ကျွန်ုပ်တာဝန်တွင် မကြိုးပမ်းခြင်းက ကျွန်ုပ်ကို ထိခိုက်နစ်နာစေသည်

08.02.2023

အိုဝမ်၊ စပိန်နိုင်ငံ

၂၀၁၈ ခုနှစ်မှာ၊ ကျွန်တော် ဗီဒီယို တည်းဖြတ်သူအနေနဲ့ အသင်းတော်မှာ အလုပ်လုပ်တယ်။ ပထမတော့၊ ဗီဒီယို တည်းဖြတ်ရာမှာ နောက်ခံမရှိသလို၊ ဆီလျော်တဲ့ စည်းမျဉ်းတွေကို မရင်းနှီးလို့၊ ကြိုးစားလေ့လာပြီး သက်ဆိုင်တဲ့ ပညာတွေကို ကျွမ်းကျင်ဖို့ ကြိုးစားတယ်။ နည်းနည်းကြာတော့၊ ကျွန်တော့်ရဲ့ နည်းပညာ အရည်အချင်း အများကြီး တိုးတက်ခဲ့ပြီး၊ အဖွဲ့ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်။ ကျွန်တော် အရမ်းပီတိဖြစ်ပြီး ကိုယ့်တာဝန် ကြိုးစားဖြည့်ဆည်းချင်နေခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ ပိုရှုပ်ထွေးတဲ့ ဗီဒီယိုပရောဂျက် တစ်ခုမှာ ပြဿနာပေါ်ပြီး၊ စစ်ဆေး ဖြေရှင်းဖို့ ခေါင်းဆောင်က ကျွန်တော့်ကို စေလွှတ်တယ်။ ရှုပ်ထွေးတဲ့ အလုပ်ပမာဏနဲ့ ကျွန်တော့်ရဲ့ အားနည်းတဲ့ ပညာအမျိုးအစားနဲ့ ရင်ဆိုင်ရတော့၊ ပထမတော့ အဖြေရဖို့ ညီအစ်ကို မောင်နှမတွေနဲ့ အလုပ်အလုပ်ခဲ့တယ်။ ဒါပေမဲ့ အလုပ်ကြိုးစားတဲ့ ကာလအတောအတွင်းမှာ ကိစ္စတွေ ပိုအဆင်ချောလာပြီး ကျွန်တော့်ရဲ့ နည်းပညာ ကျွမ်းကျင်မှုတွေ တိုးတက်လာတဲ့နောက်၊ ကျွန်တော် စပျင်းလာတယ်။ ကိုယ့်ဘာသာ တွေးမိတယ်။ “ဒီပရောဂျက်က ကောင်းကောင်း မလည်ပတ်နိုင်သေးပေမဲ့၊ အရင်ကထက် အများကြီး ပိုကောင်းလာပြီ။ အခုအတိုင်းပဲ ဆက်လည်ပတ်ခိုင်းဖို့ပဲ လိုတယ်။ မကြာခဏ စစ်ဆေးစရာ မလိုပါဘူး။ တစ်ချိန်လုံး ရင်တမမနဲ့ ဖြစ်ရတာ အရမ်း ပင်ပန်းစရာပဲ” လို့ပေါ့။ အဲဒီနောက်မှာ ကျွမ်းကျင်မှုအသစ်တွေကို ကျွန်မ လေ့လာခဲသွားပြီး၊ အလုပ်အကြောင်း ပိုပြီး သင်ယူဖို့ လျစ်လျူရှုခဲ့တယ်။ ကျွန်တော် တည်းဖြတ်တဲ့ ဗီဒီယိုတွေနဲ့ ပတ်သက်လို့ပြဿနာတွေ အကြိမ် အနည်းငယ် ရှိခဲ့ပြီး၊ စွမ်းဆောင်ရည်ကို တိုးတက်စေဖို့ တခြားလူတွေက အကြံပြုကြတယ်။ သူတို့မှန်တာ သိပေမဲ့၊ ကိုယ့်ဘာသာ ကျွန်တော် တွေးမိတယ်။ “ငါ့မှာ လုံလောက်တဲ့ အလုပ်ရှိတယ်။ စာသင်ဖို့ အချိန်ယူရင်၊ ဘယ်လောက် ပင်ပန်းမယ်ဆိုတာ ဘေးဖယ်ထားလိုက်၊ ဒီအချိန်ပိုကို ကုန်ဆုံးပြီးသွားတော့ ကိုယ့်ရလဒ်တွေ မတိုးတက်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီအလုပ်ပိုအားလုံးက အချည်းနှီး ဖြစ်သွားမှာ မဟုတ်လား” ပေါ့။ ဒါကြောင့် တခြားလူတွေရဲ့ အကြံကို ဘာမှ အလေးဂရုမပြုခဲ့ဘူး။ အဲဒီနောက်မှာ၊ ကျွန်မအလုပ်နဲ့ ပတ်သက်လို့ တိုးတက်မှု နှေးတာကို ခေါင်းဆောင်က သတိပြုမိပြီး၊ ပြဿနာဘာလဲဆိုတာ ဖော်ထုတ်ဖို့ ခိုင်းတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်တော့်ရဲ့ အလုပ်တွဲဖက်က အကြိမ်ကြိမ် သတိပေးခဲ့တယ်။ အဲဒီတုန်းက၊ ကျွန်တော် နည်းနည်း အာခံမိပြီး တွေးမိတယ်။ “ကျွန်တော်တို့ တိုးတက်တာ နည်းနည်း နှေးပေမဲ့၊ အရင်ထက် ပိုကောင်းတဲ့ ရလဒ်တွေ ရနေတာပဲ။ ဒါကို မလောသင့်ဘူး” လို့ပေါ့။ ဒါပေမဲ့ စိတ်ထဲမှာတော့ သိတယ်။ အလုပ်ကို ကျွန်တော် ပိုဂရုတစိုက် ဖြတ်သန်းပြီး စီစဉ်ခဲ့ရင်၊ တကယ် တိုးတက်လို့ရနိုင်သေးတယ်။ ဒါပေမဲ့ ကိုယ့်မှာ ရှိနှင့်ပြီးသား အလုပ်ဖိစီးမှုအကြောင်းနဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ အချိန်ပိုကုန်တာ ဘယ်လောက် ပင်ပန်းစရာဖြစ်မလဲဆိုတာ တွေးမိတိုင်း ကျွန်မ ထပ်ရွှေ့ဆိုင်းမိတယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မနဲ့ ပတ်သက်တဲ့ ပြဿနာကို နောက်ထပ် နှစ်ကြိမ် တင်ပြခဲ့ပြီး၊ အဲဒီအခါမှပဲ အခြေအနေကို အင်တင်တင်နဲ့ ကျွန်မ ဆန်းစစ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ၊ သင့်တော်တဲ့ ဖြေရှင်းချက် မတွေ့နိုင်သေးဘူး။

နောက်တော့ အဖွဲ့ရဲ့အလုပ်ကို ကျွန်တော် ဘာမှ မတွေးချင်တော့ဘူး၊ တိုးတက်ဖို့အတွက် စတေးတာတွေ မလုပ်ချင်တော့ဘူး။ အားတဲ့အချိန်မှာ အနားပဲ ယူချင်ပြီး၊ အလုပ်နှောင့်နှေးစေရင်းနဲ့ ခဏခဏ အအိပ်လွန်ခဲ့တယ်။ တောက်တိုမယ်ရတွေ လုပ်တော့၊ အချိန်တစ်ခုကြာ တာဝန်ရှောင်ဖို့ တစ်ခါတလေ အပြင်မှာ အချိန်ဆွဲနေလိုက်တယ်။ အလုပ်ခဏနားချိန်တွေ အတောအတွင်းမှာ၊ ကိုယ့်ကျွမ်းကျင်မှုတွေကို ဘယ်လို တိုးတက်စေရမယ်ဆိုတာ မတွေးခဲ့ဘူး။ အဲဒီအစား အခွင့်ရတုန်း နားနေခဲ့တယ်။ အဲဒီလိုနဲ့ပဲ ပိုပျင်းသထက် ပျင်းလာတယ်။ အလုပ်ကို စောင့်ကြည့်၊ တာဝန်ပေးနေတုန်း ဟန်ဆောင်လုပ်ပြရုံ လုပ်ပြနေခဲ့တယ်။ တခြားလူတွေကိုလည်း သူတို့အလုပ်မှာ အမှားတွေ ဆန်းစစ်တာ လုံးဝ မကူညီသလောက်ဖြစ်ပြီး၊ ပြဿနာတွေ ပေါ်တော့၊ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ဘာမှ မတွေးချင်ခဲ့ဘူး။ အကျိုးဆက်အနေနဲ့၊ လုပ်ငန်းစဉ် မတိုင်ခင် ပြီးနိုင်တာ သိသာနေတဲ့ ဗီဒီယိုတွေကို ကျွန်တော်တို့ အချိန်ဆွဲမိသွားတယ်။ အဲဒီအတောအတွင်းမှာ၊ ကျွန်တော် တည်းဖြတ်တဲ့ ဗီဒီယိုတွေမှာ ပြဿနာတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး၊ ကျွန်တော့်အဖွဲ့ထဲက ညီအစ်ကို မောင်နှမ တစ်ယောက်မှ သူတို့အလုပ်မှာ မတိုးတက်ကြဘူး။ အလုပ်မှာ အခက်အခက် နည်းနည်း ရှိရင်တောင်၊ လူတိုင်း ညည်းညူကြတယ်။ ဒါကို မိတ်သဟာယကတစ်ဆင့် ကျွန်တော် မဖြေရှင်းနိုင်ခဲ့ရုံမက၊ လိုက်ပြီးတောင် ညည်းညူခဲ့တယ်။ ကိုယ့်ရဲ့ လက်တွေ့အလုပ်မှာ ကျရှုံးပြီး၊ ခေါင်းဆောင်က ကျွန်တော့်ကို အကြိမ်တော်တော်များများ မိတ်သဟာယ ပြုပြီးနောက်မှာ မတိုးတက်ခဲ့တော့၊ အဖွဲ့‌ခေါင်းဆောင်အနေနဲ့ ရာထူးကနေ မကြာခင် အထုတ်ခံလိုက်ရတယ်။ အထုတ်ခံရပြီးတော့ အရမ်း စိတ်မသက်မသာ ဖြစ်လို့ ဘုရားဆီ ဆုတောင်းပြီး သုံးသပ်ခဲ့တယ်။

တစ်နေ့ ဝတ်ပြုဆုတောင်းနေတုန်း၊ ဘုရားနှုတ်ကပတ်တော်တွေ ပြောတာ တွေ့တယ်။ “မိမိတို့၏တာဝန်များ၌ လုံးဝ ဒုက္ခမခံလိုသော၊ ပြဿနာတစ်ခုကြုံသည့်အခါတိုင်း အစဉ်သဖြင့် ညည်းညူပြီး အဖိုးအခပေးဖို့ ငြင်းဆန်သော လူအချို့ရှိသည်။ ယင်းမှာ အဘယ် သဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ဝတ်ကျေတမ်းကျေ သဘောထားမျိုးဖြစ်သည်။ သင်၏တာဝန်ကို ဝတ်ကျေတမ်းကျေ ဆောင်ရွက်ခြင်းနှင့် ယင်းကို ပေါ့ပေါ့တန်တန် သဘောထားခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ယင်းသည် သင်၏ တာဝန်နှင့်သက်ဆိုင်သည့် ညံ့ဖျင်းသော စွမ်းဆောင်မှု ဖြစ်သည်၊ သင့်အနေဖြင့် သင်၏ တာဝန်ကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်စွမ်းရှိသော်လည်း- သင်၏ တာဝန်သည် စံမီလိမ့်မည်မဟုတ်သကဲ့သို့၊ မိမိတာဝန်အပေါ် ထားရှိသည့် သင်၏ သဘောထားကို ဘုရားသခင် စိတ်ကျေနပ်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံ ဆုတောင်းနိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်ခဲ့လျှင်၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်နိုင်ခဲ့လျှင်၊ ဤသို့သော ပူးပေါင်းဆောင်ရွက်မှုကို စွမ်းဆောင်နိုင်ခဲ့လျှင် ဘုရားသခင်က သင့်အတွက် အားလုံးကို ကြိုတင်ပြင်ဆင်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဖြင့် သင်လုပ်ဆောင်သောအခါတွင် အရာရာတိုင်းက သင့်လျော်လိမ့်မည်ဖြစ်ပြီး ရလဒ်က ကောင်းလိမ့်မည်။ သင့်အနေဖြင့် ခွန်အားစိုက်ထုတ်ဖို့ များစွာ မလိုအပ်ပေ။ ပူးပေါင်းလုပ်ဆောင်မှုတွင် သင်သည် မခြွင်းမချန် အားထုတ်သည့်အခါတွင်၊ ဘုရားသခင်သည် သင့်အတွက် အရာရာ စီစဉ်နှင့်ပြီး ဖြစ်လိမ့်မည်။ သင်သည် ဉာဏ်များကာ သစ္စာဖောက်ပြီး၊ သင်၏ တာဝန်အပေါ် စိတ်မဝင်စားဘဲ အစဉ်သဖြင့် လမ်းလွဲပါက ဘုရားသခင်သည် အရေးယူဆောင်ရွက်မည် မဟုတ်ချေ။ သင်သည် ဤအခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က၊ ‘သင်သည် ကျေနပ်လောက်အောင် မကောင်းပေ။ သင်သည် အသုံးမကျပေ။ ဘေးထွက်ရပ်လော့။ သင်သည် ဉာဏ်များပြီး သစ္စာမဲ့ရသည်ကို နှစ်သက်သည် မဟုတ်လော။ ပျင်းရိခြင်းနှင့် အေးဆေးသက်သာ နေရခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ ကဲ ထိုသို့ဆိုလျှင် အစဉ်ထာဝရ အေးဆေးသက်သာ နေလော့’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို အခြားသူတစ်ဦးအား ပေးလိမ့်မည်။ မည်သို့သဘောရသနည်း- ဤသည်မှာ ဆုံးရှုံးမှုတစ်ခုလော၊ အောင်မြင်မှုတစ်ခုလော။ (ဆုံးရှုံးမှုတစ်ခုဖြစ်ပါသည်။) ယင်းမှာ ဧရာမ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) နှုတ်ကပတ်တော်တွေ ဖတ်ပြီးတော့၊ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်တော့် အချိန်တွေကို ပြန်တွေးမိတယ်။ ကျွန်တော်က ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြတဲ့အတိုင်း ဖြစ်ခဲ့တာပါ။ အားထုတ်လိုစိတ်မရှိဘဲ ကိုယ့်တာဝန်အပေါ် စိတ်မဝင်စားဘူး၊ တာဝန်မဲ့ပြီး ပေါ့တန်ခဲ့တယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့ စအစေခံတုန်းက၊ အချိန်ပေးပြီး အားထုတ်ခဲ့ပေမဲ့၊ ကျွန်တော့် ကျွမ်းကျင်မှုတွေ တိုးတက်ပြီး ရလဒ်တချို့ ရတာနဲ့ ကိုယ့်ဘာသာ အားရကျေနပ်လာတယ်၊ အောင်မြင်မှုပေါ်မှာ အနားယူပြီး အမြဲ ဇာတိအလိုဖြည့်နေခဲ့တယ်။ ဘယ်လို အပန်းဖြေပြီး လွယ်လွယ်လုပ်ရမယ်ဆိုတာပဲ အမြဲ တွေးခဲ့တယ်။ အလုပ်ကို ပိုကောင်းစေဖို့ ဘာအားထုတ်မှုမှ ပေးအပ်မြှုပ်နှံဖို့ လိုလားမနေခဲ့ဘူး။ ပြဿနာတွေ ရှိတာ ရှင်းရှင်း မြင်တဲ့အချိန်မှာတောင်၊ ချက်ချင်း မဖြေရှင်းခဲ့သလို၊ အဲဒါတွေကို တခြားလူတွေက ထောက်ပြတော့၊ လျစ်လျူရှုခဲ့တယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့၊ အဖွဲ့မှာ တခြားလူတွေက သူတို့ ပြဿနာတွေအကြောင်း ညည်းညူနေကြတာ မြင်တော့၊ သူတို့ ပြဿနာတွေကို ဖြေရှင်းဖို့ မိတ်သဟာယမပြုပေးခဲ့နိုင်ရုံမက၊ သူတို့နဲ့တောင် အတူ သွားပြီး သဘောတူခဲ့တယ်။ ဗီဒီယို ထုပ်လုပ်တဲ့ အလုပ်က ဘယ်လောက် နှောင့်နှေးပါစေ၊ လူတွေမှာ ပြဿနာ ဘယ်လောက်များပါစေ၊ ကိုယ်နဲ့ ဘာမှမပတ်သက်သလိုပဲ။ ကောင်းကောင်း ခံစားပြီး ကိုယ့်ကိုယ်ကိုယ် ပင်းပန်းစေတာကို ရှောင်ချင်ခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ ကျွန်တော်တို့ ထုတ်လုပ်တဲ့ ဗီဒီယိုတွေမှာ ပြဿနာတွေ ဆက်တိုက် ဖြစ်ခဲ့တယ်။ အဲဒါက ထုတ်လုပ်တဲ့ တိုးတက်မှုကို ဆိုးဆိုးရွားရွား နှောင့်နှေးစေခဲ့တယ်။ ကိုယ်စိတ်ချမ်းသာခြင်းနဲ့ ဇာတိ သက်သာခြင်းအတွက် အရမ်း အရေးကြီးတဲ့ တာဝန်ကို ပြက်ချော်ချော်လုပ်နေခဲ့တာ။ ကျွန်မ ဝတ်ကျေတမ်းကျေလုပ်၊ ဘုရားနဲ့ တခြားလူတွေကို လှည့်ဖြားချင်ခဲ့တယ်။ ဘုရားအတွက် ကျွန်မရဲ့ ကြောက်ရွံ့မှု ဘယ်မှာလဲ။ အလုပ်အပေါ် အဲဒီလို သဘောထားတွေကို ဘုရား ရွံ့မုန်း၊ စက်ဆုပ်တယ်။ အလုပ်မှာရှိတဲ့ ပြဿနာအားလုံးကို ပြန်တွေးတော့၊ အချိန်ပေးပြီး စတေးတာတွေသာ လုပ်ခဲ့ရင်၊ ကိစ္စတွေက အဲဒီလို ဆိုးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်က ပျင်းပြီး၊ ဆင်းရဲဒုက္ခမခံ၊ မပင်ပန်းချင်ခဲ့ဘူး။ အကျိုးဆက်အနေနဲ့၊ ဗီဒီယို ထုတ်လုပ်ရေး အလုပ်ကို ထိခိုက်ခဲ့တယ်။ အရမ်းတစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာဖြစ်ပြီး လွန်လွန်းခဲ့တာ။ ကျွန်တော်က အရမ်းအကျင့်ပျက်၊ ယိုယွင်းလာပြီးတော့ အဲဒါကိုတောင် သဘောမပေါက်ခဲ့ဘူး။ ဘုရားက သတိပေးချက်တွေ စီစဉ်ညွှန်ကြားခဲ့ပြီး ကျွန်တော်က မသုံးသပ်သလို နောင်တမရသေးဘူး။ ဘယ်လိုလုပ် အရမ်း ထုံထိုင်းပြီး ခေါင်းမာနိုင်ခဲ့တာလဲ။ အဲဒါတွေအားလုံး သဘောပေါက်တော့၊ အပြစ်ရှိသလို ခံစားပြီး ဝမ်းနည်းမိတယ်။ ဘယ်လို တာဝန်မဲ့ပြီး လွန်လွန်းခဲ့ပုံ ထောက်ရင် ကျွန်တော် ခေါင်းဆောင် တကယ် မဖြစ်ထိုက်ခဲ့ဘူး။ အထုတ်ခံခဲ့ရတာ ကျွန်တော်ကိုယ်တိုင်ရဲ့ အမှားပါ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် တွေ့ခဲ့တယ်။ “တာဝန်သိစိတ်ရှိသောသူတစ်ယောက်ကို ကြည့်လော့။ တစ်စုံတစ်ခုကို ထိုသူအား ပြောဆိုသည့်အခါတိုင်း၊ သို့မဟုတ် တစ်စုံတစ်ခုကို ထိုသူအား ညွှန်ကြားသည့်အချိန်တိုင်းတွင် ညွှန်ကြားသောသူမှာ ခေါင်းဆောင်ဖြစ်စေ၊ အမှုဆောင်ဖြစ်စေ၊ သို့မဟုတ် အထက်လူကြီးဖြစ်စေ သူသည် ‘အင်း။ သူတို့က ငါ့ကို အထင်ကြီးနေတော့ ဒီကိစ္စကို ငါ ကောင်းကောင်းကိုင်တွယ်ရမယ်။ သူတို့ကို စိတ်ပျက်စေလို့မဖြစ်ဘူး’ ဟု အစဉ် စဉ်းစားလိမ့်မည်။ ဤသို့ တာဝန်သိတတ်ပြီး အသိတရားရှိသောသူတစ်ယောက်အား ကိစ္စတစ်ခုကို သင် အပ်နှံဝံ့မည်လော။ ကိစ္စတစ်ခုကို ကိုင်တွယ်ရန် သင် အပ်နှံနိုင်သည့် သူသည် ယုံကြည်ဖို့ ထိုက်တန်သည်ဟု သင်ယုံကြည်သောသူ၊ သင်အကောင်းမြင်သောသူဖြစ်သည်။ သင်သည် ဤလူမျိုးနှင့်ပတ်သက်ပြီး ကောင်းသော ထင်မြင်ချက်ရှိကာ ထိုသူအား သင် အထင်ကြီးသည်။ အထူးသဖြင့် သင့်အတွက် သူလုပ်ဆောင်ပြီးသော အရာများအားလုံးသည် အလွန်တာဝန်ကျေပွန်စွာဖြင့် ဆောင်ရွက်ခဲ့ပြီး သင်၏ သတ်မှတ်ိုချက်များအတိုင်း အပြည့်အဝမီပါက၊ သူသည် ယုံကြည်ဖို့ ထိုက်တန်သည့်သူဖြစ်သည်ဟု သင် ထင်လိမ့်မည်။ သင်၏ စိတ်အတွင်းတွင် ထိုသူအား အလွန်ပင် လေးစားပြီး အထင်ကြီးမည်။ လူတို့သည် ဘုရားသခင်ကို မဆိုထားနှင့်၊ ဤလူအမျိုးအစားနှင့် ပေါင်းဖော်လိုစိတ်ရှိကြသည်။ ဘုရားသခင်သည် လူသားက ထမ်းဆောင်ရန် ဝတ္တရားရှိသော တာဝန်တစ်ခုကို ယုံကြည်စိတ်ချ၍မရသော သူတစ်ယောက်အားအပ်နှံမည်ဟု သင်တို့ ထင်သလော။ (အပ်နှံမည်မဟုတ်ပါ။) အသင်းတော်တွင် တာဝန်တစ်ခုကို ဘုရားသခင်က ခွဲဝေသတ်မှတ်ပေးထားသော လူတစ်ယောက်အပေါ် ဘုရားသခင်၏ မျှော်လင့်ချက်များက အဘယ်နည်း။ ရှေးဦးစွာ ထိုသူကို တာဝန်သိတတ်ပြီး လုံ့လရှိဖို့၊ အလုပ်ကို အလွန်အရေးပါသည်ဟု မှတ်ယူပြီး ကောင်းစွာလုပ်ဆောင်ဖို့ ဘုရားသခင်က မျှော်လင့်သည်။ ဒုတိယအနေဖြင့် ထိုသူသည် ယုံကြည်ဖို့ရန် ထိုက်တန်သောသူတစ်ယောက်ဖြစ်ဖို့ မည်မျှကြာပါစေ၊ သူ၏ ပတ်ဝန်းကျင်က မည်သို့ ပြောင်းလဲပါစေ သူ၏ တာဝန်သိစိတ်က မယိမ်းယိုင်ဖို့၊ သူ၏ ပင်ကိုစရိုက်က စမ်းသပ်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ ဘုရားသခင်က မျှော်လင့်သည်။ သူသည် ယုံကြည်ထိုက်သောသူဖြစ်လျှင် ဘုရားသခင်က စိတ်ချလက်ချရှိသည်။ ဘုရားသခင်သည် ဤကိစ္စကို စောင့်ကြည့်ခြင်း၊ သို့မဟုတ် စစ်ဆေးခြင်း ရှိမည်မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် စိတ်အတွင်းတွင် ဘုရားသခင်က ထိုသူကို ယုံကြည်သောကြောင့်ဖြစ်သည်။ ဘုရားသခင်က ဤအလုပ်ကို ထိုသူအား ပေးသောအခါ သူသည် အမှားတစ်ခုမျှမရှိဘဲ ပြီးမြောက်ဖို့ သေချာလိမ့်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့်၊ သိလိုက်တယ်။ လူ့သဘာဝရှိတဲ့ လူတစ်ယောက်က သူ့အလုပ်မှာ တာဝန်ယူတယ်၊ ဘုရားရဲ့ စိစစ်မှုကို လက်ခံနိုင်ပြီး၊ သူတို့ကိုယ်တိုင် ဘယ်အခြေအနေမှာပဲ ရှိပါစေ၊ စည်းမျဉ်းတွေအတိုင်း အတိအကျ သူတို့တာဝန်တွေကို လိုက်လုပ်ရင်းနဲ့ သူတို့တာဝန်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ကြတယ်။ ဒါက တာဝန်တွေမှာ ကျွန်တော်တို့ ရှိသင့်တဲ့ သဘောထားပဲ။ ဗီဒီယိုအလုပ်ကို ကြီးကြပ်ဖို့ အသင်းတော်က ကျွန်တော့်ကို တာဝန်ပေးခဲ့တာ ထောက်ရင်၊ ကျွန်တော် အစွမ်းကုန် လုပ်နိုင်တဲ့အရာကို အနည်းဆုံး လုပ်သင့်ခဲ့တာ၊ ပြီးတော့ ကျွန်တော်တို့အလုပ်က ပုံမှန် ရှေ့ဆက်တာ သေချာအောင် အလုပ်မှာ ဖြစ်ပေါ်တဲ့ ပြဿနာတွေကို အချိန်မီ ဖော်ထုတ်ပြီး ဖြေရှင်းခဲ့သင့်တာလေ။ ဒါပေမဲ့ ကိုယ့်တာဝန်ကို ကျွန်တော် ဝမ်းသာအားရ လက်ခံသဘောတူခဲ့ပေမဲ့၊ နောက်ပိုင်းမှာ၊ တခြားလူတွေက ထပ်တလဲလဲ စေ့ဆော်၊ တိုက်တွန်းတဲ့အချိန်မှာတောင် ကိုယ်ပိုင် ဇိမ်ခံခြင်းနဲ့ သက်သာမှုကိုပဲ ဂရုစိုက်ခဲ့ပြီး ဘာလက်တွေ့အလုပ်မှ မလုပ်ခဲ့ဘူး။ “အဖွဲ့ခေါင်းဆောင်” ဆိုတဲ့ ဂုဏ်ပုဒ်ကို စွဲကိုင်ပေမဲ့ ဘာတစ်ခုမှ မပြီးခဲ့ဘူး။ တာဝန်ပေးခံခဲ့ရတဲ့ အနိမ့်ဆုံး တာဝန်တွေကိုတောင် မဖြည့်ဆည်းနိုင်ခဲ့ဘူး။ အကျိုးဆက်အနေနဲ့၊ အသင်းတော်ရဲ့ ဗီဒီယိုထုတ်လုပ်ရေး အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ကျွန်တော်က တကယ်ကို လွန်လွန်းသလို အားကိုးလို့မရဘူး။ ကျွန်တော် ပြုမူခဲ့ပုံအရ အထုတ်ခံခဲ့ရသင့်တာကြာပြီ။ အဲဒီအဖွဲ့မှာ ဆက်အလုပ်လုပ်ခွင့်ရတာ ဘုရားရဲ့ ကရုဏာနဲ့ သည်းခံခြင်းကြောင့်ပါ။ အဲဒီတုန်းက တွေးမိတယ်။ “ဒီအခွင့်အရေးကို မြတ်နိုးတန်ဖိုးထားပြီး ကိုယ့်တာဝန်မှာ အစွမ်းကုန်လုပ်ရမယ်” လို့ပေါ့။ အဲဒီနောက် ကိုယ့်တာဝန်မှာ ကိစ္စတွေ ဖြစ်နေပုံနဲ့ ကျေနပ်ရောင့်ရဲတာကို ရပ်လိုက်ပြီး၊ တာဝန်ပေးခံရတဲ့ ဗီဒီယိုတွေ လုပ်တာ ပြီးစီးတဲ့အပြင်၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို တိုးပွားစေဖို့ နည်းလမ်းတွေကို ဆက်ရှာခဲ့တယ်။ ပြဿနာတွေကို အတိအကျ ဖော်ထုတ်ပြီး၊ အဖွဲ့ခေါင်းဆောင်ဆီ အချိန်မီ တိုင်ကြားတယ်။ တခြားလူတိုင်းနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေလည်း ဆွေးနွေးတယ်။ ဒီလိုအလုပ်လုပ်တာ ပိုပင်ပန်းစရာ ဖြစ်ပေမဲ့၊ ကိုယ့်တာဝန်တွေ ဖြည့်ဆည်းခဲ့ပြီဆိုတာ သိရင်းနဲ့ ပိုစိတ်အေးချမ်းပြီး သက်သောင့်သက်သာဖြစ်တယ်။

နောက်မကြာခင်မှာ အသင်းတော် ခေါင်းဆောင်က ကျွန်တော် တိုးတက်တာ မြင်တော့ ဗီဒီယိုအလုပ်ကို ကြီးကြပ်ဖို့ တာဝန်ပေးတယ်။ ဒီအလုပ်လုပ်ဖို့ အခွင့်အရေးကို ကျွန်တော် မြတ်နိုးတန်ဖိုးထားပြီး အကောင်းဆုံး အားထုတ်ချင်ခဲ့တယ်။ အလုပ်ကို နေ့တိုင်း စစ်ဆေးပြီး ရှိနေတဲ့ ပြဿနာအားလုံးကို ပုံထားလိုက်တယ်။ ပြဿနာတွေကို သတိထားမိတဲ့အခါ၊ ချက်ချင်း ဖြေရှင်းဖို့ နည်းလမ်း ရှာတယ်။ မဖြေရှင်းနိုင်ရင်၊ အဲဒါတွေကို အဖွဲ့ခေါင်းဆောင်နဲ့ တိုင်ပင် ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း နည်းနည်းကြာတော့၊ အလုပ်မှာ အောင်မြင်ပြီး ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုတွေ တိုးတက်တဲ့အခါ၊ အရင်က ပျင်းရိခြင်းက ပြန်ဖြစ်လာတယ်။ ကျွန်တော် တွေးမိတယ်။ “ဒီနေ့တွေမှာ အလုပ်က အားလုံး အချိန်ဇယားအတိုင်း သွားနေပြီး ပြဿနာ ကြီးကြီးမားမား မရှိဘူး။ ငါ နည်းနည်း နားသင့်တယ်။ နေ့တိုင်း ဒီလောက် အလုပ်လုပ်ပြီး စိုးရိမ်စရာ အရမ်းများလွန်းရင်၊ နောက်ပိုင်းမှာ ငါ မကိုင်တွယ်နိုင်အောင် ဖြစ်သွားမှာ” လို့ပေါ့။ ဒါကို တွေးမိတာနဲ့ ကျွန်တော် ကိုယ့်ဘာသာ အားရကျေနပ်လာတယ်။ ကိုယ့်အလုပ်မှာ ဟန်ဆောင် လုပ်ပြရုံလုပ်ပြတယ်၊ ကိုယ့်ကျွမ်းကျင်မှုကို တိုးတက်စေတာ၊ ပြဿနာနဲ့ အမှားတွေကို ဖြေရှင်းတာတွေ မစိုးရိမ်တော့သလို၊ တခြားလူတွေကို သူတို့အလုပ်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ စစ်ဆေးဖို့တောင် ဒုက္ခမခံတော့ဘူး။ အားလပ်တဲ့ အချိန်တစ်ခုခု ရတိုင်းမှာ၊ ကျွန်တော် အပန်းဖြေလိုက်ချင်ခဲ့ပြီး၊ တစ်ခါတလေ အလုပ် ဒါမှမဟုတ် လေ့လာသင်ယူနေတဲ့ အတောအတွင်း၊ အချိန်ကုန်ဖို့ ရယ်စရာဗီဒီယိုတွေ၊ ဒရမ်မာတွေကို ကြည့်ခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ အချိန်မတိုင်ခင် ပြီးစီးလို့ရတဲ့ ဗီဒီယိုတွေ ကြန့်ကြာသွားပြီး၊ ကျွန်တော်တို့ရဲ့ အလုပ်စွမ်းဆောင်မှုက စဆိုးရွားလာတယ်။ အဲဒီနေ့မှာ ကျွန်တော်က တွေဝေပြီး နားဝေတိမ်တောင် ဖြစ်နေခဲ့တယ်။ ကျွန်တော့်ရဲ့ ဗီဒီယို တည်းဖြတ်မှုမှာ ရှင်းလင်းတဲ့ အတွေးစဉ် မရှိခဲ့ဘူး၊ ဘုရားနှုတ်ကပတ်တော် ဖတ်တာ မပျော်မွေ့သလို၊ ကျွန်တော့်ထဲမှာ မှောင်မိုက်မှု ပျံ့နေတာ ခံစားခဲ့ရတယ်။ ပြီးတော့ ဘုရားဆီ ဆုတောင်းတဲ့အခါ၊ သူ့မျက်မှောက်တော်ကို မခံစားနိုင်ခဲ့ဘူး။ အဲဒီလို ဆက်ဖြစ်တာ အန္တရာယ်များမှန်း သိပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်သေးသလို၊ တကယ် နာကျင်ပြီး စိတ်ဆင်းရဲခဲ့ရတယ်။ အဲဒီအချိန်မှာ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် တွေ့ဖြစ်ခဲ့တယ်။ “အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ကျွန်တော့်ရဲ့ တိကျတဲ့ အခြေအနေကို ဘုရားနှုတ်ကပတ်တော်တွေက ထုတ်ဖော်ပြလိုက်တယ်။ နှစ်အများကြီး ဘုရားကို ယုံကြည်ခဲ့ပေမဲ့၊ ကိုယ့်တာဝန်တွေကို အာရုံမစိုက်နိုင်သေးသလို၊ အလုပ်လုပ်သင့်တဲ့ အချိန်မှာ အနားယူဖို့ ကြိုးစားခဲ့တယ်။ ဒါသစ္စာစောင့်သိမှု ကင်းမဲ့ရုံသက်သက် မဟုတ်ဘူး။ အလုပ်အတွက် သတ်မှတ်ထားတဲ့ အခြေခံ စနှုန်းတောင် မပြည့်မိခဲ့တာပါ။ လောကီကမ္ဘာမှာ၊ ကိုယ့်ကုမ္ပဏီ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာရတာဖြစ်ပြီး၊ အလုပ်မှာရှိနေတုန်း၊ ကိုယ့်အလုပ်ကို လုံ့လဝီရိယရှိရှိ လုပ်ပြီး အချောင်ခိုရမှာ မဟုတ်ဘူး။ ဒါပေမဲ့ အသင်းတော်မှာ ကိုယ့်တာဝန်ကို လုပ်တော့၊ အခြေခံ တာဝန် သိစိတ်လေးတောင် မပိုင်ဆိုင်ခဲ့ဘူး။ ဇာတိအလိုကို ဖြည့်ဖို့သက်သက် တာဝန်တွေကို ဖြစ်သလို ဘေးဖယ်ထားခဲ့တယ်။ ကျွန်တော် လက်လွတ်စပယ်၊ အထိန်းအကွပ်မဲ့ ပြုမူခဲ့ပုံကို ထောက်ရင် ခရစ်ယာန်လို့ တကယ် အခေါ်ခံထိုက်ရဲ့လား။ ကိုယ့်တာဝန်ကို လုံလောက်အောင် ဖြည့်ဆည်းဖို့ မပြောနဲ့ တာဝန်မှာ အစေခံမှုတောင် မပေးခဲ့ဘူး။ ကိုယ့်ရဲ့ ဇာတိအလိုဖြည့်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ ကိုယ့်ဇာတိပကတိကို စွန့်ဖို့ ဘာလို့ ဆုံးဖြတ်ချက် နည်းနည်းလေးတောင် မရှိခဲ့တာလဲ။ သူတို့ တာဝန်တွေကို မစွန့်ပစ်ခင်မှာ စီစီပီရဲ့ ဖမ်းဆီး၊ ညှင်းဆဲတာကို စွန့်စားကြတဲ့ တရုတ်ပြည်က ညီအစ်ကို မောင်နှမတွေကို တွေးမိတယ်။ ဒါပေမဲ့ ကျွန်တော်က တရုတ်ပြည်ကနေ လွတ်မြောက်ရင်းနဲ့ လွတ်လပ်ပြီး ဒီမိုကရေစီကျတဲ့ နိုင်ငံမှာ ကိုယ့်တာဝန်ကို လုပ်နေတာဖြစ်ပြီး၊ ကိုယ့်အလုပ်ကို နည်းနည်း ပိုမစဉ်းစားချင်ခဲ့ဘူး၊ စတေးတာတွေတချို့ မလုပ်ချင်ခဲ့ဘူး။ လုံးဝ အသုံးမကျတဲ့သူလို ပြုမူနေခဲ့တာပဲ။ ကျွန်တော့်မှာ သိက္ခာ၊ အကျင့်စရိုက် နည်းနည်းမှ မရှိခဲ့ဘူး။ အဲဒီအကြောင်းတွေးလေ၊ ဘုရား၊ ဒါမှမဟုတ် တခြားလူတွေကို ရင်ဆိုင်ဖို့ ရှက်မိလေပဲ။ ပြီးတော့ စသုံးသပ်မိတယ်။ “ကိုယ့်ဇာတိ အလိုဖြည့်ပြီး တာဝန်တွေကို ခေါင်းရှောင်တာကြောင့် အရင်က တစ်ခါ ငါ ကျရှုံးပြီးပြီ။ အရင်က အမှားတွေကနေ ဘာလို့ ငါ မသင်ယူခဲ့တာလဲ။ ငါ ဘာလို့ ငါ့အလုပ်မှာ ဆတ်ဆော့ပြီး မတည်တံ့ခဲ့တာလဲ။” ဘုရားဆီ ကိုယ့်ပြဿနာရဲ့ ဖြစ်ကြောင်း ရင်းမြစ်ကို ရှာတွေ့နိုင်အောင် ဉာဏ်အလင်းပေးဖို့ တောင်းလျှောက်ရင်း အထပ်ထပ် ဆုတောင်းမိတယ်။

တစ်နေ့ ဘုရားနှုတ်ကပတ်တော်ရဲ့ ဒီကျမ်းပိုဒ်တွေကို အမှတ်မထင် တွေ့တယ်။ “လူတို့သည် ဘဝတစ်လျှောက် အိပ်ပျော်နေစဉ် ယောင်ပြီး လမ်းထလျှောက်နေသကဲ့သို့ အဘယ်ကြောင့် အစဉ် စည်းကမ်းမဲ့ပြီး ပျင်းရိကြသနည်း။ ဤသည်မှာ ၎င်းတို့၏ သဘာဝတွင်ရှိသော ပြဿနာတစ်ခုနှင့် ဆိုင်သည်။ လူ့သဘာဝတွင် ပျင်းရိခြင်းအမျိုးအစားတစ်ခု ရှိသည်။ လူတို့သည် မည်သည့်အလုပ်ကို လုပ်နေသည်ဖြစ်စေ ၎င်းတို့ကို စောင့်ကြည့်ပြီး စေ့ဆော်သည့်သူတစ်ယောက်ကို အစဉ် လိုအပ်သည်။ တစ်ခါတရံတွင် လူတို့သည် ဇာတိပကတိကို စွဲလန်းကြသည်။ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို မက်မောကြသည်။ မိမိတို့ကိုယ်ကိုအတွက် အရေးပေါ် အစီအစဉ်များ အစဉ်ရှိကြသည်။ ၎င်းတို့သည် အမှန်ပင် လူကောင်းများမဟုတ်ပေ။ ၎င်းတို့သည် မည်သည့်အရေးကြီးသောတာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ ၎င်းတို့ အကောင်းဆုံးလုပ်နိုင်သည်ထက် အစဉ် လျှော့၍ လုပ်ဆောင်ကြသည်။ ဤသည်မှာ တာဝန်မသိတတ်ခြင်း၊ သစ္စာမရှိခြင်းဖြစ်သည်။ ငါသည် သင်တို့အား အလုပ်တွင် မတက်မကြွမဖြစ်စေရန် သတိပေးဖို့် ဤအရာများကို ယနေ့ပြောပြီးဖြစ်သည်။ ငါပြောသမျှကို သင်တို့ လုပ်ဆောင်နိုင်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ)အယောင်ဆောင်ခေါင်းဆောင်များသည် တကယ့်အလုပ်ကို မလုပ်ဆောင်ပေ။ သို့သော် ၎င်းတို့သည် မည်သို့အရာရှိဖြစ်ရမည်ကို သိသည်။ ၎င်းတို့သည် ခေါင်းဆောင်ဖြစ်သောအခါ ၎င်းတို့လုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ အဘယ်နည်း။ ၎င်းတို့သည် လူတို့ကို စည်းရုံးရန် ကြိုးစားသည်။ ၎င်းတို့သည် ‘မန်နေဂျာအသစ်သည် အကောင်းမြင်ခံရမှဖြစ်မည်’ ဟူသည့် နည်းလမ်းကို သုံးကြသည်။ ရှေးဦးစွာ ၎င်းတို့သည် လူတို့ကို စည်းရုံးရန်အတွက် အနည်းငယ်သောအရာတို့ကို လုပ်ဆောင်ကြသည်။ လူတို့၏ ဘဝများကို လွယ်ကူစေရန် အနည်းငယ်သောအရာများကို မိတ်ဆက်ပေးသည်။ လူတို့က ၎င်းတို့အား အကောင်းမြင်စေရန်၊ ၎င်းတို့သည် လူထုနှင့် ကိုက်ညီမှုရှိသည်ဟု လူတိုင်းအား ပြသရန် ကြိုးစားကြသည်။ ဤနည်းအားဖြင့် လူတိုင်းက ၎င်းတို့ကို ချီးမွမ်းကြပြီး ၎င်းတို့သည် ထိုလူတို့အတွက် မိဘများသဖွယ်ဖြစ်သည်ဟု ပြောကြဖို့ရန်ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် တရားဝင် ချုပ်ကိုင်လာကြသည်။ ၎င်းတို့သည် ယခုအခါတွင် လူသိများသော အထောက်အပံ့ကိုရရှိပြီး ၎င်းတို့၏ ရာထူးက လုံခြုံသည်၊ ဂုဏ်အဆင့်အတန်း၏ အဆောင်အယောင်များကို