သက်သာမှုကို တပ်မက်ခြင်းသည် မည်သည့်အရာကိုမျှ မရရှိစေပါ
အရင်နှစ် ဇူလိုင်လတုန်းက ဗီဒီယိုအလုပ်ကို ကျွန်မ ဦးဆောင်ရတယ်။ အစပိုင်းမှာ ညီအစ်ကိုမောင်နှမတွေရဲ့အလုပ်ကို ကျွန်မ ခဏခဏလိုက်ကြီးကြပ်တယ်။ တာဝန်တွေထမ်းဆောင်တဲ့နေရာမှာ သူတို့ပြဿနာတွေ၊ အခက်အခဲတွေကို ကျွန်မ သိအောင်လုပ်ပြီး သမ္မာတရားကို ရှာဖွေပြီး ဖြေရှင်းချက်ရှာဖို့ အဖွဲ့ခေါင်းဆောင်နဲ့အတူအလုပ်လုပ်တယ်။ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ အလုပ်ရလဒ်တွေမှာ သိသာတဲ့တိုးတက်မှုတစ်ခုရှိလာတယ်။ ကျွန်မ စဉ်းစားတယ်။ “အခုအလုပ်က ပုံမှန်တိုးတက်နေတော့ အကြီးစားပြဿနာတွေ မရှိသင့်တော့ဘူး။ ပြဿနာတစ်ခုဖြစ်ရင်တောင် အလုပ်ရလဒ်တွေကို ထိခိုက်မှာမဟုတ်ဘူး။ ဖြေရှင်းဖို့ အချိန်ရှိမှာပဲ။ လူတိုင်းက သူတို့တာဝန်မှာ ကြိုတင်စီမံကြပြီး အဖိုးအခပေးဆပ်နိုင်တယ်။ ဒီတော့ ငါအရမ်းကြီး စိတ်ပူစရာမလိုပါဘူး။ ဒီအချိန်ကာလအတွင်းမှာ အရာရာတိုင်းကို ခဏခဏ လိုက်ကြီးကြပ်တာက အချိန်ပိုလုပ်ရတဲ့သဘောပဲ။ တစ်ခါတလေမှာ အချိန်မှန်စားရဖို့အတွက် အလုပ်အရမ်းရှုပ်လွန်းတယ်။ ငါ့ကျန်းမာရေးက အကောင်းဆုံးဖြစ်မနေဘူး။ ဒီတော့ ငါ ဖြည်းဖြည်းပဲလုပ်သင့်တယ်” ပေါ့။ အဲဒီနောက်တော့ ကျွန်မ အလုပ်မှာ သက်သက်သာသာနေလာတယ်။ အလုပ်ကိုလိုက်ပြီး စစ်ဆေးမှတ်သားတဲ့နေရာမှာ သိပ်လုံ့လမရှိတော့ဘူး။ တစ်ခါတလေမှာ ကျွန်မက ဝတ်ကျေတန်းကျေပဲမေးတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်တွေရဲ့ အသေးစိတ်အချက်တွေကို သိပ်မစူးစမ်းတော့ဘူး။ ပြီးတော့ အလုပ်ရလဒ်တွေကို နောက်ထပ်ဘယ်လိုတိုးတက်အောင်လုပ်ရမယ်ဆိုတာ မစဉ်းစားခဲ့ဘူး။
မကြာခင်မှာ ကျွန်မတို့ ထုတ်လုပ်တဲ့ ဗီဒီယိုတချို့က ပြဿနာတွေရှိနေပြီး ပြန်လုပ်ရမယ်။ ဒါက အလုပ်တိုးတက်မှုကို တိုက်ရိုက်ထိခိုက်တယ်လေ။ ဒီအခြေအနေကို မြင်တော့ ကျွန်မ တော်တော်စိတ်ပူသွားတယ်။ ဒါ မတော်တဆဖြစ်တာမဟုတ်ဘူး၊ ကျွန်မသင်ယူဖို့ သင်ခန်းစာတွေရှိတယ်ဆိုတာကိုလည်း သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ ဘုရားသခင်ကိုဆုတောင်းပြီး ဘုရားအလိုတော်ကို နားလည်ဖို့အတွက် လမ်းပြဖို့ ဘုရားကို ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတော့ ကျွန်မတို့မှာ ဘာလို့ဒီပြဿနာတွေရှိနေလဲဆိုတာကို အဖွဲ့ခေါင်းဆောင်ကို မေးလိုက်တယ်။ အဖွဲ့ခေါင်းဆောင်ကပြောတယ်။ “တချို့ ညီအစ်ကိုမောင်နှမတွေက အမြန်အောင်မြင်ဖို့ကို ရှာဖွေပြီး စည်းမျဉ်းတွေမပါဘဲ သူတို့တာဝန်ကို ထမ်းဆောင်ကြတယ်။ တိုးတက်မှုကိုပဲ အာရုံစိုက်ပြီး အရည်အသွေးကို အာရုံမစိုက်ဘူး။ နောက်ထပ်အကြောင်းရင်းတစ်ခုက ကျွန်မက အလုပ်ကို လိုက်မကြီးကြပ်ခဲ့ဘူး။ ပြဿနာကို အချိန်မီ ရှာမတွေ့ခဲ့ဘူး” တဲ့။ ဒီဟာကြောင့် ကျွန်မ စိတ်ဆိုးပြီး တွေးမိတယ်။ “ဒီပြဿနာတွေအကြောင်းကို အစ်မကို ကျွန်မ ဘယ်နှစ်ခါပြောပြီးပြီလဲ။ ဘာလို့ဆက်ဖြစ်နေသေးတာလဲ” ပေါ့။ အဖွဲ့ခေါင်းဆောင်ကို ကျွန်မ အရမ်းအပြစ်တင်ချင်တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ “ငါက အဖွဲ့ခေါင်းဆောင်လို ပြဿနာမျိုးမရှိဘူးလား။ ငါလည်း လိုက်မကြီးကြပ်ခဲ့ဘူး” ပေါ့။ အဲဒါနဲ့ ကျွန်မ စကားတွေကို မျိုသိပ်လိုက်တယ်။ နောက်တော့ ဒီအချိန်ကာလအတွင်းမှာ လူတိုင်းလုပ်တဲ့ ဗီဒီယိုတွေကို ကျွန်မ အမြန်စစ်လိုက်တယ်။ တချို့လူတွေက သူတို့တာဝန်မှာ တိုးတက်မှုမရှိကြဘဲ တချို့ကဆို ဆုတ်တောင်ဆုတ်ယုတ်နေတာကို တွေ့လိုက်ရတယ်။ ဒါတွေက သိသာတဲ့ ပြဿနာတွေပဲ။ ဒါပေမဲ့ ဒါတွေကို ကျွန်မ မတွေ့ခဲ့ဘူး။ ဒါဟာ ကျွန်မက လက်တွေ့အလုပ်ကိုမလုပ်တာကြောင့်ဆိုတာ ရှင်းရှင်းလင်းလင်း သတိထားမိတယ်။ နောင်တရမိတာကြောင့် ဘုရားသခင်ဆီ ဆုတောင်းပြီး စဉ်းစားဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ် သိတဲ့နေရာမှာ ကျွန်မကို လမ်းပြဖို့ ဘုရားကို တောင်းလျှောက်လိုက်တယ်။
နောက်တစ်နေ့ ကျွန်မ ဘုရားဝတ်ပြုရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ “သင်သည် ဘုရားနှုတ်ကပတ်တော်ဖတ်ရာတွင် စေ့စေ့စပ်စပ်နှင့် ကြိုးစားပမ်းစားမရှိလျှင်၊ သမ္မာတရားကို နားမလည်လျှင် သင့်ကိုယ်သင် ဆင်ခြင်မကြည့်နိုင်ပေ။ ဖြစ်ရုံမျှလောက်သာ လုပ်ဆောင်ခြင်း၊ ပြစ်မှားမှု မကျူးလွန်ခြင်းမျှဖြင့်သာ သင် ကျေနပ်လိမ့်မည်ဖြစ်ပြီး ဤအရာကို အရင်းအနှီးအဖြစ် အသုံးပြုလိမ့်မည်။ သင်သည် နေ့စဉ် ကမောက်ကမဖြစ်လျက် ဖြတ်သန်းလိမ့်မည်။ စိတ်ရှုပ်ထွေးသည့်အခြေအနေတွင် အသက်ရှင်လိမ့်မည်။ အမှုအရာများကို စီစဉ်ထားသည့်အတိုင်းသာ လုပ်ဆောင်လိမ့်မည်။ ကြိုးစားပမ်းစား လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ စိတ်ကို မည်သည့်အခါမှ အသုံးချမည်မဟုတ်ပေ။ အစဉ်သဖြင့် ပြီးစလွယ်ပြုလုပ်ပြီး ပျာယာခတ်နေလိမ့်မည်။ ဤနည်းအားဖြင့် သင်သည် သင်၏တာဝန်ကို လက်ခံနိုင်ဖွယ်စံနှုန်းဖြင့် မည်သည့်အခါမျှ ထမ်းဆောင်မည်မဟုတ်ပေ။ တစ်စုံတစ်ခုအပေါ်သို့ သင်၏ အားစိုက်ထုတ်မှုအားလုံးကို ထည့်ရန် သင်သည် ရှေးဦးစွာ ယင်းအပေါ်သို့ စိတ်နှလုံးကို အပြည့်အဝ ထည့်ရမည်။ ရှေးဦးစွာ တစ်စုံတစ်ခုအပေါ်သို့ စိတ်နှလုံးအပြည့်အဝထည့်မှသာ သင်သည် အပြည့်အဝ အားစိုက်ထုတ်နိုင်ပြီး အကောင်းဆုံး လုပ်ဆောင်နိုင်သည်။ ယနေ့တွင် မိမိတို့၏ တာဝန်ကိုထမ်းဆောင်ရာတွင် စတင်ပြီး စေ့စေ့စပ်စပ် ကြိုးစားပမ်းစား လုပ်သူများရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျေနပ်စေရန် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို မည်သို့ မှန်မှန်ကန်ကန်ဆောင်ရွက်ရမည်ကို စတင် စဉ်းစားကြပြီးဖြစ်သည်။ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး ပျင်းရိခြင်းမရှိပေ။ အထက်မှ အမိန့်များထုတ်သည်အထိ မထုံတက်သေးဖြင့် စောင့်မနေဘဲ အချို့အရာများကို ကိုယ်တိုင်စတင်ပြုလုပ်သည်။ သင်တို့၏ တာဝန်ထမ်းဆောင်မှုကို အကဲဖြတ်လျှင် သင်တို့သည် ယခင်ကထက် အနည်းငယ်ပို၍ ထိရောက်မှုရှိသည်။ စံနှုန်း၏အောက်တွင် ရှိနေသေးသော်လည်း အနည်းငယ်တိုးတက်မှုရှိသည်။ ဤသည်မှာ ကောင်းမွန်ပေသည်။ သို့သော် သင်တို့သည် ရှိရင်းစွဲဖြင့် မကျေနပ်ရပေ။ ဆက်လက်၍ ရှာဖွေရမည်။ ဆက်လက်၍ ကြီးထွားရမည်။ သို့မှသာ သင်တို့၏တာဝန်ကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်ပြီး လက်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းကို ရောက်ရှိလိမ့်မည်။ သို့သော် လူအချို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သောအခါ မည်သည့်အခါမျှ အလွန်အမင်း အားကုန်စိုက်ထုတ်ပြီး အစွမ်းကုန်လုပ်ဆောင်ခြင်းမရှိပေ။ ၎င်းတို့အားစိုက်ထုတ်မှု၏ ၅၀-၆၀ ရာခိုင်နှုန်းကိုသာ ပေးဆပ်ကြပြီး ၎င်းတို့လုပ်ဆောင်သည့်အရာ ပြီးဆုံးသည်အထိ ဖြစ်သလိုသာ ပြုလုပ်ကြသည်။ ၎င်းတို့သည် မည်သည့်အခါမျှ ပုံမှန် အခြေအနေကို မထိန်းသိမ်းနိုင်ကြပေ။ ၎င်းတို့ကို စောင့်ကြည့်ရန်၊ သို့မဟုတ် ပံ့ပိုးမှုပေးရန် မည်သူမျှမရှိသောအခါ ၎င်းတို့သည် အားလျော့ပြီး စိတ်မပါကြတော့ပေ။ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် တစ်စုံတစ်ယောက်ရှိသောအခါတွင် ၎င်းတို့သည် လန်းဆန်းရွှင်ပျလာကြသည်။ သို့သော် ၎င်းတို့အား အချိန်အနည်းငယ်ကြာ သမ္မာတရားကို မိတ်သဟာယမဖွဲ့လျှင် ၎င်းတို့သည် စိတ်မဝင်စားကြတော့ပေ။ ၎င်းတို့သည် ဤသို့ ရှုံ့ချည်နှပ်ချည် အမြဲ ဖြစ်နေသောအခါတွင် ပြဿနာက အဘယ်နည်း။ ဤသည်မှာ လူတို့သည် သမ္မာတရားကို မရရှိသောအခါ ဖြစ်သည့်ပုံစံဖြစ်သည်။ ၎င်းတို့အားလုံးသည် စိတ်ထက်သန်ပြင်းပြမှုဖြင့် အသက်ရှင်ကြသည်။ ထိန်းသိမ်းရန် အလွန့်အလွန်ခက်ခဲသော စိတ်ထက်သန်မှုတစ်ခုဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့အား နေ့စဉ်တရားဟောပြီး မိတ်သဟာယပြုပေးသည့်သူရှိမှဖြစ်သည်။ ၎င်းတို့ကို ရေလောင်းပြီး ပံ့ပိုးပေးသည့်သူ တစ်ယောက်မျှ မရှိသည်နှင့်၊ ၎င်းတို့ကို ထောက်ပံ့ရန် မည်သူမျှမရှိသည်နှင့်၊ ၎င်းတို့၏ စိတ်နှလုံးသည် တစ်ဖန် အေးစက်သွားသည်။ နောက်တစ်ဖန် အားလျော့လာကြသည်။ ၎င်းတို့၏ စိတ်နှလုံးက အားလျော့သောအခါ ၎င်းတို့၏ တာဝန်တွင် ထိရောက်မှုနည်းလာကြသည်။ ၎င်းတို့သည် အလုပ်ပိုကြိုးစားလျှင် ထိရောက်မှုတိုးလာသည်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် ပို၍ အကျိုးပြုလာပြီး ၎င်းတို့သည် ပို၍ ရရှိကြသည်။ ဤသည်မှာ သင်တို့၏ အတွေ့အကြုံဖြစ်သလော။ သင်တို့က ‘ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏တာဝန်ကို ထမ်းဆောင်ရာတွင် အဘယ်ကြောင့် အစဉ်ပြဿနာတက်နေသနည်း။ ဤပြဿနာများ ပြေလည်သောအခါတွင် ကျွန်ုပ်တို့သည် အားတက်ကြသည်။ မပြေလည်သောအခါ စိတ်မပါကြတော့ပေ။ ကျွန်ုပ်တို့သည် တာဝန်ထမ်းဆောင်သည့်အချိန်တွင် ရလဒ်အချို့ရှိသောအခါ၊ ကျွန်ုပ်တို့၏ ကြီးထွားမှုအတွက် ဘုရားသခင်က ကျွန်ုပ်တို့၏ ချီးမွမ်းသောအခါ ကျွန်ုပ်တို့က ဝမ်းမြောက်ကြသည်။ နောက်ဆုံး၌ ကျွန်ုပ်တို့သည် ကြီးထွားလာကြပြီဟု ခံစားရသည်။ သို့သော် မကြာမီတွင် အခက်အခဲတစ်ခုကို ကျွန်ုပ်တို့ ကြုံရသောအခါ တစ်ဖန် အပျက်သဘောဆောင်လာပြန်သည်။ ဤအခြေအနေမျိုးသည် အဘယ်ကြောင့် အစဉ် တစ်သမတ်တည်းမရှိသနည်း။’ ဟူ၍ ပြောဆိုကောင်း ပြောဆိုနိုင်သည်။ အမှန်တကယ်တွင် အဓိကအကြောင်းပြချက်များမှာ သင်တို့သည် အလွန်နည်းပါးသော သမ္မာတရားကို နားလည်သောကြောင့်၊ အတွေ့အကြုံနှင့် ဝင်ရောက်မှုတွင် နက်နဲမှု ကင်းမဲ့သောကြောင့်၊ သမ္မာတရားများစွာကို နားမလည်သေးသောကြောင့်၊ စိတ်စွမ်းအား ကင်းမဲ့သောကြောင့်၊ မိမိတာဝန်ကို ထမ်းဆောင်နိုင်ခြင်းဖြင့်သာ ကျေနပ်နေသောကြောင့်ဖြစ်သည်။ သမ္မာတရားကို နားမလည်လျှင် သင်တို့၏တာဝန်ကို မည်သို့ ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်မည်နည်း။ အမှန်မှာမူ လူတို့အပေါ် ဘုရားသခင် တောင်းဆိုသောအရာအားလုံးသည် လူတို့ရယူနိုင်သောအရာများဖြစ်သည်။ သင်တို့၏ အသိတရားကို အသုံးချသရွေ့၊ သင်တို့တာဝန်ကို ထမ်းဆောင်ရာတွင် သင်တို့၏ အသိတရားနောက်ကို လိုက်နိုင်သရွေ့ သမ္မာတရားကို လက်ခံရန် လွယ်ကူလိမ့်မည်။ သမ္မာတရားကို လက်ခံနိုင်လျှင် သင်သည် သင့်တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်နိုင်သည်။ သင်တို့သည် ဤသို့ စဉ်းစားရမည်။ ‘ဤနှစ်များတွင် ဘုရားသခင်ကို ယုံကြည်လျက်၊ ဤနှစ်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်လျက် ကျွန်ုပ်သည် ကြီးစွာသော ပမာဏကို ရရှိပြီးဖြစ်သည်။ ဘုရားသခင်သည် ကြီးမြတ်သော ကျေးဇူးတော်များနှင့် ကောင်းချီးများကို ကျွန်ုပ်ပေါ်သို့ ချပေးခဲ့သည်။ ဘုရားသခင်၏ လက်ထဲတွင် ကျွန်ုပ် အသက်ရှင်သည်။ ဘုရားသခင်၏ တန်ခိုးအောက်တွင်၊ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ကျွန်ုပ်အသက်ရှင်သည်။ သူသည် ဤဇီဝအသက်ကို ကျွန်ုပ်အား ပေးခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်၏ စိတ်ကို အသုံးချသင့်သည်။ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ်၏ ခွန်အားအကြွင်းမဲ့ဖြင့် ထမ်းဆောင်ရန် ကြိုးပမ်းသင့်သည်။ ဤသည်မှာ အဓိကသော့ချက်ဖြစ်သည်။’ ဟူ၍ ဖြစ်သည်။ လူတို့တွင် စိတ်ဆန္ဒတစ်ခုရှိရမည်။ စိတ်ဆန္ဒရှိသောသူတို့သည်သာ သမ္မာတရားအတွက် အမှန်တကယ် ကြိုးပမ်းနိုင်သည်။ သမ္မာတရားကို နားလည်ပြီးသည့်အခါမှသာ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်သည်။ ဘုရားသခင်ကို ကျေနပ်စေနိုင်ပြီး စာတန်ကို အရှက်ရစေနိုင်သည်။ သင့်တွင် ဤရိုးသားစစ်မှန်မှုမျိုး ရှိကာ၊ သင့်ကိုယ်ကျိုးအတွက် မစီစဉ်ဘဲ သမ္မာတရားကိုရရှိပြီး သင့်တာဝန်ကို မှန်ကန်စွာထမ်းဆောင်ရန်သာ စီစဉ်လျှင်၊ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် ပုံမှန်ဖြစ်လာလိမ့်မည်။ တစ်လျှောက်လုံးတွင် မပြောင်းမလဲ တည်ရှိနေလိမ့်မည်။ မည်သည့်အခြေအနေကို သင်ကြုံရသည်ဖြစ်စေ သင့်တာဝန်ကို ထမ်းဆောင်ရာတွင် ဇွဲရှိနိုင်လိမ့်မည်။ သင့်အား လှည့်စားရန်၊ သို့မဟုတ် နှောင့်ယှက်ရန် မည်သူ၊ သို့မဟုတ် မည်သည့်အရာက လာနိုင်သည်ဖြစ်စေ၊ သင်၏ စိတ်အခြေအနေသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင်သည် သင်၏ တာဝန်ကို ပုံမှန်ထမ်းဆောင်နိုင်ဆဲဖြစ်လိမ့်မည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သင်နှင့်ပတ်သက်ပြီး စိတ်ငြိမ်းအေးနိုင်သည်။ ပြီးလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာတရား၏စည်းမျဉ်းများကို နားလည်ခြင်းတွင် သင့်ကို ဉာဏ်အလင်းဖွင့်ပြနိုင်မည်ဖြစ်ပြီး သမ္မာတရားစစ်မှန်မှုသို့ဝင်ရောက်ရာတွင် သင့်အား လမ်းပြနိုင်လိမ့်မည်။ ရလဒ်အနေဖြင့် သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် စံနှုန်းနှင့်ညီဖို့ သေချာလိမ့်မည်။ သင်သည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံသရွေ့၊ သင့်တာဝန်ကို လက်တွေ့ကျသောနည်းဖြင့် ထမ်းဆောင်သရွေ့၊ မယုံကြည်ရသည့်နည်းဖြင့် မဆောင်ရွက်သရွေ့၊ သို့မဟုတ် လှည့်ကွက်များ အသုံးမချသရွေ့ သင်သည် ဘုရားသခင်၏ လက်ခံခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်သည် လူတို့၏ စိတ်၊ အတွေးများနှင့် ရည်ရွယ်ချက်များကို လေ့လာစောင့်ကြည့်သည်။ သင်၏ စိတ်နှလုံးသည် သမ္မာတရားကို တောင့်တပြီး သင်သည် သမ္မာတရားကို ရှာဖွေနိုင်လျှင် ဘုရားသခင်သည် သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး အလင်းပေးလိမ့်မည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အသက်တာထဲ ဝင်ရောက်ခြင်းက အရေးကြီးဆုံးဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ပြီးတဲ့နောက်မှာ လတ်တလော ကျွန်မတာဝန်မှာ ရလဒ်တချို့ရှိခဲ့တာကို ကျွန်မ သတိထားမိတယ်။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်လာပြီး ဇာတိပကတိအတွက် စပြီး စဉ်းစားလာခဲ့တယ်။ အကြာကြီးအလုပ်ရှုပ်ပြီးတဲ့နောက်မှာ ကျွန်မ ပင်ပန်းလာတော့ ကျွန်မကိုယ်ခန္ဓာကို ပိုပြီးကြင်နာရမယ်လို့ တွေးမိတယ်။ အဲဒါနဲ့ ကျွန်မ သက်သောင့်သက်သာနေပြီး တာဝန်မှာ အားလျော့လာတယ်။ ကျွန်မက လွတ်ပေးထားလိုက်တဲ့ နည်းကိုသုံးပြီး လိုက်ကြီးကြပ်ပြီး တခြားလူတွေက တာဝန်တွေကို ဘယ်လိုထမ်းဆောင်နေတယ်ဆိုတာ သိအောင်လုပ်ဖို့ ပျက်ကွက်ခဲ့တယ်။ ကျွန်မတို့အလုပ်မှာ ဖြေရှင်းဖို့ ပြဿနာတချို့ ရှိနေသေးတာကို ကျွန်မသိပေမဲ့ အရေးတကြီးဖြစ်မနေတော့ဘူး။ ကျွန်မတို့ရဲ့ လက်ရှိရလဒ်တွေကို မထိခိုက်သရွေ့ ဘာမှမဖြစ်ဘူးလို့ ထင်ခဲ့တယ်။ ရလာတဲ့ ဗီဒီယိုတွေက ပြဿနာတွေ အများကြီးရှိပြီး ပြန်လုပ်ဖို့ လိုတယ်လေ။ နောက်ပြီးတော့လည်း လူတိုင်းက ဖြစ်သလိုလုပ်တဲ့ သဘာဝရှိပြီး တာဝန်တွေမှာ အားလျော့လာတတ်ကြတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ပေမဲ့လည်း ကျွန်မက လိုက်မကြီးကြပ်ခဲ့ဘူး။ တာဝန်ကို ဖြစ်သလိုလုပ်ခဲ့တယ်။ အာရုံမစိုက်ခဲ့ဘူး။ တာဝန်မသိတတ်ခဲ့ဘူးပေါ့။ ပြဿနာတွေက အလုပ်မှာ ဘယ်လိုမပေါ်ဘဲ နေတော့မှာလဲ။ ကျွန်မကို တာဝန်မှာ အာရုံစိုက်၊ တာဝန်ယူပြီး တာဝန်ကျေပွန်နိုင်ဖို့ မျှော်လင့်ပြီးတော့ ဘုရားသခင်က ကျွန်မကို ကြီးကြပ်သူအဖြစ် ချီးမြှောက်ခဲ့ပြီး လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အလမ်းပေးခဲ့တယ်။ အခြေအနေတွေက ဘယ်လိုပဲဖြစ်စေ ကျွန်မတာဝန်မှာ လုံးဝ အားမလျော့သင့်ဘဲ တာဝန်ကို ဖြည့်ဆည်းသင့်တယ်။ ဒါက တိုးတက်မှုရှိဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ဒါပေမဲ့ ကျွန်မက တာဝန်ကို အလုပ်တစ်ခုလို၊ တခြားလူတစ်ယောက်အတွက် အလုပ်လုပ်နေသလို မှတ်ယူခဲ့တယ်။ သိပ်စိတ်မပူဖို့၊ သိပ်ဝင်မလုပ်ဖို့ ရသမျှ အခွင့်ရေးတိုင်းကို ယူခဲ့တယ်။ စိတ်ပူတာ၊ အရေးတကြီးဖြစ်တာမျိုး ကျွန်မ မရှိခဲ့ဘူး။ ကိစ္စတွေကို ဘယ်လိုပိုကောင်းအောင်လုပ်မယ်၊ အကောင်းဆုံးရလဒ်တွေကို ဘယ်လိုရအောင်လုပ်မယ်ဆိုတာ လုံးဝ မစဉ်းစားခဲ့ဘူး။ ကျွန်မရဲ့ ဇာတိပကတိက သိပ်ဒုက္ခမခံရအောင်၊ မပင်ပန်းအောင်ဘဲ ထည့်စဉ်းစားခဲ့တယ်။ ဘုရားအလိုတော်ကို ကျွန်မ လုံးဝ မထောက်ထားခဲ့ပါဘူး။ တာဝန်ထမ်းဆောင်ခြင်းအပေါ် ကျွန်မသဘောထားက မှားနေတာကို အဲဒီအချိန်မှာ ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက ကိုယ့်စိတ်နှလုံးကို ဘုရားသခင်ဆီကနေ ဖုံးကွယ်ထားပြီး အရေးမပါတဲ့ ပါးနပ်မှုတွေ ထားနေခဲ့တာ။
အစည်းအဝေးတစ်ခုလုပ်နေတုန်းမှာ ကျွန်မအပေါ် အရမ်းသက်ရောက်မှုရှိတဲ့ အယောင်ဆောင်ခေါင်းဆောင်တွေကို ဖွင့်ပြတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်တိုးတက်မှု၏ အခြေအနေကို နားမလည်သောကြောင့် ထပ်ခါထပ်ခါ နှောင့်နှေးမှုများ မကြာခဏဖြစ်စေသည်။ အချို့အလုပ်တွင် လူတို့သည် စည်းမျဉ်းများကို နားလည်သဘောပေါက်ခြင်း မရှိသောကြောင့်၊ ထို့အပြင် ဦးဆောင်ရန် သင့်တော်သောသူ မည်သူမျှမရှိသောကြောင့် အလုပ်ကို ဆောင်ရွက်နေသောသူတို့သည် အပျက်သဘောဆောင်ခြင်း၊ မတက်မကြွဖြစ်ခြင်း၊ စောင့်ဆိုင်းခြင်းအခြေအနေတွင် မကြာခဏ တည်ရှိကြသည်။ ယင်းသည် အလုပ်တိုးတက်မှုကို အလွန်အမင်းထိခိုက်သည်။ ခေါင်းဆောင်က သူ၏ တာဝန်ကို ဖြည့်ဆည်းခဲ့ပြီးဖြစ်လျှင်၊ ဦးဆောင်လျှင်၊ အလုပ်ကို တိုးတက်အောင် လုပ်လျှင်၊ တွန်းပို့လျှင်၊ အလျင်အမြန်လုပ်စေလျှင်၊ လမ်းပြမှုပေးရန်အတွက် ပါဝင်သောအလုပ်အမျိုးအစားကို နားလည်သောသူကို တွေ့ရှိခဲ့ပြီးဖြစ်လျှင် အလုပ်သည် ထပ်ခါထပ်ခါ နှောင့်နှေးမှုများဖြစ်မည့်အစား ပို၍ လျင်မြန်စွာ တိုးတက်လိမ့်မည်။ ဤသို့ဆိုလျှင် ခေါင်းဆောင်များအတွက် အလုပ်၏ တကယ့်အခြေအနေကို နားလည်သဘောပေါက်ရန် မရှိမဖြစ်လိုအပ်သည်။ တိုးတက်မှုသည် အလုပ်၏ ထိရောက်မှုနှင့်လည်းကောင်း၊ ဤအလုပ်တွင် ထမြောက်အောင်မြင်ရန် ရည်ရွယ်ထားသော ရလဒ်တို့နှင့်လည်းကောင်း ဆက်နွှယ်နေသည့်အတွက်၊ အလုပ်သည် မည်သို့တိုးတက်နေသည်ကို နားလည်သဘောပေါက်ရန် ခေါင်းဆောင်များအတွက် အလွန်ပင် လိုအပ်သည်မှာ မှန်ပေသည်။ အလုပ်သည် မည်သို့တိုးတက်နေသည်ကို ခေါင်းဆောင်တစ်ယောက်က အနည်းငယ်မျှပင် နားလည်သဘောပေါက်ခြင်းမရှိပါက အချိန်အများစုတွင် အလုပ်သည် နှေးကွေးစွာ၊ လေးကန်စွာ တိုးတက်လိမ့်မည်။ လူအများစုသည် ထိုအလုပ်အမျိုးအစားတွင် တာဝန်ခံယူမှုရှိပြီး အရည်အချင်းအချို့ရှိသောသူတစ်ယောက်မရှိဘဲ၊ ၎င်းတို့ကို တွန်းအားပေးရန်၊ ကြီးကြပ်ပြီး လမ်းပြမှုပေးရန် တစ်စုံတစ်ယောက်မရှိဘဲ၊ ၎င်းတို့၏ တာဝန်ကို အလွန် ဖြစ်ကတတ်ဆန်းနိုင်စွာ၊ နှေးကွေးစွာ၊ လေးကန်စွာဖြင့် ထမ်းဆောင်ကြသည်။ ဝေဖန်ခြင်း၊ ပဲ့ပြင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်းမရှိသောအခါတွင်လည်း ဤသို့ဖြစ်သည်။ လူတို့သည် ပျင်းရိသောကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်တိုးတက်မှုကို အချိန်နှင့်တပြေးညီနားလည်သဘောပေါက်ရန်မှာ အရေးကြီးဆုံးဖြစ်သည်။ ခေါင်းဆောင်များ၏ လမ်းပြမှု၊ တွန်းအားပေးမှု၊ နောက်မှ လိုက်လံဆောင်ရွက်မှုမရှိဘဲ၊ အလုပ်တိုးတက်မှုကို အချိန်နှင့်တပြေးညီနားလည်ခြင်းကို ပိုင်ဆိုင်သော ခေါင်းဆောင်များမရှိဘဲ လူတို့သည် ခိုကတ်ခြင်း၊ ပျင်းရိခြင်း၊ ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်းတို့ ဖြစ်ဖွယ်ရှိသည်။ ယင်းသည် ၎င်းတို့၏အလုပ်အပေါ် ၎င်းတို့၏ စိတ်ထားဖြစ်လျှင် ဤအလုပ်၏ တိုးတက်မှုသည် အလွန်အမင်း ထိခိုက်မည်ဖြစ်ပြီး ထိရောက်မှုသည်လည်း ထိခိုက်လိမ့်မည်။ ဤအခြေအနေများကို ကြည့်လျှင် အရည်အချင်းပြည့်မီသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၏ အချက်အလက်တိုင်းကို ချက်ချင်း လိုက်လံမှတ်သားပြီး ဝန်ထမ်းများနှင့်၊ အလုပ်နှင့်သက်ဆိုင်သော အခြေအနေကို သိရှိထားသင့်သည်။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များကဲ့သို့ လုံးဝ မဖြစ်သင့်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ အလုပ်တွင် ပေါ့ဆပြီး စိတ်ဝင်စားမှုမရှိပေ။ တာဝန်သိစိတ်မရှိပေ။ ၎င်းတို့သည် ပြဿနာများပေါ်ပေါက်သောအခါတွင် မဖြေရှင်းပေ။ အလုပ်က မည်သည့်အရာဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် ‘ပန်းများကို ကဆုန်ပေါက်ပြေးနေသောမြင်း၏ ကျောပေါ်မှ ကြည့်ပြီး သဘောကျနေခြင်း’ ဖြစ်သည်။ ၎င်းတို့သည် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေဆန်သည်။ ၎င်းတို့ပြောသမျှသည် အဆင့်မြင့်သည့်ပုံစံရှိပြီး အနှစ်မဲ့သည်။ အယူဝါဒများကို ကြာရှည်စွာပြောဆိုပြီး အပေါ်ယံသာ လုပ်ဆောင်သည်။ ယေဘူယျအားဖြင့် ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သည့် ပုံစံဖြစ်သည်။ ၎င်းတို့ကို အန္တိခရစ်များနှင့် နှိုင်းယှဉ်ရာတွင်၊ ၎င်းတို့သည် ပေါ်ပေါ်ထင်ထင် ဆိုးယုတ်သော မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ တမင်တကာ ထိခိုက်နစ်နာစေခြင်းမရှိသော်လည်း၊ ၎င်းတို့၏အလုပ်သည် သဘောသဘာဝအရ ဆိုးယုတ်သည်ဟု မသတ်မှတ်နိုင်သော်လည်း ထိရောက်မှုရှုထောင့်မှကြည့်လျှင် ယင်း၏ သဘာဝသည် ပေါ့ဆခြင်း၊ ဝတ်ကျေတမ်းကျေဆန်ခြင်း၊ တာဝန်ခံယူမှု လုံးဝ မရှိခြင်းဖြစ်သည်ဟု ပြောဆိုလျှင် မလွန်ပေ။ ၎င်းတို့သည် ၎င်းတို့၏ အလုပ်အပေါ် သစ္စာမရှိပေ။” (အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းအပြစ်ရှိသလို ခံစားမိတယ်။ ကျွန်မ အပြုအမူက အယောင်ဆောင်ခေါင်းဆောင်နဲ့ အတူတူပဲမဟုတ်ဘူးလား။ ကျွန်မက ပျင်းရိပြီး ဇာတိပကတိကို အလိုလိုက်တာကြောင့် လိုက်မကြီးကြပ်ခဲ့ဘူး။ အလုပ်ကို စောင့်မကြည့်ခဲ့ဘူး။ ဒါကြောင့် အဘက်ဘက်က တိုးတက်မှုနဲ့ ကျွန်မတို့အလုပ်ရလဒ်တွေကို တော်တော်ထိခိုက်ခဲ့တယ်။ ကျွန်မ စိတ်ကူးထဲမှာတော့ အလုပ်ကို ကောင်းကောင်းကိုင်တွယ်ထားတယ်၊ ပြဿနာတွေအများကြီးမရှိဘူးပေါ့။ ဒါပေမဲ့ တကယ်တမ်းတော့ ဖြေရှင်းဖို့ ပြဿနာတွေ အများကြီးရှိနေသေးတယ်။ ကျွန်မက တာဝန်မခံတာကြောင့်၊ တာဝန်မသိတတ်တာကြောင့် ပြဿနာတွေအားလုံးကို မျက်ကွယ်ပြုခဲ့တယ်။ ကျွန်မက မှားနေတဲ့အမြင်ကို ကိုင်စွဲထားတယ်ဆိုတာလည်း ဆင်ခြင်စဉ်းစားရင်း