သက်သာမှုနောက်ကို လိုက်ခြင်း၏ အကျိုးဆက်များ
အသင်းတော်မှာ ကျွန်မတာဝန်က အထူးပြုလုပ်ချက်တွေ ဖန်တီးရတာပါ။ ထုတ်လုပ်ရေးလုပ်နေတဲ့အတောအတွင်းမှာ တော်တော်ခက်တဲ့ ပရောဂျက်တွေရှိနေတဲ့အချိန်မှာ အကွက်တစ်ခုစီတိုင်းက ပြုလုပ်ချက်ကို ထပ်ခါထပ်ခါ စမ်းကြည့်ပြီး ပြုပြင်ရတယ်။ မအောင်မြင်တာတွေ အများကြီးရှိတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ပရောဂျက်တွေက အတော်လေး ရိုးရှင်းပြီး သူတို့က ပရောဂျက်တွေ ပိုပြီးတာကို ကျွန်မ သတိပြုမိတဲ့အခါ ကျွန်မ စဉ်းစားတယ်။ “ငါ့ပရောဂျက်က အဆင့်မြင့်တဲ့ နည်းပညာ လိုအပ်ချက်တွေရှိတယ်။ စဉ်းစားရင်း၊ ပစ္စည်းတွေရှာဖွေရင်း လေ့လာရင်းနဲ့ အချိန်ကို ကုန်ဆုံးရတယ်။ ထုတ်လုပ်ရေးလုပ်ငန်းစဉ်က ကြာတယ်။ ပရောဂျက်တွေက ဒီထက်ပိုရိုးရှင်းရင် သိပ် ဒုက္ခရောက်မှာမဟုတ်ဘူး။ တချို့ ရိုးရှင်းတဲ့ နည်းစနစ်တွေ၊ ကျွမ်းကျင်မှုတွေကိုပဲ ကျွမ်းကျင်အောင်လုပ်ဖို့လိုမှာ။ ထုတ်လုပ်ရေးလုပ်ငန်းစဉ်ကလည်း ပိုပြီး မြန်မှာပဲ။ ဒါဆိုရင် ပရောဂျက်က သိပ်စိတ်အနှောင့်အယှက်ဖြစ်မှာ မဟုတ်ဘူး” ဆိုပြီးတော့။ အဲဒီနောက် ကျွန်မ တာဝန်တွေမှာ ဘယ်ပရောဂျက်တွေက ခက်ခဲပြီး ဘယ်ပရောဂျက်က ရိုးရှင်းတယ်ဆိုတာကို ခြုံငုံသုံးသပ်ပြီး ဘယ်ပရောဂျက်ကို ယူရမယ်ဆိုတာ ဆုံးဖြတ်တယ်။ တစ်ကြိမ်မှာ ကျွန်မက လုပ်ရတာ ရိုးရှင်းတဲ့ ပရောဂျက်တစ်ခုကို ရွေးလိုက်ပြီး ရှုပ်ထွေးတဲ့ပရောဂျက်ကို ညီအစ်ကိုမောင်နှမတွေအတွက် ချန်ထားလိုက်တယ်။ ညီအစ်ကိုမောင်နှမတွေက လိုလိုလားလားနဲ့ သဘောတူတာကို ကျွန်မမြင်တော့ နည်းနည်း စိတ်မသက်မသာဖြစ်မိတယ်။ “ငါက အခက်အခဲတွေကို ကြုံရတဲ့အခါမှာ နောက်တွန့်နေတာသက်သက်ပဲ မဟုတ်ဘူးလား” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားတယ်။ “ခက်တဲ့ ပရောဂျက်တွေကြောင့် ငါ့ရဲ့ အချိန်နဲ့ အားအင်တွေ အများကြီးကုန်ရတယ်။ စိတ်အားစိုက်ရတာတွေလည်း အများကြီးရှိတယ်။ ဒါကြောင့် ရိုးရှင်းတဲ့ ပရောဂျက်တွေကိုရွေးတာ ငါ့အတွက် အကောင်းဆုံးပါပဲ” ပေါ့။ နောက်ပိုင်းမှာ ကျွန်မရဲ့ အထူးပြုလုပ်ချက်ပရောဂျက်တွေထဲက တစ်ခုမှာ ပိုကောင်းအောင်လုပ်လို့ရတဲ့နေရာရှိတယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ ကျွန်မက အဲဒါကို ပြောင်းဖို့ အရမ်းမကြိုးစားချင်ဘူး။ ညီအစ်ကိုမောင်နှမတွေက ဘာပြဿနာမှမမြင်တာကို ကျွန်မ သတိထားမိတယ်။ အဲဒါနဲ့ ကျွန်မ အဲဒါကို မပြောင်းတော့ဘဲ ဒီတိုင်းထားလိုက်တယ်။ တစ်ခါတလေမှာ ကျွန်မမှာ ပြဿနာတွေရှိရင် ခဏလောက်ပဲ စဉ်းစားလိုက်ပြီး ညီအစ်ကိုမောင်နှမတွေကို သွားမေးလိုက်တယ်။ ဒါက် ပြဿနာကို မြန်မြန်ပြေလည်သွားစေပြီး ကျွန်မလည်း မပင်ပန်းဘူး၊ ဒါကြောင့် ကျွန်မတာဝန်တွေပြီးဖို့ လွယ်တဲ့ နည်းတစ်ခုပဲလို့ ခံစားမိတယ်။ ဒါပေမဲ့ ကျွန်မ ဒီလိုလုပ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့စိတ်ကို ခံစားမိတယ်။ တချို့မေးခွန်းတွေက တကယ်ကို ရိုးရှင်းပါတယ်။ ကျွန်မ နည်းနည်းလောက် အားစိုက်လိုက်တာနဲ့ ဖြေရှင်းလို့ရ်တယ်။ ညီအစ်ကိုမောင်နှမတွေကို မေးတာက သူတို့တာဝန်တွေကို အနှောင့်အယှက်ဖြစ်စေတယ်လေ။ ဒါပေမဲ့ ကျွန်မ မဆင်ခြင်ခဲ့ဘူး၊ ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ မကြိုးစားခဲ့ဘူး။ အဲဒါနဲ့ ဒီလို လှည့်စားမှုမျိုးက ကျွန်မ တာဝန်တွေကို ထမ်းဆောင်တဲ့ပုံစံမှာ အလေ့အထတစ်ခုဖြစ်လာတယ်။
အဲဒီနောက်မှာ ဗီဒီယိုထုတ်လုပ်ရေးတာဝန်ဘက်ကို ကျွန်မ ပြောင်းလိုက်တယ်။ ဗီဒီယိုတွေလုပ်ရတာအပြင် ကျွန်မက ညီအစ်ကိုမောင်နှမတွေကို သင်ယူလေ့လာတဲ့နေရာမှာ ဦးဆောင်ရပြီး လူတိုင်းရဲ့ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေကို မြှင့်တင်ပေးရတယ်။ ဒါကြောင့် ကျွန်မက ပုံမှန်ထက်ပိုပြီး လုပ်ရတယ်။ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို ကျွန်မ သင်ယူရရုံတင်မကဘဲ ညီအစ်ကိုမောင်နှမတွေလိုအပ်တဲ့အရာအပေါ် အခြေခံပြီး ကုန်ကြမ်းတွေရှာရသလို သင်ခန်းစာတွေ ပြင်ဆင်ရတယ်။ အားလုံးက ခက်ပြီး ပင်ပန်းတဲ့တာဝန်တစ်ခုလို ခံစားရတယ်။ ကျွန်မ စဉ်းစားတယ်။ “အရင်က ငါ့တာဝန်က ပိုကောင်းတယ်။ ဝန်ထုပ်ဝန်ပိုးတွေ၊ ဖိအားတွေ အများကြီးမရှိခဲ့ဘူး။ ငါလုပ်ဖို့လိုတာက ငါ့ရဲ့ ကိုယ်ပိုင်ပရောဂျက်တွေကို ပြီးဖို့ပဲရှိခဲ့တာ။ အခု ငါ့မှာ အလုပ်တွေ အများကြီးပိုရှိလာပြီး စိတ်ပူရတာတွေ ပိုများတယ်” ပေါ့။ ဒါတွေအားလုံးကို စဉ်းစားရတော့ ခေါင်းကိုက်လာတယ်။ နောက်ပိုင်းမှာ ကျွန်မ အချိန်ကို ချွေတာပြီး သိပ်မပင်ပန်းအောင် ဘယ်လိုလုပ်လို့ရမလဲဆိုတာကို စစဉ်းစားပြီး ညီအစ်ကိုမောင်နှမတွေဆီကို အထူးပြုလုပ်ချက် သင်ခန်းစာတွေကို ပို့ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလိုနဲ့အဲဒါတွေကို ညီအစ်ကိုမောင်နှမတွေက လေ့လာနိုင်ပြီး ကုန်ကြမ်းရှာဖို့ အချိန်မကုန်ရတော့ဘူးပေါ့။ ကျွန်မ စဉ်းစားကြည့်လေလေ၊ ပိုကောင်းတဲ့နည်းလမ်းမရှိနိုင်ဘူးလို့ ခံစားမိလေလေပဲ။ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေက သင်ခန်းစာတွေက သူတို့ပြဿနာတွေကို ဖြေရှင်းမပေးဘူးလို့ ပြောတယ်။ အဲဒီအချိန်တုန်းက ကျွန်မ နည်းနည်း စိတ်မကောင်းဖြစ်မိတယ်။ အဲဒါနဲ့ တခြားရွေးချယ်စရာမရှိတော့ ရိုးရှင်းတဲ့ပုံစံနဲ့ လူတိုင်းကို သင်ပေးဖို့ ကုန်ကြမ်းတချို့ကို ကျွန်မ ရှာခဲ့တယ်။ ကျွန်မ စဉ်းစားတယ်။ “ကဲ လူတိုင်းအတွက် သင်ခန်းစာတွေကို ငါစီစဉ်ပေးပြီးပြီ။ ငါ့အလုပ်က ပြီးပြီ” ပေါ့။ သိပ်မကြာခင်မှာပဲ ကျွန်မတို့ အဖွဲ့ခေါင်းဆောင်ကပြောတယ်။ “နည်းပညာဆိုင်ရာ ပြဿနာတွေက ဗီဒီယိုထုတ်လုပ်ရေးကို အဆင့်မမီဘူး၊ ခဏခဏပြန်လုပ်နေရတယ်။ ဒါကြောင့် တိုးတက်မှုက နှောင့်နှေးနေတယ်လို့ ညီအစ်ကိုမောင်နှမတွေက ခုတစ်လော ပြောကြတယ်” တဲ့။ ကျွန်မက ဒါကိုကြားတော့ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ခဲ့ဘူး။ နားလည်အောင် မကြိုးစားခဲ့ဘူး။ ဒီတာဝန်က ဒုက္ခခံပြီး အဖိုးအခပေးဆပ်ဖို့ လိုအပ်ရုံတင်မကဘဲ အခြေအနေဆိုးလာရင် တာဝန်ခံမှုလည်း လိုတယ်လို့ ခံစားမိတယ်။ ဒါကြောင့် ဒီတာဝန်ကို ကျွန်မ ပိုပြီးတော့တောင် မလိုချင်ခဲ့ဘူး။ တစ်ရက်မှာ ကျွန်မ ခေါင်းဆောင်က ကျွန်မဆီလာပြီး အခြေအနေတွေက မပြောင်းလဲရင် ကျွန်မ အထုတ်ခံရမယ်လို့ပြောရင်းနဲ့ ကျွန်မကို တာဝန်မှာ ဖြစ်သလိုလုပ်ပြီး ဉာဏ်များတဲ့အတွက် ကျွန်မကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ခေါင်းဆောင်က ဒီလိုပြောတာကို ကျွန်မ ကြားတော့ ကျွန်မက တာဝန်တွေမှာ ဖြစ်သလိုလုပ်နေတယ်ဆိုတာကို ဝန်ခံပေမဲ့ ဘာနောင်တရခြင်းမှ ကျွန်မ မခံစားရဘူး။ အနာဂတ်မှာ ကျွန်မ တာဝန်တွေမှာ ရင်ဆိုင်ရမဲ့အခက်အခဲတွေနဲ့ ပြဿနာတွေကို ကျွန်မ တွေးမိတဲ့အခါမှာ ဒီတာဝန်ကို ကျွန်မ ဆက်ပြီး မထမ်းဆောင်ချင်တော့ဘူး။ ပိုလွယ်တဲ့ တာဝန်တစ်ခုကို ပြောင်းလုပ်ချင်ခဲ့တယ်။ နောက်တစ်နေ့မှာ ခေါင်းဆောင်ဆီကို ကျွန်မ သွားပြီး ပြောလိုက်တယ်။ “ကျွန်မ ဒီတာဝန်ကို လုပ်နိုင်စွမ်းမရှိဘူး။ တခြားတာဝန်တစ်ခုကို ပြောင်းချင်တယ်” ပေါ့။ ဒါကိုကြားပြီးတဲ့နောက်မှာ သူက ကျွန်မကို ကိုင်တွယ်ဖြေရှင်းတယ်။ “အစ်မက ဒီတာဝန်ကို တကယ်မထမ်းဆောင်နိုင်ဘူးလား။ အစ်မ တကယ် ကြိုးစားကြည့်ခဲ့လား။ အစ်မက ပင်ပန်းတဲ့အလုပ်ကို ရှောင်တယ်။ အမြဲတမ်း ဖြစ်သလိုလုပ်ပြီး ဉာဏ်များဖို့ ကြိုးစားတယ်။ အစ်မမှာ မကောင်းတဲ့ လူ့သဘာဝရှိတယ်။ ဒီအပြုအမူတွေကို ကြည့်ရင် အစ်မက ဒီတာဝန်နဲ့ တကယ်ကို မသင့်တော်တာပဲ” တဲ့။ ခေါင်းဆောင်က ဒီလိုပြောတာကို ကျွန်မ ကြားတဲ့အခါ ကျွန်မနှလုံးသားက ရုတ်တရက် အပေါက်ဖြစ်သွားသလို ခံစားမိတယ်။ စတူဒီယိုမှာတုန်းက တခြားအစ်မတွေက သူတို့တာဝန်တွေနဲ့ ရှုပ်နေတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မက အထုတ်ခံရပြီး တာဝန်တွေကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်မ တော်တော်ကို ဝမ်းနည်းခဲ့ရပါတယ်။ ကျွန်မတာဝန်ကို တကယ် ဆုံးရှုံးသွားနိုင်မှန်း လုံးဝ မစဉ်းစားခဲ့မိဘူး။ အဲဒီအချိန်တုန်းက ကျွန်မ စိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ်တောင် ကာကွယ်ပြောဆိုနေခဲ့တယ်။ “ငါက ဒီတာဝန်ကို မလိုချင်ခဲ့ဘူး။ ဒါပေမဲ့ ငါ့ကို တခြားတာဝန်ပေးလို့ရတာပဲ။ ငါ့တာဝန်တွေကို ထမ်းဆောင်ဖို့ ငါ့ရဲ့ အရည်အချင်းတွေကို ဘာလို့ ပယ်ဖျက်ခံရတာလဲ” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားမိတယ်။ “ဘုရားသခင်က အရာအားလုံးအပေါ်မှာ အချုပ်အခြာအာဏာရှိတယ်။ ငါ့ကို ထုတ်ပယ်ခံရတာက ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထား ရောက်လာတာပဲ။ ငါ နာခံပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ လိုတယ်” ပေါ့။ နောက်တစ်နေ့မှာ ခေါင်းဆောင်က ကျွန်မကို ထုတ်လိုက်တဲ့ မြင်ကွင်းက ကျွန်မ စိတ်ထဲမှာ ရုပ်ရှင်တစ်ခုလို ထပ်ခါထပ်ခါ ပေါ်လာနေတယ်။ ခေါင်းဆောင်ပြောတာကို ကျွန်မ စဉ်းစားတဲ့အခါမှာ စိတ်ဒုက္ခရောက်ရတယ်။ အထူးသဖြင့် ကျွန်မမှာ မကောင်းတဲ့ လူ့သဘာဝရှိတယ်လို့ ခေါင်းဆောင်က ပြောတာကိုပေါ့။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဆင်ခြင်ရမယ်၊ သိရမယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး။ အဲဒါကြောင့် ကျွန်မ နာကျင်နေရင်းနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် နားလည်အောင်ကျွန်မကို လမ်းပြဖို့အတွက် တောင်းလျှောက်ဖို့ ဘုရားကို ဆုတောင်းလိုက်တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ထဲက အပိုဒ်တစ်ခုကို ကျွန်မ တွေ့တယ်။ “အမှုအရာများကို အလွန် ပေါ့ပေါ့ဆဆနှင့် တာဝန်မဲ့စွာ ကိုင်တွယ်ဖို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအတွင်းရှိ အရာတစ်ခု မဟုတ်လော။ မည့်အရာနည်း။ စက်ဆုပ်ဖွယ်ကောင်းမှု ဖြစ်သည်။ ကိစ္စရပ်များအားလုံးတွင်၊ ၎င်းတို့က ‘မှန်လုနီးပါးပဲ’နှင့် ‘အတော် နီးစပ်သည်’ ဟု ဆိုကြ၏။ ယင်းသည် ‘ဖြစ်နိုင်သည်’ ‘ဖြစ်ကောင်းဖြစ်နိုင်မည်’၊ ‘ငါးခုထဲမှ လေးခု’ ဆိုသည့် သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြ၏၊ အနည်းဆုံး လုပ်ဆောင်ရမည်ကို စိတ်ကျေနပ်ကြသကဲ့သို့ တတ်နိုင်သမျှ တော်စွလျော်စွ ကြုံရာကျပန်းနေရမည်ကို ကျေနပ်ကြလေသည်။ အမှုအရာများကို အလေးအနက်ထားရာတွင် သို့မဟုတ် တိကျမှုအတွက် ကြိုးပမ်းခြင်းတွင် အကျိုးမရှိဟု ၎င်းတို့ မြင်ကြပြီး၊ ကိုယ်ကျင့်တရားများကို ကြိုးပမ်းအားထုတ်ခြင်းတွင် သာ၍အကျိုးမရှိဟု ၎င်းတို့ မြင်ကြလေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်း၌ ရှိသည့် အရာတစ်ခုဖြစ်သည် မဟုတ်လော။ ယင်းသည် ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်တစ်ခုလော။ ယင်းကို မာနထောင်လွှားမှုဟု ခေါ်ဆိုခြင်းသည် မှန်ကန်သကဲ့သို့၊ အကျင့်ပျက်သည့်အရာဟု ခေါ်ဆိုခြင်းမှာလည်း လုံးဝ ဆီလျော်၏- သို့သော် ယင်းကို အပြည့်အဝ အတိအကျဖော်ပြဖို့ရာ၊ လုံလောက်မည့် တစ်ခုတည်းသော စကားလုံးမှာ ‘စက်ဆုပ်ဖွယ်’ ဖြစ်သည်။ ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းမှုသည် လူအများစု၏ လူ့သဘာဝထဲတွင် ရှိနေလေသည်။ ကိစ္စရပ်များအားလုံးတွင်၊ ဖြစ်နိုင်သမျှ အနည်းဆုံး လုပ်ဆောင်ရန်၊ မည်မျှနှင့်သာ ပြီးသွားနိုင်သည်ကို ကြည့်ရန် ဆန္ဒရှိကြပြီး ၎င်းတို့ လုပ်ဆောင်သမျှတိုင်းတွင် လှည့်ဖြားမှု အငွေ့အသက်တစ်ခု ရှိလေသည်။ ၎င်းတို့သည် တတ်နိုင်သည့်အခါ အခြားသူများကို လိမ်လည်လှည့်စားသည်၊ တတ်နိုင်သည့်အခါ ဖြတ်လမ်းလိုက်ကြပြီး၊ ကိစ္စတစ်ခုကို သုံးသပ်ဆင်ခြင်ဖို့ အချိန်များစွာ ကုန်ဆုံးဖို့ သို့မဟုတ် များစွာတွေးတောဖို့ စက်ဆုပ်ကြလေသည်။ ၎င်းတို့က မိမိဘာသာ စဉ်းစားကြသည်။ ‘ထုတ်ဖော်ခံရခြင်းကို ငါ ရှောင်ကြဉ်သရွေ့၊ ပြဿနာများမဖြစ်သရွေ့၊ ဖြေရှင်းချက်ပေးရန် မခေါ်ခံရသရွေ့ ဤအရာကို ငါ ဖြစ်သလိုလုပ်နိုင်သည်။ အလုပ်တစ်ခုကို ကောင်းကောင်းလုပ်ခြင်းသည် လုပ်ရတာနှင့် မတန်ပေ။’ ဟူ၍ ဖြစ်သည်။ထိုသို့သော လူတို့သည် မည်သည့်အရာကိုမျှ ကျွမ်းကျင်သည်အထိ မတတ်မြောက်ကြသကဲ့သို့၊ ၎င်းတို့၏ လေ့လာမှုများတွင် ဝါယမစိုက်ထုတ်ခြင်းမရှိကြချေ။ ၎င်းတို့သည် အကြောင်းအရာတစ်ခု၏ ယေဘုယျကျသည့် အကြမ်းဖျင်းကိုသာ ရရှိချင်ကြပြီးနောက် မိမိတို့ကိုယ်ကိုယ် ထိုအရာတွင် ကျွမ်းကျင်သည်ဟု ဆိုကြလေသည်၊ ထို့နောက် ၎င်းတို့၏လမ်းတစ်လျှောက် ကမောက်ကမဖြစ်စေဖို့ ဤအရာအပေါ် မှီခိုကြလေသည်။ ဤသည်မှာ အမှုအရာများအပေါ် လူတို့ ထားရှိသော သဘောထားတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းသည် ကောင်းမွန်သော သဘောထား ဖြစ်ပါသလော။ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် ထိုသို့သော လူများ ခံယူသည့် ဤသဘောထားမျိုးသည် စကားလုံး အနည်းငယ်အားဖြင့် ‘အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားစေဖို့’ ဖြစ်ပြီး၊ ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းမှုသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးထဲတွင် တည်ရှိလေသည်။ ၎င်းတို့၏ လူ့သဘာဝတွင် ညစ်ပေမှုရှိသော လူတို့သည် ၎င်းတို့လုပ်သမျှတွင် ဖြစ်သလိုပြုလုပ်သည့်အမြင်ကို ယူဆောင်ကြသည်။ ဤအရာက ၎င်းတို့အား အရာရာကို ကောင်းမွန်စွာလုပ်ဆောင်ခွင့်ပေးသလော။ လုပ်ဆောင်ခွင့်မပေးပါ။ ဤသို့ဆိုလျှင် မည်သည့်အရာကိုမဆို ၎င်းတို့ ပြီးမြောက်နိုင်သလော။ ပို၍ပင် မဖြစ်နိုင်ပေ။” “မြင့်မြတ်သောလူများနှင့် ယုတ်ညံ့သောလူများကြားတွင် မည်သို့ ခွဲခြားသိမြင်နိုင်သနည်း။ အခြားလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ဆက်ဆံရာတွင် ၎င်းတို့၏သဘောထားနှင့် ဟန်ပန်တို့ကိုသာ ကြည့်လော့- ၎င်းတို့မည်သို့ ပြုမူသည်၊ အမှုအရာများကို ၎င်းတို့ မည်သို့ကိုင်တွယ်သည်နှင့် ပြဿနာတစ်ခု ပေါ်လာသည့်အခါ၊ ၎င်းတို့မည်သို့ပြုမူသည်တို့ကို ကြည့်လော့။ ဝိသေသလက္ခဏာနှင့် ဂုဏ်သိက္ခာရှိသည့် လူများသည် ၎င်းတို့၏လုပ်ဆောင်ချက်များတွင် စေ့စပ်တိကျသည်၊ လေးနက်ပြီး လုံ့လဝီရိယရှိကြကာ ပေးဆပ်မှုများ ပြုလုပ်ဖို့ လိုလားကြသည်။ ဝိသေသလက္ခဏာနှင့် ဂုဏ်သိက္ခာ မရှိသည့်လူများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် ဟိုရောက်သည်ရောက်ဖြစ်ကာ၊ ပေါ့ပေါ့ဆဆ နိုင်ကြသည်၊ လှည့်ကွက်အချို့ကို အစဉ် လုပ်ဆောင်ကြသည်၊ အိုးနင်းခွက်နင်းနှင့် ပြီးမြောက် သွားဖို့သာ အစဉ်လိုလားကြသည်။ ၎င်းတို့သည် ကျွမ်းကျင်ဖို့ မည်သည့် အတတ်ပညာပိုင်း ကျွမ်းကျင်မှုကိုမျှ မသင်ယူကြဘဲ၊ ၎င်းတို့ မည်မျှကြာကြာ လေ့လာပါစေ၊ ၎င်းတို့သည် ကျွမ်းကျင်မှု သို့မဟုတ် အတတ်ပညာပိုင်းနှင့်သက်ဆိုင်သည့် အရေးကိစ္စများ၌ မသိနားမလည်ခြင်းဖြင့် ဝေခွဲမရဖြစ်မြဲ ဖြစ်ကြသည်။ သင်သည် ၎င်းတို့ကို အဖြေပေးဖို့ မရမနေ တိုက်တွန်းခြင်းမရှိပါက၊ အားလုံး ကောင်းပုံရသော်လည်း၊ သင် မရမနေတိုက်တွန်းသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ထိတ်ထိတ်ပျာပျာ ဖြစ်ကြသည်- ၎င်းတို့နဖူးမှ ချွေးများ ထွက်လာပြီး ၎င်းတို့၌ အဖြေမရှိကြပေ။ ယင်းတို့မှာ နိမ့်ကျသည့် ဝိသေသလက္ခဏာရှိသည့် လူများဖြစ်ပေသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၂)”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မ စိတ်နှလုံးကို ထိုးဖောက်သွားတယ်။ အထူးသဖြင့် ဒီနှုတ်ကပတ်တော်တွေပေါ့။ “၎င်းတို့သည် တတ်နိုင်သည့်အခါ အခြားသူများကို လိမ်လည်လှည့်စားသည်၊ တတ်နိုင်သည့်အခါ ဖြတ်လမ်းလိုက်ကြပြီး၊” “ဝိသေသလက္ခဏာနှင့် ဂုဏ်သိက္ခာ မရှိသည့်” နဲ့ “နိမ့်ကျသည့် ဝိသေသလက္ခဏာရှိသည့်” ဆိုတာတွေပေါ့။ စကားလုံးတိုင်းက ကျွန်မ တာဝန်တွေအပေါ် ကျွန်မသဘောထားနဲ့ ကျွန်မရဲ့ လူ့သဘာဝကို ထုတ်ဖော်ပြတယ်။ ဒါဟာ တာဝန်တွေကို ကျွန်မထမ်းဆောင်တဲ့ပုံစံ အတိအကျပဲဆိုတာ သဘောပေါက်မိတယ်။ ကျွန်မလုပ်သမျှအားလုံးကို ဖြစ်သလိုလုပ်ခဲ့ပြီး လက်ခံနိုင်လောက်တဲ့ စံနှုန်းလောက်ပဲ လုပ်ခဲ့တယ်။ အရာရာတိုင်းမှာ ကျွန်မရဲ့ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားကို ထည့်စဉ်းစားတယ်။ ဆင်းရဲ့ဒုက္ခကိုရှောင်ဖို့ နည်းလမ်းတွေ ရှာတယ်။ တာဝန်ကို ဘယ်လို ကောင်းကောင်းထမ်းဆောင်မယ်ဆိုတာ တစ်ခါမှ မစဉ်းစားခဲ့ဘူး။ ဇာတိပကတိဆိုင်ရာ သက်သာမှုအတွက်နဲ့ ဆင်းရဲဒုက္ခနဲ့ အဖိုးအခပေးဆပ်ရတာကို ရှောင်ကြဉ်ဖို့ ကျွန်မက အထူးပြုလုပ်ချက်တွေထုတ်လုပ်တဲ့အခါမှာ လွယ်ကူတဲ့ ပရောဂျက်တွေကိုပဲ အမြဲတမ်း ရွေးချယ်ခဲ့တယ်။ ထုတ်လုပ်ရေး လုပ်ငန်းစဉ်မှာ ကျွန်မက ပြဿနာတွေနဲ့ ပိုကောင်းအောင်လုပ်လို့ရတဲ့နေရာကို မြင်တဲ့အခါမှာတောင် ဘယ်သူမှ မမြင်သရွေ့ ဒီအတိုင်းထားထားလိုက်တယ်။ ကျွန်မရဲ့ ဗီဒီယိုထုတ်လုပ်ရေးတာဝန်မှာ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေကို သင်ယူပြီး အဲဒါတွေကို သင်ယူတဲ့နေရာမှာ ညီအစ်ကိုမောင်နှမတွေကို ဦးဆောင်ဖို့ လိုအပ်ခဲ့တယ်။ ဒီတာဝန်ကို ထမ်းဆောင်ရတာက ဖိအားများလွန်းပြီး ဒုက္ခရောက်လွန်းတယ်၊ စဉ်းစားကြည့်တာနဲ့တင် ပင်ပန်းတယ်လို့ ကျွန်မ ခံစားမိခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ ဇာတိပကတိဆိုင်ရာ သက်သာမှုအတွက် ညီအစ်ကိုမောင်နှမတွေကို သူတို့ဘာသာ လေ့လာသင်ယူအောင်လုပ်ဖို့ လှည့်ကွက်တွေ၊ ဉာဏ်များျတာတွေ လုပ်ခဲ့တယ်။ ဒါကြောင့်မို့ သူတို့ ကျွမ်းကျင်မှုတွေက လုံးဝ မတိုးတက်တော့ဘူး။ သူတို့တာဝန်တွေက သိပ်မထိရောက်တော့ဘဲ အလုပ်တိုးတက်မှုက နှောင့်နှေးခဲ့တယ်။ ကျွန်မတာဝန်ရဲ့ နေရာတိုင်းမှာ လှည့်ကွက်တွေ၊ လှည့်စားမှုတွေကို ကျွန်မ သုံးခဲ့တယ်။ ဘုရားအိမ်တော်ရဲ့အလုပ်၊ တာဝန်တွေကို ဘယ်လိုကောင်းကောင်းထမ်းဆောင်ရမယ်ဆိုတာကို တစ်ခါမှ မစဉ်းစားခဲ့ဘူး။ ကျွန်မက လုံးဝ လူ့သဘာဝမရှိခဲ့တာပါ။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်တယ်။ စက်ဆုပ်စရာကောင်းတယ်။ နိမ့်ကျတဲ့ စရိုက်ရှိတယ်။ ဒါတွေကို ကျွန်မ ဆင်ခြင်ရင်းနဲ့ နက်ရှိုင်းတဲ့ နောင်တနဲ့ အပြစ်ကို ခံစားမိခဲ့တယ်။
