တာဝန်တစ်ခုတွင် အခြားသူများအပေါ် မှီခိုခြင်း၏ အကျိုးဆက်များ
ပိုင်ရွှဲ အီတလီနိုင်ငံ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ၊ ဗီဒီယိုတွေအတွက် ပုံတွေလုပ်ဖို့ ငါ့ကို အစ်မဆန်ဒရာနဲ့ တွက်ဖက်ပေးဖို့ ခေါင်းဆောင်က စီစဉ်တယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ခေါင်းဆောင်တွေက ကျွန်တော့်ကို အထူးပြုလုပ်ချက်တွေလုပ်ဖို့ စီစဉ်ပေးခဲ့ကြတယ်။ အစပိုင်းမှာတော့ ကျွန်တော်ဟာ အခြေခံလုပ်ဆောင်ချက်တချို့ကိုပဲ သင်ယူခဲ့ရပြီး အဲဒါတွေက နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အများကြီး မလိုအပ်ခဲ့ဘူး။ သင်ပြီးတဲ့နောက်မှာ ပြုလုပ်ချက်တချို့ကို မြန်မြန်ဆန်ဆန်ပဲ ဖန်တီးနိုင်ခဲ့တယ်။ ပိုကောင်းပြီး ပိုလက်တွေ့ကျတဲ့ အထူးပြုလုပ်ချက်တွေ ဖန်တီးနိုင်ဖို့အတွက် ကျွန်တော် နည်းပညာတွေ ပိုသင်ဖို့ လိုအပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်မှာ စိုးရိမ်မှုတချို့ရှိခဲ့တယ်၊ “ဒီနည်းပညာတွေက တော်တော်ခက်တယ်၊ ငါ ဒါတွေကို သင်နိုင်ပါ့မလားဆိုတာ မသေချာဘူး” လို့ပေါ့။ နောက်ပိုင်း သင်ခန်းစာတွေ လေ့လာတဲ့အခါမှာ၊ လုပ်ဆောင်ချက်တချို့ကို အဲဒီတုန်းက မှတ်မိပေမဲ့ နောက်တော့ မေ့သွားတာမျိုးပေါ့။ တစ်ခါတလေ သင်ခန်းစာထဲက အချက်တွေကို နားမလည်တော့ သင်ရတာ နည်းနည်းခက်တယ်။ အချိန်အတိုင်းအတာတစ်ခုကြာအောင် သင်ပြီးတဲ့နောက်မှာ စိတ်ပင်ပန်းလွန်းတယ်လို့ ခံစားရပြီး နောက်ဆုတ်ချင်လာတယ်။ အဲဒီအချိန်မှာ အဖွဲ့ထဲက ညီအစ်ကိုတစ်ယောက် ဂရပ်ဖစ်ဒီဇိုင်းသင်နေတာကို ကျွန်တော်တွေ့လိုက်တယ်၊ ဒါနဲ့ စဉ်းစားမိတယ်၊ “ကြီးကြပ်ရေးမှူးက ငါ့ကို ဂရပ်ဖစ်ဒီဇိုင်းလုပ်ဖို့ ဘာလို့များ မစီစဉ်ပေးတာလဲ။ ငါက အရင်က ဒါကို လေ့လာခဲ့ဖူးတော့ ငါသာလုပ်ရမယ်ဆိုရင် စလုပ်ဖို့ ပိုလွယ်မှာပဲ၊ အဲဒါဆိုရင် ငါနည်းနည်း ပိုသက်သာရာရမှာပဲ” လို့ပေါ့။ နောက်တော့ ကျွန်တော့်အတွေးတွေကို အဲဒီညီအစ်ကိုကို ပြောပြလိုက်တယ်၊ ဒါပေမဲ့ သူက အထူးပြုလုပ်ချက်တာဝန်မှာ လူမလုံလောက်ဘူးလို့ပြောပြီး အထူးပြုလုပ်ချက်ကိုပဲ ဆက်သင်ဖို့ သူတို့က အကြံပြုတယ်။ ဒါက ကျိုးကြောင်းဆီလျော်တယ်လို့ ကျွန်တော် ခံစားခဲ့ရလို့ ဆက်သင်ဖို့ ဆုံးဖြတ်လိုက်တယ်။ နှစ်လ၊ သုံးလလောက်ကြာတော့ ကျွန်တော် သင်ခန်းစာတချို့လေ့လာပြီး ပိုခက်တဲ့ အထူးပြုလုပ်ချက်တွေကို စလုပ်လာတယ်။ အခက်အခဲတစ်ခု ကြုံရတဲ့အခါမှာ ကျွန်တော်ဟာ ဘာရှာဖွေမှုမှ လုပ်ဖို့ စိတ်မဝင်စားဘဲ ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်ကိုဆီကို တန်းသွားလိုက်တယ်။ ညီအစ်ကိုက ကျွန်တော့်ကို စိတ်ရှည်လက်ရှည် ရှင်းပြတတ်ပြီး ပြဿနာက မြန်မြန်ဆန်ဆန် ပြေလည်သွားတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “နောက်တစ်ခါ အခက်အခဲရှိတဲ့အခါမှာ ငါ့တွဲဖက်ကိုပဲ အကူအညီတောင်းလိုက်မယ်။ ဒီနည်းနဲ့ဆိုရင် ကိစ္စတွေက ပိုလွယ်တယ်၊ ပြီးတော့ ငါ ဒီလောက် စိတ်ပူပြီး တွေးနေစရာ မလိုတော့ဘူး” လို့ပေါ့။ နောက်ပိုင်းမှာ ကျွန်တော်ဟာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို လေ့လာဖို့၊ နက်နက်နဲနဲ လေ့လာဖို့ အာရုံမစိုက်တော့ဘဲ ပုံမှန်အနေနဲ့ ရိုးရိုးရှင်းရှင်း အထူးပြုလုပ်ချက်လေးတွေပဲ လုပ်တော့တယ်၊ ဒါကြောင့် ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုက တိုးတက်တာ အရမ်းကို နှေးကွေးခဲ့တယ်။ ၂၀၂၄ ခုနှစ်၊ မတ်လကုန်ပိုင်း ရောက်တော့ ကျွန်တော်တို့ ပိုရှုပ်ထွေးတဲ့ အထူးပြုလုပ်ချက်တစ်ခု ဖန်တီးဖို့လိုလာတယ်၊ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒါကိုလုပ်ရတာ နည်းနည်းတော့ ဒုက္ခများမှာပဲ။ သင်ခန်းစာတွေလေ့လာဖို့ တော်တော်အားစိုက်ရမှာ၊ အရင်းအမြစ်ပေါင်းစုံကနေ အချက်အလက်တွေ ရှာရမှာဆိုတော့ လူလည်း ပင်ပန်းမှာပဲ။ ငါ့တွဲဖက်ကိုပဲ လုပ်ခိုင်းလိုက်တာ ကောင်းပါတယ်လေ” လို့ပေါ့။ နောက်ပိုင်းမှာ၊ ဒီအထူးပြုလုပ်ချက်ကို လုပ်ရင်းနဲ့ တွဲဖက်ညီအစ်ကိုရဲ့ နည်းပညာပိုင်း ကျွမ်းကျင်မှုတွေ တိုးတက်သွားတာကို ကျွန်တော်တွေ့လိုက်ရတယ်၊ ကျွန်တော်ကတော့ ဘာတိုးတက်မှုမှ မရှိဘူး၊ ဒါကြောင့် နည်းနည်း အပြစ်ရှိသလို ခံစားရပြီး နည်းနည်းလည်း နောင်တလည်း ရသွားတယ်။ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုတွေက အစကတည်းက သိပ်မကောင်းခဲ့ဘူး၊ ပြီးတော့ ကျွန်တော်သာ ရှုပ်ထွေးတဲ့ အထူးပြုလုပ်ချက်တချို့ကို နက်နက်နဲနဲ လေ့လာဖို့ ကျွန်တော့်တွဲဖက်နဲ့ အနီးကပ် ပူးပေါင်းလုပ်ဆောင်ခဲ့မယ်ဆိုရင် ကျွန်တော်လည်း ကိုယ့်ကျွမ်းကျင်မှုလည်း တိုးတက်အောင် လုပ်နိုင်ခဲ့မှာပဲလေ။
အဲဒီနောက်မှာ ကျွန်တော် စပြီးတွေးလာတယ်။ “ငါ့တာဝန်မှာ အခက်အခဲတွေကို လေ့လာဖို့၊ ရှာဖွေဖို့နဲ့ ကျော်လွှားဖို့ ဘာလို့ ဘယ်တော့မှ အားမထုတ်ချင်ရတာလဲ” လို့ပေါ့။ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော်ဖတ်ခဲ့တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဇာတိပကတိ၏ သက်သာမှုကို တပ်မက်ခြင်းသည်လည်း ဆိုးရွားသော ပြဿနာတစ်ရပ်ဖြစ်သည်။ ဇာတိပကတိ၏ သက်သာမှုကို တပ်မက်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်အချို့မှာ မည်သည့်အရာ ဖြစ်သည်ဟု သင်တို့ ထင်မြင်ကြသနည်း။ သင်တို့၏ ကိုယ်ပိုင်အတွေ့အကြုံများတွင် မြင်ရပြီးဖြစ်သည့်အရာမှ မည်သည့်ဥပမာများကို သင်တို့ ပေးနိုင်သနည်း။ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားခြင်းသည် ပါဝင်သလော။ (ပါဝင်ပါသည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (မိမိတာဝန်များကို