ပေါ့ဆခြင်းနောက်ကွယ်ရှိ သမ္မာတရား

22.05.2022

ချမ်းပေ တောင်ကိုရီးယားနိုင်ငံ

လွန်ခဲ့သည့် အောက်တိုဘာလတွင် ဗီဒီယိုတစ်ခုကို ကျွန်တော်တို့ ထုတ်လုပ်ပြီးစီးခဲ့သည်။ ဤအတွက် များစွာ အလုပ်လုပ်ခဲ့ပြီး အချိန်နှင့်စွမ်းအင်များစွာ မြုပ်နှံခဲ့သည်။ သို့သော် အံ့သြဖွယ်ကောင်းသည်မှာ ခေါင်းဆောင်က စစ်ဆေးကြည့်သောအခါ အသေးစိတ်အချက်အလက်များစွာဖြင့် ပြဿနာများကို သူ ထောက်ပြခဲ့သည်။ ဗီဒီယို အထူးပြုလုပ်ချက်များက ကောင်းစွာပြုလုပ်ထားခြင်းမရှိ၊ ယခင်ဗီဒီယိုများထက် တိုးတက်ခြင်းမရှိ၊ ပြန်ပြုလုပ်ရမည်ဟု သူက ပြောသည်။ ဤသို့ကြားပြီးနောက် ကျွန်တော် အံ့သြမှင်တက်သွားသည်။ ဤသို့ အကြီးစား ပြဿနာများရှိလိမ့်မည်ဟု ကျွန်တော် လုံးဝ စိတ်မကူးမိခဲ့ပေ။ ဤသည်မှာ ကျွန်တော်တို့၏ အားထုတ်မှုနှင့် အရင်းအမြစ်များအားလုံးက အလဟဿဖြစ်သည်ဟု အဓိပ္ပာယ်မရပါသလား။ များစွာ ဖြုန်းတီးလိုက်သကဲ့သို့ဖြစ်သည်။

ကျွန်တော် အတော်အတန် လမ်းပျောက်သွားခဲ့သည်။ ထိုအခြေအနေကို ကျွန်တော် မည်သို့ ဖြတ်သန်းရမည်၊ သို့မဟုတ် မည်သည့်သင်ခန်းစာကို ကျွန်တော် ယူရမည်ကို မသိခဲ့ပေ။ ဗီဒီယိုကို သုံးလေးကြိမ် တည်းဖြတ်မှုများပြုလုပ်ခဲ့သည်၊ ထိုအချိန်အတွင်းတွင် ခေါင်းဆောင်က ကြည့်ပြီးဖြစ်သော်လည်း ထိုပြဿနာများကို လုံးဝ မပြောခဲ့သည်ကို ကျွန်တော် စဉ်းစားနေမိသည်။ ကျွန်တော်သည် အစွမ်းအစနည်းသောကြောင့် ဤကဲ့သို့သော ပြဿနာများကို သတိမထားမိသည်မှာ သာမန်ဖြစ်သည်ဟု ခံစားမိသည်။ သို့သော် ဤအရာကိုပဲ စဉ်းစားနေမိသည်။ တစ်စုံတစ်ခု လွဲနေသလို ခံစားရသည်။ ဤသို့သော ပြဿနာအကြီးစားများမှာ ကျွန်တော် အစွမ်းအစနည်းသောကြောင့်သာ ဖြစ်ခြင်း ဖြစ်ပါသလား။ ကျွန်တော်သည် တာဝန်တွင် အလွန်ညံ့ဖျင်းစွာ လုပ်ဆောင်နေခဲ့သည်။ ဤပြဿနာ၏ အကြောင်းရင်းမှာ အဘယ်နည်း။ ထို့နောက် ခေါင်းဆောင်က ယခင်က ပြောခဲ့သည့်အရာတစ်ခုကို သတိရမိသည်။ သူသည် ဗီဒီယိုကို အယူအဆနှင့် အဆက်အစပ်ကိုသာ စစ်ဆေးခြင်းခဲ့သည်ဟူ၍ ဖြစ်သည်။ သို့သော် ဤသည်မှာ ပြဿနာမရှိဟု အဓိပ္ပာယ်မရပေ။ သူသည် အသေးစိတ် သေချာစဉ်းစားရန်၊ နှံ့စပ်စွာ စစ်ဆေးရန် ပြီးလျှင် တွေ့ရှိသည့် မည်သည့်ပြဿနာကိုမဆို ပြုပြင်ရန် ပြောခဲ့သည်။ သို့သော် ကျွန်တော် လုပ်ဆောင်ခဲ့သည်မှာ ဤသို့မဟုတ်ပေ။ ခေါင်းဆောင်က ဗီဒီယိုကို ကြည့်ပြီးဖြစ်သောကြောင့် ပြဿနာရှိမည်မဟုတ်ဟု ကျွန်တော် တွက်ခဲ့သည်။ ထို့ကြောင့် ထုတ်လုပ်ရေးပြုလုပ်စဉ်အချိန်တွင် ဂရုတစိုက် ပြန်လည်ဆန်းစစ်ခြင်း၊ သို့မဟုတ် သေချာစဉ်းစားခြင်း မပြုခဲ့ပေ။ ကျွန်တော့်သဘောထားသည် လုံးဝ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေဆန်သည်။ ထို့နောက် ပြဿနာများ ပေါ်ပေါက်လာသောအခါ ခေါင်းဆောင်က ပြန်လည်စစ်ဆေးပြီးဖြစ်သည်ဟု ကျွန်တော် ပြောခဲ့သည်။ ကျွန်တော်သည် တာဝန်ကို နှပ်ချနေခြင်းမဟုတ်ပါလား။ အလွန်ပင် အကျိုးအကြောင်းမသင့်ပေ။ ထို့နောက် ကျွန်တော့်အတွက် သေချာပေါက် သင်ခန်းစာတစ်ခုရှိသည်ဟု စဉ်းစားမိသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် သိအောင် လမ်းပြဖို့ ဘုရားအား တောင်းလျှောက်လျက် ဆုတောင်းပြီး ရှာဖွေခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်တွင် ကျွန်တော်နှင့်အတူလုပ်သော အစ်မက သူနှင့်အတူ ပြီးစီးသွားပြီဖြစ်သော ဗီဒီယိုတစ်ခုကို ပြန်စစ်ပေးရန် တောင်းဆိုသည်။ ကျွန်တော် စစ်ဆေးရာတွင် သတိထားမိသည့် ပြဿနာအချို့ကို ကျွန်တော် ပြောပြခဲ့သည်။ သို့သော် သူက ခေါင်းဆောင်က ကြည့်ပြီးဖြစ်သည်၊ ခေါင်းဆောင်က အယူအဆကို သဘောကျသည်၊ ချက်ချင်း လက်စသတ်သင့်သည်ဟု ပြောကြောင်း ပြောခဲ့သည်။ စိစစ်တည်းဖြတ်ခြင်းအတွက် ကျွန်တော့်တွင် အကြံပြုချက်အချို့ရှိသည်။ သို့သော် ခေါင်းဆောင်က ကြည့်ပြီးဖြစ်ကာ ကြိုက်နှစ်သက်သည်ဟု ပြောသည်ကို ကြားပြီးနောက် ထုတ်မပြောရဲတော့ပေ။ ကျွန်တော့် အကဲဖြတ်ချက်က လွဲနေသဖြင့် အပြောင်းအလဲအချို့လုပ်မိပြီးမှ မှားနေမည်ကို ကျွန်တော် ကြောက်မိခဲ့သည်။ ဤသို့ဆိုလျှင် ကျွန်တော်က အနှောင့်အယှက်သာ ဖြစ်လိမ့်မည်။ သို့သော် ဗီဒီယိုတွင် အမှန်တကယ်ပင် ပြဿနာအချို့ရှိသည်ကို ကျွန်တော် တွေ့ရသည်။ ထို့ကြောင့် အခြားအစ်ကိုတစ်ယောက်အား ကြည့်ခိုင်းပြီး ကျွန်တော် ခံစားရပုံကို သူက သဘောတူသည်။ ကျွန်တော် ထပ်၍ ထုတ်ပြောသင့်သည်ဟု တွေးမိသည်။ သို့သော် ထို့နောက်တွင် ကျွန်တော် စဉ်းစားမိသည်။ ကျွန်တော်တို့က စိစစ်တည်းဖြတ်ပြီး ကျွန်တော် အကြံပြုသည့် တည်းဖြတ်မှုများက ပြဿနာရှိနေလျှင် မည်သူပြုလုပ်သည်ကို ခေါင်းဆောင်က မေးသောအခါ ဤသည်မှာ ကျွန်တော့်တာဝန်ဖြစ်မည် မဟုတ်လော။ ကျွန်တော် ကိုင်တွယ်ဖြေရှင်းခံရမည် မဟုတ်လော။ ကျွန်တော်တို့ ခေါင်းဆောင်ကို သွားမေးကာ သူက အဆင်ပြေသည်ဟု ပြောလျှင် မည်သည့်တည်းဖြတ်မှုမျှ ထပ်မံ၍ လိုအပ်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် ဗာဟီရများမည် မဟုတ်။ ယင်းကို ဆက်လုပ်နေစရာမလိုတော့ပေ။ ထို့ကြောင့် ကျွန်တော်တို့ စိတ်အေးနိုင်ဖို့ ခေါင်းဆောင်ကို မေးရန် ကျွန်တော်နှင့်တွဲလုပ်သော အစ်မအား အကြံပြုခဲ့သည်။ သို့သော် ကျွန်တော် ထိုစကားများကို ပြောပြီးပြီးချင်း တစ်စုံတစ်ခု မှားနေသကဲ့သို့ ခံစားမိသည်။ ဤအခြေအနေသည် ကျွန်တော် လုပ်နေကျဖြစ်သည်။ အတိအကျဆိုရသော် မတူညီသော ထင်မြင်ချက်ကို ကြားရာတွင် ကျွန်တော်ထံတွင် တုံ့ပြန်ချက်တစ်ခုသာ အမြဲ ရှိခဲ့သည်။ ခေါင်းဆောင်ကိုမေးပြီး ဆုံးဖြတ်ခိုင်းခြင်းပင်ဖြစ်သည်။ ခေါင်းဆောင်က အတည်ပြုလက်ခံလျှင် စိုးရိမ်စရာ လို‌မည် မဟုတ်ဘဲ ဆက်လက်လုပ်ဆောင်နိုင်သည်။ ဤသို့မဟုတ်ဘဲ ပြဿနာများရှိသည်ဟု သူကပြောလျှင် တည်းဖြတ်မှုများကို ကျွန်တော်တို့ ပြုလုပ်ကြသည်။ ဤသည်မှာ အကြိမ်တိုင်း ကျွန်တော်တို့လုပ်သည့်အရာ ဖြစ်သည်။ အမှန်တကယ်တွင် ကျွန်တော်တို့က ဗီဒီယိုအတွက် စည်းမျဉ်းများ၊ သတ်မှတ်ချက်များနှင့် အကျွမ်းတဝင် မရှိခြင်း မဟုတ်ပေ။ ထိုပြဿနာမျိုးအတွက် ကျွန်တော်တို့ သမ္မာတရားကို ရှာဖွေနိုင်ပြီး စည်းမျဉ်းများအရ လုပ်ဆောင်နိုင်သည်။ ခေါင်းဆောင်ကလည်း သူ၏ ပြန်လည်စစ်ဆေးမှုသည် ဗီဒီယိုကို အကြမ်းဖျင်းကြည့်ခြင်းသာဖြစ်ကြောင်း ရှင်းသည်။ သို့သော် ကျွန်တော်တို့က မည်သည့် ပြဿနာငယ်လေးများကိုမဆို စစ်ပြီး ပြုပြင်ဖို့လိုသည်။ ဤသည်မှာ ကျွန်တော့်ကို ပေးအပ်သည့်တာဝန်ဖြစ်ပြီး ကျွန်တော့်အလုပ်ဖြစ်သည်။ ဤသို့ဆိုလျှင် ကျွန်တော်သည် အဘယ်ကြောင့် လုံးဝ စိတ်နှစ်ပြီး မလုပ်ကိုင်သနည်း။ ပြဿနာများ၊ သို့မဟုတ် ထင်မြင်ချက် မတူညီမှုများကို ရင်ဆိုင်ရာတွင် အများသဘောတူညီချက်ရရန်အတွက် ညီအစ်ကိုမောင်နှမများနှင့် စည်းမျဉ်းများကို မရှာဖွေဘဲ တာဝန်သိတတ်ခြင်း မရှိခဲ့ပေ။ ထိုအစား ကျွန်တော်သည် ခေါင်းဆောင်ထံသို့ လွှဲပြောင်းပေးပြီး ကိုယ့်တာဝန်ကို မလုပ်ဆောင်ပေ။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ကျွန်တော် သတိရမိသည်။ “မိမိတို့၏ တာဝန်တွင် အစဉ်သဖြင့် မတက်မကြွဖြစ်သူအချို့ရှိပြီး အစဉ်သဖြင့် ထိုင်လျက်၊ စောင့်ဆိုင်းလျက်၊ သူတစ်ပါးတို့ကို အားကိုးလျက်ရှိကြသည်။ ဤသည်မှာ မည်သည့် သဘောထားမျိုးဖြစ်သနည်း။ ယင်းသည် တာဝန်မသိတတ်မှုဖြစ်သည်။...