ကျွန်ုပ် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပုံ

08.02.2023

ရှင်ချွင်း တောင်ကိုရီးယားနိုင်ငံ

၂၀၁၉ နှစ်ကုန်မှာ၊ ကျွန်မ အသင်းတော်မှာ ဗီဒီယိုအလုပ်ကို ကြီးကြပ်ရတယ်။ အဲဒီတုန်းက အရမ်းစိတ်ဖိစီးခဲ့ရတယ်။ ဗီဒီယိုအလုပ်က ကျွန်မ အရင်က လုံးဝ မသင်ခဲ့ဖူးတဲ့ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေပါတယ်။ မရင်းနှီးတဲ့ အလုပ်အကိုင်တစ်ခုကို ရင်ဆိုင်ရမဲ့ အတွေးက ကျွန်မစိတ်နှလုံးကို ကျောက်တုံးကြီး တစ်တုံးလောက်ကို လေးလံသွားစေတယ်။ အလုပ်ကို ကျွန်မ လိုက်လုပ်ကြည့်တော့၊ အဖွဲ့ခေါင်းဆောင်တွေက မကြာခဏ အတတ်ပညာဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးကြပြီး၊ ကျွန်မက အဲဒီမှာ နားထောင်နေပေမဲ့ တစ်ခုမှ နားမလည်ဘဲ ထိုင်နေမိတယ်။ အငြင်းပွားစရာတွေကို သူတို့ ဆွေးနွေးတော့၊ ကျွန်မ အမြင်တွေ၊ အကြံပြုချက်တွေကို တောင်းကြပြီး၊ ပြဿနာ ဘယ်မှာမှန်း မသိလို့ ဒါက ကျွန်မကို အရမ်းစိတ်လှုပ်ရှားစေခဲ့တယ်။ တစ်ခါတလေ ပင်ကိုအသိစိတ်အရ အကြံပြုချက်တချို့ကို ကျွန်မပေးခဲ့ပေမဲ့ လက်မခံကြဘူး။ ဒီလိုဖြစ်တဲ့အခါတိုင်းမှာ၊ ကျွန်မ ရှက်မိတယ်။ ခေါင်းဆောင်အနေနဲ့၊ ပြဿနာကို ကျွန်မ မမြင်နိုင်ခဲ့သလို၊ ပြုပြင်မွမ်းမံတာ တစ်ခုမှ အကြံမပေးနိုင်ခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေကို ကျွန်မကို ဘာများ ထင်ကြမလဲ။ ဒီလိုအကြိမ်နည်းနည်း ဖြစ်ပြီးတဲ့နောက်မှာ၊ အလုပ်ဆွေးနွေးမှုတွေမှာ ကျွန်မ မပါချင်တော့ဘူး။ “ဒီအတတ်ပညာဆိုင်ရာ ပြဿနာတွေကို ငါ မသိသလို၊ အခုလေ့လာဖို့ အရမ်း နောက်ကျသွားပြီ။ သူတို့က ဗီဒီယိုဖန်တီးသူတွေဖြစ်လို့၊ အဲဒါရဲ့ အတတ်ပညာဆိုင်ရာ ရှုထောင်ကို သူတို့ကို ဆွေးနွေးခွင့်ပေးလိုက်မယ်။ ဒီကဏ္ဍမှာ သူတို့ကို ငါ မကူညီနိုင်ပေမဲ့၊ အသက်ဝင်ရောက်မှုမှာ သူတို့ကို ပိုကူညီနိုင်ပါတယ်လေ။ သူတို့ အခြေအနေက ပုံမှန်ဖြစ်ရင်၊ သူတို့ရဲ့ အတတ်ပညာဆိုင်ရာ ကဏ္ဍမှာ သူတို့ ကောင်းကောင်း လုပ်ကြမှာဖြစ်လို့၊ ငါ့တာဝန်ကို ငါ လုပ်နေတာပဲ မဟုတ်လား။ ဒီလိုနဲ့၊ သူတို့ရှေ့မှာ ငါ့ကိုယ်ငါ အရှက်ရစေမှာ မဟုတ်ဘူး” လို့တွေးမိတယ်။ စိတ်ထဲမှာ ဒီစိတ်ကူးတွေနဲ့၊ သူတို့ကို အလုပ်ဆွေးနွေးခွင့်ပေးလိုက်ပြီး ကျွန်မ မပါခဲ့ဘူး။

နည်းနည်းကြာတော့၊ ဗီဒီယိုထုတ်လုပ်ရေးက အရမ်းနှေးမှန်း၊ စည်းမျဉ်းနဲ့ဆိုင်တဲ့ ပြဿနာတချို့လည်း ရှိသလို၊ ညီအစ်ကို မောင်နှမတွေက လိုက်ဖက်ညီညီ ပူးပေါင်းလုပ်မနေကြတာကို ကျွန်မ တွေ့ခဲ့ရတယ်။ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဆာရာက ဗိုလ်ကျလွန်းတယ်လို့ ညီအစ်မတချို့က တိုင်ကြတယ်။ အလုပ်ဆွေးနွေးမှု တော်တော်များများမှာ၊ တခြားလူတွေက သူပြောတာကို နားထောင်ခဲ့ရပြီး၊ ဗီဒီယိုတွေကို မရပ်မနား ပြန်လုပ်ရတဲ့အကျိုးဆက်ဖြစ်စေခဲ့တယ်။ ကျွန်မ တွေးမိတယ်။ “ဆာရာက အစွမ်းအစကောင်းရှိတယ်။ သူ့စိတ်သဘောထားက နည်းနည်း မာနထောင်လွှားပေမဲ့၊ သူ့မှာ အတတ်ပညာ ကျွမ်းကျင်မှုကောင်းတွေ ရှိတယ်။ အရည်အချင်းတချို့ရှိတဲ့ သူတွေအတွက် မာနထောင်လွှားတာ ပုံမှန်ပါပဲ။ သူ့ကို ငါ မိတ်သဟာယပြုဖို့ပဲ လိုတာပါ” လို့ပေါ့။ ဒါကြောင့်၊ ဘုရားနှုတ်ကပတ်တော်ကို သုံးရင်းနဲ့၊ တခြားလူတွေနဲ့ ဘယ်လို ပူးပေါင်းပြီး၊ သင်ခန်းစာယူသင့်တယ်ဆိုတာကို သူနဲ့ မိတ်သဟာယပြုခဲ့တယ်။ အဲဒီအချိန်မှာ၊ ကျွန်မစကားတွေကို လက်ခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဖို့ လိုလားမှုကို ဆာရာက ဖော်ပြခဲ့တယ်။ မကြာခင်မှာ၊ အယ်လ်စီက ကျွန်မဆီလာပြီး ပြောတယ်။ ဗီဒီယိုတစ်ခုကို ဖန်တီးဖို့ သူ အချိန်ကုန်ပြီး အားထုတ်ခဲ့ပေမဲ့၊ ဆာရာက တွေ့တဲ့အခါ၊ ဗီဒီယိုအတွက် သူ့ရဲ့ အယူအဆကို လုံးဝ လက်မခံခဲ့သလို၊ စေ့စပ်ဆွေးနွေးဖို့အတွက် အခွင့်အရေးမရှိခဲ့ဘူးတဲ့။ အယ်လ်စီက အရမ်းဝမ်းနည်းပြီး ဒါကို ဘယ်လိုတွေ့ကြုံသင့်လဲလို့ မေးတယ်။ ကျွန်မ တွေးမိတယ်၊ “ဗီဒီယိုအတွက် သူ့အယူအဆက အငြင်းခံခဲ့ရတာဆိုတော့ သူ့စိတ်ကူးက မသင့်တော်တဲ့ သဘောလား၊ ဒါမှမဟုတ် ဆာရာကပဲ အရမ်းမာနထောင်လွှားတာလား”လို့ပေါ့။ ပြဿနာက ဘာလဲဆိုတာ ကျွန်မ သိအောင်လို့ အယ်လ်စီကို ဗီဒီယိုအတွက် သူ့အယူအဆကို ကျွန်မဆီ ပြောပြစေချင်ခဲ့တယ်။ ဒါပေမဲ့ အလုပ်အကိုင်ကို ကျွန်မ နားမလည်တဲ့အတွက်၊ သူ ကျွန်မကို ပြောပြပြီး ပြဿနာကို ကျွန်မ နားမလည်နိုင်ခဲ့ရင်၊ သူ ကျွန်မအပေါ် ဘာများထင်မလဲ။ “ထားလိုက်ပါ။ အတတ်ပညာဆိုင်ရာ ပြဿနာတွေကို သူတို့ဘာသာ ဆွေးနွေးခွင့်ပေးလိုက်မယ်။ အယ်လ်စီကို သူ့အခြေအနေအကြောင်းပဲ မိတ်သဟာယပြုပေးပြီး၊ ဒါကို ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခြင်းလို တွေ့ကြုံဖို့ပြောလိုက်မယ်။ ကိစ္စကို သူ မှန်မှန်ကန်ကန် သဘောထားနိုင်ရင်၊ ဆာရာနဲ့ ပူးပေါင်းလုပ်တဲ့ သူ့ပြဿနာက ပြေလည်သွားမှာပဲ”လို့ တွေးမိတယ်။ ဒါကြောင့် တခြားလူတွေရဲ့ အကြံကို လက်ခံဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဖို့ ပဏာမခြေလှမ်းပြီး တခြားလူတွေနဲ့ ပူးပေါင်းလုပ်ဖို့နဲ့ သူ့ကိုယ်ပိုင်အမြင်စိုးမိုးတာ မခံဖို့ပြောရင်းနဲ့ အယ်လ်စီကို ကျွန်မ မိတ်သဟာယပြုပေးခဲ့တယ်။ အယ်လ်စီက ဒါကိုကြားပြီးတော့ ဘဝင်မကျဖြစ်နေသေးပြီး နောက်ဆုံးမှာ စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားတယ်။ သူထွက်သွားပြီးတဲ့နောက်မှာ သူ့ပြဿနာ ပြေလည်မသွားခဲ့မှန်း သိလို့ ကျွန်မလည်း အရမ်းစိတ်မကောင်းဖြစ်မိခဲ့တယ်။ အယ်လ်စီရဲ့ ဗီဒီယိုနဲ့ပတ်သက်လို့ ဘာပြဿနာရှိတယ်ဆိုတာကို ကျွန်မ တွေ့ချင်ခဲ့ပေမဲ့၊ ပြဿနာကို ကျွန်မ မမြင်လိုက်မှာ၊ ပြီးတော့ အရည်အချင်းမပြည့်တဲ့ပုံပေါ်မှာကို စိုးရိမ်ခဲ့တယ်။ “ထားလိုက်ပါ၊ သူတို့ဘာသာ မိတ်သဟာယပြုပြီး အတတ်ပညာဆိုင်ရာ ပြဿနာကို ဖြေရှင်းကြပါစေ”လို့ တွေးခဲ့တယ်။ နောက်တော့ ဆာရာဆီ သူ့အခြေအနေကို ဖြေရှင်းဖို့ သွားမိတ်သဟာယပြုခဲ့တယ်။ ဆာရာက မာနထောင်လွှားတယ်လို့ ကျွန်မ ထောက်ပြတယ်၊ တခြားလူတွေနဲ့ လိုက်ဖက်ညီညီ အလုပ်လုပ်ပြီး သူတို့အားသာချက်တွေကနေ သင်ဖို့ပြောခဲ့သလို၊ သူ့မှာ အကြံကောင်းတွေရှိချိန်မှာတောင်၊ တခြားလူတွေနဲ့ ဆွေးနွေးသင့်တယ်လို့ ပြောခဲ့တယ်။ ဆာရာက နောင်မှာ ပြောင်းလဲခြင်းကို အာရုံစိုက်ဖို့ ကတိပေးခဲ့ပေမဲ့၊ အဲဒီနောက်မှာ၊ မာနထောင်လွှားတုန်းပဲ၊ သူ့အယူအဆတွေက တခြားလူတွေထက် ပိုကောင်းတယ်လို့ အမြဲ ခံစားတယ်၊ သူ့မှာ ပိုကောင်းတဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေရှိတယ်၊ တခြားလူတွေက သူ့ထက် နိမ့်ကျတယ်လို့ တွေးသလို၊ တခြားလူတွေနဲ့ ပူးပေါင်းလုပ်တဲ့အခါ အဆုံးအဖြတ် အမြဲပေးချင်ခဲ့တယ်။ တစ်ခါတလေ၊ ညီအစ်ကို မောင်နှမတွေက ထုတ်လုပ်ရေး အစီအစဉ်တစ်ခုကို သဘောတူချိန်မှာ၊ သူလိုချင်တာနဲ့ မတူရင်၊ သူက လုံးဝ ငြင်းလိုက်ပြီး၊ သူ့သတ်မှတ်ချက်တွေအတိုင်း ပြန်လုပ်ဖို့ တောင်းဆိုခဲ့တယ်။ သူ့အစီအစဉ်က မသင့်တော်ဘူးလို့ တခြားလူတွေ ခံစားရရင်၊ ဘယ်အကြံပြုချက်ကိုမှ လုံးဝ လက်မခံခဲ့သလို၊ တခြားလူတွေရဲ့ အကြံပြုချက်တွေကို အချည်းနှီးအနေနဲ့ ထုတ်ပယ်လိုက်တယ်။ ညီအစ်ကို မောင်နှမတွေက သူနဲ့ ဆက်သွယ်ပြောဆိုတာ လုပ်လို့မရသလို၊ သူတို့အလုပ်ကို မကြာခဏ ပြန်လုပ်ကြရတယ်။ လူတိုင်းရဲ့ အခြေအနေက ဆိုးသထက်ဆိုးသွားပြီး အပျက်သဘောထဲမှာ အသက်ရှင်နေခဲ့ကြတယ်။ ဆာရာက မာနထောင်လွှားပြီး ထင်ရာမြင်ရာလုပ်တာ၊ အဲဒါက အလုပ်ရဲ့ တိုးတက်မှုကို ဆိုးဆိုးရွားရွား ထိခိုက်တာကို မြင်တော့၊ ကျွန်မ အရမ်းစိတ်ဆင်းရဲခဲ့ရတယ်၊ ဘာလို့လဲဆိုတော့ အတတ်ပညာဆိုင်ရာ ပြဿနာတွေကို ကျွန်မ မဖြေရှင်းနိုင်ခဲ့လို့လေ။ ဆာရာက သမ္မာတရားကို လက်မခံသလို၊ နောင်တမရ၊ မပြောင်းလဲလို့ အဖွဲ့ခေါင်းဆောင်အဖြစ် အစေခံဖို့ မသင့်တော်တော့ဘူးလို့ မရေမရာ ခံစားမိလာတယ်။ ဒါပေမဲ့ သူက တခြားလူတွေထက် လုပ်ငန်းမှာ ပိုတော်မှန်း ကျွန်မ သိတယ်။ ဒါကြောင့် သူ့ကိုဖယ်ရှားလိုက်ရင်၊ အလုပ်ကို ဘယ်သူက လွှဲယူနိုင်မှာလဲ။ ကျွန်မ မသေချာဘူး။ ဒါကြောင့် အထက်ခေါင်းဆောင်တွေဆီ အဲဒါကို အကြောင်းကြားချင်ခဲ့ပေမဲ့၊ အလုပ်မှာ ကျွန်မလုပ်မိတဲ့ အမှားကို သူတို့မြင်ရင်၊ ကျွန်မကို ကိုင်တွယ်ဖြေရှင်းပြီး ထုတ်ပယ်မှာကို ကျွန်မ စိုးရိမ်မိခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ရုန်းကန်ရပြီးတဲ့နောက်မှာ၊ သူနဲ့ ထပ်ပြီး မိတ်သဟာယပြုဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် ဆာရာဆီ ထပ်သွားတယ်။ သူ့ရဲ့ မာနထောင်လွှားမှုကို ထောက်ပြတယ်၊ အမြဲထင်ရာမြင်ရာလုပ်ပြီး အဆုံးအဖြတ်ပေးချင်တဲ့အတွက် သူ့ကို ဖော်ထုတ်ပြီး၊ ဒါက အန္တိခရစ်ရဲ့ နည်းလမ်းဖြစ်တယ်လို့ ပြောပြခဲ့တယ်။ ကျွန်မပြောတာကြားပြီးတဲ့နောက်မှာ သူက တစ်ခွန်းမှ မပြောတော့ဘူး။ သူ ယုံကြည်လက်မခံတာ ရှင်းတယ်။ အဲဒီနောက်မှာ၊ ကိစ္စတွေကို ကိုယ့်သဘောအတိုင်း သူလုပ်နေဆဲဖြစ်သလို၊ မကြာခဏ ကြွားဝါပြီး တခြားလူတွေကို နှိမ်နေတုန်းပဲ။ ပြီးတော့ အစ်ကို မောင်နှမအများစုက သူ့အားဖြင့် စိတ်ကျဉ်းကျပ်ရပြီး သူနဲ့ ပူးပေါင်းမလုပ်ချင်ခဲ့ကြဘူး။ သူ့ရဲ့ ဟန့်တား၊ နှောင့်ယှက်မှုကြောင့်၊ ဗီဒီယိုအလုပ်က အဟန့်အတားဖြစ်သွားပြီး၊ နောက်ဆုံးမှာ ပြဿနာကို အထက်ခေါင်းဆောင်တွေဆီ တင်ပြဖို့ကလွဲလို့ ရွေးချယ်စရာမရှိခဲ့ဘူး။ သူတို့ စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ၊ ဆာရာက အဖွဲ့ခေါင်းဆောင်အနေနဲ့ အထုတ်ခံခဲ့ရပြီး၊ ကျွန်မက လက်တွေ့အလုပ်မလုပ်တဲ့အတွက်၊ လက်တွေ့ပြဿနာကို မဖြေရှင်းတဲ့အတွက် အထုတ်ခံခဲ့ရတယ်။

ကျွန်မအထုတ်ခံရပြီးတဲ့နောက်မှာ၊ ကျွန်မအစွမ်းအစညံ့တာ၊ အလုပ်အကိုင်ကို မသိခဲ့သလို၊ လက်တွေ့အလုပ်မလုပ်နိုင်ခဲ့တာကို ဝန်ခံခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ပိုင် ပြဿနာတွေပေါ် စစ်မှန်တဲ့ သိနားလည်မှု မရှိခဲ့ဘူး။ နောက်ပိုင်းမှာ၊ အယောင်ဆောင် ခေါင်းဆောင်တွေရဲ့ သရုပ်သကန်ကို သိမြင်ခြင်းနဲ့ ပတ်သက်လို့ ဘုရားရဲ့ မိတ်သဟာယကို ကြားတဲ့အခါ၊ ကျွန်မစသုံးသပ်ပြီး ကျွန်မလုပ်ခဲ့တဲ့အရာ အတိအကျကို နားလည်သွားခဲ့တယ်။ “အယောင်ဆောင် ခေါင်းဆောင်များသည် အပေါ်ယံအလုပ်၌ ကျွမ်းကျင်ကြ၏။ သို့သော် ၎င်းတို့သည် တကယ့်အလုပ်ကို မည်သည့်အခါမျှ မလုပ်ကြပေ။ အမျိုးမျိုးသော လုပ်ငန်းကျွမ်းကျင်မှုများကိုလည်း သွား၍ စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း၊ သို့မဟုတ် ညွှန်ကြားခြင်းလုံးဝ မရှိပေ၊ သို့မဟုတ် မည်သို့ဖြစ်ပျက်နေသည်ကို သိရှိရန်အတွက် မတူညီသောအုပ်စုများသို့ အချိန်မီလည်ပတ်ပြီး အလုပ်က မည်သို့ တိုးတက်နေသည်၊ မည်သည့်ပြဿနာများရှိနေသေးသည်၊ အဖွဲ့ကြီးကြပ်သူက အရည်အချင်း ရှိမရှိ၊ ညီအစ်ကိုမောင်နှမများက ထိုကြီးကြပ်သူနှင့် ပတ်သက်၍ မည်သို့အစီရင်ခံတင်ပြကြသည်၊ သူ့ကို မည်သို့သုံးသပ်အကဲဖြတ်ကြသည်၊ တစ်ဦးတစ်ယောက်သည် အဖွဲ့ခေါင်းဆောင်၊ သို့မဟုတ် ကြီးကြပ်သူကြောင့် နှောင့်နှေးနေခြင်းရှိမရှိ၊ ပါရမီရှိသူ၊ သို့မဟုတ် သမ္မာတရားကိုလိုက်စားသူ တစ်ဦးတစ်ယောက်သည် အခြားလူတို့၏ နှိမ်ခြင်း၊ သို့မဟုတ် ဖယ်ကြဉ်ခံရခြင်းရှိမရှိ၊ ပို၍ ရိုးသားဖြောင့်မတ်သော သူတစ်ဦးတစ်ယောက်က အနိုင်ကျင့်ခံရခြင်းရှိမရှိ၊ အယောင်ဆောင် ခေါင်းဆောင်များကို ဖော်ထုတ်ပြီး တိုင်ကြားသောသူတို့သည် နှိမ်ခံရခြင်း၊ ဖယ်ကြဉ်ခံရခြင်းရှိမရှိ၊ သို့မဟုတ် လူတို့သည် မှန်ကန်သော အကြံပြုချက်များပြုလုပ်ကြသောအခါ ထိုအကြံများကို သဘောတူလက်ခံခြင်းရှိမရှိ၊ အဖွဲ့ခေါင်းဆောင်၊ သို့မဟုတ် ကြီးကြပ်သူသည် ဆိုးယုတ်သောသူတစ်ယောက်၊ သို့မဟုတ် လူတို့ကို အခက်အခဲဖြစ်စေရန်ပြုလုပ်ခြင်းကို နှစ်သက်သူတစ်ယောက် ဟုတ်မဟုတ်ဆိုသည်တို့ကို လုံးဝ စစ်ဆေးခြင်းမရှိပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအလုပ်တစ်ခုမှ မလုပ်လျှင် လူစားလဲသင့်သည်။ ဥပမာအားဖြင့်၊ လူတို့ကို မကြာခဏ နှိမ်ပြီး နှောင့်နှေးစေသည့် ကြီးကြပ်သူတစ်ယောက်ရှိသည်ဟု တစ်စုံတစ်ယောက်က အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်အား တိုင်ကြားသည် ဆိုပါစို့။ ကြီးကြပ်သူက အမှားတစ်ခုလုပ်ခဲ့သော်လည်း ညီအစ်ကိုမောင်နှမများကို မည်သည့်အကြံမျှ ပေးခွင့်မပြုဘဲ သူ့ကိုယ်သူ သက်သေထူပြီး ကာကွယ်ရန် ဆင်ခြေများပင် ရှာပြီး သူ၏ အမှားကို လုံးဝ ဝန်မခံဟု ဆိုပါစို့။ ဤသို့သော ကြီးကြပ်သူတစ်ယောက်ကို ချက်ချင်း မဖယ်ရှားသင့်သလော။ ဤအရာများသည် ခေါင်းဆောင်များ ချက်ချင်းဖြေရှင်းသင့်သည့် ပြဿနာများဖြစ်သည်။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ခန့်အပ်ထားသည့် ကြီးကြပ်သူများ ဖြစ်ကြကုန်သော အုပ်စုအမျိုးမျိုးရှိ ကြီးကြပ်သူများ၏ အလုပ်တွင် မည်သည့်ပြဿနာများ ပေါ်ပေါက်ပါစေ ထိုကြီးကြပ်သူများ ဖော်ထုတ်ခံရမည့်အဖြစ်ကို ခွင့်မပြုပေ။ တစ်စုံတစ်ယောက်က ကြီးကြပ်သူတစ်ယောက်၏ ပြဿနာများကို ဖော်ထုတ်လာလျှင် အယောင်ဆောင် ခေါင်းဆောင်သည် အချက်အလက်မှန်များကို ပိတ်ကာရန်၊ ဖုံးကွယ်ရန် ကြိုးစားပြီး ‘ဤသည်မှာ အသက်ထဲသို့ လူတို့၏ ဝင်ရောက်မှုနှင့် သက်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်။ သူ၌ မာနထောင်လွှားသော စိတ်သဘောထားရှိခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ အစွမ်းအစနည်းပါးသော သူတိုင်းသည် မာနထောင်လွှားသည်။ အရေးမကြီးပေ။ ကျွန်ုပ်က သူနှင့် အနည်းငယ် မိတ်သဟာယပြုဖို့သာလိုသည်’ ဟူ၍ ပြောတတ်သည်။ မိတ်သဟာယပြုစဉ် အချိန်အတွင်းတွင် ကြီးကြပ်သူက ‘ကျွန်ုပ်က မာနထောင်လွှားသည်ကို ဝန်ခံပါသည်။ ကျွန်ုပ်၏ ကိုယ်ပိုင်ဝင့်ဝါမှုနှင့် ဂုဏ်အဆင့်အတန်းကို အရေးစိုက်ပြီး အခြားလူများ၏ အကြံများကို လက်မခံသောအချိန်များရှိသည်ကို ဝန်ခံပါသည်။ သို့သော် အခြားလူတို့သည် ဤအလုပ်နယ်ပယ်တွင် မကျွမ်းကျင်ပေ။ တန်ဖိုးမရှိသော အကြံပြုချက်များကို မကြာခဏ ပေးတတ်ကြသည်။ ထို့ကြောင့် ၎င်းတို့ကို ကျွန်ုပ်နားမထောင်သည့် အကြောင်းပြချက်တစ်ခုရှိပါသည်’ ဟူ၍ ပြောသည်။ အယောင်ဆောင် ခေါင်းဆောင်သည် အခြေအနေတစ်ခုလုံးကို နားလည်ဖို့ မကြိုးစားပေ။ ၎င်းတို့သည် ကြီးကြပ်သူ၏ လူ့သဘာဝ၊ စိတ်သဘောထားနှင့် လိုက်စားမှုတို့သည် မည်ကဲ့သို့ဖြစ်သည်ကို လေ့လာစူးစမ်းဖို့ မဆိုထားနှင့်။ ကြီးကြပ်သူက မည်မျှ ကောင်းစွာ အလုပ်လုပ်သည်ကိုပင် မလေ့လာမစူးစမ်းပေ။ ၎င်းတို့လုပ်သမျှက ‘ဤအရာကို ကျွန်ုပ်ထံ တိုင်ကြားခဲ့သည်။ ထို့ကြောင့် သင့်အား ကျွန်ုပ်စောင့်ကြည့်နေမည်။ သင့်ကို ကျွန်ုပ် အခွင့်အရေးတစ်ခုပေးနေသည်’ ဟု ရွှင်ပျစွာ ပြောဆိုခြင်းပင်ဖြစ်သည်။ ပြောဆိုပြီးနောက်တွင် ကြီးကြပ်သူက နောင်တရချင်သည်ဟု ပြောသည်။ သို့သော် နောက်ပိုင်းတွင် သူသည် အမှန်တကယ် နောင်တရသလော၊ သို့မဟုတ် လိမ်ညာလှည့်စားသလောနှင့် ပတ်သက်၍မူ အယောင်ဆောင် ခေါင်းဆောင်က အလေးမထားပေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ)အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ် လုပ်ဆောင်ပုံသည် ရိုးရှင်းလွန်းပြီး အပေါ်ယံဆန်လွန်းသည်။ ၎င်းတို့သည် လူတို့ကို စကားပြောရန် ခေါ်ယူသည်။ အယူအဆပိုင်းဆိုင်ရာ အလုပ်အနည်းငယ် လုပ်သည်။ အကြံအနည်းငယ်ပေးသည်။ ပြီးလျှင် ဤသည်မှာ တကယ့်အလုပ်ကို လုပ်ခြင်းဖြစ်သည်ဟု ထင်ကြသည်။ ဤသည်မှာ အပေါ်ယံဆန်သည်၊ မဟုတ်လော။ ဤအပေါ်ယံဆန်မှု၏ နောက်ကွယ်တွင် မည်သည့်ပြဿနာက ပုန်းကွယ်နေသနည်း။ နုံအမှုလော။ အယောင်ဆောင် ခေါင်းဆောင်များသည် အလွန်အမင်း နုံအသည်။ လူများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ ရှုမြင်ပုံတွင် အလွန်အမင်း နုံအကြသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထက် မည်သည့်အရာကမျှ ပြုပြင်ရန် ပိုမခက်ခဲပေ။ ကျားသစ်သည် သူ၏ အကွက်အကျားများကို မပြောင်းလဲနိုင်ပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤပြဿနာကို သိမြင်နားလည်မှု မရှိကြ။ ထို့ကြောင့် အသင်းတော်တွင် အမြဲတစေ အနှောင့်အယှက်ပေးနေသော၊ လူတို့ကို အစဉ်သဖြင့် ချုပ်ချယ်သော၊ လူတို့အခက်တွေ့အောင် ပြုလုပ်နိုင်ခြေရှိသော ကြီးကြပ်သူမျိုးနှင့် ပတ်သက်လာသည့်အခါ အယောင်ဆောင် ခေါင်းဆောင်တို့သည် စကားပြောရုံကလွဲ၍ ဘာမျှမလုပ်ပေ။ ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သည့် စကားအနည်းငယ်ပြောပြီး ထိုမျှသာဖြစ်သည်။ ၎င်းတို့သည် လူတို့အား ပြန်လည်နေရာချထားပေးရန်၊ သို့မဟုတ် လူစားလဲရန် မမြန်ဆန်ကြပေ။ အယောင်ဆောင် ခေါင်းဆောင်များ၏ အမှုအရာများကို လုပ်ဆောင်သည့်ပုံစံသည် အသင်းတော်အလုပ်အား ကြီးမားစွာ ထိခိုက်နစ်နာစေသည်။ အသင်းတော်အလုပ်ကို ချောချောမွေ့မွေ့၊ ထိထိရောက်ရောက်နှင့် ပုံမှန်အတိုင်း တိုးတက်မှုမရှိအောင် မကြာခဏ ဟန့်တားသည်။ အဘယ်ကြောင့်ဆိုသော် အသင်းတော်အလုပ်သည် ကောက်ကျစ်ဆိုးယုတ်သော လူအနည်းငယ်၏ ကြားဝင်နှောင့်ယှက်မှုကြောင့် နှောင့်နှေး၊ ကြန့်ကြာပြီး ထိခိုက်ခံရသောကြောင့် ဖြစ်သည်။ ဤအရာအားလုံးတို့မှာ အယောင်ဆောင် ခေါင်းဆောင်များက စိတ်ခံစားမှုဖြင့် ဆောင်ရွက်ခြင်း၊ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခြင်း၊ မသင့်တော်သော လူများကို ခန့်အပ်ခြင်းတို့၏ ဆိုးရွားသော အကျိုးဆက်ပင် ဖြစ်သည်။ အပြင်ပန်း အသွင်အပြင်တွင် ဤအယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်များကဲ့သို့ မကောင်းမှုကို တမင်လုပ်ဆောင်နေခြင်း၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေကို တမင်တကာ တည်ဆောက်ပြီး ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် သွားခြင်းမဟုတ်ပေ။ သို့သော် ၎င်းတို့အလုပ်၏ နယ်ပယ်အတွင်းတွင် အယောင်ဆောင်ခေါင်းဆောင်များသည် ကြီးကြပ်သူများကြောင့်ဖြစ်သော အမျိုးမျိုးသော ပြဿနာများကို အလျင်အမြန် မကိုင်တွယ်နိုင်ပေ။ ၎င်းတို့သည် အဆင့်မမီသော အဖွဲ့ကြီးကြပ်သူများကို ချက်ချင်း ပြန်လည်နေရာချထားပြီး လူစားလဲခြင်း မပြုလုပ်နိုင်ပေ။ ယင်းက အသင်းတော်အလုပ်အား ပြင်းထန်စွာ ထိခိုက်စေပြီး အားလုံးက အယောင်ဆောင်ခေါင်းဆောင်၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိတော့၊ အထူးသဖြင့် ဝမ်းနည်းပြီး စိတ်ကြေကွဲရတယ်။ ဘုရားဖော်ပြနေတဲ့ အယောင်ဆောင် ခေါင်းဆောင်က ကျွန်မလို့ ခံစားရတယ်။ အယောင်ဆောင် ခေါင်းဆောင်တွေက လက်တွေ့အလုပ်မလုပ်ကြဘူး၊ အလုပ်ကို လုံးဝ မစစ်ဆေး၊ မကြီးကြပ်၊ မညွှန်ကြားကြသလို၊ တကယ့်ပြဿနာတွေကို နားလည်ဖို့ အလုပ်ကို လုံးဝ မလေ့လာသလို၊ တိကျတဲ့ အလုပ်ကို နောက်ဆက်တွဲ မလုပ်ဘူးလို့ ဘုရားက ထုတ်ဖော်ပြတယ်။ ကြီးကြပ်ရေးမှူးတွေနဲ့ ပတ်သက်လို့ ပြဿနာတွေကို တစ်ယောက်ယောက်က တိုင်တဲ့အခါ၊ စေ့စပ်တဲ့ စုံစမ်းစစ်ဆေးမှုကို လုံးဝ မလုပ်ကြဘူး၊ သူတို့ရဲ့ အနှစ်သာရနဲ့ အလုပ်ရဲ့ အကျိုးတရားကို သူတို့ မသိမြင်ကြသလို၊ အဲဒီလို ကြီးကြပ်ရေးမှူးတွေနဲ့ပဲ မိတ်သဟာယပြုပြီး၊ အတွေးအမြင်နဲ့ဆိုင်တဲ့ အလုပ်ကို လုပ်ကြတယ်။ ဒါက ပြဿနာကို ဖြေရှင်းတယ်လို့ သူတို့ ထင်ကြတယ်။ မသင့်တော်တဲ့ ကြီးကြပ်ရေးမှူးတွေကို အချိန်မီ မပြောင်းရွေ့မိအောင် ဖြစ်စေခဲ့တယ်။ အဲဒါက အသင်းတော်အလုပ်ကို ဆိုးရွားတဲ့ ထိခိုက်နစ်နာမှု ဖြစ်စေတယ်။ အဲဒီတုန်းက ကျွန်မအပြုအမူက အတိအကျကို ဘုရားထုတ်ဖော်ပြတဲ့အရာ ဖြစ်ခဲ့တယ်။ အလုပ်မှာ ကျွန်မ မကြာခဏ ဝင်မပါခဲ့သလို၊ အလုပ်ရဲ့ တိုးတက်မှုအကြောင်း သွားမေးခဲတယ်၊ လမ်းညွှန်မှု ပေးခဲတယ်။ ဗီဒီယိုထုပ်လုပ်ရေးက နှေးကွေးပြီး၊ ဆာရာက မာနထောင်လွှားသလို၊ သူ့သဘောအတိုင်း မရမကလုပ်တတ်တယ်၊ အဲဒါက အလုပ်ကို ထိခိုက်တယ်လို့ လူတွေ သတင်းပို့တာ ကျွန်မ သိခဲ့ပေမဲ့၊ သူ့အခြေအနေကိုပဲ မိတ်သဟာယပြုပြီး ပြဿနာကို ဒီအတိုင်းထားခဲ့တယ်။ ဗီဒီယိုထုပ်လုပ်ရေး လုပ်ငန်းစဉ်မှာ သူတို့ အငြင်းပွားတာတွေ ရှိတဲ့အခါ ပြဿနာတွေက ဘာလဲဆိုတာကို ကျွန်မ မစစ်ဆေးခဲ့သလို၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သိပြီး သင်ခန်းစာယူသင့်တယ်လို့ပဲ မိတ်သဟာယပြုခဲ့တယ်။ မိတ်သဟာယနဲ့ အတွေးအမြင်ဆိုင်ရာ အလုပ်က ပြဿနာတွေကို ဖြေရှင်းခြင်းနဲ့ လက်တွေ့အလုပ်လုပ်ခြင်းဖြစ်တယ်လို့ ကျွန်မ တွေးခဲ့တယ်။ ဒါပေမဲ့ အလုပ်ရဲ့ တိုးတက်မှုကို ဟန့်တားတဲ့ တကယ့်ပြဿနာနဲ့ ပတ်သက်လို့ မမေးမြန်း၊ မဖြေရှင်းခဲ့ဘူး။ အနှောင့်အယှက်တွေဖြစ်စေတဲ့ အဖွဲ့ခေါင်းဆောင်က မပြောင်းရွှေ့ခံခဲ့ရ၊ ကိုင်တွယ်ဖြေရှင်းခြင်း မခံခဲ့ရသလို၊ ဗီဒီယိုအလုပ်ကို ဆက်နှောင့်ယှက်ပြီး ဟန့်တားခွင့်ပေးနေခဲ့ရတယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော်မှာ ထုတ်ဖော်ပြခံရတဲ့ အယောင်ဆောင် ခေါင်းဆောင် မဟုတ်လား။ အဲဒီအတောအတွင်းမှာ၊ ဆာရာကြောင်း စိတ်ကျဉ်းကျပ်တယ်လို့ ကျွန်မကို ပြောခဲ့တာ ညီအစ်ကို၊ မောင်နှမတစ်ယောက်ထက်ပိုခဲ့တယ်။ ဗီဒီယိုထုတ်လုပ်ရေးရဲ့ အယူအဆတွေနဲ့ အစီအစဉ်တွေအားလုံးက သူ အတည်ပြုရမှာလေ၊ ဆုံးဖြတ်ချက်ချရာမှာ သူ မပါရင်၊ တခြားလူတွေလုပ်တဲ့ ဆုံးဖြတ်ချက်ကို သူ ပယ်ဖျက်ပြီး၊ ညီအစ်ကို မောင်နှမတွေက ကိစ္စတိုင်းမှာ သူ့ကို စောင့်ရတယ်၊ အဲဒါက အလုပ်ကို အရမ်း နှောင့်နှေးစေခဲ့တယ်။ အဲဒီအချိန်မှာ သူက အဖွဲ့မှာ အာဏာ စွဲကိုင်နှင့်ပြီးသလို၊ အဆုံးအဖြတ်ပေးတတ်တယ်။ သူ့ပြဿနာတွေကို ညီအစ်ကို မောင်နှမတွေက အမြဲ တိုင်ကြားကြပေမဲ့၊ ကျွန်မက ကြောင်းကျိုးမမြင်၊ မသိနားမလည်ဖြစ်ခဲ့တယ်၊ အလုပ်အပေါ် နက်နဲတဲ့ သိနားလည်မှု ကျွန်မ ရှိခဲသလို၊ ပြဿနာရဲ့ အပေါ်ယံကိုပဲ ကြည့်ခဲ့တယ်။ ဒါကြောင့် ဆာရာမှာရှိတဲ့ ဆိုးရွားတဲ့ ပြဿနာကို ကျွန်မ မသိမြင်နိုင်ခဲ့ဘူး။ သူ့ရဲ့ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေက ကောင်းပေမဲ့ သူ့စိတ်သဘောထားက နည်းနည်း မာနထောင်လွှားလို့၊ နည်းနည်း မိတ်သဟာယပြုလိုက်ရင်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် အသိတချို့ ရနိုင်မယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ သူလုပ်နေတာရဲ့ သဘောသဘာဝကို ကျွန်မ မရိပ်စားမိနိုင်ခဲ့လို့၊ ကျွန်မရဲ့ မိတ်သဟာယအားလုံးက အနှစ်မဲ့တဲ့ စကားတွေဖြစ်ခဲ့ပြီး၊ လက်တွေ့ပြဿနာကို လုံးဝ မဖြေရှင်းခဲ့ဘူး။ အကျိုးဆက်အနေနဲ့၊ နှစ်ဝက်ကြာ၊ လူတော်တော်များများက သူ့အားဖြင့် စိတ်ကျဉ်းကျပ်ပြီး အပျက်သဘောဆောင်၊ အားနည်းကြတယ်၊ ဗီဒီယိုထုတ်လုပ်ရေးက မထိမရောက်ဖြစ်ပြီး၊ ဗီဒီယိုအလုပ်က ဆိုးဆိုးရွားရွား ဟန့်တား၊ နှောင့်ယှက်ခံခဲ့ရတယ်။ အဲဒီအခါမှပဲ ကျွန်မ ရှင်းရှင်း မြင်သွားခဲ့တာ၊ ကျွန်မ လက်တွေ့အလုပ် မလုပ်ခဲ့လို့၊ မသင့်တော်တဲ့ အဖွဲ့ခေါင်းဆောင်ကို အချိန်မီ မရွေ့ပြောင်းခဲ့လို့၊ အလုပ်ကို ကြီးမားတဲ့ ထိခိုက်နစ်နာမှု ဖြစ်စေခဲ့တာပဲ။ ကျွန်မက အယောင်ဆောင် ခေါင်းဆောင် စစ်စစ်ပဲ။ ပထမတော့ ကျွန်မအစွမ်းအစ ညံ့ပြီး အလုပ်အကိုင်ကို မသိခဲ့လို့ တာဝန်မှာ ကျရှုံးခဲ့တာလို့ ထင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှပဲ မြင်ခဲ့တာ။ ကိစ္စတွေကို နားလည်ပြီး တကယ့် ပြဿနာတွေကို ဖြေရှင်းဖို့တောင် ကျွန်မ မကြိုးစားခဲ့တာက အစွမ်းအစညံ့တဲ့ ကိစ္စပဲ မဟုတ်ဘူး၊ လက်တွေ့အလုပ် ကင်းမဲ့မှုလည်း ဖြစ်မှန်းကိုပေါ့။