ထမ်းဆောင်သည့်အခါတွင် ခက်ခဲသော လုပ်ငန်းဆောင်တာများထက် လွယ်ကူသော လုပ်ငန်းဆောင်တာများကို ပိုမိုနှစ်သက်ခြင်းနှင့် ပေါ့ပါးသောအလုပ်ကို အစဉ်သဖြင့် ရွေးချယ်လိုခြင်းတို့ ဖြစ်သည်။) တာဝန်တစ်ခုထမ်းဆောင်သောအခါတွင် လူတို့သည် ပေါ့ပါးသောအလုပ်၊ ပင်ပန်းခြင်း မရှိသောအလုပ်နှင့် အပြင်တွင် ရာသီဥတုဒဏ်ခံရခြင်း မပါဝင်သောအလုပ်ကို အစဉ် ရွေးချယ်ကြသည်။ ဤသည်မှာ လွယ်ကူသော အလုပ်များကို ရွေးခြင်းနှင့် ခက်ခဲသော အလုပ်များကို ခေါင်းရှောင်ခြင်း ဖြစ်ပြီး ဇာတိပကတိ သက်သာမှုများကို တပ်မက်ခြင်း၏ သရုပ်သကန် ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သူတို့၏ တာဝန်က အနည်းငယ် ခက်ခဲသောအခါ၊ အနည်းငယ် ပင်ပန်းသောအခါ၊ အဖိုးအခပေးဆပ်ခြင်း ပါဝင်သောအခါ အစဉ်သဖြင့် ညည်းညူခြင်း ဖြစ်ပါသည်။) (အစားအစာနှင့် အဝတ်အစားအပြင် ဇာတိပကတိ၏ သာယာမှုများကို စိတ်ရောက်နေခြင်း ဖြစ်ပါသည်။) ဤအရာအားလုံးသည် ဇာတိပကတိ သက်သာမှုကို တပ်မက်ခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အလုပ်တာဝန်တစ်ခုက ပင်ပန်းခက်ခဲလွန်းသည်၊ သို့မဟုတ် အန္တရာယ်များသည်ဟု မြင်သည့်အခါ အခြားလူတစ်ဦးအပေါ် လွှဲပေးလိုက်သည်။ ၎င်းတို့ကိုယ်တိုင်ကမူ အေးအေးဆေးဆေး အလုပ်ကိုသာ လုပ်ပြီး ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းကြောင်း၊ အလုပ် လုပ်နိုင်စွမ်း ကင်းမဲ့ကြောင်းနှင့် ဤအလုပ်တာဝန်ကို တာဝန်ယူထမ်းရွက်နိုင်ခြင်း မရှိကြောင်း ပြောဆိုလျက် ဆင်ခြင်များပေးကြသည်။ အမှန်မှာမူ ၎င်းတို့သည် ဇာတိပကတိ၏ သက်သာမှုများကို မက်မောသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့် တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဆင်းရဲဒုက္ခခံလိုစိတ် မရှိကြပေ။...ထို့ပြင် ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်သောအခါ အခက်အခဲများကို အစဉ်သဖြင့် ညည်းညူကြပြီး အားထုတ်ရန် ဝန်လေးကြသည့်အပြင် အားလပ်ချိန် အနည်းငယ် ရသည်နှင့် တစ်ပြိုင်နက် အနားယူခြင်း၊ အကျိုးမဲ့ စကားစမြည် ပြောဆိုခြင်း၊ သို့မဟုတ် အပန်းဖြေ ပျော်ပါးခြင်းတို့ကို ပြုလုပ်ကြသည်။ ပြီးလျှင် အလုပ်များလာပြီး ၎င်းတို့ဘဝများ၏ ပုံမှန်လှုပ်ရှားမှုနှင့် လုပ်ရိုးလုပ်စဉ်တို့ ပျက်သည့်အခါ ၎င်းတို့က ယင်းနှင့်ပတ်သက်၍ မပျော်မရွှင်ဖြစ်ပြီး ကျေနပ်မှုမရှိကြပေ။ ၎င်းတို့က ညည်းညူပြီး စောဒကတက်ကြကာ မိမိတို့၏တာဝန် ထမ်းဆောင်ခြင်းတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်။ ဤသည်မှာ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်ခြင်းကို တပ်မက်ခြင်း မဟုတ်သလော။...ဇာတိပကတိ သက်သာမှုကို မွေ့လျော်ခံစားသော လူများသည် တာဝန်တစ်ခု ထမ်းဆောင်ဖို့အတွက် သင့်တော်သည့် လူများ ဖြစ်သလော။ လူတစ်ဦးက မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာကို ထုတ်ပြောလျှင်ပြောချင်း သို့မဟုတ် အဖိုးအခပေးခြင်းနှင့် ဒုက္ခခံခြင်းအကြောင်း ပြောလျှင်ပြောချင်း ၎င်းတို့သည် မိမိတို့၏ခေါင်းများကို မပြတ်ခါကြပေသည်။ ၎င်းတို့၌ အခက်အခဲများစွာ ရှိသည်၊ ၎င်းတို့သည် စောဒကအပြည့်ရှိကြပြီး အပျက်သဘောဆောင်ခြင်းနှင့် ပြည့်နေကြသည်။ ထိုသို့သော လူများသည် အသုံးမကျပေ၊ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီသဖြင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော့်တာဝန်တွေမှာ အခက်အခဲတွေ ကြုံရတဲ့အခါ ဒုက္ခတွေကို အမြဲတမ်း ညည်းညူတာ၊ ခေါင်းရှောင်တာ၊ ပြီးတော့ လွယ်ကူအဆင်ပြေတဲ့ အလုပ်တွေကိုပဲ လုပ်ဖို့ တွေးနေတာက လွယ်တဲ့အလုပ်ကို ရွေးပြီး ဇာတိပကတိ သက်သာမှုကို မွေ့လျော်ခံစားနေတာ ဖြစ်တယ်ဆိုတာကို ကျွန်တော် သိလိုက်ရတယ်။ ဘယ်ဒုက္ခမှ မခံချင်တဲ့၊ ဘယ်အဖိုးအခမှ မပေးချင်တဲ့လူတွေက ဘာ အမှန်တကယ်အလုပ်မှ မလုပ်နိုင်ကြဘူး။ ဒီလိုလူတွေက အသုံးမကျတဲ့လူတွေဖြစ်ပြီး ဖယ်ရှားရှင်းလင်းတာပဲ ခံရနိုင်တယ်။ ကျွန်တော်ဟာ ဘုရားသခင်ဖော်ထုတ်တဲ့ ပျင်းရိတဲ့လူစားမျိုး အတိအကျပါပဲ။ အထူးပြုလုပ်ချက်တာဝန်မှာ လူမလုံလောက်မှန်း ကျွန်တော်ကောင်းကောင်းသိတယ်၊ ဒါပေမဲ့ ဒီကျွမ်းကျင်မှုကိုသင်ရတာ အားထုတ်ရလွန်းပြီး စိတ်ပင်ပန်းလွန်းတယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ အခက်အခဲကြုံရတိုင်း သင်ယူဖို့အတွက် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရမှာကိုမလိုလားဘဲ နောက်ဆုတ်ချင်ခဲ့တယ်။ အဖွဲ့ထဲက ညီအစ်ကိုတစ်ယောက် ဂရပ်ဖစ်ဒီဇိုင်းသင်နေတာကိုတွေ့တော့ ကျွန်တော်က ဒီနယ်ပယ်မှာ အတွေ့အကြုံနည်းနည်းရှိပြီး ဂရပ်ဖစ်ဒီဇိုင်းကလည်း သိပ်မခက်ဘူးလို့ ထင်ပြီး ကျွန်တော် ဂရပ်ဖစ်ဒီဇိုင်းလုပ်ပြီး အထူးပြုလုပ်ချက်တာဝန်ကနေ ရှောင်ထွက်သွားချင်ခဲ့တယ်။ နောက်ပိုင်း ပိုရှုပ်ထွေးတဲ့ အထူးပြုလုပ်ချက်တွေလုပ်တဲ့အခါ နည်းပညာပိုင်းဆိုင်ရာ ပြဿနာခက်ခက်ခဲခဲတွေ ကြုံရတိုင်း တွဲဖက်ကိုပဲ ဖြေရှင်းခိုင်းလိုက်တယ်၊ ပြီးတော့ ကျွန်တော်က တက်တက်ကြွကြွနဲ့ နက်နက်နဲနဲ လေ့လာတာ၊ ဒါမှမဟုတ် ရှာဖွေတာ မလုပ်ခဲ့ဘူး၊ ရလဒ်အနေနဲ့ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုတွေက တိုးတက်တာ အရမ်းနှေးခဲ့တယ်။ ကျွန်တော်က လုပ်ရလွယ်တဲ့ တာဝန်တွေကိုပဲ ရွေးလုပ်ခဲ့တယ်၊ စိတ်အား၊ လူအား အရမ်းစိုက်ဖို့ မလိုတဲ့ ရိုးရှင်းလွယ်ကူတဲ့ အလုပ်တွေကိုပဲ လုပ်ချင်ခဲ့ပြီး အခက်အခဲကြုံရတိုင်း တာဝန်ကို စွန့်လွှတ်ချင်ခဲ့တယ်၊ စိန်ခေါ်မှုတွေကိုကျော်လွှားပြီး ဘုရားသခင်ကို ကျေနပ်စေလိုတဲ့ ရည်ရွယ်ချက် တစ်စက်မှမရှိခဲ့ဘူး။ ဒီလိုသဘောထားနဲ့ဆိုရင် ကျွန်တော် ဘာကျွမ်းကျင်မှုမှ သင်ယူနိုင်မှာမဟုတ်ဘူး၊ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းနိုင်ဖို့ဆိုတာ ဝေးရော၊ အသုံးမကျတဲ့လူဖြစ်လာပြီး ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကိုပဲ ခံရမှာပဲ။ ကျွန်တော် ဒီလိုမျိုး ဆက်မသွားချင်တော့ဘူး။ နောက်ပိုင်းမှာ ကျွန်တော် ကိုယ်တိုင် တက်တက်ကြွကြွနဲ့ ပိုရှုပ်ထွေးတဲ့ အထူးပြုလုပ်ချက် ကျွမ်းကျင်မှုတွေကို လေ့လာခဲ့တယ်၊ တကယ်တမ်းကျတော့ ကျွန်တော်ထင်ထားသလောက် မခက်ခဲဘူးဆိုတာ တွေ့လိုက်ရတယ်။ အချိန်အတိုင်းအတာတစ်ခုကြာတော့ ကျွန်တော့်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုက သိသိသာသာ တိုးတက်လာတယ်။ အစပိုင်းမှာ နားမလည်ခဲ့တဲ့ အယူအဆတွေက ပိုရှင်းလင်းလာပြီး ပြဿနာအများစုကိုလည်း ဖြေရှင်းနိုင်လာတယ်။ ကျွန်တော် အရမ်းပျော်သွားတယ်။
ဒါပေမဲ့ ခဏကြာတော့ လက်ရှိအခြေအနေကို ကျေနပ်နေမိပြန်ရော။ တစ်ခါတလေမှာ တွဲဖက်ညီအစ်ကိုက ရှုပ်ထွေးတဲ့ နည်းပညာတွေကို စူးစိုက်လေ့လာနေတာတွေ့ရင် ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “အဲဒီနည်းပညာတွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့ဆိုတာ တော်တော်ခက်မှာပဲ၊ ပြီးတော့ ငါမရင်းနှီးတဲ့ ကုဒ်တွေကြောင့် ငါပဲ ခေါင်းကိုက်ရတယ်။ အဲဒါတွေကို သင်ယူရတာက ကြီးမားတဲ့ အဖိုးအခနဲ့ စိတ်ပိုင်းဆိုင်ရာ အားထုတ်မှု အများကြီး လိုအပ်မှာ။ အရမ်းပင်ပန်းမှာပဲ။ ငါ အခုရောက်နေတဲ့ အဆင့်နဲ့ဆို တော်လောက်ပါပြီ။ ကိုယ့်ဒုက္ခကိုယ် မရှာတော့ပါဘူး။ ဒီခက်ခဲတဲ့ ကျွမ်းကျင်မှုတွေကို ငါ့တွဲဖက်ကိုပဲ ရှာဖွေလေ့လာခိုင်းလိုက်မယ်၊ ပြီးတော့ ငါက ငါတတ်နိုင်တာကိုပဲ လုပ်မယ်” လို့ပေါ့။ ကျွန်တော့်တွဲဖက်က ကျွန်တော့်ကို ပိုခက်ခဲတဲ့ ကျွမ်းကျင်မှုတွေကို သင်ယူချင်လားလို့ မေးတော့ ပါးစပ်ကတော့ အချိန်ရရင် သင်မယ်လို့ပြောလိုက်ပေမဲ့ လက်တွေ့မှာတော့ ကျွန်တော် အဲဒါတွေကို ဘယ်တော့မှ မလေ့လာခဲ့ဘူး။ တစ်ခါမှာ သူက ကျွန်တော် အရင်က သင်ခန်းစာအတွဲကိုပဲ လေ့လာနေတုန်းပဲဆိုတာကို သတိထားမိပြီး ပြောတယ်၊ “ခင်ဗျား ဒီတာဝန်ထမ်းဆောင်တာ ရှစ်လ၊ ကိုးလရှိနေပြီ၊ ဒီအတွဲကို ဘယ်လိုဖြစ်ပြီး အခုထိ မပြီးသေးရတာလဲ” လို့ပေါ့။ သူ့စကားတွေကြောင့် ကျွန်တော် နင်သွားတယ်၊ ဒါပေမဲ့ သူပြောတာ မှန်တယ်။ တကယ်တော့ ကျွန်တော်သာ ဒီသင်ခန်းစာအတွဲကို သေသေချာချာ လေ့လာခဲ့မယ်ဆိုရင် ၃ လ၊ ၄ လလောက်နဲ့ ပြီးနိုင်ခဲ့မှာပဲ၊ ဒါပေမဲ့ ကျွန်တော်က လုပ်နည်းကိုင်နည်းလေး နည်းနည်း တတ်မြောက်သွားတာနဲ့ စူးစိုက်လေ့လာဖို့ အာရုံမစိုက်တော့ဘူး၊ ဒါကြောင့် အခုထိ သင်လို့မပြီးသေးတာပေါ့။ ဒီလိုပုံစံနဲ့ ကျွန်တော် ဘယ်လိုလုပ် တိုးတက်နိုင်မှာလဲ။ ကိုယ့်တာဝန်အပေါ်ထားတဲ့ ဒီလိုအမြဲတမ်းဖြစ်နေတဲ့ သဘောထားကို မြင်ရတော့ စိတ်ထဲမှာ မသက်မသာ ဖြစ်လာတယ်၊ ဒါနဲ့ ဘုရားသခင်ဆီ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ်သိဖို့နဲ့ သင်ခန်းစာရဖို့ လမ်းပြပေးပါလို့ တောင်းလျှောက်ခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော်ဖတ်ခဲ့တယ်။ “ပျင်းရိသောလူများသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ယင်းကို စကားလုံးများဖြင့် အနှစ်ချုပ်လျှင် ၎င်းတို့သည် အသုံးမကျသော လူများဖြစ်သည်။ ၎င်းတို့သည် ဒုတိယတန်းစား ဒုက္ခိတများဖြစ်ကြသည်။ ပျင်းရိသောလူများ၏ အစွမ်းအစသည် မည်မျှကောင်းပါစေ အဆင်တန်ဆာသက်သက်သာဖြစ်သည်။ ၎င်းတို့တွင် အစွမ်းအစကောင်း ရှိသော်လည်း ယင်းမှာ အသုံးမဝင်ပေ။ ၎င်းတို့သည် အလွန်ပျင်းလွန်းကြသည်။ မည်သည့်အရာကို လုပ်သင့်သည်ကို ၎င်းတို့သိသော်ငြားလည်း ၎င်းတို့ မလုပ်ဆောင်ပေ။ ပြီးလျှင် တစ်စုံတစ်ခုက ပြဿနာဖြစ်သည်ကို ၎င်းတို့ သိလျှင်ပင် ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေကြပေ။ ပြီးလျှင် အလုပ်သည် ထိရောက်မှုရှိရန်အတွက် မည်သည့်ဆင်းရဲဒုက္ခများ ခံသင့်သည်ကို ၎င်းတို့သိကြသော်ငြားလည်း ၎င်းတို့သည် အကျိုးရှိသော ဤဆင်းရဲဒုက္ခများကို ခါးစည်းခံရန် မလိုလားကြသောကြောင့် ၎င်းတို့သည် မည်သည့်သမ္မာတရားများကိုမျှ မရရှိနိုင်ကြဘဲ မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်နိုင်ကြ။ ၎င်းတို့သည် လူများ ခါးစည်းခံသင့်သည့် ဆင်းရဲဒုက္ခများကို ခါးစည်းခံရန် ဆန္ဒမရှိကြ။ ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာမှုတွင် ပျော်မွေ့ရန်၊ ဝမ်းမြောက်ခြင်းနှင့် နားနေချိန်တို့ကို ပျော်မွေ့ခံစားရန်နှင့် လွတ်လပ်ပြီး သက်သောင့်သက်သာရှိသော အသက်တာကို ပျော်မွေ့ခံစားရန်တို့ကိုသာ သိကြသည်။ ၎င်းတို့သည် အသုံးမကျကြသည် မဟုတ်လော။ ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ခြင်း မရှိသောလူများသည် အသက်ရှင်ရန် မထိုက်တန်ပေ။ ကပ်ပါးကောင်တစ်ကောင်၏ ဘဝကို အစဉ်သဖြင့် အသက်ရှင်နေထိုင်ရန် ဆန္ဒရှိသည့်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့် လူများဖြစ်သည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်ကြပြီး ထိုသို့သော လူများသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် မသင့်တော်ကြချေ။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်ခြင်း မရှိသောကြောင့် အလုပ်လုပ်ပေးခြင်းကို ၎င်းတို့ ထမ်းဆောင်သည့်အခါတွင်ပင် ယင်းကို ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိရန် ဆန္ဒရှိလျှင်ပင် ယင်းအတွက် မျှော်လင့်ချက် သာ၍ပင် နည်းပါးလေသည်။ ဆင်းရဲဒုက္ခကို