အလည်လွန်သည့် နှလုံးသားတစ်ခု အိမ်ပြန်လာသည်

11.04.2019

နိုဗို ဖိလစ်ပိုင်

ကျွန်တော့်နာမည်က နိုဗိုဖြစ်ပြီး၊ ကျွန်တော်က ဖိလစ်ပိုင်ကပါ။ ကျွန်တော်ငယ်စဉ်ကတည်းက ကျွန်တော့်အမေ၏ ဘုရားသခင်ကို ယုံကြည်မှုအတိုင်း နောက်လိုက်ခဲ့ပြီး၊ အသင်းတော်မှာ ဒေသနာတော်များအား ကျွန်တော့် မောင်နှမ များနှင့် သွားနားထောင်ခဲ့သည်။ ကျွန်တော့်က သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ မည်သည့်ပြောင်းလဲမှုကိုမျှ ကြုံရခဲ့ခြင်းမရှိပဲနှင့်၊ မယုံကြည်သူတစ်ယောက်နှင့် တူသည်ဟု ခံစားခဲ့ရပါသည်။ကျွန်တော့်နှလုံးသားတွင်း၌ ငွေမည်သို့ပိုရှာရမည့်အကြောင်း၊ ကျွန်တော့် နေ့ရက်များကို သက်တောင့်သက်သာဖြင့် မည်သို့ကုန်လွန်စေမည့်အကြောင်းနှင့် ကောင်းမွန်သည့် ဘဝတစ်ခုကို မည်သို့ပျော်မွေ့မည့် အကြောင်းတို့ကိုသာ အဆက်မပြတ် စဉ်းစားနေခဲ့သည်။ ထို့ထက်ပိုပြီးလျှင်၊ ကျွန်တော့် မိတ်ဆွေများနှင့် တစ်ချိန်လုံး အပြင်ထွက် သောက်စားပြီး၊ ငွေအနည်းငယ် အပိုအလျှံရှိသည်နှင့် လောင်းကစားသွားလုပ်ပါတော့သည်။ ဤအရာများကို လုပ်ဆောင်ခြင်းသည် သခင့်အလိုတော်နှင့် ဆန့်ကျင်နေကြောင်းကို ကျွန်တော် သိခဲ့သော်လည်း၊ ကျွန်တော်က သခင့်ကို မကြာခဏ ဆုတောင်းပြီး၊ ကျွန်တော့် အပြစ်များအတွက် ဝန်ခံခဲ့သည့်အပြင်၊ ထိုနေ့မှစပြီး ထိုအကျင့်ဆိုးများကို စွန့်လွှတ်ကာ၊ လုံးဝ အပြစ်အကျူးလွန်တော့မည့် အကြောင်းကို ကိုယ်တော့်ထံတွင် ပြတ်သားစွာ စိတ်ပိုင်းဖြတ်ခဲ့ပါသည်။ သို့သော်လည်း ကျွန်တော့် မိတ်ဆွေများ၏ မြှောက်ပင့်ခယမှုနှင့် ဆွဲဆောင်မှုတို့ဖြင့် ကျွန်တော်သည် ကိုယ့်ကိုကိုယ် တကယ်ကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပါ။ ထို့အပြင် ကျွန်တော်သည် ပို၍ပို၍ အကျင့်ပျက်သောသူ ဖြစ်လာကာ၊ ကျွန်တော့် နှလုံးသားသည် ဘုရားသခင်နှင့် ဝေးသည်ထက်ဝေးလာခဲ့သည်မှာ၊ ကျွန်တော့် ဆုတောင်းချက်များတွင် ရိုးသားမှု လုံးဝ မရှိတော့ပါ။ သီတင်းပတ်တိုင်း ကျွန်တော်က ရိုးရှင်းသော ဆုတောင်းခြင်းများကို ပြီးစလွယ် ဆိုခဲ့သည်။ သခင်ပြန်ကြွလာသည့်အချိန်တွင် ကိုယ်တော်က လူတစ်ယောက်ချင်းစီကို သူတို့၏ လုပ်ရပ်များနှင့် အမူအကျင့်များပေါ်တွင် အခြေခံပြီး သူတို့ ကောင်းကင်ဘုံသို့ တက်မည် သို့မဟုတ် ငရဲသို့ဆင်းမည်ကို တရားစီရင်မည် ဖြစ်ကြောင်း သိခဲ့သည်နှင့်အညီ တစ်ခါတစ်ရံတွင် ကျွန်တော်က အမှန်တကယ် စိတ်ပျက်မှုကို ခံစားခဲ့ရသည်။ ကျွန်တော်သည် ကိုယ်ကျင့်တရားပျက်လွန်းသောကြောင့် ဘုရားသခင်က ကျွန်တော့်ကို ထပ်မံခွင့်လွှတ်မည်မဟုတ်ဟုလည်း ခံစားခဲ့ရသည်။ နောက်ပိုင်းတွင် ကျွန်တော် အိမ်ထောင်ပြုပြီး၊ သားသမီးများ ရရှိလာခဲ့သည့်အပြင်၊ ကျွန်တော်တွေးသမျှမှာ ကျွန်တော့်ဇနီးနှင့် ကျွန်တော့် သားသမီးများအကြောင်းသာ ဖြစ်ခဲ့သည်။ ကျွန်တော်၏ ယုံကြည်မှုကို ကျွန်တော် မေ့ထားလိုက်သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကျွန်တော့် သားသမီးများအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်တစ်ခု ထောက်ပံ့ပေးရန် နှင့် ချမ်းသာလာရန် ကျွန်တော့် ဆန္ဒကို ပြည့်မြောက်စေရန်၊ ကျွန်တော်က နိုင်ငံခြားသို့သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်မှာ ကျွန်တော် ထိုင်ဝမ်သို့ ရောက်ရှိလာခြင်း အကြောင်းအရင်းပင် ဖြစ်ပါသည်။ အလုပ်တစ်ခုရရှိပြီးသော်လည်း ကျွန်တော်သည် ဘဝနေထိုင်မှုပုံစံ အပြောင်းအလဲများ မပြုလုပ်ခဲ့သေးပါ။ ကျွန်တော့် အားလပ်ချိန်တွင် ကျွန်တော်သည် သောက်စားရန် နှင့် ကာရာအိုကေ သီဆိုရန်အတွက် လုပ်ဖော်ကိုင်ဖက်များဖြင့် သွားလေ့ရှိပြီး၊ မြူးထူးပျော်ရွှင်သည့် ဘဝတစ်ခုဖြင့် အသက်ရှင်နေထိုင်နေခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်ကို ကျွန်တော်၏ ယုံကြည်ခြင်းအား ချောင်ထိုးပြီးမေ့ထားလိုက်သည်မှာ ကြာခဲ့ပြီဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ကျွန်တော်က ထိုင်ဝမ်ရှိ စက်ရုံတစ်ခုတွင် ဂဟေဆော်သူတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ် တစ်ရက်တွင် ထိုင်ဝမ်မှ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျွန်တော် ကတ်သလစ်တစ်ယောက် ဖြစ်ကြောင်း