မိမိတာဝန်ကို ထမ်းဆောင်ခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို နောက်ဆုံးတော့ ကျွန်မ သိပြီ
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ သူ၏အစေခံမှုအတွင်း လူသား၏ အပြစ်အနာအဆာများသည် တိုးတက်သည့် အတွေ့ကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် ချွက်ယွင်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။ လူတို့သည် အစေခံမှုအတွင်းတွင် ၎င်းတို့ ဖော်ပြသင့်သည့်အရာကို မဖော်ပြနိုင်သကဲ့သို့ သို့မဟုတ် ၎င်းတို့အတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့်အရာကို စွမ်းဆောင် မရရှိနိုင်သကဲ့သို့၊ ယင်းအစား တည်ကြည်လေးနက်မှု မရှိဘဲ ဟန်ဆောင်လုပ်ပြပါက၊ ၎င်းတို့သည် ဖန်ဆင်းခံ တစ်ဦး ရှိသင့်သည့် အလုပ်တာဝန်ကို ဆုံးရှုံးကြပြီး ဖြစ်ပေသည်။ ထိုသို့သော လူတို့သည် ‘သာမညောင်ညများ’ ဟု သိရသောအရာများ ဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်ဆို၍ ရနိုင်မည်နည်း။ ၎င်းတို့သည် အပြင်ပန်းတွင် တောက်ပြောင်သော်လည်း၊ အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးသည့် သတ္တဝါများ ဖြစ်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ကျွန်မတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းက တကယ်တမ်း မည်သည့်အရာကို ဆိုလိုသည်ကို ကျွန်မ နားလည်အောင် ဘုရားသခင်၏နှုတ်ကပတ်တော်များက ကူညီပေးခဲ့ပါသည်။ ယင်းက ကျွန်မတို့ မည်မျှပဲ အရည်အချင်း ရှိပါစေ၊ ဆုကျေးဇူးရရှိပါစေ ကျွန်မတို့ နားလည်ထားသမျှကို အပြည့်အဝ အသုံးချရမည်ဟု ဆိုလိုပါသည်။ ကျွန်မတို့က ဖြစ်သလိုလုပ်၍မရသကဲ့သို့၊ စိတ်မပါဘဲ လုပ်၍လည်း မရပါ။ ဘုရားသခင် လိုအပ်သည့်အရာအပေါ် အခြေခံပြီး ကျွန်မတို့ ဆက်ပြီး ကြိုးပမ်းနေရမည်။ ထိုနည်းအားဖြင့် မိမိတာဝန်များကို ထမ်းဆောင်ခြင်း၌ အားနည်းချက်များ သို့မဟုတ် ချို့ယွင်းချက်များကို ကျွန်မတို့ ဖာထေးပေးနိုင်မည်။ ပြီးလျှင် ကျွန်မတို့က ပို၍ ကောင်းသည့်ရလဒ်များကို ရလာမည်။
လတ်တလောတွင် အသင်းတော်က ဘုရားသခင်၏ နှုတ်ကပတ်တော်များ တစ်ကိုယ်တော် ဓမ္မတေး ဗီဒီယိုအချို့ ရိုက်ချင်သည်။ ကျွန်မတို့ အသင်းခေါင်းဆောင်က သီချင်းများထဲက တစ်ပုဒ်ကို ကျွန်မကို ဦးဆောင်သီဆိုသူအဖြစ် ဆိုစေချင်ပြီး ဂစ်တာလည်းတီးစေချင်သည်။ သူက ဤအကြောင်း ပြောသည့်အခါ၊ ကျွန်မ အနည်းငယ် စိတ်လှုပ်ရှားခဲ့သည်။ သီချင်းဆိုပြီး ဂစ်တာတီးခြင်းက သီချင်းဆိုခြင်းသက်သက်ထက် ပိုခက်သည်။ ထို့အပြင် ယခင်က ထိုကဲ့သို့ တစ်ကိုယ်တော် သီဆိုဖို့ ကျွန်မ ကြိုးစားခဲ့သေးသည်၊ သို့ရာတွင် ဆိုနေစဉ် ကျွန်မ၏ သရုပ်ပြတင်ဆက်မှုကို အာရုံစိုက်ပြီး လက်ကွက်များ လွဲကုန်သည်၊ သို့သော် လက်ကွက်များကို အာရုံစိုက်သည့်အခါတွင်လည်း၊ ကျွန်မ အမူအရာများက တစ်မျိုး ဖြစ်ကုန်ပြန်သည်။ အဆုံးသတ်တွင် ထိုဗီဒီယိုကို သူတို့ သုံး၍မရခဲ့ပါ။ ဤအလားတူ တာဝန်ကို ထပ်ရင်ဆိုင်ရလျက်၊ ကျွန်မ ငြင်းချင်ခဲ့သော်လည်း၊ ယင်းက ဘုရားသခင်၏ အလိုတော်နှင့်ညီမည်ဟု ကျွန်မ မထင်ခဲ့ပါ။ ကျွန်မ၏ညီအစ်ကို မောင်နှမများအားလုံးက ကျွန်မက ဤသီချင်းနှင့် အလွန် လိုက်ဖက်သည်ဟု ထင်ကြသောကြောင့်၊ ကျွန်မ လက်ခံလိုက်ပြီး မိမိတာဝန်ကို ထမ်းဆောင်သင့်သည်ဟု တွေးလိုက်သည်။ ထို့ကြောင့် ထိုအခန်းကဏ္ဍကို ကျွန်မ လက်ခံခဲ့သည်။ နှစ်ရက် လေ့ကျင့်ပြီးသည့်နောက်မှာ၊ သီချင်းဆိုခြင်းနှင့် သရုပ်ပြတင်ဆက်သည့်အပိုင်းများကို ကျွန်မ ကောင်းစွာ နားလည်လာသည်။ သို့ရာတွင် ဂစ်တာလက်ကွက်များက တော်တော် ရှုပ်ထွေးပြီး မှတ်မိဖို့ ခက်သည်။ ဗီဒီယိုရိုက်ဖို့ တစ်ရက်သာ လိုသောကြောင့်၊ ကျွန်မ အလွန် စိတ်ပူလာသည်။ ကျွန်မ ဆက်လေ့ကျင့်နေလျှင်ပင်၊ တစ်စုံတစ်ခုကို ပြောင်းလဲဖို့ အလွန် နောက်ကျသွားပြီး၊ ကျွန်မ ဆက်ပြီး လေ့ကျင့်နေပါက၊ ကျွန်မလက်များက ရောင်လာမလားဟု စိုးရွံ့နေမိခဲ့သည်။ နာကျင်မှုကို ထားလိုက်ဦး၊ ကျွန်မ မှတ်တောင် မမှတ်မိလောက်ပါ။ ထိုအတွေး၌ ကျွန်မ ယင်းအတွက် ကျွန်မ အဖိုးအခ မပေးဆပ်ချင်ခဲ့သောကြောင့်၊ ဤခက်ခဲသည့်ပြဿနာအတွက် အကောင်းဆုံး ဖြေရှင်းချက်ကို ကျွန်မ ဆက်စဉ်းစားနေခဲ့သည်။ ထိုအချိန်တွင် ကျွန်မ အကြံတစ်ခုရသည်။ ကျွန်မ၏လက်များကို ဗီဒီယိုသိပ်မရိုက်ဖို့ ကင်မရာသမားကို ကျွန်မ တောင်းဆို၍ ရနိုင်သည်၊ သို့ဆိုလျှင် ဤစိတ်ရှုပ်ဖွယ်ကောင်းသည့် လက်ကွက်များကို အပင်ပန်းခံပြီး လေ့ကျင့်နေဖို့ လိုတော့မည် မဟုတ်ပေ။ ပြီးလျှင် ကျွန်မ ဗီဒီယိုလည်း ရိုက်၍ရနေသေးသည်။ ဤအကြံက ကောင်းမည့်ပုံရသည်။ တကယ်တော့ ကျွန်မ ဤစိတ်ကူးကို တွေးမိသည့်အခါက၊ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။ ကျွန်မက တာဝန်ခံယူမှု မရှိသကဲ့သို့ ခံစားရသည်။ လက်ကွက်များမှာ ပြဿနာတက်ပြီး ဗီဒီယို ပြန်ရိုက်နေရပါက၊ မည်သို့လုပ်ကြမည်နည်း။ သို့ရာတွင် ကျွန်မ တွေးလိုက်သည်။ “အချိန်က အရမ်းကျပ်နေတယ်။ ပြီးတော့ ဒီသီချင်းက တော်တော်ခက်တယ်။ ဒီသီချင်းကို ကောင်းကောင်း တီးရဖို့ တော်တော် ခက်ခဲပင်ပန်းပြီး စိတ်ဖိစီးရမှာပဲ။ ငါ့အဆင့်ထက်ကျော်ပြီး ငါ တင်ဆက်နိုင်မှာ မဟုတ်ဘူး။ အဲဒီအပြင် ဒါက ဗီဒီယို အမြန်ဆုံး ထွက်လာဖို့အတွက်ပဲလေ။ လူတိုင်းက နားလည်သင့်ပါတယ်။” ထို့နောက်တွင် လက်ကွက်များကို သိပ်စိတ်ပူတော့ဘဲ၊ သီချင်းဆိုခြင်းနှင့် သရုပ်ပြတင်ဆက်ခြင်းတို့ကို အာရုံစိုက်ခဲ့သည်။ ယင်းက လုံလောက်သည်ဟု တွေးလိုက်သည်။