မခံနိုင်ဘဲ သမ္မာတရားကို မချစ်သောသူတစ်ဦးသည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ ၎င်းသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် အရည်အချင်းပြည့်မီခြင်း မရှိ။ ၎င်းတို့သည် လူ့သဘာဝ တစ်စက်မျှမရှိသည့် လူ့တိရစ္ဆာန်ဖြစ်သည်။ ထိုသို့သောလူများကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဘုရားသခင်က ပျင်းရိတဲ့လူတွေဟာ အသုံးမကျ၊ ကပ်ပါးကောင်လိုဖြစ်ပြီး လူ့သဘာဝ ကင်းမဲ့တယ်လို့ ဖော်ထုတ်ထားတယ်၊ ပြီးတော့ ဘုရားသခင်က ဒီလိုလူမျိုးတွေကို တကယ်ကို စက်ဆုပ်ရွံရှာတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဆင်ခြင်ရင်း ကိုယ့်တာဝန်မှာ ပြုမူခဲ့တာတွေကို ကျွန်တော် ဆင်ခြင်သုံးသပ်မိတယ်၊ အခက်အခဲတွေကို အလုပ်ရှုပ်တယ်လို့ သဘောထားတယ်၊ ဒုက္ခကြုံရင် နောက်ဆုတ်တယ်၊ နည်းနည်းလေးတောင် ဒုက္ခမခံချင်ဘူး။ တွဲဖက်ညီအစ်ကိုက နည်းပညာအသစ်တွေကို စူးစိုက်လေ့လာနေတာကို မြင်တော့ အဲဒီနည်းပညာတွေက အရမ်းခက်ပြီး ဒုက္ခများတယ်လို့ ခံစားရလို့ မလေ့လာချင်ခဲ့ဘူး။ ကျွန်တော်ရောက်နေတဲ့ ကျွမ်းကျင်မှုအဆင့်နဲ့ဆို တော်လောက်ပြီလို့ ထင်ခဲ့တယ်။ အဲဒီတော့ လူတွေက ကျွန်တော့်အပေါ် သိပ်ပြီး တောင်းဆိုမှုတွေ မများသင့်ဘူး။ ကျွန်တော်ဟာ တကယ်ကို မျှော်လင့်ချက်မရှိတော့တဲ့သူ ဖြစ်နေခဲ့တယ်။ ကျွန်တော် တာဝန်ထမ်းဆောင်နေပေမဲ့ ကိုယ့်ကျွမ်းကျင်မှုကို တိုးတက်အောင် ဘာအားထုတ်မှုမှမလုပ်ဘူး၊ နည်းပညာအသစ်တွေကိုလည်း စူးစိုက်ပြီး မလေ့လာဘူး၊ ဒါကြောင့် ရှုပ်ထွေးတဲ့ အထူးပြုလုပ်ချက်တွေကို မဖန်တီးနိုင်ခဲ့ဘူး။ သုံးလေးလလောက်နဲ့ ပြီးစီးနိုင်ရမဲ့ သင်ခန်းစာအတွဲတစ်ခုက ကျွန်တော့်အတွက် ကိုးလကြာခဲ့တယ်။ ဘုရားသခင်ရဲ့အိမ်တော်က ကျွေးတဲ့အစာကိုစား၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားနေပြီးတော့ ဒီအလုပ်လေးနည်းနည်း လုပ်ရုံနဲ့ ကိုယ့်ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အလုပ် ထိရောက်မှုကို ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာ မစဉ်းစားဘဲ ကျွန်တော် စိတ်အေးချမ်းနေခဲ့တယ်။ ကျွန်တော်က ကပ်ပါးကောင်တစ်ကောင်ရဲ့ ဘဝနဲ့ နေထိုင်နေခဲ့တယ်။ ကျွန်တော်ဟာ တကယ်ကို လူ့သဘာဝ ကင်းမဲ့ခဲ့တယ်၊ ဘုရားသခင်ဖော်ထုတ်တဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားမရှိတဲ့ တိရစ္ဆာန်အမျိုးအစား အတိအကျပဲ။ ကျွန်တော်သာ အားစိုက်ထုတ်ပြီး လေ့လာခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုတွေက အရင်ကထက် သေချာပေါက် တိုးတက်လာမှာပဲ။ ဒါပေမဲ့ ကျွန်တော်က ဇာတိပကတိ သက်သာမှုကိုပဲ မက်မောပြီး ဒုက္ခခံ၊ အဖိုးအခပေးဆပ်ဖို့ မလိုလားခဲ့ဘူး။ ကိုယ့်ရဲ့ သက်သောင့်သက်သာဖြစ်တဲ့ နေရာလေးမှာပဲ အမြဲနေတယ်၊ အားစိုက်ထုတ်ချင်စိတ်မရှိဘဲ တခြားသူတွေရဲ့ လုပ်အားအသီးအပွင့်ကိုပဲ ခံစားနေခဲ့တယ်။ ဇာတိပကတိက မပင်ပန်းခဲ့ပေမဲ့ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုက တိုးတက်မှု သိပ်မရှိခဲ့ဘူး၊ တာဝန်မှာလည်း အဓိကကျတဲ့ အခန်းကဏ္ဍကနေ မပါဝင်နိုင်ခဲ့ဘူး။ ဒါဟာ ဘုရားသခင်ပြောခဲ့သလိုပဲ။ “ပျင်းရိသောလူများသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။” ကျွန်တော် တာဝန်ထမ်းဆောင်တဲ့ နည်းလမ်းက လိမ္မာပါးနပ်တာမဟုတ်ဘဲ မိုက်မဲခဲ့တာပဲ။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော်ဖတ်ခဲ့တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အချို့လူများသည် အထက်က စီစဉ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လျက် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကျိုးနွံနာခံမှုရှိပုံပေါ်ကြသည်။ သို့သော် ‘သင်သည် သင်၏ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်သလော။ စည်းမျဉ်းများအတိုင်း လုပ်ဆောင်သလော’ ဟု မေးသည့်အခါ၊ ၎င်းတို့သည် ‘အထက်က ညွှန်ကြားသည့်အတိုင်း ကျွန်ုပ်လုပ်ဆောင်ပြီး မတော်မတရားမှုများကို ကျူးလွန်ကာ သောင်းကျန်းရန် မဝံ့ရဲပါ’ ဟုသာ ပြောဆိုလျက် မည်သည့် တိကျသော အဖြေကိုမျှ မပေးနိုင်ကြပေ။ ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းပြီးပြီလောဟု မေးသည့်အခါ၊ ၎င်းတို့က ‘ကောင်းပြီ၊ ကျွန်ုပ်လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်နေပါသည်’ဟု ပြောဆိုကြသည်။ မြင်ပြီလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ဤသဘောထားမျိုး အစဉ်သဖြင့် ရှိကြသည်။ ၎င်းတို့သည် အလျင်မလိုကြ၊ အမှုအရာများကို ဖြည်းညင်းစွာ လုပ်ဆောင်ကြပြီး စိတ်မပါ့တပါ ဖြစ်ကြသည်။ သင်သည် ၎င်းတို့နှင့်ပတ်သက်၍ အမှန်တကယ် အပြစ်ရှာမတွေ့နိုင်ပေ။ သို့သော် သင်သည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကို သမ္မာတရား စည်းမျဉ်းများနှင့် တိုင်းတာမည်ဆိုလျှင်၊ ယင်းမှာ ထိရောက်မှုမရှိသည့်အပြင် စံမမီပေ။ သို့တိုင် ၎င်းတို့သည် ဂရုမစိုက်ကြ၊ ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း ဆက်လက်ပြုမူလုပ်ဆောင်ကြပြီး၊ မိမိတို့က ဦးစွာလုပ်ရမည့် အမှုအရာများကိုလည်း ၎င်းတို့ မလုပ်ဆောင်ကြသေးပေ။ ၎င်းတို့သည် လုံးဝ ပြောင်းလဲခြင်းမရှိပေ။ ၎င်းတို့သည် အရှက်မဲ့စွာ ခေါင်းမာနေကြသည် မဟုတ်လော။ ၎င်းတို့သည် ဤသဘောထားကို အစဉ်သဖြင့် ထိန်းသိမ်းထားကြသည်။ ‘သင်၌ ပြောင်မြောက်သည့် အကြံအစည်များ ထောင်ချီ ရှိကောင်းရှိနိုင်သည်။ သို့သော် ကျွန်ုပ်၌ ကိုယ်ပိုင်စည်းမျဉ်းများ ရှိသည်။ ဤသည်မှာ ကျွန်ုပ်ဖြစ်သည့်ပုံစံဖြစ်သည်။ ကျွန်ုပ်ကို