှိသူများအတွက်သာ ပေးသည့်ထိုလေးစားမှုများ၊ မြှောက်လုံးများနှင့် အခွင့်ထူးများသည် နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းသည်ဟု ကျွန်မခံစားခဲ့ ရသည်။ ဤအခိုက်အတန့်တွင် ကျွန်မစတေးခဲ့သမျှ အရာများသည် ထိုက်သင့်သည်ဟု ခံစားခဲ့ရပါသည်။

လူ့ဆန္ဒသည် မည်သည့်အခါမျှ မပြည့်ဝနိုင်သည့် အပေါက်တစ်ခု ဖြစ်သည်ဟု ပြောကြသည်၊ ပြီးလျှင် ဤဆိုးရိုးက မှန်ကန်ကြောင်း အချက်အလက်များက သက်သေပြခဲ့ပါသည်။ ကျွန်မစီးပွားရေး ကြီးထွားလာသည်နှင့်အညီ၊ ကျွန်မ၏ ကြွယ်ဝခြင်းအတွက် တောင့်တမှု ကလည်း ပိုကြီးထွားလာခဲ့သည်။ ကျွန်မကုမ္ပဏီကို အချိန်တိုအတွင်း ဆိုင်ပေါင်း ၁၆ဆိုင် တိုးချဲ့ရန် အစီအစဉ်တစ်ခု ပြုလုပ်ခဲ့သည်၊ ထိုအချိန်တွင် ကျွန်မက ဘဏ်ထဲတွင် ယွမ်ပေါင်း ၁၀ သန်းကျော် ရှိမည် ဖြစ်သည်။ ကျွန်မစီးပွားရေးလုပ်ငန်းကို ပိုမိုကြီးထွားစေရန် ကျွန်မက တောက်တိုမည်ရကိစ္စများအတွက် မကြာခဏ အဝေးတွင် ရောက်နေခဲ့ပြီး၊ နေအိမ်တွင် ရှိခဲလှသည်၊ ထို့ကြောင့် ကျွန်မခင်ပွန်းက နေအိမ်တွင် အရာအားလုံးကို စောင့်ရှောက်ကြည့်ရှုခဲ့ရသည်။ ဤအကြောင်းနှင့် ပတ်သက်ပြီး ကျွန်မခင်ပွန်းက ကျွန်မသည် မိမိစီးပွားရေးလုပ်ငန်းနှင့် ငွေအတွက်သာ ဂရုစိုက်ကြောင်း နှင့် ကျွန်မမိသားစုအတွက် လုံးဝဂရုမစိုက် ကြောင်းပြောလျက် မကြာခဏ ညဉ်းတွားခဲ့သည်။ ကျွန်မက ကျွန်မခင်ပွန်း၏ ညည်းတွားမှုများနှင့် နားလည်မှု မရှိခြင်းတို့ အပေါ် ဒေါသအမျက် ကြီးစွာ ထွက်ခဲ့သည်။ ကျွန်မက စော်ကားခံရသည်ဟု ခံစားရပြီး၊ မည်သူ့ကို ယုံကြည်စွာဖွင့်ပြောရမှန်းလည်း မသိခဲ့ပါ။ ကျွန်မက “မိသားစုအတွက်သာ မဟုတ်ဘူးဆိုရင် ငါက ငွေရှာဖို့ ဘာဖြစ်လို့ဒီလောက်ကြိုးစား လုပ်ကိုင် နေရတာလဲ။ ငါ့မိသားစုက ဆင်းရဲတဲ့နေရာမှာ မကောင်းသတင်းကြီးလှပေမဲ့ ငါ့ရဲ့ နှစ်ပေါင်းများစွာ ကြိုးစားလုပ်ကိုင်မှုကျေးဇူးကြောင့်၊ ငါတို့တွေက ငွေရှိလို့ လူတိုင်းက အားကျရတဲ့လူတွေဖြစ်လာခဲ့ပြီ။ ဒါက ငါ့အလုပ်ကြိုးစားမှု အားလုံးရဲ့ ရလဒ်ပဲ မဟုတ်ဘူးလား။ ငါက ဒီမိသားစုအတွက်သာ မစိုးရိမ်ဘူး ဆိုရင်၊ ငါ့ကိုယ်ငါ အကြမ်းပတမ်းခံနေပါ့မလား” ဟု တွေးခဲ့ပါသည်။ ကျွန်မနှင့် ကျွန်မခင်ပွန်းတို့၏ ကွဲပြားသည့်အမြင်ရှုထောင့်များက အရေးမကြီး သည့် ပြဿနာများအတွက် မကြာခဏ ခိုက်ရန်ဖြစ်ဖို့ ဦးတည်လာခဲ့သည်။ ကျွန်မမိသားစုဝင်များက ကျွန်မကို နားမလည်ကြပါ၊ ပြီးလျှင် ပုံမှန်ဖြစ်လေ့ရှိသည့် အဖွဲ့အစည်းအတွင်း ပဋိပက္ခများ၊ လှုပ်ရှားကြိုးပမ်းခြင်းများနှင့် စီးပွားရေးလုပ်ငန်း၏ မျက်နှာများ လှည့်စားတတ်သည့် သဘာဝတို့ထပ်ပေါင်းလိုက်ပါက၊ ကျွန်မသည် မကြာခဏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့တွင် ခြေကုန်လက်ပန်းကျခဲ့ရသည်။ နေ့စဉ်နှင့်အမျှ ကျွန်မမျက်နှာပေါ်တွင် စိတ်ဖိစီးမှုပြသနေခဲ့သည်၊ ကျွန်မ ကောင်းမွန်စွာ စားသောက်ခြင်း သို့မဟုတ် အိပ်စက်ခြင်းမရှိခဲ့ပါ၊ ကျွန်မ၏ အိပ်မပျော်နိုင်သည့် ရောဂါက ပိုဆိုးရွားလာခဲ့သည်၊ ပြီးလျှင် မကြာမကြာ မှန်မှန်ဖြစ်ပေါ်လာသည့် နို့အုံရောင်ရမ်းနာ၊ အာရုံကြောများ၊ နာတာရှည် နှလုံးရောဂါ တို့ကဲ့သို့ နာတာရှည်ရောဂါမျိုးစုံတို့က ကျွန်မအပေါ် စတင် သက်ရောက်လာခဲ့သည်...ကျွန်မနေ့စဉ်ပင်ပန်းနွမ်းနယ်နေသည်ကို တွေ့သည့်အခါ ကျွန်မ၏ စိုးရိမ် လျက်ရှိသော သမီးငယ်က ကျွန်မကို သနားစိတ်ဖြင့် “အမေရယ်၊ အမေအရင်က ကျန်းကျန်းမာမာပဲ။ ငွေစရှာလာတာနဲ့တပြိုင်နက် အမေဘာဖြစ်လို့ အရမ်း နေမကောင်းဖြစ်ရတာလဲ။ ငွေကတကယ်ကို အဲဒီလောက်ပဲ အရေးကြီးသလား” ဟု ပြောခဲ့သည်။ ကျွန်မသမီးငယ်၏ စကားများက ကျွန်မကို တွေးစေခဲ့ပါသည်။ ဆင်းရဲမှုကို ဖယ်ရှားရန် နှင့် တခြားလူများ အားကျရသည့် ဘဝတွင် ရှင်သန်နေထိုင်ရန် ကျွန်မက ငွေရှာဖို့အတွက် ရုန်းကန်လှုပ်ရှားပြီး မိမိကိုယ်ကို ပင်ပန်းနွမ်းနယ်စေခဲ့သည်။ ကျွန်မသည် ကောင်းမွန်သည့်ဘဝတစ်ခုရရှိပြီး အခြားသူများက ကျွန်မကို အထင်ကြီးစေခဲ့သော်လည်း ရလဒ်မှာ ကျွန်မ ခန္ဓာကိုယ်ကို ယိုယွင်းစေပြီး၊ ကျွန်မ မိသားစုက ကျွန်မကို အထင်လွဲစေခဲ့ခြင်းသာ ဖြစ်သည်။ မက်မောဖွယ်ကောင်းသည် အပြင်ပန်း အသွင်အပြင် နောက်ကွယ်တွင် ခါးသီးသည့် ဆင်းရဲဒုက္ခခံစားမှုရှိကြောင်း မည်သူက သိရှိနိုင်မည်နည်း။ ဤသည်မှာ ငွေပိုရှာရန်အတွက် အမှန်တကယ် ပေးဖို့ထိုက်တန်သည့် ပေးဆပ်မှုတစ်ခု ဖြစ်ပါသလား။ ကျွန်မ နာမကျန်းဖြစ်ခြင်းနှင့် ကျွန်မဝိညာဉ်ထဲမှ နှိပ်စက်မှုက ကျွန်မကို စိတ်မချမ်းမြေ့ဖြစ်စေခဲ့ပြီး၊ ကျွန်မ မကြာခဏ တစ်ယောက်တည်း ငိုကြွေးခဲ့ရသည်။

ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ကံဆိုးမိုးမှောငမှုကြားမှ ကြုံတွေ့ရခြင်း

