အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်၏ နိုးထမှု

03.02.2022

၂၀၁၉ မှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ကျွန်မရဲ့တာဝန်ကို စတင်ခဲ့ပါတယ်။ ဒါက ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းဆိုတာ ကျွန်မ သိတယ်။ ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုခဲ့ပါတယ်။ အဲဒီနောက်မှာ ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်တွေမှာ သူတို့အခက်အခဲတွေကို ဖြေရှင်းပေးရင်းနဲ့အလုပ်တိုးတက်မှုကို စောင့်ကြည့်စစ်ဆေးရင်း၊ နေ့တိုင်း အစည်းအဝေးတွေနဲ့ ကျွန်မ အလုပ်ရှုပ်နေခဲ့တယ်။ ပြီးတော့ ကျွန်မ တော်တော်ကျေနပ်မိပါတယ်။ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ တချို့ စီမံရေးလုပ်ငန်းတာဝန်တွေကြောင့် ကျွန်မအလုပ်ပမာဏက များလာတယ်။ နေ့တိုင်း နောက်ကျတဲ့အထိ အလုပ်လုပ်ရပြီး နည်းနည်းအလုပ်များလွန်းတယ်လို့ ခံစားမိခဲ့တယ်။ ကျွန်မ စဉ်းစားတယ်။ “အလုပ်တွေအားလုံးအတွက် စိတ်ပူရတာက များလွန်းပြီး ပင်ပန်းတယ်။ နေ့တိုင်းပဲ ကျွန်မစိတ်က အရမ်းတင်းကျပ်နေရတယ်။ သီးခြားတာဝန်တစ်ခုကို လုပ်ရတာလောက် မလွယ်ဘူး” ပေါ့။ နောက်ပိုင်းမှာ အစ်မကျောက်ရှိတဲ့ အဖွဲ့အစည်းအဝေးဆီ ကျွန်မ သွားခဲ့တယ်။ ကျွန်မ စဉ်းစားမိတယ်။ “အရင်တုန်းက ငါက အစ်မကျောက်ရဲ့ တွဲဖက်ပဲ။ သူက သူ့တာဝန်မှာ တာဝန်သိစိတ်ရှိပြီး သူရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ သမ္မာတရားကို တက်တက်ကြွကြွနဲ့ ရှာဖွေတယ်။ ဒီအဖွဲ့ထဲကအလုပ်ကို သူက ကြီးကြပ်တယ်။ ဒီတော့ ငါ အရမ်းကြီး စိုးရိမ်စရာမလိုပါဘူး” ပေါ့။ အဲဒီနောက်မှာ သူတို့အဖွဲ့နဲ့ ကျွန်မ သိပ်မတွေ့ဖြစ်တော့ဘူး။ တစ်ညမှာ အစ်မကျောက်အဖွဲ့ရဲ့ အလုပ်က ပြဿနာနဲ့ အားနည်းချက်တချို့ရှိတယ်ဆိုတာ ထောက်ပြဖို့ ညီအစ်ကိုမောင်နှမတချို့က စာရေးခဲ့ပြီး ပြဿနာကို အမြန်ဖြေရှင်းဖို့ ကျွန်မကို တောင်းဆိုကြတယ်။ ကျွန်မက ဘုရားနှုတ်ကပတ်တော်ကို ကြိုရှာထားပြီး ဖြေရှင်းချက်တစ်ခုရှာဖို့ ရည်ရွယ်ခဲ့တာပဲ။ ဒါပေမဲ့ ကျွန်မမှာ ဖြေရှင်းဖို့ ပြဿနာတွေ အများကြီးရှိပြီး အချိန်နည်းနည်းကြာတဲ့အထိ မပြီးနိုင်ခဲ့ဘူး။ ကျွန်မစဉ်းစားတယ် “အရမ်းနောက်ကျနေပြီ။ ငါလည်း အရမ်းပင်ပန်းနေပြီ။ ငါ ဒါကိုမလုပ်နိုင်ဘူး။ ဒါ့အပြင် အစ်မကျောက်ဆီကို သူ့ပြဿနာတွေနဲ့ အားနည်းချက်တွေအကြောင်း စာတစ်စောင်ကို ငါရေးပို့ပြီးပြီ။ သူက တာဝန်သိတတ်ပါတယ်။ ဒီတော့ အဲဒါတွေကို မိတ်သဟာယပြုပြီး ဖြေရှင်းဖို့ သူ အရင်စလုပ်လိမ့်မယ်။ ငါ လုပ်ဖို့လိုမှာမဟုတ်ပါဘူး။ အကုန်လုံးကို ငါ့ဘာသာလုပ်ရင် ဘယ်လိုလုပ် ပြီးနိုင်တော့မှာလဲ။ အစည်းအဝေးမှာ ဒါနဲ့ပတ်သက်ပြီး သူ့ကို ငါ မိတ်သဟာယပဲပြုလိုက်မယ်” ပေါ့။ နောက်ပိုင်းမှာ ကျွန်မ စုံစမ်းကြည့်တော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အစ်မကျောက်က အဖွဲ့နဲ့ မိတ်သဟာယပြုပြီးနေပြီ။ ပြဿနာတွေကို ပစ်မှတ်ထားတဲ့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတွေကို လူတိုင်းက အကြံပြုပေးနိုင်တယ်။ ဒီတော့ အဲဒီအဖွဲ့ကို အစ်မကျောက်ဦးဆောင်နေတာနဲ့ပတ်သက်ပြီး ကျွန်မ ဘာမှစိုးရိမ်စရာမလိုဘူးလို့ ခံစားမိခဲ့တယ်။ အဲဒီနောက်မှာ အဖွဲ့ရဲ့အလုပ်အကြောင်းကို ကျွန်မ မေးကိုမမေးတော့ဘူး။

အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ အစ်မကျောက်ရဲ့ အဖွဲ့နဲ့ ကျွန်မ အစည်းအဝေးတစ်ခုသွားတက်တယ်။ အစ်မကျောက်ရဲ့ မိတ်သဟာယက ဝေ့ဝိုက်ပြီးပြောနေတာကို ကျွန်မ တွေ့လိုက်ရတယ်။ ပြီးတော့ သူက ဘာကိုမှ ရှင်းရှင်းလင်းလင်းမပြောဘဲ အကြာကြီးပြောနေတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “သူက စိတ်ညစ်နေတာလား။ ဘာလို့ ဗလုံးဗထွေးပြောနေတာလဲ” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားမိတယ်။ “ငါရှိနေလို့ သူ စိတ်လှုပ်ရှားနေတာ ဖြစ်နိုင်တယ်။ သူ ကျင့်သားရသွားဖို့ အချိန်နည်းနည်းလိုတာပဲ ဖြစ်မှာပါ။ ငါမှာ အခု တခြားလုပ်စရာ တချို့ရှိနေတယ်” ပေါ့။ အဲဒါနဲ့ ကျွန်မက သူ့ကို မိတ်သဟာယမပြုဘဲနဲ့ ထွက်လာခဲ့တယ်။ နောက်ပိုင်းမှာ အဖွဲ့ရဲ့ အလုပ်က ထိရောက်မှုမရှိတာကို ကျွန်မ သိလိုက်ရတယ်။ ကျွန်မ စဉ်းစားတယ်။ “အဖွဲ့မှာ ပြဿနာနည်းနည်းရှိနေပြီလား” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ ပြန်စဉ်းစားတယ်။ “သူတို့က တာဝန်ထဲက ပြဿနာတွေနဲ့ အားနည်းချက်တွေကို အခုပဲ မိတ်သဟာယပြုခဲ့တာပဲ။ လူတိုင်းက ပြောင်းလဲဖို့ အသင့်ဖြစ်နေပုံရပါတယ်။ အခု သိပ်မဖြစ်ထွန်းသေးတာက သာမန်ပါပဲ” ပေါ့။ ကျွန်မ အဲဒီလို နားလည်လိုက်တော့ နောက်ထပ်မစဉ်းစားတော့ဘူး။ နောက်ပိုင်းမှာ အစ်မဝမ်က ကျွန်မကိုပြောတယ်။ အစ်မကျောက်က ဂုဏ်အဆင့်အတန်းကို စွဲလန်းနေတယ်၊ သူများတွေနဲ့ လက်တွဲမလုပ်နိုင်ဘူး၊ အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးတဲ့။ ကျွန်မ စဉ်းစားလိုက်တယ်။ “အစ်မကျောက်က ဂုဏ်အဆင့်အတန်းကို နည်းနည်း အာရုံစိုက်လွန်းတယ်။ ဒါပေမဲ့ သူက တာဝန်သိတတ်ပါတယ်။ သူက သူများတွေနဲ့ ပူးပေါင်းမလုပ်နိုင်ဘူးဆိုရင် ဒါဟာ သူက မကောင်းတဲ့ အခြေအနေတစ်ခုမှာရှိနေပြီး သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ထိန်းချုပ်တာ ခံရလို့ဖြစ်ရမယ်။ သူ့ကိုယ်သူ ထိန်းညှိဖို့ အချိန်နည်းနည်းပဲလိုတာပါ” ပေါ့။ အဲဒီလို စဉ်းစားပြီး ကျွန်မ အစ်မဝမ်ကို ပြောလိုက်တယ်။ “အစ်မကျောက်က သူ့တာဝန်ကို သိတတ်ပါတယ်။ ပြီးတော့ သူက လုပ်ကိုင်နိုင်တဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်နေတုန်းပါပဲ။ သူက ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြရင် ကျွန်မတို့ သူ့ကို ကူညီဖို့ ကြိုးစားနိုင်တယ်။ သူ့ပြဿနာတွေကို အခြေခံပြီး သူ့ကို ဖော်ထုတ်နိုင်တယ်။ ကျွန်မ ဒီနေ့ အလုပ်ရှုပ်နေလို့ အချိန်မရှိဘူး။ ဒါပေမဲ့ နောက်ကျရင် ကျွန်မ သူနဲ့ မိတ်သဟာယပြုပါမယ်” ဆိုပြီးတော့။ ကျွန်မ ဒီလိုပြောတာကို အစ်မဝမ်က ကြားတော့ တခြား ဘာမှ မပြောခဲ့ဘူး။ နောက်ပိုင်းမှာ တခြားအလုပ်တွေနဲ့ ကျွန်မ အလုပ်ရှုပ်သွားတာနဲ့ တစ်ပြိုင်နက် အစ်မကျောက်နဲ့ မိတ်သဟာယပြုဖို့ ကျွန်မ မေ့သွားတယ်။ တစ်ညမှာ ကျွန်မ ရုတ်တရက် သတိရတယ်။ “အစ်မကျောက်ရဲ့ အခြေအနေကို ငါမသိဘူး။ သူ့ကို သွားကြည့်သင့်သလား” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားမိတယ်။ “သူက အစွမ်းအစကောင်းရှိပါတယ်။ အရင်တုန်းက သူ့အခြေအနေ မကောင်းတဲ့အခါမှာ သမ္မာတရားကို အမြန်ရှာဖွေနိုင်ပြီး သူ့ဘာသာ ဖြေရှင်းနိုင်တယ်။ ဒီတစ်ခါလည်း သူ့ကိုယ်သူ ထိန်းညှိနိုင်မှာပါ။ သူက အဝေးကြီးမှာ နေတာ။ အဲဒီတော့ ငါက ဒုက္ခရောက်ရတာကို အရေးမစိုက်ဘဲ အဲဒီလမ်းတစ်လျှောက်လုံးသွားလိုက်ရင် သူက အိမ်မှာမရှိရင် ငါထွက်လာတာ အလကား မဖြစ်သွားဘူးလား။ ထားလိုက်တော့။ ဒီလကုန်ပြီးမှ လုပ်တော့မယ်” ပေါ့။ လကုန်ကျတော့ သူတို့အလုပ်ကို ကျွန်မ စစ်ဆေးကြည့်တဲ့အခါမှာ ကျွန်မ လုံးဝကို ဆွံ့အသွားတယ်။ အစ်မကျောက်ရဲ့အလုပ်မှာ ပြဿနာတွေ၊ ဟာကွက်တွေ အများကြီးပဲ။ သူ့အလုပ်က ပိုပိုပြီး ထိရောက်မှုနည်းလာတယ်။ သူ ကြီးကြပ်တဲ့ ညီအစ်ကိမောင်နှမတွေအားလုံးက အပျက်သဘောဆောင်တဲ့ အခြေအနေမှာရှိနေပြီး သူတို့အလုပ်က တော်တော်ကို ထိခိုက်နေတယ်။ အဲဒီအခါကျမှ အခြေအနေက ဆိုးနေမှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ အဲဒါနဲ့ ကျွန်မ မိတ်သဟာယဖွဲ့ပြီး သူ့ပြဿနာတွေကို ထောက်ပြဖို့အတွက် အစ်မကျောက်ဆီကို အမြန်သွားတယ်။ ဒါပေမဲ့ သူက လက်ခံဖို့ ငြင်းဆန်တယ်။ ဆင်ခြေတွေပေးပြီး ငြင်းခုံတယ်။ သူ့ကိုယ်သူ သိမြင်မှု မပြဘူး။ သူ့ကို ကျွန်မရဲ့ တွဲဖက်တွေနဲ့ ဆွေးနွေးပေးပြီးတဲ့နောက်မှာ အစ်မကျောက်က ခေါင်းဆောင်လုပ်လို့မရတော့ဘူးလို့ ဆုံးဖြတ်ပြီး နောက်ဆုံးမှာ ထုတ်ပစ်လိုက်တယ်။ အဲဒီနောက်မှာ အစ်မကျောက်က မနာလိုဖြစ်တယ်၊ သူ့တာဝန်တွေကို လျစ်လျူရှုပြီး၊ အငြင်းပွားတာတွေ လုပ်တယ်၊ ဒါတွေကြောင့် အစ်မတစ်ယောက်က သူ့ကြောင့် စိတ်ကျဉ်းကျပ်ပြီး စိတ်ဖိစီးလာတယ်၊ သူ့တာဝန်ကနေ ထွက်ချင်တယ်ဆိုပြီး ညီအစ်ကိုမောင်နှမတွေက သတင်းပို့ကြတယ်။ အစ်မဝမ်က သူ့အခြေအနေကို သတင်းပို့ခဲ့ပေမဲ့ ဖိနှိပ်ခံရပြီး ငြင်းပယ်ခံရတယ်။ တခြားအစ်မတွေလည်း သူ့ကြောင့် စိတ်ကျဉ်းကျပ်ပြီး သူတို့တာဝန်တွေ ထိခိုက်ခဲ့တယ်။ ဒီလိုနဲ့ အလုပ်က သုံးလေးလလောက် နှောင့်နှေးသွားတယ်။ အစ်မကျောက်ကို လူစားလဲပြီးတဲ့နောက်မှာ။ သူက နောင်တမရရုံမကဘဲ သူများတွေကို လက်တုံ့ပြန်ခဲ့တယ်။ သူ့ကို ဖော်ထုတ်ပြီး အသေးစိတ်စိစစ်ပြီးတဲ့နောက်မှာ သူ့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို လုံးဝ နားမလည်ဘူး။ နောင်တမရဘူး။ နောက်ပိုင်းမှာ ကျွန်မက လက်တွေ့အလုပ်ကို မလုပ်တာကြောင့်၊ တာဝန်ကို လျစ်လျူရှုခဲ့တာကြောင့်၊ အစ်မကျောက်ကို အချိန်မီ လူစားမလဲခဲ့တာကြောင့်၊ အသင်းတော်အလုပ်ကို အရမ်း ထိခိုက်စေခဲ့တာကြောင့် ကျွန်မလည်း လူစားလဲခံခဲ့ရတယ်။ အဲဒီအချိန်တုန်းက ကျွန်မ စိတ်မချမ်းမသာဖြစ်ခဲ့ရတယ်။ အဲဒီအခါကျမှ အစ်မကျောက်က အကြာကြီး မနာလိုတဲ့ အငြင်းပွားမှုတွေ လုပ်နေခဲ့ပြီး အသင်းတော်အလုပ်ကို တော်တော်ကို နှောင့်ယှက်ခဲ့ပေမဲ့ ဘာကြောင့် အဲဒါကို ကျွန်မ မမြင်နိုင်ဘဲ သတိမပြုမိခဲ့တာလဲဆိုတာကို စပြီး ချင့်ချိန်စဉ်းစားမိတယ်။ ကျွန်မက လက်တွေ့အလုပ်ကိုမလုပ်ဘူး၊ သူများတွေအကြောင်းကို မသိမြင်နိုင်ဘူးဆိုတာကို ကျွန်မက နည်းနည်းပဲ သတိပြုမိခဲ့တာ။ ဒါပေမဲ့ ကျွန်မက ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို နားလည်ပြီး စိစစ်ဖို့ကို အာရုံမစိုက်ခဲ့ဘူး။

အစည်းအဝေးတစ်ခုမှာ အယောင်ဆောင်ခေါင်းဆောင်တွေက တကယ့်အလုပ်ကို မလုပ်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်က ထုတ်ဖော်ပြတာကို ကျွန်မ မြင်ပြီးတော့ နောက်ဆုံးမှာ သိနားလည်မှုတချို့ရသွားတယ်။ ဘုရားနှုတ်ကပတ်တော်ကပြောတယ်။ “အယောင်ဆောင် ခေါင်းဆောင်များသည် အဖွဲ့ကြီးကြပ်သူများ၏ တကယ့်အခြေအနေကို မည်သည့်အခါတွင်မျှ သိအောင်မလုပ်ကြ၊ သို့မဟုတ် မျက်ခြည်မပြတ် မစောင့်ကြည့်ကြသကဲ့သို့ အဖွဲ့ကြီးကြပ်သူများနှင့် အရေးကြီးသည့် အလုပ်အတွက် တာဝန်ရှိသော အမှုထမ်းများ၏ အသက်ဝင်ရောက်မှုအပြင် အလုပ်နှင့် တာဝန်အပေါ်ထားသော သဘောထား၊ ဘုရားသခင်အပေါ်ထားသော သဘောထားအမျိုးမျိုး၊ ဘုရားသခင်အား ယုံကြည်မှုတို့နှင့် စပ်လျဉ်းသည့် အခြေအနေကို သိအောင်မလုပ်ကြ၊ သို့မဟုတ် မျက်ခြည်မပြတ် မစောင့်ကြည့်ကြ၊ သို့မဟုတ် သဘောပေါက်ဖို့ မကြိုးပမ်းကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့၏ ပြောင်းလဲခြင်းများ၊ ၎င်းတို့၏ တိုးတက်မှု၊ သို့မဟုတ် ၎င်းတို့၏ အလုပ်ကာလတစ်လျှောက် ထွက်ပေါ်လာသည့် ပြဿနာအမျိုးမျိုး၊ အထူးသဖြင့် အသင်းတော်အလုပ်နှင့် ဘုရားသခင်ရွေးချယ်ထားသောသူများ၊ အမျိုးမျိုးသော အလုပ်အဆင့်အချိန်ကာလအတွင်းတွင် ဖြစ်ပေါ်သော အမှားများနှင့် လွဲချော်မှုများအပေါ် သက်ရောက်ခြင်းနှင့် ပတ်သက်သောအခါတွင် မိမိတို့ကိုယ်ကို သိရှိထားစေရန် မပြုလုပ်ကြပေ။ ဤသို့သော အခြေအနေများကို ၎င်းတို့က တိတိကျကျ နားမလည်နိုင်လျှင်ထိုအရာများကို ချက်ချင်းမဖြေရှင်းနိုင်ကြပေ- ထိုအရာများကို ချက်ချင်းမဖြေရှင်းနိုင်ပါက အုပ်စုအမျိုးမျိုး၏ ကြီးကြပ်သူများက အလုပ်အပေါ် ကျရောက်စေသည့် အပျက်သဘောဆောင်သော လွှမ်းမိုးမှုနှင့် ထိခိုက်မှုကို ချက်ချင်းကုစားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဤအရာနှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့၏တာဝန်ကို မဖြည့်ဆည်းကြလေပြီ။ ၎င်းတို့၏ တာဝန်ကို မဖြည့်ဆည်းခြင်းသည် တမင်တာဝန်ပျက်ကွက်ခြင်း ဖြစ်သည်၊ ၎င်းတို့သည် အခြားသူများအား ကြီးကြပ်ခြင်း၊ ထိုသူတို့အကြောင်းကို ပိုသိအောင်လုပ်ခြင်း၊ ထိုသူတို့၏အခြေအနေကို အပြည့်အဝ သဘောပေါက်ခြင်းနှင့် ထိုသူတို့ကို စောင့်ကြည့်ခြင်းတည်းဟူသော ၎င်းတို့၏ အခန်းကဏ္ဍကို ဆောင်ရွက်မနေကြပေ။” “အယောင်ဆောင် ခေါင်းဆောင်များ။ ဤလူအမျိုးအစားမှာ နုံအသလော။ ၎င်းတို့သည် နုံအပြီး မိုက်မဲကြသည်။ မည်သည့်အရာက ၎င်းတို့ကို နုံအစေသနည်း။ ၎င်းတို့သည် လူတို့အပေါ် လွယ်လင့်တကူ ယုံကြည်ကြသည်။ ဤလူကို ၎င်းတို့က ရွေးချယ်ခဲ့ချိန်တွင် ဤလူသည် ကျမ်းကျိန်ခဲ့ပြီး၊ ကတိသစ္စာပြုခဲ့ကာ မျက်နှာတွင် မျက်ရည်များစီးကျလျက် ဆုတောင်းခဲ့သောကြောင့် ထိုသူတွင် အလွန်မှားယွင်းနေသည့်အရာတစ်ခုမျှမရှိနိုင်သကဲ့သို့ အနာဂတ်တွင် ထိုသူတို့နှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ လုံးဝ ရှိလိမ့်မည်မဟုတ်ဟု ယုံကြည်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့၏ သဘာဝများအပေါ် သိနားလည်မှုမရှိပေ။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက် မည်သည့်အရာဖြစ်သည်ကို နားမလည်ကြပေ။ ၎င်းတို့က၊ ‘ကြီးကြပ်သူတစ်ယောက်အဖြစ် ရွေးချယ်ခံရပြီးသည်နှင့် ထိုသူသည် မည်သို့ပြောင်းလဲနိုင်ပါသနည်း။ အလွန်လေးနက်ပြီး စိတ်ချယုံကြည်ရသည့်ပုံစံရှိသောသူတစ်ယောက်သည် အလုပ်ကို မည်သို့ ခေါင်းရှောင်နိုင်မည်နည်း။ ၎င်းတို့ ခေါင်းရှောင်မည်မဟုတ်၊ ဟုတ်ပါသလော။ ၎င်းတို့ များစွာ တည်ကြည်မှုရှိကြသည်’ ဟု ဆိုကြသည်။ အယောင်ဆောင်ခေါင်းဆောင်သည် ထိုသို့သော စိတ်ကူးများရှိပြီး၊ ၎င်းတို့၏ သိမြင်မှုကို ယုံကြည်လွန်းသောကြောင့် ဤအရာက အဆုံးတွင် ကြီးကြပ်သူ၌ ဖြစ်ပေါ်သော ပြဿနာများစွာကို အဆက်မပြတ် စောင့်ကြည့်နိုင်စွမ်းမရှိဖြစ်စသကဲ့သို့၊ ယင်းတို့ကို ချက်ချင်း လူစားထိုးပြီး နေရာပြန်လည်ချထားပေးနိုင်စွမ်းမရှိဖြစ်စေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များနှင့်ဆိုင်သည့် ပြဿနာတစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤတွင် ပြဿနာက အဘယ်နည်း။ အယောင်ဆောင် ခေါင်းဆောင်များက် ၎င်းတို့အလုပ်အပေါ် ချဉ်းကပ်မှုသည် ပျင်းရိခြင်းနှင့် သက်ဆိုင်မှုရှိသလော။ တစ်ချက်ကိုပြောရလျှင် ယင်းသည် ၎င်းတို့အတွက် သင့်တော်သည့် ပတ်ဝန်းကျင်မဟုတ်၊ ထိုနေရာသို့သွားရန်အတွက် အဆင်မပြေဟု ၎င်းတို့က ထင်ကြသည်။ ထို့ကြောင့် ယင်းအစား ကြီးကြပ်သူတစ်ယောက်ကို လွယ်လင့်တကူ စေလွှတ်လိုက်ပြီး၊ ‘ပြဿနာက ဖြေရှင်းပြီးပြီ။ ဆက်၍ အရေးစိုက်စရာမလိုတော့။ အဆင်းနီသောနဂါးကြီး၏ ဖိနှိပ်မှုက ပိုပိုဆိုးလာနေသည်။ ထိုနေရာကို ဆက်သွားရန်မှာ ကျွန်ုပ်အတွက် အန္တရာယ်များလွန်းသည်။ ထို့အပြင် ထိုနေရာသို့ ရောက်ရန် အလွန်ခက်ခဲသည်။ တတ်နိုင်လျှင် ဒုက္ခကို ရှောင်ကြဉ်တာ ကောင်းသည်’ ဟု မိမိတို့ကိုယ်ကိုယ် ပြောကြသည်။ ဤသည်မှာ ပျင်းရိခြင်းလော။ (ဟုတ်သည်။) ယင်းသည် ပျင်းရိခြင်းဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို လောဘကြီးခြင်း ဖြစ်သည်။ ၎င်းတို့တွင် အကြီးစား ချို့ယွင်းချက်တစ်ခုလည်းရှိသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများအပေါ်တွင် အခြေခံ၍ လူတို့ကို အလျင်အမြန် ယုံကြည်ကြသည်။ ဤသည်မှာ သမ္မာတရားကို နားမလည်ခြင်းကြောင့်ဖြစ်သည်မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်က လူတစ်ဦးချင်းစီအား အကဲဖြတ်သည့်နည်းလမ်း ဖြစ်သလော။ ဘုရားသခင်က မယုံကြည်ချိန်တွင် သင်သည် အဘယ်ကြောင့် လူတို့ကို ယုံကြည်သင့်သနည်း။ လူတို့ကို အသွင်အပြင်များအားဖြင့် ဝေဖန်မည့်အစား၊ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးကို အဆက်မပြတ် စောင့်ကြည့်နေသည်။ ဤသို့ဆိုလျှင် လူတို့သည် အခြားလူများကို ဝေဖန်ပြီး ထိုသူတို့ကို ယုံကြည်ကြသောအခါ အဘယ်ကြောင့် အလွန်ပင် ပေါ့တန်သင့်မည်နည်း။ အယောင်ဆောင် ခေါင်းဆောင်များသည် စိတ်ကြီးဝင်လွန်းသည် မဟုတ်လော။ ၎င်းတို့ စဉ်းစားသည်မှာ၊ ‘ဤလူကို ငါ ရိပ်စားမိချိန်တွင် ငါမမှားပေ။ မည်သည့်အရာကမျှ မလွဲချော်နိုင်ပေ။ ၎င်းတို့သည် လျှောက်လုပ်သောသူ၊ အပျော်အပါးမက်ပြီး ပင်ပန်းသောအလုပ်ကို မုန်းသောသူ သေချာပေါက်မဟုတ်ပေ။ ၎င်းတို့သည် လုံးဝ အားကိုးရပြီး ယုံကြည်ထိုက်သည်။ ၎င်းတို့ ပြောင်းလဲလိမ့်မည်မဟုတ်။ ပြောင်းလဲလျှင် ၎င်းတို့နှင့်ပတ်သက်ပြီး ငါမှားယွင်းသည်ဆိုသည့် သဘောဖြစ်မည် မဟုတ်လော်’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော တွေးခေါ်ပုံမျိုးနည်း။ သင်သည် ကျွမ်းကျင်သူတစ်ယောက်ယောက် ဖြစ်သလော။ ဤသည်မှာ သင်၏ အထူး ကျွမ်းကျင်မှုလော။ သင့်တွင် x-ray မြင်ကွင်းရှိသလော။ သင်သည် ဤလူနှင့် တစ်နှစ်၊ သို့မဟုတ် နှစ်နှစ် နေထိုင်နိုင်သည်။ သို့သော် ၎င်းတို့၏ သဘာဝကို လုံးလုံး ဖွင့်ချပြရန် သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုမရှိဘဲ ၎င်းတို့အမှန်တကယ် မည်သူမည်ဝါဖြစ်သည်ကို သင်မြင်နိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို မခံရလျှင်၊ သင်သည် ၎င်းတို့နှင့် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ပင် အတူယှဉ်တွဲနေထိုင်နိုင်ပြီး ၎င်းတို့က မည်သည့်သဘာဝနှင့် အနှစ်သာရအမျိုးအစားရှိသည်ကို မြင်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။ ပြီးလျှင် သင်သည် ၎င်းတို့ကို သိပ်မတွေ့ရသောအခါ၊ ၎င်းတို့နှင့်အတူ သိပ်မရှိသောအခါ ဤသည်မှာ မည်မျှပင်ပို၍ မှန်ကန်သနည်း။ သင်သည် ၎င်းတို့ကို တစ်ခဏတာ အမြင်အပေါ်တွင် အခြေခံ၍၊ သို့မဟုတ် ၎င်းတို့ထံမှ စကားအနည်းငယ်ကို အခြေခံ၍ အကဲဖြတ်သည်။ သင်သည် မည်သူကို သင်ယုံကြည်သည်နှင့်ပတ်သက်ပြီး အလွန်ပေါ့တန်သည်။ ဤတွင် သင်သည် အလွန်အမင်း မမြင်မကန်းဖြစ်ပြီး စိတ်မြန်လက်မြန် ဖြစ်သည် မဟုတ်လော။ ၎င်းတို့အနေဖြင့် ဤသို့ အလုပ်လုပ်သောအခါ အယောင်ဆောင်ခေါင်းဆောင်များသည် အလွန်အမင်း တာဝန်မသိတတ်ခြင်း မဟုတ်လော။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၃)”) အယောင်ဆောင်ခေါင်းဆောင်တွေက သက်သာမှုကို မက်မောပြီး တာဝန်သိတတ်စိတ်မရှိဘူးဆိုတာ ဘုရားက ထုတ်ဖော်ပြခဲ့တယ်။ ကြီးကြပ်သူတွေကို တွေ့ပြီဆိုတာနဲ့ သူတို့တွေက စိတ်ကူးတွေ၊ အယူအဆတွေကို အခြေခံပြီး ဒီလူတွေကို လိုလိုလားလား ယုံကြည်ကြတယ်။ သူတို့က နောက်ဆက်တွဲအလုပ်ွေမလုပ်ဘူး။ အလုပ်ကို မကြီးကြပ်ဘူး။ အလုပ်ကို စစ်ဆေးဖို့ အဖိုးအခမပေးဆပ်ချင်ဘူး။ တတ်နိုင်တဲ့ ဘယ်အချိန်မှာမဆို ဒုက္ခမခံကြဘူး။ ရလဒ်ကတော့ အသင်းတော်အလုပ်ကို အရမ်း ထိခိုက်စေတာပဲ။ အယောင်ဆောင်ခေါင်းဆောင်တွေက လက်တွေ့အလုပ်ကိုမလုပ်တဲ့ သရုပ်သကန် အမျိုးမျိုးကို ဘုရားက ထုတ်ဖော်ပြတာကို မြင်ရတော့၊ ဘုရားသခင်က ကျွန်မကို မျက်နှာချင်းဆိုင်ပြီး ဖော်ထုတ်နေသလို ခံစားမိခဲ့တယ်။ တော်တော်ကို အနေရခက်ပြီး အပြစ်ရှိသလို ခံစားမိခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မက တော်တော် တာဝန်မသိတတ်ခဲ့တာပါ။ စိတ်ပူတာ၊ ဇာတိပကတိက ဒုက္ခခံရတာတွေကနေ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ လှည့်ကွက်တွေသုံးပြီး အလုပ်ကို ဆက်မလုပ်ခဲ့ဘူး။ အစ်မကျောက်အပေါ် ကျွန်မရဲ့ တစ်ခဏတာ အမြင်ကိုပဲ အားကိုးပြီး သူက တာဝန်ကို သိတတ်သလို စွမ်းဆောင်နိုင်တဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တယ်လို့ ထင်ခဲ့မိတယ်။ ဒါကြောင့် လွှတ်ပေးထားတဲ့ နည်းကို သုံးခဲ့တယ်။ သူ့အလုပ်ကို မကြီးကြပ်ခဲ့ဘူး။ သူ့အလုပ်က ပြဿနာတွေရှိပြီး အဲဒါတွေကို ဖြေရှင်းဖို့ ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရမှာကို မြင်တော့ လက်တွေ့အလုပ်ကို ကျွန်မ မလုပ်ခဲ့ဘူး။ လူတိုင်းက စမ်းတဝါးဝါးဖြစ်နေတုန်းပဲဆိုတဲ့အချက်ကို ကိုယ့်အတွက် ဆင်ခြေအဖြစ် သုံးခဲ့တယ်။ သူ့မှာ ပြဿနာတွေရှိပြီး သင့်တော်မှုမရှိတဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဆိုတာကို တခြားလူတွေက တိုင်ကြားတဲ့အခါ ကျွန်မ အယူအဆတွေ၊ စိတ်ကူးတွေကို အခြေခံပြီး ယာယီ ဖောက်ပြန်ပျက်စီးမှုသက်သက်ပဲ၊ သူ့တာဝန်ကို ထိခိုက်မှာမဟုတ်ဘူးလို့ ယူဆနေတုန်းပဲ။ အစ်မကျောက်ရဲ့ ပြဿနာတွေ ဖြေရှင်းဖို့ကို ကျွန်မက ထပ်ခါထပ်ခါ ရွှေ့ဆိုင်းခဲ့တာ နောက်ဆုံးမှာ အဖွဲ့ရဲ့အလုပ်က ရပ်ဆိုင်းသွားပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုက ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့တဲ့အထိပေါ့။ ကျွန်မက အရမ်းမိုက်မဲပြီး တာဝန်မသိတတ်ခဲ့တာပါ။ ကျွန်မက သက်သာမှုကို မက်မောပြီး လက်တွေ့အလုပ်ကို မလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ပါပဲ။ အမှန်က ကျွန်မအပါအဝင် အသင်းတော်က ရွေးကောက်ခဲ့တဲ့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေက စုံလင်ခြင်းမခံရသေးဘူး။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ အများကြီးရှိကြတယ်။ ကျွန်မတို့ဟာ တာဝန်တွေမှာ အချိန်မရွေး အနှောင့်အယှက်၊ အဖျက်အဆီးတွေ ဖြစ်စေနိုင်တယ်။ ကျွန်မတို့က ကောင်းတဲ့အပြုအမူတချို့ရှိပုံပေါ်ရင်တောင် ကျွန်မတို့ဟာ အရည်အချင်းပြည့်မီတယ်လို့ မဆိုလိုဘူး။ ကျွန်မတို့က သမ္မာတရားကို နားမလည်တာကြောင့် လူတွေရဲ့ အပြင်ပန်းအသွင်အပြင်တွေကိုပဲ မြင်နိုင်ကြတယ်။ လူတွေရဲ့ အနှစ်သာရတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြဘူး။ ဒါကြောင့် ကျွန်မတို့ဟာ တာဝန်သိတတ်ဖို့အတွက် သူများတွေရဲ့အလုပ်ကို မကြာခဏ ဆက်စစ်ဆေးပြီး ကြီးကြပ်ဖို့လိုတယ်။ သမ္မာတရားကို ကျွန်မ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ မမြင်မကန်းနဲ့ စိတ်ချယုံကြည်မှုရှိနေခဲ့တယ်။ ရလဒ်အနေနဲ့ အသင်းတော်အလုပ်ကို အရမ်းနစ်နာစေခဲ့တယ်။ ပြီးတော့ ဘုရားမျက်မှောက်မှာ ပြစ်မှားမှုတစ်ခုကို ကျူးလွန်မိခဲ့တယ်။ ဒါကို ကျွန်မ သဘောပေါက်လိုက်တာနဲ့ အရမ်းနောင်တရမိတယ်။ အစ်မဝမ်က ကျွန်မကို သတိပေးတဲ့အချိန်မှာ ကျွန်မက ကိုယ့်ကိုယ်ကိုယ်အမှန်လို့ အရမ်းမထင်ခဲ့ဘဲ၊ အရမ်းကို မပျင်းခဲ့ဘဲ၊ သက်သာမှုအတွက် အရမ်း လောဘမကြီးခဲ့ဘဲ ပြဿနာကို အချိန်မီ လေ့လာစုံစမ်း၊ ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဖြေရှင်းခဲ့ရင်၊ အစ်မကျောက်ကို ထုတ်ခဲ့ရင် အသင်းတော်အလုပ်ကို ဒီလို နှောင့်နှေးစေခဲ့မိမှာမဟုတ်ဘူး။ ကျွန်မတာဝန်မှာ အသင်းတော်အလုပ်အတွက် အကျိုးဖြစ်စေဖို့ကျွန်မ မလုပ်နိုင်ခဲ့ရုံမက ကျွန်မက စာတန်ရဲ့ ကြံရာပါအဖြစ် ပြုမူခဲ့ပြီး အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေအတွက် အကာအကွယ်အဖြစ် အစေခံခဲ့မိတယ်။ ကျွန်မ စဉ်းစားလေလေ၊ စိတ်မချမ်းမသာဖြစ်ရလေလေပဲ။ လူ့ဇာတိခံဘုရားသခင်က အလုပ်လုပ်တဲ့အခါမှာ အသင်းတော်တိုင်းဆီကို သွားခဲ့ပုံကို ကျွန်မ စဉ်းစားမိတယ်။ သူက တကယ်ကို ဒုက္ခခံပြီး အဖိုးအခပေးဆပ်ခဲ့တယ်။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေအားလုံးအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဘုရားသခင်က သမ္မာတရားကို မမောနိုင်မပန်းနိုင် မိတ်သဟာယပြုခဲ့တယ်။ ကျွန်မတို့ကို ကူညီပံ့ပိုးပေးခဲ့တယ်။ သူ့ရဲ့ အလုပ်ကြိုးစားမှုအားလုံးက စာတန်ရဲ့ လွှမ်းမိုးမှုအောက်ကနေ ကျွန်မတို့ကို အပြည့်အဝကယ်တင်ဖို့အတွက် လုပ်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို နားမလည်တဲ့၊ အမှုအရာတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ ဖန်ဆင်းခံတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါတောင်မှ ကျွန်မ တာဝန်မှာ ဒုက္ခမခံချင်ဘူး။ အဖိုးအခမပေးဆပ်ချင်ခဲ့ဘူး။ ပြဿနာတွေကို ရှာတွေ့တဲ့အခါမှာ အချိန်မီ မဖြေရှင်းခဲ့ဘူး။ အလုပ်ကို အရမ်းပဲ ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့တယ်။ ကျွန်မတာဝန်တွေကို ဒီလို ထမ်းဆောင်တာက ဘုရားအတွက် ရွံရှာဖွယ်ဖြစ်ပြီး မုန်းတီးဖွယ်ဖြစ်ပါတယ်။ ဒါတွေကို ကျွန်မ နားလည်သဘောပေါက်သွားတာနဲ့ ဘုရားကို တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မ မှားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး ကိုယ်တော့်ဆီ နောင်တရချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ညှာတာတော်မူပါ” ဆိုပြီးတော့။