သဘောပေါက်ခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမတွေက တာဝန်မှာ ကြိုတင်စီမံပြီး တိုးတက်မှုတွေရှိနေတာကို ကျွန်မ မြင်တဲ့အခါမှာ လူတိုင်းက တာဝန်တွေမှာ စိတ်ပါဝင်စားပြီး စောင့်ကြည့်ဖို့မလိုဘူးလို့ ထင်ခဲ့တာ။ လူတွေက လေးကန်ထိုင်းမှိုင်းပြီး အထဲထိ အမြစ်တွယ်နေတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေရှိတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်က ဟိုးအရင်ကတည်းက ဖွင့်ပြခဲ့တယ်။ လူတွေက သမ္မာတရားကို မရခင်မှာ၊ စိတ်သဘောထားတွေ မပြောင်းလဲခင်မှာ ဇာတိပကတိကို အမြဲတမ်းအလိုလိုက်ပြီး သက်သာတာကို မက်မောတယ်။ သူတို့တာဝန်တွေမှာ ဖြစ်သလိုလုပ်ပြီး ဉာဏ်များပြီး လှည့်ကွက်တွေ သုံးကြတယ်။ ကိုယ်ပိုင်စိတ်ကူးတွေနဲ့ လုပ်ကြပြီး စည်းမျဉ်းတွေနဲ့အညီ လက်တွေ့မလုပ်ဆောင်ကြဘူး။ ကျွန်မလည်း အပါအဝင်ပေါ့။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းမပါဘဲ ညီအစ်ကိုမောင်နှမတွေ သတိပေးတာ၊ ကြီးကြပ်တာတွေမပါဘဲနဲ့ ကျွန်မက အလွယ်တကူ အားလျော့လာနိုင်တယ်။ ကျွန်မတာဝန်တွေမှာ ပြဿနာတွေက ပေါ်လာနိုင်ခြေရှိတယ်။ ဒါကြောင့် အလုပ်ကို လိုက်ကြီးကြပ်ဖို့လိုသလို အလုပ်က ချောချောမွေ့မွေ့နဲ့ ရှေ့ဆက်ဖို့အတွက် တာဝန်တွေမှာရှိတဲ့ ပြဿနာတွေ၊ လမ်းလွဲတာတွေကို အမြန်ရှာတွေ့ပြီး ဖြေရှင်းဖို့လိုတယ်။ ဒါပေမဲ့ ကိစ္စတွေအပေါ် ကျွန်မအမြင်က အဓိပ္ပာယ်မရှိဘူး။ လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝကို နားမလည်ဘူး။ လူတွေနဲ့အမှုကိစ္စတွေကို ဘုရားနှုတ်ကပတ်တော်နဲ့ မကြည့်ခဲ့ဘူး။ ကိုယ့်စိတ်ကူးအပေါ်ပဲ ရိုးရိုးလေး အမှီပြုခဲ့တယ်။ အလုပ်ကို မစစ်ကြည့်ဘူး၊ လိုက်မကြီးကြပ်ဘူး။ ပြဿနာတွေကို အချိန်မီ မဖြေရှင်းဘူး။ ဒါတောင်မှ ရလဒ်ကောင်းတွေ ရချင်ခဲ့တယ်။ ဒါက လက်တွေ့အလုပ်ကိုမလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်ရဲ့ သရုပ်သကန်ပဲ။ ကျွန်မက သိသာတဲ့ မကောင်းမှုကို မလုပ်ပေမဲ့ ကျွန်မရဲ့ တာဝန်မသိတတ်မှုက အလုပ်ထိရောက်မှုကို ကျဆင်းစေခဲ့တယ်။ ဆုံးရှုံးမှုက ပြန်ပြင်လို့မရနိုင်တော့ဘူး။ နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေကို ကျွန်မအခြေအနေကို ဖွင့်ပြောပြီး မိတ်သဟာယဖွဲ့တယ်။ လူတိုင်းက သူတို့တာဝန်ကို အရမ်းခပ်ပေါ့ပေါ့သဘောထားပြီး တာဝန်တွေမှာ တိုးတက်မှုရှာဖို့ ပျက်ကွက်ပုံကိုလည်း ကျွန်မ ထောက်ပြခဲ့တယ်။ ပြီးတော့ ကျွန်မတို့ ဖြေရှင်းချက်တွေ အတူတူရှာကြတယ်။ အဲဒီနောက်တော့ ကျွန်မတာဝန်မှာ နည်းနည်းပိုပြီးတော့ အလေးအနက်ထားလာတယ်။ အလုပ်ပြီးတဲ့အခါတိုင်းမှာ တိုးတက်အောင်လုပ်ဖို့ နေရာရှိမရှိ ကျွန်မ ချင့်ချိန်စဉ်းစားတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့အလုပ်ကို ကျွန်မ ခဏခဏ လိုက်ကြီးကြပ်တယ်။ ကျွန်မတို့ ရလဒ်တွေမှာ တိုးတက်မှုတချို့ရှိလာခဲ့တယ်။
အဲဒီနောက် မကြာခင်မှာ ဗီဒီယိုတွေလုပ်တဲ့နေရာမှာ ပြဿနာတစ်ခုကြုံရတယ်။ အဖွဲ့ခေါင်းဆောင်က ကျွန်မဆီမှာ နည်းလမ်းကောင်း၊ အကြံပြုချက်တစ်ခုခုရှိလားမေးတယ်။ ကျွန်မက ဘယ်လိုဖြေရမှန်းမသိဘူး။ အဲဒါနဲ့ ပြောလိုက်တယ်။ “ကောင်းတဲ့ ဖြေရှင်းချက်ကို ကျွန်မ မရသေးဘူး။ ဒီတော့ ဆက်စဉ်းစားကြတာပေါ့” ဆိုပြီးတော့။ အဲဒီနောက်မှာ ဒီအခက်အခဲကို ချိုးဖျက်ဖို့က စကားနည်းနည်းပြောလိုက်ရုံနဲ့ ဖြေရှင်းနိုင်တဲ့ ကိစ္စမဟုတ်ဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ အချက်အလက်တွေရှာရမယ်။ သုတေသနလုပ်ရမယ်။ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုရှာရမယ်။ အချိန်နဲ့ အားအင်တွေ အများကြီးကုန်မယ်။ အမြဲတမ်း စမ်းသပ်ကြည့်ပြီး ရလဒ်တွေကို အကဲဖြတ်ဖို့လိုတယ်။ အဆုံးမှာ ကျွန်မ အောင်မြင်မလားဆိုတာ ပြောဖို့ခက်တယ်။ အလုပ်မဖြစ်ရင် ကျွန်မအားစိုက်တာတွေအားလုံးက အချည်းနှီးဖြစ်မှာမဟုတ်လား။ စဉ်းစားကြည့်လေလေ၊ ငြီးငွေ့စရာကောင်းတဲ့အလုပ်လို့ ခံစားရလေလေပဲ။ ကျွန်မ စဉ်းစားတယ်။ “ထားလိုက်တော့။ အခုအတိုင်း ကောင်းနေတာပဲ။ ငါတို့အလုပ်ရလဒ်တွေက လောလောဆယ်မှာ ကောင်းတယ်။ ဒီတော့ ဒါကိုဖြေရှင်းဖို့ အလျင်မလိုပါဘူး” ပေါ့။ နောက်တော့ ပြဿနာကို ဘေးချထားလိုက်တယ်။ အဲဒီအချိန်တုန်းက ကျွန်မ နည်းနည်း စိတ်မအေးနိုင်ဘူး။ ကျွန်မက ဖြေရှင်းဖို့ နည်းလမ်းမရှိတာမဟုတ်ဘူး။ ကျွန်မလုပ်ဖို့လိုတာက နည်းနည်းလေးပိုပြီး ပေးဆပ်ဖို့ပဲ။ နောက်ပိုင်းမှာ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ထပ်ပြောတယ်။ “ညီအစ်ကိုမောင်နှမတွေက အခက်အခဲတွေရှိနေတယ်။ ကျွန်မတို့ ဖြေရှင်းရမယ်” တဲ့။ အဖွဲ့ခေါင်းဆောင်ရဲ့ သတိပေးချက်ကြောင့် ကျွန်မ ဆင်ခြင်စဉ်းစားကြည့်တယ်။ “ကြီးကြပ်သူအနေနဲ့ အခက်အခဲတွေကို ကိုင်တွယ်ပြီး လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းတာမှာ ဦးမဆောင်သင့်ဘူးလား။ ဒါပေမဲ့ အခက်အခဲတွေကို ကျွန်မ မြင်တဲ့အခါမှာ ရှောင်တယ်။ ငါ့မှာ တာဝန်သိစိတ်မရှိဘူး” ပေါ့။ အပြစ်ရှိသလိုခံစားရတာကြောင့် ဘုရားသခင်ကို ဆုတောင်းလိုက်တယ်။ “ဘုရားသခင် အလုပ်မှာ အခက်အခဲတွေကို သမီးရင်ဆိုင်ရတဲ့အခါမှာ ဘယ်တော့မှ အလုပ်မကြိုးစားချင်ဘဲ သမီးရဲ့ ဇာတိပကတိ အကျိုးစီးပွားတွေကို အမြဲတမ်း ထည့်စဉ်းစားပါတယ်။ ဒါဟာ ကိုယ်တော်ရဲ့ အလိုတော်နဲ့ မညီမှန်းသိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး သမီးရဲ့ မမှန်ကန်တဲ့ အခြေအနေကို ပြောင်းလဲရာမှာ သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။
