ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်တာက တကယ် အန္တရာယ်များတယ်

03.04.2026

စကော့၊ အမေရိကန်

၂၀၂၄၊ အောက်တိုဘာလတုန်းက နိုင်ငံခြားဘာသာစကား အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေကို တည်းဖြတ်တဲ့ တာဝန်ကို ကျွန်တော် ထမ်းဆောင်နေခဲ့တယ်။ တစ်ခါတုန်းက ဗီဒီယိုတစ်ခုကို တည်းဖြတ်နေရင်းနဲ့ ရိုက်ချက်တော်တော်များများက ကောင်းကောင်း ဆက်စပ်မှုမရှိတာကို ကျွန်တော် တွေ့လိုက်ရတယ်။ မှန်ကန်တဲ့ ရုပ်သံဖိုင်ကို ရွေးဖို့ ပုံမှန်ထက် သုံးဆလောက် ကြာခဲ့ပြီး အသံနဲ့ ကိုက်ညီဖို့ မတူညီတဲ့ ရိုက်ချက်တွေကို ကျွန်တော် အမြဲ စမ်းကြည့်နေခဲ့ရတယ်။ အစတုန်းကတော့ ကျွန်တော် စိတ်ရှည်လက်ရှည်နဲ့ သေသေချာချာ တည်းဖြတ်ခဲ့ပေမဲ့ မနက်ပိုင်းအချိန်ကုန်သွားတဲ့အခါ ပုံမှန်ပြီးနေကျ ပမာဏရဲ့ တစ်ဝက်တောင် မပြီးသေးဘူး။ ကျွန်တော် စိတ်မရှည်ဖြစ်လာပြီး ကိုယ့်ဘာသာ တွေးမိတယ်။ “ဒီဗီဒီယိုမှာ ရှုပ်ထွေးတဲ့ ရိုက်ချက်တွေ တော်တော်များတာပဲ။ တစ်ခုချင်းစီကိုသာ ဒီလောက်အသေးစိတ် တည်းဖြတ်နေရင် တော်တော်လေး ငြီးငွေ့စရာကောင်းပြီး အချိန်ကုန်မှာ။ ပင်ပန်းစရာကို ကောင်းလွန်းပါတယ်။ ဒီတစ်ခါတော့ ငါ နည်းနည်း ပြီးစလွယ်လုပ်လိုက်မှပဲ ထင်တယ်။ အဆင်ပြေရုံလောက်ဖြစ်ဖို့ပဲ လိုတာပါ။ အွန်လိုင်းပေါ် ဗီဒီယိုတင်ပြီးသွားရင် ကြည့်တဲ့သူတွေက ဒီပြဿနာအသေးအမွှားလေးတွေကို သတိထားမိမှာတောင် မဟုတ်ပါဘူး။ သိပ်မချောမွေ့တဲ့ ကူးပြောင်းမှုအနည်းအကျဉ်းလောက်က ကိစ္စမရှိပါဘူး” လို့ပေါ့။ အဲဒီလိုတွေးပြီး ဆက်စပ်ဖို့ခက်တဲ့ ရိုက်ချက်တွေကို တွေ့တိုင်း သိပ်မစဉ်းစားတော့ဘဲ ရုပ်သံဖိုင်တချို့ကို ရွေးပြီး ဒီအတိုင်း ဆက်လိုက်တော့တယ်။ ကူးပြောင်းမှုတွေက သိပ်မချောမွေ့မှန်း ကျွန်တော် မြင်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ပြီး တွေးလိုက်တယ်။ “ကိစ္စမရှိပါဘူး။ အဆင်ပြေရုံလောက်ဖြစ်ဖို့ပဲ လိုတာပါ။ တခြားလူတွေက ဒီပြဿနာအသေးအမွှားလေးတွေကို သတိထားမိမှာ မဟုတ်ပါဘူး” လို့ပေါ့။ အံ့ဩစရာကောင်းတာက ပြီးသွားတဲ့ ဗီဒီယိုကို ကျွန်တော် အပ်ပြီးတဲ့နောက်မှာ စစ်ဆေးပေးတဲ့ ညီအစ်ကို ဘရိုင်ယန်က ပြန်ပြင်ဖို့လိုတဲ့ အချက် ၃၀ ကျော်ကို ထောက်ပြခဲ့တယ်။ အစတုန်းကတော့ ကျွန်တော် မယုံရဲဘူး။ ဒီဗီဒီယိုကို တည်းဖြတ်တုန်းက ကျွန်တော် ဝတ်ကျေတမ်းကျေလုပ်ခဲ့မှန်း သိပေမဲ့ ပြဿနာတွေ ဒီလောက်များလိမ့်မယ်လို့ မထင်ခဲ့ဘူး။ သူထောက်ပြထားတဲ့ အချက်တွေကို ကျွန်တော် သေသေချာချာ ပြန်စစ်ကြည့်လိုက်တော့ သူ့အကြံပြုချက်အားလုံးက ခိုင်လုံမှန်း သဘောပေါက်လိုက်တယ်။ အားလုံးကို ပြင်ဖို့ နေ့တစ်ဝက်လောက် ကြာသွားတယ်။ ပြန်အပ်တော့မဲ့ဆဲဆဲမှာ ကျွန်မ ထပ်တွေးပြီး စိတ်ပူလာမိတယ်၊ “ညီအစ်ကို ဘရိုင်ယန်ရဲ့ အကြံပြုချက်တွေနဲ့အညီ ပြဿနာတွေကို ငါ ပြင်ပြီးပြီ၊ ဒါပေမဲ့ တခြားပြဿနာတွေ ရှိနေဦးမလား။ ငါ ဘာမှ မကျန်ခဲ့တာ သေချာအောင် နောက်ထပ် တစ်ခေါက်လောက် အစအဆုံး ပြန်စစ်ဆေးသင့်သလား” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်တော် တွေးမိတယ်။ “ဒီနေ့အတွက် အချိန်ကုန်ခါနီးနေပြီ။ အခု အစအဆုံး ပြန်စစ်လိုက်ရင် ငါ တော်တော်နောက်ကျမှ ပြီးမယ်၊ ပြီးတော့ ငါ အနားယူဖို့အချိန် နည်းသွားမယ်။ ထားလိုက်ပါတော့။ ဒါ့အပြင် ညီအစ်ကို ဘရိုင်ယန်က စစ်ပြီးသားပဲ၊ ဒါကြောင့် သူတွေ့ထားတဲ့ ပြဿနာတွေကို ငါ ပြင်လိုက်တာက လုံလောက်မှာပါ” လို့ပေါ့။ အဲဒါနဲ့ အကြံပြုထားတဲ့ ပြင်ဆင်မှုတွေ လုပ်ပြီးတဲ့နောက်မှာ ကျွန်တော် တန်းပြီး အပ်လိုက်တယ်။ မမျှော်လင့်ဘဲနဲ့ ဒီတစ်ခါမှာ တခြားတစ်ယောက်ဖြစ်တဲ့ ညီအစ်ကို ကာ့ခ်က စစ်ဆေးပြီး ပြင်ဆင်ဖို့လိုတဲ့ နောက်ထပ် ပြဿနာ ခုနစ်ခု၊ ရှစ်ခုလောက်ကို ထောက်ပြပြန်တယ်။ ဒီရလဒ်ကို မြင်တော့ ဗီဒီယို အွန်လိုင်းမှာတင်ရမဲ့ အချိန်ဇယားကို ကျွန်တော် နှောင့်နှေးစေခဲ့မှန်း သဘောပေါက်လိုက်တယ်။ ကိုယ့်ဘာသာ တွေးမိတယ်။ “မနေ့ကသာ ငါ အချိန်နည်းနည်းပိုပေးပြီး အစအဆုံး ပြန်စစ်ခဲ့ရင် ဒီပြဿနာတွေကို ငါ တွေ့ကောင်းတွေ့နိုင်ခဲ့မှာဖြစ်ပြီး၊ ဒီနေ့ အချိန်ဇယားအတိုင်း ဗီဒီယိုက အွန်လိုင်းမှာ ရှိနိုင်မှာပဲ။ အချိန်မီ အွန်လိုင်းပေါ် မတင်နိုင်တာက ငါ ဝတ်ကျေတမ်းကျေလုပ်ပြီး အလေးအနက်မထားခဲ့တာကြောင့် သက်သက်ပဲ” လို့ပေါ့။ ဒီလိုတွေးပြီး ကျွန်တော် နည်းနည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်၊ ပြီးတော့ ဒီတစ်ခါတော့ ပြင်ဆင်မှုတွေကို သေသေချာချာ လုပ်ရမယ်၊ နောက်ထပ် ဝတ်ကျေတမ်းကျေ လုပ်လို့မရတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ အဲဒါနဲ့ ပြဿနာတွေကို ပြင်ပြီးတဲ့နောက်မှာ ဗီဒီယိုတစ်ခုလုံးကို ကျွန်တော် ပြန်စစ်တယ်။ ကူးပြောင်းမှုတွေ မချောမွေ့တဲ့ တခြားနေရာတချို့ကို တွေ့ပြီး အဲဒါတွေကို ပြင်လိုက်တယ်။ အချိန်နဲ့ အင်အား ပိုစိုက်ထုတ်ရပေမဲ့ ကျွန်တော် စိတ်အေးသွားတယ်။ ဒီတစ်ခါ ဗီဒီယိုကို ကျွန်တော် အပ်လိုက်တော့ ဝက်ဘ်ဆိုက်ပေါ်ကို ချောချောမွေ့မွေ့ပဲ ရောက်သွားတယ်။

ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ ဝတ်ကျေတမ်းကျေဆန်တဲ့ သဘောထားက အွန်လိုင်းပေါ်တင်တာ နှောင့်နှေးစေခဲ့ပုံကို တွေးမိပြီး ကျွန်တော် တော်တော်လေး အပြစ်ရှိသလို ခံစားရတယ်။ ကျွန်တော့်ရဲ့ ဆုတောင်းဝတ်ပြုချိန်တွေမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ အဲဒါက ကျွန်တော့်အခြေအနေအပေါ် သိနားလည်မှုတချို့ ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အမှုအရာများကို ဤသို့ ပေါ့ပြက်ပြက်နှင့် တာဝန်မဲ့စွာ ကိုင်တွယ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အသွင်အပြင်တစ်ရပ် ဖြစ်၏။ ယင်းမှာ လူတို့ မကြာခဏ ရည်ညွှန်းသည့် ယုတ်ညံ့သော စိတ်သဘောထားဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် ကိစ္စရပ်များအားလုံးတွင် ၎င်းတို့က ‘မှန်လုနီးပါးဖြစ်သည်’နှင့် ‘အတော် နီးစပ်သည်’ဆိုသည်အထိ လုပ်ဆောင်ကြ၏။ ယင်းသည် ‘ဖြစ်နိုင်သည်’ ‘ဖြစ်ကောင်းဖြစ်နိုင်မည်’၊ ‘ငါးခုထဲမှ လေးခု’ ဆိုသည့် သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြ၏၊ အနည်းဆုံး လုပ်ဆောင်ရမည်ကို စိတ်ကျေနပ်ကြသကဲ့သို့ ဖြီးဖြန်း၍ လုပ်ဆောင်ရခြင်းကို ကျေနပ်ကြလေသည်။ အမှုအရာများကို အလေးအနက်ထားရာတွင် သို့မဟုတ် စေ့စပ်ခြင်းတွင် အကျိုးမရှိဟု ၎င်းတို့ မြင်ကြပြီး သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်း၌ သာ၍အကျိုးမရှိဟု ၎င်းတို့ မြင်ကြလေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အသွင်အပြင်တစ်ရပ် မဟုတ်လော။ ယင်းသည် ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်တစ်ခုလော။ မဟုတ်ပေ။ ယင်းကို မာနထောင်လွှားမှုဟု ခေါ်ဆိုခြင်းသည် မှန်ကန်ပြီး စည်းကမ်းမရှိခြင်းဟု ခေါ်ဆိုခြင်းသည်လည်း လုံးဝ သင့်လျော်၏။ သို့သော် ယင်းကို အပြည့်အဝ အတိအကျဖော်ပြဖို့ရာ၊ လုံလောက်မည့် တစ်ခုတည်းသော စကားလုံးမှာ ‘ယုတ်ညံ့ခြင်း’ ဖြစ်သည်။ လူအများစု၌ ၎င်းတို့အတွင်းတွင် ယုတ်ညံ့သော စိတ်သဘောထား ရှိသည်မှာ အတိုင်းအတာ အမျိုးမျိုးသာ ကွဲပြားလေသည်။ ကိစ္စအားလုံး၌ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ၊ ပေါ့ပေါ့ဆဆပုံစံနှင့် လုပ်ဆောင်လိုပြီး ၎င်းတို့ လုပ်ဆောင်သမျှတိုင်းတွင် လှည့်ဖြားမှု အငွေ့အသက်တစ်ခု ရှိလေသည်။ ၎င်းတို့သည် တတ်နိုင်သည့်အခါ အခြားသူများကို လိမ်လည်လှည့်စားသည်၊ တတ်နိုင်သည့်အခါ ဖြတ်လမ်းလိုက်ကြပြီး အချိန်ကုန် သက်သာအောင် လုပ်နိုင်သည့်အခါတွင် သက်သာအောင် လုပ်ကြ၏။ ၎င်းတို့က မိမိဘာသာ စဉ်းစားကြသည်။ ‘ထုတ်ဖော်ခံရခြင်းကို ငါ ရှောင်ကြဉ်သရွေ့၊ ပြဿနာများမဖြစ်သရွေ့၊ ဖြေရှင်းချက်ပေးရန် မခေါ်ခံရသရွေ့ ဤအရာကို ဟန်ဆောင်လိမ်ညာ၍ ကျော်လွှားသွားမည်။ အလွန်ကောင်းစွာလုပ်ဆောင်ဖို့မလို။ ယင်းသည် အလွန်ဒုက္ခများလွန်းသည်’ ဟူ၍ ဖြစ်သည်။ ထိုသို့သော လူတို့သည် မည်သည့်အရာကိုမျှ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိဘဲ ၎င်းတို့၏ လေ့လာမှုများတွင် ဝါယမစိုက်ထုတ်ရန်ဖြစ်စေ၊ သို့မဟုတ် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရန်ဖြစ်စေ လိုလားခြင်း မရှိကြချေ။ သူတို့သည် အကြောင်းအရာတစ်ခု၏ အပေါ်ယံကိုသာ လေ့လာလိုကြပြီး၊ ယင်းကို သင်ယူရာ၌ အောင်မြင်ပြီဟု ယုံကြည်ကာ မိမိတို့ကိုယ်ကို ကျွမ်းကျင်သည်ဟု သတ်မှတ်ကြ၏။ ထို့နောက် ၎င်းတို့ဖြစ်သလိုလုပ်ခြင်းဖြင့် ဤအရာအပေါ် မှီခိုကြလေသည်။ ဤသည်မှာ အခြားလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် လူတို့ ထားရှိသော သဘောထားတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းသည် ကောင်းမွန်သော သဘောထား ဖြစ်သလော။ မဟုတ်ပေ။ ရိုးရှင်းစွာပြောရလျှင် ယင်းက ‘ဖြစ်သလို ပြီးမြောက်သွားစေခြင်း’ ဖြစ်သည်။ ထိုသို့သော ယုတ်ညံ့သော စိတ်သဘောထားသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးထဲတွင် တည်ရှိလေသည်။ ၎င်းတို့၏ လူ့သဘာဝတွင် ယုတ်ညံ့သော စိတ်သဘောထားရှိသော လူတို့သည် ၎င်းတို့လုပ်သမျှတွင် ဖြစ်သလို ပြုလုပ်သည့်အမြင်ရှုထောင့်နှင့် သဘောထား ရှိကြသည်။ ထိုသို့သော လူများသည် မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်း ရှိသလော။ မထမ်းဆောင်နိုင်ပါ။ ၎င်းတို့သည် အမှုကိစ္စများကို စည်းမျဉ်းဖြင့် လုပ်ဆောင်နိုင်သလော။ ပို၍ပင် လုပ်ဆောင်နိုင်ခြေမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးမှ ကျွန်တော် နားလည်သွားတယ်။ လူတွေက ကိစ္စရပ်တွေကို အမြဲတမ်း ပေါ့ပျက်ပျက်နဲ့ တာဝန်မဲ့တဲ့သဘောထားနဲ့ ချဉ်းကပ်တဲ့အခါ၊ ဒုက္ခပြဿနာကို ရှောင်ရှားဖို့သက်သက် ဝတ်ကျေတမ်းကျေနဲ့ လှည့်ဖြားတဲ့နည်းလမ်းတွေကို သုံးတဲ့အခါ အဲဒါက သူတို့ထဲမှာ ကလေကချေဆန်တဲ့သဘာဝ ရှိနေလို့ပဲ။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ အမြဲတမ်း ဖြစ်သလိုလုပ်တဲ့ ဒီလိုသဘောထားကို ဘုရားသခင်က ရွံမုန်းတယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ရဲ့ အခြေအနေ အတိအကျကို ဖော်ထုတ်ခဲ့တယ်။ ကျွန်တော် တည်းဖြတ်နေတဲ့ ဗီဒီယိုအတွက် ရုပ်သံဖိုင်ရွေးဖို့ အချိန်ပိုပေးဖို့ လိုအပ်တဲ့အခါ အဲဒါက အရမ်းဒုက္ခများတယ်လို့ ကျွန်တော် ထင်ခဲ့ပြီး ကိုယ့်ဘာသာ အားစိုက်ရတာ သက်သာချင်ခဲ့တယ်၊ အဲဒါကြောင့် ဘယ်ရိုက်ချက်ကိုမဆို ယူပြီး အတူဆက်လိုက်တော့တာ။ ကူးပြောင်းမှုတွေ မချောမွေ့တာကို မြင်ရင်တောင် ကျွန်တော် မပြင်ချင်ခဲ့ဘူး။ စစ်ဆေးတဲ့ ညီအစ်ကို သတိမထားမိရင် ကျွန်တော် လွတ်သွားမှာပဲလို့တောင် မျှော်လင့်နေခဲ့တယ်။ နောက်ဆုံးကျတော့ ဗီဒီယိုမှာ ပြဿနာတွေ အများကြီးရှိပြီး ထပ်ခါထပ်ခါ ပြန်ပြင်ရတာကြောင့် လိုင်းပေါ်တင်တာ နှောင့်နှေးသွားတယ်။ ကျွန်တော်က အသင်းတော်ရဲ့ ဗီဒီယိုအလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေခဲ့တာပဲ။ တကယ်တော့ တည်းဖြတ်သူတစ်ယောက်ရဲ့ အခြေခံတာဝန်က အသင့်တော်ဆုံး ရုပ်သံဖိုင်ကို ရွေးချယ်ပြီးတော့ ဗီဒီယို စီးဆင်းမှု ချောမွေ့အောင် နည်းစနစ်တချို့ကို သုံးဖို့ပဲ။ ဒါက တည်းဖြတ်သူတစ်ယောက်မှာ အနည်းဆုံး ရှိသင့်တဲ့ သဘောထားနဲ့ တာဝန်သိစိတ်ပဲ။ ဒါပေမဲ့ ကျွန်တော်က အမြဲ ပြီးစလွယ်လုပ်ပြီး လူလည်ကျရင်းနဲ့ ပြဿနာကို ရှောင်ရှားဖို့ ကြိုးစားခဲ့တဲ့အပြင် “ဒီလောက်ဆိုရပြီ”ဆိုတဲ့ အကြမ်းဖျင်း တည်းဖြတ်တာလောက်နဲ့ ကျေနပ်ပြီး ကျွန်တော့်ရဲ့ ကလေကချေဆန်တဲ့ သဘာဝနဲ့ တာဝန်ကို ချဉ်းကပ်ခဲ့တယ်။ ရေရှည်သာ ဒီလိုပုံစံနဲ့ ဆက်သွားရင် တည်းဖြတ်သူတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်မှာ ကျရှုံးမယ့်အပြင် ဗီဒီယိုအလုပ်ကို နှောင့်နှေးစေတဲ့အတွက် ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းတာ ခံရမှာပဲ။ အကျိုးဆက်တွေက အရမ်း ဆိုးရွားမှာပဲ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်တော် စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အကြီးအကျယ် အပြစ်တင်မိတယ်။ အဲဒါနဲ့ ကိစ္စတွေကို ပြောင်းလဲပြီး ကိုယ့်တာဝန်ကို ကလေကချေဆန်တဲ့သဘာဝနဲ့ သဘောမထားတော့ဖို့ လိုလားရင်းနဲ့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။

