တာဝန်တစ်ခုတွင် အခြားသူများအပေါ် မှီခိုခြင်း၏ အကျိုးဆက်များ

29.04.2024

ပိုင်ရွှဲ အီတလီနိုင်ငံ

၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ၊ ဗီဒီယိုတွေအတွက် ပုံတွေလုပ်ဖို့ ငါ့ကို အစ်မဆန်ဒရာနဲ့ တွက်ဖက်ပေးဖို့ ခေါင်းဆောင်က စီစဉ်တယ်။ ပထမတော့ ကိုယ့်ရဲ့ နည်းပညာကျွမ်းကျင်မှုတွေကို တိုးတက်စေဖို့ ဆီလျော်တဲ့စည်းမျဉ်းတွေနဲ့ စာတွေကိုဖတ်ရင်း ငါ အချိန်အများကြီး ကုန်ခဲ့တယ်။ ဒါပေမဲ့ ဒီပုံတွေက လုပ်ဖို့ခက်မယ့်အပြင် အရင်ကလည်း မလုပ်ဖူးဘူးဆိုတာ တွေ့တော့ ဒီအလုပ်က တော်တော် ခက်ပြီး၊ တဖြည်းဖြည်း သင်ဖို့ လက်တွေ့ လေ့ကျင့်ဖို့ လိုတယ်လို့ ခံစားရတယ်။ ဒါကြောင့် စည်းမျဉ်းတွေကို မစဉ်းစားဘဲ ဒီအတိုင်း ဒီဇိုင်းစလုပ်လိုက်တယ်။ ဆန်ဒရာက ငါ့ပုံတွေနဲ့ပတ်သက်လို့ ပြဿနာတွေကို ထောက်ပြနေခဲ့တယ်။ ဒီလိုရင်ဆိုင်ရတော့၊ ငါက ကိုယ့်အမှားတွေကို မဆန်းစစ်၊ အားနည်းချက်တွေကို မကြည့်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဒီအတိုင်း ဘောင်ခတ်ပြီး တွေးတယ်။ “ငါက အစွမ်းအစ မရှိသလို၊ ဒီလို ပုံအမျိုးအစားတွေနဲ့ပတ်သက်လို မတော်ဘူး။ အတန်ကြာ လေ့ကျင့်လုပ်ခဲ့ပေမဲ့ ပြဿနာတွေ ရှိနေတုန်းပဲ။ ဒီအဆင့်မှာ ငါ ပိတ်မိနေသလိုပဲ”လို့ပေါ့။ ဆန်ဒရာကိုလည်း အားကျပြီး လေးစားခဲ့တယ်။ သူက နှစ်ချီ ပုံတွေလုပ်ခဲ့တော့၊ အရာရာမှာ ငါ့ထက် တော်တယ်၊ ငါ့ထက် သာတာ သိသာသလို နောင်ကျရင် သူ့ကို မှီခိုသင့်တယ်လို့ ငါခံစားမိတယ်။ အဲဒီကစပြီး၊ ကိုယ့်ရဲ့ ဒီဇိုင်းတွေမှာ သူ့ကို ငါ တကယ် မှီခိုခဲ့ပြီး၊ ငါ ကောင်းကောင်း မဆွဲတတ်တဲ့ တချို့အပိုင်းတွေအတွက် ပြီးသွားအောင် သူ့ကိုပဲ လွှဲလိုက်တယ်။ တစ်ခါတလေ၊ ပုံကြမ်းပြီးသွားတဲ့အခါ၊ စည်းမျဉ်းနဲ့ ကိုက်လားဆိုတာ မစဉ်းစားဘဲ ကိုယ့်အစ်မကိုပဲ အကြံတောင်းလိုက်တယ်။ တစ်ခါတလေ ကိုယ့်ပုံတွေမှာ ပြဿနာတွေရှိတာ မြင်ခဲ့ပေမဲ့ နောက်ထပ်အားမထုတ်ချင်လို့ ဆန်ဒရာဆီ ဒီအတိုင်း ထိုးပေးလိုက်တယ်။ အဲဒါကို အချိန်မီမွမ်းမံတာက အရမ်းအားထုတ်ရပြီး ငါ့ပညာအဆင့်က အကန့်အသတ်ရှိလို့ ဆန်ဒရာက ပိုတော်တော့ သူပြင်ပြီး တိုးတက်ကောင်းမွန်အောင် လုပ်တာကိုပဲ စောင့်သင့်တယ်လို့ တွေးခဲ့တာ။ ငါပုံတွေထဲက တစ်ခုကို ဆန်ဒရာပြင်တာ မြင်တိုင်း အရမ်းဝမ်းသာခဲ့တယ်။ ဒီလိုအစ်မမျိုးနဲ့ တွဲလုပ်ရတာ ကောင်းတယ်၊ အချိန်နဲ့ အားထုတ်ရတာ အများကြီး သက်သာတယ်ပေါ့။

နောက်ပိုင်းမှာ၊ ပုံတွေအတွက် တောင်းဆိုမှုက တိုးလာခဲ့လို့ ပိုခရီးတွင်အောင်လို့ ဒီဇိုင်းအတူလုပ်ဖို့ ဆန်ဒရာက အကြံပေးတယ်။ ဒါပေမဲ့ ဆွဲနေတုန်းမှာ၊ ဘယ်လိုပိုကောင်းအောင် လုပ်ရမယ်ဆိုတာ စိတ်ထဲမရှိခဲ့ဘူး။ တကယ်ကို မတက်မကြွဖြစ်ခဲ့တာ။ ဒီပုံမျိုးနဲ့ပတ်သက်လို့ ငါမတော်သလို၊ ဆန်ဒရာရဲ့ပုံက ပိုကောင်းသွားတာဖြစ်လို့ သူပြောတာ ပိုနားထောင်သင့်တယ်ပေါ့။ ဒါကြောင့် အချိန်အများစုမှာ ဆန်ဒရာပြောတဲ့အတိုင်းပဲ ပုံတွေကို ဖန်တီးခဲ့ပြီး၊ တစ်ခါတလေ သူ အလုပ်များတဲ့အခါ၊ အတူလုပ်လို့ရအောင် ငါ စောင့်တယ်။ တစ်ခါတလေ စည်းမျဉ်းတွေကို အမြန်ဆုံး ကျွမ်းကျင်၊ ပညာတွေ တိုးတက်ပြီး ကိုယ့်ဘာသာ ပုံကြမ်းဆွဲနိုင်မဲ့ နည်းလမ်းကို ကြိုးစားစဉ်းစားတယ်။ ဒါပေမဲ့ နောက်တော့ အဲဒါ ငါ့အတွက် ခက်ခဲတာမျိုးဖြစ်မယ်၊ ဘာပဲဖြစ်ဖြစ် ဆန်ဒရာရှိနေပြီး အဲဒီနေရာမှာ အရမ်းတော်နေတော့ သူ့ကို ပိုလုပ်ခွင့်ပေးသင့်တယ်လို့ တွေးမိတယ်။ ငါ့အတွက် သိပ်စိုးရိမ်စရာ မလိုပါဘူးပေါ့။ ဒါနဲ့ ကိုယ့်တာဝန်မှာ ဆန်ဒရာကို ဆက်မှီခိုလိုက်တယ်။ နှစ်လသုံးလအကြာမှာ ငါ သိပ်မတိုးတက်တာကို ခေါင်းဆောင်က မြင်လို့ ကိုယ်စွမ်းကိုယ်စ မရှိတဲ့အတွက်၊ ဆန်ဒရာကို သူ့အလုပ်ထိခိုက်အောင် အမြဲ အကူအညီတောင်းတဲ့အတွက် ငါ့ကို ကိုင်တွယ်ဖြေရှင်းတယ်။ ခေါင်းဆောင် ဒီလိုပြောတာကို ကြားရတာ တကယ် စိတ်ဆင်းရဲစရာပဲ။ ဆန်ဒရာကို ငါ့တွဲဖက်ဖြစ်ဖို့အတွက် သူ စီစဉ်တာက အဓိကအနေနဲ့ ကိစ္စတွေကို ငါ မြန်မြန် လေ့လာပြီး ဒီဇိုင်းကို ကိုယ့်ဘာသာလုပ်နိုင်အောင်လေ။ ဒါပေမဲ့ ငါက ဆန်ဒရာကို အမြဲမှီခိုနေပြီး တာဝန်မယူခဲ့ဘူး။ အချိန်အတော်ကြာ လက်တွေ့လုပ်နေခဲ့ပေမဲ့ တိုးတက်တာ အရမ်းနည်းတယ်။ ကိုယ့်တာဝန်ကို ငါ ဘယ်လိုလုပ် အဲဒီလို သဘောထားနိုင်ခဲ့တာလဲ။ ကိုယ့်ပြဿနာကို နားလည်အောင် လမ်းပြဖို့ ဘုရားဆီ တောင်းလျှောက် ဆုတောင်းခဲ့တယ်။

ညီအစ်မတစ်ယောက်က ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဝေမျှခဲ့တယ်။ “အချိန်အများစုတွင် သင်တို့သည် အလုပ်ကိစ္စများအကြောင်း မေးသည့်အခါ ပြန်မဖြေနိုင်ကြပေ။ သင်တို့ထဲမှ အချို့သည် အလုပ်ထဲတွင် ပါဝင်ပတ်သက်ပြီးဖြစ်သော်လည်း အလုပ်က မည်သို့အခြေအနေရှိသည်ကို သင်တို့ မည်သည့်အခါမျှ မမေးမြန်းခဲ့ပေ၊ သို့မဟုတ် ဤအကြောင်းကို သေချာစွာ မတွေးခဲ့ပေ။ သင်တို့အားလုံးသည် ဤအလုပ်တွင် ပါဝင်ကြပြီးဖြစ်သောကြောင့် သင်တို့၏ အစွမ်းအစနှင့် အသိပညာတို့ကို ထောက်လျှင်၊ သင်တို့သည် မည်သည့်အရာကိုမျှ မသိဘဲမနေသင့်ပေ။ သို့ဆိုလျှင် လူအများစုသည် အဘယ်ကြောင့် မည်သည့်အရာမျှ မပြောဘဲ နေကြသနည်း။ မည်သည့်အရာ ပြောရမည်ကို အမှန်တကယ် သင်တို့ မသိ၍ဖြစ်နိုင်သည်— အမှုကိစ္စများ အဆင်ပြေခြင်း ရှိမရှိကို သင်မသိ၍ဖြစ်နိုင်သည်။ ဤအတွက် အကြောင်းပြချက်နှစ်ခုရှိသည်။ တစ်ခုမှာ သင်သည် လုံးဝ စိတ်မဝင်စားဘဲ၊ ဤအရာများနှင့်ပတ်သက်၍ မည်သည့်အခါမျှ ဂရုမစိုက်၍ ဖြစ်သည်၊ ပြီးလျှင် ယင်းတို့အား