သင်သည် စာများ၊ အယူဝါဒစကားများကိုသာ ဟောကြားပြီး ကြားကောင်းသောအရာများကိုသာ ပြောဆိုသည်။ သို့သော် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ပေ။ သင်၏ တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိလျှင် သင်သည် တာဝန်ခံပြီး နုတ်ထွက်သင့်သည်။ ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်စေလျက် ထိုနေရာတွင် သင်၏ ရာထူးကို ကိုင်စွဲပြီး မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်း မပြုနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ရွေးချယ်ထားသောသူတို့ကို ထိခိုက်နစ်နာစေပြီး ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်စေသည် မဟုတ်လော။ သင် စကားပြောဆိုသည့်ပုံစံတွင် အယူဝါဒမျိုးစုံကို နားလည်သည့်ပုံပေါ်သည်။ သို့သော် တာဝန်ထမ်းဆောင်ရန် တောင်းဆိုခြင်းခံရသောအခါ သင်သည် ပေါ့ဆပြီး ဝတ်ကျေတန်းကျေသာလုပ်ကာ အနည်းငယ်မျှပင် တာဝန်မကျေပွန်ပေ။ ဤသည်မှာ ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် ရိုးသားစွာ အသုံးခံခြင်းဖြစ်သလော။ သင်သည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်ခြင်းမရှိပေ။ သို့တိုင်အောင် သင်က ဟန်ဆောင်သည်။ ဘုရားသခင်ကို သင် လှည့်စားနိုင်စွမ်းရှိသလော။ သင်စကားပြောလေ့ရှိသည့် ပုံစံ၌ အလွန်ကြီးမားသော မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပုံရသည်။ သင်က ဘုရားအိမ်တော်၏ ထောက်တိုင်နှင့် ကျောက်ဆောင်ဖြစ်လိုသည်။ သို့သော် တာဝန်တစ်ခုကို သင် ထမ်းဆောင်သောအခါ သင်သည် မီးခြစ်ဆံတစ်ခုမျှလောက်ပင် အသုံးမဝင်ပေ။ ဤသည်မှာ သင်၏အပိုင်းမှ ဘုရားကို မြင်သာစွာ လှည့်စားခြင်းမဟုတ်သလော။ ဘုရားသခင်ကို လှည့်စားရန် ကြိုးစားခြင်းမှ မည်သည့်ရလဒ်ကိုရရှိသည်ကို သင်သိသလော။ သင့်ကို သူ၏ အလွန်မုန်းတီးခြင်းနှင့် ထုတ်ပယ်ခြင်းဖြစ်သည်။ လူအားလုံးတို့သည် သူတို့၏ တာဝန်ကိုထမ်းဆောင်ရာတွင် ထုတ်ဖော်ခြင်းခံရသည်။ လူတစ်ယောက်ကို တာဝန်တစ်ခုသာ ချပေးလော့။ မကြာခင်တွင် ထိုသူသည် ရိုးသားသူ၊ သို့မဟုတ် လှည့်စားသူဖြစ်မဖြစ်၊ သမ္မာတရားကို ချစ်သောသူဖြစ်မဖြစ်ကို ထုတ်ဖော်ပြခြင်းခံရလိမ့်မည်။ သမ္မာတရားကို ချစ်သောသူတို့သည် တာဝန်များကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်နိုင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းနိုင်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားအိမ်တော်၏အလုပ်ကို အနည်းငယ်မျှပင် မထိန်းသိမ်းကြပေ။ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် တာဝန်မသိတတ်ကြပေ။ ဤသည်မှာ မြင်ရန်မျက်လုံးရှိသူတို့အဖို့ မြင်သာပေသည်။ မိမိတို့၏ တာဝန်ကို ညံ့ဖျင်းစွာ ထမ်းဆောင်သောသူ မည်သူမဆိုသည် သမ္မာတရားကို ချစ်သူ၊ သို့မဟုတ် ရိုးသားသူမဟုတ်ပေ။ ၎င်းတို့အားလုံးသည် ထုတ်ဖော်ခံရပြီး စွန့်ပစ််ခြင်းခံရမည့် ပစ်မှတ်များဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်”) ကျွန်တော်တို့သည် မိမိတာဝန်တွင် တာဝန်ခံယူမှုရှိပြီး လက်တွေ့အလုပ်ကို လုပ်ရမည်ဟု ဘုရားသခင်က ပြောသည်။ ဤသည်မှာ ကျွန်တော်တို့တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ကျွန်တော်တို့သည် ပြဿနာများကို အလေးအနက်မထားဘဲ၊ သို့မဟုတ် တာဝန်ယူခြင်း မရှိဘဲ အခြားတစ်ယောက်ယောက်ထံ အစဉ် တွန်းပို့လိုပြီး အပေါ်ယံအလုပ်ကိုသာ လုပ်ဆောင်လျက် တာဝန်တွင် စိတ်မနှစ်ဘဲ ထိုအစား ဖြစ်သလိုလုပ်ဆောင်လျှင် ကျွန်တော်တို့တာဝန်ကို ကောင်းစွာ မလုပ်ဆောင်နိုင်ပေ။ ဘုရားသခင်က ကျေနပ်မှုရှိမည် မဟုတ်ပေ။ ဘုရားသခင်၏ အမြင်တွင် ဤသို့သောသူတို့သည် အသုံးမဝင်ဘဲ တာဝန်ကို ဖြည့်ဆည်းဖို့ မထိုက်တန်ပေ။ ကျွန်တော်သည် ဘုရားသခင် ဖော်ထုတ်သကဲ့သို့ပင်ဖြစ်သည်ကို မြင်ခဲ့သည်။ ကျွန်တော်၏ တာဝန်တွင် ပြဿနာများကို ကြုံရသောအခါ ကျွန်တော်သည် ဆုတောင်းလျက်၊ ရှာဖွေလျက် အခြားညီအစ်ကိုမောင်နှမများနှင့် စည်းမျဉ်းများအပေါ် မိတ်သဟာယဖွဲ့လျက် ယင်းကို စိတ်နှစ်လုပ်ကိုင်လျှင် အများသဘောတူညီချက်တစ်ခုရပြီး ဖြေရှင်းချက်တစ်ခု တွေ့ရှိလိမ့်မည်။ သို့သော် ယင်းက စိတ်ရှုပ်ဖို့ကောင်းသည်ဟု ထင်ပြီး အားမထုတ်ချင်ခဲ့ပေ။ ထို့ကြောင့် ခေါင်းဆောင်က အဆုံးအဖြတ်ပေးလိုက်လျှင် သိပ်ဗျာများရမည် မဟုတ်ဟု ထင်မြင်လျက် ခေါင်းဆောင်ဆီသို့ တန်းသွားချင်ခဲ့သည်။ ဤသို့ဆိုလျှင် အလွန် ဒုက္ခနည်းသွားမည်။ ဤသို့မဟုတ်လျှင် ကျွန်တော်တို့သည် အချိန်ကြာမြင့်စွာ ဆူညံစွာပြောဆိုနေကြမည်သာဖြစ်ပြီး အဖြေရှာတွေ့ခြင်း မရှိနိုင်သေးပေ။ ထို့ကြောင့် ပြဿနာများစွာကို ခေါင်းဆောင်ထံသို့ လွှဲပေးခဲ့သည်။ အဖွဲ့ခေါင်းဆောင်အနေဖြင့် ကျွန်တော်သည် တာဝန်ယူခြင်းမရှိ၊ ပေးသင့်သည့် အဖိုးအခကို မပေးဆပ်ပေ။ ထို့အပြင် ကျွန်တော်တို့၏ အလုပ် ဆွေးနွေးမှုများတွင် တစ်ခါတစ်ရံ၌ ပြဿနာများကို ကျွန်တော် ရှာတွေ့သည်၊ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှု အချို့ရှိသည်။ သို့သော် ဤအရာကို ကျွန်တော် ရှင်းပြသည့်အခါ အစ်ကို၊ အစ်မတစ်ယောက်က မတူသည့် ထင်မြင်ချက်တစ်ခုကို ဖော်ပြလျှင် ကျွန်တော်က နှုတ်ဆိတ်၍သာ နေလိုက်သည်။ ကျွန်တော်က မာနထောင်လွှားသည်ဟု အခြားလူများက ပြောမည်ကို ကြောက်နေခဲ့သည်။ ကျွန်တော့်အတွက် ပို၍ ကြောက်စရာကောင်းသည်မှာ ပြဿနာများရှိလျှင် ကျွန်တော် တာဝန်ယူရမည်ကိုပင်ဖြစ်သည်။ ကျွန်တော်က ကျွန်တော်၏ ထင်မြင်ချက်ကို ဝေမျှခဲ့သောကြောင့် ယင်းကို စဉ်းစားရန်မှာ သူတို့အပေါ်တွင် မူတည်သည်၊ အများသဘောတူညီချက်မရနိုင်လျှင် ခေါင်းဆောင်ကို မေးနိုင်သည်ဟု ကျွန်တော် ခံစားမိသည်။ ဤနည်းအားဖြင့် ပြဿနာတစ်ခု ပေါ်ပေါက်လာလျှင် အနည်းဆုံး အားလုံးက ကျွန်တော့်ဆီ ပြန်လာမည်မဟုတ်တော့ပေ။ ဘုရားသခင်၏ အိမ်တော်ကို အကျိုးဖြစ်စေမည့်အရာကို စဉ်းစားဖို့မဆိုထားနှင့်၊ သမ္မာတရား၏ စည်းမျဉ်းများနှင့်အညီဖြစ်စေ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီဖြစ်စေ မည်သို့လုပ်ဆောင်ရမည်ကို ကျွန်တော် ရှာဖွေခြင်းမရှိပေ။ အဖိုးအခ စိုးစဉ်းမျှကိုပင် ကျွန်တော် မပေးဆပ်ချင်ခဲ့ဘဲ တာဝန်မသိတတ်ခဲ့ပေ။ အပေါ်ယံတွင် ကျွန်တော်က ပြဿနာများကို ရှာဖွေတွေ့ရှိပြီး တင်ပြနေသည်။ သို့သော် ထိုပြဿနာများကို မဖြေရှင်းပေ။ အခြားလူများကို အစဉ်သဖြင့် အဆုံးအဖြတ်ပေးခိုင်းပြီး ကျွန်တော်ကမူ ဆုံးဖြတ်ချက်များ မချပေ။ ကျွန်တော်သည် လှည့်စားနေခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းခြင်း မဟုတ်ပါလား။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကျွန်တော် မထိန်းသိမ်းခဲ့ပေ။ ယခင်က ကိုယ်နားမလည်သည့်အခါ ကိုယ့်ကိုယ်ကိုယ် မျက်စိစုံမှိတ် ယုံကြည်ခြင်းထက် မေးမြန်းခြင်းက ကျိုးကြောင်းသင့်သည်ဟု ထင်လျက် ပြဿနာတစ်ခုကို ကြုံရသည့်အခါတိုင်းတွင် ခေါင်းဆောင်ကို ကျွန်တော် အမြဲမေးခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ထုတ်ဖော်ချက်များကြောင့် ကျွန်တော်သည် တာဝန်မသိတတ်သည်ကို၊ တာဝန်တွင် ပေါ့ဆသည်ကို၊ စိတ်နှစ်ပြီး လုပ်ကိုင်ခြင်းမရှိသည်ကို မြင်နိုင်ခဲ့သည်။ ယခု ဤအရာကို ကျွန်တော် သဘောပေါက်သွားသောအခါ ကျွန်တော်သည် အလွန်ပင် တုံးအပြီး ထုံထိုင်းနေခဲ့သည်ကို မြင်ရသည်။ ဘုရားသခင်သည် ကျွန်တော့်အတွက် အခြေအနေများစွာ ပြင်ဆင်ပေးခဲ့ပြီးဖြစ်သည်။ သို့သော် ကျွန်တော်သည် သမ္မာတရားကို ရှာဖွေခြင်း၊ သင်ခန်းစာယူခြင်း မည်သည့်အခါမျှ မရှိခဲ့ပေ။ တာဝန်သိတတ်စွာဖြင့် မလုပ်ဆောင်ဘဲ တာဝန်တွင် အစဉ်သဖြင့် ပြီးပြီးရော လုပ်ဆောင်နေခဲ့သည်။ ဤကဲ့သို့ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အလွန် အန္တရာယ်ရှိသောနည်းလမ်း ဖြစ်သည်။ ယခု ပြဿနာများကို ကျွန်တော် ရှာတွေ့ပြီး ကျွန်တော့်အလုပ်ဖော်က မတူသော စိတ်ကူးများရှိသည်။ သဘောတူညီမှုရရန်၊ သို့မဟုတ် ဖြေရှင်းချက်တစ်ခုကို ရှာရန်အတွက် သမ္မာတရားစည်းမျဉ်းများကို သူနှင့်အတူ မရှာဖွေဘဲ ခေါင်းဆောင်ဆီကိုသာပြေးပြီး မေးလျှင် ယင်းသည် ဖြစ်သလို လုပ်ဆောင်ခြင်းဖြစ်သည်မှာ သိသာထင်ရှားပါသည်။ ကျွန်တော်၏ အခြေအနေကို ပြောင်းလဲရမည်၊ ကြားနေပြီး တာဝန်မသိတတ်နေလျှင် သိသိကြီးဖြင့် အမှားတစ်ခုကို ကျူးလွန်နေခြင်းပင်ဖြစ်သည်ကို ကျွန်တော် သဘောပေါက်ခဲ့ပါသည်။ ထို့ကြောင့် နောက်ထပ်ပုံစံတစ်ခုကို ဖန်တီးပြီး နှစ်ခုကို ယှဉ်ကြည့်ရန်၊ ပြီးလျှင် ကျွန်တော်တို့က ပိုကောင်းသည်ဟုထင်သည့်တစ်ခုကို ခေါင်းဆောင်ကို စစ်ဆေးသုံးသပ်ခိုင်းရန် ကျွန်တော့်အလုပ်ဖော်ကို ကျွန်တော် အကြံပြုလိုက်သည်။ ဤအစီအစဉ်ကို သူမက သဘောတူသည်ဟု ပြောသည်။ ဤအရာကို လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် ကျွန်တော် အလွန်ပင် စိတ်သက်သာမိသည်။

နောက်ပိုင်းတွင် ဤဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရသည်။ “တာဝန်ယူရန် ကြောက်ရွံ့သောသူသည် သတ္တိနည်းသောသူဖြစ်သလော၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသလော။ ကွာခြားချက်ကို သင် ပြောနိုင်ရမည်။ အမှန်က ဤသည်မှာ သတ္တိနည်းသည့် ပြဿနာတစ်ခုမဟုတ်ပေ။ ထိုသူသည် ချမ်းသာကြွယ်ဝမှုနောက်သို့ လိုက်လျှင်၊ သို့မဟုတ် မိမိကိုယ်တိုင် စိတ်ဝင်စားသည့်အရာတစ်ခုကို လုပ်ဆောင်နေလျှင် အဘယ်သို့ အလွန်ရဲရင့်နိုင်ရသနည်း။ မည်သည့်စွန့်စားမှုကိုမဆို ၎င်းတို့ ပြုလုပ်လိမ့်မည်။ သို့သော် အသင်းတော်အတွက်၊ ဘုရားအိမ်တော်အတွက် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ လုံးဝ စွန့်စားမှုမပြုလုပ်ပေ။ ဤသို့သော လူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ အားလုံးထဲတွင် သစ္စာအမဲ့ဆုံး ဖြစ်သည်။ တာဝန်မခံယူသူ မည်သူမဆိုသည် ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့်ပတ်သက်၍ မပြောနှင့်၊ ဘုရားသခင်ကို အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်းမရှိ။ မည်သို့သော သူမျိုးသည် တာဝန်ခံယူရဲသနည်း။ အရေးကြီးဆုံးဖြစ်သော၊ အရေးပါဆုံးဖြစ်သောအလုပ်ကို မြင်သောအခါ ဘုရားအိမ်တော်၏ အလုပ်တွင် အရေးပါသော အချိန်အခိုက်အတန့်၌ ဦးဆောင်ပြီး ရှေ့သို့ ရဲရင့်စွာသွားသောသူ၊ ကြီးလေးသော တာဝန်ကို ခံယူရန်၊ ကြီးစွာသော ဒုက္ခဆင်းရဲကို ခံယူရန် မကြောက်သောသူဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာရှိသူတစ်ယောယက်၊ ခရစ်တော်၏ စစ်သားကောင်းတစ်ယောက် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ယူရန် ကြောက်သောသူတိုင်းက ထိုသို့ဖြစ်ခြင်းမှာ သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သည်မှာ မှန်ပါသလား။ မမှန်ပါ။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝတွင်ရှိသော ပြဿနာဖြစ်သည်။ ၎င်းတို့တွင် တရားမျှတမှု၊ သို့မဟုတ် တာဝန်ခံယူမှုအသိစိတ်မရှိပေ။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသောသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ရိုးသားစစ်မှန်သော ယုံကြည်သူများမဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံပေ။ ဤအတွက်ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်းမခံရနိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို ရရှိရန်၊ အဖိုးအခ များစွာ ပေးဆပ်ရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ အချို့သော အရာများကို စွန့်လွှတ်၊ စွန့်ပစ်လျက်ဖြင့် ဒုက္ခဆင်းရဲအချို့ကိုလည်း ကြုံရမည်။ ဤသို့ဆိုလျှင် တာဝန်ယူရန်ကြောက်သောသူသည် သမ္မာတရားကို ရရှိနိုင်သလော။ မရရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ ၎င်းတို့၏ အကျိုးစီးပွား ဆုံးရှုံးခြင်းကို ခံရရန်ကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အရှက်ခွဲခံရခြင်း၊ ချိုးနှိမ်ခြင်း၊ ဝေဖန်အပြစ်တင်ခြင်းကို ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရဲပေ။ ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ မရရှိနိုင်ပေ။ ဘုရားသခင်ကို နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ ဘုရားသခင်၏ ကယ်တင်ခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်နိုင်သော သူတို့သည် ၎င်းတို့၏ ဝန်ထုပ်ဝန်ပိုးက အသင်းတော်၏ အလုပ်ဖြစ်သောသူ၊ တာဝန်ခံယူသောသူ၊ သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းသောသူ၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်သောသူများဖြစ်ရမည်။ ဤနယ်ပယ်များတွင် အားနည်းခြင်းသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ခြင်း၊ တာဝန်ထမ်းဆောင်ခြင်းအတွက် သတ်မှတ်ချက်များကို မပိုင်ဆိုင်ခြင်းဖြစ်သည်။ တာဝန်ထမ်းဆောင်ရာတွင် တာဝန်ယူရန် ကြောက်သောသူများစွာ ရှိသည်။ ၎င်းတို့၏ ကြောက်ရွံ့မှုသည် အဓိကနည်းလမ်းသုံးခုဖြင့် ထင်ရှားသည်။ ပထမတစ်ခုမှာ တာဝန်ခံယူဖို့မလိုသည့် တာဝန်များကို ၎င်းတို့က ရွေးချယ်ကြသည်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်သည် ၎င်းတို့အတွက် တာဝန်ထမ်းဆောင်ရန် စီစဉ်ပေးပါက ၎င်းတို့က ဤအတွက် တာဝန်ယူရခြင်းရှိမရှိကို ဦးစွာ မေးတတ်သည်။ တာဝန်ယူရမည်ဆိုလျှင် လက်မခံကြပေ။ တာဝန်ယူဖို့ မလိုအပ်လျှင် ၎င်းတို့က တွန့်ဆုတ်စွာဖြင့် လက်ခံသည်။ သို့သော် အလုပ်က ပင်ပန်းခြင်းရှိမရှိ၊ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေခြင်းရှိမရှိကို ကြည့်ရသေးသည်။ ၎င်းတို့သည် တာဝန်ကို တွန့်ဆုတ်စွာ လက်ခံပြီးသော်လည်း ကောင်းစွာထမ်းဆောင်ရန် စိတ်မပါဘဲ ပေါ့ဆပြီး ဝတ်ကျေတန်းကျေလုပ်ဖို့ ပို၍နှစ်သက်နေကြဆဲဖြစ်သည်။ နားရမည်။ ပင်ပန်းရမည်မဟုတ်။ ရုပ်ခန္ဓာ ဆင်းရဲဒုက္ခမဟုတ်။ ဤသည်မှာ ၎င်းတို့၏ စည်းမျဉ်းဖြစ်သည်။ ဒုတိယတစ်ခုမှာ အခက်အခဲတစ်ခု ၎င်းတို့အပေါ် ကျရောက်သောအခါ၊ သို့မဟုတ် ပြဿနာတစ်ခုကို ကြုံတွေ့ရသောအခါ ၎င်းတို့၏ ပထမဆုံး ခိုကိုးရာမှာ မိမိတို့ သက်သက်သာသာဆက်နေနိုင်ရန် မျှော်လင့်ချက်ဖြင့် ခေါင်းဆောင်တစ်ယောက်ထံသို့ တင်ပြပြီး သူ့ကို ကိုင်တွယ်ဖြေရှင်းခိုင်းခြင်းဖြစ်သည်။ ခေါင်းဆောင်က ပြဿနာကို မည်သို့ကိုင်တွယ်သည်ကို ဂရုမစိုက်သကဲ့သို့ အရေးမစိုက်ကြပေ။ ၎င်းတို့ကိုယ်တိုင် တာဝန်မရှိသရွေ့ အားလုံးက ၎င်းတို့အတွက် အဆင်ပြေသည်။ ဤသို့သော တာဝန်ထမ်းဆောင်မှုသည် ဘုရားသခင်အပေါ် သစ္စာရှိသလော။ ဤသည်မှာ အလုပ်ကို သူများကိုပေးခြင်း၊ တာဝန် ပျက်ကွက်ခြင်း၊ ခေါင်းရှောင်ခြင်းဖြစ်သည်။ အပြောသက်သက်သာဖြစ်ပြီး အမှန်တကယ် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ၎င်းတို့က ‘ဤအရာကို ငါ ကိုင်တွယ်ရမည်ဆိုလျှင်၊ အမှားလုပ်မိသွားလျှင် မည်သို့ပြုလုပ်ရမည်နည်း။ ဤသို့ဆိုလျှင် ကိုင်တွယ်ခံရမည်မှာ ငါဖြစ်မည်မဟုတ်ပါလား။ ဤအတွက် တာဝန်က ငါ့အပေါ် အရင်ဆုံး ကျရောက်မည်မဟုတ်ပါလား’ ဟူ၍ မိမိတို့ကိုယ်ကို ပြောကြသည်။ ဤသည်မှာ ၎င်းတို့ စိတ်ပူသည့်အရာဖြစ်သည်။ သို့သော် ဘုရားသခင်က အရာအားလုံးကို ကြည့်ရှုစစ်ဆေးနိုင်သည်ကို ယုံကြည်သလော။ လူတိုင်းက အမှားလုပ်ကြသည်။ ရည်ရွယ်ချက်မှန်ကန်သော သူတစ်ယောက်သည် အတွေ့အကြုံကင်းမဲ့ပြီး ယခင်က အမှုကိစ္စအမျိုးအစားအချို့ကို မကိုင်တွယ်ခဲ့ဖူးသော်လည်း ၎င်းတို့ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့လျှင် ယင်းကို ဘုရားသခင်က မြင်ရသည်။ ဘုရားသခင်သည် လူသား၏ အကြောင်းအရာများအားလုံးနှင့် စိတ်နှလုံးအား စိစစ်သည်ကို သင်ယုံကြည်ရမည်။ ဤသည်ကိုပင် မယုံကြည်လျှင် မယုံကြည်သူဖြစ်သည် မဟုတ်လော။ ထိုသို့သောသူက တာဝန်ထမ်းဆောင်ရာတွင် မည်သည့်အရေးပါမှု ရှိနိုင်မည်နည်း။ လူတစ်ယောက်၏ တာဝန်ယူရမည်ကို ကြောက်ခြင်း ထင်ရှားသည့် ပုံစံ နောက်တစ်ခုရှိသည်။ တာဝန်ထမ်းဆောင်သည့်အခါတွင် အချို့လူတို့သည် အနည်းငယ် အပေါ်ယံဆန်ပြီး၊ ရိုးရှင်းသောအလုပ်၊ တာဝန်ခံယူရန် မလိုအပ်သောအလုပ်ကို လုပ်သည်။ အခက်အခဲများ ဖြစ်ပေါ်စေပြီး တာဝန်ယူရသည့်အလုပ်ကို ၎င်းတို့က သူတစ်ပါးတို့အပေါ် ပစ်ချသည်။ တစ်ခုခုမှားယွင်းလျှင် ၎င်းတို့က ထိုသူတို့အပေါ် အပြစ်လွှဲချပြီး ၎င်းတို့ကိုယ်တိုင်က အပြစ်မရှိအောင်နေသည်။...တာဝန်ထမ်းဆောင်ရာတွင် တာဝန်ခံရန် ကြောက်သောမည်သူမဆိုသည် သစ္စာရှိသော အစေခံသူအဆင့်ပင် မရောက်ပေ။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ကျွန်တော်သည် အလွန်ပင် တို့ထိခြင်းခံစားရသည်။ ဤသည်မှာ ထိုအချိန်က ကျွန်တော်၏ အခြေအနေ အတိအကျကို ဘုရားသခင်က ဖော်ပြနေသကဲ့သို့ ခံစားမိသည်။ ဘုရားအိမ်တော်က ကျွန်တော့်ကို ပေးအပ်သောတာဝန်တွင် ကျွန်တော်သည် သမ္မာတရားစည်းမျဉ်းများအပေါ်တွင် အလုပ်မလုပ်ပေ၊ သို့မဟုတ် အကောင်းဆုံးလုပ်ဆောင်ရန်အတွက် ဘုရားသခင်ကို အမှီမပြုပေ။ ထိုအစား ကျွန်တော်သည် ပြဿနာများမှ ထွက်ပြေးနေပြီး တာဝန်ကို ရှောင်နေသည်။ အမှုအရာများကို ခေါင်းဆောင်က ကိုင်တွယ်နိုင်ရန် သူ့ပခုံးပေါ်တွင် ထားသည်။ ခေါင်းဆောင်ပြောသမျှကို ကျွန်တော်က လုပ်ဆောင်ပြီး အဆုံးတွင် ကောင်းစွာမပြီးမြောက်လျှင် ကျွန်တော်တာဝန်ခံရမည်မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်းခံရမည်မဟုတ်ဟု ထင်မြင်ခဲ့သည်။ ဤသည်မှာ လှည့်စားနေခြင်းမဟုတ်ပါလား။ ဤသည်မှာ အမှုအရာများကို လုပ်ဆောင်ရန် လိမ္မာပါးနပ်သောနည်းဖြစ်သည်ဟုပင် ကျွန်တော် ယုံကြည်ခဲ့သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် တာဝန်ခံယူစရာမရှိအောင်ပြုခြင်း၊ တာဝန်ကို လျစ်လျူရှုခြင်း၊ ကောက်ကျစ်ခြင်းဖြစ်သည်ကို ကျွန်တော် မြင်ခဲ့သည်။ ကျွန်တော်သည် မိမိတာဝန်တွင် ဘုရားသခင်အပေါ် ဉာဏ်များပြီး လှည့်စားနေခြင်းဖြစ်သည်။ တာဝန်ကို ရှောင်နိုင်ရန်အတွက် ကိုယ့်အတွက် အစဉ် ထွက်ပေါက်တစ်ခုချန်ထားသည်။ ကျွန်တော်သည် စစ်မှန်မှုမရှိ၊ သို့မဟုတ် စစ်မှန်သည့် အဖိုးအခကို ပေးဆပ်ခြင်းမရှိသကဲ့သို့ ကျွန်တော် တတ်နိုင်သမျှအရာရာကို လုပ်ဆောင်ရန် ကြိုးစားနေခြင်းလည်း မဟုတ်ပေ။ ကျွန်တော်သည် ပြီးပြီးရောလုပ်နေခြင်း၊ မရိုးသားခြင်းသာဖြစ်ပြီး အစေခံနေလျှင်ပင် စိတ်နှစ်ပြီးလုပ်ကိုင်ခြင်းမရှိပေ။ ကျွန်တော်သည် တာဝန်နှင့် မထိုက်တန်ပေ။ ဗီဒီယိုတစ်ခုကို ကျွန်တော်တို့ ပြုလုပ်ပြီးစီးသည့်အခါတိုင်းတွင် ပဏာမစစ်ဆေးရာတွင် ခေါင်းဆောင်က အဆင်ပြေသည်ဟု ပြောသရွေ့ ကျွန်တော်က အလေးအနက် မစစ်ဆေးခဲ့၊ သေချာမစဉ်းစားခဲ့သည်ကို ကျွန်တော် သတိပြုမိခဲ့သည်။ အခြားလူများက ထုတ်လုပ်ရေးလုပ်ငန်း အချိန်ကာလအတွင်းတွင် အကြံပြုချက်များပေးလျှင်ပင် ထိုအရာများကို သိပ် အလေးမထားခဲ့ပေ။ အမြန်ကြည့်လိုက်ပြီး အဆင်ပြေသည်ဟုသာ ပြောလိုက်သည်။ ကျွန်တော်သည် အလွန်ပင် တာဝန်မသိတတ်ခဲ့ပေ။ ရလဒ်အနေဖြင့် ပြီးစီးသွားသော အချို့ဗီဒီယိုများမှာ ပြဿနာများရှိပြီး ပြန်လည်ပြင်ဆင်ဖို့အတွက် ပြန်လုပ်ရသည်။ တစ်ခါတစ်ရံတွင် အဖွဲ့က ဗီဒီယိုတစ်ခုနှင့်ပတ်သက်ပြီး သဘောတူညီမှုမရရှိပေ။ ကျွန်တော်က ပြဿနာကိုမြင်သည့်တိုင် ပြတ်သားသည့်အရာတစ်ခုမှ မပြောခဲ့ဘဲ ထိုအစား အဆုံးအဖြတ်ပေးရန် ခေါင်းဆောင်ဆီကိုသာ ယူသွားခဲ့သည်။ တစ်ခါတစ်ရံတွင် ပြဿနာ၏ အခြေခံသဘောတရားများကို ကျွန်တော်တို့ အမှန်တကယ် နားမလည်ပေ။ အကြောင်းအရာများကို စံနှုန်းနှင့်အညီလုပ်ဆောင်ထားခြင်း ဟုတ်မဟုတ် မသေချာနိုင်ပေ။ အမှားများကို ကူညီ ပြင်ဆင်ပေးရန်အတွက် ခေါင်းဆောင်၏ လမ်းပြမှုကို လိုအပ်ခဲ့သည်။ သို့သော် ပြဿနာအချို့မှာ ကျွန်တော်တို့၏ နားလည်နိုင်စွမ်းအတွင်းတွင်ရှိသည်မှာ သိသာထင်ရှားပါသည်။ သို့တိုင်အောင် ကျွန်တော်က ကိုယ်စွမ်းဆောင်နိုင်သည့်အရာတစ်ခုကို မလုပ်ဆောင်ဘဲ လွတ်လမ်းတစ်ခုကိုသာ ရှာသည်။ အဖိုးအခ မပေးဆပ်ခဲ့ပေ၊ သို့မဟုတ် ယင်းနှင့်ပတ်သက်၍ စဉ်းစားသင့်သကဲ့သို့ မစဉ်းစားခဲ့ပေ။ ထိုအစား လွယ်ကူသည့် ထွက်ပေါက်ကိုသာ ယူခဲ့သည်။ ကျွန်တော်သည် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်း၊ သို့မဟုတ် ကျွန်တော် မြင်တွေ့ခဲ့သည့် ပြဿနာများကို အမှန်တကယ် စဉ်းစားခြင်းမရှိပေ။ လမ်းလွဲခြင်း၊ ကျရှုံးခြင်းများကို အနှစ်ချုပ်ကြည့်ရန်၊ သို့မဟုတ် သင်ခန်းစာယူရန်လည်း မကြိုးစားခဲ့ပေ။ အမှုကိစ္စများကို ဤသို့ပြုရန် အကျင့်ဖြစ်လာခဲ့သည်။ လူတိုင်းက သူတို့၏ တာဝန်တွင် အမှားများ လုပ်ကြသည်၊ ထို့ကြောင့် ပြဿနာအချို့ကို ကျွန်တော် သတိမထားမိလျှင် ယင်းသည် ကျွန်တော် အစွမ်းအစမရှိသောကြောင့်ဖြစ်သည်ဟုပင် စဉ်းစားနေခဲ့သည်။ ပြဿနာများကို ကျွန်တော် မြင်နိုင်သည်၊ မမြင်နိုင်သည်ကို ထားပါဦး၊ ကျွန်တော့်တွင် ရှိသင့်သည့် တာဝန်ခံယူမှု အသိစိတ်ကိုပင် မခံစားခဲ့ပေ။ မိမိကိုယ်ကို ကာကွယ်ရန်အတွက် မိမိတာဝန်ကိုထမ်းဆောင်ရာတွင် ကျွန်တော်သည် ပေါ့ဆပြီး တာဝန်မသိတတ်ခဲ့ပေ။ ပြဿနာများ ပေါ်ပေါက်လာသောအခါ တာဝန်ကို ခေါင်းဆောင်အပေါ်တွင်ပင် ထားခဲ့သည်။ ကျွန်တော်သည် အမှန်ကို လှည့်ပတ်ပြီး အရာရာကို အခြားတစ်ယောက်၏ ပြဿနာအဖြစ် ပြုလုပ်နေခဲ့သည်။ ယခုအခါ ဤသည်မှာ အစွမ်းအစနှင့် မသက်ဆိုင်ဘဲ ကျွန်တော်၏ လူ့သဘာဝနှင့်သက်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်ကို ကျွန်တော် မြင်ခဲ့ရသည်။