ဗီဒီယိုရိုက်ဖို့ အချိန်ရောက်သည့်အခါ၊ ဗီဒီယိုရိုက်သည့် အစ်ကိုကို ကျွန်မလက်များကို အနီးကပ်မရိုက်ဖို့ တောင်းဆိုခဲ့သည်။ မည်သည့်ပြဿနာမျှ ဖြစ်လိမ့်မည်ဟု ကျွန်မ မထင်ခဲ့ပါ။ သို့ရာတွင် နောက်နေ့၌ ဒါရိုက်တာက ကျွန်မက လက်ကွက်အချို့တီးရာတွင် မှားနေသည်ဟု ပြောပြီး မည်သို့ဖြစ်ရသည်ကို အကျိုးအကြောင်းမေးသည်။ ကျွန်မ အလွန် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရပြီး ကျွန်မ၏မျက်နှာက နီရဲသွားသည်။ ကျွန်မက “ဟာ သွားပြီ။ ဗီဒီယို ပြန်ရိုက်ရတော့မှာလား။” ဟု တွေးမိသည်။ အယ်ဒီတာထံ ကျွန်မ အမြန်သွားပြီး အခြား ဖြေရှင်းနည်းတစ်ခုခု ရှိမရှိကို မေးလိုက်သည်။ သူက ခေါင်းခါပြီး “ကျွန်တော် လုပ်ကြည့်ပြီးပြီ၊ မရဘူး” ဟု ပြောသည်။ ဤအချိန်မှာ ကျွန်မတို့ ဗီဒီယို ပြန်ရိုက်ရတော့မည်ကို ကျွန်မ သိလိုက်သည်။ ပြဿနာက ကျွန်မကြောင့်ဖြစ်သည်ကို သိနေလျက်၊ ကျွန်မ စိတ်မကောင်း ဖြစ်ရလေသည်။ နောက်ပိုင်းတွင် ဖြစ်သွားသည့်အရာအတွက် ဆွေးနွေးဖို့အတွက် စုဝေးသည့်အချိန်မှာ၊ ကျွန်မ လုပ်ခဲ့သည့်အရာအတွက် အကြောင်းပြချက်များကို လူတိုင်းကို ကျွန်မ ပြောပြခဲ့သည်။ အစ်မတစ်ယောက်က “နင်က လက်ကွက်တွေကို မရသေးတာကို ဘာလို့ ငါတို့ကို မပြောခဲ့တာလဲ။ အခုတော့ ငါတို့ အကုန် ပြန်ရိုက်ရတော့မယ်၊ ပြီးတော့ စီမံကိန်းတစ်ခုလုံး နှောင့်နှေးကုန်ပြီ။ နင်က ပေါ့ဆပြီး တာဝန်ခံယူမှုမရှိတာပဲ။” ဟု ပြောလျက်၊ ကျွန်မကို အပြစ်တင်သည်။ သူမပြောသည့်အရာကို ကျွန်မ လက်မခံနိုင်ခဲ့ပါ။ ကျွန်မက “ငါ အကောင်းဆုံး လုပ်ခဲ့တာ မဟုတ်ဘူးလား။ အဓိကအချက်က လက်ကွက်တွေကို ငါ မတီးတတ်တာပဲ၊ ဗီဒီယို မြန်မြန်ပြီးဖို့ သေချာအောင် ငါ လုပ်ခဲ့တယ်။ ငါ့လက်တွေကို သူတို့ ဗီဒီယိုမရိုက်ခဲ့သင့်ဘူး မဟုတ်လား။” ဟု တွေးမိသည်။ မိမိကိုယ်ကိုယ် လုံးဝ ပြန်မသုံးသပ်ဘဲ ဆင်ခြေများသာ ကျွန်မ ပေးနေခဲ့သည်။ သို့ရာတွင် နောက်တော့ အခြားအစ်မ တစ်ယောက်က ကျွန်မကို “နင် အခက်အခဲဖြစ်နေရင် ဗီဒီယိုရိုက်တာကို ရက်နည်းနည်းလောက် နောက်ဆုတ် ရရင်တောင်၊ ပိုပြီးတော့ လေ့ကျင့်ခဲ့လို့ရတာပဲ။ ဒါပေမဲ့ အခုလိုတော့ ဖြစ်သလို လုပ်လို့မရဘူးလေ။ နင်က ပင်တိုင်အဆိုတော်ပဲ- ငါတို့က နင် ဂီတာတီးတာကို မပြရင် ဘယ်လိုပုံစံဖြစ်နေမလဲ။ ဒါ နင် အရမ်း ပေါ့ဆပြီး တာဝန်ခံယူမှု မရှိတာပဲ။” ဟု ပြောသည်။ သူမက “အရမ်း” ဟု ပြောသည်ကို ကြားရသည့်အခါ၊ ကျွန်မ တကယ် ထိသွားသည်။ ကျွန်မက “ညီအစ်ကို မောင်နှမတွေအားလုံးက ငါက ငါ့တာဝန်တွေမှာ ပေါ့ဆတယ်လို့ ထင်ကြတယ်ဆိုရင် တကယ်ပဲ ငါမှားနေတာ ဖြစ်မယ်ထင်တယ်။ ငါလည်း ဗီဒီယိုရိုက်တာကို အဆင်ပြေချင်ခဲ့တာပဲ။ ဒါပေမဲ့ ငါ့လက်ကွက်တွေက မှားနေတော့ စီမံကိန်းကနောက်ကျသွားပြီး ဗီဒီယိုပြန်ရိုက်ရမှာပဲ။ သေချာပေါက် ငါ့ကြောင့် ဖြစ်ရတာပါ။” ဟု မတွေးဘဲ မနေနိုင်ခဲ့ပါ။ ထိုသို့ စဉ်းစားမိပြီး ကျွန်မ စိတ်မကောင်း ဖြစ်မိသည်။ ကျွန်မ ကန့်ကွက်နေသည်ကို ရပ်လိုက်ပြီး မိမိကိုယ်ကိုယ် စပြီး ပြန်လည်သုံးသပ်သည်။
နောက်ပိုင်းမှာ ကျွန်မကို တကယ် တို့ထိသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို တွေ့ခဲ့သည်။ ထိုနှုတ်ကပတ်တော်မှာ ဤကဲ့သို့ ပြောထားပါသည်၊ “သင်၏တာဝန်ကို ပြီးစလွယ်နှင့် ကပျာကယာ ဆောင်ရွက်ခြင်းနှင့် ယင်းကို ပေါ့ပေါ့တန်တန် သဘောထားခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ယင်းသည် သင်၏ တာဝန်နှင့်သက်ဆိုင်သည့် ညံ့ဖျင်းသော စွမ်းဆောင်မှု ဖြစ်သည်၊ သင့်အနေဖြင့် သင်၏ တာဝန်ကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်စွမ်းရှိသော်လည်း- သင်၏ တာဝန်သည် စံမီလိမ့်မည်မဟုတ်သကဲ့သို့၊ သင်၏ တာဝန်ပေါ် ထားရှိသည့် သင်၏ သဘောထားနှင့်ပတ်သက်၍ ဘုရားသခင် စိတ်ကျေနပ်လိမ့်မည် မဟုတ်ပေ။ မူလက၊ သင်သည် ပုံမှန် ကြိုးစားခဲ့ပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးဖြစ်ပါက၊ ယင်းကို သင်၏ အတွေးများအားလုံး ပေးအပ်မြှုပ်နှံခဲ့ပြီး ဖြစ်ပါက၊ ယင်းကို လုပ်ဆောင်ခြင်းထဲသို့ သင်၏ စိတ်နှလုံးနှင့် ဝိညာဉ်တို့ကို ထားရှိပြီး၊ သင်၏ အားထုတ်မှုအားလုံးကို စိုက်ထုတ်ပြီးဖြစ်ကာ သင်၏ အားထုတ်မှု၊ သင်၏ ကြိုးပမ်းမှုနှင့် သင်၏ အတွေးများကို အချိန်ကာလတစ်ခုကြာ ပေးအပ်မြှုပ်နှံခဲ့ပြီးဖြစ်ပါက၊ သို့မဟုတ် စာပေများကို ကိုးကားခြင်းအား အချိန်တစ်ချို့ ပေးအပ်မြှုပ်နှံခဲ့ပြီး ဖြစ်ကာ သင်၏ စိတ်နှင့်ခန္ဓာတစ်ခုလုံးကို ထိုအရာ၌ နှစ်မြှုပ်ထားခဲ့ပြီးဖြစ်ပါက၊ သင်သည် ထိုသို့ ပူးပေါင်း လုပ်ဆောင်နိုင်စွမ်း ရှိပါက၊ ဘုရားသခင်သည် သင့်ကို လမ်းပြလျက် ရှေ့တွင်ရှိမည်ဖြစ်သည်။ သင့်အနေဖြင့် ခွန်အားစိုက်ထုတ်ဖို့ များစွာ မလိုအပ်ပေ။ ပူးပေါင်း လုပ်ဆောင်မှုတွင် သင်သည် မခြွင်းမချန် အားထုတ်သည့်အခါတွင်၊ ဘုရားသခင်သည် သင့်အတွက် အရာရာ စီစဉ်နှင့်ပြီး ဖြစ်လိမ့်မည်။ သင်သည် ဉာဏ်များကာ သစ္စာဖောက်ပြီး၊ အလုပ်ကို တစ်ဝက်တစ်ပျက်လုပ်လျက်၊ စိတ်နှလုံးပြောင်းလဲကာ လမ်းလွဲပါက၊ ဘုရားသခင်သည် သင့်ကို လုံးဝစိတ်ဝင်စားမည် မဟုတ်ပေ။ သင်သည် ဤအခွင့်အရေးကို ဆုံးရှုံးပြီးဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်က၊ ‘သင်သည် ကျေနပ်လောက်အောင် မကောင်းပေ။ သင်သည် အသုံးမကျပေ။ ဘေးထွက်ရပ်လော့။ သင်သည် ပျင်းရိရသည်ကို နှစ်သက်သည် မဟုတ်လော။ လှည့်ဖြားတတ်ခြင်းနှင့် ကောက်ကျစ်တတ်ခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ အနားယူရသည်ကို သင် နှစ်သက်သလော။ ကဲ ထိုသို့ဆိုလျှင် အနားယူလော့’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို နောက်လူအား ပေးလိမ့်မည်။ သင် မည်သည့်အရာ ပြောသနည်း- ဤသည်မှာ ဆုံးရှုံးမှုတစ်ခုလော၊ အောင်မြင်မှုတစ်ခုလော။ ယင်းမှာ ဧရာမ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ တာဝန်ဆောင်ရွက်သည့်အခါ အရေးမထားခြင်းနှင့် ဝတ်ကျေတန်းကျေဖြစ်ခြင်း ပြဿနာကို ဖြေရှင်းနည်း”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကိုယ်တိုင်၏ အခြေအနေကို ထုတ်ဖော်ပြပါသည်။ ဦးဆောင်နေရာကို ယူဖို့အတွက် လေ့ကျင့်ဖို့ ကျွန်မ သဘောတူခဲ့သော်လည်း၊ တကယ်တမ်း ကျွန်မ ကတိပေးခဲ့သည့် အရာကို မလုပ်ခဲ့ပါ။ ကျွန်မ အားနည်းချက်ကို ရင်မဆိုင်ခဲ့သကဲ့သို့၊ လက်ကွက်များ တီးတတ်လာဖို့အတွက် အချက်အလက်များ မရှာဖွေခဲ့ပါ။ အရမ်းခက်ခဲမည်ဟု ထင်သောကြောင့် လေ့ကျင့်မှု လျော့နည်းခဲ့သည်။ အချိန်မရှိပါဟု ဆင်ခြေပေးခဲ့ပြီး ကျွန်မ လက်များကို အနီးကပ်မရိုက်ဖို့ ကင်မရာသမားကို တောင်းဆိုခဲ့သည်။ ယင်းကို ကျွန်မ ခေါင်းရှောင်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း၊ စီမံကိန်း နှောင့်နှေးခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့သည်။ ကျွန်မက တကယ်ကို ပေါ့ဆပြီး တာဝန်ခံယူမှု မရှိခြင်း ဖြစ်ပါသည်။ တာဝန်ကျလာသည့်အခါမှာ သီချင်းကို ကောင်းစွာတီးပြီး ဘုရားသခင်အတွက် သက်သေခံဖို့ အားမထုတ်ချင်ခဲ့ပါ။ ထိုအစား အသက်သာဆုံးလမ်းကြောင်းကို ရွေးခဲ့သည်၊ ပြီးလျှင် ယခုအခါ အားလုံး ပြန်လုပ်ခဲ့ရသည်။ ကျွန်မ မည်သို့များ တာဝန်မသိတတ်ခဲ့ရသနည်း။ အနည်းငယ် ပို၍ လေ့ကျင့်လိုက်ပါက၊ အားထုတ်လိုက်ပါက၊ ဘုရားသခင်၏ အိမ်တော်ကို ကျွန်မ ထိခိုက်နစ်နာစေမည် မဟုတ်ပါ။ ထိုအချိန်မှာ ကျွန်မ မိမိကိုယ်ကိုယ် အနည်းငယ် မုန်းမိသည်။ ကျွန်မက “ငါ နောက်ထပ် အခွင့်အရေးတစ်ခုထပ်ရရင် အရမ်း ဝတ်ကျေတမ်းကျေ ထပ် မလုပ်တော့ဘူး။ အဲဒီ လက်ကွက်တွေကို လေ့ကျင့်ရင်း ပင်ပန်းရမယ်ဆိုရင်တောင် လုပ်ဖို့ လိုအပ်တာကို ငါ လုပ်မယ်။” ဟု စဉ်းစားမိသည်။
အခြားလူများက ကျွန်မကို လေ့ကျင့်ဖို့အတွက် နောက်ထပ် အချိန်နှစ်ရက်ထပ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ဤသည်မှာ ကျွန်မအတွက် တကယ်ကို စိတ်ပျော်ရွှင်ခဲ့ရပြီး ကျွန်မ၏ ပြစ်မှားမှုအတွက် ပြန်ပေးဆပ်ဖို့ အခွင့်အရေးပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိသည်။ ထိုနောက်ပိုင်းတွင် ကျွန်မ လေ့ကျင့်သည့်အခါ၊ လက်ကွက်များအားလုံးကို မှတ်မိဖို့အတွက် ကြိုးစားလုပ်ခဲ့သော်လည်း၊ ကျွန်မ အလွန် စိတ်ဖိစီးသည်။ ကျွန်မ၏နည်းစနစ်က လိုနေဆဲဖြစ်ပြီး၊ ဤနှစ်ရက်က ကျွန်မ တိုးတက်လာဖို့အတွက် မလုံလောက်မည်ကို စိုးရိမ်နေခဲ့ရသည်။ ကျွန်မ ထပ်၍ စိတ်ပူလာပြန်သည်။ သို့ရာတွင် ကျွန်မ စိတ်ပူလာလေလေ မေ့လေလေ၊ ကျွန်မက မေ့လေလေ၊ ပို၍ စိတ်ပူလာလေလေ ဖြစ်သည်။ ထိုမနက်ခင်းက မျက်စိတစ်မှိတ်အတွင်း ကုန်သွားသည်။ ကျွန်မက သီချင်းကို ကောင်းကောင်း မတီးနိုင်သေးဘဲ၊ လက်များက နာလာသည်။ ပုံမှန်ဆိုရင် ကျွန်မက နေ့လည်စာ စားပြီးသည့်အချိန်မှာ လေ့ကျင့်ခြင်းကို ခဏနားသော်လည်း၊ ဤတစ်ကြိမ်တွင် ကျွန်မ ဆက်လေ့ကျင့်မှဖြစ်မည်ကို သိခဲ့သည်။ ကျွန်မ နား၍မဖြစ်ဘဲ၊ လက်ကွက်များ မှန်ဖို့အတွက် ကျွန်မမှာ ရှိသည့် အချိန်တိုင်းကို အသုံးပြုရမည်ကို သိခဲ့သည်။ ကျွန်မ စိတ်နှလုံးကို မှန်မှန်ကန်ကန် ပြင်ဆင်ပြီးသည်နှင့် ဘုရားသခင်က ကျွန်မကို လမ်းပြခဲ့သည်။ ထိုနေ့လည်မှာ ကျွန်မ ကိုယ်တိုင် သတိမထားလိုက်မိဘဲ၊ လက်ကွက်များကို သူ့ကဏ္ဍနှင့်သူ မည်သို့ မှတ်သားရမည်ကို ကျွန်မ သိသွားခဲ့သည်။ ယင်းက ပို၍ ပို၍ တိုးတက်လာသည်။ သို့ရာတွင် လေ့ကျင့်သည်မှာ အလွန်ကြာနေပြီဖြစ်သည့်အတွက် ကျွန်မ၏လက်များက စ ရောင်လာပြီး လျှော့လျှော့ပေါ့ပေါ့ လုပ်ချင်သည့်စိတ်က နောက်တစ်ဖန် ဖြစ်လာသည်။ ကျွန်မ ဤနည်းလမ်းဖြင့် တစ်ဖန် တွေးနေသည်ကို မိမိကိုယ်ကိုယ် သတိထားမိသည့်အခါ၊ ဘုရားသခင် ပြောခဲ့သည့်အရာတစ်ခုကို ကျွန်မ တွေးမိပြီး ယင်းကို အမြန်ဖတ်လိုက်သည်၊ “သင်၏ အားထုတ်မှုနှင့် သုံးစွဲမှု လိုအပ်ပြီး၊ သင်၏ ခန္ဓာ၊ စိတ်နှင့် အချိန်ကို ဆက်ကပ်ဖို့ လိုအပ်သည့် တာဝန်တစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ သင်သည် မည်သည့်အရာကိုမျှ ချုပ်တည်းမထားရ၊ သင်၏ သေးနုတ်သည့် လိမ္မာပါးနပ်မှုကို ကွယ်ဝှက်မထားရ၊ သို့မဟုတ် လူးသာလွန့်သာ တစ်ခုမျှ ချန်မထားရ။ သင်သည် လူးသာလွန့်သာ တစ်စုံတစ်ရာ ချန်ထားပါက၊ ချင့်တွက်နေပါက သို့မဟုတ် သင်သည် ဉာဏ်များကာ သစ္စာဖောက်ဖျက်တတ်ပါက၊ သင်သည် ညံ့ဖျင်းသော အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ သေချာပေသည်။ သင်က၊ ‘ပါးနပ်သည့် နည်းလမ်းဖြင့် ငါလုပ်ဆောင်နေသည်ကို မည်သူမျှ မမြင်ပါ။ အပြတ်မိုက်လိုက်လေခြင်း’ ဟု ပြောကောင်းပြောလိမ့်မည်။ ဤသည်မှာ မည်သို့သော အတွေးမျိုးနည်း။ သင်သည် လူများနှင့် ဘုရားသခင်ကိုလည်း နှစ်ပေါက်တစ်ပေါက်ရိုက်လိုက်ပြီဟု တွေးထင်သည်။ သို့သော်၊ တကယ့်အမှန်တွင်၊ သင်လုပ်ဆောင်လိုက်သည့်အရာကို ဘုရားသခင် သိသလော၊ မသိသလော။ (သူ သိပါသည်။) ယေဘုယျအားဖြင့်၊ သင်နှင့် အချိန်ကာလကြာမြင့်စွာ အပြန်အလှန်ဆက်ဆံသည့် လူများကလည်း သိရှိလိမ့်မည်ဖြစ်ပြီး၊ သင်သည် အမြဲ မယုံရသောသူ၊ မည်သည့်အခါတွင်မျှ လုံ့လမရှိသကဲ့သို့ မိမိ၏ အားထုတ်မှု ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ရာခိုင်နှုန်း သို့မဟုတ် အများဆုံး ရှစ်ဆယ်ရာခိုင်နှုန်းသာ စိုက်ထုတ်သူဖြစ်သည်ဟု ပြောကြလိမ့်မည်။ သင်သည် သင် လုပ်ဆောင်နေသည့် မည်သည့်အရာကိုမဆို မသိကျိုးကျွန်ပြုလျက်၊ အလွန် စိတ်ရှုပ်ထွေးသော ပုံစံဖြင့် အရာရာကို လုပ်ဆောင်သည်၊ သင်သည် အလုပ်တာဝန်ကို လုံးဝကျေပွန်ခြင်းမရှိဟု ၎င်းတို့ ပြောကြလိမ့်မည်။ သင့်ကို တစ်စုံတစ်ရာ လုပ်ဆောင်စေပါက၊ ထိုအခါမှသာ အားထုတ်မှု အနည်းငယ်ကို သင် စိုက်ထုတ်လေသည်။ သင်၏ အလုပ်က စံချိန်မီခြင်း ရှိ၊ မရှိဆိုသည်ကို ကြည့်ရန် စစ်ဆေးဖို့ တစ်စုံတစ်ဦးက အနီးတစ်ဝိုက်တွင်ရှိပါက၊ သင်သည် အလုပ်ကို အနည်းငယ် သာ၍ကောင်းမွန်စွာ လုပ်ဆောင်ပေသည်- သို့သော် စစ်ဆေးဖို့ အနီးတစ်ဝိုက်တွင် မည်သူမျှမရှိပါက၊ အနည်းငယ် သင် လျှော့ချလေသည်။ သင်သည် ကိုင်တွယ်ဖြေရှင်းခြင်းခံရပါက၊ ယင်းကို သင် စိတ်ပါလက်ပါ လုပ်ဆောင်လေသည်။ သို့မဟုတ်ပါက၊ သင်သည် အလုပ်လုပ်စဉ်တစ်လျှောက် စဉ်ဆက်မပြတ် ငိုက်မျဉ်းနေပြီး၊ မည်သူမျှ သတိထားမိမည်မဟုတ်ဟု ယူဆလျက် သင် တတ်နိုင်သမျှ မည်သည့်အရာမဆိုအတွက် တာဝန်မယူရဖို့ ကြိုးစားနေပေသည်။ အချိန်ကုန်လွန်သွားကာ လူတို့က သတိပြုမိကြလေသည်။ ၎င်းတို့က၊ ‘ဤလူသည် အားမကိုးရသကဲ့သို့ မယုံကြည်ရပေ။ သင် သူ့ကို အရေးကြီးသည့် တာဝန်တစ်ခု ဆောင်ရွက်ဖို့ ပေးပါက၊ ကြီးကြပ်မှု လိုအပ်လိမ့်မည်။ အခြေခံသဘောတရားများ မပါဝင်သည့် သာမန် တာဝန်များနှင့် အလုပ်များကို သူ လုပ်နိုင်သော်လည်း သင်သည် သူ့ကို အလွန်အရေးပါသည့် တာဝန်တစ်ခုတစ်လေကို ဖြည့်ဆည်းဖို့ ပေးပါက၊ ယင်းကို သူကမောက်ကမဖြစ်စေမည်မှာ အလားအလာအများဆုံး ဖြစ်ပြီး၊ ထို့နောက် သင်သည် တစ်ပတ်ရိုက်ခံရပြီးဖြစ်လိမ့်မည်’ ဟု ပြောကြလေသည်။ လူတို့သည် ၎င်းကို ကောင်းကောင်းကြီး ရိပ်စားမိကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းသည် သိက္ခာနှင့် သမာဓိအားလုံး လုံးဝ ဖယ်ရှားပြီးဖြစ်လိမ့်မည်။ မည်သူမျှ သူ့ကို မယုံကြည်နိုင်ပါက၊ ဘုရားသခင်သည် မည်သို့ ယုံကြည်နိုင်မည်နည်း။ ဘုရားသခင်သည် သူ့ကို အဓိကကျသောတာဝန်များ တစ်ခုတစ်လေ ပေးအပ်မည်လော။ ထိုသို့သော လူတစ်ဦးသည် မယုံကြည်ရပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အသက်အတွင်း ဝင်ရောက်ခြင်းသည် မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်”)
ကျွန်မက မိမိတာဝန်မှာ မည်မျှ ဝတ်ကျေတမ်းကျေ ရှိသည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မအား သဘောပေါက်စေခဲ့သည်။ ကျွန်မက လက်ကွက်များကို လေ့ကျင့်သည့်အခါမှာ မိမိဘာသာ အားရကျေနပ်နေပြီး အကောင်းဆုံး အဆင့်ရောက်အောင် မကြိုးစားပါ။ ကျွန်မက မိမိကိုယ်ကိုယ် အပြည့်အဝ အသုံးမချပါ။ ကျွန်မ မိမိတာဝန်ကို ပြီးစလွယ် အိုးနင်းခွက်နင်း ပြီးမြောက်သွားခဲ့သည်။ ကျွန်မမှာ တည်ကြည်မှု မရှိပါ။ ကျွန်မက ယုံကြည်စရာ မကောင်းပါ။ ကျွန်မက မိမိတာဝန်များမှာ စိတ်အားထက်သန်ပြီး အလုပ် ကြိုးစားသည့်သူဖြစ်သည်၊ ထာဝရ သစ္စာရှိသည့်သူ ဖြစ်သည်ဟု မိမိကိုယ်ကိုယ် မြင်ခဲ့သည်။ သို့ရာတွင် ယခုအခါ ကျွန်မက အကျိုးရလဒ်အပေါ်မှာ အာရုံမစိုက်ဘဲ၊ ဝတ်ကျေတမ်းကျေ လုပ်ခဲ့သည်ကို သိခဲ့ရသည်။ ယင်းက မည်သို့များ မိမိတာဝန်ကို ထမ်းဆောင်ခြင်းဖြစ်မည်နည်း။ ကျွန်မက ထိုနည်းလမ်းအတိုင်း ဆက်လုပ်နေပါက၊ မည်သူက ကျွန်မကို ယုံကြည်ရဲမည်နည်း။ ကျွန်မက မိမိ၏ တည်ကြည်မှုနှင့် ဂုဏ်ကို ဆုံးရှုံးသွားမည် မဟုတ်ပါလား။ ယခင်အခေါက်က ကျွန်မ ပြစ်မှားမှုတစ်ခုကို ကျူးလွန်ခဲ့သည်။ ကျွန်မ ယင်းကို ထပ်ပြီး မလုပ်ချင်တော့ပါ။ ကျွန်မ လက်များ ရောင်လာသည်ဖြစ်စေ၊ ကျွန်မ ပင်ပန်းသည်ဖြစ်စေ အရေးမကြီးပါ၊ ကျွန်မ၏ တည်ကြည်မှုနှင့် သိက္ခာက ပို အရေးကြီးပါသည်။ ထို့ကြောင့် မည်မျှ ပင်ပန်းပါစေ၊ ခက်ခဲပါစေ လက်ကွက်များကို ဆက်ပြီး လေကျင့်ဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ခဲ့သည်။ အမှန်တကယ် နောင်တရဖို့ ကျွန်မ စိတ်ပိုင်းဖြတ်လိုကသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ ကောင်းကြီးများနှင့် လမ်းညွှန်မှုတို့ကို ကျွန်မ မြင်ခဲ့ရပါသည်။ ထိုနေ့တွင်ပင် ညဉ့်သန်းခေါင်းကျော်သည့်အထိ ကျွန်မ လေ့ကျင့်ခဲ့သည်၊ ပြီးလျှင် လက်ကွက်များအားလုံးနီးပါးကို မှတ်မိအောင် လုပ်နိုင်ခဲ့သည်။ သီချင်းတစ်ပုဒ်လုံး ကျွမ်းကျင်လာသည့် နောက်နေ့အထိ ကျွန်မ လေ့ကျင့်ခဲ့သည်။ ဗီဒီယိုရိုက်နေသည့်အချိန်အတွင်းတွင် အဆင့်တိုင်းကို ကျွန်မ သတိရှိရှိနှင့် အာရုံစိုက်သည်၊ ပြီးလျှင် ဘုရားသခင်ကို အားကိုးရင်းနှင့် တိတ်တဆိတ် ဆုတောင်းခဲ့သည်။ အံ့သြစွာဖြင့်ပင် ဗီဒီယိုရိုက်ခြင်း အစအဆုံး တစ်ခေါက်ထဲနှင့် ပြီးသွားခဲ့သည်။ ဤနည်းလမ်းဖြစ်သွားသည်ကိုမြင်ရလျက် ကျွန်မ စိတ်ငြိမ်သက်မှုကို ခံစားရသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ ချိုမြိန်မှုကို ကျွန်မ မြည်းစမ်းခဲ့ရပါသည်။