ပျော်မွေ့ခြင်းသည် ၎င်းတို့အတွက် မှန်ကန်သင့်တော်သည်ဟု ခံစားကြသည်။ ၎င်းတို့၏ ဆောင်ပုဒ်များမှာ ‘ဘဝဟူသည် စားခြင်းနှင့် ဝတ်ခြင်းအတွက်သာဖြစ်၏၊’ ‘လူ့ဘဝသည် တိုတောင်းသဖြင့် တစ်နေ့တာအချိန်ကို ပျော်ရွှင်အောင် အသုံးချပါ၊’ နှင့် ‘ယနေ့လုပ်စရာရှိတာလုပ်၊ မနက်ဖြန်ကို မနက်ဖြန်ရောက်မှ တွေးပူပါ။’ ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ရောက်လာသည့်နေ့ရက်များကို ပျော်မွေ့ကြသည်။ ၎င်းတို့ တတ်နိုင်သမျှ ပျော်ပါးကြသည်။ အနာဂတ်အတွက် မတွေးတောပေ။ ခေါင်းဆောင်တစ်ယောက်က မည်သည့်ဝတ္တရားများကို ဖြည့်ဆည်းသင့်သည်၊ မည်သည့်တာဝန်များကို ထမ်းဆောင်သင့်သည်ဆိုသည်ကို ထည့်စဉ်းစားဖို့ဆိုသည်မှာ ပို၍ မဖြစ်နိုင်ပေ။ ၎င်းတို့သည် အယူဝါဒ စကားလုံး၊ စကားစုအနည်းငယ်ကို သံယောင်လိုက်ပြီး ပုံမှန်အလုပ်အဖြစ် အပြင်ပန်းအတွက် တာဝန်အနည်းငယ်ကို လုပ်ဆောင်ကြသည်။ သို့သော် မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ အသင်းတော်ရှိ တကယ့်ပြဿနာများကို အပြည့်အဝဖြေရှင်းရန်အတွက် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေဖို့ မကြိုးစားပေ။ ဤသို့သော အပေါ်ယံအလုပ်ကို လုပ်ဆောင်ခြင်းတွင် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ယင်းသည် လှည့်စားခြင်းမဟုတ်သလော။ အရေးကြီးသောတာဝန်များကို ဤအယောင်ဆောင်ခေါင်းဆောင် အမျိုးအစားအပေါ်သို့ အပ်နှံနိုင်သလော။ ၎င်းတို့သည် ခေါင်းဆောင်များ၊ အမှုဆောင်များရွေးချယ်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ သတ်မှတ်ချက်များနှင့် ညီသလော။ (မညီပါ။) ဤလူတို့သည် မည်သည့် အသိစိတ်၊ ဆင်ခြင်တုံတရားမရှိပေ။ ၎င်းတို့သည် မည်သည့်တာဝန်သိစိတ်မျှ မရှိပေ။ သို့တိုင်အောင် အသင်းတော်ခေါင်းဆောင်အဖြစ် တရားဝင်ရာထူးတစ်ခုတွင် အစေခံလိုဆဲဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် အလွန် အရှက်ကင်းမဲ့သနည်း။ တာဝန်သိစိတ်ရှိသောလူအချို့သည် အစွမ်းအစနည်းပြီး ခေါင်းဆောင်မဖြစ်နိုင်ပေ၊ တာဝန်သိစိတ်လုံးဝမရှိသည့် လူသားအမှိုက်အတွက်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ခေါင်းဆောင်ဖြစ်ရန် ပို၍ပင် အရည်အချင်းမပြည့်မီပေ။ ဤသို့သော ပျင်းရိသော အယောင်ဆောင် ခေါင်းဆောင်များသည် မည်မျှ ပျင်းရိသနည်း။ ၎င်းတို့သည် ပြဿနာတစ်ခုကို ရှာတွေ့သည်။ ဤသည်မှာ ပြဿနာတစ်ခုဖြစ်သည်ကို ၎င်းတို့ သတိထားမိသည်။ သို့သော် ၎င်းတို့က မည်သည့်အရာမျှမဟုတ်သကဲ့သို့ မှတ်ယူပြီး အလေးမထားကြပေ။ ၎င်းတို့သည် အလွန်ပင် တာဝန်မသိတတ်ပေ။ ၎င်းတို့သည် စကားပြောကောင်းသူများဖြစ်နိုင်ပြီး အစွမ်းအစအနည်းငယ် ရှိပုံပေါ်သည်။ သို့သော် အသင်းတော်တွင် အမျိုးမျိုးသော ပြဿနာများပေါ်ပေါက်သည့်အခါ ၎င်းတို့သည် ဖြေရှင်းရန် မတတ်နိုင်ကြပေ။ အသင်းတော်ပြဿနာများသည် ဆက်လက် စုပုံလာပြီး မိသားစု ဘိုးစဉ်ဘောင်ဆက်အမွေပစ္စည်းကဲ့သို့ ဖြစ်လာသော်လည်း၊ ဤခေါင်းဆောင်များသည် စိတ်မဝင်စားဘဲ၊ ပေါ့ပြက်သော အလုပ်တာဝန် အနည်းငယ်ကို ထုံးစံအတိုင်း မရမက လုပ်ဆောင်နေဆဲဖြစ်လေသည်။ အဆုံးသတ်ရလဒ်သည် အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်အလုပ်ကို ရှုပ်ထွေးအောင်မလုပ်သလော။ တလွဲတချော်မလုပ်သလော။ ၎င်းတို့သည် အသင်းတော်တွင် ပရမ်းပတာဖြစ်စေပြီး အစိတ်စိတ်အမြွှာမြွှာမကွဲစေသလော။ ဤသည်မှာ မရှောင်လွှဲနိုင်သော ရလဒ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ သဘောပေါက်ခဲ့တယ်။ ကိုယ့်ဘာသာ အားရကျေနပ်ပြီး ကိုယ့်တာဝန်မှာ တက်ကြွမှု ကင်းမဲ့ရတဲ့ အကြောင်းရင်းက သဘာဝအားဖြင့် ကျွန်တော် ပျင်းရိပြီး အပျော်အပါးကို ရှာတတ်လို့ပဲ။ ကျွန်တော့်စိတ်က “ဘဝဟူသည် စားခြင်းနှင့် ဝတ်ခြင်းအတွက်သာ ဖြစ်၏” “ယနေ့ လုပ်စရာရှိတာ လုပ်၊ မနက်ဖြန်ကို မနက်ဖြန်ရောက်မှ တွေးပူပါ”ဆိုတာနဲ့ “ဘဝက တိုတောင်းသည့်အတွက် စားသောက်ပြီး၊ ပျော်ပျော်နေပါ”ဆိုတဲ့ ဆိုးယုတ်တဲ့ အတွေးတွေနဲ့ ပြည့်နေခဲ့တယ်။ ဒီဆိုးယုတ်တဲ့ အတွေးမှားတွေအတိုင်း ကျွန်တော် အသက်ရှင်ခဲ့တယ်။ ကမ္ဘာမြေပေါ် ဒီဘဝမှာ ကိုယ့်ကိုယ်ကိုယ် မွေ့လျော်သင့်တယ်လို့ တွေးရင်းနဲ့ပေါ့။ အတောမသတ်တဲ့ ဆင်းရဲဒုက္ခနဲ့ ပင်ပန်းမှုတွေကို ရှင်းချက်မထုတ်နိုင်ခဲ့ဘူး။ အကျိုးဆက်အနေနဲ့၊ လုပ်သမျှမှာ လုံ့လမထုတ်နိုင်ခဲ့ဘူး။ အလုပ်မှာရှိတဲ့ အသေးဆုံး ရလဒ်ကို အရင်းအနှီးအဖြစ်ယူပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်၊ အကျင့်ပျက်လာခဲ့တယ်။ ကျောင်းတက်ခဲ့တဲ့နှစ်ကာလတွေလိုပဲ။ အမှတ်ကောင်းရပြီး၊ ဆရာတွေနဲ့ အတန်းဖော်တွေရဲ့ ချီးကျူးတာ ခံရတဲ့ အခါတိုင်း၊ ကိုယ့်ရဲ့ စာလေ့လာမှုတွေမှာ ဆက်တွေးပြီး အားမထုတ်ချင်တော့သလို၊ ပျော်ပျော် နေလိုက်ချင်ခဲ့တယ်။ အခန်းထဲမှာ ဂရုတစိုက် နားမထောင်တော့သလို၊ အိမ်စာ မလုပ်တော့ဘူး။ ကျွန်တော့် အမှတ်တွေ ထိလာပြီး၊ မိဘနဲ့ ဆရာတွေက ကျွန်တော်နဲ့ပတ်သက်လို့ ပို တင်းကျပ်လာတဲ့အခါ၊ အဆင့်ပြန်တက်လာတဲ့အထိ စာလေ့လာတာတွေကို အရှိန်မြှင့်ပြီး အားထုတ်ခဲ့တယ်၊ အဲဒီအခါမှာ ကိုယ့်ဘာသာ ပြန်ကျေနပ်လာပြီး၊ ပျော်ပျော် ပြန်နေချင်ပြန်တယ်။ အဲဒီနှစ်တွေမှာ၊ ဒီအကျင့်ပျက်တဲ့ အတွေးအခေါ်တွေရဲ့ ထိန်းချုပ်တာ ဆက်ခံနေခဲ့ရပြီး၊ ပိုပျင်းရိလာခဲ့တယ်၊ စိတ်ဓာတ်ကျပြီး ထက်သန်တက်ကြွမှု ကင်းမဲ့လာခဲ့တယ်။ လုပ်သမျှမှာ ရှောင်ပြေးပြီး၊ စိတ်ပြောင်းလွယ်တယ်။ ဆင်းရဲဒုက္ခခံဖို့၊ စတေးဖို့ မလိုလားခဲ့လို၊ အားထုတ်ဖို့ ပိုပိုပြီး မလိုမလား ဖြစ်လာခဲ့တယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့ ပြီးခဲ့တဲ့ အခန်းကဏ္ဍနဲ့ အလုပ်တိုးတက်မှုကို စစ်ဆေးရတဲ့ အဖွဲ့သားအနေနဲ့ လက်ရှိ အခန်းကဏ္ဍနှစ်ခုလုံးမှာ၊ အလားတူ ပျင်းရိပြီး ထက်သန်တက်ကြွမှု မဲ့ခဲ့တယ်။ ရလဒ်တစ်ခုခု ဖြစ်ပေါ်တာနဲ့ သက်သောင့်သက်သာနေတယ်၊ ဆုံးရှုံးမှုတွေ ခံစားပြီး၊ ပင်းပန်းမလာအောင်လို့ အလုပ်ကို အနားယူတာနဲ့ ပြောင်းလိုက်ချင်တယ်၊ အလုပ်မှာ ပြဿနာတွေ ရှိတာကို ရှင်းရှင်း သိတဲ့အချိန်မှာတောင်၊ မဖြေရှင်းခဲ့ဘူး။ တာဝန်အတွက် ကိုယ့်ကိုယ်ကိုယ် နည်းနည်း