အဲဒီနောက ဘုရားနှုတ်ကပတ်တော်မှာ ကျွန်မ ဖတ်ရတယ်။ “အပေါ်ယံတွင် လူအချို့၌ ၎င်းတို့တာဝန်ကို ထမ်းဆောင်သည့် အချိန်တစ်လျှောက်တွင် မည်သည့်အရေးကြီးသည့် ပြဿနာမျှ ရှိသည့်ပုံမပေါ်ပေ။ ၎င်းတို့သည် လူသိရှင်ကြားဆိုးယုတ်သောအရာကို မလုပ်ပေ။ ၎င်းတို့သည် အနှောင့်အယှက်၊ အဖျက်အဆီးများမဖြစ်ပေါ်စေကြပေ၊ သို့မဟုတ် အန္တိခရစ်တို့၏ လမ်းကြောင်းကို မလျှောက်ပေ။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် အခြေခံစည်းမျဉ်းများနှင့်သက်ဆိုင်သော ကြီးမားသော အမှားတစ်စုံတစ်ရာ၊ သို့မဟုတ် ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာခြင်းမရှိပေ။ သို့တိုင်အောင် သတိမမူမိလိုက်ဘဲ တိုတောင်းသည့်နှစ်အနည်းငယ်မျှအတွင်းတွင် ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံခြင်းအဖြစ်၊ မယုံကြည်သူတစ်ယောက်ဖြစ်ခြင်းအဖြစ် ဖော်ထုတ်ခံရသည်။အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ အခြားလူတို့သည် အကြောင်းကိစ္စတစ်ခုကို မမြင်နိုင်သော်လည်း ဘုရားသခင်က ဤလူတို့၏ အတွင်းအကျဆုံးသော စိတ်နှလုံးကို ဆန်းစစ်ပြီး ပြဿနာကို မြင်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေသာလုပ်ကြပြီး ဤအရာကို နောင်တမရပေ။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် သဘာဝအလျောက် ဖော်ထုတ်ခံရသည်။နောင်တမရဘဲရှိနေသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် ဤအချိန်တစ်လျှောက်တွင် ၎င်းတို့တာဝန်ကို ထမ်းဆောင်ခဲ့သော်လည်း လွဲမှားသော သဘောထား၊ ဂရုမစိုက်ခြင်းနှင့် ပေါ့ဆခြင်း သဘောထား၊ သာမန်ကာလျှံကာ သဘောထားတစ်ခုဖြင့် အစဉ်ရှိကြပြီး စိတ်နှစ်မြှုပ်လုပ်ကိုင်ဖို့ မဆိုထားနှင့်၊ မည်သည့်အခါမျှ တာဝန်သိတတ်ခြင်းမရှိဆိုသည်ကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် အနည်းငယ် လုံ့လစိုက်ထုတ်ကောင်း စိုက်ထုတ်နိုင်သည်၊ သို့သော် ၎င်းတို့သည် ဟန်ပြလုပ်ဆောင်နေခြင်းသာဖြစ်သည်။ ၎င်းတို့သည် အစွမ်းကုန် အားထုတ်ဆောင်ရွက်ခြင်းမရှိသည့်အပြင် ၎င်းတို့၏ပြစ်မှားမှုတို့သည် အဆုံးမရှိပေ။ ဘုရားသခင်၏ ရှုထောင့်တွင် ၎င်းတို့သည် မည်သည့်အခါမျှ နောင်တမရခဲ့ပေ။ ၎င်းတို့သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပြုလုပ်ကြသည်။ ၎င်းတို့တွင် မည်သည့်အပြောင်းအလဲမျှ လုံးဝ မရှိခဲ့ဖူးပေ။— တစ်နည်းဆိုရလျှင် ၎င်းတို့သည် ၎င်းတို့လက်ထဲရှိ မကောင်းမှုကို စွန့်လွှတ်ပြီး ဘုရားသခင်ထံ နောင်တရခြင်းမရှိပေ။ ဘုရားသခင်သည် ၎င်းတို့အတွင်း၌ နောင်တရခြင်းသဘောထားကို မမြင်ရ၊ ၎င်းတို့၏ သဘောထားတွင် ပြောင်းပြန်လှန်ပစ်မှုကို မမြင်ရပေ။ ၎င်းတို့သည် ၎င်းတို့၏တာဝန်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်တို့အပေါ် ဤသို့သော သဘောထား၊ ဤသို့သော နည်းလမ်းမျိုး ထားရှိခြင်းကို ဆက်လက်ပြုလုပ်ကြသည်။ အချိန်တစ်လျှောက်လုံးတွင် ဤခေါင်းမာသော၊ မလျှော့သော စိတ်သဘောထားတွင် ပြောင်းလဲမှုမရှိပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်အပေါ် အကြွေးတင်သည်ဟု လုံးဝ မခံစားရ၊ ၎င်းတို့၏ ဂရုမစိုက်ခြင်းနှင့် ပေါ့ဆခြင်းသည် ပြစ်မှားမှုဖြစ်သည်၊ မကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု လုံးဝ မခံစားရပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မိမိကိုယ်ကို စွပ်စွဲဖို့မဆိုထားနှင့်၊ အကြွေးတင်ခြင်း၊ အပြစ်ရှိသည်ဟုခံစားရခြင်း၊ မိမိကိုယ်ကို အပြစ်တင်ခြင်းတို့ မရှိပေ။ အချိန်များစွာ ကုန်ဆုံးလာသည်နှင့်အမျှ ဤလူသည် ကုစား၍မရနိုင်တော့ဆိုသည်ကို ဘုရားသခင်က မြင်သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ တရားဒေသနာမည်မျှကို ၎င်းတို့ကြားသည်ဖြစ်စေ၊ သို့မဟုတ် သမ္မာတရားကို မည်မျှနားလည်သည်ဖြစ်စေ ၎င်းတို့စိတ်နှလုံးသည် တို့ထိခံရခြင်း မရှိဘဲ ၎င်းတို့သဘောထားသည်လည်း ပြောင်းလဲခြင်း၊ သို့မဟုတ် နောက်ပြန်လှည့်ခြင်းမရှိပေ။ ဘုရားသခင်က ‘ဤလူအတွက် မျှော်လင့်ချက်မရှိတော့။ ငါပြောသည့် မည်သည့်အရာကမျှ ၎င်းတို့စိတ်နှလုံးကို မတို့ထိ။ ငါပြောသည့် မည်သည့်အရာကမျှ ၎င်းတို့ကို နောက်ပြန်မလှည့်စေပေ။ ၎င်းတို့ကို ပြောင်းလဲရန် နည်းလမ်းမရှိ။ ဤသူသည် တာဝန်ကို ထမ်းဆောင်ရန် မသင့်တော်။ ငါ၏အိမ်တွင် အစေခံရန် မသင့်တော်’ ဟု ဆိုသည်။ အဘယ်ကြောင့် ဘုရားသခင်က ဤသို့ဆိုသနည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့တာဝန်ကို ထမ်းဆောင်ပြီး အလုပ်လုပ်သောအခါ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို မည်မျှလက်ကမ်းခံရပါစေ သက်ရောက်မှုမရှိဘဲ ၎င်းတို့ကို မပြောင်းလဲနိုင်သောကြောင့်ဖြစ်သည်။ ယင်းက ၎င်းတို့ကို ၎င်းတို့တာဝန်ကိုကောင်းမွန်စွာ ဆောင်ရွက်အောင် မပြုလုပ်နိုင်ပေ၊ သမ္မာတရားကို အမှန်တကယ်လိုက်စားခြင်း လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းရန် အခွင့်ကို မပေးနိုင်ပေ။ ဤသူသည် ကုစား၍မရနိုင်တော့ပေ။ လူတစ်ယောက်သည် ကုစား၍ မရနိုင်တော့ဟု ဘုရားသခင်က သတ်မှတ်သောအခါ သူသည် ဤသူအပေါ်တွင် တင်းကျပ်စွာ ထိန်းချုပ်ထားဦးမည်လော။ ဤသို့ ပြုလုပ်မည်မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို စွန့်လွှတ်လိမ့်မည်ဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏ တာဝန်ဆောင်ရွက်သည့်အခါ အရေးမထားခြင်းနှင့် ဝတ်ကျေတန်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းနည်း”) “ဘုရားသခင်၏ တာ၀န်ပေးစေခိုင်းချက်များကို သင် မည်သို့ ယူမှတ်သည်မှာ အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင့်ကို ဘုရားသခင် အပ်နှံထားသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သင်သည် သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မသင့်တော်သကဲ့သို့၊ အပြစ်ပေးခံရသင့်ပေသည်။ ဘုရားသခင် အပ်နှံသည့် မည်သည့် တာဝန်များကိုမဆို ပြည့်စုံစေသင့်သည်မှာ၊ ကောင်းကင်က ချမှတ်ထားပြီး မြေကြီးက