ထို့နောက် နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရသည်။ “သင့်အပေါ် တစ်ခုခုကျရောက်သည့်အခါတိုင်းတွင် သင့်ကိုယ်သင် ကာကွယ်ပြီး လွတ်မြောက်သည့်လမ်း၊ နောက်ဖေးတံခါးတစ်ခုကို ချန်ထားလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သလော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ ခိုးကြောင်ခိုးဝှက်ပြုလုပ်ခြင်း ဖြစ်သည်။ သင်သည် ယခုအခါတွင် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ တာဝန်ထမ်းဆောင်ရာတွင် ပထမဆုံး စည်းမျဉ်းမှာ အဘယ်နည်း။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ရှေးဦးစွာ မည်သည့်အားထုတ်မှုကိုမျှ ချန်မထားဘဲ သင်၏ စိတ်နှလုံးအပြည့်အဝဖြင့် တာဝန်ကို ထမ်းဆောင်ရမည်ဆိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခု၊ သင် လက်တွေ့လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ မိမိတို့ကိုယ်ကိုယ်အတွက် လွတ်မြောက်သည့်လမ်း၊ နောက်ဖေးတံခါးကို ချန်ထားခြင်းသည် မယုံကြည်သူများ လိုက်လျှောက်သည့် ကျင့်သုံးမှုစည်းမျဉ်းဖြစ်သည်။ ယင်းသည် ၎င်းတို့၏ အမြင့်ဆုံး အတွေးအခေါ်ဖြစ်သည်။ အရာအားလုံးတွင် မိမိကိုယ်ကိုယ် အရင်ဆုံး ထည့်စဉ်းစားခြင်းနှင့် အခြားအရာအားလုံးထက် မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဦးစားပေးခြင်း၊ သူတစ်ပါးတို့အကြောင်းကို မတွေးခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားနှင့် သူတစ်ပါး အကျိုးစီးပွားများကို ဆက်စပ်မှုမရှိစေခြင်း၊ မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားကို အရင်ဆုံး စဉ်းစားခြင်းနှင့် ထို့နောက်တွင် မိမိတို့၏ လွတ်လမ်းကို စဉ်းစားခြင်း- ဤသည်တို့မှာ မယုံကြည်သူတစ်ယောက်ဖြစ်သည့် အရာမဟုတ်လော။ ဤသည်မှာ အတိအကျပင် မယုံကြည်သူတစ်ယောက်ဖြစ်သည့်အရာ ဖြစ်သည်။ ဤလူအမျိုးအစားသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်အတွက် အလွန်ပင် စိတ်ထိခိုက်စေသည်။ ကျွန်တော်သည် မယုံကြည်သူတစ်ယောက်၏ အမြင်ရှုထောင့်မှ တာဝန်ထမ်းဆောင်နေလိမ့်မည်၊ ဘုရားသခင်၏ အမြင်တွင် ကျွန်တော်သည် မယုံကြည်သူ တစ်ယောက်ကဲ့သို့သာ ဖြစ်သည်ကို ကျွန်တော် လုံးဝ စိတ်မကူးမိခဲ့ပေ။ ပြဿနာများကို ရင်ဆိုင်ရသောအခါ ပြဿနာတစ်ခုတလေက ကျွန်တော့်ထံ ပြန်ရောက်လာမည်ကိုသာ ကြောက်ပြီး ကျွန်တော်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အစဉ်သဖြင့် အရင်ဆုံး ထည့်စဉ်းစားသည်။ ထို့ကြောင့် ကျွန်တော်သည် တာဝန်ကို ဆောင်ရွက်နေပုံပေါ်သည်။ သို့သော် အမှန်တကယ်တွင် ကျွန်တော်သည် မည်သည့်အခါမျှ အစွမ်းကုန်မလုပ်ဆောင်ပေ။ သမ္မာတရားကို မရှာဖွေပေ၊ သို့မဟုတ် စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်ပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း ထည့်မစဉ်းစားပေ။ ထို့အပြင် ကျွန်တော်သည် နေ့စဉ် ဖြစ်သလိုလုပ်ဆောင်လျက် တာဝန်တွင် အလုပ်တချို့ကိုသာ လုပ်ဆောင်ဖို့ ပျော်ရွှင်သည်။ ယင်းက သူဌေးတစ်ယောက်အတွက် အလုပ်လုပ်နေသော မယုံကြည်သူ တစ်ယောက်ကဲ့သို့ပင် ဖြစ်ခဲ့သည်မဟုတ်ပါလား။ ကျွန်တော်၏ အလုပ်ဖော်နှင့် ကျွန်တော်က မတူညီသော ထင်မြင်ချက်များရှိသောအခါ ဆုံးဖြတ်ရန်အတွက် အဘယ်ကြောင့် ခေါင်းဆောင်ကို ကျွန်တော် ပေးလိုသနည်း။ ဤသည်မှာ တာဝန်မယူလိုသည့် ကိစ္စဖြစ်သည်။ ထို့ကြောင့် တကယ့်ပြဿနာအချို့ကို ကျွန်တော် ရှင်းရှင်းလင်းလင်း ရှာတွေ့ခဲ့သော်လည်း ထိုအရာများကို ဆုံးဖြတ်ရန် ခေါင်းဆောင်ကိုပေးခဲ့သည်။ ဤသည်မှာ မှန်သည်ဟုပင် ကျွန်တော် ခံစားခဲ့ရသည်။ တာဝန်မယူခြင်းသည် ကျွန်တော့်တာဝန်တွင် လုပ်နေကျအရာတစ်ခု ဖြစ်လာပြီး၊ ဤသည်မှာ ကျွန်တော့်သဘာဝ၏ သဘာဝဆိုင်ရာ ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်သည်ကို ကျွန်တော် မြင်ခဲ့သည်။ ကျွန်တော်သည် အလွန်ပင် ဉာဏ်များပြီး တစ်ကိုယ်ကောင်းဆန်သည်။ လုံးဝ အားကိုး၍မရပေ။ ဘုရားသခင်ကို လှည့်ဖြားနေခြင်းဖြစ်သည်။ ကောက်ကျစ်ပြီး စစ်မှန်သည့်အသွင်တစ်ခုမှမရှိပေ။ ဘုရားအိမ်တော်၏ တံခါးများ၏ အပြင်ဘက်တွင် ကိုယ့်ကိုယ်ကိုယ် သော့ခတ်ထားပြီး မယုံကြည်သူများ၏ အဆင့်တွင် ကိုယ့်ကိုယ်ကိုယ် ထားထားခဲ့သည်။ ဤသို့သောလူတို့သည် တာဝန်ဖြည့်ဆည်းရန် တကယ်ပင် မထိုက်တန်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကပြောသည်။ “လူအချို့သည် တာဝန်ထမ်းဆောင်သည့်အခါ မည်သည့်တာဝန်ကိုမျှ ခံယူမှုမရှိပေ။ အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတန်းကျေလုပ်ဆောင်ကြသည်။ ၎င်းတို့က ပြဿနာကို မြင်နိုင်သော်လည်း ဖြေရှင်းချက်ကို မရှာဖွေပေ။ ၎င်းတို့သည် လူတို့ကို စိတ်မကျေမနပ်ဖြစ်စေရန် မလိုလားပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဒုက္ခဖြစ်စေမည်ကိုလည်း ကြောက်ရွံ့ကြသည်။ ထို့ကြောင့် အမှုအရာများကို အလျင်စလိုသာ ပြုလုပ်ပြီး ရလဒ်အနေဖြင့် အလုပ်ကို ပြန်လုပ်ရသည်။ တစ်ဦးတစ်ယောက်က ၎င်းတို့၏ အလုပ်ကို စစ်ဆေးလျှင် တာဝန်ခံမှုကို ရှောင်ကြဉ်ရန်အတွက် ၎င်းတို့သည် ဆင်ခြေအပုံအပင်ဖြင့် ထွက်လာကြသည်။ ဤသည်မှာ မိမိတာဝန်ကိုထမ်းဆောင်ရာတွင် ဝတ်ကျေတန်းကျေပြုလုပ်ပြီး ပေါ့ဆခြင်း၏ အဓိပ္ပာယ် အတိအကျပင်ဖြစ်သည်။ ၎င်းတို့သည် ဤနည်းအားဖြင့် တာဝန်ထမ်းဆောင်သောအခါ ၎င်းတို့တာဝန်များတွင် ပေါ့လျှော့ခြင်းဖြစ်သလော။ အဓိကတာဝန်ကို မည်သူက ခံယူသည်ဖြစ်စေ အခြားလူတိုင်းက အမှုအရာများကို စောင့်ကြည့်ရန် တာဝန်ရှိသည်။ လူတိုင်းက ဤဝန်ထုပ်ဝန်ပိုးနှင့် တာဝန်သိစိတ်ရှိရမည်။ သို့သော် သင်တို့အထဲမှ မည်သူကမျှ အရေးမထားပေ။ အမှန်တကယ်ပင် ဝတ်ကျေတန်းကျေဖြစ်ကြသည်။ သစ္စာစောင့်သိခြင်းမရှိပေ။ သင်တို့သည် သင်တို့တာဝန်များတွင် ပေါ့လျှော့သည်။ သင်တို့သည် ပြဿနာကို မမြင်နိုင်ခြင်းမဟုတ်ဘဲ၊ တာဝန်ခံဖို့ မလိုလားခြင်းဖြစ်သကဲ့သို့ ပြဿနာကို မြင်သောအခါ ဤကိစ္စကို မည်သို့မျှ အရေးမစိုက်လိုခြင်းဖြစ်သည်။ ‘ကောင်းနေပါပြီ’ ဟူ၍ သင်က ထားလိုက်တော့သည်။ ငါသည် သင်တို့ထံ သမ္မာတရားနှင့်ပတ်သက်၍ အလုပ်လုပ်ပြီး မိတ်သဟာယပြုသောအခါတွင် ငါသည် ကောင်းနေပြီဖြစ်သည့်အရာကို ဒီအတိုင်းထားလိုက်လျှင် သင်တို့တစ်ဦးချင်းစီ၏ အစွမ်းအစ၊ လိုက်စားမှုများအတွက် သင့်တော်သည်နှင့်အမျှ ထိုအရာမှ မည်သည့်အရာကို သင်တို့ရရှိနိုင်မည်နည်း။ ငါသည်သင်တို့ကဲ့သို့ တူညီသော သဘောထားရှိလျှင် မည်သည့်အရာကိုမျှ သင်တို့ ရရှိနိုင်မည် မဟုတ်ပေ။...