အဲဒီအချိန်မှာ အယောင်ဆောင်ခေါင်းဆောင်တွေကို ဘုရားသခင် ထုတ်ဖော်ပြတဲ့ ကျမ်းပိုဒ်နှစ်ခုကို ကျွန်မ ဖတ်ရတယ်။ “အယောင်ဆောင်ခေါင်းဆောင်များက အမှုအရာများကို စစ်ဆေးရန် မပြုလုပ်သောကြောင့်၊ စောင့်ကြည့်ခြင်းမရှိသောကြောင့်၊ မည်သည့်ပြဿနာများကိုမျှ မဖြေရှင်းသောကြောင့်၊ မိမိတို့ တာဝန်များတွင် အလွန်အမင်း ပေါ့လျော့သောကြောင့်သက်သက်ဖြင့် အလုပ်များစွာက နှောင့်နှေးရသည်။ ဤသည်မှာ ဤအယောင်ဆောင်ခေါင်းဆောင်များက မိမိတို့၏ တာဝန်များကို အလေးအနက် မထားခြင်းကြောင့်ဖြစ်သည်မှာလည်း မှန်ပေသည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်း၏ အကျိုးကျေးဇူးများတွင်၊ စကားစုများကို သံယောင်လိုက်ခြင်း၏ ကျေနပ်အားရမှုတွင် ပျော်မွေ့ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် တကယ့်အလုပ်တွင် မပါဝင်စေလိုကြပေ။ ဤအရာက သီးသန့်တာဝန်များနှင့်ပတ်သက်၍ များပြားသော ပြဿနာများ မကြာခဏဖြစ်ပေါ်စပြီး ဤပြဿနာများသည် ကိုင်တွယ်ရန် ကြာမြင့်သည့်သဘောဖြစ်သည်။ မကြာခဏပင် တစ်စုံတစ်ယောက်သည် အလုပ်လွဲချော်မှုများ ဖြစ်ပေါ်သည့် အချိန်ကြာပြီးနောက်တွင် ထိုအရာများအကြောင်း မေးမြန်းဖို့၊ သို့မဟုတ် ပြုပြင်ရန် ကြိုးစားဖို့ ရောက်မလာသေးပေ။ ထို့ကြောင့် အလုပ်တွင် အကြီးစားသတိလက်လွတ်ဖြစ်မှုများ၊ လူအတစ်ယောက်ကပင် မြင်နိုင်သော သတိလက်လွတ်ဖြစ်မှုများလည်း မကြာခဏဖြစ်သည်။ ထိုအရာများကို အယောင်ဆောင် ခေါင်းဆောင်များက မမြင်နိုင်၊ သတိမပြုနိုင်ကြပေ။ ဤပြဿနာများကို ကုစားခြင်းသည် သဘာဝအားဖြင့် မဖြစ်နိုင်ပေ။ အလုပ်ပြဿနာများကို မဖြေရှင်းသောအခါ၊ သွေဖည်မှုများကို မပြုပြင်သောအခါ၊ သတိလက်လွတ်ဖြစ်မှုများကို ချက်ချင်း မကိုင်တွယ်သောအခါ အလုပ်ထိရောက်မှုက အလွန် ထိခိုက်လေသည်။ အလုပ်ကို ရိုးရှင်းစွာပင် ဆောင်ရွက်လျက်ရှိသည်။ သို့သော် ယင်းသည် ဘုရားသခင်အား သက်သေခံရာတွင် မည်သည့် သက်ရောက်မှုရှိသနည်း။ ထိုအရာကို မြင်သောအခါ လူတို့အဖို့ အကျိုးရှိသလော။ လူတို့ကို အထင်ကြီးစေသလာ။ စစ်မှန်သောလမ်းခရီးကို စူးစမ်းလေ့လာဖို့ လူတို့ကို လှုံ့ဆော်ပေးသလော။ မလှုံ့ဆော်ပေ။ ဤအကျိုးတရားများ တစ်ခုမျှ မရှိပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်က သူ၏ တာဝန်တွင် ပေါ့လျော့ပြီး အမှားများ လွန်ကျူးစွာ ပြုလုပ်ခြင်းကြောင့်သက်သက်သာ ဖြစ်သည်။ ထို့ကြောင့် အလုပ်၏ အမျိုးမျိုးသော ကိစ္စများကို ဆောင်ရွက်နေစဉ်တွင် အယောင်ဆောင် ခေါင်းဆောင်များ ဖြေရှင်းရမည့်၊ ပြုပြင်ပြီး ကုစားရမည့် ပြဿနာများစွာ၊ မူမမှန်မှုများစွာနှင့် သတိမမူမိခြင်းများစွာ အမှန်တကယ် ရှိပေသည်- သို့သော် ၎င်းတို့၌ ဝန်တာစိတ်မရှိကြသောကြောင့်၊ အစိုးရအရာရှိတစ်ဦး၏ ကဏ္ဍကိုသာ ၎င်းတို့ကပြနိုင်ပြီး စစ်မှန်သည့် အလုပ်ကို မလုပ်ကြသောကြောင့် အကျိုးဆက်အနေဖြင့် ၎င်းတို့က ဆိုးဝါးသော ကမောက်ကမအခြေအနေတစ်ခု ဖြစ်စေကြသည်မှာ အချို့သော အဖွဲ့များက စည်းလုံးမှုကိုပင် ဆုံးရှုံးသွားပြီး အဖွဲ့ဝင်များက အချင်းချင်း အားနည်းစေကြသည်အထိ၊ အချင်းချင်း သံသယရှိကာ သတိထားလာကြပြီး ဘုရားအိမ်တော်ကိုပင် သတိထားလာကြအထိပင်ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များက ဤအခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် တိကျသည့်အလုပ် တစ်ခုတလေကိုမျှ မဆောင်ရွက်ကြချေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၄)”)အပြင်ပန်း အသွင်အပြင်တွင် ဤအယောင်ဆောင်ခေါင်းဆောင်များသည် အန္တိခရစ်များကဲ့သို့ မကောင်းမှုကို တမင်လုပ်ဆောင်နေခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေကို တမင်တကာ တည်ဆောက်ပြီး ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် သွားခြင်းမဟုတ်ပေ။ သို့သော် ၎င်းတို့အလုပ်၏ နယ်ပယ်အတွင်းတွင် အယောင်ဆောင်ခေါင်းဆောင်များသည် ကြီးကြပ်သူများကြောင့်ဖြစ်သော အမျိုးမျိုးသော ပြဿနာများကို အလျင်အမြန် မကိုင်တွယ်နိုင်ပေ။ ၎င်းတို့သည် အဆင့်မမီသော ကြီးကြပ်သူများကို ချက်ချင်း ပြန်လည်နေရာချထားပြီး လူစားလဲခြင်း မပြုလုပ်နိုင်ပေ။ ယင်းက အသင်းတော်အလုပ်အား ပြင်းထန်စွာ ထိခိုက်စေပြီး အားလုံးက အယောင်ဆောင်ခေါင်းဆောင်၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၃)”) အယောင်ဆောင်ခေါင်းဆောင်တွေရဲ့ ပေါ့ဆမှုကို ဘုရားသခင် ထုတ်ဖော်ပြပုံ၊ သူတို့က အလုပ်ကို ဆက်မလုပ်ပုံ၊ မစစ်ဆေးပုံ၊ တာဝန်ကျသူတွေကို သူတို့ မကြီးကြပ်ပုံ၊ မစစ်ဆေးပုံ၊ ရလဒ်အနေနဲ့ ပြဿနာတွေအများကြီးကို မဖြေရှင်းနိုင်ခဲ့ဘဲ ဘုရားအိမ်တော်ရဲ့ အလုပ်က ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ပုံကို ကျွန်မ မြင်တွေ့ခဲ့ပါတယ်။ ကျွန်မ လုပ်ရပ်တွေကို ပြန်ဆင်ခြင်ကြည့်ခဲ့တယ်။ ကျွန်မက သက်သာမှုကို မက်မောတယ်။ တာဝန်ကို လျစ်လျူရှုတယ်။ တာဝန်မသိတတ်ခဲ့ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆတွေကို အခြေခံပြီး အစ်မကျောက်ကို ယုံကြည်ခဲ့ပြီး သူ့အလုပ်ကို မကြီးကြပ်ခဲ့ဘူး။ မစစ်ဆေးခဲ့ဘူး။ သူများတွေက သူ့ပြဿနာကို တိုင်ကြားတဲ့အခါမှာ ကျွန်မက လျစ်လျူရှုခဲ့တယ်။ ပြဿနာတွေကို မဖြေရှင်းခဲ့ဘူး။ သူ့ကို အချိန်မီ မထုတ်ခဲ့ဘူး။ အဲဒါက သူ့ကို ရေရှည် မနာလိုတဲ့ အငြင်းပွားမှုတွေ ရှိခွင့်ပေးခဲ့တယ်။ အဖွဲ့ကို အနှောင့်အယှက်ဖြစ်စေတယ်။ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကို မလုပ်စေခဲ့ဘူး။ အဖွဲ့ရဲ့အလုပ်ကို လချီထိရောက်မှုမရှိဖြစ်စေပြီး တိုးတက်မှုကို ဆိုးဆိုးဝါးဝါး နှောင့်နှေးစေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက သူ့ကို အကြံဉာဏ်ပေးတဲ့အခါမှာ သူက ဖိနှိပ်တယ်။ ဖယ်ကြဉ်တယ်။ သူတို့ကို အကြာကြီး ဖိအားပေးခဲ့တယ်။ ဒီလိုနဲ့ အဖွဲ့ကို တာဝန်မှာ စိတ်ကျဉ်းကျပ်ပြီး စိတ်မပါဖြစ်စေခဲ့တယ်။ ဒါတောင်မှ ကျွန်မက အဲဒီအကြောင်းကို ဘာမှမသိခဲ့သလို၊ သူ ကောင်းကောင်းလုပ်နေတယ်လို့ း ထင်ခဲ့တယ်။ ဘုရားအိမ်တော်က ကျွန်မတာဝန်ကို ခေါင်းဆောင်အဖြစ် စီစဉ်ခဲ့တယ်။ ကျွန်မက တာဝန်မယူနိုင်ခဲ့ရုံမက၊ အသင်းတော်အလုပ်နဲ့ပတ်သက်ပြီး ပြဿနာတွေအများကြီးရှိတဲ့အခါမှာ ကျွန်မက မမြင်မကန်းဖြစ်ပြီး မမြင်နိုင်ခဲ့ဘူး။ အချိန်မီ မဖြေရှင်းနိုင်ခဲ့ဘူး။ အဲဒါကြောင့် အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို အရမ်းထိခိုက်စေခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်တွေမှာ အရမ်းကို ပျက်ကွက်ခဲ့ပါတယ်။ ကျွန်မက ဘုရားအိမ်တော်ရဲ့အလုပ်ကိုနှောင့်ယှက်ဖို့ အန္တိခရစ်တစ်ယောက်လို မကောင်းမှုကို တမင်တကာ မလုပ်ခဲ့ပေမဲ့ ကျွန်မရဲ့ တာဝန်အပေါ် ပျက်ကွက်မှုကလည်း အသင်းတော်အလုပ်ကို တော်တော် ထိခိုက်စေခဲ့တယ်။ အရမ်းကို မသိနားမလည်ခဲ့တဲ့အတွက်၊ မမြင်နိုင်တဲ့အတွက်၊ တာဝန်မသိခဲ့တဲ့အတွက် ဘုရားမျက်မှောက်တော်မှာ ကျူးလွန်ပြစ်မှားခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်။ ဝမ်းနည်းမှုနဲ့ အပြစ်ရှိမှုကို အရမ်းခံစားမိပြီး ဘုရားနဲ့ ညီအစ်ကိုမောင်နှမတွေအပေါ် အကြွေးတင်သလို ခံစားမိတယ်။

နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်ခဲ့တယ်။ ဘာလို့ ကျွန်မရဲ့ ဇာတိပကတိအတွက်ပဲ အမြဲတမ်း စဉ်းစားခဲ့ပြီး တာဝန်မှာ လိမ်လည်လှည့်ဖြားတာတွေကို လုပ်ခဲ့ရတာလဲ ပေါ့။ နောက်ပိုင်းမှာ ကျွန်မအတွက် တော်တော်အထောက်အကူဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့တယ်။ ဘုရားနှုတ်ကပတ်တော်ကပြောတယ်။ “စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာနောက်သို့ လိုက်သည်ဖြစ်စေ၊ မိမိတို့ကိုယ်တိုင်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်— ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက်ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။ စာတန်လုပ်သမျှအရာတိုင်းသည် သူကိုယ်တိုင်၏ အာသာရမ္မက်၊ ရည်မှန်းချက်နှင့် ဦးတည်ချက်များအတွက်ဖြစ်သည်။ သူသည် ဘုရားသခင်ကို ကျော်လွန်ချင်သည်။ ဘုရားသခင်ထံမှ လွတ်မြောက်ချင်သည်။ ဘုရားသခင်ဖန်ဆင်းသောအရာအားလုံးကို ချုပ်ကိုင်ချင်သည်။ ယခုအခါတွင် လူတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်အထိဖြစ်လာခဲ့သည်။ ၎င်းတို့အားလုံးတွင် ဆိုးယုတ်သော သဘာဝများရှိသည်။ ၎င်းတို့အားလုံးသည် ဘုရားကို ငြင်းပယ်ပြီး ဆန့်ကျင်ဖို့ ကြိုးစားသည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ ကံကြမ္မာကို ထိန်းချုပ်လိုပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ဆန့်ကျင်ဖို့ ကြိုးစားသည်။ ၎င်းတို့ ရည်မှန်းချက်များနှင့် အာသာရမ္မက်တို့သည် စာတန်နှင့် အတိအကျပင် တူညီသည်။ ထို့ကြောင့် လူသား၏ သဘာဝသည် စာတန်၏ သဘာဝဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ချင့်ချိန်စဉ်းစားခဲ့ပြီး နောက်ဆုံးမှာ ဆိုးယုတ်တဲ့ စည်းမျဉ်းဖြစ်တဲ့ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတာက ကျွန်မထဲမှာ အရမ်းကို နက်နက်နဲနဲ အမြစ်တွယ်နေပြီး ကျွန်မရဲ့ သဘာဝဖြစ်လာတာကြောင့် ကျွန်မက ပျင်းတာ၊ တာဝန်ကို မသိတတ်တာ၊ အသိတရားမရှိတာကို နောက်ဆုံးမှာ သဘောပေါက်ခဲ့ပါတယ်။ ကျွန်မက အဲဒါနဲ့ အမြဲတမ်း အသက်ရှင်ခဲ့တယ်။ အရာရာမှာ ကျွန်မကိုယ်တိုင်ရဲ့ ဇာတိပကတိ အကျိုးစီးပွားတွေအတွက်ပဲ စဉ်းစားခဲ့တယ်။ ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်လာသလို၊ စက်ဆုပ်ဖွယ်ဖြစ်လာခဲ့တယ်။ တစ်ခုခုက ကျွန်မကို စိတ်ပူစေတဲ့နေရာမှာ၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်ဖို့ လိုတဲ့ နေရာမှာ ကျွန်မက ရှောင်ဖို့အတွက် လိမ်လည်လှည့်ဖြားဖို့ ကြိုးစားခဲ့တယ်။ အနည်းဆုံးဒုက္ခခံရစေမယ့် အရာရာတိုင်းကို လုပ်ခဲ့တယ်။ ခေါင်းဆောင်တာဝန်က ပိုပြီး စိတ်ပူဖို့၊ ဒုက္ခခံဖို့လိုတာကို ကျွန်မ မြင်တော့ တာဝန်တစ်ခုကိုပဲ လိုချင်ခဲ့တယ်။ ကျွန်မ အလုပ်ပမာဏက များလာတဲ့အခါ ကျွန်မက သိပ်စိတ်မပူချင်သလို၊ အဖိုးအခ နည်းနည်းပဲ ပေးဆပ်ချင်ခဲ့တယ်။ အစ်မကျောက်ရဲ့အလုပ်အပေါ် လွှတ်ပေးထားတဲ့နည်းကို ကျွန်မ စသုံးပြီး လျစ်လျူရှုခဲ့တယ်။ နောက်ပိုင်းမှာ သူက မကောင်းတဲ့အခြေအနေမှာရှိနေတာကို ကျွန်မ တွေ့တော့ မဖြေရှင်းချင်ခဲ့ဘူး။ သူက ဒီတာဝန်နဲ့ မသင့်တော်ဘူးဆိုတာကို အစ်မဝမ်ကနေတစ်ဆင့် ဘုရားက ကျွန်မကို သတိပေးခဲ့ပေမဲ့ ကျွန်မက အဲဒါကို စုံစမ်းမေးမြန်းတာကို ရွှေ့ဆိုင်းဖို့အတွက် ဆင်ခြေအနေနဲ့ အလုပ်ရှုပ်နေတာကို အသုံးပြုခဲ့တယ်။ အစ်မကျောက်ရဲ့ ပြဿနာက ဆိုးလာပြီး သူ အထုတ်ခံရတဲ့အထိအပေါ့။ ကျွန်မကို လက်တွေ့လုပ်ဆောင်မှု အခွင့်အရေးတစ်ခုပေးဖို့ အသင်းတော်တာဝန်တစ်ခုနဲ့ ဘုရားက ကျွန်မကို ချီးမြှောက်ပေးခဲ့တယ်။ ကျွန်မက သူ့စေခိုင်းချက်ကို လက်ခံမယ်၊ တာဝန်ယူမယ်၊ ညီအစ်ကိုမောင်နှမတွေကို ကြီးကြပ်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ဒီလိုနဲ့ သူတို့တွေက တာဝန်ကို ထမ်းဆောင်နိုင်ပြီး ဘုရားကို ကျေနပ်စေနိုင်မှာလေ။ ဒါပေမဲ့ ကျွန်မက ဘာလုပ်ခဲ့လဲ။ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ကြိုးစားရမယ့်အစား သက်သာမှုကို မက်မောတာကလွဲလို့ ဘာမှမလုပ်ခဲ့ဘူး။ ကျွန်မကို သိပ်စိတ်မပူစေတာ၊ ဒုက္ခမခံရစေတာမှန်သမျှကို လုပ်ခဲ့တယ်။ ဘုရားကို ကျွန်မ နှစ်နဲ့ချီယုံကြည်ခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေ အများကြီးရဲ့ ရေလောင်းတာကို နှစ်သက်ခံစားခဲ့တယ်။ ဒါပေမဲ့ အကြောင်းကိစ္စတွေ ဖြစ်လာတဲ့အခါ ကျွန်မက ကျွန်မ သက်သာမှုအတွက် စိုးရိမ်နေခဲ့ပြီး အလုပ်ကို ဘယ်လိုကောင်းကောင်း လုပ်ရမယ်ဆိုတာကို မစိုးရိမ်ခဲ့ဘူး။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာပဲ။ ပြီးတော့ ဘုရားကို ရွံရှာစေခဲ့တယ်။ ကျွန်မရဲ့ လူ့သဘာဝ၊ အသိစိတ် ကင်းမဲ့မှုနဲ့ ဘုရားရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို သစ္စာဖောက်ခဲ့တာကို ကျွန်မ မုန်းခဲ့ပါတယ်။ ဘုရားကို ကျွန်မ ဆုတောင်းတယ်။ “ဘုရားသခင် ကျွန်မဟာ ဇာတိပကတိအတွက် စိုးရိမ်နေခဲ့ပြီး လက်တွေ့အလုပ်ကို လျစ်လျူရှုခဲ့လို့ အသင်းတော်အလုပ်ကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ပြစ်မှားမှုတွေနဲ့အညီ ကိုယ်တော်က ကျွန်မကို မဆက်ဆံခဲ့ဘူး။ နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့ ကျွန်မကို အခွင့်အရေးပေးခဲ့တယ်။ ကိုယ်တော့်ထံမှာ နောင်တရချင်ပါတယ်။ အနာဂတ်မှာ ကျွန်မ တာဝန်က ဘာပဲဖြစ်ပါစေ ကျွန်မရဲ့ ဇာတိပကတိကို အလိုမလိုက်ချင်တော့ဘူး။ သက်သာမှုကို မမက်မောချင်တော့ပါဘူး။ တာဝန်သိတတ်ချင်ပြီး တာဝန်ကို လက်တွေ့ကျကျ ထမ်းဆောင်ချင်ပါတယ်” ဆိုပြီးတော့။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နှလုံးသားရှိသောသူတို့သည် ဘုရားသခင်၏ အလိုတော်ကို သတိပြုမိနိုင်ကြသည်။ နှလုံးသားမရှိသောသူတို့သည် အနှစ်မရှိသည့် အခွံ၊ လူပြက်များဖြစ်ကြသည်။ ‘ဤသည်မှာ ဘုရားသခင်အတွက် မည်မျှအရေးတကြီးဖြစ်သည်ကို ငါဂရုမစိုက်။ ငါအလိုရှိသည့်အရာကို လုပ်ဆောင်မည်။ မည်သို့ပင်ဖြစ်စေ ငါသည် အလဟဿနေထိုင်ခြင်းမဟုတ်၊ ပျင်းရိခြင်းမဟုတ်’ ဟူ၍ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို သတိပြုမိရန် မသိကြပေ။ ဤသို့သောသူတို့သည် ဘုရားသခင်၏အလိုတော်ကို သတိမပြုမိကြသလို ဘုရားအလိုတော်ကို မည်သို့ သတိထားရမည်ကိုလည်း နားမလည်ကြပေ။ ဤဖြစ်ရပ်တွင် ၎င်းတို့သည် စစ်မှန်သည့် ယုံကြည်ခြင်းကို ပိုင်ဆိုင်သလော။ နောဧသည် ဘုရားအလိုတော်ကို သတိထားသည်။ သူ့တွင် စစ်မှန်သော ယုံကြည်ခြင်းရှိသည်။ ထို့ကြောင့် အကောင်းဆုံးလုပ်ဆောင်ခြင်းသည် မလုံလောက်ပေ။ သင်၏ စိတ်နှလုံးတွင် စစ်မှန်သော သတိပြုမှုရှိရမည်။ ဤသည်မှာ လူ့သဘာဝတွင် တွေ့ရသော အသိတရားဖြစ်သည်။ ယင်းသည် လူတို့တွင် ရှိရမည့်အရာဖြစ်ပြီး နောဧတွင် တွေ့ရှိရသည့်အရာဖြစ်သည်။ နောဧသည် အချိန်ဆွဲ၍ လုပ်ဆောင်ခဲ့လျှင်၊ အရေးတကြီးပြုလုပ်လိုသည့် အသိစိတ်မရှိခဲ့လျှင်၊ လောကအပေါ် စိတ်ပျက်မှုမရှိခဲ့လျှင်၊ ထိရောက်မှုမရှိခဲ့လျှင် ထိုအချိန်ကာလ၌ ဤကဲ့သို့သောအရာကို လုပ်ဆောင်ရန်၊ သင်္ဘောကို တည်ဆောက်ရန် နှစ်မည်မျှကြာမည်ဟု သင်တို့ဆိုမည်နည်း။ နှစ်၁၀၀အတွင်းတွင် ပြီးဆုံးနိုင်သလော။ (မပြီးဆုံးပါ။) မျိုးဆက်သုံးလေးဆက်အထိ အဆက်မပြတ် တည်ဆောက်ရပေလိမ့်မည်။ တစ်ဖက်မှကြည့်လျှင် သင်္ဘောတစ်စီးကဲ့သို့သော အခိုင်အမာအရာဝတ္ထုတစ်ခုကို တည်ဆောက်ရန် နှစ်များစွာ ကြာမည်။ ထို့အပြင် သက်ရှိသတ္တဝါအားလုံးကို စုဆောင်းခြင်း၊ ရှာဖွေခြင်းသည်လည်း ထို့အတူပင်ဖြစ်သည်။ ဤသက်ရှိသတ္တဝါများကို စုဆောင်းရန် လွယ်ကူသလော။ မလွယ်ကူပေ။ ထို့ကြောင့် ဘုရားသခင်၏ ညွှန်ကြားချက်ကို ကြားပြီးနောက်၊ ဘုရားသခင်၏ အရေးတကြီးဖြစ်သော အလိုတော်ကို နားလည်သဘောပေါက်ပြီးနောက်တွင် ဤသည်မှာ လွယ်ကူမည်မဟုတ်သကဲ့သို့ ရိုးရှင်းမည်မဟုတ်သည်ကိုလည်း နောဧသတိပြုမိခဲ့သည်။ ဘုရားသခင်စိတ်ကျေနပ်ပြီး စိတ်ချစေရန်၊ ဘုရားသခင်၏ အမှုတော်နောက်တစ်ဆင့်သည် ချောမွေ့စွာ ရှေ့ဆက်နိုင်ရန်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ ဤအရာကို ပြီးမြောက်ရမည်၊ ဤစေခိုင်းချက်ကို ပြီးဆုံးအောင်ပြုလုပ်ရမည်ဟု သူ သဘောပေါက်ခဲ့သည်။ ဤသည်မှာ နောဧ၏ နှလုံးသားဖြစ်သည်။ ယင်းမှာ မည်သို့သော နှလုံးသားဖြစ်သနည်း။ ဘုရားသခင်၏အလိုတော်ကို သတိပြုမိသော နှလုံးသားတစ်ခုဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၂)”)ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်သည် မည်သည့်အရေးကြီးသည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ ဤအလုပ်၏ သဘောသဘာဝက မည်သည့်အရာဖြစ်စေ ၎င်းတို့၏ ပထမဦးစားပေးမှာ အလုပ်က မည်သို့ တိုးတက်မှုရှိနေသည်ကို ကောင်းစွာ သိရှိရန်ဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စများကို ဆက်လက်စစ်ဆေးပြီး မေးခွန်းများမေးကာ သတင်းအချက်အလက်များကို ကိုယ်တိုင်ရယူရန်အတွက် ထိုနေရာတွင် ရှိနေရပေမည်။ ၎င်းတို့သည် ကိုယ်ကြားရသည့်အတိုင်း လုပ်ဆောင်ခြင်းသက်သက် သို့မဟုတ် အခြားလူတို့၏ အစီရင်ခံချက်များကိုသာ နားထောင်ခြင်း မပြုလုပ်ရပေ။ ထိုအစား ၎င်းတို့သည် ဝန်ထမ်းများက မည်သို့လုပ်ဆောင်နေသည်၊ အလုပ်က မည်သို့ တိုးတက်နေသည်၊ မည်သည့်အခက်အခဲများရှိသည်၊ နယ်ပယ်တစ်ခုခုက အထက်က သတ်မှတ်ချက်များနှင့် ကွဲလွဲနေခြင်းရှိမရှိ၊ အထူးလုပ်ငန်းတာဝန်များက စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းရှိမရှိ၊ အနှောင့်အယှက်၊ အဖျက်အဆီးတစ်ခုခု ရှိမရှိ၊ လိုအပ်သော ပစ္စည်းကိရိယာများ၊ သို့မဟုတ် အချို့တာဝန်အတွက် သင်ကြားပို့ချမှုဆိုင်ရာ ပစ္စည်းများ လိုအပ်ခြင်း ရှိမရှိ၊ မိမိတို့ကိုယ်တိုင် ကြည့်ရှုလေ့လာရမည်။ ၎င်းတို့သည် ဤအရာအားလုံးကို နိုင်နိုင်နင်းနင်းဖြစ်ရမည် ဖြစ်သည်။ မည်မျှ များပြားသော အစီရင်ခံချက်များကို ၎င်းတို့ နားထောင်သည်ဖြစ်စေ၊ သို့မဟုတ် ကြားရသည့်အတိုင်း လုပ်ဆောင်ခြင်းမှ မည်မျှရရှိသည်ဖြစ်စေ၊ ဤအရာတို့သည် ကိုယ်တိုင်သွားရောက်ကြည့်ရှုခြင်းလောက် မကောင်းပေ။ အမှုအရာများကို မိမိကိုယ်တိုင် မြင်တွေ့ခြင်းသည် ပိုမို တိကျမှုရှိပြီး ယုံကြည်စိတ်ချရသည်။ ၎င်းတို့သည် အခြေအနေကို အကျွမ်းဝင်သွားသည်နှင့် တစ်ပြိုင်နက် မည်သည့်အရာဖြစ်ပျက်နေသည်ကို ကောင်းစွာ သိရှိလိမ့်မည်။ ပို၍ပင်အရေးကြီးသည်မှာ မည်သူက အစွမ်းအစကောင်းရှိပြီး ပျိုးထောင်ပေးဖို့ ထိုက်တန်သည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်ကို မှန်မှန်ကန်ကန် လုပ်ဖို့ဆိုလျှင် မည်သည့်အရာက အရေးပါသည်ဆိုသည်ကို ရှင်းလင်းတိကျသော နားလည်သဘောပေါက်ခြင်းဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည်လည်း အစွမ်းအစကောင်းရှိသည့် လူများကို မည်သို့ ပြုစုပျိုးထောင်ပြီး လေ့ကျင့်ပေးရမည်ဆိုသည်နှင့် သက်ဆိုင်သော လမ်းကြောင်းတစ်ခုရှိပြီး၊ အလုပ်အချိန်ကာလအတွင်းတွင် ဖြစ်ပေါ်သည့် အမျိုးမျိုးသော ပြဿနာများနှင့် အခက်အခဲအမျိုးအစားများကို မည်သို့ ဖြေရှင်းရမည်ကို သိသောအခါ၊ အလုပ်ကမည်သို့တိုးတက်ရမည်၊ အနာဂတ်တွင် မညသ်ည့်ပုံစံရှိမည်နှင့်ပတ်သက်ပြီး ကိုယ်ပိုင်စိတ်ကူးများနှင့် အကြံပြုချက်များရှိကာ ထိုကဲ့သို့သောအရာများကို သံသယ သို့မဟုတ် စိုးရိမ်မှုတစ်ခုတလေမရှိဘဲ ပေါ့ပေါ့ပါးပါးဖြင့် အလွယ်တကူ ရှင်းလင်းစွာ ပြောဆိုနိုင်သောအခါ၊ ဤအလုပ်သည် ဆောင်ရွက်ရန် ပို၍များစွာ လွယ်ကူပေလိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်၊ ခေါင်းဆောင်သည် တာဝန်များကို