ပျင်းရိခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် အပျက်စီးမခံနှင့်

26.02.2026

ရှင်ချယ်၊ တရုတ်နိုင်ငံ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မဟာ အသင်းတော်မှာ စာနဲ့ပတ်သတ်တဲ့ အလုပ်ကြီးကြပ်ရေးမှူးတစ်ယောက် ဖြစ်ခဲ့တယ်။ ခေါင်းဆောင်တစ်ယောက် အဖမ်းခံရတဲ့အတွက် ကျွန်မနဲ့ ကျွန်မရဲ့တွဲဖက်ညီအစ်မအတွက် ပတ်ဝန်းကျင်က အန္တရာယ်ရှိနေလို့ အိမ်မှာပဲနေပြီး စာနဲ့ပဲ အလုပ်တွေကို ဆက်လုပ်ခဲ့ရတယ်။ အစပိုင်းမှာတော့ ကျွန်မဟာ အလုပ်တွေကို တက်တက်ကြွကြွ ဆက်လုပ်နိုင်သေးပြီး အဖွဲ့ထဲက ပြဿနာတွေကို ဆွေးနွေးဖို့ စာတွေရေးခဲ့သေးတယ်။ အဖွဲ့သားတွေမှာ ဘယ်လိုမှားယွင်းတဲ့အခြေအနေတွေပဲရှိရှိ ဖြေရှင်းပေးဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုလည်း ရှာဖွေပေးနိုင်ခဲ့တယ်၊ ပြီးတော့ အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့အလုပ်တွေရှိရင်လည်း ချက်ချင်း အကောင်အထည်ဖော်ခဲ့တယ်။ နည်းနည်း အလုပ်များပေမဲ့ ကျွန်မရဲ့ စိတ်နှလုံးက အဲဒီလောက် ပင်ပန်းတယ်လို့ မခံစားခဲ့ရဘူး။ ကျွန်မရဲ့အလုပ်ပမာဏ တိုးလာပြီး အဖွဲ့တော်တော်များများမှာ ဖြေရှင်းဖို့လိုအပ်တဲ့ ပြဿနာတွေ ရှိလာတဲ့အခါမှာတော့ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “အလုပ်တိုင်းမှာ ဆက်လိုက်လုပ်ဖို့နဲ့ ဆက်သွယ်ပြောဆိုဖို့ ပါလာရင် အဲဒါဟာ အတွေးတွေ၊ အင်အားတွေ ဘယ်လောက်တောင် သုံးရမှာလဲ။ ပြီးတော့ ဒီလောက်များတဲ့အလုပ်တွေရဲ့ အသေးစိတ်တိုင်းကို လိုက်လုပ်နေဖို့ဆိုတာလည်း နိုင်မှာမဟုတ်ဘူး” လို့ပေါ့။ အဖွဲ့တစ်ဖွဲ့ထဲက ညီအစ်ကိုမောင်နှမတွေက စာပေနဲ့ပတ်သက်တဲ့တာဝန်ကို နှစ်တော်တော်ကြာကြာ ထမ်းဆောင်လာခဲ့ကြတာ၊ စည်းမျဉ်းတချို့ကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ကြတာ၊ ပြီးတော့ သူတို့ရဲ့ တာဝန်တွေမှာ ရလဒ်တချို့ ရရှိခဲ့ကြတာကို ကျွန်မ တွေးမိတယ်။ ဒီအဖွဲ့အတွက်တော့ ကျွန်မ သိပ်စိတ်ပူစရာမလိုတော့ဘူးလို့ ခံစားမိတယ်၊ အဲဒီနောက်မှာတော့ သူတို့ရဲ့အလုပ်ကို ကျွန်မ သိပ်အာရုံမစိုက်တော့ဘူး။ တစ်ခါတလေ သူတို့တာဝန်ထမ်းဆောင်ရာမှာ အခက်အခဲများရှိမလားဆိုပြီး အသေးစိတ်စုံစမ်းကြည့်ဖို့ စဉ်းစားမိပေမဲ့ နောက်တော့ ဒီလိုတွေးလိုက်တယ်၊ “ဒီအသေးစိတ်တွေကို နားလည်ဖို့ဆိုတာ အားထုတ်မှုနဲ့ အတွေးအခေါ် အများကြီး လိုအပ်တယ်။ ထားလိုက်ပါတော့လေ။ ဒီလူတွေက လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုလည်း တော်တော်ကောင်းတယ်၊ အလုပ်အတွေ့အကြုံတချို့လည်း ရှိနေတာပဲ၊ သူတို့ဘာသာသူတို့ပဲ လုပ်ပါစေတော့” လို့ပေါ့။ အဲဒီနောက်မှာ အဲဒီအဖွဲ့ရဲ့အလုပ်ကို ကျွန်မ အသေးစိတ် လိုက်မကြည့်၊ လိုက်မလုပ်တော့ဘူးလေ။ အချိန်တစ်ခုကြာတော့ ဒီအဖွဲ့က တရားဒေသနာတွေကို ရက်အတော်ကြာတဲ့အထိ မတင်သွင်းတာကို ကျွန်မတွေ့တော့ ဘာတွေဖြစ်နေလဲဆိုတာကို သိရအောင် သူတို့ဆီကို အမြန် စာရေးခဲ့တယ်။ အဖွဲ့ခေါင်းဆောင်က မကြာသေးခင်က သူတို့ရရှိတဲ့ တရားဒေသနာတွေရဲ့ အရည်အသွေးက မကောင်းလို့ တင်သွင်းနိုင်တာ သိပ်မရှိဘူးလို့ သတင်းပို့တယ်။ အလုပ်ရဲ့ရလဒ်တွေက မကောင်းသလို သူ့ရဲ့အခြေအနေကလည်း နည်းနည်း စိတ်ဓာတ်ကျနေတယ်။ ကျွန်မလည်း အဖွဲ့ခေါင်းဆောင်နဲ့ ခဏလောက် မိတ်သဟာယဖွဲ့ပြီး ဝန်တာတစ်ခုယူဖို့နဲ့ သွေဖည်မှုတွေကို အကျဉ်းချုပ်သုံးသပ်ရာမှာ အားလုံးကို ဦးဆောင်ခိုင်းလိုက်တယ်။ အဲဒီနောက်မှာ အစကတော့ ဒီအဖွဲ့ရဲ့ အလုပ်ကို ပိုပြီးအသေးစိတ် လေ့လာချင်ခဲ့ပေမဲ့ ဒါပေမဲ့ နောက်တော့ ဒီလိုတွေးလိုက်ပြန်ရော၊ “ငါ့မှာ လုပ်စရာအလုပ်တချို့ ရှိသေးတယ်။ ဒီပြဿနာတွေကို နားလည်ပြီး ဖြေရှင်းဖို့ဆိုရင် စိတ်ရောလူပါ အများကြီး ပင်ပန်းရမှာပဲ။ အဖွဲ့ခေါင်းဆောင်ကလည်း စည်းမျဉ်းတချို့ကို သိနေတာပဲ၊ ပြီးတော့ ခေါင်းဆောင်တွေကလည်း ငါတို့တင်သွင်းတဲ့ တရားဒေသနာတွေထဲက ပြဿနာတွေကို အကျဉ်းချုပ်သုံးသပ်ပေးပြီးပြီပဲ။ သူတို့ ဆွေးနွေးခဲ့တဲ့ လမ်းကြောင်းက အရမ်းရှင်းလင်းတယ်၊ ဒီတော့ သူတို့ကို သူတို့ဘာသာသူတို့ လေ့လာပြီး ပါဝင်ခွင့်ပေးလို့ ရနိုင်တယ်” လို့ပေါ့။ ဒီနည်းနဲ့ ကျွန်မဟာ ခေါင်းဆောင်တွေဆီက စာတွေကို အဖွဲ့ထဲကို ပို့ပေးလိုက်ရုံပဲ ပို့ပေးလိုက်တယ်၊ သူတို့နဲ့အတူ ပြဿနာတွေနဲ့ သွေဖည်မှုတွေကို အကျဉ်းချုပ်သုံးသပ်တာမျိုး မလုပ်ခဲ့ဘူး။ သူတို့ ဘယ်လိုလေ့လာနေကြသလဲ၊ သင်ယူထားတာတွေကို လက်တွေ့အသုံးချနိုင်ရဲ့လားဆိုတာမျိုးလို အလုပ်ရဲ့ အသေးစိတ်တွေကိုလည်း ကျွန်မ မမေးခဲ့ဘူး။

မကြာပါဘူး၊ ခေါင်းဆောင်တွေဆီက စာတစ်စောင် ရောက်လာတယ်။ တရားဒေသနာအဖွဲ့ရဲ့ အလုပ်က တိုးတက်မှု နှေးကွေးနေပြီး သူတို့တင်သွင်းနေတဲ့ တရားဒေသနာတွေကလည်း အရည်အသွေး မကောင်းဘူးလို့ စာထဲမှာ ရေးထားတယ်။ အကြောင်းရင်းကို အရေးတကြီး ရှာဖွေဖို့ သူတို့က ကျွန်မကို ပြောတယ်။ ဒီစာကိုဖတ်လိုက်ရတော့ ကျွန်မစိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပြီး ဒီတော့မှပဲ ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်သုံးသပ်မိတော့တယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို တွေ့လိုက်ရတယ်။ “အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်နှင့်ဆိုင်သည့် အဓိက စရိုက်လက္ခဏာမှာ အယူဝါဒအကြောင်း ပေါက်တတ်ကရပြောဆိုပြီး ဆောင်ပုဒ်များကို သံယောင်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့၏ အမိန့်များကို ထုတ်ပြန်ပြီးနောက်တွင် ထိုအမှုကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့တာဝန်မယူကြတော့ပေ။ အလုပ်၏ နောက်ပိုင်း တိုးတက်ဖြစ်ပေါ်မှုအကြောင်း မေးခွန်းများ မမေးမြန်းကြပေ။ ပြဿနာတစ်စုံတစ်ရာ၊ လွဲချော်မှုတစ်စုံတစ်ရာ သို့မဟုတ် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းရှိမရှိ မမေးမြန်းကြပေ။ ၎င်းတို့သည် အလုပ်တာဝန်ချပေးပြီးသည်နှင့် ၎င်းတို့၏ အလုပ် ပြီးဆုံးပြီဟု မှတ်ယူကြသည်။...အလုပ်ကို နောက်ဆက်တွဲမလုပ်ခြင်း၊ တာဝန်ချပေးပြီးသည်နှင့် မည်သည့်အရာမျှ ဆက်မလုပ်တော့ခြင်း၊ ယင်းနှင့် လုံးဝ မပတ်သက်တော့ခြင်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များက ကိစ္စများကို လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ အလုပ်နှင့်စပ်လျဉ်း၍ နောက်ဆက်တွဲ မလုပ်ခြင်းဖြစ်စေ၊ လမ်းညွှန်ချက်မပေးခြင်းဖြစ်စေ၊ စုံစမ်းမှု မပြုခြင်းဖြစ်စေ၊ ဖြစ်ပေါ်လာသည့် ပြဿနာများကို မဖြေရှင်းခြင်းဖြစ်စေ၊ အလုပ်၏ တိုးတက်မှုကို သို့မဟုတ် ထိရောက်မှုကို သဘောမပေါက်ခြင်းဖြစ်စေ ဤသည်တို့မှာလည်း အယောင်ဆောင်ခေါင်းဆောင်များ၏ သရုပ်သကန်များဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄))အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ပေ၊ ၎င်းတို့လုပ်ဆောင်သမျှသည် အစတွင် အရှိန်အဟုန် ကောင်းသော်လည်း အဆုံးတွင် ပျောက်ပျက်သွားသည်။ ၎င်းတို့ ပါဝင်သရုပ်ဆောင်သည့် အခန်းကဏ္ဍမှာ အခမ်းအနားမှူး၏ အခန်းကဏ္ဍဖြစ်သည်၊ ၎င်းတို့သည် ဆောင်ပုဒ်များကို ရွတ်ဆိုပြီး အယူဝါဒများကို တရားဟောကာ အလုပ်ကို အခြားသူများထံ တာဝန်ချပေးပြီး မည်သူက တာဝန်ယူမည်ကို စီစဉ်ပြီးသည့်အခါ ၎င်းတို့အတွက် ပြီးဆုံးသွားလေသည်။ ၎င်းတို့သည် တရုတ်ကျေးလက်ဒေသများတွင် တွေ့ရသည့် ကျယ်လောင်ဆူညံစွာမြည်သည့် အသံချဲ့စက်များနှင့် တူသည်၊ ဤသည်မှာ ၎င်းတို့ ပါဝင်သရုပ်ဆောင်သည့် အခန်းကဏ္ဍ၏ အတိုင်းအတာမျှသာ ဖြစ်သည်။ ၎င်းတို့သည် ကနဦးအလုပ် အနည်းငယ်ကိုသာ လုပ်ဆောင်သည်၊ ကျန်ရှိသည့်အလုပ်အတွက်မူ ၎င်းတို့ကို မည်သည့်နေရာတွင်မျှ မမြင်ရတော့ပေ။ အလုပ်ကိစ္စတစ်ခုချင်းစီသည် မည်သို့ရှိနေသည်၊ စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိ၊ ထိရောက်မှု ရှိမရှိ စသည့် တိကျသော မေးခွန်းများအတွက်မူ ၎င်းတို့သည် အဖြေများကို မသိကြပေ။ ၎င်းတို့သည် အောက်ခြေအဆင့်နှင့် နက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံခြင်း၊ အလုပ်ကိစ္စတစ်ခုချင်းစီ၏ တိုးတက်မှုနှင့် အသေးစိတ်အချက်အလက်များကို နားလည်ပြီး သဘောပေါက်ရန် အလုပ်ခွင်သို့ သွားရောက်ခြင်းတို့ကို မည်သည့်အခါမျှ မပြုကြပေ။ သို့ဖြစ်၍ အယောင်ဆောင်ခေါင်းဆောင်များသည် ခေါင်းဆောင်များအဖြစ် ၎င်းတို့၏ တာဝန်ထမ်းဆောင်စဉ်အတွင်း အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်မှုများကို ဖြစ်စေရန် သို့မဟုတ် မကောင်းမှုအမျိုးမျိုးကို လုပ်ဆောင်ရန် ရည်ရွယ်ခြင်း မရှိနိုင်သော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် အလုပ်ကို တုံ့ဆိုင်းသွားစေသည်၊ အသင်းတော်အလုပ်၏ ကိစ္စတစ်ခုချင်းစီ၏ တိုးတက်မှုကို နှောင့်နှေးစေသည်၊ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသောလူများကို ၎င်းတို့၏ တာဝန်များကို ကောင်းစွာထမ်းဆောင်ရန်နှင့် အသက်ဝင်ရောက်မှု ရရှိရန် မဖြစ်နိုင်အောင် ပြုလုပ်သည်။ ဤသို့ အလုပ်လုပ်ခြင်းဖြင့် ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းမှန်ပေါ်သို့ မည်သို့ ဦးဆောင်နိုင်မည်နည်း။ ဤသည်က အယောင်ဆောင်ခေါင်းဆောင်များသည် မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ကြောင်း ပြသသည်။ ၎င်းတို့သည် အသင်းတော်အလုပ် ပုံမှန်တိုးတက်ရန် သေချာစေဖို့အလို့ငှာ ၎င်းတို့ တာဝန်ယူသင့်သည့် အလုပ်ကို နောက်ဆက်တွဲလုပ်ဆောင်ရန်ဖြစ်စေ၊ ယင်းအတွက် လမ်းညွှန်မှုနှင့် ကြီးကြပ်မှုကို ပေးရန်ဖြစ်စေ ပျက်ကွက်သည်၊ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ရည်ရွယ်ထားသော လုပ်ငန်းဆောင်တာများကို ထမ်းဆောင်ရန် ပျက်ကွက်ပြီး ၎င်းတို့၏ သစ္စာစောင့်သိမှု သို့မဟုတ် တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်သည်။ ဤသည်က အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာမစောင့်သိကြောင်း၊ ၎င်းတို့သည် ဝတ်ကျေတမ်းကျေသာဖြစ်ကြောင်း အတည်ပြုသည်၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကိုရော ဘုရားသခင်ကိုယ်တော်တိုင်ကိုပါ လှည့်ဖြားပြီး ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်ခြင်းအပေါ် ထိခိုက်စေကာ အဟန့်အတားဖြစ်စေသည်။ ဤအဖြစ်မှန်ကို အားလုံး မြင်နိုင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)) အယောင်ဆောင်ခေါင်းဆောင်တွေကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်လိုက်ရတော့ ကျွန်မ တော်တော်လေး တရားစီရင်ခံရသလို ခံစားလိုက်ရတယ်။ အယောင်ဆောင်ခေါင်းဆောင်တွေဟာ ဇာတိပကတိ သက်သာမှုကို မွေ့လျော်ကြပြီး သူတို့ရဲ့တာဝန်တွေမှာ ဝတ်ကျေတမ်းကျေလုပ်ကြတယ်။ အလုပ်ကို အကောင်အထည်ဖော်တဲ့အခါမှာ အမိန့်တွေကို လက်ဆင့်ကမ်းပြီး ညွှန်ကြားချက်တွေ ထုတ်ပြန်ရုံနဲ့ ကျေနပ်နေကြတယ်၊ သူတို့ဟာ အလုပ်ရဲ့အသေးစိတ်တွေကို တကယ်တမ်း မကြီးကြပ်ဘူး၊ လိုက်မလုပ်ဘူး၊ ပြီးတော့ အလုပ်ထဲမှာရှိတဲ့ ပြဿနာတွေကို နားမလည်ဘူး၊ သဘောမပေါက်ဘူး။ ပြဿနာတွေကို ရှာဖွေတွေ့ရှိတဲ့အခါမှာတောင် အချိန်မီ မဖြေရှင်းကြဘူး၊ အလုပ်ရဲ့တိုးတက်မှုကို ဆိုးဆိုးရွားရွား နှောင့်နှေးစေတယ်။ ကျွန်မရဲ့ အပြုအမူကလည်း ဒီအတိုင်း တစ်ထပ်တည်း မဟုတ်ဘူးလား။ ကျွန်မဟာ အားစိုက်ထုတ်ရမှာနဲ့ ပင်ပန်းသွားမှာကို အမြဲကြောက်နေခဲ့ပြီး ကိုယ့်တာဝန်မှာ တာဝန်ယူစိတ် တစ်စက်မှမရှိခဲ့ဘူး။ အဖွဲ့တစ်ဖွဲ့ထဲက တရားဒေသနာအလုပ်က ရလဒ်တွေ မထွက်တာကို ကျွန်မတွေ့တဲ့အခါမှာ အလုပ်အကြောင်းကို ဟန်ပြသဘောမျိုးပဲ မေးမြန်းခဲ့ပြီး အဖွဲ့ခေါင်းဆောင်ကိုပဲ သွေဖည်မှုတွေနဲ့ ပြဿနာတွေကို အကျဉ်းချုပ်သုံးသပ်ဖို့ အဖွဲ့သားတွေကို ဦးဆောင်ခိုင်းခဲ့တယ်။ နောက်ပိုင်းမှာ အဖွဲ့သားတွေက အခက်အခဲတွေနဲ့ နေထိုင်နေကြတုန်းပဲဆိုတာ ရှာဖွေတွေ့ရှိတဲ့အခါမှာတောင် ဒါကို ဖြေရှင်းဖို့ အားပိုစိုက်ဖို့၊ ဒါမှမဟုတ် အဖိုးအခပိုပေးဆပ်ဖို့ ကျွန်မ မလိုလားခဲ့ဘူး။ အလုပ်ထဲက ပြဿနာတွေကို တကယ်တမ်းမဖြေရှင်းဘဲ ခေါင်းဆောင်တွေဆီက စာတွေကို သူတို့ဆီ ပို့ပေးလိုက်ပြီး သူတို့ဘာသာ လေ့လာပြီး ပါဝင်လုပ်ဆောင်ခိုင်းခဲ့တယ်။ ကျွန်မဟာ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်လိုပဲ တာဝန်မှာ တာဝန်မဲ့တယ်ဆိုတာကို ကျွန်မ မြင်ခဲ့တယ် တကယ့်အလုပ်ကိုမလုပ်ဘဲ ဟန်ပြပဲလုပ်နေတယ်။ ကိုယ့်တာဝန်မှာရှိတဲ့ တကယ့်အခက်အခဲတွေကို မဖြေရှင်းခဲ့ဘူး၊ ဒါကြောင့် ဘယ်သူမှ သူတို့တာဝန်တွေမှာ ရှေ့ဆက်ရမယ့်လမ်းကြောင်း မရရှိခဲ့ကြဘူး၊ အလုပ်ကလည်း ရပ်တန့်သွားခဲ့တယ်။ ဒါတွေအားလုံးက ကျွန်မ အလုပ်တကယ် မလုပ်ခဲ့တဲ့ အကျိုးဆက်တွေပဲ။ ကြီးကြပ်ရေးမှူးတာဝန်ကို ကျွန်မထမ်းဆောင်ဖို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကတော့ အဖွဲ့ရဲ့အလုပ်အသေးစိတ်တွေကို ကျွန်မက လိုက်လုပ်ဖို့၊ ကြီးကြပ်ဖို့နဲ့ ပါဝင်ပတ်သက်ဖို့၊ အဖွဲ့သားတွေရဲ့ အခြေအနေကို လေ့လာပြီး သဘောပေါက်ဖို့၊ သူတို့ရဲ့တာဝန်တွေမှာရှိတဲ့ သွေဖည်မှုတွေနဲ့ ပြဿနာတွေကို ရှာဖွေတွေ့ရှိပြီး ပြီးတော့ ဒီအရာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို အချိန်မီ မိတ်သဟာယဖွဲ့နိုင်ဖို့၊ ဒီလိုနဲ့ အလုပ်က ပုံမှန်တိုးတက်သွားစေဖို့ပဲ။ ဒါပေမဲ့ ကျွန်မဟာ ကိုယ့်တာဝန်တွေကို မဖြည့်ဆည်းခဲ့ဘူး။ ကျွန်မရဲ့ တာဝန်မှာ ကျွန်မက အမိန့်တွေကို လက်ဆင့်ကမ်းနေရုံနဲ့ ကျေနပ်နေခဲ့ပြီး အလုပ်ကို အကောင်အထည်ဖော်နေသရွေ့ အားလုံးအဆင်ပြေတယ်လို့ ကျွန်မ တွေးခဲ့တယ်။ အဲဒီအဖွဲ့က အဖွဲ့သားတွေအားလုံးဟာ စာနဲ့ ပတ်သက်တဲ့တာဝန်ကို နှစ်တွေအများကြီး ထမ်းဆောင်လာခဲ့ကြပြီး စည်းမျဉ်းတချို့ကိုလည်း နားလည်ကျွမ်းကျင်နေပြီဖြစ်လို့ ကျွန်မ အများကြီး စိတ်ပူပင်စရာ ဒါမှမဟုတ် အားစိုက်စရာ မလိုတော့ဘူးလို့လည်း ထင်ခဲ့တယ်။ ပုံမှန်ကိစ္စတစ်ခုလိုပဲ ကျွန်မက အလုပ်အားလုံးကို သူတို့အပေါ် ပုံချခဲ့တယ်၊ ပြီးတော့ ကိုယ်ကတော့ ဘာမှဝင်မလုပ်တဲ့ သူဌေးလိုမျိုး ဖြစ်နေခဲ့တယ်။ စဉ်းစားကြည့်တော့ သူတို့တာဝန်တွေမှာ အတွေ့အကြုံတချို့ ရှိပေမဲ့ လူတိုင်းမှာ သွေဖည်မှုတွေနဲ့ အားနည်းချက်တွေ ရှိကြတယ်၊ တစ်ခါတလေ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေထဲမှာ နေထိုင်မိနိုင်တယ်၊ ဒါကြောင့် သူတို့ရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားတွေကို ကျွန်မ အမြဲမပြတ် လေ့လာနေသင့်တယ်၊ အလုပ်ထဲက ပြဿနာတွေနဲ့ အခက်အခဲတွေကို နားလည်အောင်လုပ်ပြီး အချိန်မီဖြေရှင်းပေးသင့်တယ်။ ဒါတွေဟာ ကျွန်မရဲ့ တာဝန်တွေပဲ။ ဒါပေမဲ့ ကျွန်မ စဉ်းစားခဲ့သမျှက ကိုယ့်ဇာတိပကတိရဲ့ ဆင်းရဲဒုက္ခကို ဘယ်လိုလျှော့ချမလဲဆိုတာချည်းပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို တစ်စက်မှ အလေးမထားခဲ့ဘူး။ ကျွန်မ စိတ်ပိုင်းဆိုင်ရာ အားစိုက်ထုတ်မှု နည်းခဲ့ပြီး ဇာတိပကတိက အရင်ကလောက် သိပ်မပင်ပန်းခဲ့ပေမဲ့ ဇာတိပကတိကို အလေးထားပြီး ကိုယ့်တာဝန်ကို ဝတ်ကျေတမ်းကျေလုပ်ခဲ့တဲ့အတွက် အလုပ်ရဲ့တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရှေ့မှာ ပြစ်မှားမိခဲ့တယ်။ ဒီလိုတွေးမိတဲ့အခါမှာ ကျွန်မ အရမ်းကို နောင်တရပြီး ဘုရားသခင်ကို အကြွေးတင်ခဲ့တယ်။

အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်။ ကိုယ့်တာဝန်မှာ ဘာလို့ အားပိုမစိုက်ချင်ရတာလဲ၊ ပြီးတော့ ဘာလို့ အမြဲတမ်း ဝတ်ကျေတမ်းကျေလုပ်ပြီး တာဝန်မဲ့နေရတာလဲ။ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “‘ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ’ ဟူသည့် အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့နေစဉ် မကြာခဏ ပြောဆိုဆွေးနွေးကြပြီးဖြစ်သည့် နောက်ထပ် အယောင်ဆောင် ခေါင်းဆောင်တစ်မျိုးရှိသည်။ ဤအမျိုးအစားတွင် အစွမ်းအစ အနည်းငယ်ရှိသည်။ ၎င်းတို့သည် ဉာဏ်မထက်မြက်သူများ မဟုတ်ကြပေ။ ၎င်းတို့၏ အလုပ်တွင် နည်းလမ်းများနှင့် နည်းစနစ်များ ရှိသည့်အပြင် ပြဿနာများကို ဖြေရှင်းခြင်းအတွက် အစီအစဉ်များလည်း ရှိကြပြီး ၎င်းတို့အား အလုပ်တစ်ခု ပေးအပ်သည့်အခါ မျှော်လင့်ထားသည့် စံနှုန်းများနှင့် နီးစပ်အောင် အကောင်အထည်ဖော်နိုင်ကြသည်။ အလုပ်တွင် ပေါ်ပေါက်လာသည့် မည်သည့်ပြဿနာကိုမဆို ၎င်းတို့က ရှာဖွေတွေ့ရှိနိုင်ပြီး အချို့ကိုလည်း ဖြေရှင်းပေးနိုင်ကြသည်။ အချို့လူများ တင်ပြသည့် ပြဿနာများကို ကြားရသည့်အခါ သို့မဟုတ် အချို့လူများ၏ အပြုအမူ၊ သရုပ်သကန်များ၊ စကားနှင့် လုပ်ရပ်များကို သတိပြုမိသည့်အခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် တုံ့ပြန်မှုတစ်ခုရှိကြပြီး ၎င်းတို့တွင် ကိုယ်ပိုင်ထင်မြင်ချက်နှင့် သဘောထားတစ်ခု ရှိကြသည်။ ဤလူများက သမ္မာတရားကို လိုက်စားပြီး ဝန်တာစိတ်ရှိကြလျှင် ဤပြဿနာအားလုံးကို ဖြေရှင်း၍ရပေသည်။ သို့သော် ယနေ့ ငါတို့ မိတ်သဟာယဖွဲ့နေသည့် လူအမျိုးအစား၏ တာဝန်အောက်ရှိ အလုပ်တွင်မူ ပြဿနာများက မမျှော်လင့်ဘဲ မပြေမလည်ဖြစ်သွားရသည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဤလူများသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သက်သာလွယ်ကူမှုကို နှစ်သက်ပြီး ကြိုးစားအားထုတ်ရခြင်းကို မုန်းတီးကြသည်။ ၎င်းတို့သည် အပေါ်ယံအားဖြင့် ဝတ်ကျေတမ်းကျေ အားထုတ်မှုများကိုသာ ပြုလုပ်နေကြသည်။ ၎င်းတို့သည် အလုပ်မရှိဘဲ အားနေခြင်းနှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားခြင်းအား နှစ်သက်ကြပြီး လူများကို ဩဇာပေးခြင်းအား နှစ်သက်ကြသည်။ ၎င်းတို့သည် ပါးစပ်ကိုသာ အနည်းငယ် လှုပ်ရှားပြီး အကြံဉာဏ်အချို့ ပေးကာ ထို့နောက်တွင် မိမိတို့၏အလုပ် ပြီးပြီဟု မှတ်ယူကြသည်။ အသင်းတော်၏ လက်တွေ့ကျသော အလုပ် သို့မဟုတ် ဘုရားသခင်က ၎င်းတို့အား အပ်နှံသည့်အရေးကြီးသောအလုပ် တစ်ခုတလေကိုမျှ နှလုံးမသွင်းကြပေ။ ၎င်းတို့တွင် ဤဝန်တာစိတ် မရှိကြသည့်အပြင် ဘုရားအိမ်တော်က ဤအရာများကို ထပ်တလဲလဲအလေးပေးပြောဆိုလျှင်ပင် ၎င်းတို့က နှလုံးမသွင်းကြသေးပေ။ ဥပမာအားဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ် သို့မဟုတ် စာနှင့်ပတ်သက်သောအလုပ်တွင် ဝင်ရောက်စွက်ဖက်ရန် သို့မဟုတ် စုံစမ်းမေးမြန်းရန် အလိုမရှိကြသကဲ့သို့ ဤအလုပ်အမျိုးအစားများက မည်သို့ တိုးတက်နေသည်ကိုလည်းကောင်း၊ မည်သည့်ရလဒ်များ စွမ်းဆောင်ရရှိနေသည်ကိုလည်းကောင်း စစ်ဆေးရန် ဆန္ဒမရှိကြပေ။ ၎င်းတို့သည် သွယ်ဝိုက်သော စုံစမ်းမေးမြန်းမှုအချို့ကိုသာ ပြုလုပ်ကြပြီး လူများက ဤအလုပ်နှင့်ပတ်သက်၍ အလုပ်များနေကြပြီး ဤအလုပ်အား လုပ်ဆောင်နေကြသည်ကို သိလိုက်သည်နှင့်တစ်ပြိုင်နက် ယင်းကို နောက်ထပ် စိတ်မဝင်စားကြတော့ပေ။ အလုပ်တွင် ပြဿနာများရှိကြောင်း ၎င်းတို့ လုံးဝ ကောင်းစွာ သိသည့်အခါတွင်ပင် ၎င်းတို့သည် မိတ်သဟာယဖွဲ့ပြီး ထိုပြဿနာများကို မဖြေရှင်းချင်ကြသေးသည့်အပြင် လူများက မိမိတို့၏ တာဝန်များအား မည်သို့ ထမ်းဆောင်နေကြသည်ကိုလည်း စုံစမ်းမေးမြန်းခြင်း သို့မဟုတ် စစ်ဆေးခြင်း မရှိကြပေ။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာများကို စုံစမ်းမေးမြန်းခြင်း သို့မဟုတ် စစ်ဆေးခြင်း မရှိကြသနည်း။ ၎င်းတို့က ထိုအရာများကို စစ်ဆေးလျှင် ဖြေရှင်းပေးရမည့် စောင့်ဆိုင်းနေသော ပြဿနာများစွာ ရှိလိမ့်မည်ဖြစ်ပြီး ယင်းမှာ အလွန် စိတ်ပူပန်စရာ ဖြစ်လိမ့်မည်ဟု ၎င်းတို့ ထင်ကြသည်။ ပြဿနာများကို ၎င်းတို့ အမြဲ ဖြေရှင်းနေရမည်ဆိုလျှင် ဘဝက အလွန်အမင်း ပင်ပန်းစရာဖြစ်လိမ့်မည်ဖြစ်ခြင်း။ အကယ်၍ ၎င်းတို့ အလွန်အမင်း စိုးရိမ်ပူပန်ပါက အစားအစာသည် ၎င်းတို့အတွက် အရသာရှိတော့မည် မဟုတ်ဘဲ ကောင်းစွာ အိပ်စက်နိုင်ကြမည် မဟုတ်ပေ။ ၎င်းတို့၏ ဇာတိပကတိသည် ပင်ပန်းလိမ့်မည်ဖြစ်ပြီး ထိုအခါ ဘဝသည် စိတ်မချမ်းမြေ့စရာ ဖြစ်လာလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ပြဿနာတစ်ခုကို ၎င်းတို့ မြင်သည့်အခါတွင် ရှောင်လွှဲနိုင်လျှင် ရှောင်လွှဲပြီး လျစ်လျူရှုနိုင်လျှင် လျစ်လျူရှုကြသည်။ ဤလူအမျိုးအစားနှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ (၎င်းတို့ အလွန်ပျင်းရိကြပါသည်။) မည်သူသည် ဆိုးရွားသော ပြဿနာ ရှိသလောဟူသည်ကို ငါ့အား ပြောလော့။ ပျင်းရိသောလူများလော၊ သို့မဟုတ် အစွမ်းအစနည်းသောလူများလော။ (ပျင်းရိသောလူများဖြစ်ပါသည်။) အဘယ်ကြောင့် ပျင်းရိသောလူများက ဆိုးသောပြဿနာရှိသနည်း။ (အစွမ်းအစနည်းသောလူများသည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် မဖြစ်နိုင်သော်လည်း ၎င်းတို့တတ်စွမ်းနိုင်သမျှ တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါတွင် အတော်အတန် ထိရောက်နိုင်သည်။ သို့ရာတွင် ပျင်းရိသောလူများက မည်သည့်အရာကိုမျှ မလုပ်နိုင်ပေ။ ၎င်းတို့သည် အစွမ်းအစရှိလျှင်ပင် ယင်းက အကျိုးသက်ရောက်မှု မရှိပါ။) ပျင်းရိသောလူများသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ယင်းကို စကားလုံးများဖြင့် အနှစ်ချုပ်လျှင် ၎င်းတို့သည် အသုံးမကျသော လူများဖြစ်သည်။ ၎င်းတို့သည် ဒုတိယတန်းစား ဒုက္ခိတများဖြစ်ကြသည်။ ပျင်းရိသောလူများ၏ အစွမ်းအစသည် မည်မျှကောင်းပါစေ အဆင်တန်ဆာသက်သက်သာဖြစ်သည်။ ၎င်းတို့တွင် အစွမ်းအစကောင်း ရှိသော်လည်း ယင်းမှာ အသုံးမဝင်ပေ။ ၎င်းတို့သည် အလွန်ပျင်းလွန်းကြသည်။ မည်သည့်အရာကို လုပ်သင့်သည်ကို ၎င်းတို့သိသော်ငြားလည်း ၎င်းတို့ မလုပ်ဆောင်ပေ။ ပြီးလျှင် တစ်စုံတစ်ခုက ပြဿနာဖြစ်သည်ကို ၎င်းတို့ သိလျှင်ပင် ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေကြပေ။ ပြီးလျှင် အလုပ်သည် ထိရောက်မှုရှိရန်အတွက် မည်သည့်ဆင်းရဲဒုက္ခများ ခံသင့်သည်ကို ၎င်းတို့သိကြသော်ငြားလည်း ၎င်းတို့သည် အကျိုးရှိသော ဤဆင်းရဲဒုက္ခများကို ခါးစည်းခံရန် မလိုလားကြသောကြောင့် ၎င်းတို့သည် မည်သည့်သမ္မာတရားများကိုမျှ မရရှိနိုင်ကြဘဲ မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်နိုင်ကြ။ ၎င်းတို့သည် လူများ ခါးစည်းခံသင့်သည့် ဆင်းရဲဒုက္ခများကို ခါးစည်းခံရန် ဆန္ဒမရှိကြ။ ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာမှုတွင် ပျော်မွေ့ရန်၊ ဝမ်းမြောက်ခြင်းနှင့် နားနေချိန်တို့ကို ပျော်မွေ့ခံစားရန်နှင့် လွတ်လပ်ပြီး သက်သောင့်သက်သာရှိသော အသက်တာကို ပျော်မွေ့ခံစားရန်တို့ကိုသာ သိကြသည်။ ၎င်းတို့သည် အသုံးမကျကြသည် မဟုတ်လော။ ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ခြင်း မရှိသောလူများသည် အသက်ရှင်ရန် မထိုက်တန်ပေ။ ကပ်ပါးကောင်တစ်ကောင်၏ ဘဝကို အစဉ်သဖြင့် အသက်ရှင်နေထိုင်ရန် ဆန္ဒရှိသည့်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့် လူများဖြစ်သည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်ကြပြီး ထိုသို့သော လူများသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် မသင့်တော်ကြချေ။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်ခြင်း မရှိသောကြောင့် အလုပ်လုပ်ပေးခြင်းကို ၎င်းတို့ ထမ်းဆောင်သည့်အခါတွင်ပင် ယင်းကို ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိရန် ဆန္ဒရှိလျှင်ပင် ယင်းအတွက် မျှော်လင့်ချက် သာ၍ပင် နည်းပါးလေသည်။ ဆင်းရဲဒုက္ခကို မခံနိုင်ဘဲ သမ္မာတရားကို မချစ်သောသူတစ်ဦးသည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ ၎င်းသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် အရည်အချင်းပြည့်မီခြင်း မရှိ။ ၎င်းတို့သည် လူ့သဘာဝ တစ်စက်မျှမရှိသည့် လူ့တိရစ္ဆာန်ဖြစ်သည်။ ထိုသို့သောလူများကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈))စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက် ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားသခင်က ပြောသည် “ပျင်းရိသောလူများ၏ အစွမ်းအစသည် မည်မျှကောင်းပါစေ အဆင်တန်ဆာသက်သက်သာဖြစ်သည်။” ပြီးတော့ “၎င်းသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် အရည်အချင်းပြည့်မီခြင်း မရှိ။ ၎င်းတို့သည် လူ့သဘာဝ တစ်စက်မျှမရှိသည့် လူ့တိရစ္ဆာန်ဖြစ်သည်။” ပြီးတော့ “ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။” ဘုရားသခင်က အယောင်ဆောင်ခေါင်းဆောင်တွေကို ဘယ်လောက်တောင် မုန်းတီးတယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ရဲ့ အစွမ်းအစက ဘယ်လောက်ပဲကောင်းနေပါစေ၊ သူတို့က အရမ်းပျင်းရိတယ်၊ တာဝန်မှာ တာဝန်မဲ့တယ်၊ ပြီးတော့ အလုပ်ရဲ့အသေးစိတ်တွေကို မကြီးကြပ်ဘူး၊ လိုက်မလုပ်ဘူး၊ သူတို့က ဘုရားသခင်ရဲ့ အမုန်းတရားနဲ့ စက်ဆုပ်ရွံရှာတာကို ခံရမှာပဲ။ သူတို့ဟာ ဘုရားသခင်ရဲ့ မုန်းတီးခြင်းနဲ့ ရွံရှာခြင်းကို ခံရလိမ့်မယ်။ ဒီစကားတွေကို ဖတ်နေရတာ ဘုရားသခင်က ကျွန်မကို မျက်နှာချင်းဆိုင် တရားစီရင်နေသလိုပဲ ခံစားရပြီး စကားလုံးတိုင်းက ကျွန်မနှလုံးသားကို ထိုးနှက်နေခဲ့တယ်။ စဉ်းစားကြည့်တော့ ကျွန်မ စိတ်ပိုင်းဆိုင်ရာ အားပိုမစိုက်ချင်ခဲ့တဲ့အကြောင်းရင်းက ကျွန်မ အရမ်းပျင်းရိပြီး သက်သာမှုကို အရမ်းမွေ့လျော်နေလို့ပဲ။ ကျွန်မ ဘုရားသခင်ကို မတွေ့ခင်တုန်းက လူတွေပြောတာကို ခဏခဏ ကြားခဲ့ရတယ်၊ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော။” “သေရည်ကို သာယာစွာသောက်ရင်း သီချင်းဆိုပျော်ပါးကြ၊ လူ့ဘဝမှာ အချိန်ဘယ်လောက်များ ရှိလို့လဲ။” “ဒီနေ့အတွက်ပဲ ဒီနေ့ကြည့်၊ အမှားအမှန်တွေကို ဂရုမစိုက်နဲ့။” စာတန်သွတ်သွင်းပေးခဲ့တဲ့ ဒီအဓိပ္ပာယ်မရှိတဲ့ အတွေးအခေါ်တွေနဲ့ ကျွန်မ ပုံသွင်းခံရပြီး အဆိပ်ခတ်ခံခဲ့ရတယ်၊ ဒါကြောင့် ကျွန်မဟာ ဇာတိပကတိရဲ့ သက်သာမှုတွေထဲမှာ နေရတာကို ကြိုက်ပြီး လွတ်လပ်သက်သောင့်သက်သာရှိတဲ့ဘဝကို လိုက်စားခဲ့တယ်။ ဇာတိပကတိရဲ့ သာယာမှုကို ကောင်းကောင်းခံစားရမှပဲ လူတစ်ယောက်က လွတ်လပ်ပေါ့ပါးတဲ့ဘဝကို ရနိုင်မယ်လို့ ကျွန်မ ခံစားခဲ့တယ်။ ကျွန်မဟာ ဒီစာတန်ဆန်တဲ့ ရှင်သန်ရေးအမြင်တွေနဲ့ အသက်ရှင်ခဲ့တယ်၊ ကိုယ့်တာဝန်က အလုပ်များပြီး ပင်ပန်းလာတဲ့အခါတိုင်း ကိုယ့်ဇာတိပကတိအတွက် စစဉ်းစားပြီး စီစဉ်တော့တာပဲ၊ ကိုယ်တတ်နိုင်တဲ့အရာတွေကိုတောင် မလုပ်တော့ဘူး။ အလုပ်ရဲ့တိုးတက်မှုက နှေးကွေးနေတာကိုရော အဲဒီအဖွဲ့က အဖွဲ့သားတွေ သူတို့တာဝန်မှာ အခက်အခဲတွေ ကြုံနေရတာကိုရော ကျွန်မ ကောင်းကောင်းသိပေမဲ့ ဒီပြဿနာတွေကို ဖြေရှင်းဖို့ အဖိုးအခ မပေးချင်ခဲ့ဘူး။ ကျွန်မ စဉ်းစားခဲ့သမျှက ကိုယ်ဘယ်လို အလုပ်နည်းနည်းပဲလုပ်ပြီး ဒုက္ခနည်းနည်းပဲခံရမလဲ ဆိုတာချည်းပဲ။ ကျွန်မရဲ့သဘာဝက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်၊ လူ့သဘာဝ လုံးဝမရှိဘူး။ ဘုရားသခင်ဟာ လူ့ဇာတိခံပြီး လူတွေကို အမှုပြုဖို့နဲ့ ကယ်တင်ဖို့ ကမ္ဘာမြေပေါ်ကို ကြွလာခဲ့တယ်။ ကိုယ်တော်က ဘယ်တော့မှ ကြွေးကြော်သံတွေ မအော်ဘူး၊ အဲဒီအစား လူတွေရဲ့လိုအပ်ချက်တွေအလိုက် သူတို့ကို ထောက်ပံ့ပေးဖို့ သမ္မာတရားကို လက်တွေ့ကျကျ ဖော်ပြတယ်။ ကျွန်မတို့လူသားတွေမှာ ဘယ်လိုအခက်အခဲတွေ၊ ပြဿနာတွေပဲရှိရှိ ခရစ်တော်က ကျွန်မတို့နဲ့အတူ မမောမပန်း၊ စိတ်ရှည်လက်ရှည်နဲ့ မိတ်သဟာယဖွဲ့ပေးတယ်၊ ကျွန်မတို့တာဝန်တွေထဲက ပြဿနာနဲ့ အခက်အခဲအမျိုးမျိုးကို လက်တွေ့ကျကျ ဖြေရှင်းပေးတယ်။ ခရစ်တော်ဟာ သူပြုမူတဲ့အရာမှာ အရမ်းလုံ့လဝီရိယရှိပြီး တာဝန်သိတတ်တာကို ကျွန်မ တွေ့ခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့ ကျွန်မရဲ့ တာဝန်တွေမှာ ကျွန်မက တတ်နိုင်သမျှ ဝတ်ကျေတမ်းကျေ လုပ်ခဲ့ပြီး တတ်နိုင်သမျှ ဒုက္ခအနည်းဆုံး ခံဖို့ ကြိုးစားခဲ့တယ်။ ကျွန်မဟာ အရမ်းပျင်းရိပြီး ယိုယွင်းပျက်စီးတယ်၊ တည်ကြည်မှု၊ ဂုဏ်သိက္ခာ တစ်စက်မှမရှိဘဲ အသက်ရှင်ခဲ့တယ်။ ကျွန်မသာ နောင်တမရရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ပစ်ပယ်ခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမယ်၊ ကိုယ့်ရဲ့ ကယ်တင်ခြင်းအခွင့်အရေးကို ဖျက်ဆီးမိမှာပဲ။ ပြီးတော့ ဘုရားသခင်ရဲ့အလုပ် ပြီးဆုံးတဲ့အချိန်က ကျွန်မ အပြစ်ပေးခံရမယ့် အချိန်လည်း ဖြစ်လာမှာပဲ။ ဒီလိုတွေးမိတဲ့အခါ ကျွန်မ အရမ်းကို စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးဟာ တာဝန်ထမ်းဆောင်တဲ့အခါ ဇာတိပကတိကိုပဲ အမြဲအလေးထားပြီး အားပိုမစိုက်ချင်ခဲ့ပါဘူး။ ကြွေးကြော်သံတွေပဲ အော်ပြီး ဘာတကယ့်အလုပ်မှ မလုပ်ခဲ့ပါဘူး။ သမီးရဲ့တာဝန်ကို ထိခိုက်စေခဲ့ပြီး ကိုယ်တော့်ရဲ့ ရွံရှာခြင်းကို ခံခဲ့ရပါတယ်။ အို ဘုရားသခင်၊ သမီးနောင်တရချင်ပါတယ်။ ရှေ့ဆက်ပြီး ဇာတိပကတိကို ပုန်ကန်ပြီး အဖွဲ့ထဲက တကယ့်ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းဖို့ ဆန္ဒရှိပါတယ်၊ ကိုယ်တော့်ကို ကျေနပ်စေဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ပါ့မယ်” လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် ပိုဖတ်ခဲ့ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ရခဲ့တယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်သည် သင့်အား လုံလောက်သော အစွမ်းအစနှင့် သာလွန်ကောင်းမွန်သော အခြေအနေများကို ပေးထားပြီး၊ အချို့အရာများကို ရှင်းလင်းစွာ မြင်နိုင်စေကာ ဤအလုပ်အတွက် အရည်အချင်းပြည့်မီစေသည်။ သို့သော်လည်း၊ သင်၌ မှန်ကန်သော သဘောထားမရှိပေ၊ သင်၌ သစ္စာစောင့်သိခြင်း သို့မဟုတ် စိတ်ရင်းမှန် မရှိသည့်အပြင်၊ ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အကောင်းဆုံး ကြိုးစားလိုစိတ် မရှိပေ။ ဤသည်မှာ ဘုရားသခင်ကို အလွန်စိတ်ပျက်စေသည်။ သို့ဖြစ်၍၊ သင်သည် ပျင်းရိပြီး သင့်အား ပေးအပ်ထားသော အလုပ်ကို စိတ်အနှောင့်အယှက်ဖြစ်သည်ဟု အစဉ်သဖြင့် ခံစားရကာ လုပ်ဆောင်လိုစိတ်မရှိသည့်အပြင်၊ ‘အဘယ်ကြောင့် အခြားတစ်စုံတစ်ဦးကို မခိုင်းဘဲ ကျွန်ုပ်ကို ခိုင်းရသနည်း’ ဟု စိတ်ထဲတွင် မြည်တမ်းပါက၊ ဤသည်မှာ မိုက်မဲသော အတွေးတစ်ခု ဖြစ်သည်။ တာဝန်တစ်ခု သင့်အပေါ် ကျရောက်လာသည့်အခါ၊ ယင်းမှာ ကံအကြောင်းမလှသည့် ဖြစ်ရပ်တစ်ခုမဟုတ်ပေ။ ယင်းမှာ ဂုဏ်ယူစရာတစ်ခုဖြစ်ပြီး၊ ဝမ်းမြောက်ဝမ်းသာ သင် လက်ခံသင့်သည်။ သင်လုပ်ဆောင်သင့်သည့် တာဝန်ကို လုပ်ဆောင်ရာတွင် သင်သည် ကိုယ့်ကိုယ်ကိုယ် ပင်ပန်းနွမ်းနယ်စေမည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့်၊ သင်သည် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး သမ္မာတရားကို နားလည်ကာ ပြဿနာများကို ဖြေရှင်းလျှင်၊ သင်၏ စိတ်နှလုံးထဲတွင် တည်ငြိမ်ပြီး စိတ်ချခိုင်မာသည်ဟု ခံစားရလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို သင်စိတ်ပျက်စေခဲ့မည် မဟုတ်ပေ။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် ယုံကြည်ခြင်းရှိလိမ့်မည်ဖြစ်ပြီး ခေါင်းမော့ရင်ကော့၍ ကျင့်ကြံပြုမူနိုင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁))ကြီးမားသော အထူးတာဝန်၊ တာဝန် သို့မဟုတ် ဝတ္တရားတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ငါတို့ ပြောမည် မဟုတ်။ သို့သော် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင်ဖြစ်မြောက်သင့်သည်။ ဥပမာ အသင်းတော်တွင် လူအချို့သည် ဧဝံဂေလိ ဖြန့်ဝေခြင်းအမှုကို အားကုန်စိုက်ထုတ်၍ လုပ်ဆောင်ကြပြီး ၎င်းတို့ တစ်ဘဝလုံး၏ အားအင်ကို ဆက်ကပ်အပ်နှံကြသည်။ အဖိုးအခ ကြီးစွာပေးဆပ်ပြီး လူများစွာကို ရရှိကြသည်။ ဤအတွက်ကြောင့် ၎င်းတို့၏ ဘဝများသည် အချည်းနှီးအသက်ရှင်ခဲ့ခြင်းမရှိ၊ ၎င်းတို့သည် တန်ဖိုးရှိပြီး ကိုယ်စိတ်ချမ်းသာမှု ရှိသည်ဟူ၍ ၎င်းတို့က ခံစားရသည်။ ဖျားနာခြင်း၊ သို့မဟုတ် သေခြင်းကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏ တစ်ဘဝလုံးကို အနှစ်ချုပ်ပြီး ၎င်းတို့ အစဉ်လုပ်ဆောင်ခဲ့သမျှတိုင်းကို၊ ၎င်းတို့ လျှောက်ခဲ့သောလမ်းကို ပြန်လည်စဉ်းစားသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် စိတ်သက်သာမှုကို တွေ့ရှိကြသည်။ အပြစ်တင်ခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ၎င်းတို့ မခံစားရပေ။ လူအချို့သည် အသင်းတော်ကို ဦးဆောင်စဉ်တွင်၊ သို့မဟုတ် အလုပ်ကဏ္ဍတစ်ခုအတွက် တာဝန်ခံရစဉ်တွင် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စွမ်းရည် အပြည့်အဝကို ထုတ်လွှတ်ကြပြီး အားကုန် ထုတ်သုံးကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်အလုပ်အတွက် အားအင်အလုံးစုံကို အသုံးပြုပြီး အဖိုးအခပေးဆပ်ကြသည်။ ၎င်းတို့သည် အားကြီးပြီး ခိုင်မာစွာ ရပ်တည်ရန်၊ နောက်မဆုတ်ရန်၊ ထိုအစား ဘုရားသခင်၏ မျက်မှောက်တော်သို့ ပြန်လာပြီး နောက်ဆုံး၌ ဘုရားသခင်အတွက်ပင် သက်သေခံရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အားနည်းချက်များနှင့် အပျက်သဘောဆောင်ခြင်းတို့အလယ်တွင် ၎င်းတို့၏ ရေလောင်းခြင်း၊ ခေါင်းဆောင်ခြင်း၊ ကူညီပံ့ပိုးခြင်းမှတစ်ဆင့် လူများစွာကို ကူညီကြသည်။ ထို့အပြင် ၎င်းတို့ ခေါင်းဆောင်သည့် အချိန်ကာလအတွင်းတွင် အရေးပါသော အလုပ်များစွာကို ပြီးမြောက်ကြပြီး ဆိုးယုတ်သောသူ တော်တော်များများကို ရှင်းလင်းပစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပေးသည်။ ကြီးမားသော ဆုံးရှုံးမှုအချို့ကို ပြန်လည် ရယူပေးသည်။ ဤအောင်မြင်မှုအားလုံးသည် ၎င်းတို့ ခေါင်းဆောင်သည့်အချိန်အတွင်းတွင် ဖြစ်ပေါ်သည်။ ၎င်းတို့လျှောက်ခဲ့သည့်လမ်းကြောင်းကို ပြန်ကြည့်လျှင်၊ ဤနှစ်များတစ်လျှောက်တွင် ၎င်းတို့လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် ပေးဆပ်ခဲ့သည့် အဖိုးအခကို ပြန်ပြောင်းတွေးကြည့်လျှင် ၎င်းတို့သည် နောင်တရခြင်း၊ သို့မဟုတ် အပြစ်တင်ခြင်းကို မခံစားရပေ။ ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ မည်သည့်နောင်တမျှ မခံစားရဘဲ တန်ဖိုးရှိသည့်အသက်တာကို အသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်းတို့၏ စိတ်နှလုံးတွင် တည်ငြိမ်မှုနှင့် ကိုယ်စိတ်ချမ်းသာမှုတို့ ရှိကြသည်ဟု ယုံကြည်ကြ၏။ ယင်းမှာ ကောင်းလှပါတကား။ ဤသည်မှာ ၎င်းတို့ ရရှိပြီးဖြစ်သည့် အသီးအပွင့်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤတည်ငြိမ်ပြီး သက်သာသည့် ခံစားချက်သည်၊ ဤနောင်တများမရှိခြင်းသည် အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို လိုက်စားခြင်း၏ ရလဒ်နှင့် ရိတ်သိမ်းမှုဖြစ်သည်။ လူတို့အပေါ် မြင့်မားသောစံနှုန်းများကို မထားရှိကြစို့နှင့်။ လူတစ်ယောက်က သူ၏ ဘဝတစ်လျှောက်တွင် သူလုပ်ဆောင်သင့်သည့်၊ သို့မဟုတ် လုပ်ဆောင်ရန် လိုလားသည့် အလုပ်တစ်ခုနှင့် ရင်ဆိုင်ရသည့် အခြေအနေတစ်ခုကို စဉ်းစားကြည့်ကြစို့။ သူ၏ နေရာကို ရှာတွေ့ပြီးနောက်တွင် သူသည် သူ၏နေရာတွင် ခိုင်မာစွာရပ်တည်သည်၊ သူ၏ နေရာကို စွဲကိုင်ထားသည်၊ အပန်းတကြီးလုပ်ရသော အားထုတ်မှုနှင့် သူ၏ အင်အားအားလုံးတို့ကို အသုံးပြုကာ သူ လုပ်ဆောင်သင့်ပြီး ပြီးမြောက်သင့်သည့်အရာကို အောင်မြင်ပြီး ပြီးမြောက်လေသည်။ ၎င်းတို့သည် နောက်ဆုံးတွင် ရှင်းလင်းပြောဆိုရန်အတွက် ဘုရားရှေ့၌ ရပ်သောအခါ အတော်အတန်ပင် ကျေနပ်မှုရှိကြပြီး ၎င်းတို့၏ စိတ်နှလုံးတွင် အပြစ်တင်ခြင်း၊ သို့မဟုတ် နောင်တရခြင်း မရှိပေ။ ၎င်းတို့သည် စိတ်သက်သာရာရကာ တစ်စုံတစ်ခုကို ရရှိပြီးဖြစ်သည်ဟုလည်းကောင်း၊ တန်ဖိုးရှိသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်သည်ဟုလည်းကောင်း ခံစားကြရသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) ဘုရားနှုတ်ကပတ်တော်ကို ချင့်ချိန်စဉ်းစားရင်းနဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ဆုကျေးဇူးတွေနဲ့ အစွမ်းအစတွေ ချီးမြှင့်ပြီး ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးပေးခဲ့တာဟာ ကျွန်မ ကိုယ့်တာဝန်မှာ အဖိုးအခပေးဆပ်မယ်၊ ကိုယ်လုပ်တဲ့အရာတွေမှာ အလေးအနက်ထားပြီး တာဝန်ယူမယ်၊ စိတ်နှလုံးအကြွင်းမဲ့နဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပဲ။ ဒီလိုနည်းနဲ့သာ ကျွန်မရဲ့ဘဝက အဓိပ္ပာယ်ရှိနိုင်မှာပါ။ ကိုယ့်တာဝန်မှာ ကျွန်မ အမြဲပျင်းရိပြီး သက်သာမှုကို မွေ့လျော်နေမယ်ဆိုရင် ဇာတိပကတိက သိပ်ဒုက္ခမခံရပေမဲ့ အလုပ်ကိုတော့ ထိခိုက်စေမှာပဲ။ ဒါဟာ ဘုရားသခင်ရဲ့ ရွံရှာခြင်းကို ခံရတဲ့အရာပဲ။ အခု ဘုရားသခင်ရဲ့အလုပ်က နောက်ဆုံး အရေးကြီးဆုံးအချိန်ကို ရောက်နေပြီ။ ကျွန်မသာ ဇာတိပကတိကို ဆက်ပြီးအလေးထားနေပြီး ကိုယ့်အချိန်နဲ့အင်အားကို တာဝန်ပေါ်မှာ အသုံးမပြုဘူးဆိုရင် ဘုရားသခင်ရဲ့အလုပ် ပြီးဆုံးသွားတဲ့အခါ ကျွန်မအတွက် ထာဝရနောင်တတွေပဲ ကျန်ခဲ့လိမ့်မယ်။ ကိုယ့်တာဝန်အပေါ်ထားတဲ့ သဘောထားကို ကျွန်မ ပြောင်းပြန်လှန်ပစ်ရမယ်၊ အလေးအနက်ထားပြီး တာဝန်ယူရမယ်၊ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းကုန်နဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းရမယ်၊ ပြဿနာတွေတွေ့လာတဲ့အခါမှာ ဘုရားသခင်ကို အားကိုးပြီး အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေသင့်တယ်၊ ပြီးတော့ လက်တွေ့ကျကျနဲ့ တကယ့်အလုပ်တချို့ကို လုပ်ဆောင်သင့်တယ်။ အဲဒီနောက်မှာ ကျွန်မဟာ တရားဒေသနာတွေရဲ့ အရည်အသွေးညံ့ဖျင်းရတဲ့အကြောင်းရင်းကို အမှန်တကယ် ရှာဖွေစုံစမ်းခဲ့တယ်။ အဓိကကတော့ ညီအစ်ကိုမောင်နှမတွေက တရားဒေသနာတွေကို စိစစ်ရွေးချယ်တဲ့ စည်းမျဉ်းတွေကို ကောင်းကောင်း သဘောမပေါက်ဘဲ သူတို့သင်ယူထားတာတွေကို လက်တွေ့အသုံးမချနိုင်လို့ပဲ။ ဒီပြဿနာတွေအတွက် အဖြေအနေနဲ့ ကျွန်မဟာ သူတို့နဲ့အတူ တရားဒေသနာတချို့ကို စိစစ်ရွေးချယ်ပြီး စည်းမျဉ်းတွေကို လေ့လာခဲ့တယ်၊ ပြဿနာတွေနဲ့ သွေဖည်မှုတွေကို တွေ့ရှိတဲ့အခါ အချိန်မီ မိတ်သဟာယဖွဲ့ပြီး ပြုပြင်ခဲ့တယ်။ နောက်ပိုင်းမှာ သူတို့ဟာ သူတို့တာဝန်တွေမှာ ရလဒ်တချို့ ရရှိခဲ့ကြတယ်။ အချိန်နဲ့အင်အား ပိုသုံးခဲ့ရပြီး ဇာတိပကတိက နည်းနည်းပိုဒုက္ခခံခဲ့ရပေမဲ့ စိတ်ထဲမှာတော့ ငြိမ်းချမ်းပြီး တည်ငြိမ်တယ်လို့ ခံစားရတယ်။ တစ်ချိန်တည်းမှာပဲ အဖွဲ့သားတွေနဲ့အတူ စည်းမျဉ်းတွေကို လေ့လာရင်းနဲ့ ကိုယ်တိုင်လည်း စည်းမျဉ်းတွေကို ပိုနားလည်လာခဲ့တယ်။ ဒါတွေအားလုံးက အလုပ်မှာ အမှန်တကယ်ပါဝင်ခြင်းကနေ ရရှိခဲ့တဲ့ ရလဒ်တွေပဲ။

အဲဒီနောက်မှာ ကျွန်မဟာ တခြားအဖွဲ့တွေရဲ့အလုပ်ကို လိုက်လုပ်ရင်းနဲ့ တရားဒေသနာအဖွဲ့ရဲ့အလုပ်ကိုလည်း အာရုံစိုက်ခဲ့တယ်။ ခေါင်းဆောင်တွေ အကောင်အထည်ဖော်ခဲ့တဲ့ စည်းမျဉ်းတွေကို ညီအစ်ကိုမောင်နှမတွေနဲ့ အသေးစိတ်၊ တစ်ယောက်ချင်းစီ ဆွေးနွေးခဲ့ပြီး၊ အလုပ်ထဲမှာတွေ့ရှိတဲ့ ဘယ်လိုသွေဖည်မှုမျိုးကိုမဆို အချိန်မီ ဆွေးနွေးဖြေရှင်းခဲ့တယ်။ တစ်ခါတော့ ခေါင်းဆောင်တွေက တရားဒေသနာအဖွဲ့ဟာ တရားဒေသနာတွေ အများကြီးတင်သွင်းပေမဲ့ အရည်အသွေးက မကောင်းဘူးလို့ ထောက်ပြပြီး အခြေအနေကို ပြောင်းလဲဖို့ သူတို့နဲ့ ချက်ချင်းမိတ်သဟာယဖွဲ့ခိုင်းခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ့မှာ အခုအချိန်မှာ အကောင်အထည်ဖော်ဖို့ အလုပ်တချို့ ရှိသေးတယ်။ တရားဒေသနာအဖွဲ့ကို ဆက်သွယ်ဖို့ စာရေးရမယ်ဆိုရင် အချိန်နဲ့အင်အား ပိုကုန်ပြီး ဇာတိပကတိက ပိုဒုက္ခခံရမှာပဲ။ ခေါင်းဆောင်ရဲ့စာကို ထည့်ပြီး သူတို့နဲ့ အချုပ်လောက် ပြောဆိုလိုက်ရုံပဲ၊ နောင်မှာ တရားဒေသနာတွေရဲ့ အရည်အသွေးကို ပိုအာရုံစိုက်ဖို့ ပြောလိုက်ရင် မကောင်းဘူးလား” လို့ပေါ့။ ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “သင်ခိုကပ်ချင်ပြီး ဟန်ပြသာ လုပ်ချင်သည့်အချိန်တိုင်း၊ စိတ်မချရသည့်နည်းလမ်းနှင့် ပြုမူချင်ပြီး အပျင်းထူချင်သည့် အချိန်တိုင်းနှင့် သင်အာရုံပျံ့လွင့်သည့်အချိန် သို့မဟုတ် ပျော်ပျော်နေလိုက်ချင်သည့် အချိန်တိုင်းတွင် ထိုအရာကို သင်စဉ်းစားဆင်ခြင်သင့်၏။ ‘ဤသို့ပြုမူခြင်းဖြင့် ငါသည် ယုံကြည်စိတ်ချ၍မရ ဖြစ်နေသလော။ ဤသည်မှာ ငါ၏တာဝန်ကို စိတ်ပါလက်ပါ လုပ်ဆောင်ခြင်းလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါသစ္စာပျက်နေသလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါ့ကို ဘုရားသခင် အပ်နှင်းထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် လျော်ညီအောင် အသက်ရှင်ဖို့ ငါပျက်ကွက်နေခြင်းလော’ ဤသည်မှာ သင့်ကိုယ်သင် သုံးသပ်ဆင်ခြင်သင့်သည့်ပုံ ဖြစ်သည်။ သင်သည် သင်၏တာဝန်တွင် အစဉ်ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုကာ သစ္စာမရှိသကဲ့သို့ သင်သည် ဘုရားသခင်ကို နာကျင်စေခဲ့သည်ကို သိလာလျှင် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ သင်က ‘ထိုအခိုက်အတန့်တွင် တစ်ခုခုမှားနေသည်ကို ငါခံစားရသည်။ သို့သော် ယင်းကို ပြဿနာအဖြစ် ငါ သဘောမထားခဲ့ပေ။ ပေါ့ဆစွာဖြင့် ဖော့ပြောလိုက်သည်။ ယခုမှသာ ငါသည် တကယ်ကို ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသည်၊ ငါ၏ တာဝန်ကို စံမီအောင် မထမ်းဆောင်ခဲ့သည်ကို သဘောပေါက်ခဲ့သည်။ ငါသည် အမှန်ပင် အသိတရားနှင့် ဆင်ခြင်တုံတရားကင်းမဲ့သည်’ ဟု ပြောဆိုသင့်သည်။ သင်သည် ပြဿနာကို တွေ့ရှိပြီး သင့်ကိုယ်သင် အနည်းငယ်သိလာသည်။ ထို့ကြောင့် ယခုအခါတွင် သင့်ကိုယ်သင် ပြောင်းလဲရမည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထားက မှားယွင်းသည်။ သင်သည် အပိုအလုပ်တစ်ခုကဲ့သို့ ယင်းကို ဂရုမစိုက်။ ယင်းကို စိတ်နှစ်မြုပ်လုပ်ကိုင်ခြင်းမရှိ။ သင်သည် ဤသို့ ထပ်မံ၍ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုလျှင် ဘုရားကို ဆုတောင်းပြီး ဘုရားသခင်ကို သင့်အား ပဲ့ပြင်ဆုံးမကာ ရိုက်နှက်ဆုံးမခွင့် ပေးရမည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ဤသို့သော စိတ်ရှိရမည်။ ထိုမှသာ သင်သည် အမှန်တကယ် နောင်တရနိုင်သည်။ သင်၏ အသိစိတ်က ရှင်းလင်းပြီး တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင့်သဘောထားက ပြောင်းလဲမှသာ သင့်ကိုယ်သင် ပြောင်းလဲနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်းအားဖြင့်သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ချင့်ချိန်စဉ်းစားရင်း အရင်တုန်းက ကျွန်မ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ အရမ်းပျင်းရိခဲ့တာ၊ ပြီးတော့ ဒုက္ခခံဖို့၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အားထုတ်မှု အများကြီး စိုက်ထုတ်ဖို့ စိတ်မပါခဲ့တာကို တွေးမိတယ်၊ အဲဒါက အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ကိုယ့်တာဝန်အပေါ်ထားတဲ့ သဘောထားကို ကျွန်မ ပြောင်းပြန်လှန်ပစ်ရမယ်၊ အတိတ်ကလို သက်သာမှုကို အမြဲမမွေ့လျော်နေလို့ မဖြစ်တော့ဘူး။ ဇာတိပကတိကို ပုန်ကန်ရမယ်၊ ပြီးတော့ ကိုယ်ဖြည့်ဆည်းသင့်တဲ့ တာဝန်တွေကို ဖြည့်ဆည်းရမယ်။ အဲဒီနောက်မှာ သူတို့ရဲ့ သွေဖည်မှုတွေအကြောင်းကို မိတ်သဟာယဖွဲ့ဖို့နဲ့ ရှေ့ဆက်ရမယ့်လမ်းကြောင်းကို အသေးစိတ်ထောက်ပြဖို့ စာတစ်စောင် ရေးခဲ့တယ်။ အချိန်တစ်ခုကြာတော့ သူတို့တင်သွင်းတဲ့ တရားဒေသနာတွေရဲ့ အရည်အသွေးက တိုးတက်လာခဲ့တယ်။ အခု အလုပ်ဝန်က များသေးသလို အလုပ်ကလည်း ရှုပ်နေတုန်းပါပဲ၊ ကျွန်မရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားက ပြောင်းလဲသွားပြီ၊ အလုပ်တွေကို စနစ်တကျ ဦးစားပေးနေပြီ၊ အမှန်တကယ် ပါဝင်တယ်၊ ကြီးကြပ်တယ်၊ အဖွဲ့ရဲ့အလုပ်အသေးစိတ်တွေကို လိုက်လုပ်တယ်။ အခက်အခဲတွေကြုံလာတဲ့အခါ ညီအစ်ကိုမောင်နှမတွေနဲ့အတူ သမ္မာတရားကို ရှာဖွေပြီး ဖြေရှင်းတယ်၊ တဖြည်းဖြည်းနဲ့ အလုပ်က တိုးတက်စပြုလာတယ်။ အဖိုးအခ နည်းနည်းပိုပေးဆပ်ရပြီး ဇာတိပကတိက နည်းနည်းပိုဒုက္ခခံရပေမဲ့ စိတ်ထဲမှာတော့ ငြိမ်းချမ်းပြီး တည်ငြိမ်တယ်လို့ ခံစားရတယ်။ ဒီလိုအပြောင်းအလဲလေး ရအောင် လမ်းပြပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်၏ နိုးထမှု

၂၀၁၉ မှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ကျွန်မရဲ့တာဝန်ကို စတင်ခဲ့ပါတယ်။ ဒါက ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းဆိုတာ ကျွန်မ သိတယ်။ ကျွန်မတာဝန်ကို...

တာဝန်တစ်ခုတွင် အခြားသူများအပေါ် မှီခိုခြင်း၏ အကျိုးဆက်များ

ပိုင်ရွှဲ အီတလီနိုင်ငံ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ၊ ဗီဒီယိုတွေအတွက် ပုံတွေလုပ်ဖို့ ငါ့ကို အစ်မဆန်ဒရာနဲ့ တွက်ဖက်ပေးဖို့ ခေါင်းဆောင်က စီစဉ်တယ်။...

ကျွန်ုပ် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပုံ

ရှင်ချွင်း တောင်ကိုရီးယားနိုင်ငံ ၂၀၁၉ နှစ်ကုန်မှာ၊ ကျွန်မ အသင်းတော်မှာ ဗီဒီယိုအလုပ်ကို ကြီးကြပ်ရတယ်။ အဲဒီတုန်းက အရမ်းစိတ်ဖိစီးခဲ့ရတယ်။...

သက်သာခြင်းကို တပ်မက်ခြင်းက ကျွန်မကို ပျက်စီးခြင်းသို့ ရောက်လုနီးပါးဖြစ်စေခဲ့သည်

ဘိုင်ချူး တောင်ကိုရီးယားနိုင်ငံကျွန်မက ၂၀၁၉ခုနှစ်မှာ အသင်းတော်ရဲ့ ဗီဒီယိုအလုပ်အတွက် တာဝန်ယူရပြီး အသင်းတော်ခေါင်းဆောင်အဖြစ်လည်း အစေခံရတယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။