သင်မည်သည့်အရာ သင်လုပ်နိုင်သည်ကို ကြည့်ကြစို့။ ဤသည်မှာ ကျွန်ုပ်၏ သဘောထားပင်တည်း’ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အလွန်အမင်း ယုတ်မာသောအရာ သို့မဟုတ် ဆိုးယုတ်သောအရာ တစ်ခုတလေကို မလုပ်ဆောင်ခဲ့ကြသော်လည်း ကောင်းမှုများကိုလည်း အနည်းငယ်သာ လုပ်ဆောင်ခဲ့ကြသည်။ မည်သည့်လမ်းကြောင်းကို ၎င်းတို့ လျှောက်လှမ်းနေသည်ဟု သင်ပြောမည်နည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် လူတစ်ဦး၏ တာဝန်အပေါ် ဤသို့သော သဘောထားမျိုးသည် ကောင်းမွန်သလော။ (မကောင်းမွန်ပါ။) သမ္မာကျမ်းစာတွင် ဘုရားသခင်က ဤသို့ ပြောသည်။ ‘ထိုသို့အအေးမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးထုတ်ပြီ။’ (ဗျာဒိတ်ကျမ်း ၃:၁၆) နွေးရုံရှိခြင်း၊ အအေးမဟုတ် အပူမဟုတ်ဖြစ်ခြင်း၊ ဤသဘောထားသည် ကောင်းမွန်သလော။ (မကောင်းမွန်ပါ။) အချို့လူများက ဤသို့ တွေးထင်ကြသည်။ ‘အကယ်၍ ကျွန်ုပ်သည် မကောင်းမှုကို ပြုပြီး အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေလျှင်၊ ကျွန်ုပ်သည် လျင်မြန်စွာ ပြစ်တင်ရှုတ်ချခြင်း ခံရလိမ့်မည်။ သို့သော် ကျွန်ုပ်သည် အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ အမှုအရာများကို လုပ်ဆောင်လျှင်၊ ကျွန်ုပ် ပင်ပန်းလိမ့်မည်၊ ပြီးလျှင် တစ်စုံတစ်ခုကို လုပ်ဆောင်ရာတွင် အမှားလုပ်မိလျှင်၊ ကျွန်ုပ်သည် ပြုပြင်ခြင်းခံရနိုင်သည်၊ သို့မဟုတ် ထုတ်ပယ်ခြင်းပင် ခံရနိုင်သည်။ ယင်းမှာ အလွန်ပင် ရှက်စရာကောင်းပေမည်။ ထို့ကြောင့် ကျွန်ုပ်သည် အအေးမဟုတ်၊ အပူမဟုတ် နွေးရုံသာနေသည်။ သင်က ကျွန်ုပ်ကို မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် တောင်းဆိုလျှင်၊ ကျွန်ုပ် လုပ်ဆောင်ပေးမည်။ သို့သော် သင်က ကျွန်ုပ်ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် မပြောလျှင်၊ ကျွန်ုပ် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပါ။ ဤနည်းအားဖြင့်၊ ကျွန်ုပ် ပင်ပန်းမည်မဟုတ်သည့်အပြင်၊ ထို့အပြင် လူတို့သည် ကျွန်ုပ်၌ အမှားရှာနိုင်မည် မဟုတ်ပါ။ ဤလုပ်နည်းကိုင်နည်းသည် အလွန်ကောင်းသည်’ဟူ၍ ဖြစ်သည်။ ဤသို့သော ကျင့်ကြံပြုမူနည်းသည် ကောင်းမွန်သလော။ (မကောင်းမွန်ပါ။) မကောင်းကြောင်းကို သင်သိသည်၊ သို့ဆိုလျှင် သင်၏ လက်တွေ့လုပ်ဆောင်မှုသည် မည်သို့ ပြောင်းလဲသင့်သနည်း။ သင်သည် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းအား လျှောက်လှမ်းရန် မည်သည့်အခါမျှ မရှာဖွေသည့်အပြင်၊ စာတန်၏ အတွေးအခေါ်များဖြင့် မရမက အသက်ရှင်နေသေးလျှင်၊ သင်သည် ကယ်တင်ခြင်းရရှိမည့် မျှော်လင့်ချက်မရှိဖို့ သေချာနေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)) လူတွေက ကိုယ့်တာဝန်ထမ်းဆောင်တဲ့အခါ အပေါ်ယံအလုပ်ပဲလုပ်ပြီး သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို တက်တက်ကြွကြွ ဦးဆောင်ဦးရွက်မပြုဘူးလို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ ဒါက သူတို့ရဲ့ တာဝန်တွေကို စိတ်မပါလက်မပါနဲ့ အပေါ်ယံ ထမ်းဆောင်နေတာပဲ၊ ပြီးတော့ ဒီလူတွေက နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။ ကျွန်တော့်ရဲ့ အခြေအနေက အရမ်း အန္တရာယ်များတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်တော် တာဝန်ထမ်းဆောင်ရာမှာ တက်တက်ကြွနဲ့ ဦးဆောင်ဦးရွက်ပြုပြီး လုပ်တဲ့ သဘောထားမရှိခဲ့ဘူး။ အမြဲတမ်း မယုတ်မလွန်နဲ့ ပုံမှန်အတိုင်းပဲ လုပ်ခဲ့တယ်၊ ပြီးတော့ ဘာအနှောင့်အယှက်၊ ဘာအဖျက်အမှောင့်မှ မဖြစ်စေဘဲ လုပ်သွားနိုင်သရွေ့ ကျေနပ်နေခဲ့တယ်။ ကျွန်တော့်ရဲ့ တာဝန်တွေမှာ တိုးတက်မှု အရမ်းနည်းနေခဲ့တယ်၊ ရိုးရှင်းတဲ့ အလုပ်တွေကိုပဲလုပ်ပြီး ဖြစ်သလို ဖြတ်သန်းနေခဲ့တယ်။ ဒီလို အပေါ်ယံနည်းနဲ့ တာဝန်ထမ်းဆောင်နေတာက ဘုရားသခင်ဖော်ထုတ်သလို အရှက်မရှိ ခေါင်းမာနေတာပဲ၊ ဇာတိပကတိ ဒုက္ခမခံချင်ဘူး၊ မသေရုံတမယ် ရလဒ်တစ်ခုရဖို့ အားနည်းနည်းလေးပဲ ဖြစ်ကတတ်ဆန်း စိုက်ထုတ်ချင်ခဲ့တယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် လှည့်စားလို့ရပေမဲ့ ဘုရားသခင်ကိုတော့ လှည့်စားလို့မရဘူး၊ နောင်တမရရင် နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းတာပဲ ခံရမှာပဲ။
အဲဒီနောက်မှာ ကျွန်တော် စဉ်းစားဆင်ခြင်မိတယ်၊ “ငါ ဘာလို့ ဒီလောက်ပျင်းရိပြီး သက်သာရာကို မွေ့လျော်ခံစားနေရတာလဲ။ အရင်းခံပြဿနာက ဘာလဲ” ပေါ့။ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော်ဖတ်ခဲ့တယ်။ “နှစ်ပေါင်းများစွာ ရှင်သန်ရေးအတွက် လူတို့ အမှီပြုခဲ့ကြသော အတွေးအခေါ်များသည် ၎င်းတို့၏ စိတ်နှလုံးများကို တိုက်စားခဲ့သည်မှာ ၎င်းတို့သည် ကောက်ကျစ်စဉ်းလဲသူ၊ သူရဲဘောကြောင်သူနှင့် ယုတ်ညံ့သိမ်ဖျင်းသူများ ဖြစ်လာကြသည့် အခြေအနေအထိပင် ဖြစ်၏။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး မောက်မာလာကြကာ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ မိမိကိုယ်ကို ကျော်လွှားရန် စိတ်ပိုင်းဖြတ်ချက် လုံးဝကင်းမဲ့သည့်အပြင် ဤအမှောင် စွမ်းအားများ၏ ဘောင်ခတ်ခြင်းများကို ဖယ်ရှားရန် သတ္တိအနည်းငယ်မျှပင် သာ၍ မရှိကြပေ။ လူတို့၏ အတွေးအခေါ်များနှင့် ဘဝများသည် အလွန် ပုပ်သိုးနေကြသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ နောက်ကွယ်မှ ၎င်းတို့၏ အမြင်ရှုထောင့်များသည် မခံရပ်နိုင်လောက်အောင် အကျည်းတန်နေသေးသည့်အပြင် တကယ့်ကိုပင် နားခါးလေ၏။ လူတို့အားလုံးသည် သူရဲဘောကြောင်သည်၊ အစွမ်းမဲ့သည်၊ စက်ဆုပ်ဖွယ်ကောင်းပြီး အကဲဆတ်ကြသည်။ ၎င်းတို့သည် အမှောင်ထု၏ အင်အားကို စက်ဆုပ်ခြင်းမရှိသည့်အပြင် အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) စာတန်ရဲ့ ဖျက်ဆီးခြင်းကို ခံရပြီးနောက်မှာ လူတွေက “ဘဝဆိုသည်မှာ ကောင်းကောင်းစားပြီး ကောင်းကောင်းဝတ်ဖို့သာ ဖြစ်သည်”၊ “ဘဝသည် တိုတောင်း၏။ ဘဝတွင် ပျော်နိုင်တုန်း ပျော်ပါ” နဲ့ “ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဆက်ဆံပါ” ဆိုတာတွေလိုမျိုး စာတန်ဆန်တဲ့ အဆိပ်အတောက်တွေနဲ့ အသက်ရှင်ကြတယ်။ သူတို့က ဇာတိပကတိ ပျော်ရွှင်မှု လိုက်စားတာကို သူတို့ရဲ့ ပန်းတိုင်အဖြစ် သတ်မှတ်ကြတယ်၊ သူတို့ထင်ကြတယ်၊ လွယ်ကူပြီး အပူအပင်ကင်းတဲ့ဘဝနဲ့ နေထိုင်ရတာဟာ ပျော်ရွှင်မှုပဲ၊ ဘဝကို ပျော်မွေ့ခံစားတတ်တာကို ဆိုလိုတာပဲ၊ ဒါကြောင့် ဘာပဲလုပ်လုပ် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ဖို့ မလိုလားကြဘူး။ ကျွန်တော် ပြန်ကြည့်လိုက်တဲ့အခါမှာ မြို့ငယ်လေးတစ်မြို့မှာ ဖြည်းဖြည်းမှန်မှန်နဲ့ အလုပ်လုပ်တုန်းက အလုပ်က တော်တော်လေး လွယ်ကူခဲ့တယ်၊ ပြီးတော့ အဲဒီလို ဖြည်းဖြည်းမှန်မှန်နဲ့ အေးအေးလူလူနိုင်တဲ့ ဘဝကို ကျွန်တော် ပျော်မွေ့ခဲ့တယ်။ လစာနည်းနည်းနည်းပေမဲ့ ကျွန်တော်ဂရုမစိုက်ခဲ့ဘူး။ ချွေတာသုံးရင် ရတာပဲလို့ ခံစားခဲ့ရတယ်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာလည်း ကျွန်တော်က အတူတူပဲ။ တိုးတက်ဖို့မကြိုးစားဘဲ တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်၊ အမြဲတမ်း စိတ်မပါလက်မပါနဲ့ လက်ရှိအခြေအနေကိုပဲ ကျေနပ်နေခဲ့တယ်။ အထူးပြုလုပ်ချက်တာဝန်မှာ ခက်ခဲတဲ့နည်းပညာတွေ သင်ယူဖို့လိုတာကို မြင်တော့ တိုးတက်ဖို့မကြိုးစားဘဲ အခက်အခဲထဲမှာပဲ နစ်မွန်းနေခဲ့တယ်၊ အဖိုးအခပေးဆပ်လိုက်ရင် ကျွမ်းကျင်နိုင်ပေမဲ့ အဲဒီနည်းပညာတွေကို မသင်ချင်ခဲ့ဘူး။ ကျွန်တော်က ရေသာခိုပြီး လက်ရှိအခြေအနေကို ထိန်းသိမ်းရုံနဲ့ ကျေနပ်နေခဲ့တယ်၊ ဘုရားသခင်ကို ကျေနပ်စေဖို့ ဒါမှမဟုတ် အလေးထားဖို့ ဆန္ဒမရှိခဲ့ဘူး။ ဘုရားသခင်က ကျွန်တော့်ကို တာဝန်တွေ ထမ်းဆောင်ဖို့ အခွင့်အရေးနဲ့ ကျေးဇူးပြုခဲ့တာက ကျွန်တော့်ရဲ့ တာဝန်တွေ ထမ်းဆောင်နေရင်းနဲ့ သမ္မာတရားကို လိုက်စားပြီး၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားဖို့၊ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒါပေမဲ့ ကျွန်တော်က အမြဲတမ်း ဇာတိပကတိ သက်သာမှုကို မွေ့လျော်ခံစားခဲ့ပြီး ကျွန်တော့်ရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ ဒုက္ခခံတာ၊ ဒါမှမဟုတ် အဖိုးအခပေးဆပ်တာကို မလုပ်ချင်ခဲ့ဘူး။ ကျွန်တော့်ရဲ့ တာဝန်တွေကို နှစ်တွေအများကြီး ထမ်းဆောင်ပြီးတဲ့နောက်မှာ ဘာလုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကိုမှ မပိုင်နိုင်သေးဘူး၊ ဘာနည်းပညာမှ မသင်ယူခဲ့ဘူး။ ကိုယ့်ဘာသာကိုယ် ဘာမှမလုပ်ကိုင်နိုင်ဘဲ လုံးဝ အသုံးမကျတဲ့လူတစ်ယောက်လိုပဲ။ ကျွန်တော်က စာတန်ရဲ့ အတွေးအခေါ်တွေ၊ အမြင်တွေနဲ့ အသက်ရှင်နေပြီး ဂုဏ်သိက္ခာရော တည်ကြည်မှုပါ မရှိတာကို မြင်လိုက်ရတယ်၊ တာဝန်တွေကို ကောင်းကောင်း မဖြည့်ဆည်းနိုင်ရုံတင်မကဘူး၊ ပိုအရေးကြီးတာက သမ္မာတရားကို မရနိုင်ဘဲ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကိုလည်း ခံရမှာမဟုတ်ဘူး။ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေက အပျက်သဘောဆောင်တဲ့ အရာတွေဖြစ်ပြီး အဲဒါတွေက လူတွေကို လမ်းမှားကို လမ်းညွှန်ပြီး ယုတ်ညံ့တဲ့အခြေအနေထဲကို ကျရောက်သွားစေတယ်။ ကျွန်တော် ဒီလိုပုံစံနဲ့ ဆက်မရှင်သန်ချင်တော့ဘူး။ တာဝန်အပေါ်ထားတဲ့ ကိုယ့်သဘောထားကို ပြောင်းလဲဖို့၊ ဇာတိပကတိကို ပုန်ကန်ပြီး တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ဖို့ ဆန္ဒရှိကြောင်း ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို နောဧ ဘယ်လိုသဘောထားခဲ့သလဲဆိုတာနဲ့ ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော်ဖတ်ခဲ့ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတချို့ကို တွေ့ရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အမျိုးစုံသော ပြဿနာများ၊ ခက်ခဲသော အခြေအနေများနှင့် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ရသော်လည်း နောဧသည် နောက်မတွန့်ခဲ့ပေ။ သူ၏ ပို၍ခက်ခဲသော ဆောက်လုပ်ရေးလုပ်ငန်းအချို့ မကြာခဏ မအောင်မမြင်ဖြစ်ပြီး ထိခိုက်ပျက်စီးမှု ကြုံခဲ့ချိန်တွင်၊ နောဧသည် သူ၏စိတ်နှလုံးထဲတွင် စိတ်ညစ်ပြီး စိုးရိမ်ကြောင့်ကြသော်လည်း ဘုရားသခင်၏ စကားများကို စဉ်းစားမိသောအခါ၊ သူ့အား ဘုရားသခင် မိန့်မှာခဲ့သော စကားလုံးတိုင်းနှင့် သူ့အပေါ် ဘုရားသခင်၏ မြှင့်တင်ပေးခြင်းကို သတိရသောအခါ သူသည် မကြာခဏ အလွန်အမင်း စိတ်ဓာတ်တက်ကြွခဲ့ရ၏။ ‘ငါသည် အရှုံးပေး၍မဖြစ်၊ ဘုရားသခင်က ငါလုပ်ဆောင်ရန် မိန့်မှာပြီး တာဝန်ပေးခဲ့သည့် အရာကို စွန့်ပစ်၍မရပေ။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး ယင်းကို ငါ လက်ခံခဲ့သည့်အတွက်၊ ဘုရားသခင်ပြောဆိုခဲ့သော စကားများနှင့် ဘုရားသခင်၏အသံကို ငါကြားခဲ့သည့်အတွက်၊ ပြီးလျှင် ဤအရာကို ဘုရားသခင်ထံမှ ငါလက်ခံခဲ့ရသည့်အတွက် ငါသည် လုံးလုံးလျားလျား ကျိုးနွံနာခံသင့်သည်။ ယင်းက လူသားတစ်ဦး ကြိုးပမ်းရရှိသင့်သည့်အရာပင် ဖြစ်၏။’ ထို့ကြောင့် သူသည် မည်သည့်အခက်အခဲမျိုးများကို ရင်ဆိုင်ခဲ့သည်ဖြစ်စေ၊ သူသည် မည်သည့်လှောင်ပြောင်သရော်မှုမျိုးကို သို့မဟုတ် အသရေဖျက်ခြင်းမျိုးကို