ကိုယ်စိတ်ချမ်းသာမှုကို တပ်မက်ခြင်း၏ အကျိုးဆက်များ

29.03.2025

ချစ်လှစွာသော လင်းရီ၊

အစ်မရဲ့စာကို ကျွန်မ ရပါတယ်။ အချိန်ကုန်တာ သိပ်မြန်တာပဲ။ မျက်စိတစ်မှိတ်မှာ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာ တစ်နှစ်နီးပါးရှိသွားပြီ။ အခုအချိန်အထိ ကျွန်မရဲ့ တာဝန် ထမ်းဆောင်ရာမှာ ဘာတွေရပြီးပြီလဲလို့ အစ်မရဲ့စာထဲမှာ ကျွန်မကို မေးထားတယ်။ ခဏတော့ ဘယ်က စပြောရမှန်းတောင် ကျွန်မ မသိခဲ့ဘူး။ ဒါပေမဲ့ အမှတ်ရစရာအကောင်းဆုံး အတွေ့အကြုံကတော့ ကျွန်မရဲ့တာဝန်တွေအတွက် တာဝန်ပြောင်းပေးတာပါပဲ။ အဲဒါက ကိုယ်စိတ်ချမ်းသာမှုနဲ့ သက်သာမှုကို မွေ့လျော်မိတဲ့ ကျွန်မရဲ့ သဘာဝနဲ့ပတ်သက်လို့ အသိတချို့ ရစေခဲ့တယ်။ ဒီအချိန်မှာ ကျွန်မ ဘာကို တွေ့ကြုံပြီးပြီလဲလို့ အစ်မ သိချင်နေမှာပဲ။ အစ်မကို အဲဒီအကြောင်းအားလုံး ကျွန်မ ပြောပြမယ်။

ဒီနှစ် ဇန်နဝါရီမှာပေါ့၊ ကျွန်မက စာနဲ့ပတ်သက်တဲ့ အလုပ်ကို ကြီးကြပ်ခဲ့ရတယ်။ ကျွန်မက အဲဒီအခန်းကဏ္ဍနဲ့ စိမ်းတော့၊ စည်းမျဉ်းအတော်များများကို မကျွမ်းဘူး၊ ပြီးတော့ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ မသိခဲ့ဘူး။ ကျွန်မနဲ့ တွဲလုပ်ရတဲ့ ညီအစ်မတစ်ယောက်နဲ့အတူ သင်ယူပြီး လေ့ကျင့်ခဲ့တယ်။ ပုံမှန်ဆိုရင်တော့ ကျွန်မက အဖွဲ့အမျိုးမျိုးရဲ့ အလုပ်တွေကိုလည်း အလျင်ဦးအောင် စစ်ဆေးနေကျပဲ။ နောက်ပိုင်းမှာ အဲဒီအဖွဲ့တစ်ခုစီက မေးခွန်းအတော်များများနဲ့ ပတ်သက်လို့ အကြံတောင်းခဲ့ကြပြီး သူတို့ရဲ့ အခြေအနေတွေအပြင် သူတို့ အလုပ်မှာရှိတဲ့ သွေဖည်မှုတွေနဲ့ ပတ်သက်လို့ မိတ်သဟာယဖွဲ့ပြီး ကိုင်တွယ်ဖြေရှင်းဖို့ စာတွေ ကျွန်မ ရေးခဲ့ရတယ်။ နေ့တိုင်း မနက်ကနေ ညနက်တဲ့ထိ ကျွန်မ အလုပ်များခဲ့တယ်။ အချိန်တွေကုန်တာနဲ့အမျှ၊ ကျွန်မ စိတ်နှလုံးထဲမှာ နည်းနည်း ညည်းမိတယ်။ “ဒီအခြေအနေတွေကို ဖြေရှင်းဖို့၊ ပြဿနာတစ်ခုစီရဲ့ ဖြစ်ကြောင်းရင်းမြစ်ကို ငါ သေချာ ချင့်ချိန်စဉ်းစားပြီး ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ စည်းမျဉ်းတွေကို ရှာရမယ်။ အဲဒါက အများကြီး စဉ်းစားဖို့ လိုတယ်။ တကယ်ကို ပင်ပန်းစရာပဲ”လို့ပေါ့။ ကျွန်မရဲ့ ဦးနှောက်ကို ကျွန်မ တစ်ချိန်လုံး မဖိစီးစေချင်ခဲ့ဘူး။ ဒါကြောင့် ညီအစ်ကို မောင်နှမတွေက မေးခွန်းမေးတာတွေ နည်းသွားဖို့ မျှော်လင့်ခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်မ နည်းနည်းပိုပြီး သက်သောင့်သက်သာဖြစ်မှာလေ။ နောက်ပိုင်းမှာ နောက်ထပ် ညီအစ်မနှစ်ယောက်က ကျွန်မတို့နဲ့ တွဲလုပ်ခဲ့တယ်။ ဒါဆိုရင် ကျွန်မရဲ့ အလုပ်ပမာဏ လျော့သွားမှာပဲ၊ အဲဒီတော့ ကျွန်မ သိပ်စိုးရိမ်ရမှာ မဟုတ်ဘူး။ ဒါမှမဟုတ် သိပ်အများကြီး အပင်ပန်းခံစရာ လိုမှာ မဟုတ်ဘူးလို့ တွေးရင်း အရမ်းကို ဝမ်းသာခဲ့တာ။ တစ်ခါတလေ ညီအစ်ကို မောင်နှမတွေက မကောင်းတဲ့ အခြေအနေမှာရှိကြပြီး သူတို့ရဲ့ အလုပ်ရလဒ်တွေက ကျဆင်းနေတာကို မြင်တဲ့အခါ အဲဒါကို ဖြေရှင်းပေးဖို့ သူတို့နဲ့ အမြန် မိတ်သဟာယပြုသင့်တယ်လို့ ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ နောက်တော့လည်း “ဒီပြဿနာတွေကို ငါလည်း လုံးဝ ရှင်းရှင်းလင်းလင်း မြင်နိုင်တာမဟုတ်ဘူး။ ငါ အချိန်ယူတွေးဆရမှာဖြစ်ပြီး ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ စည်းမျဉ်းတွေကို ရှာရမှာပဲ။ အဲဒါက ကရိကထ အရမ်းများမှာ။ ငါနဲ့ တွဲလုပ်တဲ့ ညီအစ်မကို အဲဒါတွေ ဖြေရှင်းခွင့်ပေးလိုက်တာ ပိုကောင်းမယ်”လို့လည်း ကျွန်မ တွေးမိတယ်။ ဒါကြောင့် အဲဒါတွေနဲ့ပတ်သက်လို့ ကျွန်မ ဒုက္ခခံမနေတော့ဘူး။ ဒီလိုနဲ့ပဲ၊ ခက်ခဲရှုပ်ထွေးတဲ့ ဘယ်ပြဿနာကို ရင်ဆိုင်ရပါစေ အဲဒါကို ကသီလင်တနိုင်တယ်လို့ ကျွန်မ မြင်ပြီး ကျွန်မရဲ့ တွဲဖက်တွေကိုပဲ ထိုးပေးရင်း ဖြေရှင်းခိုင်းလိုက်တယ်။ ကျွန်မတာဝန်တွေမှာ ဝန်ထုပ်ထမ်းတာ နည်းသည်ထက်နည်းလာခဲ့ပြီး လုပ်ရိုးလုပ်စဉ်တွေကိုပဲ လိုက်လုပ်ခဲ့တဲ့အပြင်၊ ကျွန်မရဲ့နေ့စဉ်အလုပ်တွေကိုပဲ နေ့တိုင်း ကိုင်တွယ်ခဲ့တယ်။ ကျွန်မကို နည်းနည်းလေး အလုပ်တိုးပေးထားတာ ဒါမှမဟုတ် အဲဒါက နည်းနည်းလေး ပိုခက်တာမျိုးဆိုရင် ကျွန်မ စိတ်ဆိုးတယ်။ ရိုးရှင်းတဲ့ လုပ်ငန်းဆောင်တာတွေကိုပဲ အာရုံစိုက်ပြီး သမ္မာတရား လိုက်စားတာကို အားမထုတ်ခဲ့ဘူး။ အဲဒါကြောင့် ကျွန်မမှာ သိပ်မတိုးတက်ခဲ့ဘူး။ ကျွန်မတာဝန်မှာ ကျွန်မက ဝန်တာထားစိတ်မရှိဘူးဆိုတာကို ကျွန်မရဲ့ တွဲဖက်က ထောက်ပြခဲ့ပြီး ဒါကို သုံးသပ်ပြီး ဖြေရှင်းဖို့ အကြံပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မ အလေးအနက်မထားခဲ့ဘူး။ တဖြည်းဖြည်းနဲ့ ပြဿနာတွေကို ရှင်းရှင်းလင်းလင်းမြင်ဖို့ ကျွန်မ ပိုအခက်တွေ့သည်ထက်တွေ့လာပြီး မကြာခဏဆိုသလို ငိုက်မျဉ်းခဲ့တဲ့အပြင် ကျွန်မရဲ့ အလုပ်ကျွမ်းကျင်မှုက အရမ်းနိမ့်ပါးလာခဲ့တယ်။