ကိုယ့်ကိုယ်ကိုယ် ကျွန်မ ဆက်သုံးသပ်ခဲ့တယ်။ “အလုပ်အကြောင်း ပိုသင်ယူဖို့ ဘာလို့ ငါ တုံ့ဆိုင်နေရတာလဲ”လို့ပေါ့။ အဲဒီတုန်းက ကျွန်မအတွေးနဲ့ အပြုအမူတချို့ကို ပြန်သတိရမိတဲ့အခါမှပဲ၊ မမှန်တဲ့ အမြင်တစ်ခုကို ကျွန်မ အမြဲ စွဲကိုင်ခဲ့မှန်း သဘောပေါက်ခဲ့တယ်။ အလုပ်အကိုင်ကို နားမလည်ဘူးလို့ ခံစားရလို့၊ အဲဒီအရာပါဝင်တဲ့ ကိစ္စတွေကို ကျွန်မ ရှောင်ချင်ခဲ့ပြီး၊ အဲဒါကို ကျွန်မ မသိချင်၊ မသင်ယူချင်ခဲ့ဘူး။ နားလည်တဲ့လူတွေနဲ့ ပြဿနာတွေ ဆွေးနွေးတာကို ကြောကခဲ့တယ်၊ အဲဒါက ကျွန်မကို မသိနားမလည်ဖြစ်ပုံ ရစေခဲ့တာပဲ၊ ဒါကြောင့် အလုပ်အတွက် တာဝန်ယူသင့်တဲ့အချိန်မှာတောင် ကျွန်မ တာဝန်မယူခဲ့ဘူး။ နောက်ပိုင်း ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်နှင့်ဆိုင်သည့် အဓိက စရိုက်လက္ခဏာမှာ အယူဝါဒအကြောင်း ပေါက်တတ်ကရပြောဆိုပြီး ဆောင်ပုဒ်များကို သံယောင်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့၏ အမိန့်များကို ထုတ်ပြန်ပြီးနောက်တွင် ထိုအမှုကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့တာဝန်မယူကြတော့ပေ။ ပရောဂျက်၏ နောက်ပိုင်း တိုးတက်ဖြစ်ပေါ်မှုအကြောင်း မေးခွန်းများ မမေးမြန်းကြပေ။ ပြဿနာတစ်စုံတစ်ရာ၊ မူမမှန်ခြင်းတစ်စုံတစ်ရာ၊ သို့မဟုတ် အခက်အခဲတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းရှိမရှိ မမေးမြန်းကြပေ။ ၎င်းတို့သည် လွှဲပြောင်းပြီးသည်နှင့် ပြီးဆုံးပြီဟု မှတ်ယူကြသည်။ အမှန်တကယ်တွင် ခေါင်းဆောင်တစ်ယောက်အနေဖြင့် အလုပ်များကို စီစဉ်ပေး၍ ပြီးသွားပြီးနောက်တွင် ပရောဂျက်၏ တိုးတက်မှုကို မျက်ခြည်မပြတ် သိရှိနေရမည်။ ဤအမှုကိစ္စများတွင် သင်သည် လူသစ်တစ်ယောက် ဖြစ်နေလျှင်ပင်၊ ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်သိမြင်မှုမျှ မရှိလျှင်ပင် ထိုအလုပ်ကို ဆောင်ရွက်ရန် နည်းလမ်းရှာနိုင်သည်။ အခြေအနေကို စစ်ဆေးပြီး အကြံပြုချက်များ ပေးရန်အတွက် တတ်သိနားလည်သောသူ၊ အဆိုပါ အလုပ်အကြောင်း နားလည်သောသူကို သင်ရှာ၍ ရသည်။ ထိုသူ၏ အကြံပြုချက်များမှ သင့်လျော်သော စည်းမျဉ်းများကို သင်ရွေးထုတ်နိုင်သည်။ ထိုနည်းအားဖြင့် အလုပ်အကြောင်း မျက်ခြည်မပြတ် သိရှိနိုင်လိမ့်မည်။ သင်သည် အဆိုပါ အလုပ်အမျိုးအစားနှင့် ရင်းနှီးမှုတစ်စုံတစ်ရာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ နားလည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းဆုံးအနေဖြင့် ထိုအလုပ်ကို ဦးစီးရမည်။ မျက်ခြည်မပြတ် သိရှိနေရမည်။ အလုပ်၏ တိုးတက်မှုကို သိရရန် စုံစမ်းပြီး မေးခွန်းများ မေးရမည်။ ထိုသို့သော ကိစ္စများကို သင်နားလည်သဘောပေါက်ခြင်း ရှိထားရမည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ သင်ဆောင်ရွက်ရမည့် အပိုင်းဖြစ်သည်။ အလုပ်အကြောင်း မျက်ခြည်မပြတ် သိရှိအောင် မလုပ်ထားခြင်း၊ လွှဲပြောင်းပြီးသည်နှင့် မည်သည့်အရာကိုမျှ ထပ်၍ မလုပ်ဆောင်ခြင်း၊ တာဝန်မယူတော့ခြင်းသည် အယောင်ဆောင် ခေါင်းဆောင်များက လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ အလုပ်အကြောင်း မျက်ခြည်မပြတ် သိရှိထားရန် တိကျသော အရေးယူဆောင်ရွက်မှုကို မလုပ်ဆောင်ခြင်း၊ အလုပ်တိုးတက်မှုကို နားလည်သဘောပေါက်မှု မရှိခြင်းသည်လည်း အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်၏ သရုပ်သကန်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်၊ အလုပ်အကိုင်ကို ကျွန်မ နားမလည်ဘူးဆိုတဲ့ အကြောင်းပြချက်ပေါ်မှာ တိကျတဲ့ အလုပ်ကို ကျွန်မ လိုက်မကြီးကြပ်ဘဲ အလုပ်မှာရှိတဲ့ လက်တွေ့ပြဿနာတွေကို မဖြေရှင်းတာက တာဝန်မဲ့ပြီး တာဝန်ကို ခေါင်းရှောင်တဲ့ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ရဲ့ သရုပ်သကန်ဖြစ်တယ်ဆိုတာကိုပေါ့။ ခေါင်းဆောင်အနေနဲ့၊ အနည်းဆုံး ကိုယ်လုပ်သင့်တာက အလုပ်ကို တာဝန်ယူပြီး လိုက်ကြီးကြပ်ဖို့၊ အလုပ်ရဲ့ တိုးတက်မှုအကြောင်း မေးပြီး အလုပ်မှာရှိတဲ့ ပြဿနာတွေကို ရှာဖွေ၊ ဖြေရှင်းဖို့ပဲ။ အလုပ်အကိုင်ကို မသိရင်တောင်၊ နားလည်တဲ့သူတွေကို စစ်ဆေးခိုင်းပြီး အကြံပေးခိုင်းလို့ရတယ်၊ ပြီးတော့ ကိုယ့်မှာမရှိတဲ့အရာအတွက် ထေမိအောင် တခြားလူတွေနဲ့ ပူးပေါင်းလုပ်နိုင်တယ်။ အဲဒီလိုနဲ့ အလုပ်ကို ကောင်းကောင်း လုပ်လို့ရတယ်လေ။ ဒါပေမဲ့ ကျွန်မအတွက်တော့၊ အတတ်ပညာဆိုင်ရာ အလုပ်ပါဝင်တဲ့ ကဏ္ဍတွေမှာ ကိုယ့်ဘာသာ လမ်းမညွှန်နိုင်ရင် ညီအစ်ကို မောင်နှမတွေရဲ့ အထင်သေးတာ ခံရမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဒါကြောင့် ကိုယ့်ရဲ့ အားနည်းချက်နဲ့ ချွတ်ယွင်းချက်တွေကို ဖုံးဖိပြီး၊ ကျွန်မ ပုံရိပ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့၊ အလုပ်အကိုင်ကို ကျွန်မ မသိဘူးဆိုတဲ့ အကြောင်းပြချက်ပေါ်မှာ အဲဒါကို ကျွန်မ ရှောင်ရှားပြီး တိကျတဲ့အလုပ်မှာ မပါဝင်ခဲ့ဘူး။ ထုတ်လုပ်ရေးမှာ ပြဿနာတွေရှိပြီး ညီအစ်ကို မောင်နှမတွေက အငြင်းပွားတာတွေရှိသလို ကောင်းကောင်း မပူးပေါင်းနိုင်တဲ့အခါ၊ ပြီးတော့ အကျိုးဆက်အနေနဲ့ တိုးတက်မှုက တန့်သွားတဲ့အခါ၊ ကိစ္စတွေကို တကယ်ဖြေရှင်းမဲ့အစား၊ လက်ရှောင်တဲ့နည်းကို ကျွန်မ သုံးခဲ့တယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော်မှာ ထုတ်ဖော်ပြထားတဲ့ အယောင်ဆောင် ခေါင်းဆောင် အတိအကျပဲ မဟုတ်လား။ တကယ်တော့၊ ဘုရားအိမ်တော်ရဲ့ အလုပ်အားလုံးက သမ္မာတရားရဲ့ စည်းမျဉ်းတွေ ပါဝင်တယ်။ အတတ်ပညာဆိုင်ရာ အသိကို ပိုင်နိုင်တာ သက်သက်က အဲဒါကို ကောင်းကောင်း လုပ်ဖို့ မလုံလောက်ဘူး။ ခေါင်းဆောင်အနေနဲ့၊ အလုပ်ကို နားမလည်ရင်တောင်၊ အလုပ်ကို လမ်းပြပြီး စစ်ဆေးနိုင်အောင် ဆီလျော်တဲ့ သမ္မာတရား စည်မျဉ်းတွေကို သိသင့်တယ်။ တချို့ခေါင်းဆောင်တွေက ပထမတော့ အလုပ်အကိုင်ကို နားမလည်ကြဘူး။ ဒါပေမဲ့ သူတို့ ကြိုးစားလေ့လာပြီး ဆီလျော်တဲ့ သမ္မာတရား စည်းမျဉ်းတွေကို ပိုင်နိုင်ကြတယ်။ အဲဒီနောက်မှာ အလုပ်ကို လက်တွေ့ကျကျ လမ်းညွှန်ပြီး စစ်ဆေးနိုင်ကြသလို၊ အလုပ်က အဆက်မပြတ် တိုးတက်တယ်။ အမှန်ပဲ။ ဒီအချိန်မှာ၊ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်၊ “အတတ်ပညာဆိုင်ရာ ရှုထောင့်ကို နားမလည်ဘူးလို့ ငါ အမြဲပြောပေမဲ့ ငါ လေ့လာခဲ့ရဲ့လား။ အားထုတ်ပြီး အဖိုးအခ ပေးခဲ့လား။ ကိစ္စတွေကို ဘယ်လို စစ်ဆေးရမှန်း မသိခဲ့ချိန်မှာ၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ရှာဖွေခဲ့လား”လို့ပေါ့။ ဒီအရာတွေတစ်ခုမှ ကျွန်မ မလုပ်ခဲ့ဘူး။ ကိုယ့်တာဝန်မှာ ဖြစ်သလိုလုပ်ခဲ့တယ်၊ တိုးတက်မှု မဖန်တီးခဲ့ဘူး၊ တခြားလူတွေဆီက သင်ယူဖို့၊ ကိစ္စတွေကို နားမလည်တဲ့အခါ သမ္မာတရား စည်မျဉ်းတွေကို ရှာဖွေဖို့ မကြိုးစားခဲ့သလို၊ အလုပ်အကိုင်ကို နားမလည်ဘူးဆိုတဲ့ ဟန်ဆောင်မှုအောက်မှာ ကိုယ့်ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ထိန်းသိမ်းခဲ့တယ်။ ညီအစ်ကို မောင်နှမတွေက သူတို့တာဝန်တွေကို ထမ်းဆောင်တာနဲ့အမျှ လက်တွေကျတဲ့ ပြဿနာနဲ့ အခက်အခဲတွေကို ချက်ချင်း မဖြေရှင်းနိုင်ခဲ့ဘူးဆိုတဲ့ သဘောပဲ။ အဲဒါက ဗီဒီယိုအလုပ်အပေါ် ဆိုးရွားတဲ့ သက်ရောက်မှု ရှိခဲ့တယ်။ ဒါတွေက ဆောင်ပုဒ်တွေကို ကျွန်မ အော်ပြီး၊ လက်တွေ့အလုပ်မလုပ်သလို၊ လက်တွေ့ပြဿနာတွေကို မဖြေရှင်းရခြင်းရဲ့ အကျိုးဆက်တွေပဲ။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်မှာလည်း ဖတ်ရတယ်။ “လူများ မိမိတို့၏ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို ဘေးဖယ်ထားဖို့ ဘုရားသခင်က တောင်းဆိုသည့်အခါ၊ သူသည် လူများ၏လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ချေ။ ယင်းထက် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားစဉ်တွင် လူများသည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ အသက်ဝင်ရောက်မှုကို နှောင့်ယှက်ပြီး ဖျက်လိုဖျက်ဆီးလုပ်ကာ၊ အခြားသူများ၏ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရား နားလည်ခြင်းတို့အပေါ်တွင် ဩဇာလွှမ်းမိုးမှုများ ရှိနိုင်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခြင်းအပေါ် ဩဇာလွှမ်းမိုးမှု ရှိသောကြောင့် ဖြစ်လေသည်။ ဤသည်မှာ မငြင်းခုံနိုင်သော အချက်ဖြစ်သည်။ လူများသည် မိမိတို့၏ ကိုယ်ပိုင် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားသည့်အခါတွင်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားမည် မဟုတ်ကြောင်း၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်မည်မဟုတ်ကြောင်းမှာ သေချာပေသည်။ ၎င်းတို့သည် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းအတွက်သာ ပြောဆို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သမျှသည် ထိုအရာများအတွက်သာ ဖြစ်သည်မှာ ခြွင်းချက်တစ်စက်မျှ မရှိပေ။ ထိုသို့သော ပြုမူလုပ်ဆောင်ခြင်းသည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်ခြင်း ဖြစ်သည်မှာ သံသယမရှိပေ။ ယင်းမှာ ဘုရားအမှုတော်အပေါ် အနှောင့်အယှက်နှင့် အဖျက်အဆီးဖြစ်ပြီး ယင်း၏ အကျိုးဆက်မျိုးစုံမှာ နိုင်ငံတော် ဧဝံဂေလိတရား ပျံ့နှံ့ခြင်းနှင့် အသင်းတော်အတွင်း ဘုရားအလိုတော် လွတ်လပ်စွာ စီးဆင်းခြင်းကို တားဆီးခြင်း ဖြစ်သည်။ ထို့ကြောင့် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားသူတို့ လိုက်လျှောက်သည့် လမ်းကြောင်းသည် ဘုရားသခင်ကို ခုခံသည့်လမ်းကြောင်း ဖြစ်သည်ဟု အသေအချာ ပြောနိုင်ပေသည်။ ယင်းမှာ သူ့ကို တမင်တကာ ခုခံခြင်း၊ ငြင်းပယ်ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ခုခံခြင်းနှင့် သူ့ကို ဆန့်ကျင်ဖို့ ရပ်တည်ရာ၌ စာတန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့နောက် လိုက်သည့် လူများ၏ သဘာဝ ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့် ပတ်သက်သည့် ပြဿနာမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်သည်— ယင်းတို့သည် ယုတ်မာပြီး မတရားသည့်ပန်းတိုင်များ ဖြစ်သည်။ လူများသည် ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကဲ့သို့သော တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားသည့်အခါ၊ ၎င်းတို့သည် စာတန်၏တန်ဆာပလာတစ်ခု အမှတ်တမဲ့ ဖြစ်လာသည်၊ ၎င်းတို့သည် စာတန်အတွက် လမ်းကြောင်းတစ်ခု ဖြစ်လာသည်၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ပြယုဂ်ဖြစ်လာသည်။ ၎င်းတို့သည် အသင်းတော်တွင် အပျက်သဘောဆောင်သော ကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသည်။ အသင်းတော်၏ အလုပ်၊ အသင်းတော် ပုံမှန်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန်လိုက်စားမှုတို့အပေါ် ၎င်းတို့ဖြစ်စေသည့် အကျိုးသက်ရောက်မှုသည် နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့ ဖြစ်သည်။ ၎င်းတို့၌ ကောင်းကျိုးမပေးသည့်၊ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားရင်းနဲ့ ကျွန်မတာဝန်မှာ လုပ်ခဲ့သမျှက ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ ဖြစ်ပြီး၊ အသင်းတော်အလုပ်ကို ကျွန်မ လုံးဝ မကာကွယ်ခဲ့မှန်း တွေ့ရတယ်။ အဲဒါက အလုပ်ကို ထိခိုက်နစ်နာစေခဲ့တာပဲ။ အလုပ်အကိုင်ကို နားမလည်ရင် တခြားလူတွေက အထင်သေးမှာကို ကျွန်မ ကြောက်ခဲ့လို့၊ ကိုယ့်ချို့ယွင်းချက်ကို ဖုံးကွယ်ခဲ့တယ်၊ အလုပ်ဆွေးနွေးရာမှာ မပါဝင်ခဲ့သလို၊ တချို့အလုပ်တွေကို မကြီးကြပ်ခဲ့ဘူး။ အဖွဲ့ခေါင်းဆောင်က ထင်ရာမြင်ရာလုပ်ပြီး အလုပ်ကို အနှောင့်အယှက်ဖြစ်တာ မြင်ရတဲ့အခါ၊ အဲဒါကို ကျွန်မ မဖြေရှင်းနိုင်ခဲ့ဘူး။ အထက်ခေါင်းဆောင်တွေက ကျွန်မ လက်တွေ့အလုပ်မလုပ်တာ သိသွားပြီး ထုတ်ပယ်မှာကိုလည်း ကြောက်ခဲ့တယ်၊ ဒါကြောင့် အထက်ကို တင်ပြတာကို ပဏာမခြေမလှမ်းခဲ့သလို ဖြေရှင်းချက်တွေကိုလည်း မရှာခဲ့ဘူး။ အသင်းတော် အလုပ်ထိခိုက်နစ်နာချိန်မှာ ကြည့်နေခဲ့တယ်။ အထက်အောက် လူတွေကို လှည့်ဖြားရင်းနဲ့ ကိုယ့်ရဲ့ ခေါင်းဆောင်မှု ရာထူးကို ကာကွယ်နိုင်အောင်လို့ ကျွန်မ ကြီးကြပ်တဲ့ အလုပ်က ပြဿနာကင်းပြီး ပုံမှန်ဖြစ်တယ်လို့ လူတွေကို တလွဲထင်စေရင်းနဲ့ ကျွန်မက အမှန်တရားတွေကို ပေါ်တင် ဖုံးဖိနေခဲ့တာပဲ။ ဒါပေမဲ့ ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို အကောင်းဆုံး ကာကွယ်ဖို့ ကြိုးစားနေတုန်းမှာ ညီအစ်ကို မောင်နှမတွေက စိတ်ကျဉ်းကျပ်ကြတယ်၊ သူတို့တာဝန်မှာ ရှေ့ဆက်ရမဲ့လမ်း မရှိခဲ့ဘူး၊ နာကျင်မှုနဲ့ ဆင်းရဲဒုက္ခမှာ အသက်ရှင်ခဲ့ကြတယ်၊ သူတို့ဘဝ ဆင်းရဲဒုက္ခခံရပြီး အလုပ်က ပြင်းပြင်းထန်ထန် ဟန့်တားခံခဲ့ရတယ်။ ဒါပေမဲ့ ဒီအရာတစ်ခုကိုမှ ကျွန်မ ဂရုမစိုက်ခဲ့ဘူး။ ဒါတွေအားလုံးက အယောင်ဆောင် ခေါင်းဆောင်မှု သရုပ်သကန်တွေပဲ မဟုတ်လား။ ဒီအရာတွေကို သုံးသပ်ရင်းနဲ့၊ နည်းနည်း ကြောက်မိသွားပေမဲ့၊ ဝမ်းနည်းမှုနဲ့ နောင်တလည်း ခံစားခဲ့ရတယ်။ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ကျွန်မရဲ့ အသိစိတ်က အဲဒါတွေအားလုံးကို ထုံထိုင်းနေခဲ့တယ်။ ဗီဒီယိုအလုပ်က အသင်းတော်အလုပ်ရဲ့ အဓိကရှုထောင့်ပဲ။ အဲဒီလောက် အရေးကြီးတဲ့ တာဝန်ကို ကျွန်မ ထမ်းဆောင်ခဲ့ပေမဲ့ ဘုရားအလိုတော်ကို မထောက်ထားခဲ့ဘူး။ အရာရာမှာ ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းပြီး အသင်းတော် အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ ကိုယ့်တာဝန်မှာရှိတဲ့ အပြုအမူအားလုံးနဲ့ အသင်းတော်အလုပ်ကို ကျွန်မ ဖြစ်စေခဲ့တဲ့ ထိခိုက်နစ်နာမှုကို တွေးမိတဲ့အတွေးက နှလုံးသားကို ဓားနဲ့ထိုးသလောက် နာတယ်။ ဘုရားရှေ့လာဖို့ အရမ်းရှက်မိတယ်။ မျက်ရည်တွေနဲ့ ဝမ်းနည်းပြီး ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မ ဉာဏ်များပြီး တာဝန်မှာ လှည့်ကွက်တွေ လုပ်နေခဲ့သလို၊ လက်တွေ့အလုပ် မလုပ်ခဲ့ဘူး။ အသင်းတော်အလုပ်ကို ကျွန်မ ဖြစ်စေခဲ့တဲ့ ဆုံးရှုံးမှုက လုံးဝ ပြန်မထေမိနိုင်ပါဘူး။ နောင်မှာ ကိုယ့်တာဝန်မှာ ကျွန်မ ကိုယ်တော့်ဆီ နောင်တရချင်သလို၊ ကျွန်မကို စစ်ဆေးဖို့ တောင်းလျှောက်ပါတယ်”လို့ပေါ့။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ပြီး ဝင်ရောက်ဖို့ နည်းလမ်းတချို့ ရှာတွေ့ခဲ့တယ်။ “ပုံမှန်၊ သာမန်ဖြစ်သောသူတစ်ယောက် မည်သို့ ဖြစ်ရမည်နည်း။ လူတို့သည် မဟာလူသား၊ ကြီးမြတ်သောသူဖြစ်ဖို့ မကြိုးစားဘဲ ဘုရားပြောသကဲ့သို့ ဖန်ဆင်းခံတစ်ဦး၏ လူတို့သည် မဟာလူသား၊ သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်အချို့အဖြစ် အဘယ်သို့ ကြိုးစား၍ မရနိုင်သနည်း။ ရိုးရိုးနှင့် သာမန်လူတစ်ဦးဖြစ်ဖို့ သင်မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤသည်ကို မည်သို့ လုပ်ဆောင်နိုင်သနည်း။...ရှေးဦးစွာ သင်ကိုယ်တိုင်၏ ရာထူးတွင် ပိတ်မိမနေနှင့်။ ‘ငါက ခေါင်းဆောင်ဖြစ်တယ်။ အဖွဲ့ရဲ့ ဦးဆောင်သူဖြစ်တယ်။ ကြီးကြပ်ရေးမှူးဖြစ်တယ်။ ဘယ်သူကမှ ဒီအလုပ်ကို ငါ့ထက်ပိုမသိဘူး။ ကျွမ်းကျင်မှုတွေကို ဘယ်သူမှ ငါ့လောက်နားမလည်ဘူး’ ဟူ၍ မပြောနှင့်။ သင် ကိုယ်တိုင်ခန့်ထားသောရာထူးတွင် ပိတ်မိမနေနှင့်။ ပိတ်မိသည်နှင့် တစ်ပြိုင်နက် ယင်းသည် သင်၏ လက်နှင့်ခြေများကို ချည်နှောင်လိမ့်မည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ် သက်ရောက်လိမ့်မည်။ သင်၏ ပုံမှန် စဉ်းစားပုံနှင့် အကဲဖြတ်ပုံကိုလည်း သက်ရောက်လိမ့်မည်။ ဤအဆင့်အတန်း၏ အချုပ်အနှောင်များမှ သင့်ကိုယ်သင် လွတ်မြောက်အောင် ပြုလုပ်ရမည်။ ရှေးဦးစွာ သင့်၌ ရှိသည်ဟု သင့်ဘာသာစိတ်ကူးသော ဤတရားဝင်ရာထူးမှ သင့်ကိုယ်သင် နှိမ့်ချပြီး သာမန်လူတစ်ယောက်၏ နေရာတွင် ရပ်တည်ပါ။ ရပ်တည်လျှင် သင်၏ သဘောထားက ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် ‘ဒါကို ဘယ်လိုလုပ်ရမလဲ ငါမသိဘူး။ အဲဒါကိုလည်း နားမလည်ဘူး။ သုတေသနနဲ့ လေ့လာတာတွေ နည်းနည်းလုပ်ရမယ်’ သို့မဟုတ် ‘ဒါကို ငါ လုံးဝ မကြုံဖူးဘူး။ ဒါကြောင့် ဘာလုပ်ရမယ်ဆိုတာ ငါမသိဘူး’ ဟူ၍လည်း ဝန်ခံပြီး ပြောရမည်။ သင်သည် အမှန်တကယ်ထင်မြင်သည့်အရာကို ပြောခြင်း၊ ရိုးသားစွာ စကားပြောဆိုခြင်းကို လုပ်ဆောင်နိုင်စွမ်းရှိသောအခါ ပုံမှန်အသိစိတ်ကို သင် ပိုင်ဆိုင်လိမ့်မည်။ သူတစ်ပါးတို့က သင်၏ အစစ်အမှန်ကို သိလိမ့်မည်။ ထိုသို့ဖြင့် သင့်အပေါ်တွင် သာမန်အမြင်ရှိလိမ့်မည်။ သင်သည် ဟန်လုပ်ဖို့လိုမည်မဟုတ်သကဲ့သို့ သင့်အပေါ် ကြီးမားသော ဖိအားတစ်ခုတလေရှိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် လူတို့နှင့် ပုံမှန်ဆက်သွယ်ပြောဆိုနိုင်လိမ့်မည်။ ဤသို့ အသက်ရှင်ခြင်းသည် လွတ်လပ်ပြီး လွယ်ကူသည်။ အသက်ရှင်ရသည်မှာ ပင်ပန်းသည်ဟု မြင်သော မည်သူမဆိုသည် မိမိတို့ကိုယ်တိုင်ကြောင့် ဤသို့ ဖြစ်ခြင်းဖြစ်သည်။ အယောင်မဆောင်နှင့်၊ သို့မဟုတ် ဟန်မလုပ်နှင့်။ လူတိုင်းက သတိထားမိပြီး နားလည်ဖို့ရန်အလို့ငှာ ရှေးဦးစွာ သင်၏ စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာ၊ သင်၏ တကယ့် အတွေးများနှင့်ပတ်သက်၍ ဖွင့်ပြောပါ။ ရလဒ်အနေဖြင့် သင်၏ စိတ်ပူပန်မှုများ၊ သင်နှင့် သူတစ်ပါးတို့ကြားရှိ အတားအဆီးများနှင့် သံသယများသည် ဖယ်ရှားခံရလိမ့်မည်။ သင်သည်လည်း အခြားတစ်စုံတစ်ခုကြောင့် အခက်အခဲဖြစ်ရသည်။ သင့်ကိုယ်သင် အဖွဲ့၏ ဦးဆောင်သူ၊ ခေါင်းဆောင်၊ အမှုဆောင်၊ သို့မဟုတ် ရာထူးနှင့် အဆင့်အတန်းရှိသူတစ်ယောက်အဖြစ် အစဉ် သတ်မှတ်သည်။ သင်သည် တစ်စုံတစ်ခုကို နားမလည်၊ မလုပ်ဆောင်နိုင်ဟုပြောလျှင် သင့်ကိုယ်သင် သိက္ခာချနေသည် မဟုတ်လော။ သင်၏စိတ်နှလုံးတွင် ဤအချုပ်အနှောင်များကို ဘေးဖယ်ထားသောအခါ၊ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင့်ကိုယ်သင် စဉ်းစားခြင်းကို