ထို့ကြောင့် ထိုအရာကို ငါမပြုလုပ်နိုင်ပေ။ သို့သော် အသေးစိတ် စကားပြောပြီး ဥပမာများပေးရမည်။ လူအမျိုးအစားတစ်ခုစီတိုင်း၏ အခြေအနေများအတွက်၊ သမ္မာတရားအပေါ် လူများက ထားရှိသော သဘောထားအတွက်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးအစား တစ်ခုစီတိုင်းအတွက် ဖြစ်သည်။ ထိုအခါမှသာ ငါပြောနေသည့်အရာကို သင် နားလည်သဘောပေါက်လိမ့်မည်ဖြစ်ပြီး သင်တို့ကြားသည့်အရာကို နားလည်လိမ့်မည်။ သမ္မာတရား၏ မည်သည့်ကဏ္ဍကို မိတ်သဟာယပြုသည်ဖြစ်စေ ငါသည် အမျိုးမျိုးသောနည်းလမ်းများဖြင့် စကားပြောသည်။ လူကြီးများအတွက်၊ ကလေးများအတွက် မိတ်သဟာယပုံစံများဖြင့် ပြောသည်။ သီအိုရီနှင့် ကျင့်သုံးမှုကို အသုံးပြုလျက်၊ အတွေ့အကြုံများကို ပြောဆိုလျက်ဖြင့် သဘောတရားနှင့် ပုံပြင်များပုံစံဖြင့်လည်း ပြောသည်။ သမ္မာတရားကို လူတို့နားလည်ပြီး သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ရန်ဖြစ်သည်။ ဤနည်းဖြင့် အစွမ်းအစရှိပြီး ထိုသို့ပြုလုပ်ရန် စိတ်ဆန္ဒရှိသူတို့သည် သမ္မာတရားကို နားလည်လက်ခံပြီး ကယ်တင်ခြင်းခံရရန် အခွင့်အရေး ရှိလိမ့်မည်။ သို့သော် သင်တို့တာဝန်အပေါ် သင်တို့၏ သဘောထားသည် အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတန်းကျေဖြစ်သည်။ အချိန်ဆွဲနေသည့် သဘောထားဖြစ်သည်။ ပြီးလျှင် သင့်ကြောင့် မည်မျှနှောင့်နှေးသွားသည်ကို သင်သည် အရေးမထားပေ။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ရှာဖွေရမည်နှင့်ပတ်သက်ပြီး ဆင်ခြင်သုံးသပ်ခြင်းမရှိ။ ဘုရားသခင်ကို သက်သေခံနိုင်ရန်အတွက် သင်၏ တာဝန်ကို မည်သို့မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ကို မစဉ်းစားပေ။ ဤသည်မှာ သင်၏ တာဝန်ကို လျစ်လျူရှုခြင်းဖြစ်သည်။ ထို့ကြောင့် သင်တို့၏ အသက်တာအလွန်ဖြည်းညှင်းစွာ ကြီးထွားပြီး၊ သင်မည်မျှ အချိန်ဖြုန်းခဲ့သည်နှင့်ပတ်သက်ပြီး စိတ်မချမ်းမသာမဖြစ်ပေ။ အမှန်တကယ်တွင် သင်၏ တာဝန်ကို ကျေပွန်စွာ၊ တာဝန်သိတတ်စွာ ထမ်းဆောင်လျှင် သင်၏ အတွေ့အကြုံများကိုပြောပြီး ဘုရားသခင်အတွက် သက်သေခံနိုင်ဖို့ ငါးနှစ်၊ သို့မဟုတ် ခြောက်နှစ်ပင်ကြာမည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် အမျိုးမျိုးသော အသင်းတော် အလုပ်များသည် အလွန်ကောင်းသော ရလဒ်များရရှိသည့်အဖြစ်သို့ ဆောင်ရွက်ခြင်းခံရလိမ့်မည်။ သို့သော် သင်တို့သည် ဘုရားသခင်၏ အလိုတော်ကို သတိရှိဖို့ မလိုလားသကဲ့သို့ သမ္မာတရားဆီသို့လည်း မကြိုးပမ်းပေ။ မည်သို့ပြုလုပ်ရမည်ကို သင်တို့မသိသည့် အရာအချို့ရှိသည်။ ထို့ကြောင့် ညွှန်ကြားချက်အတိအကျကို သင်တို့ကို ငါပေးသည်။ သင်တို့က စဉ်းစားရန်မလိုပေ။ နားထောင်ပြီး ထိုအရာနှင့်ပတ်သက်၍ ဆက်လက် လုပ်ဆောင်ရန်သာ လိုသည်။ ယင်းမှာ သင်ခံယူရမည့် အနည်းငယ်သော တာဝန်သာဖြစ်သည်။ သို့သော် ယင်းသည်ပင်လျှင် သင်တို့ မလုပ်နိုင်ပေ။ သင်တို့၏ သစ္စာစောင့်သိမှုသည် မည်သည့်နေရာတွင်ရှိသနည်း။ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ သင်တို့လုပ်သမျှမှာ ကြား၍ကောင်းသောအရာများကို ပြောခြင်းသာဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာကို လုပ်သင့်သည်ကို သိသည်။ သို့သော် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းဖြစ်သည်။ အခြေခံအရင်းအမြစ်တွင် ယင်းသည် သမ္မာတရားကို ချစ်ခြင်းကင်းမဲ့ခြင်းဖြစ်သည်။ သမ္မာတရားနှင့်အညီ မည်သို့ဆောင်ရွက်ရမည်ကို သင်တို့၏ စိတ်နှလုံးထဲတွင် အပြည့်အဝကောင်းစွာ သိသည်။ လက်တွေ့မလုပ်ဆောင်ခြင်းသာဖြစ်သည်။ ဤသည်မှာ အရေးကြီးသော ပြဿနာတစ်ခုဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ ယင်းကို စိုက်ကြည့်နေခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နာခံသူ လုံးဝ မဟုတ်ပေ။ ဘုရားအိမ်တော်တွင် တာဝန်တစ်ခုထမ်းဆောင်ရန် သင် အနည်းဆုံးလုပ်ဆောင်ရမည့်အရာမှာ သမ္မာတရားကို ရှာဖွေကာ လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရန်ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်လျှင် သမ္မာတရားကို မည်သည့်နေရာတွင် သင် လုပ်ဆောင်နိုင်သနည်း။ ပြီးလျှင် မည်သည့်သမ္မာတရားကိုမျှ သင် လက်တွေ့မလုပ်ဆောင်လျှင် သင်က မယုံကြည်သူတစ်ယောက် ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်မခံဘဲ ဘုရားအိမ်တော်တွင် ကြုံရာကျပန်းပြုလုပ်နေလျှင် သင်၏ ရည်ရွယ်ချက်သည် အမှန်တကယ်တွင် အဘယ်နည်း။ သင်သည် ဘုရားသခင်၏ အိမ်တော်ကို သင်အငြိမ်းစားယူသည့်အိမ်၊ သို့မဟုတ် အလှူဂေဟာတစ်ခုအဖြစ် ပြုလုပ်လိုသလော။ ဤသို့ဆိုလျှင် သင်သည် မှားယွင်းနေပြီဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သည် ကပ်ပါးရပ်ပါးများကို၊ အပျင်းခိုသူများကို မစောင့်ရှောက်ပေ။ ညံ့ဖျင်းသော လူ့သဘာဝရှိသူ၊ မိမိတို့၏ တာဝန်ကို ဝမ်းမြောက်စွာ မထမ်းဆောင်သူ၊ တာဝန်ထမ်းဆောင်ရန် မသင့်တော်သူမည်သူမဆို အားလုံး ဖယ်ရှားခံရမည်။ သမ္မာတရားကို လက်မခံသည့် မယုံကြည်သူအားလုံး ထုတ်ပယ်ခြင်းခံရမည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းက အနည်းဆုံးအနေဖြင့် အသိစိတ်တစ်ခု လိုအပ်သည်”) ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်တွင် ကျွန်တော် အလွန်ရှက်မိသည်။ ဘုရားသခင်သည် လူတို့ကို ဆက်ဆံရာတွင် လုံးဝ စစ်မှန်သည်။ သမ္မာတရားကို ကျွန်တော်တို့ နားလည်ပြီး ရရှိဖို့ ကူညီရန်၊ ကျွန်တော်တို့ကို ကယ်တင်ရန် သူသည် စိတ်ရှည်စွာ၊ လေးနက်စွာပြောသည်။ ကျွန်တော်တို့နှင့် မိတ်သဟာယပြုရန် နည်းလမ်းမျိုးစုံကို အသုံးပြုပြီး သမ္မာတရား၏ သွင်ပြင်လက္ခဏာမျိုးစုံနှင့်ပတ်သက်၍ အလွန်ပင် အသေးစိတ် မိတ်သဟာယဖွဲ့ပေးသည်။ ကျွန်တော်တို့ နားမလည်သည်ရှိသော် သူသည် ကျွန်တော်တို့ကို လမ်းပြဖို့ ဥပမာများစွာကို ပေးသည်။ ကျွန်တော်တို့အတွက် ရေလောင်းပြီး ပံ့ပိုးဖို့ရန် သမ္မာတရားများကို အစဉ် မိတ်သဟာယပြုပေးသည်။ ဖြစ်နိုင်သမျှ အကြီးမားဆုံး အဖိုးအခကို ပေးဆပ်ခဲ့သည်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာတွင် ကျွန်တော်၏ သဘောထားကို ကျွန်တော် ဆင်ခြင်ကြည့်ခဲ့ပြီး ဘုရားသခင်၏အိမ်တော်သည် ကျွန်တော့်ကို အလွန်အရေးကြီးသောတာဝန်ကို ပေးအပ်ခဲ့သော်လည်း ကျွန်တော်က တာဝန်ယူခြင်းမရှိသည်ကို သဘောပေါက်ခဲ့သည်။ ကျွန်တော်သည် ပေါ့ဆစွာဖြင့် ချဉ်းကပ်နေခဲ့သည်။ တတ်နိုင်သမျှ ခိုကတ်နေခဲ့သည်။ ဘုရားသခင်ကိုပင် လှည့်ဖြားခဲ့သည်။ ကျွန်တော်၏ လူ့သဘာဝသည် ဘယ်မှာနည်း။ ဘုရားသခင်သည် ကျွန်တော့်အပေါ် စစ်မှန်သည်။ သို့သော် သူ့ကို ကျွန်တော် ပြန်ပေးသမျှမှာ လှည့်စားခြင်းသာ ဖြစ်သည်။ ယခင်က ညံ့ဖျင်းသော လူ့သဘာဝရှိသည့် လူအချို့နှင့်ပတ်သက်သည့် ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ဖတ်ခဲ့သည်။ သို့သော် မိမိကိုယ်ကိုနှင့် ဆက်စပ်မကြည့်ခဲ့ပေ။ ထို့နောက်တွင် ကျွန်တော်သည် အမှန်ပင် ညံ့ဖျင်းသော လူ့သဘာဝရှိပြီး အသိတရား မရှိသည်ကို မြင်ခဲ့ပါသည်။ ကျွန်တော်သည် နေ့စဉ် တာဝန်ထမ်းဆောင်နေပြီး အဖိုးအခ အနည်းငယ်ပေးဆပ်ကာ အားလုံးကို ဟန်ဆောင်လုပ်ပြနေသည့် ပုံစံရှိသည်။ သို့သော် ကျွန်တော်၏ စိတ်နှလုံးသည် ဘုရားဘက်သို့ မလှည့်နေပေ။ ကျွန်တော်သည် တာဝန်တွင် တတ်နိုင်သမျှအရာရာတိုင်းကို လုပ်ဆောင်ရန်၊ အစွမ်းကုန်လုပ်ဆောင်ရန် စဉ်းစားပေးတတ်ပြီး တာဝန်ကျေပွန်ရန် မကြိုးစားပေ။ ထိုအစား ကျွန်တော်သည် ဝတ်ကျေတမ်းကျေသာလုပ်ပြီး ဟန်ဆောင်လုပ်ပြနေခြင်းသာဖြစ်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်နေခြင်းမဟုတ်ပေ။ အစေခံခြင်း စံနှုန်းနှင့်ပင် မကိုက်ညီပေ။ ဤအချိန်တွင် ဗီဒီယိုရှိ ထိုပြဿနာများသည် မတော်တဆဖြစ်ခြင်းမဟုတ်သည်ကို ကျွန်တော် သဘောပေါက်ခဲ့သည်။ ယင်းတို့အထဲတွင် ဘုရားသခင်၏ စိတ်သဘောထားပါရှိသည်။ ကျွန်တော့်အပေါ် သူ၏ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းဖြစ်သည်။ ယင်းသည် လုံးဝ ကျွန်တော်၏ တာဝန်မသိတတ်မှုကြောင့်သာဖြစ်ကြောင်း၊ ယင်း၏ ရလဒ်အဖြစ် ဖြစ်ပေါ်လာသော မည်သည့် ဆုံးရှုံးမှု၊ ပြစ်မှားမှုကိုမဆို ကျွန်တော် အစားထိုးမပေးနိုင်သည်ကို သိခဲ့ပါသည်။ ကျွန်တော်လုပ်နိုင်သမျှမှာ ဘုရားထံ ဆုတောင်းပြီး နောင်တရရန် အခွင့်အရေးပေးဖို့ တောင်းလျှောက်ခြင်းသာဖြစ်သည်။ ထိုအချိန်မှစပြီး တာဝန်တွင် ကျွန်တော်၏ သဘောထားကို ပြောင်းဖို့ စိတ်ပိုင်းဖြတ်ခဲ့ပါသည်။ အလွန်ပေါ့ဆလျက် ရှေ့ဆက်၍ မဖြစ်ပေ။