လူ၏ အဆုံးသတ်သည် ဘုရားသခင်၏ အစအဦးဖြစ်သည်။ ကျွန်မ အနာကျင်ဆုံးအချိန်နှင့် အကူအညီအမဲ့ဆုံးဟု ခံစားရသည့်အချိန်တွင် နောက်ဆုံးသောကာလ ဘုရားသခင်၏ ဧဝံဂေလိတရားက ကျွန်မထံသို့ ရောက်ရှိလာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုကျွန်မ ဖတ်ရှုခဲ့သည်။ “အနန္တတန်ခိုးရှင်သည် အလွန်အမင်း ဒုက္ခဆင်းရဲကိုခံဖူးသော ဤလူများအပေါ် သနားကရုဏာရှိ၏၊ တစ်ချိန်တည်းတွင် သူသည် လူသားတို့ထံမှ အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ရသည်မှာ အလွန်ကြာလှပြီဖြစ်သောကြောင့် အသိဉာဏ်ကင်းမဲ့သော ဤလူများ ကိုလည်း စိတ်ပျက်၏။ သင်သည် ရေငတ်ခြင်းနှင့် ဆာလောင်ခြင်းကို မခံရတော့မည့်အကြောင်း သူသည် ရှာဖွေရန်၊ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်ကို ရှာဖွေရန်၊ သင့်ထံ ရေနှင့် အစာကို ယူဆောင်လာရန်နှင့် သင့်ကို နှိုးရန် ဆန္ဒရှိတော်မူ၏။ သင် ပင်ပန်းနွမ်းနယ်သောအခါနှင့် ဤလောကကြီး၏ စိတ်ဓာတ်ကျဖွယ် ပျက်စီးခြောက်ကပ်ခြင်း တစ်စုံတစ်ရာကို စတင်ခံစားရသောအခါ၊ လမ်းပျောက်ခြင်းမရှိစေနှင့်၊ မငိုကြွေးလေနှင့်။ စောင့်ကြည့်တော်မူသောသူ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်၏ရောက်လာခြင်းကို အချိန်မရွေး လက်ခံ ပွေ့ဖက်လေမည်။” (အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း)

ဘုရားသခင့်နှုတ်ကပတ်တော်များ၏ နှစ်သိမ့်မှုသည် ကျွန်မအတွက် အလွန် ရင်းနှီးသည်ဟု ခံစားခဲ့ရသည်၊ ပြီးလျှင် ကျွန်မတို့အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုတို့ကိုလည်း ကျွန်မခံစားခဲ့ရသည်။ ကျွန်မက ငွေရှာရန်အတွက် ကျွန်မဘဝတစ်ခုလုံး အဆုံးမရှိစွာ လှုပ်ရှား ကြိုးပမ်းခဲ့သည်၊ ကျွန်မ ယောက်ျားသားများ၏ အလုပ်များလုပ်ခဲ့သည်၊ ဖောက်သည်များကို စိတ်ကျေနပ်စေရန် နည်းလမ်းများကိုတွေးဖို့ ဦးနှောက်ချောက်ခံခဲ့သည်၊ ကျွန်မက အလုပ်နှင့် စီးပွားရေးလုပ်ငန်း အပြိုင်အဆိုင်တို့၏ စိတ်ဖိစီးမှုကို သည်းခံရင်း စီးပွားရေးလုပ်ငန်းအတွက် နေအိမ်မှ အဝေးတွင် အချိန်များစွာ ကုန်ဆုံးခဲ့သည်၊ ပြီးလျှင် ကျွန်မ၏ ရုပ်ဝထ္ထုပိုင်းဆိုင်ရာ အနေအထား တိုးတက်လာခဲ့သော်လည်း၊ ကျွန်မကိုယ် ကျွန်မ ခြေကုန်လက်ပန်းကျပြီး နေမကောင်းဖြစ်စေ ခဲ့သည်၊ ပြီးလျှင် စိတ်ဆင်းရဲဒုက္ခရောက်လျက် အသက်ရှင်နေထိုင်ခဲ့ရသည်...ဤအရာများကို တွေးခြင်းက ကျွန်မနှလုံးသားထဲတွင် ခါးသီးမှုနှင့် နာကျင်မှုတို့ကို ပေါက်ကွဲထွက် စေခဲ့သည်။ ကျွန်မသည် နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျွန်မအမေဆီသို့ ပြန်သွားခဲ့သည့် ပျောက်ဆုံးနေသော ကလေးတစ်ယောက်ကဲ့သို့ဖြစ်သည်။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်ကို ကိုင်ထားလျက် ခါးသီးစွာ ငိုကြွေးခဲ့ပါသည်။ ကျွန်မက နာမကျန်းဖြစ်ပြီးစီးပွားရေးလုပ်ငန်းတွင် ကြီးမားသည့် ဖိစီးမှုတို့ကို ရင်ဆိုင်နေခဲ့စဉ် ကျွန်မခင်ပွန်းက နားမလည်ခဲ့ပါ၊ ပြီးလျှင် မည်သူတစ်ယောက်မျှလည်း ကျွန်မကို အမှန်တကယ် မနှစ်သိမ့်နိုင်ခဲ့ပါ၊ သို့သော်လည်း ဘုရားသခင်က ကျွန်မနံဘေးတွင် တစ်ချိန်လုံးရှိပြီး ကျွန်မကို သနားကာ၊ စောင့်ကြည့်နေခဲ့သည်၊ ကျွန်မပြန်လာရန် စောင့်ဆိုင်းနေခဲ့သည်၊ ပြီးလျှင် ကျွန်မ စိတ်မချမ်းမြေ့ဆုံးနှင့် ကူညီရာအမဲ့ဆုံး အချိန်တွင် ဘုရားသခင်က ကျွန်မအား သူ့နှုတ်ကပတ်တော်ကို ကြားစေပြီး၊ ကျွန်မ၏ ဒဏ်ရာရသည့် ဝိညာဉ်ကို နှစ်သိမ့်ရန် သူ့နှုတ်ကပတ်တော်များ၏ နွေးထွေးမှုကို အသုံးပြုခဲ့သည်။ ထိုအခိုက်အတန့်တွင် ဘုရားသခင်တစ်ပါးတည်းသာလျှင် ကျွန်မကို နားလည် ကြောင်း၊ ကျွန်မပြဿနာများကို သိတော်မူကြောင်းနှင့် ကျွန်မနှလုံးသားထဲရှိ နာကျင်မှုကို တွေ့မြင်ကြောင်း ကျွန်မ နားလည် သဘောပေါက်ခဲ့သည်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်သာလျှင် ကျွန်မကို စစ်မှန်သည့် နှစ်သိမ့်မှုပေးနိုင်သည်။ ကျွန်မတိတ်တဆိတ် ရှိုက်ငိုနေစဉ် မျက်နှာပေါ်တွင် မျက်ရည်များစီးကျလာခဲ့သည်။ ကျွန်မ ကူညီရာမဲ့စွာဖြင့် ဒူးထောက်ခဲ့ပြီး၊ နှစ်ပေါင်းများစွာ ကျွန်မနှလုံးသား၏ နက်ရှိုင်းသောတစ်နေရာတွင် မြုပ်နှံထားခဲ့သည့် နာကျင်မှုနှင့် စိုးရိမ်ကြောင့်ကြမှုတို့ ကို ပြောပြခဲ့မိသည်။ ဤအချိန်သည် ကျွန်မ၏ ဝိညာဉ် မှီခိုနိုင်သည့်အရာတစ်ခုကို ကျွန်မအမှန်တကယ်ပင် တွေ့ရှိခဲ့ကြောင်း ကျွန်မ နားလည်သဘောပေါက်ခဲ့သည့် အခိုက်အတန့်ပင် ဖြစ်ပါသည်။