နောက်ပိုင်းမှာ ကျွန်မ တေးသီချင်း ရေးစပ်သည့် တာဝန်ပေးခံရသည်။ ကျွန်မ သီချင်းတစ်ပုဒ် မစပ်ဖြစ်သည်မှာ အလွန်ကြာပြီဖြစ်သောကြောင့်၊ အလေ့အကျင့် မရှိတော့ပါ။ အထူးသဖြင့် ကျွန်မ တစ်ခါမှ မရေးစပ်ဖူးသည့် ရော့ခ် သီချင်းတစ်ပုဒ်ကို လတ်တလော ရေးစပ်နေကြခြင်း ဖြစ်သောကြောင့်၊ ကျွန်မ အနည်းငယ် စိုးရိမ်မိသည်။ သို့ရာတွင် ဤသည်မှာ ကျွန်မ ထမ်းဆောင်ဖို့ လိုအပ်သည့် တာဝန်တစ်ခု ဖြစ်ပြီး အကောင်းဆုံး ကြိုးစားရမည်ကို ကျွန်မ သိခဲ့ပါသည်။ ထို့ကြောင့် လကုန်မှာ သီချင်းနှစ်ပုဒ်ကို အပြီးရေးဖို့ စီစဉ်ခဲ့သည်။ သီချင်းများစပ်ရင်းနှင့် ကျွန်မ အချိန်ပို အလုပ်လုပ်သည်၊ ပြီးလျှင် ကျွန်မ ပင်ပန်းသည့်အခါ၊ ကျွန်မ ဇာတိပကတိကို စွန့်လွှတ်ရာတွင် ကူညီပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့သည်။ ကျွန်မ သံစဉ်တစ်ခုကို စဉ်းစားမိပြီး သီချင်း အစအဆုံးတစ်ပုဒ်အဖြစ် အမြန် ပြောင်းလဲပစ်လိုက်သည်။ ပြီးသွားသည့်အခါ၊ ကျွန်မ၏ညီအစ်ကို မောင်နှမများကို နားထောင်ခိုင်းသည်။ သူတို့က သီချင်းက အဆင်ပြေကြောင်းနှင့် ရော့ခ်ဂီတနှင့် လိုက်ဖက်သည့်စတိုင်လ် ရှိသည်ဟု ပြောကြသည်။ သို့ရာတွင် ကျွန်မ စိတ်ထဲမှာ “ငါ ဒီထက်ပို ကြိုးစားပြီး သံပြိုင်အပိုဒ် သံစဉ်ကို မွမ်းမံလိုက်ရင် သီချင်းက ပိုပြီးတောင် ကောင်းသွားမှာပဲ။” ဟု စဉ်းစားမိသည်။ သို့ရာတွင် ကျွန်မ သံသယရှိနေခဲ့သည်။ ကျွန်မက ထိုအချိန်က ရှင်းလင်းသည့် ဦးတည်ချက်မရှိသေးဘဲ၊ မိမိကိုယ်ကိုယ်လည်း အရမ်းကြီး အပင်ပန်းမခံချင်သေးပါ။ ထို့အပြင် ကျွန်မ၏ညီအစ်ကို မောင်နှမများကလည်း ပြဿနာမရှိပါ။ သီချင်းက အဆင်ပြေသည်။ ထို့အပြင် ဤသီချင်းအမျိုးအစားကို မည်သို့စပ်ရမည်ကို သိသည်မှာ သိပ်မကြာသေးသောကြောင့်၊ ချို့ယွင်းချက်ရှိပါက၊ ယင်းမှာ ပုံမှန်ဖြစ်ပါသည်။ ယင်းကို အဖွဲ့ခေါင်းဆောင်ထံ ကျွန်မ တင်ပြလိုက်သည်။
သုံးလေးရက်အကြာ သူက ကျွန်မက လမ်းကြောင်း မှန်သော်လည်း၊ သံစဉ်က နည်းနည်း ကြမ်းနေသည်ဟု ပြောခဲ့သည်။ သီချင်းစာသားကို အနည်းငယ် ထပ်စဉ်းစားဖို့ သူက အကြံပေးသည်။ ဤသည်နှင့်ပတ်သက်ပြီး ကျွန်မ နည်းနည်း လက်မခံချင်သကဲ့သို့ဖြစ်ပြီး “ဒီလို သီချင်းမျိုးကို ဘယ်လို စပ်ရမယ်ဆိုတာ ငါ သိတာ သိပ်မကြာသေးဘူး။ နင်က ငါ့ကို အရမ်းလုပ်ခိုင်းနေတာပဲ။” ဟု တွေးမိသည်။ ထိုသီချင်းနှင့် ပတ်သက်ပြီး ကျွန်မ အချိန်တော်တော် ကုန်ခဲ့ပြီးဖြစ်ကာ၊ သူ၏ ထင်မြင်ချက်ကိုလည်း သုံးလေးရက်လောက် ထပ်စောင့် နေခဲ့ရသည်။ လဝက်လောက်က ကုန်သွားခဲ့ပြီးဖြစ်သည်။ တိုးတက်မှု မရှိသည်ကို တွေ့ရသည့်အတွက်၊ ကျွန်မ အနည်းငယ် စိတ်ညစ်သွားသည်။ သီချင်းကို ပြန်ပြီး စိစစ်တည်းဖြတ်ဖို့က တော်တော် အားထုတ်ရမည် ဖြစ်ပြီး မည်သို့ဖြစ်လာမည်ကို ကျွန်မ မသိသေးပါ။ ထို့ကြောင့် တီးလုံးကို ကျွန်မ ပြန်ရေးခဲ့သည်။ သီချင်းက မကောင်းဘဲ၊ ကလေးသီချင်းနှင့် တူသည်ဟု အသင်းခေါင်းဆောင်က ပြောသည်။ ကျွန်မ တကယ်ကို စိတ်ဓာတ်ကျသွားသည်။ “ငါ အစွမ်းကုန် လုပ်နေတာပဲ၊ ဒါပေမဲ့ သီချင်းတစ်ပုဒ်တောင် လက်ခံအောင် မလုပ်နိုင်သေးဘူး။ ငါ ဘာလုပ်သင့်လဲ။” ဟု တွေးမိသည်။ နောက်ပိုင်းတွင် ကျွန်မ သံစဉ်အနည်းငယ် ထပ်ပြီးရေးခဲ့သော်လည်း၊ တစ်ခုမှ လက်မခံပါ။ ကျွန်မ တော်တော် စိတ်ကယောက်ကယက်ဖြစ်သွားသည်။ လကုန်မှာ သီချင်းနှစ်ပုဒ်ကို အပြီးရေးဖို့ စိတ်ပိုင်းဖြတ်ခဲ့သော်လည်း၊ တစ်ပုဒ်ပင် မပြီးသေးသည်ကို ကျွန်မ စဉ်းစားမိသည်။ ကျွန်မက မိမိတာဝန်များကို မလုပ်နိုင်ခဲ့ပါ။ ကျွန်မက အသုံးမကျသည့်သူတစ်ယောက် ဖြစ်နေပါသလား။
နောက်ပိုင်း ဝတ်ပြုအစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင်က “မင်း သီချင်းတွေက ကိုယ်ပိုင်ပုံစံ တော်တော်ရှိပြီး စတိုင်က ကောင်းတယ်၊ ဒါဆို ဘာလို့ တစ်ခုမှ အတည်ပြုချက် မရသေးတာလဲ။ မင်းက စာသားကို အာရုံမစိုက်နေတော့၊ စာလုံးနဲ့ သံစဉ်တွေက မကိုက်ဘူး။ အဲဒါကို မင်း ပြောင်းလိုက်တိုင်း ပိုပို ဆိုးလာတယ်။ ဒါဘုရားသခင့်အိမ်တော်ရဲ့ အလုပ်ကို နှောင့်နှေးစေတယ်။” ဟု ကျွန်မကို သတိပေးသည်။ ထို့နောက်တွင် နောက်အစ်ကိုတစ်ယောက်က “မင်းက အသံသွင်းတော့ သီချင်းဆိုတာ သိပ်မကောင်းဘူး။ တချို့ဟာတွေဆိုရင် သီချင်းစာရွက်နဲ့တောင် မကိုက်ဘူး။ မင်းက ပေါ့နေတာပဲ။” ဟု ဝင်ပြောသည်။ အစ်ကိုများ၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ခံရသည်မှာ ရှက်စရာကောင်းသည်။ အပေါက်တစ်ခုထဲ သွား ဝင်နေလိုက်ချင်သည်။ ကျွန်မ အိမ်ပြန်ရောက်သည့်အခါ၊ “ဘုရားသခင် ကျွန်မ ကိုယ့်တာဝန်မှာ ပေါ့တီးပေါ့ဆ လုပ်နေခဲ့ပါတယ်။ ဆက်ကပ်အပ်နှံခြင်း မရှိခဲ့ပါဘဲ၊ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီ လမ်းညွှန်တော်မူပါ။” ဟု ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။
နောက်ပိုင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဤအပိုဒ်ကို ဖတ်ခဲ့ရပါသည်၊ “အမှုအရာများကို အလွန် ပေါ့ပေါ့ဆဆနှင့် တာဝန်မဲ့စွာ ကိုင်တွယ်ဖို့မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအတွင်းရှိ အရာတစ်ခု မဟုတ်လော။ မည့်အရာနည်း။ စက်ဆုပ်ဖွယ်ကောင်းမှု ဖြစ်သည်။ ကိစ္စရပ်များအားလုံးတွင်၊ ၎င်းတို့က ‘မှန်လုနီးပါးပဲ’ နှင့် ‘အတော် နီးစပ်သည်’ ဟု ဆိုကြ၏။ ယင်းသည် ‘ဖြစ်နိုင်သည်’ ‘ဖြစ်ကောင်းဖြစ်နိုင်မည်၊’ ‘ငါးခုထဲမှ လေးခု’ ဆိုသည့် သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြ၏၊ အနည်းဆုံး လုပ်ဆောင်ရမည်ကို စိတ်ကျေနပ်ကြသကဲ့သို့ တတ်နိုင်သမျှ တော်စွလျော်စွ ကြုံရာကျပန်းနေရမည်ကို ကျေနပ်ကြလေသည်။ အမှုအရာများကို အလေးအနက် ထားရာတွင် သို့မဟုတ် တိကျမှုအတွက် ကြိုးပမ်းခြင်းတွင် အကျိုးမရှိဟု ၎င်းတို့ မြင်ကြပြီး၊ ကိုယ်ကျင့်တရားများကို ကြိုးပမ်းအားထုတ်ခြင်းတွင် သာ၍အကျိုးမရှိဟု ၎င်းတို့ မြင်ကြလေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်း၌ ရှိသည့် အရာတစ်ခုဖြစ်သည် မဟုတ်လော။ ယင်းသည် ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်တစ်ခုလော။ ယင်းကို မာနထောင်လွှားမှုဟု ခေါ်ဆိုခြင်းသည် မှန်ကန်သကဲ့သို့၊ အကျင့်ပျက်သည့်အရာဟု