နောက်ပိုင်းမှာ၊ ကျွန်မတာဝန်မှာ ကျွန်မက ဝန်တာထားစိတ်ကင်းမဲ့ပြီး ရလဒ်တွေ ရမနေတာကို ခေါင်းဆောင်တွေက သတိထားမိလို့ ကျွန်မကို တာဝန်ပြောင်းခဲ့တယ်။ အဲဒီအခါမှပဲ ကိုယ့်ကိုယ်ကိုယ်ကျွန်မ သုံးသပ်မိလာတယ်။ တစ်နေ့ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရတယ်။ “ပျင်းရိသောလူများသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ယင်းကို စကားလုံးများဖြင့် အနှစ်ချုပ်လျှင် ၎င်းတို့သည် အသုံးမကျသော လူများဖြစ်သည်။ ၎င်းတို့သည် ဒုတိယတန်းစား ဒုက္ခိတများဖြစ်ကြသည်။ ပျင်းရိသောလူများ၏ အစွမ်းအစသည် မည်မျှကောင်းပါစေ အဆင်တန်ဆာသက်သက်သာဖြစ်သည်။ ၎င်းတို့တွင် အစွမ်းအစကောင်း ရှိသော်လည်း ယင်းမှာ အသုံးမဝင်ပေ။ ၎င်းတို့သည် အလွန်ပျင်းလွန်းကြသည်။ မည်သည့်အရာကို လုပ်သင့်သည်ကို ၎င်းတို့သိသော်ငြားလည်း ၎င်းတို့ မလုပ်ဆောင်ပေ။ ပြီးလျှင် တစ်စုံတစ်ခုက ပြဿနာဖြစ်သည်ကို ၎င်းတို့ သိလျှင်ပင် ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေကြပေ။ ပြီးလျှင် အလုပ်သည် ထိရောက်မှုရှိရန်အတွက် မည်သည့်ဆင်းရဲဒုက္ခများ ခံသင့်သည်ကို ၎င်းတို့သိကြသော်ငြားလည်း ၎င်းတို့သည် အကျိုးရှိသော ဤဆင်းရဲဒုက္ခများကို ခါးစည်းခံရန် မလိုလားကြသောကြောင့် ၎င်းတို့သည် မည်သည့်သမ္မာတရားများကိုမျှ မရရှိနိုင်ကြဘဲ မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်နိုင်ကြ။ ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာမှုတွင် ပျော်မွေ့ရန်၊ ဝမ်းမြောက်ခြင်းနှင့် နားနေချိန်တို့ကို ပျော်မွေ့ခံစားရန်နှင့် လွတ်လပ်ပြီး သက်သောင့်သက်သာရှိသော အသက်တာကို ပျော်မွေ့ခံစားရန်တို့ကိုသာ သိကြသည်။ ၎င်းတို့သည် အသုံးမကျကြသည် မဟုတ်လော။ ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ခြင်း မရှိသောလူများသည် အသက်ရှင်ရန် မထိုက်တန်ပေ။ ကပ်ပါးကောင်တစ်ကောင်၏ ဘဝကို အစဉ်သဖြင့် အသက်ရှင်နေထိုင်ရန် ဆန္ဒရှိသည့်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့် လူများဖြစ်သည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်ကြပြီး ထိုသို့သော လူများသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် မသင့်တော်ကြချေ။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်ခြင်း မရှိသောကြောင့် အလုပ်လုပ်ပေးခြင်းကို ၎င်းတို့ ထမ်းဆောင်သည့်အခါတွင်ပင် ယင်းကို ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိရန် ဆန္ဒရှိလျှင်ပင် ယင်းအတွက် မျှော်လင့်ချက် သာ၍ပင် နည်းပါးလေသည်။ ဆင်းရဲဒုက္ခကို မခံနိုင်ဘဲ သမ္မာတရားကို မချစ်သောသူတစ်ဦးသည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ ၎င်းသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် အရည်အချင်းပြည့်မီခြင်း မရှိ။ ၎င်းသည် လူ့သဘာဝ တစ်စက်မျှမရှိသည့် လူ့တိရစ္ဆာန် ဖြစ်သည်။ ထိုသို့သောလူများကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) “အသုံးမကျသောလူများ”၊ “ဒုတိယတန်းစား ဒုက္ခိတများ”၊ “လူ့တိရစ္ဆာန်”၊ “အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် မသင့်တော်ကြ” နဲ့ “အသက်ရှင်ရန် မထိုက်တန်” ဆိုတဲ့ ဒီဝေါဟာရတွေကို ဘုရားနှုတ်ကပတ်တော်တွေထဲမှာ မြင်တော့ ကျွန်မစိတ်နှလုံးကို ထိုးဖောက်သွားတယ်။ ဘုရားက ပျင်းတဲ့လူတွေကို စက်ဆုပ်တယ်လို့ ခံစားမိတယ်။ ကျွန်မအနေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုတတ်အောင် လေ့ကျင့်နိုင်ဖို့အတွက် ကြီးကြပ်ရေးမှူးတာဝန်ကို ဘုရားက ထမ်းဆောင်ခွင့်ပေးပြီး ကျွန်မကို ချီးမြှောက်တဲ့အပြင် ကျေးဇူးပြုခဲ့တယ်။ ကျွန်မ ဘယ်လောက် မိတ်သဟာယပြုပြီး ဖြေရှင်းနိုင်ပါစေ၊ အဲဒါကို ကျွန်မ အကောင်းဆုံး ကြိုးစားလုပ်သင့်တယ်။ ဒါက ကျွန်မ ထမ်းဆောင်သင့်ခဲ့တဲ့ တာဝန်ပဲလေ။ ဒါပေမဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အခြေအနေတွေ ဆိုးပြီး သူတို့အလုပ်ရဲ့ ရလဒ်တွေ ကျနေတာကို မြင်တော့၊ ဖြေရှင်းဖို့က အရမ်းဒုက္ခများလွန်းပြီး စိတ်ပိုင်းဆိုင်ရာ ပင်ပန်းစရာဖြစ်တယ်လို့ ကျွန်မ ခံစားရလို့ ဒီအလုပ်ကို တခြားလူတွေဆီ ဒီအတိုင်း ကျွန်မ လက်လွှဲလိုက်တယ်။ ကျွန်မရဲ့ တတ်စွမ်းနိုင်မှုထဲမှာရှိတဲ့အရာကိုတောင် ကျွန်မ မလုပ်ခဲ့ဘူး။ ပိုခက်ခဲရှုပ်ထွေးတဲ့ ပြဿနာတွေကို ကြုံရတဲ့အခါ၊ သေချာ တွေးဆပြီးတော့ အဲဒီထဲက တချို့ကို ရှင်းရှင်းလင်းလင်း ဖြေရှင်းနိုင်ခဲ့ပေမဲ့ အားထုတ်တာ၊ အဖိုးအခပေးတာတွေ မလုပ်ချင်ခဲ့ဘူး။ ဒါကြောင့် ကျွန်မနဲ့တွဲလုပ်တဲ့ ညီအစ်မတွေဆီ လက်ဆင့်ကမ်းဖို့အတွက် “အဲဒါကို ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး” ဒါမှမဟုတ် “ဘယ်လိုလုပ်ရမှန်း မသိဘူး”ဆိုသလိုမျိုး ဆင်ခြေတွေကို အကြောင်းပြချက်အနေနဲ့ သုံးခဲ့တယ်။ နေ့တိုင်း ရိုးရှင်းတဲ့ အလုပ်တချို့ပဲလုပ်ပြီး ကျွန်မတာဝန်အပေါ် တာဝန်ယူစိတ်တစ်စက်မှ မရှိခဲ့တဲ့အပြင် နေ့တိုင်း ရောက်တတ်ရာရာ လေလွင့်နေခဲ့တယ်။ ဒါက ဘုရားအိမ်တော်မှာ ကပ်ပါးကောင်တစ်ကောင် ဖြစ်နေတာပဲ မဟုတ်လား။ တချို့ ညီအစ်ကို မောင်နှမတွေက သိပ်ကောင်းတဲ့ အစွမ်းအစမရှိပေမဲ့ သူတို့တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ စိတ်နှစ်လုပ်နိုင်ပြီး အစွမ်းကုန် လုပ်နိုင်ကြလို့ သူတို့တာဝန်တွေအပေါ် သူတို့ရဲ့ သဘောထားက ဘုရားအတွက် လက်ခံနိုင်စရာဖြစ်ပုံကို ကျွန်မ တွေးမိတယ်။ ကျွန်မရဲ့ အစွမ်းအစကတော့ သိပ်မညံ့လှတဲ့အပြင် တချို့ပြဿနာတွေကို ကျွန်မ ဖြေရှင်းနိုင်ခဲ့ပေမဲ့ ကျွန်မက ဇာတိပကတိကို အမြဲ တန်ဖိုးထားပြီး ကိုယ်စိတ်ချမ်းသာမှုကို မွေ့လျော်မိခဲ့တယ်။ ပြီးတော့ ကျွန်မတာဝန်ကို ထမ်းဆောင်တဲ့အခါ အားသွန်ခွန်စိုက်လုပ်ဖို့နဲ့ အခက်အခဲကို ခါးစည်းခံလိုစိတ်တောင် မရှိခဲ့ဘူး။ ကျွန်မမှာ တကယ်ကို အသိစိတ် ဒါမှမဟုတ် ဆင်ခြင်တုံတရား မရှိခဲ့ဘူး။ ဘယ်လိုလုပ်ပြီး ကြီးကြပ်ရေးမှူးဖြစ်ဖို့ သင့်တော်မှာလဲ။ ကျွန်မတာဝန်အပေါ် ကျွန်မရဲ့ သဘောထားကို ဘုရားက မုန်းပြီး စက်ဆုပ်တယ်။ ဒီလို ဆက်ဖြစ်ရင်၊ ကျွန်မ ကောင်းကောင်း အလုပ်လုပ်နိုင်မှာ မဟုတ်တဲ့အပြင် ဘုရားရဲ့ ပစ်ပယ်တာ၊ ဖယ်ရှားရှင်းလင်းတာကိုပဲ ခံရမှာ။ ဒါကို သဘောပေါက်လိုက်တဲ့အခါ၊ ကျွန်မကိုယ်ကျွန်မ တကယ်ကို ပြန်သုံးသပ်ဖို့ လိုလားရင်းနဲ့ ဆုတောင်းလိုက်တယ်။

အဲဒီနောက်မှာ ကျွန်မ တွေးဆမိတယ်။ ကိုယ်စိတ်ချမ်းသာမှုကို ကျွန်မ အမြဲ မွေ့လျော်ပြီး စိုးရိမ်ဖို့နဲ့ အခက်အခဲတွေကို ခါးစည်းခံဖို့ မလိုလားရတဲ့ ဖြစ်ကြောင်းရင်းမြစ်က ဘာများလဲလို့ပေါ့။ နောက်တော့ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့ခဲ့တယ်။ “လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတလေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း)သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိကို အလိုလိုက်ပြီး စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် တန်ဖိုးမရှိသော ထိုအရာများကို အမြဲလိုက်စားပြီး၊ အသက်ကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန်တန်ဖိုးမရှိပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏။ သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာ‌ခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။ သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦးဖြစ်သည့် သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်တာကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်တာကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်တာက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝမျိုး၊ ဝက်တစ်ကောင်၏ဘဝမျိုးတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတာက ဇာတိပကတိနဲ့ဆိုင်တဲ့ ကိုယ်စိတ်ချမ်းသာမှုကို ကျွန်မ အမြဲလိုက်စားတာဟာ ကျွန်မက “ဘဝဟူသည် စားခြင်းနှင့် ဝတ်ခြင်းအတွက်သာ ဖြစ်၏”၊ “လူ့ဘဝသည် တိုတောင်းသဖြင့် တစ်နေ့တာအချိန်ကို ပျော်ရွှင်အောင် အသုံးချပါ”၊ “မိမိကိုယ်ကို ကောင်းကောင်း ဆက်ဆံပါ”၊ “ယနေ့ လုပ်စရာရှိတာ လုပ်၊ မနက်ဖြန်ကို မနက်ဖြန်ရောက်မှ တွေးပူပါ”၊ “ဘဝက တိုတယ်၊ ဒီတော့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ခက်ခဲအောင် လုပ်တာလဲ”ဆိုတာနဲ့ ခန္ဓာကိုယ် သက်သာမှုကို ဘဝမှာ အကြီးမားဆုံး လိုက်စားမှုအနေနဲ့ သဘောထားတဲ့ တခြား အဲဒီလို စာတန်ဆန်တဲ့ အတွေးအခေါ်တွေကို ကျွန်မ လိုက်နာခဲ့လို့ဖြစ်တယ်ဆိုတာကိုပေါ့။ ဒီမှားယွင်းတဲ့ အမြင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ၊ ကိုယ်စိတ်ချမ်းသာမှုကို ကျွန်မ အမြဲ လိုက်စားခဲ့တယ်။ လူတွေက ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဆက်ဆံသင့်ပြီး အလုပ်အရမ်းမကြိုးစားသင့်ဘူးလို့ တွေးရင်းနဲ့ပေါ့။ ပြန်တွေးကြည့်တဲ့အခါ၊ ငယ်ငယ်ကတည်းက အိမ်မှာ ကျွန်မမိဘတွေက ကျွန်မကို အလိုလိုက်ခဲ့တယ်။ သူတို့က ကျွန်မအတွက် အရာရာ လုပ်ပေးခဲ့လို့ ဘယ်အရာကိုမှ ကျွန်မ စိတ်ပူစရာ မလိုခဲ့ဘူး။ ပြီးတော့ ကျွန်မက သူတို့ရဲ့ သေချာ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ဖန်လုံအိမ်တစ်ခုထဲက ပန်းတစ်ပွင့်လို ကြီးပြင်းခဲ့တယ်။ ကျွန်မက ဇိမ်ကျတဲ့ဘဝနဲ့ နေနေကျဖြစ်ခဲ့တော့ ကြိုးစားအားထုတ်ရမှာ၊ ပင်ပန်းနွမ်းနယ်ရမှာကို အမြဲ ကြောက်နေခဲ့ပါတယ်။ ကျွန်မ ကောလိပ်တက်တုန်းက အတန်းဖော်တချို့က ဘွဲ့လွန်ကျောင်းအတွက် ပြင်ဆင်ဖို့ ညနက်တဲ့အထိ ကြိုးစားပြီး စာလေ့လာနေကြတာကို မြင်ခဲ့ရပေမဲ့ ဒီအရာအပေါ် ကျွန်မ အထင်သေးခဲ့တယ်။ “ဘဝက ဆယ်စုနှစ်နည်းနည်းပဲ ရှိတာ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အရမ်းပင်ပန်းအောင် လုပ်တာလဲ။ တက္ကသိုလ် ပထမဘွဲ့က လုံလောက်ပါတယ်။ သိပ်မပင်ပန်းတဲ့ အလုပ်တစ်ခုကိုပဲ ရှာပြီး တော်ရုံသင့်ရုံပဲ ပေးဆပ်လိုက်စမ်းပါ”လို့ ကျွန်မ တွေးမိတယ်။ ကျွန်မတာဝန်ကို လုပ်ဖို့ အသင်းတော်ကို လာတဲ့အခါ၊ ဒီအမြင်ကို ကျွန်မ စွဲကိုင်နေတုန်းပဲ။ ကျွန်မက ကိုယ်စိတ်ချမ်းသာမှုကို အမြဲ မွေ့လျော်ခဲ့ပြီး ဘာအားထုတ်မှုမှ လုပ်ဖို့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ဒုက္ခခံဖို့ လိုလားမနေခဲ့ဘူး။ ရှုပ်ထွေး၊ ခက်ခဲတဲ့ အလုပ်တာဝန်တွေကို ကြုံရတဲ့အခါတိုင်းမှာ၊ အဲဒါတွေကို တခြားလူတွေပေါ် ကျွန်မ ထိုးပေးခဲ့တယ်။ လွယ်တဲ့အလုပ်တာဝန်တွေကို ကျွန်မ ရွေးပြီး ခက်ခဲတဲ့အလုပ်တွေကို ရှောင်ခဲ့တယ်။ ဒါကြောင့် ကျွန်မ တိုးတက်မှုက အရမ်းနှေးခဲ့တယ်။ ဘုရားအိမ်တော်က ကျွန်မကို ခေါင်းဆောင်မှုတာဝန်ကို ထမ်းဆောင်ဖို့ ပြုစုပျိုးထောင်ပေးတာဟာ သိပ်ကြီးမားတဲ့ ဂုဏ်တစ်ခုပါ။ ဒါပေမဲ့ ဒါကို ကျွန်မက တန်ဖိုးမထားဘဲ ကိုယ့်ဇာတိပကတိကိုပဲ အမြဲ အလေးထားခဲ့တယ်။ ညီအစ်ကို မောင်နှမတွေ အပျက်သဘောဆောင်ပြီး အလုပ်ရဲ့ ထိရောက်မှု ကျဆင်းတာကို မြင်တော့၊ ကျွန်မ ဂရုမစိုက်ခဲ့ဘူး။ ပြီးတော့ တခြားလူတွေအပေါ် ခက်ခဲတဲ့ လုပ်ငန်းဆောင်တာတွေကိုတောင် လွှဲပေးခဲ့တယ်။ ကျွန်မရဲ့ တာဝန်တွေကို ကျွန်မ လုံးဝ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းနေခဲ့တာ မဟုတ်ပါဘူး။ ကျွန်မ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်ခဲ့တယ်။ ကိုယ်စိတ်ချမ်းသာမှုကို ကျွန်မ အမြဲ မွေ့လျော်ခဲ့တယ်။ ခက်ခဲတဲ့ တာဝန်တွေထက် လွယ်တာတွေကို ရွေးပြီး လှည့်ကွက်တွေသုံးခဲ့တဲ့အပြင် လှည့်ဖြားတတ်ခဲ့တယ်။ ကျွန်မ ဘာအားထုတ်မှုမှ မလုပ်ခဲ့ပေမဲ့ ဘာတိုးတက်မှုမှလည်း မရှိခဲ့ဘူး။ ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မြင်ဖို့ ခက်သည်ထက်ခက်လာတာကို တွေ့ရပြီး ကောင်းကောင်း လုပ်နေကျဟာတွေကိုတောင် မကိုင်တွယ်နိုင်ခဲ့ဘူး။ သခင်ယေရှု ပြောခဲ့တဲ့အတိုင်းပေါ့။ “အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၃:၁၂) ဘုရားသခင်က အရွယ်ရောက်သူတွေအနေနဲ့ တာဝန်ယူမှုရှိနိုင်ဖို့၊ သင့်တော်တဲ့အရာတွေကို အာရုံစိုက်နိုင်ဖို့နဲ့ သူတို့ရဲ့ တကယ့် တာဝန်တွေကို ထမ်းဆောင်နိုင်ကြဖို့ မျှော်လင့်ပုံကို ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မရဲ့ စိတ်နှလုံးက ခန္ဓာကိုယ် သက်သာမှုကိုပဲ အာရုံစိုက်ခဲ့တယ်။ ခန္ဓာကိုယ် သက်သာမှုကို တခြားအရာအားလုံးထက် ကျွန်မ တန်ဖိုးထားခဲ့တယ်။ တစ်နေ့တစ်ခြား ပိုပြီး ယိုယွင်းကျဆင်းပြီး အကျင့်ပျက်လာတယ်၊ ကျွန်မရဲ့ လူသား ပုံသဏ္ဌာန်ကို တဖြည်းဖြည်း ဆုံးရှုံးလာနေခဲ့တယ်။ ဒီမှားယွင်းတဲ့ လမ်းကြောင်းကို ကျွန်မ ဆက်လျှောက်လို့ မဖြစ်တော့ဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းပြီး ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်ဖို့ သမ္မာတရားကို ရှာရမယ်။