ပြီးစီးရမည့် လုပ်ဆောင်ချက်တာဝန်တစ်ခုအဖြစ်သာ အစဉ် သဘောထားခဲ့၍ ဖြစ်သည်။ အခြားတစ်ခုမှာ သင်တို့သည် ဤအရာများကို ဂရုစိုက်ဖို့ တာဝန်မဲ့ပြီး မလိုလား၍ ဖြစ်သည်။ သင်သည် တကယ် ဂရုစိုက်ပြီး အမှန်တကယ် စိတ်ဝင်စားပါက၊ သင်၌ အရာခပ်သိမ်းအပေါ် အမြင်နှင့် ရှုထောင့်တို့ ရှိပြီးဖြစ်လိမ့်မည်။ ရှုထောင့်၊ သို့မဟုတ် အမြင်မရှိခြင်းသည် စိတ်မဝင်စားခြင်းနှင့် စိတ်မပါခြင်းအပြင်၊ တာဝန်တစ်ခုမျှ မယူခြင်းတို့မှ လာလေ့ရှိသည်။ သင်သည် မိမိလုပ်ဆောင်သည့် တာဝန်အပေါ် လုံ့လဝီရိယမရှိ၊ မည်သည့်တာဝန်မျှ မယူ၊ အဖိုးအခပေးဆပ်ဖို့၊ သို့မဟုတ် ပါဝင်ပတ်သက်ဖို့ လိုလားနေခြင်း မရှိသကဲ့သို့ မည်သည့် နာကျင်မှုမျှ သင်မခံယူချေ၊ သို့မဟုတ် မည်သည့် သာ၍ကြီးမားသော အင်အားကိုမျှ သုံးရန် လိုလားနေခြင်း မရှိချေ။ သင်သည် လက်အောက်ငယ်သား တစ်ဦးဖြစ်ဖို့သာ ဆန္ဒရှိသည်၊ ယင်းမှာ မယုံကြည်သူတစ်ဦးက သူ၏အလုပ်ရှင်အတွက် အလုပ်လုပ်သည့်အခါနှင့် မကွာခြားပေ။ တာဝန်ကို ထိုသို့ထမ်း‌ဆောင်ခြင်းသည် ဘုရားသခင်က မနှစ်သက်ခြင်းခံရသကဲ့သို့ ဘုရားသခင်ကို ကျေနပ်အားရစေခြင်းလည်း မရှိပေ။ သူ၏ ထောက်ခံမှုကို မရရှိနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားအဖြစ် အသက်ရှင်နိုင်သည်)တာဝန်တစ်ခုထမ်းဆောင်သောအခါတွင် လူတို့သည် ပေါ့ပါးသောအလုပ်၊ သူတို့ကို မပင်ပန်းစေသောအလုပ်၊ ဆိုးရွားသောရာသီဥတုတွင် အပြင်ထွက်ရခြင်း မပါဝင်သောအလုပ်ကို အစဉ် ရွေးချယ်ကြသည်။ ဤသည်မှာ လွယ်ကူသောအလုပ်များကို ရွေးခြင်းနှင့် ခက်ခဲသော အလုပ်များကို ခေါင်းရှောင်ခြင်းဖြစ်ပြီး ဇာတိပကတိ သက်သာမှုများကို တပ်မက်ခြင်း၏ သရုပ်သကန်ဖြစ်သည်။ အခြားမည်သည့်အရာရှိသေးသနည်း။ (သူတို့၏ တာဝန်က အနည်းငယ်ခက်ခဲသောအခါ၊ အနည်းငယ် ပင်ပန်းသောအခါ၊ အဖိုးအခတစ်ခုပေးဆပ်ခြင်း ပါဝင်သောအခါ အစဉ် ညည်းညူခြင်း။) (အစားအစာနှင့် အဝတ်အစား၊ ဇာတိပကတိကို လိုက်လျောခြင်းတို့ကိုသာ စိတ်ရောက်နေခြင်း။) ဤအရာအားလုံးသည် ဇာတိပကတိ သက်သာမှုကို တပ်မက်ခြင်း၏ သရုပ်သကန်များဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အလုပ်တာဝန်တစ်ခုက ပင်ပန်းခက်ခဲလွန်းသည်၊ သို့မဟုတ် အန္တရာယ်များသည်ဟု မြင်သည့်အခါ အခြားလူတစ်ဦးအပေါ် လွှဲပေးလိုက်သည်။ ၎င်းတို့ကိုယ်တိုင်ကမူ အေးအေးဆေးဆေး အလုပ်ကိုသာ လုပ်ပြီး ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းကာ လိုအပ်သော ကျွမ်းကျင်မှုများ မရှိကြောင်း၊ ယင်းက ၎င်းတို့အတွက် မတတ်နိုင်လောက်အောင် ဖြစ်ကြောင်းတို့ကို ပြောဆိုလျက် ဤအလုပ်ကို မလုပ်နိုင်သည့် အကြောင်းအရင်းအတွက် ဆင်ခြင်များပေးကြသည်။ အမှန်မှာမူ ၎င်းတို့သည် ဇာတိပကတိ၏ သက်သာမှုများကို မက်မောသောကြောင့်ဖြစ်သည်။...ဇာတိပကတိ သက်သာမှုကို တပ်မက်သောလူများသည် တာဝန်တစ်ခု ထမ်းဆောင်ဖို့အတွက် သင့်တော်သည့် လူများ ဖြစ်သလော။ ၎င်းတို့၏တာဝန် ထမ်းဆောင်ခြင်း အကြောင်းအရာကို ဆွေးနွေးကြလော့၊ အဖိုးအခပေးခြင်းနှင့် ဒုက္ခခံခြင်းအကြောင်း ပြောလော့၊ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ခေါင်းများကို မပြတ်ခါကြပေသည်။ ၎င်းတို့၌ ပြဿနာများစွာ ရှိမည်၊ ၎င်းတို့သည် စောဒကအပြည့်ရှိကြသည်၊ အရာရာနှင့်ပတ်သက်၍ အပျက်သဘောဆောင်ကြသည်။ ထိုသို့သော လူများသည် အသုံးမကျပေ၊ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်မရှိဘဲ၊ ဖယ်ရှားခံရသင့်သည်။ ဇာတိပကတိ၏ သက်သာမှုများကို တပ်မက်ခြင်းအကြောင်းနှင့်ပတ်သက်ပြီး ဤတွင် အပြီးသတ်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်ကို စဉ်းစားရင်းနဲ့ ကိုယ့်တာဝန်ကိုလုပ်တဲ့ ဒီလတွေမှာ ဘာတိုးတက်မှုမှ မလုပ်ခဲ့တာက အဓိကအားဖြင့် ငါအရမ်းပျင်းပြီး၊ ကိုယ်စွမ်းကိုယ်စနဲ့ တာဝန်ယူစိတ် မရှိလို့ဖြစ်မှန်း တွေ့ခဲ့တယ်။ ကိုယ့်အလုပ်မှာ မရေရာမသေချာတာတွေ ကြုံတော့ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်ပြီး စည်းမျဉ်းမရှာခဲ့ဘူး။ အဲဒါတွေကို သေချာစဉ်းစားတာက အရမ်းကသီလင်တဖြစ်တယ်လို့ ခံစားရလို့ ဆန်ဒရာကိုကို တာဝန်ပေးလိုက်တာ။ ငါပြီးထားတဲ့အလုပ်နဲ့ ပတ်သက်လို့ သူက အကြံတွေအများကြီးပေးတော့ အဲဒါတွေကို မသုံးသပ်ခဲ့ဘူး၊ ကိုယ့်အားနည်းချက်တွေကို သတိမပြုမိဘဲ ငါက အစွမ်းအစမဲ့ပြီး အဲဒီနေရာမှာ မတော်ဘူးလို့ပဲ ဆင်ခြေတွေ ပေးခဲ့ပြီး၊ ခက်ခဲတဲ့ အပိုင်းတွေကို လုပ်ဖို့ ငါ့အစ်မဆီ လွဲပေးခဲ့တယ်။ ပြဿနာတွေရှိတယ်လို့ ငါမြင်တဲ့ တချို့ပိုင်းတွေရှိပေမဲ့ ဒုက္ခခံပြီး မပြင်ခဲ့ဘူး။ အဲဒီအစား၊ ဖြစ်သလိုပြီးတယ်၊ ဆန်ဒရာကို ပြင်ခိုင်းလိုက်ပြီးတော့ အချောင်ခိုပြီး စိတ်ချလို့မရဖြစ်ခဲ့တယ်။ ဒါက အလုပ်ရှုပ်သက်သာစေပြီး ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာ၊ ငါ့ကို ပိုခရီးရောက်စေတယ်လို့ ခံစားခဲ့တယ်။ ငါ့ကိုငါ အသုံးမကျ၊ အစွမ်းအစမရှိဘူးလို့ တွေးပြီး လိုလိုချင်ချင်နဲ့ နောက်လိုက်တစ်ယောက်ဖြစ်လာခဲ့တယ်။ ငါက မစွမ်းဆောင်နိုင်သလို ဆန်ဒရာက ငါ့ထက် ပိုတော်တဲ့အတွက် သူ့အနေနဲ့ အလုပ်ပိုလုပ်ရတာက ဖြစ်ရိုးဖြစ်စဉ်ပဲလို့ ခံစားရလို့ သူ့ကို လုပ်ခွင့်ပေးခဲ့တယ်။ တတ်နိုင်သလောက် ငါလုပ်မယ်၊ ပြီးတော့ ဘာပဲဖြစ်ဖြစ် အချောင်ခိုမနေပါဘူးပေါ့။ ငါက ရုပ်ပိုင်းသက်သာတာကို မက်နေတာ၊ မရိုးမသားနဲ့ စိတ်မချရဖြစ်နေခဲ့တာပဲ။ သူတို့ရဲ့ အသိစိတ်၊ လူ့သဘာဝကို ဂရုမစိုက်၊ ဘယ်လို အဖိုးအခပေးပြီး သူတို့အလုပ် ကောင်းကောင်း