လက်တွေ့အလုပ်လုပ်ရန် ပျက်ကွက်ခြင်း၏ အကျိုးဆက်များ

12.03.2023

ရှောင်မော့ တရုတ်နိုင်ငံ

အခုရက်ပိုင်းမှာ တချို့ ညီအစ်ကိုမောင်နှမတွေက တိုင်တယ်။ အဖွဲ့ခေါင်းဆောင်ရှင်ရွေက မာနကြီးပြီး အာဏာရှင်ဆန်တယ်၊ တခြားလူတွေနဲ့ ကောင်းကောင်းမလုပ်နိုင်ဘူး၊ အကြံတွေကို လက်မခံနိုင်ဘူးတဲ့။ လူတိုင်းက သူ့ကြောင့် စိတ်ကျဉ်းကျပ်ပြီး ဧဝံဂေလိအလုပ်ကို ထိခိုက်နေတယ်။ လူတိုင်းက ဒါကို ထောက်ပြပြီး သူ့ကို ကူညီဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူက ပါးစပ်ကပဲ အသိအမှတ်ပြုပြီး လက်ခံတယ်။ နောက်ကျတော့ လုံးဝ မပြောင်းလဲဘူး။ ဒါကို ကျွန်မတို့ ဆွေးနွေးပြီး သူ့ရာထူးကနေ ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တကယ်တမ်းတော့ ဒီဟာကြောင့် ကျွန်မ တော်တော်ရှက်မိတယ်။ ဘာလို့လဲဆိုရင် ဒါက ကျွန်မ လက်တွေ့အလုပ်မလုပ်ဘူးဆိုတာကို ပြနေတယ်လေ။ ရှင်ရွေကို အရင်က သူ့ပြဿနာတွေအကြောင်းကို ကျွန်မ သုံးလေးကြိမ် မိတ်သဟာယဖွဲ့တယ်။ ဒါပေမဲ့ ပြေလည်ရမယ့်အစား သူ့ပြဿနာတွေက ပိုဆိုးလာတော့ ကျွန်မ အံ့ဩသွားတယ်။ ဒီဟာရဲ့ တကယ့်အကြောင်းရင်းက ဘာလဲဆိုတာကို ကျွန်မ သုံးသပ်ပြီး တွေးမိတယ်။ ကျွန်မ အလုပ်ကို စပြီးတာဝန်ယူတုန်းက အချိန်ကို ပြန်တွေးမိတယ်။ ရှင်ရွေရဲ့ အဖွဲ့က ဧဝံဂေလိအလုပ်မှာ အအောင်မြင်ဆုံးဖြစ်ပြီး သူတို့တာဝန်ကို တော်တော်လုပ်ကြတယ်ဆိုတာ ကျွန်မ သတိထားမိတယ်။ သူတို့ကို တော်တော်အထင်ကြီးမိတယ်။ အထူးသဖြင့် ရှင်ရွေက ဘယ်လောက်လုပ်ကိုင်နိုင်တယ်ဆိုတာ ကျွန်မ မြင်တဲ့အခါပေါ့။ သူက အဖွဲ့ခေါင်းဆောင်ဆိုတော့ ဘာအကြီးစားပြဿနာမှ မရှိလောက်ဘူးလို့ ခံစားမိတယ်။ အဲဒါနဲ့ သူတို့အလုပ်ကို ကျွန်မ သိပ်ပြီး လိုက်မစစ်ဘူး။ တချို့အစ်မတွေက သူတို့ပြဿနာတွေကို ကျွန်မကို တင်ပြပေမဲ့ ကျွန်မက အလေးအနက်မထားခဲ့ဘူး။ သူတို့က ဧဝံဂေလိအလုပ်မှာ ကောင်းကောင်းလုပ်တော့ တချို့ပြဿနာတွေရှိရင်တောင် အရေးမကြီးပါဘူးလို့ ကျွန်မ ခံစားမိတယ်။ တစ်ခါတလေမှာ ကျွန်မ သူတို့နဲ့ မိတ်သဟာယဖွဲ့တဲ့အခါ သူတို့ကို ရိုးရှင်းတဲ့ အကြံနည်းနည်းပဲပေးလိုက်တယ်။ နောက်ပိုင်းမှာ ပြဿနာတွေ ပြေလည်သွားလားဆိုတာ ကြည့်ဖို့ နောက်ဆက်တွဲဆက်မလုပ်ဘူး။ ကျွန်မ မှတ်မိသေးတယ်။ တစ်ခါတုန်းက ကျွန်မတို့ အလုပ်အကြောင်းဆွေးနွေးနေတဲ့အချိန်မှာ ရှင်ရွေနဲ့ ရှောင်လီက သဘောထားကွဲလွဲနေတာကို ကျွန်မ သတိထားမိတယ်။ သူတို့နှစ်ယောက်လုံးက တော်တော်မာနကြီးပြီး သူတို့ကိုယ်ပိုင်အမြင်တွေကိုပဲ ဆုပ်ကိုင်ထားတယ်။ ကျွန်မက မိတ်သဟာယဖွဲ့ဖို့အတွက် သူတို့အခြေအနေတွေကို ပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ရှာတယ်။ သူတို့နှစ်ယောက်က ဆင်ခြင်နိုင်ပြီး ပြောင်းလဲချင်စိတ်ရှိနေတာကို မြင်တော့ ပြဿနာက ပြေလည်သွားပြီလို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မက နောက်ဆက်တွဲလိုက်လုပ်သင့်ပြီး သူတို့အခြေအနေ တကယ်ပြောင်းလဲသွားသလားဆိုတာ ကြည့်သင့်တယ်လို့ တွေးတော့ တွေးမိပါတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားတယ်။ သူတို့နဲ့ ပိုပြီး မိတ်သဟာယဖွဲ့ဖို့က ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို ရှာရမယ်။ သူတို့အခြေအနေကို သဘောပေါက်အောင် ကြိုးစားရမယ်။ ဒါ တော်တော်ပင်ပန်းတယ်။ ပြီးတော့ သူတို့က တာဝန်တွေကို ပုံမှန်လုပ်နေတာ။ ဒီတော့ သူတို့ကို စစ်ဆေးမကြည့်တာ ကိစ္စမရှိပါဘူးလို့ ထင်ခဲ့တယ်။ အဲဒါနဲ့ ကျွန်မက ဒီတိုင်းပဲထားလိုက်တယ်။ နောက်တစ်ခါကျတော့ မိတ်သဟာယဖွဲ့နေတုန်းမှာ ရှင်ရွေနဲ့ တခြားအစ်မတစ်ယောက်က သဘောထားကွဲလွဲနေတာကို ကျွန်မ တွေ့တယ်။ တခြားအစ်မက ကျိုးကြောင်းသင့်တဲ့ အကြံတစ်ခုပေးတယ်။ ဒါပေမဲ့ ရှင်ရွေက လက်ခံဖို့ ငြင်းဆန်တယ်။ သူမှန်တယ်လို့ပဲ ဆက်ပြောနေတယ်။ အဲဒီအစ်မက နောက်ဆုံးတော့ ရွေးစရာမရှိတော့ဘဲ အရှုံးပေးလိုက်ရတယ်။ ရှင်ရွေက ကိုယ့်ကိုယ်ကိုယ်မှန်တယ်လို့ ထင်နေတာကို တွေ့တော့ သူ့ပြဿနာကို ကျွန်မ ထုတ်ပြချင်တယ်။ ဒါပေမဲ့ ဒါကို မိတ်သဟာယဖွဲ့ဖို့အတွက် ကျွန်မပေးဆပ်ရမယ့် အချိန်နဲ့ အားအင်ရယ်၊ ကျွန်မ ဂရုစိုက်ဖို့ ရှိသေးတဲ့ တခြားအလုပ်တွေရယ်ကို တွေးမိတယ်။ သူတို့ကြားမှာ သေချာ ပဋိပက္ခဖြစ်တာ၊ သဘောထားကွဲလွဲတာမရှိတော့ ကျွန်မ ထင်သလောက် မဆိုးလောက်ဘူး ပေါ့။ ဒုက္ခနည်းလေ၊ ကောင်းလေပဲ။ နောက်ပြီးတော့ ရှင်ရွေက အဖွဲ့ခေါင်းဆောင်ပဲ။ ဒီတော့ သူက နည်းနည်းမာနထောင်လွှားမှုပြရင် သူက ဒါကို ရှာဖွေခြင်းကတစ်ဆင့် ဖြေရှင်းနိုင်မှာပါ ပေါ့။ အဲဒါနဲ့ သူ့ပြဿနာကိုကျွန်မ ထောက်မပြလိုက်ဘူး။

ဒါတွေအကုန်လုံးကို ပြန်ကြည့်ကြည့်တော့ ရှင်ရွေက မာနကြီးပြီး သူများတွေနဲ့အတူ ကောင်းကောင်းမလုပ်နိုင်ဘူးဆိုတာ ကျွန်မ ကောင်းကောင်းသိပြီးသား။ ပြီးတော့လည်း သူက ခေါင်းဆောင်ဖြစ်တယ်။ ဒီတော့ ဒီလောက် အရေးကြီးတဲ့ကိစ္စကို ဘေးဖယ်ထားတာ ကျွန်မက တော်တော် တာဝန်မသိတတ်တာပဲ။ နောက်ကျတော့ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ဖတ်ရတယ်။ “ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်သည် မည်သည့်အရေးကြီးသည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ ဤအလုပ်၏ သဘောသဘာဝက မည်သည့်အရာဖြစ်စေ ၎င်းတို့၏ ပထမဦးစားပေးမှာ အလုပ်က မည်သို့ တိုးတက်မှုရှိနေသည်ကို ကောင်းစွာ သိရှိရန်ဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စများကို ဆက်လက်စစ်ဆေးပြီး မေးခွန်းများမေးကာ သတင်းအချက်အလက်များကို ကိုယ်တိုင်ရယူရန်အတွက် ထိုနေရာတွင် ရှိနေရပေမည်။ ၎င်းတို့သည် ကိုယ်ကြားရသည့်အတိုင်း လုပ်ဆောင်ခြင်းသက်သက် သို့မဟုတ် အခြားလူတို့၏ အစီရင်ခံချက်များကိုသာ နားထောင်ခြင်း မပြုလုပ်ရပေ။ ထိုအစား ၎င်းတို့သည် ဝန်ထမ်းများက မည်သို့လုပ်ဆောင်နေသည်၊ အလုပ်က မည်သို့ တိုးတက်နေသည်ကို မိမိတို့ကိုယ်တိုင် ကြည့်ရှုလေ့လာရမည်။ မည်သည့်အခက်အခဲများရှိသည်၊ နယ်ပယ်တစ်ခုခုက အထက်က သတ်မှတ်ချက်များနှင့် ကွဲလွဲနေခြင်းရှိမရှိ၊ အထူးလုပ်ငန်းတာဝန်များက စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းရှိမရှိ၊ အနှောင့်အယှက်၊ အဖျက်အဆီးတစ်ခုခု ရှိမရှိ၊ လိုအပ်သော ပစ္စည်းကိရိယာများ၊ သို့မဟုတ် အချို့တာဝန်အတွက် သင်ကြားပို့ချမှုဆိုင်ရာ ပစ္စည်းများ လိုအပ်ခြင်း ရှိမရှိ၊ သင်ယူရမည်။ ၎င်းတို့သည် ဤအရာအားလုံးကို နိုင်နိုင်နင်းနင်းဖြစ်ရမည် ဖြစ်သည်။ မည်မျှ များပြားသော အစီရင်ခံချက်များကို ၎င်းတို့ နားထောင်သည်ဖြစ်စေ၊ သို့မဟုတ် ကြားရသည့်အတိုင်း လုပ်ဆောင်ခြင်းမှ မည်မျှရရှိသည်ဖြစ်စေ၊ ဤအရာတို့သည် ကိုယ်တိုင်သွားရောက်ကြည့်ရှုခြင်းလောက် မကောင်းပေ။ အမှုအရာများကို မိမိကိုယ်တိုင် မြင်တွေ့ခြင်းသည် ပိုမို တိကျမှုရှိပြီး ယုံကြည်စိတ်ချရသည်။ ၎င်းတို့သည် အခြေအနေကို အကျွမ်းဝင်သွားသည်နှင့် တစ်ပြိုင်နက် မည်သည့်အရာဖြစ်ပျက်နေသည်ကို ကောင်းစွာ သိရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ)ဝန်ထုပ်ဝန်ပိုးထမ်းရွက်သော ခေါင်းဆောင်များသည် မည်သည့်အလုပ်ကို စစ်ဆေးသည်ဖြစ်စေ ပြဿနာများကို အစဉ်သဖြင့် ခွဲခြားဖော်ထုတ်နိုင်လိမ့်မည်။ အထူးအတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုအသိအမြင်နှင့် သက်ဆိုင်သော၊ သို့မဟုတ် စည်းမျဉ်းများကို ဖောက်ဖျက်ခြင်းနှင့် သက်ဆိုင်သော မည်သည့်ပြဿနာမဆိုအတွက် ၎င်းတို့သည် ခွဲခြားဖော်ထုတ်နိုင်ပြီး စုံစမ်းမေးမြန်းနိုင်လိမ့်မည်။ နားလည်မှုရှိနိုင်လိမ့်မည်။ ပြဿနာတစ်ခုကို ၎င်းတို့ တွေ့သောအခါ ၎င်းတို့က ချက်ချင်းဖြေရှင်းကြသည်။ အသိဉာဏ်ထက်မြက်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်အလုပ်၊ အတတ်ပညာဆိုင်ရာအသိ၊ သမ္မာတရားစည်းမျဉ်းများနှင့် သက်ဆိုင်သော ပြဿနာများကိုသာ ဖြေရှင်းသည်။ ၎င်းတို့သည် နေ့စဉ်အသက်တာတွင်ရှိသော အသေးအဖွဲကိစ္စများကို လုံးဝ အရေးမစိုက်ပေ။ ဘုရားသခင်စေခိုင်းသည့် ဧဝံဂေလိဖြန့်ချိခြင်းအလုပ်၏ ရှုထောင့်တိုင်းကို ကြည့်ရှုစောင့်ရှောက်ကြသည်။ ၎င်းတို့ သတိထားမိနိုင်သော၊ သို့မဟုတ် ရှာဖွေတွေ့ရှိနိုင်သော မည်သည့်ပြဿနာကိုမဆို ၎င်းတို့ မေးမြန်းပြီး စစ်ဆေးကြသည်။ ၎င်းတို့သည် လတ်တလောတွင် ပြဿနာများကို ၎င်းတို့ကိုယ်တိုင်မဖြေရှင်းနိုင်လျှင် အခြားခေါင်းဆောင်များ၊ အမှုဆောင်များနှင့် စုဝေးကြသည်။ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး သမ္မာတရားစည်းမျဉ်းများကို ရှာကြသည်။ ဖြေရှင်းရန် နည်းလမ်းများ စဉ်းစားကြသည်။ ၎င်းတို့ သေချာပေါက် မဖြေရှင်းနိုင်သော ကြီးမားသောပြဿနာတစ်ခုကို ကြုံရလျှင် အထက်မှ ကူညီထောက်ပံ့မှုကို ချက်ချင်းရှာဖွေကြသည်။ အထက်ကို ကိုင်တွယ်ဖြေရှင်းစေသည်။ ဤသို့သော ခေါင်းဆောင်များ၊ အမှုဆောင်များသည် ၎င်းတို့အလုပ်တွင် စည်းမျဉ်းရှိသောသူများဖြစ်သည်။ ပြဿနာက မည်သည့်အရာဖြစ်စေ ၎င်းတို့က ထိုပြဿနာကို မြင်ပြီးဖြစ်သရွေ့၊ ကြားပြီးဖြစ်သရွေ့၊ သို့မဟုတ် သိရှိပြီးဖြစ်သရွေ့ ၎င်းတို့က လက်လွှတ်မည်မဟုတ်ဘဲ တစ်ခုချင်းစီကို ဖြေရှင်းနိုင်ကြသည်။ ကောင်းစွာမပြေလည်လျှင်ပင် ထိုပြဿနာထပ်မဖြစ်ရန် ၎င်းတို့ အာမခံကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ခေါင်းဆောင်တွေ၊ အမှုဆောင်တွေအပေါ် ဘုရားလိုအပ်တဲ့အရာတွေကို မြင်တော့ ကျွန်မ တော်တော်ရှက်သွားတယ်။ ကျွန်မက ဧဝံဂေလိအလုပ်အတွက် တာဝန်ထမ်းရွက်ခြင်းမရှိခဲ့ဘူး။ ကျွန်မက ဧဝံဂေလိအလုပ်ကို ချက်ချင်းလိုက်စစ်ဖို့ ပျက်ကွက်ရုံတင်မဟုတ်ဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကို အသေးစိတ်နားမလည်ခဲ့ဘူး။ အဖွဲ့ခေါင်းဆောင်ဖြစ်ပေမဲ့ အတူအလုပ်လုပ်ဖို့ ခက်တဲ့ ရှင်ရွေလိုပေါ့။ ဒါကို ကျွန်မက မိတ်သဟာယကတစ်ဆင့် ဖြေရှင်းခဲ့သင့်တယ်။ ဒါပေမဲ့ ဒါကို အသေးစိတ်နားလည်အောင် သူများတွေနဲ့ စကားမပြောဘဲနဲ့ သူ့ပြဿနာကိုပဲ အကျဉ်းချုံးထောက်ပြခဲ့တယ်။ သူ့ပြဿနာရဲ့ သဘာဝ၊ ဒါမှမဟုတ် ဒါရဲ့ အကျိုးဆက်တွေကိုလည်း ကျွန်မ မဖော်ထုတ်ခဲ့ဘူး။ အဲဒီနောက်မှာ သူပြောင်းလဲလား၊ မပြောင်းလဲဘူးလားဆိုတာ မစုံစမ်းဘူး။ ဒါက သူ့အနှစ်သာရရဲ့ ပြဿနာလား၊ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြတာလား သူက အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ သင့်တော်သလား၊ ပြီးတော့ ဒီလိုမျိုး တခြားအသေးစိတ်အချက်တွေကို ကျွန်မ သေချာတွေးမကြည့်ခဲ့ဘူး။ ဒါကြောင့် သူပြဿနာတွေက လုံးဝ မပြေလည်ဘူး။ ဧဝံဂေလိအလုပ်က ထိခိုက်သွားတယ်။ နောက်ပိုင်းမှာ ရှင်ရွေက မာနကြီးတာ၊ ကိုယ့်ကိုယ်ကိုယ် အမှန်ထင်တာ၊ အာဏာရှင်ဆန်တာတွေ ရှိနေတုန်းပဲဆိုတာ တွေ့ရတယ်။ ဒါကို ဖြေရှင်းဖို့ သူနဲ့ မိတ်သဟာယဖွဲ့သင့်တယ်၊ မဟုတ်ရင် အလုပ်နှောင့်နှေးသွားမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ဒါကို မကိုင်တွယ်သေးဘူး။ စိတ်မရှုပ်ချင်လို့လေ။ ကျွန်မက ပြဿနာတွေ ဖြေရှင်းဖို့ကို အပေါ်ယံ ဝတ်ကျေတမ်းကျေပဲ လုပ်နေတယ်။ အပေါ်ယံအလုပ်နဲ့ပဲ ကျေနပ်နေပြီး ပြဿနာအကြောင်းပြောပြတယ်။ ဒီထက်မပိုဘူး။ ပြဿနာက တကယ်ပြေလည်သွားလား၊ မပြေလည်ဘူးလားဆိုတာ အရေးမစိုက်ဘူး။ ကျွန်မက တာဝန်မသိတတ်နေတာပါ။ ကျွန်မအလုပ်၊ ဒါမှမဟုတ် ဘာလက်တွေ့အလုပ်ကိုမှ မလုပ်နေခဲ့ဘူး။ ဒါက အယောင်ဆောင်ခေါင်းဆောင်က ပြုမူတဲ့ပုံစံပဲ။ အသင်းတော်က ကျွန်မကို ဧဝံဂေလိအလုပ်ကို ဦးဆောင်ခိုင်းတယ်။ ကျွန်မက ဘုရားရဲ့ တောင်းဆိုချက်တွေနဲ့အညီ တာဝန်ထမ်းဆောင်နိုင်မယ်၊ ကိုယ့်အလုပ်မှာ လေးနက်ပြီး တာဝန်သိနိုင်မယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားစည်းမျဉ်းတွေကို အသုံးပြုနိုင်မယ် ဒီလိုနဲ့ ဧဝံဂေလိအလုပ်က ချောမွေ့စွာ ရှေ့ဆက်နိုင်မယ်လို့ မျှော်လင့်ပြီးတော့ပေါ့။ ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ ဖြေရှင်းဖို့လိုတဲ့ ပြဿနာတွေ ပေါ်လာတဲ့အခါ ကျွန်မက ဒုက္ခနည်းလေ၊ ကောင်းလေပဲလို့ တွေးပြီး ဘာမှမလုပ်ဘူး။ ကျွန်မက တကယ်ကို အယောင်ဆောင်ခေါင်းဆောင်အနေနဲ့ ပြုမူနေပြီး ဧဝံဂေလိအလုပ်တိုးတက်မှုကို နှောင့်နှေးအောင်လုပ်နေတာပဲ။ ကျွန်မတာဝန်အပေါ် ကျွန်မသဘောထားက ဘုရားအတွက် တကယ်ကို ရွံရှာစရာပါပဲ။