အသိအမှတ်ပြုထားခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အထွတ်အထိပ် တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ တကယ့် အသက်တမျှပင် အရေးကြီးပေသည်။ ဘုရားသခင်၏ တာ၀န်ပေး စေခိုင်းချက်များကို သင် အလေးအနက်မထားလျှင်၊ သင်သည် သူ့ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်၊ ဤတွင်၊ သင်သည် ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ဆဲခံရသင့်ပေသည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ထပ်ခါထပ်ခါ ဖတ်တယ်။ အရင်တုန်းက အပြင်ပန်းမှာ ကျွန်မ တာဝန်တွေကို ထမ်းဆောင်ပုံပေါ်ပေမဲ့ စိတ်နှလုံးထဲမှာတော့ ဘုရားကို သစ္စာဖောက်နေတယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မ တာဝန်တွေမှာ ကျွန်မရဲ့ ဇာတိဆိုင်ရာ အကျိုးစီးပွားတွေကိုပဲ စဉ်းစားပြီး ဒုက္ခကိုရှောင်ကြဉ်ခဲ့တယ်။ လှည့်ကွက်တွေ၊ ဉာဏ်နီဉာဏ်နက်တွေနဲ့ ဖြစ်သလိုလုပ်ခဲ့တယ်။ ကျွန်မအလုပ်ကို ပိုပြီးကောင်းအောင် လုပ်လို့ရတဲ့အချိန်မှာတောင် မလုပ်ခဲ့ဘူး။ အလုပ်က သိပ်ကောင်းကောင်းမပြီးပေမဲ့ အနည်းဆုံးတော့ ပြီးသွားတာပါပဲ၊ ဒါဆို လုံလောက်ပါတယ်လို့ ခံစားရလို့ပေါ့။ ကျွန်မရဲ့ ဖြစ်သလိုလုပ်တတ်တဲ့ ပြဿနာကို လုံးဝ အလေးအနက်မထားခဲ့ဘူး။ တစ်ခါမှ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာ၊ နားလည်အောင်ကြိုးစားတာတွေ မလုပ်ခဲ့ဘူး။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မကို ဖော်ထုတ်ပြီး သတိပေးခဲ့တယ်။ ဒါက နောင်တရဖို့ အခွင့်အလမ်းကို ဘုရားက ကျွန်မကို ပေးနေခဲ့တာပါ။ ဒါပေမဲ့ ကျွန်မက နည်းနည်းလေးမှ နောင်တမရခဲ့ဘူး၊ ကျွန်မရဲ့ ဇာတိဆိုင်ရာ အကျိုးစီးပွားတွေကို စဉ်းစားနေတုန်းပဲ။ ကျွန်မတာဝန်က အလုပ်ကြိုးစားပြီး အဖိုးအခပေးဆပ်ဖို့လိုတာကို စဉ်းစားမိတဲ့အခါမှာ တာဝန်ကို ကျွန်မ မလိုချင်တော့ဘူး။ ဘာကြောင့် ကျွန်မက အရမ်းထုံထိုင်းပြီး ခေါင်းမာခဲ့ရတာလဲ။ ဘုရားသခင်က ကျွန်မ နောင်တရပြီး ပြောင်းလဲဖို့ အခွင့်အရေးတွေ တစ်ခုပြီးတစ်ခုပေးခဲ့တယ်။ ဒါဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ သက်ညှာမှုပဲ။ ဒါပေမဲ့ ကျွန်မက ဇာတိဆိုင်ရာ အကျိုးစီးပွားတွေကိုပဲ စဉ်းစားခဲ့တယ်။ သမ္မာတရားကို မရှာဖွေခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်ခဲ့ဘူး။ ဘုရားကို ဆက်ပြီး ခေါင်းမာမာနဲ့ ဆန့်ကျင်ခဲ့တယ်။ ကျွန်မက တော်တော်ကို ပုန်ကန်တတ်ခဲ့တာပဲ။ ကျွန်မတာဝန်က ဘုရားက ကျွန်မကိုပေးတဲ့ စေခိုင်းချက်နဲ့ တာဝန်တစ်ခုဖြစ်ပါတယ်။ ဒါကို ဖြည့်ဆည်းဖို့ ကျွန်မ အစွမ်းကုန် လုပ်ဆောင်သင့်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက တာဝန်တွေကို ကောင်းကောင်း မထမ်းဆောင်နိုင်ခဲ့ရုံမက၊ ဘုရားကို လှည့်စားဖို့ ဖြစ်သလိုလုပ်ခဲ့ပြီး ကျွန်မတာဝန်ကိုတောင် ငြင်းပယ်ခဲ့တယ်။ ဒါက ဘုရားကို သစ္စာဖောက်မှုတစ်ခုမဟုတ်ဘူးလား။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံဘူး။ ဘုရားက ကျွန်မလုပ်ခဲ့သမျှ အားလုံးကို ရွံရှာတယ်။ ကျွန်မ ထုတ်ခံရတာက ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို ပြပါတယ်။ ဒါကို ကျွန်မ သဘောပေါက်တော့ နည်းနည်းကြောက်သွားမိတယ်။ ဘုရားသခင်အဖို့ ကြေကွဲစရာကောင်းတဲ့ အရာတွေကိုလုပ်တဲ့အတွက်လည်း ကျွန်မ နောင်တရဖြစ်မိတယ်။ ကျွန်မ ဒီလိုမျိုး ဆက်ပြီး ဖြစ်သလို လုပ်လို့မဖြစ်တော့ဘူး။ နောင်တရပြီး ပြောင်းလဲရမှာ ဖြစ်တယ်။
အဲဒီနောက်မှာ ကျွန်မ ညီအစ်ကိုမောင်နှမတွေနဲ့ ဧဝံဂေလိ မျှဝေတယ်။ ကျွန်မက စည်းမျဉ်းတွေကို မသိခဲ့သလို၊ လူတွေနဲ့ ဆွေးနွေးတဲ့နေရာမှာ မတော်လို့ တာဝန်က တော်တော်ခက်တယ်လို့ ခံစားမိခဲ့တယ်။ ကျွန်မက ထပ်ပြီး အလုပ်မကြိုးစားချင်ခဲ့ဘူး။ အဖိုးအခ မပေးဆပ်ချင်ခဲ့ဘူး။ ဒါပေမဲ့ တာဝန်အပေါ် ကျွန်မရဲ့ အရင်က သဘောထားကို စဉ်းစားမိခဲ့တယ်။ ဧဝံဂေလိဟောကြားနိုင်တာက ကျွန်မအတွက် ဘုရားရဲ့ ကြီးမြတ်တဲ့ ကရုဏာဖြစ်မှန်း ကျွန်မ သဘောပေါက်သွားတယ်။ ပြဿနာကို ရင်ဆိုင်ရတဲ့အခါမှာ အရင်ကလို ကျွန်မ ထွက်မပြေးသင့်ဘူး။ ဒါကို သဘောပေါက်တာနဲ့ ကျွန်မ နည်းနည်းပိုပြီး အပြုသဘောဆောင်လာတယ်။
နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ်လည်း ဆင်ခြင်သုံးသပ်ခဲ့ပြီး ကျွန်မတာဝန်က စိတ်အနှောင့်အယှက်ဖြစ်စရာလို့ ခံစားရတဲ့အခါမှာ ဘာကြောင့် ကျွန်မက နောက်ဆုတ်ချင်ခဲ့တယ်ဆိုတာ တွေးမိတယ်။ ဒီလိုဖြစ်ပျက်တဲ့အခါမှာ ဘယ်သဘာဝက ကျွန်မကို ထိန်းချုပ်နေတာလဲ။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ဖတ်တဲ့ ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့တွင် သင်သည် ငါပြောသောစကားများကို မယုံကြည်သကဲ့သို့၊ ယင်းတို့ကို သင် အာရုံမစိုက်ပေ။ ဤအမှုကို ဖြန့်ဝေရန်နှင့် ယင်း၏ အလုံးစုံကို သင် မြင်ရသည့် နေ့ရက် ရောက်လာသည့်အခါ၊ သင်နောင်တရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်သည် မှင်တက်နေမိလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရှိသော်လည်း၊ ယင်းတို့ကို ပျော်မွေ့ရကောင်းမှန်း သင်မသိသကဲ့သို့၊ သမ္မာတရား ရှိသော်လည်း၊ သင်မလိုက်စားပေ။ သင်သည် အထင်သေးခံရအောင် မိမိဘာသာပြုခြင်း မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏အမှု နောက်တစ်ဆင့် မစတင်ရသေးသော်လည်း၊ သင်နှင့်သက်ဆိုင်၍ ပြုလုပ်ထားသည့် တောင်းဆိုချက်များနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုထားသော အရာများနှင့် ပတ်သက်၍ ပုံမှန်ထက်ပိုခြင်း မရှိပေ။ အလွန်များလှစွာသော အမှုရှိသကဲ့သို့၊ အလွန်များလှစွာသော သမ္မာတရားများရှိ၏။ ယင်းတို့ကို သင် သိထိုက်သည် မဟုတ်လော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို နိုးထစေနိုင်စွမ်း မရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးစေနိုင်စွမ်း မရှိသလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း၊ ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိနှင့်ပတ်သက်၍ အာသာငမ်းငမ်း ပျော်ပါးပြီး၊ စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် အသုံးမကျသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန် အသုံးမကျပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏- သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤကောင်းချီးမင်္ဂလာများကို သင်သည် ရယူနိုင်စွမ်းမရှိပါက၊ သင့်ကို မကယ်တင်ခြင်းအတွက် ဘုရားသခင်ကို သင် အပြစ်တင်နိုင်သလော။ သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။ သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦး- သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားသခင်ရဲ့ မေးခွန်းတိုင်းက ကျွန်မ နှလုံးသားကို ထိုးဖောက်သွားခဲ့တယ်။ ဘုရားက ကျွန်မကို မျက်နှာချင်းဆိုင်မေးနေသလိုပါပဲ။ ဘုရားအပေါ် ကျွန်မ အများကြီး အကြွေးတင်တယ်လို့ ခံစားမိခဲ့တယ်။ ကျွန်မတို့တွေ သမ္မာတရားကို ရနိုင်ဖို့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို စွန့်ပစ်နိုင်ပြီး ကယ်တင်ခံရဖို့အတွက် အခွင့်အရေးရအောင်လို့၊ လူ့ဇာတိခံဘုရားသခင်က ကျွန်မတို့ကို ရေလောင်းပြီး ပံ့ပိုးဖို့ သမ္မာတရားတွေအများကြီး ဖော်ပြခဲ့ပုံကို ကျွန်မ စဉ်းစားမိတယ်။ ဒါဟာ လူသားမျိုးနွယ်အတွက် ဘုရားရဲ့ အကြီးမြတ်ဆုံး ကောင်းချီးပဲ။ အမှန်တကယ် ဉာဏ်ပညာရှိသူက ဘုရားရဲ့အမှုတော် ပံ့ပိုးတဲ့ အခွင့်အလမ်းကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လိုက်စားဖို့ သူတို့အချိန်ကို အသုံးပြုလိမ့်မယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ဖြည်ဆည်းမယ်။ တာဝန်တွေလုပ်ဆောင်နေတဲ့အတောအတွင်းမှာ သူတို့ရဲ့ အသက်စိတ်သဘောထား ပြောင်းလဲမှုကို လိုက်စားမယ်။ နောက်ဆုံးမှာ သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ရဲ့ အပြည့်အဝကယ်တင်ခြင်းကို ခံရလိမ့်မယ်။ ဒါပေမဲ့ မျက်စိကန်းပြီး မသိနားမလည်သူတွေက ဇာတိဆိုင်ရာ သာယာမှုတွေအတွက် ကြိုးပမ်းပြီး ဖြတ်သန်းကြတယ်။ သမ္မာတရားကို လိုက်စားဖို့ ကြိုးစားပြီးမလုပ်ကြဘူး။ တာဝန်တွေကို ဟန်ဆောင်လုပ်ပြပြီး၊ နည်းနည်းပဲ အားစိုက်ကြတယ်။ သူတို့ ယုံကြည်တာ ဘယ်လောက်ကြာပါစေ၊ သမ္မာတရားကို လုံးဝ နားမလည်ကြဘူး။ အသက်စိတ်သဘောထား မပြောင်းလဲကြဘူး။ နောက်ဆုံးမှာ ဘုရားရဲ့ ဖယ်ရှားခြင်းကို ခံရတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စဉ်းစားမိလိုက်တယ်။ ကျွန်မက အတိအကျကို ဒီလို မသိနားမလည်တဲ့လူမျိုး မဟုတ်ဘူးလား။ “ဘဝကို မစဉ်းစားဘဲ အသက်ရှင်ပါ”၊ “ပျင်းရိခြင်းသည် တစ်မျိုးကောင်း၏” ဆိုတာမျိုး ဆိုးယုတ်တဲ့ အတွေးအခေါ်တွေက ကျွန်မ အသက်ရှင်တဲ့ စည်းမျဉ်းတွေဖြစ်ခဲ့တယ်။ နေ့တိုင်းမှာ ကျွန်မက ရှိရင်းစွဲအတိုင်းပဲ နေတယ်။ ဖြစ်ရုံလောက်ပဲ အလုပ်လုပ်တယ်။ ဇာတိဆိုင်ရာ သက်သာမှုတွေကို ရှာတယ်။ သမ္မာတရားကို မလိုက်စားဘဲ၊ စိတ်သဘောထားပြောင်းလဲမှုနဲ့ ကျွန်မတာဝန်တွေက ဘုရားအလိုတော်နဲ့ ညီမညီဆိုတာကို အာရုံမစိုက်ဘဲ ဘုရားကို နှစ်တွေကြာတဲ့အထိ ယုံကြည်ခဲ့တယ်။ ကျွန်မရဲ့ ဇာတိပကတိသာယာမှုက ကျွန်မအတွက် ဘုရားအလိုတော်ထက် ပိုအရေးကြီးခဲ့တယ်။ ဒါကြောင့် ကျွန်မတာဝန်က ကျွန်မကို ဒုက္ခခံဖို့၊ အဖိုးအခပေးဆပ်ဖို့လိုလာတဲ့ အခါတိုင်းမှာ ကျွန်မက ဖြစ်သလိုလုပ်ခဲ့ပြီး လှည့်ကွက်တွေ၊ လှည့်စားမှုတွေကို သုံးခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်မတာဝန်တွေက ရလဒ်တွေမရဖြစ်ပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ဒီလိုဖြစ်တာတောင်မှ ကျွန်မက နောင်တမရဘူး။ အပြစ်ကို မခံစားရဘူး။ သက်သာမှုအပေါ် ကျွန်မရဲ့ တပ်မက်မှုက ကျွန်မကို ဆုတ်ယုတ်ကျဆင်းစေတယ်။ တိုးတက်ဖို့ စိတ်မဝင်စားစေဘဲ ဆင်ခြင်မှုကင်းမဲ့စေတယ်။ ကျွန်မက ကိုယ့်ဘဝကို ဖြုန်းတီးနေတာပဲမဟုတ်ဘူးလား။ ကျွန်မဟာ သားရဲတစ်ကောင်နဲ့ ဘယ်လိုကွာခြားတော့မလဲ။ ဒီဆိုးယုတ်တဲ့ အဆိပ်တွေက လူတွေကို ဖောက်ပြန်ပျက်စီးစေဖို့ စာတန်အသုံးပြုတဲ့ အတွေးမှားတွေဆိုတာ နောက်ဆုံးမှာ ကျွန်မမြင်ခဲ့တယ်။ အဲဒါတွေက လူတွေကို သက်သောင့်သက်သာဖြစ်ခြင်းနောက်ကို လိုက်စေတယ်။ တိုးတက်မှုကို မရှာဖွေစေဘဲ ဆုတ်ယုတ်လာစေတယ်။ အဆုံးမှာ မသိနားမလည်မှုနဲ့ သေစေတယ်။ ကျွန်မတာဝန်ကို ဆုံးရှုံးရခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်မိတယ်။ ကျွန်မက ပျင်းလွန်းခဲ့တာပါ။ ကျွန်မရဲ့ စရိုက်လက္ခဏာကို အလေးအနက်မထားခဲ့ဘူး။ ဘယ်သူ့ရဲ့ ယုံကြည်မှုနဲ့မှ မထိုက်တန်ပါဘူး။ အဲဒါက ညီအစ်ကိုမောင်နှမတွေကို ရွံရှာစေပြီး ဘုရားကို ကျွန်မအပေါ်စက်ဆုပ်သွားစေခဲ့တယ်။ အရင်တုန်းက မြင့်မားတဲ့သတ်မှတ်ချက်တွေရှိတဲ့ တာဝန်တွေနဲ့ အလုပ်တွေအများကြီးက ဒုက္ခခံရခြင်းနဲ့ ညီမျှတယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ ဒါက ကျွန်မတာဝန်အတွက် ဒုက္ခခံတာ လုံးဝမဟုတ်ခဲ့ဘူး။ သိသိသာသာပဲ ကျွန်မ သဘာဝက ပျင်းရိလွန်းပြီး တစ်ကိုယ်ကောင်းဆန်လွန်းတယ်။ ဇာတိပကတိကို ကျွန်မက အရမ်းအရေးစိုက်လွန်းခဲ့တယ်။ ကျွန်မတို့ တာဝန်တွေမှာ အခက်အခဲတွေဖြစ်လာတဲ့အခါ ဒုက္ခခံပြီး အဖိုးအခပေးဆပ်ရပေမဲ့ ဒါတွေအားလုံးက ကျွန်မတို့ ခံနိုင်တဲ့အရာတွေပါ။ ဘာကြောင့်လဲဆိုရင် ဘုရားက ကျွန်မတို့ မခံနိုင်တဲ့ ဝန်တွေကို ဘယ်တော့မှ မပေးလို့ပဲ။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ အားနည်းချက်တွေကိုပြဖို့ ဒီ အခက်အခဲတွေကို ဘုရားက အသုံးပြုခဲ့တယ်။ ဒါဟာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သိဖို့၊ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေဖို့၊ ကျွန်မရဲ့ အသက်စိတ်သဘောထားကို ပြောင်းလဲဖို့အတွက်ပါ။ တစ်ချိန်တည်းမှာပဲ ကျွန်မက ဒီအခက်အခဲတွေကို ရင်ဆိုင်ရာမှာ သူ့အပေါ်အမှီပြုဖို့ သင်ယူပြီး စစ်မှန်တဲ့ယုံကြည်ခြင်းရှိနိုင်ဖို့ ဘုရားက မျှော်လင့်တာပါ။ အရင်တုန်းက