လုပ်ရမယ်ဆိုတာ မစဉ်းစား၊ ကိစ္စတွေကို သက်သောင့်သက်သာနဲ့ လွယ်လွယ် လုပ်နိုင်သမျှ လုပ်နေတဲ့၊ အချိန်တိုင်း လှည့်ဖြားတတ်၊ ဘယ်တော့မှ တာဝန်မယူတဲ့ အပြင်လောကမှာ အလုပ်လုပ်နေတဲ့ မယုံကြည်သူတွေကို တွေးမိတယ်။ ဒါက ကိုယ့်တာဝန်အပေါ်ထားတဲ့ ငါ့သဘောထားပဲ။ လုံ့လနဲ့ တာဝန်သိစိတ်မဲ့ခဲ့တာ၊ ကိုယ်သက်သာပြီး ကိုယ့်တာဝန်မှာ အဖိုးအခ မပေးဖို့ တခြားလူတွေရဲ့ အတွေ့အကြုံကို ဆင်ခြေအနေနဲ့ အမြဲ သုံးခဲ့တာ။ အခက်အခဲတွေကို တခြားလူတွေလက်ထဲ အမြဲထိုးထည့်ပြီးတော့ နောက်ကွယ်မှာ ပုန်းပြီး အေးဆေး သဘောထားခဲ့တယ်။ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်ခဲ့တာ။ သက်သောင့်သက်သာဖြစ်တာကို အမြဲ မက်ပြီး ကိုယ်စွမ်းကိုယ်စမရှိခဲ့တော့ ကိုယ့်ကျွမ်းကျင်မှုတွေနဲ့ပတ်သက်လို့ ဘာတိုးတက်မှုမှ လုံးဝ မလုပ်ခဲ့ဘူး၊ တကယ့် အခန်းကဏ္ဍတစ်ခုမှ မလုပ်ခဲ့ဘူး။ အလုပ်နဲ့ တကယ်ကို မတန်ခဲ့တာ။ ဘုရားကို တကယ် စိတ်ပျက်စေခဲ့တယ်လို့ ခံစားခဲ့ရတယ်။ ကိုယ့်တာဝန်ကို အဲဒီအတိုင်း ငါ ဆက်မလုပ်ချင်ခဲ့ဘူး။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် ထပ်ဖတ်ခဲ့တယ်။ “လူအချို့သည် မည်သည့်အလုပ်ကိုလုပ်ဆောင်ပါစေ၊ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ ၎င်းတို့သည် အောင်မြင်ရန် မစွမ်းဆောင်နိုင်ကြပေ။ ၎င်းတို့အတွက် ခဲယဉ်းလွန်း၏။ ၎င်းတို့သည် လူတို့ထမ်းဆောင်သင့်သည့် မည်သည့်တာဝန်ဝတ္တရားများကိုမဆို ဖြည့်ဆည်းနိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အမှိုက်မဟုတ်သလော။ ၎င်းတို့သည် လူများဟု ခေါ်ရန် ထိုက်တန်သေးသလော။ ခြွင်းချက်အနေဖြင့် ငနုံ၊ ငအများ၊ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူများနှင့်၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှုကို ခံစားရသောသူများမှလွဲ၍ မိမိတို့တာဝန်ကို မထမ်းဆောင်သင့်သော၊ မိမိတို့ ဝတ္တရားများကို မဖြည့်ဆည်းသင့်သော အသက်ရှင်သည့်သူ တစ်ယောက်ယောက်ရှိသလော။ သို့သော် ဤလူစားမျိုးသည် သစ္စာမဲ့ခြင်းကို အစဉ်ဖုံးကွယ်ပြီး မရိုးမသား အစဉ်ပြုမူကာ မိမိတို့၏ တာဝန်များကို မဖြည့်ဆည်းလိုပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို သင့်လျော်သောလူများကဲ့သို့ ပြုမူဆောင်ရွက်လိုခြင်းမရှိပေ။ ဘုရားသခင်သည် ၎င်းတို့ကို အစွမ်းအစနှင့် ဆုကျေးဇူးများပေးခဲ့သည်။ ၎င်းတို့အား လူသားဖြစ်ဖို့ အခွင့်အရေး သူပေးခဲ့သော်လည်း၊ ၎င်းတို့က ဤအရာကို မိမိတို့၏တာဝန် ထမ်းဆောင်ရာ၌ အသုံးမပြုနိုင်ကြချေ။ ၎င်းတို့သည် ဘာမျှမလုပ်ကြ၊ သို့သော်လည်း အရာအားလုံးကို မွေ့လျော်ခံစားလိုကြ၏။ ဤသို့သောသူသည် လူသားအဖြစ် ခေါ်ဆိုရန် သင့်တော်သလော။ ၎င်းတို့ကို မည်သည့်အလုပ်ပဲ ပေးပေး၊ အလုပ်က အရေးကြီးသည်ဖြစ်စေ၊ သာမန်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ ပြုလုပ်သည်။ အစဉ် ပျင်းရိပြီး မယုံရပေ။ ပြဿနာများ ဖြစ်ပေါ်သောအခါ ၎င်းတို့အတွက် တာဝန်ကို အခြားလူများအပေါ်သို့ တွန်းပို့ရန် ကြိုးစားသည်။ ၎င်းတို့သည် မိမိတို့၏ ကပ်ပါးကောင် ဘဝများကို ဆက်အသက်ရှင်ဖို့ လိုလားရင်း၊ မည်သည့်တာဝန်ကိုမျှ မယူကြပေ။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်များဖြစ်သည် မဟုတ်လော။ လူမှုအဖွဲ့အစည်းတွင် မည်သူက ရှင်သန်ရေးအတွက် မိမိတို့ကိုယ်ကို မမှီခိုရသနည်း။ လူတစ်ဦးသည် အရွယ်ရောက်လာသည့်အခါ မိမိကိုယ်ကို ထောက်ပံ့ရမည်။ ၎င်းတို့၏ မိဘများသည် မိမိတို့၏တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ ၎င်းတို့၏ မိဘများက ၎င်းတို့အား ထောက်ပံ့ဖို့ လိုလားလျှင်ပင်၊ ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ ဘဝင်မကျဖြစ်မည်ဖြစ်ကာ၊ ‘ကျွန်ုပ်၏မိဘများသည် သားသမီးများကို ပြုစုပျိုးထောင်ပေးသည့်၎င်းတို့၏အလုပ် ပြီးစီးပြီဖြစ်သည်။ ကျွန်ုပ်သည် အရွယ်ရောက်သူတစ်ဦး ဖြစ်ပြီး ကျန်းမာသန်စွမ်းသည်။ ကျွန်ုပ်သည် အမှီအခိုကင်းစွာ နေထိုင်နိုင်သင့်သည်’ ဟု သတိပြုမိနိုင်သင့်သည်။ ဤသည်မှာ အရွယ်ရောက်သူတစ်ဦး ရှိသင့်သည့် အနိမ့်ဆုံး အသိစိတ်ဖြစ်သည် မဟုတ်လော။ တစ်စုံတစ်ဦးသည် အမှန်တကယ် အသိစိတ်ရှိပါက ၎င်း၏ မိဘများထံမှ ဆက်လက်၍ အလကားလက်ဖြန့်တောင်း‌နိုင်မည် မဟုတ်ချေ။ အခြားသူများ လှောင်ပြောင်ကြမည်၊ မိမိအရှက်ခွဲခံရမည်ကို စိုးရွံ့ပေလိမ့်မည်။ သို့ဖြစ်၍ ပျင်းရိသော လူလေလူလွင့်တစ်ဦးသည် အသိစိတ်ရှိသလော။ (မရှိပါ။) ၎င်းတို့သည် အစဉ်သဖြင့် တစ်စုံတစ်ခုကို အလကားရယူလိုကြသည်။ မည်သည့်အခါမျှ တာဝန်မခံလိုပေ။ ၎င်းတို့သည် အခမဲ့နေ့လယ်စာကို ရှာဖွေကြသည်။ ၎င်းတို့သည် တစ်ရက်လျှင် ဟင်းကောင်းသုံးပွဲ လိုချင်ကြသည်။ မည်သည့်အလုပ်မျှမလုပ်ဘဲ တစ်ယောက်ယောက်က ၎င်းတို့ကို ကျွေးမွေးပြုစုဖို့၊ အစားအစာကို အရသာရှိဖို့ လိုချင်ကြသည်။ ဤသည်မှာ ကပ်ပါးကောင်တစ်ကောင်၏ စိတ်ထား မဟုတ်သလော။ ကပ်ပါးကောင်ဖြစ်သော လူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ ၎င်းတို့တွင် ဂုဏ်သိက္ခာနှင့် တည်ကြည်မှု ရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့အားလုံးသည် ကပ်ပါးရပ်ပါး လုပ်ကြသည်၊ အသုံးမကျဘဲ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိသည့် လူ့တိရစ္ဆာန်များဖြစ်ကြသည်။ ၎င်းတို့ထဲမှ မည်သူမျှသည် ဘုရားအိမ်တော်၌ ဆက်လက်တည်ရှိဖို့ မသင့်တော်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ)ပျင်းရိသောလူများသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့သည် အမှိုက်များ ဖြစ်သည်။ ပျင်းရိခြင်းအားဖြင့် ဒုက္ခိတဖြစ်ရသည်။ ပျင်းရိသောလူများ၏ အစွမ်းအစသည် မည်မျှကောင်းပါစေ အဆင်တန်ဆာသက်သက်သာဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစကောင်းခြင်းသည် အသုံးမဝင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အလွန်ပျင်းလွန်းသောကြောင့်ဖြစ်သည်။ မည်သည့်အရာကို လုပ်သင့်သည်ကို ၎င်းတို့သိသော်ငြားလည်း မလုပ်ဆောင်ပေ။ တစ်စုံတစ်ခုက ပြဿနာဖြစ်သည်ကို ၎င်းတို့ သိလျှင်ပင် ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေကြပေ။ အလုပ်သည် ထိရောက်မှုရှိရန်အတွက် မည်သည့်ဆင်းရဲဒုက္ခများ ခံသင့်သည်ကို ၎င်းတို့သိကြသည်။ သို့သော် ဤသို့တန်ဖိုးရှိသောဒုက္ခကို ခံယူရန် မလိုလားကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ မရရှိကြပေ။ မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ လူများ ခံယူသင့်သည့် ဆင်းရဲဒုက္ခများကို ၎င်းတို့ မခံယူလိုကြပေ။ ၎င်းတို့သည် သက်သာဖို့အတွက် လောဘ၊ ဇာတိပကတိ၏ ပျော်မွေ့မှု၊ ဝမ်းမြောက်မှုနှင့် နားနေချိန်တို့အပေါ် ပျော်မွေ့မှု၊ လွတ်လပ်ပြီး သက်သောင့်သက်သာရှိသည့် အသက်တာကို ပျော်မွေ့ခံစားခြင်းတို့ကိုသာ သိကြသည်။ ၎င်းတို့သည် အသုံးမကျဖြစ်ကြသည် မဟုတ်လော။ ဆင်းရဲဒုက္ခကို ကြံ့ကြံ့မခံနိုင်သည့် လူများသည် အသက်ရှင်ဖို့ မသင့်တော်ချေ။ ကပ်ပါးကောင်အဖြစ် အစဉ် အသက်ရှင်လိုသည့် မည်သူမဆိုသည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသည့်သူတစ်ဦး ဖြစ်သည်။ ၎င်းသည် လူ့တိရစ္ဆာန်ဖြစ်ကာ၊ အစေခံမှုပေးရန်ပင် မသင့်တော်သူမျိုးဖြစ်သည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ကြံ့ကြံ့မခံနိုင်သည့်အတွက်၊ ၎င်းတို့ပေးသည့် အစေခံမှုသည် ညံ့ဖျင်းပြီး ၎င်းတို့သည် သမ္မာတရားကို ရရှိဖို့ဆန္ဒရှိပါက၊ ယင်းအတွက် မျှော်လင့်ချက် သာ၍ပင် နည်းပါးလေသည်။ ဒုက္ခမခံနိုင်သကဲ့သို့ သမ္မာတရားကို မချစ်သည့် လူတစ်ဦးသည် အပျင်းခိုသူတစ်ဦး၊ အစေခံမှုပေးရန်ပင် အရည်အချင်း မပြည့်မီသူ ဖြစ်သည်။ ၎င်းသည် လူ့သဘာဝတစ်စက်မျှ မရှိသည့် လူ့တိရစ္ဆာန်ဖြစ်သည်။ ထိုသို့သောလူများကို ထုတ်ပယ်ခြင်းထက် ဘုရားအလိုတော်နှင့် ကိုက်ညီသည့်အရာ မရှိချေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားအမြင်မှာ၊ သက်သာမှုကို အမြဲမက်သူတွေဟာ အဖိုးအခပေးဖို့ မလိုလားဘူး၊ သူတို့ကို တာဝန်ပေးထားတဲ့ အလုပ်ကို ကောင်းကောင်းမွန်မွန် မပြီးစီးသလို၊ သူတို့တာဝန်တွေကို မဖြည့်ဆည်း၊ လုံးဝ အသုံးမကျဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ငါ နားလည်သွားတယ်။ ဒီလူတွေမှာ ဘာကိုယ်စွမ်းကိုယ်စမှ မရှိသလို၊ တခြားလူတွေရဲ့ အားထုတ်မှုအကျိုးတွေကို အမြဲ ခံစားကြတယ်။ အသင်းတော်မှာရှိတဲ့ ကပ်ပါးကောင်တွေဖြစ်ပြီး ထုတ်ပယ်ခံရမယ်။ “ကပ်ပါးကောင်” နဲ့ “အမှိုက်”ဆိုပြီး ဘုရားဆိုလိုတဲ့အရာကို ဆက်တွေးနေမိတယ်။ မိဘဆီမှာ လက်ဖြန့်တောင်းနေသေးတဲ့ အပြင်လောကထဲက အရွယ်ရောက်သူတွေကို တွေးမိတယ်။ အရွယ်ရောက်ပြီးတဲ့နောက်မှာ၊ သူတို့ အလုပ်မရကြသလို၊ မိဘတွေရဲ့ အထောက်အပံ့ကိုပဲ ခံစားတယ်၊ ပေးစာကမ်းစာကို မှီခိုပြီး ဘဝတစ်ခု ရှင်သန်တယ်၊ ကိုယ်တိုင် အသက်မွေးမှုလုပ်တာက ဘာဆိုလိုမှန်း မသိဘူး။ ပုံမှန် လူ့အသိစိတ်ဆိုတာ မရှိဘူး။ ဒီလူတွက ကပ်ပါးတွေပဲ။ ငါ့အပြုအမူနဲ့ ဒီတာဝန်မဲ့၊ ကပ်ပါးရပ်ပါးလုပ်သူတွေကြားမှာ ဘာမှ မကွာခြားတာကို မြင်ရတယ်။ အသင်းတော်က ပုံတွေလုပ်ဖို့ ငါ့အတွက် စီစဉ်ပေးခဲ့ပြီး ဒါက ငါ့တာဝန်ပဲလေ။ အလုပ်က ခက်ခဲပါစေ၊ အဲဒါကို အမြန်ဆုံး ထမ်းဆောင်ဖို့ ကြိုးကြိုးစားစား လေ့လာခဲ့သင့်တာ။ ဒါပေမဲ့ အဲဒီပုံတွေကို လုပ်တာ ခက်ခဲတယ်လို့ ခံစားပြီး၊ အဲဒါတွေကို အားစိုက် မတွေးချင်ခဲ့ဘူး။ ကိုယ့်ရဲ့ ပျင်းရိမှုအတွက် ဆင်ခြေတွေ ဖန်တီးခဲ့တယ်။ အချိန်အတော်ကြာ ဆည်းပူးခဲတဲ့တစ်လျှောက် စည်းမျဉ်းတွေကို ငါ ကျွမ်းကျင်တယ်လို့ တွေးပြီး၊ ပြဿနာတွေ ပေါ်လာတော့၊ သွေဖည်တာတွေကို မစစ်ဆေးခဲ့ဘူး၊ စည်းမျဉ်းတွေ မရှာခဲ့ဘူး။ ပြီးတော့ ဆန်ဒရာ အတွေ့အကြုံရှိပုံကို မြင်တော့ သူ့အထောက်အပံ့ကို အမြဲအလွယ်ရနေမယ်လို့ ထင်ခဲ့တယ်။ ခက်တာတွေကို သူ့အပေါ် တွန်းတင်ပြီး အကျိုးကျေးဇူးတွေ ခံစားဖို့ စောင့်ဆိုင်းခဲ့တယ်။ ငါတို့ အတူအလုပ်လုပ်ချိန်မှာတောင်၊ သူ့အပေါ် မှီခိုနေခဲ့တုန်းပဲ။ ဆန်ဒရာပြောတာပဲ နားထောင်ပြီး တကယ် ဘာမှမတွေးခဲ့ဘူး။ ကိုယ့်တာဝန်အတွက် တာဝန်သိစိတ် မရှိခဲ့သလို၊ တခြားလူတွေအပေါ်ပဲ မှီခိုခဲ့တယ်။ အားမထုတ်ခဲ့သလို၊ သူများအလုပ်ရဲ့ အကျိုးတွေကိုပဲ ခံစားချင်ခဲ့တယ်။ ငါက အသုံးမကျတဲ့သူ၊ အသင်းတော်ထဲမှာ ကပ်ပါးရပ်ပါးလုပ်တဲ့ ကပ်ပါးကောင်ဖြစ်ခဲ့တယ်။ ဘုရားက တကယ်ကို စက်ဆုပ်ခဲ့တာ။ ငါ့အစ်မက သူ့အလုပ်ပြီးသွားတဲ့အခါ၊ ငါ့ဟာကို ကူညီရင်းနဲ့ အချိန်ကုန်ရပြီး အဲဒါက သူ့တာဝန်ကို ကြန့်ကြာစေခဲ့တယ်။ ငါ ပိုလို့တောင် ဆိုးဆိုးရွားရွားနဲ့ အပြစ်ရှိတဲ့ စိတ်ခံစားခဲ့ရတယ်။ ငါက “ကိုယ့်ကိုယ်ကိုယ် ကြင်နာရမယ်၊ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ သင်ယူရမယ်”၊ “ညောင်ရိပ်ကိုမှီ ညောင်သီးကိုစား” ဆိုတာနဲ့ “အထောက်အပံ့ကို အားကိုးလို့ရချိန် မအားကိုးတာက မိုက်မဲတာပဲ” ဆိုသလို ဆိုးယုတ်တဲ့ အတွေးမှားတွေရဲ့ လွှမ်းမိုးတာ ခံခဲ့ရလို့ အရမ်းပျင်းရိနိုင်ခဲ့တာပဲ။ ဒီဆိုးယုတ်တဲ့ စိတ်ကူးတွေက ငါ့ကို ဇာတိကိုပဲ အလေးဂရုပြုစေပြီး၊ အရင်ထက်ပို အကျင့်ပျက်လာစေတယ်၊ ယုတ်မာပြီး မတက်မကြွဖြစ်လာစေတယ်။ ငါက အားစိုက်မထုတ်ဘဲ အကျိုးခံစားချင်သလို ကိုယ့်တာဝန်က နည်းနည်း ခက်ခဲ့တဲ့အခါ၊ စဉ်းစားဖို့၊ အဖိုးအခပေးဖို့ မလိုလားခဲ့ဘူး။ ကိုယ့်တွဲဖက်က ကိုယ့်ထက် ပိုကျွမ်းတာကို မြင်တော့၊ ကိစ္စတွေကို သူ့ကိုပဲ လက်လွှဲလိုက်တယ်၊ ဝန်ကို ထမ်းခွင့်ပေးလိုက်တယ်။ ရှိနေတဲ့ အထောက်အပံ့ကို မမှီခိုတာက မိုက်မဲတာပဲလို့ တွေးခဲ့တယ်။ ငါ တကယ်ကို မရိုးမသားနဲ့ မယုံကြည်ရတဲ့သူ ဖြစ်ခဲ့တာပဲ။ ဒီလိုကိုယ့်တာဝန်ကို လုပ်တာက ငါ့ကို မပင်ပန်းစေခဲ့ပေမဲ့၊ ငါ့ရဲ့ ပုံအလုပ်နဲ့ပတ်သက်လို့ ဘာတိုးတက်မှုမှ လုံးဝ မလုပ်ခဲ့ဘူး။ အလုပ်မှာ ကိုယ်တိုင်ပါဝင်ပြီး အကျိုးရှိအောင် မလုပ်ရင် ရေရှည်မှာ အနှေးနဲ့ အမြန် ငါဖယ်ရှားခံရမှာပဲ။ ဒါကို တွေးမိတော့ တကယ် စိတ်မကောင်းဖြစ်မိတယ်။ ဘုရားဆီ ဆုတောင်းတယ်။ “ဘုရားသခင်၊ သက်သာမှုကို ကျွန်မ မက်မောပြီး ကိုယ့်တာဝန်မှာ ကိုယ်စွမ်းကိုယ်စ မရှိခဲ့ပါဘူး။ အခု ကျွန်မ နောင်တရပြီး ကိုယ်တော်ရဲ့ စိစစ်မှုကို လက်ခံချင်ပါတယ်။ ဇာတိကို ထပ်အလေးထားမိရင်၊ ကျွန်မကို ဆုံးမပဲ့ပြင်တော်မူပါ”လို့ပေါ့။

ဆန်ဒရာက ကျွန်မပုံတချို့နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အကျရှင်းပြပြီး ပြဿနာတချို့ ထောက်ပြခဲ့တဲ့ အရင် နှစ်ရက်၊ သုံးရက်ကို တွေးမိတယ်။ အရင်က ဒီပြဿနာမျိုးကို သူ ရှင်းပြခဲ့ပြီးဖြစ်မှန်း သိခဲ့ပေမဲ့လည်း ကျွန်မ လုံးဝ လုံးဝ မေ့သွားခဲ့တာလေ။ ကျွန်မ အရမ်း နောင်တရမိတယ်။ ကျွန်မ မှန်အောင်မလုပ်နိုင်တဲ့ အရာတစ်ခုခု ကြုံရတိုင်းမှာ၊ ဆန်ဒရာက စိတ်ရှည်ရှည်နဲ့ ကျွန်မကို မိတ်သဟာယပြုပေးတယ်။ သတိရပြီး မှတ်သားဖို့ နည်းနည်း ကြိုးစားလိုက်ရင်တောင်၊ အဲဒီပြဿနာတွေ ဆက်ပေါ်နေမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ စည်းမျဉ်းတွေ အသုံးချဖို့ကို ငါ လုံးဝ အာရုံမစိုက်ခဲ့ဘူး၊ တခြားလူတွေပေါ်ပဲ မှီခိုလိုက်တယ်။ တခြားလူတွေ ဘယ်လောက်ပြောပါစေ၊ တစ်ခုမှ ငါ နားမဝင်ခဲ့ဘူး။ ဒါကြောင့် အခြေခံ စည်းမျဉ်းတွေကိုတောင် ငါ မကျွမ်းသေးဘဲဖြစ်နေခဲ့တာ။ ဒီအတွေးနဲ့ စာတမ်းတစ်ခုကို ငါ ရေးဆွဲပြုစုလိုက်တယ်။ မရေရာမသေချာတာတွေ ပြန်ကြုံရတဲ့အခါ၊ ကိုယ့်ဘာသာ အဖြေရှာနိုင်အောင်လို့ ပုံတွေကို ဒီဇိုင်းလုပ်တဲ့အခါ အာရုံစိုက်ဖို့လိုတဲ့ ပြဿနာနဲ့ စည်းမျဉ်းတွေကို စာရင်းမှတ်လိုက်တယ်။ ပြဿနာတွေ ပေါ်လာတဲ့အခါ၊ ချက်ချင်း မှတ်ပြီး ဆန်းစစ်တယ်။ တဖြည်းဖြည်းနဲ့ ငါ့ရဲ့ ပုံအလုပ်နဲ့ ပတ်သက်လို့ တိုးတက်မှုလုပ်နိုင်ခဲ့တယ်။

နောက်ပိုင်းမှာ ကိုယ့်ဘာသာ သုံးသပ်မိတယ်။ ပျင်းရိတာအပြင်၊ ငါ့တာဝန်မှာ တခြားဘာပြဿနာတွေကို ငါ့ကို ဟန့်တားနေခဲ့လဲပေါ့။ သုံးသပ်ဆင်ခြင်ရာမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်တယ်။ “အလွန်ပင် အရည်အသွေးပြည့်မီသောသူများက မိမိတို့ကိုယ်ကို ယုံကြည်ပုံသည် မည်သည့်အရာပေါ်တွင် အခြေခံသနည်း။ တာဝန်တစ်ခုခုကို ၎င်းတို့ထမ်းဆောင်သည်မှာ နှစ်မည်မျှကြာသည်၊ အတွေ့အကြုံမည်မျှကို ၎င်းတို့ရရှိပြီးဖြစ်သည်တို့အပေါ်တွင် အခြေခံသည်မဟုတ်လော။ ဤသို့ဖြစ်လျက် သင်တို့သည် ဝါရင့်ခြင်းနှင့်ပတ်သက်ပြီး တဖြည်းဖြည်းချင်း စတင်စဉ်းစားလာမည်မဟုတ်လော။ ဥပမာအားဖြင့် ညီအစ်ကိုတစ်ယောက်သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး တာဝန်တစ်ခုကို အချိန်အတော်ကြာထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် ဤတာဝန်အကြောင်းပြောဆိုရန် သူသည် အရည်အချင်းအပြည့်မီဆုံးဖြစ်သည်။ ညီအစ်မတစ်ယောက်သည် ဤသို့ရောက်သည်မှာ မကြာသေးပေ။ သူမသည် အစွမ်းအစနည်းငယ်ရှိသော်လည်း ဤတာဝန်ကို ထမ်းဆောင်ရာတွင် အတွေ့အကြုံမရှိပေ။ ဘုရားသခင်ကို ယုံကြည်သည်မှာ မကြာသေးပေ။ ထို့ကြောင့် သူမသည် ပြောဆိုရန် အရည်အချင်း မပြည့်မီဆုံးဖြစ်သည်။ ပြောဆိုရန် အရည်အချင်းအပြည့်မီဆုံးသူက မိမိကိုယ်ကို စဉ်းစားသည်။ ‘ငါသည် ဝါရင့်သောကြောင့် ငါ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် စံမီသည့် သဘောဖြစ်သည်။ ငါ၏ အားထုတ်လိုက်စားမှုသည် ထိပ်ဆုံးသို့ ရောက်ရှိပြီးဖြစ်သည်။ ငါ ကြိုးပမ်းသင့်သည့်၊ ဝင်ရောက်သင့်သည့်အရာမရှိပေ။ ဤတာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ပြီးဖြစ်သည်။ ငါသည် ဤအလုပ်ကို အနည်းနှင့်အများ ပြီးမြောက်ပြီးဖြစ်သည်။ ဘုရားသခင်သည် ကျေနပ်သင့်သည်။’ ဟူ၍ ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့ဘာသာ အားရကျေနပ်လာသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ညွှန်ပြသလော။...