သိခဲ့သောကြောင့် ကျွန်တော့်ကို သူမအသင်းတော်မှ ပွဲတော်သို့ ဖိတ်ခေါ်ခဲ့သည်။ တနင်္ဂနွေတစ်မနက်တွင် သူမက ကျွန်တော့်ကို စက်ရုံမှ လာခေါ်ကာ၊ သူမမိတ်ဆွေ၏ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာတွင် ကျွန်တော်က အစ်ကို ဂျိုးဆက်ကို တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။ သူက ကျွန်တော့်ကို “အစ်ကို၊ သခင်ယေရှုရဲ့ ဒုတိယအကြိမ် ပြန်ကြွခြင်းကို ယုံကြည်သလား” ဟု မေးခဲ့သည်။ ကျွန်တော်က ယုံကြည်သည်ဟု ပြောခဲ့ပါသည်။ ထို့နောက်တွင် သူက ကျွန်တော့်အား “သခင်ယေရှုက ပြန်ကြွလာတဲ့အချိန်မှာ ဘာအမှုပြုမလဲဆိုတာ သိလား” ဟု မေးခဲ့သည်။ ကျွန်တော်က “သခင်ယေရှု ပြန်ကြွလာတဲ့အချိန်မှာ၊ ကိုယ်တော်ဟာ ပလ္လင်ဖြူကြီးမှာ ထိုင်တော်မူပြီး၊ လူသားမျိုးနွယ်ကို တရားစီရင်မယ်လို့ ယုံကြည်တယ်။ လူတိုင်းက တရားစီရင်ခြင်းပလ္လင်တော်ရှေ့မှာ ဒူးထောက်ပြီး သူတို့အပြစ်တွေအတွက် ရှင်းပြရမယ်၊ ပြီးတော့ သခင်က သူတို့က ကောင်းကင်ဘုံတက်မလား ဒါမှမဟုတ် ငရဲကိုဆင်းမလား ဆိုတာကို သူတို့ လုပ်ရပ်တွေနဲ့ လုပ်ဆောင်ချက်တွေကို အခြေခံပြီး ဆုံးဖြတ်တော်မူမှာ ဖြစ်တယ်။” ဟု ဖြေလိုက်သည်။ အစ်ကိုဂျိုးဆက်က ကျွန်တော့်ကို ဆက်ပြီး “သခင်ယေရှုက ပြန်ကြွလာပြီး ဖြစ်တဲ့အပြင်၊ လက်ရှိမှာ နောက်ဆုံးသော ကာလက ကိုယ်တော်ရဲ့ တရားစီရင်ခြင်းအမှုတော်ကို ပြုနေလို့၊ ‘ဘုရားသခင်၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော’ ဆိုတဲ့ ပရောဖက်ပြုခြင်းက ပြည့်စုံလျက်ရှိပြီလို့ ကျွန်တော်တို့က အစ်ကို့ကို ပြောခဲ့ရင်၊ အစ်ကိုက ဒါကို ယုံမှာလား” ဟု မေးခဲ့သည်။ သူက ဤသို့ပြောသည်ကို ကျွန်တော်ကြားသည့်အချိန်တွင် ကျွန်တော် အတော်ကို အံ့အားသင်သွားခဲ့သည်။ ကျွန်တော်က “သခင်ယေရှုပြန်ကြွခဲ့ပြီးပြီလား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါလဲ ကောင်းကင်ပေါ်မှာ ပလ္လင်ဖြူကြီး ပေါ်လာတာကို မတွေ့လိုက်ရပါဘူး၊ ပြီးတော့ သခင်က တိမ်ဖြူနဲ့ ဆင်းသက်လာတာကိုလည်း မတွေ့ရသေးပါဘူး။ ဒါပေမဲ့ သူက သခင်က သူ့တရားစီရင်ခြင်း အမှုပြုဖို့ ပြန်ကြွလာခဲ့ပြီးဖြစ်လို့ ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင် ရသော’ဆိုတဲ့ ပရောဖက်ပြုခြင်းကလည်း ပြည့်စုံလျက်ရှိပြီ လို့ပြောနေတယ်။ အဲဒါ အဓိပ္ပါယ်ရှိတယ်။ ဘုရားသခင်ရဲ့ ဉာဏ်ပညာက လူသားတွေအတွက် ဉာဏ်မမီနိုင်အောင်ပဲ ဖြစ်တာကြောင့် ငါလည်း ရှာဖနေမှပဲ ဖြစ်တော့မယ်” ဟု တွေးမိပါသည်။ ထို့နောက် ကျွန်တော်က “အစ်ကို၊ သခင်က ပြန်ကြွပြီး မကြွပြီးဆိုတာကို ကျွန်တော်တော့ ပြောရဲမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကျေးဇူးပြုပြီး ဒါကို ကျွန်တော်နဲ့ ဆွေးနွေးပေးပါဦး” ဟု ဖြေလိုက်သည်။ ထို့နောက် သူတို့က သခင့်ပြန်ကြွလာခြင်းနှင့် ကိုယ်တော်၏ တရားစီရင်ခြင်းအမှုတော်ကို ပြုနေခြင်းတို့ဆိုင်ရာ ပရောဖက်ပြုခြင်းများနှင့် သက်ဆိုင်သည့် သမ္မာကျမ်းစာတွင်းမှာ ကျမ်းချက်များစွာတို့ကို ရှာဖွေတွေ့ရှိကာ ကျွန်တော်ကို ဖတ်ပြကြသည်။ ဥပမာအားဖြင့် ရှင်ပေတရုသြဝါဒစာ ပဌမစောင် အခန်းကြီး ၄ အငယ် ၁၇ တွင် “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။”ဟု ပြောထားပြီး၊ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၆ အငယ် ၁၂-၁၃ တို့တွင် “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” တို့ဖြစ်ပါသည်။ အစ်ကိုဂျိုးဆက်က ဤ “သမ္မာတရားနှင့်ပြည့်စုံသော ဝိညာဉ်တော်” ဆိုသည်မှာ သခင်ပြန်ကြွလာခြင်းနှင့် ကိုယ်တော်၏ သမ္မာတရားကို ဖော်ထုတ်ခြင်းအပြင်၊ ကိုယ်တော်၏ တရားစီရင်ခြင်းအမှုကို ပြုခြင်းတို့ကို ညွှန်းဆိုထားသည်ဟု ပြောခဲ့သည်။ နောက်ဆုံးသာ ကာလ၏ဘုရားသခင်သည် လူသားအနေဖြင့် ဇာတိပကတိ၌ ပြန်ကြွလာခဲ့ပြီးဖြစ်သည်။ ကျေးဇူးတော်ခေတ်၌ ကိုယ်တော်၏ ရွေးနှုတ်ခြင်းအမှုတော်ဆိုင်ရာ အခြေခံအုတ်မြစ်ပေါ်တွင် ကိုယ်တော်သည် သမ္မာတရားကို ဖော်ထုတ်ပြီး၊ ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် သူ၏ တရားစီရင်ခြင်းမှုတော်ဆိုင်ရာ အဆင့်ကို ပြုတော်မူသည်။ လက်တွေ့တွင် ဤတရားစီရင်ခြင်းအမှုတော်သည် လူသားများကို