ရပ်လိုက်သောအခါ၊ သင်သည် အခြားလူတို့ထက် ပိုသာသည်ဟု စဉ်းစားခြင်းကို ရပ်လိုက်ပြီး သင်သည် အခြားလူတိုင်းနှင့်တူသော သာမန်လူတစ်ယောက်ဖြစ်သည်၊ သင်သည် သူတစ်ပါးတို့ထက် နိမ့်ကျသည့် အချို့နယ်ပယ်များရှိသည်ဟု ခံစားရသောအခါ၊ သင်သည် ဤသဘောထားနှင့် သမ္မာတရား၊ အလုပ်နှင့်ဆက်နွှယ်သော ကိစ္စများကို မိတ်သဟာယဖွဲ့သောအခါ သက်ရောက်မှုက ကွာခြားပြီး စိတ်ခံစားမှုအခြေအနေမှာလည်း ကွာခြားသည်။ သင်၏ စိတ်နှလုံးတွင် အစဉ်သဖြင့် သံသယများရှိလျှင်၊ အစဉ်ဖိစီးပြီး စိတ်ကျဉ်းကျပ်လျှင်၊ ဤအရာများကို သင်ဖယ်ရှားလိုသော်လည်း မဖယ်ရှားနိုင်လျှင် ဘုရားသခင်အား အလေးအနက်ဆုတောင်းခြင်း၊ သင့်ကိုယ်သင် သုံးသပ်ခြင်း၊ သင်၏ အားနည်းချက်များကို မြင်ခြင်း၊ သမ္မာတရားဆီသို့ ကြိုးပမ်းခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့အားဖြင့် သင်သည် ထိုသို့လုပ်ဆောင်ရာတွင် ထိရောက်မှုရှိနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့ အများကြီး စိတ်အားတက်သွားတယ်။ အရင်က၊ ခေါင်းဆောင်နေရာမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အမြဲထားခဲ့တယ်။ တခြားလူတွေ ကိုယ့်ကို အထင်ကြီးအောင်လို့ အရာရာကို သိသလို အမြဲဟန်ဆောင်ချင်ခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ စစ်မှန်တဲ့ ဘက်ခြမ်းကို တခြားလူတွေကို မမြင်စေချင်ခဲ့ဘူး။ ခေါင်းဆောင်ဖြစ်ဖို့၊ တခြားလူတွေရဲ့ အထက်မှာ ရှိပြီး အရာရာတတ်နိုင်ရမယ်လို့ ယုံကြည်ခဲ့တယ်။ ဒါက မှားတာပဲ။ တကယ်တော့ ကျွန်မက တခြားလူတွေထက အများကြီး ပိုမတော်ပါဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ညီအစ်ကို မောင်နှမတွေနဲ့ အတူတူပဲဖြစ်သလို၊ ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်၊ နားမလည်နိုင်တဲ့ အရာတွေ အများကြီးရှိတယ်။ ခေါင်းဆောင်ဖြစ်တာက လက်တွေ့လုပ်ဖို့ အခွင့်အရေးသက်သက်ပါ။ ကျွန်မရဲ့ ဂုဏ်ပုဒ်ကို လက်လွှတ်ရမယ်၊ ရိုးသားရမယ်၊ ညီအစ်ကို မောင်နှမတွေဆီ စစ်မှန်တဲ့ ကိုယ်ဖြစ်တဲ့အရာကို ဖွင့်ပြောပြီး၊ တာဝန်တွေ လုပ်ဆောင်တာနဲ့အမျှ လူတိုင်းနဲ့ တန်းတူ ပူးပေါင်းလုပ်ရမယ်။ တစ်ခုခု နားမလည်ရင်၊ ဝန်ခံပြီး နားလည်တဲ့သူတွေကို ပိုပြီး မိတ်သဟာယပြုခွင့် ပေးသင့်တယ်။ အဲဒီလိုနဲ့ အလုပ်ပြဿနာတွေကို အချိန်မီ ဖြေရှင်းနိုင်မဲ့အပြင်၊ ကိုယ့်ရဲ့ ချွတ်ယွင်းချက်တွေကိုလည်း ထေမိနိုင်တယ်။ ကျွန်မ ရှင်းရှင်း မမြင်နိုင်၊ မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုရှိရင်၊ နောက်ပိုင်းမှာ ဆိုးရွားတဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ အထက်ကို အချိန်မီ တင်ပြရမယ်။

အခု၊ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ ထပ်အရွေးခံရပြီ။ အရမ်းကျေးဇူးတင်မိသလို ဒါက နောင်တရဖို့အခွင့်အရေးမှန်း ကျွန်မ သိတယ်။ အရင်က ပြစ်မှားမှုတွေကို ကျွန်မ ပြုပြင်လို့ မရဘူး။ ဒါကြောင့် နောင်မှာ အကောင်းဆုံး လုပ်ဖို့ပဲ ဆန္ဒရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ကျမ်းသစ္စာတစ်ခု ကျိန်ဆိုမိတယ်။ တတ်နိုင်မျှလုပ်မယ်၊ ပြီးတော့ ဒီတာဝန်ကို ကျွန်မ ထမ်းဆောင်သင့်ပြီး၊ တာဝန်မှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကျွန်မအပေါ် ထပ်ပြီး တာဝန်မဲ့အောင်လုပ်ခွင့်ပေးမိရင်၊ ဘုရားရဲ့ ရိုက်နှက်၊ ဆုံးမပဲ့ပြင်မှု ကျွန်မဆီ ရောက်လာဖို့ မျှော်လင့်ပါတယ်။ အခု ကျွန်မတာဝန်မှာ ကျွန်မ သိပ်မသိတဲ့ လုပ်ငန်းတာဝန်တွေ အများကြီးပဲ။ တစ်ခါတလေ ညီအစ်ကို မောင်နှမတွေက အလုပ်ကိစ္စဆွေးနွေးဖို့ ကျွန်မဆီ လာတဲ့အခါ၊ ကျွန်မ သိပ်ကောင်းကာင်း နားမလည်သလို၊ အဲဒါကို ရှောင်ပြီး မပါဝင်ချင်တဲ့ ဆန္ဒခံစားမိတယ်။ ဒါပေမဲ့ အရင်က ကျရှုံးမှုတွေကနေ သင်ခန်းစာတွေကို တွေးမိတော့ နည်းနည်း ကြောက်သွားမိတယ်။ ကျွန်မကို စိတ်တည်ငြိမ်စေဖို့၊ ဂရုတစိုက် နားထောင်နိုင်စေပြီး၊ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာတွေ့အောင် ညီအစ်ကို မောင်နှမတွေနဲ့ အလုပ်လုပ်နိုင်စေဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ အမြန် ဆုတောင်းလိုက်တယ်။ ကိုယ့်အခြေအနေကို ချိန်ညှိပြီး၊ ဝန်ထမ်းနေရင်းနဲ့ ဒီလုပ်ငန်းတာဝန်တွေမှာ တကယ်ပါဝင်တဲ့နောက်မှာ၊ ပြဿနာဘာလဲဆိုတာကို ကျွန်မ ရှာတွေ့ရုံမက၊ တစ်ခါတလေ ကျိုးကြောင်းသင့်တဲ့ အကြံပြုချက်တွေ ပေးနိုင်တယ်။ ကျွန်မ ရှင်းရှင်း မမြင်နိုင်၊ မဖြေရှင်းနိုင်တဲ့ စည်းမျဉ်းပြဿနာတွေ ရှိတဲ့အခါ၊ အထက်ခေါင်းဆောင်ဆီ တင်ပြပြီး အကူအညီ ရှာတယ်။ ဒီလိုနဲ့ အလုပ်က မနှောင့်နှေးတော့သလို၊ ပြဿနာက အမြန်ပြေလည်သွားတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကိုယ့်ရှင်သန်မှုအတွက် ကြိုးပမ်းခြင်း၏ အကျိုးဆက်များ

ရှောင်ဝေ တရုတ်နိုင်ငံ ၂၀၁၉မှာ အစ်မကွမ်စင်းကို ကျွန်မတို့ အသင်းတော်အလုပ်ကို နောက်ဆက်တွဲလိုက်လုပ်ဖို့ ပြောင်းရွှေ့လိုက်တယ်။ ကျွန်မက သူနဲ့...

မိမိတာဝန်ကို ထမ်းဆောင်ခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို နောက်ဆုံးတော့ ကျွန်မ သိပြီ

ရွှန်းကျိယူ တောင်ကိုးရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့်...

ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်မကို နိုးထစေခဲ့ပြီ

မြောင်ရှောင်၊ ရှန်တုန်းစီရင်စု “သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်...။” ဆို သည့်...

အဆင့်အတန်းကို လက်လွှတ်ရာတွင် ကျွန်ုပ် လွတ်မြောက်သည်

ဟောင်လီ တရုတ်နိုင်ငံ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ခေါင်ဆောင်ရာထူးတစ်ခု ကျွန်မယူခဲ့တယ်။ တစ်ကြိမ် စုဝေးပွဲတစ်ခုမှ ကျွန်မရဲ့ မိတ်သဟာယကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။