အဲဒီနောက်မှာ ကိုယ့်တာဝန်မှာ ကျွန်တော် နည်းနည်း ပိုပြီး လုံ့လစိုက်ထုတ်လာတယ်။ တစ်ခါတုန်းက စလိုဗက်ကီးယားဘာသာစကား ဗီဒီယိုတစ်ခုကို ကျွန်တော် တည်းဖြတ်နေခဲ့တယ်၊ ကျွန်တော် အပ်ပြီးတဲ့နောက်မှာ စစ်ဆေးပေးတဲ့ ညီအစ်မက စကားပြောခန်းတွေကြားက ရပ်နားတဲ့နေရာတွေမှာ ပြဿနာတစ်ခုရှိတာကို ထောက်ပြတယ်။ နောက်ပိုင်းမှာ ဒီပြဿနာကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းတစ်ခုကို ကျွန်တော် ရှာတွေ့ခဲ့တယ်၊ အဲဒါနဲ့ ကျွန်တော့်ရဲ့ တည်းဖြတ်မှုမှာ အဲဒါကို စမ်းသုံးကြည့်တယ်။ အံ့ဩစရာကောင်းတာက ဗီဒီယိုကို ကျွန်တော် ပြန်အပ်လိုက်တဲ့အခါ တည်းဖြတ်ထားတာ ကောင်းတယ်၊ ချောမွေ့တယ်လို့ ညီအစ်မက ပြောတယ်။ ဒါကို ကြားရတော့ ကျွန်တော် အရမ်းဝမ်းသာတယ်၊ ဒီနည်းလမ်းက ကျွန်တော့်တာဝန်ရဲ့ ရလဒ်တွေကို အတော်အတန် တိုးတက်စေနိုင်ပုံရတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကို သုံးရတာ နည်းနည်း ရှုပ်ထွေးတယ်၊ အဆင့်နည်းနည်း ပိုလိုတယ်။ ဗီဒီယိုတိုင်းကိုသာ ဒီလိုနည်းနဲ့ တည်းဖြတ်ရင် အရမ်းဒုက္ခများပြီး ကျွန်တော် ပိုဒုက္ခခံရမှာပဲ။ အဲဒါနဲ့ ကျွန်တော့်ရဲ့ တည်းဖြတ်နည်းအဟောင်းအတိုင်း ပြန်လုပ်လိုက်တယ်၊ မထူးဆန်းတာကတော့ ပြဿနာတွေ အများကြီး ထပ်ပေါ်လာတာပေါ့။ ကျွန်တော်သာ အားပိုစိုက်ပြီး အချိန်နည်းနည်းပိုပေးခဲ့ရင် ဒီပြဿနာတွေကို ရှောင်လွှဲနိုင်ခဲ့မယ်ဆိုတာ ကျွန်တော် အထူးတလည် သိခဲ့ရတယ်။ ဒါကို တွေးမိပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အကြီးအကျယ် အပြစ်တင်မိတယ်။ “ငါ့တာဝန်မှာ ငါ ဘာလို့ အားပိုမစိုက်နိုင်၊ အဖိုးအခ ပိုမပေးနိုင်ရတာလဲ။ ဘာလို့ ထပ်ပြီး ဝတ်ကျေတမ်းကျေ လုပ်နေရတာလဲ” လို့ပေါ့။ ကိုယ်ကျင့်တရား ကင်းမဲ့တဲ့သူတွေက ဘယ်တာဝန်ကိုမှ ကောင်းကောင်း မလုပ်နိုင်ဘူးလို့ ဘုရားသခင် ဖွင့်ပြထားတာကို ကျွန်တော် သတိရလိုက်တယ်၊ အဲဒါနဲ့ ဖတ်ဖို့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ အဲဒီအခန်းကို ကျွန်တော် ရှာလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်က မည်သည့်လူစားမျိုးကို ကယ်တင်သနည်း။ ၎င်းတို့အားလုံးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိပြီး သမ္မာတရားကို လက်ခံနိုင်သည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများသာ သမ္မာတရားကို လက်ခံနိုင်ပြီး တန်ဖိုးထားနိုင်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်သရွေ့ ယင်းကို လက်တွေ့လုပ်ဆောင်နိုင်သည်။ ထိုတာဝန်မသိတတ်သကဲ့သို့ ကျိုးကြောင်းမသင့်သောသူများသည် လူ့သဘာဝကင်းမဲ့သောသူများ ဖြစ်သည်။ နေ့စဉ်သုံးစကားဖြင့်ပြောရလျှင် ၎င်းတို့က သူတော်ကောင်းတရားမရှိဟု ပြောကြသည်။ သူတော်ကောင်းတရား ကင်းမဲ့ခြင်း၏ သဘာဝမှာ အဘယ်နည်း။ ဤသည်မှာ လူသားဟုခေါ်ဖို့ မထိုက်သည့်၊ လူ့သဘာဝကင်းမဲ့သော သဘာဝဖြစ်သည်။...သူတော်ကောင်းတရား ကင်းမဲ့သည့် လူများသည် လူ့သဘာဝမရှိကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းစွာ မည်သို့ ထမ်းဆောင်နိုင်မည်နည်း။ ၎င်းတို့သည် လူ့တိရစ္ဆာန်များ ဖြစ်ကြသောကြောင့် တာဝန်များကို ထမ်းဆောင်ဖို့ မထိုက်တန်ပေ။ သူတော်ကောင်းတရား ကင်းမဲ့သည့်သူများသည် မည်သည့်တာဝန်များကိုမျှ ကောင်းစွာ မထမ်းဆောင်ကြပေ။ အဆိုပါလူများသည် လူသားဟုခေါ်ဖို့ပင် မထိုက်တန်ပေ။ ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်ကြသည်၊ လူသားအသွင်ယူထားသည့် လူ့တိရစ္ဆာန်များ ဖြစ်သည်။ အသိတရားနှင့် အသိစိတ်ရှိသည့်သူများသာ လူ၏ကိစ္စများကို ကိုင်တွယ်နိုင်သည်၊ ၎င်းတို့ပြောသည့်စကားအတိုင်း တည်စေနိုင်သည်၊ ယုံကြည်စိတ်ချရလောက်ပြီး ‘ဖြောင့်မတ်သော လူကြီးလူကောင်း’ တစ်ဦးအဖြစ် အရည်အချင်းပြည့်မီသည်။ ‘ဖြောင့်မတ်သောလူကြီးလူကောင်း’ ဟူသည့် အသုံးအနှုန်းကို ဘုရားအိမ်တော်တွင် မသုံးပေ။ ထိုအစား ဘုရားအိမ်တော်သည် လူများ ရိုးသားဖို့ တောင်းဆိုသည်။ အကြောင်းမှာ ယင်းသည် သမ္မာတရား ဖြစ်သောကြောင့်တည်း။ ရိုးသားသောလူများသာလျှင် ယုံကြည်စိတ်ချရသည်၊ အသိတရားနှင့် အသိစိတ်ရှိပြီး လူသားဟု ခေါ်ဆိုခံရရန် ထိုက်တန်သည်။ လူတစ်ဦးသည် မိမိတာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း သမ္မာတရားကို လက်ခံနိုင်ပြီး ၎င်းတို့၏ တာဝန်များကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ရင်း စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နိုင်ပါက ဤလူသည် အစစ်အမှန်ရိုးသားပြီး တကယ့်ကို ယုံကြည်စိတ်ချရသည်။ ထို့ပြင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရနိုင်သူများသည် ရိုးသားသောလူများဖြစ်ကြသည်။ ယုံကြည်စိတ်ချရသော ရိုးသားသူ လူတစ်ယောက်ဖြစ်ခြင်းသည် သင်၏စွမ်းရည်များ သို့မဟုတ် ပုံပန်းသွင်ပြင်တို့နှင့် မဆိုင်ပေ။ ပြီးလျှင် သင်၏အစွမ်းအစ၊ လုပ်ရည်ကိုင်ရည် သို့မဟုတ် ဆုကျေးဇူးတို့နှင့် ပို၍ပင် မဆိုင်ပေ။ သမ္မာတရားကို သင်လက်ခံသရွေ့၊ တာဝန်သိသိ ပြုမူနိုင်သရွေ့နှင့် သင့်တွင် အသိတရားနှင့် အသိစိတ်ရှိပြီး ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်သရွေ့ လုံလောက်ပြီဖြစ်သည်။ လူတစ်ဦးတွင် လုပ်နိုင်စွမ်းများ မည်မျှပိုင်ဆိုင်ပါစေ အမှန်တကယ် ပူပန်ရမည့်အကြောင်းမှာ ၎င်းတို့တွင် သူတော်ကောင်းတရား ရှိမရှိဟူသည်ပင် ဖြစ်သည်။ တစ်စုံတစ်ဦးသည် သူတော်ကောင်းတရား မရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို လူသားဟု သဘောထား၍ မရနိုင်တော့ဘဲ အတိအကျဆိုရလျှင် လူ့တိရစ္ဆာန်တစ်ကောင်ဟုသာ သဘောထား၍ရတော့သည်။ ဘုရားအိမ်တော်မှ ဖယ်ရှားရှင်းလင်းခြင်း ခံရသောသူများသည် ၎င်းတို့တွင် လူ့သဘာဝနှင့် သူတော်ကောင်းတရားတို့ မရှိသောကြောင့် ဖယ်ရှားရှင်းလင်းခံရခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် ယုံကြည်သောလူများသည် သမ္မာတရားကို လက်ခံနိုင်ရမည်၊ ရိုးသားသောလူတစ်ဦးဖြစ်ရမည်၊ အနည်းဆုံး အသိတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်ရမည်၊ ၎င်းတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ရမည်၊ ထို့ပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ရမည်။ ဤလူများသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရနိုင်သည်။ ၎င်းတို့သည် သူ့ကို ရိုးသားစစ်မှန်စွာ ယုံကြည်သူများဖြစ်ကြပြီး သူ့အတွက် မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံနိုင်သူများဖြစ်ကြသည်။ ဤလူများသည် ဘုရားသခင် ကယ်တင်သည့်လူများဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ ကျွန်တော် နားလည်သွားတယ်။ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိတဲ့သူတွေကို ဘုရားသခင် ကယ်တင်တယ်၊ ဘာလို့လဲဆိုတော့ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ရှိတဲ့သူတွေကသာ သမ္မာတရားကို လက်ခံနိုင်တယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး သူတို့တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နိုင်လို့ပဲ။ လူ့သဘာဝ၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့သူတွေက သမ္မာတရားကို လက်မခံနိုင်ဘူး၊ နားလည်ရင်တောင်မှ လက်တွေ့မလုပ်ဆောင်နိုင်ကြဘူး။ ဘုရားသခင်ရဲ့ အမြင်မှာ အဲဒီလိုလူမျိုးတွေက လူတွေ မဟုတ်ဘဲ သားရဲတိရစ္ဆာန်တွေပဲ၊ သူတို့က ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကိုပဲ ခံရလိမ့်မယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်က ကျွန်တော့်နှလုံးသားကို စူးဝင်သွားတယ်။ ဘုရားသခင် ဖော်ထုတ်နေတဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့လူစားမျိုးက ကျွန်တော်ပါပဲ။ ဘုရားသခင်ကို ယုံကြည်လာတာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်ပြီး ကိုယ့်တာဝန်ကို သစ္စာရှိရှိ လုပ်ဆောင်ဖို့နဲ့ ဝတ်ကျေတမ်းကျေ မလုပ်ဖို့ဆိုတဲ့ ရှုထောင့်ဘက်က ဘုရားနှုတ်ကပတ်တော်တွေကို အများကြီး ဖတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ ကိုယ့်ဇာတိပကတိ ဒုက္ခမခံရတာ နည်းနည်း သက်သာအောင်လို့ ကျွန်တော်က ဖြတ်လမ်းနည်းသုံးပြီး ဉာဏ်များနေတုန်းပဲ၊ အလုပ်ကို နှောင့်နှေးစေနေတုန်းပဲ။ ကျွန်တော်က သမ္မာတရားကို လက်ခံတဲ့လူ လုံးဝ မဟုတ်သလို အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့လူလည်း မဟုတ်ခဲ့ပါဘူး။ အမှန်တကယ်က ခက်ခဲတဲ့ ဗီဒီယိုတွေကို ကြုံရတဲ့အခါ ကျွန်တော်သာ အားပိုစိုက်ပြီး အချိန်ပိုပေးရင် ကောင်းကောင်း တည်းဖြတ်နိုင်မှာပါ။ ဒါပေမဲ့ ကျွန်တော်က အလုပ်မရှုပ်ချင်ခဲ့ဘူး။ ကိုယ့်ဇာတိပကတိ သက်သာဖို့အတွက် ရိုက်ချက်တချို့ကို ဖြစ်သလိုရွေးပြီး အတူ ဆက်လိုက်တာ။ ကူးပြောင်းမှုတွေ မချောမွေ့တာကို မြင်တဲ့အချိန်မှာတောင် မပြင်ခဲ့ဘူး၊ အဲဒါကြောင့် ဗီဒီယိုက အကြိမ်ကြိမ် ပြန်ပြင်ရပြီး တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်။ ပိုကောင်းတဲ့ရလဒ်ရဖို့ ဗီဒီယိုထဲက ပြဿနာတွေကို ကိုင်တွယ်ဖို့ ပိုကောင်းတဲ့နည်းလမ်းတွေ ရှိမှန်း ကျွန်တော် ရှင်းရှင်းလင်းလင်း သိပေမဲ့ ကျွန်တော့်ရဲ့ ဇာတိပကတိ ဒုက္ခခံရမှာ ကြောက်လို့ အားအနည်းဆုံးစိုက်ရတဲ့ နည်းလမ်းကို ရွေးခဲ့တယ်၊ ဗီဒီယိုမှာ ပြဿနာတွေဖြစ်ပြီး အပြန်ပြန်အလှန်လှန် ပြန်ပြင်ရတာတွေနဲ့ လုပ်ငန်းစဉ်ကို နှောင့်နှေးစေခဲ့တယ်။ တကယ်တမ်းကျတော့ ဗီဒီယိုတစ်ခုကို ကောင်းကောင်း တည်းဖြတ်ဖို့ အဆင့်မြင့် နည်းပညာတွေ မလိုပါဘူး။ ဂရုစိုက်မှု၊ လုံ့လဝီရိယနဲ့ အားနည်းနည်း ပိုစိုက်လိုက်ရင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါကိုတောင် ကျွန်တော် မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော့်မှာ တကယ်ကို အသိစိတ် လုံးဝ မရှိခဲ့တာပါ။ ကိုယ့်ဇာတိပကတိ သက်သာဖို့ပဲ ဂရုစိုက်ပြီး အသင်းတော်ရဲ့ အလုပ်ကို နည်းနည်းလေးမှ ထည့်မတွက်ဘူး၊ အသင်းတော်ရဲ့ အကျိုးစီးပွားကို လုံးဝ ကာကွယ်မပေးခဲ့ဘူး။ ကျွန်တော်က တကယ်ကို မယုံကြည်ထိုက်ဘူး၊ အကျင့်သီလ အရမ်းကင်းမဲ့ပြီး လူ့သဘာဝ အရမ်းကင်းမဲ့တယ်။ တာဝန်သိစိတ်ရှိတဲ့လူသာ ဒီဗီဒီယိုကို တည်းဖြတ်ရင် မြန်မြန် လိုင်းပေါ်တင်နိုင်မှာဖြစ်ပြီး ဧဝံဂေလိတရား ဖြန့်ဝေတဲ့အလုပ်မှာ တစ်စိတ်တစ်ပိုင်းကို တစ်ရက်စောပြီး ပြနိုင်ခဲ့မှာပဲ။ ဗီဒီယို လိုင်းပေါ်တင်တာကို နှောင့်နှေးစေခဲ့တဲ့သူက ကျွန်တော်ပါ။ ကျွန်တော်က ဗီဒီယိုအလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေတာ၊ ဘုရားသခင်ကို အတိုက်အခံလုပ်နေတာပဲ။ ကျွန်တော်သာ အခြေအနေတွေကို မပြောင်းလဲရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းပယ်တာ၊ ဖော်ထုတ်တာ ခံရပြီး ဖယ်ရှားရှင်းလင်းတာ ခံရမှာပဲ။ ဒီလိုပုံစံနဲ့ ကျွန်တော် ဆက်သွားလို့ မရတော့ဘူး။ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ရမယ်၊ ရိုးသားတဲ့လူဖြစ်ဖို့ လိုက်စားရမယ်၊ ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းပြီး ကျွန်တော်မြင်ရတဲ့ ပြဿနာတိုင်းကို ပြင်ဖို့ အစွမ်းကုန် လုပ်ရမယ်။ ကျွန်တော့် စိတ်နှလုံးထဲကနေလည်း ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ကျွန်တော် ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်ပြီး တာဝန်မဲ့ခဲ့ပါတယ်။ ကိုယ်ကောင်းကောင်းလုပ်နိုင်စွမ်းရှိတဲ့အရာတွေကို မလုပ်ဘဲ ဗီဒီယို လိုင်းပေါ်တင်တာကို နှောင့်နှေးစေခဲ့ပါတယ်။ ကျွန်တော် တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ပြီး ယုံကြည်စိတ်ချရသူ မဟုတ်ပါဘူး။ အို ဘုရားသခင်၊ ကျွန်တော် နောင်တရချင်ပါတယ်။ အချိန်နဲ့ အင်အား ပိုစိုက်ထုတ်ရရင်တောင်၊ ပိုဒုက္ခခံရပြီး ပိုကြီးမားတဲ့ အဖိုးအခ ပေးရရင်တောင်၊ ကောင်းတဲ့ရလဒ်တွေ စွမ်းဆောင်ရရှိနိုင်သရွေ့ လုပ်ဆောင်ဖို့ ကျွန်တော် လိုလားပါတယ်။ ကျွန်တော်သာ ထပ်ပြီး ဝတ်ကျေတမ်းကျေ လုပ်မိရင် ကိုယ်တော် ကျွန်တော့်ကို ဆုံးမပဲ့ပြင်ပြီး ရိုက်နှက်ဆုံးမတော်မူပါ” လို့ပေါ့။