လုံးလုံးလျားလျား သန့်စင်ရန် နှင့် ကယ်တင်ရန် အမှုတော် ဖြစ်သည်။ ဤသည်မှာ သခင်ယေရှု၏ ပရောဖက်ပြုခြင်းများဖြစ်သည့် “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန် ၁၂:၄၇-၄၈)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန် ၅:၂၃)သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။(ရှင်ယောဟန် ၅:၂၇) တို့ကို တိတိကျကျ ပြည့်စုံလျက်ရှိသည်။ ကျွန်တော်က ထိုအစ်ကို၏ ဆွေးနွေးချက်ကို အာရုံစူးစိုက်စွာ နားထောင်ခဲ့ပြီး၊ ကျွန်တော်က သခင့်ပရောဖက်ပြုခြင်းများအားလုံး သည် ပြည့်စုံရမည်ဖြစ်ပြီး၊ ၎င်းတို့သည် တကယ်ဖြစ်လာရမည်ကို ယုံကြည်သောကြောင့် သူ ကျွန်တော့်ကို ဝေငှပြောပြခဲ့သည့် သတင်းစကားများအားလုံးသည် မှန်ကန်သည်ဟု ယုံကြည်ခဲ့ပါသည်။

ထို့နောက်တွင် အစ်ကိုဂျိုးဆက်က အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ပိုဒ်ကို ကျွန်တော့်ကို ဖတ်ပြခဲ့သည်။ “တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလတွင် ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။” “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင် အစ်ကိုဂျိုးဆက်သည် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်နှင့် သက်ဆိုင်သည့် သမ္မာတရားများစွာကို ကျွန်တော်နှင့် ဆွေးနွေးခဲ့ပါသည်။ ကျွန်တော်က ဘုရားသခင်၏ အမှုတော်မှာ အလွန်လက်တွေ့ကျကြောင်းနှင့် ၎င်းသည် သဘာဝလွန်ဖြစ်ရပ် လုံးဝမဟုတ်ကြောင်း၊ နောက်ဆုံးသောကာလမှ ဘုရားသခင်၏ စီရင်ခြင်းအမှုတော်သည် ကျွန်တော်စိတ်ကူးထားသကဲ့သို့ လုံးဝမဟုတ်ကြောင်းတို့ကို ကျွန်တော်နားလည်သဘောပေါက် လာခဲ့ပါသည်။ ဘုရားသခင်က ဧရာမစားပွဲကြီးကို လေထဲတွင် ထားရှိတော်မူကာ၊ ဘုရားသခင်က ပလ္လင်ဖြူကြီးတစ်ခုပေါ်တွင် ထိုင်လျက်၊ လူသားမျိုးနွယ်တစ်ခုလုံးက ကိုယ်တော့်ရှေ့တော်မှောက်တွင် ဒူးထောက်လျက် ရှိသည်။ ထို့နောက်တွင် ဘုရားသခင်သည် ကျွန်တော်တို့ကို ကောင်းမြတ်လား သို့မဟုတ် ဆိုးယုတ်လား သတ်မှတ်တော်မူရန် ကျွန်တော်တို့ အပြစ်များကို တစ်ခုပြီးတစ်ခု စာရင်းပြုစုသည့်အပြင်၊ ကျွန်တော်တို့ ကောင်းကင်ဘုံတက်မလား သို့မဟုတ် ငရဲသို့ဆင်းမလား ဆိုသည်ကို ဆုံးဖြတ်မည် ဖြစ်သည်ဟု ကျွန်တော်က စိတ်ကူးခဲ့သည်။ ထိုအစား ဘုရားသခင်က လူ့ဇာတိပကတိဖြစ်လာပြီး၊ သမ္မာတရားကို လက်တွေ့ကျသည့်နည်းလမ်းဖြင့် ဖော်ပြရန်၊ လူသားတို့၏ အပြစ်များကို တရားစီရင်ရန် နှင့် လူသား၏ ဖောက်ပြန်ပျက်စီးခြင်းအပြင်၊ သူ့သဘာဝ နှင့် အနှစ်သာရတို့ဆိုင်ရာ သမ္မာတရားကိုလည်း ဖော်ထုတ်ရန် ကမ္ဘာကို ကြွလာတော်မူခဲ့သည်။ ကျွန်တော်တို့၏ ဆိုးယုတ်သောစိတ်သဘောထားများဖြစ်သည့် ကျွန်တော်တို့၏ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကိုဂုဏ်ဖော်လွန်းခြင်း၊ ကျွန်တော်တို့၏ ကောက်ကျစ်မှု နှင့် ကလိမ်ကကျစ်ပြုမူခြင်းအပြင်၊ ကျွန်တော်တို့၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်ညံ့ခြင်း တို့အားလုံးသည် ကျွန်တော်တို့ သန့်စင်ခြင်းမခံရမီတွင် ဘုရားသခင်၏ တရားစီရင်မှုကို ကြုံရမည် ဖြစ်ကြောင်းပြောရန် အစ်ကိုဂျိုးဆက်က ဆွေးနွေးမှုကို ဆက်ခဲ့ပါသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော် အဆုံးသတ်ရလဒ်မှာ ကျွန်တော်တို့က မိမိကိုယ်ပိုင် အညစ်အကြေးနှင့် ဖောက်ပြန်ပျက်စီးခြင်း၊ ကျွန်တော်တို့၏ အကျည်းတန်မှုနှင့် ယုတ်မာမှု တို့ကို တွေ့မြင်စေရန်၊ ပြီးနောက် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်သည့် ကျွန်တော်တို့၏ အနှစ်သာရကို တွေ့မြင်စေရန်၊ ကျွန်တော်တို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရကြောင်း၊ ကျွန်တော်တို့သည် ဆိုးယုတ်သောစိတ်သဘောထားများဖြင့် ပြည့်နှက်နေကြောင်း၊ ကျွန်တော်တို့သည် စာတန်၏ပြယုဂ်ဖြစ်ပြီး၊ ကျွန်တော်တို့သည် သေဆုံးသင့်ကြောင်းတို့ကို သိရှိစေရန်တို့အတွက် ဖြစ်ပါသည်။ ဤနည်းဖြင့်သာလျှင် ကျွန်တော်တို့သည် မိမိကိုယ်ကို မုန်းတီးကာ၊ ကျိန်ဆဲ်ကြမည် ဖြစ်ပြီး၊ စာတန်ကိုလည်း အပြီးသတ် ပစ်ပယ်နိုင်မည် ဖြစ်သည်။ ထို့အပြင် ဘုရားသခင့် နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကြားတွင် ကျွန်တော်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်၊ သန့်ရှင်းပြီး ပုန်ကန်ပြစ်မှား၍ မရနိုင်သည့် စိတ်သဘောထားတို့ကို သိရှိလာစေနိုင်ရန်အတွက်လည်း ဖြစ်ပါသည်။ ထို့နောက်တွင် ကျွန်တော်တို့သည် ဘုရားသခင်ကို ကြောက်သည့်နှလုံးသားတစ်ခုကို မရည်ရွယ်ပဲ ရရှိလာကာ၊ ဘုရားသခင်ကို အဆင်အခြင်မဲ့စွာ မနာခံရန် နှင့် အာခံရန်တို့ကို လုံးဝတစ်ဖန် ပြုရဲတော့မည် မဟုတ်သည့်အပြင်၊ ကျွန်တော်တို့ ဇာတိပကတိကို စွန့်ပယ်နိုင်လာပြီး၊ သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်လာနိုင်မည် ဖြစ်ပါသည်။ ကျွန်တော်တို့ အသက်တာ စိတ်သဘောထားသည် ပြောင်းလဲမှုကြုံရ သည်နှင့် တပြိုင်နက် ကျွန်တော်တို့သည် ဘုရားသခင်ကို အမှန်တကယ် နာခံပြီး၊ ဝတ်ပြုကိုးကွယ်နိုင်မည် ဖြစ်သည်။ ထို့အပြင် တစ်ဖန် ကျွန်တော်တို့သည် နောက်ဆုံးသောကာလ၌ဘုရားသခင် ဖော်ပြသည့် သမ္မာတရားဆိုင်ရာ ရှုထောင့်မျိုးစုံကို ရရှိကာ၊ ထို့နောက်တွင် ကျွန်တော်တို့သည် ဘုရားသခင်၏ လုံးလုံးလျားလျား သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းကို ခံရမည့်အပြင်၊ ဘုရားသခင်၏နိုင်ငံတော်သို့ ဘုရားသခင် အားဖြင့် ယူဆောင်ခံရန်အတွက် အရည်အချင်းရှိလာမည် ဖြစ်သည်။ နောက်ဆုံးသောကာလမှ ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို လက်ခံရန် ငြင်းဆန်သူများသည် ဘုရားသခင်၏ သန့်စင်ခြင်းကို ရရှိနိုင်စွမ်းမရှိပါ၊ အဆုံးသတ်တွင် သူတို့သည် ဘုရားသခင်၏ အမှုတော်အားဖြင့်သာ သုတ်သင်ဖယ်ရှင်းခံရပြီးလျှင်၊ ကယ်တင်ခံရရန် နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် အခွင့်အလမ်းကို ဆုံးရှုံးမည် ဖြစ်ပါသည်။ အစ်ကိုဂျိုးဆက်၏ ဆွေးနွေးချက်ကို ကြားရင်းဖြင့် လူသားများကို ကယ်တင်ရန် ဘုရားသခင်၏ အမှုတော်သည် အလွန်မှန်ကန်ပြီး၊ လက်တွေ့ကျသည်ဟု ကျွန်တော်ခံစားခဲ့ရပါသည်။

ကျွန်တော်သည် သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပုံ၊ ကျွန်တော်သည် သခင့်ထံတွင် ကျွန်တော့်အပြစ်များကို ဝန်ခံပြီး၊ ဝန်ချတောင်းပန်ခဲ့သော်လည်း၊ ထို့နောက်တွင် ကျွန်တော်သည် အပြစ်ကျူးလွန်ခြင်း၊ လိမ်ညာခြင်း၊ လှည့်စားခြင်း၊ ကောက်ကျစ်ခြင်းနှင့် ကလိမ်ကကျစ်ပြုခြင်းတို့ကို ဆက်လက်၍ပြုခဲ့ပုံ အပြင်၊ မိမိ၏ လွန်လွန်ကဲကဲ ကိုယ့်ဂုဏ်ကိုဖော်လွန်းခြင်း၊ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသော ဆိုးယုတ်သော စိတ်သဘောထားတို့ကို မကြာခဏပင် ထုတ်ဖော်ခဲ့ပုံတို့အကြောင်း တွေးမိပါသည်။ ကျွန်တော်သည် အပြစ်ကျူးလွန်ခြင်း နှင့် ဝန်ခံခြင်း၊ ဝန်ခံခြင်းနှင့် အပြစ်ကျူးလွန်ခြင်း စက်ဝန်းထဲတွင် အဆက်မပြတ် အသက်ရှင်နေထိုင်ခဲ့သည်၊ ကျွန်တော်သည် အင်မတန်နာကျင်မှုဖြင့် အသက်ရှင်နေထိုင်နေခဲ့ပါသည်။ ဘုရားသခင်သည် ယခုအခါတွင် နောက်ဆုံးသောကာလမှ ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုတော်တို့ကို ပြုရန် ကြွတော်မူလာခဲ့ပြီး၊ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ လုံးဝဥဿုံ လိုအပ်နေသည့် အရာဖြစ်သည်။ သခင့်ကို ယုံကြည်သူများနှင့် အပြစ်မှလွှတ်ခံရသူများသည်လည်း နောက်ဆုံးသာကာလ၌ ဘုရားသခင်၏ တရားစီရင်ခြင်းဆိုင်ရာ အမှုတော်၏ သန့်စင်ခြင်းကို ခံရန် လိုအပ်ဆဲသာ ဖြစ်သည်။ သမ္မာကျမ်းစာတွင် “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄) ဟု ဆိုထားသည်။ သခင်သည် သန့်ရှင်းတော်မူသည်။ ကျွန်တော်တို့သည် မိမိတို့အပြစ်များကိုသာလွှတ်ခံရသော်လည်း၊ ကျွန်တော်တို့၏ အပြစ်ရှိသောသဘာဝ နှင့် ဆိုးယုတ်သော စိတ်သဘောထားများက သန့်စင်ခံရခြင်းမရှိပါက၊ မည်သည့်အချိန်တွင်မဆို ကျွန်တော်တို့သည် ဘုရားသခင်ကို အပြစ်ကျူးလွန်ခြင်းနှင့် အာခံခြင်းများ၊ မကြာခဏ ညည်းညူခြင်း သို့မဟုတ် ဘုရားသခင်ကို သစ္စာဖောက်ခြင်းကိုပင် ပြုနိုင်ဆဲသာ ဖြစ်သည်။ ထိုသို့သော ညစ်ညမ်းခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းဖြင့် ပြည့်နှက်နေသည့် ကျွန်တော်တို့သည် သခင့်မျက်နှာတော်ကို မော်ကြည့်ရန် မည်သို့ အရည်အချင်း ရှိနိုင်မည်နည်း။ သို့မှသာလျှင် ကျွန်တော်တို့သည် နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်မှာ မည်မျှ လိုအပ်ကြောင်းကို ကျွန်တော်တို့နှလုံးသားတွင် ခံစားလာခဲ့ရသည်။ လူများ၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း သခင်က ပြန်ကြွလာပြီး၊ လူတိုင်းကို ကိုယ်တော်နှင့် တွေ့ဆုံရန် လေထဲသို့ ခေါ်သွားပါက၊ အလွန်သဘာဝမကျ၊ အလွန်လက်တွေ့ကျလိမ့်မည် မဟုတ်ပေ။ ထို့နောက်တွင် အစ်ကိုဂျိုးဆက်က ဘုရားသခင်၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းများကို သူမည်သို့လက်ခံခဲ့ပုံ သူ့အတွေ့အကြုံများ နှင့် သက်သေခံချက်များကို ကျွန်တော်နှင့် ဆွေးနွေးပြောပြခဲ့သည်။ သူ၏ဆွေးနွေးပြောပြချက်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ ပါဝင်ကြောင်း ကျွန်တော်အမှန်တကယ်ကို ခံစားခဲ့ရသည်။ ၎င်းကို နားထောင်ရခြင်းသည် အလွန် စိတ်ဓါတ်ကိုမြှင့်တင်ခံရပြီး၊ သခင်ယေရှုသည် အမှန်တကယ် ပြန်ကြွလာခဲ့ပြီး ဖြစ်ကြောင်းကို ကျွန်တော် ယုံကြည်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်သည် သခင့်ပြန်ကြွခြင်းကို ကြိုဆိုရန် ကျွန်တော့်အခွင့်အရေးကို မဆုံးရှုံးရလေအောင် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အမှုတော်ကို ရှာဖွေပြီး စုံစမ်းရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက်တွင် အစ်ကိုဂျိုးဆက်က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မိထ္ထူတစ်အုပ်ကို ကျွန်တော့်ကို ပေးခဲ့၍ ကျွန်တော်က အင်မတန် စိတ်လှုပ်ရှားခဲ့ပါသည်။ ထိုညနေတွင် ကျွန်တော့်အဆောင်သို့ ပြန်ရောက်ချိန်တွင်၊ ကျွန်တော်က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စတင်ဖတ်ရှုပြီး၊ ထို့နောက် ၎င်းတို့ကို ကျွန်တော် တစ်ညလုံးဖတ်ခဲ့ပါသည်။ ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ပါသည်။ “သင်တို့၏ နှုတ်များသည် လှည့်ဖြားတတ်ကာ ညစ်ညူးသော စကားလုံးများ၊ သစ္စာဖောက်တတ်ပြီး မာနထောင်လွှားသော စကားများဖြင့် ပြည့်နေသည်။ သင်တို့သည် ငါကို ရိုးသားစစ်မှန်မှု စကားများ၊ သန့်ရှင်းသော စကားများ၊ ငါ၏ နှုတ်ကပတ်တော်ကို တွေ့ကြုံပြီးနောက် ငါ့ကို ကျိုးနွံနာခံခြင်း စကားများအား မည်သည့်အခါတွင်မျှ သင်တို့ မပြောဖူးကြပေ။ နောက်ဆုံးတွင်၊ သင်တို့၏ယုံကြည်ခြင်းသည် မည်သည့်အရာနှင့် တူသနည်း။ သင်တို့၏ စိတ်နှလုံးများထဲတွင် လိုချင်တပ်မက်မှုနှင့် ငွေကြေးကလွဲ၍ မည်သည့်အရာမျှမရှိသကဲ့သို့၊ သင်တို့၏ စိတ်များထဲတွင် ရုပ်ဝတ္ထုပစ္စည်းများမှလွဲ၍ မည်သည့်အရာမျှမရှိပေ။ နေ့တိုင်း၊ သင်တို့သည် ငါ့ထံမှ တစ်စုံတစ်ရာ မည်သို့ရရှိမည်ကို တွက်ချက်ကြသည်။ နေ့တိုင်း၊ သင်တို့သည် ငါ့ထံမှ ချမ်းသာကြွယ်ဝမှု မည်မျှနှင့် ရုပ်ဝတ္ထုပစ္စည်း မည်မျှ ရရှိပြီးဖြစ်သည်ကို ရေတွက်နေကြသည်။ နေ့တိုင်း၊ သင်တို့သည် သင်တို့ မွေ့လျော်ခံစားနိုင်သည့် အရာများကို သာ၍များပြားသော အရေအတွက်များနှင့် သာ၍ မြင့်မားသော အဆင့်အတန်းတစ်ခုဖြင့် မွေ့လျော်ခံစားနိုင်ဖို့အလို့ငှာ၊ သင်တို့အပေါ် ကောင်းချီးမင်္ဂလာများ ယခင်ထက် သာ၍ သက်ဆင်းလာဖို့ရန် သင်တို့ စောင့်စားကြ၏။ သင်တို့၏ အတွေးများ၌ အချိန်တိုင်းရှိသည်မှာ ငါမဟုတ်သကဲ့သို့၊ ငါ့ထံမှလာသော သမ္မာတရားလည်း မဟုတ်ဘဲ၊ ယင်းထက်၊ သင်တို့၏ခင်ပွန်း သို့မဟုတ် ဇနီး၊ သင်တို့၏ သားများနှင့် သမီးများ၊ ပြီးလျှင် သင်တို့ စားသောက်ပြီး ဝတ်ဆင်သောအရာများ ဖြစ်ကြ၏။ သင်တို့သည် ယခင်ထက် သာ၍ ကြီးမားသည့်၊ ယခင်ထက် သာ၍ မြင့်မားသည့် ပျော်ရွှင်မှု မည်သို့ရရှိနိုင်သည်ကို စဉ်းစားကြသည်။ သို့သော်၊ သင်တို့သည် ကွဲထွက်မတတ် သင်တို့၏ ဗိုက်များကို ဖြည့်ပြီးသည့်အချိန်တွင်ပင်၊ အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ ဖြစ်သည် မဟုတ်လော။ အပြင်ပန်းအားဖြင့်၊ သင်တို့သည် အင်မတန် လှပသည့် အဝတ်အစားဖြင့် မိမိတို့ကိုယ်ကိုယ် ဆင်မြန်းကြသည့်အချိန်တွင်ပင်၊ သင်တို့သည် အသက်ကင်းမဲ့သည့် လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင် ဖြစ်နေဆဲ မဟုတ်လော။ သင်တို့၏ ဆံပင်များ အဖြူရောင်ဖြင့် အစင်းအကျားဖြစ်သည်အထိ၊ သင်တို့၏ ဝမ်းဗိုက်အတွက် သင်တို့ ပင်ပန်းကြီးစွာအလုပ်လုပ်ကြ၏၊ သို့သော်၊ သင်တို့ထဲမှ မည်သူမျှ ငါ၏အမှုအတွက် ဆံချည်တစ်ပင်မျှ မစွန့်လွှတ်ကြချေ။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ ဇာတိခန္ဓာအတွက်နှင့် သင်တို့၏သားများနှင့် သမီးများအတွက် သင်တို့၏ခန္ဓာကို ခက်ခဲပင်ပန်းစေကာ ဦးနှောက်ခြောက်အောင် စဉ်းစားရင်း၊ စဉ်ဆက်မပြတ် အလုပ်များနေသည်- သို့သော်၊ သင်တို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ငါ၏ အလိုအတွက် စိုးရိမ်ခြင်း သို့မဟုတ် ပူပန်ခြင်း တစ်ခုတစ်လေမျှ မပြပေ။ ငါ့ထံမှ ရရှိဖို့ သင်တို့ မျှော်လင့်ကြသေးသည်မှာ မည်သည့်အရာနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏)

ဤနှုတ်ကပတ်တော်များမှ ထုတ်ဖော်သည့်အရာသည် ကျွန်တော့်အသက်တာတွင် ဖြစ်နေသည့် အခြေအနေ အတိအကျပင် ဖြစ်ပြီး၊ ၎င်းတို့က ကျွန်တော့်နှလုံးသားတွင် အမှန်တကယ် ခံစားခဲ့ရသည့် အရာများပင် ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် ကျွန်တော့်ခံစားချက်မဲ့သည့် နှလုံးသားကို ထိုးဖောက်သွားသည့် အသွားနှစ်ဖကသွားဓါးကဲ့သို့ပင် ဖြစ်ပါသည်။ ဘုရားသခင်သာလျှင် လူ့အတွင်းအကျဆုံးနှလုံးသားကို စူးစမ်းနိုင်ပြီး၊ ဘုရားသခင်သာလျှင် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်ဆီးခြင်းဆိုင်ရာ သမ္မာတရားကို ထုတ်ဖော်နိုင်သကဲ့သို့ လူသားများအတွင်း ၌ နက်ရှိုင်းစွာဖုံးကွယ်နေသည့် အရာကိုလည်း ထုတ်ဖော်နိုင်မည်သာ ဖြစ်ပါသည်။ ဤနှုတ်ကပတ်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များဖြစ်သည့်အပြင်၊ ၎င်းတို့သည် ဘုရားသခင်၏ အသံတော်ဖြစ်သည်ဟု ကျွန်တော်ခံစားရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ကျွန်တော်သည် သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း၊ ကျွန်တော် မကြာခဏ ဝန်ခံပြီး၊ သခင့်ကို ဝန်ချတောင်းပန်သော်လည်း၊ ကျွန်တော့် အပြစ်ရှိသော သဘာဝနှင့် ဆိုးယုတ်သည့် စိတ်သဘောထားတို့သည် သန့်စင်ခံရခြင်းနှင့် ပြောင်းလဲခြင်း လုံးဝမရှိသည်ကို ကျွန်တော် သိလာခဲ့ရသည်။ ကျွန်တော်က သခင့်နာမတော်ကိုသာ အသိအမှတ်ပြုခဲ့ပြီး၊ ကျွန်တော့်နှလုံးသားတွင် သခင့်အတွက် နေရာမရှိခဲ့သကဲ့သို့၊ သခင့်အတွက် မိမိကိုယ်ကို အသုံးခံခြင်း သို့မဟုတ် အလုပ်လုပ်ခြင်းလည်း မရှိခဲ့ပါ။ ကျွန်တော်သည် မည်သို့ငွေရှာရန်၊ ဇာတိပကတိ၏ ကျွန်တော့် သာယာမှုများကိုမည်သို့ ပိုကောင်းစေရန် နှင့် ကျွန်တော့် မိသားစု ပိုမိုကြီးပွားချမ်းစွာ နေနိုင်အောင် မည်သို့ပြုလုပ်နိုင်ရန်တို့တွင်သာ ပိတ်မိနေခဲ့ပြီး၊ ဘုရားသခင်၏ အလိုတော်ကို ကျွန်တော်တစ်ခါမျှ စိတ်မဝင်စားခဲ့ဖူးပါ။ ကျွန်တော်သည် မကြာခဏ လိမ်လည်ပြီး၊ အပြစ်လုပ်သော်လည်း ဤအရာများအကြောင်း တစ်ခုမျှ မတွေးခဲ့ကြောင်းကိုပင် ကျွန်တော် သိခဲ့ပါသည်။ ဘုရားသခင်သည် ထာဝရချစ်ကြောင်း၊ ထာဝရ သနားကရုဏာနှင့် ပြည့်စုံကြောင်း အပြင်၊ ကျွန်တော် အပြစ်ကျူးလွန်လျှင်ပင် ကိုယ်တော်သည် ကျွန်တော့်အပြစ်များမှ ကျွန်တော့်ကို လွှတ်ပေးကာ၊ ကျွန်တော့်ကို သနားကရုဏာတော်ထားရှိပြီး၊ ကောင်းကြီးမင်္ဂလာပေးမည် ဖြစ်ကြောင်း ကျွန်တော် အမြဲတမ်း ယုံကြည်ခဲ့ပါသည်။ နောက်ဆုံးသောကာလထဲက ဘုရားသခင် ဖော်ပြသည့် ဤမိန့်မြွက်ချက်များကို ဖတ်ရှုပြီးနောက်တွင်သာလျှင် ကျွန်တော်သည် ဘုရားသခင်၏ ဖြောင့်မတပြီးသန့်ရှင်းသော စိတ်သဘောထားတို့ကို တွေ့မြင်ခဲ့ကာ၊ ဘုရားသခင်၏ စိတ်သဘောထားသည် မည်သူတစ်ယောက်မျှ ပုန်ကန်ပြစ်မှား၍မရနိုင်သည့် အရာတစ်ခုဖြစ်ကြောင်း ကျွန်တော်သိရှိခဲ့သည်။ ဘုရားသခင့်နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးခြင်းတို့သည် ကျွန်တော်တို့အတွင်း၌ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေမှုများဖြစ်ပေါ်စေကာ၊ မိမိကိုယ်ပိုင် အတိတ်ကိုလည်း ယူကြုံးမရဖြစ်စေပါသည်။ ကျွန်တော်က ဘုရားသခင်ရှေ့တော်မှောက်တွင် လဲပြိုကာ၊ ခါးသီးစွာ ရှိုက်ငိုခဲ့သည်၊ “အိုဘုရားသခင်၊ ကျွန်တော် ကိုယ်တော့်ကို ဆန့်ကျင်ပုန်ကန်ခဲ့မိတယ်၊ ကိုယ်တော့်ကို လှည့်စားခဲ့ပြီး၊ အရာများစွာမှာ ကိုယ်တော့်ကို အာခံခဲ့ပါတယ်၊ ကျွန်တော်က