ဤနောက်ပိုင်းတွင် ကျွန်မက အသင်းတော်အသက်တာတွင် စတင်ပြီး တစ်စိတ်တစ်ဒေသမှ ပါဝင်ကာ၊ ကျွန်မ ညီအစ်ကိုမောင်နှမများနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုခဲ့သည်။ အစည်းအဝေးများနှင့် မိတ်သဟာယပြုခြင်းတို့မှ တစ်ဆင့် ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးတွင် အရာအားလုံးကို ဖန်ဆင်းတော်မူခဲ့ကြောင်း၊ ဘုရားသခင်က ကျွန်မတို့ အဆုတ်ထဲမှ အသက်လေကို ကျွန်မတို့အား ပေးခဲ့ကြောင်း၊ ဘုရားသခင်ကက ကျွန်မတို့ အသက်ရှင်နေထိုင်ရန် လိုအပ်သည့် အရာအားလုံးကို ထောက်ပံ့ခဲ့ကြောင်း၊ ပြီးလျှင် လူသားမျိုးနွယ်သည် စာတန်၏ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးကတည်းက ဘုရားသခင်က လူများကို လမ်းပြပြီး ကယ်တင်ခဲ့ကြောင်းတို့ကို ကျွန်မ နားလည် သဘောပေါက် လာခဲ့ပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်က ကျွန်မတို့အတွင်းမှ ဖောက်ပြန်ပျက်စီး ဆိုးယုတ်သော စိတ်သဘောထားများကို သန့်စင်ရန် နှင့် ပြောင်းလဲရန်၊ ဘုရားသခင်အား အမှန်တကယ် ကြောက်ရွံ့ပြီး နာခံမှုကို ပေးအပ်ရန်၊ ပြီးလျှင် ကျွန်မတို့က ဘုရားသခင်၏ ကယ်တင်ခြင်းကို နောက်ဆုံးတွင် ရရှိစေရန်အတွက် နှုတ်ကပတ်တော်တစ်သန်းကျော်အားဖော်ပြရန် ကြွလာပြီး လူ့ဇာတိခံယူခဲ့သည်။ ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလေ၊ ပို၍စိတ်အေးလက်အေးဖြစ်ပြီး ပေါ့ပါးလာသည်ဟု ခံစားရလေလေဖြစ်သည။ ပြီးလျှင် ကျွန်မ တစ်ခါမျှ မခံစားဖူးသည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ကျွန်မနှလုံးသားထဲတွင် တွေ့ရှိခဲ့သည်။ ထို့နောက်ပိုင်းတွင် ကျွန်မက နောက်ဆုံးသောကာလမှ ဘုရားသခင်၏ ဧဝံဂေလိတရားကို ကျွန်မခင်ပွန်းကို ဖြန့်ဝေခဲ့သည်။ သူသည် ရှာဖွေခြင်းနှင့် လေ့လာခြင်း အချိန်ကာလတစ်ခုမှတစ်ဆင့် နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ အမှုတော်ကို ယုံကြည်ပြီး ဝမ်းမြောက်စွာ လက်ခံခဲ့ပါသည်။ ကျွန်မ ခင်ပွန်းနှင့် ကျွန်မတို့က တူညီသည့် ယုံကြည်မှု ရှိသောကြောင့်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် လမ်းပြမှုကို ကျွန်မတို့ ရှာဖွေတွေ့ရှိခဲ့သောကြောင့် အချိန်ကြာလာသည်နှင့် အမျှ ကျွန်မတို့ ခိုက်ရန်ဖြစ်ပွားမှု နည်းသထက်နည်းလာပြီး၊ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်သည့် အချိန်တွင်ပင် ကျွန်မတို့နှစ်ဦးလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်ပြီး ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေနိုင်ခဲ့သည်။ နောက်ဆုံးတွင် ကျွန်မတို့ အိမ်ထဲတွင် ရယ်မောသံများ တစ်ဖန်ပြန်ကြားရပြီး၊ ကျွန်မလည်း အလွန်ပင် စိတ်အေးလက်အေး ရှိသည်ဟု ခံစားရပါသည်။

ကင်ဆာရောဂါဖြစ်ပွားပြီး၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာဖြင့် ကယ်တင်ခံရသည်

သို့သော် မကြာမီမှာပင် ကုမ္ပဏီ၏ စည်းမျဉ်းများ၌ ရုံးချုပ်မှ ပြောင်းလဲမှုများ၊ ထုတ်ကုန်များ၏ စျေးနှုန်းကြီးမှုများ နှင့် ရှားပါးသည့် စျေးကွက် တို့ကြောင့် ကျွန်မမြို့မှ တစ်မျိုးတစ်စားတည်းဖြစ်သည့် လုပ်ငန်းစု ဆိုင်သုံးဆိုင် ဆက်တိုက် ပိတ်သိမ်းလိုက်ရပြီး၊ ကျွန်မ၏လုပ်ငန်းတစ်ခုတည်းသာ ကျန်ခဲ့သည်။ စီးပွားရေးလုပ်ငန်းက ဆိုးရွားလှသောကြောင့် ဝန်ထမ်းအချို့နှင့် ကျွန်မစတိုးဆိုင် မန်နေဂျာတို့ နှုတ်ထွက်ကုန်ကြလေသည်။ ကျွန်မ မည်သို့ကိုင်တွယ်ရမည်ကို မသိခဲ့ပါ။ ကျွန်မစီးပွားရေး တည်ထောင်ရန် အားထုတ်ကြိုးပမ်းမှုများစွာနှင့် နာကျင်မှုများစွာတို့ကို စတေးခဲ့ရပြီး၊ ကျွန်မ ထိုအတိုင်း စွန့်ပစ်ခဲ့ပါက၊ ကျွန်မလုပ်ခဲ့သမျှသည် အချည်းနှီးဖြစ်တော့မည်၊ ပြီးလျှင် ကျွန်မ ဆင်းရဲဒုက္ခများသည်လည်း အလဟဿ ဖြစ်ရမည် ဟု တွေးမိသောကြောင့် ကျွန်မက ၎င်းကို လက်လွှတ်ရန် အဆင်သင့်မဖြစ်သေးပါ။ ကျွန်မကုမ္ပဏီပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေစေရန် ကျွန်မက လူလေးယောက် အလုပ်ကို လုပ်ကိုင်ပြီး၊ မကြာခဏပင် အချိန်မှန် စားနိုင်ခြင်းမရှိပါ၊ ပြီးလျှင် ကျွန်မသည် မကြာခဏ ဆိုသကဲ့သို့ စာရင်းစစ်တမ်းများဖြင့် ညမိုးချုပ်သည်အထိ အလုပ်ရှုပ်ခဲ့ပါသည်။ ကျွန်မက ခြေကုန်လက်ပန်းကျပြီး၊ မကြာခဏ အိပ်မပျော်ခဲ့ပါ။ ကျွန်မ အလွန်အလုပ်ရှုပ်သောကြောင့် ဘုရားသခင်ထံ ဆုတောင်းခြင်း သို့မဟုတ် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းတို့ အလွန်ပြုလုပ်ခဲလှသည်၊ ပြီးလျှင် တဖြည်းဖြည်းချင်း ကျွန်မ နှလုံးသားက ဘုရားသခင်ထံမှ ဝေးကွာလာခဲ့သည်။ ကျွန်မသည် ငွေရှာခြင်း ဝဲဂယက်ထဲသို့ စုပ်ယူခံနေရစဉ်တွင် မမျှော်လင့်သည့်အရာတစ်ခု ဖြစ်လာခဲ့သည်။

တစ်နေ့တွင် ကျွန်မ၏ လက်ယာဖက် ရင်သားတွင် အကျိတ်တစ်ခုကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့သည်။ စမ်းသပ်မှုတစ်ခုအပြီးနောက် ဆရာဝန်က ကျွန်မ၏ မကြာခဏပြန်ဖြစ်ပေါ်သည့် နို့အုံရောင်ရမ်းနာ က ကင်ဆာ ဒုတိယအဆင့်အဖြစ် ပျံ့နှံ့ကုန်ကြောင်းနှင့် ကုသမှုအတွက် ဖြစ်နိုင်ချေမှာ နည်းပါးကြောင်း ပြောခဲ့သည်။ ဆရာဝန်၏ စကားက ကျွန်မအတွက် နွေခေါင်ခေါင်တွင် မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်သည်။ ကျွန်မ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ဤအရာကို ကျွန်မ မယုံကြည်ရဲပါ။ ကျွန်မ နောက်ထပ် ဆေးရုံနှစ်ခုကို စမ်းသပ်မှုအတွက် သွားရောက်ခဲ့သည်၊ ပြီးလျှင် တူညီသည့်ရလဒ်များကိုသာ ရရှိခဲ့ပါသည်။ ထိုအခိုက်အတန့်တွင် ကျွန်မ လုံးလုံး ကြက်သေသေသွားခဲ့သည်ကို မိမိကိုယ်ကိုယ် ခံစားခဲ့ရသည်။ ကျွန်မမှာ ဤမွန်းကျပ်လှသည့်အချက်ကို လက်ခံရုံမှလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပါ။ လာမည့်နေ့များတွင် “ကင်ဆာ” ဆိုသည့်စကားလုံးသည် ကျွန်မစိတ်ထဲတွင် ကျိန်စာတစ်ခုကဲ့သို့ မကြာခဏ ပေါ်ပေါက်လာခဲ့သည်။ ကျွန်မတွင် ကင်ဆာရှိပါက၊ ကျွန်မ အသက်၊ ကျွန်မမိသားစု၊ အရာအားလုံးကို ဆုံးရှုံးရခြင်းကို ဆိုလိုမည်သာဖြစ်သည်...ကျွန်မက “ငါ့ဘဝက ဒီလိုကို အမှန်တကယ် ဆုံးရတော့မှာလား။ ဒါက တကယ်ကို ငါ့ဘဝရဲ့ နောက်ဆုံး အခန်းပဲလား” ဟူ၍သာ တွေးနေမိသည်။ ထိုအကြောင်းတွေးရုံဖြင့်ပင် ကျွန်မို ထိန်းမနိုင်သိမ်းမရ ရှိုက်ငိုမသည်။ ကျွန်မ နေမကောင်းဖြစ်တိုင်း ကျွန်မ သေရမည်ကို ကြောက်ခဲ့သည်။ ကျွန်မ နေ့စဉ်နေ့တိုင်း အကြောက်တရားနှင့် ကူညီရာမဲ့ခြင်းတို့တွင် အသက်ရှင်နေထိုင်ခဲ့သည်၊ သေခြင်းတရား အချိန်မရွေး ရောက်လာမည်ကို စိတ်ပူနေခဲ့သည်။ ကျွန်မသည် ကျွန်မဘဝ၏ အချိန်အများစုတွင် အလုပ်ရှုပ်နေခဲ့သည်။ ကျွန်မသည် ပိုက်ဆံရှာ၍ ကောင်းမွန်သည့်ဘဝကို ရှင်သန်လိုခြင်းသာဖြစ်သည်။ ကျွန်မ ပိုက်ဆံရှိပြီးနောက် အဆုံးတွင်မူ ကျွန်မ၏ ဘဝသည် ပြီးဆုံးလုနီးပြီဖြစ်သည်။ ဤသို့ဆိုလျင် ငွေ၏ အသုံးဝင်မှုမှာ အဘယ်နည်းဟု၍သာ ကျွန်မသည် နာကျင်လျက် စဉ်းစားသုံးသပ်နေမိသည်။ကျွန်မ မည်သည့်နေရာသို့ သွားရမည်ကို မသိခဲ့ပါ။