လူတို့သည် အမှန်တကယ်တွင် မည်သည့်အရာကို လိုက်စားပြီး မည်သည့်လမ်းကို လျှောက်သည်၊ သမ္မာတရားကို အမှန်တကယ် လက်ခံသည်၊ သို့မဟုတ် စွန့်ပစ်သည်၊ ဘုရားသခင်ကို နာခံသည်၊ သို့မဟုတ် အတိုက်အခံပြုသည်၊ ဤအရာအားလုံးတို့ကို ဘုရားသခင်က စဉ်ဆက်မပြတ် ဆန်းစစ်လျက်ရှိသည်။ အသင်းတော်တိုင်းနှင့် လူတစ်ဦးစီတိုင်းကို ဘုရားသခင် စောင့်ကြပ်သည်။ အသင်းတော်တွင် လူမည်မျှ တာဝန် ထမ်းဆောင်နေပါစေ၊ ဘုရားသခင်နောက်ကို လိုက်နေပါစေ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ၎င်းတို့ သွေဖည်သည်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ၎င်းတို့ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို မတွေ့ကြုံတော့ပေ။ ထိုသို့ဖြင့် ၎င်းတို့နှင့် ၎င်းတို့ ထမ်းဆောင်နေသည့် တာဝန်သည် ဘုရားသခင်၏အမှုတော်နှင့် ဆက်နွှယ်မှုမရှိတော့သကဲ့သို့၊ ဘုရားသခင်၏အမှုတော်၌ ပါဝင်ပတ်သက်ခြင်း မရှိတော့ချေ။ ထိုအခြေအနေတွင် ဤအသင်းတော်သည် ဘာသာရေးအုပ်စုတစ်စု ဖြစ်လာပြီးဖြစ်သည်။ ငါ့အား ပြောလော့။ အသင်းတော်တစ်ခုသည် ဘာသာရေးအုပ်စုတစ်စု ဖြစ်လာသည်နှင့် အကျိုးဆက်များက မည်သို့ရှိသနည်း။ ဤလူများသည် ကြီးမားသော အန္တရာယ်ရှိနေသည်ဟု သင်တို့ ဆိုမည် မဟုတ်လော။ ၎င်းတို့သည် ပြဿနာများဖြင့် ရင်ဆိုင်ရသည့်အခါ၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေသကဲ့သို့၊ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ မပြုမူကြဘဲ၊ လူသားများ၏ စီစဉ်မှုများနှင့် ကြိုးကိုင်ညွှန်ကြားမှုများကို ခံကြရသည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ မည်သည့်အခါမျှ ဆုမတောင်းသကဲ့သို့ သမ္မာတရား၏ အခြေခံသဘောတရားများကို မရှာဖွေကြသည့်သူများစွာပင် ရှိသည်။ ၎င်းတို့သည် အခြားသူများကိုသာ မေးမြန်းပြီး အခြားသူများ အရိပ်ပြသည့်အပေါ် လိုက်ပြုမူလျက် အခြားသူများ ပြောသည့်အတိုင်း လုပ်ဆောင်ကြသည်။ လူများက ၎င်းတို့အား မည်သည့်အရာကိုခိုင်းပါစေ၊ ယင်းမှာ ၎င်းတို့ လုပ်ဆောင်သည့်အရာဖြစ်သည်။ ၎င်းတို့၏ ပြဿနာများနှင့်ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းတို့သည် မရေမရာသကဲ့သို့၊ ခက်ခဲသည်ဟု ၎င်းတို့ ခံစားကြရသည်။ ထို့ကြောင့် ၎င်းတို့သည် ရိုးရှင်း လွယ်ကူသော ဖြေရှင်းချက်တစ်ခုကို ရှာကြသည်။ အခြားသူများအပေါ် မှီခိုခြင်းနှင့် အခြားသူများ ပြောသည့်အရာကို လုပ်ဆောင်ခြင်းတို့သည် လွယ်ကူပြီး လက်တွေ့အကျဆုံး ဖြစ်သည်ဟု တွက်ဆသောကြောင့် အခြားသူများကို မေးမြန်းပြီး အရာရာတွင် ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်ရင်း အခြားသူများခိုင်းသည့်အရာကိုသာ တကယ်ကို လုပ်ဆောင်ကြလေသည်။ အကျိုးဆက်အနေဖြင့် နှစ်များစွာ ယုံကြည်ပြီးသည့်နောက်တွင်ပင် ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်နှင့် သမ္မာတရားကို ဆုတောင်းပြီး ရှာဖွေကာ ထို့နောက်တွင် သမ္မာတရားအား နားလည်ခြင်းကို စွမ်းဆောင်ရရှိပြီး ဘုရားသခင်၏အလိုတော်နှင့်အညီ ပြုမူကျင့်ကြံလျက် ဘုရားသခင်၏ရှေ့မှောက်သို့ ရောက်လာကြခြင်းမျိုး တစ်ခါမျှပင် မရှိဖူးပေ— ၎င်းတို့၌ ထိုကဲ့သို့သော အတွေ့အကြုံတစ်ခု မည်သည့်အခါမျှ မရှိဖူးပေ။ ထိုသို့သော လူများသည် ဘုရားသခင်အား ယုံကြည်မှုကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ကြသလော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို စဉ်းစားပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်တဲ့အခါ၊ ငါ့စိတ်ထဲမှာ ဝါရင့်မှုကို လေးစားတဲ့ အမြင်တစ်ခု စွဲကိုင်ထားမှန်း သဘောပေါက်လိုက်တယ်။ ဆုကျေးဇူး၊ အစွမ်းအစနဲ့ အလုပ်အတွေ့အကြုံတွေကို ကိုယ့်တာဝန် ကောင်းကောင်းလုပ်ဖို့ အရင်းအနှီးအနေနဲ့ သဘောထားခဲ့ပြီး၊ အဲဒါတွေရှိတာက လူတစ်ယောက်ကို တာဝန်မှာ စကားပြောပိုင်ခွင့်ပေးတယ်လို့ တွေးခဲ့တာ။ ဒီတော့ ဆန်ဒရာက ပုံတွေကို လုပ်တာ ဘယ်လောက်ကြာခဲ့ပြီ၊ သူ့မှာ ဘယ်လို အတွေ့အကြုံရှိပြီ ကျွမ်းကျင်တယ်ဆိုတာကို မြင်တဲ့အခါ၊ သူ့ကို အားကျပြီး လေးစားခဲ့တာပဲ။ ငါမလုပ်နိုင်တဲ့ ကိစ္စတွေရှိတဲ့အခါ၊ ဘုရားအပေါ် ဆုမတောင်း၊ မမှီခိုခဲ့သလို စည်းမျဉ်းတွေကို မစဉ်းစားခဲ့ဘူး။ ကိုယ်မတော်တဲ့ကိစ္စတွေကို သူ့ဆီ လွှဲလိုက်တယ်၊ သူ့ကို အမြဲတမ်း မှီခိုလိုက်တယ်။ သူပြောသမျှတိုင်းကိုပဲ လုပ်ခဲ့တယ်။ တခြားလူတွေပေါ် ငါ မှီခိုခဲ့တာက ဒီအလုပ်မှာပဲ မဟုတ်မှန်း သဘောပေါက်လိုက်တယ်။ ကျွန်မထက် ဆုကျေးဇူး၊ အစွမ်းအစ၊ လုပ်နိုင်စွမ်း၊ အလုပ်အတွေ့အကြုံတွေ ရှိတဲ့လူတစ်ယောက်နဲ့ ကြုံရတိုင်းမှာ သူတို့ကို စိတ်နှလုံးအကြွင်းမဲ့ ကိုးကွယ်ပြီး လေးစားလိုက်တယ်၊ ပြီးတော့ သူတို့အပေါ် မှီခိုလိုက်တာဟာဆိုရင် ငါ့စိတ်နှလုံးမှာ ဘုရားက နေရာမရတဲ့အထိဖြစ်ပြီး၊ ကိုယ်ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားကို လုံးဝ အားမကိုးခဲ့ဘူး၊ သမ္မာတရားကို မရှာခဲ့ဘူး။ အကျိုးဆက်အနေနဲ့၊ ဘာတိုးတက်မှုမှ မလုပ်ခဲ့သလို၊ ငါ့တာဝန်က ဘာအကျိုးမှ မဖြစ်ခဲ့ဘူး။ ဘုရားရဲ့ စက်ဆုပ်တာခံရပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရနိုင်စွမ်းမရှိခဲ့ဘူး။ ကျမ်းစာက ပြောတဲ့အတိုင်းပါပဲ။ “လူကို ယုံကြည်ကိုးစား၍ ဇာတိပကတိကို လက်နက် ခွန်အားအဖြစ် အသုံးပြုကာ၊ ယေဟောဝါထံမှ စိတ်နှလုံး သွေဖည်သောသူသည် ကျိန်ခြင်းအမင်္ဂလာ ခံထိုက်သူ ဖြစ်၏။(ယေရမိအနာဂတ္တိကျမ်း ၁၇:၅) အမှန်ပဲ၊ ငါတို့ရဲ့ ယုံကြည်ခြင်းမှာ ကြီးမြတ်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့သင့်တယ်။ အရာခပ်သိမ်းမှာ ဘုရားအပေါ် မှီခိုပြီး မျှော်လင့်တာက အကြီးမားဆုံး ဉာဏ်ပညာပဲ။ လူတစ်ယောက်က ဘာအစွမ်းအစ၊ ဆုကျေးဇူး၊ လုပ်နိုင်စွမ်းတွေ၊ အလုပ်အတွေ့အကြုံ၊ ယုံကြည်ခဲ့တဲ့ နှစ်တွေ ရှိပါစေ၊ သမ္မာတရားကို သူတို့ ပိုင်ဆိုင်တယ်လို့ မဆိုလိုဘူး။ ဘယ်အဖန်ဆင်းခံကမှ တခြားဘယ်သူမဆိုထက် ပိုမကြီးမြတ်၊ မသေးနုပ်ဘူး။ ဘုရားကို ပိုမှီခိုအားကိုးပြီး သမ္မာတရား စည်းမျဉ်းတွေကို ပိုရှာမှပဲ ဘုရားရဲ့လမ်းပြမှု ရပြီး တာဝန်တွေကို ကောင်းကောင်း လုပ်နိုင်တယ်။