ကျွန်မ ဘုရားဝတ်ပြုနေတုန်းမှာ တွေးမိတယ်။ “ငါက ဘာလို့တာဝန်မှာ အမြဲတမ်း ငါ့ရဲ့ ဇာတိပကတိအတွက် စဉ်းစားနေတာလဲ။ လက်တွေ့အလုပ်ကိုလုပ်ဖို့ ဘာလို့ အဖိုးအခမပေးဆပ်နိုင်တာလဲ” ပေါ့။ တစ်နေ့မှာ ကျွန်မကို နားလည်သွားစေတဲ့ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို တွေ့သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာနောက်သို့ လိုက်သည်ဖြစ်စေ၊ မိမိတို့ကိုယ်တိုင်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်— ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက်ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) “လူသား၏ ဇာတိပကတိသည် မြွေလိုပင်ဖြစ်သည်။ သူ၏ အနှစ်သာရက သူတို့၏အသက်ကို အန္တရာယ်ပြုဖို့ပင်။ တကယ်ဖြစ်လာသည့်အခါ သင်၏ဘဝကကို လက်လွတ်ဆုံးရှုံးရသည်။ ဇာတိပကတိကို စာတန်က ပိုင်သည်။ ဤအထဲ၌ လွန်ကဲသည့် လိုအင်ဆန္ဒတွေရှိသည်။ သူ့အတွက်ပဲသူကြည့်သည်။ သက်သက်သာသာနေချင်သည်။ ဇိမ်ယူပြီး ခံစားသည်။ ပျင်းရိခြင်း၊ ရေသာခိုခြင်းတို့မှာ နစ်မြုပ်နေသည်။ အတိုင်းအတာ တစ်ခုအထိ ဇာတိပကတိကို ကျေနပ်အောင် ပြုနေမည်ဆိုလျှင်တော့ အဆုံးကျလျှင် ဇာတိပကတိ၏ ဝါးမျိုခြင်းကို သင်ခံရမည်ပင်။ ဆိုလိုသည်မှာ သင်သည် ဤအရာကို ဤတစ်ကြိမ် ဖြည့်ဆည်းပေးလျှင် နောက်တစ်ခါကျလျှင် ပိုပြီး တောင်းဆိုလာလိမ့်မည်။ ကြီးမားသည့် လိုအင်ဆန္ဒနှင့် တောင်းဆိုမှု အသစ်တို့ အမြဲတမ်းရှိပြီး သူ၏ သာယာမှုများထဲ၌သာနေပြီး သူ့ကို ပိုမို ချစ်ခင်လာစေဖို့အတွက် ဇာတိပကတိအပေါ် သင်၏စွဲလမ်းမှုကို အခွင့်ကောင်းယူလာသည်။ သင်သည် ဤအချက်ကို မကျော်လွှားနိုင်လျှင် နောက်ဆုံးမှာ သင်သည် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိမ့်မည်။ သင့်အနေဖြင့် ဘုရားသခင်၏ရှေ့၌ အသက်ကို ရနိုင်မရနိုင်နှင့် သင်၏နောက်ဆုံးအဆုံးသတ်က အဘယ်အရာဖြစ်မည်ဆိုသည်တို့မှာ ဇာတိပကတိအပေါ် သင်၏တွန်းလှန်မှုကို သင်မည်ကဲ့သို့လုပ်ဆောင်သနည်း ဆိုသည့်အပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့ကာ ရွေးနုတ်ခဲ့ပြီး ရှေးမဆွက ခွဲခန့်မှတ်သားပေးခဲ့၏၊ သို့သော်လည်း အကယ်၍ သင်သည် သူစိတ်ကျေနပ်အောင်ပြုရန် ဆန္ဒမရှိပါက၊ သမ္မာတရားကို လက်တွေ့ကျင့်ကြံဖို့ သင်ဆန္ဒမရှိပါက၊ ဘုရားသခင်ကို အမှန်တကယ်ချစ်သော နှလုံးသားနှင့် သင်၏ကိုယ်ပိုင်ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ သင်၌ ဆန္ဒမရှိပါက သင်သည် နောက်ဆုံး၌ သင့်ကိုယ်သင်ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားရလိမ့်မည်။ သင်သည် ဇာတိပကတိ၏ ဆန္ဒရိုင်းကို အမြဲဖြည့်ဆည်းပေးနေလျှင် စာတန်သည် သင့်ကို တဖြည်းဖြည်း ဝါးမျိုသွားလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်သည် အတွင်း၌ လုံးဝအမှောင်ကျသွားသည့်နေ့ကို ရောက်သည်အထိ သင့်ကို အသက်မပါဘဲ၊ သို့မဟုတ် ဝိညာဉ်တော်၏ ထိတွေ့ခြင်းမပါဘဲ သူထားခဲ့မည်ဖြစ်သည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်နေသောအခါ သင်သည် စာတန်၏ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိမည် မဟုတ်တော့ပေ၊ ထို့ပြင် ဤအချိန်တွင် သင်သည် ဘုရားသခင်၏တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာသွားမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မအခြေအနေက ဘယ်လောက်အန္တရာယ်ရှိတယ်ဆိုတာ တွေ့ခဲ့ပါတယ်။ ကျွန်မက “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” ဆိုတဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်နဲ့ အသက်ရှင်ခဲ့တာ။ ကျွန်မက အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ ကိုယ်ပိုင်ဇာတိပကတိ အကျိုးစီးပွားတွေအတွက် အရင်ဆုံး စဉ်းစားတယ်။ ကျွန်မတာဝန်မှာ ဖြေရှင်းဖို့လိုအပ်တဲ့ပြဿနာတစ်ခုကို ကြုံရတဲ့အခါမှာ ဘုရားအိမ်တော်ရဲ့အလုပ်ကို ဘယ်လိုအကျိုးဖြစ်စေရမယ်ဆိုတာ လုံးဝ မတွေးဘူး။ ကိုယ့်ရဲ့ ဇာတိပကတိအတွက် အမြဲတမ်း စိတ်ပူခဲ့တယ်။ အမြဲတမ်းပဲ နည်းနည်းပဲ ဒုက္ခခံပြီး နည်းနည်းပဲ ပေးဆပ်ချင်ခဲ့တယ်။ တကယ်တမ်းတော့ ပြဿနာတချို့မှာ ကျွန်မက အဖိုးအခပေးဆပ်သရွေ့ လေ့လာပြီး အဖြေရှာဖို့ အချိန်ပေးသရွေ့ ကျွန်မ ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ရဲ့ဇာတိပကတိကို ဂရုစိုက်ပြီး ဒုက္ခခံဖို့ မလိုလားတဲ့အတွက် အတတ်ပညာပိုင်းဆိုင်ရာ သုတေသနက အရမ်းစိတ်အားထည့်ရတယ်လို့ ခံစားမိခဲ့တယ်။ ရလဒ်အနေနဲ့ ပြဿနာက လုံးဝ မပြေလည်ခဲ့ဘဲ အလုပ်က လုံးဝ မတိုးတက်ဘူး။ လူတွေရဲ့ ဇာတိပကတိက အခြေခံအားဖြင့် စာတန်နဲ့သက်ဆိုင်တယ်၊ ဇာတိပကတိက အမြဲတမ်း ဆန္ဒတွေ၊ တောင်းဆိုမှုတွေအများကြီးရှိတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြတယ်။ ဇာတိပကတိကို ဖြည့်ဆည်းပေးလေလေ၊ သူ့ ဆန္ဒက ပိုကြီးလေလေပဲ။ ကျွန်မတို့ရဲ့ ဇာတိပကတိ အကျိုးစီးပွားတွေနဲ့ တာဝန်တွေကြားမှာ ကွဲလွဲမှုရှိလာတဲ့အခါ လူတွေက သက်သာမှုကို မက်မောရင် သူတို့က ဇာတိပကတိနောက်လိုက်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို ဘေးဖယ်ထားလိမ့်မယ်။ ဒါက ဇာတိပကတိကို ကျေနပ်စေတယ်။ ဒါပေမဲ့ ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိခိုက်တယ်။ အဆုံးမှာတော့ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတယ်။ ဒါကြောင့် ဘုရားက ကျွန်မတို့ကို မုန်းတီးပြီး စွန့်ပစ်တာပဲ။ ဇာတိပကတိကို အလိုလိုက်ပြီး