ခေါ်ဆိုခြင်းမှာလည်း လုံးဝ ဆီလျော်၏- သို့သော် ယင်းကို အပြည့်အဝ အတိအကျဖော်ပြဖို့ရာ၊ လုံလောက်မည့် တစ်ခုတည်းသော စကားလုံးမှာ ‘စက်ဆုပ်ဖွယ်’ ဖြစ်သည်။ ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းမှုသည် လူအများစု၏ လူ့သဘာဝထဲတွင် ရှိနေလေသည်။ ကိစ္စရပ်များအားလုံးတွင်၊ ဖြစ်နိုင်သမျှ အနည်းဆုံး လုပ်ဆောင်ရန်၊ မည်မျှနှင့်သာ ပြီးသွားနိုင်သည်ကို ကြည့်ရန် ဆန္ဒရှိကြပြီး ၎င်းတို့ လုပ်ဆောင်သမျှတိုင်းတွင် လှည့်ဖြားမှု အငွေ့အသက်တစ်ခု ရှိလေသည်။ ၎င်းတို့သည် တတ်နိုင်သည့်အခါ အခြားသူများကို လိမ်လည်လှည့်စားသည်၊ တတ်နိုင်သည့်အခါ ဖြတ်လမ်းလိုက်ကြပြီး၊ ကိစ္စတစ်ခုကို သုံးသပ်ဆင်ခြင်ဖို့ အချိန်များစွာ ကုန်ဆုံးဖို့ သို့မဟုတ် များစွာတွေးတောဖို့ စက်ဆုပ်ကြလေသည်။ ၎င်းတို့ ထုတ်ဖော်ပြခံရသည်ကို ရှောင်ရှားနိုင်ပြီး ၎င်းတို့ မည်သည့်ပြဿနာမျှ မပေါ်ပေါက်စေဘဲ၊ ၎င်းတို့အပြစ်ဖော် ဆုံးမခြင်း မခံရသရွေ့၊ အားလုံး အဆင်ပြေသည်ဟု ၎င်းတို့ ထင်မှတ်ကြပြီး၊ ထို့ကြောင့် ရှေ့ဆက် ၎င်းတို့ ကမောက်ကမ ဖြစ်စေကြလေသည်။ ၎င်းတို့အဖို့၊ အလုပ်တစ်ခုကို ကောင်းကောင်း လုပ်ဆောင်ခြင်းသည် ထိုက်သင့်သည်ထက် သာ၍ ဒုက္ခများပေသည်။ ထိုသို့သော လူတို့သည် မည်သည့်အရာကိုမျှ ကျွမ်းကျင်သည်အထိ မတတ်မြောက်ကြသကဲ့သို့၊ ၎င်းတို့၏ လေ့လာမှုများတွင် ဝါယမစိုက်ထုတ်ခြင်းမရှိကြချေ။ ၎င်းတို့သည် အကြောင်းအရာတစ်ခု၏ ယေဘုယျကျသည့် အကြမ်းဖျင်းကိုသာ ရရှိချင်ကြပြီးနောက် မိမိတို့ကိုယ်ကိုယ် ထိုအရာတွင် ကျွမ်းကျင်သည်ဟု ဆိုကြလေသည်၊ ထို့နောက် ၎င်းတို့၏လမ်းတစ်လျှောက် ကမောက်ကမဖြစ်စေဖို့ ဤအရာအပေါ် မှီခိုကြလေသည်။ ဤသည်မှာ အမှုအရာများအပေါ် လူတို့ ထားရှိသော သဘောထားတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းသည် ကောင်းမွန်သော သဘောထား ဖြစ်ပါသလော။ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် ထိုသို့သော လူများ ခံယူသည့် ဤသဘောထားမျိုးသည် စကားလုံး အနည်းငယ်အားဖြင့် ‘အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားစေဖို့’ ဖြစ်ပြီး၊ ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းမှုသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးထဲတွင် တည်ရှိလေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၉)”) “မြင့်မြတ်သောလူများနှင့် ယုတ်ညံ့သောလူများကြားတွင် မည်သို့ ခွဲခြားသိမြင်နိုင်သနည်း။ အခြားလူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ဆက်ဆံရာတွင် ၎င်းတို့၏သဘောထားနှင့် ဟန်ပန်တို့ကိုသာ ကြည့်လော့- ၎င်းတို့မည်သို့ ပြုမူသည်၊ အမှုအရာများကို ၎င်းတို့ မည်သို့ကိုင်တွယ်သည်နှင့် ပြဿနာတစ်ခု ပေါ်လာသည့်အခါ၊ ၎င်းတို့မည်သို့ပြုမူသည်တို့ကို ကြည့်လော့။ ဝိသေသလက္ခဏာနှင့် ဂုဏ်သိက္ခာရှိသည့် လူများသည် ၎င်းတို့၏လုပ်ဆောင်ချက်များတွင် စေ့စပ်တိကျသည်၊ လေးနက်ပြီး လုံ့လဝီရိယရှိကြကာ ပေးဆပ်မှုများ ပြုလုပ်ဖို့ လိုလားကြသည်။ ဝိသေသလက္ခဏာနှင့် ဂုဏ်သိက္ခာ မရှိသည့်လူများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် ဟိုရောက်သည်ရောက်ဖြစ်ကာ၊ ပေါ့ပေါ့ဆဆ နိုင်ကြသည်၊ လှည့်ကွက်အချို့ကို အစဉ် လုပ်ဆောင်ကြသည်၊ အိုးနင်းခွက်နင်းနှင့် ပြီးမြောက် သွားဖို့သာ အစဉ်လိုလားကြသည်။ ၎င်းတို့သည် ကျွမ်းကျင်ဖို့ မည်သည့် အတတ်ပညာပိုင်း ကျွမ်းကျင်မှုကိုမျှ မသင်ယူကြဘဲ၊ ၎င်းတို့ မည်မျှကြာကြာ လေ့လာပါစေ၊ ၎င်းတို့သည် ကျွမ်းကျင်မှု သို့မဟုတ် အတတ်ပညာပိုင်းနှင့်သက်ဆိုင်သည့် အရေးကိစ္စများ၌ မသိနားမလည်ခြင်းဖြင့် ဝေခွဲမရဖြစ်မြဲ ဖြစ်ကြသည်။ သင်သည် ၎င်းတို့ကို အဖြေပေးဖို့ မရမနေ တိုက်တွန်းခြင်းမရှိပါက၊ အားလုံး ကောင်းပုံရသော်လည်း၊ သင် မရမနေတိုက်တွန်းသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် ထိတ်ထိတ်ပျာပျာ ဖြစ်ကြသည်- ၎င်းတို့နဖူးမှ ချွေးများ ထွက်လာပြီး ၎င်းတို့၌ အဖြေမရှိကြပေ။ ယင်းတို့မှာ နိမ့်ကျသည့် ဝိသေသလက္ခဏာရှိသည့် လူများဖြစ်ပေသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၉)”) ဤသည်ကို ကျွန်မ ဖတ်ရသည့်အခါကျမှ၊ ကျွန်မ စိတ်တွင်းမှာ သိမ်ဖျင်းသည့်အရာတစ်ခု ရှိနေတာကြောင့်၊ ကျွန်မက မိမိတာဝန်မှာ ပေါ့ဆနေသည်ကို နားလည် သဘောပေါက်ခဲ့ပါသည်။ ကျွန်မက သမ္မာတရား၏ အခြေခံသဘောတရားများကို မရှာဖွေချင်ခဲ့သကဲ့သို့၊ ဘုရားသခင် တောင်းဆိုသည့်အတိုင်း မိမိတာဝန်ကို မထမ်းဆောင်ချင်ခဲ့ပါ။ ဤအချိန်ကို ကျွန်မ စဉ်းစားသည့်အချိန်မှာ ဗီဒီယိုရိုက်နေသည်ဖြစ်စေ၊ သီချင်းစပ်နေသည်ဖြစ်စေ အားထုတ်မှုလိုအပ်သည့် ပြဿနာတစ်ခုကို ကျွန်မ ရင်ဆိုင်ရသည့်အချိန်တိုင်း၊ အဖိုးအခ ပေးဆပ်ဖို့လိုအပ်သည့် အချိန်တိုင်းမှာ အနည်းဆုံး ကြိုးပမ်းအားထုတ်မှုသာ ပြုခဲ့သည်။ ကျွန်မ တိုးတက်ဖို့ သို့မဟုတ် ပို၍ အလုပ်လုပ်ဖို့ မကြိုးစားခဲ့ပါ။ တကယ်တမ်းတွင် ကျွန်မ ပို၍ အလုပ်လုပ်ပြီး ပို၍ အာရုံစိုက်ပါက၊ ကျွန်မ တာဝန်များမှာ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ကို ကျွန်မ သိခဲ့ပါသည်။ သို့ရာတွင် မိမိကိုယ်ကိုယ် အမြဲတမ်း အလိုလိုက်ရင်းနှင့် ဖြစ်နိုင်သမျှ အနည်းဆုံးပဲ လုပ်ခဲ့သည်။ ထို့ကြောင့် မိမိတာဝန်မှတစ်ဆင့် ဘုရားသခင်အတွက် သက်သေ မခံနိုင်ခဲ့သကဲ့သို့၊ မိမိအလုပ်ကိုလည်း ရှေ့မဆက်နိုင်ခဲ့ဘဲ၊ အကျိုးဆက်အနေနှင့် အသင်းတော်၏အလုပ်ကို ဆက်ပြီး