ကျွန်မက မသိနားမလည်ခဲ့ဘူး။ မမြင်ခဲ့ဘူး။ ဘုရားအလိုတော်ကို နားမလည်ခဲ့ဘူး။ သမ္မာတရားကိုရရှိပြီး ဘုရားရဲ့ စုံလင်ခြင်းကိုခံရဖို့ အခွင့်အလမ်းတွေ အများကြီး ဆုံးရှုံးခဲ့တယ်။ ဒီသိပ်ကောင်းတဲ့အချိန်ကို အချည်းနှီးဖြတ်သန်းသွားခွင့်ပြုခဲ့တယ်။ ကျွန်မမှာ ဇာတိဆိုင်ရာ သက်သာမှုရှိခဲ့ပြီး သိပ်ဒုက္ခမခံခဲ့ပေမဲ့၊ အဖိုးအခမပေးခဲ့ပေမဲ့ ဘယ်သမ္မာတရားကိုမှ ကျွန်မ မပိုင်ဆိုင်ခဲ့ဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက မပြေလည်ခဲ့ဘူး။ တာဝန်တွေမှာ ကောင်းမှုတွေ မတိုးပွားလာဘူး။ ဘုရားအိမ်တော်ရဲ့အလုပ်ကို ကျွန်မ နှောင့်နှေးစေခဲ့ပြီး ဘုရားကို ရွံရှာစေခဲ့တယ်။ ဒီလို နားဝေတိမ်တောင်ဖြစ်တဲ့ ပုံစံနဲ့ ဆက်အသက်ရှင်နေရင် အဆုံးမှာ ဘုရားရဲ့ ကယ်တင်ခြင်းကို ကျွန်မ လုံးဝ ဆုံးရှုံးရမှာပဲ။ အဲဒီအချိန်မှာ ကျွန်မ စိတ်ဆင်းရဲပြီး ကိုယ့်ကိုယ်ကိုယ် ရွံရှာလာတယ်။ တိရစ္ဆာန်တစ်ကောင်လို ဆက်ပြီး အသက်မရှင်ချင်တော့ဘူး။
တစ်နေ့မှာ ကျွန်မ ဝတ်ပြုကိုးကွယ်နေတုန်း နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ရတယ်။ “သင့်အနေဖြင့် ဘုရားသခင်၏ အသုံးပြုခြင်း ခံရနိုင်ကာ သူ့အတွက် သက်သေခံနိုင်ဖို့အလို့ငှာ၊ ယနေ့ ရရှိအောင် အားထုတ်ခြင်းသည် အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ် ချခင်းခြင်းအတွက် လုံးလုံးလျားလျား ဖြစ်သည်။ ဤအရာကို သင်၏ ရရှိအောင်အားထုတ်မှု၏ ရည်မှန်းချက်ဖြစ်စေပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်ကို သင် ရရှိနိုင်လိမ့်မည် ဖြစ်သည်။ သင်၏ ရရှိအောင်အားထုတ်မှု ရည်မှန်းချက်ကို မြင့်မားစွာ သင်ချမှတ်လေလေ၊ သင်သည် စုံလင်ခြင်းခံရနိုင်လေလေ ဖြစ်သည်။ သမ္မာတရားနောက် သင် လိုက်လေလေ၊ သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်လုပ်လေလေ ဖြစ်သည်။ သင်၏ ရရှိအောင် အားထုတ်မှုတွင် သင် အားအင် စိုက်ထုတ်လေလေ၊ သင်သည် ရရှိလေလေ ဖြစ်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို ၎င်းတို့၏အတွင်းပိုင်း အခြေအနေအရ စုံလင်စေသည်။ လူအချို့က ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရဖို့ သို့မဟုတ် သူ၏ စုံလင်စေခြင်းခံရဖို့ လိုလားခြင်းမရှိ၊ ၎င်းတို့အနေဖြင့် ၎င်းတို့၏ဇာတိပကတိကိုသာ ဘေးကင်းစေချင်ပြီး မည်သည့် ကံမကောင်း အကြောင်းမလှသည့် ဖြစ်ရပ်ကိုမျှ မခံစားစေချင်ဟု ဆိုကြသည်။ လူအချို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် လိုလားခြင်း မရှိကြသော်လည်း၊ အနက်ဆုံးသော တွင်းထဲသို့ ကျဆင်းရန် လိုလားနေကြ၏။ ထိုသို့ဆိုပါက၊ ဘုရားသခင်သည် သင်၏ဆန္ဒကိုလည်း ခွင့်ပြုမည် ဖြစ်သည်။ သင် မည်သည့်အရာကို ရရှိအောင် အားထုတ်ပါစေ၊ ဘုရားသခင်သည် ဖြစ်စေလိမ့်မည်။ ထို့ကြောင့်၊ လက်ရှိအချိန်တွင် သင်သည် မည်သည့်အရာကို ရရှိအောင် အားထုတ်နေသနည်း။ စုံလင်ခြင်းခံရခြင်းလော။ သင်၏ ယခုလက်ရှိ လုပ်ဆောင်ချက်များနှင့် အပြုအမူများသည် ဘုရားသခင်၏ စုံလင်ခြင်းခံရခြင်းနှင့် ဘုရားသခင်၏ရယူခြင်းကို ခံရခြင်း အတွက်လော။ သင့်အနေဖြင့် သင်၏ နေ့စဉ်အသက်တာတွင် မိမိကိုယ်မိမိ ထိုသို့ စဉ်ဆက်မပြတ် စဉ်းစားဆင်ခြင်ရမည် ဖြစ်သည်။ သင်သည် တစ်ခုတည်းသော ရည်မှန်းချက်ကို ရရှိအောင် သင်၏စိတ်နှလုံး ရှိသမျှဖြင့် အားထုတ်ပါက၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ စုံလင်စေမည် ဖြစ်သည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းဖြစ်သည်။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းသည် ၎င်းတို့၏ ရရှိအောင် အားထုတ်ခြင်းအားဖြင့် ရရှိပေသည်။ ဘုရားသခင်၏ စုံလင်စေခြင်းနှင့် ရယူခြင်းတို့ကို သင် ဆာငတ်လေလေ၊ သင့်အတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော် အမှုပြုလေလေ ဖြစ်သည်။ သင်သည် ရှာဖွေရန်ပျက်ကွက်လေလေ ဖြစ်ပြီး၊ အပျက်သဘောဆောင်က နောက်ဆုတ်လေလေ၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ရန် အခွင့်အလမ်းများကို သင် ပိတ်ပင်လေလေ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို စွန့်ပစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ စုံလင်ခြင်းခံရရန် ဆန္ဒရှိသလော။ ဘုရားသခင်၏ရယူခြင်းခံရန် သင် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏အသုံးပြုခြင်းခံရန် ဆန္ဒရှိသလော။ သင်တို့သည် စကြဝဠာနှင့် အရာခပ်သိမ်းတို့က ဘုရားသခင်၏လုပ်ဆောင်ချက်များ သင်တို့အထဲ၌ ထင်ရှားသည်ကို မြင်နိုင်ကြဖို့အလို့ငှာ၊ သင်တို့သည် ဘုရားသခင်အားဖြင့် စုံလင်ခြင်းခံရရန်၊ ဘုရားသခင်၏ ရယူခြင်းခံရရန်နှင့် ဘုရားသခင်၏အသုံးပြုခြင်းကိုခံရန်အတွက် အရာရာကို လုပ်ဆောင်ခြင်းကို လုပ်ဆောင်သင့်ကြပေသည်။ သင်တို့သည် အရာခပ်သိမ်းထဲတွင် ဆရာတစ်ဆူ ဖြစ်ပြီး၊ ရှိသမျှ အရာအားလုံးအလယ်တွင်၊ သင်တို့သည် ဘုရားသခင်အား သက်သေခံချက်နှင့် ဘုန်းအသရေတို့ကို သင်တို့မှတစ်ဆင့် မွေ့လျော်ခံစားခွင့် ပေးကြလိမ့်မည်- ဤသည်မှာ သင်တို့သည် မျိုးဆက်များအားလုံးထဲမှ ကောင်းချီးမင်္ဂလာအခံစားရဆုံး ဖြစ်သည်ဆိုသည့် သက်သေဖြစ်ပေ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်) “သမ္မာတရားအတွက် ခက်ခဲမှုကို သင်ခံစားရမည်၊ သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ ငြိမ်းချမ်းသော မိသားစုဘဝ တစ်ခုအတွက် သမ္မာတရားကို သင်လက်မလွှတ်ရ၊ တဒင်္ဂပျော်ရွှင်မှု အတွက် သင့်ဘဝ၏ ဂုဏ်သိက္ခာနှင့် သမာဓိကို အဆုံးရှုံးမခံရ။ နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျသည့်ဘဝကို သင်နေထိုင်ပြီး မည်သည့် ရည်မှန်းချက်ကိုမျှ သင် မလိုက်စားပါက၊ သင့်ဘဝကို သင် ဖြုန်းတီးသည် မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် သမာဓိ သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တာက တာဝန်တွေမှာ သမ္မာတရားကိုရဖို့အတွက် ဇာတိပကတိကို