မိမိတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် ယုတ်ညံ့ခြင်းကို ဖြေရှင်းခြင်း
လီဂျင်ရှင်း၊ တရုတ်ပြည်အသင်းတော် ဗီဒီယိုတွေ ထုတ်လုပ်တဲ့နေရာမှာသုံးတဲ့ ဓာတ်ပုံနဲ့ ဗီဒီယို အချက်အလက်ကုန်ကြမ်းတွေ ရိုက်ကူးဖို့ ကျွန်မ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၁ ခုနှစ်၊ သြဂုတ်လမှာ ခေါင်းဆောင်တွေက ကျွန်တော့်ကို ဗီဒီယိုအလုပ် ကြီးကြပ်ဖို့ တာဝန်ပေးခဲ့တယ်။ ပုံမှန်ဆိုရင် ကိုယ်တိုင် ဗီဒီယိုတွေလုပ်တဲ့အပြင်၊ ညီအစ်ကိုမောင်နှမတွေ လုပ်ထားတဲ့ ဗီဒီယိုတွေကိုလည်း စစ်ဆေးရတယ်၊ သူတို့တာဝန်တွေမှာ ကြုံရတဲ့ ပြဿနာ ဒါမှမဟုတ် အခက်အခဲမှန်သမျှကို ဖြေရှင်းပေးရတယ်၊ ပြီးတော့ သူတို့ဖြစ်နေတဲ့ အခြေအနေမှန်သမျှကို မိတ်သဟာယပြုပြီး ကူညီဖြေရှင်းပေးရတယ်။ ပထမတော့ ကျွန်တော့်တာဝန်မှာ အစွမ်းကုန် ကြိုးစားနိုင်ခဲ့ပေမဲ့၊ နည်းနည်းကြာတော့ အဲဒါက ဒုက္ခများပြီး ပင်ပန်းတယ်လို့ ခံစားလာရတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “နေ့တိုင်း လုပ်စရာအလုပ်တွေ အများကြီးပဲ၊ အကုန်လုံးကို တစ်ခုချင်းစီ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားရင် အရမ်းကို ပင်ပန်းမှာပဲ။ ဒီလောက်အထိ စိုးရိမ်စရာတွေ၊ ပင်ပန်းစရာတွေ မရှိတဲ့ အဖွဲ့သားတစ်ယောက်အနေနဲ့ပဲနေပြီး ကိုယ့်ဗီဒီယိုတွေပဲ ကိုယ်လုပ်တာက ပိုကောင်းမှာပဲ” လို့ပေါ့။ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေမှာ ပုံမှန်ဆိုရင် တော်တော်လေး အလေးအနက်ရှိတာကိုလည်း ကျွန်တော်မြင်တော့ အမြဲတမ်း ဝင်စစ်ဆေးနေစရာ မလိုဘူးလို့ တွေးမိတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ဘာလို့ ဒီလောက် အပင်ပန်းခံနေမှာလဲပေါ့။ အဲဒီနောက်ပိုင်း၊ အချိန်ဇယားအတိုင်း ဗီဒီယိုတွေ လုပ်တာကလွဲရင် အဖွဲ့ထဲက တခြားကိစ္စတွေကို ကျွန်တော် သိပ်ပြီး အာရုံမစိုက်တော့ဘူး။ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ကျွန်တော်တို့ တာဝန်တွေမှာရှိတဲ့ လမ်းလွဲမှုတွေ၊ ပြဿနာတွေကို အနှစ်ချုပ် သုံးသပ်တာမျိုး သိပ်မလုပ်တော့တဲ့အပြင် သူတို့ရဲ့ မှားယွင်းတဲ့ အခြေအနေတွေကို ဖြေရှင်းပေးတာမျိုးလည်း သိပ်မရှိတော့ဘူး။ တစ်ခါတလေ တချို့အလုပ်တွေကို အချိန်မီလက်စသတ်ဖို့ ညီအစ်ကိုမောင်နှမတွေက သတိပေးတတ်တယ်။ သူတို့သတိပေးတာတွေက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လို့ ထင်မိတယ်။ သူတို့က နောက်ထပ် နှစ်ခါသုံးခါလောက် ထပ်တိုက်တွန်းရင် ကျွန်တော် အတိုက်အခံလုပ်ချင်စိတ်ဖြစ်လာပြီး “ငါ လုပ်နေပြီပဲ မဟုတ်လား။ ငါ့အရှိန်နဲ့ကတော့ ဘယ်လောက်ပဲ တိုက်တွန်းတိုက်တွန်း ဒီထက်ပိုမြန်အောင် လုပ်လို့မရဘူး” လို့ပေါ့။ ဒီအခြေအနေထဲမှာ အသက်ရှင်ရင်းနဲ့၊ ကျွန်တော့်တာဝန်အပေါ် ဝန်တာထားစိတ် တဖြည်းဖြည်း ကင်းမဲ့လာတယ်။ အချိန်နည်းနည်းကြာတော့ ကျွန်တော့်တာဝန်က အရမ်းကို ငြီးငွေ့စရာကောင်းတယ်လို့ ခံစားလာရပြီး ရင်ထဲမှာ ဟာတာတာကြီး ခံစားမိတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်တော် လုံးဝကို ထုံထိုင်းနေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် လုံးဝ ဆင်ခြင်သုံးသပ်မှုမရှိခဲ့ဘူး။
တစ်ခါမှာတော့ ညီအစ်မ ပေါလာရဲ့ ဗီဒီယို ထုတ်လုပ်မှုက ရက်ပိုင်းလောက်အထိ တိုးတက်မှု မရှိတာကို ခေါင်းဆောင်တွေက သတိထားမိသွားတယ်၊ ဒါနဲ့ ညီအစ်မ ပေါ်လာ ဘာအခက်အခဲတွေ ကြုံနေရလဲဆိုတာကို သိရအောင် အခြေအနေကို နောက်ဆက်တွဲလိုက်လုပ်၊ စစ်ဆေးပြီး ကူညီဖြေရှင်းပေးဖို့ ကျွန်တော့်ကို သတိပေးခဲ့တယ်။ ဒါနဲ့ သူ့ရဲ့ အခြေအနေကို ကျွန်တော် မြန်မြန်ဆန်ဆန်ပဲ မေးကြည့်လိုက်တယ်။ သူက တာဝန်တွေမှာ အတော်လေး မတက်မကြွဖြစ်နေခဲ့ပြီး အလုပ်ထဲက ပြဿနာတွေနဲ့ ပတ်သက်လို့ မိတ်သဟာယဖွဲ့တာ ဒါမှမဟုတ် ဆွေးနွေးတာမျိုး သိပ်မလုပ်ဖြစ်ဘူးဆိုတာ မကြာသေးခင်ကမှ ကျွန်တော် သိလိုက်ရတယ်။ အခြေအနေကို အသေးစိတ် လေ့လာကြည့်သင့်တယ်လို့ တွေးမိပေမဲ့ နောက်တော့ “ပြဿနာတစ်ခုခု တွေ့ရင်၊ အဲဒါတွေကို မိတ်သဟာယပြုပြီး ဖြေရှင်းနေရဦးမယ်။ အဲဒါက တကယ့် ဒုက္ခပဲ။ အလုပ်တိုးတက်မှုက အရမ်း အနှေးကြီးမဟုတ်တော့ အဲဒီလောက်ကြီး ပြဿနာမဖြစ်လောက်ပါဘူး” လို့ တွေးလိုက်တယ်။ ဒါကြောင့် ဒီကိစ္စတွေကို ကျွန်တော် ထပ်ပြီး အလေးအနက် မလေ့လာဖြစ်တော့ဘဲ၊ ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်တယ်။ တစ်နေ့မှာတော့၊ အဲဒီလအတွင်း ကျွန်တော်တို့ လုပ်ခဲ့တဲ့ ဗီဒီယိုအရေအတွက်က ပြီးခဲ့တဲ့လနဲ့ ယှဉ်ရင် ထက်ဝက်နီးပါး ကျဆင်းသွားပြီး ဗီဒီယိုအလုပ်ရဲ့ တိုးတက်မှုကို တိုက်ရိုက် နှောင့်နှေးစေခဲ့တာကို ခေါင်းဆောင်တွေ သတိထားမိသွားတယ်။ ဒါနဲ့ အကြောင်းရင်းကိုရှာဖို့ သူတို့က ကျွန်တော်တို့ကို တိုက်တွန်းခဲ့တယ်။ ကျွန်တော်တို့ တာဝန်တွေကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခဲ့တာနဲ့ တာဝန်ယူစိတ် ကင်းမဲ့ခဲ့တာတွေအတွက် သူတို့က ပြုပြင်ပြီး ဖော်ထုတ်ခဲ့တယ်။ ပြီးတော့ တာဝန်တွေကို ဒီလိုပုံစံနဲ့ ထမ်းဆောင်တာက သစ္စာမစောင့်သိတာပဲလို့ ပြောခဲ့တယ်။ နောင်တမရရင် ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာတာကို ခံရမယ်လို့ သူတို့က ပြောတယ်။ ကျွန်တော် တကယ်ပဲ စိတ်ဆင်းရဲခဲ့ရတယ်။ အထူးသဖြင့် ခေါင်းဆောင်တွေက “တိုးတက်မှု နှေးတယ်”၊ “သစ္စာမစောင့်သိဘူး” နဲ့ “ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာတာခံရမယ်” ဆိုတဲ့ စကားလုံးတွေကို ပြောတာကြားရတဲ့အခါ ကျွန်တော် ပိုပြီး စိတ်ဆင်းရဲရပြီး ခေါင်းတောင် မဖော်နိုင်ခဲ့ဘူး။ နောက်ပိုင်း အလုပ်ကို အနှစ်ချုပ် သုံးသပ်တဲ့အချိန်မှာ၊ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ကြတယ်။ မကြာသေးခင်က သူတို့တာဝန်တွေမှာ ဇာတိပကတိ သက်သာမှုကို မွေ့လျော်ခံစားတဲ့ အခြေအနေတွေထဲမှာ အသက်ရှင်နေခဲ့ကြတယ်၊ သူတို့တာဝန်တွေကို အရေးတကြီး မထမ်းဆောင်ခဲ့ကြဘူး၊ အလုပ်တွင်ကျယ်ဖို့ မကြိုးစားခဲ့ကြဘူး၊ ပြီးတော့ နေ့ဝက်နဲ့ ပြီးနိုင်တဲ့ အလုပ်တွေကို တစ်ရက် ဒါမှမဟုတ် အဲဒီထက်ပိုပြီး အချိန်ယူခဲ့ကြလို့ ဗီဒီယို ထုတ်လုပ်ရေး တိုးတက်မှုကို တိုက်ရိုက် ထိခိုက်စေခဲ့တယ်လို့ သူတို့က ပြောကြတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေနဲ့ သူတို့တာဝန်တွေအပေါ်ထားတဲ့ သဘောထားတွေကို ကြားရပြီးတဲ့နောက် ကျွန်တော် တကယ်ကို နောင်တရမိတယ်။ ကိုယ့်ကိုယ်ကိုယ် အထပ်ထပ် မေးနေမိတယ်။ “ငါက ပြဿနာတချို့ကို သတိထားမိနိုင်ခဲ့တာ အသိသာကြီးကို ဘာလို့ အချိန်မီ စစ်ဆေးပြီး ဖြေရှင်းတာမျိုး မလုပ်ခဲ့တာလဲ” ပေါ့။