အဲဒီနောက်တော့ ကျွန်မက တကယ့်အလုပ်ကိုလုပ်ဖို့အတွက် ကျွန်မရဲ့ ပျက်ကွက်ရခြင်းရဲ့ တကယ့်အကြောင်းရင်းကို ရှာဖွေပြီး သေချာစဉ်းစားတယ်။ ဘုရားနှုတ်ကပတ်တော်ထဲက တစ်ခုကိုကျွန်မ ဖတ်ရတယ်။ “ခေါင်းဆောင်နှင့် အမှုဆောင်များသည် ၎င်းတို့အလုပ်တွင် ဘုရားအလိုတော်ကို အရေးစိုက်ပြီး ဘုရားအပေါ် သစ္စာရှိသင့်သည်။ ၎င်းတို့အတွက် ပြုမူရန် အကောင်းဆုံးနည်းလမ်းမှာ ပြဿနာများကို ကြိုတင်သိမြင်ပြီး ဖြေရှင်းရန်ဖြစ်သည်။ ငြိမ်သက်မြဲ ငြိမ်သက်နေ၍မရပေ။ အထူးသဖြင့် ၎င်းတို့သည် ၎င်းတို့ကို လမ်းပြပေးရန် ဤလက်တွေ့ကျသော နှုတ်ကပတ်တော်များနှင့် မိတ်သဟာယရှိသောအခါတွင် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် လက်တွေ့ပြဿနာများနှင့် အခက်အခဲများကို နှံ့စပ်စွာ ဖြေရှင်းရန် စတင်လုပ်ဆောင်သင့်သည်။ ၎င်းတို့၏ အလုပ်ကို ကောင်းစွာလုပ်ဆောင်သင့်ပြီး အလုပ်တိုးတက်မှုကို ချက်ချင်း၊ တက်ကြွစွာ လိုက်လံကြီးကြပ်စစ်ဆေးသင့်သည်။ အထက်မှ ၎င်းတို့အား လုပ်ဆောင်ဖို့ ဖိအားပေးရန် အမိန့်များနှင့် နှိုးဆော်မှုများကို စောင့်၍မရပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစဉ်သဖြင့် ငြိမ်သက်နေပြီး စောင့်ဆိုင်းနေလျှင် တကယ့်အလုပ်ကို လုပ်ဆောင်နေခြင်းမဟုတ်ပေ။ ဘုရားသခင်က အသုံးပြုခြင်းကို မခံထိုက်ပေ။ ၎င်းတို့သည် အထုတ်ခံရသင့်ပြီး တာဝန်ပြောင်းပေးခြင်းခံရသင့်သည်။ ယခုတွင် မိမိတို့၏အလုပ်၌ အလွန်ငြိမ်သက်နေသော ခေါင်းဆောင်နှင့် အမှုဆောင်များစွာရှိသည်။ အလုပ်အနည်းငယ်လုပ်ဆောင်ရန် ၎င်းတို့ကို အထက်မှ အမိန့်များပေးပို့ပြီး ဖိအားပေးရန် အစဉ်လိုအပ်သည်။ ဤသို့မလုပ်လျှင် ၎င်းတို့က အချောင်ခိုပြီး အချိန်ဆွဲကြသည်။ အသင်းတော်အချို့ရှိအလုပ်သည် အလွန်ပင် ပရမ်းပတာဖြစ်သည်။ ထိုနေရာတွင် တာဝန်ထမ်းဆောင်သောလူအချို့သည် အလွန့်အလွန်ပျင်းရိပြီး ဖြစ်ကတတ်ဆန်းနိုင်သည်။ တကယ့်ရလဒ် တစ်ခုမျှမရပေ။ ဤပြဿနာများသည် သဘာဝအားဖြင့် အလွန် ပြင်းထန်နေကာ ဆိုးရွားပြီးသား ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သို့သော် ထိုအသင်းတော်များမှ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဗြူရိုကရက်တစ်အရာရှိများကဲ့သို့ ပြုမူဆဲဖြစ်သည်။ ၎င်းတို့သည် တကယ့်အလုပ်တစ်ခုမျှ မလုပ်နိုင်ရုံသာမက ပြဿနာများကိုလည်း မသိမြင်နိုင်၊ သို့မဟုတ် မဖြေရှင်းနိုင်ပေ။ ဤအတွက်ကြောင့် အသင်းတော်အလုပ် ရပ်ဆိုင်းပြီး တန့်နေစေသည်။ အသင်းတော်၏အလုပ်သည် ဆိုးရွားစွာ ရှုပ်ပွနေပြီး အစီအစဉ်တကျရှိသည့် လက္ခဏာမရှိသည့်အခါတိုင်း ထိုနေရာတွင် ဦးဆောင်နေသော အယောင်ဆောင်ခေါင်းဆောင်တစ်ယောက် သေချာပေါက် ရှိလေသည်။ အယောင်ဆောင်ခေါင်းဆောင်က အမိန့်ပေးသည့် အသင်းတော်တိုင်းတွင် အသင်းတော်အလုပ်အားလုံးသည် ကမောက်ကမဖြစ်ပြီး လုံးဝ ရှုပ်ထွေးနေလိမ့်မည်။ ဤသည်နှင့်ပတ်သက်၍ သံသယမရှိပေ။...လုပ်ဆောင်ရန် လိုအပ်သည့်အလုပ်အား လူတို့က မမြင်နိုင်သောအခါ မည်သည့်အရာဖြစ်နေသနည်း။ (၎င်းတို့သည် တာဝန်ခံယူခြင်းမရှိပေ။) ၎င်းတို့သည် တာဝန်ခံယူမှုမရှိဟု ပြောရန် တိကျမှန်ကန်သည်။ ၎င်းတို့သည် အလွန်လည်း ပျင်းရိသည်။ သက်သာခြင်းကို မက်မောသည်။ ရနိုင်သည့်အချိန်တိုင်းတွင် အနားယူသည်။ မည်သည့် အပိုအလုပ်ရှုပ်သည့်အရာကိုမဆို ရှောင်ဖို့ကြိုးစားသည်။ ဤပျင်းရိသောလူများက မကြာခဏစဉ်းစားသည်။ ‘ဒါကို ငါက ဘာလို့အရမ်း စိတ်ပူသင့်တာလဲ။ အရမ်းစိတ်ပူရင် မြန်မြန်အိုစာတာပဲရှိမယ်။ ဒီလိုလုပ်တော့၊ လှည့်လည်ပြေးလွှားနေတော့၊ ကိုယ့်ကိုယ်ကိုယ် အရမ်းအပင်ပန်းခံနေတော့ ငါက ဘာအကျိုးရမှာလဲ။ အားကုန်သွားပြီး နေမကောင်းဖြစ်ရင် ဘာဖြစ်မလဲ။ ဆေးကုဖို့အတွက် ပိုက်ဆံမရှိဘူး။ ငါအသက်ကြီးရင် ဘယ်သူက ငါ့ကို ဂရုစိုက်မလဲ’ ဟူ၍ ဖြစ်သည်။ ဤပျင်းရိသူများသည် ဤမျှပင် မလှုပ်မယှက်နေပြီး နောက်ပြန်ဆွဲသည်။ ၎င်းတို့တွင် သမ္မာတရား တစ်စက်မျှမရှိပေ။ မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မမြင်နိုင်ပေ။ ၎င်းတို့သည် သိသာထင်ရှားစွာ မရေမရာဖြစ်နေသောလူများ ဖြစ်သည်မဟုတ်လော။ ၎င်းတို့အားလုံးသည် နားဝေတိမ်တောင်ဖြစ်နေကြသည်။ ၎င်းတို့သည် သမ္မာတရားကို သတိမမူမိပေ။ သမ္မာတရားကို စိတ်ဝင်စားမှုမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် မည်သို့ ကယ်တင်ခံရနိုင်မည်နည်း။ လူတို့သည် ဘဝတစ်လျှောက် အိပ်ပျော်နေစဉ် ယောင်ပြီး လမ်းထလျှောက်နေသကဲ့သို့ အဘယ်ကြောင့် အစဉ် စည်းကမ်းမဲ့ပြီး ပျင်းရိကြသနည်း။ ဤသည်မှာ ၎င်းတို့၏ သဘာဝတွင်ရှိသော ပြဿနာတစ်ခုနှင့် ဆိုင်သည်။ လူ့သဘာဝတွင် ပျင်းရိခြင်းအမျိုးအစားတစ်ခု ရှိသည်။ လူတို့သည် မည်သည့်အလုပ်ကို လုပ်နေသည်ဖြစ်စေ ၎င်းတို့ကို စောင့်ကြည့်ပြီး စေ့ဆော်သည့်သူတစ်ယောက်ကို အစဉ် လိုအပ်သည်။ တစ်ခါတစ်ရံတွင် လူတို့သည် ဇာတိပကတိကို စွဲလမ်းကြသည်။ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို မက်မောကြသည်။ မိမိတို့ကိုယ်ကိုအတွက် အရေးပေါ် အစီအစဉ်များ အစဉ်ရှိကြသည်။ ဤလူများသည် အလွန်လည်ကြပြီး ၎င်းတို့သည် အမှန်ပင် လူကောင်းများ မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်အရေးကြီးသောတာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ ၎င်းတို့ အကောင်းဆုံးလုပ်နိုင်သည်ထက် အစဉ် လျှော့၍ လုပ်ဆောင်ကြသည်။ ဤသည်မှာ တာဝန်မသိတတ်ခြင်း၊ သစ္စာမရှိခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ)ဤပျင်းရိသော အယောင်ဆောင်ခေါင်းဆောင်များသည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ခြင်းကို ပျော်မွေ့ရမည့် ရာထူးအမျိုးအစားတစ်ခုအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ယောက်မှ ထမ်းဆောင်သင့်သောတာဝန်နှင့် လုပ်ဆောင်သင့်သော အလုပ်ကို ဝန်ထုပ်ဝန်ပိုးအဖြစ်၊ ဒုက္ခတစ်ခုအဖြစ် မှတ်ယူကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် အသင်းတော်၏ အလုပ်အပေါ် အာခံမှုဖြင့် အပြည့်ရှိနေကြသည်။ အလုပ်ကို စောင့်ကြည့်ရန်၊ သို့မဟုတ် ယင်း၌ရှိသော ပြဿနာများကို ရှာဖွေရန်၊ ပြီးလျှင် ထိုပြဿနာများကို ကြီးကြပ်စစ်ဆေးပြီး ဖြေရှင်းရန် ၎င်းတို့ကို ခိုင်းစေလော့။ ၎င်းတို့သည် အလွန်ပင် တွန့်ဆုတ်ကြသည်။ ဤသည်မှာ ခေါင်းဆောင်များ၊ အမှုဆောင်များလုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အလုပ်ဖြစ်သည်။ သင်သည် မလုပ်ဆောင်လျှင်၊ လုပ်ဆောင်လိုစိတ်မရှိလျှင် အဘယ်ကြောင့် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ချင်နေသေးသနည်း။ သင်သည် သင်၏ တာဝန်ကို ဘုရားအလိုတော်ကို အလေးထားရန်၊ သို့မဟုတ် အရာရှိဖြစ်ခြင်း၏ အဆောင်အယောင်များကို မွေ့လျော်ရန် ထမ်းဆောင်သလော။ တရားဝင်ရာထူးအချို့ကို သင်ပိုင်ဆိုင်လိုလျှင် ခေါင်းဆောင်ဖြစ်ခြင်းသည် အရှက်မဲ့ခြင်းမဟုတ်သလော။ မည်သူကမျှ ဤလူတို့ထက် ပို၍နိမ့်ကျသော ပင်ကိုလက္ခဏာမရှိပေ။ ဤလူတို့သည် မိမိကိုယ်ကို လေးစားမှုမရှိပေ။ ၎င်းတို့သည် အရှက်ကင်းမဲ့ကြသည်။ သင်သည် ဇာတိပကတိ သက်သာမှုကို ခံစားလိုလျှင် လောကီသို့ အလျင်အမြန်ပြန်သွားပြီး ယင်းအတွက် ကြိုးပမ်းလော့။ သင် တတ်နိုင်သလောက် ယင်းကို ဖမ်းယူလော့၊ လုယူလော့။ မည်သူကမျှ ကြားဝင်စွက်ဖက်မည်မဟုတ်ပေ။ ဘုရားသခင်၏ အိမ်တော်သည် ဘုရားသခင် ရွေးချယ်ထားသောသူများက ၎င်းတို့တာဝန်များကို ထမ်းဆောင်ပြီး ဘုရားသခင်ကို ကိုးကွယ်ရန်အတွက် နေရာတစ်ခုဖြစ်သည်။ လူတို့အတွက် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းခံရဖို့ နေရာတစ်ခုဖြစ်သည်။ ယင်းသည် လူတို့ကို အလိုလိုက်ထားဖို့နေရာဖြစ်ရန် မဆိုထားနှင့်၊ မည်သူမဆို ဇာတိပကတိ သက်သာခြင်းတွင် ပျော်ရွှင်ရန် နေရာတစ်ခု သာ၍ပင် မဟုတ်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် အရှက်မရှိသော လူအမျိုးအစားဖြစ်သည်။ ၎င်းတို့သည် မျက်နှာပြောင်ပြီး မရှက်မကြောက်ပေ။ အသိတရားမရှိပေ။ မည်သည့် သီးခြားအလုပ်တာဝန်တစ်ခုကို ၎င်းတို့ကို ခွဲပေးသည်ဖြစ်စေ ယင်းကိုအရေးကြီးသည်ဟု မမှတ်ယူပေ။ စိတ်ထဲတွင်သာထားလိုက်သည်။ ၎င်းတို့၏ နှုတ်က အကောင်းဆုံးတုံ့ပြန်သော်လည်း မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်ဆောင်ပေ။ ဤသည်မှာ ကိုယ်ကျင့်တရားကင်းမဲ့ခြင်းမဟုတ်သလော။...လူအချို့သည် မည်သည့်အလုပ်ကိုလုပ်ဆောင်ပါစေ၊ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ ၎င်းတို့သည် အောင်မြင်ရန် မစွမ်းဆောင်နိုင်ကြပေ။ ၎င်းတို့အတွက် ခဲယဉ်းလွန်း၏။ ၎င်းတို့သည် လူတို့ထမ်းဆောင်သင့်သည့် မည်သည့်တာဝန်ဝတ္တရားများကိုမဆို ဖြည့်ဆည်းနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အမှိုက်မဟုတ်သလော။ ၎င်းတို့သည် လူများဟု ခေါ်ရန် ထိုက်တန်သေးသလော။ ခြွင်းချက်အနေဖြင့် ငနုံ၊ ငအများ၊ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူများနှင့်၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုကို ခံစားရသောသူများမှလွဲ၍ မိမိတို့တာဝန်ကို မထမ်းဆောင်သင့်သော၊ မိမိတို့ ဝတ္တရားများကို မဖြည့်ဆည်းသင့်သော အသက်ရှင်သည့်သူ တစ်ယောက်ယောက်ရှိသလော။ သို့သော် ဤလူစားမျိုးသည် သစ္စာမဲ့ခြင်းကို အစဉ်ဖုံးကွယ်ပြီး မရိုးမသား အစဉ်ပြုမူကာ မိမိတို့၏ တာဝန်များကို မဖြည့်ဆည်းလိုပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို သင့်လျော်သောလူများကဲ့သို့ ပြုမူဆောင်ရွက်လိုခြင်းမရှိပေ။ ဘုရားသခင်သည် ၎င်းတို့ကို အစွမ်းအစနှင့် ဆုကျေးဇူးများပေးခဲ့သည်။ ၎င်းတို့အား လူသားဖြစ်ဖို့ အခွင့်အရေး သူပေးခဲ့သော်လည်း၊ ၎င်းတို့က ဤအရာကို မိမိတို့၏တာဝန် ထမ်းဆောင်ရာ၌ အသုံးမပြုနိုင်ကြချေ။ ၎င်းတို့သည် ဘာမျှမလုပ်ကြ၊ သို့သော်လည်း အရာအားလုံးကို မွေ့လျော်ခံစားလိုကြ၏။ ဤသို့သောသူသည် လူသားအဖြစ် ခေါ်ဆိုရန် သင့်တော်သလော။ ၎င်းတို့ကို မည်သည့်အလုပ်ပဲ ပေးပေး၊ အလုပ်က အရေးကြီးသည်ဖြစ်စေ၊ သာမန်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ ပြုလုပ်သည်။ အစဉ် ပျင်းရိပြီး မယုံရပေ။ ပြဿနာများ ဖြစ်ပေါ်သောအခါ ၎င်းတို့အတွက် တာဝန်ကို အခြားလူများအပေါ်သို့ တွန်းပို့ရန် ကြိုးစားသည်။ ၎င်းတို့သည် မိမိတို့၏ ကပ်ပါးကောင် ဘဝများကို ဆက်အသက်ရှင်ဖို့ လိုလားရင်း၊ မည်သည့်တာဝန်ကိုမျှ မယူကြပေ။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်များဖြစ်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို တော်တော်နာကျင်စေတယ်။ ဒီတစ်လျှောက်လုံးမှာ ဘုရားသခင်က ခေါင်းဆောင်တွေရဲ့ တာဝန်တွေနဲ့ပတ်သက်ပြီး အသေးစိတ် မိတ်သဟာယဖွဲ့နေတယ်။ ဒါပေမဲ့ ကျွန်မက ဒီအထဲကို လုံးဝ မဝင်ရောက်ဘူး။ ချောင်ခိုတယ်။ တာဝန်မသိတတ်ဘူး။ ဇာတိပကတိကို အလိုလိုက်တယ်။ ကိုယ့်တာဝန်မှာ ရလဒ်တွေမရဘူး။ ကျွန်မက ဘုရားဖော်ထုတ်တဲ့ ကပ်ပါးကောင်နဲ့ အလကားလူအမျိုးအစားပဲ။ ရှင်ရွေရဲ့ ပြဿနာကို ကျွန်မ ကိုင်တွယ်တော့ ပြဿနာက မပြေလည်ဘူးဆိုတာ ကျွန်မ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ကျွန်မက ဉာဏ်နီဉာဏ်နက်သုံးပြီး ကျွန်မကို ဗာဟီရမများစေတဲ့ ဘာကိုမဆို လုပ်ခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်မှာ ခဏခဏ မထိမရောက်ဖြစ်နေတဲ့အကြောင်းက ကျွန်မက ပျင်းပြီးတော့ ကိုယ်သက်သာဖို့ပဲ ဂရုစိုက်နေတာကြောင့်ဆိုတာ သဘောပေါက်သွားတယ်။ အစတုန်းကတော့ တခြားလူတွေက ဧဝံဂေလိမျှဝေတဲ့နေရာမှာ အခက်အခဲဖြဖစ်တဲ့အခါ ဒါမှမဟုတ် တချို့စည်းမျဉ်းတွေကို သေချာမသိတဲ့အခါ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မက သူတို့နဲ့ မိတ်သဟာယဖွဲ့တယ်။ ဒါပေမဲ့ သူတို့ထဲက တချို့က တိုးတက်တာနှေးတော့၊ ဒါမှမဟုတ် ရှုပ်ထွေးတဲ့ ပြဿနာတွေရှိတော့ သူတို့ကို ကူညီရတာ ဒုက္ခများလွန်းပြီး အားအင်ဖြုန်းတီးရာကျတယ်လို့ ခံစားမိတယ်။ ကျွန်မက ရှာဖွေပြီး တွေးတောဖို့၊ သူတို့နဲ့ စိတ်ရှည်ရှည်နဲ့ မိတ်သဟာယဖွဲ့ဖို့လိုတယ်။ အဲဒါနဲ့ ဒါကို ရှောင်ဖို့ကို ရွေးခဲ့တယ်။ ဒီလိုနဲ့ အရမ်းသိသာတဲ့ ပြဿနာတွေကိုပဲ ဖြေရှင်းပြီး ခက်တာတွေကို ချောင်ထိုးထားလိုက်တယ်။ ပြဿနာအကြီးစားတွေကို သေးသလို မှတ်ယူပြီး အသေးစားတွေကို လျစ်လျူရှုလိုက်တယ်။ အဲဒါနဲ့ ပြဿနာတော်တော်များများက ဘယ်တော့မှ မပြေလည်ဘူး။ အမှုကိစ္စတွေကို တကယ် မဖြေရှင်းဘဲ ဇာတိပကတိကို တောက်လျှောက် အလိုလိုက်ခဲ့တယ်။ ရလဒ်အနေနဲ့ ဧဝံဂေလိအလုပ်မှာ တော်တော်ကြာတဲ့အထိ တိုးတက်မှုမရှိဘူး။ ဒါတွေအားလုံးက ကျွန်မက အကျင့်ကိုက ပျင်းပြီး၊ ဇာတိပကတိကို တန်ဖိုးထားတာကြောင့် ကိုယ့်တာဝန်မှာ ဆက်ကပ်ခြင်းမရှိတာ၊ တာဝန်မသိတတ်တာကြောင့် သက်သက်ပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ စဉ်းစားမိတယ်။ “ဤသည်မှာ အလွန်ပင် ပေါ့ဆခြင်းဖြစ်သည်။ သင်သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ရာထူး ရှိသောသူတစ်ယောက်က သူ၏တာဝန်အပေါ် ထားရှိသင့်သည့် သဘောထားနှင့် တာဝန်သိစိတ် ပျောက်ဆုံးခဲ့ပြီဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ)၎င်းတို့သည် လူများဟု ခေါ်ရန် ထိုက်တန်သေးသလော။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) မခေါ်ထိုက်ပါဘူး။ ကျွန်မက ခေါင်းဆောင်ပဲ။ ဒါကြောင့် ကျွန်မတွေ့တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ တတ်နိုင်သလောက်လုပ်ဖို့က ကျွန်မတာဝန်ပဲ။ ဒါပေမဲ့ ကျွန်မက လမ်းမှန်ကို မလျှောက်ဘူး။ ကိုယ်သက်သာဖို့ကိုပဲ အမြဲတမ်းစဉ်းစားတယ်။ တကယ်အရေးယူပြီး တကယ့်အလုပ်တချို့ကို လုပ်ရမယ့်အခါတိုင်းမှာ ကျွန်မက ရှောင်တယ်။ ဒါကြောင့် အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုထိခိုက်သွားတယ်။ ကိုယ့်တာဝန်ကို ဒီလိုထမ်းဆောင်တာက အရမ်းကို ပေါ့ဆတာပဲ။ စဉ်းစားကြည့်လေ။ လူသားရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်မှာ ဘုရားက နှုတ်ကပတ်တော်တွေ သန်းချီ ဖော်ပြခဲ့ပြီး သတိပေးပြီး တွန်းအားပေးတယ်။ တရားစီရင်ပြီး ပြစ်တင်ဆုံးမတယ်။ သတိပေးပြီး ဖော်ထုတ်တယ်။ သမ္မာတရားကို နားမလည်တာ၊ မဝင်ရောက်နိုင်တာ မဖြစ်အောင်လို့ ကျွန်မတို့နဲ့ စေ့စေ့စပ်စပ် မိတ်သဟာယဖွဲ့ဖို့ နည်းလမ်းတိုင်းကို အသုံးပြုတယ်။ စာတန်က ဖျက်ဆီးတာကို တော်တော်ခံထားရတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူဟာ အရမ်းကို စိတ်ပူပြီး ဒုက္ခခံခဲ့တယ်။ အရမ်းကို အားစိုက်ထုတ်ပြီး ကြီးမားတဲ့ အဖိုးအခပေးဆပ်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်ဆီက သမ္မာတရားတွေ အများကြီးရဲ့ ပံ့ပိုးမှုကို ခံစားရင်းနဲ့ ကျွန်မက ဘုရားချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ မစဉ်းစားဘဲ ဘုရားအိမ်တော်က အရေးကြီးတဲ့ အလုပ်ကို တာဝန်ယူခဲ့တယ်။ ကိုယ့်တာဝန်မှာ နည်းနည်း ဒုက္ခမခံနိုင်ဘူး။ အဖိုးအခ နည်းနည်းမပေးဆပ်နိုင်ဘူး။ အလေးအနက်လုပ်ရမယ်၊ တကယ့်အလုပ်နည်းနည်းလုပ်ရမယ်ဆိုတာနဲ့ ထွက်ပြေးတယ်။ နည်းနည်းလေးအားစိုက်ပြီးတော့ အပြန်အလှန်အနေနဲ့ ဘုရားရဲ့ ဆုလာဘ်တွေ၊ ကောင်းချီးတွေကို အမြဲတမ်းရချင်တယ်။ ကျွန်မက အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခဲ့တယ်။ အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့ပါတယ်။ ဒီအချိန်မှာ ဇာတိပကတိကို အမြဲတမ်း စဉ်းစားနေပြီး သက်သာဖို့အတွက် တောင့်တနေတာက ဂုဏ်မရှိဘဲ အသက်ရှင်ခြင်းဖြစ်ပြီး အားကိုးလို့မရခြင်းပဲဆိုတာ နောက်ဆုံးမှာ ကျွန်မ မြင်သွားတယ်။ ကျွန်မက ပျင်းရိတဲ့ ခေါင်းဆောင်၊ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တယ်။ တာဝန်ကို ဒီလိုထမ်းဆောင်တော့ ခဏတာ သက်သာမှုရတယ်။ ဒါပေမဲ့ ကျွန်မရဲ့ပျင်းရိမှုကြောင့် သမ္မာတရားကို ရဖို့ အခွင့်အရေးတွေကို ကျွန်မ ဆုံးရှုံးနေရတယ်။ နောက်ဆုံးကျရင် ဘုရားက ကျွန်မကို ထုတ်ပစ်မှာပဲ။ ကျွန်မက နည်းနည်းပဲ စုဆောင်းနေပြီး အများကြီး ဆုံးရှုံးနေခဲ့တာပါ။ တော်တော်မိုက်မဲတာပဲ။ ကျမ်းစာက ပြောတာတစ်ခုကို ကျွန်မ တွေးမိတယ်။ “လူမိုက်တို့သည် ကြွယ်ဝမှုကြောင့် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။” (သုတ္တံကျမ်း ၁:၃၂) တကယ့်အလုပ်ကိုမလုပ်ဘဲ ဇာတိပကတိနဲ့ သက်သာဖို့ကိုပဲ အမြဲတမ်းစဉ်းစားတာကြောင့် အထုတ်ခံရတဲ့ ညီအစ်ကိုမောင်နှမတချို့ကို ကျွန်မ သိတယ်။ သက်သာခြင်းကို တပ်မက်တာက ဘုရားကို ရွံရှာစေတယ်။ ကယ်တင်ခြင်းရဖို့ အခွင့်အရေးတောင် ပျက်စီးနိုင်တယ်။ ဘုရားသခင်က သန့်ရှင်းပြီး ဖြောင့်မတ်တယ်။ ကျွန်မတာဝန်မှာရှိတဲ့ ကျွန်မရည်ရွယ်ချက်တွေကို သူက စိစစ်တယ်။ ကျွန်မ ဒီလိုဆက်လုပ်နေလို့ မဖြစ်ဘူး။ ဘုရားအိမ်တော်က ကျွန်မအတွက် ဇာတိပကတိ သက်သာခြင်းကို တပ်မက်ဖို့ နေရာမဟုတ်ဘူး။ ကျွန်မတာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဖို့ နေရာပါ။ ဒီတာဝန်ကို ကျွန်မ လက်ခံခဲ့တာကြောင့် ကောင်းကောင်းလုပ်ဖို့အတွက် အားကုန်လုပ်သင့်ပါတယ်။ ကျွန်မ နောင်တရပြီး ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် သမီးက ကိုယ့်တာဝန်မှာ ဇာတိပကတိ သက်သာခြင်းကို တပ်မက်ပြီး လုံးဝ တာဝန်မသိတတ်ခဲ့တာကို ပြဖို့အတွက် ဒီအခြေအနေကို ပြင်ဆင်ပေးတဲ့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ အခုကစပြီး သမီးတာဝန်မှာ တကယ်လုပ်ဖို့အတွက် သမီးအတတ်နိုင်ဆုံးလုပ်ချင်ပါတယ်” ဆိုပြီးတော့။ အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်ဖတ်ပြီး၊ ရှာဖွေသုံးသပ်ပြီးတော့ ကျွန်မက တခြားမှားနေတဲ့အမြင်တစ်ခုကို ထားထားတယ်ဆိုတာ မြင်ခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ခေါင်းဆောင်နှင့် အမှုဆောင်များသည် အမျိုးမျိုးသော အရင်းအမြစ်များမှ အရေးကြီးသောအလုပ်ကို ကြီးကြပ်သောသူများ၊ ဧဝံဂေလိဖြန့်ဝေခြင်းကို စီမံညွှန်ကြားသောသူများ၊ အဖွဲ့ခေါင်းဆောင်တိုင်းနှင့် ရုပ်ရှင်အဖွဲ့ဒါရိုက်တာ စသည်ဖြင့်တို့ကို နားလည်ခြင်းရှိရမည်။ ၎င်းတို့သည် ဤလူတို့အကြောင်းကို သေချာမသိနိုင်မီတွင် ဤလူတို့အပေါ် ၎င်းတို့၏ လေ့လာကြည့်ရှုခြင်းနှင့် စစ်ဆေးခြင်းကို အရှိန်မြှင့်ရမည်။ လူတို့ကို ဤနည်းဖြင့် တာဝန်များကို ဂရုတစိုက်ချပေးခြင်းအားဖြင့်သာ အစီအစဉ်များက သင့်လျော်မှုရှိရန်ကိုလည်းကောင်း၊ လူတို့ကို ၎င်းတို့၏တာဝန်များတွင် ထိရောက်မှုရှိစေမည်ကိုလည်းကောင်း သေချာနိုင်သည်။ လူအချို့က ‘မယုံကြည်သူတွေအားလုံးက ပြောကြတယ်။ “ကိုယ်အလုပ်ခန့်တဲ့သူတွေကို သံသယမရှိနဲ့။ ကိုယ်သံသယရှိတဲ့လူတွေကို အလုပ်မခန့်နဲ့” တဲ့။ ဘုရားအိမ်တော်က ဘယ်လိုလုပ်ပြီး အရမ်းကို မယုံကြည်နိုင်ရတာလဲ။ သူတို့အကုန်လုံးက ယုံကြည်သူတွေပဲလေ။ ဘယ်လောက်ဆိုးနိုင်မှာလဲ။ သူတို့အားလုံးက လူကောင်းတွေ မဟုတ်ဘူးလား။ အသင်းတော်က ဘာလို့ သူတို့အကြောင်းသိအောင်လုပ်တာ၊ သူတို့ကို စောင့်ကြည့်လေ့လာတာတွေ လုပ်ရမှာလဲ’ ဟူ၍ ပြောကြသည်။ ဤစကားများက ကျိုးကြောင်းညီညွတ်သလော။ ပြဿနာရှိသလော။ (ရှိပါသည်။) တစ်စုံတစ်ယောက်အကြောင်းကို အတွင်းကျကျသိအောင်လုပ်ခြင်း၊ စေ့စေ့စပ်စပ် လေ့လာကြည့်ရှုခြင်း၊ အနီးကပ် အပြန်အလှန်ထိတွေ့ဆက်ဆံခြင်းတို့သည် စည်းမျဉ်းကို စောင့်ထိန်းသလော။ ဤသည်မှာ စည်းမျဉ်းကို အပြည့်အဝစောင့်ထိန်းသည်။ မည်သည့်စည်းမျဉ်းကို စောင့်ထိန်းသနည်း။ (ခေါင်းဆောင်များ၊ အမှုဆောင်များ၏ တာဝန်များ၏ အချက် ၄- မသင့်လျော်သောလူများကို အလုပ်ခန့်အပ်ခြင်းကြောင့်ဖြစ်သော ဆုံးရှုံးမှုများကို ရှောင်ကြဉ်ရန်၊ သို့မဟုတ် လျော့ပါးစေရန်နှင့် အလုပ်ထိရောက်မှုနှင့် ချောမွေ့စွာ တိုးတက်မှုကို သေချာစေနိုင်ရန်အတွက် မတူညီသောအလုပ်များမှ ကြီးကြပ်ရေးမှူးများနှင့် အမျိုးမျိုးသော အရေးကြီးအလုပ်များအတွက် တာဝန်ရှိသော အမှုထမ်းများ၏ အခြေအနေများကို မပြတ်စောင့်ကြည့်လော့၊ ပြီးလျှင် ၎င်းတို့ကို လိုအပ်သလို ချက်ချင်း အခြားတာဝန်ခွဲခန့်သတ်မှတ်ပေးလော့၊ သို့မဟုတ် လူစားထိုးလော့။) ဤသည်မှာ ကောင်းသော ကိုးကားချက်တစ်ခုဖြစ်သည်။ သို့သော် ဤသို့လုပ်ဆောင်ခြင်းအတွက် တကယ့်အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်မှာ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသောကြောင့်ဖြစ်သည်။ ယခုခေတ်တွင် လူများစွာက တာဝန်တစ်ခုကို ထမ်းဆောင်သော်လည်း သမ္မာတရားကို လိုက်စားသောသူ အနည်းငယ်သာရှိသည်။ လူတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်လျက်ဖြင့် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်သည်မှာ ရှားပါးသည်။ လူအများစုအတွက် အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့်ပုံစံတွင် စည်းမျဉ်းများမရှိသေးပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ်နာခံသောသူများမဟုတ်သေးပေ။ ၎င်းတို့သည် သမ္မာတရားကိုချစ်သည်၊ သမ္မာတရားကို လိုက်စားလိုစိတ်ရှိသည်၊ သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိသည်ဟု ၎င်းတို့နှုတ်မှ ပြောရုံသာရှိသည့်တိုင်အောင် ၎င်းတို့၏ စိတ်ခိုင်မာမှုသည် မည်မျှတည်တံ့မည်ကို မသိရသေးပေ။ သမ္မာတရားကို မလိုက်စားသောသူတို့သည် အချိန်မရွေး၊ နေရာမရွေး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ပြတတ်သည်။ သမ္မာတရားကို မလိုက်စားသောသူတို့သည် ၎င်းတို့၏ တာဝန်အပေါ် တာဝန်သိတတ်စိတ် လုံးဝမရှိပေ။ ၎င်းတို့သည် မကြာခဏ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသည်။ ၎င်းတို့ဆန္ဒရှိသလို လုပ်ဆောင်ကြသည်။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံနိုင်စွမ်းပင် မရှိကြပေ။ သမ္မာတရားကို မလိုက်စားသောလူတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာသည်နှင့်တစ်ပြိုင်နက် အရှုံးပေးတတ်ကြသည်။ ဤသို့ မကြာခဏ ဖြစ်ပျက်သည်။ ဤထက်ပို၍ အဖြစ်များသောအရာမရှိပေ။ ဤသည်မှာ သမ္မာတရားကို မလိုက်စားသောသူအားလုံး ပြုမူဆောင်ရွက်သည့်ပုံစံဖြစ်သည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို မရရှိသေးသည့်အခါတွင် စိတ်မချရဘဲ မယုံကြည်ထိုက်ပေ။ ၎င်းတို့သည် မယုံကြည်ထိုက်သည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့သည် အခက်အခဲများ၊ သို့မဟုတ် ဆုတ်ဆိုင်းမှုများ ကြုံတွေ့ရသောအခါတွင် ကျရှုံးနိုင်ခြေများပြီး အပျက်သဘောဆောင်ကာ အားနည်းလာနိုင်ခြေများသည်ကို ဆိုလိုသည်။ မကြာခဏ အပျက်သဘောဆောင်ပြီး အားနည်းသူသည် ယုံကြည်ထိုက်သောသူတစ်ယောက်ဖြစ်သလော။ သေချာပေါက်မဟုတ်ပေ။ သို့သော် သမ္မာတရားကို နားလည်သောသူတို့သည် ဤသို့မဟုတ်ပေ။ သမ္မာတရားကို အမှန်တကယ် နားလည်သောသူတို့သည် အသေအချာပင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံး၊ ဘုရားသခင်ကို နာခံသောစိတ်နှလုံးရှိကြသည်။ ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသောလူတို့သည်သာ ယုံကြည်ထိုက်သောလူများဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသောသူတို့သည် မယုံကြည်ထိုက်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသောသူတို့ကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ချစ်ခင်သော ကူညီပံ့ပိုးမှုကို ၎င်းတို့အား ပေးသင့်သည်မှာ မှန်ပေသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ၎င်းတို့ကို ပို၍ စစ်ဆေးကြည့်ရှုသင့်သည်။ ပို၍ လမ်းပြကူညီပေးသင့်သည်။ ထိုအခါမှသာ ၎င်းတို့တာဝန်ကို ထိရောက်စွာ ထမ်းဆောင်ရန် စိတ်ချနိုင်သည်။ ဤသို့လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ အဓိက ရည်ရွယ်ချက်မှာ ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းရန်ဖြစ်သည်။ ဒုတိယအနေဖြင့် ပြဿနာများကို ချက်ချင်း ခွဲခြားဖော်ထုတ်ရန်၊ ၎င်းတို့ကို ချက်ချင်းပံ့ပိုးရန်၊ ထောက်ပံ့ရန်၊ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ရန်၊ ၎င်းတို့၏ လမ်းလွဲမှုများကို တည့်မတ်ရန်၊ ၎င်းတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များကို ဖာထေးလုပ်ဆောင်ရန်ဖြစ်သည်။ ဤသည်မှာ လူတို့အတွက် အကျိုးဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ မလိုမုန်းထားခြင်းတစ်ခုမျှမရှိပေ။ လူတို့ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်ခြင်း၊ ၎င်းတို့ကို သိကျွမ်းအောင်လုပ်ဆောင်ခြင်းတို့အားလုံးသည် ဘုရားသခင်အား ယုံကြည်ရာတွင် မှန်ကန်သောလမ်းကြောင်းကို ၎င်းတို့ဝင်ရောက်စေဖို့ ကူညီပေးရန်၊ ၎င်းတို့တာဝန်ကို ဘုရားသခင်တောင်းဆိုသည့်အတိုင်းနှင့် စည်းမျဉ်းနှင့်အညီ ထမ်းဆောင်နိုင်အောင် ပြုလုပ်ပေးရန်ဖြစ်သည်။ ဤသို့ဖြင့် မည်သည့်အနှောင့်အယှက်၊ အဖျက်အဆီးကိုမျှ ၎င်းတို့ မဖြစ်စေရန်၊ အချိန်မဖြုန်းစေရန်ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်သည် ၎င်းတို့အပေါ်တွင်လည်းကောင်း။ ဘုရားအိမ်တော်၏အလုပ်အပေါ်တွင်လည်းကောင်း ရှိသောတာဝန်မှ လုံးလုံးလျားလျား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤတွင် မလိုမုန်းထားခြင်းမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ကျွန်မတို့အလုပ်မှာ လက်တွေ့လုပ်ဖို့အတွက် စည်းမျဉ်းတစ်ခုကို ဘုရားနှုတ်ကပတ်တော်တွေက ပြပါတယ်။ ကျွန်မတို့လက်အောက်က ညီအစ်ကိုမောင်နှမတွေကို အနီးကပ်ကြည့်သင့်တယ်။ အထူးသဖြင့် အဓိကအလုပ်ကို လုပ်နေသူတွေကိုပေါ့။ ဘာလို့လဲဆိုရင် လူတိုင်းက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိပြီး သမ္မာတရား စစ်မှန်မှုမဲ့တော့ ကိစ္စတွေကို ဖောက်ပြန်ပျက်စီးစိတ်နဲ့ မလုပ်ဘဲ မနေနိုင်လို့ပဲ။ ဘယ်သူ့ကိုမှ မစဉ်းမစား ယုံလို့မရဘူး။ လွတ်ပေးထားတဲ့ နည်းကို သုံးလို့မရဘူး။ ဒီလိုဆိုရင် ကျွန်မတို့က အလုပ်မှာ တာဝန်မသိတတ်တာကို ပြတယ်။ ကျွန်မလည်း လုံးဝ ဒီအတိုင်းပဲ။ တစ်ခါတလေမှာ သူများတွေက ကျွန်မပြဿနာတွေကို ထောက်ပြတယ်။ ခဏလောက်တော့ ကျွန်မက ပြောင်းလဲဖို့ စိတ်ခိုင်မာနေတယ်။ ဒါပေမဲ့ ခဏခဏပဲ ဒါက စိတ်အားထက်သန်မှု တစ်ခု ဖြစ်လာတာ သက်သက်ပဲ။ ဒါကို တကယ်လုပ်ရမယ့်အချိန်မှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက ထိန်းချုပ်တာ ခံနေရတုန်းပဲ။ သမ္မာတရားကို လက်တွေ့မလုပ်နိုင်ဘူး။ ဒါကြောင့် ကျွန်မတို့က ပိုကောင်းအောင် လက်တွေ့လုပ်ပြီး ဝင်ရောက်ဖို့အတွက် သူများတွေက ကြီးကြပ်တာ၊ ကူညီတာကို လိုအပ်တာ။ လူတိုင်းက အားနည်းချက်တွေရှိပြီး သမ္မာတရား စည်းမျဉ်းတွေကို နားမလည်နိုင်ဘူး။ ဒီတော့ တာဝန်တွေမှာ တချို့ပြဿနာတွေ၊ သတိမထားမိတာတွေ ပေါ်လာဖို့က ရှောင်လို့မရဘူး။ တစ်ခါတလေမှာ ကျွန်မတို့က ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြပြီး တစ်ဇွတ်ထိုးလုပ်ကြတယ်။ အဲဒီအချိန်တွေမှာ ခေါင်းဆောင်တွေက ကြီးကြပ်ပြီး နောက်ကလိုက်လုပ်ရမယ်။ လူတွေရဲ့ တာဝန်တွေက ဘယ်လိုဖြစ်နေတယ်ဆိုတာကို အလေးအနက် နားလည်ရမယ်။ ပြဿနာတွေကို ရှာတွေ့ပြီး လမ်းလွဲနေတာတွေကို ပြင်ရမယ်။ အသင်းတော်အလုပ်ကို ထိခိုက်လာမယ့်အရာတွေကို တားဆီးရမယ်။ ဒါပေမဲ့ ကျွန်မက တော်တော်ကို မျက်ကန်းဖြစ်ပြီး မိုက်မဲခဲ့တယ်။ ရှင်ရွေက သူ့တာဝန်မှာ တက်ကြွတဲ့ပုံရှိပြီး ဧဝံဂေလိအလုပ်မှာ ကောင်းကောင်းလုပ်တာကို ကျွန်မ မြင်တော့ သူ့ကို စိတ်မပူခဲ့ဘူး။ အရမ်းအရေးကြီးတဲ့အလုပ်ကို သူ့ကို လွှဲပြောင်းပေးပြီး ထပ်မတွေးတော့ဘူး။ အဖွဲ့ထဲမှာ ပြဿနာတွေရှိတယ်လို့ ကျွန်မတွဲဖက်က ပြောပေမဲ့ အလေးအနက်မထားခဲ့ဘူး။ ရှင်ရွေက မာနကြီးပြီး သူများတွေနဲ့ ကောင်းကောင်းမလုပ်ဘူးဆိုတာကို ကျွန်မ သိရတော့ အသေးစိတ် စူးစမ်းမကြည့်ခဲ့ဘူး။ သူက အဖွဲ့ခေါင်းဆောင်ဆိုတော့ ကျွန်မက အကျဉ်းချုံးပဲ ထောက်ပြလိုက်ပြီး နောက်ကျရင် သူက ရှာဖွေပြီး ဝင်ရောက်မှာပဲလို့ ထင်ခဲ့တယ်။ အဲဒါနဲ့ ကျွန်မက ဒါကို စိတ်ပူဖို့ မလိုအပ်ခဲ့ဘူး။ ဒါပေမဲ့ ကိစ္စတွေက ကျွန်မစိတ်ကူးထားတာနဲ့ လုံးဝ ကွာခြားပြီး ဖြစ်လာတယ်။ ကျွန်မ စိတ်မပူဆုံးလူက အဆိုးဆုံးပြဿနာတွေ ရှိနေတယ်။ သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် တခြားလူတွေက စိတ်ကျဉ်းကျပ်ပြီး တာဝန်တွေကို ပုံမှန် မလုပ်နိုင်ဘူး။ ဒါတွေအားလုံးက ကျွန်မက လက်တွေ့အလုပ်မလုပ်လို့၊ အမှုကိစ္စတွေ၊ လူတွေကို ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် မကြည့်လို့ ဖြစ်လာတာပဲ။ နောက်ကျတော့ အဖွဲ့ရဲ့အလုပ်ကို ကျွန်မတို့ စစ်ဆေးကြပြီး ပြဿနာနည်းနည်းရှိနေသေးတာကို တွေ့ရတယ်။ သူတို့က ဧဝံဂေလိအလုပ်ကနေ လူတွေအများကြီးရခဲ့တယ်။ ဒါပေမဲ့ အဲဒီလူသစ်တွေထဲက တချို့က စည်းမျဉ်းတွေနဲ့ မညီဘူး။ တချို့တွေက လူ့သဘာဝကောင်းမရှိတော့ ရှင်းလင်းပစ်ဖို့လိုတယ်။ ဒါက အရင်းအမြစ်တွေကို ဖြုန်းတီးရုံတင်မကဘူး။ အသင်းတော်အတွက်လည်း အလုပ်ရှုပ်တယ်။ သူတို့အလုပ်ကို ကျွန်မ လိုက်စစ်လေလေ၊ အသေးစိတ်ပြဿနာတွေ တွေ့ရလေ၊ အရင်က လက်တွေ့အလုပ်ကို ကျွန်မ လုပ်မနေဘူးဆိုတာ တွေ့ရလေပဲ။ ကျွန်မက အပေါ်ယံပဲ ကြည့်ခဲ့တယ်။ အလုပ်က ချောချောမွေ့မွေ့နဲ့ တိုးတက်နေပုံရတဲ့အခါ ဘယ်သူကမှ သူတို့တာဝန်မှာ ပြဿနာတွေမရှိဘူးလို့ ထင်ခဲ့တယ်။ ကျွန်မက အရမ်းကို အပေါ်ယံဆန်ဆန်ပဲ ကြည့်ခဲ့တာ။ သမ္မာတရားကို ကျွန်မ နားမလည်တာ ဘယ်လောက် သနားစရာကောင်းတယ်ဆိုတာ မြင်ခဲ့ပြီး နောင်ကျရင် အမှုကိစ္စတွေကို သမ္မာတရားနဲ့အညီ ကြည့်ရမယ်၊ ကျွန်မ တာဝန်တွေကို ထမ်းဆောင်ရမယ်၊ ကျွန်မ ကြီးကြပ်မှုအောက်မှာရှိတဲ့သူတွေရဲ့အလုပ်ကို ကြီးကြပ်ရမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့တယ်။ ခေါင်းဆောင်တွေက အသေးစိတ်အလုပ်ကို ကိုယ်တိုင်လုပ်ဖို့ ဘုရားရဲ့ တောင်းဆိုချက်က ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုလည်း ကျွန်မ ခံစားမိခဲ့တယ်။ အဲဒါက ကျွန်မတို့တာဝန်တွေကို လက်ခံနိုင်စရာဖြစ်အောင်လုပ်တဲ့ လမ်းကြောင်းပေါ်ကို ချပေးတယ်။ အဲဒီနောက်တော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “သင်သည် အတိုင်းအတာတစ်ခုအထိ အစွမ်းအစကို အမှန်တကယ် ပိုင်ဆိုင်လျှင်၊ သင်ကြီးကြပ်သည့်နယ်ပယ်တွင် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို အမှန်တကယ် နားလည်သဘောပေါက်လျှင် သင်၏အလုပ်အကိုင်နှင့်ပတ်သက်ပြီး အကျွမ်းတဝင်ရှိလျှင် သင်သည် စကားတစ်ရပ်ကို အထမြောက်အောင် ဆောင်ရွက်ဖို့သာလိုပြီး သင်၏တာဝန်တွင် သစ္စာရှိနိုင်လိမ့်မည်။ ယင်းက မည်သည့်စကားဖြစ်သနည်း။ ‘စိတ်နှစ်လုပ်ကိုင်လော့။’ သင်သည် အမှုအရာများအပေါ် စိတ်နှစ်လျှင်၊ လူတို့အပေါ် စိတ်နှစ်လျှင် သင်၏တာဝန်တွင် သစ္စာရှိပြီး တာဝန်သိတတ်နိုင်လိမ့်မည်။ ဤစကားက လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသလော။ ဤအရာကို မည်သို့လက်တွေ့လုပ်ဆောင်သနည်း။ တစ်စုံတစ်ခုအပေါ် စိတ်နှစ်ခြင်းဟူသည်မှာ သင်သည် အနံ့ခံရန် သင်၏ နှာခေါင်းကို အသုံးမပြုဘဲ၊ သို့မဟုတ် ကြားရန် သင်၏နားကို အသုံးမပြုဘဲ သင်၏ စိတ်နှလုံးကို အသုံးပြုခြင်းကိုဆိုလိုသည်။ လူတစ်ယောက်သည် တစ်စုံတစ်ခုအပေါ်သို့ အမှန်တကယ် စိတ်နှစ်နိုင်လျှင် တစ်စုံတစ်ယောက်က တစ်ခုခုလုပ်သည်ကို၊ တစ်နည်းနည်းဖြင့် သူ့ကိုယ်သူဖော်ပြသည်ကို၊ သို့မဟုတ် တစ်စုံတစ်ခုအပေါ် တုံ့ပြန်မှုတစ်မျိုးမျိုးရှိသည်ကို သူ၏ မျက်လုံးများက မြင်သောအခါ၊ သို့မဟုတ် လူအချို့၏ စကားများ၊ အသံများ၊ သို့မဟုတ် ငြင်းခုံမှုများကို သူ၏ နားများက ကြားသောအခါ ဤအရာများကို တွေးတောချိန်ဆရန် သူ၏ စိတ်နှလုံးကို အသုံးပြုခြင်းအားဖြင့် သူ၏ စိတ်တွင် စိတ်ကူး၊ အမြင်နှင့် သဘောထားအချို့ ဖြစ်ပေါ်လာလိမ့်မည်။ ဤစိတ်ကူး၊ အမြင်နှင့် သဘောထားများသည် ထိုလူ၊ သို့မဟုတ် အမှုအရာအပေါ် လေးနက်သော၊ စစ်မှန်သော၊ မှန်ကန်သော နားလည်မှုရှိစေလိမ့်မည်။ တစ်ချိန်တည်းတွင် သင့်တော်သော၊ မှန်ကန်သော အကဲဖြတ်မှုနှင့် စည်းမျဉ်းများဖြစ်ပေါ်လိမ့်မည်။ လူတစ်ယောက်သည် ဤနည်းဖြင့် တစ်စုံတစ်ခုအပေါ် သူ၏ စိတ်ကို နှစ်မှသာလျှင် သူ၏ လုပ်ရပ်သည် မိမိ၏တာဝန်အပေါ် သစ္စာရှိသောသူ၏ လုပ်ရပ်ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းပြပေးတယ်။ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ဖို့ အာရုံစိုက်ပြီး တာဝန်သိတတ်ဖို့ သင်ယူရမယ်။ ကျွန်မ မြင်သမျှ၊ ကြားသမျှအတွက် ကျွန်မ စိတ်နှလုံးထဲကို ဝင်ရောက်ဖို့၊ ကျွန်မတာဝန်က ပြဿနာတွေကို ရှာတွေ့ဖို့ တကယ်ဆောင်ရွက်ရမယ်။ ဒီလိုမဟုတ်ရင် ကျွန်မက အပေါ်ယံလုပ်နေပြီး ဘာပြဿနာကိုမှ မမြင်နိုင်ဘူး။ ကျွန်မတွေ့တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မ တတ်နိုင်သမျှတိုင်းကိုလည်း လုပ်ရမယ်။ တစ်ခုခုကို မဖြေရှင်းနိုင်တဲ့အခါမှာ ကျွန်မအထက်ကလူတွေရဲ့ အကူအညီကို ရှာရမယ်။ ကျွန်မ တတ်နိုင်သမျှလုပ်ပြီး ရရှိရမယ်။ တာဝန်တွေကို ဖြည့်ဆည်းပြီး ရှင်းလင်းတဲ့ အသိစိတ်ရှိရမယ်။ ဘုရားရဲ့ စိစစ်မှုကို လက်ခံရမယ်။ ကျွန်မတာဝန်မှာ ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေကို အားကိုးလို့မရဘူး။ ပြဿနာတွေ ပြေလည်တဲ့အထိ သမ္မာတရားစည်းမျဉ်းတွေနဲ့ ဘုရားရဲ့ သတ်မှတ်ချက်တွေကို လိုက်နာရမယ်။ ကျွန်မတို့အလုပ်မှာ ပြဿနာတွေ အများကြီးရှိနေသေးပေမဲ့ အဲဒါတွေကို ဖြေရှင်းဖို့ ကျွန်မ အတတ်နိုင်ဆုံးလုပ်ရမယ်။ ဖြေရှင်းတာက ဘယ်လောက်ကောင်းပါစေ ဒီအပေါ်မှာ စိတ်နှစ်ပြီး တာဝန်တွေကို ဖြည့်ဆည်းဖို့ကို အရင် သင်ယူဖို့ လိုတယ်။ ဧဝံဂေလိအလုပ်က ဘုရားအိမ်အတွက် အရေးကြီးတယ်။ ဒီအရေးပါတဲ့၊ အဆုံးသတ်အချိန်မှာ ကျွန်မတာဝန်ကို ဆက်ပြီး ခပ်ပေါ့ပေါ့လုပ်နေရင် သက်သာမှုကို ရှာပြီး ကိုယ့်အကျိုးစီးပွားကို ကာကွယ်ရင် ဒါက အသက်ရှင်ဖို့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာနည်းလမ်းဖြစ်မှာပဲ။ အဲဒါနဲ့ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ “ဘုရားသခင် သမီးရဲ့ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်ပြီး ကြီးမားတဲ့ အစွမ်းအစမရှိပါဘူး။ ဒါပေမဲ့ ကျွန်မတာဝန်မှာ အစွမ်းကုန်လုပ်ပြီး ကိုယ်တော်ရဲ့ တောင်းဆိုချက်တွေနဲ့အညီ လက်တွေ့လုပ်ဆောင်ချင်ပါတယ်” ဆိုပြီးတော့။

အခုရက်ပိုင်းမှာ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်က သိပ်မထိရောက်တာကို တွေ့ရတယ်။ အဓိကက တချို့ ဧဝံဂေလိအမှုဆောင်တွေက လူသစ်ဖြစ်ပြီး ဘုရားရဲ့ အမှုတော်ကို သက်သေခံခြင်းနဲ့ပတ်သက်တဲ့ သမ္မာတရားတွေကို ရှင်းရှင်းလင်းလင်း မသိဘူး။ အဲဒါနဲ့ ကျွန်မက လီမိန်ကို သူတို့ဆီသွားပြီး လက်တွေ့ညွှန်ကြားချက်တချို့ပေးဖို့ စီစဉ်လိုက်တယ်။ အစတော့ လီမိန်နဲ့အတူ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေရဲ့ ဘာသာရေးအယူအဆတွေကို စိစစ်ပြီး ဧဝံဂေလိအမှုဆောင်တွေရဲ့ ပြဿနာတွေကို နားလည်အောင်လုပ်ဖို့ အချိန်ကိုသုံးတယ်။ ဒါပေမဲ့ နောက်ကျတော့ ကျွန်မရဲ့ ကိုယ်ပိုင်အလုပ်က ရှုပ်လာတော့ အဲဒီပြဿနာတွေအားလုံးကို လီမိန်ဆီ လွှဲပေးဖို့ စဉ်းစားလိုက်တယ်။ ဒီလိုဆိုရင် ဒါတွေကို အရမ်းကြီး စိုးရိမ်စရာမလိုတော့ဘူးပေါ့။ ဒီအတွေးက ကျွန်မခေါင်းထဲရောက်လာတော့ အပြစ်ရှိသလို ခံစားမိတယ်။ ဧဝံဂေလိအလုပ်က အဆင်မပြေဘူး။ လီမိန်က သွားပြီးတော့ ဒီပြဿနာတွေကို သိလာပြီးတဲ့နောက်မှာ ကျွန်မနဲ့ ဆွေးနွေးချင်တယ်။ ဒါပေမဲ့ ကျွန်မက ဗြူရိုကရက်တစ်ယောက်လို ဒီခက်တဲ့အလုပ်ကို သူ့အပေါ် တွန်းပို့ဖို့ မျှော်လင့်ခဲ့တယ်။ ဒါ စက်ဆုပ်စရာကောင်းတယ်။ အဲဒါနဲ့ ကျွန်မ ဘုရားကို ဆုတောင်းပြီး သတိရှိရှိနဲ့ ဇာတိပကတိကို စွန့်လွှတ်တယ်။ လီမိန်က ဒီပြဿနာတွေနဲ့ပတ်သက်ပြီး ကျွန်မကို မှတ်ချက်ပေးတဲ့အခါ ကျွန်မက လက်တွေ့ကျကျ ဝင်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ သူနဲ့ မိတ်သဟာယဖွဲ့ပြီး သမ္မာတရားကို ရှာတယ်။ ဒီလို လက်တွေ့ပူးပေါင်းလုပ်တော့ အဖွဲ့ရဲ့အလုပ်ကို နားလည်နိုင်ပြီး ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်နိုင်တယ်။ ဧဝံဂေလိအမှုဆောင်တွေရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ချက်ချင်းရှာပြီး ဖြေရှင်းနိုင်တယ်။ ဒီ လက်တွေ့ကျတဲ့ ပူးပေါင်းလုပ်ဆောင်မှုကတစ်ဆင့် ဘုရားရဲ့ လမ်းပြမှုကို ကျွန်မ တွေ့ရတယ်။ တချို့ ဧဝံဂေလိအမှုဆောင်အသစ်တွေက စည်းမျဉ်းတွေကို တဖြည်းဖြည်းသဘောပေါက်လာတယ်။ ဧဝံဂေလိအလုပ်က ပိုပြီး အသီးအပွင့်ဖြစ်ထွန်းလာတယ်။ တချို့လူသစ်တွေက ဘုရားရဲ့ အမှုတော်သစ်ကို လက်ခံပြီးတဲ့နောက်မှာ တာဝန်တွေ ယူလုပ်ကြတယ်။ အခုရက်ပိုင်းမှာ ကျွန်မက အချိန်နဲ့ အားအင်ကို ပိုပြီးအသုံးချနေပေမဲ့ ကျွန်မတာဝန်အပေါ် တကယ် စိတ်နှစ်တဲ့အခါ ခက်ခဲတာ၊ ပင်ပန်းတာ မခံစားရဘူး။ တကယ်တမ်းကျတော့ သမ္မာတရားစည်းမျဉ်းတွေကို ပိုသိလာတယ်။ ပြီးတော့ ဆုတောင်းတဲ့အခါ ဘုရားရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ငြိမ်သက်စေပြီး ပြဿနာတွေရှိတဲ့အခါမှာ ရှာဖွေခြင်းအားဖြင့် ဘုရားနဲ့ ပိုနီးလာပြီး ကျွန်မတာဝန်မှာ ပိုအာရုံစိုက်လာတယ်။ ကျွန်မက ကိုယ့်တာဝန်မှာ အားနည်းချက်တွေ အများကြီးရှိနေသေးတယ်။ လုံလုံလောက်လောက်ထမ်းဆောင်ဖို့က အဝေးကြီးလိုသေးတယ်။ ဒါပေမဲ့ ကျွန်မအတွေ့အကြုံကတစ်ဆင့် လက်တွေ့အလုပ်မလုပ်တဲ့ ကျွန်မပြဿနာကို ဆင်ခြင်သုံးသပ်ပြီး သိလာခဲ့တယ်။ နောင်ကျရင် တာဝန်ကို ဘယ်လိုထမ်းဆောင်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဦးတည်ချက်ရှိတယ်။ ကျွန်မရလိုက်တဲ့အရာတိုင်းက ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ လမ်းပြမှုကြောင့်ပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း

ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...

စည်းမျဉ်းမပါဘဲနှင့် တာဝန်တစ်ခု အကျိုးမဖြစ်ထွန်းနိုင်

ရှူချင်း တရုတ်နိုင်ငံ မနှစ်တုန်းက ဖေဖော်ဝါရီလမှာ ကျွန်တော်က အသင်းတော်တစ်ခုဆီကို ခေါင်းဆောင်အဖြစ် ရွှေ့ပြောင်းရတယ်။ အဲဒီအသင်းတော်မှာရှိတဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။