သက်သာမှုကို မက်မောတဲ့ အကျိုးဆက်တွေက ဆိုးဝါးပါတယ်။ ဇာတိပကတိရဲ့ အနှစ်သာရကို ကျွန်မ မမြင်နိုင်ခဲ့ဘဲ သက်သာတာကို အမြဲတမ်း တပ်မက်ခဲ့တယ်။ ဇာတိပကတိ သာယာမှုကို အရာရာထက် ပိုအရေးကြီးတယ်လို့ မှတ်ယူခဲ့တယ်။ ကျွန်မရဲ့ လိုက်စားမှုနဲ့ အမြင်တွေက မယုံကြည်သူတွေနဲ့ အတူတူပဲမဟုတ်ဘူးလား။ မယုံကြည်သူတွေက ခဏခဏပြောတယ်။ “ကိုယ့်ကိုယ်ကိုယ် ညှာတာပါ” တဲ့။ ဆိုလိုတာက ဇာတိပကတိကို ဒုက္ခမခံနဲ့။ ဇာတိပကတိရဲ့ ဆန္ဒတွေ၊ တောင်းဆိုမှုတွေအားလုံးကို ဖြည့်ဆည်းပါ ပေါ့။ သူတို့က ဇာတိပကတိအတွက်ပဲ အသက်ရှင်တယ်။ လူသားဘဝရဲ့ တန်ဖိုးနဲ့ အဓိပ္ပာယ်ကို လုံးဝ နားမလည်ကြဘူး။ ဘဝမှာ မှန်ကန်တဲ့ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်မရှိကြဘူး။ သူတို့စိတ်နှလုံးထဲမှာ သက်သာမှုကို မခံစားရဘူး။ ဘဝတွေကို ဗလာဖြတ်သန်းပြီး လုံးဝ အချည်းနှီးအသက်ရှင်ကြတယ်။ အသင်းတော်ထဲက လူတချို့က အမြဲတမ်းပဲ ဇာတိပကတိ သာယာမှုကို တပ်မက်တယ်။ သမ္မာတရားကို မလိုက်စားဘူး။ တာဝန်တွေကို လျစ်လျူရှုတယ်။ လှည့်ကွက်တွေလုပ်တယ်။ အားလျော့တယ်။ ဒါကြောင့် ဘုရားအိမ်တော်ရဲ့အလုပ်ကို ဆိုးဆိုးဝါးဝါးထိခိုက်သွားတယ်။ အဆုံးမှာတော့ အထုတ်ခံရတယ်။ တာဝန်တွေယူထားတာကနေ ပိတ်ပင်ခံရတယ်။ ကယ်တင်ခြင်းမှာသူတို့ အခွင့်အရေးကို လုံးဝ ဆုံးရှုံးရတယ်။ စဉ်းစားကြည့်ရင် တော်တော်ကြောက်ဖို့ကောင်းတယ်။ နောက်တော့ ကျွန်မအကြောင်းကို တွေးမိတယ်။ ဘုရားသခင်ကို ယုံခဲ့တာ နှစ်တွေကြာပြီ။ ဒါပေမဲ့ ကျွန်မအမြင်တွေက လုံးဝ မပြောင်းလဲဘူး။ သမ္မာတရားထက် ဇာတိပကတိ အကျိုးစီးပွားတွေကို တန်ဖိုးထားတယ်။ သက်သာတာကိုပဲ တပ်မက်ပြီး တာဝန်မှာ နေလို့ရအောင် ဝတ်ကျေတန်းကျေပဲ လုပ်ခဲ့တယ်။ ဒီလိုဆက်ဖြစ်နေရင် ဘုရားသခင်က ငြင်းပယ်ပြီး စွန့်ပစ်တာကို ကျွန်မ ခံရမှာမဟုတ်ဘူးလား။ ဒါကို နားလည်သဘောပေါက်တော့ ကျွန်မ တော်တော်ကြောက်သွားတယ်။ ကျွန်မရဲ့ ဇာတိပကတိကို ထည့်စဉ်းစားလို့ မဖြစ်တော့ဘူး။ ကျွန်မတာဝန်ကို အလေးအနက်ထမ်းဆောင်ပြီး တာဝန်ခံထားတွေကို ဖြည့်ဆည်းချင်ခဲ့ပါတယ်။
တစ်ရက်မှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု တွေ့ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်သည် ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သူတစ်ယောက်ဖြစ်လျှင် သင်၏ တာဝန်ကိုထမ်းဆောင်သောအခါ အဖိုးအခအချို့ပေးဆပ်ရမည်။ သင် အလုပ်ကြိုးစားရမည်။ အမှန်တကယ်အလုပ်ကြိုးစားခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။ အလုပ်ဖြစ်ရုံမျှသာရှိသော အားစိုက်မှုအချို့ကို လုပ်ဆောင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ အနည်းငယ်ခံစားခြင်းမျှဖြင့်သာ ကျေနပ်ပြီး သင်၏တာဝန်ကို လုံးဝ အလေးအနက်မထားလျှင်၊ သို့မဟုတ် သမ္မာတရား၏စည်းမျဉ်းများကို မရှာဖွေလျှင် ဤသည်မှာ ပေါ့ဆခြင်း၊ ဝတ်ကျေတမ်းကျေ်ပြုခြင်းမှလွဲ၍ အခြားမဟုတ်ပေ။ ဤသည်မှာ အမှန်တကယ် အားစိုက်ထုတ်ခြင်းမဟုတ်ပေ။ အားစိုက်ထုတ်ရာတွင် အဓိကသော့ချက်သည် မိမိ၏စိတ်နှလုံးကို နှစ်မြုပ်လုပ်ဆောင်ခြင်း၊ မိမိစိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ဘုရားသခင်၏အလိုတော်ကို အလေးထားခြင်း၊ ဘုရားသခင်ကို မနာခံဘဲ ဘုရားသခင်ကို နာကျင်စေခြင်းအား ကြောက်လန့်ခြင်း၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် မည်သည့် ဆင်းရဲဒုက္ခကိုမဆို ခံခြင်းတို့ဖြစ်သည်။ သင့်တွင် ဘုရားသခင်ကို ဤနည်းဖြင့် ချစ်သော စိတ်နှလုံးတစ်ခုရှိလျှင် သင်၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းမရှိလျှင် သင်၏တာဝန်ကိုထမ်းဆောင်သောအခါ တာဝန်ခံမှုရှိမည်မဟုတ်ပေ။ စိတ်ဝင်စားမှုရှိမည်မဟုတ်ပေ။ မလွဲမသွေပင် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုလိမ့်မည်။ မည်သည့် စစ်မှန်သောအကျိုးမျှ မဖြစ်ထွန်းဘဲ အပေါ်ယံသာ လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ သင့်တွင် အမှန်တကယ်ပင် တာဝန်သိစိတ်ရှိလျှင်၊ သင်၏တာဝန်ကိုထမ်းဆောင်ခြင်းသည် သင်၏ တစ်ကိုယ်ရေတာဝန်ဖြစ်ကာ၊ တာဝန်မထမ်းဆောင်လျှင်၊ သင်သည် အသက်ရှင်ရန် မထိုက်တန်ဘဲ သားရဲတစ်ကောင်ဖြစ်သည်ဟူ၍လည်းကောင်း၊ သင်၏တာဝန်ကို မှန်ကန်စွာထမ်းဆောင်မှသာ လူသားဟု ခေါ်ဆိုထိုက်သည်ဟူ၍လည်းကောင်း၊ သင်၏ကိုယ်ပိုင်အသိတရားကို ရင်ဆိုင်နိုင်သည်ဟူ၍လည်းကောင်း ခံစားရလျှင်၊ သင့်တာဝန်ကိုထမ်းဆောင်ရာတွင် ဤတာဝန်ခံယူစိတ်ရှိလျှင် သင်သည် အရာရာတိုင်းကို တာဝန်ကျေပွန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေနိုင်ကာ အမှုအရာများကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်နိုင်လိမ့်မည်။ ဤသို့ဖြင့် သင်၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်လိမ့်မည်။ သင့်အား ဘုရားသခင်ပေးအပ်သည့် တာဝန်ဖြင့်လည်းကောင်း၊ သင့်အတွက်၊ သင့်အပေါ် ဘုရားသခင်၏ မျှော်လင့်ခြင်းများအတွက် ဘုရားသခင် အနစ်နာခံ စွန့်လွှတ်ခဲ့သောအရာအားလုံးဖြင့်လည်းကောင်း ထိုက်တန်လိမ့်မည်။ ယင်းသည်သာ အမှန်တကယ် ကြိုးစားလုပ်ဆောင်ခြင်းဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းက အနည်းဆုံးအနေဖြင့် အသိစိတ်တစ်ခု လိုအပ်သည်”) “သင်သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည်ကို သင့်ကိုယ်သင် ထုတ်ဖော်ပြီး ဤသည်ကို သတိထားမိလာသောအခါ သမ္မာတရားကို သင်ရှာဖွေသင့်သည်- ဘုရားသခင်၏ အလိုတော်နှင့်ညီအောင် ပြုမူဆောင်ရွက်သည့်နည်းလမ်း၊ အသင်းတော်၏ အလုပ်နှင့် ညီအစ်ကိုမောင်နှမတို့၏ အသက်ဝင်ရောက်မှုတို့ကို အကျိုးဖြစ်စေဖို့ လုပ်ဆောင်ရမည့်အရာတို့ကို သင် ရှာဖွေသင့်သည်။ သင်သည် သင်၏ကိုယ်ပိုင် အကျိုးစီးပွားများကို ဘေးဖယ်ထားပြီး သင်၏ ဝိညာဉ်ရင့်ကျက်မှုအရ ယင်းတို့ကို တဖြည်းဖြည်း တစ်ကြိမ်တွင် နည်းနည်းချင်းစီ စွန့်လွှတ်ခြင်းဖြင့် အစပြုရပါမည်။ သင်သည် ဤအရာကို အကြိမ်အနည်းငယ် တွေ့ကြုံပြီးသည့်နောက်၊ ယင်းတို့ကို လုံးလုံးလျားလျား ဘေးဖယ်ထားပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ သင် ထိုသို့လုပ်ဆောင်ပြီးသည့်နောက်တွင် သင်သည် တည်ကြည်ခိုင်မာလိမ့်မည် ဖြစ်ပြီး လူသားတစ်ဦးအနေဖြင့် သင်သည် အသိတရားနှင့် ဆင်ခြင်တုံတရားတို့ ရှိသင့်သည်၊ သင်သည် တစ်ကိုယ်ကောင်းမဆန်ဘဲ ဘုရားသခင်၏ အလိုတော်ကို အလေးဂရုပြုသင့်ပြီး၊ အကျိုးဆက်အနေဖြင့် သင်သည် ပွင့်လင်းရိုးသားသည့်၊ ဖြောင့်မတ်သောလူတစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သက်သက်ဖြင့် ဤအရာများကို လုပ်ဆောင်ခြင်းက တရားမျှတပြီး ဖြောင့်မတ်ကာ အသက်တာကို တန်ဖိုးရှိစေသည်။ ကမ္ဘာပေါ်တွင် ဤသို့ အသက်ရှင်ခြင်းက သင်သည် ပွင့်လင်းရိုးသားနေကြောင်း၊ သင်သည် စစ်မှန်သောလူတစ်ဦး ဖြစ်နေကြောင်း၊ သင်၌ ရှင်းလင်းသောအသိစိတ်ရှိပြီး သင့်အပေါ် ဘုရားသခင် နှင်းအပ်ထားသော အရာများအားလုံးနှင့် ထိုက်တန်ကြောင်း သင်ခံစားရလိမ့်မည်။ သင်သည် ဤကဲ့သို့ ပို၍အသက်ရှင်လေ၊ ပို၍တည်ကြည်ခိုင်မာပြီး ပို၍ထက်မြက်သည်ဟု သင်ခံစားရလေ ဖြစ်မည်။ ထိုသို့ဆိုသော် သင်သည် မှန်ကန်သောလမ်းကြောင်းပေါ် ခြေချထားပြီးဖြစ်မည် မဟုတ်လော။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ကျွန်မတာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ဘုရားနှုတ်ကပတ်တော်နဲ့အညီ ကြိုးစားလုပ်ရမယ်ဆိုတာ နားလည်သွားတယ်။ အပြင်ပန်းမှာပဲ အလုပ်ကြိုးစားပြီး ပေးဆပ်လို့မရဘူး။ အရေးကြီးဆုံးက စိတ်နှလုံးထဲမှာ ဒီတာဝန်ကို ခံယူဖို့၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို အရာအားလုံးအထက်မှာ ထားဖို့၊ အကောင်းဆုံးလုပ်ပြီး ရသင့်တဲ့အရာတွေကို ရရှိဖို့ပဲ။ ဒီနည်းနဲ့သာ ကျွန်မအပေါ် ဘုရားသခင်သုံးစွဲတဲ့ အပင်ပန်းခံအားစိုက်မှုကို ကျွန်မ ထိုက်တန်နိုင်ပြီး လူသားတွေလိုမျိုး အမှန်တကယ် အသက်ရှင်နိုင်ပါတယ်။ ဗီဒီယိုအလုပ်ကို ဦးဆောင်ရတာက ကျွန်မကို ဘုရားသခင်ချီးမြှောက်တာဆိုတာ သဘောပေါက်ခဲ့တယ်။ ဧဝံဂေလိပစ်မှတ် တော်တော်များများက ဘုရားအိမ်တော်ရဲ့ ဗီဒီယိုတွေကိုကြည့်ပြီး စစ်မှန်တဲ့လမ်းကို စုံစမ်းကြတယ်။ ဗီဒီယိုကောင်းတွေကတစ်ဆင့် ဘုရားကို သက်သေခံတာက ဧဝံဂေလိဖြန့်ဝေတာမှာ အရမ်းအရေးကြီးတဲ့အပိုင်းပဲ။ ကျွန်မတာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့အတွက် ဘုရားသခင်ကို အမှီပြုပြီး အကောင်းဆုံးလုပ်သင့်တယ်။ ကျွန်မတာဝန်မှာ အခက်အခဲတွေ၊ ပြဿနာတွေ အမျိုးမျိုးရှိပေမဲ့ ဒီအခက်အခဲတွေကတစ်ဆင့် သက်သာခြင်းကို တပ်မက်တဲ့ ကျွန်မရဲ့ ယုတ်မာတဲ့အခြေအနေနဲ့ တိုးတက်မှုကို လျစ်လျူရှုခြင်းကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်။ နောင်တရပြီး ပြောင်းလဲနိုင်ဖို့အတွက် လိုက်စားတဲ့နေရာမှာ ကျွန်မရဲ့ မှားယွင်းတဲ့အမြင်ကို သဘောပေါက်ခဲ့ပါတယ်။ အဲဒါတွေက ကျွန်မ သမ္မာတရားကို ရရှိပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို စွန့်ပစ်ဖို့ အခွင့်အလမ်းတစ်ခုပါ။ တစ်ချိန်တည်းမှာပဲ ကျွန်မရဲ့ အတတ်ပညာဆိုင်ရာ အားနည်းချက်တွေကိုလည်း မြင်စေခဲ့ပါတယ်။ ကျွန်မတို့တာဝန်တွေမှာ တိုးတက်မှုရှိဖို့ အတတ်ပညာပိုင်းကျွမ်းကျင်မှုတွေကို တိုးတက်အောင်လုပ်ရမယ်။ ဘုရားအလိုတော်ကို နားလည်ပြီးတဲ့နောက်မှာ ကျွန်မ စိတ်တက်ကြွလာတယ်။ နောက်ပိုင်းမှာ ကျွန်မတို့ရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ဘုရားသခင်ကို ဆုတောင်းတယ်။ ဘုရားရဲ့ လမ်းပြမှုကို ရှာကြတယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ဖြေရှင်းချက်တွေ ဆွေးနွေးကြတယ်။ ကျွန်မရဲ့ စိတ်နှလုံးအတွင်းထဲကနေ ကျွန်မ မပျင်းရိချင်တော့ဘူး။ လွတ်မထားချင်တော့ဘူး။ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေကိုသင်ဖို့လည်း အလုပ်ကြိုးစားခဲ့တယ်။ ကျွန်မ အကျပ်အတည်းဖြစ်ပြီး အရှုံးပေးချင်တဲ့အခါမှာ ဘုရားကိုဆုတောင်းတယ်။ ဇာတိပကတိကို စွန့်လွှတ်တယ်။ ကျွန်မတာဝန်မှာ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံတယ်။ အချိန်နည်းနည်းကြာတော့ နောက်ဆုံးမှာ ကျွန်မ တိုးတက်ပြောင်းလဲမှုကို တွေ့ခဲ့တယ်။ ပြဿနာက အမြန်ပြေလည်သွားတယ်။ ရလဒ်တွေက အရင်ကနဲ့စာရင် နည်းနည်းတိုးတက်လာတယ်။ တာဝန်ကို ဒီနည်းနဲ့လုပ်ရင်းနဲ့ ပိုပြီး စိတ်ချလက်ချဖြစ်လာတယ်။ တကယ်တမ်းတော့ ပြဿနာတွေကို ဖြေရှင်းတာနဲ့ လက်တွေ့အလုပ်ကိုလုပ်တာက အဲဒီလောက် မခက်ခဲပါဘူး။ ကျွန်မ အရမ်းကြီး ဒုက္ခမခံရဘူး။ ဘုရားရဲ့လမ်းပြမှုနဲ့ ကောင်းချီးတွေကို ရဖို့အတွက် တာဝန်မှာ ပိုပြီး တာဝန်သိစိတ်ရှိဖို့ပဲ။ ကျွန်မရဲ့ ဝင်ရောက်မှုက တော်တော်နည်းနေသေးတယ်။ ဒါကြောင့် နောင်မှာ ကျွန်မတာဝန်မှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းတာမှာ အာရုံစိုက်မယ်။ ဘုရားကို ကျေနပ်စေဖို့အတွက် စိတ်နှလုံးရှိသမျှနဲ့ တာဝန်ထမ်းဆောင်မယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။