ကျွန်မ၏ ကျွန်မ ဆင်းရဲဒုက္ခရောက်ပြီး ကူညီရာမဲ့နေသည့်အခါတွင် ကျွန်မ ညီအစ်ကိုမောင်နှမများက ကျွန်မကို အားပေးပြီး နှစ်သိမ့်ကာ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျွန်မအား မိတ်သဟာယပြုခဲ့ကြသည်၊ ပြီးလျှင် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်စေဖို့၊ အခက်အခဲများတစ်လျှောက် ကျော်ဖြတ် နိုင်ရန် ဘုရားသခင်ကို ယုံကြည်မှုရှိပြီး အမှီပြုဖို့ ကျွန်မကို အားပေးခဲ့ကြသည်၊ ထို့ကြောင့် ကျွန်မက ဘုရားသခင် ရှေ့တော်မှောက်ကို သွားပြီး ဆုတောင်းခဲ့သည်၊ “ဘုရားသခင် ကျွန်မ ငွေရှာဖို့ ဆယ်စုနှစ်တစ်ခုထက် ပိုပြီး လှုပ်ရှားကြိုးပမ်း ခဲ့ရပါတယ်။ ကျွန်မက တခြားလူတွေအားလုံး မနာလိုတဲ့ ဘဝတစ်ခုနဲ့ ရှင်သန်နေထိုင်နေရပြီး၊ တခြားလူတွေက ကျွန်မကို အားကျပြီး အထင်ကြီးကြပေမဲ့လည်း ကျွန်မ ခံယူခဲ့ရတဲ့ ခါးသီးမှုနဲ့နာကျင်မှုကို ကျွန်မပဲ သိပါတယ်။ အခု ကျွန်မမှာ အလုပ်ပိခြင်းကတစ်ဆင့် ကင်ဆာရောဂါလည်း ရနေပါပြီ။ ကျွန်မမှာ အရမ်း ကူညီရာမဲ့ပြီး နာကျင်ခံစားနေရပါတယ်။ ဘုရားသခင်။ ကျွန်မ ဘာလုပ်ရမှန်းလဲ မသိပါဘူး။ ကိုယ်တော့်အလိုတော်ကို နားလည် သဘောပေါက်ဖို့၊ ဒီအခြေအနေကို ဖြတ်ကျော်ဖို့နည်းလမ်းကို သိဖို့ ကျွန်မကို ကျေးဇူးပြုပြီး လမ်းပြတော်မူပါ။” ဆုတောင်းပြီးနောက် ကျွန်မက “ဖျားနာခြင်းအလယ်တွင် ဘုရားသခင်ကို ချီးမွမ်းကာ၊ သင်၏ ချီးမွမ်းခြင်း အလယ်တွင် ဘုရားသခင်၌ မွေ့လျော်လော့။ နာမကျန်းဖြစ်ခြင်းကို ရင်ဆိုင်ရာတွင် စိတ်ပျက်ခြင်း မရှိနှင့်၊ အဖန်ဖန် ကြိုးစားမြဲကြိုးစားကာ လက်မလျှော့နှင့်၊ ပြီးလျှင် ဘုရားသခင်သည် သင့်ကို သူ၏ အလင်းဖြင့် အလင်းပေးလိမ့်မည်။ ယောဘ၏ ယုံကြည်ခြင်းသည် အဘယ်သို့ဖြစ်ခဲ့သနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အရာခပ်သိမ်း တတ်စွမ်းနိုင်သော သမားတော်တစ်ဦး‌‌‌‌ ပေတကား။ နာမကျန်းမှု၌ တည်ခြင်းသည် မကျန်းမာဖို့ ဖြစ်သော်လည်း၊ စိတ်ဝိညာဉ်၌ တည်ခြင်းသည် ကျန်းမာဖို့ ဖြစ်၏။ သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။(“အခန်း ၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ) ဟု မိန့်တော်မူထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးမိပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်မှု နှင့် ခွန်အားတို့ကို ပေးခဲ့ပြီး၊ ဘုရားသခင့်နှုတ်ကပတ်တော်၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ကျွန်မ ခံစားနိုင်ခဲ့သည်။ ဘုရားသခင်သည် အရာအားလုံး၏ ဖန်ဆင်းရှင်ဖြစ်ပြီး လူသားမျိုးနွယ်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိသောကြောင့် ကျွန်မ အသက်နှင့် သေခြင်းတရားသည်လည်း ဘုရားသခင်က အုပ်စိုးထားခြင်းသာ မဟုတ်ပါလား။ ဘုရားသခင်၏ ခွင့်ပြုချက်မရှိပဲနှင့် ကင်ဆာက ကျွန်မကို သေစေမည်မဟုတ်ပါ။ ကျွန်မ ဘုရားသခင်ကို ယုံကြည်မှုရှိရမည်။ ကျွန်မ နာမကျန်းဖြစ်ခြင်းသည် ကုသ၍ ရသည်ဖြစ်စေမရသည်ဖြစ်စေ၊ ပြီးလျှင် ကျွန်မသည် နောက်ဆုံး၌ ဘုရားသခင်၏ လက်တော်ထဲတွင် ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ကျွန်မသည် ဘုရားသခင်ကိုသာ ဤအရေးကိစ္စကို ယုံကြည်စွာအပ်နှံလိုပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများကိုသာ နာခံလိုပါသည်။ ကျွန်မက ယခင်က ကျွန်မဘဝ၏ အချိန်များစွာကို ဖြုန်းတီးခဲ့သော်လည်း ယခုအခါတွင် ကျွန်မကျန်သည့် အချိန်တွင် ဘုရားသခင်ကို ယုံကြည်လိုပြီး၊ ကိုယ်တော်ကို ဝတ်ပြိုကိုးကွယ်လိုပါသည်။ ဘုရားသခင့်နှုတ်ကပတ်တော်၏ လမ်းပြမှုဖြင့် ကျွန်မနှလုံးသားထဲတွင် ပံ့ပိုးမှုကို ခံစားရပြီး၊ အလွန်ကြောက်လန့် ခြင်းမရှိတော့ပါ။

နောက်ပိုင်းတွင် ငွေအတွက် လှုပ်ရှားကြိုးပမ်းခြင်းဖြင့် မိမိကိုယ်ကို အလုပ်ရှုပ်စေခြင်းမှ ရပ်တန့်ခဲ့သည်၊ ထိုအစား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းနှင့် ကျွန်မညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်းတို့ဖြင့် အချိန်ပိုကုန်စေခဲ့သည်။ သူတို့၏ မိတ်သဟာယပြု ခြင်းက ကျွန်မအား သမ္မာတရားများကို ပိုမိုများပြားစွာ နားလည်သဘောပေါက် စေခဲ့သည်၊ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သော်လည်း ကျွန်မသည် ဘဝ၏နက်နဲမှုများအကြောင်း တစ်ခုမျှ လုံးဝ မသိခဲ့ရကြောင်းကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ လူသားမျိုးနွယ်သည် စာတန်ကြောင့် မည်သို့ ဖောက်ပြန်ပျက်စီးရပုံ၊ ဘုရားသခင်က လူသားမျိုးနွယ်ကို မည်သို့ကယ်တင်ပုံ၊ အဓိပ္ပါယ်ရှိသောဘဝဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း၊ နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၌ ဘုရားသခင်၏ အရေးစိုက်မှုနှင့် ရည်ရွယ်ချက်တို့ကဲ့သို့သော အရာများကိုလည်း သင်ယူခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတွင် လုံးလုံး မြုပ်နေခဲ့ပြီး၊ ယခင်က ကျွန်မလုံးဝမခံစားခဲ့ဖူးသည့် ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်မှုတို့ကို တွေ့ကြုံခံစား ခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ကျွန်မ ဘုရားသခင်ကို မှီခိုပြီး ကျွန်မ၏ ကုသမှုများကို ဆက်လက်ပြုလုပ်ခဲ့သည်။ ကျွန်မ မမျှော်လင့်ထားသည့်အရာမှာ ကျွန်မ၏ စမ်းသပ်မှုများထဲမှ တစ်ခုတွင် ကျွန်မရင်သားမှ အကျိတ်သည် ပြန့်ပွားခြင်း မရှိတော့သည်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းပင် ဖြစ်လေသည်။ ကျွန်မ အလွန်အံ့အားသင့်ခဲ့သည်။ ဤသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။ ဆရာဝန်က မယုံကြည်နိုင်စွာဖြင့် “ဒါ တကယ့်ကို အံ့ဖွယ်အမှုပဲ” ဟု ပြောခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အံ့ဖွယ်အမှုဖြစ်ကြောင်း ကျွန်မ နှလုံးသားထဲမှ ရှင်းလင်းစွာ သိခဲ့ပါသည်။ နောက်ပိုင်းတွင် ကျွန်မခွဲစိတ်ကုသမှု တစ်ခုခံ ယူခဲ့သည်။ ထို့နောက်ပိုင်းတွင် ကျွန်မ ခန္ဓာကိုယ်က အလွန်လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ကျွန်မ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားခဲ့သည်။ ကျွန်မအနီးတွင် ကျွန်မကဲ့သို့ ရောဂါရရှိသောလူတို့သည် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု၊ ဓာတုကုထုံးများဖြင့် ကုသမှုတို့ကို ခံယူရခြင်း၊ သူတို့၏ ရင်သားတို့ကို ဖယ်ရှားရခြင်း၊ အဆုံးအထိ ရုန်းကန်ကြိုးစားရခြင်း၊ သူတို့၏ ရင်သားဖယ်ရှားခြင်း သို့မဟုတ် သေခြင်းနှစ်ခုကြားတွင် ရွေးချယ်ရခြင်းတို့ပြုလုပ်ကြရသည်ကို ကျွန်မ မြင်တွေ့ရသည်။ သို့ရာတွင် ကျွန်မခန္ဓာကိုယ်တစ်ခုလုံးမှာမူ ပကတိအတိုင်း ရှိလျက် ရှင်သန်ခဲ့ပါသည်။ ဤသည်မှာ ဘုရားသခင်က ကျွန်မကို ကွယ်ကာခြင်း ဖြစ်သည်။ ကျေးဇူးတင်ရှိခြင်း မျက်ရည်စများ ကျွန်မ၏မျက်လုံးများမှ စီးကျလာသည်၊ ပြီးလျှင် ကျွန်မသည် ဘုရားသခင်ကို တစ်ဖန် ချီးမွမ်းခြင်း နှင့် ကျေးဇူးတင်ရှိခြင်းတို့ဖြင့် ဆက်ကပ်ခဲ့ပါသည်။