နောက်ပိုင်းမှာ ငါ့တာဝန်ကို ကောင်းကောင်း လုပ်ဖို့ လမ်းကြောင်းတစ်ခုပေးတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အသင်းတော်က သင့်အား လုပ်ဆောင်ရန် အလုပ်တစ်ခုပေးသည် ဆိုပါစို့။ သင်က ‘အလုပ်က ထင်ပေါ်ဖို့ အခွင့်အရေးဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ငါ့ကို ပေးထားပြီးပြီဖြစ်တဲ့အတွက် ငါ ကောင်းကောင်းလုပ်မယ်။ ဒီတာဝန်ကို ငါယူမယ်။ ဧည့်ကြိုအတွက် ငါ့ကို တာဝန်ပေးရင် အဲဒီအလုပ်ကို ကောင်းကောင်းလုပ်ဖို့ ငါအစွမ်းကုန်လုပ်မယ်။ ညီအစ်ကိုမောင်နှမတွေကို ကောင်းကောင်းစောင့်ရှောက်ပြီး လူတိုင်း ဘေးကင်းလုံခြုံရေးကို အစွမ်းကုန် ထိန်းသိမ်းမယ်။ ငါ့ကို ဧဝံဂေလိဖြန့်ဝေဖို့တာဝန်ချပေးရင် ငါ့ကိုယ်ငါ သမ္မာတရားနဲ့ ပြင်ဆင်ပြီး ဧဝံဂေလိကို အမြတ်တနိုး မျှဝေပြီး တာဝန်ကို ကောင်းကောင်းထမ်းဆောင်မယ်။ နိုင်ငံခြားဘာသာစကားတစ်ခုကို သင်ယူဖို့ ငါ့ကို တာဝန်ပေးရင် လုံ့လရှိရှိနဲ့ လေ့လာပြီး ကြိုးစားလုပ်မယ်။ တစ်နှစ်၊ နှစ်နှစ်အတွင်း ဖြစ်နိုင်သမျှ အမြန်ဆုံး သင်ယူမယ်။ ဒါဆိုရင် နိုင်ငံခြားသားတွေကို ဘုရားသခင်အကြောင်း ငါသက်သေခံနိုင်မယ်။ သက်သေခံချက်ဆောင်းပါးတွေရေးဖို့ ငါ့ကို တောင်းဆိုရင် အဲဒီလိုဖို့အတွက် တာဝန်သိသိနဲ့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပြီး ကိစ္စတွေကို သမ္မာတရားရဲ့ စည်းမျဉ်းတွေနဲ့အညီ ရှုမြင်မယ်။ ဘာသာစကားအကြောင်း သင်ယူမယ်။ လှပတဲ့ စကားပြေတွေနဲ့ ဆောင်းပါးတွေကို ငါ မရေးကောင်းမရေးနိုင်ပေမဲ့၊ အနည်းဆုံးတော့ ငါ့ရဲ့ အတွေ့အကြုံတွေနဲ့ သက်သေခံချက်ကို ရှင်းရှင်းလင်းလင်း ဆွေးနွေးပြောဆိုနိုင်မှာပဲ။ သမ္မာတရားအကြောင်းကို နားလည်နိုင်အောင် မိတ်သဟာယဖွဲ့နိုင်မယ်။ ဘုရားသခင်အကြောင်း စစ်မှန်တဲ့ သက်သေကို ခံနိုင်မယ်။ ဒီလိုနဲ့ လူတွေက ငါ့ဆောင်းပါးတွေကို ဖတ်တဲ့အခါမှာ တည်ဆောက်စရာဖြစ်ပြီး၊ အကျိုးဖြစ်ကြမယ်။ အသင်းတော်က ငါ့ကို ဘာအလုပ်မျိုးပဲ ချပေးပါစေ ငါ့ရဲ့ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ ခံယူမယ်။ ငါနားမလည်တာ တစ်ခုခုရှိရင်၊ ပြဿနာတစ်ခုဖြစ်လာရင် ဘုရားသခင်ဆီကို ဆုတောင်းမယ်၊ သမ္မာတရားကို ရှာမယ်။ သမ္မာတရား စည်းမျဉ်းတွေကို နားလည်အောင် ကြိုးစားမယ်။ ကောင်းကောင်းလုပ်မယ်။ ငါ့တာဝန်က ဘာပဲဖြစ်ပါစေ ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားကို ကျေနပ်စေဖို့ အရာရာကို အသုံးပြုမယ်။ ငါစွမ်းဆောင်နိုင်တဲ့ ဘယ်အရာမဆိုအတွက် ငါခံယူရမယ့်တာဝန်တွေအားလုံးကို တာဝန်ယူဖို့ အကောင်းဆုံးလုပ်မယ်။ အနည်းဆုံးအနေနဲ့ ငါ့ရဲ့ အသိစိတ်၊ ဆင်ခြင်တုံတရားကို ဆန့်ကျင်မှာမဟုတ်ဘူး။ သတိမမူဖြစ်ပြီး ဝတ်ကျေတမ်းကျေမလုပ်ဘူး။ ဉာဏ်များပြီး တာဝန်ကို မပျက်ကွက်ဘူး။ သူများတွေ အလုပ်ကြိုးစားပြီး ရထားတဲ့ အသီးအပွင့်တွေကို ခံစားမှာမဟုတ်ဘူး။ ငါလုပ်တဲ့ ဘယ်အရာကမှ အသိစိတ်ရဲ့ စံနှုန်းတွေထက် နိမ့်ကျမှာမဟုတ်ဘူး’ ဟူ၍ ပြောသည်ဆိုပါစို့။ ဤသည်မှာ လူသားအပြုအမူ၏ အနည်းဆုံးစံနှုန်းဖြစ်သည်။ ဤသို့သောပုံစံဖြင့် တာဝန်ထမ်းဆောင်သောသူသည် တာဝန်သိသော၊ ကျိုးကြောင်းသင့်သောသူအဖြစ် အရည်အချင်းပြည့်မီနိုင်သည်။ သင်သည် အနည်းဆုံးအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အသိစိတ်ရှင်းလင်းရမည်။ အနည်းဆုံးအနေဖြင့် သင်၏ တစ်ရက် ထမင်းသုံးနပ်ကို ထိုက်တန်စွာရရှိပြီး ညာစားနေခြင်းမဟုတ်ဟု ခံစားရမည်။ ဤသည်မှာ တာဝန်သိစိတ်ဟု ခေါ်သည်။ သင်၏ အစွမ်းအစက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သမ္မာတရားကို သင်နားလည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် ဤသဘောထားရှိရမည်။ ‘ဒီအလုပ်ကို ငါ့ကို ပေးထားတဲ့အတွက် ငါ အလေးအနက် သဘောထားရမယ်။ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ ငါ့ရဲ့ အရေးကိစ္စအဖြစ် မှတ်ယူပြီး ကောင်းကောင်းလုပ်ရမယ်။ လုံးဝ ကောင်းကောင်း လုပ်နိုင်မလားဆိုတာကတော့ အာမခံနိုင်တယ်လို့ ယူဆလို့ မဖြစ်ဘူး။ ဒါပေမဲ့ ငါ့သဘောထားကတော့ ကောင်းကောင်းပြီးဖို့အတွက် အကောင်းဆုံးလုပ်မယ်။ အဲဒါနဲ့ ပတ်သက်လို့ သတိမမူဖြစ်ပြီး ဝတ်ကျေတမ်းကျေဆန်တာမျိုး သေချာပေါက် ဖြစ်မှာမဟုတ်ဘူး။ ပြဿနာတစ်ခုဖြစ်လာရင် တာဝန်ယူသင့်တယ်။ အဲဒီကနေ သင်ခန်းစာယူပြီး ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ သေချာလုပ်သင့်တယ်’ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ)မည်သည့်တာဝန်ကို သင်ထမ်းဆောင်သည်ဖြစ်စေ သင်သည် အာရုံစိုက်ရမည်။ ဘုရားသခင်၏ အလိုတော်ကို အလေးထားရမည်။ ဤစိတ်ထားဖြင့်သာ တာဝန်တစ်ခုကို ကောင်းစွာထမ်းဆောင်နိုင်သည်။ ဖြစ်ပေါ်လာသည့်အခက်အခဲများက မည်သို့ ရှိသည်ဖြစ်စေ ဘုရားသခင်ကို အားကိုးလော့။ ဘုရားသခင်ထံ ဆုတောင်းလော့။ ထိုအရာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေလော့။ အမှားများကို ပြုလုပ်ခဲ့လျှင် အချိန်မီ ပြုပြင်လော့။ သင်ခန်းစာယူလော့။ အလားတူအမှားကို ထပ်မံပြုလုပ်ခြင်းအား ရှောင်ကြဉ်လော့။ မှန်ကန်သော စိတ်ဓာတ်နှင့် တာဝန်ထမ်းဆောင်သောသူတို့သည် တာဝန်ကျေပွန်ပြီး တာဝန်သိတတ်ကြသည်။ မည်သို့အရေးကြီးသောတာဝန်ကို ၎င်းတို့ တာဝန်ယူဆောင်ရွက်သည်ဖြစ်စေ ၎င်းတို့၏ အလုပ်တွင် နှောင့်နှေးမှုများ ဖြစ်စေမည်မဟုတ်ပေ။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားနှုတ်ကပတ်တော်ကနေ မြင်ရတာက ငါတို့အတွက် အသင်းတော် စီစဉ်ပေးတဲ့ အလုပ်က ငါတို့ ထမ်းဆောင်သင့်တဲ့ တာဝန်နဲ့ ဝတ္တရားတစ်ခု ဆိုတာပဲ။ တကယ် တာဝန်သိတတ်တဲ့လူက ဘုရားအလိုတော်ကို ထောက်ထားပြီး သူတို့တာဝန်ကို ကြိုးကြိုးစားစား လုပ်နိုင်တယ်၊ သူတို့ အစွမ်းအစ၊ ဆုကျေးဇူးတွေနဲ့ ကျွမ်းကျင်မှုအဆင့် ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ ဒုက္ခခံရမဲ့အရာ ဘာပဲဖြစ်ပါစေ၊ ဒီလူတွေက တကယ် အဖိုးအခပေးဖို့၊ အခက်အခဲတွေကို အောင်မြင်ဖို့ ဘုရားအပေါ် မှီခိုနိုင်ကြပြီး၊ သူတို့တာဝန်ကို အစွမ်းကုန် ကောင်းကောင်း လုပ်နိုင်ကြတယ်။ သင်္ဘောဆောက်ရာမှာ အခက်အခဲအများကြီး ရင်ဆိုင်ခဲ့ရတဲ့ နောဧလိုပေါ့။ သူက ပစ္စည်းမျိုးစုံကို ပြင်ဆင်ပြီး သတ္တဝါတွေ အများကြီး စုစည်းခဲ့ရရုံမက၊ စက်မှု မထွန်းကားတဲ့ ခေတ်တစ်ခုမှာလည်း အသက်ရှင်ခဲ့တယ်။ ဒါကြောင့် အလုပ်ကဏ္ဍအားလုံးအတွက် သူ့ကိုယ်ပိုင် ခွန်အားကိုပဲ မှီခိုခဲ့ရတယ်။ ကျရှုံးမှုနဲ့ ပြန်လုပ်ရတာတွေ အများကြီးအပြင်၊ ခန္ဓာပိုင်း ပင်းပန်းနွမ်းနယ်မှုနဲ့ နောက်ထပ်ကိစ္စတွေ ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ နောဧက ဘုရားရဲ့ စေခိုင်းချက်ကို တခြားလူပေါ် ညာချဖို့မပြောနဲ့ သူ့ဇာတိကို လုံးဝ အလေးဂရုမပြုခဲ့ဘူး၊ မရိုးသား၊ မယုံကြည်ရတဲ့ နည်းလမ်းနဲ့ မပြုမူခဲ့ဘူး။ အဲဒီအစား၊ တစ်ချိန်လုံး ဘုရားစေခိုင်းချက်ကို စိတ်ထဲထားပြီး တောင်းဆိုချက် အမျိုးမျိုးကို အောင်မြင်ဖို့ ဘုရားအပေါ် မှီခိုခဲ့တယ်။ နှစ်ပေါင်း ၁၂၀ ကျော်အကြာမှာ၊ သင်္ဘောကို ဆောက်ပြီးခဲ့ပြီး ဘုရားရဲ့ စေခိုင်းချက် ပြီးစီးခဲ့တယ်။ ဘုရားရဲ့ စေခိုင်းချက်အပေါ် နောဧရဲ့ နာခံမှုနဲ့ စစ်မှန်ရိုးသားမှုက ငါ့ကို တို့ထိပြီး အရှက်ရစေခဲ့တယ်။ ငါက နောက်ဆုံးသော ကာလမှာ မွေးပြီး ဘုရားနှုတ်ကပတ်တော် အများကြီး ကြားခဲ့ပြီးပြီ။ ပြီးတော့ တာဝန်လုပ်တာနဲ့ဆိုင်တဲ့ သမ္မာတရားတွေကို ဘုရားက အများကြီး ပြောပြီးပြီ။ ငါ့အလုပ်က နောဧ သင်္ဘောဆောက်တာလောက် မခက်ဘူး။ ဒါပေမဲ့ ငါက မရိုးမသားနဲ့ မယုံကြည်ရ ဖြစ်နေတုန်းပဲ။ လူ့သဘာဝ တကယ် မဲ့ခဲ့တာ။ ဘုရားနှုတ်ကပတ်တော်ထဲမှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း တွေ့ခဲ့တယ်။ အခက်အခဲတွေ ကြုံရတိုင်း၊ ဆန်ဒရာပေါ်ပဲ မှီခိုလို့ မရတော့ဘူး။ ဘုရားဆီ ဆုတောင်းပြီး အဲဒါတွေကို ကိုင်တွယ်ဖို့ ဆီလျော်တဲ့ စည်းမျဉ်းတွေ ရှာရမယ်။ အလုပ်မှာ စိတ်နှစ်လိုက်တော့၊ ငါလုပ်တဲ့ ပုံတွေ ဆက်တိုးတက်ကောင်းမွန်လာခဲ့တယ်။ တစ်ခါတလေ၊ ဆန်ဒရာက အကြံပေးစရာ တစ်ခုမှ မရှိသလောက်ပဲ။ ကဏ္ဍတစ်ခုကို တကယ် ကျွန်မ လုပ်နိုင်ခဲ့မှန်း တွေ့ရတယ်။ ပြီးတော့ အလုပ်က ကိုယ်တွေးသလောက် မခက်ဘူး။ အရင်က၊ စည်းမျဉ်းတွေကို ဒုက္ခခံပြီး မစဉ်းစားခဲ့ဘူး။ ဇာတိကိုပဲ အလေးထားလိုက်ပြီး စည်းမျဉ်းတွေ လုံးဝ သဘောမပေါက်ဘဲ တခြားလူတွေပေါ် မှီခိုလိုက်တယ်။

တစ်ခါ၊ ပုံတစ်ခု အရေးတကြီး လိုတယ်လို့ ညီအစ်မတစ်ယောက်က လာပြောတယ်။ ငါ တွေးမိတယ်။ “ဒီပုံက ခက်ခဲတဲ့ပုံရပြီး အရမ်းလည်း အလျင်လိုနေပုံပဲ။ ငါ ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူး။ ဆန်ဒရာကိုပဲ လုပ်ခိုင်းလိုက်သင့်တယ်”ပေါ့။ သူ့ဆီ သွားချင်တဲ့အချိန်မှာ သဘောပေါက်လိုက်တယ်။ ငါ ဇာတိကို ထပ်အလေးထားပြီး အလုပ်ကို လက်လွှဲချင်ပြန်တာပဲ။ ဒီတော့ ဘုရားဆီ အမြန် ဆုတောင်းပြီး၊ စည်းမျဉ်းတွေကို သေချာစဉ်းစားဖို့ ငြိမ်အောင်နေလိုက်တယ်။ အံ့ဩစရာက၊ အဲဒါကို ငါ မြန်မြန် ပြီးသွားပြီး အလုပ်က မနှောင့်နှေးခဲ့တာပဲ။ ခက်ခဲလို့ ကိုယ့်တာဝန်ကို ငါ မရှောင်ခဲ့သလို၊ စိတ်နှလုံးထဲမှာ အရမ်းကို အေးချမ်းသွားတယ်။

ဒီအတွေ့အကြုံကတစ်ဆင့် အလုပ်တာဝန်က ဘာပဲဖြစ်ဖြစ် အဲဒါကို အစွမ်းအစ၊ ဆုကျေးဆူး၊ ဒါမှမဟုတ် အတွေ့အကြုံတစ်ခုတည်းနဲ့ လုပ်လို့မရမှန်း သလာခဲ့တယ်။ အဓိကအချက်က သမ္မာတရားနဲ့ စည်းမျဉ်းတွေကို လိုက်စားတာပဲ။ အခက်အခဲတွေကို ကြုံရတဲ့အခါ၊ ဇာတိကို အလေးထားပြီး သက်သာမှု မက်မောကို ရှောင်နိုင်ရင်၊ အဲဒီအစား အဲဒါတွေကို အောင်မြင်ပြီး ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းဖို့ ဘုရားပေါ်မှီခိုပြီး သမ္မာတရား ရှာနိုင်ရင်၊ ဘုရားရဲ့ လမ်းပြမှု ရနိုင်မှာဖြစ်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်နိုင်မှာ ဖြစ်တယ်။ ဘုရားက တွဲဖက်တစ်ယောက် ပေးခဲ့လို့ပဲ ဒါက သူတို့အပေါ် ငါ မှီခိုသင့်တယ်လို့ မဆိုလိုမှန်းလည်း နားလည်ခဲ့တယ်။ အဲဒီအစား အချင်းချင်း ကူညီပြီး၊ အချင်းချင်းရဲ့ အားနည်းချက်တွေအတွက် ဖေးမပေးသင့်တယ်။ ငါတို့အသီးသီးကို ဘုရားက မတူညီတဲ့ ဆုကျေးဇူးတွေ၊ ပင်ကိုယ်စွမ်းရည်တွေနဲ့ အစွမ်းအစတွေ ပေးခဲ့လို့၊ ငါတို့ရဲ့တာဝန်တွေကို စိတ်တူကိုယ်တူ ပူးပေါင်း ဖြည့်ဆည်းကြပြီး ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်သင့်တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရိုးသားသောတင်ပြချက်တစ်ခု၏ အသီးအပွင့်

ကျောက်မင် တရုတ်နိုင်ငံ ၂၀၁၁ ခုနှစ် ဧပြီလက နိုင်ငံ၏အခြားဒေသတစ်ခုက အသင်းတော် တစ်ခုက ခေါင်းဆောင်ဖြစ်သည့် ယောင်လန်းနေရာကို ကျွန်မအစား ဝင်ရသည်။...

ကျရှုံးမှုများ၊ အနှောင့်အယှက်များမှတစ်ဆင့် ကြီးထွားတိုးတက်ခြင်း

ကျိန်းရှင်း ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မလက်ခံခဲ့ပါသည်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။