သက်သာမှုကို မက်မောခြင်းအပေါ် ဆင်ခြင်သုံးသပ်ခြင်းများ

06.06.2026

ဒင်ရှင်း၊ တရုတ်ပြည်

၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းပေးတဲ့အလုပ်အတွက် ကျွန်မ တာဝန်ယူခဲ့ရတယ်။ ဒီလိုအရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ခွင့်ရတဲ့အတွက် ဘုရားသခင်ကို အရမ်းကျေးဇူးတင်မိပြီး၊ ဒီတာဝန်ကို သေချာပေါက် ကောင်းကောင်းထမ်းဆောင်မယ်လို့ တိတ်တဆိတ် စိတ်ပိုင်းဖြတ်ခဲ့တယ်။ အရင်က ရေလောင်းပေးတဲ့အလုပ်ကို တာဝန်မယူဖူးသလို စည်းမျဉ်းတွေကိုလည်း နားမလည်ထားတော့၊ ကျွန်မ သေချာလေ့လာပြီး သက်ဆိုင်ရာ စည်းမျဉ်းတွေကို ကျွမ်းကျင်လာအောင် အားထုတ်ခဲ့တယ်။ လူသစ်တွေမှာ အခြေအနေတွေ၊ ဒါမှမဟုတ် ပြဿနာတစ်ခုခုရှိရင် ကျွန်မနဲ့ တွဲလုပ်နေတဲ့ ညီအစ်မနဲ့အတူ အမြန်ဆုံး မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းပေးခဲ့တယ်။ နေ့တိုင်း အလုပ်များပေမဲ့၊ စိတ်နှလုံးထဲမှာ ခွန်အားတွေ အများကြီးရှိနေသလို ခံစားရပြီး ပြဿနာတချို့ကိုလည်း ဖြေရှင်းခဲ့တယ်။ အချိန်နည်းနည်းကြာတော့၊ ဒီအလုပ်မှာ အသေးစိတ်လုပ်စရာတွေ အများကြီးပါဝင်နေတာကို ကျွန်မ တွေ့ခဲ့ရတယ်။ လူသစ်တွေရဲ့ ပြဿနာမျိုးစုံနဲ့ အခက်အခဲတွေကို အချိန်မီ ဖြေရှင်းပေးရုံတင်မကဘူး၊ ရေလောင်းသူတွေရဲ့ အလုပ်ကိုလည်း စစ်ဆေးပြီး လိုက်ကြည့်ရတယ်၊ သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးရတယ်၊ ပင်ကိုစွမ်းရည်ရှိသူတွေကို ရှာဖွေရတယ်၊ ရေလောင်းသူတွေကို ပျိုးထောင်ပေးရတယ် စသဖြင့်ပေါ့။ ဒီအလုပ်ကို ကောင်းကောင်းလုပ်ဖို့က အရမ်းခက်ခဲလွန်းတယ်လို့ ကျွန်မ ခံစားလာရတယ်။ အများကြီးစဉ်းစားဖို့လိုပြီး အဖိုးအခကြီးကြီး ပေးဆပ်ရတယ်။ အရမ်းပင်ပန်းတာပဲလေ။ ဒါကြောင့် ကျွန်မရဲ့အလုပ် နည်းနည်းပိုပြီး သက်သောင့်သက်သာဖြစ်အောင် ပြဿနာနည်းနည်းပဲ ကြုံရဖို့ အမြဲ မျှော်လင့်နေခဲ့တယ်။ နောက်ပိုင်းကျတော့၊ ရေလောင်းပေးဖို့လိုတဲ့ လူသစ်အရေအတွက်က ဆက်တိုက်တိုးလာတဲ့အတွက် ကျွန်မမှာ ဖိအားတွေ ပိုများလာတယ်။ “လူသစ်တွေအားလုံးကို ကောင်းကောင်း ရေလောင်းပေးဖို့နဲ့ အရာအားလုံးကို သေချာကြည့်ရှုစောင့်ရှောက်ဖို့က အချိန်နဲ့ အားထုတ်မှုတွေ အများကြီးပေးရမှာ။ အရမ်းပင်ပန်းလွန်းတယ်” လို့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ ဒါကြောင့် ရေလောင်းသူတွေနဲ့လောက်ပဲ စပြီး စုဝေးဖြစ်ခဲ့တယ်။ အယူအဆ အတော်များများရှိနေတဲ့ လူသစ်တွေအားလုံးအတွက် တာဝန်ကို ရေလောင်းသူတွေဆီ လွှဲပေးလိုက်ပြီး သူတို့နဲ့ပတ်သက်လို့ ကျွန်မ သိပ်ပြီး ဂရုမစိုက်တော့ဘူး။ တစ်ခါတလေကျရင်တော့ ရေလောင်းသူတွေရဲ့ အလုပ်နဲ့ပတ်သက်ပြီး မေးမြန်းပေမဲ့၊ အဲဒါက ဝတ်ကျေတမ်းကျေ လုပ်နေရုံသက်သက်ပါပဲ။ အချိန်နည်းနည်းကြာတော့ ရေလောင်းပေးတဲ့အလုပ်မှာ ပြဿနာတွေ ဆက်တိုက်ပေါ်လာတော့တာပဲ။ လူသစ်တချို့က အပျက်သဘောဆောင်ပြီး အားနည်းနေကြလို့ စုဝေးပွဲတွေကို သိပ်မလာကြတော့ဘူး၊ တချို့ကျတော့လည်း ဘာသာရေး သင်းအုပ်တွေရဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ၊ မှားယွင်းတဲ့အယူအဆတွေကြောင့် အထင်အမြင်မှားသွားကြတယ်။ တခြားသူတွေကတော့ သူတို့ရဲ့ မိသားစုတွေရဲ့ ဟန့်တားနှောင့်ယှက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် စုဝေးပွဲတွေကို ပုံမှန် မတက်နိုင်ကြတာမျိုးတွေ စသဖြင့်ပေါ့။ ရေလောင်းသူတွေကိုယ်တိုင်လည်း အခက်အခဲတွေနဲ့ နေထိုင်နေရပြီး နည်းနည်း အပျက်သဘောဆောင်နေကြတယ်။ ခေါင်းဆောင်တွေက စာတစ်စောင်ပို့ပြီး အကြောင်းရင်းကို အမြန်ရှာဖို့နဲ့ လမ်းလွဲနေတာတွေကို ပြန်တည့်မတ်ပေးဖို့ ပြောလာတယ်။ ပြီးတော့ အယူအဆတွေရှိပေမဲ့ အစွမ်းအစကောင်းတဲ့ လူသစ်တွေကို ကျွန်မကိုယ်တိုင် ရေလောင်းပေးသင့်တယ်လို့လည်း သတိပေးခဲ့တယ်။ လူသစ်တွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မကိုယ်တိုင် လက်တွေ့ပါဝင်ပြီး သူတို့တွေ မှန်တဲ့ လမ်းခရီးမှာ အမြစ်တွယ်နိုင်အောင် ကူညီပေးရမှာလေ။ ခေါင်းဆောင်တွေ ဒီလိုရေးထားတာကို တွေ့ရတဲ့အခါ ကျွန်မရင်ထဲ မကောင်းဖြစ်သွားတယ်။ ဒါဟာ တကယ့်အလုပ်ကို ကျွန်မ မလုပ်ခဲ့တဲ့ အကျိုးဆက်ပဲလို့ ခံစားလိုက်ရတယ်။ အဲဒီနောက်မှာ လူသစ်တွေရဲ့ ပြဿနာတွေကို မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းပေးဖို့ ကျွန်မ အပြေးအလွှား သွားခဲ့ပေမဲ့ ရလဒ်တွေက သိပ်မကောင်းခဲ့ဘူး။ ဒီအလုပ်က အရမ်းခက်ခဲလွန်းတယ်လို့ ခံစားလာရပြီး ကျွန်မရဲ့ တာဝန်ကို ပိုပြီး လွယ်ကူတဲ့ဟာ တစ်ခုခုနဲ့ ပြောင်းလဲနိုင်ရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။ တစ်ခါတုန်းက ရေလောင်းသူတွေက အလုပ်ထဲက ပြဿနာတွေနဲ့ အခက်အခဲတချို့ကို ထောက်ပြကြတယ်။ စည်းမျဉ်းတချို့ကိုရှာပြီး ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သူတို့နဲ့ ဆွေးနွေးချင်ခဲ့တယ်၊ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “စည်းမျဉ်းတွေကို ရှာရတာ အချိန်နဲ့ အားထုတ်မှုတွေ အရမ်းကုန်တယ်။ ငါနဲ့ တွဲလုပ်နေတဲ့ ညီအစ်မက အစွမ်းအစကောင်းပြီး ကောင်းကောင်း မိတ်သဟာယဖွဲ့တတ်တယ်၊ ပြဿနာတွေကိုလည်း ဖြေရှင်းတတ်တယ်။ သူ့ကိုပဲ သွားဖြေရှင်းခိုင်းလိုက်မယ်” လို့ပေါ့။ ဒါကြောင့် ရှာသင့်တဲ့ စည်းမျဉ်းတွေကိုလည်း မရှာခဲ့သလို၊ မိတ်သဟာယဖွဲ့သင့်တာတွေကိုလည်း မိတ်သဟာယ မဖွဲ့ခဲ့ဘူး။ ညီအစ်မ အမှုအရာတွေ ဖြေရှင်းပေးမယ့်အချိန်ကိုပဲ စောင့်နေခဲ့တယ်။ နောက်ပိုင်း ကိစ္စတွေ ပေါ်လာတဲ့အခါ၊ ကျွန်မရဲ့ ကိုယ်ပိုင်အစွမ်းအစ ညံ့ဖျင်းတာကို အကြောင်းပြချက်အနေနဲ့သုံးပြီး အရှုပ်ထွေးဆုံးနဲ့ အခက်အခဲဆုံး အလုပ်တွေအားလုံးကို ကျွန်မရဲ့ တွဲဖက်ဆီ လုံးဝကျိုးကြောင်းဆီလျော်သလို သဘာဝကျသလို လွှဲချခဲ့တယ်။ ကျွန်မ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ဝန်တာထားစိတ် နည်းသထက်နည်းလာခဲ့တယ်။ နေ့တိုင်း လက်ရှိအလုပ်တွေကိုပဲ စက်ရုပ်တစ်ရုပ်လိုလုပ်နေခဲ့တယ်။ အဲဒီအချိန်အတောအတွင်း ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ငြိမ်သက်ခြင်းနဲ့ စိတ်အေးချမ်းမှု ကင်းမဲ့နေတယ်လို့ အမြဲ ခံစားနေရတယ်။ ရလဒ်တွေက ဆက်တိုက်ကျဆင်းနေတဲ့အတွက် ခေါင်းဆောင်တွေက ဘာတွေဖြစ်နေလဲဆိုတာကို နားလည်ဖို့ အလုပ်ကို ခဏခဏ လိုက်ကြည့်ကြတယ်။ ကျွန်မ မွန်းကျပ်ပြီး ဂနာမငြိမ်ဖြစ်လာတယ်။ ဖြေရှင်းဖို့လိုတဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေ အရမ်းများနေသလိုမျိုးပေါ့။ ဖိအားတွေ အရမ်းများနေပြီး စိုးရိမ်စရာတွေ အရမ်းများနေတယ်လို့ ခံစားရတယ်။ ကျွန်မ ခဏခဏ စိတ်ဆင်းရဲခဲ့ရပြီး ညည်းမိခဲ့တယ်၊ “ဒီတာဝန်ကို ငါထမ်းဆောင်တာ သိပ်မကြာသေးဘူးလေ။ ဘာလို့ ခေါင်းဆောင်တွေက ငါ့ကို နားမလည်ပေးရတာလဲ။ ဘာလို့ သူတို့က အလုပ်ကို ဒီလောက်တောင် အနီးကပ် လိုက်ကြည့်နေရတာလဲ” ပေါ့။ အလုပ်မှာ နောက်ထပ် ပြဿနာတွေ မပေါ်လာဖို့ကိုပဲ ကျွန်မ တကယ် မျှော်လင့်နေခဲ့မိတယ်။

တစ်နေ့တော့ ကျွန်မ ကိုဗစ်-၁၉ ကူးစက်ခံရတယ်။ ရုတ်တရက် ဖျားလာပြီး တစ်ကိုယ်လုံးလည်း ကိုက်ခဲနေတော့တာပဲ။ လုံးဝ အားမရှိတော့ဘူး။ အစာလည်း မျိုမကျသလို ညဘက်တွေဆိုလည်း အိပ်မရဘူး။ ရင်ထဲမှာတော့ ဘုရားသခင်ဆီ အမြဲ ဆုတောင်းနေမိတယ်၊ “အို ဘုရားသခင်၊ ဒီဖျားနာမှုနဲ့ နာကျင်မှုက ကိုယ်တော်ရဲ့ ရည်ရွယ်ချက်နဲ့ သမီးဆီ ကျရောက်လာတာပါ။ ဒါပေမဲ့ အခုထိ ဘယ်သင်ခန်းစာကို သင်ယူရမလဲဆိုတာ သမီး မသိသေးပါဘူး။ သမီးရဲ့ပြဿနာတွေကို နားလည်လာအောင် သမီးကို လမ်းပြပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်၊ ဒီကာလအတွင်း တာဝန်ထမ်းဆောင်တုန်းက ကျွန်မရဲ့ အခြေအနေနဲ့ အနေအထားကို တွေးဆမိတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တာက အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုဖြစ်ပေမဲ့၊ ဘာလို့ ငါ ခဏခဏ မွန်းကျပ်ပြီး ဝေဒနာခံစားနေရတာလဲ။ တာဝန်ထမ်းဆောင်နေရင်းနဲ့ ဒီလိုအနေအထားမျိုးကို ငါ ဘယ်လိုလုပ် ရောက်သွားတာလဲ လို့ တွေးနေမိတယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “လူတို့သည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုနှင့် ပျော်ရွှင်မှုကို စဉ်ဆက်မပြတ် ရှာဖွေလျှင်၊ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနှင့် သက်သာမှုကို စဉ်ဆက်မပြတ် လိုက်စားလျှင်၊ ဒုက္ခမခံလိုလျှင် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအနည်းငယ်၊ သူတစ်ပါးတို့ထက် အနည်းငယ်ပို၍ ဒုက္ခခံခြင်း၊ သို့မဟုတ် ပုံမှန်ထက် အနည်းငယ်ပို၍ အလုပ်ပိသည်ဟု ခံစားရခြင်းသည်ပင် ၎င်းတို့အား ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရစေလိမ့်မည်။ ဤသည်မှာ ဖိနှိပ်ချုပ်ချယ်မှုကို ဖြစ်စေသည့်အရာတစ်ခုဖြစ်သည်။ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအနည်းငယ်ကို အလွန်ဆိုးရွားသည်ဟု မသတ်မှတ်လျှင်၊ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို မလိုက်စားဘဲ ဘုရားသခင်အား ကျေနပ်စေရန်အတွက် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် သမ္မာတရားအား လိုက်စားပြီး ရှာဖွေလျှင် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခကို မကြာခဏ ခံစားရမည်မဟုတ်ပေ။ ၎င်းတို့သည် အနည်းငယ်အလုပ်ရှုပ်ခြင်း၊ ပင်ပန်းခြင်း၊ သို့မဟုတ် အားကုန်ခြင်းကို ရံဖန်ရံခါ ခံစားရလျှင်ပင် အိပ်ပျော်ပြီးနောက်တွင် နိုးထသောအခါ သက်သာလိမ့်မည်။ ထို့နောက် ၎င်းတို့၏ အလုပ်ကို ဆက်လက် လုပ်ဆောင်လိမ့်မည်။ ၎င်းတို့၏ အာရုံစိုက်မှုသည် ၎င်းတို့၏တာဝန်နှင့် အလုပ်အပေါ်တွင် ရှိလိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု အနည်းငယ်ကို သိသာထင်ရှားသော ပြဿနာတစ်ခုအဖြစ် သတ်မှတ်မည်မဟုတ်ပေ။ သို့ရာတွင် လူတို့၏ အတွေးထဲတွင် ပြဿနာတစ်ခုပေါ်လာပြီး ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို စဉ်ဆက်မပြတ် လိုက်စားသောအခါ ၎င်းတို့၏ ရုပ်ခန္ဓာက အနည်းငယ် နစ်နာခြင်း၊ သို့မဟုတ် စိတ်ကျေနပ်မှုကို ရှာမတွေ့နိုင်ခြင်းဖြစ်သည့် မည်သည့်အချိန်မဆိုတွင် ၎င်းတို့အတွင်း၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်အချို့ ဖြစ်ပေါ်လိမ့်မည်။ ဤသို့ဆိုလျှင် မိမိနှစ်သက်သလို အစဉ် လုပ်ဆောင်လိုပြီး မိမိ၏ ဇာတိပကတိကို အလိုလိုက်ကာ ဘဝကို ပျော်မွေ့လိုသော ဤသို့သောသူမျိုးသည် ကျေနပ်ခြင်း မရှိသည့်အခါတိုင်းတွင် ဤအပျက်သဘောဆောင်သော ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်အတွင်းတွင် အဘယ်ကြောင့် မကြာခဏ ပိတ်မိနေမည်နည်း။ (သက်သာခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပျော်မွေ့မှုကို လိုက်စားသောကြောင့်ဖြစ်သည်။) ဤသည်မှာ လူအချို့အတွက် မှန်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆပြီးတဲ့နောက်မှာတော့၊ မွန်းကျပ်မှုနဲ့ ဝေဒနာတွေကြားထဲမှာ ကျွန်မ အသက်ရှင်နေခဲ့ရတဲ့ အကြောင်းရင်းက ဒီအလုပ်က လုပ်ဖို့ ခက်ခဲနေလို့ မဟုတ်ဘူးဆိုတာကို နားလည်သွားတယ်။ အဓိက အကြောင်းရင်းက ကျွန်မရဲ့ အတွေးအမြင်တွေမှာ ပြဿနာရှိနေလို့ပဲ။ ကျွန်မ လိုက်စားနေခဲ့တာက သမ္မာတရားကို ရယူဖို့ မဟုတ်သလို၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့လည်း မဟုတ်ဘူး။ အဲဒီအစား ခန္ဓာကိုယ် သက်သာမှုကိုပဲ ကျွန်မ လိုက်စားနေခဲ့တာ။ စိုးရိမ်စရာတွေ ဘယ်လိုလျှော့ချမလဲ၊ ကိုယ့်အတွက် အမှုအရာတွေကို ဘယ်လို ပိုလွယ်ကူအောင် လုပ်မလဲဆိုတာကိုပဲ စဉ်းစားနေခဲ့တယ်။ အလုပ်ပမာဏများလာပြီး အထူးဂရုစိုက်ဖို့ လိုအပ်လာတဲ့အခါ၊ ပိုပြီး ဒုက္ခခံရမယ်၊ အဖိုးအခ ပိုပေးဆပ်ရမယ်ဆိုရင် ကျွန်မ ညည်းတွားပြီး အတိုက်အခံဖြစ်မိတယ်။ အလုပ်မှာ ပြဿနာတွေ၊ အခက်အခဲတွေ အများကြီး ကြုံရတဲ့အခါ အဲဒါတွေကို အရမ်း ဒုက္ခများလွန်းတယ်လို့ သဘောထားပြီး ကိစ္စတွေက ကိုယ့်အတွက် ဘယ်လောက်တောင် ခက်ခဲနေလဲဆိုတာကို ညည်းတွားခဲ့တယ်၊ ဒါမှမဟုတ် တခြား ညီအစ်ကို မောင်နှမတွေဆီ ကိုင်တွယ်ဖြေရှင်းဖို့ ထိုးပေးလိုက်တယ်။ ဒီပတ်ဝန်းကျင်ကနေ လွတ်မြောက်နိုင်အောင်လို့ ကျွန်မရဲ့ တာဝန်ကို ပိုလွယ်တဲ့အရာတစ်ခုနဲ့တောင် လဲချင်ခဲ့သေးတယ်။ ခေါင်းဆောင်တွေက အလုပ်ကို နောက်ဆက်တွဲ လိုက်ကြည့်တဲ့အခါ သူတို့က ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ယူမှုကို ကောင်းကောင်း ဖြည့်ဆည်းနေမှန်း ကျွန်မ ကောင်းကောင်း သိပေမဲ့ သူတို့က ကျွန်မကို အနီးကပ် ဖိအားပေးလာတဲ့အခါ၊ ကျွန်မရဲ့ ဇာတိပကတိ အကျိုးစီးပွားတွေကို ထိခိုက်လာတဲ့အခါ၊ အဆိုးခံနေရတယ်၊ အလုပ်ပိနေတယ်လို့ ခံစားလာရပြီး ဟိုဟာ ညည်း၊ ဒီဟာ ညည်းနဲ့ လုပ်တော့တာပဲ။ တကယ်တမ်းကျတော့ ဘုရားသခင် စီစဉ်ပေးထားတဲ့ ပတ်ဝန်းကျင်က မကောင်းဘူးလို့ ကျွန်မ ညည်းတွားနေခဲ့တာ။ ဒါက ဘုရားသခင်အပေါ် မကျေမနပ်ဖြစ်တာပဲ၊ ပြီးတော့ ဘုရားသခင်ကို အတိုက်အခံလုပ်ချင်စိတ် ဝင်တာပဲ။ ဒါက ဘုရားသခင်ကို ဆန့်ကျင်နေတာလေ။ ကျွန်မ တကယ်ကို ပုန်ကန်လွန်းအားကြီးခဲ့ပြီး ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးဆိုလို့ အရိပ်အယောင်တောင် မရှိခဲ့ဘူး။