ချမ်းသာကြွယ်ဝမှုနောက်ကွယ်ရှိ မိုက်မှောင်သောဇာတ်ကောင်

ဤအခြင်းအရာကို တွေ့ကြုံခံစားပြီးနောက် ဘုရားသခင်က ကျွန်မကို ဘဝတွင် ဒုတိယအခွင့်အရေးပေးနေကြောင်း ကျွန်မ နက်ရှိုင်းစွာ နားလည်သဘောပေါက် ခဲ့သော်လည်း၊ ကျွန်မက ငွေနောက်လိုက်ရင်း ကျွန်မဘဝကို မည်သို့ကုန်ဆုံးစေခဲ့ပုံနှင့် ၎င်းကြောင့် ကျွန်မအသက်ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ပုံတို့ကိုလည်း ကျွန်မ အမှတ်ရမိသည်၊ ပြီးလျှင် ကျွန်မက မိမိအသက်ပင် စတေးခံသည့် အတိုင်းအတာအထိ ငွေကို အဘယ့်ကြောင့် ကိုးကွယ်ခဲ့မိသည်ကိုသာတွေးနေမိသည်။ ကျွန်မကဲ့သို့ လူများစွာရှိပုံ၊ သူတို့အားလုံးသည် ငွေအတွက် ခါးသီးစွာ လှုပ်ရှားရုန်းကန်ပြီး၊ နောက်ဆုံးတွင် ငွေအတွက် ကျွန်ခံလျက် သူတို့ဘဝများကို ဆုံးရှုံးခဲ့ကြကြောင်းတို့ကိုလည်း တွေးမိခဲ့သည်။ ဤအရာများကို ကျွန်မတို့ ပြုလုပ်ရန် ထိန်းချုပ်ခဲ့သည့်အရာမှာ အဘယ်နည်း။ ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင် အဖြေများ ရှာဖွေခဲ့ပါသည်။ “‘ငွေက ကမ္ဘာကို လည်ပတ်စေသည်’ ဆိုသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခုဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်းတွင် ပျံ့နှံ့လေသည်။ ယင်းသည် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲ သွတ်သွင်းခံရသောကြောင့် ၎င်းကို ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ဟု သင်ပြောနိုင်သည်။ အစကတည်းမှ၊ လူတို့သည် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း၊ ထို့နောက် လက်တွေ့ဘဝနှင့် ထိတွေ့လာရချိန်တွင် ထိုဆိုရိုးစကားကို သိသိသာသာ လက်ခံကြပြီး ဤစကားများက ဧကန်အမှန် မှန်ကန်သည်ဟု စတင်ခံစားကြလေသည်။ ဤသည်မှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေခြင်း ဖြစ်စဉ် မဟုတ်လော။…ဤလောကတွင် ငွေတစ်ခုတစ်လေမျှမရှိဘဲ အသက်ရှင်မနေနိုင်၊ ငွေမရှိဘဲ တစ်ရက်မျှပင် မဖြစ်နိုင်ဟု သင်တို့ခံစားသလော။ လူတို့၏ အဆင့်အတန်းသည် ၎င်းတို့ ခံယူသည့် လေးစားမှုကဲ့သို့ ငွေမည်မျှရှိသည်ဆိုသည့်အပေါ် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းကို သာယာ နေကြသည်။ သူတို့သည် ရဲရင့်ပြီး မော်ကြွားကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မာန်မာနထောင်လွှားစွာ နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေကို လိုက်စားရှာဖွေရာတွင် မည်သည့်စွန့်လွှတ်မှုကိုမဆို လူများစွာက ပြုကြသည်မှာ မှန်သည်မဟုတ်လော။ လူတို့သည် ငွေကို ပိုမိုလိုက်စား ရှာဖွေရာတွင်‌ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို မစွန့်လွှတ်သလော။ ထို့အပြင်၊ ငွေကြေးအတွက် များစွာသော လူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် အခွင့်အရေးကို ဆုံးရှုံးကြသည် မဟုတ်လော။ ဤသည်မှာ လူတို့အတွက် ဆုံးရှုံးမှုတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) စာတန်သည် ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို ထိုသို့သော အတိုင်းအတာတစ်ခုထိ အသုံးပြုသည်မှာ အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။(အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅))လူတို့သည် ငွေနှင့် ကျော်စောမှုနောက်လိုက်ရင်း မိမိတို့၏ ဘဝကို ကုန်ဆုံးကြသည်။ ၎င်းတို့သည် ထိုအရာများက ၎င်းတို့၏ တစ်ခုတည်းသော အထောက်အပံ့ နည်းလမ်းဟု တွေးထင်ရင်း၊ ထိုအရာများကို ရှိခြင်းအားဖြင့် ၎င်းတို့ အသက်ဆက်ရှင် နိုင်သည့်အလား၊ သေခြင်းမှ လွတ်ကင်းစေနိုင်မည့်အလား ဤကောက်ရိုးမျှင်များကို ဖမ်းဆုပ်ထားကြလေသည်။ သို့သော် သူတို့သည် သေရတော့မည်အချိန်မှသာ ဤအရာများသည် သူတို့ထံမှ မည်မျှဝေးကွာသည်၊ သေခြင်းနှင့် ရင်ဆိုင်ရာ၌ ၎င်းတို့မည်မျှ အားနည်းသည်၊ ၎င်းတို့ မည်မျှလွယ်လွယ် ကျိုးပဲ့ကြေမွသည်၊ ဘယ်ကိုမှ သွားစရာမရှိဘဲ ၎င်းတို့ မည်မျှ အထီးကျန်ပြီး အကူအညီမဲ့နေသည်ကို နားလည်သဘောပေါက် ကြသည်။ ဘဝသည် ငွေ သို့မဟုတ် ကျော်စောမှုတို့ဖြင့် ဝယ်၍မရနိုင်ကြောင်း၊ လူတစ်ယောက်သည် မည်မျှ ချမ်းသာ ကြွယ်ဝပါစေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်မားပါစေ လူအားလုံးသည် သေခြင်းနှင့် ရင်ဆိုင်ရာ၌ ညီတူညီမျှ သနားစရာကောင်းပြီး အရေးမပါကြောင်းတို့ကို သူတို့ နားလည်သဘောပေါက်ကြသည်။ ငွေက အသက်ကို မဝယ်ယူနိုင်ကြောင်း၊ ကျော်စောမှုက သေခြင်းကို မချေဖျက်နိုင်ကြောင်း၊ ငွေ သို့မဟုတ် ကျော်စောမှုက လူတစ်ယောက်၏ဘဝကို တစ်မိနစ်၊ တစ်စက္ကန့်မျှ ဆွဲဆန့်မပေးနိုင်ကြောင်းကို ၎င်းတို့ နားလည်သဘောပေါက်ကြသည်။(အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃))