အဲဒီနောက် နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လူတစ်ယောက်ဘဝ၏ တန်ဖိုးမှာ အဘယ်နည်း။ စားခြင်း၊ သောက်ခြင်း၊ ပျော်ပါးခြင်းကဲ့သို့သော ဇာတိပကတိ သာယာမှုများ၌ မွေ့လျော်ဖို့အတွက်သာ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ကျေးဇူးပြုပြီး သင်တို့၏ အတွေးများကို ဝေမျှလော့။ (ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် လူတစ်ယောက်က သူ၏ ဘဝတွင် စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။) ဤသည်မှာ မှန်သည်။...တစ်ချက်တွင် ယင်းသည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းဖြစ်သည်။ အခြားတစ်ချက်တွင် သင်၏ အရည်အချင်းနှင့် လုပ်ဆောင်နိုင်စွမ်းအတွင်း ရှိသော အရာမှန်သမျှကို သင်တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ခြင်း၊ အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်က သင့်ကို အပြစ်မတင်သော၊ သင်၏ ကိုယ်ပိုင်အသိတရားဖြင့် ငြိမ်းချမ်းစွာနေနိုင်ပြီး သူတစ်ပါးတို့၏ အမြင်တွင် လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု သက်သေပြသောနေရာသို့ ရောက်ရှိခြင်းဖြစ်သည်။ နောက်တစ်ဆင့် တက်လျှင် သင်၏ ဘဝတစ်လျှောက်တွင် သင်မွေးဖွားသည့် မိသားစု၊ သင်၏ ပညာရေးနောက်ခံ၊ သို့မဟုတ် သင်၏ အစွမ်းအစက မည်သို့ရှိသည်ဖြစ်စေ ဘဝတွင် လူတို့ နားလည်သဘောပေါက်သင့်သည့် စည်းမျဉ်းများကို သင် နားလည်မှုအချို့ ရှိရမည်။ ဥပမာ မည်သို့သော လမ်းကြောင်းမျိုးကို လူတို့ လျှောက်သင့်သည်၊ မည်သို့ အသက်ရှင်သင့်သည်၊ အဓိပ္ပာယ်ရှိသောဘဝကို မည်သို့ အသက်ရှင်သင့်သည်ဆိုသည်တို့ဖြစ်သည်။ သင်သည် အနည်းဆုံးအနေဖြင့် ဘဝ၏ စစ်မှန်သော တန်ဖိုးအနည်းငယ်ကို စူးစမ်းလေ့လာသင့်သည်။ ဤဘဝကို အချည်းနှီး အသက်ရှင်၍ မရပေ။ ပြီးလျှင် ဤကမ္ဘာမြေပေါ်သို့ အချည်းနှီးရောက်ရှိလာ၍ မရပေ။ အခြားအချက်တွင် သင်သည် သင်၏ဘဝသက်တမ်းအချိန်အတွင်းတွင် သင်၏ တာဝန်ကို ဖြည့်ဆည်းရမည်။ ဤသည်မှာ အရေးကြီးဆုံးဖြစ်သည်။ ကြီးမားသော အထူးတာဝန်၊ တာဝန် သို့မဟုတ် ဝတ္တရားတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ငါတို့ ပြောမည် မဟုတ်။ သို့သော် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင်ဖြစ်မြောက်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လာတာက ဘဝရဲ့ တန်ဖိုးက စားတာ၊ သောက်တာ၊ အပျော်အပါးလုပ်ပြီး ဇာတိပကတိကို မွေ့လျော်တာတွေမှာ မရှိဘဲနဲ့ ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းတာ၊ ဘုရားရဲ့ အသိအမှတ်ပြုတာကို ရရှိတာတွေမှာ ရှိတယ်ဆိုတာပဲ။ ကျွန်မ နောက်ဆုံးသောကာလမှာ မွေးလာဖို့၊ သူ့အသံတော်ကို ကြားပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ဘုရားက ကျွန်မအတွက် စီမံပေးတာပဲ၊ ဒါက တစ်သက်မှာ တစ်ခါရတဲ့ အခွင့်အရေးတစ်ခုပဲ။ ဘုရားက ကျွန်မကို ကိုယ့်ဘဝကို ဖြုန်းတီးရင်းနဲ့ ကိုယ်စိတ်ချမ်းသာမှုမှာ မမွေ့လျော်စေချင်တဲ့အပြင် သာမညဘဝကို မနေထိုင်စေချင်ဘူး။ ကျွန်မအနေနဲ့ စိတ်သဘောထားမှာ ပြောင်းလဲမှုတစ်ခု ရရှိနိုင်အောင်၊ ဘုရားရဲ့ ကယ်တင်ခြင်းခံရပြီး စစ်မှန်တဲ့ လူသား ပုံသဏ္ဌာန်ကို အသက်ရှင်နိုင်အောင် သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ ဘုရားက မျှော်လင့်တယ်။ အသက်ဝင်ရောက်မှုအပေါ် ကျွန်မ အာရုံမစိုက်လေ့ရှိပုံ၊ ဘုရားနှုတ်ကပတ်တော်တွေကို အဖြစ်သဘော ဖတ်ခဲ့ပုံကို တွေးကြည့်တော့ ကျွန်မရဲ့ ဘဝ အတွေ့အကြုံက ပေါ့တန်ပြီး သမ္မာတရားအပေါ် ကျွန်မရဲ့ သိနားလည်မှုက နည်းခဲ့တာပဲ။ ကိုယ့်ညီအစ်ကို မောင်နှမတွေရဲ့ အခြေအနေနဲ့ အခက်အခဲတွေကို ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။ အဲဒါက ကျွန်မအနေနဲ့ ဒီသွင်ပြင်လက္ခဏာနဲ့ဆိုင်တဲ့ သမ္မာတရားကို နားမလည်ခဲ့တာ သိသာတယ်။ ဒီအချိန်ဟာ ကျွန်မအနေနဲ့ သမ္မာတရားကို ရှာပြီး အဲဒီသမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ လိုတဲ့အချိန်ဖြစ်တယ်။ သမ္မာတရားကို ရှာပြီး ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖို့အတွက် စစ်မှန်တဲ့ ဝန်တာစိတ် ထားနိုင်မယ်ဆိုရင်၊ ဘဝမှာ ပိုများတဲ့ သမ္မာတရားကို ကျွန်မ နားလည်ပြီး ပိုမြန်မြန်ဆန်ဆန် တိုးတက်ကြီးထွားမှာပဲ။ ဒါပေမဲ့ ခဏတာ ကိုယ်စိတ်ချမ်းသာမှုနဲ့ ပျော်ရွှင်မှု သက်သက်အတွက် ကျွန်မရဲ့ အသက်ဝင်ရောက်မှု အဟန့်အတားဖြစ်ပြီး သမ္မာတရားရဖို့ အခွင့်အရေးတွေအများကြီးနဲ့ ကျွန်မ လွဲခဲ့တယ်။ ကျွန်မတာဝန်မှာ ကျွန်မ နောင်တတွေ အများကြီး ရခဲ့တယ်။ ကျွန်မ တကယ်ကို မိုက်မဲပြီး နုံအခဲ့တယ်။ အခု နောက်ဆုံးမှာ ကျွန်မ သဘောပေါက်သွားခဲ့တယ်။ ခန္ဓာကိုယ် သက်သာမှုကို ကျွန်မဘယ်လောက်ပဲ မွေ့လျော်နိုင်ပါစေ၊ အဲဒါက ယာယီပဲဖြစ်မှာဖြစ်ပြီး စစ်မှန်တဲ့ တန်ဖိုးမရှိတဲ့အပြင် သမ္မာတရားကို မှန်မှန်ကန်ကန် ကျွန်မ မရှာဖွေခဲ့ရင်၊ ကျွန်မတာဝန်မှာ အမြဲ ဝတ်ကျေတမ်းကျေဖြစ်ပြီး ဘုရားကို လှည့်ဖြားဖို့ ကြိုးစားမြဲကြိုးစားနေရင် ကျွန်မ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတာနဲ့ပဲ အဆုံးသတ်မှာ ပြီးတော့ အဲဒါက ထာဝရ အပြစ်ဒဏ်ခံရမဲ့ အကျိုးဆက်ဖြစ်စေမှာပဲ။ အဲဒီအခါကျရင် ဘယ်လောက်နောင်တရရ၊ ဘယ်လောက်ငိုငို၊ ဘယ်လောက်ပဲအံသွားတွေကြိတ်နေပါစေ အကျိုးရှိမှာ မဟုတ်ဘူး။