နောက်ပိုင်းမှာ၊ သမ္မာတရားကို ဆက်ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ဖြစ်တယ်။ “လူတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်သောအခါ အခက်အခဲများကို အစဉ်သဖြင့် ညည်းညူကြပြီး အားထုတ်ရန် ဝန်လေးကြသည့်အပြင် အားလပ်ချိန် အနည်းငယ် ရသည်နှင့် တစ်ပြိုင်နက် အနားယူခြင်း၊ အကျိုးမဲ့ စကားစမြည် ပြောဆိုခြင်း၊ သို့မဟုတ် အပန်းဖြေ ပျော်ပါးခြင်းတို့ကို ပြုလုပ်ကြသည်။ ပြီးလျှင် အလုပ်များလာပြီး ၎င်းတို့ဘဝများ၏ ပုံမှန်လှုပ်ရှားမှုနှင့် လုပ်ရိုးလုပ်စဉ်တို့ ပျက်သည့်အခါ ၎င်းတို့က ယင်းနှင့်ပတ်သက်၍ မပျော်မရွှင်ဖြစ်ပြီး ကျေနပ်မှုမရှိကြပေ။ ၎င်းတို့က ညည်းညူပြီး စောဒကတက်ကြကာ မိမိတို့၏တာဝန် ထမ်းဆောင်ခြင်းတွင် ဝတ်ကျေတမ်းကျေ ဖြစ်လာသည်။ ဤသည်မှာ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်ခြင်းကို တပ်မက်ခြင်း မဟုတ်သလော။...အသင်းတော်၏ အလုပ်သည် မည်မျှပင် များပြားစေကာမူ သို့မဟုတ် ၎င်းတို့၏ တာဝန်များ မည်မျှပင် များပြားစေကာမူ ၎င်းတို့၏ နေ့စဉ်ဘဝ အမူအကျင့်နှင့် သာမန်အနေအထားသည် မည်သည့်အခါမျှ ပျက်ပြားသွားခြင်း မရှိပေ။ ၎င်းတို့၏ ဇာတိပကတိဆိုင်ရာ ဘဝများ၏ အသေးအဖွဲကိစ္စတစ်ခုခုနှင့်ပတ်သက်လာသောအခါ ၎င်းတို့သည် လုံးဝ မပေါ့ဆကြဘဲ ဤအရာများကို ပြီးပြည့်စုံအောင် စီစဉ်ကြပြီး ဤကိစ္စနှင့်ပတ်သက်၍ အလွန် တင်းကျပ်၍ အလေးအနက်ထားကြသည်။ သို့ရာတွင် ဘုရားသခင်၏ အိမ်တော်အလုပ်နှင့်ပတ်သက်လာသောအခါ ကိစ္စသည် မည်မျှပင် ကြီးမားစေကာမူ၊ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးနှင့်ပင် သက်ဆိုင်နေစေကာမူ ၎င်းတို့သည် ယင်းကို ပေါ့ပေါ့ဆဆသာ ကိုင်တွယ်ဖြေရှင်းကြသည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ပါဝင်သော ထိုအရာများကိုပင်၊ သို့မဟုတ် ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်ကိုပင် ဂရုမစိုက်ပေ။ ၎င်းတို့သည် လုံးဝ တာဝန်ယူခြင်းမရှိပေ။ ဤသည်မှာ ဇာတိပကတိ သက်သာမှုများကို မွေ့လျော်ခံစားခြင်း မဟုတ်လော။ ဇာတိပကတိ သက်သာမှုကို မွေ့လျော်ခံစားသော လူများသည် တာဝန်တစ်ခု ထမ်းဆောင်ဖို့အတွက် သင့်တော်သည့် လူများ ဖြစ်သလော။ လူတစ်ဦးက မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာကို ထုတ်ပြောလျှင်ပြောချင်း သို့မဟုတ် အဖိုးအခပေးခြင်းနှင့် ဒုက္ခခံခြင်းအကြောင်း ပြောလျှင်ပြောချင်း ၎င်းတို့သည် မိမိတို့၏ခေါင်းများကို မပြတ်ခါကြပေသည်။ ၎င်းတို့၌ အခက်အခဲများစွာ ရှိသည်၊ ၎င်းတို့သည် စောဒကအပြည့်ရှိကြပြီး အပျက်သဘောဆောင်ခြင်းနှင့် ပြည့်နေကြသည်။ ထိုသို့သော လူများသည် အသုံးမကျပေ၊ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီသဖြင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာတော့ သက်သာမှုကို တပ်မက်ခြင်းနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ တာဝန်မဲ့ခြင်းဆိုတဲ့ ဒီပြဿနာဟာ သဘာဝအားဖြင့် အရမ်းကို ပြင်းထန်တယ်ဆိုတာကို နောက်ဆုံးမှာ ကျွန်မ သဘောပေါက်သွားတယ်။ သက်သာမှုကို အမြဲတမ်း တပ်မက်တဲ့လူတွေဟာ သူတို့ရဲ့ တာဝန်ကို ကလိမ်ကကျစ်ကျပြီး ကောက်ကျစ်တဲ့နည်းလမ်းနဲ့ ထမ်းဆောင်ကြတယ်၊ လွယ်တဲ့အပိုင်းတွေကို ရွေးပြီး ခက်တဲ့အပိုင်းတွေကို ကြောက်ကြတယ်၊ ပြီးတော့ ဒုက္ခမခံချင်ကြသလို အဖိုးအခလည်း မပေးဆပ်ချင်ကြဘူး။ အခက်အခဲတွေကို မြင်တာနဲ့ ထွက်ပြေးကြပြီး၊ ကြီးမားတဲ့ အခက်အခဲ ဒါမှမဟုတ် ပြဿနာအများကြီး ပါဝင်တဲ့ အလုပ်တွေကို တခြားသူတွေဆီ ထိုးပေးဖို့ အကြောင်းပြချက်နဲ့ ဆင်ခြေမျိုးစုံကို ရှာတတ်ကြတယ်။ ဒီလိုလူမျိုးဟာ ယုံကြည်စိတ်ချရမှု မရှိသလို အလုပ်ကို တာဝန်ယူဖို့လည်း မသင့်တော်ဘူး။ ကျွန်မက ဒီလိုလူစားမျိုး အတိအကျကို ဖြစ်နေခဲ့တာ။ ကျွန်မအနေနဲ့ ရေလောင်းခြင်းအလုပ်ကို တာဝန်ယူရပြီး လူသစ်တွေကို ရေလောင်းပေးသင့်တယ်၊ သူတို့ မှန်တဲ့လမ်းခရီးမှာ အမြန်ဆုံး အမြစ်တွယ်နိုင်အောင် သူတို့ရဲ့ အယူအဆတွေနဲ့ ပြဿနာတွေကို အချိန်မီ ဖြေရှင်းပေးသင့်တယ်ဆိုတာကို ကောင်းကောင်းကြီး သိထားခဲ့တယ်။ ဒါက ကျွန်မတာဝန်ရဲ့ အခြေခံ လုပ်ဆောင်ရမယ့်အရာနဲ့ ကျွန်မ ကောင်းကောင်း ဖြည့်ဆည်းရမယ့် တာဝန်တွေပဲလေ။ ဒါပေမဲ့ လူသစ်တွေမှာ ပြဿနာတွေ အများကြီးရှိတယ်၊ ပြဿနာတွေကို ဖြေရှင်းရတာ အရမ်းဒုက္ခများလွန်းပြီး အရမ်းပင်ပန်းတယ်လို့ ကျွန်မ ညည်းနေခဲ့မိတယ်။ ဒါကြောင့် အယူအဆတွေ၊ အခက်အခဲတွေရှိတဲ့ လူသစ်တွေအားလုံးကို ရေလောင်းသူတွေဆီ ထိုးပေးဖို့ ဆင်ခြေတွေရှာပြီး သူတို့နဲ့ပတ်သက်လို့ လုံးဝ ဂရုမစိုက်တော့ဘဲ၊ အလုပ်ကို လက်ဖျားနဲ့တောင် မတို့တဲ့ သူဌေးလိုမျိုး နေခဲ့ပါတယ်။ ဒါကြောင့် လူသစ်တွေရဲ့ ပြဿနာတွေကို အချိန်မီ မဖြေရှင်းပေးနိုင်ခဲ့ဘဲ ရေလောင်းခြင်းအလုပ်ရဲ့ တိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့တယ်။ ရေလောင်းသူတွေက သူတို့အလုပ်မှာ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ကြုံတွေ့ရတဲ့အခါ၊ ဇာတိပကတိအပေါ်မှာပဲ သိသိသာသာ အာရုံစိုက်နေခဲ့ပြီး အဲဒါတွေကို ဖြေရှင်းဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ဒါတောင်မှ ကျွန်မက အစွမ်းအစ ညံ့ဖျင်းတယ်လို့ ဆင်ခြေပေးပြီး အရမ်း ကောက်ကျစ်ခဲ့မိတယ်၊ ဒါမှ အခက်အခဲတွေနဲ့ ပြဿနာတွေ အားလုံးကို ကျွန်မနဲ့ အတူအလုပ်လုပ်နေတဲ့ ညီအစ်မဆီ အကျိုးအကြောင်းခိုင်ခိုင်လုံလုံနဲ့ လွှဲချနိုင်မှာလေ။ ဇာတိပကတိကို အလေးထားပြီး ကိုယ်စိတ်ချမ်းသာမှုကို တပ်မက်နေခဲ့လို့၊ နောက်ပြီး တကယ့်အလုပ်ကို မလုပ်ခဲ့လို့၊ ရေလောင်းခြင်းအလုပ်ရဲ့ ရလဒ်တွေက မကောင်းခဲ့ဘူး။ ဒါတောင်မှ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်း မရှိခဲ့ဘူး၊ ခေါင်းဆောင်တွေက အလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်ပြီး ဘာတွေဖြစ်နေလဲဆိုတာကို သိသွားတဲ့အခါ၊ သူတို့ကိုတောင် အတိုက်အခံလုပ်ချင်စိတ် ခံစားရပြီး မကျေမနပ် ဖြစ်ခဲ့သေးတယ်။ ကျွန်မမှာ ဆင်ခြင်တုံတရား လုံးဝကို ကင်းမဲ့နေခဲ့တာပဲ။ ဒီလို အခြေအနေ၊ ဒီလို အပြုအမူမျိုးနဲ့၊ ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်ဖို့ ကျွန်မ ဘယ်လိုလုပ် ထိုက်တန်မှာလဲ။ ကျွန်မက ကိုယ့်တာဝန်ကို ထမ်းဆောင်နေခဲ့တာမှ မဟုတ်တာ၊ ဒုစရိုက်အမှု ပြုနေခဲ့တာလေ။ ရင်ထဲမှာ စိတ်မကောင်းဖြစ်ပြီး နောင်တရမိတယ်၊ ပြီးတော့ ဒီကပ်ရောဂါ ကူးစက်ခံရတာက ဘုရားသခင် ခွင့်ပြုထားလို့ပဲဆိုတာကို တွေးမိတယ်။ ကိုယ့်ပြဿနာတွေကို ဆက်ပြီး ဆင်ခြင်သုံးသပ်ဖို့နဲ့သိလာဖို့ ဦးဆောင်ပေးနိုင်ဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။