ပိုစတေးဖို့ထက် သေးနုတ်တဲ့ အပျော်အပြက်အတွက် ကိုယ့်အချိန်ကို ဖြုန်းပစ်ချင်ခဲ့တယ်။ သွင်ပြင်ကို ထိန်းသိမ်းပြီး ကိုယ့်ခေါင်းဆောင်ကို လှည့်ဖြား၊ နှပ်ချဖို့လောက်ပဲ လုပ်ခဲ့တယ်။ ကျွန်တော်က ပျင်းရုံမက ဉာဏ်လည်းများပြီး လှည့်ဖြားတတ်ခဲ့တယ်၊ အပန်းဖြေနားနေခြင်းနဲ့ သက်သာမှုမှာ ကိုယ့်ဘဝကို အသက်ရှင်ဖို့ပဲ လိုချင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းခြင်းအပြင် ကွယ်ကာမှုကို အများကြီး မွေ့လျော်ခဲ့ပေမဲ့၊ အခြေခံကျတဲ့ အနိမ့်ဆုံးလေးကိုတောင် မလုပ်နိုင်သေးဘူး။ ကျွန်တော်က အလဟဿနေရာဖြုန်းတီးတဲ့၊ အသင်းတော်ထဲက ကပ်ပါးတစ်ကောင် မဟုတ်လား။ ကျွန်တော့် လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား ဘယ်မှာလဲ။ ကျမ်းစာပြောတဲ့ စာတစ်ကြောင်းကို သတိရမိတယ်။ “လူမိုက်တို့သည် ကြွယ်ဝမှုကြောင့် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။” (သုတ္တံကျမ်း ၁:၃၂) နောင်တမရရင်၊ လက်ရှိမှာ အသင်းတော်က ကျွန်တော့်ကို မထုတ်ပယ်ရင်တောင်၊ အရာခပ်သိမ်းကို ဘုရားက စိစစ်ပြီး ကျွန်တော့်အထဲမှာ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်တာ ရပ်သွားမှာ။ ကျွန်တော် အနှေးနဲ့အမြန် အထုတ်ပယ်ခံရမှာပဲ။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ခြင်းကတစ်ဆင့်၊ ကိုယ့်တာဝန်အပေါ် သဘောထားကို စပြောင်းလဲခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “ဘုရားသခင်၏ တာ၀န်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန့်အလွန် အရေးကြီးသည်။ ဤအရာသည် အလွန်လေးနက်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ လူတို့အပေါ် ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့၊ အပြစ်ပေးခံရသင့်ပေသည်။ ဘုရားသခင် အပ်နှံသည့် မည်သည့် တာဝန်များကိုမဆို ပြည့်စုံစေသင့်သည်မှာ၊ ကောင်းကင်က ချမှတ်ထားပြီး မြေကြီးက အသိအမှတ်ပြုထားခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အထွတ်အထိပ် တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာ၀န်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်၊ ဤတွင်၊ သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင် အပ်နှံသည့်အရာကို ရှုမြင်ပုံနှင့်ပတ်သက်၍ အကုန်အစင် သိနားလည်မှုတစ်ခု ရရှိရမည်ဖြစ်ပြီး၊ အနည်းဆုံးအနေဖြင့်၊ လူသားမျိုးနွယ်ကို သူ အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်များသည် ဘုရားသခင်ထံမှ ချီးမြှောက်ခြင်းများနှင့် အထူး မျက်နှာသာပေးခြင်းများ ဖြစ်သည်၊ ၎င်းတို့သည် ဂုဏ်ကျက်သရေအရှိဆုံးသော အရာများ ဖြစ်သည်ကို သဘောပေါက်ရမည်။ အခြားအရာအားလုံးကို စွန့်ပစ်နိုင်သည်- လူတစ်ဦးသည် မိမိ၏ အသက်ကို စွန့်လွှတ်ရမည်ဖြစ်လျှင်ပင်၊ သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းမြဲ ဖြည့်ဆည်းရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း)လူသည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိအခြေအနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်း အသိပညာနှင့် သူ၏ အတွေ့အကြုံများကို ပိုင်ဆိုင်ရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်အား ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းအပြင် တန်ဖိုးနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည် ဖြစ်သည်။ ဤသည်သာ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။ အကောင်းဘက်တွင် သင်၏ ဝင်ရောက်မှုအတွက် တက်ကြွထက်သန်ခြင်းကို သင်အာရုံစိုက်ရမည်၊ ပိုမိုလေးနက်ပြီး ပိုမိုတိကျကာ ပိုမိုလက်တွေ့ကျသည့် သမ္မာတရားများကို လျစ်လျူရှုရင်း တဒင်္ဂသာယာမှုအလို့ငှာ ဒုံရင်းသို့ပြန်ဆိုက်ရန် သင့်ကိုယ်သင် အညံ့ခံကာ ခွင့်မပြုရ။ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်၏ဘဝနှင့် မခြားသည့် အကျင့်စာရိတ္တပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ မိမိကိုယ်ကို လွတ်မြောက်စေရန် နည်းလမ်းများကို သင်ရှာရမည်။ သင်သည် အဓိပ္ပာယ်ရှိသောဘဝ၊ တန်ဖိုးရှိသောဘဝကို ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။ ဘုရားသခင်အား ချစ်ရန် ဆန္ဒပြင်းပြသော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့အလိုကိုဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတမ်းကျေ သဘောမထားသင့်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် သဘောပေါက်ခဲ့တယ်။ ဘဝရဲ့ တန်ဖိုးနဲ့ အဓိပ္ပာယ်ကို အဖန်းဆင်းခံအနေနဲ့ ကိုယ့်တာဝန် လုပ်ဆောင်ရာမှာ တွေ့ရတယ်။ ကိုယ်က ဇိမ်ခံခြင်းနဲ့ သက်သာမှုကို အမြဲ ရှာရင်၊ ကိုယ့်တာဝန်တွေမှာ တက်ကြွမှု မရှိဖြစ်ပြီး ပေါ့တန်ရင်၊ ဒါဘုရားကို သစ္စာဖောက်တာဖြစ်ပြီး အဲဒီလို အပြုအမူကို သူ ကျိန်ဆဲ၊ စက်ဆုပ်တယ်။ ပေတရုက သူ့ဘဝတစ်ခုလုံးမှာ ဘုရားကို ချစ်ပြီး စိတ်ကျေနပ်စေဖို့ ဝီရိယရှိရှိ ကြိုးစားခဲ့ပုံကို တွေးမိတယ်။ ဘုရားနှုတ်ကပတ်တော်အတိုင်း သူကိုယ်တိုင် တင်းတင်းကျပ်ကျပ် အမြဲ လိုက်နာပြီး တိုးတက်ဖို့ ကြိုးစားခဲ့တယ်။ သမ္မာတရားကို လက်တွေ့လုပ်ပြီး ဘုရားကို စိတ်ကျေနပ်စေဖို့ အမြဲ ကြိုးပမ်းခဲ့တယ်။ နောက်ဆုံးမှာ ဇောက်ထိုး ကားစင်တင်ခံခဲ့ရပြီး ထူးကဲတဲ့ သက်သေခံကို ခံခဲ့တယ်။ အဲဒီနောက် နောဧရှိတယ်။ ဘုရားရဲ့ စေခိုင်းချက်ကို လက်ခံပြီးတဲ့နောက်မှာ၊ မရေမတွက်နိုင်တဲ့ အခက်အခဲတွေ၊ များပြားတဲ့ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရချိန်မှာတောင် လုံးဝ မတွန့်ဆုတ်ဘဲ၊ သင်္ဘောပြီးစီးတဲ့အထိ မရပ်မနား ကြိုးပမ်းရင်းနဲ့ သင်္ဘောဆောက်ဖို့ အနှစ် ၁၂၀ကြာ အလုပ်လုပ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ နောဧနဲ့ ပေတရုက ဘုရားနဲ့ သူတို့တာဝန်ကို သဘောထားပုံကို ယှဉ်ကြည့်တော့၊ အရမ်းကို ရှက်မိတယ်။ ကျွန်တော်က တစ်ကိုယ်ကောင်းဆန်သလို ပျင်းလည်းပျင်းရိပြီး လူ့သဘာဝ နည်းနည်းမှ မရှိခဲ့ဘူး။ ကိုယ့်တာဝန်အပေါ် တာဝန်သိစိတ် နည်းနည်းမှ မရှိခဲ့ဘူး၊ ပေါ့တန်ပြီး အချိန်ဆွဲခဲ့တယ်။ ကျွန်တော် ပိုအခိုင်းခံရတာတာနဲ့၊ အလုပ်များတာနဲ့တစ်ပြိုင်နက်၊ ပင်းပန်းတာကို စညည်းခဲ့ပြီး၊ ခေါင်းဆောင်ရဲ့ စေ့ဆော်တာ ခံရချိန်မှာတောင် အချောင်ခိုတယ်၊ ကိုယ့်ဇာတိအလိုကို ဖြည့်ခဲ့တယ်။ ဘုရားကို ကြောက်စိတ်နည်းနည်းမှ မရှိခဲ့တာ။ မယုံကြည်သူတွေနဲ့ ဘာမှမခြားဘူး။ ကိစ္စတွေကို ကျွန်တော် လုပ်နေပုံနဲ့ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေရုံပဲ ဖြစ်မှာ။ ဒါပေမဲ့ ကိုယ် မှန်တယ်လို့ အမြဲ တွေးခဲ့ပြီး၊ အနည်းဆုံး အားထုတ်မှုလေး လုပ်တာနဲ့ပဲ ကျေနပ်ခဲ့တယ်။ အရမ်းထုံ၊ မိုက်မဲပြီး မသိနားမလည် ဖြစ်ခဲ့တယ်။ ကိုယ့်တာဝန်ကို ဒီလိုလုပ်နေခဲ့ပေမဲ့၊ ဘုရားက ကျွန်တော့်အပေါ် လက်မလျှော့ခဲ့သလို၊ နောင်တရဖို့ အခွင့်အရေးပေးခဲ့တယ်။ ဘုရားရဲ့ ခံစားချက်တွေကို အကျင့်ပျက်ခြင်းကတစ်ဆင့် ကျွန်တော် ဆက်နာကျင်စေလို့ မဖြစ်ဘူး။ ဒါကြောင့် ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်တော့် သဘာဝက ပျင်းရိပြီး လူ့သဘာဝ မဲ့ပါတယ်။ ကျွန်တော် ဒီလို ဆက်အသက်မရှင်ချင်ဘူး။ သမ္မာတရားကို ထက်ထက်သန်သန် ရှာဖွေပြီး၊ ကိုယ့်တာဝန်ကို ဖြည့်ဆည်းချင်ပါတယ်။ ကျေးဇူးပြုပြီး စိတ်နှလုံးကို စိစစ်ပေးပါ” လို့ပေါ့။

အဲဒီအချိန်ကစပြီး၊ ကိုယ့်တာဝန်မှာ အချိန်နဲ့ အားအင် ပိုထုတ်ခဲ့တယ်။ နေ့စဉ်နေ့တိုင်း အချိန်ဇယား ပြည့်နေပေမဲ့၊ လေ့လာပြီး ကိုယ့်နည်းပညာ ကျွမ်းကျင်မှုတွေကို တိုးတက်စေဖို့ အချိန်တချို့ မရရအောင် ယူခဲ့တယ်။ အလုပ်ထဲက ပြဿနာတွေကိုလည်း ပုံမှန် စိစစ်ပြီး ကျွမ်းကျင်မှုတွေ တိုးတက်အောင် မရပ်မနား ကြိုးပမ်းခဲ့တယ်။ နည်းနည်းကြာပြီးတဲ့နောက်မှာ၊ ကျွန်တော် ထုတ်လုပ်တဲ့ဗီဒီယိုမှာ ပိုကောင်းတဲ့ ရလဒ်တွေ စရခဲ့တယ်။ ကိုယ်သင်ယူခဲ့တာကို ညီအစ်ကို မောင်နှမတွေနဲ့ ဝေမျှတဲ့အခါ၊ သူတို့အတွက်လည်း အထောက်အကူပြုပုံရတာကို သတိထားမိတယ်။ ကျွန်တော် တကယ် စိတ်အေးချမ်းခဲ့တယ်။ ကိုယ့်တာဝန်ကို ဒီလိုဖြည့်ဆည်းဖို့ အလုပ်နည်းနည်း ပိုများပြီး အနားယူဖို့ အချိန်ပိုနည်းပေမဲ့၊ ပင်းပန်းတယ်လို့၊ ဆင်းရဲဒုက္ခခံနေရသလိုမျိုး မခံစားရဘူး။ အမှန်တော့၊ အများကြီး ပိုစိတ်ကြည်လင်ပြီး၊ အားတက်ခဲ့တယ်။ နေ့တိုင်း နားဝေတိမ်တောင်ဖြစ်ပြီး နမော်နမဲ့ ဖြတ်သန်းခဲ့တဲ့ အရင်ကနဲ့ ဘာမှ မတူဘူး။ အလုပ်မှာ ပြဿနာတစ်ခုခု မြင်တွေ့ဖို့လည်း ပိုလွယ်ခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေနဲ့ လုပ်တဲ့ မိတ်သဟာယနဲ့ ဘုရားရဲ့ ဉာဏ်အလင်းပေးခြင်းကတစ်ဆင့်၊ ပြဿနာ အတော်များများကို အချိန်မီ ဖြေရှင်းခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာကို အရမ်း ခံစားရလို့၊ တစ်ချိန်ပြီးတစ်ချိန် သူ့ရဲ့ ပျင်းရိတဲ့ အတွေးအခေါ်တွေက ကျွန်တော့်ကို ထိခိုက်နေတုန်းပဲ။ ရလဒ်ကောင်းတွေ စရတဲ့အခါ၊ နည်းနည်း ကိုယ့်ကိုယ်ကိုယ် စကျေနပ်လာပြီး ဇာတိအလိုကို ဖြည့်ချင်လာပြန်တယ်။ တစ်ခါက၊ ကျွန်ုပ်တို့ရဲ့ ဗီဒီယိုတစ်ကားကို စစ်ဆေးရင်း၊ အက်ရှင် ဇာတ်ကားတစ်ကား ကျွန်တော့်ရဲ့ဖိဒ်မှာ ပေါ်လာတာကို သတိပြုမိတယ်။ ကျွန်တော် တွေးမိတယ်။ “ခုတလော အလုပ်မှာ အရမ်း စိတ်ဖိစီးစရာ ဖြစ်နေတာ။ နည်းနည်းကြည့်ပြီး လွတ်ထားလိုက်တာ မထိခိုက်လောက်ပါဘူး” ပေါ့။ ကြည့်ရင်းနဲ့၊ ရုတ်တရက် သဘောပေါက်လိုက်တယ်။ ကျွန်တော်က ကိုယ့်လှည့်ကွက်ဟောင်းဆီ ပြန်သွားနေတာပဲ။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကိုတွေ့ခဲ့တယ်။ “သင်သည် သင်၏တာဝန်ကို သင်ထမ်းဆောင်သောအခါတွင် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ချင်သည်။ သင်သည် ခိုကတ်ရန် ကြိုးစားသည်။ ဘုရားသခင်၏ စိစစ်မှုကို ရှောင်ကြဉ်ရန် ကြိုးစားသည်။ ဤကဲ့သို့သောအချိန်မျိုးတွင် ဆုတောင်းရန်အတွက် ဘုရားသခင်ရှေ့သို့ အမြန်လာပါ။ ဤသည်မှာ လုပ်ဆောင်ရန် မှန်ကန်သည့်လမ်းဟုတ်မဟုတ်ကို ဆင်ခြင်သုံးသပ်ပါ။ ထို့နောက် ဤအရာကို စဉ်းစားကြည့်ပါ။ ‘ဘုရားသခင်ကို ငါ အဘယ်ကြောင့်ယုံကြည်သနည်း။ ဤသို့သော မသေသပ်မှုကို လူတို့က သတိမထားမိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်က သတိမထားမိဘဲ နေလိမ့်မည်လော။ ထို့အပြင် ဘုရားသခင်အပေါ် ငါ၏ ယုံကြည်မှုသည် မခိုကတ်ရန်ဖြစ်သည်။ ကယ်တင်ခြင်းခံရဖို့အတွက်ဖြစ်သည်။ ဤကဲ့သို့ ငါလုပ်ဆောင်ခြင်းသည် သာမန်လူ့သဘာဝ၏ ဖော်ပြချက်မဟုတ်သကဲ့သို့ ဘုရားသခင်၏ ချစ်ခြင်းကိုလည်း မခံရပေ။ မဖြစ်ပေ။ ပြင်ပကမ္ဘာတွင် ငါသည် ခိုကတ်နိုင်ပြီး ငါကျေနပ်သလိုလုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သည်။ သို့သော် ယခု ငါသည် ဘုရားသခင်၏ အိမ်တော်တွင်ရှိနေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ မျက်လုံးများ၏ စိစစ်မှုအောက်တွင်ရှိနေသည်။ ငါသည် လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ သင်သည် ငါ၏အသိတရားနှင့်အညီ ပြုမူရမည်။ ငါကျေနပ်သလို လုပ်ဆောင်၍မရပေ။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လုပ်ဆောင်ရမည်။ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေမပြုရပေ။ ခိုကတ်၍ မရပေ။ ဤသို့ဆိုလျှင် မခိုကတ်ရန်၊ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေမပြုလုပ်ရန် မည်သို့ဆောင်ရွက်သင့်သနည်း။ အနည်းငယ်အားစိုက်ထုတ်ရမည်။ ယခုပင် လုပ်ဆောင်ရန် အလွန်ဒုက္ခများလွန်းသည်ဟု ငါခံစားရသည်။ ဆင်းရဲဒုက္ခကို ရှောင်ကြဉ်လိုခဲ့သော်လည်း ယခု ငါနားလည်သည်။ ဤသို့လုပ်ဆောင်ရန်မှာ ဒုက္ခအလွန်များနိုင်သည်။ သို့သော် ထိရောက်မှုရှိသည်။ ထို့ကြောင့် ဤသည်မှာ လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်သည်။’ ဟု ဖြစ်သည်။ သင်သည် အလုပ်လုပ်နေပြီး ဆင်းရဲဒုက္ခကို ကြောက်နေသေးသောအခါတွင်၊ ဤသို့သော အချိန်မျိုးတွင် ဘုရားသခင်ကို ဆုတောင်းရမည်။ ‘အို ဘုရားသခင်။ ကျွန်ုပ်သည် ပျင်းရိပြီး လှည့်စားတတ်သည်။ ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပါရန်၊ အပြစ်တင်ပါရန် ကိုယ်တော်ကို တောင်းပန်ပါ၏။ ဤသို့ဖြင့် ကျွန်ုပ်၏ အသိတရားတွင် ခံစားချက်တစ်ခု၊ ရှက်စိတ်တစ်ခု ရှိရန်ဖြစ်သည်။ ကျွန်ုပ်သည် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ မဖြစ်လိုပါ။ ကျွန်ုပ်ကို လမ်းပြပြီး ဉာဏ်အလင်းဖွင့်ပြရန်၊ ကျွန်ုပ်၏ ပုန်ကန်မှုနှင့် အကျည်းတန်မှုကို ပြသရန် ကိုယ်တော်ကို တောင်းပန်ပါ၏။’ ဟု ဖြစ်သည်။ ဤသို့ သင်ဆုတောင်းသောအခါ၊ ဆင်ခြင်သုံးသပ်ပြီး သင့်ကိုယ်သင်သိမြင်ရန် ကြိုးစားသောအခါ နောင်တခံစားချက်ကို ဖြစ်ပေါ်စေပြီး သင်၏ အကျည်းတန်မှုကို သင် မုန်းတီးနိုင်သည်။ သင်၏စိတ်နှလုံးအတွင်းရှိ မှားယွင်းသော အခြေအနေက စတင်ပြောင်းလဲသည်။ သင်သည် ဤအရာကို ချင့်ချိန်စဉ်းစားပြီး ‘ကျွန်ုပ်သည် အဘယ်ကြောင့်ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုရသနည်း။ အဘယ်ကြောင့် အစဉ် ခိုကတ်နေသနည်း။ ဤသို့ဆောင်ရွက်ခြင်းသည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားတစ်ခုမျှ မရှိပေ။ ငါသည် ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သေးသလော။ ငါသည် အဘယ်ကြောင့် အမှုအရာများကို အလေးအနက်မထားသနည်း။ အချိန်နှင့် အားစိုက်မှုအနည်းငယ်ပို၍ စိုက်ထုတ်သင့်သည်မဟုတ်လော။ ယင်းမှာ ကြီးမားသော ဝန်ထုတ်ဝန်ပိုးမဟုတ်ပေ။ ဤသည်မှာ ငါလုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ ဤအရာကိုပင်မလုပ်ဆောင်နိုင်လျှင် ငါ့ကို လူသားဟုခေါ်ဆိုရန် သင့်တော်သလော။’ဟု သင့်ကိုယ်သင် ပြောဆိုနိုင်စွမ်းရှိသည်။ ရလဒ်အနေဖြင့် သင်သည် သန္နိဌာန်ချပြီး ကျမ်းသစ္စာကျိန်ဆိုသည်။ ‘အို ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော်ကို စိတ်ပျက်စေခဲ့ပြီဖြစ်သည်။ ကျွန်ုပ်သည် အမှန်တကယ်ပင် အလွန် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေပါသည်။ ကျွန်ုပ်၌ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိပါ။ လူ့သဘာဝမရှိပါ။ ကျွန်ုပ် နောင်တရလိုပါသည်။ ကျွန်ုပ်ကို ခွင့်လွှတ်ရန် ကိုယ်တော်ကို တောင်းလျှောက်ပါသည်။ ကျွန်ုပ်သည် သေချာပေါက် ပြောင်းလဲပါမည်။ ကျွန်ုပ်နောင်တမရလျှင် ကျွန်ုပ်အား အပြစ်ဒဏ်ပေးစေလိုပါသည်။’ ထို့နောက်တွင် သင်၏ စိတ်အနေအထားတွင် ပြောင်းလဲမှုတစ်ခုရှိသည်။ သင် စတင်ပြောင်းလဲလာသည်။ ပေါ့ဆမှုနှင့် ဝတ်ကျေတမ်းကျေပြုမှု လျော့နည်းလျက် သင်သည် တာဝန်သိသိ အသိဉာဏ်ရှိရှိ လုပ်ဆောင်ခြင်းဖြင့် သင်ပြုမူပြီး သင်၏တာဝန်များကို ထမ်းဆောင်ကာ ယခုအခါတွင် သင်သည် ဒုက္ခခံပြီး အဖိုးအခပေးဆပ်နိုင်သည်။ ဤနည်းဖြင့် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းသည် အလွန်ကောင်းသည်ဟု သင်ခံစားရသည်။ သင်၏ စိတ်နှလုံးသည် ငြိမ်သက်ပြီး ဝမ်းမြောက်လေသည်။ ဘုရားသခင်၏ စိစစ်မှုကို လက်ခံနိုင်သောအခါ၊ ဘုရားသခင်ကို ဆုတောင်းပြီး အမှီပြုနိုင်သောအခါတွင် ထိုသူ၏ အခြေအနေသည် မကြာခင် ပြောင်းလဲသွားသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေ တွေးဆပြီးတဲ့နောက်မှာ၊ ရှေ့ဆက်ရမဲ့ လမ်းတွေ့ခဲ့တယ်။ သဘာဝအားဖြင့် ကျွန်တော် ပျင်းတယ်။ ဇိမ်ခံတာ၊ အပန်းဖြေတာ ပိုနှစ်သက်ပြီး ဆင်းရဲဒုက္ခခံဖို့ မလိုလားဘူး။ ကိုယ့်ဘာသာ ဒီပြဿနာကို ကျွန်တော် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဘုရားပေါ် ဆုတောင်း၊ မှီခိုပြီး သူ့ရဲ့ စိစစ်မှုကို လက်ခံရမယ်။ နောက်တစ်ခါ ကိုယ့်ဇာတိအလိုလိုက်ပြီး အချောင်ခိုချင်တဲ့အခါ၊ ဘုရားဆီ ချက်ချင်း ဆုတောင်းပြီး ကိုယ့်ကို ဆုံးမပဲ့ပြင်၊ ရိုက်နှက်ဖို့ တောင်းလျှောက်သင့်တယ်။ အဲဒီအခါမှပဲ ကိုယ့်ဇာတိကို စွန့်ပြီး တာဝန်ကို ကောင်းကောင်း လုပ်နိုင်မှာ။ ဒါကြောင့် ဆုတောင်းခြင်းနဲ့ ကိုယ့်အခြေအနေကို ဘုရားဆီ ပြောပြပြီး ပဲ့ပြင်ဆုံးမဖို့ တောင်းလျှောက်တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်တော် စိတ်တည်ငြိမ်သွားပြီး၊ စည်းမျဉ်းတွေကို သေချာစဉ်းစားပြီး ဆီလျော်တဲ့ အချက်အလက်တွေကို ကြည့်ရင်းနဲ့ ဗီဒီယိုကို ဆက်သုံးသပ်ဆန်းစစ်ခဲ့တယ်။ ကိုယ့်အလုပ်ကို အချိန်ယူ စဉ်းစားကြည့်တဲ့အခါ၊ ဘုရားရဲ့ လမ်းပြမှုကို ခံစားနိုင်ခဲ့ပြီး၊ ဗီဒီယိုမှာရှိတဲ့ ပြဿနာတွေကို အမြန် ဖော်ထုတ်နိုင်ခဲ့သလို၊ ဖြေရှင်းဖို့ နည်းလမ်း ဖန်တီးနိုင်ခဲ့တယ်။ အဲဒီအတွေ့အကြုံကတစ်ဆင့်၊ ကျွန်တော့် ပျင်းရိခြင်းကို ကိုင်တွယ်ဖြေရှင်းရာမှာ ပိုစိတ်ချယုံကြည်မှု ရခဲ့တယ်။ ကိုယ့်အလုပ်မှာ ဘုရားအပေါ် အမှန်တကယ် မှီခိုပြီး သူ့ရဲ့ စိစစ်မှုကို လက်ခံရမယ်ဆိုတာ မြင်ခဲ့တယ်။ ကိုယ့်ဇာတိအလိုကို စပြီး ပြန်ဖြည့်ဆည်းမိရင်၊ ကိုယ့်ကိုယ်ကိုယ် သတိရှိရှိ ချုပ်ထိန်းဖို့ ဘုရားပေါ် မှီခိုနိုင်ခဲ့တယ်။ အဲဒီလိုနဲ့ ကိုယ့်ပျင်းရိခြင်းကို အောင်မြင်ကျော်လွှားပြီး ကိုယ့်တာဝန်ကို အေးအေးချမ်းချမ်း ဖြည့်ဆည်းဖို့ ခွန်အား ရှိခဲ့တယ်။

ဒီရက်တွေမှာ၊ ဇိမ်ခံခြင်းနဲ့ သက်သာမှုအတွက် ဒီဆန္ဒကမကြာခဏ ရှိတုန်းပဲ ဖြစ်ပေမဲ့၊ ဘုရားနှုတ်ကပတ်တော်ကို လိုက်လျှောက်ပြီး မရပ်မနား လက်တွေ့လုပ်သရွေ့၊ နောက်ဆုံးမှာ ဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကနေ ကိုယ့်ကိုယ်ကိုယ် သန့်စင်စေပြီး ပြောင်းလဲမှုရမယ်ဆိုတာ သိခဲ့တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အန္တိခရစ်တစ်ဦးကို ကျွန်ုပ်တိုင်ကြားခဲ့ပုံ

ဝိန်ကျင့် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်မ ကိုယ့်တာဝန်ကို လုပ်ဖို့ မြို့ပြင်ကနေ ဒေသန္တရအသင်းတော်ဆီ ပြန်လာခဲ့တယ်။ ရေလောင်း...

အသင်းတော်အလုပ်ကို ကာကွယ်ခြင်းက ကျွန်မ၏ တာဝန်ဖြစ်သည်

ယီးရွှင် ဂျပန်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အသင်းတော်က ခေါင်းဆောင်သစ်ရွေးကောက်ဖို့ လိုအပ်ခဲ့တယ်။ တစ်နေ့မှာ၊ ခေါင်းဆောင်တွေက၊...

အမှုတော်၌ ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှု

မီကျယ်၊ ရှန်ဒုံစီရင်စု အသင်းတော်သည် ရာထူးနေရာအားလုံးတွင်ရှိသည့် အသင်းတော်ခေါင်းဆောင်များကို တွဲဖက်တစ်ယောက်စီ ရှာစေသည့် အလုပ်အစီအစဉ်တစ်ခု...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။