အဲဒီနောက်မှာ ကိုယ့်တာဝန်အပေါ်ထားတဲ့ အရင်က မှားယွင်းတဲ့ သဘောထားကို ကျွန်တော် ပြောင်းလဲပစ်လိုက်တယ်။ ဗီဒီယိုတွေ တည်းဖြတ်ဖို့ အချိန်နဲ့ အင်အား ပိုစိုက်ထုတ်ရပေမဲ့ တည်းဖြတ်ပြီးတဲ့ ဗီဒီယိုတွေက ပိုပြီး ချောမွေ့ပုံပေါ်လာတယ်၊ လိုင်းပေါ်တင်တဲ့ လုပ်ငန်းစဉ်ကလည်း နည်းနည်း ပိုမြန်လာတယ်။ ဒီလိုပုံစံနဲ့ တာဝန်ထမ်းဆောင်ရတာ ကျွန်တော် စိတ်ပိုအေးသွားတယ်။ ခဏကြာတော့ ကျွန်တော် တည်းဖြတ်တဲ့ ဗီဒီယိုတွေက တော်တော် ချောမွေ့တယ်လို့ ညီအစ်ကို မောင်နှမတချို့က မှတ်ချက်ပေးတဲ့အကြောင်းပြောတဲ့ စာတစ်စောင်ကို ကြီးကြပ်ရေးမှူးက ပို့လာခဲ့ပြီး လူတိုင်းကို ဝေမျှပေးဖို့ ကောင်းတဲ့နည်းလမ်းတွေ တစ်ခုတလေ ရှိလားလို့ မေးတယ်။ ဒါကို ကြားရတော့ ကျွန်တော် အရမ်း စိတ်လှုပ်ရှားသွားပြီး ပြန်ဆင်ခြင်မိတယ်။ ကိုယ့်တာဝန်မှာ အားပိုစိုက်ပြီး အဖိုးအခ ပိုပေးဆပ်ရမယ်ဆိုတဲ့ ဘုရားသခင် ပြောတဲ့အတိုင်း ကျွန်တော် လိုက်နာရုံပဲ ရှိပါသေးတယ်။ ကိုယ့်တာဝန်ရဲ့ ရလဒ်တွေ ဒီလောက် တိုးတက်လာမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်တော့်အတွေ့အကြုံနဲ့ တည်းဖြတ်နည်းကို ညီအစ်ကို မောင်နှမတွေနဲ့ ဝေမျှခဲ့တယ်၊ သူတို့အားလုံးက အဲဒါကို တော်တော် အထောက်အကူဖြစ်တယ်လို့ မြင်ခဲ့ကြတယ်။