သိပ်မကြာခင်မှာပဲ စုဝေးပွဲတစ်ခုမှာ ကျွန်မရဲ့ အခြေအနေအကြောင်းကို လူတိုင်းကို ပွင့်ပွင့်လင်းလင်း ပြောပြဖြစ်ခဲ့တယ်။ ခေါင်းဆောင်က ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြတယ်၊ အဲဒီနှုတ်ကပတ်တော်ကြောင့် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ပတ်သက်ပြီး နားလည်မှုတချို့ ရခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အယောင်ဆောင် ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြသော်လည်း အရာရှိတစ်ဦးကဲ့သို့ မည်သို့ပြုမူရမည်ကို သိကြသည်။ ၎င်းတို့ ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ပထမဆုံးလုပ်ဆောင်သည့်အရာမှာ အဘယ်နည်း။ ယင်းမှာ လူတို့၏ မျက်နှာသာပေးခြင်းကို ဝယ်ယူခြင်း ဖြစ်သည်။ ၎င်းတို့သည် ‘အရာရှိသစ်များက အထင်ကြီးအောင်လုပ်ဖို့ စိတ်ထက်သန်ကြသည်’ ဟူသော လုပ်နည်းကိုင်နည်းကို ခံယူကြသည်။ ပထမဦးဆုံးအနေဖြင့် ၎င်းတို့သည် လူတို့ကို မျက်နှာလိုမျက်နှာရ လုပ်ရန် အမှုအရာအနည်းငယ်ကို လုပ်ဆောင်ပြီး လူတိုင်း၏ နေ့စဉ် လူမှုဖူလုံရေးကို တိုးတက်စေသည့် အမှုအရာအနည်းငယ်ကို ကိုင်တွယ်ဖြေရှင်းပေးသည်။ ၎င်းတို့သည် လူတိုင်းက ၎င်းတို့ကို ချီးမွမ်းကာ ‘ဤခေါင်းဆောင်သည် ကျွန်ုပ်တို့အပေါ် မိဘသဖွယ် ပြုမူသည်’ ဟု ပြောဆိုရန်အလို့ငှာ လူတို့က ၎င်းတို့အား အကောင်းမြင်စေရန်၊ ၎င်းတို့က လူအများနှင့် တစ်သားတည်းဖြစ်ကြောင်း လူတိုင်းကို ပြသရန် ပထမဆုံး ကြိုးစားကြသည်။ ထို့နောက် ၎င်းတို့သည် တရားဝင် တာဝန်ယူကြသည်။ ၎င်းတို့တွင် အများထောက်ခံမှုရှိပြီး ၎င်းတို့၏ ရာထူးက လုံခြုံသွားပြီဖြစ်ကြောင်း ၎င်းတို့ ခံစားကြရသည်။ ထို့နောက် ၎င်းတို့သည် ၎င်းတို့၏ ထိုက်တန်သောအခွင့်အရေးများ ဖြစ်သည့်အလား အဆင့်အတန်း၏ အကျိုးအမြတ်များကို စတင် မွေ့လျော်ခံစားကြသည်။ ၎င်းတို့၏ ဆောင်ပုဒ်များမှာ ‘ဘဝဆိုသည်မှာ ကောင်းကောင်းစားပြီး ကောင်းကောင်းဝတ်ဖို့သာ ဖြစ်သည်၊’ ‘ဘဝသည် တိုတောင်းသည်၊ ထို့ကြောင့် သင်တတ်နိုင်သမျှ ကာလပတ်လုံး ပျော်မွေ့လော့၊’ ဟူသည်နှင့် ‘ယနေ့အတွက်သာ ပျော်ပါး၍ မနက်ဖြန်အတွက် မနက်ဖြန်မှ ပူပန်ပါ’ ဟူသည်တို့ ဖြစ်ကြသည်။ ၎င်းတို့သည် နေ့ရက်တိုင်းကို ဖြစ်လာသည့်အတိုင်း ပျော်မွေ့ကြသည်။ ပျော်နိုင်တုန်း ပျော်ပါးကြပြီး ခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သည့်တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်၊ မည်သည့်တာဝန်များကို ထမ်းဆောင်သင့်သည်ဟူသည်တို့ကို ထည့်သွင်းစဉ်းစားရန် မဆိုထားနှင့်၊ အနာဂတ်ကို မတွေးကြပေ။ ၎င်းတို့သည် လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခုအတိုင်း အနည်းငယ်သော စကားလုံးများနှင့် အယူဝါဒများကို တရားဟောပြီး ဟန်ပြအတွက် အလုပ်အနည်းငယ်ကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အသင်းတော်ရှိ လက်တွေ့ကျသော ပြဿနာများကို ဖော်ထုတ်ခြင်းမရှိဘဲ လုံးဝ ဖြေရှင်းနေခြင်း မရှိပေ။ သို့ဖြစ်၍ ထိုသို့သော အပေါ်ယံ အလုပ်တာဝန်များကို လုပ်ဆောင်ခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ဤသည်မှာ လှည့်စားခြင်း မဟုတ်လော။ ဤသို့သော အယောင်ဆောင် ခေါင်းဆောင်မျိုးကို အရေးကြီးသော တာဝန်များ ပေးအပ်၍ရနိုင်သလော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤလူတို့သည် မည်သည့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ မရှိ၊ ၎င်းတို့သည် တာဝန်သိစိတ် လုံးဝ ကင်းမဲ့ကြပြီး သို့တိုင်အောင် အသင်းတော်၌ အရာရှိရာထူးတစ်ခုကို စွဲကိုင်ရန်၊ ခေါင်းဆောင်တစ်ဦးဖြစ်ရန် ဆန္ဒရှိနေကြသေးသည်။ ၎င်းတို့သည် အဘယ်ကြောင့် အလွန်အရှက်မဲ့ကြသနည်း။ တာဝန်သိစိတ်ရှိသော အချို့လူများအတွက်မူ ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းပါက ခေါင်းဆောင်များ မဖြစ်နိုင်ကြပေ။ တာဝန်သိစိတ် လုံးဝမရှိသော အသုံးမကျသူများအကြောင်းကိုမူ ပြောစရာမလိုတော့ပေ၊ ၎င်းတို့သည် ခေါင်းဆောင်များဖြစ်ရန် သာ၍ပင် အရည်အချင်းမပြည့်မီကြပေ။ ထိုသို့သော အစားကြီးပြီး ပျင်းရိသော အယောင်ဆောင် ခေါင်းဆောင်များသည် မည်မျှ ပျင်းရိကြသနည်း။ ၎င်းတို့သည် ပြဿနာတစ်ခုကို တွေ့ရှိပြီး ဤသည်မှာ ပြဿနာတစ်ခုဖြစ်ကြောင်းကို သိရှိနေသည့်အခါ၌ပင် အလေးအနက် မထားသည့်အပြင် ဂရုမစိုက်ကြပေ။ ၎င်းတို့ အလွန် တာဝန်မဲ့ကြသည်တကား။ ၎င်းတို့သည် စကားပြောကောင်းသောသူများ ဖြစ်ပြီး အစွမ်းအစ အနည်းငယ်ရှိပုံရသော်လည်း အလုပ်များ ရပ်တန့်သွားသည်အထိ ဖြစ်စေလျက် အသင်းတော်အလုပ်တွင်ရှိသည့် အမျိုးမျိုးသော ပြဿနာများကို ၎င်းတို့ မဖြေရှင်းနိုင်ကြပေ။ ပြဿနာများ ဆက်လက်၍ စုပုံလာသော်လည်း ဤခေါင်းဆောင်များသည် ယင်းတို့ကို လျစ်လျူရှု၍ လုပ်ရိုးလုပ်စဉ်အတိုင်း အပေါ်ယံ အလုပ်တာဝန်အနည်းငယ်ကို မရမက လုပ်ဆောင်ကြသည်။ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်အလုပ်ကို ကမောက်ကမဖြစ်စေကြသည် မဟုတ်လော၊ ၎င်းတို့သည် အလုပ်ကို ကိုးရိုးကားယားပြုလုပ်မိကြသည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော်၌ ပရမ်းပတာဖြစ်ခြင်းနှင့် စည်းလုံးညီညွတ်မှုမရှိခြင်းကို ဖြစ်ပေါ်စေသည် မဟုတ်လော။ ဤသည်မှာ ရှောင်လွှဲ၍မရသော ရလဒ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဘုရားသခင်က ကျွန်မကို ဖော်ထုတ်နေချိန်မှာ ကိုယ်တော်နဲ့ မျက်နှာချင်းဆိုင် ရပ်နေရသလို ခံစားရတယ်။ ကျွန်မဟာ ဘုရားသခင် ဖော်ထုတ်ထားတဲ့ ပျင်းရိတဲ့ လူစားမျိုးပါပဲ။ သက်သာမှုကို တပ်မက်နေတာနဲ့ပဲ၊ ကျွန်မမြင်တွေ့ခဲ့ရတဲ့ ပြဿနာတွေကို မဖြေရှင်းခဲ့သလို၊ တကယ့်အလုပ်ကိုလည်း လုံးဝ မလုပ်ခဲ့ဘူး။ ဒီကာလလေးကို ပြန်တွေးကြည့်ရင်၊ လူသစ်တွေရဲ့ အယူအဆတွေနဲ့ ပြဿနာတွေ အားလုံးကို ကျွန်မ သိခဲ့တယ်၊ ရေလောင်းသူတွေရဲ့ အခက်အခဲတွေနဲ့ အခြေအနေတွေကိုလည်း မြင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းဖို့ သမ္မာတရားကို ဘယ်လိုရှာဖွေရမလဲဆိုတာကို ကျွန်မ မစဉ်းစားခဲ့ဘူး။ အဲဒီအစား၊ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လုပ်ခဲ့တယ်၊ ဝတ်ကျေတမ်းကျေနဲ့ ခဏလောက်ပဲ မိတ်သဟာယဖွဲ့ပြီး ကိုယ့်အတွက် သက်သာအောင်ပဲ ကြိုးစားခဲ့တယ်။ လူတွေကို လှည့်ဖြားဖို့ အယူဝါဒတချို့ကို ရွတ်ပြပြီး အဲဒီအတိုင်း ထားထားလိုက်တယ်။ တစ်ခါတလေဆိုရင် ပြဿနာတွေကို ကိုယ့်တွဲဖက်ဆီ ဒါမှမဟုတ် ရေလောင်းသူတွေဆီ တိုက်ရိုက်ထိုးပေးပြီး သူတို့ကို ဖြေရှင်းခိုင်းလိုက်သေးတယ်။ လွယ်တဲ့အလုပ်တွေကိုပဲ ရွေးပြီး ပင်ပန်းတာတွေကို ချန်ထားခဲ့တယ်၊ အခြေအနေတိုင်းမှာ ဇာတိပကတိကိုပဲ အလေးထားခဲ့တယ်။ လူသစ်တွေကို ရေလောင်းတာက အရမ်းအရေးကြီးမှန်း ကျွန်မ ကောင်းကောင်း သိခဲ့တယ်၊ ဘာလို့လဲဆိုတော့ ဒါက ယုံကြည်သူအသစ်တွေ မှန်တဲ့ လမ်းခရီးမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခြင်း ရှိမရှိအပေါ် သက်ရောက်မှု ရှိလို့ပါပဲ။ ဒါပေမဲ့ ကျွန်မ အဖိုးအခ မပေးဆပ်ချင်ခဲ့ဘူး၊ ကျွန်မမြင်တဲ့ ပြဿနာတွေကိုလည်း မဖြေရှင်းခဲ့ဘူး။ ပြဿနာတွေကနေ ထွက်ပြေးပြီး ကျွန်မရဲ့ တာဝန်တွေကို ခေါင်းရှောင်ခဲ့တယ်၊ အလုပ်မှာ ဆုံးရှုံးမှုတွေ ဖြစ်နေတာကို ရှင်းရှင်းလင်းလင်း မြင်နေရပေမဲ့လည်း လုံးဝ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မ တကယ်ကို အသိစိတ် ကင်းမဲ့ပြီး အရမ်းတာဝန်မဲ့လွန်းခဲ့တာပဲ။ ဒီလိုဖြစ်နေတာတောင်မှ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်း မရှိခဲ့ဘဲ၊ ဒီအလုပ်ကို တာဝန်ယူရတာ အချိန်တိုလေးပဲ ရှိသေးလို့ ခေါင်းဆောင်တွေက ကျွန်မအခက်အခဲတွေကို နားလည်ပေးသင့်ပြီး ကျွန်မဆီကနေ အရမ်းကြီး မတောင်းဆိုသင့်ဘူးလို့ တွေးနေခဲ့သေးတယ်။ ကျွန်မမှာ ဆင်ခြင်တုံတရား လုံးဝကို ကင်းမဲ့နေခဲ့တာပဲ။ “ယနေ့ လုပ်စရာရှိတာ လုပ်၊ မနက်ဖြန်ကို မနက်ဖြန်ရောက်မှ တွေးပူပါ။” နဲ့ “နေ့ရက်တိုင်းကို ဝတ်ကျေတမ်းကျေ ဖြတ်သန်းပါ” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေကို အားကိုးပြီး ကျွန်မ အသက်ရှင်နေခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ၊ ကိုယ့်ရဲ့ တကယ့်အလုပ်ကို အာရုံမစိုက်ခဲ့ဘူး။ မသက်ဆိုင်တဲ့၊ အရေးမပါတဲ့ အရာတချို့ကိုပဲ လုပ်ပြီး နေ့ရက်တွေကို ဖြစ်သလို ဖြတ်သန်းခဲ့တယ်။ အပေါ်ယံကြည့်ရင်တော့ နေ့တိုင်း အားနေပုံမပေါ်ပေမဲ့၊ တကယ်တမ်းကျတော့ တကယ့်အလုပ်ကို လုံးဝ မလုပ်ခဲ့သလို၊ ဖြည့်ဆည်းသင့်တဲ့ တာဝန်တွေကိုလည်း ကောင်းကောင်း မဖြည့်ဆည်းခဲ့ဘူး။ တကယ့်အလုပ်ကို အာရုံမစိုက်တဲ့ လူဖျင်း၊ လူပျင်းယောက်ရဲ့ အပြုအမူနဲ့ ကျွန်မရဲ့ အပြုအမူက ဘာများ ကွာခြားနေလို့လဲ။ အရင်တုန်းကဆို အဲဒီလိုလူတွေကို ကျွန်မ အထင်သေးခဲ့တာ၊ သူတို့နဲ့ တစ်တန်းစားတည်း ဖြစ်နေမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ရွံမိတယ်၊ ကျွန်မလို တည်ကြည်မှု ကင်းမဲ့ပြီး လုံးဝ ယုံကြည်စိတ်ချလို့ မရတဲ့သူတစ်ယောက်က တာဝန်တွေ ထမ်းဆောင်ဖို့ တကယ်ကို မထိုက်တန်ပါဘူး။ ကျွန်မက ခေါင်းဆောင်တုတွေနဲ့ အမှုဆောင်တုတွေရဲ့ လမ်းကြောင်းပေါ် လျှောက်နေခဲ့တာ။ အခုတော့ ဖျားနာမှုတွေ ကျရောက်လာတော့မှ၊ တာဝန်တွေ လုပ်ချင်ရင်တောင် လုပ်ဖို့ ဘာခွန်အားမရှိတော့ဘူး။ ကျန်းမာရေးကောင်းတုန်းက အချိန်တွေကို ဖြုန်းတီးပစ်ခဲ့မိလို့ အရမ်းကို နောင်တရမိတယ်။ ဒီရောဂါကို မကုသနိုင်ဘဲ ကျွန်မ သေသွားခဲ့ရင်၊ ဒီဘဝမှာ ထာဝရ နောင်တတစ်ခု ကျန်ခဲ့တော့မှာပဲ။ တွေးမိလေလေ၊ ပိုပြီး စိတ်ဆင်းရဲလာလေလေပဲ။ ဘုရားသခင်ရဲ့ စွန့်ပစ်တာကို ခံလိုက်ရပြီလို့ အမြဲ ခံစားနေရပြီး၊ သမ္မာတရားကို မလိုက်စားဘဲ ဒါမှမဟုတ် ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်ဘဲ ဆက်သွားနေရင်၊ သေချာပေါက် ဖယ်ရှားရှင်းလင်းခံရမယ်ဆိုတာကို သဘောပေါက်လိုက်တယ်။