နောက်ပိုင်း၊ ကျွန်မရဲ့ ဝတ်ပြုချိန်တွေမှာ၊ ကိုယ်စိတ်ချမ်းသာမှုကို မွေ့လျော်ခြင်းအတွက် ကျွန်မရဲ့ လိုအင်ဆန္ဒကို ဖြေရှင်းတာနဲ့ ဆက်စပ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တာကို ကျွန်မ အာရုံစိုက်ခဲ့ပြီး ကျွန်မရဲ့ သိနားလည်မှုတွေကို မှတ်တမ်းတင်ခဲ့တယ်။ နှစ်လကြာပြီးနောက်မှာ၊ ကြီးကြပ်ရေးမှူးက ကျွန်မတာဝန်ကို ပြန်ထမ်းဆောင်ဖို့အတွက် စီစဉ်ပေးခဲ့ပြီး ကျွန်မ အရမ်းကျေးဇူးတင်မိခဲ့တယ်။ အသင်းတော်တစ်ခုကို ကြီးကြပ်တာနဲ့ပတ်သက်လို့ စေခိုင်းခံရတာကိုသိတော့ ကျွန်မ မှင်တက်ခဲ့ရတယ်။ ဒီအသင်းတော်က လူသစ်တွေ အများကြီးရှိပြီး ပြဿနာတွေ အတော်များတယ်။ ပြီးတော့ ဒီပြဿနာတွေကို ဖြေရှင်းတာက အားထုတ်မှုအများကြီး လိုမှာ။ ဒါပေမဲ့ နောက်တော့ အရင်က စိုးရိမ်စရာတွေကို ကျွန်မ အမြဲ ရှောင်ရှားပြီး ပြဿနာတွေကို တခြားလူတွေပေါ် ထိုးပေးခဲ့ပုံကို တွေးမိသွားတယ်။ ခုချိန်မှာ ဒီအသင်းတော်ကို ကြီးကြပ်ဖို့ တာဝန်ပေးခံရတာဟာ ဘုရားက ကျွန်မကို အခွင့်အရေးတစ်ခု ပေးနေတာ သမ္မာတရားကို မိတ်သဟာယပြုပြီး ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကျွန်မကို လေ့ကျင့်ခွင့်ပေးနေတာပဲ။ ဒါက ကျွန်မရဲ့ အားနည်းချက်တွေ ပြင်ဖို့အတွက်ပဲဖြစ်ပြီး ကျွန်မရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိတယ်။ ဒါကြောင့် အဲဒီအလုပ်တာဝန်ကို ကျွန်မ ယူခဲ့တယ်။ ပထမတော့၊ အဲဒီတာဝန်ကို ကျွန်မ တက်တက်ကြွကြွ ထမ်းဆောင်နိုင်ခဲ့ပေမဲ့ မိတ်သဟာယ အကြိမ်နည်းနည်းလုပ်ပြီးတဲ့နောက် ရလဒ်တွေ သိသိသာသာ မြင်ရတာမျိုး မရှိတဲ့အချိန်မှာ ကျွန်မ စိတ်ဓာတ်ကျလာတယ်။ ဒါက အရမ်းခက်ခဲပြီး ဗျာများရတယ်လို့ ခံစားမိတယ်။ ဒီလို စဉ်းစားတဲ့အချိန်မှာ၊ ကျွန်မရဲ့ ကိုယ်ပိုင် ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားတွေကို ကျွန်မ အလေးထားနေပြန်ပြီဆိုတာ သဘောပေါက်လိုက်တယ်။ ဒါကြောင့် ကျွန်မရဲ့ အခြေအနေနဲ့ ဆက်စပ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ စားသောက်ခဲ့တယ်။ ကျွန်မကို တကယ်တို့ထိတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ရှိတယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော လူတို့သည် ၎င်းတို့ကိုယ်ပိုင် အကျိုးအမြတ်များနှင့် နစ်နာဆုံးရှုံးမှုများကို တွက်ချက်မနေဘဲ ၎င်းတို့၏ တာဝန်များကို တလိုတလား ထမ်းဆောင်ကြသည်။ သင်သည် သမ္မာတရားကို လိုက်စားသောသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင်၏ တာဝန်ကို ထမ်းဆောင်သောအခါ သင်၏ အသိတရားနှင့် အသိစိတ်ကို အားထားပြီး အမှန်တကယ် အားထုတ်ရမည်။ အမှန်တကယ် အားထုတ်ခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။ အလုပ်ဖြစ်ရုံမျှသာရှိသော အားစိုက်မှုအချို့ကို လုပ်ဆောင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ အနည်းငယ်ခံစားခြင်းမျှဖြင့်သာ ကျေနပ်ပြီး သင်၏တာဝန်ကို လုံးဝ အလေးအနက်မထားလျှင်၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကို မရှာဖွေလျှင် ဤသည်မှာ ဝတ်ကျေတမ်းကျေပြုခြင်းမှလွဲ၍ အခြားမဟုတ်ပေ။ ဤသည်မှာ အမှန်တကယ် အားစိုက်ထုတ်ခြင်းမဟုတ်ပေ။ အားစိုက်ထုတ်ရာတွင် အဓိကသော့ချက်သည် မိမိ၏စိတ်နှလုံးကို နှစ်မြှုပ်လုပ်ဆောင်ခြင်း၊ မိမိစိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားခြင်း၊ ဘုရားသခင်ကို မနာခံဘဲ ဘုရားသခင်ကို ပုန်ကန်ခြင်းအား ကြောက်လန့်ခြင်း၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် မည်သည့် ဆင်းရဲဒုက္ခကိုမဆို ခံခြင်းတို့ဖြစ်သည်။ သင့်တွင် ဤနည်းဖြင့် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးတစ်ခုရှိလျှင် သင်၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အား ကြောက်ရွံ့ခြင်းမရှိလျှင် သင်၏တာဝန်ကိုထမ်းဆောင်သောအခါ တာဝန်ခံမှု ရှိမည်မဟုတ်ပေ။ စိတ်ဝင်စားမှု ရှိမည်မဟုတ်ပေ။ မလွဲမသွေပင် ဝတ်ကျေတမ်းကျေပြုလိမ့်မည်။ မည်သည့် စစ်မှန်သောအကျိုးမျှ မဖြစ်ထွန်းဘဲ အပေါ်ယံသာ လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ သင့်တွင် အမှန်တကယ်ပင် တာဝန်သိစိတ်ရှိလျှင်၊ သင်၏တာဝန်ကိုထမ်းဆောင်ခြင်းသည် သင်၏ တစ်ကိုယ်ရေတာဝန်ဖြစ်ကာ၊ တာဝန်မထမ်းဆောင်လျှင်၊ သင်သည် အသက်ရှင်ရန် မထိုက်တန်ဘဲ သားရဲတစ်ကောင် ဖြစ်သည်ဟူ၍လည်းကောင်း၊ သင်၏တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်မှသာ လူသားဟု ခေါ်ဆိုထိုက်သည်ဟူ၍လည်းကောင်း၊ သင်၏ ကိုယ်ပိုင်အသိတရားကို ရင်ဆိုင်နိုင်သည်ဟူ၍လည်းကောင်း ခံစားရလျှင်၊ သင့်တာဝန်ကိုထမ်းဆောင်ရာတွင် ဤတာဝန်ခံယူစိတ်ရှိလျှင် သင်သည် အရာရာတိုင်းကို တာဝန်ကျေပွန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ရှာဖွေနိုင်ကာ အမှုအရာများကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်နိုင်လိမ့်မည်။ ဤသို့ဖြင့် သင်၏ တာဝန်ကို မှန်ကန်စွာ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်လိမ့်မည်။ အကယ်၍ သင့်အား ဘုရားသခင်ပေးအပ်သည့် တာဝန်နှင့် သင်ထိုက်တန်လျှင်၊ သင့်အတွက် ဘုရားသခင်အနစ်နာခံ စွန့်လွှတ်ခဲ့သော အရာအားလုံးနှင့်လည်းကောင်း၊ သင့်အပေါ် ဘုရားသခင်၏ မျှော်မှန်းချက်များနှင့်လည်းကောင်း သင်ထိုက်တန်လျှင် ဤသည်မှာ အမှန်တကယ် အားထုတ်ခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လာတာက သူတို့တာဝန်တွေကို လိုလိုလားလားနဲ့ သစ္စာရှိရှိ ထမ်းဆောင်တဲ့သူတွေက စစ်မှန်တဲ့ ဘုရားအိမ်တော်သားတွေဖြစ်တယ်ဆိုတာပဲ။ သူတို့က သူတို့ရဲ့ တစ်ကိုယ်ရေ ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားတွေကို မစဉ်းစားကြတဲ့အပြင် သူတို့က အစွမ်းကုန် အားထုတ်ရင်းနဲ့ စစ်မှန်တဲ့ အဖိုးအခကို ပေးဆပ်ကြတယ်။ အဲဒီလိုလူတွေက တာဝန်ယူတတ်ပြီး စိတ်ချယုံကြည်ထိုက်တယ်။ ပြီးတော့ သူတို့က အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့လူတွေပဲ။ သူတို့က ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခအချို့ကို သည်းညည်းခံရနိုင်ပေမဲ့ ဘုရားကို စိတ်ကျေနပ်နိုင်ကြတယ်၊ အတွင်းစိတ်အေးချမ်းမှုကို ရရှိနိုင်ပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို အသက်ရှင်နိုင်ကြတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အလုပ်က ခက်ခဲပြီး ရလဒ်တွေက မကောင်းတဲ့အခါ အလုပ်က အရမ်းခက်ပြီး ဗျာများတယ်လို့ ကျွန်မ ခံစားခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ကိုယ်ပိုင် ကိုယ်စိတ်ချမ်းသာမှုကို စစဉ်းစားပြီး နောက်တွန့်ချင်ခဲ့တယ်။ ကိုယ်စိတ်ချမ်းသာမှုကို ကျွန်မ မွေ့လျော်လေ့ရှိခဲ့ချိန်၊ လွယ်တဲ့တာဝန်တွေကို ကြိုက်လို့ ခက်တာတွေကို ရှောင်ပြီး ကလိမ်ကကျစ် ပြုမူလေ့ရှိခဲ့ချိန်မှာ ကျွန်မရဲ့ ခန္ဓာကိုယ်က ဆင်းရဲဒုက္ခမခံစားခဲ့ရပေမဲ့ ကျွန်မ စိတ်နှလုံးက အမှောင်မှာ ရှိနေခဲ့တယ်။ ဘုရားရဲ့ မျက်မှောက်တော်ကို ကျွန်မ မခံစားခဲ့ရဘူး၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း မရှိခဲ့ဘူး။ အဲဒီလို ကျွန်မ ထပ်ပြီး အဆုံးမသတ်ချင်ခဲ့ဘူး။ ကျွန်မတာဝန်ကို ရိုးသားတဲ့ စိတ်နှလုံးနဲ့ ဆောင်ရွက်ရမယ်။ ပြီးတော့ ကျွန်မ ဘယ်လောက် ပူးပေါင်းပါဝင်နိုင်သည်ဖြစ်စေ၊ ကျွန်မတာဝန်တွေကို အစွမ်းကုန် ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းရမယ်။ ဒါကြောင့် ကျွန်မ ညီအစ်ကို မောင်နှမတွေရဲ့ ရှုထောင့်တွေနဲ့ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သမ္မာတရား ရှာပြီး မိတ်သဟာယပြုခဲ့တယ်။ ခဏကြာပြီးတဲ့နောက်၊ အလုပ်မှာ တိုးတက်မှုတချို့ ရှိခဲ့ပြီး ဘုရားကို ကျွန်မ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့တယ်။ နောက်ပိုင်း၊ ကိစ္စတွေကို ကျွန်မ ကြုံရတဲ့အခါ ကျွန်မရဲ့ ဇာတိပကတိကို သတိရှိရှိ ပုန်ကန်ခဲ့တယ်။ နေ့တိုင်း အလုပ်များကြီး ကိုင်တွယ်ဖို့ ရှိခဲ့ပြီး ကျွန်မမှာ အားတဲ့အချိန် မရှိခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းတယ်လို့ မမြင်ခဲ့ဘူး။ ဒီလို လက်တွေ့လုပ်တဲ့နေရာမှာ ဘုရားဆီကို အရင်ထက် တိုးဝင်ချဉ်းကပ်ဖြစ်တယ်လို့ ခံစားရပြီး ကျွန်မတာဝန်မှာ ပူးပေါင်းဖို့ နည်းလမ်းသစ်တချို့ ရှာတွေ့ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း ပြုမူတဲ့အခါ ကျွန်မ စိတ်နှလုံးမှာ ငြိမ်သက်ခြင်းနဲ့ စိတ်အေးချမ်းမှုကို ရှာတွေ့ခဲ့တယ်။