ဝတ်ပြုနေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ပြီး ဝတ်ကျေတမ်းကျေလုပ်ခြင်းရဲ့ အကျိုးဆက်တွေနဲ့ပတ်သက်ပြီး နားလည်မှုတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်မှာ ပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားသည် အလွန်အရေးကြီးသည်။ ပြီးလျှင် ၎င်းတို့၏ အတွေးများနှင့် စိတ်ကူးများကို အဘယ်နေရာသို့ ဦးတည်သည်မှာ အလွန်အရေးကြီးသည်။ လူတို့သည် မည်သည့် စိတ်အခြေအနေတွင် ရှိနေသည်၊ မိမိတာဝန်ကို ထမ်းဆောင်ရာတွင် စွမ်းအင်မည်မျှကို ၎င်းတို့ အသုံးချသည်တို့ကို ဘုရားသခင်မှ စိစစ်ပြီး မြင်နိုင်သည်။ လူတို့သည် ၎င်းတို့လုပ်သည့်အရာ၌ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံကို အသုံးပြုရန်မှာ အလွန်အရေးပါသည်။ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတို့သည် ၎င်းတို့ ပြီးမြောက်ခဲ့သော တာဝန်များနှင့် ၎င်းတို့ လုပ်ဆောင်ခဲ့သော အရာများအပေါ်တွင် နောင်တမရရှိရန် ကြိုးပမ်းမှသာလျှင်၊ ဘုရားသခင်အား အကြွေးတင်ခြင်း မရှိမှသာလျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးနှင့်ခွန်အား အလုံးစုံဖြင့် ပြုမူဆောင်ရွက်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် သင်၏ အားအင်နှင့် စိတ်နှလုံးအပြည့်အဝကို ထည့်ရန် အစဉ်သဖြင့် ပျက်ကွက်လျှင်၊ သင်သည် အဆက်မပြတ် ဝတ်ကျေတမ်းကျေဖြစ်လျှင်၊ အလုပ်အပေါ် ကြီးမားသော ထိခိုက်နစ်နာစေလျှင်၊ ဘုရားသခင်တောင်းဆိုသော အကျိုးတရားများကို မှီအောင်မလုပ်နိုင်လျှင် တစ်ခုသာ သင့်ထံတွင် ဖြစ်ပျက်နိုင်သည်။ သင်သည် ဖယ်ရှားရှင်းလင်းခံရမည်။ ထို့အချိန်တွင် နောင်တများရရန် အချိန်ရှိသေးသလော။ ရှိမည်မဟုတ်ပေ။ ဤလုပ်ရပ်များသည် ထာဝရ နောင်တ၊ အစွန်းအထင်းတစ်ခု ဖြစ်လိမ့်မည်။ အဆက်မပြတ် ဝတ်ကျေတမ်းကျေဖြစ်ခြင်းသည် အစွန်းအထင်းတစ်ခုဖြစ်သည်။ ကြီးလေးသော ပြစ်မှားမှုတစ်ခုဖြစ်သည်။ ဟုတ်သလော။ မဟုတ်သလော။ (ဟုတ်သည်။) သင်၏ အားအင်နှင့် စိတ်နှလုံး အပြည့်အဝဖြင့် သင်၏ ဝတ္တရားများကို၊ သင်လုပ်ဆောင်သင့်သည့် အရာတိုင်းကို ဆောင်ရွက်ရန် ကြိုးပမ်းရမည်။ ဝတ်ကျေတမ်းကျေဖြစ်ခြင်း၊ နောင်တတစ်ခုခုဖြစ်ခြင်း မရှိရပေ။ ထိုသို့လုပ်နိုင်လျှင် သင်ထမ်းဆောင်သည့်တာဝန်ကို ဘုရားသခင်က အောက်မေ့ဂုဏ်ပြုလိမ့်မည်။ ဘုရားသခင် အောက်မေ့ဂုဏ်ပြုသောအရာများသည် ကောင်းမှုများဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင် အောက်မေ့ဂုဏ်ပြုခြင်းမရှိသော အရာများမှာ အဘယ်နည်း။ (၎င်းတို့သည် ပြစ်မှားမှုများနှင့် မကောင်းမှုများဖြစ်သည်။) ဤသို့အားဖြင့် လက်ရှိအချိန်တွင် မကောင်းမှုများကို ဖော်ပြပါက ယင်းတို့သည် မကောင်းမှုများ ဖြစ်သည်ကို သင်သည် လက်ခံချင်မှ လက်ခံပေလိမ့်မည်။ သို့သော် ထိုအရာများအပေါ်တွင် အရေးကြီးသော အကျိုးဆက်များ ဖြစ်ပေါ်လာသည့် နေ့တစ်နေ့ ရောက်လာလျှင်၊ ပြီးလျှင် ယင်းတို့သည် အပျက်သဘောဆောင်သော လွှမ်းမိုးမှုတစ်ခု ဖြစ်ပေါ်စေလျှင် ဤအရာတို့သည် အပြုအမူဆိုင်ရာ ပြစ်မှားမှုသက်သက်သာ မဟုတ်ဘဲ မကောင်းမှုများဖြစ်သည်ကို သင် ခံစားမိလိမ့်မည်။ ဤအရာကို သင် နားလည်သဘောပေါက်သည့်အခါ သင်သည် နောင်တရမည်ဖြစ်ပြီး ‘ငါ ကာကွယ်မှု အနည်းငယ် ပြုလုပ်သင့်ခဲ့သည်။ အစကတည်းက အနည်းငယ်ပို၍ တွေးတောပြီး အားထုတ်လျှင် ဤအကျိုးဆက်ကို ရှောင်နိုင်လိမ့်မည်’ဟု မိမိ ဘာသာ စဉ်းစားမိလိမ့်မည်။ သင့်စိတ်နှလုံးရှိ ဤထာဝရ အစွန်းအထင်းကို မည်သည့်အရာကမျှ ဖယ်ရှားပေးလိမ့်မည် မဟုတ်။ ထို့အပြင် ယင်းသည် သင့်အား ထာဝရ အကြွေးတင်စေလျှင် သင်သည် ဒုက္ခရောက်လိမ့်မည်။ ထို့ကြောင့် ယနေ့တွင် သင်သည် မည်သည့်နောင်တမျှမရှိဘဲ ဘုရားသခင် အောက်မေ့ဂုဏ်ပြုသည့် ပုံစံဖြင့် ရှင်းလင်းသည့် အသိစိတ်ဖြင့် တာဝန်ထမ်းကို ထမ်းဆောင်ရန်အတွက် ဘုရားသခင်က သင့်အား ပေးအပ်သော စေခိုင်းချက်တွင် သင်၏ အားအင်နှင့် စိတ်နှလုံးအပြည့်အဝထည့်ရန် ကြိုးပမ်းရမည်။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ ဝတ်ကျေတမ်းကျေပြုခြင်း မရှိနှင့်။ သင်သည် စိတ်လိုက်မာန်ပါ အမှားတစ်ခု ပြုလုပ်မိပြီး ယင်းက ကြီးလေးသော ပြစ်မှားမှုတစ်ခုဖြစ်လျှင် ဤသည်မှာ ထာဝရအစွန်းအထင်းတစ်ခု ဖြစ်လာလိမ့်မည်။ သင်သည် နောင်တရသည်နှင့်တစ်ပြိုင်နက် ယင်းတို့အတွက် ပြန်လည်ပေးဆပ်နိုင်လိမ့်မည် မဟုတ်ဘဲ ယင်းတို့သည် ထာဝရ နောင်တများ ဖြစ်လိမ့်မည်။ ဤလမ်းကြောင်းနှစ်ခုလုံးကို ရှင်းလင်းစွာ မြင်သင့်သည်။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရရန် မည်သည့်လမ်းကြောင်းကို သင် ရွေးချယ်သင့်သနည်း။ မည်သည့်နောင်တမျှ မရှိဘဲ သင်၏ စိတ်နှလုံး၊ ခွန်အားအလုံးစုံဖြင့် သင့်တာဝန်ကို ထမ်းဆောင်ခြင်း၊ ကောင်းမှုများကို ပြင်ဆင်ပြီး စုဆောင်းခြင်းဖြစ်သည်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အခြားလူများ၏ တာဝန်များကို ထမ်းဆောင်ခြင်းအား နှောင့်ယှက်မည့် မကောင်းမှုကို မလုပ်နှင့်။ သမ္မာတရားကို ဆန့်ကျင်ပြီး ဘုရားသခင်ကို အာခံဆန့်ကျင်သော မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ တစ်သက်လုံး ရရှိမည့်နောင်တများကို မဖြစ်ပေါ်စေနှင့်။ လူတစ်ဦးက ပြစ်မှားမှုများကို အလွန်အမင်း ကျူးလွန်မိပါက မည်သို့ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့အပေါ် ဘုရားသခင်၏ ဒေါသကို ဆက်လက် တိုးပွားလာနေစေခြင်းဖြစ်သည်။ သင်သည် အစဉ်သဖြင့် ဆက်လက်ပြစ်မှားနေပြီး သင့်အပေါ် ဘုရားသခင်၏ အမျက်ဒေါသသည် အစဉ် ကြီးမားလာလျှင် အဆုံး၌ သင်သည် အပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ ကျွန်တော် အရမ်းတို့ထိခံခဲ့ရတယ်။ “အဆက်မပြတ် ဝတ်ကျေတမ်းကျေဖြစ်ခြင်းသည် အစွန်းအထင်းတစ်ခုဖြစ်သည်။ ကြီးလေးသော ပြစ်မှားမှုတစ်ခုဖြစ်သည်” ဆိုတဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် ထပ်ခါတလဲလဲ ဆင်ခြင်သုံးသပ်ခဲ့တယ်။ ကိုယ့်တာဝန်မှာ အမြဲတမ်း ဝတ်ကျေတမ်းကျေ လုပ်နေခြင်းအားဖြင့် ကျွန်တော်က ကောင်းမှုတွေကို ပြင်ဆင်ဖို့ ပျက်ကွက်နေတာတင်မကဘူး၊ တကယ်တမ်းမှာ ဒုစရိုက်အမှုတွေကို စုဆောင်းနေတာပဲဆိုတာကို သဘောပေါက်လာတယ်။ တစ်နေ့မှာ ဒါက ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်စေခဲ့ရင် ကျွန်တော် လုံးဝ ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ကျွန်တော် တည်းဖြတ်လိုက်တဲ့ ဗီဒီယိုတွေသာ ဘယ်သူမှ မစစ်ဆေးဘဲ တိုက်ရိုက် အွန်လိုင်း ရောက်သွားခဲ့ရင် အဲဒီထဲက ပြဿနာတွေအားလုံးက ဘုရားသခင်ကို အကြီးအကျယ် အရှက်ရစေမှာ။ ဘုရားသခင်ဆီကနေ ရေလောင်းပေးခြင်းနဲ့ သမ္မာတရား ထောက်ပံ့မှုတွေကို ကျွန်တော် အများကြီး ခံစားခဲ့ရတယ်၊ ဒါကြောင့် ကိုယ့်တာဝန်ကို ဖြည့်ဆည်းပြီး ဗီဒီယိုတွေကို ကောင်းကောင်း တည်းဖြတ်သင့်တာပေါ့။ ဒါပေမဲ့ ကျွန်တော်က ဝတ်ကျေတမ်းကျေလုပ်ပြီး တာဝန်မဲ့ခဲ့တယ်။ ပညတ်တော်ခေတ်တုန်းက ဘုရားသခင်ကို ခြေကျိုး၊ မျက်ကန်းဖြစ်တဲ့ နွားတွေ၊ သိုးတွေနဲ့ ချိုးငှက်တွေ ပူဇော်တဲ့လူတွေနဲ့ ကျွန်တော့်ကြားမှာ ကွာခြာတာ တစ်ခုတလေရှိလို့လား။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ မစဉ်းစားဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေကို ကျွန်တော် ခံစားနေခဲ့တာ၊ ပြီးတော့ ကျွန်တော် ပူဇော်ခဲ့တာက အညံ့ဆုံး ပူဇော်သက္ကာပဲ။ ဒါက ဘုရားသခင်ကို ဗြောင်ကျကျ အရူးလုပ်ပြီး လှည့်ဖြားတာပဲ။ ဘုရားသခင်ရဲ့ အမျက်ဒေါသကို စုဆောင်းနေတာပဲ။ ကျွန်တော်သာ နောင်တမရဘဲ ဆက်လုပ်နေရင် အနည်းဆုံးတော့ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး ဖယ်ရှားခံရမှာဖြစ်ပြီး ဆိုးရွားရင်တော့ ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးတာကို ကျွန်တော် ရင်ဆိုင်ရလိမ့်မယ်။ ကိုယ့်တာဝန်မှာ တစ်သမတ်တည်း ဝတ်ကျေတမ်းကျေလုပ်ခဲ့တဲ့ မားတီးယပ်စ်လို့ခေါ်တဲ့ လူတစ်ယောက်ကို ကျွန်တော် တွေးမိတယ်။ သူလုပ်သမျှအရာတိုင်းမှာ ပြီးပြီးရောဆိုပြီး လုပ်ခဲ့တာ၊ သူများတွေက သူ့အမှားတွေကို အမြဲတမ်း လိုက်ပြင်ပေးရတယ်၊ သူရှုပ်ထားတာတွေကို လိုက်ရှင်းပေးရတယ်၊ အဲဒါကြောင့် အသင်းတော်ရဲ့အလုပ်ကို အကြီးအကျယ် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တာပေါ့။ အကြိမ်ကြိမ် ပြုပြင်ခံရပြီးတာတောင် သူ နောင်တမရသေးဘဲ သာမန်အသင်းတော်တစ်ခုဆီ အပို့ခံလိုက်ရတယ်။ အဲဒီမှာလည်း သူ အခြေအနေတွေ မပြောင်းလဲသေးဘူး၊ တာဝန်တွေတောင် ဆက်မထမ်းဆောင်တော့ဘဲ နောက်ဆုံးမှာ အသင်းတော်ကနေ ရှင်းလင်းပစ်တာ ခံလိုက်ရတယ်လို့ ကျွန်တော် ကြားတယ်။ သူများတွေရဲ့ ကျရှုံးမှုတွေကို တွေးမိပြီး ကျွန်တော် မကြောက်ဘဲ မနေနိုင်ဘူး။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလို့ မရဘူးဆိုတာကိုလည်း ကျွန်တော် ကြုံတွေ့လာရတယ်။ အသင်းတော်မှာ တာဝန်တစ်ခု ထမ်းဆောင်နိုင်သေးတဲ့အချက်က ဘုရားသခင်ရဲ့ သနားကရုဏာဖြစ်ပြီး ကျွန်တော့်အတွက် နောင်တရဖို့ အခွင့်အရေးဖြစ်ပါတယ်။ ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်တော် မြန်မြန် ရှာဖွေရမယ်။