တစ်နေ့တော့ ဝိညဉ်ရေးရာဝတ်ပြုချိန်မှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ရတယ်၊ “လူအချို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတွင် မည်သည့်ဆင်းရဲဒုက္ခကိုမျှ ခါးစည်းခံရန် လိုလားခြင်းမရှိဘဲ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံတွေ့ရသည့်အခါတိုင်းတွင် ယင်းမှာ အလွန်ခက်ခဲကြောင်း ညည်းညူကြပြီး အဖိုးအခပေးရန် ငြင်းဆန်ကြသည်။ ယင်းမှာ အဘယ် သဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ဝတ်ကျေတမ်းကျေဖြစ်သော သဘောထားမျိုးဖြစ်သည်။ သင်သည် မိမိ၏တာဝန်ကို ဝတ်ကျေတမ်းကျေဖြစ်စွာ ထမ်းဆောင်ပြီး မထီမဲ့မြင် သဘောထားဖြင့် ချဉ်းကပ်လျှင် ရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သင် ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်းရှိသည့် တာဝန်တစ်ခုတွင်ပင် သင်သည် ကောင်းမွန်စွာ လုပ်ဆောင်ရန် ပျက်ကွက်လိမ့်မည်၊ သင်၏ တာဝန်ထမ်းဆောင်မှုသည် စံနှုန်းပြည့်မီလိမ့်မည် မဟုတ်သကဲ့သို့ မိမိတာဝန်အပေါ် ထားရှိသည့် သင်၏ သဘောထားကို ဘုရားသခင် အလွန်ပင် ကျေနပ်အားရမှု မရှိဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းနိုင်ပါက၊ သမ္မာတရားကို ရှာဖွေနိုင်ပြီး သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှကို ယင်းထဲသို့ နှစ်ထားနိုင်ပါက၊ သင်သည် ဤနည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါက၊ သို့ဆိုလျှင် သင် ကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ အရာရာတိုင်းသည် နေရာတကျဖြစ်ပြီး ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာစေရန် ဘုရားသခင်သည် သင့်အတွက် အရာအားလုံးကို ကြိုတင် ပြင်ဆင်ပေးလိမ့်မည် ဖြစ်သည်။ သင်သည် ကြီးမားသော ခွန်အားပမာဏကို အားသွန်ခွန်စိုက်လုပ်ရန် လိုအပ်မည် မဟုတ်ပေ၊ သင်သည် ပူးပေါင်းဆောင်ရွက်ရန် အစွမ်းကုန် လုပ်ဆောင်သည့်အခါ ဘုရားသခင်သည် သင့်အတွက် အရာအားလုံးကို စီစဉ်ပေးလေသည်။ သင်သည် စဉ်းလဲပြီး အချောင်ခိုပါက၊ သင်၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ အာရုံစိုက် ထမ်းဆောင်ခြင်း မရှိဘဲ အစဉ်သဖြင့် လမ်းလွဲပါက ဘုရားသခင်သည် သင့်ထဲ၌ အလုပ်လုပ်လိမ့်မည် မဟုတ်ချေ။ သင်သည် ဤအခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ‘သင့်အား အသုံးပြုရန် မဖြစ်နိုင်ပေ။ ဘေးထွက်ရပ်လော့။ သင်သည် ဉာဏ်များပြီး အချောင်ခိုရသည်ကို နှစ်သက်သည် မဟုတ်လော။ ပျင်းရိခြင်းနှင့် ကိုယ်စိတ်ချမ်းသာမှုတွင် ပျော်မွေ့ရခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ ကဲ ထိုသို့ဆိုလျှင် ကိုယ်စိတ်ချမ်းသာမှုတွင် အစဉ်ထာဝရ ပျော်မွေ့လော့’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို အခြားသူတစ်ဦးအား ပေးလိမ့်မည်။ သင်တို့ မည်သို့သဘောရသနည်း။ ဤသည်မှာ ဆုံးရှုံးမှုတစ်ခုလော၊ သို့မဟုတ် အကျိုးအမြတ်တစ်ခုလော။ (ဆုံးရှုံးမှုတစ်ခု ဖြစ်ပါသည်။) ယင်းမှာ ဧရာမ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး)ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သင် မည်သို့ သဘောထားပြုမူသင့်သည်မှာ အလွန်အရေးကြီးပေသည်။ ဤသည်မှာ အလွန်ကြီးလေးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်ကို အပ်နှံသည့်အရာကို သင် မပြီးမြောက်နိုင်ပါက သင်သည် ကိုယ်တော်၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မထိုက်တန်သည့်အပြင် သင့်အား အပြစ်ဒဏ်ပေးခြင်းကို လက်ခံသင့်သည်။ လူသားများက ဘုရားသခင် ၎င်းတို့အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပေသည်။ ဤသည်မှာ လူ၏ အမြင့်ဆုံးသော တာဝန်ဖြစ်ပြီး သူ၏ အသက်နှင့်ပင် ထပ်တူအရေးကြီးသည်။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို ပေါ့ပေါ့တန်တန် သဘောထားပါက ဤသည်မှာ ဘုရားသခင်ကို အဆိုးရွားဆုံး သစ္စာဖောက်ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် သင်သည် ယုဒထက် ပို၍ ကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ခြင်းခံရထိုက်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားနှုတ်ကပတ်တော်တွေကနေ ဘုရားသခင်ရဲ့ ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားလို့မရတဲ့ စိတ်သဘောထားကို ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မတို့ရဲ့ တာဝန်ဆိုတာ ဘုရားသခင်ဆီကလာတဲ့ တာဝန်ပေးစေခိုင်းချက်တစ်ခုဖြစ်ပြီး၊ လုံးဝ ငြင်းဆန်လို့မရတဲ့ တာဝန်တစ်ခုဖြစ်တယ်ဆိုတာကို နားလည်သွားတယ်။ တာဝန်ကို အလေးမထားဘဲ တာဝန်မဲ့ သဘောထားတာဟာ ဘုရားသခင်ကို သစ္စာဖောက်တာပဲ။ ဒါဟာ ပြင်းထန်တဲ့ ပြစ်မှားခြင်းတစ်ခုဖြစ်ပြီး ဒီလိုလူမျိုးဟာ ကျိန်ဆဲခံရသင့်တယ်။ ကိုယ့်ဇာတိပကတိရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကို မစဉ်းစားဘဲ ကိုယ့်တာဝန်ကို အလေးအနက်ထားပြီး တာဝန်ယူမှုရှိရှိ လုပ်ဆောင်တဲ့သူတွေသာ ဘုရားသခင်ရဲ့ အလုပ်နဲ့ လမ်းပြမှုကို ရရှိနိုင်တယ်။ သူတို့တာဝန်ကို ထမ်းဆောင်တဲ့ လုပ်ငန်းစဉ်တစ်လျှောက်မှာ သမ္မာတရားကို တဖြည်းဖြည်း နားလည်ပြီး ရရှိသလို၊ အမှုအရာတွေကို စည်းမျဉ်းနဲ့အညီ လုပ်ဆောင်လာကြတယ်။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို မချစ်ခဲ့ဘူး။ ကိုယ်သက်သာဖို့ကိုပဲ ကြိုက်နှစ်သက်ခဲ့တယ်။ ကျွန်မရဲ့ အခြေခံတာဝန်တွေဖြစ်မှန်း ရှင်းရှင်းလင်းလင်း သိနေတာတွေကိုတောင် မလုပ်ခဲ့သလို၊ တစ်ခါတလေ နည်းနည်းပါးပါး လုပ်ဖြစ်ရင်တောင်မှ ဝတ်ကျေတမ်းကျေနဲ့ ဟန်ပြလောက်ပဲ လုပ်ခဲ့တယ်။ ဘုရားသခင်ကိုရော ညီအစ်ကို မောင်နှမတွေကိုပါ လှည့်စားဖို့ ဟန်ပြအလုပ်လေး နည်းနည်းပဲ လုပ်ခဲ့တာ။ ကျွန်မ တကယ်ကို အရမ်း လှည့်ဖြားတတ်ခဲ့တာပဲ။ ဘုရားသခင်ဟာ လူတွေရဲ့ အနက်ရှိုင်းဆုံး စိတ်နှလုံးတွေကို စိစစ်တယ်။ ကျွန်မ လုပ်တဲ့ လုပ်ရပ်တိုင်းနဲ့၊ ကျွန်မရဲ့ အတွေးတွေ၊ အကြံအစည်တိုင်းကို ကိုယ်တော် စိစစ်တယ်။ ကိုယ်သက်သာရာရဖို့ကို တပ်မက်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့၊ လှည့်ဖြားတတ်တဲ့ ကျွန်မလို လူမျိုးဟာ လုံးဝ ယုံကြည်စိတ်ချလို့ မရသလို ဘုရားသခင်ရဲ့စက်ဆုပ်ရွံရှာမှုနဲ့ အမုန်းတရားကိုပဲ ရလိုက်တယ်။ ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်း မရှိခဲ့သေးဘူး။ ခေါင်းဆောင်တွေက သတိပေးပေမဲ့လည်း ဇာတိပကတိကိုပဲ အလေးထားနေသေးတာမို့ ကျွန်မရဲ့ တာဝန်တွေ ထမ်းဆောင်ရာမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို မရရှိနိုင်တော့ဘဲ ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘူး။ ဒါဟာ လူသစ်တွေရဲ့ အခက်အခဲတွေကို အချိန်မီ မဖြေရှင်းပေးနိုင်ဘူး ဆိုတဲ့အဓိပ္ပာယ်ပဲလေ။ ကျွန်မရဲ့ တာဝန်တွေမှာ ပြစ်မှားခြင်းတွေ ကျူးလွန်ခဲ့တယ်။ အခု ဒီကပ်ရောဂါ ကူးစက်ခံရတာက ဘုရားသခင်ရဲ့ ဆုံးမခြင်း ကျွန်မဆီ ကျရောက်လာတာပဲ။ ဒါဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ထုတ်ဖော်လိုက်တာလည်း ဖြစ်တယ်။ ဒီအတိုင်း နောင်တမရဘဲ ဆက်သွားနေရင်၊ အသင်းတော်က ကျွန်မကို ရှင်းလင်းမပစ်ဘူးဆိုရင်တောင်၊ ဘုရားသခင်က အရာအားလုံးကို စိစစ်နေတာဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း ကျွန်မအပေါ် အလုပ်လုပ်မှာ မဟုတ်တော့ဘူး။ အနှေးနဲ့အမြန်ဆိုသလိုပဲ ကျွန်မ ဖယ်ရှားရှင်းလင်းခံရမှာပဲ။ သမ္မာကျမ်းစာထဲမှာ ပြောထားသလိုမျိုးပေါ့။ “လူမိုက်တို့သည် ကြွယ်ဝမှုကြောင့် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။” (သုတ္တံကျမ်း ၁:၃၂) အနန္တတန်ခိုးရှင် ဘုရားသခင်ကလည်း အခုလို မိန့်ဆိုထားပါတယ်၊ “ယနေ့ သင် မွေ့လျော်နေသော အရာသည် သင်၏အနာဂတ်ကို ဖျက်ဆီးမည့်အရာ...ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်) ဒါကို နားလည်သွားတဲ့အခါ နောင်တတွေနဲ့ ပြည့်နှက်သွားပြီး၊ ကိုယ့်ကိုယ်ကိုယ်လည်း လုံးဝကို မုန်းတီးသွားတယ်။ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်၊ “ချစ်ရပါသော ဘုရားသခင်၊ သမီး အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်လွန်းပါတယ်။ သမီးရဲ့ တာဝန်တွေ ထမ်းဆောင်တဲ့အခါ၊ ဝတ်ကျေတမ်းကျေ လုပ်ပြီး ဇာတိပကတိကိုပဲ အလေးထားခဲ့ပါတယ်။ ဒါက အသင်းတော်ရဲ့ အလုပ်ကို ထိခိုက်စေခဲ့ပါတယ်။ ချစ်ရပါသော ဘုရားသခင်၊ သမီး နောင်တရဖို့ လိုလားနေပါတယ်။ သမီးရဲ့ ဒီအခြေအနေကို ပြောင်းလဲနိုင်ဖို့ သမီးကို လမ်းပြပေးတော်မူပါ” လို့ပေါ့။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လူတစ်ယောက်ဘဝ၏ တန်ဖိုးမှာ အဘယ်နည်း။ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းကဲ့သို့သော ဇာတိပကတိ သာယာမှုများ၌ မွေ့လျော်ဖို့အတွက်သာ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ကျေးဇူးပြုပြီး သင်တို့၏ အတွေးများကို ဝေမျှလော့။ (ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် လူတစ်ယောက်က သူ၏ ဘဝတွင် စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။) ဤသည်မှာ မှန်သည်။...တစ်ချက်တွင် ယင်းသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းဖြစ်သည်။ အခြားတစ်ချက်တွင် သင်၏ အရည်အချင်းနှင့် လုပ်ဆောင်နိုင်စွမ်းအတွင်း ရှိသော အရာမှန်သမျှကို သင်တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ခြင်း၊ အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်က သင့်ကို အပြစ်မတင်သော၊ သင်၏ ကိုယ်ပိုင်အသိတရားဖြင့် ငြိမ်းချမ်းစွာနေနိုင်ပြီး သူတစ်ပါးတို့၏ အမြင်တွင် လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု သက်သေပြသောနေရာသို့ ရောက်ရှိခြင်းဖြစ်သည်။ နောက်တစ်ဆင့် တက်လျှင် သင်၏ ဘဝတစ်လျှောက်တွင် သင်မွေးဖွားသည့် မိသားစု၊ သင်၏ ပညာရေးနောက်ခံ၊ သို့မဟုတ် သင်၏ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ ဘဝတွင် လူတို့ နားလည်သဘောပေါက်သင့်သည့် သဘောတရားများကို သင် နားလည်မှုအချို့ ရှိရမည်။ ဥပမာ မည်သို့သော လမ်းကြောင်းမျိုးကို လူတို့ လျှောက်သင့်သည်၊ မည်သို့ အသက်ရှင်သင့်သည်၊ အဓိပ္ပာယ်ရှိသောဘဝကို မည်သို့ အသက်ရှင်သင့်သည်ဆိုသည်တို့ဖြစ်သည်။ သင်သည် အနည်းဆုံးအနေဖြင့် ဘဝ၏ စစ်မှန်သော တန်ဖိုးအနည်းငယ်ကို စူးစမ်းလေ့လာသင့်သည်။ ဤဘဝကို အချည်းနှီး အသက်ရှင်၍ မရပေ။ ပြီးလျှင် ဤကမ္ဘာမြေပေါ်သို့ အချည်းနှီးရောက်ရှိလာ၍ မရပေ။ အခြားအချက်တွင် သင်သည် သင်၏ဘဝသက်တမ်းအချိန်အတွင်းတွင် သင်၏ တာဝန်ကို ဖြည့်ဆည်းရမည်။ ဤသည်မှာ အရေးကြီးဆုံးဖြစ်သည်။ ကြီးမားသော အထူးတာဝန်၊ တာဝန် သို့မဟုတ် ဝတ္တရားတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ငါတို့ ပြောမည် မဟုတ်။ သို့သော် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင်ဖြစ်မြောက်သင့်သည်။ ဥပမာ အသင်းတော်တွင် လူအချို့သည် ဧဝံဂေလိ ဖြန့်ဝေခြင်းအမှုကို အားကုန်စိုက်ထုတ်၍ လုပ်ဆောင်ကြပြီး ၎င်းတို့ တစ်ဘဝလုံး၏ အားအင်ကို ဆက်ကပ်အပ်နှံကြသည်။ အဖိုးအခ ကြီးစွာပေးဆပ်ပြီး လူများစွာကို ရရှိကြသည်။ ဤအတွက်ကြောင့် ၎င်းတို့၏ ဘဝများသည် အချည်းနှီးအသက်ရှင်ခဲ့ခြင်းမရှိ၊ ၎င်းတို့သည် တန်ဖိုးရှိပြီး ကိုယ်စိတ်ချမ်းသာမှု ရှိသည်ဟူ၍ ၎င်းတို့က ခံစားရသည်။ ဖျားနာခြင်း၊ သို့မဟုတ် သေခြင်းကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏ တစ်ဘဝလုံးကို အနှစ်ချုပ်ပြီး ၎င်းတို့ အစဉ်လုပ်ဆောင်ခဲ့သမျှတိုင်းကို၊ ၎င်းတို့ လျှောက်ခဲ့သောလမ်းကို ပြန်လည်စဉ်းစားသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် စိတ်သက်သာမှုကို တွေ့ရှိကြသည်။ အပြစ်တင်ခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ၎င်းတို့ မခံစားရပေ။ လူအချို့သည် အသင်းတော်ကို ဦးဆောင်စဉ်တွင်၊ သို့မဟုတ် အလုပ်ကဏ္ဍတစ်ခုအတွက် တာဝန်ခံရစဉ်တွင် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စွမ်းရည် အပြည့်အဝကို ထုတ်လွှတ်ကြပြီး အားကုန် ထုတ်သုံးကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်အလုပ်အတွက် အားအင်အလုံးစုံကို အသုံးပြုပြီး အဖိုးအခပေးဆပ်ကြသည်။ ၎င်းတို့သည် အားကြီးပြီး ခိုင်မာစွာ ရပ်တည်ရန်၊ နောက်မဆုတ်ရန်၊ ထိုအစား ဘုရားသခင်၏ မျက်မှောက်တော်သို့ ပြန်လာပြီး နောက်ဆုံး၌ ဘုရားသခင်အတွက်ပင် သက်သေခံရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အားနည်းချက်များနှင့် အပျက်သဘောဆောင်ခြင်းတို့အလယ်တွင် ၎င်းတို့၏ ရေလောင်းခြင်း၊ ခေါင်းဆောင်ခြင်း၊ ကူညီပံ့ပိုးခြင်းမှတစ်ဆင့် လူများစွာကို ကူညီကြသည်။ ထို့အပြင် ၎င်းတို့ ခေါင်းဆောင်သည့် အချိန်ကာလအတွင်းတွင် အရေးပါသော အလုပ်များစွာကို ပြီးမြောက်ကြပြီး ဆိုးယုတ်သောသူ တော်တော်များများကို ရှင်းလင်းပစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပေးသည်။ ကြီးမားသော ဆုံးရှုံးမှုအချို့ကို ပြန်လည် ရယူပေးသည်။ ဤအောင်မြင်မှုအားလုံးသည် ၎င်းတို့ ခေါင်းဆောင်သည့်အချိန်အတွင်းတွင် ဖြစ်ပေါ်သည်။ ၎င်းတို့လျှောက်ခဲ့သည့်လမ်းကြောင်းကို ပြန်ကြည့်လျှင်၊ ဤနှစ်များတစ်လျှောက်တွင် ၎င်းတို့လုပ်ဆောင်ခဲ့သည့် အလုပ်နှင့် ပေးဆပ်ခဲ့သည့် အဖိုးအခကို ပြန်ပြောင်းတွေးကြည့်လျှင် ၎င်းတို့သည် နောင်တရခြင်း၊ သို့မဟုတ် အပြစ်တင်ခြင်းကို မခံစားရပေ။ ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ မည်သည့်နောင်တမျှ မခံစားရဘဲ တန်ဖိုးရှိသည့်အသက်တာကို အသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ၎င်းတို့၏ စိတ်နှလုံးတွင် တည်ငြိမ်မှုနှင့် ကိုယ်စိတ်ချမ်းသာမှုတို့ ရှိကြသည်ဟု ယုံကြည်ကြ၏။ ယင်းမှာ ကောင်းလှပါတကား။ ဤသည်မှာ ၎င်းတို့ ရရှိပြီးဖြစ်သည့် အသီးအပွင့်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤတည်ငြိမ်ပြီး သက်သာသည့် ခံစားချက်သည်၊ ဤနောင်တများမရှိခြင်းသည် အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားကို လိုက်စားခြင်း၏ ရလဒ်နှင့် ရိတ်သိမ်းမှုဖြစ်သည်။ လူတို့အပေါ် မြင့်မားသောစံနှုန်းများကို မထားရှိကြစို့နှင့်။ လူတစ်ယောက်က သူ၏ ဘဝတစ်လျှောက်တွင် သူလုပ်ဆောင်သင့်သည့်၊ သို့မဟုတ် လုပ်ဆောင်ရန် လိုလားသည့် အလုပ်တစ်ခုနှင့် ရင်ဆိုင်ရသည့် အခြေအနေတစ်ခုကို စဉ်းစားကြည့်ကြစို့။ သူ၏ နေရာကို ရှာတွေ့ပြီးနောက်တွင် သူသည် သူ၏နေရာတွင် ခိုင်မာစွာရပ်တည်သည်၊ သူ၏ နေရာကို စွဲကိုင်ထားသည်၊ အပန်းတကြီးလုပ်ရသော အားထုတ်မှုနှင့် သူ၏ အင်အားအားလုံးတို့ကို အသုံးပြုကာ သူ လုပ်ဆောင်သင့်ပြီး ပြီးမြောက်သင့်သည့်အရာကို အောင်မြင်ပြီး ပြီးမြောက်လေသည်။ ၎င်းတို့သည် နောက်ဆုံးတွင် ရှင်းလင်းပြောဆိုရန်အတွက် ဘုရားရှေ့၌ ရပ်သောအခါ အတော်အတန်ပင် ကျေနပ်မှုရှိကြပြီး ၎င်းတို့၏ စိတ်နှလုံးတွင် အပြစ်တင်ခြင်း၊ သို့မဟုတ် နောင်တရခြင်း မရှိပေ။ ၎င်းတို့သည် စိတ်သက်သာရာရကာ တစ်စုံတစ်ခုကို ရရှိပြီးဖြစ်သည်ဟုလည်းကောင်း၊ တန်ဖိုးရှိသော အသက်တာတစ်ခုကို အသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်သည်ဟုလည်းကောင်း ခံစားကြရသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) ကျွန်မဟာ နောက်ဆုံးသောကာလမှာ အသက်ရှင်ဖို့၊ ဘုရားသခင်ရဲ့ အလုပ်ကို လက်ခံပြီး အသင်းတော်မှာ တာဝန်တွေ ထမ်းဆောင်ဖို့ ဘုရားသခင်က သတ်မှတ်ပေးထားတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ ကျွန်မကို ဇာတိပကတိအပေါ် အလေးထားတာ၊ ကိုယ်သက်သာရာရဖို့ကို တပ်မက်တာ၊ ပြီးတော့ အလုပ်များနေသယောင်နဲ့ ဘာမှမဖြစ်မြောက်ဘဲ ဘဝကို ဖြုန်းတီးပစ်တာမျိုး ကိုယ်တော် မဖြစ်စေချင်ဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်မကို မှန်ကန်တဲ့ ဘဝလမ်းကြောင်းပေါ် လျှောက်ဖို့၊ တာဝန်ထမ်းဆောင်နေတုန်းမှာ သမ္မာတရားကို ပိုရှာဖွေစေချင်တာ၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။ ဒါမှသာ အမှုအရာတွေကို စည်းမျဉ်းနဲ့အညီ လုပ်ကိုင်နိုင်ပြီး စံနှုန်းပြည့်မီတဲ့ နည်းလမ်းနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်မှာဖြစ်တယ်။ ဒီလိုမျိုး ရှင်သန်တဲ့ ဘဝကသာ တန်ဖိုးရှိပါတယ်။ ကျွန်မ ကိုယ့်တာဝန်ကို ကောက်ကျစ်ပြီး လှည့်ဖြားတတ်တဲ့ နည်းလမ်းနဲ့ ဘယ်လိုထမ်းဆောင်ခဲ့လဲဆိုတာ တွေးမိတယ်။ ဇာတိပကတိက သက်သာနေပေမဲ့၊ ကျွန်မရဲ့ အနက်ရှိုင်းဆုံး စိတ်နှလုံးထဲမှာတော့ ဝေဒနာတွေနဲ့ အမှောင်ထုဖုံးလွှမ်းနေပြီး၊ ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်မှုဆိုတာ လုံးဝကို မရှိခဲ့ပါဘူး။ ခဏတာ သက်သာမှုနဲ့ ပျော်ရွှင်မှုအတွက်၊ ကျွန်မရဲ့ ကိုယ်ပိုင် အသက် ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေခဲ့ရုံတင်မကဘဲ၊ ကျွန်မတာဝန်မှာ နောင်တတွေ အများကြီး ချန်ထားခဲ့မိတယ်။ ကျွန်မ အရမ်းကို ခေါင်းမာပြီး မိုက်မဲလွန်းခဲ့တာပဲ။ ကျွန်မ ဖျားနာတာ အပြည့်အဝ မပျောက်သေးပေမဲ့လည်း၊ ဒီမှားယွင်းတဲ့ အခြေအနေကို ပြင်ဆင်ပြီး လူသစ်တွေရဲ့ အယူအဆတွေနဲ့ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းပေးဖို့ ဇာတိပကတိကို ပုန်ကန်မယ်၊ ကျွန်မရဲ့ အလုပ်ကို ကောင်းကောင်းလုပ်ပြီး တာဝန်နဲ့ ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ လိုလားနေပါတယ်လို့ ဘုရားသခင်ဆီ ဆုတောင်းပြီး စိတ်ပိုင်းဖြတ်ခဲ့တယ်။

အဲဒီနောက်မှာ အလုပ်ထဲ ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မရဲ့ တွဲဖက်နဲ့အတူ သမ္မာတရားကို ရှာဖွေခဲ့တယ်။ ပုံမှန်ကတော့ ရေလောင်းသူတွေကိုလည်း စည်းမျဉ်းတွေ အတူတူရှာဖွေဖို့ ဦးဆောင်ပေးဖြစ်ပြီး၊ အလုပ်ထဲက လမ်းလွဲတာတွေနဲ့ ပြဿနာတွေကို ပုံမှန် အကျဉ်းချုပ်ပြီး ဖြေရှင်းမယ့် လမ်းကြောင်းကို ရှာဖွေခဲ့ကြတယ်။ တစ်နေ့တော့ ညီမ ကျန်ရှင်းက သူ ရေလောင်းပေးနေတဲ့ လူသစ်တစ်ယောက်က ပြဿနာတချို့ တင်ပြလာတယ်လို့ ပြောတယ်။ အဲဒါတွေကို ဘယ်လိုဖြေရှင်းရမလဲ မသိလို့ ကျွန်မကို မိတ်သဟာယဖွဲ့ပေးစေချင်ခဲ့တာ။ အဲဒီအထဲမှာ ကျွန်မ ချက်ချင်း ဘယ်လို မိတ်သဟာယဖွဲ့ရမလဲ၊ ဒါမှမဟုတ် ဘယ်လိုဖြေရှင်းရမလဲ မသိတဲ့ ပြဿနာတချို့ ပါနေတယ်။ “ဒီပြဿနာတွေအတွက် ရှင်းလင်းတဲ့ အဖြေရဖို့ စဉ်းစားစရာတွေ၊ ရှာဖွေစရာတွေ အများကြီး လိုမှာပဲ။ အချိန်အများကြီး ပေးရတော့မယ်။ ဒုက္ခများလိုက်တာ။ ဒီပြဿနာတွေကို ဒီအတိုင်း ထားလိုက်ပြီး နောက်မှ ငါ့တွဲဖက်ကို ဖြေရှင်းခိုင်းလိုက်မယ်” လို့ ကျွန်မ စတွေးမိတယ်။ အဲဒီလို တွေးမိတဲ့အခါ ဇာတိပကတိကို ထပ်ပြီး အလေးထားနေပြန်ပြီဆိုတာ သတိထားမိလိုက်တယ်။ ဘုရားသခင်ဆီ ကျွန်မ အပြေးအလွှား ဆုတောင်းလိုက်တယ်၊ “ချစ်ရပါတဲ့ ဘုရားသခင်၊ သမီး သက်သာမှုကို နောက်တစ်ကြိမ် တပ်မက်နေမိပြန်ပါပြီ၊ ပြီးတော့ ကောက်ကျစ်ပြီး လှည့်ဖြားတတ်ချင်နေမိမှန်း သိပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ဇာတိပကတိကို ပုန်ကန်ပြီး သမီးရဲ့ ခွန်အားတွေ အားလုံးကို ပေးဆပ်ဖို့ လိုလားပါတယ်။ သမီးကို လမ်းပြပေးတော်မူပါ” လို့ပေါ့။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မိတယ်။ “တစ်စုံတစ်ဦးသည် သမ္မာတရားကို အမှန်တကယ် ချစ်သည့်အခါ ဘုရားသခင်အတွက် ကြီးစွာသော လိုအင်ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခု၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံရန် ရိုးသားစစ်မှန်သော စိတ်နှလုံးနှင့် စိတ်ဓာတ်လှုံ့ဆော်မှုတို့ ရှိနိုင်ကြသည်။ စစ်မှန်သည့် ခွန်အားကို ပိုင်ဆိုင်လျက် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်မှု၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုနှင့် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် လမ်းရှင်းပေးရင်း ၎င်းတို့သည် အဖိုးအခပေးနိုင်ကြသည်၊ မိမိတို့၏ အားအင်နှင့် အချိန်ကို ဆက်ကပ်မြှုပ်နှံနိုင်ကြသည်၊ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်များကို စွန့်လွှတ်နိုင်ကြပြီး ဇာတိပကတိ၏ အနှောင်အဖွဲ့အားလုံးကို လက်လွှတ်နိုင်ကြသည်။ ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်အလို့ငှာ၊ သင်၏ ကိုယ်ပိုင် အယူအဆများကို သင် လက်လွှတ်နိုင်ပါက၊ သင့်ကိုယ်ပိုင် ဇာတိပကတိ၏ အကျိုးစီးပွားများ၊ နာမည်ဂုဏ်သတင်း၊ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် ဇာတိပကတိ၏ ပျော်မွေ့မှုများကို သင် လက်လွှတ်နိုင်ပါက၊ ထိုသို့သော အရာအားလုံးကို သင် လက်လွှတ်နိုင်ပါက၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ သင် ပိုပိုပြီး ဝင်ရောက်လိမ့်မည်။ သင်၌ ရှိသည့် မည်သည့် အခက်အခဲများနှင့် ဒုက္ခများမဆို ပြဿနာများ ဖြစ်တော့မည်မဟုတ်။ ထိုအရာများသည် အလွယ်တကူ ပြေလည်သွားလိမ့်မည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ သင် အလွယ်တကူ ဝင်ရောက်လိမ့်မည်။ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်၊ ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခုနှင့် ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒရှိသည့် စိတ်နှလုံးတစ်ခုတို့သည် မရှိမဖြစ်သော သတ်မှတ်ချက်နှစ်ခု ဖြစ်သည်။ သင်သည် စစ်မှန်ရိုးသားသည့် စိတ်နှလုံးတစ်ခုသာ ရှိသော်လည်း အမြဲ သူရဲဘောကြောင်စွာဖြင့် ဘုရားသခင်အတွက် ကြီးစွာသော လိုအင်ဆန္ဒတစ်ခု ကင်းမဲ့ပြီး အခက်အခဲများ ကြုံရသည့်အခါ နောက်တွန့်ပါက ဤသည်မှာ မလုံလောက်ပေ။ သင်သည် သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် ကြီးစွာသော လိုအင်ဆန္ဒသာ ရှိပြီး အနည်းငယ် စိတ်လိုက်မာန်ပါ ပြုလုပ်တတ်ကာ ဤပြင်းပြသော ဆန္ဒသာရှိသော်လည်း သင့်ထံ အမှုအရာများဖြစ်ပျက်သည့်အခါ ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခု ကင်းမဲ့ပြီး နောက်တွန့်ကာ မိမိကိုယ်ပိုင် အကျိုးစီးပွားများကို ရွေးချယ်ပါက ဤသည်မှာလည်း မလုံလောက်ပေ။ သင်သည် ရိုးသားစစ်မှန်သော စိတ်နှလုံးနှင့် ဘုရားသခင်အတွက် ကြီးစွာသော လိုအင်ဆန္ဒရှိသည့် စိတ်နှလုံး နှစ်ခုလုံး လိုအပ်သည်။ သင်၏ စိတ်နှလုံး ရိုးသားစစ်မှန်မှု အတိုင်းအတာနှင့် ဘုရားသခင်အတွက် သင်၏ ကြီးစွာသော လိုအင်ဆန္ဒ၏ စွမ်းအားတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင့် စိတ်ဓာတ်လှုံ့ဆော်မှု၏ ခွန်အားကို အဆုံးအဖြတ်ပေးသည်။ သင်သည် ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခု မရှိသကဲ့သို့ သင်၏ စိတ်နှလုံးက ဘုရားသခင်အတွက် ကြီးစွာသော လိုအင်ဆန္ဒတစ်ခု ရှိပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်ဓာတ်လှုံ့ဆော်မှုရှိလိမ့်မည် မဟုတ်။ ဤသို့ဖြင့် သင်သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မဝင်ရောက်နိုင်သကဲ့သို့ ကယ်တင်ခြင်း ရရှိရန် သင့်အတွက် ခက်ခဲလိမ့်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေဆီကနေ ကျွန်မ အများကြီး စိတ်ခွန်အားရသွားတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့အခါ အခက်အခဲတွေကနေ ဆုတ်ခွာပြီး ခက်တဲ့အပိုင်းတွေဆို နောက်တွန့်နေခဲ့တာ။ အဓိက ပြဿနာက ကျွန်မရဲ့ တာဝန်ကို ရိုးသားတဲ့ စိတ်နှလုံးနဲ့ သဘောမထားခဲ့တာပဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် ဒုက္ခခံဖို့ ဒါမှမဟုတ် အဖိုးအခပေးဖို့ မလိုလားခဲ့ဘူး။ ဒါကို တွေးကြည့်တဲ့အခါ၊ လူသစ်တွေရဲ့ ပြဿနာတွေကို ကျွန်မ မဖြေရှင်းနိုင်ဘူးဆိုတာ ကျွန်မက သမ္မာတရားရဲ့ အဲဒီသွင်ပြင်လက္ခဏာကို နားမလည်တာကို ဆိုလိုမှန်း သဘောပေါက်လိုက်တယ်။ ဒီအချိန်ဟာ သမ္မာတရားကို ရှာဖွေပြီး အဲဒီသမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခဲ့သင့်တဲ့အချိန်ပဲ။ ဒီလိုပတ်ဝန်းကျင်မျိုးက ဘုရားသခင်ဆီ တိုးဝင်ချဉ်းကပ်ဖို့နဲ့ ဘုရားကို အားကိုးဖို့ ကျွန်မကို တွန်းအားပေးနိုင်ပြီး၊ ဒါက ပိုပြီးတော့တောင်မှ သမ္မာတရားကို ရယူဖို့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့တယ်။ ဒီအခွင့်အရေးတွေကို ကျွန်မ တန်ဖိုးထားသင့်တယ်၊ ကိုယ့်ဇာတိပကတိကို ပုန်ကန်ပြီး သမ္မာတရား ရှာဖွေဖို့ ဘုရားကို အားကိုးရမယ်၊ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ပေးဆပ်သင့်တဲ့ အဖိုးအခကို ပေးဆပ်ရမယ်။ ဒါမှသာ ဘုရားသခင်ရဲ့ ဉာဏ်ပွင့်စေခြင်းနဲ့ လမ်းပြမှုကို ရရှိနိုင်ပြီး သမ္မာတရားကို တဖြည်းဖြည်း နားလည်ရယူနိုင်မှာပါ။ သက်သာမှုကို အမြဲ တပ်မက်ပြီး အခက်အခဲတွေကနေ ဆုတ်ခွာမယ်၊ ခက်ခဲတဲ့အချိန်တွေမှာ နောက်တွန့်နေမယ်ဆိုရင်၊ သမ္မာတရား လက်တွေ့ကျမှုထဲကို ဘယ်တော့မှ ဝင်ရောက်နိုင်မှာ မဟုတ်သလို သမ္မာတရားကို ရယူဖို့လည်း နည်းလမ်းလည်းရှိမှာမဟုတ်ဘူး။ နောက်ဆုံးမှာတော့ ထိခိုက်နစ်နာရမယ့်သူက ကျွန်မကိုယ်တိုင်ပါပဲ။ ဒါကို နားလည်သွားတဲ့အခါ ဘုရားသခင်ဆီ ဆုတောင်းခဲ့ပြီး၊ လူသစ်တွေရဲ့ ပြဿနာတွေနဲ့ သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော် တချို့ကို ရှာဖတ်ခဲ့တယ်။ အဲဒီနောက်၊ ကျန်ရှင်းနဲ့ ကျွန်မက လူသစ်တွေအတွက် စုဝေးပွဲတစ်ခု လုပ်ပေးပြီး ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ကြတယ်။ မိတ်သဟာယဖွဲ့ခြင်းကနေတစ်ဆင့် လူသစ်တွေရဲ့ ပြဿနာတွေကို ကျွန်မတို့ ဖြေရှင်းပေးခဲ့တယ်။ သမ္မာတရားကို နားလည်သွားပြီးတဲ့နောက် လူသစ်တွေမှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရရှိသွားပြီး သူတို့ရဲ့ အခက်အခဲတွေနဲ့ ပြဿနာတွေ ပြေလည်သွားတယ်။ ကျွန်မ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို လက်တွေ့ရှာဖွေလိုက်တော့ ပြဿနာတချို့ကို ရှင်းရှင်းလင်းလင်း မြင်လာနိုင်ပြီး အရင်က နားမလည်ခဲ့တဲ့ သမ္မာတရားတချို့ကိုလည်း နားလည်လာတယ်။ ကိုယ့်တာဝန်ကို ဒီလိုထမ်းဆောင်လိုက်တော့ ရင်ထဲမှာ အေးချမ်းပြီး ငြိမ်အေးသွားတယ်။