ကောင်းပြီ၊ ခုတွက်တော့ ကျွန်မ ဒီမှာရပ်ပါမယ်။ အစ်မလည်း ဒီနှစ်မှာ အတော်များများ အကျိုးရပြီးပြီလား။ ကျွန်မကို စာရေးဖို့ အားမနာပါနဲ့၊ ပြီးတော့ အစ်မရဲ့ ရရှိမှုတွေနဲ့ သိနားလည်မှုတွေကိုလည်း ပြောပြပါဦး။

ရိုးသားစွာနဲ့၊ ဘိုင်လု။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သမ္မာတရားကို လိုက်စားခြင်းက ကျွန်မကို ပြောင်းလဲစေခဲ့သည်

အိုးလင်း မြန်မာနိုင်ငံ ၂၀၁၈၊ မေလမှာ ကျွန်မ စစ်တပ်ထဲဝင်ဖို့ အိမ်ကထွက်ခဲ့တယ်။ စစ်တပ်ထဲမှာ ခေါင်းဆောင်က အမိန့်တစ်ခုထုတ်ရင် အဆင့်နိမ့်တဲ့သူတွေက...

ရိုးသားသော တိုင်ကြားမှုကြောင့် ဖိနှိပ်ခြင်းကို ရင်ဆိုင်ရခြင်း

လီမင် ဂျာမနီနိုင်ငံ ဖန်ပင်းက ရေလောင်းအဖွဲ့ကို ကျွန်မ စီမံနေချိန်မှာ ကျွန်မအလုပ်ကို တာဝန်ယူခဲ့တဲ့ ခေါင်းဆာင်လေ။ ကျွန်မတို့...

ဘုရား၏ နှုတ်ကပတ်တော်များက ကျွန်တော့် အယူအဆများကို ဖယ်ရှားသည်

ရှောင်ရွီ၊ စီချွမ်စီရင်စု အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်၌ ကျွန်တော့် ၏တာဝန်သည် သတင်းကောင်းဝေငှခြင်းဖြစ်သည့်အချိန်တွင်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။