ကျေပွန်လိမ့်မည်မဟုတ်လော။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအရာအားလုံးကို ထည့်သွင်းစဉ်းစားရမည်။ စိတ်ထဲတွင် ဤအရာအားလုံးကို ရှိထားရမည်။ ခေါင်းထဲတွင် ဤအရာတို့ကို အဆက်မပြတ် စဉ်းစားနေရမည်။ အခက်အခဲများကို ကြုံရသောအခါ၊ ပြဿနာကို ကုစားရန်အလို့ငှာ သမ္မာတရားကို ရှာဖွေလျက်၊ ဤအရာများကို မိတ်သဟာယပြု၊ ဆွေးနွေးဖို့ရန်အတွက် လူတိုင်းဆီသို့ ပြန်သွားရမည်ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့အလုပ်သည် လက်တွေ့အရှိတရား၌ အခြေတည်လျှင်၊ ဖြေရှင်း၍ မရနိုင်သော အခက်အခဲရှိလိမ့်မည်မဟုတ်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၄)”) တာဝန်ကို ထမ်းဆောင်ဖို့ လမ်းကြောင်းကို ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ပြသခဲ့တယ်။ အဲဒါက ဘုရားအလိုတော်ကို ထောက်ထားဖို့၊ ဘုရားရဲ့ ဆန္ဒတွေကို အရေးစိုက်ဖို့၊ ကိုယ်ပိုင်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို မထိခိုက်စေဖို့ပဲ။ ဘုရားအလိုတော်ကို အမှန်တကယ် အရေးထားတဲ့ နောဧလိုပေါ့။ သင်္ဘောကြီးကိုဆောက်ဖို့ ဘုရားက သူ့ကိုပြောတဲ့အခါ သူကိုယ်တိုင်ရဲ့ အကျိုးအမြတ်တွေ၊ ဆုံးရှုံးမှုတွေကို မစဉ်းစားခဲ့ဘူး။ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ သင်္ဘောကြီးကို ဘယ်လို အမြန်ဆောက်ရမလဲဆိုတာကိုပဲ စဉ်းစားတယ်။ ကျွန်မက နောဧနဲ့ ယှဉ်လို့မရပေမဲ့ နောဧကို ကျွန်မ အတုခိုးချင်ခဲ့တယ်။ ဘုရားအလိုတော်ကို အရေးထားဖို့သင်ယူပြီး ဘုရားရဲ့သတ်မှတ်ချက်တွေနဲ့ ကိုက်ညီဖို့ ကျွန်မ အတတ်နိုင်ဆုံးလုပ်ချင်ခဲ့တယ်။ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက လက်တွေ့ကျတဲ့ အလုပ်ကို ကောင်းကောင်းလုပ်ဖို့အတွက် ကျွန်မတို့ဟာ အလုပ်ကို အဆက်မပြတ်ရဘူး၊ အလုပ်မှာ အတားအဆီး၊ အနှောင့်အယှက်တွေ တွေ့တဲ့အခါ အလုပ်က ပုံမှန်တိုးတက်တာ သေချာစေဖို့အတွက် အဲဒါတွေကို အချိန်မီ ကိုင်တွယ်ဖြေရှင်းပြီး မိတ်သဟာယဖွဲ့ရမယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်မ ခေါင်းဆောင်က ကျွန်မကို အသင်းတော်တချို့ရဲ့ ဧဝံဂေလိအလုပ်နဲ့ ရေလောင်းခြင်းအလုပ်ကို ဦးဆောင်ခိုင်းတယ်။ ကျွန်မ စဉ်းစားတယ်။ “ငါ ဒါကို အရင်တစ်ခါလို အဖြစ်ခံလို့မဖြစ်ဘူး။ ဇာတိပကတိသက်သာမှုကိုပဲ ဂရုစိုက်ပြီး တာဝန်မယူတာမျိုးလုပ်လို့ မဖြစ်ဘူး။ ငါ လက်တွေ့ကျဖို့လိုပြီး တာဝန်အပေါ် အားစိုက်မှုတွေအားလုံး နှစ်မြုပ်ထားရမယ်” ပေါ့။ အဲဒီနောက်မှာ ရူပါရုံသမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်တဲ့နေရာမှာ အာရုံစိုက်ခဲ့တယ်။ အလားအလာရှိတဲ့ ဧဝံဂေလိ ပစ်မှတ်တွေရှိရင် သူတို့ကို ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ တက်တက်ကြွကြွနဲ့ သက်သေခံတယ်။ ညနေတွေမှာဆိုရင် သူတို့ရဲ့ ဘာသာရေးအယူအဆတွေအရ ဘုရားနှုတ်ကပတ်တော်ကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်တယ်။ တစ်နေ့တော့ အသင်းတော်တစ်ခုရဲ့ အလုပ်ကို စစ်ဆေးဖို့ ကျွန်မ သွားနေရင်းနဲ့ စဉ်းစားမိတယ်။ “ဒီအသင်းတော်ရဲ့ ခေါင်းဆောင်တွေနဲ့ ဧဝံဂေလိ သင်းထောက်က ဘုရားကို ယုံတာ တော်တော်ကြာပြီ။ သူတို့က အစွမ်းအစကောင်းရှိပြီး အရည်အချင်းရှိတယ်။ တာဝန်သိတတ်တယ်။ သူတို့အလုပ်ကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ်။ ဒီတော့ ငါ စစ်ဆေးဖို့ မလိုပါဘူး။ ဒါဆိုရင် ငါ သိပ်အားစိုက်စရာမလိုတော့ဘူး” ဆိုပြီးတော့။ ဒီအတွေးတွေ ကျွန်မမှာ ရှိလာတာနဲ့ ကျွန်မက မကြီးကြပ်ဖို့၊ မစစ်ဆေးဖို့အတွက် အကြောင်းပြချက်ရှာဖို့ လှည့်ကွက်တွေ၊ လှည့်စားမှုတွေကို နောက်တစ်ခါ သုံးနေတာကို သဘောပေါက်လိုက်တယ်။ အခု ကျွန်မက ဒီအသင်းတော်မှာ ဦးဆောင်သူဖြစ်တာကြောင့် အသင်းတော်အလုပ်ကို ဆောင်ရွက်ပြီး ကြီးကြပ်တာက ကျွန်မရဲ့ တာဝန်ဝတ္တရားဖြစ်တယ်။ ကျွန်မရဲ့ ဇာတိပကတိအတွက် စဉ်းစားပြီး တာဝန်ကို ရွှေ့ဆိုင်းဖို့အတွက် ဆင်ခြေတွေ ကျွန်မ ထပ်လုပ်ဖို့ မဖြစ်တော့ဘူး။ စိတ်ထဲကနေ ဒီလိုတွေးရင်းနဲ့ အသင်းတော်အလုပ်ကို ကျွန်မ ဂရုတစိုက် စစ်ဆေးခဲ့တယ်။ လူသစ်အစည်းအဝေးတွေမှာ ပြဿနာတွေရှိနေတာ၊ ရေလောင်းဝန်ထမ်းတွေက အလုပ်ကို ကောင်းကောင်းမလုပကြတာကို ကျွန်မ တွေ့လိုက်ရတယ်။ နောက်တစ်နေ့မှာ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး သူတို့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဝန်ထမ်းတွေနဲ့ တွေ့ခဲ့တယ်။ သိပ်မကြာခင်မှာပဲ လူသစ်အစည်းအဝေးတွေက ပုံမှန်ဖြစ်သွားတယ်လို့ ကျွန်မကြားရတယ်။ အဲဒါကြောင့် ကျွန်မ အရမ်းကို လုံခြုံဘေးကင်းသလို ခံစားခဲ့ရတယ်။ ဘုရားအိမ်တော်မှာရှိတဲ့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေက အမှန်တကယ် အဖိုးအခပေးဆပ်ဖို့လိုတယ်၊ အလုပ်ကို စစ်ဆေးပြီး ကြီးကြပ်ဖို့လိုတယ်ဆိုတာ ကျွန်မ တွေ့ခဲ့ပါတယ်။ ဒါက ပြဿနာတွေကို အချိန်မီ ရှာတွေ့ပြီး ဖြေရှင်းဖို့၊ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒီနေ့ ကျွန်မမှာ ဒီနားလည်မှုနဲ့ ပြောင်းလဲမှုရှိတာဟာ ဘုရားရဲ့ ကယ်တင်ခြင်းပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မာနထောင်လွှားမှုမှ ကျွန်ုပ် လွတ်မြောက်ခဲ့ပုံ

ချိချိန် မြန်မာနိုင်ငံ ၂၀၁၉ ဇွန်လမှာ၊ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ တစ်နှစ်ကြာပြီးတော့၊...

သူ့ထက်ငါ အနိုင်လုသောလောကကို နှုတ်ဆက်ခြင်း

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ လွန်ခဲ့တဲ့ နှစ်နှစ်က လူသစ်တွေကို ရေလောင်းပေးတဲ့ တာဝန် ကျွန်မ ယူခဲ့တယ်။ အဲဒါ ဘုရားဆီက ဂုဏ်ပြုခြင်းတစ်ခုလို့...

အဆင့်အတန်း၏ အချုပ်အနှောင်များကို စွန့်ပစ်လိုက်ပြီးနောက်တွင် များစွာပို၍ ပေါ့ပါးသည်ကို ကျွန်တော် ခံစားရသည်

လျန်ကျီ၊ အန်းဟွေစီရင်စု ကျွန်တော့် နာမည် လျန်ကျီဖြစ်ပြီး နောက်ဆုံးသော ကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို လွန်ခဲ့သော ခြောက်နှစ်က ကျွန်တော်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။