နှောင့်နှေးနေစေခဲ့သည်။ ကျွန်မက မိမိတာဝန်ကို ထမ်းဆောင်ခဲ့သည်ဟု မည်သို့များ ပြောနိုင်မည်နည်း။ ကျွန်မက ဘုရားသခင့်အိမ်တော်၏အလုပ်ကို ကြန့်ကြာနေစေသည်ကို ရှင်းလင်းစွာ မြင်ရပါသည်။ ထိုအချိန်တွင် ကျွန်မ၏ သိမ်ဖျင်းမှုက မည်မျှဆိုးနေသည်ကို မြင်ခဲ့ရသည်။ ကျွန်မက အိုးနင်းခွက်နင်းဖြင့် ပြီးမြောက်ကာ၊ အားထုတ်မှုမရှိဘဲနေသည်၊ ဘုရားသခင်ကို လှည့်စားဖို့ ကြိုးစားသည်။ ကျွန်မက ဝိသေသလက္ခဏာနှင့်သိက္ခာ ကင်းမဲ့နေခဲ့သည်။ မိမိတာဝန်ကို ရိုးသားစွာနှင့် လုံ့လဝီရိယရှိစွာ ထမ်းဆောင်သူများ၊ အခက်အခဲများကို ရင်ဆိုင်ရသည့်အခါမှာ သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေပြီး ဘုရားသခင်က သတ်မှတ်ထားသည့် ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသူများကို ဘုရားသခင်က နှစ်သက်သည်။ သူတို့မှာ တည်ကြည်မှုနှင့် ဂုဏ်တို့ရှိပြီး ဘုရားသခင်၏ အမြင်မှာ တန်ဖိုးထားခြင်းခံရသည်။ သူတို့နှင့် နှိုင်းယှဉ်လိုက်ပါက၊ ကျွန်မက လူဟုခေါ်ဖို့ မထိုက်တန်ပါ။ ကျွန်မ ရှက်မိသည်။ ထိုအချိန်မှာပဲ ကျွန်မ နားလည်သွားခဲ့သည်။ ကျွန်မကို ပြုပြင်သည့်၊ ကိုင်တွယ်ဖြေရှင်းသည့် ကျွန်မ၏အစ်ကိုများမှတစ်ဆင့် ဘုရားသခင်က ကျွန်မကို ကယ်တင်နေခြင်း ဖြစ်ပါသည်။ သို့မဟုတ်ပါက ကျွန်မက အမြဲတမ်း အိုးနင်းခွက်နင်းဖြင့်သာ ပြီးမြောက်သွားလိမ့်မည်။ မိမိတာဝန်ကို ကျွန်မက မည်သည့်အခါမျှ ကောင်းစွာ လုပ်ဆောင်မည် မဟုတ်ပါ။ ဘုရားသခင်၏အိမ်တော်၏ အမှုတော်ကို ကျွန်မ နှောင့်ယှက်မိပြီး ဘုရားသခင်၏ စွန့်ပစ်ခြင်းကို ခံရမည် ဖြစ်သည်။
နောက်ထပ် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ရပါသည်၊ “ဘုရားသခင်၏ အမှုသည် လူသားမျိုးနွယ်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူ၏ ပူးပေါင်းဆောင်ရွက်မှုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ပေးထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သင့်သည့်အရာ အားလုံးကို လုပ်ဆောင်ပြီးနောက်တွင်၊ လူသည် သူ၏ လက်တွေ့လုပ်ဆောင်မှုတွင် တွန့်တိုခြင်း မရှိရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ဘုရားသခင်၏အမှုတွင် လူသည် မည်သည့်လုံ့လကိုမျှ မချန်သင့်၊ သူ၏သစ္စာစောင့်သိမှုကို ဆက်ကပ်သင့်ပြီး၊ အတော်များသော အယူအဆများတွင် မမွေ့လျော်သင့်ပေ သို့မဟုတ် မလှုပ်မယှက်ထိုင်ကာ သေခြင်းကို မစောင့်ဆိုင်းသင့်ပေ။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် လူသားအတွက် စတေးနိုင်သည်၊ သို့ဆိုလျှင် လူသည် သူ၏သစ္စာစောင့်သိခြင်းကို ဘုရားသခင်အား အဘယ်ကြောင့် မဆက်ကပ်နိုင်သနည်း။ ဘုရားသခင်သည် လူသားအပေါ် တစ်စိတ်တစ်ဝမ်းတည်းရှိသည်၊ သို့ဆိုလျှင် လူသည် အဘယ်ကြောင့် ပူးပေါင်းဆောင်ရွက်မှု အနည်းငယ်ကို မဆက်ကပ်နိုင်ရသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် အမှုပြုသည်၊ သို့ဆိုလျှင် လူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် မိမိ၏ တာဝန်အချို့ကို အဘယ်ကြောင့် မဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်၏ အမှုသည် ဤအထိ ရောက်ရှိလာလေပြီ၊ သို့သော် သင်သည် မြင်သော်ငြား မလုပ်ဆောင်၊ ကြားသော်ငြား မလှုပ်ရှားချေ။ ထိုသို့သော လူများသည် ထာဝရ ပြစ်ဒဏ်ခံရသူများ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏အရာအားလုံးကို လူသားအဖို့ ဆက်ကပ်အပ်နှံထားပြီး ဖြစ်သည်၊ သို့ဆိုလျှင် ယနေ့တွင် လူသည် သူ၏တာဝန်ကို အဘယ်ကြောင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိသနည်း။ ဘုရားသခင် အတွက်၊ သူ၏အမှုသည် ပထမ ဦးစားပေးဖြစ်ပြီး၊ သူ့စီမံခန့်ခွဲခြင်း အမှုသည် အရေးအကြီးဆုံး ဖြစ်သည်။ လူသားအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းတို့သည် သူ၏ ပထမ ဦးစားပေးဖြစ်သည်။ ဤအရာကို သင်တို့အားလုံး နားလည်သင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ စဉ်းစားတွေးတောရင်းနှင့် ကျွန်မ အရမ်း စိတ်ခံစားခဲ့ရသည်။ ဘုရားသခင်က လူသားအပေါ်မှာ ကိုယ်စိတ်နှလုံး တစ်သမတ်တည်းရှိခြင်း ဖြစ်သည်။ သူက စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့် လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် နှစ်ကြိမ်တိုင် လူ့ဇာတိခံခဲ့သည်။ သူက အရှက်ခွဲခံရသည်၊ မျိုးဆက်များ၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်၊ ပြီးလျှင် ဒုက္ခများ အများကြီး ခံခဲ့ရသည်။ ကျွန်မတို့၏ နက်ရှိုင်းသည့် ဖောက်ပြန်ပျက်စီးမှုနှင့် အသိစိတ်မရှိသည့် စိတ်ခံစားချက်ကင်းမဲ့မှုများကို ရင်ဆိုင်ရင်းနှင့် ဘုရားသခင်က ကျွန်မတို့ကို လုံးဝ မစွန့်ခွာသွားခဲ့ပါ။ ကျွန်မတို့ကို ကယ်တင်ဖို့အတွက် သမ္မာတရားကို ဖော်ပြနေဆဲ ဖြစ်သည်။ ကျွန်မတို့က အစွမ်းအစမဲ့နေပြီး သမ္မာတရားကို လက်ခံဖို့ နှေးကွေးကြသည်၊ သို့ရာတွင် ဘုရားသခင်က ကျွန်မတို့နှင့် စစ်မှန်စွာ၊ စေ့စပ်စွာ မိတ်သဟာယပြုသည်။ တစ်ခါတစ်ရံတွင် သူက တင်စားမှုများ၊ ဥပမာများကို အသုံးပြုပြီး၊ ရှုထောင့်တိုင်း၊ နည်းလမ်းတိုင်းမှ ကျွန်မတို့ကို လမ်းပြဖို့အတွက် ပုံပြင်များကို ပြောပြသည်။ ဤသည်မှာ ကျွန်မတို့ သမ္မာတရားကို နားလည်နိုင်ပြီး သမ္မာတရားထဲကို ဝင်ရောက်နိုင်ဖို့ ဖြစ်ပါသည်။ ဘုရားသခင်က ကျွန်မတို့ အသက်တာများအတွက် တာဝန်ယူထားပြီး ကျွန်မတို့ကို မပြီးမြောက်မီအထိ သူ အနားယူမည်မဟုတ်ပါ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ့၏ လေးနက်သည့် ရည်ရွယ်ချက်များကို မြင်ရသည့်အတွက်၊ တကယ်ကို ခွန်အားရပါသည်။ သို့ရာတွင် ဘုရားသခင်ကို ကျွန်မ ဆက်ဆံပုံနှင့် မိမိတာဝန်များကို ချဉ်းကပ်ပုံတို့ကို တွေးမိသည့်အခါ ကျွန်မ နောင်တများနှင့် ပြည့်နေခဲ့ပါသည်။ မိမိတာဝန်ကို ကျွန်မ အိုးနင်းခွက်နင်း မပြီးမြောက်ချင်တော့ပါ။ ဘုရားသခင်ရှေ့ကို သွားပြီး ပေါ့ဆခြင်းကို မည်သို့ တကယ်ကို ရပ်တန့်ပြီး မိမိတာဝန်ကို မည်သို့ ကောင်းစွာ လုပ်ဆောင်နိုင်မည်တို့ကို တောင်းလျှောက်လျက်၊ ကျွန်မ ဆုတောင်းခဲ့သည်။