နောက်ပိုင်းမှာ ဝတ်ကျေတမ်းကျေလုပ်တဲ့ သဘောထားကို ဖြေရှင်းဖို့ လမ်းကြောင်းကို ဘုရားနှုတ်ကပတ်တော်ထဲကနေ ကျွန်တော် တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူများက ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှန်တကယ်ပင် ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်နေကြသည်။ သို့သော် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ယင်းကို လုပ်ဆောင်ပါက၊ သင်သည် ရိုးသားသည့် သဘောထားနှင့် စိတ်နှလုံးပါလျက် တာဝန် ထမ်းဆောင်ပြီး ဘုရားကိုနာခံပါက ဤသဘောထားသည် သာ၍ မှန်ကန်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်သည် သင်၏နေ့စဉ်အသက်တာတွင် ဤသဘောထားကို မည်သို့ လက်တွေ့ကျင့်သုံးသင့်သနည်း။ သင်သည် ‘ဘုရားသခင်ကို စိတ်နှလုံးပါလျက် ရိုးသားမှုဖြင့် ဝတ်ပြုကိုးကွယ်ခြင်း’ ကို သင်၏စစ်မှန်မှု ဖြစ်စေရမည်။ သင်သည် ဝတ်ကျေတမ်းကျေ လုပ်ချင်သည့်အခါတိုင်း၊ ကလိမ်ကျချင်ပြီး ပျင်းရိချင်သည့်အခါတိုင်း၊ အာရုံပျံ့လွင့်သည့်အချိန်တိုင်း သို့မဟုတ် ပျော်ပါးချင်သည့် အချိန်တိုင်းတွင် ဤသို့ သင်စဉ်းစားဆင်ခြင်သင့်၏။ ‘ဤသို့ပြုမူခြင်းဖြင့် ငါသည် ယုံကြည်စိတ်ချ၍မရသူ ဖြစ်နေသလော။ ဤသည်မှာ ငါ၏တာဝန်ကို ထမ်းဆောင်ရာတွင် ငါ၏ စိတ်ကိုနှစ်ထားခြင်းလော။ ဤသို့လုပ်ဆောင်ခြင်းဖြင့် ငါသည် သစ္စာစောင့်သိရန် ပျက်ကွက်နေခြင်းလော။ ငါ့ကို ဘုရားသခင် အပ်နှံထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် လျော်ညီအောင် အသက်ရှင်ဖို့ ငါ ပျက်ကွက်နေခြင်းလော’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်သင့်သည့်ပုံ ဖြစ်သည်။ သင်သည် သင်၏တာဝန်တွင် အစဉ် ဝတ်ကျေတမ်းကျေပြုကြောင်း၊ သစ္စာစောင့်သိခြင်း မရှိကြောင်းနှင့် သင်သည် ဘုရားသခင်ကို နာကျင်စေခဲ့ကြောင်း သိလာလျှင် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ သင်က ‘ထိုအခိုက်အတန့်တွင် တစ်ခုခုမှားနေသည်ကို ငါခံစားရသည်။ သို့သော် ယင်းကို ပြဿနာအဖြစ် ငါ သဘောမထားခဲ့ပေ။ ပေါ့ဆစွာဖြင့် ဖော့ပြောလိုက်သည်။ ယခုမှသာ ငါသည် တကယ်ကို ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသည်၊ ငါ၏ တာဝန်ကို စံမီအောင် မထမ်းဆောင်ခဲ့သည်ကို သဘောပေါက်ခဲ့သည်။ ငါသည် အမှန်ပင် အသိတရားနှင့် ဆင်ခြင်တုံတရားကင်းမဲ့သည်’ ဟု ပြောဆိုသင့်သည်။ သင်သည် ပြဿနာကို တွေ့ရှိပြီး သင့်ကိုယ်သင် အနည်းငယ်သိလာသည်။ ထို့ကြောင့် ယခုအခါတွင် သင့်ကိုယ်သင် ပြန်လှည့်လာရမည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထားက မှားယွင်းသည်။ သင်သည် ယင်းကို အပိုအလုပ်တစ်ခုကဲ့သို့ သဘောထားပြုမူပြီး ဖြစ်ကတတ်ဆန်း အားထုတ်မှုတစ်ခုကိုသာ ပြုလုပ်ခဲ့ကာ ယင်းကို စိတ်မနှစ်ထားပေ။ သင်သည် ဤသို့ ထပ်မံ၍ ဝတ်ကျေတမ်းကျေပြုလျှင် ဘုရားကို ဆုတောင်းရမည်ဖြစ်ပြီး ဘုရားသခင်ကို သင့်အား ပဲ့ပြင်ဆုံးမကာ ရိုက်နှက်ဆုံးမခွင့် ပေးရမည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ဤသို့သော စိတ်ပိုင်းဖြတ်ချက် သင်၌ ရှိမှသာလျှင် သင်သည် အမှန်တကယ် နောင်တရနိုင်သည်။ သင်၏ အသိစိတ်က ရှင်းလင်းပြီး တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင့်သဘောထားက ပြောင်းလဲသွားမှသာ သင့်ကိုယ်သင် အမှန်တကယ် ပြောင်းလဲပြီးဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်းအားဖြင့်သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိနိုင်သည်)လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည့်အတွက် သူတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ မကြာခဏ ဝတ်ကျေတမ်းကျေပြုကြသည်။ ဤသည်မှာ ပြဿနာအားလုံးတွင် အဆိုးဆုံးတစ်ခုဖြစ်သည်။ လူတို့သည် မိမိတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်ရမည်ဆိုလျှင် ဤဝတ်ကျေတမ်းကျေပြုခြင်းပြဿနာကို အရင်ဦးဆုံး ကိုင်တွယ်ရမည်။ ၎င်းတို့တွင် ဝတ်ကျေတမ်းကျေဖြစ်သည့် သဘောထားရှိသရွေ့ ၎င်းတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ ဝတ်ကျေတမ်းကျေဖြစ်ခြင်းပြဿနာကို ဖြေရှင်းခြင်းသည် အလွန့်အလွန် အရေးကြီးသည်ဟူသည့် သဘောဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ရှေးဦးစွာ ၎င်းတို့၏ စိတ်အခြေအနေပြဿနာကို အရင်ဆုံး ဖြေရှင်းရမည်။ လှည့်စားဖို့၊ သို့မဟုတ် ဝတ်ကျေတမ်းကျေဖြစ်ဖို့ မရည်ရွယ်သင့်ဘဲ ၎င်းတို့၏ တာဝန်များကို မှန်ကန်စွာ ချဉ်းကပ်ပြီး အမှုအရာများကို လေးနက်မှုနှင့် တာဝန်သိစိတ်တစ်ခုဖြင့် လုပ်ဆောင်ရမည်။ မိမိ၏ တာဝန်သည် ဘုရားသခင်အတွက် ထမ်းဆောင်ခြင်းဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ စိစစ်မှုကို လက်ခံနိုင်လျှင် မှန်ကန်သည့် စိတ်အခြေအနေ ရှိလိမ့်မည်။ ထို့အပြင် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် လူတို့သည် ယင်းကို ဆန်းစစ်ရမည်။ ဆင်ခြင်သုံးသပ်ရမည်။ မိမိတို့၏ စိတ်နှလုံးတွင် အနည်းငယ် စိတ်မသက်မသာ ခံစားရပြီး အသေးစိတ် စစ်ဆေးပြီးနောက်တွင် အမှန်တကယ် ပြဿနာတစ်ခုရှိသည်ကို တွေ့ရှိလျှင် အပြောင်းအလဲများ ပြုလုပ်ရမည်။ ဤအပြောင်းအလဲများ ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံး၌ စိတ်အေးလက်အေး ခံစားရမည်။ လူတို့သည် စိတ်မသက်မသာ ခံစားရသည့်အခါ ပြဿနာတစ်ခုရှိသည်ကို သက်သေပြသည်။ ၎င်းတို့လုပ်ဆောင်ပြီးခဲ့သည့်အရာကို လုံ့လရှိစွာ စစ်ဆေးရမည်။ အထူးသဖြင့် အရေးပါသည့် အဆင့်များတွင်ဖြစ်သည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ရာတွင် တာဝန်သိတတ်သော သဘောထားတစ်ခုဖြစ်သည်။ လူတစ်ဦးသည် အလေးအနက်ထားနိုင်သောအခါ၊ တာဝန်ယူနိုင်ပြီး သူ၏ စိတ်နှလုံးအကြွင်းမဲ့ ပေးနိုင်သောအခါတွင် အလုပ်သည် သင့်လျော်စွာ ပြီးမြောက်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်စိတ်နှလုံးကို လင်းလက်သွားစေတယ်။ တာဝန်ထမ်းဆောင်ခွင့်ရတဲ့ အခွင့်အရေးကို တန်ဖိုးထားရမယ်၊ လုပ်နေတဲ့အချိန်မှာ ဘုရားသခင်ရဲ့ စိစစ်တာကို လက်ခံရမယ်ဆိုတာ ကျွန်တော် သိလိုက်တယ်။ ဝတ်ကျေတမ်းကျေလုပ်ဖို့ တွေးမိတိုင်း ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ဆန့်ကျင်တွန်းလှန်ရမယ်၊ ကိုယ့်တာဝန်မှာ ဖြစ်နိုင်သမျှ အကောင်းဆုံး ရလဒ်တွေရဖို့ ကြိုးစားရမယ်။ ဒါ့အပြင် ကျွန်တော်လုပ်သမျှမှာ အားစိုက်ထုတ်ပြီး အလေးအနက်ထားရမယ်၊ ရလဒ်ကောင်းရဖို့အတွက် ဒုက္ခ၊ ဒါမှမဟုတ် ဆင်းရဲဒုက္ခကို မရှောင်လွှဲရဘူး။ အဲဒီနောက်မှာ ကိုယ့်တာဝန်မှာ ဘုရားနှုတ်ကပတ်တော်နဲ့အညီ ကျွန်တော် လက်တွေ့လုပ်ဆောင်ပြီး ဗီဒီယိုတိုင်းကို ဂရုတစိုက် တည်းဖြတ်ခဲ့တယ်။ ရုပ်သံဖိုင်ရွေးဖို့ အချိန်အများကြီးလိုတဲ့ ခက်ခဲတဲ့ ဗီဒီယိုတွေကို ကြုံရပြီး၊ အရမ်းဒုက္ခများတယ်လို့ ခံစားရတဲ့အခါ ကိုယ့်ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ဖို့ ဘုရားသခင်ဆီ ကျွန်တော် သတိရှိရှိ ဆုတောင်းတယ်၊ ကိုက်ညီတဲ့ ရုပ်သံဖိုင်ကောင်း ရှာတွေ့ဖို့ အစွမ်းကုန် ကြိုးစားတယ်။ တည်းဖြတ်ပြီးတဲ့နောက်မှာ နှစ်ခေါက်ပြန်စစ်တယ်၊ ကျွန်တော်တွေ့နိုင်သမျှ ပြဿနာတိုင်းကို ပြင်ပြီး မွမ်းမံတယ်။ ကိုယ့်တာဝန်မှာ ပေါ်လာတဲ့ ပြဿနာတွေကိုလည်း ကျွန်တော် မကြာခဏ အနှစ်ချုပ်တယ်၊ ကျွန်တော် မကိုင်တွယ်နိုင်တာ တစ်ခုခုရှိရင် ပူးပေါင်းဆောင်ရွက်ပေးတဲ့ ညီအစ်ကိုကို မေးတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော့်ရဲ့ နည်းပညာပိုင်းဆိုင်ရာ စွမ်းရည်တွေ နည်းနည်း တိုးတက်လာတယ်၊ ကျွန်တော့်ဗီဒီယိုတွေကို စစ်ဆေးတဲ့ ညီအစ်ကိုက ထောက်ပြတဲ့ ပြဿနာတွေ ပိုနည်းသွားတယ်၊ ပြီးတော့ ဗီဒီယိုတော်တော်များများက တစ်ခေါက်စစ်ပြီးတာနဲ့ တန်းပြီး လိုင်းပေါ်တင်လို့ ရသွားတယ်။ ဒီရလဒ်တွေကို မြင်တော့ ကျွန်တော် အရမ်းပျော်ပြီး စိတ်အေးသွားတယ်။