ဘုရားသခင်၏နှုတ်ကပတ်တော်က ဖောက်ပြန်ပျက်စီးသည့် လူသား မျိုးနွယ်၏ စစ်မှန်သည့် အနေအထားကို ထုတ်ဖော်နေသည်၊ ကျွန်မတို့ တစ်ယောက်ချင်းစီသည် ကြွယ်ဝမှု၊ ကျော်ကြားမှု နှင့် ဥစ္စာဓနများအတွက် အဆုံးမရှိစွာပင် အလုအယက်ကြိုးစားပြီး၊ ရုန်းကန်လှုပ်ရှားကြ သော်လည်း ဤသည်မှာ စာတန်ကြောင့်ဖြစ်သည့် ဘေးအန္တရာယ်ဖြစ်ကြောင်း ကျွန်မတို့ မည်သူမျှ မသိကြပါ။ “ငွေသာလျှင် ပထမ” “ငွေကအရာအားလုံး မဟုတ်သော်လည်း၊ ၎င်းမရှိပါက သင်မည်သည့်အရာမျှ မလုပ်နိုင်ပါ”၊ “လူကငွေအတွက် သေဆုံးပြီး၊ ငှက်ကအစာအတွက် သေဆုံးသည်” “အနာခံမှ အသာစံရမည်” နှင့် စသည်တို့ကဲ့သို့ ဆိုးယုတ်သော စည်းမျဉ်းများ၏လွှမ်းမိုးမှုကို ခံရသည်၊ ကျွန်မတို့သည် ငွေရှိခြင်းသည် ကျွန်မတို့ဘဝတွင် တန်ဖိုးရှိသော အရာတစ်ခုဖြစ်ပြီး ငွေဖြင့်ဆိုပါက ကျွန်မတို့အရာအားလုံးကို ရရှိမည်ဖြစ်ကြောင်း မှားယွင်းစွာ ယုံကြည်ခဲ့ကြသည်။ ကျွန်မတို့က ငွေကို ကျွန်မတို့၏ တစ်ခုတည်းသော မှီခိုရာနှင့် အထောက်အပံ့ အဖြစ် တွေးမှတ်ကြသည်။ ငွေပိုရရှိရန် ကျွန်မတို့က ငွေလုပ်သည့်စက်များကဲ့သို့ နေ့စဉ် အလုပ်ကြိုးစားလုပ်ကိုင်ကြသည်၊ ပြီးလျှင် မိမိကျန်းမာရေးနှင့် အသက်တို့ ကိုပင် စတေးကြလေသည်။ ငွေအတွက် ကျွန်မသည် မိမိအသက်ကို အရဲစွန့်ရသည့် ပင်ပန်းသည့် အလုပ်ကြမ်းကို ထပ်ခါထပ်ခါ လုပ်ကိုင်ခဲ့သည်၊ ငွေအတွက် ကျွန်မသည် စကားပြောပညာနှင့် မြှောက်လုံးပင့်လုံးများကို သင်ခဲ့သည်၊ ငွေအတွက် ကျွန်မသည် မိမိခန္ဓာကိုယ်၏ ကန့်သတ်ချက် များကို လျစ်လျူရှုကာ၊ လူလေးယောက်စာ အလုပ်ကို လုပ်ကိုင်ခဲ့သည်။ စာတန်၏ ဤထင်ရှားသော ဆိုရိုးစကားများသည် ကျွန်မဘဝဖြစ်လာခဲ့သည်၊ ကျွန်မဘဝတွင် တစ်ခုတည်းသော လိုက်စားမှုနှင့် ပန်းတိုင် ဖြစ်လာခဲ့သည်။ အလုပ်ကြမ်းကို ဆယ်နှစ်ကျော် လုပ်ကိုင်ခဲ့ပြီး၊ ကျွန်မက အကောင်းဆုံး ဖြစ်သော ရုပ်ဝထ္ထုဆိုင်ရာ ဘဝနေထိုင်မှုပုံစံကို ရရှိခဲ့သည်၊ ပြီးလျှင် ကျွန်မနံဘေးမှ လူများ၏ ချီးမွမ်းခြင်းနှင့် လေးစားမှုတို့ကို ရရှိခဲ့သည်။ ကျွန်မ၏ ဝင့်ဝါမှုသည် ကြီးမားစွာ ပြည့်ဝခဲ့သော်လည်း ဤအရာများအတွက် ကျွန်မ ရက်စက်သောပေးဆပ်မှုများ ပေးဆပ်ခဲ့ရသည်၊ ကျွန်မက စီးပွားရေး လုပ်ငန်းတွင် လှုပ်ရှားကြိုးပမ်းခဲ့သည်၊ ကျွန်မ၏ စိတ်သဘောထားသည် မှားယွင်းပြီး ဉာဏ်နီဉာဏ်နက်များသည်၊ အချိန်ကြာမြင့်စွာ အလုပ်ရှုပ်ခြင်းဖြင့် ကျွန်မမိသားစုကို လျစ်လျူရှုစေပြီး၊ ကျွန်မခင်ပွန်းနှင့် ကျွန်မ၏ ပေါင်းသင်း ဆက်ဆံရေးတွင် သဘောထားကွဲလွဲမှုများဆီသို့ ဦးတည်ခဲ့သည်၊ အလုပ်ပိခြင်းမှ တစ်ဆင့် ကျွန်မသည် အိပ်မပျော်ခြင်းနှင့် နာမကျန်းဖြစ်ခြင်း အမျိုးမျိုး ရရှိခဲ့သည်၊ ပြီးလျှင် ကျွန်မသည် ကင်ဆာရောဂါဖြင့် သေလုနီးပါးဖြစ်ခဲ့သည်။… ကျွန်မသည် စာတန်၏ ခါးသီးမှုနှင့် နာကျင်မှု ကွန်ရက်ထဲတွင် ပိတ်မိခြင်းအား မြည်းစမ်းခဲ့ဖူးပြီ၊ ထို့ထက်ပိုသည်မှာ ကျွန်မနှလုံးသားမှ ဖြစ်အံ့ဆဲဆဲ သေခြင်းတရားအပေါ် ထိတ်လန့်ကြောက်ရွံခြင်းနှင့် ကူညီရာမဲ့ခြင်းတို့ကို မြည်းစမ်းခဲ့ရသည်။ ငွေက ကျွန်မ၏ သွေးသားဆန္ဒများကို ခဏတာ စိတ်ကျေနပ်စေခဲ့သော်လည်း ၎င်းသည် ကျွန်မအသက်တာကို ပြန် လည်မဝယ်ယူနိုင် သကဲ့သို့ ကျွန်မဘဝကို အနည်းငယ်မျှပင် သက်တမ်းမတိုးနိုင်ပါ။ ယခုအခါငွေကြေးနောက်လိုက်ခြင်းသည် အဓိပ္ပွါယ်မဲ့ပြီး၊ မထိုက်တန်ကြောင်း၊ ပြီးလျှင် စာတန်က ကျွန်မတို့ကို စုံစမ်းသွေးဆောင်ရန်၊ ဖောက်ပြန် ပျက်စီးစေရန်၊ ဘေးဖြစ်စေရန် ချမ်းသာကြွယ်ဝမှုကို အသုံးပြုခဲ့ကြောင်း၊ ၎င်းက ကျွန်မတို့ကို ချမ်းသာကြွယ်ဝမှုအား လိုက်စားခြင်း ဝဲဂယက်ထဲတွင် ပို၍နက်ရှိုင်းစွာ ပိတ်မိစေ ပြီး အဆုံးသတ်တွင် ကျွန်မတို့သည် စာတန်၏ ဝါးမျိုးခြင်းကို ခံရမည်ဖြစ်ကြောင်း ကျွန်မ ရှင်းလင်းစွာ သိမြင်ခဲ့သည်။ ကျွန်မကို ဉာဏ်အလင်းပေး၊ လမ်းပြကာ၊ စာတန်၏လိမ်ညာမှုကို ထိုးဖောက်မြင်စေခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ၎င်းတို့မရှိပါက၊ ကျွန်မသည် မိမိဘာဖြစ်မှန်းမသိလိုက်ရဘဲ စာတန်အားဖြင့် အန္တရာယ်ပြုခံရခြင်း သို့မဟုတ် အသတ်ခံရခြင်းပင်ဖြစ်လိမ့်မည်။ ကျွန်မ ဤအရာများကို နားလည်သဘောပေါက်သည့်အခါတွင် ကျွန်မအတိတ်မှ အမှားများကို ပြန်လည်အမှားပြင်ရန် ရုတ်ချည်း ကျိန်ဆိုခဲ့ပြီး ငွေရှာရန် လုံးဝ အချိန်ပို အလုပ်မလုပ်တော့ပါ၊ ပြီးလျှင် ချမ်းသာကြွယ်ဝမှု၏ ကျေးကျွန်လည်း မဖြစ်တော့ပါ။ ကျွန်မ ဤဘဝတွင် ရှာနိုင်သည့် ငွေပမာဏသည် စီရင်သတ်မှတ်ပြီးဖြစ်သည်။ ပြီးလျှင် ကျွန်မက ပုံမှန်အတိုင်း အလုပ်လုပ်ပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု နှင့် စီစဉ်မှုများကို နာခံသမျှကာလပတ်လုံး ကျွန်မမှာ လုံလောက်သည့် အစားအစာနှင့် အဝတ်အထည်ရှိသည်ကို သိရှိလျက် ကျွန်မရောင့်ရဲတင်းတိမ်နိုင်သည်။ လူများက အရာအားလုံးထက်ပိုပြီး ရှာဖွေသင့်သည်မှာ သမ္မာတရားဖြစ်သည်။ အရာအားလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်အား လက်တွေ့လုပ်ဆောင်ခြင်း၊ အသက်ရှင်သန်နေထိုင်ရန် ဘုရားသခင်၏ အမှုတော်ပေါ်တွင် မှီခိုခြင်း တို့ဖြစ်သည်။ အကြောင်းမှာ ဤနည်းအားဖြင့်သာလျှင် ကျွန်မတို့က အဓိပ္ပါယ် အရှိဆုံး ဘဝတစ်ခုကို နေထိုင်ရမည်ဖြစ်သည်။