ဒီအတွေ့အကြုံ ရပြီးတဲ့နောက်၊ တာဝန်ထမ်းဆောင်တုန်းမှာ ကျွန်မ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပြဿနာအမျိုးမျိုးက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်လာတာဖြစ်ပြီး၊ ဘုရားသခင်က ကျွန်မအတွက် တမင်သက်သက် အခက်တွေ့အောင် လုပ်နေတာ မဟုတ်ဘူးဆိုတာကို မြင်တွေ့ခဲ့ရတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ဒီအခက်အခဲတွေ၊ ပြဿနာအမျိုးမျိုးကို အသုံးပြုပြီး သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေဖို့ ကျွန်မကို တွန်းအားပေးတာဖြစ်ပြီး၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ချို့တဲ့မှုတွေကို ထုတ်ဖော်ဖို့ ဒီအခက်အခဲအမျိုးမျိုးကို အသုံးပြုတာဖြစ်တယ်။ ဒါမှသာ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မ ရှာဖွေမှာလေ။ ဒီလိုမှမဟုတ်ရင်၊ ကျွန်မက ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အမြဲ အားကိုးပြီး အသက်ရှင်နေဦးမှာဖြစ်ပြီး၊ သက်သာမှုကို တပ်မက်နေဦးမှာပါ၊ တာဝန်ထမ်းဆောင်တုန်းမှာ ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်တဲ့နည်းလမ်းနဲ့ လုပ်နေဦးမှာပဲ။ ဒါဟာ အသင်းတော်ရဲ့ အလုပ်ကို နှောင့်နှေးစေရုံတင်မကဘဲ နောက်ဆုံးမှာ ကျွန်မကိုယ်တိုင် ပျက်စီးသွားမှာပါ။ မိုက်မဲပြီး ခေါင်းမာတဲ့ ကျွန်မကို နိုးကြားလာအောင် လုပ်ပေးခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပဲ။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လွှတ်ပေးထားသည့်နည်းကို ကျွန်မ အသုံးပြုမည်မဟုတ်တော့ပါ