ကိုယ်တော့်ရှေ့တော်မှောက် လာဖို့လည်း မထိုက်တန်ပါဘူး။ ကျွန်တော့် လုပ်သမျှက အပြစ်ဒဏ်ခံဖို့သာ ထိုက်ပါတယ်။ အိုဘုရားသခင် ကျွန်တော့်ကို နောင်တရဖို့နဲ့ ကယ်တင်ခံရဖို့ အတွက် အခွင့်အလမ်းပေးလို့ ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ အခုချိန်ကစပြီး သမ္မာတရားကို ရှာဖွေဖို့၊ ကျွန်တော့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ နဲ့ ကိုယ်တော့် ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ ကျွန်တော် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပါမယ်” ကျွန်တော် ဆုတောင်းအပြီးမှာ ကျွန်တော် ပြတ်သားစွာ စိတ်ပိုင်းဖြတ်ခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံရမည် ဖြစ်ပြီး၊ ကျွန်တော့် အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်း အသက်တာကိုလည်း ပြောင်းလဲရမည်။ ကျွန်တော်က ပို၍များသည့် သမ္မာတရားကို နားလည်သဘောပေါက်နိုင်ရန် နှင့် မိမိ ဇာတိပကတိကို စွန့်ပယ်နိုင်ရန် ခွန်အားရရှိရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ရန်တို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ရှုပြီး ပို၍ ဆင်ခြင်စဉ်းစားရပါမည်။

ထိုအချိန်မှစပြီး ကျွန်တော်သည် အလုပ်နားချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကာ ဆင်ခြင်နိုင်ရန် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို ကျွန်တော်နှင့်အတူ အလုပ်သို့ ယူဆောင်သွားခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်မှနေပြီး ကျွန်တော်က ကျွန်တော့်အမူအကျင့်နှင့် အတွေးတို့သည် မည်မျှ ဖောက်ပြန်ပျက်စီးပြီး ပုန်ကန်လိုခဲ့ကြောင်း ကို ကျွန်တော် တွေ့မြင်ခဲ့ရသည်။ နောက်ပိုင်းတွင် ကျွန်တော်က “သင်၏ ဆုတောင်းခြင်းသည် သင့်စိတ်နှလုံး၏ စစ်မှန်သော အခြေအနေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်တို့ နှင့်အညီ တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ဆက်သင့်သည်။ သင်သည် ဘုရားသခင်၏ အလိုတော်၊ လူသားကို သူ တောင်းဆိုသည့် အရာနှင့်အညီ ဘုရားသခင်ကို မိတ်သဟာယပြုရန် လာသည်။ ဆုတောင်းခြင်းကို သင်စတင်၍ လက်တွေ့လုပ်ဆောင်သည့် အခါတွင်၊ ပထမဦးစွာ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးလော့။ ဘုရားသခင်၏ အလိုတော်ကို နားလည် သဘောပေါက်ဖို့ မကြိုးပမ်းနှင့်- သင်၏နှလုံးသားထဲတွင်ရှိသည့် စကားများကိုသာ ဘုရားသခင်ကို ပြောဖို့ကြိုးစားလော့။ ဘုရားသခင်ရှေ့သို့ သင် လာသည့်အခါတွင်၊ ဤကဲ့သို့ ပြောလော့- ‘အို ဘုရားသခင်၊ ကျွန်ုပ် ကိုယ်တော့်ကို မနာခံလေ့မရှိခဲ့သည်ကို ယနေ့မှ ကျွန်ုပ် သိပါ၏။ ကျွန်ုပ်သည် ဧကန်အမှန် ဖောက်ပြန်ပျက်စီးပြီး စက်ဆုပ်ဖွယ်ဖြစ်ပါ၏။ ကျွန်ုပ်၏ဘဝကို ကျွန်ုပ် ဖြုန်းတီး၍သာ နေမိပါပြီ။ ယနေ့မှစ၍ ကိုယ်တော်အတွက်အသက်ရှင်ပါမည်။ အဓိပ္ပါယ်ရှိသည့် ဘဝကို အသက်ရှင်ပြီး၊ ကိုယ်တော်၏ အလိုတော်ကို ဖြည့်ဆည်းပါမည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျွန်ုပ်ကို စဉ်ဆက်မပြတ် အလင်းပြကာ ဉာဏ်အလင်းပေးလျက် ကျွန်ုပ်၏အထဲတွင် လုပ်ဆောင်စေတော်မူပါ။ ကျွန်ုပ်အား ကိုယ်တော်၏ ရှေ့တွင် ခိုင်မာပြီး ထူးကဲလှသည့် သက်သေခံခွင့်ပေးတော်မူပါ။ ကိုယ်တော်၏ဘုန်းတော်၊ ကိုယ်တော်၏ သက်သေခံချက်ကို စာတန်အား မြင်စေတော်မူပါ။ ကိုယ်တော်၏ အောင်မြင်မှု သက်သေကို ကျွန်ုပ်တို့၏အတွင်း၌ ထင်ရှားစေတော်မူပါ။’ ဤသို့ သင် ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးသည် လုံးဝ လွတ်မြောက်လိမ့်မည်။ ဤသို့ ဆုတောင်းပြီးသည့်အခါ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ ရင်းနှီးလာလိမ့်မည် ဖြစ်ပြီး၊...