ချည်နှောင်မှုမှ ရုန်းထွက်လွတ်မြောက်ခြင်း နှင့် အသက်တာတွင် မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ခြင်း

ကျွန်မသည် သမ္မာတရားကို လိုက်စားရန် ဆုံးဖြတ်ချက်ချပြီးသည့်အချိန်တွင် မိတ်ဆွေတစ်ဦးက တစ်ရက်တွင် ကျွန်မကို “အခု ထုတ်ကုန်တစ်ခုက အရမ်းရောင်းကောင်းတယ်၊ ပြီးတော့ ငါနင်နဲ့ပူးပေါင်းပြီး လုပ်ချင်တယ်။ ငါဘာ အရင်းအနှီးမှ မလိုဘူး၊ နင်က ဖောက်သည်တွေနဲ့ ဆိုင်တွေ လုပ်ပေး။ ငါက ကုန်စည်ပေးမယ်၊ ပြီးတော့ အကျိုးအမြတ်ကို ငါတို့တစ်ယောက်တစ်ဝက် ခွဲမယ်။ နင်သဘောတူတယ်ဆိုရင်၊ ငါမနက်ဖြန် ဝယ်မယ်” ဟု ပြောခဲ့သည်။ ဤသည်ကို ကျွန်မကြားသည့်အချိန်တွင် ကျွန်မက “နင်က ငါ့ဆီက ဘာအရင်းအနှီးမှ မပါပဲနဲ့ စီးပွားရေး လုပ်ချင်တယ်တဲ့လား။ ဒါ အံ့သြဖို့ မကောင်းဘူးလား” ဟု တွေးမိသည်။ ကျွန်မ ထပ်မစဉ်းစားတော့ဘဲ သဘောတူညီခဲ့ပါသည်။ ကျွန်မ မိတ်ဆွေ ထွက်ခွာသွားပြီးနောက် ကျွန်မ နှလုံးသားထဲတွင် ဗလောင်ဆူနေခဲ့သည်၊ ကျွန်မ နောက်ဆုံးတွင် မိမိကိုယ်ကို စိတ်ငြိမ်စေပြီး “ငါ နာမည်တူဆိုင်ခွဲတစ်ခု ဖွင့်ထားပြီးနေပြီ။ အဲဒါက တော်တော်ခက်တယ်။ ဒီမှာ ငါရင်းနှီးမြုပ်နှံဖို့ မလိုပေမဲ့လည်း၊ ငါ ချရောင်းတဲ့ပစ္စည်းတွေမှာ နောက်ထပ် ကုန်စည်အမှတ်တံဆိပ်တစ်ခုထပ်ပေါင်းသွားမယ်။ ပြီးတော့ သေချာပေါက်ကို အင်အားနဲ့ အချိန်တွေ ပေးရမယ်။ အရင်ကလည်း ငွေအတွက် လှုပ်ရှားကြိုးပမ်းရင်း ငါ့အသက်ပါ စတေးလုနီးပါး ဖြစ်ခဲ့တယ်၊ ဘုရားသခင်ကသာငါ့ကို မကယ်တင်ခဲ့ရင်၊ ဒီနေ့ ငါဘယ်လို အသက်ရှင်မှာလဲ။ ငါတကယ်ပဲ အဲဒီလမ်းကြောင်းကို ပြန်သွားမလို့လား” ဟု တွေးမိသည်။ နောက်ပိုင်းတွင် ကျွန်မသည် အဖြေ ရှာရန်အတွက် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ လာရောက်ခဲ့ပြီး၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်ကို ဖတ်ရှုခဲ့ပါသည်။ “လူသား၏ ဝမ်းနည်းစရာက ပျော်ရွှင်သည့်ဘဝကို လူသားက ရှာခြင်းမဟုတ်ပေ၊ ကျော်ကြားမှု၊ စည်းစိမ် သို့မဟုတ် မြူများကိုဖြတ်ရင်း မိမိ၏ကိုယ်ပိုင် ကံကြမ္မာနှင့် ဆန့်ကျင် ရုန်းကန်ခြင်း မဟုတ်ဘဲ၊ ၎င်းသည် ဖန်ဆင်းရှင်၏ တည်ရှိမှုကို သိမြင်ပြီးနောက်၊ ဖန်ဆင်းရှင်က လူသား၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာရှိသည်ဆိုသည့် အချက်ကို သိရှိပြီးနောက် ၎င်း၏ နည်းလမ်းများကို မပြုပြင်နိုင်သေးသကဲ့သို့ ၎င်း၏ ခြေထောက်များကို ရွှံ့နွံထဲမှ ဆွဲမထုတ်နိုင်ဘဲ ၎င်း၏နှလုံးသားကို မာကျောစေပြီး ၎င်းအမှားများကို မရမကပြုလုပ်ခြင်း ဖြစ်ပေသည်။ ၎င်းသည် နောင်တအနည်းငယ်မျှမရဘဲ အဆုံးအထိ ခုခံရင်း ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ခေါင်းမာစွာနှင့် ဆန့်ကျင်အန်တုရင်း ရွံ့ထဲမှာပင် ဆက်ပြီး ယက်ကန်ယက်ကန် ဆက်ဖြစ်နေဖို့သာ လိုလားလေသည်။ နောက်ဆုံး အရှုံးပေးပြီး နောက်ပြန်လှည့်ဖို့ သူ ဆုံးဖြတ်သည်မှာ သူသည် ကျိုးပဲ့လဲကျပြီး သွေးထွက်သည့်အချိန်မှသာ ဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် လူသား၏ ဝမ်းနည်းမှုဖြစ်၏။ ထို့ကြောင့် ကျိုးနွံနာခံဖို့ ရွေးချယ်သည့်သူများက အသိပညာရှိပြီး ရုန်းကန်ကာ လွတ်မြောက်ဖို့ ကြိုးစားသူတို့က ခေါင်းမာသူများဖြစ်သည်ဟု ငါဆိုခြင်းဖြစ်သည်။(အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားသခင့်နှုတ်ကပတ်တော်၏ သနားခြင်းနှင့် အပြစ်တင်ခြင်းတို့က စာကြောင်းတိုင်းတွင် ကျွန်မနှလုံးသားကို တို့ထိနေကြသည်၊ ပြီးလျှင် မိမိကိုယ်ကို ရုန်းထွက်ရန် လမ်းမရှိပဲ စာတန်၏ ကွန်ယက်တွင် ပိတ်မိနေသည့် ကျွန်မအပေါ် ဘုရားသခင်၏ နာကျင်မှုနှင့် ဝမ်းနည်းမှုများအား ခံစားရစေသည်။ ကျွန်မငွေရှာရန် မည်မျှ ဆင်းရဲဒုက္ခခံစား ခဲ့ရပုံနှင့် ဘုရားသခင်က ကျွန်မကို မည်သို့ကယ်တင်ပုံတို့ကို ပြန်လည် တွေးတောမိချိန်တွင်၊ ကျွန်မ အလွန် အပြစ်ရှိသည်ဟုခံစားရပါသည်။ အကြိမ်ပေါင်းများစွာ ဘုရားသခင်က ကျွန်မကို စာတန်၏စခန်းမှ ကယ်တင်ခဲ့သော်လည်း ကျွန်မက ခေါင်းမာစွာဖြင့် စိတ်ရှုပ်ထွေးပြီး သတိမပြုမိပဲ ရှိနေသည်၊ ငွေရှာဖို့နှင့် ဆက်နွယ်နေသည့် အရေးကိစ္စများ အားလုံးတွင် ကျွန်မဆန္ဒနှင့် ဆန့်ကျင်ပြီး စာတန်၏ကွန်ယက်ထဲတွင် ဆက်လက်ပိတ်မိနေခဲ့သည်၊ ဘုရားသခင်၏ အလိုတော်ကို လုံးဝမရှာဖွေပါ၊ ချမ်းသာကြွယ်ဝမှု၊ ကျော်ကြားမှု နှင့် အနာဂတ်တို့ကို ဆက်လက်ရှာဖွေခဲ့သည်၊ ပြီးလျှင် ငွေရှာဖို့ မည်သည့်အခွင့်အလမ်းကိုမျှ မစွန့်လွှတ်လိုခဲ့ပါ။ ယခင်က စာတန်၏ ရှင်သန်ခြင်းဆိုင်ရာ အခြေခံသဘောတရားများဖြင့် ကျွန်မမည်သို့ အသက်ရှင်ခဲ့ပုံ နှင့် ကြွယ်ဝမှု၊ ကျော်ကြားမှု နှင့် ဉစ္စာဓနများနောက်သက်သကသာလိုက်လျက် ဒုက္ခခံ၊ ကြိုးပမ်းပြီး ကျွန်မ ဘဝတစ်ဝက်လောက်ကို ဖြုန်းတီးကာ အဆုံးသတ်တွင် မည်သည့်အရာမျှ မရရှိခဲ့ပုံတို့ကို ကျွန်မတွေးမိသည်။ ကျွန်မသည် ယင်းမှ မည်သည့် တန်ဖိုး သို့မဟုတ် မည်သည့်အဓိပ္ပါယ်ကိုမှ မရရှိခဲ့ပါ။ ကျွန်မ ကျန်းမာရေး နာလန်ထလာခဲ့ပြီး၊ ချက်ခြင်းပင် ကျွန်မ မိတ်ဆွေက ကျွန်မနှင့် စီးပွားရေး လုပ်ငန်းလုပ်လိုခဲ့သည်။ ဤသည်မှာ စာတန်က ကျွန်မကို စုံစမ်း သွေးဆောင်ရန် နှင့် ငွေရှာခြင်း ဝဲဂယက်ထဲတွင် ကျွန်မကို တစ်ဖန် လှောင်ပိတ်ရန်၊ ကျွန်မက ဘုရားသခင်ကို စွန့်ခွာပြီး သစ္စာဖောက်ရန် နှင့် တစ်ဖန် ၎င်းက ကျွန်မကို ဆော့ကစားပြီး အန္တရာယ်ပြုသည့် နေရာဖြစ်သည့် ၎င်း၏ စခန်းထဲသို့ ပြန်လာစေရန် ကျွန်မ မိတ်ဆွေကို အသုံးပြုခဲ့ခြင်း မဟုတ်ပါသလား။ သို့သော်လည်း ယခုအခါတွင် ကျွန်မ နိုးထခဲ့ပြီ၊ စာတန်က အမှန်တကယ် စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်း ကျွန်မ သိခဲ့ပြီ၊ ပြီးလျှင် ကျွန်မက စာတန်၏ ဤအကြံအစည်းများတွင် ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပြီး၊ လှောင်ပိတ်မိခဲ့သည့်အတွက် မိမိကိုယ်ကို အပြစ်တင်ခဲ့ပါသည်။ ထိုအချိန်က ကျွန်မသည် ဘုရားသခင်၏ နှလုံးသားကို နောက်ထပ် မနာကျင်စေရန် စိတ်ပိုင်းဖြတ်ခဲ့သည့် အချိန်ဖြစ်သည်။ ကျွန်မသည် ဘုရားသခင်အတွက် ခိုင်မာစွာ ရပ်တည်ပြီး သက်သေခံကာ စာတန်ကို အရှက်ရစေရမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်မသည် ကျွန်မမိတ်ဆွေ၏ စီးပွားရေးလုပ်ငန်း ကမ်းလှမ်းချက်ကို လက်ခံဖို့ ပြတ်သားစွာ ငြင်းဆိုခဲ့သည်။