နောက်ပိုင်းမှာ ကျွန်တော့်အတွက် စမ်းသပ်မှုတစ်ခုလို့ ခံစားရတဲ့ ကိစ္စတစ်ခု ဖြစ်လာတယ်။ ကျွန်တော် တည်းဖြတ်ထားတဲ့ ဗီဒီယိုကို အပ်ပြီးပြီဖြစ်ပေမဲ့ မမျှော်လင့်ဘဲနဲ့ နှစ်ရက်ကြာတော့ ညီအစ်မတစ်ယောက်က ပြန်သွင်းထားတဲ့ အသံဖိုင်တစ်ခု ကျွန်တော့်ဆီ ရုတ်တရက် ပို့လာတယ်။ အရင်အသံသွင်းထားတာက နည်းပညာပိုင်းဆိုင်ရာ ပြဿနာတချို့ ရှိခဲ့လို့ အသံအရည်အသွေး သိပ်မကောင်းဘူး၊ အဲဒါကို ပြန်သွင်းထားတယ်လို့ သူက ပြောတယ်။ အသံဖိုင်အသစ်နဲ့ ကိုက်ညီဖို့ ဗီဒီယိုကို ကျွန်တော် ပြန်တည်းဖြတ်ဖို့ လိုလာတယ်။ အစတော့ ကျွန်တော် လက်မခံနိုင်ဘူး၊ “မဖြစ်နိုင်တာ၊ ပြန်တည်းဖြတ်ရမယ် ဟုတ်လား။ ဒါဆို ငါ့အရင်အလုပ်တွေ အများစုက အလကားဖြစ်ကုန်တာပေါ့” လို့ တွေးမိတယ်။ ပြန်ပြင်ဖို့ နောက်ထပ် နေ့တစ်ဝက်လောက် အချိန်ပေးရမယ်ဆိုတဲ့ အတွေးကြောင့် ကျွန်တော် မလုပ်ချင်တော့ဘူး။ အရမ်းဒုက္ခများတယ်လို့ ခံစားရတယ်။ နောက်တော့ ကျွန်တော် ကြီးကြပ်ရေးမှူးဆီ သွားမေးတော့ အရင်အသံဖိုင် အရည်အသွေးက သိပ်မကောင်းပေမဲ့ လက်ခံနိုင်တဲ့ အနေအထားရှိပါသေးတယ်၊ ဒါကြောင့် အစားမထိုးရင်လည်း ရပါတယ်လို့ သူက ပြောတယ်။ သူအဲဒီလိုပြောတာကြားတော့ ကျွန်တော် ကိုယ့်ဘာသာ တွေးမိတယ်။ “ကွက်တိပဲ။ ဒီလိုနဲ့ဆို ငါ ပြန်တည်းဖြတ်ရတဲ့ ဒုက္ခကို ဖြတ်သန်းစရာမလိုဘူးပဲ” လို့ပေါ့။ နောက်ပိုင်းမှာ ညီအစ်မ ပို့ပေးတဲ့ အသံဖိုင်အသစ်နဲ့ အဟောင်းကို ကျွန်တော် ယှဉ်ကြည့်လိုက်တော့ အသစ်က တကယ်ကို အများကြီး ပိုကောင်းနေတာ တွေ့လိုက်ရတယ်။ အဲဒီအချိန်မှာ ကျွန်တော် တွန့်ဆုတ်သွားတယ်၊ “အသံဖိုင်ကို ငါ အစားထိုးသင့်လား၊ မထိုးသင့်ဘူးလား။ အစားမထိုးရင် ငါ ဒုက္ခသက်သာမယ်။ ဗီဒီယိုကလည်း ပုံမှန်အတိုင်း လိုင်းပေါ်တင်လို့ရမှာဖြစ်ပေမဲ့ အရည်အသွေးက ထိခိုက်သွားမှာပဲ။ ညီအစ်မကလည်း အသံဖိုင် ပြန်သွင်းထားပြီးပြီ၊ အဟောင်းနေရာမှာ အစားထိုးလိုက်ရင် ဗီဒီယိုရလဒ် ပိုကောင်းလာလိမ့်မယ်။ အသံဖိုင်အစားထိုးပြီး ဗီဒီယို ပြန်တည်းဖြတ်ဖို့ ငါ အချိန်နည်းနည်း မပေးသင့်ဘူးလား” ပေါ့။ အဲဒီအချိန်မှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် စိတ်ထဲပေါ်လာတယ်။ “သင်၏ အားအင်နှင့် စိတ်နှလုံး အပြည့်အဝဖြင့် သင်၏ ဝတ္တရားများကို၊ သင်လုပ်ဆောင်သင့်သည့် အရာတိုင်းကို ဆောင်ရွက်ရန် ကြိုးပမ်းရမည်။ ဝတ်ကျေတမ်းကျေဖြစ်ခြင်း၊ နောင်တတစ်ခုခုဖြစ်ခြင်း မရှိရပေ။ ထိုသို့လုပ်နိုင်လျှင် သင်ထမ်းဆောင်သည့်တာဝန်ကို ဘုရားသခင်က အောက်မေ့ဂုဏ်ပြုလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်အတွက် အချိန်ကိုက် သတိပေးချက်ပါပဲ။ ဒီဗီဒီယိုကို ပြန်ပြင်ဖို့ အချိန်နည်းနည်း ပိုပေးလိုက်ရင် ပိုကောင်းတဲ့ရလဒ် ရရှိစေမှာပဲ။ ပြီးတော့ အဲဒါက အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတဲ့ အရာတစ်ခုပဲ။ ဒါ့အပြင် ဒီအတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေက ထာဝရ တည်တံ့မယ့်အရာတွေလေ။ ဒီဗီဒီယို ပိုကောင်းဖို့အတွက် အခု ငါ အချိန်နည်းနည်း ပိုပေးနိုင်ရင် ဖြစ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ငါ အစွမ်းကုန် လုပ်သင့်တာပေါ့။ အဲဒါက ကိုယ့်တာဝန်ကို ဖြည့်ဆည်းတာဖြစ်ပြီး နောင်တမရစေဖို့ ဆိုလိုတဲ့အရာပဲ။ ဒီလိုတွေးပြီး ကြီးကြပ်ရေးမှူးကို ကျွန်တော် ပြောလိုက်တယ်။ “ပြန်သွင်းထားတဲ့ အသံဖိုင်က တကယ် ပိုကောင်းပါတယ်။ အသံဖိုင် အစားထိုးလိုက်ရင် ဗီဒီယိုရလဒ် ပိုကောင်းလာလိမ့်မယ်၊ ဒါကြောင့် တည်းဖြတ်ဖို့ အချိန်ပိုပေးရတာ တန်ပါတယ်” လို့ပေါ့။ ကြီးကြပ်ရေးမှူးကလည်း သဘောတူတယ်။ အသံဖိုင်အသစ်နဲ့ ပြန်တည်းဖြတ်ပြီးနောက်မှာ ဗီဒီယိုကို ကျွန်တော် အပ်လိုက်တော့ ထူးထူးခြားခြား စိတ်အေးပြီး ပျော်ရွှင်ရတယ်။ အသံဖိုင်အစားထိုးပြီး ပြန်တည်းဖြတ်တာက အချိန်နဲ့ အင်အား တချို့ ကုန်ပေမဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုရလဒ် ပိုကောင်းလာစေတာက အားလုံးကို အကျိုးနပ်စေပြီး အဓိပ္ပာယ်ရှိစေပါတယ်။

ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်ခဲ့တဲ့ အချိန်တွေအားလုံး၊ ခဏတာ ဇာတိပကတိ သက်သာမှုကို မက်မောပြီး ဗီဒီယိုအများကြီး ပုံမှန် လိုင်းပေါ်တင်တာကို နှောင့်နှေးစေခဲ့ပြီး ပြစ်မှားမှုတွေ အများကြီး ကျူးလွန်ခဲ့ပုံတွေို ကျွန်တော် ပြန်တွေးမိတယ်။ ကျွန်တော် နောင်တရပြီး အကြွေးတင်သလို ခံစားရတယ်။ အခုကစပြီး ကိုယ့်တာဝန်ကို သဘောထားပုံမှာ ကျွန်တော် ဝတ်ကျေတမ်းကျေ လုပ်လို့ မဖြစ်တော့ဘူး။ ကျွန်တော် စိတ်နှလုံး အကြွင်းမဲ့၊ ကိုယ်စွမ်းရှိသမျှနဲ့ ဆက်ကပ်ရမယ်။ နောက်ပိုင်း ကျွန်တော့်တာဝန်မှာ ကျွန်တော့်သဘောထားကို ဆန်းစစ်တာနဲ့ပတ်သက်လို့ စပြီး အာရုံစိုက်ခဲ့တယ်။ တစ်ခါတလေ ခက်ခဲတဲ့ ဗီဒီယိုတွေနဲ့ အမှတ်မထင် ကြုံရတဲ့အခါ ဒုက္ခများလွန်းပြီး ဆင်းရဲဒုက္ခမခံစားချင်တဲ့စိတ်က သူ့ဘာသာ ပေါ်လာတုန်းပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာ ဒါက ကျွန်တော့်တာဝန်၊ ကျွန်တော့်ရဲ့ ဝတ္တရားဖြစ်ပြီး ရလဒ်တွေကို ကျွန်တော် ဦးစားပေးရမှာဖြစ်သလို အလုပ်ရှုပ်တာကို မကြောက်ရဘူးလို့ ကျွန်တော် တွေးခဲ့တယ်။ တဖြည်းဖြည်းနဲ့ ဒီအတွေးတွေကို ဆန့်ကျင်တွန်းလှန်ပြီး ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ကျွန်တော် လက်တွေ့လုပ်ဆောင်နိုင်တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူလည်ကျပြီး လှည့်စားတတ်ခြင်းမှ ရရှိခဲ့သည့် နာကျင်စရာ သင်ခန်းစာ

အန်းန အီတာလီ ၂၀၂၀မှာ ကျွန်မက အသင်းတော်မှာ ဒီဇိုင်းအလုပ်လုပ်တယ်။ အဓိကက ပုံကြမ်းဆွဲတာပေါ့။ အချိန်နည်းနည်းကြာတော့ ပုံကြမ်းဆွဲရတာက...

ပျင်းရိခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် အပျက်စီးမခံနှင့်

ရှင်ချယ်၊ တရုတ်နိုင်ငံ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မဟာ အသင်းတော်မှာ စာနဲ့ပတ်သတ်တဲ့ အလုပ်ကြီးကြပ်ရေးမှူးတစ်ယောက် ဖြစ်ခဲ့တယ်။...

ပေါ့ပေါ့ဆဆ လုပ်ဆောင်မှု နောက်ကွယ်တွင် အမှန်တကယ် ရှိနေသည့်အရာ

ရှင်းချယ် တောင်ကိုရီးယားနိုင်ငံ အရင်တစ်ခါတုန်းက ဗီဒီယိုတွေကို စစ်တဲ့ အစ်မက ပြောတယ်။ အခုနောက်ပို်ငး ကျွန်မလုပ်တဲ့ ဗီဒီယိုတွေရဲ့...

သက်သာမှုကို တပ်မက်ခြင်းသည် မည်သည့်အရာကိုမျှ မရရှိစေပါ

ရှောင်ရွေ့ ဆွီဒင်နိုင်ငံအရင်နှစ် ဇူလိုင်လတုန်းက ဗီဒီယိုအလုပ်ကို ကျွန်မ ဦးဆောင်ရတယ်။ အစပိုင်းမှာ ညီအစ်ကိုမောင်နှမတွေရဲ့အလုပ်ကို ကျွန်မ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။