ထို့နောက်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်မ ဖတ်ခဲ့ပါသည်။ “တာဝန်ကား အဘယ်နည်း။ ယင်းမှာ လူတို့ကို ဘုရားသခင် အပ်နှံထားသည့် တာဝန်ပေးစေခိုင်းချက်တစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် သင်၏တာဝန်ကို သင် အဘယ်သို့ ဖြည့်ဆည်းသင့်သနည်း။ လူသား၏ ဓမ္မဓိဋ္ဌာန်မကျသော စိတ်ဆန္ဒများအပေါ် အခြေခံသည်ထက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများနှင့်အညီ ပြုမူခြင်းနှင့် သမ္မာတရား အခြေခံသဘောတရားများပေါ် သင်၏ အပြုအမူကို အခြေခံခြင်းအားဖြင့် ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းမှာ စံချိန်မီလိမ့်မည်ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်”) “လေးလေးနက်နက်ထားဖို့ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ လေးလေးနက်နက် ထားခြင်းဆိုသည်မှာ အနည်းငယ်မျှ အားထုတ်မှုပြုခြင်း သို့မဟုတ် ရုပ်ခန္ဓာ ညှဉ်းဆဲမှုတစ်ရပ် ခံစားခြင်းကို မဆိုလိုပေ။ အဓိကအချက်မှာ သင်၏ စိတ်နှလုံးထဲ ဘုရားသခင် ရှိပြီး ဝန်တာတစ်ခု ရှိခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးထဲတွင်၊ သင့်တာဝန်၏ အရေးပါမှုကို ချိန်ဆရမည်ဖြစ်ပြီးနောက် ဤဝန်တာနှင့် ဝတ္တရားတို့ကို သင်လုပ်သမျှအားလုံးတွင် သယ်ဆောင်ရမည်ဖြစ်ကာ ထိုအရာကို စိတ်ပါလက်ပါ လုပ်ဆောင်ရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်က သင့်ကို ပေးထားသည့် စေခိုင်းချက်တာဝန်အပြင် သင့်အတွက် ဘုရားသခင် လုပ်ဆောင်ပြီးသမျှ အရာရာတိုင်း၊ ထို့ပြင် သင့်အတွက် ကိုယ်တော်၏ မျှော်လင့်ချက်များတို့နှင့် မိမိကိုယ်ကိုယ် ထိုက်တန်အောင် လုပ်ရမည်။ ထိုသို့လုပ်ဆောင်ခြင်းသည်သာ လေးနက်နေခြင်းဖြစ်သည်။ သင် ဟန်ဆောင်လုပ်ပြခြင်းသည် ဘာအသုံးမျှမဝင်ပေ။ လူတို့ကို သင် လှည့်စားနိုင်သော်လည်း ဘုရားသခင်ကို သင် အရူးလုပ်၍မရ။ သင်၏ တာဝန်ကို ဆောင်ရွက်သည့်အခါ စစ်မှန်သော အဖိုးအခနှင့် သစ္စာစောင့်သိခြင်း မရှိပါက၊ ယင်းသည် စံနှုန်းမမီပေ။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “တာဝန်ကို ကောင်းမွန်စွာ ဆောင်ရွက်ခြင်းက အနည်းဆုံးအနေဖြင့် အသိစိတ်တစ်ခု လိုအပ်သည်”) ဤသည်က ကျွန်မ စိတ်နှလုံးကို ရှင်းလင်းစေပါသည်။ ကျွန်မတို့၏ တာဝန်များကို ဘုရားသခင်က ယုံကြည်စွာ အပ်နှံထားခြင်း ဖြစ်သည်။ ဘုရားသခင် တောင်းဆိုသည့်အတိုင်း ကျွန်မတို့ လုပ်ရမည်ဖြစ်ပြီး သမ္မာတရားနှင့်အညီ ပြုမူရပါမည်။ ကျွန်မတို့ စံရွေးနေ၍ မရသကဲ့သို့၊ ကျွန်မတို့၏ ကိုယ်ပိုင်ဆန္ဒများနောက်ကို မျက်စိစုံမှိတ် လိုက်၍လည်းမရပါ။ မိမိတာဝန်မှာ တိကျသည့် စံသတ်မှတ်ချက်နှင့် ကိုက်ညီရမည်- အလုပ်ကြိုးစားသည့် ပုံစံပေါ်နေခြင်း သက်သက်နှင့်က မလုံလောက်ပါ။ အဓိကမှာ တာဝန်ခံယူမှု အသိစိတ်ရှိဖို့၊ လုံ့လဝီရိယထားပြီး လေးနက်မှုရှိဖို့၊ ရှာဖွေဖို့၊ တွေးဆဖို့၊ တိုးတက်ဖို့ နည်းလမ်းများ ရှာဖွေဖို့တို့ ဖြစ်သည်။ သို့ဆိုလျှင် ကျွန်မတို့ တာဝန်ကို ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်မည်။ နောက်ပိုင်းတွင် ကျွန်မ သီချင်းတစ်ပုဒ်စပ်သည့်အခါ၊ သီချင်းစာသားများကို သေချာစွာ စိစစ်သည်၊ ပြီးလျှင် အလားတူ ခံစားချက်များကို ဖော်ပြသည့် သီချင်းအချို့ကို ရှာခဲ့သည်။ ဤခံစားချက်မျိုးကို ဖော်ပြဖို့အတွက် အခြားလူများက သံစဉ်ကို မည်သို့အသုံးပြုသည်ကို ကျွန်မ သေသေချာချာ စဉ်းစားသည်။ ပြီးလျှင် သီချင်းစာသားများ၏ အဓိပ္ပာယ်၊ စိတ်ခံစားချက်၊ သံစဉ်၏ ဦးတည်ချက်တို့နှင့် ပတ်သက်၍ နားလည်သဘောပေါက်ပြီးသည့်နောက်၊ ကျွန်မ သီချင်း စရေးသည်။ နောက်ပိုင်းမှာ ညီအစ်ကို မောင်နှမများ၏ အကြံဉာဏ်ကို တောင်းသည်၊ သီချင်းကို နှစ်ကြိမ် စိစစ်တည်းဖြတ်သည်၊ ထို့နောက်တွင် သီချင်းက အဆင်သင့် ဖြစ်သွားခဲ့သည်။ ပြီးဖို့အတွက် တစ်ပတ်ပဲ ကြာခဲ့သည်။ ကျွန်မ စိစစ်တည်းဖြတ်သည့် နောက်သီချင်းတစ်ပုဒ်ကိုလည်း လက်ခံခဲ့ကြသည်။ ထိုသီချင်းများ ပြီးဖို့ အချိန် အနည်းငယ်ခန့်သာ ကုန်ခဲ့သည်ကို သိရသည့်အခါ၊ ယခင်က မိမိတာဝန်ကို အိုးနင်းခွက်နင်းပြီးမြောက်ဖို့ ကြိုးစားခဲ့သည့်အတွက် ပို၍ပင် နောင်တများ ရမိသည်။ စာတန်၏ ဖျက်ဆီးခြင်းကို ကျွန်မ မည်မျှထိ ဆိုးဆိုးရွားရွား ခံထားရသည်၊ ကျွန်မ၏ သိမ်ဖျင်းမှုက မည်မျှဆိုးသည်၊ ပြီးလျှင် မိမိအလုပ်မှာ မည်မျှပေါ့ဆသည်တို့ကို ကျွန်မ မြင်ခဲ့ရသည်။ ညီအစ်ကို မောင်နှမများကို ကျွန်မကို ကိုင်တွယ်ဖြေရှင်းစေသည့် ဘုရားသခင်၏ အစီအစဉ်များကြောင့် နောက်ဆုံးတွင် ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ကျွန်မ ရှာဖွေနိုင်ခဲ့ပြီး၊ မိမိတာဝန်ကိုလည်း ဆက်ကပ်အပ်နှံခြင်းဖြင့် ထမ်းဆောင်နိုင်ခဲ့ပါသည်။ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါသည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။