ကျွန်တော့်ရဲ့ ဝတ်ပြုချိန်တစ်ခုမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “အလွန်အမင်း ပျင်းရိသူများက မည်သို့သော သရုပ်သကန်များနှင့် လက္ခဏာများကို ပြသကြသနည်း။ ပထမအနေဖြင့် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည်၊ အီးရောအီးရောလုပ်သည်၊ အေးအေးဆေးဆေး သွားလာပြီး ဖြစ်နိုင်သည့်အခါတိုင်း အနားယူကာ အချိန်ဆွဲကြသည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို အရေးမစိုက်ကြပေ။ ၎င်းတို့အတွက်မူ ထိုသို့သောအရာများကို စိုးရိမ်လိုသူ မည်သူမဆို စိုးရိမ်နိုင်သည်။ ၎င်းတို့မူ စိုးရိမ်မည်မဟုတ်ပေ။ ၎င်းတို့သည် တစ်စုံတစ်ခုအတွက် စိုးရိမ်သည့်အခါ ယင်းမှာ မိမိတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ရာထူးတို့အတွက်သာ ဖြစ်သည်။ ၎င်းတို့အတွက် အရေးကြီးသည်မှာ ရာထူး၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားနိုင်ခြင်းသာ ဖြစ်သည်။ တတိယအနေဖြင့် ၎င်းတို့သည် မိမိတို့၏ အလုပ်၌ ဆင်းရဲဒုက္ခကို ရှောင်ကြဉ်ကြသည်။ ၎င်းတို့၏ အလုပ်သည် အနည်းငယ်မျှ ပင်ပန်းသည်ကိုပင် ၎င်းတို့ လက်မခံနိုင်ဘဲ ပင်ပန်းပါက အလွန်မကျေမနပ် ဖြစ်လာကာ၊ ဆင်းရဲဒုက္ခခံရန် သို့မဟုတ် အဖိုးအခပေးရန် မတတ်နိုင်ကြပေ။ စတုတ္ထအနေဖြင့် ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ ဇွဲမရှိကြဘဲ အစဉ်သဖြင့် တစ်ဝက်တစ်ပျက်နှင့် လက်လျှော့ကာ အဆုံးတိုင် ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် ယာယီအားဖြင့် စိတ်ကောင်းဝင်နေပါက အပျော်သဘောဖြင့် အလုပ်အချို့ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သော်လည်း တစ်စုံတစ်ခုက ရေရှည်ကတိကဝတ် လိုအပ်ပြီး ၎င်းတို့ကို အလုပ်များစေကာ ခေါင်းရှုပ်ခြင်းများစွာ လိုအပ်သည့်အပြင် ၎င်းတို့၏ ဇာတိပကတိကို ပင်ပန်းနွမ်းနယ်စေပါက အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် စတင်ညည်းညူလာကြလိမ့်မည်။ ဥပမာအားဖြင့် ခေါင်းဆောင်အချို့သည် အသင်းတော်အလုပ်ကို တာဝန်ယူကြပြီး အစပိုင်းတွင် ၎င်းကို အသစ်အဆန်းအဖြစ် မြင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ရာတွင် အလွန်စိတ်အားထက်သန်ကြပြီး ညီအစ်ကိုမောင်နှမများ၌ ပြဿနာများရှိသည်ကို တွေ့သည့်အခါ ၎င်းတို့ကို ကူညီပြီး ဖြေရှင်းပေးနိုင်သည်။ သို့သော် ခဏတာ ဇွဲရှိပြီးနောက် ၎င်းတို့သည် ခေါင်းဆောင်ပိုင်းအလုပ်ကို အလွန်ပင်ပန်းသည်ဟု မြင်စပြုလာကြပြီး အပျက်သဘောဆောင်လာကြသည်။ ၎င်းတို့သည် ပိုမိုလွယ်ကူသောအလုပ်သို့ ပြောင်းလိုပြီး ဆင်းရဲဒုက္ခခံရန် မလိုလားကြပေ။ ထိုသို့သောလူများသည် ဇွဲနပဲမရှိကြပေ။ ပဉ္စမအနေဖြင့် ပျင်းရိသောလူများကို ခွဲခြားသိမြင်စေသည့် နောက်ထပ်လက္ခဏာတစ်ခုမှာ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ရန် လိုလားစိတ်မရှိခြင်း ဖြစ်သည်။ ၎င်းတို့၏ ဇာတိပကတိက ဆင်းရဲဒုက္ခခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ရှောင်တိမ်းရန်နှင့် ခေါင်းရှောင်ရန် ဆင်ခြေများ အကြံထုတ်ကြသည်၊ သို့မဟုတ် အခြားတစ်ဦးဦးထံ လွှဲချကြသည်။ ပြီးလျှင် ထိုသူက အလုပ်ကို ပြီးစီးသည့်အခါ ၎င်းတို့သည် အရှက်မဲ့စွာဖြင့် အသီးအပွင့်များကို ကိုယ်တိုင် ရိတ်သိမ်းကြသည်။ ဤသည်တို့မှာ ပျင်းရိသောလူများ၏ အဓိက လက္ခဏာကြီး ငါးရပ် ဖြစ်သည်။ သင်တို့သည် အသင်းတော်များရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များအကြားတွင် ထိုသို့သော ပျင်းရိသည့်လူများ ရှိမရှိကို စစ်ဆေးသင့်သည်။ သင်တို့ တစ်ဦးကို တွေ့ရှိပါက ၎င်းတို့ကို ချက်ချင်း ဖြုတ်ချသင့်သည်။ ပျင်းရိသောလူများသည် ခေါင်းဆောင်များအဖြစ် အလုပ်ကောင်းကောင်း လုပ်ဆောင်နိုင်သလော။ ၎င်းတို့တွင် မည်သို့သော အစွမ်းအစရှိသည်ဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝ အရည်အသွေး မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့ ပျင်းရိပါက မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ အလုပ်နှင့် အရေးကြီးသော ကိစ္စရပ်များကို နှောင့်နှေးစေလိမ့်မည်။ အသင်းတော်၏ အလုပ်သည် ကဏ္ဍစုံဖြစ်သည်၊ ယင်း၏ ကဏ္ဍတစ်ခုချင်းစီသည် အသေးစိတ်ကျသော အလုပ်များစွာ ပါဝင်ပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့အတွက် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း လိုအပ်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လုံ့လဝီရိယရှိရမည်။ အလုပ်၏ ထိရောက်မှုကို အာမခံရန် ၎င်းတို့သည် နေ့စဉ် စကားများစွာ ပြောဆိုပြီး အလုပ်များစွာ လုပ်ဆောင်ရသည်။ ၎င်းတို့သည် အပြောနည်းလွန်းလျှင် သို့မဟုတ် အလုပ်နည်းလွန်းလျှင် ရလဒ်များ ရှိမည်မဟုတ်ပေ။ သို့ဖြစ်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ပျင်းရိသောသူဖြစ်ပါက ၎င်းသည် ဧကန်အမှန်ပင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိပေ။ ပျင်းရိသောလူများသည် အလုပ်နေရာများသို့ ကိုယ်တိုင်သွားရန် မဆိုထားနှင့်၊ လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြသည့်အပြင် ပြဿနာများကို ဖြေရှင်းရန် သို့မဟုတ် မည်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တွင်မဆို မိမိတို့ကိုယ်တိုင် ပါဝင်ပတ်သက်ရန်လည်း မလိုလားကြပေ။ ၎င်းတို့သည် မည်သည့်အလုပ်၌ မဆိုရှိသော ပြဿနာများကို အနည်းငယ်မျှ နားလည်သဘောပေါက်ခြင်း သို့မဟုတ် သိရှိခြင်း မရှိကြပေ။ ၎င်းတို့သည် အခြားသူများ ပြောဆိုသည်ကို နားထောင်ခြင်းမှ ၎င်းတို့၏ ခေါင်းထဲတွင် အပေါ်ယံဆန်ပြီး မရေရာသော စိတ်ကူးတစ်ခုသာ ရှိကြကာ အယူဝါဒအနည်းငယ်ကို တရားဟောရုံမျှဖြင့် ကြုံရာကျပန်း နေကြသည်။ သင်တို့သည် ဤသို့သော ခေါင်းဆောင်မျိုးကို ပိုင်းခြားသိမြင်နိုင်သလော။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များဖြစ်သည်ဟု သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ (အတိုင်းအတာတစ်ခုအထိ ပိုင်းခြားသိမြင်နိုင်ပါသည်။) ပျင်းရိသောလူများသည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ မည်သည့်တာဝန်ဖြစ်စေ ၎င်းတို့သည် ဇွဲနပဲမရှိ၊ အလုပ်ကို လုပ်တစ်ချက် မလုပ်တစ်ချက်နှင့် ဆင်းရဲဒုက္ခအချို့ ခံစားရသည့်အခါတိုင်း ညည်းညူကာ မဆုံးနိုင်သော မကျေနပ်ချက်များကို ဖွင့်ထုတ်ကြသည်။ ၎င်းတို့သည် မိမိတို့ကို ပြစ်တင်ဝေဖန်သူ သို့မဟုတ် ပြုပြင်သူ မည်သူကိုမဆို လမ်းပေါ်တွင် လူများအား ဆဲရေးတိုင်းထွာနေသည့် နှုတ်သီးကောင်းလျှာပါး မိန်းမတစ်ဦးကဲ့သို့ ဆဲဆိုကြိမ်းမောင်းကြပြီး မိမိတို့၏ ဒေါသကို အခြားသူများအပေါ် အစဉ်သဖြင့် ပုံချလိုကာ မိမိတို့၏ တာဝန်ကို မထမ်းဆောင်လိုကြပေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်လိုကြောင်းက မည်သည့်အရာကို ပြသသနည်း။ ၎င်းတို့သည် ဝန်တာထားစိတ် မရှိကြောင်း၊ တာဝန်ယူရန် မလိုလားကြောင်းနှင့် ပျင်းရိသောလူများဖြစ်ကြောင်း ပြသသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခခံရန် သို့မဟုတ် အဖိုးအခပေးရန် မလိုလားကြပေ။ ဤသည်မှာ အထူးသဖြင့် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ဝန်တာထားသည့်စိတ် မရှိပါက ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်မည်လော။ လုံးဝ မဖြည့်ဆည်းနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)) “ပျင်းရိသောလူများသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ယင်းကို စကားလုံးများဖြင့် အနှစ်ချုပ်လျှင် ၎င်းတို့သည် အသုံးမကျသော လူများဖြစ်သည်။ ၎င်းတို့သည် ဒုတိယတန်းစား ဒုက္ခိတများဖြစ်ကြသည်။ ပျင်းရိသောလူများ၏ အစွမ်းအစသည် မည်မျှကောင်းပါစေ အဆင်တန်ဆာသက်သက်သာဖြစ်သည်။ ၎င်းတို့တွင် အစွမ်းအစကောင်း ရှိသော်လည်း ယင်းမှာ အသုံးမဝင်ပေ။ ၎င်းတို့သည် အလွန်ပျင်းလွန်းကြသည်။ မည်သည့်အရာကို လုပ်သင့်သည်ကို ၎င်းတို့သိသော်ငြားလည်း ၎င်းတို့ မလုပ်ဆောင်ပေ။ ပြီးလျှင် တစ်စုံတစ်ခုက ပြဿနာဖြစ်သည်ကို ၎င်းတို့ သိလျှင်ပင် ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေကြပေ။ ပြီးလျှင် အလုပ်သည် ထိရောက်မှုရှိရန်အတွက် မည်သည့်ဆင်းရဲဒုက္ခများ ခံသင့်သည်ကို ၎င်းတို့သိကြသော်ငြားလည်း ၎င်းတို့သည် အကျိုးရှိသော ဤဆင်းရဲဒုက္ခများကို ခါးစည်းခံရန် မလိုလားကြသောကြောင့် ၎င်းတို့သည် မည်သည့်သမ္မာတရားများကိုမျှ မရရှိနိုင်ကြဘဲ မည်သည့်လက်တွေ့ကျသည့် အလုပ်ကိုမျှ မလုပ်နိုင်ကြ။ ၎င်းတို့သည် လူများ ခါးစည်းခံသင့်သည့် ဆင်းရဲဒုက္ခများကို ခါးစည်းခံရန် ဆန္ဒမရှိကြပေ။ ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာမှုတွင် မွေ့လျော်ခံစားရန်၊ ဝမ်းမြောက်ခြင်းနှင့် နားနေချိန်တို့ကို ပျော်မွေ့ခံစားရန်နှင့် လွတ်လပ်ပြီး သက်သောင့်သက်သာရှိသော အသက်တာကို ပျော်မွေ့ခံစားရန်တို့ကိုသာ သိကြသည်။ ၎င်းတို့သည် အသုံးမကျကြသည် မဟုတ်လော။ ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ခြင်း မရှိသောလူများသည် အသက်ရှင်ရန် မထိုက်တန်ပေ။ ကပ်ပါးကောင်တစ်ကောင်၏ ဘဝကို အစဉ်သဖြင့် အသက်ရှင်နေထိုင်ရန် ဆန္ဒရှိသည့်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့် လူများဖြစ်သည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်ကြပြီး ထိုသို့သော လူများသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် မထိုက်တန်ကြချေ။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်ခြင်း မရှိသောကြောင့် အလုပ်လုပ်ပေးခြင်းကို ၎င်းတို့ ထမ်းဆောင်သည့်အခါတွင်ပင် ယင်းကို ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိရန် ဆန္ဒရှိလျှင်ပင် ယင်းအတွက် မျှော်လင့်ချက် သာ၍ပင် နည်းပါးလေသည်။ ဆင်းရဲဒုက္ခကို မခံနိုင်ဘဲ သမ္မာတရားကို မချစ်သောသူတစ်ဦးသည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ ၎င်းသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် အရည်အချင်းပြည့်မီခြင်း မရှိ။ ၎င်းတို့သည် လူ့သဘာဝ တစ်စက်မျှမရှိသည့် လူ့တိရစ္ဆာန်ဖြစ်သည်။ ထိုသို့သောလူများကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်သွားတာက၊ အရမ်းပျင်းတဲ့လူတစ်ယောက်က ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ၊ အမြဲတမ်း အေးအေးဆေးဆေးနေချင်ပြီး ဇာတိပကတိရဲ့ သက်သာမှုကို မွေ့လျော်ခံစားချင်ကြတယ်။ တာဝန်ကို ထမ်းဆောင်တဲ့အခါ ဝန်တာထားစိတ် ဒါမှမဟုတ် တာဝန်ယူစိတ်ကို မခံစားနိုင်ကြဘူး။ သူတို့မှာ အစွမ်းအစ ဒါမှမဟုတ် အလုပ်လုပ်နိုင်စွမ်း ကောင်းကောင်းရှိရင်တောင်မှ၊ သူတို့ဟာ စိတ်ချယုံကြည်ရသူတွေ မဟုတ်ဘဲ တကယ့်အလုပ်ကို မလုပ်နိုင်ကြဘူး။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်။ အဖွဲ့ရဲ့ အလုပ်ကို သေချာမစီမံခဲ့လို့ ဗီဒီယိုအလုပ်ရဲ့ ရလဒ်တွေ သိသိသာသာ ကျဆင်းသွားရတယ်။ ဒါတွေရဲ့ နောက်ကွယ်က အဓိကအကြောင်းရင်းက ကျွန်တော် တကယ်ပျင်းခဲ့လို့၊ ဇာတိပကတိရဲ့ သက်သာမှုကို မွေ့လျော်ခံစားခဲ့လို့၊ ပြီးတော့ ဒုက္ခခံဖို့နဲ့ အဖိုးအခပေးဖို့ မလိုလားခဲ့လို့ဆိုတာ မြင်သွားတယ်။ ပြန်တွေးကြည့်တော့၊ ဗီဒီယိုအလုပ်ကို ကြီးကြပ်ဖို့ စလုပ်ပြီး သိပ်မကြာခင်မှာပဲ၊ စိုးရိမ်ပူပန်စရာတွေ အရမ်းများပြီး အလုပ်တစ်ခုစီကို စေ့စေ့စပ်စပ်လုပ်ရင် ကိုယ်က ဒုက္ခခံရပြီး ပင်ပန်းရမှာပဲလို့ ခံစားလာရလို့ အမြဲတမ်း ကိုယ့်ဗီဒီယိုကိုပဲ ကိုယ်လုပ်ပြီး ဒီကိစ္စတွေကို မစိုးရိမ်ချင်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့အခြေအနေတွေ ဒါမှမဟုတ် သူတို့တာဝန်တွေထဲက အခက်အခဲတွေကို လေ့လာဖို့ ဒါမှမဟုတ် မေးမြန်းဖို့ကိုလည်း အရမ်းပျင်းခဲ့ပြီး၊ အဲဒီလိုလုပ်ရတာကို အမြဲတမ်း ဒုက္ခများတယ်လို့ ထင်ခဲ့တယ်။ တခြားသူတွေက အလုပ်တိုးတက်မှုနဲ့ပတ်သက်ပြီး ကျွန်တော့်ကို တိုက်တွန်းတဲ့အခါ၊ ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ သူတို့က ကျွန်တော့်အပေါ် အရမ်းတင်းကျပ်ပြီး ကျွန်တော့်အခက်အခဲတွေကို နားမလည်ပေးဘူးလို့ ခံစားရတယ်။ အထူးသဖြင့် ပေါ်လာရဲ့တာဝန်တွေမှာ ဘယ်လိုအခြေအနေရှိနေလဲဆိုတာ ခေါင်းဆောင်တွေက ကျွန်တော့်ကို လေ့လာခိုင်းတဲ့အခါ ပြဿနာတစ်ခုရှိနေတယ်ဆိုတာ သတိထားမိပေမဲ့၊ အသေးစိတ် မလေ့လာချင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ပြဿနာတစ်ခုကို တွေ့သွားရင် အဲဒီအတွက် စိုးရိမ်ပူပန်ပြီး ဖြေရှင်းနေရမှာကို ကြောက်လို့ပဲ။ ကျွန်တော့်တာဝန်အပေါ်ထားတဲ့ သဘောထားကို ဆင်ခြင်သုံးသပ်ကြည့်တော့၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ ဒါမှမဟုတ် ဂရုစိုက်ဖို့လိုတဲ့ အလုပ်တွေနဲ့ ကြုံရတိုင်း၊ အမြဲတမ်း ခိုကပ်ပြီး ဝတ်ကျေတမ်းကျေလုပ်ချင်တယ်၊ ပြီးတော့ အဖိုးအခပေးရမှာကို ရှောင်ချင်ခဲ့တယ်ဆိုတာ မြင်သွားတယ်။ ဒါဟာ ဘုရားသခင်က ပျင်းရိပြီး အသုံးမကျတဲ့လူတွေအကြောင်း ဖော်ထုတ်ထားတာနဲ့ ကွက်တိပဲ။ ကျွန်တော့်ရဲ့ ပျင်းရိမှု၊ ထုံထိုင်းမှုနဲ့ တာဝန်ယူစိတ် ကင်းမဲ့မှုတွေကြောင့်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်ကို ကြီးကြပ်ဖို့နဲ့ နောက်ဆက်တွဲ လိုက်လုပ်ဖို့ ပျက်ကွက်ခဲ့တယ်။ ဒါကြောင့် လူတိုင်းရဲ့ တာဝန်မှာ အလုပ်မတွင်တော့ဘဲ သူတို့အားလုံးက သက်သာမှုကို မွေ့လျော်ခံစားပြီး တိုးတက်ဖို့ မကြိုးစားတဲ့ အခြေအနေမှာ အသက်ရှင်နေကြလို့ ဗီဒီယိုအလုပ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်။ ကြီးကြပ်ရေးမှူးဆိုတဲ့ နာမည်ခံထားပေမဲ့၊ ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့ တာဝန်တွေကို လုံးဝ ကောင်းကောင်း မဖြည့်ဆည်းခဲ့ဘူး။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ရော တခြားသူတွေကိုပါ တကယ် ဒုက္ခပေးနေခဲ့တာပဲ။ အဲဒီအချိန်ရောက်မှပဲ၊ ပျင်းတဲ့လူတွေက ကိုယ်ကျင့်စရိုက် ညံ့ဖျင်းတယ်၊ ဘယ်အလုပ်ကိုမှ ကောင်းကောင်းမလုပ်နိုင်ဘူး၊ ပြီးတော့ သူတို့ဟာ စိတ်ချယုံကြည်ရသူတွေ မဟုတ်ဘူးဆိုတာ ကျွန်တော် မြင်သွားတယ်။ ပျင်းတဲ့ပြဿနာကိုသာ မဖြေရှင်းရင်၊ ကျွန်တော့်တာဝန်ကို ဘယ်တော့မှ ကောင်းကောင်း ဖြည့်ဆည်းနိုင်မှာမဟုတ်ဘဲ၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာပြီး ဖယ်ရှားရှင်းလင်းတာကိုပဲ ခံရမှာပဲ။
ဒီအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့၊ သင့်တော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် စားသောက်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် အစေခံမှုအတွင်းတွင် ၎င်းတို့ ဖော်ပြသင့်သည့်အရာကို မဖော်ပြနိုင်သကဲ့သို့ သို့မဟုတ် ၎င်းတို့အတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့်အရာကို စွမ်းဆောင် မရရှိနိုင်သကဲ့သို့၊ ယင်းအစား ဝတ်ကျေတမ်းကျေလုပ်ပါက ၎င်းတို့သည် ဖန်ဆင်းခံ တစ်ဦး ရှိသင့်သည့် အလုပ်တာဝန်ကို ဆုံးရှုံးကြပြီး ဖြစ်ပေသည်။ ထိုသို့သော လူတို့သည် ‘သာမညောင်ညများ’ ဟု သိရသောအရာများ ဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်ဆို၍ ရနိုင်မည်နည်း။ ၎င်းတို့သည် အပြင်ပန်းတွင် တောက်ပြောင်သော်လည်း အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးသည့် သတ္တဝါများ ဖြစ်သည် မဟုတ်လော။...အကယ်၍ လူတို့သည် ၎င်းတို့၏တာဝန်ကို မဖြည့်ဆည်းနိုင်ပါက၊ ၎င်းတို့သည် အပြစ်ရှိခြင်းနှင့် အကြွေးတင်ရှိခြင်းတို့ကို ခံစားသင့်သည်။ ၎င်းတို့သည် ၎င်းတို့၏ အားနည်းချက်နှင့် အသုံးမကျမှု၊ ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုတို့ကို မုန်းတီးသင့်သည်၊ ထို့အပြင် ၎င်းတို့၏ အသက်တာကို ဘုရားသခင်အား ပေးသင့်ကြသည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော ဖန်ဆင်းခံများ ဖြစ်ကြပြီး၊ ထိုသို့သော လူများသည်သာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကတိတော်ကို မွေ့လျော်ခံစားထိုက်ပြီး သူ၏ စုံလင်စေခြင်း ခံရထိုက်ပေသည်။ ပြီးလျှင် သင်တို့ အများစုသည် အဘယ်သို့နည်း။ သင်တို့အလယ် အသက်ရှင်သော ဘုရားသခင်ကို သင်တို့ မည်သို့ ဆက်ဆံကြသနည်း။ သင်တို့သည် သူ၏ ရှေ့မှောက်တွင် သင်တို့၏တာဝန်ကို မည်သို့ ဆောင်ရွက်ကြသနည်း။ သင်တို့ လုပ်ဆောင်ရန် ပန်ကြားသည့် အရာအားလုံးကို သင်တို့၏ ကိုယ်ပိုင် အသက်ကိုပင် အဆုံးရှုံးအနစ်နာခံလျက်၊ လုပ်ဆောင်ကြပြီးပြီလော။ သင်တို့သည် မည်သည့်အရာကို စွန့်လွှတ်အနစ်နာခံပြီးပြီနည်း။ ငါ့ထံမှ သင်တို့ များစွာ မရရှိသေးသလော။ သင်တို့ သိမြင်နိုင်သလော။ သင်တို့သည် ငါ့အား မည်မျှ သစ္စာစောင့်သိကြသနည်း။ ငါ့အား မည်သို့ အစေခံကြပြီး ပြီနည်း။ ပြီးလျှင် သင်တို့အပေါ် ငါအပ်နှင်းပြီးဖြစ်ကာ သင်တို့အတွက် ငါပြုပြီးသော အရာအားလုံးသည် သင်တို့နှင့် မသက်ဆိုင်တော့ပြီလော။ ထိုအရာအားလုံးကို သင်တို့နှိုင်းဆချင့်ချိန်ပြီးပြီလော။ သင်တို့အားလုံးသည် ဤအရာကို သင်တို့အတွင်းရှိသည့် အသိစိတ် အနည်းငယ်ဖြင့် အကဲဖြတ်ကာ နှိုင်းယှဉ် ပြီးပြီလော။ မည်သူသည် သင်တို့၏စကားများ၊ လုပ်ရပ်များနှင့် ထိုက်တန်နိုင်မည်နည်း။ သင်တို့၏ ထိုသို့သော မပြောပလောက်သည့် စွန့်လွှတ်အနစ်နာခံခြင်းသည် သင်တို့အပေါ် ငါ ပေးအပ်ခဲ့သမျှနှင့် ထိုက်တန်နိုင်သလော။ ငါသည် အခြားရွေးချယ်စရာ မရှိဘဲ၊ သင်တို့ကို စိတ်ပါလက်ပါ အစဉ်ချစ်ခင်ကာ သစ္စာရှိခဲ့သော်လည်း၊ သင်တို့သည် ဆိုးယုတ်သည့် ရည်ရွယ်ချက်များကို သိုထားကြပြီး ငါ့အပေါ် စိတ်မပါတပါ ဖြစ်ကြသည်။ ယင်းမှာ သင်တို့ တာဝန်၏ အတိုင်းအတာ၊ သင်တို့၏ တစ်ခုတည်းသော လုပ်ငန်းတာဝန် ဖြစ်သည်။ ဤသို့ မဟုတ်သလော။ သင်တို့သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုံးဝ မဖြည့်ဆည်းနိုင်သေးသည်ကို မသိကြသလော။ သင်တို့ကို ဖန်ဆင်းခံသတ္တဝါဟူ၍ မည်သို့ ယူဆနိုင်မည်နည်း။ သင်တို့ ဖော်ပြနေပြီး အသက်ရှင်နေထိုင်နေသောအရာသည် မည်သည့်အရာ ဖြစ်သည်မှာ သင်တို့အဖို့ မရှင်းလင်းသလော။ သင်တို့သည် သင်တို့၏တာဝန်ကို မဖြည့်ဆည်းနိုင်သေးသော်လည်း၊ ဘုရားသခင်၏ သည်းခံခြင်းနှင့် အလျှံအပယ်ဖြစ်သော ကျေးဇူးတော်ကို ရရှိရန် သင်တို့ ကြိုးစားကြသည်။ ထိုသို့သော ကျေးဇူးတော်သည် သင်တို့ကဲ့သို့ အသုံးမကျသကဲ့သို့၊ ယုတ်ညံ့သောသူများအတွက် ပြင်ဆင်ထားသည် မဟုတ်ဘဲ၊ မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ ဝမ်းမြောက်ဝမ်းသာ စွန့်လွှတ်အနစ်နာခံသော သူများအတွက် ဖြစ်သည်။ သင်တို့ကဲ့သို့သော သာမညောင်ညလူများ၊ ကောင်းကင်ဘုံ၏ ကျေးဇူးတော်ကို မွေ့လျော်ခံစားခြင်းငှာ လုံးဝ မထိုက်တန်ပေ။ အခက်အခဲနှင့် မဆုံးနိုင်သော အပြစ်ပေးခြင်းသာ သင်တို့၏ နေ့ရက်များကို အဖော်ပြုလိမ့်မည်။ အကယ်၍ သင်တို့သည် ငါ့ကို သစ္စာမရှိနိုင်ပါက၊ သင်တို့၏ကံကြမ္မာသည် ဆင်းရဲဒုက္ခခံရသော ကံကြမ္မာတစ်ခု ဖြစ်လေမည်။ အကယ်၍ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များနှင့် ငါအမှုများကို တာဝန်ခံနိုင်ခြင်း မရှိပါက၊ သင်တို့၏ ရလဒ်သည် ပြစ်ဒဏ်ပေးခြင်း ခံရသော ရလဒ်တစ်ခု ဖြစ်လိမ့်မည်။ ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာများနှင့် နှစ်သက်ဖွယ် နိုင်ငံတော် အသက်တာအားလုံးသည် သင်တို့နှင့် မည်သို့မျှ ပတ်သက်မည် မဟုတ်။ ဤသည်မှာ သင်တို့ ကြုံထိုက်သော အဆုံးသတ်ဖြစ်ပြီး သင်တို့ ကိုယ်တိုင်ပြုသည့် အကျိုးဆက်တစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) တရားစီရင်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရင်ဆိုင်ရတဲ့အခါ၊ ကျွန်တော် အရမ်းကို ရှက်ရွံ့မိတယ်။ အရင်တုန်းကတော့ နည်းနည်းပျင်းပြီး တာဝန်တွေမှာ အဖိုးအခလျှော့ပေးလိုက်က အဲဒီလောက်ကြီး ပြဿနာမဟုတ်ဘူးလို့ အမြဲတွေးခဲ့တယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ ဒီပြဿနာရဲ့ လေးနက်မှုကို သဘောပေါက်သွားတယ်။ ဘုရားသခင်ရဲ့ အမြင်မှာ၊ ကိုယ့်တာဝန်ကို အစွမ်းကုန် ကောင်းကောင်း ဖြည့်ဆည်းတာနဲ့၊ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ကျိုးနွံနာခံတာနဲ့ သစ္စာစောင့်သိတာက ဖန်ဆင်းခံတစ်ယောက်ရဲ့ ဘဝအဓိပ္ပာယ်နဲ့ တန်ဖိုးပဲ။ လူတစ်ယောက်က ကိုယ့်တာဝန်ကို ခဏခဏ ဝတ်ကျေတမ်းကျေ ထမ်းဆောင်နေမယ်၊ ပြီးတော့ ကိုယ်ထမ်းဆောင်သင့်တဲ့ တာဝန်တွေကိုတောင် ကောင်းကောင်း မဖြည့်ဆည်းနိုင်ဘူးဆိုရင်၊ အဲဒီလိုလူမျိုးကို လူသား ဒါမှမဟုတ် ဖန်ဆင်းခံတစ်ယောက်လို့ ခေါ်ဖို့ မထိုက်တန်ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့၊ စိတ်ဆင်းရဲမှုနဲ့ ကြောက်ရွံ့မှုကို ကြီးကြီးမားမား ခံစားလိုက်ရတယ်။ စဉ်းစားကြည့်တော့၊ အပြင်ပန်းမှာ တာဝန်တွေကို ထမ်းဆောင်နေပေမဲ့၊ ကျွန်တော့်စိတ်နှလုံးထဲမှာ ဝန်တာထားစိတ် ဒါမှမဟုတ် တာဝန်ယူစိတ် မရှိခဲ့ဘူး။ ပြီးတော့ ဒီကိစ္စတွေက ဒုက္ခများပြီး ပင်ပန်းတယ်လို့ အမြဲခံစားခဲ့ရတယ်။ နောက်ဆက်တွဲလုပ်ရမဲ့ အလုပ်တွေနဲ့ ဖြေရှင်းရမဲ့ ပြဿနာတွေအပေါ် အမြဲတမ်း ဂရုမစိုက်ဘဲ နေခဲ့တယ်။ အဲဒါတွေအကြောင်း မေးမြန်းတဲ့အခါမှာတောင် ပြီးပြီးရောပဲ မေးမြန်းခဲ့တယ်။ အသေးစိတ် လေ့လာလို့ ပြဿနာတွေ တွေ့သွားရင် အဲဒါတွေကို ဖြေရှင်းဖို့ စဉ်းစားနေရမှာကို ကြောက်လို့လေ။ အေးအေးဆေးဆေးနေပြီး ဇာတိပကတိရဲ့ သက်သာမှုကို မွေ့လျော်ခံစားဖို့အတွက်၊ အလုပ်ထဲက ပြဿနာတွေကို သိသိကြီးနဲ့ လျစ်လျူရှုပြီး မျက်ကွယ်ပြုခဲ့လို့ အလုပ်ရဲ့ ထိရောက်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်။ ကျွန်တော်လုပ်နေသမျှ အရာရာတိုင်းမှာ၊ လွယ်တဲ့လမ်းလိုက်တယ်၊ အလုပ်ရှောင်တယ်၊ ပြီးတော့ ဝတ်ကျေတမ်းကျေ ပုံစံမျိုးနဲ့ ပြုမူနေခဲ့တယ်ဆိုတာ မြင်သွားတယ်။ ဘုရားသခင်အပေါ် ကျွန်တော် ဘယ်လို စိတ်ရင်းမှန်တစ်ခုတစ်လေ ရှိခဲ့လို့လဲ။ ကိုယ့်တာဝန်ကို ဘယ်လိုများ ထမ်းဆောင်နေခဲ့လို့လဲ။ ကျွန်တော်က ဘုရားသခင် ဖော်ထုတ်ထားတဲ့ “အပြင်ပန်းတွင် တောက်ပြောင်သော်လည်း