လီဖေး အီတလီနိုင်ငံ ၂၀၂၁ခုနှစ်၊ ဇွန်လမှာ ကျွန်မအသင်းတော်မှာ ဗီဒီယိုအလုပ်ကို ကျွန်မ ကြီးကြပ်ရတယ်။ အလုပ်က များလာတော့ နောက်ထပ် အဖွဲ့တစ်ဖွဲ့ကို...

ဝတ်ကျေတမ်းကျေဆန်ခြင်းကြောင့် ဖြစ်သော ထိခိုက်မှု

ရှင်းကျိ အီတလီနိုင်ငံ ၂၀၂၁ခုနှစ်၊ အောက်တိုဘာမှာ လူသစ်တွေကို ရေလောင်းတာကို ကျွန်မ စလေ့ကျင့်တယ်။ တစ်ပတ်ကြာတော့ ကျွန်မ သင်ရမှာတွေ...

ကိုယ်စိတ်ချမ်းသာမှုကို တပ်မက်ခြင်း၏ အကျိုးဆက်များ

ချစ်လှစွာသော လင်းရီ၊အစ်မရဲ့စာကို ကျွန်မ ရပါတယ်။ အချိန်ကုန်တာ သိပ်မြန်တာပဲ။ မျက်စိတစ်မှိတ်မှာ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာ...

ဝတ်ကျေတမ်းကျေလုပ်ခြင်းအပေါ် ဆင်ခြင်သုံးသပ်ချက်တစ်ခု

ရီဟန်၊ တရုတ်ပြည်၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ ဗီဒီယိုတွေစစ်ဆေးတာကို ကျွန်မ စလေ့ကျင့်ခဲ့ပါတယ်။ အစပိုင်းမှာ ကျွန်မ စိတ်နှလုံးအပြည့်နဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။