ကြုံတွေ့ခဲ့ရသည်ဖြစ်စေ၊ သူ၏ ခန္ဓာကိုယ်က မည်မျှခြေကုန်လက်ပန်းကျလာခဲ့သည်ဖြစ်စေ၊ မည်မျှပင်ပန်းလာခဲ့သည်ဖြစ်စေ၊ သူသည် ဘုရားသခင် သူ့အား တာဝန်ပေးထားခဲ့သည့် အရာကို မကျောခိုင်းခဲ့သကဲ့သို့၊ ဘုရားသခင်က ပြောဆိုမိန့်မှာထားခဲ့သည့်အရာ၏ စကားတစ်ခွန်းစီတိုင်းကို စိတ်ထဲ၌ အမြဲတစေ မှတ်သားခဲ့ပေသည်။ သူ၏ပတ်ဝန်းကျင်က အဘယ်သို့ ပြောင်းလဲသွားသည်ဖြစ်စေ၊ သူရင်ဆိုင်ခဲ့ရသော အခက်အခဲက အဘယ်မျှကြီးမားသည်ဖြစ်စေ၊ သူသည် ဤအရာတစ်ခုမျှ ထာဝစဉ် တည်တံ့မည်မဟုတ်ကြောင်း၊ ဘုရားသခင်၏ စကားများသာလျှင် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်က ပြုလုပ်ရန် မိန့်မှာခဲ့သောအရာသည်သာ သေချာပေါက် ပြီးမြောက်မည် ဖြစ်ကြောင်းကို ယုံကြည်စိတ်ချခဲ့သည်။ နောဧသည် သူ၏စိတ်ထဲတွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ရှိသင့်သော ကျိုးနွံနာခံမှုတို့ရှိခဲ့ပြီး ဘုရားသခင်က သူ့အား ဆောက်လုပ်ခိုင်းသော သင်္ဘောကို ဆက်၍ ဆောက်လုပ်ခဲ့ပေသည်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်၊ နောဧမှာ ပို၍အိုမင်းလာခဲ့သော်လည်း သူ၏ယုံကြည်ချက်ကမူ ဆုတ်ယုတ်မသွားခဲ့သည့်အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြီးမြောက်ရန်အတွက် သူ၏ သဘောထားနှင့် စိတ်ပိုင်းဖြတ်ခြင်း၌လည်း ပြောင်းလဲမှုမရှိခဲ့ပေ။ သူ၏ခန္ဓာကိုယ် မောပန်း၍ ခြေကုန်လက်ပန်းကျကာ ဖျားနာပြီး သူ၏စိတ်နှလုံးထဲတွင် အားနည်းသည့် အချိန်များရှိခဲ့သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြည့်စုံစေခြင်းနှင့် ဘုရားသခင်၏ စကားများကို ကျိုးနွံနာခံခြင်းတို့အပေါ်ထားရှိသော သူ၏ စိတ်ပိုင်းဖြတ်ခြင်းနှင့် ဇွဲလုံ့လမှာ လျော့မသွားခဲ့ပေ။ သင်္ဘောဆောက်လုပ်ခဲ့သည့် နှစ်များအတောအတွင်း၌၊ နောဧသည် ဘုရားသခင်ပြောခဲ့သည့် စကားများအား နားထောင်ခြင်းနှင့် ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်နေခဲ့ပြီး ဖန်ဆင်းခံတစ်ဦးနှင့် သာမန်လူတစ်ဦးက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား ပြီးမြောက်ရန် လိုအပ်ခြင်းနှင့် ဆိုင်သော အရေးကြီးသည့် သမ္မာတရား တစ်ခုကိုလည်း လက်တွေ့လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၂)) စဉ်းစားကြည့်လိုက်တော့ နောဧက သင်္ဘောဆောက်ရာမှာ ဘယ်လောက်ကြီးမားတဲ့ အခက်အခဲတွေကိုပဲ ရင်ဆိုင်ခဲ့ရပါစေ၊ သူ ဘယ်တော့မှ မညည်းညူခဲ့ဘူး၊ နောက်ဆုတ်ဖို့ဆိုတာ ဝေးရော။ သူက ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ဘယ်တော့မှမမေ့ဘဲ နှစ်ပေါင်း ၁၂၀ တိုင်တိုင် ဇွဲရှိရှိနဲ့ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးမှာ သင်္ဘောကို အပြီးသတ် ဆောက်လုပ်ခဲ့ပြီး ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခဲ့တယ်။ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်မြင်စေဖို့နဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျိုးနွံနာခံဖို့ နောဧရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ဇွဲလုံ့လက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့၊ တာဝန်မှာ အခက်အခဲနည်းနည်းလေးကြုံတာနဲ့ နောက်ဆုတ်ချင်တယ်၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်လိုတဲ့ စိတ်ပိုင်းဖြတ်မှုလည်းမရှိဘူး၊ ဘုရားသခင်ကို ကျေနပ်စေဖို့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်လိုတဲ့စိတ်လည်း မရှိဘူး။ တကယ်တော့ နည်းပညာတွေသင်ဖို့ အသင့်လုပ်ထားတဲ့ သင်ခန်းစာတွေလည်းရှိတယ်၊ တွဲဖက်ကိုလည်း မေးလို့ရတယ်၊ ဒီအရာတွေကို မသင်နိုင်တာမျိုး မဟုတ်ဘူး၊ ဒါပေမဲ့ ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရမှာမို့လို့ မလေ့လာချင်ခဲ့တာ။ ကျွန်တော့်မှာ တာဝန်အပေါ်မှာ သစ္စာစောင့်သိစိတ် တစ်စက်မှမရှိတာကို ကျွန်တော်မြင်လိုက်ရတယ်၊ ကျွန်တော်သာ သင်္ဘောတည်ဆောက်တဲ့အထဲ ပါခဲ့ရင် အစောကြီးကတည်းက ထွက်ပြေးသွားလောက်ပြီ၊ သင်္ဘောလည်း ဘယ်တော့မှ ပြီးစီးမှာမဟုတ်ဘူး။ ဘုရားသခင်က နောဧရဲ့ စံနမူနာကို ဒီလောက်အသေးစိတ် မိတ်သဟာယပြုပေးတာက ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်အပေါ် နောဧထားရှိတဲ့ သဘောထားကို ကျွန်တော်တို့ အတုယူနိုင်ဖို့ မျှော်လင့်ချက်နဲ့ပဲ။ နောင်မှာ တာဝန်ထမ်းဆောင်ရင်း အခက်အခဲတွေကြုံတဲ့အခါ ကျွန်တော် ထပ်ပြီး ရှောင်ပြေးတာ၊ နောက်ဆုတ်တာမျိုး မလုပ်သင့်တော့ဘူး၊ ကျွန်တော်က ပိုလွယ်တဲ့အလုပ်ကိုပဲ လုပ်ချင်တာမျိုး၊ ဇာတိပကတိ သက်သာမှုကို မွေ့လျော်ခံစားချင်မျိုးကို ရပ်ပစ်ရမယ်၊ ပြီးတော့ ကျွန်တော် ထမ်းဆောင်သင့်တဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းရမယ်။ ဒါ့အပြင် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေသင်ယူဖို့နဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ ပိုပြီး အဖိုးအခပေးဆပ်ရမယ်။