အတွင်း၌ ပုပ်သိုး” အသုံးမကျတဲ့လူစားမျိုးဖြစ်ခဲ့တာ ရှင်းနေတာပဲ။ ဖောက်ပြန်ပျက်စီးနေတဲ့ လူသားတွေကို ကယ်တင်ဖို့အတွက် ဘုရားသခင်ဟာ ကြီးမားတဲ့ အရှက်ခွဲခံရမှုနဲ့ ဆင်းရဲဒုက္ခတွေကို ခံစားခဲ့ရပြီး၊ လူဇာတိခံယူလို့ ပေါ်ထွန်းပြီး အမှုဆောင်ခဲ့ပုံကို ကျွန်တော် တွေးမိတယ်။ ဆိုးယုတ်တဲ့ စီစီပီရဲ့ ရူးရူးမိုက်မိုက် နှိပ်ကွပ်ပြီး လိုက်လံဖမ်းဆီးတာကိုရော၊ ဘာသာရေးလောကရဲ့ ဆန့်ကျင် ရှုတ်ချတာကိုပါ ခံခဲ့ရပေမဲ့၊ ဘုရားသခင်ဟာ သူ့အလုပ်ကို ဘယ်တော့မှ မရပ်တန့်ခဲ့ဘဲ၊ လူတွေကို ရေလောင်း၊ ကျွေးမွေးပြီး ထောက်ပံ့ဖို့ သမ္မာတရားတွေကို ဆက်တိုက် ဖော်ပြနေခဲ့တယ်။ ကျွန်တော်တို့ နားမလည်မှာကို စိုးရိမ်လို့ ဘုရားသခင်က သမ္မာတရားကို မြန်မြန်နားလည်ပြီး စိတ်သဘောထား ပြောင်းလဲမှုကို ရရှိနိုင်ဖို့၊ ဥပစာစကားတွေ၊ ဥပမာတွေနဲ့ ရှုထောင့်အမျိုးမျိုးကို သုံးပြီး အမြဲတမ်း စိတ်ရှည်လက်ရှည် အသေးစိတ် ပြောပြပေးတယ်။ ဘုရားသခင်ဟာ လူသားတွေကို ကယ်တင်တဲ့ သူ့အလုပ်မှာ စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံထားပြီး၊ အဖိုးအခအားလုံးကို ပေးဆပ်ခဲ့ပေမဲ့၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရတဲ့ ကျွန်တော်ကတော့ ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ဆပ်ဖို့ စိတ်ရင်းမှန်တစ်ခုမှ မရှိခဲ့ဘဲ၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကိုတောင် ကောင်းကောင်း မဖြည့်ဆည်းနိုင်ခဲ့ဘူး။ ကျွန်တော့်မှာ လူ့သဘာဝ တစ်ခုတစ်လေရှိတယ်လို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ အဲဒီနောက် ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးတဲ့နောက် သင်္ဘောတည်ဆောက်ဖို့ မမောမပန်း အလုပ်လုပ်ခဲ့တဲ့ နောဧအကြောင်း ကျွန်တော် တွေးမိတယ်။ စီမံကိန်းက ဘယ်လောက်ပဲ ခက်ခဲပါစေ၊ အခက်အခဲတွေ ဒါမှမဟုတ် အတားအဆီးတွေ ဘယ်လောက်ပဲရှိပါစေ၊ သင်္ဘောတည်ဆောက်ပြီးတဲ့အထိ အနှစ် ၁၂၀ တိုင်တိုင် သူ ဇွဲမလျှော့ခဲ့ဘူး။ နောဧရဲ့ ကိုယ်ကျင့်စရိုက်၊ ဘုရားသခင်အပေါ် သူရဲ့ သစ္စာစောင့်သိတာနဲ့ ကျိုးနွံနာခံတာကို ကြည့်လိုက်တော့ သူဟာ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရားရှိတဲ့သူ၊ စစ်မှန်တဲ့ ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး ဘုရားသခင်ရဲ့ ယုံကြည်စိတ်ချမှုကို ခံထိုက်သူတစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်တော် မြင်သွားတယ်။ ယှဉ်ကြည့်လိုက်တော့၊ ကျွန်တော့်မှာ အခြေခံအကျဆုံး ပုံမှန် လူ့သဘာဝတောင် ကင်းမဲ့နေတာကို မြင်လိုက်ရတယ်။ ကျွန်တော့်အသိစိတ်က လုပ်ဖို့ပြောနေတာကိုတောင် မလုပ်နိုင်ခဲ့ဘဲ၊ လူသားလို့ ခေါ်ခံရဖို့ တကယ်ကို မထိုက်တန်ခဲ့ဘူး။ ကျွန်တော့်တာဝန်တွေအပေါ်ထားတဲ့ သဘောထားက နောင်တမရဘဲ ဒီအတိုင်းဆက်သွားနေရင်၊ ဘုရားသခင်က ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းတာကို ခံရတော့မှာ မဟုတ်ဘူးလား။ ဒါကို တွေးမိတော့ နည်းနည်းကြောက်သွားသလို၊ နည်းနည်းနောင်တရပြီး အပြစ်ရှိတယ်လို့လည်း ခံစားရတာနဲ့ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းပြီး၊ နောက်ပိုင်း ကျွန်တော့်တာဝန်တွေကို ထမ်းဆောင်တဲ့အခါ ဇာတိပကတိကို သေချာပေါက် ပုန်ကန်ပြီး တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ အစွမ်းကုန်လုပ်မယ်ဆိုပြီး စိတ်နှလုံးထဲမှာ ဆုံးဖြတ်ချက်ချလိုက်တယ်။
ဒီအတွေ့အကြုံရပြီးတဲ့နောက်မှာ၊ အရင်ကထက်ပိုပြီး ကျွန်တော့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ခဲ့တယ်။ နေ့တိုင်း ဗီဒီယိုတွေလုပ်တဲ့အပြင်၊ ညီအစ်ကိုမောင်နှမတွေ သူတို့တာဝန်တွေမှာ ဘယ်လိုအခြေအနေရှိနေလဲဆိုတာကိုလည်း ခဏခဏ လေ့လာခဲ့ပြီး၊ သူတို့မှာ အခက်အခဲတွေ ဒါမှမဟုတ် ပြဿနာတွေရှိတဲ့အခါတိုင်း၊ ဖြေရှင်းနည်းတွေကို သူတို့နဲ့ မိတ်သဟာယပြုပေးခဲ့တယ်။ ဒီလိုမျိုး ကျွန်တော့်တာဝန်တွေကို ထမ်းဆောင်ရတာက နည်းနည်း ပိုပြီး စိုးရိမ်ပူပန်ဖို့ လိုအပ်ပေမဲ့၊ တတ်နိုင်သမျှ အကောင်းဆုံး တာဝန်တွေကို ထမ်းဆောင်နေတယ်ဆိုတာ သိရလို့ စိတ်အေးချမ်းပြီး လုံခြုံတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ သဘာဝ အနှစ်သာရကို သိပ်နားမလည်ခဲ့လို့၊ အချိန်နည်းနည်းကြာတော့ သက်သာမှုကို မွေ့လျော်ခံစားတဲ့ အခြေအနေထဲကို ပြန်ရောက်သွားတယ်။
ဗီဒီယိုလုပ်ရတဲ့ အလုပ်ပမာဏ တိုးလာလို့၊ နေ့တိုင်းနီးပါး ကိုင်တွယ်ရမဲ့ အလုပ်တွေ အများကြီးရှိနေပြီး၊ ဗီဒီယိုတချို့ကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးအောင်လုပ်ဖို့ လိုအပ်ခဲ့တယ်။ တချို့ဗီဒီယိုတွေက နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ပိုမြင့်ပြီး၊ သေချာ တွေးတော ဆင်ခြင်ဖို့ လိုအပ်တယ်။ အစပိုင်းမှာတော့ အကုန်လုံးကို ပြီးအောင် အကောင်းဆုံး ကြိုးစားနိုင်ခဲ့ပေမဲ့၊ နည်းနည်းကြာတော့ “နေ့တိုင်း အလုပ်တွေချည်းပဲ၊ ဘယ်တော့များမှ လျော့သွားမှာလဲ။ အလုပ်ပမာဏ နည်းနည်းလောက်ပဲ လျော့သွားရင်၊ ဒီလောက် ပင်ပန်းမှာ မဟုတ်ဘူး၊ ငါ့ဇာတိပကတိလည်း ပိုသက်သာမှာပဲ” လို့ တွေးရင်း၊ စိတ်ထဲမှာ ညည်းညူလာမိတယ်။ တစ်ခါကဆို ညီအစ်မတစ်ယောက်က ကျွန်တော့်ကို ဗီဒီယို ဆယ်ခုကျော် တစ်ပြိုင်တည်း ပို့လာပြီး၊ နှစ်ရက်အတွင်း စစ်ဆေးပေးဖို့ ပြောတာကို မှတ်မိသေးတယ်။ “ဒါတွေအားလုံးကို နှစ်ရက်အတွင်း ငါ တကယ် စစ်ဆေးနိုင်ပါ့မလား။ အချိန်ပိုဆင်းရမှာ မဟုတ်ဘူးလား” လို့ တွေးပြီး နည်းနည်း အတိုက်အခံလုပ်ချင်စိတ်ဖြစ်သွားတယ်။ အပြင်မှာတော့ ဘာမှမပြောပေမဲ့၊ ကိုယ့်ဘာသာကိုယ် ဆက်တိုက် ညည်းညူနေမိတယ်။ နောက်ပိုင်းမှာ ကျွန်တော့်အခြေအနေ မမှန်ဘူးဆိုတာကို သဘောပေါက်သွားပြီး၊ ဒီအခြေအနေကနေ သင်ခန်းစာယူဖို့ လိုတယ်ဆိုတာ သိလိုက်တယ်။ နောက်ရက်တွေမှာ “ငါ့တာဝန်ရဲ့ အလုပ်ပမာဏ တိုးလာတာနဲ့ ငါက ဘာလို့ ကိုယ့်ဇာတိပကတိကိုပဲ အမြဲ အလိုလိုက်ချင်နေရတာလဲ။ ငါ့ကို ဘာကများ ထိန်းချုပ်နေတာလဲ” လို့ ကိုယ့်ကိုယ်ကိုယ် ခဏခဏ ဆင်ခြင်သုံးသပ်မိတယ်။ အဲဒီလို ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော် သုံးလေးပိုဒ်ကို ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဤသို့ဆိုလျှင် စာတန်၏ အဆိပ်အတောက်များဟူသည်မှာ အဘယ်နည်း။ ယင်းတို့ကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက လူတိုင်းက ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက် ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ စင်စစ်အားဖြင့် မိမိတို့အတွက်သာ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စာတန်ဆန်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤစာတန်ဆန်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအုတ်မြစ် လုံးလုံး ဖြစ်လာခဲ့ပြီဖြစ်သည်။ နှစ်ထောင်ချီကြာအောင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်အတောက်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) “ဇာတိပကတိနှင့်ပတ်သက်၍ သင် ယင်းကို ပို၍ ကောင်းမွန်စွာ ဂရုစိုက်လေလေ၊ ယင်းမှာ ပို၍ လောဘကြီးလေလေ ဖြစ်လိမ့်မည်။ ဇာတိပကတိသည် ဒုက္ခဆင်းရဲ အနည်းငယ်ကို ကြံ့ကြံ့ခံရန် သင့်လျော်ပြီး ထိုသို့ဖြစ်သည့်အခါ မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းရန်နှင့် လူတစ်ဦး၏ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို လုပ်ဆောင်ရန် လွယ်ကူသည်။ လူတစ်ဦးသည် ကောင်းမွန်သော မိသားစုပတ်ဝန်းကျင်တွင် ကြီးပြင်းလာပြီး အမြဲတစေ သက်သောင့်သက်သာရှိမှုကို ခံစားကာ ဒုက္ခဆင်းရဲများစွာကို မည်သည့်အခါမျှ မခံစားရပါက ၎င်းသည် ပျော့ညံ့လာပြီး ဒုက္ခဆင်းရဲ အနည်းငယ်ကိုပင် မခံနိုင်ပေ။ ထိုသို့သော လူများအတွက် တစ်စုံတစ်ခုကို ဖြစ်မြောက်အောင်မြင်ရန် ခက်ခဲပြီး ၎င်းသည် အဆုံးတွင် လုံးဝ မည်သည့်အရာမျှ ဖြစ်မြောက်အောင်မြင်ခြင်း မရှိဘဲ အဆုံးသတ်သွားနိုင်ပေသည်။ ထိုသို့သော လူများအတွက် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို ရရှိရန်လည်း ခက်ခဲသည်။ ၎င်းတို့သည် သဘာဝဘေးအန္တရာယ်များ သို့မဟုတ် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များကို ကြုံတွေ့ရပါက ၎င်းတို့သည် မိမိတို့ကိုယ်တိုင်မှလွဲ၍ ကောင်းကင်ဘုံနှင့် လူတိုင်းကို အပြစ်တင်မည်ဖြစ်ပြီး ဘုရားသခင်ကို စောဒကတက်ကာ ကိုယ်တော့်ကို ငြင်းပယ်မည်ဖြစ်၍ အသိတရားမဲ့ပြီး ဆင်ခြင်တုံတရားမဲ့လာကြလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ပို၍ပို၍သာ ယုတ်ညံ့လာကြလိမ့်မည်။ ဤသို့သော ဥပမာများစွာ ရှိသည် မဟုတ်လော။ ဘာသာတရားမရှိသော လောကတွင် မကျော်ကြားလာမီ ဒုက္ခဆင်းရဲကို အတော်အတန် ခံနိုင်ရည်ရှိပြီး မိမိတို့၏ အလုပ်ကို ရည်စူးနှစ်မြှုပ်ထားသော အဆိုတော်များနှင့် ရုပ်ရှင်သရုပ်ဆောင်များစွာ ရှိသည်ကို သင် မြင်နိုင်သည်။ သို့သော် ၎င်းတို့ ကျော်ကြားမှုကို ရရှိပြီး ငွေအမြောက်အမြား စတင် ရှာနိုင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်လှမ်းကြတော့ပေ။ ၎င်းတို့ထဲမှ အချို့သည် မူးယစ်ဆေးဝါးသုံးစွဲကြသည်၊ အချို့သည် မိမိကိုယ်ကို သတ်သေကြသည်၊ ပြီးလျှင် ၎င်းတို့သည် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးကြသည်။ ဤအရာကို အဘယ်အရာက ဖြစ်စေသနည်း။ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ သာယာမှုများသည် အလွန်အကျွံဖြစ်ပြီး ၎င်းတို့သည် အလွန် သက်သောင့်သက်သာရှိကာ ပိုကြီးမားသော သာယာမှုကို သို့မဟုတ် ပိုကြီးမားသော စိတ်လှုပ်ရှားမှုကို မည်သို့ ရယူရမည်ကို မသိကြပေ။ ၎င်းတို့ထဲမှ အချို့သည် ပိုမြင့်မားသော စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုအဆင့်များကို ရှာဖွေရာတွင် မူးယစ်ဆေးဝါးဘက်သို့ လှည့်သွားကြပြီး ယင်းတို့ကို အချိန်ကြာမြင့်စွာ အသုံးပြုပြီးနောက် ၎င်းတို့သည် မဖြတ်နိုင်ကြတော့ပေ။ အချို့သည် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးကြပြီး အချို့မှာမူ ယင်းမှ မိမိတို့ကိုယ်ကို မည်သို့ လွတ်မြောက်အောင် လုပ်ရမည်ကို မသိဘဲ အဆုံးတွင် မိမိကိုယ်ကို သတ်သေလိုက်ကြသည်။ ဤသို့သော ဥပမာများ အလွန်များပြားလှသည်။ သင် မည်မျှ ကောင်းမွန်စွာ စားသည်ဖြစ်စေ၊ မည်မျှ ကောင်းမွန်စွာ ဝတ်ဆင်သည်ဖြစ်စေ၊ သင်၏ အိမ်သည် မည်မျှ ကောင်းမွန်သည်ဖြစ်စေ၊ သင် မည်မျှ အပျော်အပါးလိုက်စားသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ ဘဝသည် မည်မျှ သက်သောင့်သက်သာရှိသည်ဖြစ်စေ၊ သင်၏ လိုအင်ဆန္ဒများ မည်မျှ အပြည့်အဝ ဖြည့်ဆည်းခံရသည်ဖြစ်စေ အဆုံးတွင် ယင်းမှာ အနှစ်သာရမဲ့ခြင်းအပေါ် အနှစ်သာရမဲ့ခြင်း ထပ်ဆင့်သည်သာဖြစ်ပြီး ရလဒ်မှာ ပျက်စီးခြင်း ဖြစ်သည်။ ဘာသာတရားမရှိသူများ လိုက်စားသော ထိုပျော်ရွှင်မှုသည် စစ်မှန်သော ပျော်ရွှင်မှုလော။ အမှန်တွင် ထိုအရာသည် ပျော်ရွှင်မှု မဟုတ်ပေ။ ယင်းမှာ လူ၏ စိတ်ကူးဖြစ်သည်၊ ယင်းမှာ အကျင့်ပျက်ခြင်း၏ နည်းလမ်းတစ်ခုဖြစ်ပြီး လူတို့ အကျင့်ပျက်လာသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ လူတို့ လိုက်စားသော ပျော်ရွှင်မှုဟု ခေါ်သောအရာသည် အတုအယောင်ဖြစ်သည်။ ယင်းမှာ အမှန်တွင် ဒုက္ခဆင်းရဲ ဖြစ်သည်။ ထိုအရာသည် လူတို့ လိုက်စားသင့်သော ပန်းတိုင်တစ်ခု မဟုတ်သည့်အပြင် အသက်ရှင်ခြင်း၏ တန်ဖိုးရှိရာနေရာလည်း မဟုတ်ပေ။ စာတန် လူတို့ကို ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းများနှင့် နည်းစနစ်များထဲမှ အချို့တွင် ဇာတိပကတိကို ဖြည့်ဆည်းခြင်းနှင့် ကာမဂုဏ်၌ မွေ့လျော်ခံစားခြင်းကို ၎င်းတို့၏ ရည်မှန်းချက်အဖြစ် သတ်မှတ်စေခြင်း ပါဝင်သည်။ ဤနည်းလမ်းအားဖြင့် စာတန်သည် လူတို့ကို ထုံထိုင်းစေသည်၊ လူတို့ကို သွေးဆောင်သည်၊ လူတို့ကို ဖောက်ပြန်ပျက်စီးစေကာ ထိုအရာသည် ပျော်ရွှင်မှုဖြစ်သည့်အလား ၎င်းတို့ကို ခံစားရစေပြီး ထိုပန်းတိုင်နောက်သို့ လိုက်ရန် ၎င်းတို့ကို သွေးဆောင်သည်။ လူတို့သည် ထိုအရာများကို ရရှိခြင်းသည် ပျော်ရွှင်မှုကို ရရှိခြင်းဖြစ်သည်ဟု ယုံကြည်ကြသဖြင့် ထိုပန်းတိုင်နောက်သို့ လိုက်စားရန် အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်ကြသည်။ ထို့နောက် ၎င်းတို့ ယင်းကို ရရှိပြီးသောအခါ ၎င်းတို့ ခံစားရသည်မှာ ပျော်ရွှင်မှုမဟုတ်ဘဲ အနှစ်မဲ့ခြင်းနှင့် နာကျင်မှုသာ ဖြစ်သည်။ ဤသည်မှာ ယင်းမှာ မှန်ကန်သော လမ်းကြောင်းမဟုတ်ကြောင်း သက်သေပြသည်၊ ယင်းမှာ သေခြင်းသို့ သွားရာလမ်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့၊ ဇာတိပကတိ သာယာမှုကို လိုက်စားတာက လူတွေကို ဖောက်ပြန်ပျက်စီးစေတဲ့ စာတန်ရဲ့ နည်းလမ်းပဲဆိုတာ နားလည်သွားတယ်။ လူတွေကို လမ်းလွဲစေပြီး ဖောက်ပြန်ပျက်စီးစေဖို့အတွက် လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် အတွေးအခေါ်တွေနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တာတွေ အမျိုးမျိုးကို စာတန်က အသုံးပြုတယ်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “ဘဝသည် တိုတောင်း၏၊ ဘဝတွင် ပျော်နိုင်တုန်း ပျော်ပါ” နဲ့ “ယနေ့လုပ်စရာရှိတာကို ယနေ့လုပ်၊” စတဲ့ ဒီအရာတွေက လူတွေကို ဒီအယူအဆတွေအတိုင်း အသက်ရှင်စေပြီး၊ ဇာတိပကတိ သာယာမှုကို လိုက်စားတာဟာ ဘဝရဲ့ အဓိပ္ပာယ်နဲ့ တန်ဖိုး၊ ဘဝရဲ့ ပန်းတိုင်အနေနဲ့ သဘောထားအောင် လုပ်တယ်။ အဲဒါက လူတွေကို သက်သာမှုနဲ့ ဇာတိပကတိ သာယာမှုကို လိုက်စားစေပြီး၊ ပိုပိုပြီး ဖောက်ပြန် ယိုယွင်းလာစေတယ်၊ လူသားပုံသဏ္ဌာန်ကို ဆုံးရှုံးသွားစေတယ်။ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်ပြီး အသင်းတော်မှာ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ခဲ့သလို စားသောက် ပျော်ပါးဖို့ လိုက်စားပြီး ဇာတိပကတိကို အလိုလိုက်ကြတဲ့ ဘာသာတရား မရှိသူတွေနဲ့ ကျွန်တော် မတူပေမဲ့လို့၊ စာတန်ရဲ့ အဆိပ်အတောက်တွေ၊ အတွေးအခေါ်တွေနဲ့ ဥပဒေသတွေက ကျွန်တော့်စိတ်နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတုန်းပဲဆိုတာကို ကျွန်တော် တွေးမိတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ အတွေးတွေနဲ့ အမြင်တွေကလည်း