(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍) ဟု မိန့်တော်မူထားသည့် ဤနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ရပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲတွင် ကျွန်တော့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖြေရှင်းရန် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ကျွန်တော်သည် ဘုရားသခင်ကို ရိုးသားသည့် နှလုံးသားတစ်ခုဖြင့် လေးလေးနက်နက် စတင်ဆုတောင်းခဲ့ပြီး၊ ဘုရားသခင်ကို မိမိ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအကြောင်း ဖွင့်ပြောကာ၊ ကျွန်တော့်နှလုံးသားတွင်းမှ အောင်မြင်ရရှိရန် မျှော်လင့်သည့်အရာအကြောင်း ပြောပြခဲ့သည်။ ကျွန်တော်က ကိုယ်တော့်နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်နေထိုင်နိုင်ရန် လမ်းပြဖို့ ကိုယ်တော့်ကို တောင်းလျှောက်ခဲ့သည်။ ဤကဲ့သို့ ဆုတောင်းခြင်းမျိုးများအားဖြင့် ဘုရားသခင်သည် ကျွန်တော့်ကို ဦးဆောင်ပြီး၊ ဉာဏ်အလင်းပေးနေ ကြောင်း ကျွန်တော် မကြာခဏ ခံစားခဲ့ရပြီး၊ ကျွန်တော့်နှလုံးသားသည် ယုံကြည်မှုနှင့် ခွန်အားတို့ဖြင့် ပြည့်နှက်လာခဲ့ပါသည်။ ကျွန်တော်သည် ယခင်ကနေထိုင်ခဲ့သည့် နည်းလမ်းအတိုင်း လုံးဝ အသက်ရှင်နေထိုင်ခြင်းမရှိတော့သကဲ့သို့၊ ကျွန်တော်သည် ကျွန်တော့်နှလုံးသားထဲမှ ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် အတွေးများနှင့် စိတ်ကူးများအတိုင်း လုံးဝ ပြုမူခြင်း မရှိတော့ပါ။ ကျွန်တော့်အသက်တာသည် ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ယင်းသည် အပြစ်ကျူးလွန်ခြင်း နှင့်ဝန်ခံခြင်းတို့ဖြင့် ကျွန်တော်ယခင်က အသက်ရှင်နေထိုင်ခဲ့သည့် အကျင့်ပျက်သည့် အသက်တာတစ်ခု လုံးဝမဟုတ်တော့ပဲနှင့် ကျွန်တော်သည် ဘုရားသခင်ရှေ့တော်မှောက်တွင် အမှန်တကယ် အသက်ရှင်နေထိုင်ကာ၊ ဘုရားသခင်၏ ဂရုစိုက်ခြင်းနှင့် ကွယ်ကာခြင်းတို့ကို ရရှိခဲ့ပါသည်။

၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ကျွန်တော် ဖိလစ်ပိုင်နိုင်ငံသို့ ပြန်သွားခဲ့ပြီး၊ ဘုရားသခင်သည် ဖိလစ်ပိုင်နိုင်ငံတွင် ညီအစ်ကိုမောင်နှမများစွာကို ရွေးချယ်ခဲ့ကြောင်း ထိုအချိန်မှာသာ ကျွန်တော် သတိပြုမိလာခဲ့သည်။ ကျွန်တော့်မှာ အလွန်ပျော်ရွှင်ခဲ့ရသည်။ ယခုအခါတွင် ကျွန်တော်သည် ကျွန်တော့် ညီအစ်ကိုမောင်နှမများဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အသင်းတော်တွင် ဆွေးနွေးပြီး၊ ကျွန်တော်တို့သည် အသင်းတော် ၏ အသက်တာတစ်ခုဖြင့် အသက်ရှင်နေထိုင်ကာ၊ ကျွန်တော်တို့ အချင်းချင်း ကူညီ ထောက်ပံ့ကြသည်။ ကျွန်တော်တို့အားလုံးသည် သမ္မာတရားကို ရှာဖွေကြသည်၊ ကျွန်တော်တို့သည် မိမိတို့ စိတ်သဘောထားများကို ပြောင်းလဲရန်နှင့် ဘုရားသခင်အားဖြင့် ကယ်တင်ခံရရန် ကြိုးပမ်းကြသည်။ သခင်ယေရှုသည် ပြန်ကြွခဲ့ပြီးဖြစ်ကြောင်း သူတို့သိရှိနိုင်ရန် နှင့် သူတို့လည်း ကျွန်တော်တို့ကဲ့သို့ နောက်ဆုံးသာကာလမှ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိစေရန် ကျွန်တော်တို့က နောက်ဆုံးသောကာလထဲက အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို မိမိတို့နိုင်ငံမှ လူများအပြင်၊ အခြားနိုင်ငံများလူများကိုလည်း သက်သေခံသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျေးဇူးတင်သည်။ ယခုအခါတွင် ကျွန်တော်သည် အလွန် ကြွယ်ဝချမ်းသာပြီး ပျော်ရွှင်သည့်အသက်တာဖြင့် အသက်ရှင်နေထိုင်နေပြီ ဖြစ်သည်။ ကျွန်တော် မိမိကိုယ်ကို အကျင့်ပျက်သော အသက်တာ၊ ကျွန်တော် ယခင်က ရှိခဲ့သည့် အကျင့်စာရိတ္တပျက်ပြားသည့် အသက်တာမှ အပြည့်အဝ ဖယ်ရှားနိုင်ခဲ့ပြီဖြစ်သည်။ ကျွန်တော့် အသက်တာ၏ ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို တွေ့ရှိရန် ဦးဆောင်တော်မူခဲ့သည့်သူမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်သည်။ ဤသည်မှာ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ကျွန်တော် ခံစားရပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

အသက်စမ်းရေထဲမှာ ကျွန်မ ပျော်မွေ့ခဲ့ပါပြီ

ကျွန်မတို့မိသားစုက သခင့်ကို ယုံကြည်လာတာ မျိုးဆက်သုံးခုအထိ ရှိပါပြီ။ ကျွန်မလည်း ကိုယ့်မိသားစုနဲ့အတူ ကလေးဘဝကတည်းက ဘုရားကျောင်း စတက်တယ်။...

ဘုရားသခင်နာမတော်တို့၏ နက်နဲမှု

“ယေဟောဝါ၊ ယေရှုနှင့် မေရှိယတို့အားလုံးသည် ငါ၏ဝိညာဉ်တော်ကို ကိုယ်စားပြုသော်လည်း၊ ဤအမည်နာမများသည် ငါ၏စီမံခန့်ခွဲခြင်း အစီအစဉ်နှင့်ဆိုင်သော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။