အဲဒီနောက်မှာ ကျွန်တော်က ကျွမ်းကျင်မှုအသစ်တွေကို သင်ယူဖို့ အချိန်ဇယားဆွဲခဲ့တယ်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအစောပိုင်းမှာ ကျွန်တော်တို့ အထူးပြုလုပ်ချက်အသစ်တစ်ခု ဖန်တီးဖို့လိုလာတယ်။ ဒီလိုအမျိုးအစားကို အရင်က တွဲဖက်ညီအစ်ကိုကပဲ အမြဲလုပ်ခဲ့တာ၊ ကျွန်တော်သာ ဖန်တီးရမယ်ဆိုရင် အခက်အခဲတွေ ကြုံရတဲ့အခါမှာ အဲဒါတွေအပေါ်မှာ စဉ်းစားဆင်ခြင်ဖို့ အချိန်နဲ့ စိတ်ပိုင်းဆိုင်ရာ အားထုတ်မှု အများကြီး စိုက်ထုတ်ရမှာဖြစ်ပြီး အရမ်း ဒုက္ခများမှာပဲလို့ ကျွန်တော် တွေးခဲ့တယ်။ ကိုယ့်ဇာတိပကတိကို ပြန်ပြီး အလေးထားမိနေပြန်ပြီဆိုတာကို သဘောပေါက်လိုက်တယ်၊ ဒါကြောင့် ဒီတစ်ခါမှာတော့ ဒါက ဒုက္ခများတယ်လို့ ထင်ရုံနဲ့ နောက်မဆုတ်နိုင်ဘူးလို့ ကျွန်တော် ခံစားခဲ့ရတယ်။ ပြီးတော့ ကျွန်တော်က “ဒီအထူးပြုလုပ်ချက်ကို ကျွန်တော် ဖန်တီးပါ့မယ်” လို့ ပြောလိုက်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော်စဉ်းစားမိတယ်။ “သင်သည် ဘုရားသခင်ထံ ဆုတောင်းနိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်ခဲ့လျှင်၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်နိုင်ခဲ့လျှင်၊ ဤနည်းအားဖြင့် သင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်လျှင် ဘုရားသခင်က သင့်အတွက် အရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဖြင့် အမှုကိစ္စများကို သင် ကိုင်တွယ်သောအခါတွင် အရာရာတိုင်းက အဆင်ပြေချောမွေ့လိမ့်မည်ဖြစ်ပြီး ရလဒ်ကောင်းများ ဖြစ်ထွန်းလိမ့်မည်။ သင့်အနေဖြင့် ခွန်အားပမာဏများစွာ စိုက်ထုတ်ဖို့ လိုအပ်မည် မဟုတ်ပေ။ သင်သည် ပူးပေါင်းဆောင်ရွက်ဖို့ အစွမ်းကုန် ကြိုးစားသည့်အခါတွင် ဘုရားသခင်သည် သင့်အတွက် အရာရာ စီစဉ်နှင့်ပြီး ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) လူတွေအပေါ်ကျရောက်လာတဲ့ တာဝန်တွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ သဘောထားကို ဘုရားသခင်က ကြည့်ရှုတယ်။ လူတွေမှာ ပူးပေါင်းဆောင်ရွက်လိုတဲ့ စိတ်နှလုံးရှိရင် ဘုရားသခင်က သူတို့အတွက် လမ်းဖွင့်ပေးလိမ့်မယ်၊ ဒါကြောင့် ဒီလိုအထူးပြုလုပ်ချက်မျိုးကို အရင်က တစ်ခါမှမလုပ်ဖူးဘူးပေမဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဘုရားသခင်ကို အားကိုးရမယ်။ အဲဒီနောက်မှာ ဘုရားသခင်ဆီ ဆုတောင်းပြီး သူ့ရဲ့လမ်းပြမှုတောင်းခံခဲ့တယ်၊ အလုပ်လုပ်နေရင်း အချက်အလက်တွေရှာတော့ အကြံဉာဏ်တချို့ မြန်မြန်ဆန်ဆန်ပဲ ရလာခဲ့တယ်။ အထူးပြုလုပ်ချက်တွေလုပ်နေတုန်း နောက်ပိုင်းမှာ အခက်အခဲတချို့ကြုံခဲ့ပေမဲ့ လေ့လာစူးစမ်းရင်းနဲ့ နောက်ဆုံးမှာ ပြဿနာတွေ ပြေလည်သွားပြီး စိတ်ထဲမှာ တော်တော်လေး တည်ငြိမ်သွားတယ်။ ဒါ့အပြင် ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုပိုင်းမှာလည်း တိုးတက်မှုတချို့ ရှိလာခဲ့တယ်။
ဒီဇင်ဘာလရောက်တော့ အထူးပြုလုပ်ချက်တွေဖန်တီးဖို့ နည်းလမ်းသစ်တစ်ခုကို ကျွန်တော်လေ့လာချင်လာတယ်။ အဲဒါသာ အလုပ်ဖြစ်မယ်ဆိုရင် လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးမှာပဲ။ အစပိုင်းမှာတော့ တော်တော်အဆင်ပြေပေမဲ့ လမ်းခုလတ်မှာ နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခုနဲ့ ကြုံခဲ့တယ်။ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမဲ့ ဖြေရှင်းလို့မရခဲ့ဘူး။ ကျွန်တော့်တွဲဖက်လည်း ကျွန်တော့်ကို လာကြည့်ပေးခဲ့ပေမဲ့ ကောင်းတဲ့ဖြေရှင်းနည်းကို ကျွန်တော်တို့ မစဉ်းစားနိုင်ခဲ့ကြဘူး။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီပြဿနာကို ငါ့ရဲ့လက်ရှိလုပ်နည်းကိုင်နည်းနဲ့ ဖြေရှင်းလို့မရဘူး၊ အဲဒီတော့ ငါ့ကျွမ်းကျင်မှုတွေ တိုးတက်လာမှပဲ ဒါကို ပြန်လာလုပ်တာ ကောင်းမယ်” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ အရင်က ကျွန်တော် တာဝန်တွေ ထမ်းဆောင်နေတဲ့အခါမှာ အခက်အခဲ အရိပ်အယောင် စမြင်တာနဲ့ အမြဲတမ်း နောက်ဆုတ်ခဲ့တာကို ကျွန်တော် တွေးမိတယ်၊ ဒါကြောင့် အခု လွယ်လွယ်နဲ့ လက်မလျှော့ချင်တော့ဘဲ ဘုရားသခင်ဆီ လမ်းပြမှုအတွက် တောင်းလျှောက်ဖို့ ဆုတောင်းခဲ့တယ်။ နောက်တစ်နေ့မှာ ကျွန်တော် ဆက်ပြီးလေ့လာခဲ့တယ်၊ အကြိမ်ကြိမ် စမ်းသပ်ပြီးတဲ့နောက်မှာ မမျှော်လင့်ဘဲနဲ့ ပြဿနာက ပြေလည်သွားခဲ့တယ်။ ကျွန်တော် အရမ်းပျော်သွားပြီး ဘုရားသခင်ရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ခဲ့တယ်။ တာဝန်တွေမှာ စိတ်နှလုံးထဲထည့်ပြီး အဖိုးအခပေးဆပ်ရင် တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်တယ်ဆိုတာနဲ့ ကျွန်တော်တို့သာ ဘုရားသခင်နဲ့ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသရွေ့ ဘုရားသခင်က လမ်းပြပေးလိမ့်မယ်ဆိုတာကို ကျွန်တော်သဘောပေါက်လာတယ်။ အခု ကျွန်တော့်မှာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေမှာ အားနည်းချက်တွေ အများကြီးရှိနေတုန်းပဲ၊ ပိုခက်တဲ့နည်းပညာတွေကိုလည်း စပြီးလေ့လာနေပါပြီ။ နည်းပညာအသစ်တွေကို သင်ယူတဲ့အခါမှာ အခက်အခဲထဲမှာ နစ်မွန်းမနေတော့ဘဲ ကျွန်တော့်ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ ဘုရားသခင်ဆီကို ဆုတောင်းပြီး အားကိုးလိုက်တယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ ဒီလိုတာဝန်ထမ်းဆောင်ရတာ တကယ်ကို ကောင်းတယ်လို့ ခံစားရပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ပိုင်ရွှဲ အီတလီနိုင်ငံ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ၊ ဗီဒီယိုတွေအတွက် ပုံတွေလုပ်ဖို့ ငါ့ကို အစ်မဆန်ဒရာနဲ့ တွက်ဖက်ပေးဖို့ ခေါင်းဆောင်က စီစဉ်တယ်။...
ရှင်းချယ် တောင်ကိုရီးယားနိုင်ငံ အရင်တစ်ခါတုန်းက ဗီဒီယိုတွေကို စစ်တဲ့ အစ်မက ပြောတယ်။ အခုနောက်ပို်ငး ကျွန်မလုပ်တဲ့ ဗီဒီယိုတွေရဲ့...
ရှင်းချန် အီတလီနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း...
၂၀၁၉ မှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ကျွန်မရဲ့တာဝန်ကို စတင်ခဲ့ပါတယ်။ ဒါက ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းဆိုတာ ကျွန်မ သိတယ်။ ကျွန်မတာဝန်ကို...