ဘာသာတရား မရှိသူတွေနဲ့ အတွေးအမြင်တွေနဲ့ အတူတူပဲဖြစ်နေတယ်။ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုနဲ့ သာယာမှုက ပျော်ရွှင်မှုနဲ့ အဓိပ္ပာယ်တူပဲလို့ အမြဲတွေးခဲ့ပြီး၊ ဘာလုပ်လုပ် ဒုက္ခမခံချင်သလို အဖိုးအခလည်း မပေးချင်ခဲ့ဘူး။ တစ်ခါတလေ ကျွန်တော့်တာဝန်တွေမှာ စိုးရိမ်စရာတွေ များတဲ့အခါ ဒါမှမဟုတ် အလုပ်ပိုများတဲ့အခါ၊ အနားယူဖို့ အချိန်ရှာချင်ပြီး ကိုယ့်ကိုယ်ကိုယ် သိပ်မပင်ပန်းစေချင်ခဲ့ဘူး။ အလုပ်ထဲက သိသာထင်ရှားတဲ့ ပြဿနာတွေကိုတောင် နှိုက်နှိုက်ချွတ်ချွတ် မစစ်ဆေးတဲ့အပြင် မဖြေရှင်းဘဲ ကိုယ့်တာဝန်တွေကို ဘေးဖယ်ထားခဲ့တယ်။ အကျိုးဆက်အနေနဲ့ ကိုယ်တိုင်တောင် သတိမထားမိဘဲ အလုပ်တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်။ ဒါက တကယ်ကို အန္တရာယ်များတယ်။ သက်သာမှုကို မက်မောတဲ့ အခြေအနေမှာ အသက်ရှင်နေခဲ့တုန်းက အချိန်ကို ပြန်တွေးကြည့်တော့၊ ကိုယ့်တာဝန်တွေကို ဘယ်လို ကောင်းကောင်း ဖြည့်ဆည်းရမလဲ၊ ဘုရားသခင်ကို ဘယ်လို ကျေနပ်စေရမလဲဆိုတာ မစဉ်းစားခဲ့ဘဲ၊ အမှုအရာတွေ ပေါ်လာတဲ့အခါ ကိုယ့်ခန္ဓာကိုယ် ဒုက္ခရောက်မလား၊ ပင်ပန်းရမလားဆိုတာကိုပဲ အရင်ဆုံး တွေးခဲ့တယ်။ ဒါက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတာပဲ၊ ကျွန်တော့်မှာ ဘာအသိစိတ် ဘာဆင်ခြင်တုံတရားမှ မရှိခဲ့ဘူး။ တစ်ခါတလေ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားသင့်တယ်ဆိုတာ သိနေရင်တောင်၊ ဇာတိပကတိရဲ့ အမြဲဘောင်ခတ်တာကို ခံနေရပြီး၊ ဒုက္ခခံဖို့ ဒါမှမဟုတ် အဖိုးအခပေးဖို့ မလိုလားဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် တွေ့ရတယ်။ သမ္မာတရားနဲ့ အပြုသဘောဆောင်တဲ့အရာတွေအပေါ် ပြင်းထန်တဲ့ အတိုက်အခံလုပ်ချင်စိတ်နဲ့ အလွန်အမင်း မနှစ်မြို့မှုကို စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ခံစားရပြီး၊ လုပ်ရမဲ့ အလုပ်တွေနဲ့ ပတ်သက်လာတဲ့အခါ၊ အဲဒါတွေကို ရှောင်လွှဲဖို့ ဆင်ခြေပေးဖို့ အမြဲကြိုးစားခဲ့တယ်။ ဒီလိုလုပ်ရင် ကျွန်တော့်ခန္ဓာကိုယ်က သက်သာမှုရပြီး ဒုက္ခခံရမှာ မဟုတ်ပေမဲ့၊ နောက်ဆုံးမှာ ဘာသမ္မာတရားကိုမှ ရမှာမဟုတ်ဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် လုံးဝ ပျက်စီးအောင် လုပ်နေတာ မဟုတ်ဘူးလား။ ဒါကို တွေးမိတော့၊ သက်သာမှုကို မွေ့လျော်ခံစားတာရဲ့ အန္တရာယ်များတဲ့ အကျိုးဆက်တွေကို နည်းနည်း နားလည်လာတယ်။
အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်။ “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူများသည် မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများကို တွက်ချက်ခြင်းမရှိဘဲ မိမိတို့၏ တာဝန်များကို လိုလိုလားလား ထမ်းဆောင်ကြသည်။ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို မှီခိုပြီး အမှန်တကယ် ကြိုးစားအားထုတ်ရမည်။ အမှန်တကယ် ကြိုးစားအားထုတ်သည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ သင်သည် အပေါ်ယံ ကြိုးစားအားထုတ်မှုအချို့ ပြုလုပ်ခြင်းနှင့် ကာယပိုင်းဆိုင်ရာ ခက်ခဲပင်ပန်းမှု အနည်းငယ်ကို ခံစားခြင်းဖြင့်သာ ကျေနပ်နေပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် လုံးဝ စေ့စပ်သေချာမှုမရှိသည့်အပြင် သမ္မာတရား စည်းမျဉ်းများကို မရှာဖွေပါက ဤသည်မှာ ဝတ်ကျေတမ်းကျေလုပ်ခြင်းမျှသာ ဖြစ်သည်၊ ယင်းမှာ အမှန်တကယ် ကြိုးစားအားထုတ်ခြင်း မဟုတ်ပေ။ အမှန်တကယ် ကြိုးစားအားထုတ်ခြင်း၏ အဓိကသော့ချက်မှာ သင်၏ စိတ်ကိုနှစ်ထားခြင်း၊ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်း၊ ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် ဘုရားသခင်၏ စိတ်နှလုံးတော်ကို ယူကျုံးမရဖြစ်စေခြင်းတို့အတွက် အလွန်ပင် ကြောက်ရွံ့ခြင်း၊ သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေရန်အလို့ငှာ မည်သည့် ခက်ခဲပင်ပန်းမှုကိုမဆို ခံစားရန် အသင့်ရှိခြင်းတို့ ဖြစ်သည်။ သင်၌ ဤဘုရားသခင်ကို ချစ်သော စိတ်နှလုံး ရှိပါက သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိပါက သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဝန်တာစိတ်ဟု ခံစားရခြင်း သို့မဟုတ် တာဝန်ယူစိတ် ရှိမည်မဟုတ်ဘဲ မလွဲမသွေ ဝတ်ကျေတမ်းကျေလုပ်ပြီး ဖြစ်သလိုလုပ်ဆောင်ကာ မည်သည့် စစ်မှန်သော ရလဒ်ကိုမျှ မဖြစ်ပေါ်စေဘဲ ရှိလိမ့်မည်၊ ယင်းမှာ တာဝန်ထမ်းဆောင်ခြင်း မဟုတ်ပေ။ သင်၌ အမှန်တကယ် ဝန်တာစိတ် ရှိပြီး သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ကြောင်း၊ သင်၏ တာဝန်ကို မထမ်းဆောင်ပါက သင်သည် တိရစ္ဆာန်တစ်ကောင် ဖြစ်လိမ့်မည်ဖြစ်ပြီး အသက်ရှင်ရန် မထိုက်တန်ကြောင်း၊ သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပါမှသာ လိပ်ပြာသန့်နိုင်ပြီး လူသားတစ်ဦးဟု ခေါ်ထိုက်မည်ဖြစ်ကြောင်း ယုံကြည်ပါက၊ သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ သင်၌ ဤဝန်တာစိတ် ရှိပါက၊ သင်သည် အရာရာကို စိတ်ပါလက်ပါ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေကာ အမှုအရာများကို စည်းမျဉ်းများအတိုင်း လုပ်ဆောင်နိုင်မည်ဖြစ်သည့်အပြင် သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်လိမ့်မည်။ ဤသို့ဖြင့် သင်၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်လိမ့်မည်။ အကယ်၍ သင့်အား ဘုရားသခင်ပေးအပ်သည့် တာဝန်နှင့် သင်ထိုက်တန်လျှင်၊ သင့်အတွက် ဘုရားသခင်အနစ်နာခံ စွန့်လွှတ်ခဲ့သော အရာအားလုံးနှင့်လည်းကောင်း၊ သင့်အပေါ် ဘုရားသခင်၏ မျှော်မှန်းချက်များနှင့်လည်းကောင်း သင်ထိုက်တန်လျှင် ဤသည်မှာ အမှန်တကယ် အားထုတ်ခြင်းဖြစ်သည်။...အနည်းဆုံးအနေဖြင့် ဘုရားအိမ်တော်မှ လူများသည် ရိုးသားသောလူများဖြစ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏တာဝန်တွင် ယုံကြည်ကိုးစားထိုက်သောလူများ ဖြစ်ကြသည်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံနိုင်သောသူများဖြစ်ကြပြီး ၎င်းတို့၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်ကြသည်။ အကယ်၍ လူများတွင် စစ်မှန်သောယုံကြည်ခြင်း၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ မရှိပါက၊ ကြောက်ရွံ့သော စိတ်နှလုံးနှင့် ဘုရားသခင်ထံ ကျိုးနွံနာခံသော စိတ်နှလုံး မရှိပါက ၎င်းတို့သည် တာဝန်များကို ထမ်းဆောင်ဖို့ မသင့်တော်ချေ။ ၎င်းတို့၏တာဝန်ကို ၎င်းတို့ ထမ်းဆောင်နေလျှင်ပင် တာဝန်ထမ်းဆောင်နေစဉ်တွင် ၎င်းတို့သည် ဖြစ်ကတတ်ဆန်း လုပ်ကြသည်။ ၎င်းတို့သည် အစစ်အမှန် နောင်တမရကြသည့်လူများ၊ အလုပ်လုပ်ပေးသူများ ဖြစ်ကြသည်။ ဤကဲ့သို့သော အလုပ်လုပ်ပေးသူများသည် အနှေးနှင့်အမြန်ဆိုသလို ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရလိမ့်မည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများသာလျှင် ကျန်ရစ်လိမ့်မည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများတွင် သမ္မာတရားစစ်မှန်မှုများ မရှိကြသော်လည်း ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည်။ ၎င်းတို့သည် မိမိတို့၏တာဝန်များကို စစ်မှန်စွာ ထမ်းဆောင်နိုင်ကြသည့်အပြင် ဘုရားသခင်သည် ၎င်းတို့ကို သက်ညှာဖို့ ခွင့်ပြုသည်။ သမ္မာတရားစစ်မှန်မှုများကို ပိုင်ဆိုင်သောသူများနှင့် ဘုရားသခင်အတွက် ထူးကဲသော သက်သေခံချက်ကို ပြုနိုင်သောသူများသည် သူ၏လူများ ဖြစ်ကြသည်။ ၎င်းတို့သည်လည်း သက်ညှာခြင်းခံရကာ သူ၏နိုင်ငံတော်အတွင်းသို့ ဆောင်ယူခြင်းကို ခံရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်) ဘုရားနှုတ်ကပတ်တော်တွေကနေ၊ ဘုရားသခင်ရဲ့ အမြင်မှာ သူတို့တာဝန်တွေကို စိတ်ရင်းမှန်နဲ့ ထမ်းဆောင်တဲ့ ရိုးသားတဲ့လူတွေသာ ဘုရားအိမ်တော်ရဲ့ စစ်မှန်တဲ့ လူတွေဖြစ်တယ်ဆိုတာ ကျွန်တော် နားလည်သွားတယ်။ အဲဒီလိုလူတွေဟာ သူတို့အလုပ်အပေါ် တာဝန်ယူစိတ်ရှိပြီး ယုံကြည်စိတ်ချရတယ်။ သူတို့က အပြင်ပန်း အားထုတ်မှုလောက် ပြရုံနဲ့ ဒါမှမဟုတ် အလုပ်ကို ပြီးစလွယ် လုပ်ရုံနဲ့ မကျေနပ်ကြဘူး။ အဲဒီအစား သူတို့တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့အတွက် ဒုက္ခခံပြီး အဖိုးအခပေးဖို့ လိုလားကြတယ်၊ လုံ့လဝီရိယရှိရှိနဲ့ ပြီးဆုံးတဲ့အထိ ထမ်းဆောင်ကြတယ်။ ဒါက ကိုယ့်တာဝန်တွေကို အမှန်တကယ် ထမ်းဆောင်ခြင်းပဲ။ ဘုရားနှုတ်ကပတ်တော်တွေကနေ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ကျွန်တော် တွေ့ရှိခဲ့တယ်။ ကျွန်တော့်တာဝန်တွေကို ရိုးသားတဲ့ စိတ်နှလုံးနဲ့ သဘောထားရမယ်။ လွယ်တဲ့လမ်းလိုက်ချင်တာ၊ အလုပ်ရှောင်ချင်တာနဲ့ တာဝန်တွေထမ်းဆောင်နေရင်း သက်သာမှုကို မက်မောချင်တဲ့အခါ၊ ကိုယ့်ဇာတိပကတိကို ပုန်ကန်ရမယ်၊ တာဝန်တွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတိုင်းမှာ စိတ်နှစ်ရမယ်၊ စေ့စေ့စပ်စပ်ရှိရမယ်၊ ပြီးတော့ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းရမယ်။ ဒီလိုလုပ်မှသာ ကျွန်တော့်တာဝန်တွေကို ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့အညီ ထမ်းဆောင်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်ဆီ ကျွန်တော် ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သား တာဝန်တွေကို ထမ်းဆောင်တဲ့အခါ၊ ဇာတိပကတိကိုပဲ အမြဲ အလိုလိုက်ပြီး တာဝန်တွေကို ကောင်းကောင်း မဖြည့်ဆည်းခဲ့သလို၊ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေအတိုင်းလည်း မနေထိုင်ခဲ့ပါဘူး။ အခု ကိုယ်တော့်ဆီမှာ နောင်တရပြီး ကိုယ်တော်ရဲ့ စိစစ်ခြင်းကို ခံယူဖို့ လိုလားပါတယ်။ အလုပ်တာဝန်တိုင်းကို ပြီးမြောက်အောင် လုပ်ရာမှာ အလေးအနက်ထားပြီး တာဝန်ယူစိတ်ရှိဖို့ လက်တွေ့လုပ်ဆောင်သွားမှာဖြစ်ပြီး၊ သား ဖြည့်ဆည်းသင့်တဲ့အတိုင်း တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းသွားပါမယ်” လို့ပေါ့။
အဲဒီနောက်မှာတော့၊ တာဝန်တွေကို ထမ်းဆောင်တဲ့အခါ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ဖို့ကို အာရုံစိုက်ခဲ့တယ်။ တစ်ခါကဆို ညီအစ်ကိုမောင်နှမတွေက အရေးတကြီး စစ်ဆေးဖို့လိုတဲ့ ဗီဒီယိုနှစ်ခု ပို့လာတာကို မှတ်မိသေးတယ်။ ဗီဒီယိုတစ်ခုက ပြဿနာတွေ အများကြီးရှိနေပြီး စစ်ဆေးဖို့ အချိန်နဲ့ ခွန်အား အများကြီး လိုအပ်တာကြောင့်၊ ကျွန်တော် ထပ်ပြီး မညည်းဘဲ မနေနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီအချိန်မှာ ကျွန်တော်က ကိုယ့်ဇာတိပကတိကို ငဲ့ကွက်နေတယ်ဆိုတာ သဘောပေါက်သွားလို့၊ ဘုရားသခင်ဆီ မြန်မြန်ဆန်ဆန် ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ပုန်ကန်လိုက်တယ်။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်တော် ပြန်သတိရလိုက်တယ်၊ “လက်ရှိတွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် အခွင့်အရေးများစွာ မရှိပေ။ ထို့ကြောင့် သင်တတ်နိုင်သောအချိန်တွင် အခွင့်အလမ်းများကို အမိအရယူရမည်။ တာဝန်တစ်ခုကို ရင်ဆိုင်ရသောအခါတွင် အတိအကျပင် သင့်ကိုယ်သင် အသုံးပြုရမည်။ ဆိုလိုသည်မှာ သင့်ကိုယ်သင် ပေးဆပ်ရမည့်အချိန်၊ ဘုရားအတွက် သင့်ကိုယ်သင် အသုံးခံရမည့်အချိန်၊ အဖိုးအခပေးဆပ်ရန် လိုသည့်အချိန် ဖြစ်သည်။ မည်သည့်အရာကိုမျှ ချုပ်တည်းမထားနှင့်၊ မည်သည့်အကြံအစည်မျှ သိမ်းမထားနှင့်။ လူးသာလွန့်သာ အခြေအနေကို ချန်မထားနှင့်။ သို့မဟုတ် သင့်ကိုယ်သင် ထွက်လမ်း မပေးနှင့်။ သင်သည် လူးသာလွန့်သာ တစ်စုံတရာ ချန်ထားပါက၊ ချင့်တွက်နေပါက သို့မဟုတ် သင်သည် ဉာဏ်များကာ သစ္စာဖောက်ဖျက်တတ်ပါက သင်သည် ညံ့ဖျင်းသော အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ သေချာပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်) အရေးကြီးတဲ့ အလုပ်တစ်ခု ကျွန်တော့်ဆီ ရောက်လာတယ်၊ ဒီအချိန်ဟာ ကိုယ့်ဇာတိပကတိကို ပုန်ကန်ပြီး အဖိုးအခပေးဖို့ လိုအပ်နေတဲ့အချိန် ကွက်တိပဲ။ ဘုရားသခင်ရဲ့ စိစစ်မှုကို ကျွန်တော် ခံယူသင့်တယ်၊ ဒီအလုပ်ကို ကျွန်တော် အလေးအနက်ထားပြီး တာဝန်ယူစိတ်နဲ့ ပြီးမြောက်အောင်လုပ်သင့်တဲ့အပြင် ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်၊ ဒါမှသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီမှာ ဖြစ်တယ်။ ဒါကြောင့် ဗီဒီယိုတွေကို မြန်မြန်ဆန်ဆန် စစ်ဆေးပြီးစီးအောင် လုပ်ခဲ့ပြီး၊ အဲဒီနောက်မှာ တခြားကိစ္စတွေကို ကိုင်တွယ်ခဲ့တယ်။ နောက်ပိုင်းမှာ ဒီလို အခြေအနေတွေနဲ့ ကြုံရတဲ့အခါ၊ အရင်ကလိုပဲ ဘုရားသခင်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတိရှိရှိ ငြိမ်သက်စေပြီး ကျွန်တော့်တာဝန်တွေကို ရှေ့တန်းတင်ခဲ့တယ်။ အဲဒီလို လက်တွေ့လုပ်တော့၊ ကျွန်တော့်စိတ်နှလုံးက ငြိမ်သက်သွားပြီး၊ ကျွန်တော့်တာဝန်တွေကလည်း အရင်ကထက် အများကြီး ပိုပြီး ပြည့်ဝကျေနပ်စရာကောင်းလာတယ်။
ဒီအခြေအနေတွေကို တွေ့ကြုံရလို့၊ သက်သာမှုကို မွေ့လျော်ခံစားတာရဲ့ အန္တရာယ်တွေနဲ့ အကျိုးဆက်တွေကို နောက်ဆုံးမှာ ကျွန်တော် မြင်တွေ့နိုင်ခဲ့ပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ စစ်မှန်တဲ့ ဝန်တာထားစိတ်ရှိမယ်၊ ဒုက္ခခံပြီး အဖိုးအခပေးဖို့ လိုလားမှသာ ကိုယ့်ရဲ့ တာဝန်ဝတ္တရားတွေနဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းနိုင်မယ်ဆိုတာကိုလည်း သဘောပေါက်သွားပါတော့တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
လီဂျင်ရှင်း၊ တရုတ်ပြည်အသင်းတော် ဗီဒီယိုတွေ ထုတ်လုပ်တဲ့နေရာမှာသုံးတဲ့ ဓာတ်ပုံနဲ့ ဗီဒီယို အချက်အလက်ကုန်ကြမ်းတွေ ရိုက်ကူးဖို့ ကျွန်မ...
ကျင်းရှမ်း၊ ဂျပန် သာမန်အားဖြင့်၊ အစည်းအဝေးအတွင်း သို့မဟုတ် ကျွန်တော့်၏ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှု လုပ်ဆောင်နေစဉ်အတွင်းတွင်၊ လူတို့ကို...
အန်းန အီတာလီ ၂၀၂၀မှာ ကျွန်မက အသင်းတော်မှာ ဒီဇိုင်းအလုပ်လုပ်တယ်။ အဓိကက ပုံကြမ်းဆွဲတာပေါ့။ အချိန်နည်းနည်းကြာတော့ ပုံကြမ်းဆွဲရတာက...
ရှောင်လဲ့၊ တရုတ်နိုင်ငံ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ခေါင်းဆောင်တွေက ကျွန်တော့်ကို အထူးပြုလုပ်ချက်တွေလုပ်ဖို့ စီစဉ်ပေးခဲ့ကြတယ်။...