သစ္စာဖောက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့လိုတယ်။ ဒါဆိုရင် နောက်ဆုံးမှာ ဘုရားရဲ့ စုံလင်စေခြင်းကို ခံရမယ်ဆိုတာပါပဲ။ ဒါဟာ အသက်ရှင်ဖို့ အဓိပ္ပာယ်အရှိဆုံးနဲ့ တန်ဖိုးအရှိဆုံးနည်းလမ်းပဲ။ ကျွန်မတို့က ယာယီဇာတိပကတိသက်သာမှုအတွက် သမ္မာတရားကို စွန့်လွှတ်လိုက်ရင် ဂုဏ်သိက္ခာမရှိဘဲ အသက်ရှင်မှာဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ကို ဆုံးရှုံးရမယ်။ အဆုံးမှာ ဘုရားရဲ့ ဖယ်ရှားခြင်းကို ခံရပြီး ကယ်တင်ခြင်းအတွက် ကျွန်မတို့ အခွင့်အရေးကို ဆုံးရှုံးရမယ်။ ဇာတိပကတိ သက်သာမှုကို တပ်မက်တဲ့ ပြဿနာကိုဖြေရှင်းဖို့အတွက် သမ္မာတရားကို လိုက်စားတဲ့ စိတ်နှလုံးရှိဖို့လိုတယ်၊ ကိစ္စတွေဖြစ်ပျက်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ဆင်ခြင်သုံးသပ်ဖို့၊ တာဝန်တွေအပေါ် ကျွန်မတို့ အားထုတ်မှုတွေကို အာရုံစိုက်ဖို့လိုတယ်၊ အခက်အခဲတွေ ကြုံတွေ့ရတဲ့အခါမှာ ဇာတိပကတိကို ငြင်းဆန်နိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်နိုင်ဖို့၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို ကာကွယ်နိုင်ဖို့ လိုတယ်ဆိုတာ ကျွန်မ သင်ယူခဲ့ရတယ်။ ဒါဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြမှုနဲ့ အလုပ်ကို လက်ခံရရှိဖို့နည်းလမ်းပဲ။ ဒါတွေကို ကျွန်မ သဘောပေါက်သွားတာနဲ့ ကျွန်မစိတ်နှလုံးက လင်းလက်သွားတယ်။ ဇာတိပကတိကို စွန့်လွှတ်ပြီး တာဝန်တွေမှာ ကျွန်မရဲ့ အစွမ်းကုန် အားစိုက်မယ်လို့ ကတိပြုခဲ့ပါတယ်။
အဲဒီနောက်မှာ ဧဝံဂေလိကို ဘယ်လိုကောင်းကောင်းဟောရမယ်ဆိုတာကို ကျွန်မ တာဝန်သိသိနဲ့ တွေးခဲ့ပါတယ်။ ကျွန်မအတွက် စည်းမျဉ်းတွေက မရှင်းလင်းတဲ့အခါမှာ ညီအစ်ကိုမောင်နှမတွေနဲ့အတူ ရှာဖွေခဲ့တယ်။ လူတိုင်းနဲ့ လေ့လာဖို့အတွက် အချိန်ပေးခဲ့တယ်။ နောက်ပိုင်းမှာ ဧဝံဂေလိဟောဖို့အတွက် နောက်ထပ် ကိစ္စတွေလုပ်ရတဲ့အခါမှာ အရမ်း စိတ်အနှောင့်အယှက်ဖြစ်စရာပဲလို့ မခံစားရတော့ဘူး။ အဲဒီအစား အဲဒါတွေက ကျွန်မလုပ်ရမယ့်အရာတွေဖြစ်ပြီး ကျွန်မတာဝန်ဖြစ်တယ်လို့ ခံစားမိခဲ့တယ်။ ကျွန်မက နေ့တိုင်း အလုပ်အရမ်းရှုပ်နေပေမဲ့ တန်ဖိုးတက်တယ်လို့ ခံစားရတယ်။
မျှော်လင့်မထားဘဲ တစ်နေ့မှာ ခေါင်းဆောင်က ကျွန်မဆီလာပြီး ကျွန်မရဲ့ အထူးပြုလုပ်ချက်တာဝန်ကို ပြန်လုပ်ဖို့ ပြောတယ်။ ဒီသတင်းကို ကြားရတော့ ကျွန်မ တော်တော်စိတ်လှုပ်ရှားခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်တာကလွဲပြီး ကျွန်မ ဘာပြောရမှန်းမသိခဲ့ဘူး။ ကျွန်မ အရင်တုန်းက ဇာတိပကတိကို ဂရုစိုက်ပြီး တာဝန်တွေကို ဖြစ်သလိုလုပ်ခဲ့ပုံကို ပြန်အမှတ်ရမိပြီး ဘုရားသခင်အပေါ် အထူးသဖြင့် အကြွေးတင်သလို ခံစားမိတယ်။ အရင်က ကျွန်မအမှားတွေအတွက် ကျွန်မ မဖာထေးနိုင်ခဲ့ဘူး။ ဒီတော့ ကျွန်မ တာဝန်တွေမှာ ဘုရားရဲ့ချစ်ခြင်းကို အခုအချိန်မှာပဲ ပြန်ပေးဆပ်နိုင်ပါတယ်။ နောက်ပိုင်းမှာ တာဝန်တွေမှာ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ ဘုရားဆီကို သတိရှိရှိနဲ့ ဆုတောင်းခဲ့ပြီး ဘယ်လိုဖြေရှင်းရမယ်ဆိုတာ စဉ်းစားသုံးသပ်ခဲ့တယ်။ တစ်ခါတော့ ကျွန်မရဲ့ အထူးပြုလုပ်ချက်ပရောဂျက်တစ်ခုက ရလဒ်သိပ်မကောင်းဘူး။ အဖွဲ့ခေါင်းဆောင်နဲ့ ကြီးကြပ်သူက ဘယ်လိုပြင်ရမယ်ဆိုတာ မသိဘူး။ ကျွန်မလည်း အကျပ်ရိုက်နေပြီး ဘယ်လိုစပြင်ရမယ်ဆိုတာ မသိဘူး။ ကျွန်မ စဉ်းစားလိုက်တယ်။ “ငါက ဒါကိုပြုပြင်ဖို့ ဆက်ကြိုးစားနေရင်၊ အချိန်ကုန်ခိုင်းပြီး ဒါကိုလုပ်နေရင် ငါ ဒါကို မှန်အောင်လုပ်နိုင်မလားဆိုတာ မသိဘူး။ ဒီတော့ တခြားတစ်ယောက်ယောက်က လုပ်သင့်တယ် ထင်တယ်” ပေါ့။ ဒီအတွေးတွေက ကျွန်မက အခက်အခဲကို ထပ်ရှောင်ဖို့ ကြိုးစားနေတာပဲဆိုတာ သဘောပေါက်လိုက်တယ်။ အဲဒါနဲ့ ဘုရားကို အမြန်ဆုတောင်းလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပြန်အမှတ်ရမိတယ်။ “တာဝန်တစ်ခုက သင့်ရှေ့တွင် ရှိပြီး၊ ယင်းတာဝန်ကို သင့်ထံ အပ်နှံသောအခါ အခက်အခဲကို မည်သို့ရှောင်ရှားရမည်ကို မစဉ်းစားနှင့်။ တစ်စုံတစ်ခုက ခက်ခဲလျှင် အရင်ဦးဆုံး ယင်းအား ဘေးသို့ထားလိုက်ပြီး လျစ်လျူရှုခြင်း မပြုနှင့်။ ထိပ်တိုက်ရင်ဆိုင်ရမည်။ ဘုရားသခင်သည် သင်နှင့်အတူရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်နှင့်ဆိုလျှင် မည်သည့်အရာကမျှ မခက်ခဲသည်ကိုလည်းကောင်း အချိန်ပြည့် သတိရရမည်။ သင့်တွင် ဤယုံကြည်ခြင်းရှိရမည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏ တာဝန်ဆောင်ရွက်သည့်အခါ အရေးမထားခြင်းနှင့် ဝတ်ကျေတန်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းနည်း”) ဘုရားနှုတ်ကပတ်တော်က လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ တာဝန်တွေမှာ ဘယ်လိုပြဿနာနဲ့ အခက်အခဲတွေ ကြုံရပါစေ အဲဒါတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေရှာဖို့အတွက် ဘုရားကို ကျွန်မတို့ အမှီပြုသင့်တယ်။ ဇာတိပကတိဒုက္ခကြောင့် ကျွန်မတို့က တာဝန်မှာ အခက်အခဲတွေကိုရှောင်ဖို့၊ နောက်ဆုတ်ဖို့ မကြိုးစားသင့်ဘူး။ အဲဒီနည်းလမ်းက ဘုရားသခင်ကို သစ္စာဖောက်တာ၊ သစ္စာမရှိတာပဲ။ ဒါကို ကျွန်မ သဘောပေါက်သွားတာနဲ့ ဒီတစ်ခါမှာ ကျွန်မ ဘုရားကို အမှီပြုမယ်၊ ဇာတိပကတိကို စွန့်လွှတ်မယ်၊ ဒါကိုပြုပြင်ဖို့အတွက် အလုပ်လုပ်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်တယ်။ အဲဒါနဲ့ ကျွန်မ စိတ်လျှော့ချလိုက်ပြီး ထပ်ခါထပ်ခါ ပြန်စိစစ်ကြည့်လိုက်သလို၊ နောက်ဆုံးမှာ လိုအပ်တဲ့ ပြုပြင်မှုတွေကို လုပ်ခဲ့တယ်။ ကြည့်ပြီးတဲ့နောက်မှာ လူတိုင်းက ကောင်းတယ်လို့ ခံစားရပြီး အကြံပြုချက်မရှိခဲ့ဘူး။ ဒီလို လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ ကျွန်မစိတ်နှလုံးက ငြိမ်သက်ပြီး အေးချမ်းသွားတယ်။ တာဝန်တွေမှာ အဖိုးအခပေးဆပ်ခြင်းက တကယ်ပဲ ဘုရားဆီက ကောင်းချီးဖြစ်တယ်လို့ ခံစားမိခဲ့တယ်။ ကျေးဇူးတော်ပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။