ထို့နောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရသည်။ “လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသောအခါ သူတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ မကြာခဏ ဝတ်ကျေတန်းကျေပြုပြီး ပေါ့ဆကြသည်။ ဤသည်မှာ ပြဿနာအားလုံးတွင် အဆိုးဆုံးတစ်ခုဖြစ်သည်။ လူတို့သည် မိမိတို့၏ တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ဆိုလျှင် ဤဝတ်ကျေတန်းကျေပြုခြင်းနှင့် ပေါ့ဆခြင်းပြဿနာကို အရင်ဦးဆုံး ကိုင်တွယ်ရမည်။ ၎င်းတို့တွင် ဝတ်ကျေတန်းကျေဖြစ်ပြီး ပေါ့ဆသည့် သဘောထားရှိသရွေ့ ၎င်းတို့၏ တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ ဝတ်ကျေတမ်းကျေဖြစ်ခြင်းနှင့် ပေါ့ဆခြင်းပြဿနာကို ဖြေရှင်းခြင်းသည် အလွန့်အလွန် အရေးကြီးသည်ဟူသည့် သဘောဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဤအရာကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ရှေးဦးစွာ ၎င်းတို့၏ စိတ်အခြေအနေပြဿနာကို အရင်ဆုံး ဖြေရှင်းရမည်။ လှည့်စားခြင်း၊ သို့မဟုတ် ဝတ်ကျေတမ်းကျေဖြစ်ခြင်းမရှိဘဲ ၎င်းတို့၏ တာဝန်ကို မှန်ကန်စွာ ချဉ်းကပ်ပြီး အမှုအရာများကို လေးနက်မှုနှင့် တာဝန်သိစိတ်တစ်ခုဖြင့် လုပ်ဆောင်ရမည်။ မိမိ၏ တာဝန်သည် ဘုရားသခင်အတွက် ထမ်းဆောင်ခြင်းဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ စိစစ်မှုကို လက်ခံနိုင်လျှင် မှန်ကန်သည့် စိတ်အခြေအနေ ရှိလိမ့်မည်။ ထို့အပြင် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် လူတို့သည် ယင်းကို ဆန်းစစ်ရမည်။ ဆင်ခြင်သုံးသပ်ရမည်။ မိမိတို့၏ စိတ်နှလုံးတွင် သံသယတစ်ခုခုရှိလျှင်၊ အသေးစိတ် စစ်ဆေးပြီးနောက်တွင် အမှန်တကယ် ပြဿနာတစ်ခုရှိသည်ကို တွေ့ရှိလျှင် အပြောင်းအလဲများ ပြုလုပ်ရမည်။ ဤအပြောင်းအလဲများ ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ စိတ်နှလုံး၌ မည်သည့်သံသယမျှ ရှိမည်မဟုတ်တော့ပေ။ လူတို့သည် သံသယများရှိသည့်အခါ ပြဿနာတစ်ခုရှိသည်ကို သက်သေပြသည်။ ၎င်းတို့လုပ်ဆောင်ပြီးခဲ့သည့်အရာကို လုံ့လရှိစွာ စစ်ဆေးရမည်။ အထူးသဖြင့် အရေးပါသည့် အဆင့်များတွင်ဖြစ်သည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ရာတွင် တာဝန်သိတတ်သော သဘောထားတစ်ခုဖြစ်သည်။ လူတစ်ဦးသည် အလေးအနက်ထားနိုင်သောအခါ၊ တာဝန်သိနိုင်သောအခါ၊ ဆက်ကပ်နိုင်သောအခါ၊ ကြိုးစားနိုင်သောအခါတွင် အလုပ်သည် သင့်လျော်စွာ ပြီးမြောက်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် မှားယွင်းသည့် စိတ်အခြေအနေတွင် ရှိနေသည်။ အလွန်ရှင်းလင်းသော အမှားတစ်ခုကို သင် ရှာဖွေ တွေ့ရှိနိုင်ခြင်း မရှိပေ။ သင်သည် မှန်ကန်သည့် စိတ်အခြေအနေတွင် ရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုအားဖြင့် ဤပြဿနာကို ဖော်ထုတ်နိုင်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်က ထိုသို့သော သိမြင်မှုကို သင့်အား လမ်းပြပြီး ပေးအပ်ခဲ့ကာ၊ တစ်ခုခုလွဲမှားနေသည်ကို သင့်အား သိမြင်စေသည့်တိုင်အောင် သင်က မှားယွင်းသည့် စိတ်အခြေအနေတွင်ရှိနေပြီး အာရုံမစိုက်ဘဲ ပေါ့ဆလျှင် အမှားကို သင် သတိပြုနိုင်မည်လော။ သတိပြုနိုင်မည်မဟုတ်ပေ။ ဤအခြင်းအရာမှ ဘယ်အရာကို မြင်ရသနည်း။ လူတို့မှ ပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးသည်ကို ပြသည်။ ၎င်းတို့၏ စိတ်နှလုံးသည် အလွန်အရေးကြီးသည်။ ပြီးလျှင် ၎င်းတို့၏ အတွေးများနှင့် ရည်ရွယ်ချက်များကို အဘယ်နေရာသို့ ဦးတည်သည်မှာ အလွန်အရေးကြီးသည်။ လူတို့သည် မိမိတာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့် စိတ်အခြေအနေတွင် ရှိနေသည်၊ စွမ်းအင်မည်မျှကို ၎င်းတို့ အသုံးချသည်တို့ကို ဘုရားသခင်မှ စိစစ်ပြီး မြင်နိုင်သည်။ လူတို့သည် ၎င်းတို့လုပ်သည့်အရာ၌ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံကို အသုံးပြုရန်မှာ အလွန်အရေးပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတို့သည် ၎င်းတို့ ပြီးမြောက်ခဲ့သော တာဝန်များနှင့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အရာများအပေါ်တွင် နောင်တမရရှိရန် ကြိုးပမ်းမှသာလျှင်၊ ဘုရားသခင်အား အကြွေးတင်ခြင်း မရှိမှသာလျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံဖြင့် ပြုမူဆောင်ရွက်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် သင်၏ အားအင်နှင့် စိတ်နှလုံးအပြည့်အဝကို ထည့်ရန် အစဉ်သဖြင့် ပျက်ကွက်လျှင်၊ သင်သည် အဆက်မပြတ် ပေါ့ဆပြီး ဝတ်ကျေတန်းကျေဖြစ်လျှင်၊ အလုပ်အပေါ် ကြီးမားသော ထိခိုက်နစ်နာမှုဖြစ်စေလျှင်၊ ဘုရားသခင်တောင်းဆိုသော အကျိုးတရားများကို မှီအောင်မလုပ်နိုင်လျှင် တစ်ခုသာ သင့်ထံတွင် ဖြစ်ပျက်နိုင်သည်။ သင်သည် ထုတ်ပယ်ခံရမည်။ ထို့အချိန်တွင် နောင်တများရရန် အချိန်ရှိသေးသလော။ ရှိမည်မဟုတ်ပေ။ ဤအရာများသည် ထာဝရကြေကွဲ ဝမ်းနည်းဖွယ်တစ်ခု၊ အစွန်းအထင်းတစ်ခုဖြစ်လိမ့်မည်။ အဆက်မပြတ် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေဖြစ်ခြင်းသည် အစွန်းအထင်းတစ်ခုဖြစ်သည်။ ကြီးလေးသော ပြစ်မှားမှုတစ်ခုဖြစ်သည်။ ဟုတ်သလော။ မဟုတ်သလော။ (ဟုတ်သည်။) သင်၏ အားအင်နှင့် စိတ်နှလုံး အပြည့်အဝဖြင့် သင်၏ ဝတ္တရားများကို၊ သင်လုပ်ဆောင်သင့်သည့် အရာတိုင်းကို ဆောင်ရွက်ရန် ကြိုးပမ်းရမည်။ ပေါ့ဆခြင်း၊ ဝတ်ကျေတမ်းကျေဖြစ်ခြင်း၊ နောင်တတစ်ခုခုဖြစ်ခြင်း မရှိရပေ။ ထိုသို့လုပ်နိုင်လျှင် သင်ထမ်းဆောင်သည့်တာဝန်ကို ဘုရားသခင်က အောက်မေ့ဂုဏ်ပြုလိမ့်မည်။ ဘုရားသခင် အောက်မေ့ဂုဏ်ပြုသောအရာများသည် ကောင်းမှုများဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင် အောက်မေ့ဂုဏ်ပြုခြင်းမရှိသော အရာများမှာ အဘယ်နည်း။ (၎င်းတို့သည် ပြစ်မှားမှုများနှင့် မကောင်းမှုများဖြစ်သည်။) ဤသို့အားဖြင့် လက်ရှိအချိန်တွင် မကောင်းမှုများကို ဖော်ပြပါက ယင်းတို့သည် မကောင်းမှုများ ဖြစ်သည်ကို လူတို့ လက်ခံချင်မှ လက်ခံပေလိမ့်မည်။ သို့သော် ထိုအရာများအပေါ်တွင် အရေးကြီးသော အကျိုးဆက်များဖြစ်ပေါ်လာသည့် နေ့တစ်နေ့ ရောက်လာလျှင်၊ ပြီးလျှင် ယင်းတို့သည် အပျက်သဘောဆောင်သော လွှမ်းမိုးမှုတစ်ခု ဖြစ်လာလျှင် ဤအရာတို့သည် အပြုအမူဆိုင်ရာ ပြစ်မှားမှုသက်သက်သာ မဟုတ်ဘဲ မကောင်းမှုများဖြစ်သည်ကို သင် ခံစားမိလိမ့်မည်။ ဤအရာကို သင် နားလည်သဘောပေါက်သည့်အခါ သင်သည် နောင်တရမည်ဖြစ်ပြီ ‘ငါ ကာကွယ်မှု အနည်းငယ် ပြုလုပ်သင့်ခဲ့သည်။ အစကတည်းက အနည်းငယ်ပို၍ တွေးတောပြီး အားထုတ်လျှင် ဤအကျိုးဆက်ကို ရှောင်နိုင်လိမ့်မည်။’ ဟု မိမိ ဘာသာ စဉ်းစားမိလိမ့်မည်။ သင့်စိတ်နှလုံးရှိ ဤထာဝရ အစွန်းအထင်းကို မည်သည့်အရာကမျှ ဖယ်ရှားပေးလိမ့်မည် မဟုတ်။ ထို့အပြင် ယင်းသည် သင့်အား ထာဝရ အကြွေးတင်စေလျှင် ဒုက္ခရောက်စေလိမ့်မည်။ ထို့ကြောင့် ယနေ့တွင် သင်သည် မည်သည့်နောင်တမျှမရှိဘဲ ဘုရားသခင် အောက်မေ့ဂုဏ်ပြုသည့် ပုံစံဖြင့် ရှင်းလင်းသည့် အသိစိတ်ဖြင့် တာဝန်ထမ်းကို ထမ်းဆောင်ရန်အတွက် ဘုရားသခင်က သင့်အား ပေးအပ်သော စေခိုင်းချက်တွင် သင်၏ အားအင်နှင့် စိတ်နှလုံးအပြည့်အဝထည့်ရန် ကြိုးပမ်းရမည်။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ ပေါ့ဆခြင်း၊ ဝတ်ကျေတမ်းကျေပြုခြင်း မရှိနှင့်။ သင်သည် နောင်တရသည်နှင့် တစ်ပြိုင်နက် ယင်းတို့အတွက် ဖာထေးလုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ကြီးလေးသော ပြစ်မှားမှုတစ်ခုကို သင် ကျူးလွန်မိလျှင် ဤသည်မှာ ထာဝရအစွန်းအထင်းတစ်ခု၊ ထာဝရ နောင်တတစ်ခုဖြစ်လာလိမ့်မည်။ ဤလမ်းကြောင်းနှစ်ခုလုံးကို ရှင်းလင်းစွာ မြင်သင့်သည်။ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံရရန် မည်သည့်လမ်းကြောင်းကို သင် ရွေးချယ်သင့်သနည်း။ မည်သည့်နောင်တမျှ မရှိဘဲ သင်၏ စိတ်နှလုံး၊ ခွန်အားအလုံးစုံဖြင့် သင့်တာဝန်ကို ထမ်းဆောင်ခြင်း၊ ကောင်းမှုများကို ပြင်ဆင်ပြီး စုဆောင်းခြင်းဖြစ်သည်။ သင်၏ ပြစ်မှားခြင်းများအား မစုစည်းမိစေနှင့်။ ယင်းတို့အား နောင်တ မရနှင့်။ ထို့အပြင် အကြွေးမတင်စေနှင့်။ လူတစ်ဦးက ပြစ်မှားမှုများကို အလွန်အမင်း ကျူးလွန်မိပါက မည်သို့ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့အပေါ် ဘုရားသခင်၏ ဒေါသကို ဆက်လက် တိုးပွားလာနေစေခြင်းဖြစ်သည်။ သင်သည် အစဉ်သဖြင့် ဆက်လက်ပြစ်မှားနေပြီး သင့်အပေါ် ဘုရားသခင်၏ အမျက်ဒေါသသည် အစဉ် ကြီးမားလာလျှင် အဆုံး၌ သင်သည် အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) ယင်းမတိုင်မီ ကျွန်တော်သည် တာဝန်တွင် ဝတ်ကျေတမ်းကျေလုပ်သည်ကို ဝန်ခံခဲ့ပြီးဖြစ်သည်။ သို့သော် ကျွန်တော့်အပေါ် ဖြစ်နိုင်သည့် အကျိုးဆက်များကို၊ သို့မဟုတ် ဤသို့သောသူတစ်ယောက်ကို ဘုရားသခင်က မည်သို့မြင်ပြီး သတ်မှတ်သည်ကို လုံးဝ သဘောမပေါက်ခဲ့ပေ။ ယခုအခါ အပြင်ပန်းတွင် ဤသို့သောသူတို့သည် ကြီးမားသော မကောင်းမှုကို မလုပ်သည့်ပုံစံရှိသည်၊ သို့သော်လည်း တာဝန်အပေါ် သူတို့၏ သဘောထားသည် ဘုရားသခင်အတွက် ရွံရှာဖွယ်ဖြစ်သည်၊ သူတို့သည် နောင်တမရလျှင် အဆုံး၌ ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို ဆုံးရှုံးရမည်ဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျွန်တော် မြင်တွေ့ခဲ့ရသည်။ ဤအခြေအနေတွင် ဖော်ထုတ်ခြင်းခံရပြီး တာဝန်ကို ဖြစ်သလိုလုပ်ပြီး တာဝန်မသိတတ်သည့် ကျွန်တော်၏ ပြဿနာက မည်မျှဆိုးဝါးသည်ကို မြင်ခဲ့ရသည်။ ဗီဒီယိုသည် ထပ်မံတည်းဖြတ်ပြင်ဆင်မှု ပြုလုပ်ရပြီး ရလဒ်အဖြစ် အလုပ်အားလုံး နှောင့်နှေးရသည်မှာ ကျွန်တော်၏ တာဝန်မသိတတ်မှုကြောင့်ဖြစ်သည်။ ဤသည်မှာ ပြစ်မှားမှုတစ်ခုဖြစ်သည်။ ကျွန်တော့်၏ အခြေအနေကို ချက်ချင်း မပြုပြင်ဘဲ ပေါ့ဆပြီး တာဝန်မသိတတ်စွာ ဆက်လက်ပြုလုပ်ပါက ဘုရားသခင်၏ စိတ်သဘောထားကို ကျွန်တော် ပုန်ကန်ပြစ်မှားနိုင်ပြီး အချိန်မရွေး စွန့်ပစ်ခံရနိုင်သည်။ ဤအချိန်တွင် နောင်တရဖို့ အလွန်နောက်ကျသွားမည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျွန်တော်တို့၏ တာဝန်တွင် ကျွန်တော်တို့၏ ပေါ့ဆမှုကို ဖြေရှင်းရန် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို တွေ့ခဲ့သည်။ ပထမဦးစွာ ကျွန်တော်တို့တွင် မှန်ကန်သော စဉ်းစားပုံရှိရမည်။ တာဝန်ခံယူရမည်။ ဘုရားသခင်၏ စိစစ်မှုကို လက်ခံရမည်။ ထို့နောက် အမှုအရာများကို ကျွန်တော်တို့ ဂရုတစိုက် စစ်ဆေးသုံးသပ်ရမည်ဖြစ်ပြီး ကြုံရသည့် ပြဿနာများကို ဖော့မပြောသင့်ပေ။ နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်ကြသည်။ ကျွန်တော်တို့၏ ကျရှုံးမှုများအတွက် အကြောင်းပြချက်များကို အနှစ်ချုပ်ခဲ့ပြီး စည်းမျဉ်းများပေါ် အခြေခံကာ ဗီဒီယိုများကို လုံ့လရှိရှိဖြင့် စစ်ကြပြီး အသေးစိတ်အချက်တစ်ခုမျှ အလွတ်မခံပေ။ သမ္မာတရား စည်းမျဉ်းများကို ကျွန်တော်တို့ အတူတကွ ရှာဖွေကာ တည်းဖြတ်မှုများကို မည်သို့ဆောင်ရွက်ရမည်ကို စီစဉ်ကြသည်။ ညီအစ်ကိုမောင်နှမများနှင့် ဤမိတ်သဟာယဖွဲ့ပြီး ဆွေးနွေးမှုသည် စည်းမျဉ်းများကို ကျွန်တော်တို့ကို ပိုမိုနားလည်ရန် ကူညီပေးသည်။ အချို့ဗီဒီယိုများကို အကြိမ်များစွာ စစ်ပြီးသော်လည်း ယခု ကျွန်တော်တို့က ပို၍ သတိထားသည့်အခါ အသေးစိတ်အချက်များပါဝင်သည့် ပြဿနာများကို ပို၍ တွေ့ရှိရသည်ကို ကျွန်တော်တို့ သတိထားမိသည်။ ကျွန်တော်တို့တာဝန်တွင် ယခင်က ပြီးပြီးရော လုပ်ခြင်းဖြစ်သည့် ကျွန်တော်တို့၏ ပြဿနာသည် မည်မျှဆိုးဝါးသည်ကို ဤအရာက ရှင်းလင်းစွာ ပြနေသည်။ ထို့နောက် ထိုစည်းမျဉ်းများပေါ်တွင် အခြေခံပြီး ဤဗီဒီယိုများကို မည်သို့ တည်းဖြတ်သင့်သည်ကို ကျွန်တော်တို့ စိစစ်ကြသည်။ ကျွန်တော်တို့ လုပ်နိုင်သည့် တည်းဖြတ်မှုများ အားလုံးကို ပြီးမြောက်ခဲ့သည်။ ထို့နောက် မည်သည့်ပြဿနာကိုမှ မမြင်သည့်အခါ ခေါင်းဆောင်ကို စစ်ရန် ပေးလိုက်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် လူတိုင်းက အလွန်ပင်ပို၍ စိတ်သက်သာကြသည်။ ထိုဗီဒီယိုများကို တည်းဖြတ်ပြီးနောက်တွင် ခေါင်းဆောင်ကို စစ်ရန်အတွက် ပေးလိုက်သည်။ သူက “ဒါတွေက တော်တော်လေးကောင်းတယ်။ ဘာပြဿနာမှ မတွေ့ဘူး။ ဒီတစ်ခါ မင်းတို့လုပ်တာကောင်းတယ်။” ဟု ပြောသည်။ ခေါင်းဆောင်က ဤသို့ပြောသည့်အခါ ကျွန်တော်၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို ကျေးဇူးမတင်ဘဲ မနေနိုင်ခဲ့ပေ။ ကျွန်တော်တို့က ကောင်းစွာလုပ်ခဲ့ခြင်း မဟုတ်သည်ကို ကျွန်တော်သိသည်။ ထိုအစား ကျွန်တော်တို့က ပြောင်းလဲပြီး နောင်တရရန် အနည်းငယ်ဆန္ဒရှိပြီး အလွန်ပေါ့ဆမှုကို ရပ်တန့်လိုက်သောအခါ ဘုရားသခင်က ကျွန်တော်တို့ကို ဦးဆောင်ပြီး ကောင်းချီးပေးခဲ့သည်။ တာဝန်တစ်ခုအပေါ်တွင် သင် တကယ် စိတ်နှစ်ထားမှသာ အဓိပ္ပာယ်ရှိပြီး ငြိမ်းချမ်းလိမ့်မည်ဆိုသည်ကို ဤအတွေ့အကြုံက ကျွန်တော့်ကို အမှန်တကယ် ပြသခဲ့သည်။ ဘုရားသခင်၏ကျေးဇူးတော်ပင်ဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရိုးသားခြင်းတွင် ကြီးမားသော ပျော်ရွှင်မှု ရှိသည်

ဂန်အင်း၊ အန်းဟွီစီရင်စု ကျွန်တော် ငယ်စဉ်ကတည်းက ကျွန်တော့်မိဘများက၊ “တခြားလူတွေကို ထိခိုက်ဖို့ စိတ်နှလုံးမရှိသင့်ဘူး၊ ဒါပေမယ့်...

ငွေနှင့် ဂုဏ်အဆင့်အတန်းသည် ကျွန်မအတွက် မည်သည့်အရာကို လုပ်ဆောင်ပေးဖူးသနည်း

နီနာ အိုင်ဗရီကို့စ်နိုင်ငံ ကျွန်မက ပျက်စီးနေတဲ့ မိသားစုမှာ မွေးခဲ့တာပါ။ ကျွန်မအမေက ကျွန်မကို ကိုယ်ဝန်ရှိနေတုန်း ကျွန်မအဖေက...

တာဝန်တစ်ခုကို အယောင်ပြသက်သက်ထမ်းဆောင်ခြင်း၏ အကျိုးဆက်များ

ရှောင်မော့ စပိန်နိုင်ငံ ၂၀၂၁ ခုနှစ်မှာ အသင်းတော်သုံးလေးခုရဲ့ အလုပ်တွေကို ကျွန်မ ဦးဆောင်ရတယ်။ ဒီအသင်းတော်တွေက တည်ထောင်တာ မကြာသေးဘူး။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။