ယနေ့ ကျွန်မ ဘုရားသခင်ကို ယုံကြည်ခြင်း နှင့် သမ္မာတရားကို ရှာဖွေခြင်းတို့အတွက် ကျွန်မအချိန်ကို ပိုသုံးသည်။ အသင်းတော်တွင် ဖန်ဆင်းခံတစ်ယောက် အနေဖြင့် ကျွန်မ၏ တာဝန်များကို ဖြည့်ဆည်း ရန်လည်း အဆုံးစွန်ကြိုးစားပါသည်၊ ကျွန်မ၏ စီးပွားရေးလုပ်ငန်း အရေးကိစ္စများကို ဘုရားသခင်ကို ယုံကြည်စွာအပ်နှံခဲ့သည်။ ကျွန်မသည် စီးပွားရေးလုပ်ငန်းတွင် မိမိကိုယ်ပိုင် စွမ်းအားအောက်တွင် နောက်ထပ် ရုန်းကန်လှုပ်ရှားခြင်း မရှိတော့ပါ၊ သို့သော်လည်း ထိုအစား ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်မှုတို့ကို နာခံသည်။ တစ်ခါတစ်ရံတွင် ကျွန်မ ညီအစ်ကိုမောင်နှမများနှင့် ဧဝံဂေလိတရား ဖြန့်ဝေသည့်အခါတွင်၊ ကျွန်မ ကဲ့သို့ တူညီသော အတွေ့အကြုံရှိပြီး၊ ညှင်းပန်းနှိပ်စက်မှုတွင် အသက်ရှင်နေထိုင်ခဲ့သည့် သူများကို ဘုရားသခင်ရှေ့တော်မှောက်သို့ ကျွန်မခေါ်ဆောင်ပါသည်။ ကျွန်မ၏နှလုံးသား၌ ချမ်းသာကြွယ်ဝမှုကို ရှာဖွေခြင်းအား နောက်ဆုံးတွင် လက်လွှတ်လိုက်သည့်အခါ၊ ကျွန်မ ယခင်က တစ်ခါမျှ မခံစားခဲ့ဖူးသည့် လွတ်လပ်ခြင်းနှင့် ဖြေလျော့မှုတို့ကို ခံစားခဲ့ရရုံသာမက၊ ဘုရားသခင်၏ အံ့ဖွယ်အမှုများထဲမှ တစ်ခုကိုလည်း ကျွန်မ တွေ့ကြုံခံစားခဲ့ ရသည်။ တစ်ခါတစ်ရံတွင် ကျွန်မ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြင့် အလွန်အလုပ်များကာ၊ ကျွန်မဆိုင်ကိုပင် ကြီးကြပ်ဖို့ အချိန်မရှိခဲ့သော်လည်း၊ နောက်ပိုင်းတွင် ကျွန်မ ဖောက်သည်များက ပစ္စည်းများ ကိုယ်တိုင် ဝယ်ယူရန် ကျွန်မထံသို့ လာရောက်ကြသည်။ တစ်ခါတစ်ရံ ကျွန်မ မည်သည့် စီးပွားရေးလုပ်ငန်းမျှ မလုပ်ကိုင်ပဲ ရက်ပေါင်းများစွာ သွားတတ်သော်လည်း၊ လတိုင်း အချို့ပုံသေ ဖောက်သည်များက အော်ဒါကြီးများ မှာယူကြသည်၊ ပြီးလျှင် ကျွန်မက တူညီသောအဆင့်ရှိသည့် စီးပွားရေးလုပ်ငန်း ကိုသာ လုပ်ကိုင်နေဆဲ ဖြစ်ပါသည်။ အရာအားလုံးကို ဘုရားသခင်မှ စီစဉ်ကြောင်း၊ ပြီးလျှင် ကျွန်မတို့ မည်မျှ ကြွယ်ဝမှုရှိပါစေ၊ ယင်းမှာ ကျွန်မတို့ ကိုယ်ပိုင် အားထုတ်ကြိုးပမ်းမှုကို မှီခိုပြီး ဆုံးဖြတ်နိုင်သည့် အရာမဟုတ်ကြောင်းတို့ကို ဤအချက်က ကျွန်မအား တွေ့မြင်စေခဲ့သည်။ ဤသည်မှာ ကျွန်မတို့ကို ဘုရားသခင်မှ လုံးလုံး ပေးအပ်သည့် အရာတစ်ခုဖြစ်သည်။ မျက်တောင်တစ်ခတ်မျှသာ ရှိသည်ဟု ထင်ရသည့်အချိန်တွင် ကျွန်မသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ဖြစ်လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့် ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစသည်၊ ဘုရားသခင်သာလျှင် လူများကို အလင်းသယ်ဆောင်လာနိုင်သည်၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း၊ သမ္မာတရားကို ရှာဖွေခြင်း၊ အရေးကိစ္စများအပေါ်တွင် ကျွန်မတို့၏ မှားယွင်းသော အမြင်ရှုထောင့်များမှ ပြောင်းလဲခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်မတို့ လုပ်ရပ်များ၏ လမ်းပြအဖြစ် ခွင့်ပေးခြင်းတို့ဖြင့်သာလျှင် ကျွန်မတို့သည် အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို စတင်ကာ အမှန်တကယ် လျှောက်လှမ်းနိုင်ပြီး၊ အဓိပ္ပါယ်ရှိသည့် အသက်တာ တစ်ခုကို အသက်ရှင်နေထိုင်နိုင်မည် ဖြစသည့် အကြောင်းတို့ကို ကျွန်မ နက်ရှိုင်းစွာ တွေ့ကြုံခံစားခဲ့ရပါသည်။ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်၏ ခွန်အားဖြစ်သည်

ဂျင်းနီယန် ကနေဒါနိုင်ငံကျွန်မသည် ကျွန်မမိသားစု၏ သခင်၌ ယုံကြည်မှုကို ကလေး အရွယ်ကတည်းက လိုက်လျှောက်ခဲ့ပြီး၊ မကြာခဏ ဆိုသကဲ့သို့...

ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး (၂၅) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်- သခင့်ကိုကြိုဆိုရန် ပညာသတိရှိသော သတို့သမီးများဖြစ်လာနည်း

သခင်ယေရှု ပြောခဲ့သည်မှာ- “သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သတင်းစကားကို၎င်း ကြားရကြလိမ့်မည်။ သို့သော်လည်း...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။